အသက်အတွင်း ဝင်ရောက်မှု (၂)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၀၆)

ဘုရားသခင်ကို လူတို့ယုံကြည်ပုံ၊ လူတို့ချစ်မြတ်နိုးပုံနှင့် စိတ်ကျေနပ်စေပုံသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ၎င်းတို့၏နှလုံးသားဖြင့် ထိတွေ့ပြီး ထိုသို့အားဖြင့် သူ၏ စိတ်ကျေနပ်ခြင်းကို ရရှိပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ချိတ်ဆက်ရန် ၎င်းတို့၏နှလုံးသားကိုအသုံးပြုခြင်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိမှုကို ခံရခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ပုံမှန်ဝိညာဉ်ရေး အသက်တာကို ရရှိလိုပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ်ကို ထူထောင်လိုပါက သင်သည် ပထမဦးစွာ သင်၏နှလုံးသားကို သူ့အား ပေးအပ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏နှလုံးသားကို ငြိမ်သက်စေပြီး သင်၏ နှလုံးသားတစ်ခုလုံးကို ကိုယ်တော်ထံ၌ သွန်းလောင်းပြီးမှသာ သင်သည် ပုံမှန်ဝိညာဉ်ရေးအသက်တာကို တဖြည်းဖြည်း ဖြစ်ပေါ်စေနိုင်လိမ့်မည်။ လူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် ၎င်းတို့သည် မိမိတို့၏ နှလုံးသားကို သူ့အား မပေးပါက၊ ထို့အပြင် ၎င်းတို့၏ နှလုံးသားသည် သူ့ထံ၌ မရှိသကဲ့သို့ ကိုယ်တော်၏ ဝန်ထုပ်ဝန်ပိုးကို မိမိတို့ ကိုယ်တိုင်၏ဝန်ထုပ်ဝန်ပိုးကဲ့သို့ သဘောမထားပါက၊ သူတို့လုပ်သမျှတိုင်းသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသော လုပ်ရပ်၊ ဘာသာရေးသမားများ၏ လုပ်ရပ်တစ်မျိုးဖြစ်ပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို မရရှိနိုင်ပေ။ ဘုရားသခင်သည် ဤလူမျိုးထံမှ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ဤလူမျိုးသည် ဘုရားသခင်၏အမှုအဖို့ အဖြည့်ခံတစ်ဦးအဖြစ်၊ ဘုရားသခင်၏ အိမ်ထဲက အလှဆင်မှုတစ်ခုပမာ၊ မလိုလားအပ်သကဲ့သို့ အသုံးမဝင်သော အရာတစ်ခုသာ ဖြစ်သည်။ ဘုရားသခင်သည် ဤလူစားမျိုးကို အသုံးမပြုပေ။ ထိုသို့သော လူတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအတွက် အခွင့်အရေး မရှိရုံမက၊ ၎င်းတို့၏စုံလင်ခံရခြင်း အဖြစ်တွင် တန်ဖိုးတစ်ခုတစ်လေပင် မရှိချေ။ ဤလူစားမျိုးသည် အမှန်တွင် လမ်းလျှောက်နေသော အလောင်းကောင်ဖြစ်သည်။ ထိုသို့သော လူတို့သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုနိုင်သည့်အရာ ဘာမျှမရှိဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့အားလုံးသည် စာတန်၏ အပိုင်စီးခြင်း ခံရကာ အလွန်အမင်း ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို ပယ်ထုတ်လိမ့်မည်။ လောလောဆယ်တွင်၊ လူတို့ကို အသုံးပြုရာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် အမှုအရာများ ပြီးစီးရန်အလို့ငှာ ၎င်းတို့၏ လိုလားအပ်သော အစိတ်အပိုင်းများကို အသုံးပြုသည်သာမက၊ ၎င်းတို့၏ မလိုလားအပ်သော အစိတ်အပိုင်းများကိုလည်း စုံလင်စေပြီး ပြောင်းလဲစေသည်။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် သွန်းလောင်းနိုင်ပြီး သူ၏ရှေ့မှောက်တွင် ငြိမ်သက်နေနိုင်ပါက သင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသုံးပြုခံရရန်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးမှုကို ရရှိရန် အခွင့်အရေးနှင့် အရည်အချင်းများ သင်၌ ရှိလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်မက သင်၏ အားနည်းချက်များကို သန့်ရှင်းသော ဝိညာဉ်တော်က ကောင်းအောင်ပြုပေးရန် အခွင့်အရေး ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား သင်ပေးအပ်လိုက်သောအခါ အပြုသဘောဆောင်သည့်ဘက်တွင်၊ သင်သည် ပိုမိုနက်ရှိုင်းသော ဝင်ရောက်မှုနှင့် ပိုမို မြင့်မားသော ထိုးထွင်းသိမြင်မှုကို ရရှိနိုင်သည်။ အပျက်သဘောဆောင်သည့်ဘက်တွင်၊ သင်သည် သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို ပိုမိုနားလည်လာလိမ့်မည်၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးရန်အတွက် ကြိုးစားရန် ပို၍ စိတ်အားထက်သန်လိမ့်မည်ဖြစ်ပြီး၊ သင်သည် မတုန်မလှုပ်မဖြစ်ဘဲ တက်တက်ကြွကြွ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့်၊ သင်သည် မှန်ကန်သော လူတစ်ယောက်ဖြစ်လာလိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေနိုင်သည်ဟု ယူဆပါစို့၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ချီးမွမ်းမှုကို သင် ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ဘုရားသခင်ကို သင် ကျေနပ်စေခြင်း ရှိ မရှိ ဆိုသည်အတွက် အဓိကသော့ချက်မှာ သင် တက်တက်ကြွကြွ ဝင်ရောက်နိုင်ခြင်း ရှိ မရှိဆိုသည့်အရာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က လူတစ်ဦးကို ဉာဏ်အလင်းဖွင့်ပေးပြီး ၎င်းတို့ကို အသုံးပြုသောအခါ ယင်းက ၎င်းတို့အား ဘယ်သောအခါမျှ အပျက်သဘော မဆောင်စေဘဲ အမြဲတစေ တက်တက်ကြွကြွ တိုးတက်စေသည်။ ဤလူသည် အားနည်းချက်များ ရှိသော်လည်း၊ ၎င်းတို့သည် မိမိတို့ဘဝများကို အသက်ရှင် နေထိုင်ပုံအား ထိုအားနည်းချက်များအပေါ် အခြေခံခြင်းကို ရှောင်ရှားနိုင်သည်။ ၎င်းတို့၏အသက်တာ၌ ကြီးထွားမှုနှောင့်နှေးခြင်းကို ရှောင်ရှားနိုင်ကာ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းဖို့ ဆက်လက် ကြိုးစားနိုင်ပေသည်။ ဤသည်မှာ စံနှုန်းတစ်ခုပေတည်း။ ဤအရာကို သင် ရယူနိုင်ပါက ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင်ရရှိပြီးဖြစ်ကြောင်း လုံလောက်သော သက်သေဖြစ်သည်။ လူတစ်ဦးသည် အမြဲတစေ အပျက်သဘောဆောင်ပါက၊ ပြီးလျှင် ဉာဏ်အလင်းပေးမှုကို ရရှိပြီး မိမိတို့ကိုယ်ကိုယ် သိရှိလာပြီးနောက်တွင်ပင် ၎င်းတို့သည် အပျက်သဘောဆောင်ကာ မတုန်မလှုပ် ဖြစ်မြဲဖြစ်ပြီး၊ ထရပ်ကာ ဘုရားသခင်နှင့်အတူ ပူးပေါင်းလျက် မလုပ်ဆောင်နိုင်ပါက၊ ဤလူစားမျိုးသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ ရရှိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ မရှိပေ။ လူတစ်ဦး အပျက်သဘောဆောင်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံ မလှည့်သေးသကဲ့သို့၊ ၎င်းတို့၏ စိတ်ဝိညာဉ်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တို့ထိမခံရသေးဟု ဆိုလိုပေသည်။ ဤအရာကို လူအားလုံး နားလည်သင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၀၇)

ဘုရားသခင်ရှေ့မှောက်တွင် မိမိ၏စိတ်နှလုံးကို ငြိမ်သက်စေခြင်းသည် အရေးကြီးဆုံးသော ကိစ္စများထဲမှတစ်ခုဖြစ်ကြောင်း အတွေ့အကြုံမှ သိမြင်နိုင်သည်။ ဤကိစ္စသည် လူတို့၏ဝိညာဉ်ရေးအသက်တာနှင့် သက်ဆိုင်သောကိစ္စ၊ ထို့အပြင် ၎င်းတို့၏ အသက်တာများထဲ ကြီးထွားခြင်းနှင့်သက်ဆိုင်သော ကိစ္စဖြစ်သည်။ ဘုရားသခင် မျက်မှောက်တွင် သင့်စိတ်နှလုံးငြိမ်းချမ်းနေမှသာလျှင် သင်၏သမ္မာတရား လိုက်စားမှုနှင့် သင်၏စိတ်သဘောထားတွင်း၌ ပြောင်းလဲမှုများ သီးပွင့်ပေမည်။ သင်သည် ဝန်ထုပ်ကိုထမ်းလျက် ဘုရားသခင်ရှေ့မှောက်ကို ရောက်လာသောကြောင့်နှင့် သင်သည် နည်းလမ်းပေါင်းများစွာဖြင့် ချို့တဲ့နေသည်ဟု အမြဲတစေခံစားရလျက် ရှိသောကြောင့်၊ သင်သိရန်လိုသည့် သမ္မာတရားများစွာနှင့် သင်ကြုံတွေ့ရန်လိုသည့် လက်တွေ့တရား များစွာရှိနေပြီး၊ ဘုရားသခင်၏အလိုတော်ကို အလုံးစုံဂရုပြုရမည်ဟု သင်အမြဲခံစားရ သောကြောင့်- ဤအရာတို့သည် သင့်စိတ်ထဲ အမြဲတစေရှိနေသည်။ ယင်းသည် သင့်ကို အင်အားဖြင့် ဖိထားသကဲ့သို့ဖြစ်ရာ သင်သည် အသက်မရှူနိုင်ဘဲ ဖြစ်ကျန်ရစ်သဖြင့် (သင်သည်အပျက်သဘောဆောင်သည့် အနေအထား၌မရှိလင့်ကစား) သင်သည် စိတ်နှလုံး လေးလံမှုကို ခံစားရသည်အလားဖြစ်သည်။ ထိုသို့သော လူသားများသည်သာ ဘုရားသခင် နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကို လက်ခံရန်နှင့် ဘုရားသခင်၏ဝိညာဉ်တော်၏ တို့ထိမှုကိုရရန်၊ သတ်မှတ်ချက်နှင့်ပြည့်မီသည်။ ၎င်းတို့၏ ဝန်ထုပ်ကြောင့်၊ ၎င်းတို့သည် စိတ်နှလုံးလေးလံလျက်ရှိကာ သူတို့ပေးချေခဲ့သည့် အဖိုးအခနှင့် ဘုရားသခင်မျက်မှောက်တွင် သူတို့ခံရသည့် ဒုက္ခကြောင့် သူတို့သည် ကိုယ်တော်၏ အသိဉာဏ်ဖွင့်ခြင်းနှင့် အလင်းပေးခြင်းကို ရရှိသည်ဟု ဆိုနိုင်သည်။ အကြောင်းမူကား ဘုရားသခင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အထူးအရေးပေးခြင်းမရှိ။ ကိုယ်တော်သည် လူများအပေါ်ဆက်ဆံရာတွင် အမြဲတစေ တရားမျှတသည်။ သို့သော် ကိုယ်တော်သည် လူများအား စိတ်ကူးပေါက်သလို၊ သို့မဟုတ် ခြွင်းချက်မရှိပေးသနားခြင်း မပြုပေ။ ဤသည်မှာ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ရပ်ဖြစ်သည်။ လက်တွေ့ဘဝတွင် လူများစုသည် ယင်းနယ်ပယ်ကို မရသေးပေ။ အနည်းဆုံးအနေဖြင့် သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ကို လုံးလုံးလျားလျား အားမကိုးသေးသဖြင့်၊ သူတို့၏အသက်တာစိတ်သဘောထားတွင် ကြီးမားသော အပြောင်းအလဲ တစ်ခုတလေမျှ ဖြစ်မလာသေးပေ။ ယင်းမှာ သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ထဲ၌သာ နေထိုင်ခြင်းကြောင့်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုမရသေးသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အသုံးပြုခြင်းခံရစေရန် လူတို့ ပြည့်မီရမည့် စံနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်- သူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ကို အားကိုးသည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ဝန်ကို ထမ်းဆောင်သည်၊ တမ်းတသောစိတ်နှလုံးရှိသည်၊ ထို့အပြင် သမ္မာတရားကို ရှာဖွေရန် သန္နိဌာန်ချထားသည်။ ထိုကဲ့သို့သောလူများသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုရရှိနိုင်ကာ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းကို မကြာခဏရရှိကြသည်။ ဘုရားသခင် အသုံးပြုသော သူများသည် လျော်ကန်စွာ စကားဆိုပြီး၊ ပေါ့ပေါ့ဆဆပြောဆိုခြင်းမပြုသည့်အပြင်၊ ဘုရားသခင် ရှေ့မှောက်တွင် အမြဲတစေ ငြိမ်းချမ်းသော စိတ်နှလုံးထားရှိနိုင်သော်လည်း၊ အပြင်ပန်းတွင် ဆင်ခြင်တုံမရှိသူများ၊ အခြားသူများနှင့် ပုံမှန် ဆက်ဆံရေးမရှိသူများဟု ထင်ရသည်။ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုရန် စံနှုန်းမီသူမှာ ထိုသို့သောလူစားသာလျှင် အတိအကျဖြစ်သည်။ ဘုရားသခင် မြွက်ဟသည့် ယင်း “ဆင်ခြင်တုံမဲ့” သူများသည် အခြားသူများနှင့် ပုံမှန် ဆက်ဆံရေးမရှိဟု ထင်ရပြီး၊ သူတို့သည် အပြင်ပန်းချစ်ခင်မှု သို့မဟုတ် အပြင်ပန်းကျင့်ထုံးများအပေါ် ထိုက်သင့်သလောက် အလေးမထားပေ၊ သို့သော် ဝိညာဉ်ရေးရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရာတွင် သူတို့သည် သူတို့၏နှလုံးသားကို ဖွင့်နိုင်စွမ်းရှိပြီး ဘုရားသခင် ရှေ့မှောက် တကယ့်အတွေ့အကြုံများမှ ရရှိလာသော အလင်းပေးခံရခြင်းနှင့် အသိဉာဏ်ပွင့်ခြင်းကို သူတစ်ပါးအား ကိုယ်ကျိုးမငဲ့ဘဲ ပံ့ပိုးနိုင်စွမ်းရှိသည်။ ဤသည်မှာ ဘုရားသခင်ကို သူတို့ချစ်ကြောင်းဖော်ပြပုံဖြစ်ပြီး ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပုံဖြစ်သည်။ အခြားသူများအားလုံးက သူတို့အား ကဲ့ရဲ့လှောင်ပြောင်နေကြစဉ်တွင် သူတို့သည် ပြင်ပမှလူများ၊ အကြောင်းကိစ္စများ၊ သို့မဟုတ် အမှုအရာတို့၏ ထိန်းချုပ်မှုကို ရှောင်ရှားနိုင်ကြကာ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်နိုင်ဆဲရှိကြသည်။ ထိုသို့သော လူတွင် ထူးခြားသော ကိုယ်ပိုင်ထိုးထွင်းသိမြင်မှု ရှိနေသည်ဟု ထင်မှတ်ရသည်။ အခြားသူများက မည်သည့်အရာပြုသည်ဖြစ်စေ၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဘယ်သောခါမျှ ခွဲခွာမသွားပေ။ အခြားသူများ ပျော်ရွှင်စွာနှင့် ရယ်မောဖွယ်ကောင်းစွာ စကားလက်ဆုံကျနေစဉ်၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့တွင် ရှိမြဲရှိနေကာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စဉ်းစားဆင်ခြင် နေကြသည်၊ သို့မဟုတ် နှလုံးသားတွင်းမှ ဘုရားသခင်ထံ အသံတိတ် ဆုတောင်းကာ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေနေကြသည်။ ထိုသူတို့သည် အခြားသူများနှင့် ပုံမှန်ဆက်ဆံရေး ထိန်းသိမ်းထားခြင်းကို မည်သည့်အခါကမျှ အရေးမထား။ ထိုကဲ့သို့သောသူသည် အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်မရှိဟု ထင်ရသည်။ အပြင်ပန်းတွင် ထိုသူသည် ရွှင်ရွှင်ပျပျနှင့် ချစ်ဖွယ်ဖြစ်သည်။ ဖြူစင်သည်။ သို့သော် စိတ်အေးချမ်းမှုကိုလည်း ပိုင်ဆိုင်ထားသည်။ ဤသည်မှာ ဘုရားသခင် အသုံးပြုသောလူစား၏ ပုံစံပင်တည်း။ အသက်ရှင်ရေးအတွက် သဘောတရား ခံယူချက်ကဲ့သို့သော အရာများ၊ သို့မဟုတ် “သာမန်အကြောင်းရင်း” သည် ထိုလူစားမျိုးအတွက် လုံးဝအလုပ်မဖြစ်ပေ။ ယင်းသည် စိတ်နှလုံးတစ်ခုလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မြှုပ်နှံထားသော လူစားမျိုး ဖြစ်ပြီး သူတို့၏စိတ်နှလုံးတွင် ဘုရားသခင်သာ ရှိပုံရသည်။ ယင်းမှာ “အကြောင်းမဲ့သော” သူဟု ဘုရားသခင် ရည်ညွှန်းသော လူစားဖြစ်ပြီး ဤလူစားမှာ ဘုရားသခင် အသုံးပြုသည့် လူစား အတိအကျဖြစ်၏။ ဘုရားသခင် အသုံးပြုနေသောသူ၏ အမှတ်အသားမှာ- မည်သည့်အချိန် မည်သည့်နေရာတွင်မဆို သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့တွင် အစဉ်ရှိသည်၊ ထို့အပြင် အခြားလူများ မည်မျှပင် အကျင့်ပျက်သည်ဖြစ်စေ၊ သူတို့၏ ရာဂနှင့်ဇာတိကို မည်မျှပင် အလိုလိုက်ကြသည်ဖြစ်စေ၊ ထိုလူ၏စိတ်နှလုံးကမူ ဘုရားသခင်ထံမှမခွဲခွာ၊ ထိုလူတို့သည် လူအများ၏ နောက်ကိုမလိုက်ပေ။ ထိုလူစားသည်သာ ဘုရားသခင်၏အသုံးပြုမှုအတွက် သင့်တော်သည်။ ထိုလူစားသည်သာ သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်းကိုခံရသည်။ အကယ်၍ သင်သည် ဤအရာများကို မရယူနိုင်ပါက ဘုရားသခင်၏ ရယူခြင်းကိုခံရရန်၊ သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်းကိုခံရရန် သင်သည် အရည်အချင်း မပြည့်မီပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၀၈)

အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးရှိလိုပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍၊ သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက၊ အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ၊ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သင်သည် မည်မျှပင် အားထုတ်စေကာမူ၊ အားလုံးသည် အသက်ရှင်ရေးအတွက် လူသား၏ သဘောတရား ခံယူချက်နှင့်သာ ပတ်သက်ပေမည်။ လူများက သင့်ကို ချီးမွမ်းကြရန် သင်သည် လူ့အမြင်နှင့် လူ့သဘောတရားခံယူချက်တို့အားဖြင့် လူသားများအလယ်တွင် သင်၏အနေအထားကို ထိန်းသိမ်းနေသည်၊ သို့သော် လူများနှင့် ပုံမှန်ဆက်ဆံရေးများကို ထူထောင်ရန် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာခြင်း မရှိပေ။ အကယ်၍ သင်သည် အခြားလူများနှင့် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများအားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် ပုံမှန်ဖြစ်လာပေမည်။ ဤနည်းအားဖြင့် ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားရန် လိုလိုလားလားရှိသလော။ ဘုရားသခင် ရှေ့မှောက်တွင် “အကြောင်းမဲ့သောသူ” ဖြစ်ရန် သင်လိုလိုလားလားရှိသလော။ သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးကာ လူများအလယ်တွင် သင့်အနေအထားကို ဥပေက္ခာပြုရန် သင်လိုလိုလားလား ရှိသလော။ သင်နှင့် အဆက်အသွယ်ရှိသူအားလုံးထဲတွင် သင်သည် မည်သူနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသနည်း။ မည်သူနှင့် အဆိုးရွားဆုံး ဆက်ဆံရေး ရှိသနည်း။ လူတို့နှင့် သင်၏ဆက်ဆံရေးများသည် ပုံမှန်ဖြစ်သလော။ သင်သည် လူအားလုံးကို တန်းတူညီမျှ ဆက်ဆံသလော။ သင်၏ဆက်ဆံရေးအားလုံးကို သင်၏အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ ထိန်းသိမ်းထားသလော၊ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသလော။ လူတစ်ဦးသည် သူ၏စိတ်နှလုံးကို ဘုရားသခင်အား မပေးပါက သူ၏ဝိညာဉ်သည် ထူသွားသည်၊ ထုံသွားပြီး သတိမဲ့သွားသည်။ ထိုလူစားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘယ်သောခါမျှ နားလည်မည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့်ပုံမှန် ဆက်ဆံရေးကို ဘယ်သောခါမျှ ရမည်မဟုတ်ပေ။ ထိုလူစား၏ စိတ်သဘောထားသည် ဘယ်သောခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲခြင်းဟူသည် ဘုရားသခင်အား သူ၏စိတ်နှလုံးကို အကြွင်းမဲ့ပေးခြင်းနှင့် ဘုရားသခင်နှုတ်ကပတ်တော်မှ ဉာဏ်ပွင့်မှုနှင့် အလင်းပေးမှုကို ရရှိခြင်း ဖြစ်စဉ်ပေတည်း။ ဘုရားသခင်၏ အလုပ်သည် လူတစ်ဦးအား တက်ကြွစွာ ဝင်ရောက်လာစေနိုင်သကဲ့သို့ အပျက်သဘောဆောင်သော ကဏ္ဍများအကြောင်း သိရှိလာပြီးနောက် ၎င်းတို့ကို ထုတ်ပယ်နိုင်စွမ်း ရှိစေသည်။ ဘုရားသခင်ထံ သင့်စိတ်နှလုံးကို ပေးသော အဆင့်ကို သင်ရောက်လာချိန်တွင် သင့်ဝိညာဉ်အတွင်းမှ သိမ်မွေ့သော ရွေ့လျားမှုတိုင်းကို သင်သတိမူနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ထံမှ လက်ခံရရှိသော ဉာဏ်ပွင့်မှုတိုင်းနှင့် အလင်းရမှုတိုင်းကို သင်သိလိမ့်မည်။ ဤအရာကို ထိန်းထားလော့၊ သို့ဖြစ်လျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကို ခံရသောလမ်းကြောင်းအတွင်း တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။ ဘုရားသခင်ရှေ့မှောက်တွင် သင့်စိတ်နှလုံး ငြိမ်သက်နိုင်လေလေ၊ သင့်ဝိညာဉ်သည် သိမ်မွေ့လာလေလေနှင့် ပိုနူးညံ့လာလေဖြစ်မည်၊ ပြီးလျှင် သင့်ဝိညာဉ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုကို သတိမူနိုင်စွမ်း ရှိလာလေလေဖြစ်ပြီး၊ ထိုအခါ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပို၍ပို၍ ပုံမှန် ဖြစ်လာလေလေ ဖြစ်မည်။ လူအချင်းချင်း ပုံမှန်ဆက်ဆံရေးကို ထူထောင်ရာတွင် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်းဟူသည့် အုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက လူလူချင်း ဆက်ဆံရေးများသည် ဇာတိ၏ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ၊ ရာဂနောက် စိတ်လွတ်လက်လွတ် လိုက်ပါသွားခြင်းဖြစ်သည်။ ဘုရားသခင် မုန်းတီးသော၊ ကိုယ်တော်စက်ဆုပ်သော ဆက်ဆံရေးများဖြစ်သည်။ သင့်ဝိညာဉ်တို့ထိခံရသည်ဟု သင်ပြောသော်လည်း၊ သင်သည် သင်နှစ်သက်သူ၊ သင်အထင်ကြီးသူ မည်သူမဆိုနှင့် အမြဲတစေ မိတ်သဟာယဖွဲ့လိုပြီး၊ အခြားသူတစ်ဦးက ရှာဖွေနေသော်လည်း၊ သင်က ထိုသူကိုမနှစ်သက်ဘဲ၊ သင်သည် ထိုသူအပေါ် အမြင်ပင်စောင်းကာ၊ ၎င်းနှင့်မဆက်ဆံပါက၊ ယင်းအချက်က သင်သည် ခံစားချက်များ၏ သက်ရောက်မှုရှိပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး အလျင်းမရှိကြောင်း နောက်ထပ် သက်သေပင်ဖြစ်၏။ သင်သည် ဘုရားသခင်ကို လှည့်စားရန်နှင့် သင်ကိုယ်တိုင်၏ အကျည်းတန်မှုကို ဖုံးအုပ်ရန် ကြိုးစားနေသည်။ သင်သည် သိနားလည်မှုအချို့ကို ဝေမျှနိုင်သော်လည်း မှားယွင်းသော ရည်ရွယ်ချက်များကို ထားရှိပါက၊ သင်လုပ်သမျှ အရာရာတိုင်းသည် လူ့စံနှုန်းများအရသာ ကောင်းမွန်နေသည်။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ ဝန်နှင့်အညီမဟုတ်ဘဲ ဇာတိနှင့်အညီသာ ပြုမူနေသည်။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့တွင် သင့်စိတ်နှလုံးကို ငြိမ်သက်အောင်ပြုနိုင်လျှင်၊ ဘုရားသခင်ကို ချစ်သောသူအားလုံးနှင့် ပုံမှန်ဆက်ဆံရေး ရှိမည်ဆိုလျှင်၊ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အသုံးပြုမှုအတွက် သင့်တော်ပေသည်။ ဤနည်းအားဖြင့် သင်သည် အခြားသူများနှင့် မည်သို့ပင် ပေါင်းသင်းသည်ဖြစ်စေ၊ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ မဟုတ်ဘဲ ဘုရားသခင်ရှေ့တွင် ကိုယ်တော်၏ဝန်ကို အရေးထားသော နေထိုင်နည်းဖြင့် အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။ သင်တို့ထဲတွင် ထိုသို့သောလူ ဘယ်နှစ်ဦးရှိသနည်း။ အခြားသူများနှင့်သင်၏ ဆက်ဆံရေးများသည် အမှန်တကယ် လျော်ကန်သလော။ ၎င်းတို့ကို မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ သင့်ထဲ၌ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်များ မည်မျှရှိသနည်း။ ၎င်းတို့ကို စွန့်ပယ်ပြီးပြီလော။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို လုံးလုံးလျားလျား အားမကိုးနိုင်လျှင် သင်သည် ဘုရားသခင်နှင့်မသက်ဆိုင်ပေ၊ သင်သည် စာတန်ထံမှလာပြီး၊ အဆုံးတွင် သင့်ကို စာတန်ထံပြန်ပို့လိမ့်မည်။ သင်သည် ဘုရားသခင်၏ လူထဲမှ တစ်ဦးဖြစ်ရန် မထိုက်တန်ပေ။ ဤအရာအားလုံးသည် သင်၏ အသေအချာ စဉ်းစားသုံးသပ်မှု လိုအပ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၀၉)

ဘုရားသခင်ကို ယုံကြည်ရာတွင်၊ သင်သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိခြင်းနှင့် သက်ဆိုင်သည့် ကိစ္စကို ဖြေရှင်းရမည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမရှိပါက၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း၏ အဓိပ္ပာယ် ပျောက်ဆုံးသွားသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ခြင်းကို ဘုရားသခင်၏ မျက်မှောက်တွင် ငြိမ်သက်သောစိတ်နှလုံးဖြင့် လုံးဝ ရရှိနိုင်ပေသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိခြင်းမှာ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သံသယမဝင်နိုင်ခြင်း၊ မငြင်းပယ်နိုင်ခြင်းနှင့် သူ၏ အမှုကို နာခံနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ မျက်မှောက်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခြင်း၊ မိမိကိုယ်တိုင်အတွက် အစီအစဉ်များ မလုပ်ခြင်းနှင့် အရာခပ်သိမ်းတွင် ဘုရားမိသားစု၏ အကျိုးစီးပွားများကို ပထမဦးစွာ စဉ်းစားဆင်ခြင်ခြင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံခြင်းနှင့် ဘုရားသခင်၏ စီမံမှုများအား နာခံခြင်းတို့ကို ဆိုလိုသည်။ သင် လုပ်ဆောင်သမျှ၌ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ရမည်။ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်လျှင်ပင်၊ သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းနေဆဲ ဖြစ်ရမည်။ ဘုရားသခင်၏အလိုသည် သင့်ထံ ထုတ်ဖော်ပြသည်နှင့်တစ်ပြိုင်နက်၊ ဆောင်ရွက်လော့၊ ယင်းသည် နောက်ကျလွန်းလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်အခါ သင်သည် လူများနှင့်လည်း ပုံမှန်ဆက်ဆံရေးများ ရှိလိမ့်မည်။ ဘုရားသခင်နှင့် ပုံမှန်ပေါင်းသင်းဆက်ဆံရေး တည်ဆောက်ဖို့အလို့ငှာ၊ အရာအားလုံးကို ဘုရားနှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ရမည်၊ သင်၏တာဝန်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဘုရားသခင် တောင်းဆိုသည့်အရာတို့နှင့်အညီ ထမ်းဆောင်နိုင်ရမည် ဖြစ်သည်၊ သင်၏အမြင်များကို ပြင်ဆင်ရမည်ဖြစ်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ သမ္မာတရားကို သင်နားလည်သောအခါတွင် ယင်းကို သင် လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး သင့်ကို မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည် ဖြစ်ကာ ဘုရားသခင်ကို နာခံခြင်း စိတ်နှလုံးဖြင့် ရှာဖွေရမည်။ ထိုသို့လက်တွေ့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရင်း ဘုရားသခင် ရွေးချယ်ထားသူများ၏ အသက်ဝင်ရောက်မှုကို အကျိုးမဖြစ်စေသည့်အရာ တစ်ခုမျှ မလုပ်မိစေရန်လည်း သေချာစေရမည်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများကို အထောက်အကူ မဖြစ်စေသည့်အရာကို ပြော၍မဖြစ်ပေ။ ယုတ်စွအဆုံး၊ သင်၏အသိစိတ်ကို ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ လုပ်၍မဖြစ်သကဲ့သို့၊ ရှက်ဖွယ်ကောင်းသည့်အရာ တစ်ခုမျှ လုံးဝ လုပ်ဆောင်၍မဖြစ်ပေ။ အထူးသဖြင့် ဘုရားသခင်ကို ပုန်ကန်သောအရာ၊ သို့မဟုတ် ခုခံသောအရာကို သင် လုံးဝ လုပ်ဆောင်၍မဖြစ်ပေ၊ ပြီးလျှင် အသင်းတော်၏ အလုပ်၊ သို့မဟုတ် အသင်းတော်အသက်တာကို နှောင့်ယှက်သည့်အရာ တစ်ခုမျှ သင် လုပ်၍မဖြစ်ပေ။ သင် လုပ်သမျှတိုင်းတွင် တရားမျှတပြီး ဂုဏ်သိက္ခာရှိကာ သင်၏ လုပ်ရပ်တိုင်းက ဘုရားသခင်၏ ရှေ့မှောက်၌ တင့်တယ်သည်ကို သေချာစေလော့။ တစ်ခါတစ်ရံတွင် ဇာတိပကတိသည် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက် လောဘမကြီးဘဲ၊ တစ်ကိုယ်ကောင်းဆန်သည့်အရာ၊ သို့မဟုတ် စက်ဆုပ်ဖွယ်ကောင်းသည့်အရာ တစ်ခုမျှ မလုပ်ဘဲ၊ သင့်ကိုယ်သင် မကြာခဏ သုံးသပ်လျက်၊ ဘုရားသခင်၏မိသားစု အကျိုးများကို သင် ဦးစားပေးနိုင်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် မကြာခဏ အသက်ရှင်နိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် လုံးလုံး ပုံမှန်ဖြစ်လာပေလိမ့်မည်။

သင် လုပ်သည့်အရာတိုင်းတွင်၊ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်လော့၊ ပြီးလျှင် မမှန်ကန်သော ရည်ရွယ်ချက်များ ထွက်ပေါ်သည်ကို ရှာတွေ့ပါက၊ ထိုအရာများကို ကျောခိုင်းနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိလော့။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်၊ အပြန်အလှန်အားဖြင့် ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည်ကို ပြသပြီး၊ သင်လုပ်ဆောင်သမျှတို့သည် သင် ကိုယ်တိုင်အတွက် မဟုတ်၊ ဘုရားသခင်အတွက် ဖြစ်သည်ကို ပြပေသည်။ သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် ဖြောင့်မတ်နိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်စိတ်ခံစားမှုများ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။ သေးငယ်သောအရာများက လူတစ်ဦး၏ ရည်ရွယ်ချက်များနှင့် ဝိညာဉ်အသက်တာတို့ကို ထုတ်ဖော်ပြနိုင်သောကြောင့်၊ တစ်ဦးတစ်ယောက်အတွက် ဘုရားသခင်၏ စုံလင်စေခြင်းလမ်းကြောင်းပေါ်သို့ ဝင်ရောက်ရန်၊ သူ၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးကို ဦးစွာ ပြုပြင်ရမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည့်အခါမှသာလျှင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရနိုင်၏။ ထိုအခါမှသာ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့ ရည်ရွယ်သည့် အကျိုးတရားကို သင်၌ ရရှိနိုင်ပေသည်။ ဆိုလိုသည်မှာ လူသားများသည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို ထိန်းသိမ်းထားနိုင်ပြီး၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို မလိုက်စားပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အလမ်းများကို (ဇာတိပကတိ အသိဖြင့်) တွေးတောခြင်း မပြုဘဲ၊ ယင်းအစား အသက်တာ ဝင်ရောက်မှု ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ကာ၊ သမ္မာတရားကို လိုက်စားရန် အကောင်းဆုံး လုပ်ဆောင်ကြပြီး ဘုရားသခင်၏ အမှုကို နာခံကြပါက- ဤအရာကို သင် လုပ်ဆောင်နိုင်ပါက၊ သင်လိုက်စားသော ပန်းတိုင်များ မှန်ကန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာလိမ့်မည်။ ဘုရားသခင်နှင့် မိမိ၏ ဆက်ဆံရေးကို မှန်ကန်စေခြင်းကို မိမိ၏ ဝိညာဉ်ရေးရာ ခရီးထဲ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်ဟု ပြောနိုင်သည်။ လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိပြီး ဘုရားသခင်က ခွဲခန့်မှတ်သားထားပြီး ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း သို့မဟုတ် ရယူခြင်းကိုခံနိုင်ခြင်း ရှိမရှိမှာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင့်တွင် အားနည်းသည့် သို့မဟုတ် မနာခံသည့် အစိတ်အပိုင်းများ ရှိကောင်းရှိနိုင်သည်- သို့သော် သင်၏အမြင်နှင့် ရည်ရွယ်ချက်များ မှန်ကန်သရွေ့၊ ပြီးလျှင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ပြီး လျော်ကန်သရွေ့၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အရည်အချင်းပြည့်မီပေသည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိသည့်အပြင် ဇာတိပကတိအတွက်၊ သို့မဟုတ် သင်၏မိသားစုအတွက် လုပ်ဆောင်ပါက၊ သင်မည်မျှ ကြိုးစား လုပ်ဆောင်သည်ဖြစ်စေ အချည်းနှီး ဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပါက၊ အခြားအရာအားလုံးသည် နေရာတကျ ရှိလိမ့်မည်။ ဘုရားသခင်သည် အခြားမည်သည့်အရာကိုမျှ မကြည့်ဘဲ၊ သင်မည်သူ့ကို ယုံကြည်သည်၊ မည်သူ့အတွက် သင်ယုံကြည်သည်ဆိုသည်နှင့် အဘယ်ကြောင့် သင်ယုံကြည်သည်ဆိုသည့် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းရှိ သင်၏အမြင်များ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို ကြည့်၏။ ဤအရာများကို သင်သည် ရှင်းလင်းစွာ မြင်နိုင်ပြီး ကောင်းစွာ စီမံခန့်ခွဲထားသော သင်၏အမြင်များဖြင့် လက်တွေ့လုပ်ဆောင်နိုင်ပါက သင်သည် သင်၏အသက်တာတွင် တိုးတက်မှု လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကာ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ရန်လည်း သေချာလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်မဖြစ်သကဲ့သို့၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အမြင်များ လွဲချော်နေပါက အခြားအရာအားလုံး အချည်းနှီးဖြစ်ကာ မည်မျှ သင် ကြိုးစားယုံကြည်ပါစေ၊ အဘယ်အရာကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်နောက်တွင်သာ၊ ဇာတိပကတိကို သင် စွန့်လွှတ်သည့်အခါ၊ ဆုတောင်းသည့်အခါ၊ ဆင်းရဲဒုက္ခခံသည့်အခါ၊ သည်းခံသည့်အခါ၊ နာခံသည့်အခါနှင့် သင်၏ညီအစ်ကိုမောင်နှမများကို ကူညီသည့်အခါ၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံသည့်အခါ စသည့်အခါတို့တွင် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို သင် ရရှိလိမ့်မည်။ သင်လုပ်သောအရာသည် တန်ဖိုးနှင့် အရေးပါမှု ရှိမရှိဆိုသည်မှာ သင်၏ ရည်ရွယ်ချက်များ မှန်ပြီး သင်၏ အမြင်များ မှန်ကန်မှု ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ ယနေ့ခေတ်တွင် လူများစွာသည် မိမိတို့၏ဦးခေါင်းများကိုစောင်းငဲ့ပြီး နာရီကြည့် နေကြသည့်အလား ဘုရားသခင်ကို ယုံကြည်ကြ၏- ၎င်းတို့၏ အမြင်များ လွဲချော်နေပြီး အရေးပါသော ရှာဖွေတွေ့ရှိမှုတစ်ရပ်ဖြင့် ၎င်းတို့အား ပြန်လည် တည့်မတ်စေရမည် ဖြစ်သည်။ ဤပြဿနာ ပြေလည်သွားပါက အရာရာသည် အဆင်ပြေလိမ့်မည်။ သို့မဟုတ်ပါက၊ အရာရာသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ အချို့သောလူတို့သည် ငါ၏ရှေ့မှောက်တွင် ကောင်းစွာ ပြုမူကြသော်လည်း၊ ငါ၏နောက်ကွယ်တွင် ၎င်းတို့သည် ငါ့ကို အာခံခြင်းသာ လုပ်ကြ၏။ ဤအရာသည် မရိုးဖြောင့်ခြင်းနှင့် လှည့်ဖြားခြင်း သရုပ်သကန်တစ်ခု ဖြစ်ပြီး ဤလူစားမျိုးသည် စာတန်၏ အစေခံတစ်ဦးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်ရန် လာသည့် စာတန်၏ ပြယုဂ်စစ်စစ်ဖြစ်သည်။ သင်သည် ငါ၏အမှုနှင့် ငါ၏နှုတ်ကပတ်တော်များကို နာခံနိုင်မှသာလျှင် မှန်ကန်သော လူတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်သမျှ ကာလပတ်လုံး၊ သင်လုပ်ဆောင်သမျှတိုင်းသည် ဘုရားသခင်ရှေ့မှောက်တွင် တင့်တယ်ပြီး လုပ်ဆောင်သမျှ၌ သင်သည် တရားမျှတပြီး ဂုဏ်သိက္ခာရှိသမျှ ကာလပတ်လုံး၊ ရှက်ဖွယ်ကောင်းသော အရာများ သို့မဟုတ် အခြားသူများ၏ အသက်တာများကို ထိခိုက်မည့်အရာများ သင်မလုပ်ဆောင်သမျှ ကာလပတ်လုံး၊ ပြီးလျှင် အလင်းတွင် သင်အသက်ရှင်ပြီး စာတန်၏ အမြတ်ထုတ်ခြင်းကို ခွင့်မပြုသမျှ ကာလပတ်လုံး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် မှန်ကန်စွာ စနစ်တကျ ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၁၀)

ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင်၏ ရည်ရွယ်ချက်များနှင့် အမြင်များကို မှန်ကန်စွာ စနစ်တကျ ထားရှိဖို့ လိုအပ်၏။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင် စီစဉ်သော ပတ်ဝန်းကျင်များအားလုံး၊ ဘုရားသခင် သက်သေခံသော လူသားနှင့် လက်တွေ့ကျသော ဘုရားသခင်တို့နှင့်သက်ဆိုင်သော မှန်ကန်သည့် သိနားလည်မှုနှင့် မှန်ကန်သည့် သဘောထားပုံတို့ ရှိရမည်။ သင်သည် သင်၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း လက်တွေ့ မလုပ်ဆောင်ရ၊ သို့မဟုတ် သင်၏ ကိုယ်ပိုင် သေးနုပ်သော အကြံများကို မဖန်တီးရ။ မည်သည့်အရာကို သင် လုပ်ဆောင်ပါစေ၊ သမ္မာတရားကို သင် ရှာနိုင်ရမည်ဖြစ်ပြီး၊ ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် သင်၏အနေအထားတွင် ဘုရားသခင်၏ အမှုအားလုံးကို နာခံနိုင်ရမည်။ ဘုရားသခင်၏ စုံလင်စေခြင်းကို လိုက်စားဖို့နှင့် အသက်တာ၏ မှန်သောလမ်းကြောင်းပေါ် ဝင်ရောက်ဖို့ သင် ဆန္ဒရှိပါက၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အစဉ်အမြဲ အသက်ရှင်ရမည်။ အကျင့်မပျက်နှင့်၊ စာတန်နောက်မလိုက်နှင့်၊ စာတန်ကို သူ၏ အလုပ်ကိုဆောင်ရွက်ရန် မည်သည့်အခွင့်အရေးမျှ မပေးနှင့်၊ ပြီးလျှင် သင့်အား အသုံးပြုဖို့ စာတန်ကို အခွင့်မပေးနှင့်။ သင့်ကိုယ်သင် ဘုရားသခင်ထံ လုံးဝ ပေးအပ်ရမည်ဖြစ်ပြီး သင့်အပေါ် ဘုရားသခင်ကို စိုးမိုးခွင့်ပေးရမည်။

သင်သည် စာတန်၏အစေခံ ဖြစ်ရန် လိုလားလျက်ရှိသလော။ သင်သည် စာတန်၏အမြတ်ထုတ်ခြင်းခံရဖို့ လိုလားလျက်ရှိသလော။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့အလို့ငှာ သို့မဟုတ် ဘုရားသခင်၏အမှုတော်အတွက် အဖြည့်ခံ ဖြစ်လာနိုင်ဖို့အလို့ငှာ ဘုရားသခင်ကို ယုံကြည်ပြီး သူ့ကို လိုက်စားသလော။ သင်သည် ဘုရားသခင်၏ ရယူခြင်းကိုခံရသည့် အဓိပ္ပါယ်ရှိသော အသက်တာကို ပိုမိုနှစ်သက်သလော သို့မဟုတ် သုံးမရဖြစ်ကာ အနှစ်မဲ့သော အသက်တာတစ်ခုကို ပိုမိုနှစ်သက်သလော။ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရဖို့ ပိုမိုနှစ်သက်သလော သို့မဟုတ် စာတန်၏ အမြတ်ထုတ်ခြင်းကိုခံဖို့ ပိုမိုနှစ်သက်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို သင့်အား ဖြည့်ဆည်းခွင့်ပေးဖို့ ပိုမိုနှစ်သက်သလော၊ သို့မဟုတ် အပြစ်နှင့် စာတန်တို့ကို သင့်အား ဖြည့်ဆည်းခွင့်ပေးဖို့ ပိုမိုနှစ်သက်သလော။ ဤအရာများကို သေချာစွာ စဉ်းစားဆင်ခြင်လော့။ သင်၏ နေ့စဉ်အသက်တာတွင်၊ သင် ပြောဆိုသည့် မည်သည့်စကားများ၊ သင် လုပ်ဆောင်သည့် မည်သည့်အရာများက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် မူမမှန်ခြင်း ဖြစ်ကောင်းဖြစ်စေလိမ့်မည် ဆိုသည်ကို သင်နားလည်ရမည်ဖြစ်ပြီး၊ ထို့နောက် မှန်ကန်သည့် ပုံစံအတွင်း ဝင်ရောက်ဖို့ သင့်ကိုယ်သင် ပြုပြင်ရမည်။ တစ်ချိန်လုံး၊ သင်၏ စကားများ၊ သင်၏ လုပ်ရပ်များ၊ သင်၏လှုပ်ရှားမှုတစ်ခုစီတိုင်း၊ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ဆန်းစစ်လော့။ သင်၏ စစ်မှန်သော အခြေအနေနှင့်ဆိုင်သည် မှန်ကန်သော သိနားလည်မှုကို ရရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု ပုံစံထဲသို့ ဝင်ရောက်လော့။ ဤသည်မှာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိ‌ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိ ဆိုသည်ကို အကဲဖြတ်ခြင်းအားဖြင့်၊ သင်သည် သင်၏ရည်ရွယ်ချက်များကို အမှန်ပြင်လာနိုင်လိမ့်မည်ဖြစ်ပြီး၊ လူသား၏ သဘာဝအနှစ်သာရကို နားလည်လာနိုင်လိမ့်မည်ဖြစ်ကာ၊ သင့်ကိုယ်သင် အမှန်တကယ် နားလည်နိုင်လာမည်ဖြစ်သည်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် စစ်မှန်သော အတွေ့အကြုံများထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်၍၊ သင့်ကိုယ်သင် စစ်မှန်သော နည်းလမ်းတစ်ခုဖြင့် စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ရည်ရွယ်ချက်ဖြင့် နာခံနိုင်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိနှင့် စပ်လျဉ်းသည့် ဤကိစ္စရပ်များကို သင်တွေ့ကြုံသည်နှင့်အမျှ၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကိုခံရမည့် အခွင့်အရေးများကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အခြေအနေများစွာကို သဘောပေါက်လာနိုင်လိမ့်မည်။ စာတန်၏ လှည့်စားမှုများစွာ ကိုလည်း သင် ရိပ်စားနိုင်လိမ့်မည်ဖြစ်ပြီး၊ ယင်း၏ လျှို့ဝှက်ကြံစည်မှုများကို ထိုးထွင်းသိမြင်နိုင်လိမ့်မည်။ ဤနည်းလမ်းသည်သာ ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းသို့ ဦးတည်ပေသည်။ သူ၏ အစီအမံများကို အလုံးစုံ သင် နာခံနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် စစ်မှန်သည့် အတွေ့အကြုံများထဲသို့ သာ၍ပင် နက်နဲစွာ သင်ဝင်ရောက်ရန်အလို့ငှာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သာ၍ပင် ရရှိဖို့အလို့ငှာ၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို မှန်ကန်စေလော့။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ရှိခြင်းကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ၊ အကြောင်းကိစ္စအများစုတွင်၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းအားဖြင့်နှင့် ဘုရားသခင်နှင့် စစ်မှန်သော ပူးပေါင်းလုပ်ဆောင်ခြင်း တို့မှတစ်ဆင့် အောင်မြင်မှုကို ရရှိလိမ့်မည်ဖြစ်သည်။ “ပူးပေါင်းလုပ်ဆောင်သည့် စိတ်နှလုံးမရှိဘဲနှင့်၊ ဘုရားသခင်၏ အမှုကို ရရှိရန် ခက်ခဲသည်။ ဇာတိပကတိသည် ဆင်းရဲဒုက္ခမခံစားရပါက၊ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများလည်း ရှိလိမ့်မည်မဟုတ်။ စိတ်ဝိညာဉ်က ရုန်းကန်ခြင်း မရှိပါက၊ စာတန်သည် အရှက်ရမည်မဟုတ်” ဆိုသည်ကို သင်တို့နားလည်သင့်သည်။ သင်သည် ဤအခြေခံသဘောတရားများကို လက်တွေ့လုပ်ဆောင်ပြီး အကုန်အစင် နားလည်ပါက၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အမြင်များသည်လည်း မှန်ကန်လိမ့်မည်။ သင်တို့၏လက်ရှိ လက်တွေ့လုပ်ဆောင်မှုတွင်၊ “အဆာပြေရန်အတွက် ပေါင်မုန့်ကို ရှာဖွေခြင်း” ဟူသည့် ပုံသေအတွေးအခေါ်ကို သင်ဖယ်ရှားရမည်။ “သန့်ရှင်းသော အရာရာတိုင်းကို ဝိညာဉ်တော်က လုပ်ဆောင်ပြီး လူတို့သည် ကြားဝင်နှောင့်ယှက်၍ မရနိုင်” ဟူသည့် ပုံသေအတွေးအခေါ်ကို သင်ဖယ်ရှားရမည်။ ထိုသို့ပြောသည့် လူတိုင်းက၊ “လူတို့သည် သူတို့လုပ်လိုသည့် မည်သည့်အရာကိုမဆို လုပ်နိုင်ပြီး၊ အချိန်တန်လျှင် သန့်ရှင်းသော ဝိညာဉ်တော်က သူ့အလုပ် သူလုပ်လိမ့်မည်။ လူတို့သည် ဇာတိပကတိကို ချုပ်တည်းစရာမလို သို့မဟုတ် ပူးပေါင်းလုပ်ဆောင်ရန် မလိုအပ်ပေ။ အရေးကြီးသည့် တစ်ခုတည်းသောအရာမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ၎င်းတို့ တို့ထိခံရဖို့ဖြစ်သည်” ဟု တွေးကြသည်။ ဤအယူအဆအားလုံးက အဓိပ္ပာယ်မရှိပေ။ ထိုသို့သော အခြေအနေများအောက်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်မလုပ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ကြီးစွာ ဟန့်တားသည်မှာ ဤသို့သောအမြင်မျိုး ဖြစ်သည်။ မကြာခဏပင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လူတို့၏ ပူးပေါင်းလုပ်ဆောင်မှုမှတစ်ဆင့် ရရှိပေသည်။ ပူးပေါင်းလုပ်ဆောင်မှုမရှိသည့် သူများနှင့် သန္နိဋ္ဌာန်မချထားသည့်သူများသည် ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခုကို ရရှိရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိဖို့ဆန္ဒရှိကြပြီး၊ လွန်ကဲသည့် အတွေးများ ဧကန်အမှန် ရှိကြလေသည်။ ဤသည်ကို “မိမိကိုယ်ကို အလိုလိုက်ခြင်းနှင့် စာတန်ကို ချမ်းသာပေးခြင်း” ဟု ခေါ်သည်။ ထိုသို့သော လူတို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိကြပေ။ သင်သည် မိမိအတွင်း၌ စာတန်ဆန်သော စိတ်သဘောထားနှင့်ဆိုင်သည့် ထုတ်ဖော်ခြင်းများနှင့် သရုပ်သကန်များစွာတို့ကို ရှာဖွေသင့်ပြီး၊ ယခု ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဆန့်ကျင်သည့် သင်၌ရှိသော လက်တွေ့လုပ်ဆောင်မှုများကို ရှာဖွေသင့်သည်။ သင်သည် စာတန်ကို ယခု စွန့်လွှတ်နိုင်လိမ့်မည်လော။ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရရှိသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်သင့်သည်၊ ပြီးလျှင် အသစ်သော အသက်တာနှင့်အတူ လူသစ်တစ်ဦး ဖြစ်လာသင့်သည်။ အတိတ်က အပြစ်များပေါ်တွင် အချိန်ကုန်ခံ မစဉ်းစားနှင့်။ လွန်လွန်ကဲကဲ နောင်တမရနှင့်။ ရပ်တည်ပြီး ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းရှိလော့၊ ပြီးလျှင် သင်၏ ဖြည့်ဆည်းရမည့် တာဝန်များကို ဖြည့်ဆည်းလော့။ ဤနည်းလမ်းဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် ဖြစ်လာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၁၁)

ဤအရာကို ဖတ်ရှုပြီးသည့်နောက်၊ ဤနှုတ်ကပတ်တော်များကို လက်ခံဖို့ သင် အခိုင်အမာ ပြောရုံမျှပြောဆိုသော်လည်း၊ သင့်စိတ်နှလုံးသည် တို့ထိခြင်းမခံရဘဲရှိကာ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်စေဖို့ သင် မကြိုးစားပါက၊ ယင်းသည် သင့်အနေဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို အလေးမထားကြောင်း သက်သေပြနေသည်။ သင်၏အမြင်များသည် အမှန်မရှိသေး၊ သင်၏ရည်ရွယ်ချက်များသည် ဘုရားသခင်၏ ရယူခံရခြင်းခံရဖို့နှင့် သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းပေးဖို့ ချမှတ်ထားခြင်း မရှိသေးဘဲ ယင်းအစား၊ စာတန်၏ အကြံများကို အောင်နိုင်ခွင့်ပေးခြင်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များကို ရရှိခြင်းသို့သာ ဦးတည်နေဆဲဖြစ်သည်။ ထိုသို့သောလူများသည် မှားယွင်းသည့် ရည်ရွယ်ချက်များနှင့် မမှန်ကန်သည့် အမြင်များရှိကြသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ သို့မဟုတ် မည်ကဲ့သို့ ပြောသည်ဖြစ်စေ၊ ထိုသို့သော လူတို့သည် လုံးဝ စိတ်ဝင်စားမှု မရှိမြဲဖြစ်ကာ နည်းနည်းမျှ မပြောင်းလဲကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် ကြောက်ရွံ့မှု မခံစားရ၊ ထို့အပြင် မရှက်ကြချေ။ ထိုသို့သောလူတစ်ဦးသည် ဝိညာဉ်ကင်းမဲ့သည့် ငတုံးတစ်ဦး ဖြစ်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက်တိုင်းကို ဖတ်ကြားပြီး ၎င်းတို့ကို နားလည်သည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်လော့။ သင်၏ ဇာတိပကတိ အားနည်းသည့် အချိန်အခါများ၊ သို့မဟုတ် သင် ပုန်ကန်တတ်သည့် အချိန်အခါများ သို့မဟုတ် သင် ခုခံတတ်သည့် အချိန်အခါများ ရှိကောင်းရှိလိမ့်မည်။ ယခင်က သင်မည်သို့ပင် ပြုမူခဲ့ပါစေ၊ အနည်းငယ်သော အကျိုးဆက်သာ ရှိပြီး ယနေ့ သင်၏ အသက်တာကို ရင့်ကျက်ခြင်းမှ မဟန့်တားနိုင်ပေ။ ယနေ့တွင် သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရှိနိုင်သရွေ့ မျှော်လင့်ချက် ရှိ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်သည့်အချိန်တိုင်းတွင် သင့်အထဲ၌ ပြောင်းလဲမှုရှိပြီး၊ သင်၏အသက်တာသည် ပိုကောင်းဖို့အတွက် ပြောင်းလဲပြီဟု အခြားသူများ ပြောနိုင်ပါက၊ ယင်းသည် ယခုတွင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပြီဖြစ်ပြီး၊ မှန်ကန်စေပြီး ဖြစ်သည်ကို ပြပေသည်။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ အပြစ်ကျူးလွန်မှုများအတိုင်း ဆက်ဆံခြင်းမပြုပေ။ သင်နားလည်ပြီး သတိပြုမိ လာသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ပုန်ကန်ခြင်း၊ ခုခံခြင်း ရပ်တန့်နိုင်သရွေ့၊ ဘုရားသခင်သည် သင့်အပေါ် သနားခြင်းကရုဏာ ရှိနေဆဲဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရခြင်းအဖြစ်ကို လိုက်စားဖို့ သိနားလည်မှု ရှိပြီး ဆုံးဖြတ်ချက် ရှိသည့်အခါတွင်၊ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏အခြေအနေက ပုံမှန်ဖြစ်လာလိမ့်မည်။ သင်အဘယ်အရာကို လုပ်ဆောင်နေပါစေ၊ လုပ်ဆောင် နေသည့်အချိန်တွင် အောက်ပါတို့ကို စဉ်းစားဆင်ခြင်လော့- ဤအရာကို ငါလုပ်လျှင် ဘုရားသခင် မည်ကဲ့သို့ထင်မည်နည်း၊ ယင်းသည် ငါ၏ညီအစ်ကိုမောင်နှမများကို အကျိုးပြုမည်လော၊ ယင်းသည် ဘုရားသခင်၏ အိမ်တော်၌ရှိသည့် အလုပ်ကို အကျိုးပြုမည်လော။ ဆုတောင်းခြင်း၊ မိတ်သဟာယပြုခြင်း၊ စကားပြောဆိုခြင်း၊ အလုပ် သို့မဟုတ် အခြားသူများနှင့် ဆက်သွယ်ခြင်းတွင် သင်၏ရည်ရွယ်ချက်များကို ဆန်းစစ်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိဆိုသည်ကို စစ်ဆေးလော့။ သင်ကိုယ်တိုင်၏ ရည်ရွယ်ချက်များနှင့် အတွေးများကို သင်သည် မသိမြင်နိုင်ပါက၊ ဤအရာက သင်သည် ခွဲခြားနိုင်ခြင်း ကင်းမဲ့သည်ကို ဆိုလိုသည်၊ ယင်းမှာ သင်သည် သမ္မာတရားအား အလွန်နည်းပါးစွာ နားလည်သည်ကို သက်သေပြပေသည်။ ဘုရားသခင်လုပ်ဆောင်သမျှတိုင်းကို သင်သည် ရှင်းရှင်းလင်းလင်း နားလည်နိုင်ပြီး ဘုရားသခင်ဘက်တွင် ရပ်တည်ရင်း ဘုရားနှုတ်ကပတ်တော်၏ ရှုထောင့်မှတစ်ဆင့် အမှုကိစ္စများကို သိမြင်နိုင်ပါက၊ သင်၏အမြင်များ မှန်ကန်လာပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းသည် ဘုရားသခင်ကို ယုံကြည်သူ မည်သူမဆိုအဖို့ အဆုံးစွန် အရေးကြီးသောအရာ ဖြစ်သည်။ အယောက်တိုင်းသည် ယင်းကို ၎င်းတို့ဘဝတွင် ပဓာန အရေးကြီးသည့်တာဝန်တစ်ခုနှင့် အကြီးမားဆုံးသော ဖြစ်ရပ်အဖြစ် မှတ်ယူသင့်သည်။ သင်လုပ်ဆောင်သမျှ အရာတိုင်းကို သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိမရှိဆိုသည့်အရာဖြင့် တိုင်းတာပေသည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပြီး သင်၏ရည်ရွယ်ချက်များ မှန်ပါက၊ ဆောင်ရွက်လော့။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းရန်၊ သင်သည် ပုဂ္ဂိုလ်ရေးရာ အကျိုးများ ဆုံးရှုံးခြင်း ခံစားရဖို့ မစိုးရွံ့နှင့်။ စာတန်ကို အနိုင်ယူခွင့် သင်ပေး၍မရ၊ စာတန်အား သင့်အပေါ် အခိုင်အမာတွယ်ခွင့် ပေး၍မရသကဲ့သို့၊ စာတန်က သင့်အား ရယ်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်စေခွင့် ပေး၍မဖြစ်ပေ။ ထိုသို့သော ရည်ရွယ်ချက်များရှိခြင်းသည် သင်နှင့် ဘုရားသခင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည့် လက္ခဏာဖြစ်သည်- ၎င်းသည် ဇာတိပကတိအတွက် မဟုတ်ဘဲ စိတ်ဝိညာဉ်ငြိမ်သက်ခြင်းအတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိခြင်းအတွက်နှင့် ဘုရားသခင်၏ အလိုကို ကျေနပ်စေခြင်းအတွက် ဖြစ်သည်။ မှန်ကန်သည့် အခြေအနေသို့ ဝင်ရောက်ရန်၊ သင့်အနေဖြင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ရမည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သင်၏အမြင်ကို မှန်ကန်စေရမည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို ရရှိနိုင်ဖို့နှင့်၊ သူ၏နှုတ်ကပတ်တော်များ၏ အသီးအပွင့်များကို သင့်အထဲတွင် သူဖော်ထုတ်ပြနိုင်ဖို့နှင့် သင့်ကို သာ၍ပင် ဉာဏ်အလင်းပေးပြီး အလင်းပြနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤနည်းလမ်းဖြင့်၊ သင်သည် မှန်ကန်သည့် အမူအကျင့်ထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များကို ဆက်လက် စားသောက်လော့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်လုပ်ခြင်းနည်းဟန်ထဲသို့ ဝင်ရောက်လော့၊ ဘုရားသခင်၏ ယနေ့ တောင်းဆိုချက်များအတိုင်း ဆောင်ရွက်လော့၊ ခေတ်နောက်ကျသော လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များကို မလိုက်နာနှင့်၊ အမှုအရာများ လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် နည်းလမ်းဟောင်းများကို မဖက်တွယ်နှင့်၊ ပြီးလျှင် ယနေ့ အလုပ်လုပ်ခြင်း နည်းဟန်ထဲသို့ ဖြစ်နိုင်သမျှမြန်မြန် ဝင်ရောက်လော့။ ထိုသို့ဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် လုံးဝ ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် တက်လှမ်းပြီးဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၁၂)

