၄၂၀ ဘုရား၏အမှုသစ်ကို လူတို့လက်ခံရာ၌ သမ္မာကျမ်းစာသည် အတားအဆီးတစ်ခု ဖြစ်လာလေပြီကျူး

၁ ယနေ့တွင်၊ လူတိုင်းက နောက်ဆုံးသော ကာလဆိုင်ရာ အမှု၏ ပရောဖက်ပြုချက်များကို သမ္မာကျမ်းစာထဲမှာ ရှာတွေ့လိုနေကြပြီး၊ ဘုရားသခင်သည် နောက်ဆုံးသောကာလမှာ မည်သည့်အမှုကို လုပ်ဆောင်သည်၊ ထို့အပြင် နောက်ဆုံးသော ကာလဆိုင်ရာ နိမိတ်လက္ခဏာများက မည်သို့ရှိကြသနည်း ဆိုသည်ကို စူးစမ်းလိုကြသည်။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာကို သူတို့၏ ကိုးကွယ်မှုသည် သာ၍ပင် ထက်သန်လာနေပြီး နောက်ဆုံးသောကာလသို့ သာ၍နီးကပ်လာလေလေ သူတို့သည် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များကို၊ အထူးသဖြင့် နောက်ဆုံးသောကာလနှင့် ပတ်သက်သည်များကို သာ၍လက်ခံယုံကြည်လာလေလေဖြစ်သည်။ သမ္မာကျမ်းစာကို ထိုကဲ့သို့ မျက်ကန်းယုံကြည်မှုဖြင့်၊ သမ္မာကျမ်းစာကို ထိုသို့ စိတ်ချခြင်းဖြင့်၊ သူတို့သည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို မရှာကြံလိုတော့ပါ။ လူများ၏ အယူအဆများထဲတွင်၊ သမ္မာကျမ်းစာကသာလျှင် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို ယူဆောင်ပေးနိုင်သည်ဟု သူတို့ ယုံကြည်နေကြသည်၊ ဘုရားသခင်၏ ခြေရာများကို သမ္မာကျမ်းစာထဲတွင်သာ သူတို့ တွေ့ရှိနိုင်သည်၊ ဘုရားသခင် လုပ်ဆောင်ချက်၏ နက်နဲရာများကို သမ္မာကျမ်းစာထဲတွင်သာ ဝှက်ထားသည်၊ မည်သည့်အခြားစာအုပ် သို့မဟုတ် လူများမဟုတ်ဘဲ၊ သမ္မာကျမ်းစာကသာလျှင် ဘုရားသခင်နှင့်ဆိုင်သည့် အရာတိုင်းနှင့် ဘုရားသခင် လုပ်ဆောင်ချက် အလုံးစုံကို ရှင်းလင်းထောက်ပြ ပေးနိုင်သည်၊ သမ္မာကျမ်းစာသည် ကောင်းကင်ဘုံ လုပ်ဆောင်ချက်ကို ကမ္ဘာကြီးထံ ယူဆောင်ပေးနိုင်ကြောင်းနှင့် သမ္မာကျမ်းစာသည် ခေတ်များကို စတင်နိုင်သကဲ့သို့ အဆုံးသတ်နိုင်သည်ဟုလည်း ယုံကြည်ကြသည်။

၂ ယင်းကဲ့သို့သော ခံယူချက်များရှိနေ၍၊ လူများသည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို ရှာကြံလိုစိတ် မရှိကြတော့ပါ။ ထို့ကြောင့်၊ အတိတ်ကာလများတုန်းက သမ္မာကျမ်းစာက လူများကို မည်မျှပင် ကူညီပေးခဲ့ပါစေ၊ ၎င်းသည် ဘုရားသခင်၏ နောက်ဆုံးသော အမှုအတွက် အတားအဆီးတစ်ခု ဖြစ်လာသည်။ သမ္မာကျမ်းစာသာ မရှိခဲ့လျှင်၊ လူများသည် ဘုရားသခင်၏ ခြေရာများကို အခြားတစ်နေရာမှာ ရှာကြံနေခဲ့ကြမည် ဖြစ်သော်လည်း ယနေ့တွင် ဘုရားသခင်၏ ခြေရာများ သမ္မာကျမ်းစာထဲတွင် ရှိနေကြသည့်အပြင်၊ ဘုရားသခင်၏ နောက်ဆုံးသော အမှုကို ဆက်ပြီး လုပ်ကိုင်ရေးသည် နှစ်ဆနှစ်ပြန် ခဲယဉ်းလာလျက် လေထန်ရေဆန် ရုန်းကန်ရမှုပင်ဖြစ်တော့သည်။ ထိုသို့ဖြစ်လာရသည်မှာ၊ သမ္မာကျမ်းစာထဲက နာမည်ကြီးအခန်းများနှင့် မိန့်ကြားချက်များကြောင့် ဖြစ်သလို၊ သမ္မာကျမ်းစာထဲက အမျိုးမျိုးသော ပရောဖက်ပြုချက်များကြောင့်လည်း ဖြစ်သည်။ သမ္မာကျမ်းစာသည် လူများ၏ အသိစိတ်ထဲမှာ ဆင်းတုတစ်ခုလို ဖြစ်လာပြီး ၎င်းသည် သူတို့၏ စိတ်အာရုံထဲက ပဟေဠိတစ်ခု ဖြစ်လာ၍၊ ဘုရားသခင်သည် သမ္မာကျမ်းစာ မပါဝင်ဘဲနှင့် လုပ်ဆောင်နိုင်သည်ကို နားလည်နိုင်စွမ်း မရှိကြတော့ပါ၊ လူတို့သည် ဘုရားသခင်ကို သမ္မာကျမ်းစာ၏ အပြင်တစ်နေရာတွင် ရှာတွေ့နိုင်ခြင်းကို နားလည်နိုင်စွမ်း မရှိကြသည့်အပြင် နောက်ဆုံးသော လုပ်ဆောင်ချက် အတွင်းမှာ ဘုရားသခင်သည် သမ္မာကျမ်းစာကို စွန့်ပစ်လျက် နောက်အသစ် တစ်ခုခုကို စတင်နိုင်ခြင်းကိုမူ ပို၍ကို မယုံကြည်နိုင်ကြပါ။ လူတို့သည် ထိုသို့ မစဉ်းစားရဲကြပါ။ သူတို့သည် ၎င်းကို မယုံနိုင်ကြသလို၊ ၎င်းကို စိတ်ကူးကြည့်၍ပင် မရနိုင်ကြပါ။ ဘုရားသခင် ၏ အမှုသစ်ကို လူများအနေနှင့် လက်ခံရေးတွင် သမ္မာကျမ်းစာသည် ဧရာမအဟန့်အတား ဖြစ်လာကာ ဘုရားသခင်၏ ယင်းအမှုသစ် တိုးချဲ့ရေးအတွက် အခက်အခဲ ဖြစ်လာပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

အရှေ့သို့- ဘုရားကိုရှုတ်ချရန် သမ္မာကျမ်းစာကို အသုံးပြုသူတိုင်း ဖာရိရှဲများဖြစ်ကြ၏ကျူး

နောက်တစ်ခုသို့- သုံးပါးတစ်ဆူ တည်ရှိပါသလောကျူး

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်