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့ ပိုမိုလက်ခံလေ၊ ၎င်းတို့ ပိုမိုဉာဏ်အလင်းပေးခံရလေဖြစ်ကာ ဘုရားသခင်ကို သိကျွမ်းခြင်းအား ၎င်းတို့၏ လိုက်စားရာတွင် သာ၍ ဆာငတ်လေဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသူတို့သာ ပိုမိုကြွယ်ဝပြီး ပိုမိုနက်နဲသော အတွေ့အကြုံများကို ရှိနိုင်စွမ်းရှိကြပြီး ၎င်းတို့သည်သာ နှမ်းပွင့်များကဲ့သို့ ဆက်လက် ကြီးထွားနိုင်သည့် အသက်တာများရှိကြသူများ ဖြစ်သည်။ အသက်ကို လိုက်စားသူအားလုံးသည် ဤအရာကို မိမိတို့၏ အချိန်ပြည့်အလုပ်ကဲ့သို့ သဘောထားသင့်၏။ “ဘုရားသခင် မရှိပါက၊ ကျွန်ုပ် အသက်မရှင်နိုင်။ ဘုရားသခင်မရှိပါက၊ မည်သည့်အရာမျှ ကျွန်ုပ် မပြီးမြောက်နိုင်။ ဘုရားသခင် မရှိပါက၊ အရာရာ အနှစ်မဲ့သည်” ဟု ၎င်းတို့ ခံစားသင့်၏။ ထို့ကြောင့် ၎င်းတို့သည် “သန့်ရှင်းသော ဝိညာဉ်တော် မရှိဘဲ၊ မည်သည့်အရာကိုမျှ ကျွန်ုပ် လုပ်မည်မဟုတ်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းက မည်သည့်ထိရောက်မှုမျှမရှိပါက၊ ဘာကိုမျှ လုပ်ဆောင်ဖို့ ကျွန်ုပ် စိတ်မဝင်စားပါ” ဆိုသည့် သန္နိဋ္ဌာန်ကိုလည်း ၎င်းတို့ ရှိသင့်သည်။ မိမိကိုယ်ကိုယ် အလိုမလိုက်နှင့်။ ဘဝအတွေ့အကြုံများသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့မှ လာပြီး၊ ၎င်းတို့၏ သင်၏ ဓမ္မဓိဋ္ဌာန်မကျသော အားထုတ်မှုများ ပုံပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် သင် တောင်းဆိုသင့်သည့်အရာမှာ ဤသို့ဖြစ်၏- “ဘဝအတွေ့အကြုံနှင့် ပတ်သက်လာသည့်အခါ၊ ကျွန်ုပ် မိမိကိုယ်ကိုယ် လုံးဝလွတ်လပ်ခွင့်ပေး၍ မဖြစ်” ဟူ၍ ဖြစ်သည်။

တစ်ခါတစ်ရံ၊ ပုံမှန်မဟုတ်သည့် အခြေအနေတွင်၊ သင်သည် ဘုရားသခင် ရှိနေခြင်းကို ဆုံးရှုံးပြီး သင် ဆုတောင်းသည့်အခါ ဘုရားသခင်ကို မခံစားနိုင် ဖြစ်လာသည်။ ထိုသို့သော အချိန်များတွင် စိုးရွံ့မှုခံစားရခြင်းမှာ ပုံမှန်ဖြစ်၏။ သင့်အနေဖြင့် ချက်ချင်း စတင် ရှာဖွေသင့်သည်။ သင် မစတင်ပါက၊ ဘုရားသခင်သည် သင့်ထံမှ ဝေးကွာ လိမ့်မည်ဖြစ်ပြီး သင်သည် တစ်ရက်ကြာ၊ နှစ်ရက်ကြာ၊ တစ်လ သို့မဟုတ် နှစ်လကြာပင် သန့်ရှင်းသော ဝိညာဉ်တော်- ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်- မရှိဘဲ ဖြစ်လိမ့်မည်။ ဤအခြေအနေများတွင် သင်သည် အလွန့်အလွန် ထုံထိုင်းလာပြီး အပြုအမူမျိုးစုံ ကျူးလွန်နိုင်စွမ်းရှိသည်အထိ စာတန်၏ ဖမ်းဆီးခြင်းကို နောက်တစ်ကြိမ် ခံရပေသည်။ ချမ်းသာကြွယ်ဝမှုကို သင် တပ်မက်သည်၊ သင်၏ ညီအစ်ကို မောင်နှမများကို လှည့်ဖြားသည်၊ ရုပ်ရှင်များနှင့် ဗီဒီယိုများကို ကြည့်ရှုသည်၊ မာဂျောင် ကစားပြီး စည်းမရှိကမ်းမရှိ ဆေးလိပ်နှင့် အရက်ပင်သောက်လေသည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးရာသို့ သွေဖည်သွားပြီဖြစ်သည်၊ သင်သည် မိမိ၏ကိုယ်ပိုင်လမ်းသို့ တိတ်တဆိတ် သွားလေပြီဖြစ်ကာ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ ထင်ရာမြင်ရာ ဝေဖန်လေပြီ။ အချို့ကိစ္စရပ်များတွင်၊ လူတို့သည် အလွန်နိမ့်ကျသည်မှာ လိင်မှုသဘာဝနှင့်ဆိုင်သော အပြစ်များကို ကျူးလွန်ရာတွင် မည်သည့် အရှက် သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းမျှ မခံစားကြရပေ။ ဤကဲ့သို့သော လူမျိုးကို သန့်ရှင်းသော ဝိညာဉ်တော်က စွန့်ပစ်ပြီးဖြစ်သည်။ အမှန်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က ထိုသို့သော လူထဲတွင် မရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဆိုးယုတ်မှု၏ လက်တံများသည် သာ၍ ဝေးဝေး ဆန့်ထုတ်သည်နှင့်အမျှ ဖောက်ပြန်ပျက်စီးခြင်းထဲသို့ ၎င်းတို့ သာ၍ နက်ရှိုင်းစွာ နစ်မြုပ်သည်ကိုသာ တွေ့မြင်နိုင်သည်။ နောက်ဆုံးတွင်၊ ဤလမ်းခရီး၏ တည်ရှိခြင်းကို ၎င်းတို့ ငြင်းပယ်ပြီး ၎င်းတို့ အပြစ်ပြုကြသည်နှင့်အမျှ စာတန်၏ ဖမ်းဆီးခြင်းကို ခံကြရလေသည်။ သန့်ရှင်းသော ဝိညာဉ်တော် ရှိခြင်းသာ သင်၌ရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိသည်ကို သင် တွေ့ရှိပါက ယင်းမှာ ရှိနေဖို့ အန္တရာယ်များသည့် အခြေအနေဖြစ်နှင့်ပြီးဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ရှိခြင်းကိုပင် သင် မခံစားရသည့်အခါ၊ သင်သည် သေလုနီးနီး ဖြစ်ပေသည်။ သင် နောင်တမရပါက၊ စာတန်ထံ လုံးဝ ပြန်သွားခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်ပြီး ပယ်ထုတ်ခံရသည့် သူများအလယ်တွင် သင် ရှိလိမ့်မည်။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သာရှိသည့် အခြေအနေတစ်ခုထဲ သင်ရှိသည်ကို (သင် အပြစ်မပြု၊ မိမိကိုယ်ကိုယ် ချုပ်တည်းထားပြီး ဘုရားသခင်ကို ဗြောင်ကျကျ အာခံခြင်း တစ်ခုမျှ သင် မပြု) သင် တွေ့ရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့သည်ကို (သင် ဆုတောင်းသည့်အခါ တို့ထိမှု မခံစားရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ သိသာသည့် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ သင် မရရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ပတ်သက်၍ သင် စိတ်မဝင်စား၊ သင့်အသက်တာတွင် မည်သည့်ကြီးထွားမှုမျှ လုံးဝမရှိသကဲ့သို့ ကြီးမားသည့် အလင်းပြခြင်း သင် ကင်းမဲ့ခဲ့သည်မှာ ကြာပြီ) သင် ရှာဖွေတွေ့ရှိသည့်အခါ- ထိုသို့သော အချိန်များတွင်၊ သင် သာ၍ သတိထားရမည်။ သင့်ကိုယ်သင် အလိုမလိုက်ရ၊ သင်၏ ကိုယ်ပိုင် အကျင့်စရိုက်ကို ရှေ့ဆက်၍ အကန့်အသတ်မရှိ လွှတ်မထားရ။ သန့်ရှင်းသော ဝိညာဉ်တော် ရှိနေခြင်းသည် အချိန်မရွေး ပျောက်ကွယ်နိုင်၏။ ဤသည်မှာ ထိုသို့သော အခြေအနေ အလွန်အန္တရာယ်များရသည့် အကြောင်းရင်း ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် ဤအခြေအနေမျိုးတွင်ရှိသည်ကို တွေ့ရှိရပါက၊ တတ်နိုင်သမျှမြန်မြန် အမှုအရာများကို ပြောင်းလဲဖို့ ကြိုးစားလော့။ ပထမဦးစွာ၊ နောင်တရသည့် ဆုတောင်းချက်ကို သင်ဆိုသင့်ပြီး သင့်အပေါ် သူ၏ ကရုဏာကို နောက်တစ်ကြိမ် ဘုရားသခင် ပေးစေဖို့ တောင်းလျှောက်လော့။ သာ၍ လေးလေးနက်နက် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ စားသောက်ဖို့ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေလော့။ ဤအခြေခံအုတ်မြစ်နှင့်အတူ၊ ဆုတောင်းခြင်းတွင် သင်၏ အချိန်ကို ပိုမို အသုံးပြုရမည်။ သီဆိုခြင်း၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းတို့တွင် သင်၏ အားထုတ်မှုများကို နှစ်ဆပြုလော့။ သင် အားအနည်းဆုံး ဖြစ်သည့်အချိန်တွင်၊ သင်၏ စိတ်နှလုံးသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို သာ၍အလွယ်တကူခံရတတ်၏။ ထိုသို့ဖြစ်သည့်အခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ယူခြင်းခံရပြီး စာတန်ထံ ပြန်ပို့ခံရလေသည်၊ သည့်နောက် သင်သည် သန့်ရှင်းသော ဝိညာဉ်တော် မရှိဘဲ ဖြစ်လေသည်။ ထိုသို့သော အချိန်များတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပြန်လည်ရရှိဖို့ နှစ်ဆခက်ခဲလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင်နှင့်အတူ ရှိစဉ် သူ၏ အလုပ်ကို ရှာဖွေသည်က ပိုကောင်း၏၊ ယင်းက သင့်အပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းကို သာ၍ ပေးသနားဖို့နှင့် သင့်ကို သူစွန့်မပစ်စေဖို့ ဘုရားသခင်ကို အခွင့်ပေးလေသည်။ ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ သင်၏ တာဝန်ဝတ္တရားကို အစေခံခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း- ဤအရာအားလုံးသည် စာတန်က သူ၏ အလုပ်ကို လုပ်ဆောင်ဖို့ အခွင့်အရေးမရှိရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်က သင့်အတွင်းတွင် အမှုပြုနိုင်ဖို့အလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဤနည်းဖြင့် သင် ပြန်လည်မရရှိပါက၊ သင်သည် စောင့်၍သာနေပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က အထူးသဖြင့် သင့်ကို မတို့ထိခဲ့သော် သို့မဟုတ် သင့်ကို အထူး ဉာဏ်အလင်းပေးပြီး အလင်းမပေးခဲ့သော်၊ သန့်ရှင်းသော ဝိညာဉ်တော် ရှိခြင်းကို သင် ဆုံးရှုံးပြီးသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပြန်လည်ရရှိခြင်းက လွယ်ကူလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်ပင်၊ သင်၏ အခြေအနေ ပြန်သက်သာလာဖို့ တစ်ရက် သို့မဟုတ် နှစ်ရက်သာ ကြာသည်မဟုတ်။ တစ်ခါတစ်ရံ မည်သည့် သက်သာခြင်းမျှမရှိဘဲ ခြောက်လကျော်လွန်သွားနိုင်သည်။ ဤအရာအားလုံးမှာ လူတို့သည် မိမိတို့ကိုယ်ကိုယ်အပေါ် အလွန်ငဲ့ညှာလွန်းသောကြောင့်၊ ပုံမှန်နည်းလမ်းဖြင့် အမှုအရာများကို တွေ့ကြုံနိုင်စွမ်းမရှိကြသောကြောင့် ဖြစ်ပြီး၊ ထို့သို့ဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံကြရသောကြောင့် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို သင် အမှန်ပြန်လည်ရရှိလျှင်ပင်၊ သင်သည် မိုင်ပေါင်းသောင်းချီ နောက်ချန်ခံခဲ့ရသည့်အလား၊ သင်၏ ဘဝအတွေ့အကြုံ၌ ဝေးဝေးနောက်ကျခဲ့ပြီး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ လက်ရှိအမှုသည် သင့်အဖို့ သိပ်ရှင်းလင်းကောင်း ရှင်းလင်းလိမ့်ဦးမည်မဟုတ်ပေ။ ဤသည်မှာ ဆိုးရွားသည့်အရာ မဟုတ်လော။ သို့သော်၊ ထိုသို့သော လူတို့ကို ယခု နောင်တရရန် နောက်မကျ လွန်းသေးဟု ငါ ဆို၏၊ သို့သော် သတ်မှတ်ချက် တစ်ခုရှိပေသည်- သင် အလုပ် သာ၍ ကြိုးစားရမည်ဖြစ်ပြီး ပျင်းရိမှု၌ မွေ့လျော်ရမည်မဟုတ်။ အခြားလူတို့က တစ်နေ့ ငါးကြိမ်ဆုတောင်းပါက၊ သင် ဆယ်ကြိမ် ဆုတောင်းရမည်။ အခြားလူတို့က တစ်နေ့ နှစ်နာရီ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပါက၊ ထိုသို့ လေးနာရီ သို့မဟုတ် ခြောက်နာရီ သင် လုပ်ရမည်။ ပြီးလျှင် အခြားလူတို့က ဓမ္မသီချင်းများကို နှစ်နာရီ နားထောင်ပါက၊ သင် အနည်းဆုံး နေ့တစ်ဝက် နားထောင်ရမည်။ သင်တို့ထိ ခံရသည်အထိ၊ သင်၏ စိတ်နှလုံးက ဘုရားသခင်ထံ ပြန်သွားပြီး ဘုရားသခင်ထံမှ အဝေးသို့ မသွေဖည်ဝံ့တော့ သည်အထိ မကြာခဏ ဘုရားသခင်၏ ရှေ့တွင် ငြိမ်သက်စွာနေပြီး သူ၏ ချစ်ခြင်းမေတ္တာကို တွေးတောလော့- ထို့အခါတွင်မှ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းက အကျိုးဖြစ်ထွန်းလိမ့်မည်။ ထိုအခါတွင်မှ၊ သင်၏ ယခင်၊ ပုံမှန် အခြေအနေသို့ ပြန်လည် သက်သာလာနိုင်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၁၃)

သင်သည် ဘုရားသခင်၌ ယုံကြည်သူတစ်ဦးနှင့်ဆိုင်သည့် လမ်းကြောင်း၏ အလွန်သေးငယ်သည့် အစိတ်အပိုင်း တစ်ခုကိုသာ လျှောက်လှမ်းပြီးဖြစ်ကာ လမ်းမှန်ပေါ်သို့ မဝင်ရောက်ရသေးသောကြောင့် ဘုရားသခင်၏ စံနှုန်းမီဖို့ သင် အလှမ်းဝေးနေသေး၏။ ယခု၊ သင်၏ ဝိညာဉ်အသက်တာသည် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် မလုံလောက်ပေ။ သင်တို့၏ အရည်အချင်းနှင့် ဖောက်ပြန်ပျက်စီးသော သင်တို့၏ သဘာဝကြောင့်၊ သင်တို့သည် ဘုရားသခင်၏အမှုကို အမြဲ ဂရုမစိုက်ပေ။ ၎င်းကို အလေးအနက် သဘောမထားကြပေ။ ဤသည်မှာ သင်တို့၏ စိုးရိမ်ဖွယ်အကောင်းဆုံးသော အားနည်းချက် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းကို သေချာအောင်လေ့လာစိစစ်နိုင်သူ မည်သူမျှ မရှိသည်ကား သေချာပေ၏။ သင်တို့ အများစုက ထိုအရာကို နားမလည်ကြသကဲ့သို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြ။ ထို့အပြင် သင်တို့အများစုသည် ဤကိစ္စကို အလေးအနက်ထားဖို့ မပြောနှင့်၊ အာရုံပင် မစိုက်ကြချေ။ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လျစ်လျူရှုခြင်းဖြင့် အသက်ရှင်ရင်း ဤသို့ ဆက်သွားပါက၊ ဘုရားသခင်၌ ယုံကြည်သူတစ်ဦးအနေဖြင့် သင်လျှောက်လှမ်းသော လမ်းကြောင်းသည် အချည်းနှီးဖြစ်လိမ့်မည်။ ဤသည်မှာ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးပမ်းဖို့ သင်၏အစွမ်းရှိသမျှဖြင့် အရာရာကို မလုပ်ဆောင်သောကြောင့် ဖြစ်ပြီး၊ ဘုရားသခင်နှင့် ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်၏။ ယင်းမှာ ဘုရားသခင်သည် သင့်အပေါ် အလုပ်မလုပ်သေးခြင်း သို့မဟုတ် ဝိညာဉ်တော်က သင့်ကို မတို့ထိသေးခြင်း မဟုတ်ပေ။ သင်သည် အမှုမဲ့အမှတ်မဲ့ ဖြစ်လွန်းသဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို အလေးအနက်မထားခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဤအခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်ရမည် ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်က လူတို့ကို ဦးဆောင်သည့် လမ်းကြောင်းကို လျှောက်လှမ်းရမည်။ ဤသည်မှာ ယနေ့အတွက် အဓိကအကြောင်းအရာ ဖြစ်သည်။ “သန့်ရှင်းသော ဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်း” မှာ စိတ်ဝိညာဉ်၌ ဉာဏ်အလင်းရခြင်း၊ ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သော အသိပညာရှိခြင်း၊ ရှေ့က လမ်းကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားမှု ရရှိခြင်း၊ သမ္မာတရားထဲသို့ တစ်လှမ်းချင်း ဝင်ရောက်နိုင်ခြင်းနှင့် ဘုရားသခင်ကို သာ၍ သိကျွမ်းလာခြင်းကို ရည်ညွှန်း၏။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းမှာ အဓိကအားဖြင့် သွေဖည်ခြင်းများနှင့် အယူအဆလွဲမှားမှုများ ကင်းလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သာ၍ရှင်းလင်းသော သိနားလည်ခြင်းဆီသို့ သွားသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး ထိုလမ်းကြောင်းကို လျှောက်လှမ်းသူတို့သည် ရှေ့ဆက်၍ ဖြောင့်ဖြောင့် လျှောက်လှမ်းကြ၏။ ဤအရာကို ရရှိဖို့ရန်အလို့ငှာ၊ သင်တို့သည် ဘုရားသခင်နှင့် စိတ်သဘောညီညွတ်လျက် လုပ်ဆောင်ဖို့၊ လက်တွေ့လုပ်ဆောင်ရမည့် မှန်ကန်သော လမ်းကြောင်း ရှာတွေ့ဖို့နှင့် သန့်ရှင်းသော ဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းကို လျှောက်လှမ်းရန် လိုအပ်လိမ့်မည်။ ဤသည်မှာ လူသားဘက်မှ ပူပေါင်းလုပ်ဆောင်ခြင်း ပါဝင်လေသည်။ ဆိုလိုသည်မှာ သင့်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် ဖြည့်ဆည်းရန် လုပ်ဆောင်ရမည့်အရာနှင့် ဘုရားသခင်၌ ယုံကြည်မှု၏ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ရန် သင် ပြုမူရမည့်ပုံ ဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းပေါ် ခြေလှမ်းခြင်းသည် ခက်ခဲရှုပ်ထွေးသည့်ပုံ ပေါ်ကောင်းပေါ်နိုင်သော်လည်း၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းက သင့်အဖို့ ရှင်းလင်းသွားချိန်တွင် ထိုလမ်းကြောင်းက များစွာ သာ၍ ရိုးရှင်းသည်ကို သင် တွေ့ရလိမ့်မည်။ အမှန်မှာ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင် တောင်းဆိုသည့် အရာများအားလုံးကို စွမ်းဆောင်နိုင်ကြ၏- ယင်းမှာ သူသည် ဝက်ကို ပျံသန်းရန် သင်ပေးဖို့ ကြိုးစားနေခြင်း မဟုတ်ပေ။ အခြေအနေအားလုံးတွင်၊ ဘုရားသခင်သည် လူတို့၏ပြဿနာများကို ဖြေရှင်းဖို့နှင့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ကျေအေးစေရန် ကြိုးစားလေသည်။ ဤအရာကို သင်တို့အားလုံး နားလည်ရမည်။ ဘုရားသခင်ကို နားလည်မှုမလွဲနှင့်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းတစ်လျှောက် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း လမ်းပြခံရကြ၏။ ယခင်က ဆိုခဲ့သည့်အတိုင်း၊ သင်တို့သည် ဘုရားသခင်အား သင်တို့၏ စိတ်နှလုံးကို ပေးအပ်ရမည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်းအတွက် မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်တစ်ခု ဖြစ်၏။ လမ်းမှန်ပေါ် ဝင်ရောက်ဖို့အလို့ငှာ ဤအရာကို သင်တို့ လုပ်ဆောင်ရမည်။ လူတစ်ဦးသည် ဘုရားသခင်ထံ မိမိစိတ်နှလုံးကို ပေးအပ်ခြင်း အလုပ်အား မည်သို့ သတိရှိရှိ လုပ်ဆောင်သနည်း။ သင်တို့၏ နေ့စဉ် အသက်တာများတွင်၊ ဘုရားသခင်၏အမှုကို သင်တို့ တွေ့ကြုံခံစားရပြီး သူ့ထံ ဆုတောင်းသည့်အခါ၊ သင်တို့သည် သတိမမူဘဲ လုပ်ဆောင်ကြ၏- သင်တို့သည် အလုပ်လုပ်စဉ် ဘုရားသခင်ထံ ဆုတောင်းကြသည်။ ဤအရာကို ဘုရားသခင်ထံ သင်၏ စိတ်နှလုံးပေးအပ်ခြင်းဟု ခေါ်ဆိုနိုင်သလော။ သင်တို့သည် အိမ်မှုကိစ္စများ သို့မဟုတ် ဇာတိပကတိ အရေးကိစ္စများအကြောင်းကို စဉ်းစားနေကြ၏။ သင်တို့သည် အစဉ်အမြဲ စိတ်နှခွဖြစ်နေကြသည်။ ဤအရာကို ဘုရားသခင်မျက်မှောက်၌ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်းဟု ယူဆ၍ရနိုင်သလော။ ဤသည်မှာ သင်၏ စိတ်နှလုံးက အပြင်ပန်း အရေးကိစ္စများအပေါ် အမြဲ အစွဲအလမ်းကြီးခြင်းကြောင့်ဖြစ်ပြီး၊ ဘုရားသခင်ရှေ့မှောက်သို့ ပြန်မလာနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်စေမည်ဆိုပါက၊ သတိရှိလျက် ပူးပေါင်းလုပ်ဆောင်ခြင်းအလုပ်ကို သင် လုပ်ဆောင်ရမည်။ ဆိုလိုသည်မှာ သင်တို့ အယောက်တိုင်းသည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ဘေးဖယ် ထားသည့်အချိန်၊ သင်၏ ကိုးကွယ်ဆက်ကပ်ခြင်းများအတွက် အချိန်တစ်ခု ရှိရမည်- သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် အေးငြိမ်းစေပြီး မိမိကိုယ်ကိုယ် တည်ငြိမ် စေရမည်။ အယောက်တိုင်းသည် ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သော ၎င်းတို့၏ အသိပညာနှင့် ၎င်းတို့၏ စိတ်ဝိညာဉ် တို့ထိခံရပုံတို့သည် နက်နဲသည်ဖြစ်စေ အပေါ်ယံမျှဖြစ်စေ ၎င်းတို့ကို ရေးမှတ်ထားလျက် တစ်ဦးချင်းစီ၏ ကိုးကွယ် ဆည်းကပ်မှုဆိုင်ရာ မှတ်စုများ ထားရမည်။ အယောက်တိုင်း ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် သတိရှိရှိ ငြိမ်သက်စေရမည်။ သင်သည် စစ်မှန်သော ဝိညာဉ်ရေးရာ အသက်တာအဖို့ တစ်နေ့ကို တစ်နာရီ သို့မဟုတ် နှစ်နာရီ ဆက်ကပ်နိုင်ပါက၊ ထိုနေ့ သင်၏ အသက်တာသည် ကြွယ်ဝလိမ့်မည်ဖြစ်ပြီး သင်၏စိတ်နှလုံးသည် ရွှင်ပျကာ ကြည်လင်ပေလိမ့်မည်။ ဤသို့သော ဝိညာဉ်ရေးရာ အသက်တာမျိုးကို သင် နေ့စဉ် နေထိုင်ပါက၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ပိုင်ဆိုင်သည့်အရာအဖြစ်သို့ သာ၍ ပြောင်းလဲနိုင်လိမ့်မည်၊ သင်၏ဝိညာဉ်သည် သာ၍ အားကောင်းသထက် အားကောင်းလာလိမ့်မည်၊ သင်၏ အခြေအနေသည် စဉ်ဆက်မပြတ် တိုးတက်လိမ့်မည်၊ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သောလမ်းကြောင်းကို သင်သည် သာ၍ လျှောက်လှမ်းနိုင်စွမ်း ရှိလာလိမ့်မည်ဖြစ်ပြီး သင့်အပေါ်သို့ ကောင်းချီးမင်္ဂလာများကို ဘုရားသခင်က တိုး၍အပ်နှင်းလိမ့်မည် ဖြစ်သည်။ သင်၏ ဝိညာဉ်ရေးရာ အသက်တာ၏ ရည်ရွယ်ချက်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို သတိရှိရှိ ရရှိဖို့ ဖြစ်သည်။ ယင်းမှာ စည်းမျဉ်းများကို လိုက်နာဖို့ သို့မဟုတ် ဘာသာရေး ထုံးတမ်းဓလေ့များကို လုပ်ဆောင်ဖို့မဟုတ်ဘဲ၊ ဘုရားသခင်နှင့် အမှန်တကယ် အတူပူးပေါင်းလုပ်ဆောင်ဖို့၊ သင်၏ကိုယ်ခန္ဓာကို ထိန်းသိမ်းကြပ်မတ်ဖို့ ဖြစ်သည်။ ဤသည်မှာ လူသား လုပ်ဆောင်သင့်သည့် အရာဖြစ်၏၊ ထို့ကြောင့် ဤအရာကို အစွမ်းကုန် အားထုတ်ကာ သင်တို့ လုပ်ဆောင်သင့်သည်။ သင်၏ ပူးပေါင်းလုပ်ဆောင်မှု ကောင်းလေလေဖြစ်ပြီး အားထုတ်မှုကို သင် ဆက်ကပ်လေလေ၊ သင်၏စိတ်နှလုံးသည် ဘုရားထံသို့ ပြန်လာနိုင်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို သာ၍ကောင်းမွန်စွာ ငြိမ်သက် စေနိုင်လေလေ ဖြစ်သည်။ တစ်ချိန်ချိန်တွင်၊ ဘုရားသခင်သည် သင့်စိတ်နှလုံးကို လုံးလုံးလျားလျား ရယူလိမ့်မည်။ သင်၏စိတ်နှလုံးကို မည်သူမျှ တိမ်းညွတ်စေနိုင်မည် မဟုတ်၊ သို့မဟုတ် ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ဘဲ၊ သင်သည် ဘုရားသခင်နှင့် လုံးဝ သက်ဆိုင်လိမ့်မည်။ ဤလမ်းကြောင်းကို သင်လျှောက်လှမ်းပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မိမိဘာသာ သင့်ထံ တစ်ချိန်လုံး ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ သင် နားမလည်သော အရာအားလုံးနှင့် ပတ်သက်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်- ဤအရာအားလုံးကို သင်၏ ပူးပေါင်းလုပ်ဆောင်ခြင်းမှတစ်ဆင့် ရရှိနိုင်ပေသည်။ ထို့ကြောင့် ဘုရားသခင်က၊ “ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်သော သူအားလုံး၊ ငါသည် ဆုလာဘ် နှစ်ဆပေးမည်” ဟု အမြဲ ဆိုရခြင်း ဖြစ်သည်။ ဤလမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်ရမည်။ အကယ်၍ သင်သည် လမ်းကြောင်းမှန်ကို လျှောက်လှမ်းရန် ဆန္ဒရှိပါက၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သင်လုပ်နိုင်သမျှ လုပ်ဆောင်ရမည်။ ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရရှိနိုင်ဖို့ သင်သည် လုပ်နိုင်သမျှ လုပ်ဆောင်ရမည်။ အစတွင် သင်သည် ဤလိုက်စားမှုတွင် ကြီးမားသော ရလဒ်များ မရဘဲ ရှိကောင်း ရှိနိုင်သော်လည်း၊ သင်သည် မိမိကိုယ်ကိုယ် ဆုတ်ယုတ်ခွင့် ပြုရမည်မဟုတ်၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း၌ သာယာခွင့်ပြုရမည်မဟုတ်- သင်သည် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ရမည်။ ဝိညာဉ်ရေးရာ အသက်တာ၌ သင် အသက်ရှင်လေလေ၊ သင်၏ စိတ်နှလုံးသည် ဤကိစ္စများကို အမြဲစိတ်ဝင်စားရင်း၊ ဤဝန်ထုပ်ကို အမြဲသယ်ဆောင်လျက်၊ ဘုရားနှုတ်ကပတ်တော်များ၏ နေရာယူခြင်း ခံရလေလေ ဖြစ်သည်။ ထို့နောက်တွင်၊ သင်၏ အတွင်းကျဆုံးသော အမှန်တရားကို သင်၏ ဝိညာဉ်ရေးရာ အသက်တာမှတစ်ဆင့် ဘုရားသခင်ထံ ထုတ်ဖော်ပြလော့။ သင် လုပ်ဆောင်ရန် လိုလားနေသောအရာ၊ သင်စဉ်းစားနေသည့်အရာ၊ သူ၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော သင်၏ သိနားလည်မှုနှင့် အမြင်တို့ကို သူ့အား ပြောပြလော့။ မည်သည့်အရာကိုမျှ နည်းနည်းလေးမျှပင် ချုပ်တည်းမထားနှင့်။ သင်၏ စိတ်နှလုံးအတွင်းရှိ စကားများကို ပြောဆိုခြင်းနှင့် ဘုရားသခင်ထံ သင်၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ပြခြင်းအား လက်တွေ့လုပ်ဆောင်လော့။ သင်၏ စိတ်နှလုံးထဲတွင် ရှိပါက၊ ပြောသာပြောလော့။ ဤသို့ သင် ပြောဆိုလေလေ၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို သင် ခံစားရလေလေ ဖြစ်ပြီး၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို ဆွဲဆောင်လေလေ ဖြစ်လိမ့်မည်။ ဤအရာ ဖြစ်သည့်အခါတွင်၊ ဘုရားသခင်သည် အခြားမည်သူမဆိုထက် သင့်အဖို့ သာ၍ နှစ်လိုဖွယ်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ မည်သည့်အရာဖြစ်ပါစေ၊ သင်သည် ဘုရားသခင်၏ထံပါးမှ ဘယ်သောအခါမျှ စွန့်ခွာလိမ့်မည်မဟုတ်။ ဤသို့သော ဝိညာဉ်ရေးရာ အသက်တာမျိုးကို နေ့စဉ်နေ့တိုင်း သင် လက်တွေ့လုပ်ဆောင်ပြီး၊ သင်၏စိတ်ထဲမှ မထုတ်ဘဲ၊ ယင်းကို သင်၏ အသက်တာတွင် ကြီးမားသော အရေးပါသည့် ကိစ္စတစ်ခုအဖြစ် သဘောထားပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်၏ စိတ်နှလုံးကို နေရာယူလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုခံရခြင်းဟု ဆိုလိုသောအရာ ဖြစ်သည်။ ယင်းမှာ သင်၏ စိတ်နှလုံးက ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို အမြဲ ခံခဲ့ရသည့်အလား၊ သင် ချစ်ခင်နှစ်သက်သည့်အရာက သင်၏ စိတ်နှလုံးထဲတွင် အမြဲရှိသည့်အလား ဖြစ်ပေလိမ့်မည်။ အဘယ်သူမျှ ထိုအရာကို သင့်ထံက ယူမသွားနိုင်ပေ။ ဤအရာဖြစ်ပျက်သည့်အခါ၊ ဘုရားသခင်သည် သင့်အထဲတွင် အမှန်တကယ် အသက်ရှင်လိမ့်မည်ဖြစ်ပြီး၊ သင့်စိတ်နှလုံးထဲတွင် နေရာတစ်ခု အမှန်တကယ် ရှိလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် လူတို့ကိုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေး၏

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၁၄)

ဘုရားသခင်၌ ယုံကြည်ခြင်းသည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု လိုအပ်လာ၏၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အခြေခံအုတ်မြစ် ဖြစ်၏။ ဆုတောင်းခြင်းများ၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ ဓမ္မသီချင်း သီဆိုခြင်း၊ ချီးမွမ်းခြင်း၊ နှလုံးသွင်းဆင်ခြင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့်ဆိုင်သည့် လက်ရှိ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုအားလုံးသည် “ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခု” နှင့် ညီမျှသလော။ သင်တို့ထဲမှ မည်သူမျှ သိပုံမရချေ။ ပုံမှန်ဝိညာဉ်အသက်တာကို ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ အသင်းတော်အသက်တာ၌ ပါဝင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကဲ့သို့သော အလေ့အထများ၌သာ ကန့်သတ်မထားပေ။ ယင်းထက်၊ သစ်လွင်ပြီး ဖျတ်လတ်တက်ကြွသော ဝိညာဉ်အသက်တာကို အသက်ရှင်ခြင်း ပါဝင်လေသည်။ အရေးကြီးသည်မှာ သင် မည်သို့ လက်တွေ့လုပ်ဆောင်သည်မဟုတ်ဘဲ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့် အသီးအပွင့် သီးပွင့်သည်ဆိုသည့်အရာ ဖြစ်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများက တစ်စုံတစ်ရာ သက်ရောက်မှုရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သို့မဟုတ် စစ်မှန်သော သိနားလည်မှုဆီသို့ လမ်းပြသည်ဖြစ်စေ မပြသည်ဖြစ်စေ ပုံမှန်ဝိညာဉ်အသက်တာတွင် ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းတို့ သေချာပေါက် ပါဝင်သည်ဟု လူအများစုက ယုံကြည်ကြလေသည်။ ဤလူတို့သည် အပေါ်ယံ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်သာ အာရုံစိုက်ကြပြီး မိမိတို့၏ ရလဒ်များကို မစဉ်းစားကြချေ။ ၎င်းတို့သည် ဘာသာရေး ဓလေ့များထဲ နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်း နေထိုင်သူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်သားများ သာ၍ပင် မဟုတ်ကြချေ။ ၎င်းတို့၏ ဆုတောင်းပတ္ထနာများ၊ ဓမ္မသီချင်း သီဆိုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားလုံးသည် စည်းမျဉ်းလိုက်နာခြင်းသာဖြစ်သည်၊ မလုပ်မနေရ လုပ်ဆောင်ခြင်းဖြစ်ပြီး ရေပန်းစားမှုများကို အမီလိုက်ဖို့ လုပ်ဆောင်ခြင်းဖြစ်ကာ လိုအင်ဆန္ဒရှိခြင်းမှ လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ စိတ်နှလုံးမှ လုပ်ဆောင်ခြင်း မဟုတ်ချေ။ ဤလူတို့ မည်မျှ ဆုတောင်းပါစေ သို့မဟုတ် သီဆိုပါစေ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် စည်းမျဉ်းများနှင့် ဘာသာရေး ဓလေ့များသာ ဖြစ်သည့်အတွက် ၎င်းတို့၏ အားထုတ်မှုများက မည်သည့်အကျိုးမျှ ဖြစ်ထွန်းလိမ့်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ။ ၎င်းတို့သည် မိမိတို့ အဘယ်သို့ လက်တွေ့လုပ်ဆောင်သည်ဆိုသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်ဖို့ စည်းမျဉ်းများအဖြစ် ၎င်းတို့ အဘယ်သို့ သဘောထားကြသည်တို့အပေါ် ရေးကြီးခွင်ကျယ် လုပ်ခြင်းကိုသာ အာရုံစိုက်ကြလေသည်။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင် နေကြခြင်း မဟုတ်ချေ။ ၎င်းတို့သည် ဇာတိပကတိကိုသာ အလိုဖြည့်နေကြပြီး အခြားသူများ မြင်ဖို့ရန်သာ ဆောင်ရွက် နေကြလေသည်။ ဤဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းများကို လိုက်နာခြင်းမရှိသကဲ့သို့ မည်သည့် စည်းမျဉ်းကိုမျှ လိုက်နာရခြင်းလည်း မရှိပေ။ ယင်းထက်၊ သူသည် နေ့စဉ် လက်တွေ့ကျသော အလုပ်များကို ပြီးမြောက်လျက် အသစ်သောအရာများကို လုပ်ဆောင်သည်။ နေ့စဉ် နံနက်ခင်း ဝတ်ပြုအစီအစဉ်တက်ရခြင်း၊ ညနေခင်း ဆုတောင်းခြင်း၊ အစာမစားမီ ကျေးဇူးတော်ချီးမွမ်းဆုတောင်းခြင်း၊ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းကဲ့သို့သော အလေ့အထများဖြင့် မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားသော ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်ထဲက လူများကဲ့သို့ပင်၊ ၎င်းတို့ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ကြာကြာ လုပ်ဆောင်ပါစေ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်း ၎င်းတို့၌ ရှိမည်မဟုတ်ပေ။ လူတို့သည် စည်းမျဉ်းများအလယ် အသက်ရှင်ပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များအပေါ် အာရုံစိုက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးကို စည်းမျဉ်းများနှင့် လူသားအယူအဆတို့က နေရာယူထားသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်နိုင်ချေ၊ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့အပေါ် ကြားဝင်ပြီး အလုပ်မလုပ်နိုင်သကဲ့သို့ ၎င်းတို့သည် စည်းမျဉ်းများ၏ ထိန်းချုပ်မှုအောက်တွင်သာ ဆက်လက်အသက်ရှင်နိုင်ကြလေသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရနိုင်စွမ်း အစဉ်ထာဝရ မရှိချေ။

ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် ဘုရားသခင် ရှေ့မှောက်၌ နေထိုင်သည့် အသက်တာတစ်ခု ဖြစ်သည်။ ဆုတောင်းသည့်အခါ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စေနိုင်ပြီး ဆုတောင်းခြင်းမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိနိုင်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်၊ လူတို့သည် ဘုရားသခင်၏ လက်ရှိအမှုနှင့်ဆိုင်သော ပိုမိုရှင်းလင်းပြီး ပိုမိုနှံ့စပ်သော သိနားလည်ခြင်းတစ်ခု ရရှိနိုင်၏။ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းသစ်တစ်ခုကိုလည်း ၎င်းတို့ ရရှိနိုင်ပြီး လမ်းကြောင်းဟောင်းကို ဖက်တွယ်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သမျှအလုံးစုံတို့သည် အသက်တာတွင် ကြီးထွားမှု ရရှိဖို့ဖြစ်ပေလိမ့်မည်။ ဆုတောင်းခြင်းအတွက်မူ၊ ကြားကောင်းသည့် စကားအနည်းငယ်ကို ပြောဆိုခြင်း သို့မဟုတ် သင်မည်မျှ အကြွေးတင်ရှိသည်ကို ပြဖို့ ဘုရားသခင်၏ ရှေ့မှောက်တွင် မျက်ရည်စက်လက်ဖြစ်ခြင်းအကြောင်း မဟုတ်ချေ။ ယင်းထက် ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ မိမိကိုယ်ကိုယ် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုဖို့ လေ့ကျင့်ရန် ဖြစ်သည်။ နေ့တိုင်း မိမိ၏ စိတ်နှလုံးက အသစ်သော အလင်းဆီသို့ ဆွဲဆောင်ခံရဖို့အလို့ငှာနှင့် လူတစ်ဦးအနေဖြင့် မတုန်မလှုပ် မဖြစ်ဖို့ သို့မဟုတ် မပျင်းရိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမှန်ပေါ် ခြေချနိုင်ဖို့အလို့ငှာ မိမိစိတ်နှလုံးကို ဘုရားသခင်ရှေ့တွင် ဆိတ်ငြိမ်စေခွင့်ပေးရင်း၊ ကိစ္စရပ်အလုံးစုံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လမ်းပြမှုကို ရှာဖွေဖို့ မိမိကိုယ်ကိုယ် လေ့ကျင့်ရန် ဖြစ်ပေသည်။ ယနေ့ခေတ်တွင် လူအများစုသည် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများကိုသာ အာရုံစိုက်ကြသော်လည်း သမ္မာတရားကို လိုက်စားဖို့နှင့် အသက်တာ ကြီးထွားမှုကို ရရှိဖို့အလို့ငှာ ထိုသို့ မလုပ်ဆောင်ကြချေ။ ဤသည်မှာ ၎င်းတို့ လမ်းလွဲသွားကြသည့်နေရာ ဖြစ်သည်။ အသစ်သောအလင်းကို ရရှိနိုင်စွမ်းရှိကြသော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ မပြောင်းလဲသည့် အချို့သော လူများလည်း ရှိပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များကို ရရှိဖို့ရန် ၎င်းတို့ ရှာဖွေသည်နှင့်အမျှ ၎င်းတို့၏ ဘာသာရေး အယူအဆဟောင်းများကို ၎င်းတို့နှင့်အတူ ယူဆောင်လာကြလေသည်။ ထို့ကြောင့် ၎င်းတို့ ရရှိသည်မှာ ဘာသာရေးအယူအဆများ ခြယ်သထားသည့် အယူဝါဒ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် ယနေ့အလင်းကို တကယ် ရရှိနေခြင်း မဟုတ်ကြချေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများက စွန်းထင်းနေလေသည်။ ၎င်းတို့သည် ထုပ်ပိုးမှု အပြင်အဆင်သစ်ထဲက မပြောင်းလဲသည့် အလေ့အထဟောင်းများဖြစ်သည်။ ၎င်းတို့ မည်မျှကောင်းကောင်း လက်တွေ့လုပ်ဆောင်ပါစေ၊ သူတော်ကောင်း ယောင်ဆောင်သူများ ဖြစ်ကြပေသည်။ ဘုရားသခင်သည် နေ့စဉ် ထိုးထွင်းသိမြင်မှုအသစ်နှင့် သိနားလည်မှုတို့ကို ရရှိရန် တောင်းဆိုရင်း နှင့် ၎င်းတို့ကို ခေတ်နောက်မကျဖို့ရန်နှင့် အပ်ကြောင်းမထပ်ကြဖို့ရန် တောင်းဆိုရင်း လူတို့ကို နေ့စဉ် အသစ်သော အရာများ လုပ်ဆောင်ခြင်းထဲ ဦးဆောင်၏၊ သင်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လာခဲ့သော်လည်း၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပါက၊ အပြင်ပန်း ကိစ္စများနှင့်ပတ်သက် စိတ်အားထက်သန်ဆဲ ဖြစ်ပြီး အလုပ်များသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဘုရားသခင်၏ မွေ့လျော်ဖို့ ဘုရားသခင်၏ ရှေ့မှောက် ယူဆောင်ရန် ငြိမ်းအေးသော စိတ်နှလုံးမရှိပါက၊ သင်သည် မည်သည့်အရာကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အသစ်သော အမှုကို လက်ခံခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် မတူကွဲပြားစွာ မစီစဉ်ပါက၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းကို အသစ်သော နည်းလမ်းဖြင့် မလုပ်ဆောင်ပါက၊ ပြီးလျှင် မည်သည့် အသစ်သော သိနားလည်မှုကိုမျှ မလိုက်စားဘဲ၊ ယင်းအစား သိနားလည်မှု အဟောင်းကို ဖက်တွယ်ပြီး သင် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းကို မပြောင်းလဲဘဲ အနည်းငယ်သော အလင်းသစ်အချို့ကိုသာ ရရှိပါက၊ သင်ကဲ့သို့သော လူတို့သည် ဤရေစီးကြောင်းထဲတွင် နာမည်အရသာ ရှိနေသည်၊ အမှန်တွင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပက ဘာသာရေးဆိုင်ရာ ဖာရိရှဲများ ဖြစ်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၁၅)

ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို အသက်ရှင်ဖို့ရန်၊ လူတစ်ဦးသည် နေ့စဉ် အလင်းသစ်ကို ရရှိနိုင်ရမည်ဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များအား စစ်မှန်သော သိနားလည်မှုတစ်ခုကို ရှာဖွေနိုင်ရမည်။ သမ္မာတရားကို ရှင်းလင်းစွာ မြင်ရမည်၊ ကိစ္စရပ်များအားလုံးတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေရမည်၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် မေးခွန်းသစ်များကို ရှာဖွေတွေ့ရှိရမည်ဖြစ်ပြီး၊ မိမိ၏ ဖြစ်တည်မှု တစ်ခုလုံးကို တို့ထိသည့် တောင့်တပြီး ရှာဖွေတတ်သော စိတ်နှလုံးတစ်ခု ရှိနိုင်ဖို့အလို့ငှာနှင့် နောက်ကျကျန်ရစ်မည်ကို အလွန်အမင်း စိုးရိမ်လျက် ဘုရားသခင်၏ ရှေ့မှောက်တွင် တစ်ချိန်လုံး ဆိတ်ငြိမ်နိုင်ဖို့အလို့ငှာ မိမိကိုယ်တိုင်၏ ချို့ယွင်းချက်များကို သိရမည်။ ဝင်ရောက်မှုကို စဉ်ဆက်မပြတ် ကြိုးပမ်းရရှိဖို့ရန် လိုလားနေသည့် ထိုသို့သော တောင့်တ၊ ရှာဖွေသည့် စိတ်နှလုံးနှင့် လူတစ်ဦးသည် ဝိညာဉ်ရေးရာ အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရသူများ၊ သာ၍ ကောင်းစွာ လုပ်ဆောင်ရန် ဆန္ဒရှိသူများ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို လိုက်စားရန် လိုလားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သာ၍ နက်နဲသည့် သိနားလည်မှုတစ်ခုကို တောင့်တသူများ၊ သဘာ၀လွန်ဖြစ်ရပ်ကို မလိုက်စားဘဲ ထိုအစား စစ်မှန်သော အဖိုးအခတစ်ခုကို ပေးသောသူများ၊ ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် အရေးစိုက်သောသူများ၊ ၎င်းတို့၏ အတွေ့အကြုံများ သာ၍ ရိုးသားကာ စစ်မှန်ဖို့အလို့ငှာ ဝင်ရောက်ခြင်းကို အမှန်တကယ် ကြိုးပမ်းရရှိသူများ၊ အချည်းနှီးသော စကားများနှင့် အယူဝါဒများကို မလိုက်စားသူ သို့မဟုတ် သဘာဝလွန်ဖြစ်ရပ်ကို ခံစားဖို့ရန် မလိုက်စားသူများ၊ မည်သည့် ကြီးမြတ်သည့် ပုဂ္ဂိုလ်ကိုမဆို မကိုးကွယ်သူများ- ဤသူများသည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုထဲသို့ ဝင်ရောက်ပြီးသည့် သူများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် အသက်တာတွင် နောက်ထပ် ကြီးထွားမှုကို ရရှိဖို့ရန်နှင့် ၎င်းတို့ စိတ်ဝိညာဉ်၌ လန်းဆန်း၍ တက်ကြွစေရန် ရည်ရွယ်ပြီး၊ ၎င်းတို့သည် ဝင်ရောက်မှုကို တက်ကြွစွာ အစဉ်အမြဲ ကြိုးပမ်းရရှိနိုင်ကြလေသည်။ သတိမမူမိလိုက်ဘဲနှင့်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်လာကြပြီး လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လာကြလေသည်။ ပုံမှန် ဝိညာဉ်ရေးရာ အသက်တာရှိသူတို့သည် နေ့စဉ် စိတ်ဝိညာဉ်၏ လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို ရှာတွေ့ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ စိတ်ကျေနပ်သည်အထိ လွတ်လပ်သည့်နည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ဤလူတို့အတွက်၊ ဆုတောင်းခြင်းသည် လုပ်ရိုးလုပ်စဉ် သို့မဟုတ် လုပ်ထုံးလုပ်နည်းတစ်ခု မဟုတ်။ နေ့စဉ်၊ အသစ်သော အလင်းကို ၎င်းတို့ အမီလိုက်နိုင်ကြသည်။ ဥပမာအားဖြင့်၊ လူတို့သည် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်၏ ရှေ့မှောက်တွင် ဆိတ်ငြိမ်စေဖို့ရန် မိမိတို့ကိုယ်ကိုယ် လေ့ကျင့်ကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ဆိတ်ငြိမ်နိုင်ကြကာ၊ မည်သူမျှက ၎င်းတို့ကို မနှောင့်ယှက်နိုင်ပေ။ ၎င်းတို့၏ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာများကို မည်သည့်လူ၊ မည်သည့် အဖြစ်အပျက် သို့မဟုတ် မည်သည့် အမှုအရာကမျှ မတားဆီးနိုင်ပေ။ ထိုသို့သော လေ့ကျင့်မှုသည် ရလဒ်များ ဖြစ်ထွန်းဖို့ ရည်ရွယ်၏။ လူတို့ကို စည်းမျဉ်းများ လိုက်နာစေဖို့ ရည်ရွယ်ထားခြင်း မဟုတ်ပေ။ ဤလက်တွေ့လုပ်ဆောင်မှုသည် စည်းမျဉ်းလိုက်နာမှုအကြောင်း မဟုတ်ဘဲ၊ ယင်းအစား လူတို့၏ အသက်တာထဲတွင် ကြီးထွားမှုကို အထောက်အကူပြုခြင်း အကြောင်း ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှုကို လိုက်နာရမည့် စည်းမျဉ်းများအဖြစ်သာ သင် မြင်ပါက၊ သင်၏ အသက်တာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်။ အခြားသူများကဲ့သို့ အလားတူ လက်တွေ့လုပ်ဆောင်မှု၌ သင်သည် ပါဝင်ပတ်သက်နိုင်၏၊ သို့သော်လည်း ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အမီလိုက်နိုင်စဉ်တွင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းမှ ပယ်ထုတ်ခံရပေသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေခြင်း မဟုတ်လော။ ဤနှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ လူတို့ထဲက ဘုရားသခင်၏ အမှုအား အဟန့်အတားမရှိစေဖို့နှင့် အသီးအပွင့်များ သီးပွင့်နိုင်ဖို့အလို့ငှာ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးများ ဆိတ်ငြိမ်စေရန်၊ ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ လှည့်ရန် လူတို့ကို အခွင့်ပေးဖို့ ဖြစ်သည်။ ထိုအခါမှသာ လူတို့သည် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ကြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၁၆)

သင်တို့၏ နေ့စဉ်အသက်တာတွင် ဆုတောင်းခြင်းကို သင်တို့ အရေးမထားပေ။ လူသားသည် ဆုတောင်းခြင်း ကိစ္စရပ်ကို လျစ်လျူရှု၏။ ဆုတောင်းချက်များသည် ဘုရားသခင်၏ရှေ့တွင် လူသားက ဟန်ဆောင်လုပ်ပြခြင်း သက်သက်ဖြင့် ဝတ်ကျေတမ်းကျေ ဖြစ်လေ့ရှိခဲ့သည်၊ မည်သည့်လူသားကမျှ မိမိ၏ နှလုံးသားကို ဘုရားသခင်၏ ရှေ့မှောက်တွင် အပြည့်အဝ မဆက်ကပ်ခဲ့ဖူးသကဲ့သို့၊ စစ်မှန်သည့် ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် မထိတွေ့ခဲ့ဖူးကြပေ။ လူသားသည် ဒုက္ခဖြစ်သည့်အခါမှသာ ဘုရားသခင်ကို ဆုတောင်းကြသည်။ ဤအချိန်တစ်လျှောက်လုံးတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် ဆုတောင်းဖူးသလော။ ဘုရားသခင်၏ရှေ့တွင် နာကျင်မှု မျက်ရည်များကို သင်ငိုကြွေးဖူးသလော။ ဘုရားသခင်၏ရှေ့တွင် မိမိကိုယ်ကိုယ် သိမြင်လာခဲ့သည့်အချိန် ရှိဖူးသလော။ ဘုရားနှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆုတောင်းချက်တစ်ခု သင်ရှိဖူးပါသလော။ ဆုတောင်းခြင်းသည် လက်တွေ့လုပ်ဆောင်မှုမှတဆင့် လာ၏။ သင်သည် သာမန်အားဖြင့် အိမ်တွင် ဆုတောင်းလေ့မရှိပါက၊ ဘုရားကျောင်းတွင်လည်း ဆုတောင်းလိမ့်မည် မဟုတ်သကဲ့သို့၊ လူအနည်းငယ်စုရုံးသည့် အခါများတွင် ပုံမှန် ဆုတောင်းလေ့ မရှိပါက၊ လူများစွာ ဆုတောင်းသည့် အခါများတွင် သင်ဆုတောင်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ ပုံမှန်ချဉ်းကပ်လေ့ မရှိသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စားမြုံ့ပြန်လေ့မရှိပါက၊ ဆုတောင်းသည့် အချိန်ရောက်သည့်အခါ သင့်အနေဖြင့် ပြောစရာဘာမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ဆုတောင်းလျှင်ပင် ပါးစပ်ပြောမျှသာ ဖြစ်လိမ့်မည်။ စစ်မှန်သော ဆုတောင်းခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။

စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်၏နှလုံးသားထဲ ရှိသည့်အရာကို ဘုရားသခင်အား ပြောဆိုခြင်း၊ သူ၏ အလိုတော်ကို သင် သဘောပေါက်သည့်အတိုင်း ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို ဆက်သွယ်ခြင်း၊ ဘုရားသခင်နှင့် အထူးသဖြင့် ရင်းနှီးသည်ဟု ခံစားခြင်း၊ သူသည် သင်၏ ရှေ့တွင် ရှိနေသည်ဟု ခံစားရခြင်းနှင့် သူ့ကို ပြောစရာတစ်ခုခု ရှိသည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် အလင်းဖြင့် ပြည့်သည်ဟု ခံစားရကာ ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို သင် ခံစားရသည်။ သင်သည် အထူးသဖြင့် လှုံ့ဆော်မှုကို ခံစားရပြီး သင်ပြောသည့်အရာကို နားထောင်ခြင်းက သင်၏ညီအစ်ကို မောင်နှမများကို အားရကျေနပ်မှု ပေးသည်။ သင်၏ စကားများသည် ၎င်းတို့ ကိုယ်တိုင်၏စကားများ ကိုယ်စားပြောသည့်အလား၊ သင်ပြောသည့် စကားများက ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ရှိသည့် စကားများ၊ ၎င်းတို့ပြောချင်သည့် စကားများ ဖြစ်သည်ဟု ၎င်းတို့ ခံစားရလိမ့်မည်။ ဤသည်မှာ စစ်မှန်သည့် ဆုတောင်းခြင်း ဖြစ်သည်။ စစ်မှန်သော ဆုတောင်းခြင်းကို သင် လုပ်ဆောင်ပြီးနောက်တွင်၊ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်းလိမ့်မည်ဖြစ်ပြီး အားရကျေနပ်ခြင်းကို သိလိမ့်မည်။ ဘုရားကို ချစ်ဖို့စွမ်းအား မြင့်မားလာနိုင်ပြီး ဘဝတွင် ဘုရားသခင်ကို ချစ်ခြင်းထက် သာ၍ တန်ဖိုးရှိသည့်အရာ သို့မဟုတ် အရေးပါသည့်အရာ မရှိဟု သင် ခံစားရလိမ့်မည်။ ဤအရာအားလုံးက သင်၏ဆုတောင်းခြင်းများ ထိရောက်သည်ကို သက်သေပြပေသည်။ သင်သည် ထိုသို့သော နည်းလမ်းဖြင့် ဆုတောင်းဖူးပါသလော။

ပြီးလျှင် မည်သည့် အကြောင်းအရာကို သင် ဆုတောင်းသနည်း။ သင်၏ ဆုတောင်းခြင်းသည် သင့်စိတ်နှလုံး၏ စစ်မှန်သော အခြေအနေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ နှင့်အညီ တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက်သင့်သည်။ သင်သည် ဘုရားသခင်၏ အလိုတော်၊ လူသားကို သူ တောင်းဆိုသည့် အရာနှင့်အညီ ဘုရားသခင်ကို မိတ်သဟာယပြုရန် လာသည်။ ဆုတောင်းခြင်းကို သင်စတင်၍ လက်တွေ့လုပ်ဆောင်သည့် အခါတွင်၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးလော့။ ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ဖို့ မကြိုးပမ်းနှင့်- သင်၏နှလုံးသားထဲတွင်ရှိသည့် စကားများကိုသာ ဘုရားသခင်ကို ပြောဖို့ကြိုးစားလော့။ ဘုရားသခင်ရှေ့သို့ သင် လာသည့်အခါတွင်၊ ဤကဲ့သို့ ပြောလော့- “အို ဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို မနာခံလေ့မရှိခဲ့သည်ကို ယနေ့မှ ကျွန်ုပ် သိပါ၏။ ကျွန်ုပ်သည် ဧကန်အမှန် ဖောက်ပြန်ပျက်စီးပြီး စက်ဆုပ်ဖွယ်ဖြစ်ပါ၏။ ကျွန်ုပ်၏ဘဝကို ကျွန်ုပ် ဖြုန်းတီး၍သာ နေမိပါပြီ။ ယနေ့မှစ၍ ကိုယ်တော်အတွက်အသက်ရှင်ပါမည်။ အဓိပ္ပါယ်ရှိသည့် ဘဝကို အသက်ရှင်ပြီး၊ ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းပါမည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်ကို စဉ်ဆက်မပြတ် အလင်းပြကာ ဉာဏ်အလင်းပေးလျက် ကျွန်ုပ်၏အထဲတွင် လုပ်ဆောင်စေတော်မူပါ။ ကျွန်ုပ်အား ကိုယ်တော်၏ ရှေ့တွင် ခိုင်မာပြီး ထူးကဲလှသည့် သက်သေခံခွင့်ပေးတော်မူပါ။ ကိုယ်တော်၏ဘုန်းတော်၊ ကိုယ်တော်၏ သက်သေခံချက်ကို စာတန်အား မြင်စေတော်မူပါ။ ကိုယ်တော်၏ အောင်မြင်မှု သက်သေကို ကျွန်ုပ်တို့၏အတွင်း၌ ထင်ရှားစေတော်မူပါ။” ဤသို့ သင် ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးသည် လုံးဝ လွတ်မြောက်လိမ့်မည်။ ဤသို့ ဆုတောင်းပြီးသည့်အခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ ရင်းနှီးလာလိမ့်မည် ဖြစ်ပြီး၊ ဤနည်းဖြင့် မကြာခဏ သင်ဆုတောင်းနိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းတွင် မလွဲမသွေ အလုပ်လုပ်လိမ့်မည်။ သင်သည် ဘုရားကို ဤနည်းလမ်းဖြင့် အမြဲခေါ်ပြီး သူ့ရှေ့မှောက်တွင် သင်၏ ဆုံးဖြတ်ချက်ကို ချပါက၊ သင်၏ ဆုံးဖြတ်ချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်သည့် နေ့တစ်နေ့၊ သင်၏ စိတ်နှလုံးနှင့် ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင် ရယူကာ နောက်ဆုံးတွင် သင့်ကို သူ စုံလင်စေသည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ သင်တို့အတွက် ဆုတောင်းခြင်းသည် အရေးကြီးဆုံး ဖြစ်၏။ သင်ဆုတောင်းပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိသည့်အခါတွင်၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ရန်ခွန်အား ပေါ်ထွက်လာလိမ့်မည်။ သင်၏စိတ်နှလုံးဖြင့် ဆုမတောင်းပါက၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် သင် ရင်မဖွင့်ပါက၊ ဘုရားသခင်သည် သင့်ထဲတွင် အလုပ်လုပ်လိမ့်မည် မဟုတ်။ ဆုတောင်းပြီး သင့်စိတ်နှလုံးထဲက စကားများကို ပြောဆိုပြီးနောက်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် စတင် အလုပ်မလုပ်ရသေးသကဲ့သို့ မည်သည့် နှိုးဆော်မှုကိုမျှ သင်မရရှိပါက၊ သင်၏စိတ်နှလုံးသည် ရိုးသားမှု ကင်းမဲ့သည်၊ သင်၏စကားများ မမှန်ကန်သကဲ့သို့ မဖြူစင်သေးသည်ကို ဤအရာက ပြသပေသည်။ ဆုတောင်းပြီးသည့်နောက်၊ အားရကျေနပ်မှု ခံစားချက်တစ်ခု သင် ရှိပါက၊ သင်၏ ဆုတောင်းချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်ပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်း၌ အလုပ်လုပ်နေပေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အစေခံသည့် သူတစ်ဦးအနေနှင့်၊ သင်သည် ဆုတောင်းခြင်းမရှိဘဲ မနေနိုင်ပေ။ သင်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကို အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိသည့် အရာတစ်ခုအဖြစ် အမှန်တကယ် မြင်ပါက၊ ဆုတောင်းခြင်းကို သင်စွန့်လွှတ်နိုင်သလော။ မည်သူမျှ ဘုရားသခင်နှင့် မိတ်သဟာယမဖွဲ့ဘဲ မနေနိုင်ချေ။ ဆုတောင်းခြင်း မရှိပါက၊ သင်သည် ဇာတိပကတိ၌၊ စာတန်၏ ကျေးကျွန်ဘဝတွင် အသက်ရှင်နေခြင်း ဖြစ်သည်။ စစ်မှန်သည့် ဆုတောင်းခြင်း မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပေသည်။ အသင် ညီအစ်ကို မောင်နှမတို့သည် နေ့စဉ်နေ့တိုင်း စစ်မှန်သော ဆုတောင်းခြင်းကို ပြုနိုင်လိမ့်မည်ဟု ငါမျှော်လင့်၏။ ဤသည်မှာ စည်းကမ်းများကို လိုက်နာခြင်းအကြောင်းမဟုတ်ဘဲ၊ ရလဒ်တစ်ခုခုကို ရရှိခြင်းအကြောင်း ဖြစ်သည်။ သင်သည် နံနက် ဆုတောင်းခြင်းများအတွက် စောစောထဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ဖို့ အိပ်စက်ခြင်းနှင့် ပျော်မွေ့မှုများကို အနည်းငယ်လျှော့ရန် လိုလားသလော။ သင်သည် ဖြူစင်သည့် စိတ်နှလုံးဖြင့် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤသို့ စားသောက်ပါက၊ သင်သည် သူ့အဖို့ သာ၍ လက်ခံနိုင်ဖွယ် ဖြစ်လိမ့်မည်။ ဤအရာကို နံနက်တိုင်း သင် လုပ်ဆောင်ပါက၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်း၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းနှင့် သူနှင့် ဆက်ဆံခြင်းတို့အား နေ့တိုင်း သင် လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ အသိပညာသည် ဧကန်မုချ တိုးပွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုကို သင်သည် သာ၍ ကောင်းစွာ သဘောပေါက်နိုင်လိမ့်မည်။ သင်က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ် လိုလားပါ၏။ ကျွန်ုပ်တို့ထံမှ ကိုယ်တော် ဘုန်းအသရေ ရရှိနိုင်ဖို့အလို့ငှာ၊ ဤလူစုဖြစ်သည့် ကျွန်ုပ်တို့၏ သက်သေခံချက်ကို ကိုယ်တော် နှစ်သက်နိုင်စေဖို့၊ ကျွန်ုပ်၏ ဖြစ်တည်မှု တစ်ခုလုံးကို ကိုယ်တော်ထံသို့သာ ကျွန်ုပ် ဆက်ကပ်နိုင်ပါ၏။ ကိုယ်တော်ကို ကျွန်ုပ် မှန်တကယ်ချစ်နိုင်ဖို့နှင့် ကိုယ်တော့်ကို စိတ်ကျေနပ်စေကာ ကျွန်ုပ်၏ ရည်မှန်းချက် ပန်းတိုင်အဖြစ် ကိုယ်တော့်ကို လိုက်စားနိုင်ဖို့ ကျွန်ုပ်တို့၏ အထဲတွင် လုပ်ဆောင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါ၏” ဟု ပြောသည်။ ဤဝန်တာကို သင် တာဝန်ယူသည်နှင့်အညီ၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေလိမ့်မည်။ သင်ကိုယ်တိုင်၏ အကျိုးအတွက်သာ သင် ဆုမတောင်းသင့်ဘဲ၊ ဘုရားသခင်၏အလိုကို လိုက်လျှောက်ဖို့နှင့် သူ့ကို ချစ်ဖို့အလို့ငှာလည်း သင် ဆုတောင်းသင့်၏။ ဤသည်မှာ အမှန်ကန်ဆုံးသော ဆုတောင်းချက်မျိုး ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလိုကို လိုက်လျှောက်ဖို့အတွက် ဆုတောင်းသောသူတစ်ဦးလော။

ယခင်က မည်သို့ ဆုတောင်းရမည်ကို သင်တို့မသိခဲ့သကဲသို့၊ ဆုတောင်းခြင်း ကိစ္စရပ်ကို လျစ်လျူရှုခဲ့ကြသည်။ ယခုတွင်၊ ဆုတောင်းရန် မိမိကိုယ်ကိုယ် လေ့ကျင့်ဖို့ သင် အကောင်းဆုံး လုပ်ဆောင်ရမည်။ သင်သည် ဘုရားသခင်ကို ချစ်ဖို့ သင့်အတွင်းတွင် ရှိသည့် ခွန်အားကို မစေ့ဆော်နိုင်ပါက၊ သင်မည်သို့ ဆုတောင်းသနည်း။ သင်က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ နှလုံးသားသည် ကိုယ်တော်ကို အမှန်တကယ် ချစ်နိုင်စွမ်းမရှိပါ။ ကျွန်ုပ် ကိုယ်တော်ကို ချစ်ချင်သော်လည်း ခွန်အား ကင်းမဲ့ပါ၏။ အဘယ်အရာကို ကျွန်ုပ် လုပ်သင့်ပါသနည်း။ ကျွန်ုပ်၏ ဝိညာဉ်မျက်စိကို ဖွင့်ပေးပြီး ကျွန်ုပ်၏ စိတ်နှလုံးသားကို ကိုယ်တော်၏ ဝိညာဉ်တော်အား တို့ထိစေတော်မူပါ။ ကိုယ်တော်၏ ရှေ့မှောက် ကျွန်ုပ် လာသည်နှင့်အမျှ၊ အပျက်သဘောဆောင်သမျှကို ကျွန်ုပ် စွန့်ပစ်စေတော်မူပါ၊ မည်သည့် လူပုဂ္ဂိုလ်၊ ကိစ္စရပ်၊ သို့မဟုတ် အမှုအရာမဆို၏ ထိန်းချုပ်ခြင်းကို ကျွန်ုပ် မခံသကဲ့သို့၊ ကိုယ်တော်၏ ရှေ့မှောက်တွင် ကျွန်ုပ် စိတ်နှလုံးကို လုံးဝ ဖွင့်ချ၏၊ ထိုသို့ဖြင့် ကျွန်ုပ်၏ ဖြစ်တည်မှုတစ်ခုလုံးကို ကိုယ်တော့်အား ကျွန်ုပ် ဆက်ကပ်စေတော်မူပါ။ သို့သော်၊ ကျွန်ုပ်ကို ကိုယ်တော် စစ်ဆေးနိုင်ပါ၏၊ ကျွန်ုပ် အဆင်သင့် ရှိပါသည်။ ယခု၊ ကျွန်ုပ်၏ အနာဂတ် ရှေ့ရေးကို ကျွန်ုပ် ထည့်မတွက်သကဲ့သို့၊ သေခြင်းတရား၏ ဖိနှိပ်ချုပ်ချယ်မှု အောက်တွင်လည်း ကျွန်ုပ်မရှိပါ။ ကိုယ်တော်ကို ချစ်သည့် စိတ်နှလုံးတစ်ခုဖြင့်၊ အသက်လမ်းကို ကျွန်ုပ် ရှာဖွေချင်ပါ၏။ ကိစ္စရပ်တိုင်း၊ အရာရာတိုင်း- အားလုံး ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပါ၏။ ကျွန်ုပ်၏ ကံကြမ္မာသည် ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပြီး ကျွန်ုပ်၏ တကယ့် အသက်တာကို ကိုယ်တော့်လက်ထဲတွင် ကိုယ်တော် ထိန်းချုပ်ထားပါ၏။ ယခုတွင်၊ ကိုယ်တော်ကို ချစ်ဖို့ ကျွန်ုပ် ကြိုးစားပြီး၊ ကိုယ်တော်က ကျွန်ုပ်ကို ချစ်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ စာတန်က မည်သို့ နှောက်ယှက်ပါစေ၊ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားပါ၏” ဟု ဆိုသည်။ ဤပြဿနာကို သင်ကြုံရသည့်အခါ၊ ဤသို့ ဆုတောင်းလော့။ သင်သည် ဤသို့ နေ့တိုင်း ဆုတောင်းပါက၊ ဘုရားကို ချစ်ရန် ခွန်အားသည် တဖြည်းဖြည်း မြင့်မားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၁၇)

လူတစ်ဦးသည် စစ်မှန်သည့် ဆုတောင်းခြင်းထဲသို့ မည်သို့ဝင်ရောက်သနည်း။

ဆုတောင်းသည့်အခါ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်သည့် နှလုံးသားတစ်ခုနှင့် ရိုးသားသည့် နှလုံးသားတစ်ခု ရှိရမည်။ သင်သည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယပြုနေပြီး ဆုတောင်းနေခြင်း ဖြစ်သည်- ကြားကောင်းသည့် စကားလုံးများကို သုံးပြီး ဘုရားသခင်ကို နားပူနားဆာလုပ်ရန် သင် မကြိုးစားရပေ။ ဆုတောင်းခြင်းသည် ဘုရားသခင်က ယခုပင် ပြီးမြောက်ရန် ဆန္ဒရှိသည့်အရာအပေါ် ဗဟိုပြုသင့်၏။ သင်ဆုတောင်းသည့်အခါ ပိုမိုကြီးမားသည့် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို သင့်အားပေးဖို့၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် ပြုသည့် သန္နိဋ္ဌာန်အပါအဝင်၊ သင်၏အခြေအနေမှန်နှင့် ဒုက္ခများကို သူ၏မျက်မှောက်သို့ ယူဆောင်ခဲ့လော့။ ဆုတောင်းခြင်းသည် လုပ်ထုံးလုပ်နည်းများကို လိုက်လျှောက်ခြင်း မဟုတ်။ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားတစ်ခုဖြင့် ရှာဖွေခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့မှောက်တွင် မကြာခဏ ငြိမ်သက်ဖို့အလို့ငှာ၊ သင့်ကို သူထားသည့် ပတ်ဝန်းကျင်တွင် သင့်ကိုယ်သင် သိဖို့၊ သင့်ကိုယ်သင် စက်ဆုပ်ရွံရှာဖို့နှင့် သင့်ကိုယ်သင် စွန့်လွှတ်ဖို့၊ ထိုသို့ဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု သင့်ကို ရှိခွင့်ပေးပြီး ဘုရားသခင်ကို ချစ်သည့်သူတစ်ဦး အမှန်တကယ်ဖြစ်လာဖို့ အလို့ငှာ သင်၏ စိတ်နှလုံးကို ကွယ်ကာပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်လော့။

ဆုတောင်းခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။

ဆုတောင်းခြင်းသည် လူသားက ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ယင်းသည် လူသားက ဘုရားသခင်ကို ခေါ်သည့် နည်းလမ်းတစ်ခု ဖြစ်ပြီး လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တို့ထိခြင်းခံရသည့် ဖြစ်စဉ်ဖြစ်သည်။ ဆုတောင်းခြင်း မရှိသူများသည် ဝိညာဉ်မရှိသည့် လူသေများဖြစ်သည်ဟု ဆိုနိုင်သည်၊ ယင်းက ၎င်းတို့သည် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့ အစွမ်းအစ ကင်းမဲ့သည်ကို သက်သေပြပေသည်။ ဆုတောင်းခြင်း မရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို အမီလိုက်ဖို့ မဆိုထားနှင့်၊ ပုံမှန် ဝိညာဉ်ရေးရာ အသက်တာကို နေထိုင်ဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဆုမတောင်းဘဲနေခြင်းသည် မိမိ၏ ဘုရားသခင်နှင့် ဆက်ဆံရေးကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိဖို့ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့်၊ သာ၍ ဆုတောင်းလေလေ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တို့ထိမှုကို သာ၍ ခံရလေလေ၊ သန္နိဋ္ဌာန်ဖြင့် သာ၍ ပြည့်လေလေဖြစ်ပြီး ဘုရားသခင်ထံမှ အသစ်သော ဉာဏ်အလင်းပေးခြင်းကို ရရှိဖို့ သာ၍ ကောင်းမွန်စွာ လုပ်နိုင်လေလေ ဖြစ်လိမ့်မည်။ အကျိုးဆက်အနေဖြင့်၊ ဤသို့သော လူအမျိုးအစားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကို အလွန် လျင်မြန်စွာ ခံရနိုင်ပေသည်။

ဆုတောင်းခြင်းသည် မည်သည့် အကျိုးသက်ရောက်မှုကို ရရှိဖို့ ရည်ရွယ်ပါသနည်း။

လူတို့သည် ဆုတောင်းသည့် အလေ့အကျင့်ကို လုပ်ဆောင် နိုင်ကောင်း လုပ်ဆောင်နိုင်ပြီး ဆုတောင်းခြင်း၏ အရေးပါမှုကို နားလည်နိုင်ကောင်း နားလည်နိုင်သည်၊ သို့သော် ဆုတောင်းခြင်း ထိရောက်ဖို့မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ ဆုတောင်းခြင်းသည် ဟန်ဆောင်လုပ်ပြခြင်း၊ လုပ်ထုံးလုပ်နည်းကို လိုက်လျှောက်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာဂုံဆောင်ခြင်း ကိစ္စရပ်သာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဆုတောင်းခြင်းသည် အချို့သော စကားများကို သံယောင်လိုက်ခြင်း မဟုတ်သကဲ့သို့ အခြားသူများကို တုပခြင်း မဟုတ်ပေ။ ဆုတောင်းရာတွင် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့အလို့ငှာ မိမိ၏ နှလုံးသားကို ဖွင့်ထားလျက် ဘုရားသခင်ထံ မိမိ၏ နှလုံးသားကို ပေးနိုင်သည့် အခြေအနေကို ရောက်ရမည် ဖြစ်သည်။ ဆုတောင်းခြင်း ထိရောက်ဖို့ဆိုပါက၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပေါ်တွင် အခြေခံရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ ဆုတောင်းခြင်းဖြင့်သာ၊ သာ၍ ကြီးမားသည့် ဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်ပေသည်။ စစ်မှန်သည့် ဆုတောင်းချက်တစ်ခု၏ သရုပ်သကန်များမှာ- ဘုရားသခင် တောင်းဆိုသည့် အရာအားလုံးကို တမ်းတသည့်အပြင်၊ သူ တောင်းဆိုသည့်အရာကို ပြီးမြောက်ဖို့ ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခု ရှိခြင်း၊ ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အရာကို စက်ဆုပ်ရွံရှာခြင်း၊ ထို့နောက် ဤအခြေခံအုတ်မြစ်အပေါ် တည်ဆောက်ရင်း ယင်းအပေါ် သိနားလည်မှုတစ်ခုကို ရရှိခြင်းနှင့် ဘုရားသခင် အသေးစိတ်ရှင်းပြသည့် သမ္မာတရားများနှင့် စပ်လျဉ်း၍ သိနားလည်မှုနှင့် ရှင်းလင်းမှုတစ်ခု ရှိခြင်းတို့ဖြစ်သည်။ သန္နိဋ္ဌာန်၊ ယုံကြည်ခြင်း၊ အသိပညာနှင့် ဆုတောင်းပြီးနောက် ရရှိသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသည့်အခါမှသာ စစ်မှန်သော ဆုတောင်းခြင်းဟု ခေါ်ဆိုနိုင်ပြီး၊ ဤဆုတောင်းခြင်းမျိုးသာ ထိရောက်နိုင်ပေသည်။ သို့သော် ဆုတောင်းခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခြင်းအပေါ် တည်ဆောက်ထားရမည်၊ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များ၌ မိတ်သဟာယဖွဲ့ခြင်း အခြေခံ အုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပြီး၊ ဘုရားသခင်ကို ရှာဖွေနိုင်၍ သူ၏ရှေ့မှောက်တွင် ငြိမ်သက်လာနိုင်သည့် စိတ်နှလုံးပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်သည်။ ဤဆုတောင်းခြင်းမျိုးသည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယဖွဲ့သည့် အဆင့်ကို ၀င်ရောက်နှင့်ပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၁၈)

ဆုတောင်းခြင်းနှင့် ပတ်သက်၍ အခြေခံအကျဆုံး အသိပညာ-

၁။ စိတ်ထဲက ပေါ်လာသည့် အရာမှန်သမျှကို ကျိုးကြောင်းမမြင်ဘဲ မပြောနှင့်။ သင်၏စိတ်နှလုံးတွင် ဝန်တာတစ်ခုရှိရမည်၊ ယင်းမှာ သင်ဆုတောင်းသည့်အခါ ရည်မှန်းချက်တစ်ခု ရှိရမည်ဖြစ်သည်။

၂။ ဆုတောင်းခြင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပါဝင်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံရမည်ဖြစ်သည်။

၃။ ဆုတောင်းသည့်အခါ၊ ခေတ်မမီတော့သည့် ကိစ္စရပ်များကို ပြန်မတင်ပြရပေ။ သင်၏ဆုတောင်းခြင်းများသည် ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို ဆက်စပ်တည်မှီသင့်ပြီး၊ ဆုတောင်းသည့်အခါ သင်၏ အတွင်းကျဆုံး အတွေးများကို ဘုရားသခင်အား ပြောပြလော့။

၄။ အုပ်စုလိုက် ဆုတောင်းခြင်းသည် အဓိကအချက်တစ်ခုကို ဗဟိုပြုရမည်ဖြစ်ပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ် သေချာပေါက် ဖြစ်သည်။

၅။ ကြားဝင်ဖြန်ဖြေ ဆုတောင်းခြင်းကို လူအားလုံး သင်ယူရမည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို အရေးထားမှု ပြသခြင်းနည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။

လူတစ်ဦး၏ ဆုတောင်းခြင်း အသက်တာသည် ဆုတောင်းခြင်း၏ အရေးပါမှုနှင့် ဆုတောင်းခြင်း၏ အခြေခံအသိပညာကို သိနားလည်ခြင်းတစ်ခုအပေါ် အခြေခံလေသည်။ နေ့စဉ် အသက်တာတွင် သင်ကိုယ်တိုင်၏ အားနည်းချက်များအတွက် မကြာခဏ ဆုတောင်းလော့၊ အသက်တာတွင် သင်၏ စိတ်သဘောထား၌ ထိရောက်သည့် ပြောင်းလဲမှုရှိဖို့ရန် ဆုတောင်းလော့၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့်ဆိုင်သည့် သင်၏ အခြေခံအသိပညာနှင့်ပတ်သက်၍ ဆုတောင်းလော့။ လူအသီးသီးသည် မိမိတို့ကိုယ်တိုင်၏ ဆုတောင်းခြင်း အသက်တာကို တည်ဆောက်သင့်၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိခြင်းအတွက် ဆုတောင်းသင့်ပြီး၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို ရှာဖွေဖို့ ဆုတောင်းသင့်သည်။ သင်၏ ပုဂ္ဂိုလ်ရေး အခြေအနေများကို ဘုရားသခင်၏ရှေ့မှောက်တွင် ချပြပြီး၊ သင်ဆုတောင်းသည့် နည်းလမ်းကို ရေးကြီးခွင်ကျယ် မလုပ်ဘဲ လက်တွေ့ဆန်လော့၊ ပြီးလျှင် အဓိကအချက်မှာ စစ်မှန်သော သိနားလည်မှုကို ရရှိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်သော အတွေ့အကြုံကို ရယူဖို့ ဖြစ်သည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းကို လိုက်စားသည့် လူတစ်ဦးအနေဖြင့် ကွဲပြားသော နည်းလမ်းများစွာဖြင့် ဆုတောင်းနိုင်ရမည်။ တိတ်တဆိတ် ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြန်ဆင်ခြင်ခြင်း၊ ဘုရားသခင်၏အမှုကို သိရှိလာခြင်း- ဤအရာအားလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် တစ်ဦးတစ်ယောက်၏ အခြေအနေကို တိုးတက်စေပြီး အသက်တာတွင် ယခင်ထက်သာ၍ တိုးတက်မှုဆီသို့ တွန်းပို့သည့် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းကို ရရှိဖို့အတွက် ဝိညာဉ်ရေးရာ မိတ်သဟာယနှင့်ဆိုင်သည့် စိတ်ပိုင်းဖြတ်ချက်ခိုင်မာသော အလုပ်၏ ဥပမာများ ဖြစ်သည်။ အတိုချုပ်အနေဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည် ဖြစ်စေ၊ တိတ်ဆိတ်စွာ ဆုတောင်းခြင်းဖြစ်စေ၊ ကျယ်လောင်စွာ ကြွေးကြော်ခြင်းဖြစ်စေ၊ သင်လုပ်သည့် အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ အမှုတော်နှင့် သင့်အထဲတွင် သူ ရရှိရန် ဆန္ဒရှိသည့်အရာကို သင့်အား ရှင်းရှင်းလင်းလင်း သိစေဖို့အလို့ငှာ ဖြစ်ပေသည်။ သာ၍အရေးကြီးသည်မှာ သင် လုပ်သမျှအားလုံးသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများကို ရရှိဖို့နှင့် သင်၏ အသက်တာကို အသစ်သော တိုးတက်မှုများဆီသို့ မြှင့်တင်ဖို့အလို့ငှာ ဖြစ်သည်။ လူကို ဘုရားသခင် တောင်းဆိုသည့် အနိမ့်ဆုံးစံနှုန်းမှာ လူသားသည် မိမိ၏ စိတ်နှလုံးကို သူ့အား ဖွင့်ပြနိုင်ဖို့ ဖြစ်သည်။ လူသားသည် သူ၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်အား ပေးပြီး သူ့နှလုံးသားထဲတွင် ဧကန်အမှန် ရှိသည့် အရာကို ဘုရားသခင်အား ပြောပါက၊ ဘုရားသခင်သည် သူ့အထဲတွင် လုပ်ဆောင်ရန် လိုလိုလားလား ရှိပေသည်။ ဘုရားသခင် ဆန္ဒရှိသည့်အရာမှာ လူသား၏ ဖောက်ပြန်သော နှလုံးသား မဟုတ်ဘဲ၊ ဖြူစင်ပြီး ရိုးသားသည့် နှလုံးသားဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မိမိ၏စိတ်နှလုံးမှ စကားမပြောပါက၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို တို့ထိလိမ့်မည် မဟုတ်၊ သို့မဟုတ် သူ့အထဲတွင် လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဆုတောင်းခြင်း၏ အခရာမှာ ဘုရားသခင်ကို သင်၏ စိတ်နှလုံးမှ စကားပြောခြင်း၊ သင်၏ အားနည်းချက်များ သို့မဟုတ် ပုန်ကန်တတ်သည့် စိတ်သဘောထားကို သူ့အားပြောပြခြင်း၊ သူ၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် လုံးဝ ဖွင့်ပြခြင်းတို့ ဖြစ်သည်။ ထိုအခါမှသာ ဘုရားသခင်က သင်၏ ဆုတောင်းချက်များကို စိတ်ဝင်စားမည်ဖြစ်သည်၊ သို့မဟုတ်ပါက သူ၏မျက်နှာကို သင့်ထံမှ ဖုံးကွယ်လိမ့်မည်ဖြစ်သည်။ ဆုတောင်းခြင်းအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်မှာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စွာ ထားနိုင်ရမည်ဖြစ်ပြီး၊ ထိုငြိမ်သက်ခြင်းက ဘုရားထံမှ ခွဲခွာမသွားရပေ။ ဤအဆင့်အတွင်းတွင် သင်သည် သာ၍ သစ်လွင် သို့မဟုတ် သာ၍ မြင့်မားသည့် ထိုးထွင်းသိမြင်မှုကို မရရှိဘဲ ဖြစ်နိုင်သည်၊ သို့သော် ထိုအခါ သင်သည် သင်၏ ရှိရင်းစွဲ အခြေအနေကို ထိန်းသိမ်းဖို့ ဆုတောင်းရမည်- သင် မဆုတ်ယုတ်ရပေ။ ဤသည်မှာ သင် အနည်းဆုံး ရရှိရမည့် အရာဖြစ်သည်။ ဤအရာကိုပင် သင် အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက၊ သင်၏ ဝိညာဉ်ရေးရာ အသက်တာသည် လမ်းကြောင်းမှန်ပေါ် မရောက်သေးသည်ကို သက်သေပြပေသည်။ အကျိုးဆက်အနေဖြင့်၊ သင်သည် ပထမဦးစွာ ရှိခဲ့သည့် ရူပါရုံကို ထိန်းသိမ်းနိုင်မည်မဟုတ်၊ ဘုရားသခင်၌ ယုံကြည်ခြင်းကို သင် ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး သင်၏ သန္နိဋ္ဌာန်သည် နောက်ပိုင်းတွင် ပျောက်ကွယ် သွားလိမ့်မည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ၊ မရှိဆိုသည့် လက္ခဏာရပ်တစ်ခုမှာ သင်၏ ဆုတောင်းခြင်းများသည် လမ်းကြောင်းမှန်ပေါ်တွင် ရှိ၊ မရှိဆိုသည်ကို ကြည့်ဖို့ဖြစ်သည်။ လူအားလုံးသည် ဤလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်။ ၎င်းတို့အားလုံးသည် မလှုပ်မယှက် စောင့်ဆိုင်းခြင်းမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သတိရှိရှိ ရှာဖွေရင်း၊ ဆုတောင်းခြင်းတွင် မိမိတို့ကိုယ်ကိုယ် သတိရှိရှိ လေ့ကျင့်ခြင်း အလုပ်ကို လုပ်ဆောင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည့် လူများ ဖြစ်ပေလိမ့်မည်။

သင်စတင်ဆုတောင်းသည့်အခါ၊ မိမိနိုင်သည်ထက် ပိုမလုပ်ရ သကဲ့သို့၊ တစ်ကျိုက်တည်းနှင့် အရာရာကို ရရှိဖို့ မမျှော်လင့်နှင့်။ သင့်အနေဖြင့်၊ ပါးစပ်ဖွင့်လိုက်သည်နှင့် သန်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရမည်၊ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်း ရရှိမည်၊ သို့မဟုတ် သင့်အပေါ် ဘုရားသခင်က ကျေးဇူးတော် သွန်းလောင်းလိမ့်မည်ဟု မျှော်လင့်လျက် အလွန်အကျွံ တောင်းဆိုမှုများ ပြုလုပ်၍ မရပေ။ ယင်းသည် ဖြစ်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်သည် သဘာဝလွန် အမှုအရာများ မဆောင်ရွက်ပေ။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်အချိန်ကာလတွင် လူတို့၏ ဆုတောင်းချက်များကို ခွင့်ပြုပေးခဲ့ပြီး တစ်ခါတစ်ရံ သူ၏ရှေ့မှောက်တွင် သင် သစ္စာရှိ၊ မရှိဆိုသည်ကို သိဖို့အတွက် သင်၏ ယုံကြည်မှုကို သူ စမ်းသပ်ပေသည်။ သင် ဆုတောင်းသည့်အခါ၊ ယုံကြည်မှု၊ ဇွဲလုံ့လနှင့် သန္နိဋ္ဌာန်တို့ ရှိရမည်။ လူအများစုသည် ခုလေးတင် စတင်လေ့ကျင့်သည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုကို မခံစားရသောကြောင့် စိတ်ဓာတ်ကျကြသည်။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သင်ဇွဲရှိရမည်။ သန်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်းကို ခံစားခြင်းနှင့် ရှာဖွေခြင်းနှင့် လေ့လာမှုတို့အပေါ်တွင် သင်အာရုံစိုက်ရမည်။ တစ်ခါတစ်ရံတွင်၊ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသည် မမှန်ကန်သကဲ့သို့၊ တစ်ခါတစ်ရံတွင် သင်၏ပုဂ္ဂိုလ်ရေးကြံရွယ်ချက်များနှင့် အယူအဆများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် မခိုင်မြဲနိုင်ပေ၊ ထို့ကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို မတို့ထိနိုင်ပေ။ အခြားအချိန်များတွင်၊ ဘုရားသခင်သည် သင်သစ္စာရှိ၊ မရှိဆိုသည်ကို ကြည့်၏။ အတိုချုပ်အနေဖြင့်၊ လေ့ကျင့်ရာတွင်၊ သာ၍ မြင့်မားသည့် အဖိုးအခကို သင် ပေးသင့်သည်။ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေါ်တွင် သွေဖည်နေသည်ကို တွေ့ရှိပါက၊ သင်ဆုတောင်းသည့် နည်းလမ်းကို ပြောင်းလဲနိုင်သည်။ ရိုးသားစစ်မှန်သည့် စိတ်နှလုံးဖြင့် သင် ရှာဖွေပြီး ရရှိဖို့ တောင့်တသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို ဤလက်တွေ့အရှိတရားထဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည်။ တစ်ခါတရံတွင် သင်သည် ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုဖြင့် ဆုတောင်းသော်လည်း အထူး တို့ထိခံရသည်ဟု သင်မခံစားရ။ ဤသို့သောအချိန်များတွင် ဘုရားသခင်သည် သင်၏ ဆုတောင်းချက်များကို စောင့်ကြည့်ကြောင်း ယုံကြည်လျက် ယုံကြည်ခြင်းအပေါ် သင်မှီခိုရမည်ဖြစ်သည်။ သင်၏ဆုတောင်းချက်များတွင် သင် ဇွဲလုံ့လရှိရမည်ဖြစ်သည်။

ရိုးသားသော လူတစ်ဦး ဖြစ်လော့။ သင်၏စိတ်နှလုံးထဲရှိ လှည့်ဖြားမှုများကို ဖယ်ထုတ်ဖို့အတွက် ဘုရားသခင်ထံ ဆုတောင်းလော့။ တစ်ချိန်လုံး ဆုတောင်းခြင်းမှတဆင့် မိမိကိုယ်ကိုယ် စင်ကြယ်စေလော့၊ ဆုတောင်းခြင်းမှတဆင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံလော့၊ ပြီးလျှင် သင်၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲ လာလိမ့်မည်။ စစ်မှန်သည့် ဝိညာဉ်ရေးရာ အသက်တာသည် ဆုတောင်းခြင်း အသက်တာဖြစ်၏- ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရသည့် အသက်တာတစ်ခု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်းခံရသည့် ဖြစ်စဉ်မှာ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်း မခံရသည့် အသက်တာသည် ဝိညာဉ်ရေးရာ အသက်တာတစ်ခု မဟုတ်ဘဲ၊ ဘာသာရေးဓလေ့နှင့်ဆိုင်သော အသက်တာတစ်ခုသာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်း မကြာခဏ ခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရပြီး အလင်းပြခံရသူများသာ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ကြပြီး ဖြစ်သည်။ လူသား၏ စိတ်သဘောထားသည် သူဆုတောင်းသည့်အတိုင်း စဉ်ဆက်မပြတ် ပြောင်းလဲလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သူ ခံရလေလေ၊ သူသည် တက်ကြွလေလေဖြစ်ပြီး နာခံလာလေလေ ဖြစ်သည်။ ထို့ကြောင့် သူ့၏စိတ်နှလုံးသည်လည်း တဖြည်းဖြည်း သန့်စင်ခံရပြီး သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်။ ယင်းမှာ စစ်မှန်သည့် ဆုတောင်းခြင်း၏ အကျိုးသက်ရောက်မှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၁၉)

ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ဝင်ရောက်ခြင်းအဖို့ ဘုရားသခင် မျက်မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းထက် သာ၍ အရေးကြီးသော အဆင့်မရှိချေ။ ယင်းသည် မျက်မှောက်ကာလတွင် လူအပေါင်းတို့ အရေးတကြီး ဝင်ရောက်ရန် လိုအပ်လျက်ရှိကြောင်း သင်ခန်းစာတစ်ခု ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်းထဲသို့ ဝင်ရောက်ရာ လမ်းကြောင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁။ ပြင်ပအရာများမှ သင့်စိတ်နှလုံးကို ရှောင်ခွာလော့။ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းစွာနေလော့၊ ပြီးလျှင် တစိုက်မတ်မတ် စူးစိုက်မှုဖြင့် ဘုရားသခင်ထံ ဆုတောင်းလော့။

၂။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံး ငြိမ်းချမ်းနေခြင်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ကာ မွေ့လျော်လော့။

၃။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပေါ် စဉ်းစားဆင်ခြင်၍ အာရုံပြုပြီး သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ အမှုကို တွေးဆလော့။

ပထမဦးစွာ ဆုတောင်းခြင်းကဏ္ဍမှ အစပြုလော့။ တစိုက်မတ်မတ် စူးစိုက်မှုဖြင့် သတ်မှတ်ထားသော အချိန်များတွင် ဆုတောင်းလော့။ အချိန်မည်မျှ နည်းပါးသည်ဖြစ်စေ၊ သင်၏အလုပ် မည်မျှများသည် ဖြစ်စေ၊ သို့မဟုတ် သင့်အပေါ် မည်သည့်အရာ ကျရောက်ပါစေ၊ နေ့စဉ် ပုံမှန်အတိုင်း ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်သမျှ ကာလပတ်လုံး သင့်ပတ်ဝန်းကျင် မည်သို့ ရှိသည်ဖြစ်စေ၊ သင်၏ စိတ်ဝိညာဉ်၌ ကြီးမားသည့် ပျော်ရွှင်မှု ရှိလိမ့်မည်ဖြစ်ပြီး သင့်အနီးရှိ လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အရာဝတ္ထုများသည် သင့်အတွက် အနှောင့်အယှက် ဖြစ်လိမ့်မည်မဟုတ်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သာမန်အားဖြင့် ဆင်ခြင်သည့်အခါ၊ ပြင်ပတွင် ဖြစ်နေသည့်အရာက သင့်ကို မနှောင့်ယှက်နိုင်ပေ။ ဝိညာဉ်အသက်တာ ပိုင်ဆိုင်ခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုခြင်းဖြစ်သည်။ ဆုတောင်းခြင်းဖြင့် အစပြုလော့- ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်စွာ ဆုတောင်းခြင်းသည် အကျိုးအများဆုံး ဖြစ်သည်။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းဖြင့် ၎င်းတို့ထဲတွင် အလင်းကို ရှာလော့။ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှာဖွေလော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုရာတွင် သူ၏ ရည်ရွယ်ချက်ကို သိရှိပြီး ၎င်းတို့ကို သွေဖည်မှုမရှိဘဲ သိနားလည်လော့။ သာမန်အားဖြင့် ပြင်ပအရာများ၏ နှောင့်ယှက်ခြင်းမခံရဘဲ ဘုရားသခင်ကို သင်၏ စိတ်နှလုံးထဲတွင် တိုးဝင်ချဉ်းကပ်နိုင်ခြင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အာရုံပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆနိုင်ခြင်းတို့မှာ သင့်အတွက် ပုံမှန်ဖြစ်သင့်သည်။ သင်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်း အတိုင်းအတာတစ်ခု ရရှိပါက သင်သည် တိတ်တဆိတ် အတွေးရေယာဉ်ကြော၌ မျောပါနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်၏အတွင်း၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ချင့်ချိန်စဉ်းစားနိုင်လိမ့်မည်ဖြစ်ကာ ဘုရားသခင်ထံ အမှန်တကယ် တိုးဝင်ချဉ်းကပ်ပြီး၊ သင်၏ ပတ်ဝန်းကျင် မည်သို့ ဖြစ်ပါစေ၊ နောက်ဆုံးတွင် သင်၏ စိတ်နှလုံးထဲ ချီးမွမ်းခြင်း လျှံထွက်လာသည့်အခြေအနေ ရောက်ရှိသည်ထိတိုင်ဖြစ်ပြီး ယင်းသည် ဆုတောင်းခြင်းထက်ပင် သာ၍ ကောင်းမွန်ပေသည်။ ထို့နောက် သင်သည် ဝိညာဉ်အသက်တာတစ်ခုကို ပိုင်ဆိုင်လိမ့်မည်။ အထက်တွင် ဖော်ပြထားသော ဖြစ်တည်မှု အဆင့်များကို သင်ရရှိနိုင်ပါက သင်၏ စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းကြောင်း သက်သေဖြစ်လိမ့်မည်။ ဤသည်မှာ ပထမဦးဆုံးသော အခြေခံသင်ခန်းစာ ဖြစ်သည်။ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်နိုင်သည့်နောက်မှသာ၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ၎င်းတို့ တို့ထိခံရနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပြကာ အလင်းပေးခံရနိုင်သည်၊ ထို့နောက်မှသာလျှင် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်သည့်အပြင် ဘုရားသခင်၏ အလိုတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုတို့ကို သဘောပေါက်နိုင်လိမ့်မည်။ ထိုအခါ ၎င်းတို့သည် ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရန် ၎င်းတို့၏ လေ့ကျင့်မှုသည် နက်ရှိုင်းမှု အတိုင်းအတာတစ်ခု ရောက်ရှိပြီး မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင် သည့်အခါ၊ မိမိကိုယ်ကိုယ် စက်ဆုပ်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းခြင်း ရှိပေသည်။ မိမိကိုယ်ကိုယ် စက်ဆုပ်နိုင်ခြင်း၊ မိမိကိုယ်ကိုယ် ကျိန်ဆဲနိုင်ခြင်းနှင့် မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ခြင်းတို့သည် ဘုရားသခင်၏အမှုက ရရှိသောရလဒ်ဖြစ်ပြီး၊ လူတို့ မိမိတို့ဘာသာ မလုပ်ဆောင်နိုင်ပေ။ သို့ဖြစ်ရာ ဘုရားသခင် ရှေ့မှောက်တွင် စိတ်နှလုံးငြိမ်သက်အောင် လက်တွေ့ လုပ်ဆောင်ခြင်းသည် လူများအနေဖြင့် ချက်ချင်း ဝင်ရောက်သင့်သည့် သင်ခန်းစာ ဖြစ်သည်။ အချို့သော လူတို့အတွက်၊ ၎င်းတို့သည် ပုံမှန်အားဖြင့် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်စွာ မနေနိုင်သည်သာမက၊ ဆုတောင်းသည့် အချိန်တွင်ပင် ဘုရားသခင် ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးများကို မငြိမ်သက်စေနိုင်ကြချေ။ ဤသည်မှာ ဘုရားသခင်၏ စံချိန်စံညွှန်းများနှင့် ဝေးကွာလွန်းသည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်း မရှိနိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင် ခံရနိုင်သလော။ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း မရှိနိုင်သောသူ ဖြစ်ပါက၊ တစ်စုံတစ်ဦး အနားသို့လာသည့်အခါ သို့မဟုတ် အခြားသူများ စကားပြောသည့်အခါ သင် အာရုံပျက်သွားနိုင်ပြီး အခြားသူများက အမှုအရာများ လုပ်ဆောင်ကြသည့်အခါ သင့်စိတ်သည် အဝေးသို့ လွင့်ပါးသွားနိုင်ပေသည်။ ထိုအမှု၌ သင်သည် ဘုရားသခင် မျက်မှောက်တွင် အသက်မရှင်ပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးသည် အမှန်တကယ် ငြိမ်သက်ခြင်းရှိပါက အပြင်လောကတွင် ဖြစ်နေသည့် မည်သည့်အရာမဆိုက သင့်အား နှောင့်ယှက်နိုင်မည် မဟုတ်၊ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် ဖြစ်ရပ်၊ မည်သည့်အရာကမျှ နေရာယူလိမ့်မည် မဟုတ်ပေ။ သင်သည် ဤအရာထဲသို့ ဝင်ရောက်မှုရှိလျှင်၊ အပျက်သဘောဆောင်သော အခြေအနေများနှင့်၊ အပျက်သဘောဆောင်သော အရာများ အားလုံးဖြစ်သည့် လူသား၏ အယူအဆများ၊ ရှင်သန်ခြင်းအတွက် ဒဿနများ၊ လူတို့ကြားက ပုံမှန်မဟုတ်သော ဆက်ဆံရေးများနှင့် စိတ်ကူးများနှင့် အတွေးများ စသည်တို့သည် အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစဉ်အမြဲ တွေးဆနေပြီး၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အစဉ်တိုးဝင်ချဉ်းကပ်လျက်ရှိကာ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များ၏ နေရာယူခြင်း ခံရသောကြောင့် သင် သတိမမူမိလိုက်ဘဲနှင့် ထိုအပျက်သဘောဆောင်သည့် အရာများသည် သင့်ထံမှ ပျောက်ကွယ် သွားလိမ့်မည်။ သစ်လွင်ပြီး အပြုသဘောဆောင်သည့် အရာများက သင်၌ နေရာယူသည့်အခါ၊ အပျက်သဘောဆောင်သော အိုဟောင်းသည့် အရာများအတွက် နေရာရှိလိမ့်မည်မဟုတ်၊ ထို့ကြောင့် ထိုအပျက်သဘောဆောင်သော အရာများကို အာရုံမစိုက်လေနှင့်။ ယင်းတို့ကို ထိန်းချုပ်ရန် သင့်အနေဖြင့် ကြိုးစားအားထုတ်ရန် မလိုပေ။ ဘုရားသခင် ရှေ့မှောက်၌ ငြိမ်သက်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင် တတ်နိုင်သမျှ စားသောက်ခြင်းနှင့် မွေ့လျော်ခြင်း၊ သင် တတ်နိုင်သမျှ ဘုရားသခင်အား ချီးမွမ်းသော ဓမ္မတေးများကို သီဆိုခြင်းတို့အပေါ် သင် အာရုံပြုသင့်ပြီး ယခုအချိန်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကိုယ်တိုင်ကိုယ်ကျ စုံလင်စေရန် ဆန္ဒရှိပြီး သင်၏ စိတ်နှလုံးကို သိမ်းပိုက်လိုသောကြောင့် သင့်အပေါ် အမှုပြုဖို့ရန် ဘုရားသခင်အား အခွင့်ပေးလော့။ သူ၏ ဝိညာဉ်တော်သည် သင့်စိတ်နှလုံးကို တို့ထိပြီး၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုနောက် လိုက်လျှောက်ရင်း ဘုရားသခင်၏ မျက်မှောက်တွင် အသက်ရှင် လာပါက၊ သင်သည် ဘုရားသခင်အား ကျေနပ်စေလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ အသက်ရှင်ခြင်းကို သင် အာရုံစိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိရန် သမ္မာတရားအကြောင်း မိတ်သဟာယ ပြုရာတွင် သာ၍ပါဝင်ပါက၊ ထိုဘာသာရေးဆိုင်ရာ အယူအဆများ၊ သင်၏ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မှတ်ယူခြင်းနှင့် မိမိဘာသာ ကြီးကျယ်မှုတို့ အားလုံး ကွယ်ပျောက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင် အတွက် သင့်ကိုယ်သင် မည်သို့ အသုံးခံရမည်၊ ဘုရားသခင်ကို မည်သို့ ချစ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်တို့ကို သိရှိလိမ့်မည်။ ဘုရားသခင်အဖို့ တိုက်ရိုက်ဆက်စပ်ခြင်း မရှိသည့် အရာများသည် သင် သတိမမူမိလိုက်ဘဲနှင့် သင်၏ အသိစိတ်မှ လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၂၀)

ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို စားသောက်စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆပြီး ဆုတောင်းခြင်းသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း အတွက် ပထမဆင့် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်ခြင်းရှိနိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ခြင်းနှင့် အလင်းပေးမှုတို့သည် သင်နှင့်အတူ ရှိလိမ့်မည်။ ဘုရားသခင်၏ မျက်မှောက်တွင် ငြိမ်သက်ခြင်းဖြင့် အလုံးစုံသော ဝိညာဉ်ရေးရာ အသက်တာများကို ရရှိ၏။ ဆုတောင်းရာတွင်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် ငြိမ်းချမ်းခြင်း ရှိရမည်ဖြစ်ပြီး၊ ထိုအခါတွင်မှ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်း ခံနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင်စားသောက်သောအခါ၌ ဘုရားသခင်၏ ရှေ့မှောက် သင်ငြိမ်းချမ်းနေသည့်အခါ၊ သင်သည် ဉာဏ်အလင်း ပေးခံရပြီး အလင်းပြခံရနိုင်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် သိနားလည်မှုကို ရရှိနိုင်သည်။ နှလုံးသွင်းဆင်ခြင်ခြင်း၊ မိတ်သဟာယပြုခြင်းနှင့်၊ သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်းဟူသော သင်၏ ပြုနေကျ လုပ်ဆောင်ချက်များတွင် ဘုရားသခင် မျက်မှောက်၌ သင်သည် ငြိမ်းချမ်းလာသည့်အခါ၊ ဘုရားသခင်နှင့် စစ်မှန်သော ရင်းနှီးမှုကို မွေ့လျော်နိုင်လိမ့်မည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သူ၏ အမှုတော်တို့ကို စစ်မှန်စွာ သိနားလည်မှု ရှိနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် မှန်ကန်သော ထောက်ထားမှုနှင့် အရေးထားမှုတို့ကို ပြသနိုင်လိမ့်မည် ဖြစ်သည်။ သာမန်အားဖြင့် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းခြင်း ရှိနိုင်လေလေ၊ သင်သည် အလင်းပေးခံရလေလေ ဖြစ်ပြီး၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၊ သင်ချို့တဲ့သည့်အရာက မည်သည့်အရာဖြစ်သည်၊ သင် ဝင်ရောက်သင့်သည့်အရာက မည်သည့်အရာဖြစ်သည်၊ မည်သည့် လုပ်ငန်းတာဝန်၌ သင်အစေခံသင့်သည် ဆိုသည်နှင့် သင်၏ အပြစ်အနာအဆာများ မည်သည့်နေရာတွင် ရှိသည်တို့ကို နားလည်လာနိုင်လေလေ ဖြစ်မည်။ ဤအရာအားလုံးကို ဘုရားသခင် မျက်မှောက်တွင် ငြိမ်းချမ်းနေခြင်းဖြင့် ရရှိပေသည်။ ဘုရားသခင် ရှေ့မှောက်တွင် နက်ရှိုင်းစွာ ငြိမ်းချမ်းခြင်း သင် အမှန်တကယ် ရရှိပါက၊ စိတ်ဝိညာဉ်၏ နက်နဲမှုအချို့ကို သင် သဘောပေါက်နိုင်လိမ့်မည်၊ လက်ရှိအချိန်တွင် ဘုရားသခင်က သင့်အထဲ၌ လုပ်ဆောင်လိုသော အရာကို သဘောပေါက်နိုင်လိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သာ၍ နက်နဲသော သိနားလည်မှုတစ်ခုကို နားလည်နိုင်လိမ့်မည်၊ ဘုရား နှုတ်ကပတ်တော်များ၊ ဘုရားနှုတ်ကပတ်တော်များ၏ဖြစ်ခြင်းတို့၏ ပဓာနကျသော အပိုင်းကို နားလည်နိုင်လိမ့်မည်၊ ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဂုဏ်ဒြပ်နှင့် ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဖြစ်ခြင်းကို သဘောပေါက် နိုင်လိမ့်မည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို သာ၍ ရှင်းလင်းစွာနှင့် တိကျစွာ မြင်နိုင်မည်ဖြစ်သည်။ သင့်စိတ်ဝိညာဉ်ထဲ ငြိမ်းချမ်းလာရာတွင် လုံလောက်သော နက်ရှိုင်းမှု ရရှိရန် ပျက်ကွက်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို အနည်းငယ်သာ ခံရမည်ဖြစ်ပြီး၊ အတွင်း၌ ခွန်အားတိုးပွားသည်ကို ခံစားရကာ ပျော်ရွင်ခြင်းနှင့် ငြိမ်သက်ခြင်း ပမာဏအချို့ကို ခံစားရမည်ဖြစ်သော်လည်း မည်သည့်အရာကိုမျှ ပိုမို နက်ရှိုင်းစွာ သင် သဘောပေါက်လိမ့်မည်မဟုတ်ပေ။ ယခင်က ငါ ဆိုပြီးလေပြီ- လူတို့သည် မိမိတို့၏ခွန်အားရှိသမျှကို အသုံးမပြုပါက၊ ငါ့အသံကိုကြားရန် သို့မဟုတ် ငါ့မျက်နှာကို မြင်ရန် ၎င်းတို့အတွက် ခက်ခဲလိမ့်မည်။ ဤအရာသည် ဘုရားသခင် ရှေ့မှောက်၌ ငြိမ်သက်ခြင်းအား နက်ရှိုင်းစွာရရှိခြင်းကို ရည်ညွှန်းပြီး၊ အပေါ်ယံ ကြိုးစားအားထုတ်မှုများကို မရည်ညွှန်းပေ။ ဘုရားသခင်၏ မျက်မှောက်တွင် အမှန်တကယ် ငြိမ်သက်ခြင်း ရှိနိုင်သူသည် အလုံးစုံသော လောကီချည်နှောင်မှုများမှ ရုန်းထွက်နိုင်ပြီး ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ခံရနိုင်ပေသည်။ ဘုရားသခင် မျက်မှောက်တွင် ငြိမ်းချမ်းနေနိုင်စွမ်း မရှိသူ အားလုံးသည် ဧကန်မုချ ကိုယ်ကျင့်တရား ပျက်ပြားပြီး အထိန်းအကွပ်မဲ့လေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းစွာနေနိုင်စွမ်း ရှိသူအားလုံးသည် ဘုရားသခင်ရှေ့တွင် ဘုရားတရား ကိုင်းရှိုင်းသူများနှင့် ဘုရားသခင်ကို တမ်းတသူများဖြစ်ကြသည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသူတို့သာ ဘဝကို တန်ဖိုးထားကြသည်၊ စိတ်ဝိညာဉ်၌ မိတ်သဟာယပြုခြင်းကို တန်ဖိုးထားသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်ပြီး၊ သမ္မာတရားကို လိုက်စားကြလေသည်။ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းကို တန်ဖိုးမထားသူနှင့် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းကို လက်တွေ့မလုပ်ဆောင်သောသူ မည်သူမဆိုသည် စိတ်ကြီးဝင်နေပြီး အပေါ်ယံသာဖြစ်ကာ လောကကို စွဲလမ်းပြီး အသက်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သည်ဟု ပြောလျှင်ပင် ၎င်းတို့၏ နှုတ်ဖျားဖြင့် အစေခံခြင်းသာ ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်က စုံလင်စေကာ ပြည့်စုံစေသူတို့မှာ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်သူများသာ ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသူများသည် ကြီးမြတ်သည့် ကောင်းချီး မင်္ဂလာများဖြင့် ကျေးဇူးပြုခြင်း ခံရပေသည်။ တစ်နေ့လုံး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အချိန်ယူခဲသောလူများ၊ ပြင်ပကိစ္စများဖြင့် အလုပ်များလှစွာ နစ်မြုပ်နေပြီး အသက်တာထဲဝင်ရောက်ခြင်းအပေါ် တန်ဖိုးအနည်းငယ်သာထားသည့် လူများ- ဤသူအားလုံးတို့သည် အနာဂတ်တွင် ကြီးထွားရန် အလားအလာမရှိသည့် သူတော်ကောင်း ယောင်ဆောင်သူများ ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်ပြီး ဘုရားသခင်နှင့် စစ်မှန်စွာ မိတ်သဟာယ ပြုနိုင်သူများသည် ဘုရားသခင်၏ လူများဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၂၁)

ဘုရားသခင် ရှေ့မှောက်သို့လာပြီး သူ၏ နှုတ်ကပတ်တော်များကို သင်၏အသက်တာ အဖြစ် လက်ခံရန်၊ ပထမဦးစွာ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေရမည်။ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသည့် အခါမှသာ၊ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပေးပြီး အသိပညာ ပေးလိမ့်မည်။ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေလေလေ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိနိုင်လေလေ ဖြစ်သည်။ ဤအရာ အားလုံးအတွက် လူတို့သည် ဘာသာတရား ကိုင်းရှိုင်းမှုနှင့် ယုံကြည်မှု လိုအပ်သည်။ ဤနည်းဖြင့်သာ ၎င်းတို့ စုံလင်စေခြင်းခံရနိုင်ပေသည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် အခြေခံကျသော သင်ခန်းစာမှာ ဘုရားသခင်၏ မျက်မှောက်တွင် ငြိမ်းချမ်းနေခြင်း ဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်တွင် သင်သည် ငြိမ်းချမ်းနေမှသာ သင်၏ ဝိညာဉ်ရေးပိုင်းဆိုင်ရာ လေ့ကျင့်မှုအားလုံး ထိရောက်ပေလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်စွမ်းမရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင် ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သင်မည်သည့်အရာကို လုပ်ဆောင်နေပါစေ ဘုရားသခင် ရှေ့မှောက်တွင် သင်၏စိတ်နှလုံး ငြိမ်းချမ်းနေပါက၊ သင်သည် ဘုရားသခင် မျက်မှောက်တွင် အသက်ရှင်သောသူတစ်ဦးဖြစ်သည်။ သင် မည်သည့်အရာကို လုပ်ဆောင်နေပါစေ သင်၏စိတ်နှလုံးက ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းနေပြီး ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသည့် လူတစ်ဦးဖြစ်ကြောင်း ဤအရာက သက်သေပြပေသည်။ သင်သည် အခြားသူများနှင့် စကားပြောနေသည့်အခါ သို့မဟုတ် သင် လမ်းလျှောက် နေသည့်အခါတွင်၊ “ကျွန်ုပ်စိတ်နှလုံးသည် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်နေပြီး ပြင်ပအရာများအပေါ် အာရုံမစိုက်ပါ၊ ကျွန်ုပ်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်သည်” ဟု သင်ပြောနိုင်ပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသောသူ တစ်ဦးဖြစ်ပေသည်။ သင့်စိတ်နှလုံးကို ပြင်ပကိစ္စရပ်များဆီသို့ ဆွဲခေါ်သွားသည့် မည်သည့်အရာမဆိုနှင့် မပတ်သက်လေနှင့်၊ သို့မဟုတ် သင့်စိတ်နှလုံးကို ဘုရားသခင်နှင့် ကင်းကွာစေသည့် လူများနှင့် မပတ်သက်လေနှင့်။ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ရာမှ သင်၏ စိတ်နှလုံးကို အာရုံပျက်စေနိုင်သည့် မည်သည့်အရာကိုမဆိုကို ဘေးဖယ်လော့၊ သို့မဟုတ် ထိုအရာမှ ဝေးဝေးတွင် နေလော့။ ဤအရာသည် သင်၏ အသက်တာအဖို့ သာ၍အကျိုးဖြစ်စေသည်။ ယခုအချိန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ကြီးမြတ်သည့် အမှုအတွက် အချိန်ကာလ၊ ဘုရားသခင်သည် လူတို့ကို ကိုယ်တိုင်ကိုယ်ကျ စုံလင်စေသည့် အချိန်ကာလ အတိအကျ ဖြစ်ပေသည်။ ဤအခိုက်အတန့်တွင် သင်သည် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မရှိနိုင်ပါက၊ သင်သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ပြန်လာမည့်သူတစ်ဦး မဟုတ်ပေ။ သင်သည် ဘုရားသခင်ထက်အခြား အရာများကို လိုက်စားပါက၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရဖို့ သင့်အတွက် နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ ယနေ့တွင် ဘုရားသခင်၏ ထိုသို့သော မိန့်မြွက်ချက်များကို ကြားနိုင်သည့်တိုင် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မရှိနိုင်သူများသည် သမ္မာတရားကို မချစ်သူများနှင့် ဘုရားသခင်ကို မချစ်သောလူများဖြစ်ကြသည်။ ဤအခိုက်အတန့်တွင် သင့်ကိုယ်သင် မဆက်ကပ်ပါက၊ မည်သည့်အရာကို သင် စောင့်ဆိုင်း နေသနည်း။ မိမိကိုယ်ကို ဆက်ကပ်ခြင်းမှာ မိမိစိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေစေခြင်း ဖြစ်သည်။ ယင်းသည် စစ်မှန်သော ဆက်ကပ်ခြင်း ဖြစ်ပေလိမ့်မည်။ ယခုအချိန်တွင် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ အမှန်တကယ် ဆက်ကပ်သူ မည်သူကိုမဆို ဘုရားသခင်က စုံလင်စေမည်မှာ သေချာသည်။ အဘယ်အရာ ဖြစ်စေကာမူ မည်သည့်အရာကမျှ သင့်ကို မနှောင့်ယှက်နိုင်။ သင့်ကို ပြုပြင်ရန်ဖြစ်စေ၊ သင့်ကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်စေ၊ သို့မဟုတ် စိတ်ပျက်ခြင်းကို သင် ကြုံရသည်ဖြစ်စေ ရှုံးနိမ့်မှုကို သင်ကြုံရသည်ဖြစ်စေ၊ သင့်စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်းချမ်းနေသင့်၏။ လူများက သင့်ကို မည်သို့ဆက်ဆံပါစေ၊ သင့်စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်း နေသင့်သည်။ မည်သည့် အခြေအနေများကို သင် ကြုံရပါစေ၊ အခက်အခဲ၊ ဆင်းရဲဒုက္ခ၊ ဖိစီးနှိပ်စက်မှု၊ သို့မဟုတ် အမျိုးမျိုးသော စမ်းသပ်မှုများဖြင့် သင် ပတ်ချာဝိုင်းခံရပါစေ၊ သင့်စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်းချမ်းနေသင့်သည်။ ယင်းကား စုံလင်ခံရခြင်းဆီသို့ သွားရာ လမ်းကြောင်းများ ဖြစ်သည်။ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းနေမှသာ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များသည် သင့်အဖို့ ရှင်းလင်းလာလိမ့်မည်။ ထိုအခါ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပြခြင်းနှင့် ဉာဏ်အလင်းပေးမှုတို့ကို ပိုမိုမှန်ကန်စွာနှင့် သွေဖည်ခြင်းမရှိဘဲ လက်တွေ့လုပ်ဆောင်နိုင်မည်၊ သင်၏ အစေခံခြင်းကို သာ၍ ရှင်းလင်းသော လမ်းညွှန်မှုပေးမည့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပိုမိုရှင်းလင်းပြတ်သားမှုဖြင့် သဘောပေါက်နိုင်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းနှင့် လမ်းပြမှုတို့ကို ပိုမိုတိကျစွာ သဘောပေါက်နိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် နေထိုင်ခြင်းအတွက် စိတ်ချနိုင်ပေသည်။ ယင်းတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းနေခြင်းအားဖြင့် ရရှိသည့် ရလဒ်များဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မရှင်းမလင်းဖြစ်ပါက၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းမရှိပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောမပေါက်နိုင်ပါက၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ရမည့် ကိုယ်ကျင့်တရားများ ကင်းမဲ့ပါက၊ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း၏ ရည်ရွယ်ချက်မှာ အလေးအနက်ရှိဖို့နှင့် လက်တွေ့ဆန်ဖို့၊ ဘုရား သခင်၏ နှုတ်ကပတ်တော်များတွင် မှန်ကန်မှုနှင့် ပွင့်လင်းမှုမြင်သာမှုတို့ကို ရှာဖွေဖို့နှင့် နောက်ဆုံးတွင် သမ္မာတရားကိုနားလည်ရန်နှင့် ဘုရားသခင်ကို သိရှိရန် ဖြစ်သည်။

သင်၏စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် မကြာခဏ ငြိမ်းချမ်းနေခြင်း မရှိပါက၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည့် နည်းလမ်းမရှိချေ။ သန္နိဋ္ဌာန်မရှိခြင်းသည် နှလုံးသားမရှိခြင်းနှင့် သဘောသွားညီမျှပြီး နှလုံးသားမရှိသည့် လူတစ်ဦးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မရှိနိုင်ပေ၊ ထိုကဲ့သို့သော လူသည် ဘုရားသခင်က အမှုမည်မျှ လုပ်ဆောင်သည် သို့မဟုတ် ဘုရားသခင်က မည်မျှစကားပြောဆိုသည်ကို မသိသကဲ့သို့၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း မသိပေ။ ဤသည်မှာ နှလုံးသားမရှိသည့်လူတစ်ဦး ဖြစ်သည် မဟုတ်လော။ နှလုံးသားမရှိသည့် လူတစ်ဦးသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်သလော။ နှလုံးသားမရှိသည့် လူများကို ဘုရားသခင် စုံလင်စေမည့် နည်းလမ်းမရှိပေ- ၎င်းတို့သည် ဝန်တင်တိရစ္ဆာန်များနှင့် မခြားပေ။ ဘုရားသခင်က ရှင်းလင်းစွာနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ဖြစ်သည်၊ သို့သော် သင့်နှလုံးသားသည် မလှုပ်မရှား ဖြစ်မြဲဖြစ်နေပြီး၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းငှာ မတတ်စွမ်းနိုင်မြဲဖြစ်လေသည်။ သင်သည် ထုံထိုင်းသော တိရစ္ဆာန် တစ်ကောင် မဟုတ်လော။ လူအချို့တို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းကို လက်တွေ့လုပ်ဆောင်ရာတွင် လမ်းလွဲသွားကြ၏။ ချက်ပြုတ်ရမည့်အချိန်တွင် ၎င်းတို့ ချက်ပြုတ်ခြင်း မရှိကြသကဲ့သို့ အိမ်မှုကိစ္စ လုပ်ရမည့်အချိန်တွင် မလုပ်ကြဘဲ ဆုတောင်းခြင်းနှင့် နှလုံးသွင်းဆင်ခြင်ခြင်းကိုသာ ဆက်လုပ် ကြလေသည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းသည် မချက်ပြုတ်ခြင်း သို့မဟုတ် အိမ်မှုကိစ္စများ မလုပ်ခြင်း မဟုတ်သကဲ့သို့ မိမိဘဝကို အသက်မရှင်ခြင်း မဟုတ်ပေ။ ယင်းထက် ပုံမှန်အခြေအနေ အလုံးစုံတွင် မိမိ၏ စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းစေနိုင်ခြင်းနှင့် မိမိ၏စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာပေးနိုင်ခြင်း ဖြစ်သည်။ သင်ဆုတောင်းသည့်အခါ၊ ဘုရားသခင် ရှေ့မှောက်တွင် ဆုတောင်းရန် သင့်တင့်လျောက်ပတ်စွာ ဒူးထောက် သင့်၏၊ အိမ်မှုကိစ္စများကို သင် လုပ်ဆောင်သည့်အခါ သို့မဟုတ် အစားအသောက် ပြင်ဆင်သည့်ခါ၊ ဘုရားသခင် ရှေ့မှောက်တွင် သင့်စိတ်နှလုံးကို ငြိမ်သက်စေလော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆလော့၊ သို့မဟုတ် ဓမ္မတေးများကို သီဆိုလော့။ မည်သည့် အခြေအနေ၌ သင်ရောက်ရှိပါစေ၊ လက်တွေ့လုပ်ဆောင်ဖို့ ကိုယ်ပိုင်နည်းလမ်း သင့်မှာရှိသင့်၏၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ဖို့ သင်တတ်နိုင်သမျှ လုပ်ဆောင်သင့်ပြီး၊ ဘုရားသခင်ရှေ့မှောက်တွင် သင့်စိတ်နှလုံး ငြိမ်သက်စေရန် သင်၏ အစွမ်းရှိသမျှဖြင့် ကြိုးစားသင့်သည်။ အခြေအနေပေးသည့်အခါ၊ စွဲစွဲမြဲမြဲ ဆုတောင်းလော့၊ အခြေအနေ မပေးသည့်အခါတွင်၊ သင့်လက်ထဲရှိ အလုပ်ကို လုပ်နေစဉ် သင့် စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားနိုင်သောက်နိုင် သည့်အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လော့။ သင်ဆုတောင်းနိုင်သည့် အချိန်တွင် ဆုတောင်းလော့၊ ဘုရားသခင်ကို အာရုံပြုနိုင်သည့်အချိန်တွင် သူ့ကို အာရုံပြုလော့။ တစ်နည်းအားဖြင့် ဆိုရလျှင်၊ သင်၏ပတ်ဝန်းကျင် နှင့်အညီ ဝင်ရောက်ခြင်းအတွက် မိမိကိုယ်ကိုယ် အစွမ်းကုန် လေ့ကျင့်လော့။ လူအချို့တို့သည် မည်သည့်အရေးကိစ္စမှ မရှိသည့်အချိန်တွင်၊ ဘုရားသခင် ရှေ့မှောက်၌ ငြိမ်းချမ်း နေနိုင်ကြသော်လည်း တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏စိတ်များက လေသွားကြသည်။ ယင်းသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မဟုတ်ပေ။ တွေ့ကြုံရန် မှန်ကန်သော နည်းလမ်းမှာ ဤသို့ဖြစ်၏- မည်သည့် အခြေအနေအောက်တွင်ဖြစ်စေ မိမိ၏ စိတ်နှလုံးက ဘုရားသခင်ကို မစွန့်ခွာပေ၊ သို့မဟုတ် ပြင်ပလူများ၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများက စိတ်အနှောင့်အယှက် မဖြစ်စေပါ၊ ထိုအခါမှသာ ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းနေသောလူတစ်ဦး ဖြစ်ပေသည်။ လူအချို့က အစည်းအဝေးများတွင် ၎င်းတို့ ဆုတောင်းသောအခါ ဘုရားသခင် ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးများ ငြိမ်းချမ်းနေနိုင်သော်လည်း၊ အခြားသူများနှင့် မိတ်သဟာယပြုရာတွင် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းငှာ ၎င်းတို့ မတတ်စွမ်းနိုင်သကဲ့သို့ ၎င်းတို့၏ အတွေးများက အထိန်းအကွပ်မဲ့သွားကြသည်ဟု ဆို၏။ ဤကား ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်း မဟုတ်ပေ။ ယနေ့တွင် လူအများစုတို့သည် ဤအခြေအနေတွင် ရှိကြ၏၊ ၎င်းတို့၏ စိတ်နှလုံးတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ်အမြဲ ငြိမ်းချမ်းနေခြင်းငှာ မတတ်စွမ်းနိုင်ပေ။ ထို့ကြောင့် ဤနယ်ပယ်တွင် သင်တို့သည် မိမိတို့ကိုယ်ကိုယ် လေ့ကျင့်ရာတွင် ပိုမို အားထုတ်ရမည်၊ ဘဝအတွေ့အကြုံနှင့်ဆိုင်သည့် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ တစ်လှမ်းချင်း ဝင်ရောက်ကာ၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရခြင်း လမ်းကြောင်းပေါ် တက်လှမ်းရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၂၂)

ဘုရားသခင်၏အလုပ်နှင့်နှုတ်ကပတ်တော်တို့သည် သင်တို့၏ စိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ် ဖြစ်စေရန် ရည်ရွယ်သည်။ ကိုယ်တော်၏ပန်းတိုင်သည် သင်တို့အား ဘုရား၏အလုပ်နှင့် နှုတ်ကပတ်တော်ကို နားလည်စေရန် သို့မဟုတ် သိရှိစေရန်သက်သက် မဟုတ်ပေ။ ယင်းသည် မလုံလောက်ပေ။ သင်သည်နားလည်နိုင်စွမ်းရှိသူ ဖြစ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ရန် အခက်အခဲ မရှိသင့်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော် အများစုကို လူ့ဘာသာစကားဖြင့် ရေးသားထားသည့်အပြင် ကိုယ်တော်သည် အင်မတန်ရိုးရှင်းစွာ စကားပြောသောကြောင့် ဖြစ်သည်။ ဥပမာ ဘုရားသခင်က သင့်အား မည်သည့်အရာကို နားလည်စေချင်ပြီး လက်တွေ့လုပ်ဆောင်စေချင်သည်ကို သင်သည် ကောင်းမွန်စွာ သင်ယူနိုင်စွမ်းရှိသည်။ ဤသည်မှာ နားလည်နိုင်စွမ်းရှိသော သာမန်လူတစ်ယောက် တတ်နိုင်သည့် အရာပင်တည်း။ အထူးသဖြင့် ယခုအဆင့်တွင် ဘုရားသခင် မြွက်ဟနေသည့် နှုတ်ကပတ်တော်များသည် ထူးခြားစွာ ရှင်းလင်းလွယ်ကူနေသည်။ ထို့အပြင် ဘုရားသခင်သည် လူများမစဉ်းစားမိသော အရာများစွာနှင့် လူသား၏ အခြေအနေ အမျိုးမျိုးတို့ကို ထောက်ပြနေသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် အလုံးစုံကို ခြုံငုံမိကာ လပြည့်ဝန်း၏အလင်းရောင်ပမာ ကြည်လင်နေပေသည်။ သို့ဖြစ်၍ ယခုလူများသည် အကြောင်းအရာများစွာကို နားလည်ကြ သော်ငြားလည်း၊ လိုအပ်နေဆဲဖြစ်သည့် အရာတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ လူများသည် သူတို့ရရှိနိုင်ရန် ပြုထားသော မည်သည့်အရာကိုမဆို ခံယူရန်သက်သက် စောင့်စားနေမည့်အစား သမ္မာတရား၏ လက္ခဏာသွင်ပြင် အလုံးစုံကို မိမိကိုယ်တိုင် အသေးစိတ်ခံစားရမည်။ ပိုပြီးအသေးစိတ် စူးစမ်းရှာဖွေရမည်။ ဤသို့မဟုတ်ပါက သူတို့သည် ကပ်ပါးကောင်များထက် အနည်းငယ် သာရုံသာ ရှိလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည့်တိုင် ယင်းကို လက်တွေ့လုပ်ဆောင်ခြင်း မရှိ။ ထိုကဲ့သို့သော လူစားသည် သမ္မာတရားကို မချစ်ခင်ဘဲ အဆုံးတွင် ပယ်ထုတ်ခံရပေမည်။ ၁၉၉၀ဝန်းကျင်၏ ပေတရုတစ်ယောက်ကဲ့သို့ ဖြစ်ရန် သင်တို့ တစ်ဦးချင်းစီသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သင့်ကာ သင်တို့၏တွေ့ကြုံမှုများထဲ မှန်ကန်သော ဝင်ရောက်မှု ရှိသင့်ပြီး ဘုရားသခင်နှင့်သင်၏ ပူးပေါင်းဆောင်ရွက်မှုထဲ ဉာဏ်အလင်းပွင့်မှုကို ပိုများများ ရယူသင့်သည်။ ယင်းသည် သင်တို့ကိုယ်တိုင်၏ ဘဝထဲ ထာဝရတိုးပွားလာမည့် အထောက်အပံ့ပင်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို ဖတ်ရှု လေ့လာပြီးသော်လည်း စာသားများ၏ အဓိပ္ပာယ်ကို နားလည်ရုံရှိပြီး သင်တို့၏ လက်တွေ့အတွေ့အကြုံများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိုက်ရိုက်သိခြင်းကင်းမဲ့ပါက၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိမည်မဟုတ်ပေ။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက် မဟုတ်ဘဲ၊ အသက်ကင်းမဲ့သော ကျမ်းဟောင်းတရားများသာ ဖြစ်ပေလိမ့်မည်။ သင်သည်အသက်မဲ့သော ကျမ်းဟောင်း တရားများကိုသာ လိုက်နာပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အနှစ်သာရကို နားလည်သဘောပေါက်နိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏အလိုတော်ကိုလည်း သင်နားလည်မည် မဟုတ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို သင်၏ လက်တွေ့အတွေ့အကြုံများတွင် ကြုံတွေ့သည့် အခါမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဝိညာဉ်ဆိုင်ရာ အဓိပ္ပာယ်သည် မိမိကိုယ်ကိုယ် သင့်အား ဖွင့်ပြပေးမည်ဖြစ်ပြီး၊ အတွေ့အကြုံမှသာ သင်သည် သမ္မာတရားများစွာ၏ ဝိညာဉ်ဆိုင်ရာအဓိပ္ပာယ်ကို သဘောပေါက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်၏ နက်နဲရာတို့ကို သိမြင်နိုင်ပေမည်။ သင်သည် ၎င်းကို လက်တွေ့ကျင့်သုံးခြင်း မပြုလျှင် ကိုယ်တော်၏ နှုတ်ကပတ်တော်သည် မည်မျှပင် ရှင်းလင်းစေကာမူ သင် နားလည်သဘောပေါက်သည့်အရာမှာ သင့်အတွက် ဘာသာရေး လုပ်ထုံးလုပ်နည်း ဖြစ်လာခဲ့သည့် အဓိပ္ပာယ်မဲ့သော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်ပေသည်။ ယင်းသည် ဖာရိရှဲတို့လုပ်ကိုင်ခဲ့သည့်အရာ မဟုတ်လော။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးပြီး တွေ့ကြုံခံစားပါက ယင်းသည် သင့်အတွက် လက်တွေ့ကျလာလိမ့်မည်။ သင်သည် လက်တွေ့ကျင့်သုံးရန် မကြိုးစားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အတွက် တတိယမိုးကောင်းကင် ပုံပြင်ထက် အနည်းငယ် သာရုံသာ ရှိပေလိမ့်မည်။ အမှန်အားဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သင်တို့ကြုံတွေ့ပြီး ကိုယ်တော်၏ ရယူခြင်းကို ခံရခြင်း၊ သို့မဟုတ် ပို၍ရှင်းလင်းအောင် ဆိုရလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သိရှိနားလည်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ကြုံတွေ့ပြီး အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ယင်းသည် သင်တို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း နောက်ကွယ်မှ အမှန်တရားဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စစ်မှန်မှုအတွင်းသို့ဝင်ရောက်ရန် အားထုတ်ခြင်းမရှိဘဲ ဘုရားသခင်အားယုံကြည်ပြီး ထာဝရအသက်ကို မျှော်လင့်လျှင် သင်သည် မိုက်မဲသည်။ ယင်းသည် စားသောက်ပွဲကြီးကိုသွားပြီး အစားအစာကို ကြည့်ရုံကြည့်ခဲ့ပြီး အရသာရှိသောအရာများကို တစ်ခုတလေပင် ကိုယ်တိုင်ကိုယ်ကျ မမြည်းစမ်းဘဲ အလွတ်ကျက်မှတ်ခြင်းနှင့် တူသည်။ ထိုနေရာတွင်ရှိသော မည်သည့်အရာကိုမျှ စားသောက်ခြင်းမရှိသကဲ့သို့ဖြစ်မည်။ ထိုကဲ့သို့သော လူစားသည် လူမိုက်တစ်ဦးမဟုတ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၂၃)

လူသားတို့ ပိုင်ဆိုင်ရန်လိုအပ်သည့် သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်တွေ့နိုင်ပြီး၊ ယင်းသည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးနှင့် အထောက်အကူ အများဆုံးဖြစ်စေသည့် သမ္မာတရားဖြစ်သည်။ ယင်းမှာ လူသားအနေဖြင့်သူ၏ သာမန်လူ့သဘာဝကို ပြန်လည်ထိန်းသိမ်းရန် အထောက်အကူပြုသော အရာဖြစ်သည့် သင်တို့၏ခန္ဓာကိုယ်က လိုအပ်သော အားဆေးနှင့် အစာအာဟာရ ဖြစ်သည်။ လူသားတွင် ရှိအပ်သော သမ္မာတရားတစ်ရပ် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ ကျင့်သုံးလေလေ၊ သင်တို့၏ဘဝ လျင်မြန်စွာ ပွင့်လန်းလာလေဖြစ်ပြီး၊ သမ္မာတရားသည် ရှင်းလင်းလာလေလေ ဖြစ်သည်။ သင်တို့၏ ဝိညာဉ်အသက်တာ ကြီးထွားလာသည်နှင့်အမျှ သင်သည် ဝိညာဉ်လောက၏ အရာများကို သာ၍ရှင်းလင်းစွာ မြင်ပြီး စာတန်အပေါ် တွန်းလှန်ရန် ခွန်အား ရှိလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ ကျင့်သုံးသည့်အခါ သင်တို့ နားမလည်သော သမ္မာတရား အများအပြားသည် ရှင်းလင်းလာပေလိမ့်မည်။ လူအများစုသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ စာသားများကို နားလည်ရုံမျှနှင့် ကျေနပ်ကြပြီး ၎င်းတို့၏ လက်တွေ့ကျင့်သုံးခြင်း အတွေ့အကြုံကို နက်ရှိုင်းစေခြင်းထက် မိမိတို့ကိုယ်ကိုယ် အယူဝါဒများ တပ်ဆင်ထားရန်သာ အလေးထားကြ၏။ သို့ရာတွင် ယင်းမှာ ဖာရိရှဲများ၏ နည်းလမ်းပင် မဟုတ်ပါလော။ ထို့ကြောင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်” ဟူသော စကားရပ်မှာ သူတို့အတွက် မည်သို့စစ်မှန်နိုင်မည်နည်း။ လူတစ်ဦး၏ အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့်သာ မကြီးထွားနိုင်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးသည့်အခါမှသာ ကြီးထွားလေသည်။ အသက်နှင့် ဝိညာဉ်အသက်တာ ရရှိရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သာ လိုသည်ဟု သင်ယုံကြည်ပါက၊ သင်၏နားလည်မှုသည် လွဲမှားနေသည်။ သင်သည်သမ္မာတရားကို ကျင့်သုံးသောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး၊ “သမ္မာတရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် ၎င်းကိုနားလည်နိုင်သည်” ဆိုခြင်းကို သင်နားလည်ရမည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည်ဟုသာ ဆိုနိုင်သော်လည်း၊ သင်သည် ၎င်းကိုနားလည်သည်ဟု မဆိုနိုင်ပေ။ အချို့က သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် တစ်ခုတည်းသော နည်းလမ်းမှာ ယင်းကိုဦးစွာ နားလည်ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း၊ ယင်းမှာ တစ်စိတ်တစ်ပိုင်းသာ မှန်ပြီး၊ လုံးဝတိကျမှု မရှိသည်ကား သေချာပေသည်။ သမ္မာတရားတစ်ရပ်ကို သင်မသိသေးမီတွင်၊ သင်သည် သမ္မာတရားကို မတွေ့ကြုံရသေးပေ။ တရားဒေသနာ တစ်ခုတွင် သင်ကြားရသော အရာကို သင်နားလည်သည်ဟူသော ခံစားချက်မှာ စစ်မှန်စွာနားလည်ခြင်း မဟုတ်ပေ။ ယင်းမှာ သမ္မာတရား၏ တိုက်ရိုက်စကားလုံးများကို ပိုင်ဆိုင်ခြင်းမျှသာ ဖြစ်ပြီး၊ ၎င်းအထဲရှိ စစ်မှန်သည့် အဓိပ္ပာယ်ကို နားလည်ခြင်းနှင့် မတူညီပေ။ သမ္မာတရားကို အပေါ်ယံသာ နားလည်ခြင်းက ယင်းကို သင်အမှန်တကယ် နားလည်သည် သို့မဟုတ် သိသည်ဟု အဓိပ္ပာယ် မသက်ရောက်ပေ။ သမ္မာတရား၏ အဓိပ္ပာယ်အမှန်ကား ယင်းကို တွေ့ကြုံခြင်းမှ လာသည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို တွေ့ကြုံမှသာ ယင်းကို သင်နားလည်နိုင်ပြီး၊ ထိုအခါမှသာ ယင်း၏ဖုံးကွယ်နေသည့် အစိတ်အပိုင်းများကို သင် နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။ သင်၏အတွေ့အကြုံကို နက်နဲစေခြင်းကသာ သမ္မာတရား၏ ဂယက်အနက်ကို နားလည်သဘောပေါက်ရန်နှင့် သမ္မာတရား၏ အနှစ်သာရကို နားလည်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားနှင့်အတူ မည်သည့်နေရာကိုမဆို သွားနိုင်သော်လည်း၊ သင့်အထဲတွင် သမ္မာတရား မရှိသောအခါ သင်၏မိသားစုဝင်များကိုပင် လက်ခံယုံကြည်စေရန် မစဉ်းစားနှင့်၊ ဘာသာရေးကိုင်းရှိုင်းသော သူများဆို သာ၍ပင် မစဉ်းစားလေနှင့်။ သမ္မာတရားမရှိလျှင် သင်သည် တဖျပ်ဖျပ်ရစ်ဝဲကျနေသော ဆီးနှင်းပွင့်များကဲ့သို့ ဖြစ်သော်လည်း၊ သမ္မာတရားနှင့်ဆိုလျှင် သင်သည် ပျော်ရွှင်လွတ်လပ်နိုင်ကာ မည်သည့်အရာကမျှ သင့်ကို မတိုက်ခိုက်နိုင်ပေ။ သဘောတရားတစ်ရပ်သည် မည်မျှပင် အားကောင်းပါစေ၊ ၎င်းသည် သမ္မာတရားကို အနိုင်မယူနိုင်ပေ။ သမ္မာတရားနှင့်ဆိုလျှင် လောကတစ်ခုလုံးကို ယိမ်းထိုးစေနိုင်ကာ တောင်များနှင့် ပင်လယ်များကိုပင် ရွှေ့နိုင်သော်လည်း၊ သမ္မာတရား ချို့ငဲ့ခြင်းက ခိုင်ခံ့သော မြို့တံတိုင်းများကို လောက်ထိုးပြီး အုတ်ကျိုးအုတ်ပဲ့ ဖြစ်စေနိုင်သည်။ ယင်းသည် သိသာထင်ရှားသော အမှန်တရား ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၂၄)

လက်ရှိအဆင့်တွင် သမ္မာတရားကိုဦးစွာသိရန်နှင့် ၎င်းကို လက်တွေ့လုပ်ဆောင်မှုပြုကာ မိမိကိုယ်ကိုယ် သမ္မာတရား၏ စစ်မှန်သော အဓိပ္ပါယ် ဤထက်ရှိစေရန်မှာ အလွန်အရေးကြီးသည်။ သင်တို့သည် ဤသည်ကို ရအောင်ကြိုးစားရမည်။ သင့်စကားလုံးများ နောက်ကို အခြားသူများ လိုက်လျှောက် လာစေရုံသာ ကြိုးစားမည့်အစား သင့်လက်တွေ့လုပ်ဆောင်မှုများ နောက်ကို သူတို့လိုက်လျှောက်လာအောင် သင်လုပ်သင့်သည်။ ဤနည်းလမ်းဖြင့်သာ အဓိပ္ပါယ်ရှိသော အရာတစ်ခုကို သင်ရှာဖွေနိုင်ပေမည်။ သင့်အပေါ်သို့ မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ သင်နှင့် တွေ့ဆုံကြုံကြိုက်သူ မည်သူဖြစ်စေ၊ သင့်တွင် သမ္မာတရားရှိနေသမျှ ကာလပတ်လုံး သင်သည် ခိုင်မြဲစွာရပ်တည်နိုင်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဆိုသည်မှာ လူသားထံ အသက်တာ ယူဆောင်လာပေးသော အရာဖြစ်ပြီး၊ သေခြင်းကို ယူဆောင်လာပေးခြင်း မဟုတ်ပေ။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက် သင်သည် အသက်ဝင်မလာဘဲ သေနေဆဲဆိုပါက သင်သည် တစ်ခုခု မှားယွင်းနေပေပြီ။ အကယ်၍ အချိန်ခဏကြာသည့်တိုင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို များစွာဖတ်ရှုထားပြီး လက်တွေ့ကျသော တရားဒေသနာများစွာကို ကြားထားသော်လည်း သင်သည် သေနေဆဲ အခြေအနေတွင်ရှိပါက၊ ယင်းမှာ သင်သည် သမ္မာတရားကို တန်ဖိုးထားသူ မဟုတ်ရုံမက သမ္မာတရားကို လိုက်စားသူ မဟုတ်ကြောင်း သက်သေပင်တည်း။ အကယ်၍ သင်တို့သည် ဘုရားသခင်ကို ရရှိရန် အမှန်တကယ် ကြိုးစားပါက သင်တို့ကိုယ်သင်တို့ အယူဝါဒများ ရှိရန်နှင့် အခြားသူများအား သင်ကြားရန်အလို့ငှာ မြင့်မြတ်သောအယူဝါဒများကို အသုံးပြုရန် အာရုံစိုက်မည် မဟုတ်ပေ။ ယင်းအစား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံရန်နှင့် သမ္မာတရားကို လက်တွေ့ ကျင့်သုံးကြည့်ရန် အာရုံစိုက်ပေမည်။ ဤသည်မှာ ယခု သင်တို့ဝင်ရောက်ရန် ကြိုးစားသင့်သည့်အရာ မဟုတ်လော။

လူတို့ထဲတွင် ဘုရားသခင်အလုပ် လုပ်ရန် ကိုယ်တော်အတွက် အချိန်အနည်းငယ်သာ ရှိနေသောကြောင့် အကယ်၍ သင်သည် ကိုယ်တော်နှင့် ပူးပေါင်းလုပ်ဆောင်မှု မပြုလျှင် မည်သည့် ရလဒ်ရှိနိုင်မည်နည်း။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်သည်နှင့် သင်တို့အား ဘုရားသခင်က အဘယ်ကြောင့် လက်တွေ့ကျင့်သုံးစေလိုသနည်း။ အကြောင်းမှာ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို သင်တို့အား ထုတ်ဖော်ပြခဲ့ပြီးဖြစ်ရာ သင်တို့၏ နောက်ထပ်ခြေလှမ်းမှာ ၎င်းတို့ကို အမှန်တကယ် လက်တွေ့ကျင့်သုံးရန်သာ ဖြစ်၏။ ယင်းနှုတ်ကပတ်တော်များကို သင်လက်တွေ့ကျင့်သုံးနေစဉ် ဘုရားသခင်သည် အသိဉာဏ်ဖွင့်မှုနှင့် လမ်းညွှန်ပြသမှုကို လုပ်ဆောင်မည် ဖြစ်သည်။ ဤသည်မှာ လုပ်ဆောင်ရမည့် ပုံပင်တည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် လူသားကို အသက်တာထဲတွင် ပွင့်လန်းစေပြီး လူသားကို သွေဖီစေသော သို့မဟုတ် မလှုပ်မယှက် နေစေနိုင်သော အဘယ်အရာကိုမျှ ပိုင်ဆိုင်ခွင့်မပေးပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး၍ လက်တွေ့ကျင့်သုံးကြောင်း ပြောဆိုသော်လည်း၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အလုပ်တစ်ခုတလေကိုမျှ မရသေးပေ။ သင်၏စကားလုံးများသည် ကလေးသူငယ်ကိုသာ အရူးလုပ်နိုင်ပေမည်။ သင်၏ရည်ရွယ်ချက်များ မှန်မမှန်ကို အခြားသူများ သိမည် မဟုတ်သော်လည်း၊ ဘုရားသခင် မသိဘဲနေရန် ဖြစ်နိုင်သည်ဟု သင်ထင်သလော။ အခြားသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ် ဖွင့်ပေးမှုကို ရရှိသော်လည်း၊ သင်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ် ဖွင့်ပေးမှုကို မရရှိသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင်တွင် စိတ်လှုပ်ရှားမှုများ ရှိသလော။ အကယ်၍ သင်၏ရည်ရွယ်ချက်များ တကယ်ပင် မှန်ကန်ပြီး သင်သည် ပူးပေါင်းဆောင်ရွက်လျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်နှင့်အတူရှိနေမည်။ အချို့သောလူများသည် ကိုယ့်အလံကိုယ် အမြဲစိုက်ထူလိုကြသော်လည်း ဘုရားသခင်က သူတို့အား အသင်းတော်ကို ထ၍ဦးဆောင်ခွင့် မပေးသည်မှာ အဘယ်ကြောင့်နည်း။ အချို့သောလူများသည် မိမိတို့လုပ်ငန်းတာဝန်ကို လုပ်ဆောင်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရုံထမ်းဆောင်ကာ သူတို့ မသိလိုက်ခင် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို သူတို့ရရှိထားကြသည်။ ယင်းသည် မည်ကဲ့သို့ ဖြစ်နိုင်သနည်း။ ဘုရားသခင်သည် လူသား၏ အတွင်းအကျဆုံး စိတ်နှလုံးကို စစ်ဆေးခြင်းဖြစ်ရာ သမ္မာတရားကို လိုက်စားသူများသည် မှန်ကန်သော ရည်ရွယ်ချက်များဖြင့် ထိုသို့လုပ်ဆောင်သင့်သည်။ မှန်ကန်သော ရည်ရွယ်ချက်များ မရှိသူတို့သည် အခိုင်အမာခံ ရပ်တည်နိုင်မည် မဟုတ်ပေ။ အဓိကအကျဆုံးမှာ သင်တို့၏ပန်းတိုင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့အထဲ၌ သက်ရောက်စေရန် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ လက်တွေ့ ကျင့်သုံးရာ၌၊ ထိုနှုတ်ကပတ်တော်ကို မှန်ကန်စွာ နားလည်မှုရှိရန် ဖြစ်သည်။ သင်တို့၏ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်နိုင်စွမ်းသည် အားနည်းကောင်း အားနည်းနေနိုင်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်လက်တွေ့ကျင့်သုံးသောအခါ ကိုယ်တော်သည် ဤအပြစ်အနာအဆာကို ပြုပြင်ပေးနိုင်သည်ဖြစ်ရာ၊ သင်သည် သမ္မာတရားများစွာကို သိရုံတင်မက ၎င်းတို့ကို လက်တွေ့လည်း ကျင့်သုံးရမည်။ ဤသည်မှာ လျစ်လျူရှု၍ မရနိုင်သော အကြီးမားဆုံး အချက်အချာဖြစ်သည်။ ယေရှုသည် သူ၏ နှစ်ပေါင်း သုံးဆယ့်သုံးနှစ်ခွဲတွင် အရှက်ကွဲခြင်းမှုများနှင့် များစွာသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံခဲ့သည်။ သူသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခဲ့ခြင်း၊ အရာခပ်သိမ်း၌ ဘုရားသခင်၏ အလိုတော်ကို ပြုလုပ်ခဲ့ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကိုသာ အမှုထားခဲ့ခြင်းကြောင့်ပင် အလွန်တရာ ဆင်းရဲဒုက္ခ ခံစားခဲ့ရသည်။ ယင်းမှာ အကယ်၍ ကိုယ်တော်သည် လက်တွေ့ ကျင့်သုံးမှုမရှိဘဲ သမ္မာတရားကို သိခဲ့လျှင် ခံစားခဲ့ရမည် မဟုတ်သော ဆင်းရဲဒုက္ခဖြစ်၏။ အကယ်၍ ယေရှုသည် ယုဒလူမျိုးတို့၏ သွန်သင်ချက်များ နောက်ကို လိုက်လျှောက်ခဲ့ပြီး ဖာရိရှဲတို့၏ နောက်ကို လိုက်လျှောက်ခဲ့လျှင် ကိုယ်တော်သည် ဒုက္ခဆင်းရဲ ခံစားခဲ့ရမည် မဟုတ်ပေ။ လူတို့အပေါ် ဘုရားသခင်၏ အမှုတော်၏ သက်ရောက်မှုသည် လူသား၏ ပူးပေါင်းလုပ်ဆောင်မှုမှ လာကြောင်းကို သင်သည် ယေရှု၏ လုပ်ဆောင်ချက်များမှ သင်ယူနိုင်သည်။ ဤသည်မှာ သင်တို့သိထားရမည့် အရာပင်တည်း။ အကယ်၍ ကိုယ်တော်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးခဲ့လျှင် ယေရှုသည် ဤသို့ဤပုံ လက်ဝါးကပ်တိုင်တွင် ခံစားခဲ့ရမည်လော။ အကယ်၍ ကိုယ်တော်သည် ဘုရားသခင်၏ အလိုတော်အတိုင်း မပြုမူခဲ့ပါက ဤမျှ ဝမ်းနည်းစရာကောင်းသော ဆုတောင်းပတ္ထနာကို ပြုနိုင်ခဲ့မည်လော။ ထို့ကြောင့် သင်တို့သည် သမ္မာတရား လက်တွေ့ ကျင့်သုံးမှုအတွက်ကြောင့် ဆင်းရဲဒုက္ခ ခံစားသင့်သည်၊ ဤသည်မှာ လူတစ်ဦးခံရမည့် ဆင်းရဲဒုက္ခ အမျိုးအစားပင်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၂၅)

လက်တွေ့တွင်၊ ပညတ်တော်များကို စောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်နေသင့်ပေသည်။ ပညတ်တော်များကို စောင့်ထိန်းနေစဉ်တွင်၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ရမည် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ၊ ပညတ်တော်များ၏ အခြေခံသဘောတရားများကို ချိုးဖောက်ရမည် မဟုတ်သကဲ့သို့၊ ပညတ်တော်များကို ဆန့်ကျင်ရမည် မဟုတ်ပေ။ သင့်ကို ဘုရားသခင် တောင်းဆိုသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်ရမည်။ ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် အချင်းချင်းဆက်စပ်မှု ရှိနေသည်၊ ဆန့်ကျင်နေခြင်း မဟုတ်ပေ။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်လေလေ၊ ပညတ်တော်များ၏ အနှစ်သာရကို စောင့်ထိန်းခြင်းကို သင် လုပ်နိုင်စွမ်းရှိလာလေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ၊ ပညတ်တော်များတွင် ဖော်ပြထားသည့် အတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည်လေလေ ဖြစ်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပညတ်တော်များကို စောင့်ထိန်းခြင်းတို့သည် ဆန့်ကျင်သော လုပ်ရပ်များမဟုတ်ပေ- ၎င်းတို့သည် အချင်းချင်းဆက်စပ်မှု ရှိလေသည်။ ကနဦးတွင်၊ လူသားသည် ပညတ်တော်များကို စောင့်ထိန်းပြီးမှသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးမှုကို ရရှိနိုင်သည်၊ သို့သော် ဤသည်မှာ ဘုရားသခင်၏ မူလ ရည်ရွယ်ချက် မဟုတ်ပေ။ သင့်အနေဖြင့် ကောင်းသော အပြုအမူကို ကျင့်ရုံမျှမဟုတ်ဘဲ၊ ဘုရားသခင်ကို စိတ်နှလုံးဖြင့် ကိုးကွယ်ဖို့ ဘုရားသခင် တောင်းဆိုပေသည်။ သို့ရာတွင်၊ သင်သည် ပညတ်တော်များကို အနည်းဆုံး အပေါ်ယံအားဖြင့် စောင့်ထိန်းရမည်။ တဖြည်းဖြည်း၊ အတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်နှင့်သက်ဆိုင်သော သာ၍ ရှင်းလင်းသည့် သိနားလည်မှုကို ရရှိပြီးနောက်တွင်၊ လူတို့သည် ဘုရားသခင်အား ပုန်ကန်ခြင်းနှင့် ခုခံခြင်း ရှိတော့မည် မဟုတ်သကဲ့သို့ သူ၏ အမှုနှင့်ပတ်သက်၍ မည်သည့်သံသယမျှ ရှိတော့မည်မဟုတ်ပေ။ ဤသည်မှာ လူတို့အနေဖြင့် ပညတ်တော်များ၏ အနှစ်သာရကို လိုက်နာနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ ပညတ်တော်များကို စောင့်ထိန်းခြင်းမျှသည် ထိရောက်မှုမရှိသကဲ့သို့၊ သင်သည် စစ်မှန်သည့် ဝိညာဉ်အသက်တာ မရရှိသေးသည့်အတွက် ဘုရားသခင်ကို မှန်ကန်သော ကိုးကွယ်ခြင်း မဖြစ်ပေ။ သမ္မာတရားမပါဘဲ ပညတ်တော်များကို စောင့်ထိန်းခြင်းသည် စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် လိုက်နာခြင်းနှင့်သာ ညီမျှပေသည်။ ထိုသို့လုပ်ဆောင်ရာတွင်၊ ပညတ်တော်များသည် အသက်တာတွင် သင့်ကို ကြီးထွားရန် ကူညီမည် မဟုတ်သည့် သင်၏ နိယာမ ဖြစ်လာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့သည် သင်၏ဝန်ထုပ်ဖြစ်လာပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ကို ဆုံးရှုံးစေလျက်၊ ဓမ္မဟောင်းကျမ်း၏ ပညတ်တရားများ ကဲ့သို့ သင့်ကို တင်းကျပ်စွာ ချုပ်နှောင်ပေမည်။ ထို့ကြောင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ ပညတ်တော်များကို ထိရောက်စွာ သင် စောင့်ထိန်းနိုင်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အလို့ငှာ ပညတ်တော်များကို သင် စောင့်ထိန်းခြင်းဖြစ်သည်။ ပညတ်တော်များကို စောင့်ထိန်းခြင်း ဖြစ်စဉ်တွင်၊ သင်သည် သာ၍များသော သမ္မာတရားများကိုပင် လက်တွေ့လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချိန်တွင် ပညတ်တော်များက အမှန်တကယ် မည်သည့်အရာ ဆိုလိုသည်နှင့်သက်ဆိုင်၍ သာ၍ပင် နက်ရှိုင်းသော သိနားလည်မှုကို သင် ရရှိလိမ့်မည်။ လူသားများ ပညတ်တော်များကို စောင့်ထိန်းဖို့ ဘုရားသခင်၏ တောင်းဆိုမှုနောက်ကွယ်က ရည်ရွယ်ချက်နှင့် အနက်အဓိပ္ပါယ်သည် လူသားစိတ်ကူးနိုင်သကဲ့သို့ စည်းမျဉ်းများကို လိုက်လျှောက်စေဖို့သာ မဟုတ်ပေ။ ယင်းထက်၊ လူသား၏ အသက်ထဲသို့ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်ပေသည်။ အသက်၌ သင်၏ ကြီးထွားမှု အတိုင်းအတာသည် ပညတ်တော်များကို သင် စောင့်ထိန်းနိုင်မည့် အတိုင်းအတာကို ချမှတ်ပေး၏။ ပညတ်တော်များသည် လူသား စောင့်ထိန်းရန်အတွက် ဖြစ်သော်လည်း၊ ပညတ်တော်များ၏ အနှစ်သာရမှာ လူသား၏ ဘဝအတွေ့အကြုံမှတစ်ဆင့်သာ ပေါ်လွင်လာပေသည်။ လူအများစုက ပညတ်တော်များကို ကောင်းစွာ စောင့်ထိန်းခြင်းသည် ၎င်းတို့အနေဖြင့် “လုံးဝ အဆင်သင့်ရှိကာ၊ လုပ်ဆောင်ဖို့ ကျန်ရှိသမျှသည် ချီဆောင်ခံရဖို့သာ ဖြစ်သည်” ကို ဆိုလိုသည်ဟု ထင်တတ်ကြသည်။ ဤသည်မှာ လွန်ကဲသော အယူအဆတစ်မျိုး ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီခြင်း မရှိပေ။ ထိုသို့သောအရာများကို ပြောဆိုသောသူတို့သည် တိုးတက်ရန် ဆန္ဒမရှိကြဘဲ ဇာတိပကတိကို တပ်မက်ကြလေသည်။ ယင်းသည် အဓိပ္ပါယ်မရှိပေ။ ယင်းသည် စစ်မှန်မှုနှင့် မကိုက်ညီပေ။ ပညတ်တော်များကို အမှန်တကယ် စောင့်ထိန်းခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရုံမျှ လုပ်ဆောင်ဖို့မှာ ဘုရားသခင်၏ အလိုတော် မဟုတ်ပေ။ ဤသို့ လုပ်ဆောင်သူတို့သည် မသန်စွမ်းသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ခြေထောက်တစ်ဘက် မရှိသည့် လူများကဲ့သို့ ဖြစ်ကြသည်။ သမ္မာတရားကို ပိုင်ဆိုင်ခြင်းမရှိဘဲ၊ စည်းမျဉ်းများကို လိုက်နာနေသည့်အလား ပညတ်တော်များကို စောင့်ထိန်းရုံမျှ စောင့်ထိန်းခြင်း- ဤသည်မှာ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းငှာ တတ်စွမ်းနိုင်ခြင်းလည်း မရှိပေ။ မျက်စိတစ်ဘက် မရှိသောသူများကဲ့သို့၊ ဤအရာ လုပ်ဆောင်သောသူတို့သည်လည်း မသန်မစွမ်းဖြစ်ခြင်း တစ်မျိုးကို ခံစားကြရပေသည်။ သင်သည် ပညတ်တော်များကို ကောင်းစွာစောင့်ထိန်းပြီး လက်တွေ့ကျသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခုကို ရရှိပါက၊ သမ္မာတရားကို သင် ပိုင်ဆိုင်လိမ့်မည်ဟု ဆိုနိုင်ပေသည်။ နှိုင်းယှဉ်ပြောဆိုရမည်ဆိုပါက၊ သင်သည် စစ်မှန်သော ဝိညာဉ်အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ပါက၊ ပညတ်တော်များကိုလည်း သင် စောင့်ထိန်းလိမ့်မည် ဖြစ်ပြီး၊ ဤအရာနှစ်ခုသည် အချင်းချင်း ဆန့်ကျင်ခြင်း မရှိပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပညတ်တော်များကို စောင့်ထိန်းခြင်းတို့သည် စနစ်နှစ်ခုဖြစ်သည်၊ ထိုအရာ နှစ်ခုစလုံးသည် လူတစ်ဦး၏ အသက်အတွေ့အကြုံနှင့်ဆိုင်သော တစ်သားတည်းဖြစ်သည့် အစိတ်အပိုင်းများ ဖြစ်သည်။ လူတစ်ဦး၏ အတွေ့အကြုံသည် ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့အား ခွဲခြားခြင်းမဟုတ်၊ ပေါင်းစည်းခြင်း အဖြစ် ပါဝင်သင့်ပေသည်။ သို့ရာတွင်၊ ဤအရာနှစ်ခုကြားတွင် ကွဲပြားမှုများနှင့် ဆက်နွှယ်မှုများ နှစ်ခုလုံးရှိလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၂၆)

ခေတ်သစ်ထဲ၌ ပညတ်တော်များကို ပြဋ္ဌာန်းခြင်းသည် ဤရေစီးကြောင်းတွင်ရှိသည့် လူများအားလုံး၊ ဘုရားသခင်၏အသံကို ယနေ့ ကြားသောသူအားလုံးသည် ခေတ်သစ်သို့ ဝင်ရောက်ခဲ့ပြီဆိုသည့် အချက်ကို သက်သေခံချက်တစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုအတွက် အသစ်သော စတင်ခြင်းဖြစ်သည့်အပြင်၊ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်နှင့်ဆိုင်သည့် အမှု၏ နောက်ဆုံးပိုင်း၏ အစလည်း ဖြစ်သည်။ ခေတ်သစ်၏ ပညတ်တော်များသည် လူသားနှင့် ဘုရားသခင်တို့ ကောင်းကင်သစ်နှင့် မြေကြီးသစ် နယ်ပယ်ထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ၊ ဣသရေလလူမျိုးများကြား ယေဟောဝါ အမှုပြုခဲ့သည့်အတိုင်းနှင့် ဂျူးလူမျိုးများကြား ယေရှု အမှုပြုခဲ့သကဲ့သို့သာ၊ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သာ၍ လက်တွေ့ကျသော အမှုကို ပြုလိမ့်မည်ဖြစ်ပြီး၊ သာ၍ များပြားကာ သာ၍ပင်ကြီးမားသည့် အမှုကို ပြုလိမ့်မည်ဖြစ်သည့် သင်္ကေတဖြစ်သည်။ ဤလူစုသည် ဘုရားသခင်ထံမှ သာ၍များပြားပြီး ကြီးမြတ်သော တာဝန်ပေးစေခိုင်းချက်များကို ရရှိလိမ့်မည်ဖြစ်ကာ၊ သူ၏ လက်တွေ့ကျသည့်ပုံစံဖြင့် ထောက်ပံ့ခြင်းခံရမည်၊ ကျွေးမွေးခံရမည်၊ အားပေးခံရမည်၊ စောင့်ရှောက်ခံရမည်ဖြစ်ပြီး ကွယ်ကာပေးခြင်းခံရမည်၊ သူ့အားဖြင့် လက်တွေ့ကျသော လေ့ကျင်မှုပေးခြင်းကိုပင် သာ၍ ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ကိုင်တွယ်ဖြေရှင်း ခံရမည်၊ ကျိုးပဲ့ကြေမွပြီး စစ်ဆေးခံရမည် ဖြစ်သည့် သညာလည်း ဖြစ်ပေသည်။ ခေတ်သစ် ပညတ်တော်များ၏အဓိပ္ပါယ်သည် အတော်အတန် နက်နဲ၏။ ကမ္ဘာမြေပေါ်တွင် ဘုရားသခင် အမှန်တကယ် ပေါ်ထွန်းမည်၊ လူ့ဇာတိ၌ သူ၏ဘုန်းတော်အားလုံးကို ထုတ်ဖော်လျက်၊ ထိုနေရာမှ စကြဝဠာတစ်ခွင်လုံးကို သူ သိမ်းပိုက်မည်ဖြစ်သည်ကို ၎င်းတို့ ညွှန်ပြသည်။ လက်တွေ့ကျသော ဘုရားသခင်သည် သူရွေးချယ်ထားသောသူ အားလုံးကို စုံလင်စေဖို့အလို့ငှာ ကမ္ဘာမြေပေါ်၌ လက်တွေ့ကျသော အမှုကို သာ၍ လုပ်ဆောင်မည်ဖြစ်သည်ကိုလည်း ညွှန်ပြသည်။ ထို့အပြင်၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များဖြင့် ကမ္ဘာပေါ်ရှိအရာခပ်သိမ်းကို ပြီးမြောက်စေလိမ့်မည် ဖြစ်ပြီး၊ “လူ့ဇာတိခံ ဘုရားသခင်သည် အမြင့်ဆုံးအရပ်သို့ ထမြောက်လိမ့်မည် ဖြစ်ကာ ချီးပင့်မြှောက်စားခြင်း ခံရမည်ဖြစ်ပြီး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအားလုံးသည် ကြီးမြတ်သော ဘုရားသခင်ကို ကိုးကွယ်ဖို့ ဒူးထောက်ကြလတ္တံ့” ဟူသည့် အမိန့်ကို ထင်ရှားစေလိမ့်မည်။ ခေတ်သစ်၏ ပညတ်တော်များသည် လူသား စောင့်ထိန်းရန်အတွက် ဖြစ်ပြီး၊ ထိုသို့လုပ်ဆောင်ခြင်းသည် လူသား၏ တာဝန်နှင့် ဝတ္တရားဖြစ်သော်လည်း၊ ၎င်းတို့ ကိုယ်စားပြုသည့် အနက်အဓိပ္ပါယ်သည် နှုတ်ကပတ်တော် တစ်ခု၊ နှစ်ခုဖြင့် ပြည့်စုံစွာ ဖော်ပြရန် အလွန် နက်နဲလွန်းပေသည်။ ခေတ်သစ်၏ ပညတ်တော်များသည် ယေဟောဝါနှင့်ယေရှုတို့ ပြဋ္ဌာန်းခဲ့သည့်အတိုင်း ဓမ္မဟောင်း ပညတ်တရားများနှင့် ဓမ္မသစ် စည်းမျဉ်းစည်းကမ်းတို့ကို အစားထိုးပေသည်။ ဤသည်မှာ လူတို့ စိတ်ကူးထားသည့်အတိုင်း ရိုးရှင်းသော ကိစ္စရပ်တစ်ခုမဟုတ်ဘဲ၊ သာ၍ နက်ရှိုင်းသော သင်ခန်းစာတစ်ခု ဖြစ်သည်။ ခေတ်သစ်၏ ပညတ်တော်များတွင် လက်တွေ့ကျသော ရည်ရွယ်ချက်နှင့် ဆိုင်သည့် ရှုထောင့်တစ်ခု ရှိ၏- ထိုပညတ်တော်တို့သည် ကျေးဇူးတော်ခေတ် နှင့် နိုင်ငံတော်ခေတ်တို့အကြား ကြားခံဆက်သွယ်ပေးသော အရာအဖြစ် အသုံးတော်ခံလေသည်။ ခေတ်သစ်၏ ပညတ်တော်များသည် ခေတ်ဟောင်း၏ ကျင့်ကြံမှုများနှင့် လုပ်ထုံးလုပ်နည်းများ အားလုံးအပြင်၊ ယေရှု၏ခေတ်နှင့် ထိုခေတ်မတိုင်မီက ကျင့်ကြံမှုများအားလုံးကို အဆုံးသတ်စေလေသည်။ ၎င်းတို့သည် လူသားကို ဘုရားသခင်ကိုယ်တော်တိုင်၏ စုံလင်စေခြင်းကို စတင်ခံရရန် အခွင့် ပေးရင်း၊ သာ၍ လက်တွေ့ကျသော ဘုရားသခင်၏ မျက်မှောက်သို့ လူသားကိုခေါ်ဆောင်၏။ ၎င်းတို့သည် စုံလင်ခြင်း လမ်းကြောင်း၏ အစဖြစ်သည်။ ထို့ကြောင့်၊ သင်တို့သည် ခေတ်သစ် ပညတ်တော်များနှင့် စပ်လျဉ်း၍ မှန်ကန်သည့် သဘောထားတစ်ခုကို ပိုင်ဆိုင်သင့်ပြီး၊ ၎င်းတို့ကို ဖြစ်ကတတ်ဆန်း မလိုက်လျှောက်သင့်သကဲ့သို့ အထင်အမြင်မသေးသင့်ပေ။ ခေတ်သစ်၏ ပညတ်တော်များသည် အချက် တစ်ချက်ကို အလွန် အလေးပေးထား၏- ယင်းမှာ လူသားအနေဖြင့် ယနေ့ လက်တွေ့ကျသော ဘုရားသခင်ကို ကိုးကွယ်ရမည်၊ ယင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရကို သာ၍ လက်တွေ့ကျကျ နာခံခြင်း ပါဝင်၏။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်း၏ နေမင်းအဖြစ် ထင်ရှားပြီးသည့်နောက် လူကို အပြစ်ရှိသည်ဖြစ်စေ ဖြောင့်မတ်သည်ဖြစ်စေ တရားစီရင်မည့် ဥပဒေသကိုလည်း ပညတ်တော်များက အလေးပေးထားသည်။ ပညတ်တော်များသည် လက်တွေ့လုပ်ဆောင်ခြင်းထက် နားလည်ရန် ပိုမို လွယ်ကူသည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် ဆန္ဒရှိပါက၊ သူကိုယ်တိုင်၏ နှုတ်ကပတ်တော်များနှင့် လမ်းပြမှုတို့မှတစ်ဆင့် ထိုသို့ လုပ်ဆောင်ရမည်ဖြစ်ပြီး လူသားအနေဖြင့် မိမိ၏ မွေးရာပါ အသိဉာဏ် တစ်ခုတည်းဖြင့် စုံလင်ခြင်း မရရှိနိုင်သည်ကို ဤအရာမှ မြင်နိုင်ပေသည်။ လူသားအနေဖြင့် ခေတ်သစ် ပညတ်တော်များကို စောင့်ထိန်းနိုင်ခြင်း ရှိမရှိဆိုသည်မှာ လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သော သူ၏ အသိပညာနှင့် သက်ဆိုင်ပေသည်။ ထို့ကြောင့်၊ ပညတ်တော်များကို သင်စောင့်ထိန်းနိုင်ခြင်း ရှိမရှိဆိုသည်မှာ နေ့ရက်ကာလမျှဖြင့် ပြေလည်သွားမည့် ပြဿနာတစ်ခု မဟုတ်ပေ။ ဤသည်မှာ သင်ယူရမည့် အလွန်နက်နဲသော သင်ခန်းစာတစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၂၇)

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် လူသား၏ အသက်တာ ကြီးထွားနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက၊ သင်သည် သဘောတရားများသာ ရှိလိမ့်မည်ဖြစ်ပြီး တကယ့်အသက် ရှိလိမ့်မည်မဟုတ်။ သမ္မာတရားသည် လူသား၏ ဝိညာဉ်အသက်တာ သင်္ကေတဖြစ်ပြီး၊ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်မှာ စစ်မှန်သော ဝိညာဉ်အသက်တာ သင်၌ ရှိမရှိဆိုသည်နှင့် ဆက်နွှယ်နေပေသည်။ သမ္မာတရားကို သင် လက်တွေ့ မလုပ်ဆောင်ပါက၊ ဖြောင့်မတ်စွာ မပြုမူပါက၊ သို့မဟုတ် စိတ်ခံစားချက်များနှင့် ဇာတိပကတိအတွက် အရေးစိုက်မှုတို့ဖြင့် စိုးမိုးခြယ်လှယ်ခံရပါက၊ သင်သည် ပညတ်တော်များကို စောင့်ထိန်းခြင်းမှ အလွန် အလှမ်းဝေးပေသည်။ ဤသည်မှာ သင်ခန်းစာများထဲမှ အလေးနက်ဆုံးသော သင်ခန်းစာဖြစ်သည်။ ခေတ်တိုင်းတွင်၊ လူတို့ ဝင်ရောက်ပြီး နားလည်ရန်လိုအပ်သည့် သမ္မာတရားများစွာ ရှိသော်လည်း၊ ခေတ်အသီးသီးတွင်၊ ထိုသမ္မာတရားများနှင့်အတူပါရှိသည့် ကွဲပြားသော ပညတ်တော်များလည်း ရှိပေသည်။ လူတို့ လက်တွေ့လုပ်ဆောင်သည့် သမ္မာတရားများသည် တိကျသည့် ခေတ်တစ်ခေတ်နှင့် ဆက်နွှယ်နေပြီး ၎င်းတို့စောင့်ထိန်းသည့် ပညတ်တော်များသည်လည်း ထို့အတူဖြစ်သည်။ ခေတ်အသီးသီးသည် လက်တွေ့လုပ်ဆောင်ရမည့် မိမိကိုယ်ပိုင် သမ္မာတရားများနှင့် စောင့်ထိန်းရမည့် ပညတ်တော်များရှိ၏။ သို့ရာတွင်၊ ဘုရားသခင် ပြဋ္ဌာန်းသည့် အမျိုးမျိုးသော ပညတ်တော်များပေါ် မူတည်၍- ဆိုလိုသည်မှာ ကွဲပြားသော ခေတ်များပေါ် မူတည်၍- လူသား၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ ပန်းတိုင်နှင့် အကျိုးဆက်မှာ အချိုးညီမျှစွာ ကွဲပြားလေသည်။ ပညတ်တော်များသည် သမ္မာတရားကို အသုံးတော်ခံပြီး သမ္မာတရားသည် ပညတ်တော်များကို ထိန်းသိမ်းရန် တည်ရှိသည်ဟု ဆိုနိုင်ပေသည်။ သမ္မာတရားတစ်ခုတည်းသာ ရှိခဲ့ပါက၊ ဘုရားသခင်၏အမှုတွင် ပြောလောက်စရာ ပြောင်းလဲမှုများ ရှိလိမ့်မည် မဟုတ်ပေ။ သို့သော်၊ ပညတ်တော်များကို ရည်ညွှန်းခြင်းအားဖြင့်၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲက ဦးတည်ရာများ၏ အတိုင်းအတာကို ခွဲခြားနိုင်ပြီး၊ ဘုရားသခင်၏ အမှုပြုသည့် ခေတ်ကို သိနိုင်ပေသည်။ ဘာသာတရားတွင်၊ ပညတ်တော်ခေတ်၌ လူတို့ လက်တွေ့လုပ်ဆောင်ခဲ့ကြသည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်ကြသည့် လူများစွာ ရှိ၏။ သို့သော်၊ ၎င်းတို့သည် ခေတ်သစ်၏ ပညတ်တော်များကို မပိုင်ဆိုင်ကြသကဲ့သို့၊ ထိုပညတ်တော်များကို စောင့်ထိန်းနိုင်ခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် နည်းလမ်းဟောင်းများကို လိုက်နာကြဆဲဖြစ်ပြီး ကမ္ဘာဦးက လူသားများကဲ့သို့ ရှိမြဲရှိကြလေသည်။ ၎င်းတို့နှင့်အတူ အမှု၏ နည်းစနစ်သစ်များ မပါရှိသကဲ့သို့၊ ၎င်းတို့သည် ခေတ်သစ်၏ ပညတ်တော်များကိုလည်း မမြင်နိုင်ကြပေ။ ထိုသို့ဖြင့်၊ ၎င်းတို့၌ ဘုရားသခင်၏ အမှု မရှိကြချေ။ ၎င်းတို့၌ ကြက်ဥအခွံအလွတ်များသာ ရှိကြသည့်အလား ဖြစ်သည်။ အထဲတွင် ကြက်ပေါက်စ မရှိပါက၊ ဝိညာဉ်လည်း မရှိပေ။ သာ၍ တိတိကျကျ ပြောရမည်ဆိုပါက၊ ယင်းမှာ ၎င်းတို့ အသက်မရှိကြဟု ဆိုလိုပေသည်။ ထိုသို့သောလူများသည် ခေတ်သစ်ကို မဝင်ရောက်ကြသေး သကဲ့သို့၊ ခြေလှမ်းပေါင်းများစွာ နောက်ကျကျန် ခဲ့လေပြီဖြစ်သည်။ ထို့ကြောင့်၊ ခေတ်ဟောင်းမှ သမ္မာတရားများ ရှိသော်လည်း၊ ခေတ်သစ်၏ ပညတ်တော်များမရှိခြင်းသည် အသုံးမဝင်ပေ။ သင်တို့ အတော်များများသည် ယနေ့၏သမ္မာတရားကို လက်တွေ့လုပ်ဆောင် ကြသော်လည်း၊ ယနေ့၏ ပညတ်တော်များကို မစောင့်ထိန်းကြပေ။ သင်တို့ မည်သည့်အရာမျှ ရရှိကြလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့ လက်တွေ့လုပ်ဆောင်သည့် သမ္မာတရားသည် တန်ဖိုးမဲ့ကာ အဓိပ္ပါယ်မဲ့လိမ့်မည်ဖြစ်ပြီး ဘုရားသခင်သည် သင့်ကို ချီးမွမ်းလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအမှုနှင့်ဆိုင်သော နည်းစနစ်များ၏ ကန့်သတ်ချက် ဘောင်အများအတွင်းတွင် လုပ်ဆောင်ရမည်ဖြစ်သည်။ ယင်းကို လက်တွေ့ကျသော ဘုရားသခင်၏ အသံကို တုန့်ပြန်သည့်အနေဖြင့် လုပ်ဆောင်ရပေမည်။ ထိုသို့လုပ်ဆောင်ခြင်းမရှိပါက၊ အရာရာ ပျက်ပြယ်လေသည်၊ ဝါးခြင်းတောင်းတစ်ခုကို အသုံးပြုလျက် ရေခတ်ဖို့ ကြိုးပမ်းခြင်းနှင့် ဆင်တူ၏။ ဤသည်မှာ ခေတ်သစ်၏ ပညတ်တော်များကို ပြဋ္ဌာန်းခြင်း၏ လက်တွေ့ကျသော အဓိပ္ပါယ်လည်း ဖြစ်၏။ လူတို့သည် ပညတ်တော်များကို လိုက်နာရမည်ဆိုပါက၊ အနည်းဆုံးအနေဖြင့် ဇာတိပကတိတွင် ပေါ်ထွန်းသည့် လက်တွေ့ကျသော ဘုရားသခင်ကို စိတ်ရှုပ်ထွေးမှု မရှိဘဲ ၎င်းတို့ သိသင့်ပေသည်။ တစ်နည်းအားဖြင့် ဆိုရသော်၊ လူတို့သည် ပညတ်တော်များကို လိုက်နာခြင်းနှင့်ဆိုင်သည့် အခြေခံ သဘောတရားများကို သဘောပေါက်သင့်သည်။ ပညတ်တော်များကို လိုက်နာခြင်းသည် ၎င်းတို့ကို ဖြစ်ကတတ်ဆန်း သို့မဟုတ် စိတ်ကူးပေါက်သလို လိုက်လျှောက်ခြင်းကို မဆိုလိုဘဲ၊ ၎င်းတို့ကို အခြေခံကျကျ၊ ရည်မှန်းချက် တစ်ခုဖြင့်၊ အခြေခံသဘောတရားများဖြင့် လိုက်နာခြင်းကို ဆိုလိုသည်။ ပထမဆုံး ရရှိရမည့် အရာမှာ သင့်ရူပါရုံများ ရှင်းလင်းဖို့ဖြစ်သည်။ လက်ရှိအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မခြွင်းမချန် သိနားလည်မှုတစ်ခု သင်၌ ရှိပါက၊ ပြီးလျှင် ယနေ့အမှု၏ နည်းစနစ်များထဲသို့ သင်ဝင်ရောက်ပါက၊ သင်သည် ပညတ်တော်များ စောင့်ထိန်းခြင်းနှင့်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခုကို သင် အလိုအလျောက် ရရှိလိမ့်မည်ဖြစ်သည်။ ခေတ်သစ် ပညတ်တော်များ၏ အနှစ်သာရကို သင် ရိပ်မိပြီး ပညတ်တော်များကို စောင့်ထိန်းနိုင်သည့် တစ်နေ့ရောက်လာပါက၊ သင်သည် စုံလင်စေခြင်း ခံရပြီးဖြစ်လိမ့်မည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပညတ်တော်များကို စောင့်ထိန်းခြင်းတို့၏ လက်တွေ့ကျသော အဓိပ္ပါယ်ဖြစ်သည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ ခေတ်သစ် ပညတ်တော်များ၏ အနှစ်သာရကို သင် သိမြင်သည့်ပုံပေါ် မူတည်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက်သည် လူသားထံ အဆက်မပြတ် ပေါ်လာလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူသားကို ပို၍ ပို၍ တောင်းဆိုလိမ့်မည်။ ထို့ကြောင့် လူသားက အမှန်တကယ် လက်တွေ့လုပ်ဆောင်သည့် သမ္မာတရားများသည် အရေအတွက် သာ၍ တိုးလိမ့်မည်ဖြစ်ပြီး၊ သာ၍ ကြီးမားလာလိမ့်မည်ဖြစ်ကာ ပညတ်တော်များကို စောင့်ထိန်းခြင်း၏ အကျိုးဆက်များသည် သာ၍ နက်နဲလာလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး တစ်ချိန်တည်းမှာပင် ပညတ်တော်များကို စောင့်ထိန်းရမည် ဖြစ်သည်။ ဤကိစ္စရပ်ကို အဘယ်သူမျှ လျစ်လျူမရှုသင့်ပေ။ ဤခေတ်သစ်တွင် သမ္မာတရားသစ်နှင့် အသစ်သော ပညတ်တော်များကို တစ်ပြိုင်နက် အစပြုစေလော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၂၈)

လူများစွာသည် လက်တွေ့လုပ်ဆောင်မှုအကြောင်း အနည်းငယ်ပြောနိုင်ပြီး သူတို့ကိုယ်တိုင်၏ ထင်မြင်ချက်များအကြောင်း ပြောနိုင်ကြသော်လည်း၊ အများစုမှာ အခြားသူတို့၏ စကားများမှ ရရှိသော အလင်းပေးခြင်း ဖြစ်သည်။ ယင်းသည် သူတို့ကိုယ်တိုင်၏ လက်တွေ့လုပ်ဆောင်မှုများမှ မည်သည့်အရာမျှ လုံးဝမပါဝင်သကဲ့သို့၊ သူတို့ကိုယ်တိုင်၏ အတွေ့အကြုံများမှ သိမြင်ရသည့် အရာလည်း မပါဝင်ချေ။ ဤပြဿနာကို အစောကတည်းက ငါ စိတ်ဖြာဆန်းစစ်ပြီး ဖြစ်သည်။ မည်သည့် အရာကိုမျှ ငါမသိဟု မထင်နှင့်။ သင်သည် စက္ကူကျားမျှသာ ဖြစ်သော်လည်း၊ စာတန်ကို သိမ်းပိုက်အနိုင်ယူခြင်းအကြောင်း၊ အောင်မြင်သော သက်သေခံချက်များ သက်သေခံခြင်း အကြောင်းနှင့် ဘုရားသခင်၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင် နေထိုင်ခြင်း အကြောင်းတို့ကို ပြောသလော။ ဤအရာအားလုံးသည် အဓိပ္ပာယ်မရှိပေ။ ယနေ့ ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်အားလုံးသည် သင်လေးစားရန် အတွက် ဖြစ်သည်ဟု သင်ထင်နေသလော။ သင်၏ဇာတိဟောင်းကို စွန့်လွှတ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်၍ သင့်နှုတ်က ပြောဆိုသော်လည်း၊ သင်၏လက်များကမူ အခြားလုပ်ရပ်များကို ဆောင်ရွက်နေပြီး သင်၏စိတ်နှလုံးသည် အခြားသော အကြံအစည်များကို ကြံစည်နေသည်- သင်သည် အဘယ်သို့သော လူစားမျိုးဖြစ်သနည်း။ သင်၏ စိတ်နှလုံးနှင့် လက်တို့သည် အဘယ်ကြောင့် တစ်ခုတည်း မဖြစ်သနည်း။ များလှစွာသော တရားဟောချက်များသည် အချည်းနှီးစကားများ ဖြစ်လာကြပေပြီ။ ဤသည်မှာ နှလုံးကြေကွဲစရာပင် မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ ယင်းက သင်သည် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသောလမ်းခရီးထဲသို့ မဝင်ရောက်သေးသကဲ့သို့၊ သင့်အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိသေးကြောင်း၊ သူ၏ လမ်းညွှန်မှု သင် မရသေးသည်ကို သက်သေပြပေသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ရုံသာ နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိဟု ဆိုပါက၊ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိသူဖြစ်၏။ ဤကဲ့သို့သော လူစားမျိုးကို ကယ်တင်ရန် ဘုရားသခင် ကြွလာခြင်း မဟုတ်ပေ။ ယေရှုသည် အပြစ်သားများကို ကယ်တင်ရန်၊ ဆင်းရဲနွမ်းပါးသူများကို ကယ်တင်ရန်နှင့် နှိမ့်ချသူများကို ကယ်တင်ရန် ကားစင်တင်ခံရချိန်တွင် ပြင်းစွာသော နာကျင်မှုဝေဒနာကို ခံစားခဲ့ရ၏။ သူ၏ ကားစင်တင် သတ်ခံရခြင်းသည် အပြစ်ဖြေရာယဇ်အဖြစ် အသုံးတော်ခံလေသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ သင်တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားသင့်၏။ ဘုရားသခင်၏ အိမ်တွင် ကပ်ပါးရပ်ပါးအဖြစ် တစ်ရစ်ဝဲဝဲ မနေနှင့်။ များစွာသော လူတို့အနေဖြင့် ဘုရားသခင်ကို အတိအလင်း ဆန့်ကျင်သော လုပ်ရပ်များ ပြုလုပ်နေခြင်းအား ရပ်တန့်ရန် ခက်ခဲသည်ကို တွေ့ရသည်။ သူတို့သည် သေခြင်းကို တောင်းဆိုနေကြခြင်း မဟုတ်လော။ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ခြင်းအကြောင်းကို ၎င်းတို့အဘယ်သို့ ပြောဆိုနိုင်သနည်း။ သူတို့သည် ဘုရားသခင်၏ မျက်နှာကို မြင်တွေ့ရန် ရဲတင်းမှု ရှိကြမည်လော။ သင့်အပေါ် သူအပ်နှင်းထားသည့် ကောင်းချီးမင်္ဂလာတို့ကို မွေ့လျော်ရန် ဘုရားသခင်က သင့်ကို ခွင့်ပြုနေစဉ်တွင်ပင် သင်သည် ဘုရားသခင် သင့်ကို ပေးကမ်းသော အစားအစာတို့ကိုစားရင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ကလိမ်ကကျစ်အရာများအား ပြုလုပ်ခြင်း၊ မလိုတမာစိတ်ထားခြင်း၊ ယုတ်မာခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း စသည်တို့ကို လုပ်ဆောင်ပါက ၎င်းတို့ကို သင်လက်ခံရရှိချိန်တွင် သင့်လက်များ ပူလောင်နေသည်ကို မခံစားရသလော။ သင့်မျက်နှာ နီရဲသွားသည်ကို မခံစားရသလော။ ဘုရားသခင်ကို ဆန့်ကျင်သည့် တစ်စုံတစ်ရာကို လုပ်ဆောင်ပြီးနောက်၊ “ထင်ရာစိုင်းဗွေဖောက်” ဖို့ ကြံစည်ရင်း၊ ထိတ်လန့်ခြင်းကို သင်မခံစားရသလော။ အကယ်၍ မည်သည့်အရာကိုမှ သင်မခံစားရပါက၊ အနာဂတ် တစ်စုံတစ်ရာကို သင်မည်သို့ ပြောနိုင်မည်နည်း။ သင့်အတွက် အချိန်ကြာမြင့်စွာကတည်းက အနာဂတ် မရှိနှင့်တော့ပေ၊ ထိုသို့ဆိုပါက သာ၍ ကြီးမားသော မည်သည့် မျှော်လင့်ချက်များ သင်၌ ရှိနိုင်သေးသနည်း။ အရှက်မဲ့သော တစ်စုံတစ်ရာကို သင်ပြောသော်လည်း၊ အပြစ်ဆိုခြင်းကို မခံစားရသကဲ့သို့ သင့်နှလုံးသားကလည်း သတိပြုမိခြင်း မရှိပါက၊ ယင်းမှာ သင်သည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံခဲ့ရနှင့်ပြီးဖြစ်သည်ဟု ဆိုလိုရာ မရောက်သလော။ လွန်လွန်ကျူးကျုးနှင့် ထိန်းမနိုင်သိမ်းမရစွာ ပြောဆိုခြင်းနှင့် ပြုမူခြင်းတို့သည် သင်၏သဘာဝဖြစ်လာပြီ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ဤကဲ့သို့ မည်သို့ ခံရနိုင်မည်နည်း။ သင်သည် လောကအနှံ့ လျှောက်သွားနိုင်မည်လော။ သင့်ကို မည်သူက လက်ခံယုံကြည်မည်နည်း။ သင်၏သဘာဝ အစစ်အမှန်ကို သိကြသူများက သင်နှင့်ဝေးဝေး နေကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည် မဟုတ်လော။ ခြုံပြောရလျှင် အပြောသာရှိပြီး လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ ကြီးထွားမှုလည်း မရှိပေ။ သင်ပြောဆိုနေစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ်၌ အမှုပြုကောင်း ပြုနိုင်သော်လည်း၊ သင် လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း အမှုပြုခြင်း ရပ်တန့်သွားပေမည်။ ဤပုံစံအတိုင်း သင်ဆက်သွားမည် ဆိုပါက၊ အနာဂတ်အကြောင်း သို့မဟုတ် သင်၏ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင်၏ အမှုတော်အဖို့ ပေးအပ်ခြင်းအကြောင်း တစ်စုံတစ်ရာကို အဘယ်သို့ ပြောနိုင်မည်နည်း။ သင်သည် သင်၏ ဖြစ်တည်မှုတစ်ခုလုံး ဆက်ကပ်ခြင်းကိုသာ ပြောဆိုနိုင်သော်လည်း၊ သင်၏ စစ်မှန်သော ချစ်ခြင်းကို ဘုရားသခင်အား မပေးရသေးပေ။ သင့်ထံမှ သူ ရရှိသမျှမှာ နှုတ်ဖျားဖြင့် ဆည်းကပ်ကိုးကွယ်ခြင်းကိုသာ ဖြစ်သည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင်၏ရည်ရွယ်ချက်ကို မရရှိပေ။ ဤသည်မှာ သင်၏ အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုလော။ ဤကဲ့သို့ သင် ဆက်သွားပါက၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သည့်အချိန်တွင် ခံရမည်နည်း။ သင်၏ မှောင်မည်းကာ မှုန်မှိုင်းနေသော အနာဂတ်အပေါ် ပူပန်ကြောင့်ကြခြင်း မခံစားရသလော။ ဘုရားသခင်သည် သင့်အထဲတွင် မျှော်လင့်ချက် ပျောက်ဆုံးပြီး ဖြစ်သည်ကို သင်မခံစားရသလော။ ဘုရားသခင်သည် ပိုမိုများပြားကာ ပိုမိုသစ်လွင်သော လူတို့ကို စုံလင်စေရန် ဆန္ဒရှိသည်ကို သင်မသိသလော။ ဟောင်းနွမ်းသော အရာတို့သည် မိမိတို့ဘာသာ ဆက်လက် ရပ်တည်နိုင်သလော။ သင်သည် ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အာရုံမစိုက်ဘဲနေနေသည်- သင်သည် မနက်ဖြန်ကို စောင့်ဆိုင်းနေသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ခြင်းကို ရရှိသည့် လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားလျက်ရှိသူ ဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၂၉)

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုပ်ကိုင်ပြီး ၎င်းတို့ကို ရဲရဲတင်းတင်း ရှင်းပြနိုင်ခြင်းက သင်သည် စစ်မှန်မှုကို လက်ဝယ်ရရှိထားသည်ဟု မဆိုလိုပေ၊ အမှုအရာများသည် သင် ထင်မှတ်သကဲ့သို့ မရိုးစင်းပေ။ စစ်မှန်မှုကို သင် လက်ဝယ် ရရှိထားခြင်း ရှိ မရှိဟူသည် သင် ပြောဆိုသည့်အရာအပေါ် အခြေမခံပေ၊ ထို့ထက် ယင်းသည် သင် အသက်ရှင် နေထိုင်သည့်အရာအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏ အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါတွင်သာ၊ သင့်တွင် စစ်မှန်မှု ရှိသည်ဟု ဆိုနိုင်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် စစ်မှန်သော အသိအမြင်နှင့် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုကို ရရှိခဲ့ပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်။ သင်သည် ရှည်လျားသော အချိန်ကာလများတစ်လျှောက် စစ်ကြောခြင်းကို ကြံ့ကြံ့ခံနိုင်ရမည် ဖြစ်ကာ ဘုရားသခင် သတ်မှတ်ထားသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်။ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရပေ၊ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် စီးဆင်းလာရမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။ လူတိုင်းရင်းနှီးသည့် အစေခံသူတို့၏ စမ်းသပ်ခံရခြင်း ဥပမာကို ငါအသုံးပြုမည်- အစေခံသူများနှင့် စပ်လျဉ်း၍ အမြင့်မြတ်ဆုံး အယူအဆများကို မည်သူမဆို ပေးနိုင်ပြီး ဤအကြောင်းအရာနှင့် ပတ်သက်သည့် သင့်တင့်လျောက်ပတ်သော သိနားလည်ခြင်း တစ်ခု လူတိုင်းတွင် ရှိကြ၏။ ၎င်းတို့သည် ယင်းအကြောင်း ဟောပြောကြပြီး ဟောပြောချက် တစ်ခုချင်းစီသည် ယခင်တစ်ခုထက် သာလွန်သည်မှာ ယှဉ်ပြိုင်မှု တစ်ခုသဖွယ်ပင် ဖြစ်၏။ သို့သော်လည်း အကယ်၍ လူသားသည် ကြီးမားသော စမ်းသပ်မှု တစ်ခုကို မကြုံရသေးပါက၊ ၎င်းတွင် ထွက်ဆိုရန် ကောင်းသော သက်သေခံချက် တစ်ခု ရှိသည်ဟု ဆိုရန် လွန်စွာခဲယဉ်းပေသည်။ တိုတိုပြောရလျှင် လူသား၏သိနားလည်ခြင်းနှင့် လုံးဝဆန့်ကျင်လျက် သူ အသက်ရှင်နေထိုင်မှုသည် လွန်စွာချို့တဲ့နေဆဲ ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူသား၏ ဝိညာဉ်ရင့်ကျက်မှု အမှန် မဖြစ်သေးပေ၊ ထို့အပြင် ယင်းသည် လူသား၏အသက်တာ မဟုတ်သေးပေ။ လူသား၏ သိနားလည်ခြင်းသည် လက်တွေ့အဖြစ် ဖော်ဆောင်ခြင်း မခံရသေးသောကြောင့်၊ သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ ယိုင်နဲ့နဲ့နှင့် ပြိုကျပျက်စီးလုလု ဖြစ်နေလျက်၊ သဲပေါ် ဆောက်ထားသည့် ရဲတိုက် တစ်ခုပမာ ဖြစ်နေသေးသည်။ လူသားသည် စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းမှာ အလွန် နည်းပါးလွန်း၏။ လူသား၏အထဲ၌ စစ်မှန်မှု တစ်စုံတစ်ရာကို ရှာတွေ့ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ လူသား၏အထဲမှ သဘာဝအလျောက် စီးဆင်းလာနေသော စစ်မှန်မှုသည် အလွန်ပင် နည်းပါးလှပြီး၊ သူတို့ အသက်ရှင်နေထိုင်သော စစ်မှန်မှု အလုံးစုံသည် အတင်းအဓမ္မ လုပ်ယူထားခြင်း ဖြစ်သည်၊ ထိုအကြောင်းကြောင့် လူသားသည် စစ်မှန်မှုကို လုံးဝ မပိုင်ဆိုင်ဟု ငါဆိုခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သူတို့၏ချစ်ခြင်းသည် မည်သည့်အခါမျှ မပြောင်းလဲပါဟု လူတို့ အခိုင်အမာဆိုသော်လည်း၊ ယင်းသည် မည်သည့်စမ်းသပ်မှုများကိုမှ ၎င်းတို့ရင်မဆိုင်ရသေးမီ၊ ပြောဆိုသည့် အရာမျှသာ ဖြစ်သည်။ ၎င်းတို့သည် တစ်နေ့တွင် စမ်းသပ်မှုများနှင့် ရုတ်တရက် ရင်ဆိုင်ရသောအခါ၊ ၎င်းတို့ပြောဆိုသော အကြောင်းအရာများသည် စစ်မှန်မှုနှင့် လိုက်လျောညီထွေမှုမရှိ နောက်တစ်ကြိမ် ထပ်၍ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ လူသားသည် စစ်မှန်မှုကို မပိုင်ဆိုင်ကြောင်း၊ ယင်းက ထပ်မံ၍ သက်သေပြလိမ့်မည်။ သင့်အယူအဆများနှင့် မကိုက်ညီသည့် အရာများနှင့် သင့်ကိုယ်သင် ဘေးဖယ်ထားရန် လိုအပ်သည့်အရာများကို သင် နဖူးတွေ့ဒူးတွေ့ ကြုံရသောအခါတိုင်းတွင်၊ ထိုအရာများသည် သင်၏စမ်းသပ်မှုများဟု ဆိုနိုင်သည်။ ဘုရားသခင်၏ အလိုတော်အား မထုတ်ဖော်မီတွင် လူသားတိုင်းသည် ပြင်းထန်သော စစ်ဆေးမှုတစ်ခုနှင့် ဧရာမ စမ်းသပ်မှု တစ်ခုကို ကြုံတွေ့ရသည်။ ယင်းကို သင် နားလည်သဘောပေါက်နိုင်သလော။ ဘုရားသခင်သည် လူတို့ကို စစ်ကြောလိုသောအခါ စစ်မှန်သော သမ္မာတရားကို မထုတ်ဖော်မီ ကိုယ်တော်က ၎င်းတို့အား ၎င်းတို့၏ ရွေးချယ်မှုများ အမြဲပြုခွင့်ပေးသည်။ ယင်းက ဘုရားသခင်သည် လူကို စမ်းသပ်မှု ခံစေသည့်အခါ၊ ကိုယ်တော်သည် သင့်အား သမ္မာတရားကို မည်သည့်အခါမျှ ပြောပြလိမ့်မည်မဟုတ်ဟု ဆိုလိုပေသည်၊ ထိုအရာသည် လူသားတို့ ဖော်ထုတ်ပြသခံရမည့် နည်းဟန် ဖြစ်သည်။ ဤသည်မှာ မျက်မှောက်ခေတ်၏ ဘုရားသခင်အား သင် သိနားလည်ခြင်း ရှိ မရှိကို မြင်တွေ့ရန်နှင့် စစ်မှန်မှု တစ်စုံတစ်ရာ သင် ပိုင်ဆိုင်ခြင်း ရှိ မရှိကို မြင်တွေ့ရန်၊ ဘုရားသခင်က သူ၏အမှုကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ သင်သည် သံသယများ အမှန်တကယ် ကင်းရှင်းသလော။ ကြီးမားသော စမ်းသပ်မှု တစ်ခု သင့်အပေါ်သို့ ကျရောက်လာသောအခါ၊ သင်သည် အမှန်တကယ် အခိုင်အမာ ရပ်တည်နိုင်လိမ့်မည်လော။ “မည်သည့်ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ကြောင်း ကျွန်ုပ် အာမခံသည်။” ဟု မည်သူ ဆိုဝံ့သနည်း။ “အခြားသူများတွင် သံသယများ ရှိကောင်း ရှိမည်။ သို့သော် ကျွန်ုပ်တွင် မည်သည့်အခါမျှ သံသယရှိလိမ့်မည် မဟုတ်ပါ။” ဟု မည်သူရဲရဲတင်းတင်း ပြောဝံ့သနည်း။ ယင်းသည် ပေတရု စမ်းသပ်မှုများ ခံစားရသည့် အချိန်ကဲ့သို့ပင် ဖြစ်သည်- သမ္မာတရားအား မထုတ်ဖော်မီတွင် သူအမြဲ မိမိကိုယ်ကိုယ် အမွှမ်းတင်ခဲ့သည်။ ဤသည်မှာ ပေတရုတွင်သာ သီးသန့်တစ်မူထူးသော ပုဂ္ဂိလ်ရေး အားနည်းချက်တစ်ခု မဟုတ်ပေ၊ ဤသည်မှာ လူသားတိုင်း လက်ရှိ ရင်ဆိုင်နေသည့် အကြီးမားဆုံးသော အခက်အခဲပင် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏အမှုအပေါ် သင်တို့၏ သိနားလည်ခြင်းသည် အဘယ်အရာ ဖြစ်ကြောင်း မြင်နိုင်ရန်အတွက် ငါသည် နေရာ အနည်းငယ်သို့ လာကြည့်ရမည်ဆိုပါက သို့မဟုတ် အနည်းငယ်သော ညီအစ်ကို မောင်နှမများထံ လာကြည့်ရမည်ဆိုပါက၊ သင်တို့၏ အသိပညာ အကြောင်းကို သင်တို့သည် သေချာပေါက် များစွာ ပြောဆိုနိုင်လိမ့်မည် ဖြစ်ကာ သင်တို့တွင် မည်သို့မျှ သံသယ မရှိဟု ထင်ရပေမည်။ “မျက်မှောက်ခေတ်၏အမှုကို ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သည်ဟု သင် အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်သလော။ မည်သည့်သံသယမျှ မရှိသလော။” ဟု သင့်ကို ငါမေးခဲ့လျှင် “ယင်းသည် ဘုရားသခင်၏ဝိညာဉ်တော် လုပ်ဆောင်သောအမှု ဖြစ်ပြီး မည်သို့မျှ သံသယမရှိပါ။” ဟု သင် သေချာပေါက်ပြန်ဖြေ လိမ့်မည်။ ထိုကဲ့သို့သော နည်းလမ်းဖြင့် သင် အဖြေပေးပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် သံသယ တစ်စွန်းတစ်စမျှ ဧကန်မုချ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ စစ်မှန်မှု အနည်းငယ်ကို ရရှိခဲ့ပြီးဖြစ်သည်ဟု တွေးရင်း အတော်အသင့် ကျေနပ်အားရမှုကိုပင် သင် ခံစားရလိမ့်မည်။ အမှုအရာများကို ဤပုံစံဖြင့် နားလည်လေ့ရှိသူများသည် သာ၍ နည်းသော စစ်မှန်မှုကို လက်ဝယ် ရရှိသူများ ဖြစ်ကြ၏။ အကြင်သူသည် ထိုအရာအား ရရှိပြီးပြီဟု တွေးထင်လေလေ စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသည့်အခါ၊ ထိုသူအဖို့ အခိုင်အမာ ရပ်တည်နိုင်စွမ်း နည်းလေလေပင် ဖြစ်သည်။ မာနကြီးပြီး မောက်မာသူများသည် အမင်္ဂလာ ရှိကြသည်၊ မိမိတို့ကိုယ်ကိုယ် လုံးဝ မသိသူများသည် အမင်္ဂလာ ရှိကြသည်။ ထိုကဲ့သို့သောလူများသည် အဟောအပြောတွင် အထူး ကျွမ်းကျင်ကြသော်လည်း၊ ၎င်းတို့၏ စကားလုံးများကို လက်တွေ့လုပ်ဆောင်သောအခါ၊ သာ၍ ဆိုးကြလေသည်။ ဤလူများသည် အသေးဆုံး ဒုက္ခ အရိပ်လက္ခဏာ၌ သံသယများ စတင် ရှိလာပြီး လက်လွှတ်အရှုံးပေးရန် အတွေးသည် ၎င်းတို့၏စိတ်ထဲသို့ ချွတ်နင်း ဝင်ရောက်လာတော့သည်။ ၎င်းတို့သည် မည်သည့်စစ်မှန်မှုကိုမျှ လက်ဝယ်မပိုင်ဆိုင်ကြပေ။ ဘာသာတရား အထက်ရှိ အယူအဆများသာ ၎င်းတို့တွင် ရှိကြပြီး ယခု ဘုရားသခင် လိုအပ်သည့် စစ်မှန်မှုဟူ၍ စိုးစဉ်းမျှ မရှိပေ။ စစ်မှန်မှု စိုးစဉ်းမျှ ပိုင်ဆိုင်မှုမရှိဘဲ၊ အယူအဆများကိုသာ ပြောဆိုတတ်သူများကို ငါ အရွံရှာဆုံး ဖြစ်သည်။ ၎င်းတို့၏အလုပ်ကို ဆောင်ရွက်နေစဉ်တွင် ၎င်းတို့သည် အကျယ်လောင်ဆုံး အော်တတ်ကြသော်လည်း၊ စစ်မှန်မှုနှင့် ရင်ဆိုင်ရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ ပြိုကွဲသွားတော့သည်။ ယင်းက ဤလူများတွင် စစ်မှန်မှု မရှိကြောင်း မပြသလော။ လေနှင့်လှိုင်းများ မည်သို့ပင် ပြင်းထန် ကြမ်းကြုတ်ပါစေ၊ သင့်စိတ်ထဲသို့ သံသယ တစ်စွန်းတစ်စမျှ ပေးမဝင်ဘဲ၊ ဆက်လက် ရပ်တည်နေနိုင်ပြီး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ မကျန်တော့သည့်အခါတွင်ပင်လျှင်၊ သင် အခိုင်အမာ ရပ်တည်နေနိုင်ကာ ငြင်းပယ်ခြင်းမှ လွတ်ကင်းနေပါက၊ သင့်တွင် စစ်မှန်သော သိနားလည်ခြင်း ရှိကြောင်းနှင့် စစ်မှန်မှုကို အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်နေကြောင်း မှတ်ယူခြင်း ခံရပေမည်။ သင်သည် စီစဉ်ခြင်း သို့မဟုတ် စဉ်းစားတွေးတောခြင်း မရှိပါက၊ အများစုနောက်သို့ သင်လိုက်ပါပြီး အခြားသူများ၏ စကားကို သံယောင်လိုက်ရန် သင်ယူပါက၊ သင်မည်သို့ စကားပြောကောင်းစေကာမူ၊ ယင်းသည် သင် စစ်မှန်မှုကို လက်ဝယ်ရရှိထားကြောင်း သက်သေဖြစ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် အနှစ်သာရမဲ့သော စကားများကို အလောတကြီး အော်ဟစ် မပြောဆိုဖို့ ငါ အကြံပေးသည်။ ဘုရားသခင် မည်သည့်အရာ လုပ်လိမ့်မည်ကို သင်သိသလော။ သင်သည် သင့်ကိုယ်သင် အရှက်ရစေပြီး ဂုဏ်ယူ ဝင့်ကြွားနိုင်စွမ်း ဆုံးရှုံးသွားမည်စိုး၍ နောက်ထပ်ပေတရုကဲ့သို့ မပြုမူလေနှင့်၊ ယင်းက မည်သူ့ကိုမျှ မည်သည့်ကောင်းကျိုးမျှ မပေးပေ။ လူအများစုတွင် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြပေ။ ဘုရားသခင်သည် အမှုများစွာ ပြုခဲ့ပြီးသော်လည်း၊ ကိုယ်တော်သည် စစ်မှန်မှုကို လူတို့အပေါ်သို့ ယူဆောင်လာခဲ့ပြီးခြင်း မရှိသေးပေ။ ပိုမိုတိကျရလျှင် ကိုယ်တော်သည် မည်သူ့ကိုမျှ ကိုယ်တိုင်ကိုယ်ကျ ပြစ်တင်ဆုံးမခြင်း မည်သည့်အခါမျှ မပြုခဲ့ဖူးပေ။ လူအချို့သည် ဘုရားသခင်ကို အသာစီးယူရန် လွယ်ကူပြီး ၎င်းတို့ လုပ်ချင်သမျှ လုပ်နိုင်သည်ဟု တွေးကာ၊ ၎င်းတို့၏ အပြစ်နှင့်ပြည့်သော လက်များက သာ၍ သာ၍ အဝေးသို့ လှမ်းလျက် ထိုကဲ့သို့သော စမ်းသပ်မှုများအားဖြင့် ဖော်ထုတ်ပြသခြင်းကို ခံကြရသည်။ ဤကဲ့သို့သော စမ်းသပ်မှုကိုပင် ၎င်းတို့ ကြံ့ကြံ့ခံနိုင်စွမ်း မရှိကြသည့်အတွက် ၎င်းတို့အတွက် ပိုမိုခက်ခဲသော စမ်းသပ်မှုများမှာ မဖြစ်နိုင်တော့သကဲ့သို့ စစ်မှန်မှုကို ရရှိခြင်းသည်လည်း မဖြစ်ပျက်နိုင်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အရူးလုပ်ရန် ကြိုးစားနေခြင်းမျှသာ မဟုတ်သလော။ စစ်မှန်မှု ရရှိခြင်းဟူသည်မှာ ဟန်ဆောင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ စစ်မှန်မှုဟူသည်လည်း ထိုအရာကို သိခြင်းမှ သင် ရယူနိုင်သည့် အရာတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုအပေါ် မူတည်သကဲ့သို့၊ စမ်းသပ်မှုများ အားလုံးကို သင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိ မရှိဟူသည့်အပေါ်တွင်လည်း မူတည်၏။ သင် နားလည်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၃၀)

လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာသည် စစ်မှန်မှု အကြောင်း ပြောဆိုနိုင်စွမ်း ရှိရုံမျှသာ မဟုတ်ပေ။ ယင်းသည် အလွန် လွယ်ကူနေမည် မဟုတ်သလော။ သို့ဆိုလျှင် အသက်တာ၌ ဝင်ရောက်မှု အကြောင်းကို ဘုရားသခင် အဘယ်ကြောင့် ပြောဆိုသနည်း။ ကိုယ်တော်သည် ပြောင်းလဲခြင်းအကြောင်းကို အဘယ်ကြောင့် ပြောဆိုသနည်း။ အကယ်၍ လူတို့သည် စစ်မှန်မှုအကြောင်း အနှစ်သာရမဲ့ ဟောပြောရုံမျှသာ စွမ်းဆောင်နိုင်ပါက၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုအား ရရှိနိုင်ပါမည်လော။ နိုင်ငံတော်၏ စစ်သည်ကောင်းများကို စစ်မှန်မှုအကြောင်း ပြောရုံသာပြောနိုင်သော သို့မဟုတ် ဝါကြွားရုံသာ တတ်နိုင်သော လူအုပ်စုတစ်ခု ဖြစ်လာရန် လေ့ကျင့်ပေးခြင်း မဟုတ်ပေ၊ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အချိန်ပြည့် အသက်ရှင်နေထိုင်နိုင်ရန်၊ မည်သည့် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အလျှော့မပေးဘဲ ဆက်လက်ရှိနေစေရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အဆက်မပြတ် အသက်ရှင်နေထိုင်ပြီး လောကသို့ ပြန်မသွားရန် ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ပြောသည့် စစ်မှန်မှု ဖြစ်၏၊ ဤသည်မှာ လူသားများထံမှ ဘုရားသခင်၏တောင်းဆိုချက် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြောဆိုသည့် စစ်မှန်မှုကို ရိုးစင်းလွန်းသောအရာ အဖြစ် မမှတ်ယူလေနှင့်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းရခြင်း သက်သက်မှာ စစ်မှန်မှုကို လက်ဝယ်ပိုင်ဆိုင်ခြင်းနှင့် မညီမျှပေ။ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤကဲ့သို့မဟုတ်ပေ၊ ယင်းသည် လူသားများ၏ ဖြည့်ဆည်းပေးမှု တစ်ခုမျှ မပါဝင်သော ဘုရားသခင်၏ကျေးဇူးတော် ဖြစ်ပေသည်။ လူသားတစ်ဦးစီသည် ပေတရု၏ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံရမည် ဖြစ်ပြီး ထိုထက်ပင်ပို၍ ဘုရားသခင်၏အမှုကို လူသားများ ရရှိပြီးနောက် ၎င်းတို့အသက်ရှင် နေထိုင်သည့် ပေတရု၏ဘုန်းအသရေကိုလည်း ပိုင်ဆိုင်ရမည် ဖြစ်သည်။ ယင်းကိုသာလျှင် စစ်မှန်မှုဟု ခေါ်နိုင်၏။ စစ်မှန်မှုအကြောင်းကို သင် ပြောဆိုနိုင်ရုံသက်သက်ဖြင့် စစ်မှန်မှုကို သင် ပိုင်ဆိုင်သည်ဟု မထင်မှတ်လေနှင့်။ ဤသည်မှာ အထင်အမြင်မှားခြင်း ဖြစ်၏။ ထိုအတွေးများသည် ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီသည့်အပြင်၊ ယင်းတွင် တကယ့် အရေးပါမှု မရှိပေ။ နောင်တွင် ထိုကဲ့သို့သောအရာများကို မပြောလေနှင့်၊ ထိုကဲ့သို့သော အပြောအဆိုများကို အဆုံးသတ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှားယွင်းစွာ သိနားလည်ကြသူများ အားလုံးသည် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့၌ စစ်မှန်သော သိခြင်း တစ်စုံတစ်ရာမျှ မရှိကြပေ၊ စစ်မှန်သောဝိညာဉ်ရင့်ကျက်မှု သာ၍ နည်း၏၊ ၎င်းတို့သည် စစ်မှန်မှု မရှိသည့် ပညာမဲ့သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရ အပြင်ဘက်တွင် နေထိုင်သူများသည် မယုံကြည်သူများ ဖြစ်ကြ၏။ လူတို့က မယုံကြည်သူများဟု မှတ်ယူခံရသော သူများသည် ဘုရားသခင်၏အမြင်၌ သားရဲများဖြစ်ကြပြီး၊ ဘုရားသခင်က မယုံကြည်သူများဟု မှတ်ယူခံရသောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏အသက်တာအဖြစ် မပိုင်ဆိုင်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို မပိုင်ဆိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ရန် ပျက်ကွက်သူများသည် မယုံကြည်သူများ ဖြစ်ကြသည်ဟု ဆိုနိုင်၏။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ လူတိုင်း ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ကြစေရန်အလို့ငှာ ဖြစ်သည်။ စစ်မှန်မှုအကြောင်းကို လူတိုင်း ပြောစေရန်သာ မဟုတ်ဘဲ၊ ထို့ထက်ပို၍ ကိုယ်တော်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို လူတိုင်း အသက်ရှင်နေထိုင်နိုင်စွမ်း ရှိရန် ဖြစ်သည်။ လူသားသိရှိထားသည့် စစ်မှန်မှုမှာ အပေါ်ယံဆန်လွန်းသည်။ ယင်းသည် တန်ဖိုးမရှိဘဲ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ပေ။ ယင်းသည် နိမ့်ပါးလွန်းပြီး ဖော်ပြရန်ပင် မထိုက်တန်။ ယင်းသည် များစွာ ချို့တဲ့နေပြီး ဘုရားသခင်၏သတ်မှတ်ချက်များ၏ စံနှုန်းများမှ လွန်စွာဝေးကွာလွန်းနေသည်။ သင်တို့အထဲ၌ မည်သူသည် လမ်းကြောင်းကို ညွှန်ပြနိုင်စွမ်း မရှိဘဲ၊ မိမိ၏သိနားလည်ခြင်း အကြောင်းကို ပြောတတ်ရုံမျှသာ ရှိသည်ကို မြင်တွေ့ရန်နှင့် သင်တို့အထဲ၌ မည်သူသည် အသုံးမဝင်သော အမှိုက်စများ ဖြစ်သည်ကို ဖော်ထုတ်ရန်အလို့ငှာလည်း၊ သင်တို့ အယောက်စီတိုင်းသည် ကြီးမားသော စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ယင်းကို ယခုမှစ အမှတ်ရလော့။ အနှစ်သာရမဲ့သော သိနားလည်ခြင်း အကြောင်းကို မပြောလေနှင့်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းအကြောင်းနှင့် စစ်မှန်မှုအကြောင်းကိုသာ ပြောလော့။ စစ်မှန်သောသိခြင်းမှ အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်းသို့ ကူးပြောင်းလော့၊ ထို့နောက် လက်တွေ့လုပ်ဆောင်ခြင်းမှ စစ်မှန်သော အသက်ရှင်နေထိုင်ခြင်းသို့ ကူးပြောင်းလော့။ အခြားသူများအား သြဝါဒမပေးလေနှင့်၊ ပြီးလျှင် စစ်မှန်သောသိခြင်းအကြောင်း မပြောလေနှင့်။ အကယ်၍ သင်၏ သိနားလည်ခြင်းသည် လမ်းကြောင်းတစ်ခု ဖြစ်ပါက၊ ထိုအရာအပေါ် သင် လွတ်လပ်စွာ ပြောဆိုလော့။ အကယ်၍ ထိုသို့မဟုတ်ပါက ကျေးဇူးပြုပြီး သင့်ပါးစပ်ကို ပိတ်ထား၍ စကားပြောခြင်းကို ရပ်လော့။ သင် ပြောသောအရာသည် အသုံးမဝင်ပေ။ ဘုရားသခင်ကို လှည့်ဖြားရန်နှင့် အခြားသူများ သင့်အပေါ် မနာလို ဖြစ်စေရန်အလို့ငှာ သင်သည် သိနားလည်ခြင်း အကြောင်းကို ပြော၏။ ယင်းသည် သင်၏ရည်မှန်းချက် မဟုတ်သလော။ သင်သည် အခြားသူများအား တမင်သက်သက် ကစားနေခြင်း မဟုတ်သလော။ ယင်း၌ တန်ဖိုးတစ်စုံတစ်ရာ ရှိသလော။ သိနားလည်ခြင်းကို သင်တွေ့ကြုံပြီးနောက် ထိုအကြောင်းကို ပြောလျှင် သင်သည် ကြွားဝါနေသည်ဟု အမြင်ခံရလိမ့်မည်မဟုတ်။ သို့မဟုတ်ပါက သင်သည် စိတ်ကြီးဝင်သောစကားလုံးများကို တဗျစ်တောက်တောက် ပြောသူတစ်ဦး ဖြစ်သည်။ သင်၏တကယ့်အတွေ့အကြုံထဲတွင် သင် မကျော်လွှားနိုင်သော အမူအရာများစွာ ရှိပြီး သင်သည် သင်ကိုယ်တိုင်၏ ဇာတိပကတိကို မဖီဆန်နိုင်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို မည်သည့်အခါမှ မဖြည့်ဆည်းဘဲ သင် လုပ်လိုသမျှကို အမြဲတစေ လုပ်နေသော်လည်း၊ သင်သည် အယူအဆဆိုင်ရာ သိနားလည်ခြင်းကိုပြောဆိုရန် ရိုင်းစိုင်းအတင့်ရဲနေသေးသည်။ သင်သည် အရှက်ကင်းမဲ့သည်တကား။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သိနားလည်ခြင်းအကြောင်း ပြောနိုင်အောင် အတင့်ရဲနေသေးသည်။ သင်သည် လွန်စွာ အရှက်ကင်းမဲ့လိုက်လေတကား။ ဟောပြောခြင်းနှင့် ကြွားဝါခြင်းသည် သင်၏ ဗီဇသဘောစင်စစ် ဖြစ်လာပြီး သင်သည် ထိုလုပ်ဆောင်ခြင်းကို ကျင့်သားရလာပြီဖြစ်သည်။ သင်ပြောလိုသော အချိန်တိုင်းတွင် သင်သည် လွယ်လင့်တကူ ပြောဆိုသော်လည်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက် လာသည့်အခါတွင်မူ အဆင်တန်ဆာ၌ သင် မွေ့လျော်လေသည်။ ယင်းသည် အခြားသူများအား အရူးလုပ်ရန် နည်းလမ်းတစ်ခု မဟုတ်သလော။ သင်သည် လူသားများအား အရူးလုပ်ကောင်း လုပ်နိုင်မည်ဖြစ်သော်လည်း ဘုရားသခင်ကို လှည့်စား၍ မရပေ။ လူသားများသည် သတိမမူကြ၊ ထိုးထွင်းသိမြင်မှု မရှိကြသော်လည်း ဘုရားသခင်က ထိုကဲ့သို့သောအကြောင်းအရာများကို အလေးအနက် ထားသဖြင့် ကိုယ်တော်သည် သင့်ကို သက်ညှာမည်မဟုတ်ပေ။ သင်၏ ညီအစ်ကို မောင်နှမများက သင်၏ သိနားလည်ခြင်းကို ချီးမွမ်းပြီး သင့်ကို ကြည်ညိုလေးစားကာ ထောက်ခံကောင်း ထောက်ခံနိုင်သော်လည်း၊ သင့်တွင် စစ်မှန်မှု လက်ဝယ်မရှိပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို သက်ညှာလိမ့်မည် မဟုတ်ပေ။ လက်တွေ့ကျသောဘုရားသခင်သည် သင်၏ အပြစ်အနာအဆာများအား မရှာဖွေဘဲ နေကောင်းနေလိမ့်မည် ဖြစ်သော်လည်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို လျစ်လျူရှုလိမ့်မည်ဖြစ်ကာ ယင်းသည် သင့်အတွက် ခံနိုင်ရန် ခက်ခဲလိမ့်မည်။ ယင်းကို သင်ယုံကြည်သလော။ လက်တွေ့လုပ်ဆောင်ခြင်း၏ စစ်မှန်မှုအကြောင်း သာ၍ပြောဆိုဦးလော့၊ ယခုပင် သင်မေ့လျော့နေပြီလော။ လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ လမ်းကြောင်းများအကြောင်း ထပ်မံပြောဆိုဦးလော့၊ ယခုပင် သင်မေ့လျော့နေပြီလော။ “မြင့်မြတ်သော အယူအဆများ သို့မဟုတ် တန်ဖိုးမဲ့ပြီး ချဲ့ကားထားသော အဟောအပြောကို လျှော့လော့၊ ယခုမှစ၍ လက်တွေ့ စတင်လုပ်ဆောင်ရန် အကောင်းဆုံးဖြစ်သည်။” ဤနှုတ်ကပတ်တော်များကို သင်မေ့လျော့နေပြီလော။ သင်လုံးဝနားမလည်သလော။ ဘုရားသခင်၏အလိုတော်အား သိနားလည်ခြင်း သင့်တွင် မရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၃၁)

သင်တို့အနေဖြင့် ပို၍လက်တွေ့ကျသော သင်ခန်းစာများကို သင်ယူနေသင့်၏။ လူတို့နှစ်သက်သော ကြီးကျယ်သည့်၊ အနှစ်သာရမဲ့သော စကားတို့ကို မလိုအပ်ပေ။ အသိပညာအကြောင်း ပြောဆိုခြင်းနှင့် ပတ်သက်လာသည့်အခါ၊ လူအသီးသီးသည် ရှေ့ကတစ်ယောက်ထက် ပို၍မြင့်သော်လည်း လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြသေးပေ။ လူမည်မျှသည် လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံ သဘောတရားများကို နားလည်ပြီးပြီနည်း။ လူမည်မျှသည် တကယ့် သင်ခန်းစာများကို သင်ယူပြီးပြီနည်း။ လက်တွေ့အရှိတရားအကြောင်းကို မည်သူ မိတ်သဟာယ ပြုနိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အသိပညာကို ပြောဆိုနိုင်ခြင်းသည် စစ်မှန်သော ဝိညာဉ်အသက်တာ သင် ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ ယင်းက သင်သည် တော်လျက်မွေးလာခဲ့သည်၊ ပါရမီရှိသည်ကိုသာ ပြ၏။ အကယ်၍ သင်သည် လမ်းကြောင်းကို မညွှန်ပြနိုင်ပါက ရလဒ်သည် အချည်းနှီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်သည် အသုံးမကျသော အမှိုက်ဖြစ်လိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်ခြင်း နှင့်ဆိုင်သော စစ်မှန်သည့် လမ်းကြောင်းတစ်ခုနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ မပြောဆိုနိုင်ပါက သင်သည် ဟန်ဆောင်နေခြင်း မဟုတ်လော။ အကယ်၍ သင်သည် အခြားသူများအား သင်ကိုယ်တိုင်၏ တကယ့်အတွေ့အကြုံများကို ပေး၍ ၎င်းတို့သင်ယူနိုင်သည့် သင်ခန်းစာများ သို့မဟုတ် ၎င်းတို့ လိုက်လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ပေးနိုင်ခြင်းမရှိပါက သင်သည် ဟန်ဆောင်နေခြင်း မဟုတ်လော။ သင်သည် အတုအယောင်တစ်ဦး မဟုတ်လော။ သင်၌ မည်သည့်တန်ဖိုး ရှိသနည်း။ ထိုသို့သောလူတစ်ဦးသည် “ဆိုရှယ်လစ်စနစ်၏ အတွေးအခေါ်ကို တီထွင်သူ” ၏ အခန်းကဏ္ဍမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး “ဆိုရှယ်လစ်စနစ် ပေါ်ပေါက်အောင် ဖန်တီးသူ” တစ်ဦးဖြစ်မလာနိုင်ပေ။ စစ်မှန်မှု မရှိခြင်းသည် သမ္မာတရားမရှိခြင်း ဖြစ်သည်။ စစ်မှန်မှု မရှိခြင်းသည် အသုံးမကျခြင်း ဖြစ်သည်။ စစ်မှန်မှုမရှိခြင်းသည် အသက်ရှင်လျက် သေနေခြင်းဖြစ်သည်။ စစ်မှန်မှုမရှိခြင်းသည် ရည်ညွှန်းစရာ တန်ဖိုးမရှိသည့် “မာတ်စ်- လီနင်ဝါဒီ တွေးခေါ်သူ” တစ်ဦးဖြစ်ခြင်း ဖြစ်သည်။ သင်တို့ အသီးသီးအနေဖြင့် အယူအဆများနှင့် ပတ်သက်၍ ပါးစပ်ပိတ်ကာ၊ လက်တွေ့ကျသည့်အရာ တစ်ခု၊ စစ်မှန်သည့် အရာတစ်ခုနှင့် အနှစ်သာရရှိသော အရာတစ်ခုအကြောင်းကို ပြောဆိုဆွေးနွေးရန် ငါ တိုက်တွန်း၏။ “ခေတ်သစ်အနုပညာ” အချို့ကို လေ့လာလော့၊ လက်တွေ့ကျသော အရာတစ်ခုကို ပြောဆိုလော့၊ တကယ်ဖြစ်သော အရာတစ်ခုကို ပံ့ပိုးပေးပြီး ဆက်ကပ်သော စိတ်ဝိညာဉ်တစ်ခု ရှိလော့။ စကားပြောသည့်အခါ စစ်မှန်မှုကို ရင်ဆိုင်လော့။ လူတို့ကို ပျော်ရွှင်စေဖို့ သို့မဟုတ် ရုတ်တရက် သင့်ကို သတိပြုမိစေဖို့၊ စစ်မှန်မှုမရှိဘဲ ချဲ့ကားသော ပြောဆိုမှုတွင် မမွေ့လျော်နှင့်။ ယင်းတွင် အဘယ်မှာ တန်ဖိုးရှိသနည်း။ လူတို့အား သင့်ကို နွေးထွေးစွာ ဆက်ဆံစေရာတွင် မည်သည့် အဓိပ္ပါယ်ရှိသနည်း။ သင်၏ ပြောဆိုချက်တွင် အနည်းငယ် “ကျွမ်းကျင်လှပစွာ ဖန်တီး” လော့၊ သင်၏ အပြုအမူတွင် အနည်းငယ်ပို၍ တရားမျှတမှု ရှိလော့၊ အမှုအရာများကို ကိုင်တွယ်ရာတွင် အနည်းငယ်ပို၍ ဆင်ခြင်တုံတရားနှင့် ကိုက်ညီစေလော့၊ သင်ပြောဆိုသည့်အရာတွင် အနည်းငယ်ပို၍ လက်တွေ့ကျလော့၊ သင်လုပ်ဆောင်ချက်တိုင်းဖြင့် ဘုရားသခင်၏ အိမ်တော်ကို အကျိုးရှိစေရန် စဉ်းစားလော့၊ သင် စိတ်လှုပ်ရှားလာသည့်အခါ သင်၏ အသိစိတ်ကို နာခံလော့၊ ကြင်နာခြင်းကို အမုန်းတရားဖြင့် ပြန်လည် မဆပ်ပေးနှင့် သို့မဟုတ် ကြင်နာမှုအတွက် ကျေးဇူးမကန်းလေနှင့်၊ ပြီးလျှင် သင်သည် မကောင်းသော လွှမ်းမိုးမှုတစ်ခု ဖြစ်သွားမည်စိုးသဖြင့် သူတော်ကောင်း ယောင်ဆောင်သောသူ မဖြစ်စေနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ၊ ၎င်းတို့ကို စစ်မှန်မှုနှင့် ပို၍နီးကပ်စွာ ချိတ်ဆက်ပြီး၊ သင်မိတ်သဟာယဖွဲ့သည့်အခါ ပို၍လက်တွေ့ကျသော အရာများအကြောင်းကို ပြောလော့။ မတင်စီးလေနှင့်။ ဤအရာက ဘုရားသခင်ကို စိတ်ကျေနပ်စေမည် မဟုတ်။ အခြားသူများနှင့် သင်၏ အပြန်အလှန်ဆက်ဆံမှုများတွင် အနည်းငယ်ပို၍ စိတ်ရှည်လော့၊ အနည်းငယ်ပို၍ လိုက်လျောလော့၊ အနည်းငယ်ပို၍ သဘောထားကြီးပြီး၊ “ဝန်ကြီးချုပ်၏ စိတ်ဓါတ်”က မှ သင်ယူလော့။ မကောင်းသောအတွေးများ သင်၌ ရှိသည့်အခါ၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းအား ပိုမိုလက်တွေ့လုပ်ဆောင်လော့။ သင်အလုပ်လုပ်နေချိန်တွင် လက်တွေ့ကျသော လမ်းကြောင်းများနှင့်သက်ဆိုင်၍ ပိုမိုပြောဆိုကာ၊ မမြင့်မားလွန်းနှင့်၊ သို့မဟုတ်ပါက သင်ပြောသည့်အရာများကို လူတို့ရယူနိုင်ခြင်း မရှိဘဲ နေလိမ့်မည်။ ပျော်ရွှင်မှုကိုလျှော့ကာ ပံ့ပိုးမှုကို ပိုစေလော့- သင်၏ ဆက်ကပ်မှုရှိသော တစ်ကိုယ်ကောင်းမဆန်သည့် စိတ်ဝိညာဉ်ကို ပြလော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပိုမို အလေးထားလော့၊ သင်၏ အသိစိတ်ကို ပိုမို နာခံလော့၊ ပိုမို သတိရှိကာ ဘုရားသခင်သည် သင်တို့ကို နေ့စဉ် စိတ်ရှည်စွာနှင့် လေးနက်စွာ မည်သို့ စကားပြောဆိုသည်ကို မမေ့လျော့နှင့်။ “နှစ်ချုပ်စာအုပ်ဟောင်း” ကို မကြာခဏ ပို၍ ဖတ်ရှုလော့။ မကြာခဏ ပို၍ဆုတောင်းပြီး၊ ပို၍မိတ်သဟာယဖွဲ့လော့။ အလွန် မရေမရာဖြစ်ခြင်းကို ရပ်လော့၊ အသိဉာဏ် အနည်းငယ်ပြပြီး ထိုးထွင်းသိမြင်မှုတစ်ချို့ကို ရယူလော့။ သင်၏အပြစ်ပြုတတ်သော လက်ကို ဆန့်မိသောအခါ ပြန်၍ရုပ်လော့။ အလွန်ဝေးလှစွာ ရောက်သွားခွင့်မပြုနှင့်။ ယင်းသည် အသုံးမဝင်သကဲ့သို့ ဘုရားသခင်ထံမှ သင်ရရှိသည့်အရာသည် ကျိန်ခြင်းသာ ဖြစ်လိမ့်မည်၊ ထို့ကြောင့် သတိပြုလော့။ သင့်စိတ်နှလုံးအား အခြားသူများအပေါ် ကြင်နာသနားခြင်း ရှိစေပြီး၊ လက်ထဲက လက်နက်များဖြင့် အမြဲမထိုးနှက်နှင့်။ သမ္မာတရားနှင့်ဆိုင်သော အသိပညာအကြောင်းကို ပို၍ မိတ်သဟာယပြုပြီး၊ အခြားသူများအား အကူအညီပေးသောစိတ်ကို ထိန်းသိမ်းလျက် အသက်တာအကြောင်းကို ပို၍ပြောဆိုလော့။ အလုပ်ပိုလုပ်ပြီး အပြောလျှော့လော့။ ပိုမို၍ လက်တွေ့လုပ်ဆောင်ပြီး သုတေသနပြုခြင်းနှင့် စိစစ်ခြင်းတို့ကို လျှော့လော့။ သင်တို့ကိုယ်သင်တို့ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သာ၍တို့ထိခွင့်ပေးကာ ဘုရားသခင်အား သင့်ကို စုံလင်စေဖို့ အခွင့်အရေးများ သာ၍ပေးလော့။ လူသားအရိပ်လက္ခဏာများကို ပိုမိုဖယ်ရှားလော့။ သင်သည် အမှုအရာများ လုပ်ဆောင်သည့် လူ့နည်းလမ်းများ ပိုင်ဆိုင်လွန်းသေးသကဲ့သို့၊ သင်၏ အပေါ်ယံအားဖြင့် အမှုအရာများကိုလုပ်ဆောင်ပုံနှင့် အပြုအမူတို့သည် အခြားသူတို့အဖို့ မနှစ်မြို့စရာ ဖြစ်နေဆဲဖြစ်သည်။ ဤအရာများကို ပိုမို ဖယ်ရှားလော့။ သင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် အလွန် မုန်းတီးစက်ဆုပ်ဖွယ်ကောင်းဆဲ ဖြစ်သည်။ အချိန်ကို ထိုအရာကို ပြုပြင်ခြင်းဖြင့် ပိုမိုကုန်ဆုံးလော့။ သင်သည် လူတို့ကို အဆင့်အတန်းများစွာ ပေးလွန်းသေး၏။ ဘုရားသခင်ကို အဆင့်အတန်း သာ၍ပေးကာ မလျော်ကန်လွန်းခြင်း မဖြစ်စေနှင့်။ “ဗိမာန်တော်” သည် ဘုရားသခင်နှင့် အစဉ် သက်ဆိုင်ပြီး၊ လူတို့၏ သိမ်းယူခြင်း မခံသင့်ပေ။ အတိုချုပ်အားဖြင့်၊ ဖြောင့်မတ်ခြင်းတရားအပေါ် ပိုမို အာရုံစိုက်ကာ စိတ်ခံစားချက်များအပေါ် နည်းစေလော့။ ဇာတိပကတိကို ဖယ်ရှားခြင်းသည် အကောင်းဆုံးဖြစ်၏။ စစ်မှန်မှုကို ပို၍ပြောဆိုကာ အသိပညာအကြောင်းကို လျှော့ပြောလော့။ အကောင်းဆုံးမှာ နှုတ်ပိတ်ပြီး မည်သည့်အရာမျှ မပြောဖို့ ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ပိုမိုပြောဆိုကာ တန်ဖိုးမဲ့သည့် ကြွားဝါမှုများကို နည်းစေလော့။ ယခုပင် စတင် လက်တွေ့လုပ်ဆောင်ခြင်းသည် အကောင်းဆုံးဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့

အောက်ခြေမှတ်စု(များ)-

က။ ဝန်ကြီးချုပ်၏စိတ်ဓာတ်- စိတ်သဘောထားကြီးပြီး ရက်ရောသော လူတစ်ဦးကို ဖော်ပြရန် အသုံးပြုသည့် တရုတ် ဂန္တဝင်စကားပုံတစ်ခု။


ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၃၂)

လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက လုံးဝ မြင့်မားခြင်းမရှိပေ။ လူတို့သည် လုံ့လရှိစွာ၊ လေးနက်စွာ လက်တွေ့လုပ်ဆောင်သရွေ့ “အောင်မှတ်” တစ်ခုကို လက်ခံရရှိလိမ့်မည်။ အမှန်အတိုင်းပြောရလျှင် သမ္မာတရားကို နားလည်ခြင်း၊ သိမြင်ခြင်း၊ သဘောပေါက်ခြင်းကို ရရှိခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းထက် ပို၍ ရှုပ်ထွေးသည်။ ရှေးဦးစွာ သင်နားလည်သလောက် လက်တွေ့လုပ်ဆောင်ပြီး သင်သဘောပေါက်သည့်အရာကို လက်တွေ့လုပ်ဆောင်လော့။ ဤနည်းအားဖြင့် သင်သည် သမ္မာတရားအပေါ် အမှန်တကယ်သိမြင်မှုနှင့် နားလည်သဘောပေါက်မှုကို တဖြည်းဖြည်းချင်း ရရှိနိုင်လိမ့်မည်။ ဤအရာတို့သည် သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်သည့် အဆင့်များနှင့် နည်းလမ်းများဖြစ်သည်။ သင်သည် ဤနည်းဖြင့် နာခံခြင်းကို လက်တွေ့မလုပ်ဆောင်လျှင် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ သင်သည် သင်ကိုယ်တိုင်၏ သဘောဆန္ဒအတိုင်း အစဉ်သဖြင့် ဆောင်ရွက်ပြီး နာခံခြင်းကို လက်တွေ့မလုပ်ဆောင်လျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အတွင်း၌ အလုပ်လုပ်မည်လော။ သန့်ရှင်းသောဝိညာဉ်တော်သည် သင်အလိုရှိသည့်အတိုင်း လုပ်ဆောင်သလော။ သို့မဟုတ် သူသည် ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး သင်၌ ကင်းမဲ့သည့်အရာနှင့်အညီ လုပ်ဆောင်သလော။ ဤအရာကို သင်ရှင်းလင်းစွာမသိလျှင် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၌ များစွာ အားစိုက်ကြသော်လည်း၊ အသိပညာသာရှိပြီး၊ နောက်ပိုင်းတွင် စစ်မှန်သောလမ်းကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ မပြောနိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ အသိပညာ ပိုင်ဆိုင်ခြင်းသည် သမ္မာတရားပိုင်ဆိုင်ခြင်းနှင့် သဘောညီသည်ဟု သင်ထင်သလော။ ယင်းသည် ရှုပ်ထွေးသည့် ရှုထောင့်အမြင် မဟုတ်လော။ သင်သည် ကမ်းခြေပေါ်က သဲပွင့်များတမျှ များလှသော အသိပညာအပိုင်းအစများကို ပြောဆိုနိုင်သည့်တိုင် ထိုအရာထဲမှ မည်သည့်အရာ၌မျှ စစ်မှန်သောလမ်းကြောင်း တစ်ခုတစ်လေ မပါရှိပေ။ ဤအရာ လုပ်ဆောင်ခြင်းဖြင့် လူတို့ကို အရူးလုပ်ဖို့ သင် ကြိုးစားနေခြင်း မဟုတ်လော။ သင်သည် ယင်းကို ထောက်ခံဖို့အနှစ်သာရ မရှိဘဲလျက် အဓိပ္ပါယ်မရှိသည့်ဟန်ပြတစ်ခု ပြုလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော အပြုအမူအားလုံးသည် လူတို့အဖို့ အန္တရာယ်ရှိ၏။ အယူအဆ မြင့်လေလေ၊ ပြီးလျှင် စစ်မှန်မှု ကင်းမဲ့လေလေ၊ ယင်းက လူတို့ကို လက်တွေ့အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေလေ ဖြစ်သည်။ သဘောတရားတစ်ရပ်သည် မြင့်မားလေလေ၊ ယင်းက သင့်ကို ဘုရားသခင်အား ပိုမို အာခံကာ ဆန့်ကျင်စေလေလေ ဖြစ်သည်။ ဝိညာဉ်ရေးဆိုင်ရာ သီအိုရီကို အလွန်အမင်းမမြှောက်စားနှင့်။ ယင်းသည် အသုံးမဝင်ပေ။ အချို့လူတို့သည် ဝိညာဉ်ရေးဆိုင်ရာ သီအိုရီအကြောင်းကို ဆယ်စုနှစ်နှင့်ချီ၍ ပြောဆိုနေခဲ့ကြပြီး ဝိညာဉ်ရေးဝါဒ၌ ထူးချွန်သော ပုဂ္ဂိုလ်များ ဖြစ်လာကြသည်။ သို့သော် အဆုံးတွင် ၎င်းတို့သည် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရန် ကျရှုံးကြဆဲပင်ဖြစ်၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်၊ မတွေ့ကြုံကြသောကြောင့် ၎င်းတို့တွင် စည်းမျဉ်းများ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းကြောင်းမရှိကြပေ။ ဤသို့သောလူတို့သည် သူတို့ကိုယ်တိုင်၌ သမ္မာတရားစစ်မှန်မှု မရှိချေ။ ထို့ကြောင့် ၎င်းတို့သည် အခြားလူတို့ကို ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ စစ်မှန်သည့် လမ်းကြောင်းပေါ်သို့ မည်သို့ခေါ်ဆောင်နိုင်မည်နည်း။ ၎င်းတို့သည် လူတို့ကို လမ်းလွဲစေရန်သာ လုပ်နိုင်ကြ၏။ ဤသည်မှာ အခြားလူများနှင့် သူတို့ကိုယ်သူတို့ ထိခိုက်အောင် လုပ်နေခြင်းမဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ ရှေ့တည့်တည့်တွင်ရှိနေသော တကယ့်ပြဿနာများကို ဖြေရှင်းနိုင်ရမည်။ ဆိုလိုသည်မှာ ဘုရားနှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်ရမည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ဤအရာသည်သာ ဘုရားကို နာခံခြင်းဖြစ်၏။ အသက်အတွင်းသို့ သင်ဝင်ရောက်ပြီးသည့်အချိန်တွင်သာ ဘုရားသခင်အတွက် အလုပ်လုပ်ရန် သင်အရည်အချင်းပြည့်မီသည်။ ထို့ပြင် ဘုရားသခင်အတွက် ရိုးသားစွာ သင်အသုံးခံသည့်အခါမှသာ ဘုရားသခင်၏ လက်ခံခြင်းကို ခံရနိုင်သည်။ ကြီးကျယ်သော ထွက်ဆိုချက်များကို အစဉ်မပြုလုပ်နှင့်၊ စကားကြီးစကားကျယ်နိုင်သော သီအိုရီကို အစဉ်မပြောနှင့်။ ဤသည်မှာ မစစ်မှန်ပေ။ သင့်အပေါ် လူအများ လေးစားစေရန် ဝိညာဉ်ရေးဆိုင်ရာ သီအိုရီကို လူတတ်လုပ် ပြောဆိုခြင်းသည် ဘုရားသခင်ကို သက်သေခံနေခြင်းမဟုတ်ဘဲ သင့်ကိုယ်သင် ကြွားလုံးထုတ်ခြင်းဖြစ်သည်။ ယင်းသည် လူတို့အတွက် လုံးဝ အကျိုးမဖြစ်စေသကဲ့သို့ ၎င်းတို့ကို မတည်ဆောက်ပေးဘဲ ဝိညာဉ်ရေးဆိုင်ရာ သီအိုရီကို ကိုးကွယ်ခြင်းအပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုအပေါ် အာရုံမစိုက်ခြင်းအဖြစ်သို့ အလွယ်တကူ ဦးတည်သွားစေနိုင်သည်။ ဤသည်မှာ လူတို့ကို လမ်းလွဲစေခြင်း မဟုတ်လော။ ဤသို့ ဆက်လက်လုပ်ဆောင်ခြင်းသည် လူတို့ကို ဘောင်ခတ်ပြီး ပိတ်လှောင်သည့် အနှစ်မဲ့သော သီအိုရီနှင့် စည်းမျဉ်းများ များစွာကို ထွက်ပေါ်လာစေလိမ့်မည်။ ယင်းသည် အမှန်တကယ်ပင် အရှက်ရစရာ ကောင်း၏။ ထို့ကြောင့် စစ်မှန်သည့်အရာကို ပို၍ပြောလော့။ အမှန်တကယ် တည်ရှိသော ပြဿနာများအကြောင်းကို ပို၍ပြောလော့။ တကယ့်ပြဿနာများကို ဖြေရှင်းရန် အချိန်ပိုပေးကာ သမ္မာတရားကို ရှာဖွေလော့။ အရေးအကြီးဆုံးမှာ ဤအရာပင် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင်ယူရာတွင် မနှောင့်နှေးနှင့်။ ဤသည်မှာ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရာ လမ်းကြောင်းဖြစ်သည်။ အခြားလူတို့၏ အတွေ့အကြုံနှင့် အသိပညာကို သင်ကိုယ်တိုင်၏ ကိုယ်ပိုင်ပစ္စည်းအဖြစ်ယူပြီး အခြားလူများလေးစားရန်အတွက် ကိုင်ဆောင်ပြခြင်း မပြုလုပ်နှင့်။ သင်၌ အသက်အတွင်းသို့ သင်၏ ကိုယ်ပိုင်ဝင်ရောက်မှုရှိရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို နာခံခြင်းအားဖြင့်သာ အသက်ဝင်ရောက်မှုရှိလိမ့်မည်။ ဤသည်မှာ လူတိုင်းလက်တွေ့လုပ်ဆောင်ပြီး အာရုံစိုက်သင့်သည့်အရာ ဖြစ်၏။

အကယ်၍ သင်မိတ်သဟာယဖွဲ့သည့်အရာသည် လူတို့ကို လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးနိုင်ပါက၊ ယင်းသည် စစ်မှန်မှုကို သင်ပိုင်ဆိုင်ခြင်းနှင့် ညီမျှပေသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လူတို့ကို လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ သင် ခေါ်ဆောင်ရမည်ဖြစ်ပြီး၊ ၎င်းတို့အားလုံး လိုက်လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ပေးသင့်သည်။ ၎င်းတို့ အသိပညာ ရှိခွင့်ကိုသာ မပေးလေနှင့်။ ပို၍အရေးကြီးသည်မှာ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိခြင်း ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်ကို ယုံကြည်ရန်မှာ၊ ဘုရားသခင်သည် သူ၏အမှု၌ လမ်းပြသည့် လမ်းကြောင်းကို ၎င်းတို့ လျှောက်လှမ်းရမည် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဖြစ်စဉ်ဖြစ်၏။ သို့ဖြစ်သောကြောင့်၊ မည်သို့ပင်ဖြစ်စေ သင်လျှောက်လှမ်းနိုင်သည့် လမ်းကြောင်းတစ်ခု သင်၌ရှိရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ် သင်ခြေချရမည် ဖြစ်သည်။ အလွန်ဝေးစွာ နောက်ကျန်ရစ်ခြင်း မရှိနှင့်၊ ပြီးလျှင် အလွန်များလှသော အရေးကိစ္စများ၌ စိတ်မဝင်စားနှင့်။ ဘုရားသခင် ဦးဆောင်သည့် လမ်းကြောင်းကို အနှောင့်အယှက် ဖြစ်ပေါ်စေခြင်းမရှိဘဲ သင်လမ်းလျှောက်မှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သင် ရရှိနိုင်ပြီး ဝင်ရောက်မှုလမ်းကြောင်းကို ပိုင်ဆိုင်နိုင်ပေမည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်းနှင့် လူသား၏တာဝန်ကို ဖြည့်ဆည်းခြင်းအဖြစ် သတ်မှတ်၍ရပေသည်။ ဤရေစီးကြောင်းထဲက လူတစ်ဦးအနေဖြင့် လူအသီးသီးသည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်သည်၊ လူတို့လုပ်သင့်နေသည့်အရာကို ပို၍လုပ်ဆောင်ကာ တစ်ဇွတ်ထိုး မပြုမူသင့်ပေ။ အမှုကို ဆောင်ရွက်နေသော လူတို့သည် ၎င်းတို့၏စကားများကို ရှင်းလင်းစေရမည်၊ လိုက်လျှောက်သော လူတို့သည် အခက်အခဲကိုသည်းခံခြင်းနှင့် နာခံမှုရှိခြင်းအပေါ် ပို၍ အာရုံစိုက်ရမည်ဖြစ်ပြီး၊ အားလုံး မိမိတို့၏အနေအထားနှင့် ကိုက်ညီစွာ ပြုမူ၍ မလျော်ကန်စွာ မပြုမူရပေ။ လူတိုင်း၏ စိတ်နှလုံးထဲတွင် ၎င်းတို့မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့်၊ မည်သည့် လုပ်ငန်းတာဝန် ဖြည့်ဆည်းသင့်သည်ကို ရှင်းလင်းစွာ သိသင့်သည်။ သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့် လမ်းကြောင်းကို လိုက်လော့။ လမ်းလွဲမသွားနှင့်၊ သို့မဟုတ် လမ်းမမှားနှင့်။ ယနေ့၏အမှုကို သင် ရှင်းလင်းစွာ မြင်ရမည်။ ယနေ့ အမှုပြုသည့် နည်းလမ်းထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာ ဖြစ်သည်။ ယင်းမှာ ပထမဆုံး သင်တို့ဝင်ရောက်ရမည့်အရာ ဖြစ်သည်။ အခြားသောအရာများနှင့်ပတ်သက်၍ နောက်ထပ် စကားလုံးများကို မဖြုန်းတီးနှင့်။ ယနေ့ ဘုရားသခင်၏အိမ်တော်၏ အမှုကို လုပ်ဆောင်ခြင်းသည် သင်တို့ ဝတ္တရားဖြစ်သည်၊ ယနေ့၏ အမှုနည်းလမ်းထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏တာဝန်ဖြစ်ပြီး၊ ယနေ့၏သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင်တို့၏ဝန်တာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၃၃)

ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်- သူ၏ အမှုအားလုံး လက်တွေ့ကျသည်၊ သူပြောသည့် နှုတ်ကပတ်တော်အားလုံး လက်တွေ့ကျပြီး၊ သူဖော်ပြသည့် သမ္မာတရားအားလုံး လက်တွေ့ကျလေသည်။ သူ၏ နှုတ်ကပတ်တော်များ မဟုတ်သော အရာအားလုံးသည် နားဝေတိမ်တောင် ဖြစ်သည့်အရာဖြစ်သည်၊ အမှန်တကယ်မရှိသကဲ့သို့ မခိုင်လုံပေ။ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ လမ်းပြရန်ဖြစ်သည်။ အကယ်၍ လူတို့သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုကို လိုက်စားဖို့ဖြစ်ပါက၊ လက်တွေ့အရှိတရားကို ၎င်းတို့ ရှာဖွေရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ၎င်းတို့ သိရမည်၊ ထို့နောက်တွင် ၎င်းတို့သည် လက်တွေ့အရှိတရားကို တွေ့ကြုံရမည်ဖြစ်ပြီး လက်တွေ့အရှိတရား၌ အသက်ရှင်နေထိုင်ရမည်။ လူတို့သည် လက်တွေ့အရှိတရားကို သိရှိလေလေ၊ အခြားသူများ၏ စကားများက စစ်မှန်သည် မစစ်မှန်သည်ကို ၎င်းတို့ သိမြင်နိုင်လေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ သိရှိလေလေ၊ အယူအဆများ နည်းပါးလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ တွေ့ကြုံလေလေ၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ သိလေလေဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများမှ လွတ်မြောက်ဖို့ ၎င်းတို့အတွက် လွယ်ကူလေလေ ဖြစ်သည်။ လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်ကို ၎င်းတို့ သိရှိလေလေဖြစ်ပြီး၊ ဇာတိပကတိကို ၎င်းတို့ စက်ဆုပ်ရွံရှာလေလေ ဖြစ်ကာ သမ္မာတရားကို ချစ်မြတ်နိုးလေလေ ဖြစ်သည်။ ပြီးလျှင် လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၏ စံချိန်စံညွှန်းများနှင့် ၎င်းတို့ နီးစပ်လေလေဖြစ်သည်။ ဘုရားသခင်၏ ရယူခြင်းခံရသော လူတို့သည် လက်တွေ့အရှိတရားကို ပိုင်ဆိုင်သူများ၊ လက်တွေ့အရှိတရားကို သိရှိသူများနှင့် လက်တွေ့အရှိတရားကို တွေ့ကြုံခြင်းမှတစ်ဆင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များကို သိရှိလာသောသူများ ဖြစ်သည်။ သင်သည် လက်တွေ့ကျသော နည်းလမ်းတစ်ခုဖြင့် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ကာ သင်၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းကြပ်မတ်လေလေ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိလေလေ ဖြစ်လိမ့်မည်၊ လက်တွေ့အရှိတရားကို သင် ရရှိလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်၊ ထိုသို့ဖြင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် သာ၍ ကြီးမားလေလေ ဖြစ်လာလိမ့်မည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် အလင်းအောက်တွင် အသက်ရှင်နိုင်ပါက၊ လက်ရှိလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် သင့်အဖို့ ပိုမိုရှင်းလင်းလာလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘာသာရေး အယူအဆများနှင့် အတိတ်က အလေ့အထဟောင်းများမှ မိမိကိုယ်ကိုယ် ပိုမိုဖယ်ရှားနိုင်လိမ့်မည် ဖြစ်သည်။ ယနေ့ လက်တွေ့အရှိတရားသည် အချက်အချာ ဖြစ်၏- လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ သမ္မာတရားနှင့်သက်ဆိုင်သော ၎င်းတို့၏ အသိပညာသည် ရှင်းလင်းလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏အလိုနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှု ကြီးမားလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ အားလုံးကို ကျော်လွှားအောင်မြင်နိုင်သည်၊ သဘောတရားများနှင့် ကျွမ်းကျင်မှုအားလုံးကို ကျော်လွှားအောင်မြင်နိုင်သကဲ့သို့၊ လူတို့သည် လက်တွေ့အရှိတရားကို အာရုံစိုက်လေလေ၊ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ချစ်မြတ်နိုးလေလေ ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဆာလောင်ငတ်မွတ်လေလေ ဖြစ်သည်။ သင်သည် လက်တွေ့အရှိတရားကို အမြဲ အာရုံစိုက်ပါက၊ သင်၏ ရှင်သန်ခြင်းအတွက် အတွေးအခေါ်များ၊ ဘာသာရေးအယူအဆများနှင့် ပင်ကိုစရိုက်တို့သည် ဘုရားသခင်၏အမှုနောက်တွင် အလိုအလျောက် ဖျောက်ဖျက်ခံရလိမ့်မည်။ လက်တွေ့အရှိတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော အသိပညာမရှိသူတို့သည် သဘာဝလွန်သည့်အရာ နောက်သို့လိုက်ရန် အလားအလာရှိကြပြီး၊ အလွယ်တကူ လိမ်လည်လှည့်ဖြား ခံရလိမ့်မည်။ ထိုသို့သောလူများ၌ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုပြုရန် နည်းလမ်း လုံးဝ မရှိသောကြောင့် ၎င်းတို့သည် လစ်ဟာမှုကို ခံစားကြရပြီး ၎င်းတို့၏ ဘဝများက အဓိပ္ပာယ်မရှိဟု ခံစားကြရလေသည်။

သင်သည် အမှန်တကယ် လေ့ကျင့်သည့်အခါမှ၊ အမှန်တကယ် ရှာဖွေသည့်အခါမှ၊ အမှန်တကယ် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေခြင်းအတွက် ဆင်းရဲဒုက္ခခံရန် လိုလားနေသည့်အခါမှသာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်နိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းမပြုသူတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ၊ အနှစ်သာရမဲ့သော သဘောတရားများမှလွဲ၍ မည်သည့်အရာမျှ မရှိကြသကဲ့သို့၊ သမ္မာတရားမရှိသော သူတို့သည် သဘာဝအားဖြင့် ဘုရားသခင်နှင့် သက်ဆိုင်သည့် အယူအဆများစွာ ရှိကြလေသည်။ ဤသို့သောလူများသည် တတိယကောင်းကင်ဘုံသို့ တက်နိုင်ရန်အလို့ငှာ ၎င်းတို့၏ ဇာတိခန္ဓာကိုယ်ကို ဝိညာဉ်ကိုယ်ခန္ဓာအဖြစ်သို့ ဘုရားသခင်က ပြောင်းလဲစေရန်အတွက်သာ တောင့်တကြသည်။ ထိုလူတို့သည် မိုက်မဲလိုက်လေစွ။ ထိုသို့သောအရာများကို ပြောသောသူအားလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ သို့မဟုတ် လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အသိပညာမရှိကြချေ။ ဤကဲ့သို့သော လူများသည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ရန် မဖြစ်နိုင်သကဲ့သို့၊ မလှုပ်မယှက်သာ စောင့်ဆိုင်းနိုင်ကြသည်။ လူတို့သည် သမ္မာတရားကို သိနားလည်ပြီး၊ သမ္မာတရားကို ရှင်းလင်းစွာ မြင်ရန်ဆိုပါက၊ ထို့အပြင် ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ပြီး ထိုသမ္မာတရားကို လက်တွေ့ လုပ်ဆောင်ရန်ဆိုပါက၊ ၎င်းတို့အနေဖြင့် အမှန်တကယ် လေ့ကျင့်ကြရမည်၊ အမှန်တကယ် ရှာဖွေကြရမည်ဖြစ်ပြီး အမှန်တကယ် ဆာလောင်မွတ်သိပ် ကြရမည်။ သင်သည် ဆာလောင်မွတ်သိပ်သောအခါ၊ ပြီးလျှင် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းလုပ်ဆောင်သည့်အခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို ဧကန်မုချ တို့ထိလိမ့်မည်ဖြစ်ပြီး၊ သင်၏အတွင်းတွင် အလုပ်လုပ်လိမ့်မည်၊ ယင်းက သင့်ထံ ဉာဏ်အလင်းပေးခြင်း ပိုမိုဆောင်ကြဉ်းလိမ့်မည်ဖြစ်ပြီး၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အသိပညာကို သာ၍ ပေးလိမ့်မည်ဖြစ်သကဲ့သို့၊ သင်၏အသက်တာအဖို့ သာ၍ ကြီးမားသည့် အကူအညီဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့အရှိတရားကို သိရှိပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၃၄)

လူတို့သည် ဘုရားသခင်ကို သိရှိရန်ဆိုပါက၊ ၎င်းတို့အနေဖြင့် ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်ကို ပထမဦးစွာ သိရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ လက်တွေ့ကျသော လူ့ဇာတိ၌ ပေါ်ထွန်းခြင်းနှင့် ဘုရားသခင်၏ လက်တွေ့ကျသော အမှုတို့ကို သိရှိရမည်။ ဘုရားသခင်၏ အမှုအားလုံး လက်တွေ့ကျသည်ကို သိရှိသည့်နောက်တွင်သာ၊ သင်သည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပြီး၊ ဤလမ်းကြောင်းမှတစ်ဆင့်သာ သင်၏ အသက်တာ၌ ကြီးထွားမှုကို သင်ရရှိနိုင်ပေသည်။ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အသိပညာမရှိသော သူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံရန် နည်းလမ်း မရှိပေ၊ ၎င်းတို့၏ အယူအဆများတွင် ၎င်းတို့ ပိတ်မိကြသည်၊ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများထဲတွင် အသက်ရှင်ကြပြီး၊ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသိပညာမရှိကြချေ။ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် သင်၏ အသိပညာ ကြီးမားလေလေ၊ သင်သည် ဘုရားသခင်နှင့် နီးစပ်လေလေဖြစ်ပြီး၊ သင်သည် သူနှင့် အကျွမ်းဝင်လေလေဖြစ်သည်။ သင်သည် မရေရာမှု၊ စိတ်ကူးစိတ်သန်းနှင့် အယူဝါဒကို ရှာဖွေလေ၊ သင်သည် ဘုရားသခင်ထံမှ တိုး၍ သွေဖည်လေလေ ဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းသည် ပင်ပန်းပြီး ခက်ခဲသည်၊ ပြီးလျှင် သင်သည် ဝင်ရောက်နိုင်စွမ်း မရှိဟု ခံစားရလေလေ ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် လက်တွေ့အရှိတရားထဲသို့လည်းကောင်း၊ သင်၏ဝိညာဉ်ရေးရာ အသက်တာနှင့် သက်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့လည်းကောင်း ဝင်ရောက်ရန် ဆန္ဒရှိပါက၊ ပထမဦးစွာ လက်တွေ့အရှိတရားကို သိရှိရမည်ဖြစ်ပြီး မရေရာသကဲ့သို့ သဘာဝလွန်‌ဖြစ်သော အရာများမှ မိမိကိုယ်ကိုယ် သီးခြားရှိစေရမည်၊ ဆိုလိုသည်မှာ ပထမဦးစွာ သန့်ရှင်းသော ဝိညာဉ်တော်က အတွင်းမှ သင့်ကို မည်သို့ အမှန်တကယ် အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြသည်ကို သင် သိနားလည်ရမည် ဖြစ်သည်။ ဤနည်းဖြင့်၊ လူ့အတွင်းက သန့်ရှင်းသော ဝိညာဉ်တော်၏ စစ်မှန်သော လုပ်ဆောင်ချက်ကို သင် အမှန်တကယ် သဘောပေါက်နိုင်ပါက၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ပြီး ဖြစ်ပေလိမ့်မည်။

ယနေ့တွင်၊ အရာရာသည် လက်တွေ့အရှိတရားမှ အစပြုကြ၏။ ဘုရားသခင်၏အမှုသည် လက်တွေ့အကျဆုံးဖြစ်ပြီး၊ လူတို့ ထိတွေ့ နိုင်သည်။ ယင်းသည် လူတို့ ကြုံတွေ့ကာ စွမ်းဆောင်ရရှိနိုင်သည့်အရာ ဖြစ်သည်။ လူတို့အထဲတွင် မရေရာသကဲ့သို့ သဘာဝလွန်ဖြစ်သည့် အရာများစွာရှိပြီး၊ ယင်းက ၎င်းတို့ကို ဘုရားသခင်၏ လက်ရှိအမှုကို သိခြင်းမှ တားဆီးထားလေသည်။ ထို့ကြောင့်၊ ၎င်းတို့၏ အတွေ့အကြုံများတွင် ၎င်းတို့သည် အမြဲ သွေဖည်ကြပြီး၊ အမှုအရာများက ခက်ခဲသည်ဟု အမြဲခံစားရကာ၊ ဤအရာအားလုံးမှာ ၎င်းတို့၏ အယူအဆများက ဖြစ်စေသည့်အရာများသာ ဖြစ်သည်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို သဘောမပေါက်နိုင်ကြပေ၊ ၎င်းတို့သည် လက်တွေ့အရှိတရားကို မသိကြသောကြောင့်၊ ၎င်းတို့၏ ဝင်ရောက်ခြင်း လမ်းကြောင်းတွင် အမြဲအပျက်သဘောဆောင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို မစွမ်းဆောင်နိုင်ကြဘဲ၊ အဝေးမှ ကြည့်ရှုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှန်တကယ် ကောင်းမွန်သည်ကို မြင်ရုံမျှ မြင်ကြသော်လည်း၊ ဝင်ရောက်ရန် လမ်းကြောင်းကို ရှာမတွေ့နိုင်ကြပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ဤအခြေခံသဘောတရားအားဖြင့် အမှုပြု၏- လူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့်၊ ၎င်းတို့ တက်ကြွစွာ ဆုတောင်းခြင်း၊ ဘုရားသခင်ကို ရှာဖွေခြင်းနှင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ခြင်း တို့မှတစ်ဆင့်၊ ရလဒ်များကို ရရှိနိုင်ပြီး ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရကာ အလင်းပေးခြင်း ခံရနိုင်ပေသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ဖက်သတ် လုပ်ဆောင်သည် သို့မဟုတ် လူသားက တစ်ဖက်သတ် လုပ်ဆောင်သည် မဟုတ်ပေ။ နှစ်ဦးလုံးသည် မရှိမဖြစ်ဖြစ်ပြီး၊ လူတို့က ပူးပေါင်းဆောင်ရွက်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်သက်ဆိုင်သည့် စံချိန်စံနှုန်းများကို ရရှိရန် အားထုတ်လေလေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က သာ၍ ကြီးမားလေလေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အပြင်၊ လူတို့၏ စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုသည်သာ၊ စစ်မှန်သော အတွေ့အကြုံများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ထိရောက်သော အသိပညာကို ဖြစ်ပေါ်စေနိုင်ပေသည်။ တဖြည်းဖြည်းနှင့်၊ ဤနည်းလမ်းဖြင့် တွေ့ကြုံခြင်းမှတစ်ဆင့်၊ နောက်ဆုံးတွင် စုံလင်သည့် လူတစ်ဦး ထွက်ပေါ်၏။ ဘုရားသခင်သည် သဘာဝလွန်ကဲသည့် အရာများကို မလုပ်ဆောင်ပေ- လူတို့၏အယူအဆများတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ အရာအားလုံးကို ဘုရားသခင် လုပ်ဆောင်သည်— အကျိုးဆက်အနေဖြင့် လူတို့သည် မလှုပ်မယှက် စောင့်ဆိုင်းကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုကြချေ၊ သို့မဟုတ် ဆုတောင်းခြင်း မရှိကြချေ၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏တို့ထိမှုကို စောင့်ရုံမျှ စောင့်ကြလေသည်။ သို့သော် မှန်ကန်သော သိနားလည်မှုရှိသူများက ဆက်လက်ဖော်ပြပါအရာကို ယုံကြည်ကြသည်- ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကျွန်ုပ် ပူးပေါင်းဆောင်ရွက်သလောက်အထိသာ သွားပြီး၊ ကျွန်ုပ်အထဲ၌ ဘုရားသခင်၏အမှု သက်ရောက်မှုသည် ကျွန်ုပ် မည်သို့ပူးပေါင်းဆောင်ရွက်သည် ဆိုသည့်အပေါ် တည်မှီသည်။ ဘုရားသခင်က စကားပြောဆိုသည့်အခါတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှာဖွေရန် တတ်နိုင်သမျှ လုပ်ဆောင်သင့်ပြီး ရှေ့ဆက်ကြိုးပမ်းသင့်သည်။ ဤသည်ကား ကျွန်ုပ် စွမ်းဆောင် ရရှိသင့်သည့် အရာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့အရှိတရားကို သိရှိပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၃၅)

ဘာသာရေး ထုံးတမ်းအစဉ်အလာ မည်မျှကို သင် စောင့်ထိန်းသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်မည်မျှ ဆန့်ကျင်ကာ မိမိအလိုအတိုင်း လိုက်လျှောက်ခဲ့သနည်း။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အမှန်တကယ် အရေးထားကာ သူ၏အလိုတော် ဖြည့်ဆည်းဖို့ ကြိုးစားခြင်းကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အား အကြိမ်မည်မျှ သင် လက်တွေ့လုပ်ဆောင်ခဲ့ဖူးသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ကာ နားလည်သည့်အလျောက် လက်တွေ့လုပ်ဆောင်သင့်၏။ သင်၏အပြုအမူများနှင့် လုပ်ရပ်များအားလုံး၌ ကိုယ်ကျင့်တရား ကောင်းမွန်လော့။ ဤသည်မှာ စည်းမျဉ်းများကို လိုက်နာခြင်း သို့မဟုတ် စိတ်မပါ့တပါနှင့် အပေါ်ယံဗန်းပြ လုပ်ဆောင်ခြင်းကို မဆိုလို။ ယင်းထက် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်ခြင်းကို ဆိုလိုသည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် ဘုရားသခင်ကို ကျေနပ်စေသည်။ ဘုရားသခင်ကို ကျေနပ်စေသော မည်သည့်လုပ်ဆောင်ပုံနည်းလမ်းမဆို စည်းမျဉ်းတစ်ခု မဟုတ်ဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူအချို့သည် လူအများက သူတို့အပေါ် အာရုံစိုက်အောင် လုပ်ခြင်းကို ခုံမင်ကြသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ရှေ့တွင် ၎င်းတို့သည် ဘုရားသခင်၏ အကြွေးတင်ရှိကြောင်းကို ပြောနိုင်သည်။ သို့သော် နောက်ကွယ်တွင်မူ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ လုံးလုံးလျားလျား ခြားနားစွာ ပြုမူကြသည်။ ဤသူတို့သည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲများ မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး သမ္မာတရား ရှိသောသူတစ်ဦးသည် ဘုရားသခင်ကို သစ္စာစောင့်သိသူ ဖြစ်သော်လည်း၊ အပြင်ပန်း၌ ထိုကဲ့သို့ ဖော်ပြလေ့မရှိပေ။ ထိုကဲ့သို့သောသူသည် အခြေအနေများ ပေါ်ပေါက်လာချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပြီး ၎င်း၏အသိစိတ်ကို ဆန့်ကျင်ကာ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်းကို ပြုလုပ်လေ့ မရှိပေ။ ထိုကဲ့သို့သောသူသည် အရေးကိစ္စများ ပေါ်လာချိန်တွင် ဉာဏ်ပညာကို ပြသပြီး၊ အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ သူ၏လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်၏။ ဤကဲ့သို့သောသူသည် စစ်မှန်သော အစေခံခြင်း ပေးနိုင်သောသူ ဖြစ်သည်။ ဘုရားသခင်ကို အကြွေးတင်ရှိကြောင်း စိတ်ထဲကမပါဘဲ ပြောသူတချို့ ရှိသည်။ ၎င်းတို့သည် သူတစ်ပါးထက် သာသည့်ဟန်ဆောင်ကာ သနားဖွယ်ယောင်ဆောင်လျက် ပူပန်သောကဖြင့် မျက်မှောင်ကုတ်ကာ မိမိတို့၏ နေ့ရက်များကို ကုန်လွန်ကြသည်။ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်လေခြင်း။ “သင်၌ ဘုရားသခင်၏အကြွေး မည်သို့တင်ရှိသနည်း။ ပြောပြပါ။” ဟု သူတို့အား မေးခဲ့လျှင် သူတို့သည် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင်၊ ယင်းအကြောင်းကို အပြင်ပန်းအားဖြင့် မပြောနှင့်။ ယင်းအစား တကယ့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းဖြင့် ဘုရားသခင်အပေါ် သင်ချစ်ခြင်းအား ပြသလော့၊ ပြီးလျှင် စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ နှုတ်အားဖြင့်နှင့် ဝတ်ကျေတမ်းကျေသာ ဘုရားသခင်နှင့် ဆက်ဆံသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ အချို့သူတို့သည် ဆုတောင်းပတ္ထနာပြုတိုင်း ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်းကို ပြောကာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကြောင့် မဟုတ်ဘဲ၊ ၎င်းတို့ ဆုတောင်းသည့်အခါတိုင်း စတင်၍ ငိုကြွေးတတ်ကြသည်။ ထိုသို့သော လူများသည် ဘာသာရေးထုံးတမ်းဓလေ့များနှင့် အယူအဆများ စွဲနေသူများ ဖြစ်၏၊ ထိုသို့သော အပြုအမူများသည် ဘုရားသခင်ကို ကျေနပ်စေသည်၊ အပေါ်ယံ ဘုရားတရားကိုင်းရှိုင်းမှု သို့မဟုတ် အပေါ်ယံ ဝမ်းနည်းမျက်ရည်များသည် ဘုရားသခင်နှစ်သက်သော အရာများ ဖြစ်သည်ဟု အစဉ်ယုံကြည်လျက် ထိုသို့သော ထုံးတမ်းဓလေ့များနှင့် အယူအဆများဖြင့် အသက်ရှင်ကြသည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သူများသည် မည်သို့အကျိုးပြုမည်နည်း။ အချို့က မိမိတို့၏နှိမ့်ချမှုကို ပြသရန်အတွက် အခြားသူများရှေ့၌ စကားပြောစဉ်တွင် သဘောထားကြီးဟန် ယောင်ဆောင်ကြသည်။ အချို့ကမူ အားအင်လုံးဝမရှိတော့သည့် သိုးငယ်များကဲ့သို့၊ အခြားသူများရှေ့တွင် တမင်တကာ ရိုကျိုးပြလွန်းကြသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ပြုမူသင့်သည် အပြုအမူများ ဖြစ်သလော။ နိုင်ငံတော်၏လူတို့သည် တက်ကြွ၍ အချုပ်အနှောင် ကင်းသောသူ၊ အပြစ်ကင်းပြီး ပွင့်လင်းသောသူ၊ ရိုးသားဖြောင့်မတ်ပြီး ချစ်ဖွယ်ကောင်းသူ၊ လွတ်လပ်သော အနေအထား၌ အသက်ရှင်သူများ ဖြစ်သင့်သည်။ ထိုသူတို့၌ သမာဓိနှင့် ဂုဏ်သိက္ခာ ရှိသင့်ပြီး သွားလေရာရာ၌ သက်သေခံနိုင်သင့်သည်။ ထိုကဲ့သို့သော သူတို့သည် ဘုရားသခင်၏ချစ်ခြင်းကိုရော လူသား၏ ချစ်ခြင်းကိုပါ ခံရသူများ ဖြစ်သည်။ ယုံကြည်ခြင်း၌ သက်တမ်းနုသော သူတို့တွင် အပေါ်ယံ လက်တွေ့လုပ်ဆောင်မှုများ များလွန်းကြသည်။ ၎င်းတို့သည် ပဲ့ပြင်ဆုံးမခြင်းနှင့် ချိုးဖျက်ခြင်းခံရသည့် ကာလကို အရင် ဖြတ်သန်းကြရမည်။ စိတ်နှလုံးအတွင်း၌ ဘုရားသခင်အား ယုံကြည်သောသူများကို အခြားသူများနှင့် အပြင်ပန်းအားဖြင့် ကြည့်ရုံနှင့် ခွဲခြား၍မရနိုင်။ သို့သော်လည်း ထိုသူတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်မှုများသည် ချီးမွမ်းထိုက်ဖွယ် ဖြစ်သည်။ ထိုကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်သူများ ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အကယ်၍ ဧဝံဂေလိ သတင်းကောင်းကို ဟိုလူ၊ သည်လူအား ကယ်တင်ခြင်းကို ဆောင်ကြဉ်းလာရန် သင်နေ့စဉ် ဟောပြောသော်လည်း၊ အဆုံးတွင် သင်သည် စည်းမျဉ်းများ၊ အယူဝါဒများဖြင့် ဆက်လက် အသက်ရှင်နေသေးလျှင်၊ သင်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည် မဟုတ်။ ထိုကဲ့သို့သောသူများသည် ဘာသာရေးသမားများအပြင် ကြောင်သူတော်များလည်း ဖြစ်သည်။ ထိုသို့သော ဘာသာရေးသမားများ စုရုံးကြသည့်အခါတိုင်း၊ သူတို့က “ညီမ၊ ဒီရက်ပိုင်း ဘယ်လိုနေသလဲ။” ဟုမေးကောင်း မေးကြလိမ့်မည်။ သူမကလည်း “ဘုရားသခင်အပေါ် အကြွေး ရှိနေတာကို ခံစားမိပြီး သူ့အလိုတော်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိဘူးလို့ ခံစားရတယ်။” ဟု ပြန်ဖြေကောင်း ပြန်ဖြေနိုင်၏။ အခြားတစ်ယောက်ကလည်း “ကျွန်ုပ်လည်း ဘုရားသခင်အပေါ် အကြွေးတင်ရှိနေပြီး သူ့အလိုတော်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိဘူးလို့ ခံစားရတယ်။” ဟု ပြောကောင်း ပြောလိမ့်မည်။ ဤဝါကျအချို့နှင့် စကားလုံးများသက်သက် ကပင် ထိုသူတို့၏နှလုံးသား နက်ရှိုင်းသောနေရာ၌ ရှိနေသည့် ဆိုးရွားသော အရာများကို ဖော်ပြနေသည်။ ထိုသို့သော စကားများသည် စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ပြီး၊ အလွန်အမင်း မနှစ်မြို့ဖွယ်ဖြစ်သည်။ ထိုသို့သောလူများ၏ သဘာဝဗီဇသည် ဘုရားသခင်ကို ဆန့်ကျင်သည်။ စစ်မှန်မှုအပေါ်တွင် အာရုံစိုက်သောသူတို့သည် မိမိ၏စိတ်အတွင်း၌ ရှိသည့်အတိုင်း ပြောဆိုပြီး မိတ်သဟာယပြုရာတွင်လည်း မိမိတို့၏နှလုံးသားများအား ဖွင့်ဟကြသည်။ ထိုသူတို့သည် ထိုကဲ့သို့သော ယဉ်ကျေးရည်မွန်သော စကားများ၊ သို့မဟုတ် အနှစ်သာရ မရှိသော နားဝင်ချိုသည့်စကားများကို မပြောဘဲ အတုအပဖြစ်သော စွမ်းဆောင်မှုများ၌ ပါဝင်ခြင်း မရှိပေ။ ထိုသူတို့သည် အမြဲတမ်း ပွင့်လင်းစွာပြောဆိုကြပြီး လောက၏ စည်းမျဉ်းများကို လိုက်နာလေ့မရှိပေ။ အချို့သူများသည် လုံးဝ အဓိပ္ပာယ်မရှိသည့် အတိုင်းအတာအထိ အပေါ်ယံ လူမြင်အောင် လုပ်ပြရသည်ကို ခုံမင်ကြသည်။ မိမိ၏ထမင်းအိုး အတွင်းရှိ ထမင်းများ တူးသွားသည်ကိုပင် မသိလိုက်ဘဲ၊ တစ်စုံတစ်ဦး သီချင်းဆိုလျှင် သူတို့ စတင် ကခုန်ကြသည်။ ထိုကဲ့သို့သော လူများသည် ဘုရားတရား ကိုင်းရှိုင်းသူများ မဟုတ်သလို၊ ဂုဏ်သိက္ခာ ရှိသောသူများလည်း မဟုတ်ကာ၊ အလွန်အမင်း ပေါ့ပြက်လွန်းလှသည့် လူများဖြစ်သည်။ အဆိုပါအရာများ အားလုံးသည် စစ်မှန်ခြင်းကင်းမဲ့မှု၏ သရုပ်သကန်များ ဖြစ်သည်။ လူအချို့သည် ဝိညာဉ်ရေးရာအသက်တာ နှင့်ဆိုင်သော ကိစ္စများကို ပြောဆိုကြသည့်အခါ၊ ထိုသူတို့သည် ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်း မပြောသော်လည်း၊ ၎င်းတို့၏ နှလုံးသား အတွင်း၌ ဘုရားသခင်အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာထားကြသည်။ ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်း သင်၏ခံစားချက်သည် အခြားသူများနှင့် မည်ကဲ့သို့မျှ မသက်ဆိုင်ပေ။ သင်သည် ဘုရားသခင်အပေါ်၌ အကြွေးတင်ရှိခြင်း ဖြစ်သည်၊ လူသားအပေါ် ကျေးဇူးတင်ရှိခြင်း မဟုတ်။ ထိုကိစ္စအား အခြားသူများကို အဆက်မပြတ် ပြောဆိုခြင်းသည် သင့်အတွက် အဘယ်အကျိုးရှိသနည်း။ သင်သည် မည်သည့်အပြင်ပန်း စိတ်အားထက်သန်မှု၊ သို့မဟုတ် အပြင်ပန်း ပြသဖို့အပေါ်မျှ မဟုတ်ဘဲ၊ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို အရေးကြီးသည်ဟု ခံယူရမည်။ လူတို့၏ အပေါ်ယံကောင်းမှုများသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် ဇာတိပကတိစိတ်ကို ကိုယ်စားပြုပြီး အကောင်းဆုံး အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည်ပင်လျှင် အသက်ကို ကိုယ်စားပြုခြင်း မရှိပေ၊ ၎င်းတို့သည် သင်ကိုယ်တိုင်၏ သီးခြား နဂိုစိတ်ရင်းကိုသာ ပြနိုင်သည်။ လူသား၏အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည် ဘုရားသခင်၏ လိုအင်ဆန္ဒကို မဖြည့်ဆည်းနိုင်ပေ။ သင်သည် ဘုရားသခင်အပေါ်၌ အကြွေးတင်ရှိကြောင်းကို အစဉ်မပြတ် ပြောသော်လည်း၊ တစ်ပါးသူများ၏ဘဝများကို သင် မထောက်ပံ့နိုင်ပေ သို့မဟုတ် ၎င်းတို့ကို ဘုရားသခင်အားချစ်ရန် သင်မလှုံ့ဆော်နိုင်ပေ။ သင်၏ အဆိုပါလုပ်ရပ်များက ဘုရားသခင်ကို ကျေနပ်စေမည်ဟု သင် ယုံကြည်သလော။ သင်၏လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပြီး၊ ၎င်းတို့သည် ဝိညာဉ်နှင့်သက်ဆိုင်သည်ဟု သင် ခံစားရသော်လည်း၊ စင်စစ်အားဖြင့် ၎င်းတို့အားလုံးသည် အဓိပ္ပာယ် ကင်းမဲ့ကြပေသတည်း။ သင့်အား စိတ်ကျေနပ်မှု ပေးသောအရာနှင့် သင်လုပ်လိုသော အရာတို့သည် ဘုရားသခင် အထူးနှစ်သက်သည့် အရာများ အတိအကျပင် ဖြစ်သည်ဟု သင်ယုံကြည်သည်။ သင် နှစ်သက်သောအရာများသည် ဘုရားသခင်အား ကိုယ်စားပြုနိုင်သလော။ လူတစ်ဦး၏စရိုက်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ သင့်ကို စိတ်ကျေနပ်မှုပေးသော အရာသည် ဘုရားသခင် ရွံမုန်းသည့်အရာ အတိအကျပင်ဖြစ်ပြီး၊ သင့်အကျင့်များသည် ဘုရားသခင် ရွံရှာ၍ ငြင်းပယ်သော အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အပေါ် အကြွေးတင်ရှိသည်ဟု ခံစားရပါက၊ ဘုရားသခင်ရှေ့မှောက်သို့ သွား၍ ဆုတောင်းလော့။ ထိုအကြောင်းကို တစ်ပါးသူများအား ပြောဖို့မလို။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့မှောက်၌ ဆုမတောင်းဘဲ၊ ယင်းအစား အခြားသူများရှေ့၌ သင့်ကိုယ်သင် လူအများအာရုံစိုက်ခံရအောင် အစဉ်တစိုက် ပြုလုပ်လျှင်၊ ဤအရာသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည်လော။ သင်၏လုပ်ရပ်များသည် အစဉ်အမြဲ အပြင်ပန်းအတွက်သာ ဖြစ်နေပါက၊ သင်သည် အစွန်းရောက်အောင် အလွန်ပလွှားသောသူ ဖြစ်သည်ဟု ဆိုလိုသည်။ အပေါ်ယံကောင်းမှုများသာ ဆောင်ရွက်ပြီး စစ်မှန်မှု ကင်းမဲ့နေသည့် လူတို့သည် မည်ကဲ့သို့သော လူအမျိုးအစား ဖြစ်သနည်း။ ထိုသို့သော လူများသည် ကြောင်သူတော် ဖာရိရှဲများနှင့် ဘာသာရေးသမားများသာ ဖြစ်လေစွတကား။ သင်တို့သည် သင်တို့၏ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကို ရပ်ကာ မပြောင်းလဲနိုင်လျှင် သင်တို့အထဲရှိ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများသည် ပို၍ပင် ကြီးထွားလာလိမ့်မည်။ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများ ပိုများလေလေ၊ ဘုရားသခင်ကို ပို၍ ဆန့်ကျင်လေလေဖြစ်၏။ အဆုံးတွင် ထိုကဲ့သို့သော လူများသည် ဧကန်ပင် ပယ်ထုတ်ခြင်းကို ခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၃၆)

ပုံမှန်လူတစ်ဦးနှင့် တူအောင် ထိန်းသိမ်းရန်အတွက်၊ ဆိုလိုသည်မှာ ပုံမှန်လူသားသဘာဝကို ရရှိစေရန်၊ လူတို့သည် သူတို့ စကားလုံးများဖြင့် ဘုရားသခင်ကို နှစ်သိမ့်ရုံဖြင့် မရနိုင်ပေ။ ယင်းသို့လုပ်ခြင်းဖြင့် သူတို့သည် သူတို့ကိုသူတို့သာ ထိခိုက်နာကျင်စေကြပြီး၊ ယင်းသည် သူတို့၏အသက်တာ ဝင်ရောက်မှုနှင့် ပြောင်းလဲမှုတို့အတွက် အကျိုးမပြုပေ။ ထို့ကြောင့် ပြောင်းလဲမှု ရရှိရန်အတွက် လူတို့သည် နည်းနည်းချင်းစီ လေ့ကျင့်ရမည်။ ဖြည်းညင်းစွာ ဝင်ရောက်ရမည်၊ နည်းနည်းချင်းစီ ရှာဖွေ စူးစမ်းရမည်၊ အပြုသဘောမှ ဝင်ရောက်ပြီး သန့်ရှင်းသူတို့၏ အသက်တာဖြစ်သော သမ္မာတရား၏ လက်တွေ့ ဘဝတွင် နေထိုင်ကြရမည်။ ၎င်းနောက်မှ စ၍ စစ်မှန်သော အရာများ၊ စစ်မှန်သည့် အဖြစ်အပျက်များနှင့် တကယ့် ပတ်ဝန်းကျင်များက လူများကို လက်တွေ့လေ့ကျင့်မှုများ ရှိစေမည်။ လူတို့သည် စိတ်မပါဘဲ ပြောရန် မလိုအပ်ပါ။ ယင်းအစား တကယ့် ပတ်ဝန်းကျင်များတွင် လေ့ကျင့်ရန် လိုအပ်သည်။ လူတို့သည် သူတို့တွင် အရည်အသွေး ညံ့ဖျင်းကြောင်း သိရှိလာကြပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်သုံးဆောင်ကြကာ၊ ဝင်ရောက်ကြပြီး ပုံမှန်လက်တွေ့လုပ်ဆောင်ကြသည်။ ဤနည်းအားဖြင့်သာ သူတို့သည် စစ်မှန်မှုကို ရရှိကြပြီး ဝင်ရောက်မှု ပိုမိုလျင်မြန်စွာပင် ဖြစ်ပေါ်နိုင်သည်။ လူတို့အား ပြောင်းလဲရန် လက်တွေ့ကျမှု အချို့ရှိရမည်၊ သူတို့သည် စစ်မှန်သည့်အရာများ၊ စစ်မှန်သည့် အဖြစ်အပျက်များ၊ စစ်မှန်သည့် ပတ်ဝန်းကျင်များနှင့်အတူ လက်တွေ့လုပ်ဆောင်ကြရမည်။ အသင်းတော်၏ အသက်တာကို မှီခိုရုံဖြင့်သာ စစ်မှန်သော လေ့ကျင့်မှုရရှိနိုင်သလော။ လူတို့သည် ဤနည်းဖြင့် စစ်မှန်မှုသို့ ဝင်ရောက်နိုင်မည်လော။ မဝင်ရောက် နိုင်ပေ။ လူတို့သည် စစ်မှန်သော အသက်တာအတွင်းသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့သည် သူတို့၏ ဘဝနေထိုင်မှု အဟောင်းများနှင့် လုပ်ကိုင်ဆောင်ရွက်ပုံများကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ယင်းမှာ လူတို့၏ ပျင်းရိခြင်း သက်သက်ကြောင့်နှင့် ကြီးမားသော မှီခိုမှုကြောင့် မဟုတ်ဘဲ ယင်းသည် လူတို့တွင် အသက်ရှင်နေထိုင်မှုအတွက် စွမ်းရည် မရှိခြင်းကြောင့်သာမက ဘုရားသခင်၏ အလိုတော်နှင့် အညီ ပုံမှန် လူသားတယောက်နှင့် တူသည့် စံချိန်စံညွှန်းများကို နားလည်မှု မရှိသောကြောင့် ဖြစ်သည်။ ယခင်က လူတို့သည် အစဉ်အမြဲ ဆွေးနွေးနေ ခဲ့ကြသည်၊ ပြောဆိုနေခဲ့ကြသည်၊ ဆက်သွယ်နေကြသည်၊ ထို့အပြင် ၎င်းတို့သည် “ဟောပြောသူများ” ပင် ဖြစ်သွားကြသည်၊ သို့သော်လည်း အသက်တာ စိတ်သဘောထား၌ ပြောင်းလဲခြင်းကို မည်သူကမျှ မရှာဖွေခဲ့ကြပေ။ ယင်းအစား ထိုသူတို့သည် လေးနက်သော သဘောတရားများကိုသာ မမြင်မကန်း ရှာဖွေခဲ့ကြသည်။ သို့ဖြစ်ရာ ယနေ့လူတို့သည် ၎င်းတို့ဘဝများ၌ ဘုရားသခင်ရှိသည်ဟူသည့် ဤဘာသာရေး ယုံကြည်မှုပုံစံကို ပြောင်းလဲပစ်ရမည်။ ထိုသူတို့သည် အဖြစ်အပျက်တစ်ခု၊ အရာတစ်ခု၊ လူတစ်ယောက်ကို အလေးထားခြင်းဖြင့် လက်တွေ့လုပ်ဆောင်မှုအတွင်း ဝင်ရောက်ကြရမည်။ ထိုသူတို့သည် ယင်းကို အာရုံစူးစိုက်မှုဖြင့် လုပ်ဆောင်ရမည်။ သို့မှသာ ထိုသူတို့သည် ရလဒ်များ ရရှိနိုင်ကြမည်။ လူတို့၏ ပြောင်းလဲခြင်းသည် သူတို့၏ အနှစ်သာရ ပြောင်းလဲခြင်းဖြင့် စတင်သည်။ ထိုအလုပ်သည် လူတို့၏ အနှစ်သာရများ၊ သူတို့၏ ဘဝ၊ ပျင်းရိခြင်း၊ မှီခိုခြင်းနှင့် လူတို့၏ စုံမှိတ်ပြီး နောက်လိုက်ခြင်းတို့ကို ပစ်မှတ်ထားရမည်။ ဤနည်းလမ်းဖြင့်သာ သူတို့ကို ပြောင်းလဲနိုင်မည်။

အချို့သော နေရာများတွင် အသင်းတော်အသက်တာက ရလဒ်များ ထွက်ပေါ်စေနိုင်သော်လည်း၊ လက်တွေ့အသက်တာက လူတို့ကို ပြောင်းလဲစေနိုင်သည်မှာ အဓိကကျသောအချက် ဖြစ်နေဆဲဖြစ်သည်။ လူတစ်ဦး၏ သဘာဝဗီဇဟောင်းသည် လက်တွေ့အသက်တာမရှိဘဲ မပြောင်းလဲနိုင်ပေ။ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏ လုပ်ဆောင်မှုကို နမူနာအဖြစ် ကြည့်ကြစို့။ ယေရှုသည် ယခင် ပညတ်တရားများကို ဖျက်သိမ်းပြီး ခေတ်သစ်၏ ပညတ်ချက်များကို ချမှတ်စဉ်က၊ ကိုယ်တော်သည် လက်တွေ့အသက်တာမှ တကယ့်ဥပမာများ အသုံးပြု၍ မြွက်ကြားခဲ့သည်။ သခင်ယေရှုက သူ၏ တပည့်တော်များကို ဥပုသ်နေ့၌ ဂျုံခင်းကို ဖြတ်လျက် ဦးဆောင်လာစဉ်၊ တပည့်တော်များက ဆာလောင်လာပြီး ဂျုံစေ့များကို ခူးယူစားသောက်ကြသည်။ ယင်းကို ဖာရိရှဲများက တွေ့မြင်ပြီး၊ ထိုသူတို့သည် ဥပုသ်နေ့ကို လိုက်နာနေခြင်း မရှိဟု ဆိုကြသည်။ ဥပုသ်နေ့တွင် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ရဟု ဆိုကြလျက်၊ ဥပုသ်နေ့တွင် ကျင်းထဲကျနေသော နွားသားပေါက်များကိုပင် လူတို့ကယ်တင်ခွင့်မရှိဟုလည်း သူတို့က ဆိုကြသည်။ ယေရှုက ဤအဖြစ်အပျက်များကို ဓမ္မသစ်ခေတ်၏ ပညတ်ချက်များကို ဖြည်းဖြည်းချင်း ကြေညာဖို့ ကိုးကားခဲ့သည်။ ထိုအချိန်က ကိုယ်တော်သည် လူအများ နားလည်ပြီး ပြောင်းလဲစေရန် လက်တွေ့ ကိစ္စရပ် အများအပြားကို အသုံးပြုခဲ့သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ အလုပ်များကို လုပ်ဆောင်သည့် အခြေခံ စည်းမျဉ်းဖြစ်ပြီး၊ ယင်းသည် လူများကို ပြောင်းလဲစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လက်တွေ့ကိစ္စရပ်များ မရှိဘဲ၊ လူများသည် သဘောတရားအရ၊ အသိဉာဏ်အရသာ နားလည်မှုကို ရနိုင်ကြပြီး၊ ယင်းသည် ပြောင်းလဲရန် ထိရောက်သည့် နည်းလမ်းမဟုတ်ပေ။ ထို့ကြောင့် ဉာဏ်ပညာနှင့် ထိုးထွင်းအမြင်ကို လေ့ကျင့်ခြင်းမှ မည်သို့ ရရှိသနည်း။ လူသားသည် ဉာဏ်ပညာနှင့် ထိုးထွင်းအမြင်တို့ကို နားထောင်ရုံ၊ ဖတ်ရှုရုံနှင့် အသိပညာ တိုးပွားရုံဖြင့် ရနိုင်သလော။ အဘယ်သို့ ဤသို့ ဖြစ်နိုင်သနည်း။ လူတို့သည် လက်တွေ့အသက်တာတွင် နားလည်ပြီး တွေ့ကြုံခံစားရမည်။ သို့ဖြစ်ရာ လူတစ်ဦးသည် လေ့ကျင့်ရမည် ဖြစ်ပြီး လက်တွေ့အသက်တာနှင့် မကင်းကွာရပေ။ လူတို့သည် မတူညီသော ရှုထောင့်များကို အာရုံစူးစိုက်ရမည် ဖြစ်ပြီး ရှုထောင့်အမျိုးမျိုးကို ဝင်ရောက်ရမည်။ ပညာရေး အဆင့်အတန်း၊ ဖော်ထုတ်ပြသနိုင်မှု၊ အမှုအရာတို့ကို မြင်နိုင်စွမ်း၊ အမြော်အမြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်စွမ်း၊ လူသားတို့၏ အခြေခံအသိဉာဏ်နှင့် စည်းကမ်းများနှင့် လူတို့တွင် ရှိသင့်သော အခြားသော လူသားသဘာဝဆိုင်ရာ အရည်အသွေးတို့ ဖြစ်သည်။ နားလည်မှုကို ရရှိပြီးသောအခါ လူတို့သည် ဝင်ရောက်မှုကို အလေးထားရမည်၊ သို့မှသာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။ တစ်စုံတစ်ယောက်သည် နားလည်မှုကို ရရှိသော်လည်း လက်တွေ့လုပ်ဆောင်မှုကို လျစ်လျူရှုထားပါက ပြောင်းလဲခြင်း မည်သို့ ဖြစ်နိုင်မည်နည်း။ ယခုအခါ လူတို့သည် များစွာ နားလည်သော်လည်း လက်တွေ့အသက်တာတွင် နေထိုင်ခြင်းမရှိ၊ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ်မျှသာ ထိရောက်စွာ နားလည်မှု ရှိသည်။ သင်သည် ဉာဏ်အလင်းပေးမှုကို အနည်းငယ်မျှသာ ရရှိသေးသည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးခြင်းကို အနည်းငယ်မျှသာ ရရှိသည်၊ သို့သော်လည်း သင်သည် လက်တွေ့အသက်တာတွင် ဝင်ရောက်မှု မရှိ၊ သို့မဟုတ် သင်သည် ဝင်ရောက်မှုအတွက် ဂရုစိုက်ခြင်းပင်မရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဖြစ်ရာ သင်၏ ပြောင်းလဲခြင်းသည် လျော့နည်းသွားသည်။ ဤမျှကာလကြာရှည်ပြီးနောက်၊ လူတို့သည် အမှုအရာများစွာ နားလည်လာ၏။ သူတို့သည် သူတို့၏ အသိပညာနှင့် သက်ဆိုင်သည့် အယူအဆများကို အများအပြား ပြောဆိုနိုင်ကြသည်၊ သို့သော်လည်း သူတို့၏ အပြင်ပိုင်း စိတ်သဘောထားမှာ ယခင်အတိုင်း ရှိနေပြီး၊ သူတို့၏ မူလ စွမ်းရည်သည် ယခင်ကကဲ့သို့ ရှိနေကာ၊ အနည်းငယ်ပင် တိုးတက်ခြင်း မရှိပေ။ ယင်းသို့ဖြစ်နေပါက သင်သည် မည်သည့် အချိန်တွင်မှ နောက်ဆုံးတွင် ဝင်ရောက်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၃၇)

အသင်းတော်အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရသာခံရန် လူတို့စုဝေးကြသည့် အသက်တာမျိုးသာ ဖြစ်ပြီး၊ ယင်းသည် လူတစ်ဦး၏ အသက်တာ၏ အစငယ်လေး တစ်စသာ ဖြစ်သည်။ အကယ်၍ လူတို့၏ လက်တွေ့အသက်တာသည် ပုံမှန်ဝိညာဉ်အသက်တာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပုံမှန်ခံစားခြင်း၊ ဆုတောင်းခြင်းနှင့် ဘုရားသခင်နှင့် ပုံမှန်နီးကပ်စွာရှိနေခြင်း၊ ဘုရားသခင်၏ အလိုတော်နှင့် အညီ အရာရာကို လုပ်ကိုင်ဆောင်ရွက်သော လက်တွေ့အသက်တာတွင် နေထိုင်ခြင်း၊ သမ္မာတရားနှင့်အညီ အရာရာကို လုပ်ကိုင် ဆောင်ရွက်သော လက်တွေ့အသက်တာတွင် နေထိုင်ခြင်း၊ ဆုတောင်းမေတ္တာများ ရွတ်ဆိုပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စွာရှိသည့် လက်တွေ့ဘဝတွင် နေထိုင်ခြင်းနှင့် ဓမ္မတေးများ သီဆိုပြီး ကခုန်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်း အပါဝင် အသင်းတော်၏ အသက်တာနှင့်လည်း တူနိုင်လျှင် ထိုကဲ့သို့သော အသက်တာမျိုးသည်သာ ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်းသို့ ဆောင်ယူပေးမည် ဖြစ်သည်။ လူအများစုမှာ နာရီ အနည်းငယ်သာ ဖြစ်သည့် အသင်းတော်အသက်တာကို အလေးထားပြီး ကျန်နာရီများရှိ သူတို့၏အသက်တာသည် သူတို့နှင့် မဆိုင်သည့်အလား သူတို့၏ အသက်တာများကို “ပြုစုစောင့်ရှောက်ခြင်း” မရှိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဓမ္မတေးများ သီဆိုခြင်း သို့မဟုတ် ဆုတောင်းခြင်း တို့ကို ပြုလုပ်သည့်အခါမှသာ သန့်ရှင်းသူတို့၏ အသက်တာများကို ဝင်ရောက်သော လူများလည်း အများအပြားရှိသည်။ ထို့နောက်တွင်မူ ယင်းအချိန်များပြင်ပတွင် သူတို့၏ အသက်တာဟောင်းသို့သာ ပြန်ပြောင်းသွားကြသည်။ ယင်းသို့သော နေထိုင်ခြင်းသည် လူတို့ကို မပြောင်းလဲနိုင်ဘဲ ဘုရားသခင်ကို သိစေရန် သာ၍ မဖြစ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ အကယ်၍လူတို့သည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲစေလိုလျှင် ထိုသူတို့သည် မိမိတို့ကိုယ်ကိုယ် လက်တွေ့အသက်တာမှ ခွဲခွာခြင်း မပြုရပေ။ လက်တွေ့အသက်တာတွင် သင်သည် သင့်ကိုယ်သင် သိရမည်၊ သင့်ကိုယ်သင် စွန့်လွှတ်ရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံး ရမည်သာမက တဖြည်းဖြည်း ပြောင်းလဲခြင်းကို ရရှိနိုင်ခြင်း မရှိသေးမီတွင် အခြေခံသဘောတရားများ၊ အခြေခံအသိဉာဏ်နှင့် ခပ်သိမ်းသောအမှုအရာတို့၌ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူ နေထိုင်ခြင်း စည်းမျဉ်းစည်းကမ်းများကို လေ့လာရမည်။ သင်သည် စစ်မှန်မှုအတွင်း နက်နက်ရှိုင်းရှိုင်း မသွားဘဲ၊ လက်တွေ့ဘဝထဲသို့ ဝင်ရောက်ခြင်း မရှိဘဲ၊ သဘောတရားဆိုင်ရာ အသိပညာကိုသာ စူးစိုက်ပြီး ဘာသာရေး ပွဲလမ်းသဘင်များ ကြားတွင်သာ နေထိုင်မည်ဆိုပါက၊ သင်သည် စစ်မှန်မှုအတွင်း မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်၊ သင့်ကိုယ်သင်နှင့် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ သင်သည် အစဉ်အမြဲ မျက်စိကန်းလျက် အသိပညာ ကင်းမဲ့လျက်ရှိမည်။ ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်း အမှုသည် တိုတောင်းသော အချိန်ကာလပြီးနောက် ၎င်းတို့ကို ပုံမှန် လူသားဘဝများအား အသက်ရှင်ခွင့်ပေးဖို့ မဟုတ်သကဲ့သို့၊ ၎င်းတို့၏ မှားယွင်းသော အယူအဆများနှင့် အယူဝါဒများကို ပြောင်းလဲဖို့လည်း မဟုတ်ပေ။ ယင်းထက်၊ သူ၏ ရည်ရွယ်ချက်မှာ လူတို့၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲရန်၊ ၎င်းတို့၏ ဘဝနေထိုင်မှု နည်းလမ်းဟောင်း တစ်ခုလုံးကို ပြောင်းလဲရန်နှင့် ၎င်းတို့၏ခေတ်နောက်ကျသော တွေးတောပုံများကို ပြောင်းလဲရန်နှင့် သူ၏စိတ်အမြင်ကို ပြောင်းလဲရန် ဖြစ်သည်။ အသင်းတော်အသက်တာကိုသာ အာရုံစိုက်ခြင်းသည် လူတို့၏ အသက်တာ၏ အကျင့်ဟောင်းများ သို့မဟုတ် ကာလကြာရှည်စွာ သူတို့နေထိုင်ခဲ့ပုံ အဟောင်းများကို ပြောင်းလဲမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ၊ လူတို့သည် လက်တွေ့ဘဝမှ မကင်းကွာရပေ။ ဘုရားသခင်က လူတို့ကို အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် ပုံမှန်လူ့သဘာဝဖြင့် နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် သူတို့၏တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ရန် တောင်းဆိုသည်။ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်မှာ လူတစ်ဦးသည် အရာရာကို လက်တွေ့ အသက်တာသို့ ဦးတည်ရမည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့သည် လက်တွေ့ဘဝထဲ ဝင်ရောက်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် သိနားလည်ခြင်း ရှိမလာနိုင်ပါက၊ ထို့ပြင် လက်တွေ့ဘဝတွင် ပုံမှန်လူ့သဘာဝကို အသက်မရှင်နိုင်ပါက၊ ထိုသူတို့သည် မဖြစ်ထွန်းသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်အား မနာခံသော သူအားလုံးတို့သည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်သူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် လူ့သဘာဝအကြောင်း ပြောဆိုသော်လည်း နတ်ဆိုးသဘာဝအတိုင်း အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သူတို့အားလုံးသည် သမ္မာတရားအကြောင်း ပြောဆိုသော်လည်း ယင်းအစား အယူဝါဒများကိုသာ အသက်ရှင်နေထိုင်သူများ ဖြစ်ကြသည်။ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း မနေထိုင်နိုင်သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်၏ ရွံရှာမုန်းတီးမှုနှင့် ငြင်းပယ်မှုတို့ကို ခံရသူများ ဖြစ်သည်။ သင်သည် လက်တွေ့အသက်တာသို့ ဝင်ရောက်ခြင်းကို လေ့ကျင့်ရမည်၊ သင်ကိုယ်တိုင်၏ အားနည်းချက်များ၊ မနာခံမှုများနှင့် မသိနားမလည်မှုများကို သိရမည့်အပြင် သင်၏ ပုံမှန်မဟုတ်သော လူ့သဘာဝနှင့် အားနည်းချက်များကို သိရမည်။ ထိုနည်းဖြင့် သင်၏ အသိပညာသည် သင်၏ လက်တွေ့ အခြေအနေနှင့် အခက်အခဲများနှင့် ပေါင်းစပ်သွားလိမ့်မည်။ ယင်းသို့သော အသိပညာသည်သာ စစ်မှန်ပြီး သင်၏ ကိုယ်ပိုင်အခြေအနေကို အမှန်တကယ် နားလည် သဘောပေါက်စေမည်ဖြစ်ကာ သင်၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။

ယခုတွင် လူတို့အပေါ် စုံလင်စေခြင်းသည် တရားဝင် စတင်ပြီဖြစ်ရာ၊ သင်သည် လက်တွေ့အသက်တာအတွင်း ဝင်ရောက်ရမည်။ သို့ဖြစ်ရာ ပြောင်းလဲခြင်းကို ရရှိရန် သင်သည် လက်တွေ့အသက်တာထဲသို့ ဝင်ရောက်ခြင်းမှ စတင်ရမည်ဖြစ်ပြီး နည်းနည်းချင်းစီ ပြောင်းလဲရမည်။ သင်သည် လူသား၏ ပုံမှန်အသက်တာကို ငြင်းပယ်ပြီး ဝိညာဉ်ရေးရာ ကိစ္စများကိုသာ ပြောပါက၊ အမှုအရာများသည် ငြီးငွေ့ဖွယ် ကောင်းသွားသည်။ လက်တွေ့မကျသော အရာများ ဖြစ်သွားသည်၊ သို့ဖြစ်လျှင် လူတို့သည် မည်သို့ ပြောင်းလဲမည်နည်း။ ယခုတွင် စစ်မှန်သော အတွေ့အကြုံထဲသို့ ဝင်ရောက်ဖို့ အခြေခံ အုတ်မြစ်ကို တည်ဆောက်နိုင်ရေးအတွက် လေ့ကျင့်ရန် လက်တွေ့ အသက်တာသို့ သင့်ကို ဝင်ရောက်ခိုင်းသည်။ ယင်းသည် လူတို့ လုပ်ရမည့် အလုပ်များထဲမှ ရှုထောင့်တစ်ခု ဖြစ်သည်။ ကျန်သောအရာများသည် လူတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုအပေါ် မူတည်နေချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် အဓိကအားဖြင့် လမ်းညွှန်ရန်သာ ဖြစ်သည်။ လူအယောက်စီတိုင်းသည် ဘုရားသခင်ကို လက်တွေ့ အသက်တာအတွင်းသို့ ရောက်လာစေနိုင်ပြီး၊ စစ်မှန်သော ပုံမှန်လူ့သဘာဝကို လက်တွေ့ အသက်ရှင်နေထိုင်နိုင်စေမည့် လမ်းကြောင်း အမျိုးမျိုးမှ တစ်ဆင့် လက်တွေ့အသက်တာသို့ ဝင်ရောက်နိုင်သည်၊ ယင်းသည်သာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၃၈)

ယခင်က သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိခြင်းသည် ကွဲပြားခြားနားကြောင်းကို ပြောခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ရှိခြင်း၏ ပုံမှန်အခြေအနေသည် ပုံမှန်အတွေးများ၊ ပုံမှန်အသိစိတ်နှင့် သာမန်လူ့သဘာဝရှိခြင်းတွင် ထင်ရှားပြသခဲ့သည်။ လူပုဂ္ဂိုလ်တစ်ဦး၏ စရိုက်သည် ယခင်ဖြစ်နေကျအတိုင်းသာ ဆက်ရှိမည်၊ သို့သော် ၎င်းတို့၏ အတွင်းတွင် ငြိမ်သက်ခြင်းရှိလိမ့်မည် ဖြစ်ပြီး အပြင်ပန်းတွင် သန့်ရှင်းသူတစ်ပါး၏ တင့်တယ်လျောက်ပတ်သော အမူအကျင့် ရှိပေလိမ့်မည်။ ဤသည်မှာ ၎င်းတို့နှင့်အတူ သန့်ရှင်းသော ဝိညာဉ်တော် ရှိနေသည့်အခါ၊ ၎င်းတို့ဖြစ်နေမည့်ပုံတည်း။ တစ်စုံတစ်ဦးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောအခါ၊ ၎င်းတို့၏တွေးခေါ်မှုသည် ပုံမှန်ဖြစ်၏။ ၎င်းတို့သည် ဆာလောင်သည့် အချိန်တွင် စားချင်သည်၊ ၎င်းတို့ ရေဆာသည့် အချိန်တွင် ရေသောက်ချင်သည်။...သာမန်လူ့သဘာဝ၏ ထိုသို့သော သရုပ်သကန်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းရခြင်း မဟုတ်၊ ၎င်းတို့သည် လူတို့၏ ပုံမှန်တွေးခေါ်မှု ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်း၏ ပုံမှန် အခြေအနေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများသည် ဆာလောင်မွတ်သိပ်ခြင်းကို မသိရ၊ မောပန်းခြင်းကို မခံစားရဘဲ၊ ၎င်းတို့သည် မိသားစု အကြောင်းလည်း မစဉ်းစားကြဟန်တူကာ၊ ထိုသူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ဇာတိပကတိမှ လုံးလုံးနီးပါး ခွဲခြားထားပြီး ဖြစ်ကြသည်ဟု အချို့သော လူများက မှားယွင်းစွာ ယုံကြည်ကြသည်။ စင်စစ်အားဖြင့်မူ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့နှင့်အတူ ရှိလေလေ၊ ၎င်းတို့သည် ပုံမှန်ဖြစ်လေလေ ဖြစ်၏။ ၎င်းတို့သည် ဒုက္ခခံရန်နှင့် အမှုအရာများကို ဘုရားသခင်အတွက် စွန့်လွှတ်ရန်၊ ၎င်းတို့ကိုယ်၎င်းတို့ ဘုရားသခင်အတွက် အသုံးပြုရန်၊ ဘုရားသခင်ကို သစ္စာရှိရန် သိကြသည်။ ထို့အပြင် ၎င်းတို့သည် အစားအစာနှင့် အဝတ်အစားများ အကြောင်းကိုလည်း တွေးကြပေသည်။ တစ်နည်းဆိုရလျှင် ၎င်းတို့သည် လူတို့တွင်ရှိသင့်သည့် သာမန် လူ့သဘာဝ၏ အဘယ်အရာတစ်ခုကိုမျှ ဆုံးရှုံးခြင်းမရှိဘဲ၊ ယင်းအစား ဆင်ခြင်တုံတရားကို အထူးသဖြင့် ပိုင်ဆိုင်ကြလေသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ဘုရားသခင်၏အလုပ်ကို ချင့်ချိန်တွေးဆ၏၊ ၎င်းတို့၏ နှလုံးသားများအတွင်း ယုံကြည်သက်ဝင်ခြင်းရှိလျက် ၎င်းတို့သည် သမ္မာတရားကို ရရှိအောင် အားထုတ်ရန် လိုလိုလားလား ရှိကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ဤအုတ်မြစ်ပေါ်တွင် အခြေခံထားသည်မှာ မှန်ပေ၏။ အကယ်၍ လူတို့သည် ပုံမှန် တွေးခေါ်မှု မရှိကြပါက၊ ၎င်းတို့တွင် ဆင်ခြင်တုံတရား မရှိပေ၊ ယင်းသည် ပုံမှန် အခြေအနေ မဟုတ်ပေ။ လူတို့၌ ပုံမှန် တွေးခေါ်မှု ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့် အတူရှိသောအခါ၊ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရားကို မလွဲဧကန်ပင် ပိုင်ဆိုင်ပြီး၊ ထို့ကြောင့် ၎င်းတို့၌ ပုံမှန်အခြေအနေရှိသည်။ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားရာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိခြင်းသည် တစ်ခါတစ်ရံ ဖြစ်ပေါ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်ရှိခြင်းမှာမူ တစ်ချိန်လုံးနီးပါးဖြစ်၏။ လူတို့၏ ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ ပုံမှန်ဖြစ်နေပြီး ၎င်းတို့၏ အခြေအနေများသည် ပုံမှန်ဖြစ်နေသမျှ ကာလပတ်လုံး သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ဧကန်မုချပင် ရှိလိမ့်မည်။ လူတို့၏ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ ပုံမှန် မဟုတ်ကြသောအခါတွင်မူ၊ ၎င်းတို့၏ လူ့သဘာဝသည်လည်း ပုံမှန် မဟုတ်ချေ။ အကယ်၍ ဤအခိုက်အတန့်တွင် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် သင့်အထဲတွင် ရှိပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဧကန်မုချပင် သင်နှင့်အတူရှိနေလိမ့်မည်။ သို့သော် အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် သေချာပေါက် အလုပ်လုပ်နေသည်နှင့် အလားမတူပေ၊ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူး အချိန်အခါများ၌ အလုပ်လုပ်သောကြောင့် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်းသည် လူတို့၏ ပုံမှန် တည်ရှိမှုကိုသာ ထိန်းသိမ်းပေးနိုင်၏၊ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် အချို့သော အချိန်အခါများတွင်သာ အလုပ်လုပ်သည်။ သာဓက အနေဖြင့် အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် လုပ်သားတစ်ဦးဖြစ်လျှင်၊ သင်သည် အသင်းတော်ကို ရေလောင်းပြီး အာဟာရကျွေးမွေးသောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အခြားသူများအတွက် စိတ်ဓာတ်မြှင့်တင်ပေးပြီး အချို့သော သင့်ညီအစ်ကိုမောင်နှမများ၏ လက်တွေ့ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် နှုတ်ကပတ်တော်အချို့ထံ သင့်အား ဉာဏ်အလင်း ရစေလိမ့်မည်၊ ထိုသို့သော အချိန်များတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေသည်။ တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်နေချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် အထူးသဖြင့် ဆီလျော်သော နှုတ်ကပတ်တော်အချို့နှင့် သင့်ကို ဉာဏ်အလင်းရစေသောအခါ သင်ကိုယ်တိုင်၏ အခြေအနေများနှင့် ပတ်သက်သော သာ၍ကြီးမားသည့် အသိပညာကို သင့်အား ရစေလေသည်၊ ဤသည်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်လေသည်။ တစ်ခါတစ်ရံ ငါပြောဆိုသောအခါ သင်တို့နားထောင်ကြပြီး သင်တို့ကိုယ်တိုင်၏ အခြေအနေများကို ငါ၏နှုတ်ကပတ်တော်များနှင့်ယှဉ်၍ သင်တို့ တိုင်းထွာချင့်ချိန်နိုင်ကြပြီး၊ တစ်ခါတစ်ရံ သင်တို့သည် တို့ထိခံရသည်၊ သို့မဟုတ် စေ့ဆော်ခံရသည်၊ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ တစ်ချိန်လုံး အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့က ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ယင်းက ပြသပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေကာ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရပြီး၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောပါက၊ ဤသည်မှာ မည်သည့်နည်းနှင့်မျှ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ လုံးလုံးလျားလျား သဘာဝလွန်အရာ ဖြစ်သည်။ ယင်းသို့သော လူများသည် နတ်ဆိုးများ ဖြစ်ကြသည်မှာ သံသယ စိုးစဉ်းမျှ ဖြစ်စရာမလိုချေ။ ဘုရားသခင်၏ဝိညာဉ်တော် လူ့ဇာတိထဲသို့ ကြွလာသောအခါတွင်ပင်၊ သူစားရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားများဆိုလျှင် ဆိုဖွယ်ရာ မရှိပြီ။ နတ်ဆိုးများ၏ စွဲကပ်ခြင်းခံရပြီးသူများသည် ဇာတိပကတိ၏အားနည်းချက် မရှိသည့်ပုံ ပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်ရန်နှင့် စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် စိတ်ခံစားချက်များ ကင်းမဲ့ကြကာ ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်နိုင်စွမ်းရှိပြီးလျှင် စိုးစဉ်းမျှ မောပန်းနွမ်းနယ်ခြင်းကို မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက် သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း သဘာဝလွန်သည် မဟုတ်သလော။ နတ်ဆိုးများ၏ အလုပ်သည် သဘာဝလွန် ဖြစ်၏၊ ထိုသို့သောအရာများကို မည်သည့်လူသားမျှ ရရှိအောင် မစွမ်းဆောင်နိုင်ချေ။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူများက ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြ၏- ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အလွန့်အလွန် အားမာန်ရှိပြီး ကြီးမားသော ယုံကြည်ခြင်းရှိကာ အားနည်းချက်၏လက္ခဏာ စိုးစဉ်းမျှကို မည်သည့်အခါမှ မပြကြဟု ၎င်းတို့က ပြောဆိုကြသည်။ စင်စစ်တွင်မူ ယင်းတို့သည် နတ်ဆိုးအလုပ်၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၃၉)

မိမိ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်ရန်ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ လူအချို့က ၎င်းတို့သည် လက်ရှိအတိုင်းသာ လိုက်လျှောက်ပြီး အသက်ကို ရခြင်းငှာ တတ်စွမ်းနိုင်သည်၊ မတတ်စွမ်းနိုင်သည်နှင့် ပတ်သက်ပြီး စိတ်မဝင်စားကြပါဟု ဆိုကြသည်၊ ၎င်းတို့သည် အသက်ကို လိုက်မရှာပေ၊ သို့သော် ၎င်းတို့သည် ဆုတ်ခွာခြင်းလည်း မရှိပေ။ အမှု၏ ဤအဆင့်ကို ဘုရားသခင်က ဆောင်ရွက်တော်မူသည်ကိုသာ ၎င်းတို့ အသိအမှတ်ပြုကြသည်။ ဤသည်မှာ ၎င်းတို့၏ သက်သေခံချက်၌ ကျရှုံးခြင်း မဟုတ်သလော။ ဤကဲ့သို့သောလူတို့သည် သိမ်းပိုက်ခံရပြီးခြင်းကိုပင် သက်သေမခံကြ။ သိမ်းပိုက်ခြင်း ခံရပြီးသူများသည် အခြားအရာများ မည်သို့ပင်ဖြစ်နေပါစေ လိုက်လျှောက်ကြပြီး အသက်အား လိုက်ရှာခြင်းငှာလည်း တတ်နိုင်ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည်သာမကဘဲ ဘုရားသခင်၏စီစဉ်ခြင်းများ အားလုံးကိုလည်း လိုက်လျှောက်ရန် သိကြသည်။ ယင်းသို့သော သူများသည် သက်သေခံသောသူများ ဖြစ်ကြသည်။ သက်သေမခံသော သူများသည် အသက်ကို မည်သည့်အခါမျှ လိုက်မရှာခဲ့ဖူးကြဘဲ တော်စွလျော်စွ ကြုံရာကျပန်းနေခြင်းဖြင့် လိုက်လျှောက်ဆဲ ဖြစ်ကြသည်။ သင်သည် လိုက်လျှောက်ကောင်း လိုက်လျှောက်သော်လည်း ယင်းမှာ သင်သည် သိမ်းပိုက်ခြင်းခံရပြီးကြောင်း မဆိုလိုပေ၊ အကြောင်းမှာ သင်သည် ယနေ့ ဘုရားသခင်၏ အမှုကို လုံးဝနားမလည်သောကြောင့် ဖြစ်သည်။ သိမ်းပိုက်ခံရရန်အလို့ငှာ အချို့သော သတ်မှတ်ချက်များနှင့် ပြည့်မီရမည်။ လိုက်လျှောက်သောသူအားလုံး သိမ်းပိုက်ခံရသည် မဟုတ်၊ အကြောင်းမှာ သင်၏ စိတ်နှလုံးတွင် ယနေ့၏ ဘုရားသခင်နောက်ကို အဘယ်ကြောင့် သင်သည် လိုက်လျှောက်ရမည်နှင့် ပတ်သက်၍ သင်အဘယ်အရာကိုမျှ နားမလည်သကဲ့သို့၊ သင်သည် ယနေ့အထိ မည်ကဲ့သို့ ရောက်လာခဲ့သည်နှင့် မည်သူသည် သင့်အား ယနေ့ထိတိုင် ထောက်မပေးနေသည်ကို သင် မသိသောကြောင့် ဖြစ်သည်။ အချို့သူများ၏ ဘုရားသခင်အား ယုံကြည်သက်ဝင်ခြင်းအပေါ် လက်တွေ့လုပ်ဆောင်မှုသည် အမြဲနားဝေတိမ်တောင်ဖြစ်ပြီး စိတ်ရှုပ်ထွေးနေကြ၏။ ထို့ကြောင့် လိုက်လျှောက်ခြင်းက သင့်တွင် သက်သေခံခြင်းရှိသည်ဟု သေချာပေါက် မဆိုလိုပေ။ စစ်မှန်သော သက်သေခံချက်သည် အတိအကျအားဖြင့် အဘယ်နည်း။ ဤနေရာတွင် ပြောသော သက်သေခံချက်တွင် နှစ်ပိုင်းရှိသည်- တစ်ပိုင်းမှာ သိမ်းပိုက်ခံရပြီးခြင်းကို သက်သေခံခြင်းဖြစ်ပြီး၊ အခြားတစ်ပိုင်းမှာ စုံလင်စေခြင်း ခံရပြီးသည်ကို သက်သေခံခြင်းဖြစ်သည် (ယင်းမှာ အနာဂတ်၏ သာ၍ကြီးမားသော စမ်းသပ်မှုများနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများ နောက်လိုက်သည့် သက်သေခံချက်ပင် ဖြစ်လိမ့်မည်မှာ မှန်ပေသည်)။ တစ်နည်းဆိုရလျှင် သင်သည် ကြီးစွာသော ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများ အတောအတွင်း ခိုင်ခံ့စွာရပ်တည်ခြင်းငှာ တတ်စွမ်းနိုင်သည်ဆိုပါလျှင်၊ သင်သည် သက်သေခံချက်၏ ဒုတိယအဆင့်ကို ပေးခဲ့ပြီး ဖြစ်လိမ့်မည်။ ယနေ့တွင် အရေးပါလှသော အရာမှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ စမ်းသပ်မှုများ ဖြစ်စဉ်တိုင်းအတောအတွင်း၌ မြဲမြံ့စွာ ရပ်တည်ရန် တတ်စွမ်းနိုင်ခြင်းဟူသည့် သက်သေခံချက်၏ ပထမအဆင့် ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခံနေရခြင်း၏ သက်သေခံချက် ဖြစ်သည်။ ယင်းမှာ ယနေ့သည် သိမ်းပိုက်ခြင်း အချိန် ဖြစ်သောကြောင့် ဖြစ်သည်။ (မျက်မှောက်အချိန်သည် ဘုရားသခင်၏ ကမ္ဘာပေါ်၌အမှု၏ အချိန်ဖြစ်သည်ကို သင်သိသင့်သည်။ လူ့ဇာတိခံယူသောဘုရားသခင်၏ ကမ္ဘာပေါ်၌ အဓိကအမှုသည် သူ့နောက်လိုက်သော ကမ္ဘာပေါ်ရှိ ဤလူစုအား တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအားဖြင့် သိမ်းပိုက်ခြင်း ဖြစ်သည်)။ သင်သည် သိမ်းပိုက်ခံရပြီးခြင်းကို သက်သေခံခြင်းငှာ တတ်စွမ်းခြင်း ရှိ၊ မရှိ ဆိုသည်မှာ သင်သည် အဆုံးတိုင်အောင် လိုက်လျှောက် နိုင်ခြင်းရှိ၊ မရှိဟူသည့် အပေါ်တွင် မူတည်နေသည်သာမကဘဲ၊ သာ၍ အရေးကြီးသည်မှာ သင်သည် ဘုရားသခင်၏အမှု၏ အဆင့်အသီးသီးကို တွေ့ကြုံခံစားရာတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို စစ်မှန်စွာ နားလည်နိုင်စွမ်း ရှိ၊ မရှိနှင့် သင်သည် ဤအမှုတစ်ခုလုံးကို စစ်မှန်စွာ သဘောပေါက်ခြင်း ရှိ၊ မရှိအပေါ်တွင်လည်း မူတည်နေပေသည်။ တကယ့်အဆုံးတိုင်အောင် လိုက်လျှောက်ရုံမျှနှင့် သင်သည် လွတ်ထွက်နိုင်လိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ ဖြစ်စဉ်တိုင်း၏ အတောအတွင်း၌ သင်သည် လိုလိုလားလားနှင့် အညံ့ခံရန် တတ်စွမ်းနိုင်ရမည် ဖြစ်ပြီး သင်တွေ့ကြုံခံစားရသည့် အမှု၏ အဆင့်အသီးသီးကို စစ်မှန်စွာ နားလည်နိုင်စွမ်းရှိရမည် ဖြစ်ကာ ဘုရားသခင်၏ စိတ်သဘောထားကို သိခြင်းနှင့် နာခံခြင်းတို့ကို တတ်စွမ်းနိုင်ရမည် ဖြစ်သည်။ ဤသည်မှာ သင်သက်သေခံရန် လိုအပ်သည့် သိမ်းပိုက်ခံရပြီးခြင်း၏ အန္တိမသက်သေခံချက်ပင် ဖြစ်သည်။ သိမ်းပိုက်ခံရခြင်း၏ သက်သေခံချက် ဟူသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် သင်၏ အသိပညာကို ရည်ညွှန်းသည်။ ဤသက်သေခံခြင်း အဆင့်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းထံသို့ ဖြစ်သည်မှာ အထူးအရေးကြီး၏။ လောကရှိလူတို့ ရှေ့မှောက် သို့မဟုတ် အာဏာစွဲကိုင်သူတို့ ရှေ့မှောက်တွင် သင်မည်သည့်အရာ ပြုလုပ်သည် သို့မဟုတ် ပြောဆိုသည်မှာ အရေးမကြီးပေ၊ သင်သည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏အမှုအားလုံးကို နာခံနိုင်စွမ်းရှိ၊ မရှိက အရာခပ်သိမ်းထက် သာ၍အရေးကြီးသည်။ ထို့ကြောင့် သက်သေခံချက်၏ ဤအဆင့်သည် စာတန်နှင့် ဘုရားသခင်၏ ရန်သူများအားလုံး— ဘုရားသခင်သည် ဒုတိယအကြိမ် လူ့ဇာတိ ခံယူလိမ့်မည် ဆိုခြင်းနှင့် သာ၍ပင်ကြီးမြတ်သော အလုပ်ကို လုပ်ဆောင်ရန် ကြွလာလိမ့်မည် ဆိုခြင်းကို မယုံကြည်ကြသည့်အပြင် လူ့ဇာတိသို့ ဘုရားသခင် ပြန်လာခြင်း၏ အမှန်တရားကို မယုံကြည်သည့် နတ်ဆိုးများနှင့် ရန်လိုသူများကို ရည်ရွယ်သည်။ တစ်နည်းဆိုရလျှင် ယင်းသည် ဘုရားသခင်လူ့ဇာတိခံယူခြင်းကို မယုံကြည်ကြသော ရန်သူများ အားလုံး ဖြစ်ကြသည့် အန္တိခရစ်များ အားလုံးကို ရည်ရွယ်ခြင်း ဖြစ်သည်။

ဘုရားသခင်အကြောင်းတွေးခြင်းနှင့် ဘုရားသခင်ကိုတမ်းတခြင်းက သင်သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီး ဖြစ်ကြောင်းကို သက်သေမပြပေ။ ဘုရားသခင်သည် လူ့ဇာတိခံယူသော နှုတ်ကပတ်တော် ဖြစ်သည်ကို သင်ယုံကြည်ခြင်း ရှိ၊ မရှိ၊ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းကို သင်ယုံကြည်ခြင်း ရှိ၊ မရှိနှင့် ဝိညာဉ်တော်သည် နှုတ်ကပတ်တော် ဖြစ်လာပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခဲ့ပြီးသည်ကို သင် ယုံကြည်ခြင်း ရှိ၊ မရှိတို့အပေါ်တွင် ယင်းက မူတည်ပေသည်။ ဤသည်မှာ အဓိက သက်သေခံချက် ဖြစ်သည်။ သင်မည်ကဲ့သို့ လိုက်လျှောက်သည် ဆိုခြင်းကား အရေးမပါသကဲ့သို့၊ သင်သည် သင့်ကိုယ်သင် မည်ကဲ့သို့ အသုံးခံသည် ဆိုခြင်းလည်း အရေးပါခြင်း မရှိ။ နှုတ်ကပတ်တော်မှာ လူ့ဇာတိခံယူပြီး သမ္မာတရား၏ဝိညာဉ်တော်သည် လူ့ဇာတိထဲ၌ အကောင်အထည် ပေါ်လာပြီးဖြစ်သည်- သမ္မာတရား၊ လမ်းခရီးနှင့် အသက် အားလုံးတို့သည် လူ့ဇာတိ၌ ကြွလာပြီးလျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် မြေကြီးပေါ်သို့ ဧကန်အမှန်ပင် ရောက်ရှိပြီးဖြစ်ကာ ဝိညာဉ်တော်သည် လူ့ဇာတိ၌ ကြွလာပြီးဖြစ်သည် ဆိုခြင်းကို ဤသာမန် လူ့သဘာဝမှ ရှာဖွေတွေ့ရှိခြင်းငှာ သင်တတ်နိုင်ခြင်း ရှိ၊ မရှိသာ အရေးပါလှ၏။ အပေါ်ယံ သဘောအားဖြင့် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲခြင်းနှင့် ကွဲပြားခြားနားပုံ ပေါက်သော်လည်း၊ ဝိညာဉ်တော်သည် လူ့ဇာတိတွင် အကောင်အထည်ပေါ်ပြီး ဖြစ်ကြောင်းအပြင် နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းနှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်ပြီး ဖြစ်ကြောင်းကို ဤအမှုတွင် သင်သည် သာ၍ ရှင်းလင်းစွာ တွေ့မြင်နိုင်ကာ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။” ဟူသော နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အနက်အဓိပ္ပာယ်ကို သင် နားလည်နိုင်မည် ဖြစ်သည်။ ထို့အပြင် သင်သည် ယနေ့ နှုတ်ကပတ်တော်မှာ ဘုရားသခင်ဖြစ်သည်ကို နားလည်ရမည်ဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်ကို သင် ရှုမြင်ရမည် ဖြစ်သည်။ ဤသည်မှာ သင်ပေးနိုင်သည့် အကောင်းဆုံးသော သက်သေခံချက်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာအား ပိုင်ဆိုင်သည် ဆိုခြင်းကို ဤအရာက သက်သေပြသည်- သင်သည် သူ့ကို သိနိုင်သည်သာမကဘဲ၊ ယနေ့ သင် လျှောက်သော လမ်းခရီးမှာ အသက်၏ လမ်းခရီးနှင့် သမ္မာတရား၏ လမ်းခရီး ဖြစ်သည်ကိုလည်း သင် သတိမူမိသည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုအဆင့်သည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏” ၏ အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သည်- ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် ရှိခဲ့ပြီး ဘုရားသခင်၏ ဝိညာဉ်တော်မှာ လူ့ဇာတိနှင့် ရှိခဲ့ကာ ထိုလူ့ဇာတိထံမှ ခွဲထုတ်၍ မရနိုင်ခဲ့ပေ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အတူရှိခဲ့ကာ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည် ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။ အမှု၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏” ၏ သိုဝှက်ထားသော အနက်အဓိပ္ပာယ်ကို တိကျစွာ ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပေးခဲ့ကာ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။ ဆိုလိုသည်မှာ ဖန်ဆင်းခြင်းကာလတွင် ဘုရားသခင်၌ နှုတ်ကပတ်တော်များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲထုတ်၍ မရခဲ့ဘဲ၊ နောက်ဆုံးသောခေတ်တွင် သူက သူ၏ နှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် သြဇာအာဏာကို သာ၍ပင် ရှင်းလင်းစေပြီး လူသားအား သူ့လမ်းခရီးများ အားလုံးကို မြင်တွေ့ရန်၊ သူ၏ နှုတ်ကပတ်တော်များ အားလုံးကို ကြားခွင့်ပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ် ဖြစ်သည်။ သင်သည် ဤအရာများကို အူမချေးခါးမကျန် နားလည်လာရမည် ဖြစ်သည်။ ဇာတိပကတိကို သိရှိခြင်းမှာ အရေးကြီးဆုံး မဟုတ်ဘဲ၊ နှုတ်ကပတ်တော်နှင့် ဇာတိပကတိကို မည်သို့နားလည်သည် ဆိုခြင်းက အရေးကြီးဆုံး ဖြစ်၏။ ဤသည်မှာ သင်ပေးရမည့် သက်သေခံချက် ဖြစ်ပြီး၊ လူတိုင်း သိရမည့်အရာ ဖြစ်သည်။ ဤသည်မှာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အမှု- ထို့ပြင် ဘုရားသခင် လူ့ဇာတိခံယူသည့် နောက်ဆုံးအကြိမ် ဖြစ်သောကြောင့် ယင်းသည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား စုံလင်စေကာ ဇာတိပကတိ၌ ဘုရားသခင်၏ အမှုအားလုံးကို ထုတ်ဆောင်လျက် စေ့စေ့စပ်စပ် ဆောင်ရွက်ပြီး ဇာတိပကတိ၌ ဘုရားသခင်၏ဖြစ်ခြင်းခေတ်ကို အဆုံးသတ်စေသည်။ ထို့ကြောင့် သင်သည် လူ့ဇာတိခံယူခြင်း၏ အနက်အဓိပ္ပာယ်ကို သိရှိရမည်။ သင်သည် အဘယ်မျှလောက် ကိစ္စများမြောင်ကို ပြုလုပ်သည် သို့မဟုတ် အခြားသော အပြင်ပန်း ကိစ္စရပ်များကို မည်ကဲ့သို့ ကောင်းမွန်စွာ သင် ဆောင်ရွက်သည် ဆိုခြင်းမှာ အရေးမပါပါ။ အရေးပါသည့် အရာမှာ သင်သည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ရှေ့မှောက်တွင် စစ်မှန်စွာ ကျိုးနွံနာခံ၍ သင်၏ ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဘုရားသခင်ထံ ပေးအပ်မြှုပ်နှံကာ သူ၏နှုတ်မှ လာသည့် နှုတ်ကပတ်တော် အားလုံးကို နာခံနိုင်ခြင်းငှာ တတ်စွမ်းနိုင်ခြင်း ရှိ၊ မရှိသာဖြစ်သည်။ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့် အရာဖြစ်ပြီး သင် လိုက်နာကျင့်သုံးရမည့် အရာဖြစ်သည်။

သက်သေခံချက်၏ နောက်ဆုံးအဆင့်မှာ သင်သည် စုံလင်စေခြင်း ခံရနိုင်၊ မခံရနိုင်ကို သက်သေခံခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်မှ ပြောကြားသည့် နှုတ်ကပတ်တော်များ အားလုံးကို နားလည်သဘောပေါက်ပြီးနောက် သင်သည် ဘုရားသခင် အကြောင်း အသိပညာကို ပိုင်ဆိုင်လာပြီး သူ့အကြောင်း ယုံမှားမရှိ ဖြစ်လာကာ သင်သည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များ အားလုံးကို အသက်ရှင်နေထိုင်ပြီး ဘုရားသခင်မှ သင့်အား တောင်းဆိုသော အခြေအနေများကို စွမ်းဆောင်ရရှိခြင်း ဖြစ်သည်၊ ပေတရု၏ အမူအရာနှင့် ယောဘ၏ ယုံကြည်ခြင်းကဲ့သို့ ဖြစ်သည်၊ ဤသို့ဖြစ်သည်မှာ သေသည်တိုင်အောင် နာခံနိုင်ခြင်း၊ သူ့ထံသို့ မိမိကိုယ်မိမိ လုံးလုံးလျားလျားပင် ပေးဆပ်နိုင်ခြင်းနှင့် စံသတ်မှတ်ချက်နှင့်ညီသော လူသား၏ပုံရိပ်ကို အဆုံးတွင် စွမ်းဆောင်ရရှိခြင်း ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံတွေ့ရပြီးနောက် သိမ်းပိုက်ခြင်း နှင့် စုံလင်စေခြင်းတို့ ခံရပြီးသော တစ်စုံတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည်။ ဤသည်မှာ ယင်းမှာ အန္တိမ သက်သေခံချက် ဖြစ်သည်၊ အဆုံးတွင် စုံလင်ခြင်း ခံရပြီးသော သူတစ်ယောက်မှ ခံသင့်သည့် သက်သေခံချက်ဖြစ်သည်။ ဤသည်တို့မှာ သင်မှ ပေးသင့်သည့် သက်သေခံချက်၏ အဆင့်နှစ်ဆင့် ဖြစ်ပြီး ၎င်းတို့သည် အပြန်အလှန် ဆက်နွှယ်နေကြကာ တစ်ဆင့်ချင်းသည် မရှိမဖြစ်ပင် ဖြစ်သည်။ သို့သော် သင်သိရမည့် အရာတစ်ခု ရှိသည်။ သင့်ထံမှ ယနေ့ငါလိုအပ်သည့် သက်သေခံချက်မှာ လောကကြီး၏ လူများကို ရှေးရှုထားခြင်း မဟုတ်သကဲ့သို့ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရှေးရှုထားခြင်းလည်း မဟုတ်ဘဲ သင့်အား ငါတောင်းဆိုသော အရာထံသို့သာ ရှေးရှုထားခြင်း ဖြစ်သည်။ သင်သည် ငါ့ကို ကျေနပ်စေခြင်းငှာ တတ်စွမ်းနိုင်ခြင်း ရှိ၊ မရှိနှင့် သင်တို့ တစ်ဦးချင်းစီတိုင်းအပေါ် ငါ၏သတ်မှတ်ချက် စံချိန်များနှင့် လုံးလုံးလျားလျား ပြည့်မီခြင်း ရှိ၊ မရှိတို့အားဖြင့် ယင်းကို တိုင်းတာသည်။ ဤသည်မှာ သင်တို့ နားလည်သင့်သည့် အရာဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၄၀)

သင်တို့သည် အနည်းငယ်သော အချုပ်အချယ်၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရသည့်အခါ ၎င်းမှာ သင်တို့အတွက် ကောင်းသည်၊ အကယ်၍ သင်တို့သည် လွယ်ကူသက်သာသော အချိန်တစ်ခုကို ပေးခြင်းခံရပါက၊ သင်တို့သည် ပျက်စီးကြလိမ့်မည်ဖြစ်၍ သင်တို့သည် မည်ကဲ့သို့ အကာအကွယ်ပေးခြင်းကို ခံနိုင်ကြမည်နည်း။ ယနေ့တွင် သင်တို့သည် ပြစ်တင်ဆုံးမခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ကျိန်ဆဲခံရခြင်းကြောင့် အကာအကွယ်ပေးခြင်းကို ခံကြရခြင်း ဖြစ်သည်။ သင်တို့သည် များစွာဒုက္ခခံစားထားသောကြောင့် ကာကွယ်ခံရခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် သင်တို့သည် ကြာနှင့်ပြီကတည်းက ဆိုးယုတ်ခြင်းထဲသို့ ကျဆင်းခဲ့မည် ဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အမှုအရာများကို တမင်တကာ ခက်ခဲအောင်လုပ်နေခြင်း မဟုတ်ပေ၊ လူသား၏ သဘာဝမှာ ပြောင်းလဲရန် ခက်ခဲပြီး လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဤနည်းဖြင့်သာ ဖြစ်ရမည်။ ယနေ့ သင်တို့၌ ပေါလု၏ အသိစိတ်၊ သို့မဟုတ် အသိတရားကိုပင် ပိုင်ဆိုင်ခြင်း မရှိသည့်အပြင်၊ သူ၏မိမိကိုယ်ကို သိခြင်းပင် မရှိကြပေ။ သင်တို့ကို အမြဲတစေ ဖိအားပေးရန် လိုအပ်ပြီး၊ သင်တို့၏ ဝိညာဉ်များ နိုးထစေရန် သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို အမြဲခံရန် လိုအပ်ကြသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ သင်တို့၏ အသက်တာအတွက် အကောင်းဆုံးအရာများ ဖြစ်သည်။ ထို့အပြင် မဖြစ်မနေ လိုအပ်သောအခါ အမှန်တရားများ၏ ပြစ်တင်ဆုံးမမှု သင့်အပေါ် ကျရောက်လာခြင်းလည်း ရှိရမည်ဖြစ်သည်၊ ထိုအခါမှသာ သင်တို့သည် အပြည့်အဝ ကျိုးနွံနာခံကြမည် ဖြစ်သည်။ သင်တို့၏ သဘာဝများမှာ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်း မရှိပါက သင်တို့၏ ဦးခေါင်းများကို ကိုင်းညွတ်ရန်နှင့် ကျိုးနွံနာခံရန် မလိုလားသော သဘာဝမျိုး ဖြစ်သည်။ သင်တို့၏ မျက်စိရှေ့တွင် အမှန်တရားများ မရှိပါက မည်သည့်သက်ရောက်မှုမျှ ရှိနိုင်မည်မဟုတ်ပေ။ သင်တို့သည် အလွန်အောက်တန်းကျပြီး စာရိတ္တပိုင်းတွင် သုံးစား၍ မရကြပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိပါက သင်တို့ကို သိမ်းပိုက်ရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ မဖြောင့်မတ်ခြင်းနှင့် နာခံမှုမရှိခြင်းတို့ကို ချိုးနှိမ်နိုင်ရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။ သင်တို့၏ သဘာဝဟောင်းသည် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ အကယ်၍ သင်တို့ကို ပလ္လင်ပေါ်တွင် နေရာချထားမည်ဆိုပါက၊ သင်တို့သည် ကောင်းကင်ဘုံ၏အမြင့်နှင့် မြေကြီး၏အနက်ကို သိကြလိမ့်မည် မဟုတ်ပေ၊ မည်သည့်နေရာသို့ သင်တို့ ဦးတည်နေကြောင်းကို သာ၍ပင် သိမည်မဟုတ်ချေ။ မည်သည့်နေရာမှ မိမိတို့လာကြောင်းကိုပင် သင်တို့ မသိကြသဖြင့် သင်တို့သည် ဖန်ဆင်းခြင်း၏ အရှင်သခင်ကို အဘယ်သို့ သိနိုင်ကြမည်နည်း။ ယနေ့ အချိန်မီ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ မရှိပါက၊ သင်တို့၏ နောက်ဆုံးသောနေ့ရက် ရောက်ခဲ့သည်မှာ ကြာနှင့်ပြီ ဖြစ်လိမ့်မည်။ သင်တို့ကံကြမ္မာအကြောင်း မဆိုထားနှင့်၊ ၎င်းသည် အန္တရာယ်ကျရောက်ဆဲဆဲ ပိုဖြစ်လိမ့်မည် မဟုတ်လော။ အချိန်မီဖြစ်သော ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိပါက၊ သင်တို့သည် မည်မျှမာနထောင်လွှားသွားကြမည်၊ သို့မဟုတ် သင်တို့သည် မည်မျှစာရိတ္တပျက်ပြားလာကြမည်ကို မည်သူ သိသနည်း။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင်တို့ကို ယနေ့သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့က သင်တို့၏ဖြစ်တည်ခြင်းကို ထိန်းသိမ်းထားသည်။ အကယ်၍ သင်တို့သည် သင်တို့ “ဖခင်” ၏ နည်းလမ်းများအတိုင်း အသုံးပြုကာ “ပညာဆည်းပူး” နေဆဲဖြစ်မည်ဆိုပါက သင်တို့သည် မည်သည့်လောကထဲသို့ ဝင်ရောက်လိမ့်မည်ကို မည်သူသိသနည်း။ သင်တို့၌ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်း လုံးဝမရှိကြချေ။ သင်တို့ကဲ့သို့သော လူများအတွက်၊ အကယ်၍ သင်တို့သည် ဝင်ရောက်စွက်ဖက်ခြင်း၊ သို့မဟုတ် အနှောင့်အယှက်တို့ တစ်စုံတစ်ရာ ဖြစ်စေခြင်းမရှိဘဲ နာခံလိုက်နာခြင်းသာ ပြုမည်ဆိုလျှင်၊ ငါ၏ရည်မှန်းချက်များ အထမြောက်လိမ့်မည် ဖြစ်သည်။ သင်တို့သည် ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရာ၌ ပို၍ကောင်းစွာ မပြုသင့်သလော။ သင်တို့၌ အခြားမည်သည့် ရွေးချယ်စရာများ ရှိသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၆)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၄၁)

အသက်တာအတွက် သင့်ကိုယ်သင် ပြင်ဆင်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင် အာရုံစိုက်ရမည်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာ၊ လူ့ဘဝအပေါ် သင်၏ အမြင်များနှင့် အထူးသဖြင့် နောက်ဆုံးသော ကာလအတွင်း ဘုရားသခင် လုပ်ဆောင်ခဲ့သော အမှုနှင့်ဆိုင်သည့် သင်၏ အသိပညာအကြောင်းကို သင် ဆွေးနွေးနိုင်ရမည်။ သင်သည် အသက်ကိုလိုက်စားသည့်အတွက် မိမိကိုယ်ကိုယ် ဤအရာများဖြင့် ပြင်ဆင်ထားရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်သည့်အခါ၊ ၎င်းတို့နှင့်ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားကို သင် တိုင်းတာရမည်။ ယင်းမှာ၊ သင်၏ စစ်မှန်သော အတွေ့အကြုံ လမ်းကြောင်းတွင် သင်၏ အားနည်းချက်များကို တွေ့ရှိသည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင် ရှာဖွေနိုင်စွမ်းရှိရမည်၊ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များနှင့် အယူအဆများကို ကျောခိုင်းနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအတွက် သင် အမြဲကြိုးပမ်းပြီး၊ ၎င်းတို့ကို ရရှိရန် မိမိစိတ်နှလုံးကို ပုံအပ်ပါက၊ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု သင်ရှိလိမ့်မည်၊ သင်သည် အနှစ်မဲ့သကဲ့သို့ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ ထိုအကြောင်းကြောင့် သင်သည် ပုံမှန် အခြေအနေတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ပိုင် အသက်တာထဲတွင် ဝန်ထုပ်တစ်ခု သယ်ဆောင်သူ၊ ယုံကြည်ခြင်း ရှိသူတစ်ဦး ဖြစ်ပေလိမ့်မည်။ လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့ကို အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ ယင်းမှာ အရေးကြီးဆုံးသော အရာများကို ၎င်းတို့ သဘောမပေါက် နိုင်ကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အသက်တာကို ၎င်းတို့ အလေးအနက် မထားကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အရေးကြီးသော အရာများကို ၎င်းတို့ သဘောမပေါက်နိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြခြင်း အကြောင်းရင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုကြသည့်အခါ၊ ထိုနှုတ်ကပတ်တော်များကို မိမိတို့၏ ကိုယ်ပိုင်အခြေအနေများနှင့် မဆက်စပ်နိုင်ကြသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင် အခြေအနေများကို မပိုင်နိုင်ကြသောကြောင့် ဖြစ်သည်။ လူအချို့က၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီး ယင်းတို့ကို ကျွန်ုပ်၏ အခြေအနေများနှင့် ဆက်စပ်မိကာ၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးကာ ညံ့ဖျင်းသော အရည်အချင်းရှိသည်ကို ကျွန်ုပ် သိ၏၊ သို့သော် ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိပါ” ဟု ပြောကြသည်။ သင်သည် တကယ့် အပေါ်ယံကိုသာ မြင်လေပြီ။ သင် မသိသည့် စစ်မှန်သော အရာများစွာ ရှိ၏- ဇာတိပကတိ၏ မွေ့လျော်မှုများကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ထင်မြင်ချက်ကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် မည်သို့ ပြောင်းလဲရမည်၊ ဤအရာများထဲသို့ မည်သို့ ဝင်ရောက်ရမည်၊ သင်၏ အရည်အချင်းကို မည်သို့ တိုးတက်စေရမည် ဆိုသည်နှင့် မည်သည့် ရှုထောင့်မှ စတင်ရမည်ဆိုသည်တို့ ဖြစ်သည်။ သင်သည် အနည်းငယ်သော အရာတို့ကိုသာ အပေါ်ယံ သဘောပေါက်ပြီး သင် သိသမျှမှာ သင်သည် အမှန်ပင် အလွန်ဖောက်ပြန်ပျက်စီးသည်ဟူ၍ ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှများကို သင် တွေ့ဆုံသည့်အခါ၊ သင် အဘယ်မျှ ဖောက်ပြန်ပျက်စီးသည့်အကြောင်း သင် ပြောဆိုပြီး ယင်းမှာ သင့်ကိုယ်သင် သိရှိကာ သင့်အသက်တာအတွက် ကြီးမားသော ဝန်ထုပ်တစ်ခု သယ်ဆောင်သည်ဟု ထင်ရပေသည်။ အမှန်တွင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မပြောင်းလဲသေးပေ၊ ယင်းက သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း ရှာမတွေ့သေးသည်ကို သက်သေပြလေသည်။ အသင်းတော်တစ်ခုကို သင် ဦးဆောင်နေပါက၊ ညီအစ်ကို မောင်နှမများ၏ အခြေအနေများကို သင် သဘောပေါက်နိုင်ရမည်ဖြစ်ပြီး ယင်းတို့ကို ထောက်ပြနိုင်ရမည်။ “အသင်တို့ လူတွေသည် မနာခံသကဲ့သို့ မတိုးတက်ကြပေ” ဟုသာ ပြောရုံနှင့်လုံလောက်သည်လော။ မဟုတ်ပေ၊ ၎င်းတို့၏ မနာခံမှုနှင့် မတိုးတက်မှုတို့ မည်သို့ ထင်ရှားသည်ကို တိတိကျကျ သင် ပြောဆိုရပေမည်။ ၎င်းတို့၏ နာခံမှု မရှိသော အခြေအနေများ၊ ၎င်းတို့၏ နာခံမှု မရှိသော အပြုအမူများနှင့် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများနှင့် သက်ဆိုင်၍ သင် ပြောဆိုရမည်ဖြစ်ကာ၊ သင်၏ စကားများ၌ရှိ သမ္မာတရားကို ၎င်းတို့ကို လုံးဝ လက်ခံ ယုံကြည်လာစေသည့် နည်းလမ်းတစ်ခုဖြင့် ဤအရာများကို သင် ပြောဆိုရမည်။ သင်ဆိုစရာရှိသည်များကို ဆိုဖို့ရန် အချက်အလက်များနှင့် ဥပမာများကို အသုံးပြုလော့၊ ပြီးလျှင် ပုန်ကန်တတ်သော အပြုအမူမှ ၎င်းတို့ မည်သို့ လွတ်မြောက်နိုင်သည်ကို အတိအကျ ပြောဆိုပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ညွှန်ပြလော့- ဤသည်မှာ လူတို့ကို လက်ခံယုံကြည်စေဖို့ နည်းလမ်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်သောသူတို့သာ အခြားသူများကို ဦးဆောင်နိုင်စွမ်းရှိ၏၊ ၎င်းတို့သာ သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၄၂)

ဘုရားသခင်ကို သက်သေခံခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှု၊ လူတို့ကို ဘုရားသခင် သိမ်းပိုက်ပုံ၊ လူတို့ကို သူကယ်တင်ပုံ၊ လူတို့ကို သူ ပြောင်းလဲပုံတို့နှင့် ဆိုင်သည့် သင်၏ အသိပညာကို ပြောဆိုခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ရန် လူတို့ကို သိမ်းပိုက်ခံရဖို့၊ စုံလင်စေခြင်းခံရဖို့ နှင့် သူ၏ ကယ်တင်ခြင်းခံရဖို့ အခွင့်ပေးရင်း လူတို့ကို သူ လမ်းပြပုံနှင့် သက်ဆိုင်၍ ပြောဆိုခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်။ သက်သေခံခြင်းဟူသည်မှာ သူ၏ အမှုနှင့် သင် တွေ့ကြုံပြီးသည့် အရာအားလုံးကို ပြောဆိုခြင်းဟု ဆိုလိုပေသည်။ သူ၏ အမှုသာ သူ့ကို ကိုယ်စားပြုနိုင်ပြီး သူ၏ အမှုသာ သူ့ကို လူသိရှင်ကြား၊ သူ၏ အလုံးစုံဖြင့် ထုတ်ဖော်ပြနိုင်သည်။ သူ၏ အမှုသည် သူ့ကို သက်သေခံပြီး သူ၏အမှုနှင့် မိန့်မြွက်ချက်များသည် ဝိညာဉ်တော်ကို တိုက်ရိုက် ကိုယ်စားပြုပေသည်။ သူ လုပ်ဆောင်သည့် အမှုသည် ဝိညာဉ်တော်၏ ဆောင်ရွက်ခြင်းဖြစ်ပြီး သူ ပြောဆိုသည့် နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြောဆိုထားခြင်း ဖြစ်သည်။ ဤအရာများကို ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာမှတစ်ဆင့် ဖော်ပြခြင်း ဖြစ်ရုံသာ ရှိ၏၊ အမှန်တွင်မူ၊ ၎င်းတို့သည် ဝိညာဉ်တော်၏ ဖော်ပြချက်များ ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုအားလုံးနှင့် သူ ပြောဆိုသည့် နှုတ်ကပတ်တော်များအားလုံးသည် သူ၏ အနှစ်သာရကို ကိုယ်စားပြုလေသည်။ အကယ်၍ ဇာတိပကတိကို ဝတ်ဆင်ပြီး လူသားအလယ် ကြွလာပြီးနောက်၊ ဘုရားသခင်သည် စကားမပြောဆိုခြင်း သို့မဟုတ် အမှုပြုခြင်း မရှိဘဲ၊ ထို့နောက် သူ၏ စစ်မှန်မှု၊ သူ၏ သာမန်ဖြစ်ခြင်း နှင့် သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းတို့ကို သိရှိဖို့ သင်တို့ကို တောင်းဆိုပါက၊ သင် တတ်နိုင်မည်လော။ ဝိညာဉ်တော်၏ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ကို သင် သိနိုင်မည်လော။ သူ၏ လူ့ဇာတိနှင့်ဆိုင်သော အရည်အချင်းများက မည်သည့်အရာဖြစ်သည်ကို သင် သိနိုင်မည်လော။ သင်တို့သည် သူ့အမှု၏ အဆင့်အသီးသီးကို တွေ့ကြုံပြီး ဖြစ်သောကြောင့်သာ သူ့ကို သက်သေခံဖို့ သင်တို့ကို သူ တောင်းဆိုခြင်း ဖြစ်သည်။ သင်တို့၌ ထိုသို့သော အတွေ့အကြုံ မရှိခဲ့ပါက၊ သင်တို့ သက်သေခံဖို့ သူ မရမက တောင်းဆိုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်၊ ဘုရားသခင်ကို သင် သက်သေခံသည့်အခါ၊ သင်သည် သူ၏ ပုံမှန် လူသားသဘာဝ၏ အပြင်ပန်းကိုသာမက၊ သူ လုပ်ဆောင်သည့် အမှုနှင့် သူ ဦးဆောင်သည့် လမ်းကြောင်းတို့ကိုလည်း သက်သေခံနေခြင်း ဖြစ်သည်။ သူ၏ သိမ်းပိုက်ခြင်းကို သင် မည်သို့ ခံရပြီးဖြစ်ကြောင်းနှင့် မည်သည့် ရှုထောင့်များတွင် သင် စုံလင်စေခြင်း ခံရပြီးဖြစ်သည်ကို သင် သက်သေခံဖို့ဖြစ်သည်။ ဤသည်မှာ သင်တို့ သက်သေခံသင့်သည့် သက်သေခံချက်မျိုး ဖြစ်သည်။ သင်သွားသည့် နေရာတိုင်းတွင်၊ သင်က၊ “ကျွန်ုပ်တို့ ဘုရားသခင်သည် အမှုပြုဖို့ ကြွလာပြီဖြစ်ပြီး သူ၏ အမှုသည် အစစ်အမှန်ပင် လက်တွေ့ကျသည်။ သဘာဝလွန် လုပ်ဆောင်ချက်များ မရှိဘဲ၊ မည်သည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ လုံးဝမရှိဘဲ ကျွန်ုပ်တို့ကို သူ ရယူပြီးဖြစ်သည်” ဟု ဟစ်အော်ပါက၊ အခြားသူတို့က၊ “သူက နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ မလုပ်ဟု သင် ပြောဆိုသည့်အခါ မည်သည့်အရာကို ဆိုလိုသနည်း။ နိမိတ်လက္ခဏာများ နှင့် အံ့ဖွယ်ရာများ မရှိဘဲ သင့်ကို သူ မည်သို့ သိမ်းပိုက်နိုင်မည်နည်း” ဟု မေးကြလိမ့်မည်။ ပြီးလျှင် သင်က၊ “သူ စကားပြောဆိုသည်၊ ပြီးလျှင် မည်သည့် အံ့ဖွယ်ရာများ သို့မဟုတ် နိမိတ်လက္ခဏာများ တစ်ခုမျှ ပြသခြင်းမရှိဘဲ၊ ကျွန်ုပ်တို့ကို သူ သိမ်းပိုက်ပြီးဖြစ်သည်။ သူ၏ အမှုက ကျွန်ုပ်တို့ကို သိမ်းပိုက်ပြီးဖြစ်သည်” ဟု ဆိုသည်။ နောက်ဆုံးတွင်၊ အနှစ်သာရရှိသော အရာတစ်ခုမျှ သင် မပြောနိုင်ပါက၊ အသေးစိတ် အချက်အလက်ကို သင် မဆွေးနွေးနိုင်ပါက၊ ဤသည်မှာ မှန်ကန်သော သက်သေခံချက်လော။ လူ့ဇာတိခံ ဘုရားသခင်က လူတို့ကို သိမ်းပိုက်သည့်အခါ၊ ထိုသို့လုပ်ဆောင်သည်မှာ သူ၏ ဘုရားသဘာဝ နှင့်ဆိုင်သော နှုတ်ကပတ်တော်များဖြစ်သည်။ လူသားမျိုးနွယ်က ဤအရာကို မပြီးမြောက်နိုင်ပေ။ သူ၏ ဘုရားသဘာဝသည် မည်သည့် အဖန်ဆင်းခံထက်မဆို မြင့်မားသည့်အတွက်၊ ယင်းမှာ မည်သည့် သေမျိုးကမျှ ရရှိနိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ သာမန်လူတို့ကြားက အမြင့်မားဆုံးသော အရည်အချင်းရှိသည့် သူတို့ပင်လျှင် ဤအရာကို မစွမ်းနိုင်ချေ။ ဤသည်မှာ လူတို့အဖို့ သာမန်ထက်ထူးခြားပေသည်။ မည်သို့ပင်ဖြစ်စေ၊ ဖန်ဆင်းရှင်သည် မည်သည့် အဖန်ဆင်းခံမဆိုထက် မြင့်မားပေသည်။ အဖန်ဆင်းခံများသည် ဖန်ဆင်းရှင်ထက် သာ၍ မမြင့်မားနိုင်ပေ။ သင်သည် သူ့ထက် သာ၍ မြင့်မားပါက၊ သင့်ကို သူ သိမ်းပိုက်နိုင် လိမ့်မည်မဟုတ်ချေ၊ ပြီးလျှင် သူသည် သင့်ထက် မြင့်မားသောကြောင့်သာ သင့်ကို သိမ်းပိုက်နိုင်ခြင်း ဖြစ်ပေသည်။ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်နိုင်သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး၊ သူသာလျှင် ဤအမှုကို ပြုနိုင်ပေသည်။ ဤနှုတ်ကပတ်တော်များသည် “သက်သေခံချက်” ဖြစ်သည်- သင် သက်သေခံသင့်သည့် သက်သေခံချက်မျိုးဖြစ်သည်။ သင်သည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်မှုများ၊ ဆုတ်ဆိုင်းမှုများနှင့် ဆင်းရဲဒုက္ခများကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံပြီးဖြစ်ကာ သင်သည် သိမ်းပိုက်ခံရပြီးဖြစ်သည်။ ဇာတိပကတိ၏ မျှော်လင့်ချက်များ၊ သင်၏ ကိုယ်ပိုင် ကြံရွယ်ချက်များ နှင့် ဇာတိပကတိ၏ အတွင်းရေးကျသည့် စိတ်ဝင်စားမှုများကို သင် ဘေးဖယ်ထားပြီး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ စိတ်နှလုံးကို လုံးဝ သိမ်းပိုက်ပြီး ဖြစ်သည်။ သင်၏ အသက်တာတွင် သူတောင်းဆိုသလောက် သင် မကြီးထွားသေးသော်လည်း၊ ဤအရာအားလုံးကို သင် သိရှိပြီး သူ လုပ်ဆောင်သည့်အရာအားဖြင့် သင် လုံးဝ လက်ခံယုံကြည်ပေသည်။ ထို့ကြောင့်၊ ဤသည်ကို စစ်မှန်ပြီး မှန်ကန်သော သက်သေခံချက်ဟု ခေါ်နိုင်၏။ လုပ်ဆောင်ဖို့ရန် ဘုရားသခင် ကြွလာခဲ့သည့် ဤအမှု၊ ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုသည် လူသားကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားသော်လည်း ခေတ်ကို အဆုံးသတ်ခြင်း နှင့် ပြီးပြတ်စေခြင်း အမှုကို ဆောင်ရွက်ခြင်းဖြစ်သည့် သူ၏ အမှုကိုလည်း သူ အဆုံးသတ်နေ၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ရင်း၊ လူသားမျိုးနွယ်ကို အပြစ်မှ တစ်ကြိမ်တည်းနှင့် အပြီးသတ် ကယ်နုတ်ရင်း ခေတ်တစ်ခုလုံးကို သူ အဆုံးသတ်နေ၏။ သူသည် သူ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနေ၏။ ဤအရာအားလုံးကို သင် သက်သေခံသင့်၏။ အလွန်များလှစွာသော ဘုရားသခင်၏ အမှုကို သင် တွေ့ကြုံပြီးဖြစ်သည်၊ ယင်းကို သင်၏ ကိုယ်ပိုင် မျက်စိများဖြင့် သင် မြင်ပြီးဖြစ်ကာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီး ဖြစ်သည်။ တကယ့်အဆုံးသို့ သင် ရောက်ရှိသည့်အချိန်တွင်၊ သင့်အပေါ် တာဝန်ရှိသော လုပ်ငန်းတာဝန်ကို သင် မထမ်းဆောင်နိုင်ဘဲ မရှိရ။ တကယ့်ကို သနားစရာပါတကား။ အနာဂတ်တွင်၊ ဧဝံဂေလိတရား ပျံ့နှံ့သည့်အခါ၊ သင်သည် သင်၏ ကိုယ်ပိုင် အသိပညာအကြောင်းကို ပြောဆိုနိုင်သင့်၏၊ သင်၏ စိတ်နှလုံးထဲတွင် သင် ရရှိပြီးဖြစ်သည့် အရာအားလုံးကို သက်သေခံနိုင်သင့်ပြီး ရှိသမျှအား စိုက်ထုတ်နိုင်သင့်၏။ ဤသည်မှာ အဖန်ဆင်းခံတစ်ဦး ရရှိသင့်သည့် အရာဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော ဤအဆင့်၏ တကယ့် အဓိပ္ပါယ်မှာ အဘယ်နည်း။ ယင်း၏ သက်ရောက်မှုမှာ အဘယ်နည်း။ ယင်း၏ မည်မျှကို လူသား၏အထဲတွင် ဆောင်ရွက်ပါသနည်း။ မည်သည့်အရာကို လူတို့ လုပ်ဆောင်သင့်သနည်း။ ကမ္ဘာမြေသို့ ကြွလာကတည်းက လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို ရှင်းရှင်းလင်းလင်း သင် ပြောဆိုနိုင်သည့်အခါ၊ သင်၏ သက်သေခံချက် ပြည့်စုံလိမ့်မည်။ သူ့အမှုတော်၏ အဓိပ္ပါယ်၊ ယင်း၏ အကြောင်းအရာ၊ ယင်း၏ အနှစ်သာရ၊ ယင်းက ကိုယ်စားပြုသည့် စိတ်သဘောထားနှင့် ယင်း၏ အခြေခံစည်းမျဉ်းများတို့ဖြစ်သော ဤအချက်ငါးခုကို သင် ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်သည့်အခါ ဘုရားသခင်ကို သင် သက်သေခံနိုင်စွမ်းရှိသည်၊ အသိပညာကို သင် အမှန်တကယ် ပိုင်ဆိုင်သည်ကို ဤအရာက သက်သေပြပေလိမ့်မည်။ သင့်အပေါ် ငါ၏ သတ်မှတ်ချက်များသည် အလွန်မမြင့်မားသကဲ့သို့၊ မှန်ကန်သော လိုက်စားမှု၌ ရှိကြသူအားလုံးက ရယူနိုင်ပေသည်။ သင်သည် ဘုရားသခင်၏ သက်သေများထဲမှ တစ်ဦးဖြစ်ဖို့ သန္နိဋ္ဌာန်ချထားပါက၊ ဘုရားသခင် မည်သည့်အရာကို စက်ဆုပ်ပြီး မည်သည့်အရာအား နှစ်သက်သည်ကို သင် နားလည်ရမည်။ သူ၏ အမှုတော်ကို များစွာ သင် ကြုံတွေ့ပြီး ဖြစ်သည်။ ဤအမှုမှတစ်ဆင့်၊ သူ၏ စိတ်သဘောထားကို သင် သိလာရမည်၊ သူ၏ အလိုတော်နှင့် လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များကို သင် နားလည်လာရမည်ဖြစ်ကာ သူ့အကြောင်းကို သက်သေခံဖို့နှင့် သင်၏ တာဝန်ကို ထမ်းဆောင်ဖို့ ဤအသိပညာကို အသုံးပြုရမည်။ “ဘုရားသခင်ကို ကျွန်ုပ်တို့ သိသည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် အလွန် ပြင်းထန်သည်။ သူ၏ နှုတ်ကပတ်တော်များက အလွန် ခက်ထန်သည်၊ ၎င်းတို့သည် ဖြောင့်မတ်ပြီး ခမ်းနားကာ မည်သည့်လူသားကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်ပေ” ဟုသာ သင် ပြောနိုင်သည်၊ သို့သော် ဤစကားများသည် လူသားအတွက် နောက်ဆုံးတွင် ထောက်ပံ့ပေးသလော။ လူတို့အပေါ် ၎င်းတို့၏ သက်ရောက်မှုမှာ အဘယ်နည်း။ ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်သည် သင့်အတွက် အကျိုးအရှိဆုံး ဖြစ်သည်ကို သင် အမှန်တကယ် သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် သင်၏ ပုန်ကန်လိုစိတ်ရှိခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြနေကြသည် မဟုတ်သလော။ ၎င်းတို့က သင်၏အတွင်းထဲရှိ ထိုညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသော အရာများကို သန့်စင်ပေးပြီး ဖယ်ထုတ်ပစ်နိုင်သည်၊ မဟုတ်သလော။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမရှိပါက သင်သည် မည်သည့်အရာ ဖြစ်သွားလိမ့်မည်နည်း။ စာတန်က သင့်ကို အကြီးကျယ်ဆုံးသော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေပြီ ဟူသည့်အချက်ကို သင် အမှန်တကယ် သတိပြုမိပါသလော။ ယနေ့တွင်၊ ဤအရာများဖြင့် သင်တို့ မိမိကိုယ်ကိုယ် ပြင်ဆင်သင့်ပြီး ၎င်းတို့ကို ကောင်းကောင်း သိသင့်ကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၄၃)

သင်တို့သည် ယခု မည်သည့်အရာနှင့် ပြင်ဆင်ထားဖို့ လိုအပ်သည်ကို သင်တို့ သိကြသလော။ ယင်း၏ ရှုထောင့်တစ်ခုတွင် အမှုနှင့်ပတ်သက်သည့် ရူပါရုံများ ပါဝင်ပြီး၊ အခြားရှုထောင့်မှာ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဤရှုထောင့်နှစ်ခုစလုံးကို သဘောပေါက် ရမည်ဖြစ်သည်။ အသက်၌တိုးတက်ဖို့ သင်ရှာဖွေခြင်းတွင် ရူပါရုံများမရှိပါက သင်သည် အခြေခံအုတ်မြစ် ရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ရူပါရုံအနည်းငယ်မျှမရှိဘဲ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများသာ ရှိပြီး၊ အထွေထွေစီမံခန့်ခွဲမှု အစီအစဉ်၏ အလုပ်ကို မည်သို့မျှ သိနားလည်ခြင်း မရှိပါက၊ သင်သည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ သင်သည် ရူပါရုံများ ပါဝင်သည့် သမ္မာတရားများကို နားလည်ရမည်ဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်သည့် သမ္မာတရားများအတွက်မူ၊ ၎င်းတို့ကို သင် နားလည် ပြီးနောက် သင့်တော်သည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို ရှာတွေ့ဖို့ လိုအပ်သည်။ နှုတ်ကပတ်တော်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပြီး၊ သင်၏ အခြေအနေများနှင့်အညီ ဝင်ရောက်ရမည် ဖြစ်သည်။ ရူပါရုံများသည် အခြေခံအုတ်မြစ်ဖြစ်ပြီး၊ ဤအချက်ကို သင်အာရုံမစိုက်ပါက အဆုံးထိ သင် ရှေ့ဆက် လိုက်လျှောက် နိုင်မည် မဟုတ်ပေ။ ထိုသို့သော ပုံစံဖြင့် တွေ့ကြုံခြင်းသည် သင့်ကို သွေဖည်သွားစေမည် သို့မဟုတ် သင့်ကို ပြိုလဲစေကာ ကျရှုံးသွားစေမည် ဖြစ်သည်။ သင့်အတွက် အောင်မြင်မည့်နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ ကြီးမြတ်သော ရူပါရုံများကို မိမိတို့၏ အခြေခံအုတ်မြစ်များအဖြစ် မရှိကြသည့်လူများသည် ကျရှုံးရုံသာရှိသည်။ မအောင်မြင်နိုင်ပေ။ သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်ပေ။ ဘုရားသခင်အား ယုံကြည်ခြင်းတွင် မည်သည့်အရာ ပါဝင်သည်ကို သင် သိသလော။ ဘုရားသခင်နောက်သို့ လိုက်ခြင်းသည် မည်သည့်အရာ ဆိုလိုသည်ကို သင်သိသလော။ ရူပါရုံများမရှိဘဲနှင့် မည်သည့်လမ်းကြောင်းကို သင်လိုက်လျှောက်မည်နည်း။ ယနေ့၏အမှုတွင် သင်၌ ရူပါရုံများမရှိပါက၊ သင်သည် စုံလင်ခြင်းခံရဖို့ လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်သူ၌ သင်ယုံကြည်သနည်း။ သူ့ကို သင် အဘယ်ကြောင့် ယုံကြည်သနည်း။ သင်သည် အဘယ်ကြောင့် သူ့နောက်သို့လိုက်သနည်း။ သင်သည် သင်၏ ယုံကြည်ခြင်းကို ကစားပွဲ တစ်မျိုးကဲ့သို့ မြင်သလော။ သင်၏ အသက်တာကို ကစားစရာ တစ်မျိုးကဲ့သို့ သင် ကိုင်တွယ်နေသလော။ ယနေ့၏ ဘုရားသခင်သည် အကြီးမြတ်ဆုံးသော ရူပါရုံဖြစ်သည်။ သူ့အကြောင်းကို သင်မည်မျှ သိသနည်း။ သူနှင့်ပတ်သက်၍ သင် မည်မျှ တွေ့မြင်ပြီးပြီနည်း။ ယနေ့၏ ဘုရားသခင်ကို တွေ့ပြီးဖြစ်သောကြောင့်၊ သင့်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်သည် ခိုင်မာသလော။ ဤမရေရာသော လမ်းတစ်လျှောက် သင်လိုက်လျှောက်သရွေ့ ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဟု သင်ထင်သလော။ ဗွက်ထူသောရေထဲတွင် ငါးဖမ်း၍ ရနိုင်သည်ဟု သင်ထင်သလော။ ယင်းသည် ဤမျှ ရိုးရှင်းသလော။ ဘုရားသခင် ယနေ့ မိန့်မြွက်သည့် နှုတ်ကပတ်တော်များနှင့် စပ်လျဉ်းသည့် အယူအဆများ မည်မျှကို သင် ဘေးဖယ်ထားပြီးပြီနည်း။ ယနေ့ ဘုရားသခင်၏ ရူပါရုံ သင်၌ရှိသလော။ ယနေ့၏ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ သိနားလည်မှုသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ သူ့နောက် လိုက်ရုံမျှဖြင့် သို့မဟုတ် သူ့ကို မြင်ရုံမျှဖြင့် သူ့အားက သင်ရရှိနိုင်ပြီး၊ သင့်ကို မည်သူမျှ ဖယ်ရှားနိုင်ကြလိမ့်မည် မဟုတ်ဟု သင် အမြဲယုံကြည်ထားသည်။ ဘုရားသခင်နောက်လိုက်ခြင်းသည် လွန်စွာ လွယ်ကူသည့် ကိစ္စရပ်တစ်ခုဟု မထင်မှတ်လေနှင့်။ အဓိကသော့ချက်မှာ သူ့ကို သင်သိရမည်၊ သူ၏အမှုကို သင်သိရမည်ဖြစ်ပြီး၊ သူ့အတွက် အခက်အခဲကို ကြံ့ကြံ့ခံဖို့၊ သူ့အတွက် သင်၏ အသက်ကို စတေးဖို့နှင့် သူ၏ စုံလင်စေခြင်းခံရဖို့ လိုအင်ဆန္ဒ သင်၌ ရှိရမည်ဖြစ်သည်။ ဤသည်မှာ သင့်၌ ရှိသင့်သည့် ရူပါရုံဖြစ်သည်။ သင်၏ အတွေးများသည် ကျေးဇူးတော်ကို မွေ့လျော်ခံစားမှုအပေါ် အစဉ်အမြဲ စိတ်အလွန်ထက်သန်နေပါက အလုပ်ဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ ပျော်ရွှင်မှု အတွက်သာ သို့မဟုတ် ၎င်းတို့အပေါ် ကျေးဇူးတော် အပ်နှင်းဖို့သာ ဤနေရာတွင် ရှိနေခြင်းဖြစ်သည်ဟု မယူမှတ်လိုက်လေနှင့်။ သင် မှားလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် သူ့နောက်လိုက်ဖို့ မစွန့်စားနိုင်ပါက၊ ပြီးလျှင် လူတစ်ဦးသည် နောက်လိုက်ဖို့ လောကီ ပိုင်ဆိုင်မှုတိုင်းကို မစွန့်လွှတ်နိုင်ပါက၊ ၎င်းတို့အနေဖြင့် သူ့နောက်သို့ အဆုံးထိတိုင် ဧကန်မုချ လိုက်လျှောက်နိုင်ကြမည် မဟုတ်ပေ။ သင့်အနေဖြင့် ရူပါရုံများကို သင်၏အခြေခံအုတ်မြစ်အဖြစ် ရှိရမည်ဖြစ်သည်။ အကယ်၍ တစ်နေ့တွင် ကံအကြောင်းမလှသည့် ဖြစ်ရပ် သင့်အပေါ် ကျရောက်ပါက၊ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သူ့နောက်သို့ သင် လိုက်လျှောက်နိုင်လိမ့်ဦးမည်လော။ သင် အဆုံးထိ လိုက်လျှောက်နိုင်ခြင်း ရှိမည် မရှိမည်ကို ပေါ့ပေါ့တန်တန် မပြောလိုက်နှင့်။ ယခု မည်သည့် အချိန်ဖြစ်သည်ကို မြင်ဖို့ရန် သင်၏ မျက်စိများကို ဦးစွာပထမ ကျယ်ကျယ်ဖွင့်သင့်သည်။ လတ်တလောတွင် သင်တို့သည် ဗိမာန်တော်၏ တိုင်များကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ လက်ရှိအချိန်တွင် သင်တို့၌ ကင်းမဲ့နေသည့် ရူပါရုံများစွာရှိသည့်အတွက်၊ ထိုသို့သော တိုင်များသည် ဗိမာန်တော်ကို ပြိုလဲဖို့ဖြစ်စေလျက်၊ ပိုးကောင်များ၏ ကိုက်ဖြတ်ခြင်းခံရမည့် အချိန်ကာလတစ်ခု ရောက်လာလိမ့်မည်။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးများကိုသာ အာရုံစိုက်ကြပြီး၊ မည်သည့်အရာက ယုံကြည်စိတ်အချရဆုံးနှင့် အသင့်တော်ဆုံးသော ရှာဖွေခြင်းနည်းလမ်း ဖြစ်သည်ကို သင်တို့မသိကြချေ။ ယနေ့အမှု၏ ရူပါရုံကို သင်တို့ အရေးမစိုက်ကြသကဲ့သို့၊ ဤအရာများကို စိတ်နှလုံးများထဲတွင် ထိန်းသိမ်းခြင်းလည်း မရှိပေ။ တစ်နေ့တွင် သင်တို့၏ဘုရားသခင်သည် သင်တို့ကို အကျွမ်းတဝင်မရှိဆုံးသော နေရာတစ်ခုတွင် ထားရှိမည်ကို သင်တို့ စဉ်းစားဖူးသလော။ သင်တို့ထံမှ အရာအားလုံးကို ငါလုယူကောင်း လုယူနိုင်သည့်တစ်နေ့တွင် သင်တို့ မည်သည့်အရာဖြစ်လာမည်ကို သင်တို့ စိတ်ကူးနိုင်ပါသလော။ ထိုနေ့တွင် သင်တို့၏အားအင်များသည် ယခုကဲ့သို့ ဖြစ်မည်လော။ သင်တို့၏ ယုံကြည်ခြင်းသည် ပြန်ပေါ်လာမည်လော။ ဘုရားသခင်၏ နောက်သို့လိုက်ရာတွင်၊ “ဘုရားသခင်” ဟူသည့် အကြီးမားဆုံး ရူပါရုံကို သိရမည်။ ဤသည်မှာ အရေးကြီးဆုံးသော ကိစ္စရပ်ဖြစ်သည်။ ထို့အပြင်၊ သန့်ရှင်းစင်ကြယ်လာဖို့ရန် လောကီဆန်သူများ နှင့် လမ်းခွဲလိုက်ခြင်းဖြင့်၊ သင်သည် ဘုရားသခင်၏ မိသားစုထဲတွင် သေချာပေါက်ရှိလိမ့်မည်ဟု မထင်မှတ်လိုက်လေနှင့်။ ဤနေ့ရက် ကာလများတွင်၊ ဖန်ဆင်းခြင်းကြား အမှုပြုနေသူမှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန် မဟုတ်- သူကိုယ်တိုင်၏အမှုကို ပြုရန် လူတို့အကြားလာလေသည်မှာ သူပင်ဖြစ်၏။ ယနေ့၏အမှုသည် လူ့ဇာတိခံယူထားသည့် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အမှုဖြစ်သည်ကို သင်တို့အထဲ၌ သိနိုင်သူ အနည်းငယ်မျှပင် မရှိချေ။ ဤသည်မှာ သင်တို့ကို ပါရမီရှိသည့် ထူးချွန်သော လူများ ဖြစ်စေသည့်အကြောင်း မဟုတ်ပေ။ ဤသည်မှာ လူ့ဘဝ၏ အရေးပါမှုကို သိရှိရန်၊ လူသားများ၏ ခရီးပန်းတိုင်ကို သိရှိရန်နှင့် ဘုရားသခင်နှင့် သူ၏အလုံးစုံတို့ကို သိရှိရန် သင်တို့ကို ကူညီဖို့ဖြစ်သည်။ သင်သည် ဖန်ဆင်းရှင်၏လက်ထဲက ဖန်ဆင်းခံရသူတစ်ဦး ဖြစ်သည်ကို သင် သိသင့်သည်။ သင် မည်သည့်အရာကို နားလည် သင့်သည်၊ မည်သည့်အရာကို သင်လုပ်သင့်ပြီး ဘုရားသခင်နောက်သို့ မည်ကဲ့သို့ သင် လိုက်သင့်သည်- ဤအရာများသည် သင်နားလည်သဘောပေါက်ရမည့် သမ္မာတရားများ မဟုတ်လော။ ထိုအရာများသည် သင်မြင်သင့်သည့် ရူပါရုံများဖြစ်သည် မဟုတ်လော။

လူတို့သည် ရူပါရုံများရှိသည်နှင့်တစ်ပြိုင်နက်၊ အခြေခံအုတ်မြစ်တစ်ခု ပိုင်ဆိုင်ကြပေသည်။ ဤအခြေခံအုတ်မြစ်အတိုင်း သင် လက်တွေ့ လုပ်ဆောင်သောအခါ၊ ဝင်ရောက်ရန် များစွာ ပို၍ လွယ်ကူလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့် ဝင်ရောက်ခြင်းအတွက် အခြေခံအုတ်မြစ် တစ်ခုရှိသည်နှင့် သင်၌ ဒွိဟများ ရှိမည်မဟုတ်ဘဲ သင့်အတွက် ဝင်ရောက်ရန် အလွန် လွယ်ကူလိမ့်မည် ဖြစ်သည်။ ရူပါရုံများကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အမှုကိုသိရှိခြင်းတို့နှင့်ဆိုင်သည့် ဤရှုထောင့်သည် အရေးပါပေသည်။ သင်တို့၏ သိုလှောင်ဆည်းပူးထားသောနေရာတွင် ထိုရှုထောင့် ရှိရမည်။ အကယ်၍ သင်သည် သမ္မာတရား၏ ဤရှုထောင့်ဖြင့် မပြင်ဆင်ထားဘဲ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများအကြောင်း မည်သို့ ပြောဆိုရမည်ကိုသာ သိရှိပါက၊ သင်သည် ကြီးကြီးမားမား ချွတ်ယွင်းနေလိမ့်မည်။ သင်တို့ထဲမှ များစွာသော သူတို့သည် ဤသမ္မာတရား၏ ရှုထောင့်ကို အလေးထားခြင်းမရှိသကဲ့သို့၊ ယင်းကို သင်တို့ နားထောင်သည့်အခါ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကိုသာ နားထောင်နေပုံရသည်ကို ငါ တွေ့ရှိရပြီးဖြစ်သည်။ တစ်နေ့တွင် သင်တို့သည် ဆုံးရှုံးရလိမ့်မည်။ ဤနေ့ရက်ကာလများတွင် သင်တို့ သိပ်နားမလည် သကဲ့သို့ လက်မခံကြသည့် မိန့်မြွက်ချက်အချို့ရှိ၏။ ထိုသို့သော အခြေအနေများတွင်၊ သင်သည် စိတ်ရှည်စွာ ရှာဖွေသင့်ပြီး၊ သင်နားလည်သည့်နေ့ရက် ရောက်ရှိလာလိမ့်မည် ဖြစ်သည်။ သာ၍ သာ၍ များပြားသော ရူပါရုံများဖြင့် ဖြည်းဖြည်းချင်း မိမိကိုယ်ကိုယ် ပြင်ဆင်လော့။ ဝိညာဉ်ရေးဆိုင်ရာ အယူဝါဒ အနည်းအကျဉ်းကိုသာ သင် နားလည်လျှင်ပင်၊ ယင်းသည် ရူပါရုံများကို အာရုံမစိုက်ခြင်းထက် သာ၍ကောင်းမွန်ဆဲဖြစ်ပြီး မည်သည့်အရာကိုမျှ လုံးဝ နားမလည်ခြင်းထက် သာ၍ကောင်းသေး၏။ ဤအရာအားလုံးသည် သင်၏ ဝင်ရောက်မှုအတွက် အထောက်အကူ ဖြစ်သကဲ့သို့၊ သင်၏သံသယများကိုလည်း ရှင်းလင်းပေးမည် ဖြစ်သည်။ ယင်းသည် သင်အယူအဆများနှင့် ပြည့်နှက်နေခြင်းထက် သာ၍ ကောင်းပေ၏။ ဤရူပါရုံများကို အခြေခံအုတ်မြစ်အဖြစ် သင်ရှိပါက၊ များစွာသာ၍ကောင်းပေမည်။ သင့်အနေဖြင့် မည်သို့မျှ ဒွိဟများ ရှိလိမ့်မည် မဟုတ်သကဲ့သို့ ရဲဝံ့စွာနှင့် ယုံကြည်စိတ်ချစွာ ဝင်ရောက်နိုင်လိမ့်မည်။ အဘယ်ကြောင့် ထိုသို့သော စိတ်ရှုပ်ထွေး၍ သံသယများသည့် ပုံစံဖြင့် ဘုရားသခင်နောက် အမြဲလိုက်ရင်း အပင်ပန်းခံရသနည်း။ ယင်းသည် သင်၏ဦးခေါင်းကို သဲထဲမြှုပ်ထားခြင်းနှင့် တူသည်မဟုတ်လော။ ဝင့်ကြွားကြွား လှမ်းချီခြင်းနှင့် ဟိတ်ဟန်ထုတ်၍ လျှောက်ခြင်းဖြင့် နိုင်ငံတော်ထဲသို့ ခြေလှမ်းကျဲကျဲ လျှောက်ဖို့မှာ အဘယ်မျှ ကောင်းလိုက်မည်နည်း။ အဘယ်ကြောင့် ဒွိဟများနှင့် အလွန် ပြည့်နေရသနည်း။ သင်သည် မိမိကိုယ်ကိုယ် ဆင်းရဲဒုက္ခခံနေရခြင်းသာ မဟုတ်သလော။ ယေဟောဝါ၏အမှု၊ ယေရှု၏အမှုနှင့် ဤအဆင့်၏အမှုတို့ကို သင် နားလည်သည်နှင့်တစ်ပြိုင်နက်၊ သင်၌ အခြေခံအုတ်မြစ်တစ်ခု ရှိလိမ့်မည်။ ဤအခိုက်အတန့်တွင်၊ ယင်းကို သင့်အနေဖြင့် အတော်အတန် ရိုးရှင်းသောအရာအဖြစ် စိတ်ကူးကောင်း စိတ်ကူးလိမ့်မည်။ လူအချို့က၊ “အချိန်ကျရောက်လာပြီး သန့်ရှင်းသောဝိညာဉ်တော်သည် ကြီးမားသော အမှုကို စတင်လုပ်ဆောင်သည့်အခါ၊ ကျွန်ုပ်သည် ဤအရာအားလုံးကို ပြောဆိုနိုင်မည် ဖြစ်သည်။ ယခု ကျွန်ုပ် တကယ်နားမလည်သည့် အချက်မှာ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်ကို ထိုမျှ ဉာဏ်အလင်း မပေးသေးသောကြောင့် ဖြစ်သည်” ဟု ပြောကြသည်။ ယင်းမှာ သိပ်မလွယ်ကူပေ။ ယင်းမှာ သင်သည် ယခုပင် သမ္မာတရား ကို လက်ခံဖို့ လိုလားလျက်ရှိပြီးနောက် အချိန်ကျရောက် လာသည့်အခါ ထိုသမ္မာတရားကို ကျွမ်းကျင်စွာ အသုံးပြုမည်ကဲ့သို့ မဟုတ်ပေ။ ထိုသို့ သေချာပေါက် မဟုတ်ပေ။ သင့်အနေဖြင့် လတ်တလောတွင် အလွန်ကောင်းစွာ ပြင်ဆင်ထားပြီး၊ ထိုဘာသာရေးသမားများနှင့် အကြီးမြတ်ဆုံးသော အယူအဆသမားများကို တုံ့ပြန်ခြင်းနှင့် ၎င်းတို့ကို ချေပခြင်းတွင်ပင် ပြဿနာမရှိဟု သင် ယုံကြည်သည်။ သင်သည် အမှန်တကယ် ထိုသို့ လုပ်ဆောင် နိုင်လိမ့်မည်လော။ သင်၏ ထိုအပေါ်ယံ အတွေ့အကြုံလောက်နှင့် မည်သည့် သိနားလည်မှုကို သင်ပြောနိုင်သနည်း။ သမ္မာတရားဖြင့် ပြင်ဆင်မှု ရှိသွားခြင်း၊ သမ္မာတရားနှင့်ဆိုင်သော တိုက်ပွဲကို တိုက်ခိုက်ခြင်းနှင့် ဘုရားသခင်၏ နာမကို သက်သေခံခြင်းတို့သည်- ဘုရားသခင် အမှုပြုနေသရွေ့ အရာအားလုံး ပြီးမြောက်လိမ့်မည်ဟု သင်ထင်ထားသည့်အရာ မဟုတ်ပေ။ ထိုအချိန်တွင်၊ သင်သည် မေးခွန်း အချို့ကြောင့် အကျပ်ရိုက်ကောင်း ရိုက်လိမ့်မည်ဖြစ်ပြီးနောက် ကြက်သေ သေသွားလိမ့်မည်။ အဓိကအချက်မှာ သင်သည် အမှု၏ ဤအဆင့်နှင့်ဆိုင်သည့် သိနားလည်မှု ရှင်းရှင်းလင်းလင်း ရှိမရှိဆိုသည်နှင့် ထိုအရာနှင့်ပတ်သက်၍ အမှန်တကယ် မည်မျှသိရှိသည်ဆိုသည့်အရာ ဖြစ်သည်။ သင်သည် ရန်သူ အင်အားစုများကို အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိပါက သို့မဟုတ် ဘာသာရေး အင်အားစုများကို အနိုင်မယူနိုင်ပါက၊ အသုံးမကျသည့်သူ ဖြစ်သွားလိမ့်မည် မဟုတ်လော။ သင်သည် ယနေ့၏ အမှုကို တွေ့ကြုံရပြီးဖြစ်ကာ သင်၏မျက်လုံးများဖြင့် မြင်ကာ သင်ကိုယ်တိုင်၏ နားများဖြင့် ကြားရပြီးဖြစ်သော်လည်း၊ နောက်ဆုံးတွင် သက်သေခံနိုင်ခြင်းမရှိပါက၊ သင် ဆက်လက် အသက်ရှင်ဝံ့လိမ့်ဦးမည်လော။ မည်သူ့ကို သင် ရင်ဆိုင် နိုင်မည်နည်း။ ယင်းသည် ဤမျှရိုးရှင်းလိမ့်မည်ဟု ယခု စိတ်မကူးကြနှင့်။ အနာဂတ်၏အမှုသည် သင်စိတ်ကူးသကဲ့သို့ ရိုးရှင်းလိမ့်မည်မဟုတ်။ သမ္မာတရား၏တိုက်ပွဲကို တိုက်ခိုက်ခြင်းသည် ဤမျှမလွယ်ကူပေ၊ ဤမျှ မရိုးစင်းပေ။ သင့်အနေဖြင့် ယခုပင် ပြင်ဆင်ထားဖို့လို၏။ သင်သည် သမ္မာတရားဖြင့် မပြင်ဆင်ထားပါက၊ အချိန်ကျရောက်လာပြီး သန့်ရှင်းသောဝိညာဉ်တော်သည် သဘာဝလွန် ပုံစံဖြင့် အမှုမပြုသည့် အခါတွင်၊ သင်သည် ဘာလုပ်ရ၊ ဘာပြောရမှန်းမသိ ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “သူ့အား” ဆိုသည့် စကားလုံး မပါဝင်ပါ။

ခ။ မူရင်းစာသားတွင် “သမ္မာတရား” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- အသက်အတွင်း ဝင်ရောက်မှု (၁)

နောက်တစ်ခုသို့- အသက်အတွင်း ဝင်ရောက်မှု (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။