အသက်အတွင်း ဝင်ရောက်မှု (၆)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၅၆)

သမ္မာတရားကို အားထုတ်ခြင်းဖြင့်သာ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်ပေသည်- ဤသည်မှာ လူတို့ သဘောပေါက်ရမည့် အရာတစ်ခုဖြစ်ပြီး စေ့စေ့စပ်စပ် နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သမ္မာတရားကို လုံလောက်သည့် နားလည်မှု သင်၌ မရှိလျှင်၊ သင် အလွယ်တကူ ချွတ်ချော်ပြီး ပျောက်ဆုံးလိမ့်မည်။ အသက်တာတွင် သင် ကြီးထွားလိုလျှင်၊ အရာအားလုံးတွင် သမ္မာတရား ရှာဖွေရမည်။ မည်သည့်အရာ သင် လုပ်ဆောင်နေသည်ဖြစ်စေ၊ သမ္မာတရားနှင့် ကိုက်ညီဖို့ မည်သို့ ပြုမူရမည်ကို သင် အဖြေရှာသင့်ပြီး၊ သင့်အတွင်းတွင် ထိုသမ္မာတရားကို ချိုးဖောက်သည့် မည်သည့် အစွန်းအထင်းများတည်ရှိသည်ကို သင် ရှာဖွေရမည်။ သင်သည် ဤအရာများနှင့် သက်ဆိုင်၍ ရှင်းလင်းသည့် သိနားလည်မှုတစ်ခု ရှိရမည်။ သင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိ၊ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိမရှိဆိုသည်ကို သင် စဉ်းစားသင့်သည်။ သင်သည် သမ္မာတရားနှင့် ကိုက်ညီသည့်အရာများကို လုပ်ဆောင်နိုင်သော်လည်း မကိုက်ညီသည့် အရာများကို လုပ်ဆောင်၍မရပေ။ သင် လုပ်လျှင်လည်းရ၊ မလုပ်လျှင်လည်းရသည့်အရာ အရာများနှင့် စပ်လျဉ်း၍၊ ၎င်းတို့ကို လက်လွှတ်နိုင်လျှင်၊ လက်လွှတ်သင့်ပေသည်။ သို့မဟုတ်ပါက၊ အချိန်အတန်ကြာ ဤအရာများကို သင်လုပ်ဆောင်ပြီးနောက်ပိုင်းတွင် ၎င်းတို့ကို လက်လွှတ်သင့်သည်ကို သင် တွေ့ရလျှင်၊ မြန်ဆန်သည့် ဆုံးဖြတ်ချက်ကိုချကာ ၎င်းတို့ကို အလျင်အမြန် လက်လွှတ်လော့။ ဤသည်မှာ သင် လုပ်ဆောင်သည့် အရာတိုင်းတွင် လိုက်လျှောက်သင့်သည့် အခြေခံသဘောတရား ဖြစ်သည်။ လူအချို့က ဤမေးခွန်းကို ထုတ်ကြသည်- ရေစီးကြောင်းကို ဆန့်ကျင်၍ လှေတစ်စင်းကို သင် လှော်ခတ်နေရသည့်အလား၊ ရှေ့သို့ လှော်ခတ်ခြင်းရပ်လျှင် သင် နောက်ပြန်လွင့်ပါသွားမည့်အလား၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အဘယ်ကြောင့် အလွန်ခက်ခဲရပါသနည်း။ သို့တိုင်အောင် မကောင်းမှု သို့မဟုတ် အဓိပ္ပာယ်မဲ့သော အရာများကို လုပ်ဆောင်ဖို့သည် အဘယ်ကြောင့် လှေတစ်စင်းအား ရေစုန်တွင် စီးသွားခြင်းလောက် အမှန်တကယ်တွင် များစွာသာ၍ လွယ်ကူရပါသနည်း။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ သဘာဝက ဘုရားသခင်ကို သစ္စာဖောက်ရန် ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်၏ သဘာဝက လူသားများအတွင်း၌ အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်ကာ ဤသည်မှာ ဆန့်ကျင်ရန်မူလိုသော အင်အားစုဖြစ်သည်။ မှန်ပေ၏၊ ဘုရားသခင်ကို သစ္စာဖောက်သည့် သဘာဝတစ်ခုနှင့် လူသားများသည် ဘုရားသခင်ကို သစ္စာဖောက်သည့် အရာများကို လုပ်ဆောင်ဖို့ အလွန်ဖြစ်ဖွယ်ရှိပြီး၊ အပြုသဘောဆောင်သော လုပ်ဆောင်ချက်များသည် သူတို့အတွက် ဆောင်ရွက်ရန် ပင်ကိုအားဖြင့် ခက်ခဲလေသည်။ ဤအရာကို လူသားမျိုးနွယ်၏ သဘာဝနှင့် အနှစ်သာရအားဖြင့် လုံးဝ ဆုံးဖြတ်ခြင်းဖြစ်သည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီး သင်ကိုယ်တိုင်၏ စိတ်တွင်းမှ ထိုသမ္မာတရားကို စတင် ချစ်မြတ်နိုးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားနှင့် ကိုက်ညီသည့် အရာများကို လုပ်ဆောင်ဖို့ လွယ်ကူသည်ကို တွေ့ရလိမ့်မည်ဖြစ်သည်။ သင်သည် ပုံမှန်အတိုင်း သက်သောင့်သက်သာဖြစ်စွာနှင့် ဝမ်းမြောက်စွာပင် သင်၏တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်ဖြစ်ကာ အပျက်သဘောဆောင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက ကြီးမားသည့်အားထုတ်မှုပမာဏ လိုအပ်မည်ဟု သင်ခံစားရလိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားက သင်၏ စိတ်နှလုံးထဲတွင် အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ လူသားအသက်တာအကြောင်း သမ္မာတရားများကို သင်အမှန်တကယ် နားလည်ပါက၊ သင်သည် မည်သည့် လူစားမျိုးဖြစ်ရမည်နှင့် ပွင့်လင်းသူ၊ ဖြောင့်မတ်သောလူ၊ ရိုးသားသော လူတစ်ဦး မည်သို့ဖြစ်ရမည်နှင့် ဘုရားသခင်အတွက် သက်သေခံပြီး သူ့ကို အစေခံသော သူတစ်ဦး မည်သို့ဖြစ်ရမည်တို့နှင့် စပ်လျဉ်း၍ လိုက်နာဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ ပြီးလျှင် သမ္မာတရားကို သင် နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို အာခံသည့် ဆိုးယုတ်သော လုပ်ရပ်များကို သင် နောက်တစ်ဖန် ဘယ်သောအခါမျှ ကျူးလွန်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ခေါင်းဆောင်အတုအယောင်၊ အမှုတော်ဆောင်အတုအယောင် သို့မဟုတ် အန္တိခရစ်၏ အခန်းကဏ္ဍကို သင် တစ်ကြိမ်တစ်ခါမျှ ပါဝင်ဆောင်ရွက်လိမ့်မည်မဟုတ်ပေ။ စာတန်က သင့်ကို လှည့်ဖြားလျှင်ပင်၊ သို့မဟုတ် ဆိုးယုတ်သော သူတစ်ဦးက သင့်ကို သွေးထိုးလျှင်ပင်၊ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ သင့်ကို မည်သူက အကျပ်ကိုင်ဖို့ ကြိုးစားသည်ဖြစ်စေ၊ သင်သည် ထိုသို့ လုပ်ဆောင်လိမ့်ဦးမည် မဟုတ်ပေ။ လူတို့သည် သမ္မာတရားကို ရရှိပြီး၊ သမ္မာတရားက ၎င်းတို့၏ အသက်ဖြစ်လာပါက၊ မကောင်းမှုကို ၎င်းတို့ စက်ဆုပ်လာနိုင်ကြပြီး အပျက်သဘောဆောင်သော အရာများအတွက် အတွင်းပိုင်း စက်ဆုပ်မှုကို ခံစားလာနိုင်ကြလိမ့်မည်။ ၎င်းတို့၏ အသက်တာ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်ပြီး ဘုရားသခင်အားဖြင့် ၎င်းတို့ စုံလင်ခံရပြီးဖြစ်သောကြောင့် မကောင်းမှုကို ကျူးလွန်ဖို့ ၎င်းတို့အတွက် ခက်ခဲပေလိမ့်မည်။

သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှား ခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။ မကောင်းမှု ပြုခြင်း၏ ပြဿနာကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။ ဘုရားသခင်နှင့် သက်ဆိုင်သည့် သိနားလည်မှုအချို့ သင်ရှိသည့်အခါတွင်၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင် မြင်နိုင်ပြီး မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့နှင့်သက်ဆိုင်သည့် အထင်သေးဖွယ်ဖြစ်ခြင်းနှင့် အကျည်းတန်ခြင်းတို့ကို သင် သတိပြုမိနိုင်သည့်အခါတွင်၊ သင်သည် စက်ဆုပ်မိမည်၊ ရွံရှာမိမည်ဖြစ်ပြီး စိတ်သောကရောက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ တစ်ချို့သောအရာတို့ကို သတိရှိရှိ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်းဖြင့်၊ ငြိမ်းအေးခြင်းကို သင် ခံစားရလိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို သတိရှိရှိ ဖတ်ရှုနိုင်ကာ၊ ဘုရားသခင်ကို ချီးမြှောက်ပြီး၊ ဘုရားသခင်အတွက် သက်သေခံနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်၏စိတ်နှလုံးသားထဲ၌ ပျော်ရွှင်မှုကို သင် ခံစားရလိမ့်မည်။ သင်သည် မိမိကိုယ်တိုင်၏ အကျည်းတန်မှုကို ဖော်ထုတ်ရင်း၊ မိမိကိုယ်ကိုယ် ဇာတိရုပ်ကို သတိရှိရှိ ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်း၊ အတွင်းတွင် ခံစားချက်ကောင်းလိမ့်မည်ဖြစ်ကာ စိတ်၏ တိုးတက်သော အခြေအနေတစ်ခုတွင် ရှိသည်ဟု မိမိကိုယ်ကိုယ် ခံစားရလိမ့်မည်ဖြစ်သည်။ သင့်စိတ်သဘောထား အပြောင်းအလဲကို ရှာဖွေခြင်း၏ ပထမအဆင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ဖို့နှင့် သမ္မာတရားထဲသို့ ဝင်ရောက်ဖို့ ကြိုးပမ်းရန်ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာလျှင် ထိုးထွင်းသိမြင်မှုကို သင်ရရှိနိုင်မည်၊ ထိုးထွင်းသိမြင်မှုအားဖြင့်သာလျှင် အမှုအရာများကို သင် လုံးလုံးလျားလျား နားလည်နိုင်မည်၊ အမှုအရာများကို လုံးလုံးလျားလျား နားလည်ခြင်းအားဖြင့်သာလျှင် သင့်ကိုယ်သင် အမှန်တကယ် သိနိုင်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိသည်နှင့်တစ်ပြိုင်နက် ဇာတိပကတိကို စွန့်လွှတ်နိုင်ပြီး သင့်ကို ဘုရားသခင်အား နာခံခြင်းဆီသို့ တဖြည်းဖြည်း ဆိုက်ရောက်စေလျက် ထိုသို့ဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်သည် မှန်သော လမ်းကြောင်းပေါ် တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလိမ့်မည်။ ဤသည်မှာ ဆုံးဖြတ်ချက်ခိုင်မာသော လူများက သမ္မာတရားကို အားထုတ်ရာတွင် မည်သို့ဖြစ်ကြသည်ဆိုသည့်အရာနှင့် ဆက်စပ်ပေသည်။ တစ်စုံတစ်ဦးသည် အမှန်တကယ် သန္နိဋ္ဌာန်ချထားပါက၊ ခြောက်လ သို့မဟုတ် တစ်နှစ်ကြာပြီးနောက်တွင် ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းပေါ် စတင်လိမ့်မည်ဖြစ်သည်။ သုံးနှစ် သို့မဟုတ် ငါးနှစ်အတွင်းတွင်၊ ရလဒ်များကို ၎င်းတို့ မြင်ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ဘဝတွင် တိုးတက်နေသည်ဟု ခံစားရလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားပါက၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို လုံးဝ အာရုံမစိုက်ပါက၊ မည်သည့် အပြောင်းအလဲမျှ မတွေ့ကြုံရဘဲ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာ ၎င်းတို့ ယုံကြည်နိုင်ပေသည်။ အဆုံးတွင်၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်ခြင်းဖြစ်သည့်အရာဖြစ်သည်ဟု ၎င်းတို့ တွေးကြလိမ့်မည်။ ယင်းမှာ ယခင် လောကီထဲတွင် ၎င်းတို့ အသက်ရှင်ပုံနှင့် အတော်များများ တူသည်ဟု ၎င်းတို့ တွေးထင်ကြလိမ့်မည်။ ဤအရာက သမ္မာတရားမရှိပါက၊ ဘဝက အနှစ်သာရမဲ့သည်ကို အမှန်တကယ် ပြသပေသည်။ ၎င်းတို့သည် အယူဝါဒနှင့်သက်ဆိုင်သည့် စကားအချို့ကို ပြောကောင်းပြောနိုင်မည် ဖြစ်သော်လည်း၊ ၎င်းတို့သည် သက်သောင့်သက်သာ ခံစားရဦးမည် မဟုတ်သကဲ့သို့ စိတ်ပူလိမ့်ဦးမည်ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာအချို့ရှိကြပါက၊ အဓိပ္ပာယ်ရှိသော အသက်တာကို မည်သို့ အသက်ရှင်ရမည်ကို သိရှိကြပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ အရာတစ်ချို့ကို လုပ်ဆောင်နိုင်ကြပါက၊ ဤသည်မှာ စစ်မှန်သော အသက်တာဖြစ်သည်၊ ဤသို့ အသက်ရှင်ခြင်းအားဖြင့်သာ ၎င်းတို့ အသက်တာများသည် အဓိပ္ပာယ်ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်မှု ယူဆောင်ပေးပြီး၊ ဘုရားသခင်ကို ပြန်လည်ပေးဆပ်ကာ၊ စိတ်သက်သာရာရဖို့အလို့ငှာ၊ ဤသို့ ၎င်းတို့ အသက်ရှင်ရမည်ဟု ခံစားကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သတိရှိရှိ စိတ်ကျေနပ်စေနိုင်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်နိုင်ပါက၊ မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများကို စွန့်ပစ်ပြီး ဘုရားသခင်၏ အလိုအပေါ် နာခံနိုင်ကာ အရေးထားနိုင်ပါက- ဤအရာအားလုံးကို ၎င်းတို့ သတိရှိရှိ လုပ်ဆောင်နိုင်ကြပါက- ဤသည်မှာ သမ္မာတရားကို မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို စစ်မှန်ရိုးသားစွာ လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသောအရာဖြစ်ပြီး၊ ယင်းမှာ ယခင်ကဲ့သို့ စိတ်ကူးများအပေါ် မှီခိုခြင်းနှင့် စည်းမျဉ်းများ လိုက်လျှောက်ခြင်း၊ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု တွေးထင်ခြင်းမျှနှင့် မတူပေ။ အမှန်တွင်၊ စိတ်ကူးများအပေါ် မှီခိုခြင်းနှင့် စည်းမျဉ်းများကို လိုက်လျှောက်ခြင်းတို့သည် အလွန် ပင်ပန်းစရာဖြစ်သည်၊ သမ္မာတရားကို နားမလည်ခြင်းနှင့် စည်းမျဉ်းများမရှိဘဲ အမှုအရာများ လုပ်ဆောင်ခြင်းသည်လည်း အလွန် ပင်ပန်းစရာဖြစ်ပြီး၊ အမှုအရာများကို ရည်မှန်းချက်ပန်းတိုင်များမရှိဘဲ ကြောင်းကျိုးမမြင် လုပ်ဆောင်ခြင်းသည် သာ၍ပင် ပင်ပန်းစရာ ဖြစ်သည်။ သမ္မာတရားကို သင်နားလည်သည့်အခါ၊ မည်သူမျှ သို့မဟုတ် မည်သည့်အရာမျှအားဖြင့် စိတ်ကျဉ်းကျပ်လိမ့်မည် မဟုတ်သကဲ့သို့၊ လွတ်လပ်မှုနှင့် လွတ်မြောက်မှု အမှန်တကယ် ရှိလိမ့်မည်ဖြစ်သည်။ သင်သည် မူရှိသည့်နည်းလမ်းဖြင့် ပြုမူလိမ့်မည်ဖြစ်ပြီး၊ စိတ်အေးလက်အေးဖြစ်ကာ ပျော်ရွှင်ပြီး၊ ဤအရာက အားထုတ်မှုများစွာ လိုအပ်လွန်းသည်၊ သို့မဟုတ် ဆင်းရဲဒုက္ခများစွာ ဖြစ်စေလွန်းသည်ဟု ခံစားရလိမ့်မည်မဟုတ်ပေ။ ဤအခြေအနေမျိုး သင်ရှိပါက၊ သင်သည် သမ္မာတရားနှင့် လူ့သဘာဝရှိပြီး၊ မိမိစိတ်သဘောထား ပြောင်းလဲပြီးသောသူတစ်ဦး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၅၇)

အသက်အတွေ့အကြုံ ဖြစ်စဉ်တွင်၊ မည်သည့်အရာဖြစ်ပျက်ပါစေ၊ သမ္မာတရားကို ရှာဖွေရန် သင်ယူပြီး ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း ကိစ္စရပ်ကို စေ့စေ့စပ်စပ် တွေးဆရမည်။ ဘုရားအလိုတော်နှင့် လုံးဝ ကိုက်ညီသည့်အရာများကို မည်သို့လုပ်ဆောင်ရမည်ကို သင်သိသည့်အခါ၊ သင်၏ ကိုယ်ပိုင်အလိုဆန္ဒမှ လာသည့် အရာများကို သင် လက်လွှတ်နိုင်လိမ့်မည်။ ဘုရားအလိုတော်နှင့်အညီ ပြုမူရမည့်ပုံကို သင် သိသည်နှင့်တစ်ပြိုင်နက် ရေလိုက်ငါးလိုက်နေသည့်အလား ထိုနည်းအတိုင်းသာ လုပ်ဆောင်သင့်သည်။ အမှုအရာများကို ဤသို့လုပ်ဆောင်ခြင်းသည် အလွန် စိုးရိမ်သောကကင်းပြီး လွယ်ကူကာ၊ ဤသည်မှာ သမ္မာတရားကို နားလည်သည့်သူများက အမှုအရာများကို လုပ်ဆောင်သည့်ပုံ ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ အမှန်တကယ် ထိရောက်ကြောင်းနှင့် အမှုအရာများကို သင် လုပ်ဆောင်ပုံနှင့်ပတ်သက်၍ စည်းမျဉ်းများရှိကြောင်း၊ သင်၏ အသက်စိတ်သဘောထား ဧကန်အမှန် ပြောင်းလဲပြီးဖြစ်ကြောင်း၊ ဘုရားရွေးချယ်ထားသူများအတွက် ကောင်းမွန်သည့် အရာများစွာ လုပ်ဆောင်ပြီးဖြစ်ကြောင်း လူတို့ကို သင် ပြနိုင်ပါက၊ သင်သည် သမ္မာတရားကို နားလည်သည့်သူတစ်ဦးဖြစ်ပြီး၊ လူသား၏ ပုံသဏ္ဌာန် ဧကန်မုချ ရှိပေသည်။ ထိုနည်းတူ ဘုရားနှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းတွင် အကျိုးတရားတစ်ခုရှိပေသည်။ တစ်စုံတစ်ဦးက သမ္မာတရားကို အမှန်တကယ် နားလည်သည့်အခါ၊ မိမိတို့၏ အခြေအနေအမျိုးမျိုးကို ၎င်းတို့ သိမြင်နိုင်လိမ့်မည်၊ ရှုပ်ထွေးသည့် ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည်ဖြစ်သောကြောင့်၊ မည်သို့ သင့်လျော်စွာ လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့ သိလိမ့်မည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်သကဲ့သို့ မိမိတို့ကိုယ်ပိုင် အခြေအနေကို မသိမြင်နိုင်ပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်လိုပါက၊ မည်သည့်အရာ သို့မဟုတ် မည်သို့ စွန့်လွှတ်ရမည်ကို ၎င်းတို့ သိလိမ့်မည် မဟုတ်။ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒကို ၎င်းတို့ စွန့်လွှတ်လိုပါက၊ မိမိတို့၏ကိုယ်ပိုင် အလိုဆန္ဒနှင့် ပတ်သက်၍ မည်သည့်အရာ မှားယွင်းသည်ကို သိကြလိမ့်မည် မဟုတ်၊ ၎င်းတို့ ကိုယ်ပိုင် အလိုဆန္ဒက သမ္မာတရားနှင့် ကိုက်ညီသည်ဟု တွေးထင်ကြလိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အလိုဆန္ဒကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းအဖြစ်ပင် ယူမှတ်ကောင်းယူမှတ်နိုင်သည်။ ထိုသို့သော လူတစ်ဦးသည် မိမိ၏ကိုယ်ပိုင် အလိုဆန္ဒကို မည်သို့ စွန့်လွှတ်လိမ့်မည်နည်း။ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်၊ ဇာတိပကတိကို သာ၍ စွန့်လွှတ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်၊ သမ္မာတရားကို သင် နားမလည်သည့်အခါ၊ သင်၏ ကိုယ်ပိုင်အလိုဆန္ဒမှလာသည့် အရာများ၊ လူသား အယူအဆများ၊ ကြင်နာမှု၊ ချစ်ခြင်း၊ ဆင်းရဲဒုက္ခနှင့် အဖိုးအခပေးခြင်းတို့နှင့် ကိုက်ညီသည့် အရာများကို မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီနေသကဲ့သို့ အလွယ်တကူ တလွဲထင်နိုင်သည်။ သို့ဆိုလျှင် ဤလူသားအမှုအရာများကို သင် မည်သို့ စွန့်လွှတ်နိုင်မည်နည်း။ သင်သည် သမ္မာတရားကို နားမလည်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ခြင်းက မည်သည့်အရာကို ဆိုလိုကြောင်းသင် မသိပေ။ သင်သည် အမှောင်တွင် လုံးဝ ရှိပြီး၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင် သိဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကောင်းသည်ဟု သင်ထင်သည့်အရာကိုသာ လုပ်နိုင်ပြီး၊ အကျိုးဆက်အနေဖြင့်၊ အချို့သောအရာများတွင် သွေဖည်မှုများ သင် ပြုလုပ်မိသည်။ ဤအရာများထဲမှ အချို့မှာ စည်းမျဉ်းများကို လိုက်လျှောက်ခြင်းကြောင့်ဖြစ်သည်၊ အချို့မှာ စိတ်ထက်သန်မှုကြောင့်ဖြစ်ပြီး၊ အချို့မှာ စာတန်၏ နှောင့်ယှက်မှုကြောင့် ဖြစ်သည်။ ဤသည်မှာ သမ္မာတရား နားမလည်သူတို့ ဖြစ်သည့်ပုံ ဖြစ်သည်။ အမှုအရာများ လုပ်ဆောင်သည့်အခါ ၎င်းတို့သည် အလွန် စိတ်မချရသကဲ့သို့၊ မည်သည့် တိကျမှန်ကန်မှုမျှမရှိဘဲ အချိန်မရွေး စံသွေတတ်သည်။ သမ္မာတရား နားမလည်သောလူတို့သည် အမှုအရာများကို မယုံကြည်သူများကဲ့သို့ပင် အဓိပ္ပာယ်မဲ့သည့်နည်းလမ်းဖြင့် မြင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မည်သို့ ဖြစ်နိုင်မည်နည်း။ ပြဿနာများကို ဖြေရှင်းဖို့ မည်သို့ ဖြစ်နိုင်မည်နည်း။ သမ္မာတရားကို သိနားလည်ခြင်းသည် ရိုးရှင်းသည့် ကိစ္စ မဟုတ်ပေ။ မိမိ၏ အစွမ်းအစ မည်မျှ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ တစ်သက်တာ တွေ့ကြုံပြီးသည့်နောက်တွင်ပင်၊ ၎င်းတို့ နားလည်နိုင်သည့် သမ္မာတရား ပမာဏမှာ အလွန်နည်းပါးသကဲ့သို့၊ ၎င်းတို့ နားလည်နိုင်သည့် ဘုရားနှုတ်ကပတ်တော် ပမာဏမှာလည်း အလွန်နည်းပါးလေသည်။ အတော်အတန် ပိုမိုအတွေ့အကြုံရှိသောလူများမှာ သမ္မာတရားအချို့ကို နားလည်သောလူများဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာများ လုပ်ဆောင်ခြင်းနှင့် ဆိုးယုတ်သော အရာများ သိသိသာသာ လုပ်ဆောင်ခြင်းအား အများဆုံး ရပ်တန့်နိုင်ကြသည်။ မိမိတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရောနှောမှုတစ်ခုမျှမရှိဘဲ ပြုမူဆောင်ရွက်ဖို့ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ အကြောင်းမှာ လူသားများသည် သာမန် အတွေးအခေါ်ရှိပြီး ၎င်းတို့၏ အတွေးများမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမြဲ မကိုက်ညီနိုင်ဘဲ၊ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒ၏ ရောနှောမှုကို ရှောင်လွှဲ၍မရသောကြောင့်ဖြစ်သည်။ အရေးကြီးသည့်အရာမှာ မိမိကိုယ်ပိုင် အလိုဆန္ဒမှလာပြီး ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းတို့နှင့် ဆန့်ကျင်သော အရာများအားလုံးကို ပိုင်းခြားသိမြင်မှုရှိရန် ဖြစ်သည်။ ဤအရာက ဘုရားနှုတ်ကပတ်တော်ကို နားလည်ရန် သင် ကြိုးစားဖို့ လိုအပ်ပေသည်။ သမ္မာတရားကို သင် နားလည်သည့်အခါမှသာ ပိုင်းခြားသိမြင်မှု ရှိလိမ့်မည်ဖြစ်ပြီး၊ ထိုအခါမှသာ မကောင်းမှု ပြုမည်မဟုတ်သည်ကို သင် သေချာနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၅၈)

သင့်ကိုယ်သင် သိရှိရန်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်း နှင့်ဆိုင်သော ဖော်ပြချက်များ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်ကိုယ်တိုင်၏ ပဓာနကျသော အားနည်းချက်များ၊ သင်၏သဘာဝနှင့် အနှစ်သာရတို့ကို သင် သိရမည်။ သင်သည် သင်၏ ရည်ရွယ်ချက်များ၊ သင်၏ ရှုထောင့်အမြင်များနှင့် သင်၏ သဘောထားကဲ့သို့သော သင်၏ နေ့စဉ်ဘဝတွင် ထုတ်ဖော်ပြသည့် အရာများကိုလည်း၊ သင် အိမ်တွင် ရှိသည်ဖြစ်စေ အပြင်၌ရှိသည်ဖြစ်စေ၊ စုဝေးကြသည့်အခါများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက် နေသည့်အခါ၊ သို့မဟုတ် သင် ကြုံရသည့် ကိစ္စရပ်တစ်ခု စီတိုင်းတွင် တကယ့်နောက်ဆုံး အသေးစိတ်အချက်အလက် အထိ သင် သိရှိရမည်။ ဤအချက်များမှတစ်ဆင့် သင့်ကိုယ်သင် သိရှိလာမည်။ သင့်ကိုယ်သင် ပိုမိုနက်ရှိုင်းသော အဆင့်၌ သိရှိဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ပေါင်းစပ်ရမည်မှာ မှန်သည်။ သူ၏ နှုတ်ကပတ်တော်များအပေါ် အခြေပြု၍ သင့်ကိုယ်သင် သိရှိခြင်းအားဖြင့်သာ ရလဒ်များကို သင် ရရှိနိုင်ပေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံသောအခါ ဒုက္ခ၊ သို့မဟုတ် နာကျင်မှုကို မကြောက်နှင့်။ ထို့အပြင် ဘုရားနှုတ်ကပတ်တော်များက သင်တို့၏ စိတ်နှလုံးကို ထိုးဖောက်ပြီး သင်တို့၏ အကျည်းတန်သော အခြေအနေအား ဖော်ထုတ်မည်ကို မကြောက်နှင့်။ ဤအရာများကို ဒုက္ခခံရသည်မှာ အကျိုးရှိသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် လူများကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဘုရားနှုတ်ကပတ်တော်များ၊ အထူးသဖြင့် လူသားမျိုးနွယ် ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရကို ဖွင့်ပြသည့် ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်သင့်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင်၏ လက်တွေ့အခြေအနေနှင့် ပို၍ နှိုင်းယှဉ်ကြည့်သင့်ပြီး သင့်ကိုယ်သင်အပေါ်တွင် ပို၍ အသုံးချသင့်ကာ အခြားလူများအပေါ်တွင် အသုံးချခြင်းကို လျှော့သင့်၏။ ဘုရားသခင်ဖွင့်ပြသည့် အခြေအနေအမျိုးအစားများသည် လူတိုင်းတွင် တည်ရှိသည်။ အားလုံးကို သင့်အပေါ်တွင် အသုံးချနိုင်သည်။ ဤအရာကို သင်မယုံကြည်လျှင် တွေ့ကြုံခံစားဖို့ ကြိုးစားကြည့်လော့။ သင်တွေ့ကြုံခံစားလေလေ၊ သင့်ကိုယ်သင် သိလေလေဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များက အလွန်တိကျသည်ဟု ခံစားရလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ လူအချို့သည် ထိုနှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကိုယ်အဖို့ ကျင့်သုံးနိုင်စွမ်းမရှိကြပေ။ ၎င်းတို့က ဤနှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းများသည် ၎င်းတို့နှင့် မပတ်သက်ဘဲ၊ ယင်းအစား အခြားလူများနှင့် ပတ်သက်သည်ဟု ထင်ကြ၏။ ဥပမာအားဖြင့်၊ ဘုရားသခင်က လူတို့ကို မိန်းမပျက်များနှင့် ပြည့်တန်ဆာများအဖြစ် ဖော်ထုတ်သည့်အခါတွင်၊ ညီအစ်မအချို့က ၎င်းတို့သည် ၎င်းတို့၏ လင်ယောက်ျားများကို မလွဲမသွေ သစ္စာရှိကြပြီးဖြစ်သောကြောင့်၊ ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ရည်ညွှန်းခြင်း ဖြစ်ရမည်မဟုတ်ဟု ခံစားရသည်။ ညီအစ်မ အချို့က၊ ၎င်းတို့အနေဖြင့် အိမ်ထောင်မပြုကြသကဲ့သို့ မည်သည့်အခါတွင်မျှ လိင်ဆက်ဆံခြင်းမရှိဖူးသည့်အတွက်၊ ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့နှင့်လည်း ပတ်သက်မည်မဟုတ်ဟု ခံစားကြလေသည်။ ညီအစ်ကို အချို့က ဤနှုတ်ကပတ်တော်များသည် အမျိုးသမီးများကိုသာ ရည်ရွယ်ထားပြီး ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိဟု ထင်ကြသည်။ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ဖွင့်ပြမှုများသည် အလွနပြင်းထန်သည်၊ လက်တွေ့အရှိတရားနှင့် မကိုက်ညီဟုယုံကြည်ကြသောကြောင့် ထိုနှုတ်ကပတ်တော်များကို လက်ခံဖို့ ငြင်းဆန်ကြသည်။ အချို့ဖြစ်ရပ်များတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မှားယွင်းသည်ဟု ပြောဆိုသော လူများပင် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ရှိသင့်သော မှန်ကန်သည့် သဘောထား ဖြစ်ပါသလော။ ဤသည်မှာ သိသိသာသာပင် မှားယွင်းသည်။ လူအားလုံးသည် ၎င်းတို့၏ ပြင်ပအပြုအမူများပေါ် အခြေခံပြီး မိမိတို့ကိုယ်ကို ရှုမြင်ကြ၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအတွင်းမှ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ဖို့၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိမြင်လာဖို့ မတတ်နိုင်ကြပေ။ ဤတွင် “မိန်းမပျက်များ” နှင့် “ပြည့်တန်ဆာများ” သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၊ ညစ်ညမ်းခြင်း၊ လူတကာနှင့်လိင်ဆက်ဆံခြင်း အနှစ်သာရကို ရည်ညွှန်းသည်။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ အိမ်ထောင်ရှိသူဖြစ်စေ အိမ်ထောင်မရှိသူ ဖြစ်စေ၊ အယောက်တိုင်းသည် လိင်မှုထွေပြားခြင်းနှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော အတွေးများရှိကြ၏- သို့ဆိုလျှင် ယင်းသည် သင်နှင့် မည်သို့မျှ မပတ်သက်ဘဲ ရှိနိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်၏။ အမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ တစ်ဦးတစ်ယောက်၏ ဖောက်ပြန်ပျက်စီးခြင်း အဆင့်သည် တူညီပေသည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်မီ၊ ဘုရားသခင်ပြောဆိုသမျှသည် သမ္မာတရားဖြစ်သည်၊ အမှန်တရားနှင့် ကိုက်ညီသည်၊ လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သည့် သူ၏ နှုတ်ကပတ်တော်များသည် မည်မျှ ပြင်းထန်ပါစေ၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယပြုသည့်၊ လူတို့ကို တိုက်တွန်းသည့် နှုတ်ကပတ်တော်များသည် မည်မျှသိမ်မွေ့ပါစေ၊ ဤနှုတ်ကပတ်တော်များသည် တရားစီရင်ခြင်းဖြစ်စေ၊ ကောင်းချီးများဖြစ်စေ၊ ရှုတ်ချခြင်းဖြစ်စေ၊ ကျိန်ဆဲခြင်းဖြစ်စေ ပြီးလျှင် ၎င်းတို့က လူများကို ခါးသီးသော ခံစားမှုကို ပေးသည်ဖြစ်စေ၊ ချိုမြိန်သော ခံစားမှုတစ်ခုကို ပေးသည်ဖြစ်စေ၊ လူတို့က ထိုနှုတ်ကပတ်တော်များကို လက်ခံရမည်ကို ငါတို့ နားလည်ထားရမည်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ငါတို့ ရှိသင့်သည့် သဘောထား ဖြစ်သည်။ ဤသည်မှာ မည်သို့သောသဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဆက်ကပ်မှုရှိသော သဘောထား၊ ရိုသေကိုင်းရှိုင်းသော သဘောထား၊ သည်းခံမှုရှိသော သဘောထား သို့မဟုတ် ဆင်းရဲဒုက္ခကို ပွေ့ဖက်သည့် သဘောထား တစ်ခုလော။ သင်သည် အတော်အတန် စိတ်ရှုပ်ထွေးနေသည်။ သင့်ကိုငါပြောသည်၊ ဤအရာများထဲမှ တစ်ခုမျှမဟုတ်ပေ။ လူတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း အတည်ပြုရမည်။ ၎င်းတို့သည် သမ္မာတရား ဖြစ်သောကြောင့် လူတို့သည် ၎င်းတို့ကို ဆင်ခြင်တုံတရားဖြင့် လက်ခံသင့်သည်။ လူတို့သည် ၎င်းကို လက်ခံနိုင်ခြင်း သို့မဟုတ် အသိအမှတ်ပြုနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတို့၏ ပထမ သဘောထားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခြွင်းချက်မရှိ လက်ခံခြင်း ဖြစ်သင့်သည်။ ဘုရားနှုတ်ကပတ်တော်က သင့်ကို မဖော်ထုတ်လျှင် မည်သူကို ဖော်ထုတ်သနည်း။ သင့်ကို ဖော်ထုတ်ရန်မဟုတ်လျှင် ထိုနှုတ်ကပတ်တော်ကို လက်ခံရန် အဘယ်ကြောင့် သင့်ကို တောင်းဆိုသနည်း။ ဤသည်မှာ ဆန့်ကျင်ကွဲလွဲနေခြင်း မဟုတ်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ခုလုံးကို စကားပြောသည်။ ဘုရားသခင်က မိန့်မြွက်သော စာကြောင်းတိုင်းသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ဖော်ထုတ်သည်။ မည်သူကမျှ လွတ်ငြိမ်းခွင့်မရပေ။ ဤအတွက်ကြောင့် သင်လည်း အလိုအလျောက်ပါဝင်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ စာကြောင်းတစ်ကြောင်းကမျှ ပြင်ပစည်းကမ်းများအကြောင်း၊ သို့မဟုတ် လူတို့တွင်ရှိသည့် ရိုးရှင်းသော အပြုအမူပုံစံတစ်ခုအကြောင်းဖြစ်ဖို့ မဆိုထားနှင့်၊ ပြင်ပအသွင်အပြင်များ၊ သို့မဟုတ် အခြေအနေအမျိုးအစားတစ်ခုအကြောင်းပင် မဟုတ်ပေ။ ၎င်းတို့သည် ထိုကဲ့သို့ မဟုတ်ပေ။ ဘုရားသခင် မိန့်မြွက်သော စာကြောင်းတိုင်းကို လူသား၏ ရိုးရှင်းသော အပြုအမူအမျိုးအစားတစ်ခုကုသာ ဖွင့်ပြခြင်းအဖြစ် သို့မဟုတ် အပြင်ပန်း သွင်ပြင်တစ်ခုအဖြစ် သင် ထင်မြင်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသကဲ့သို့ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင် မသိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လေးနက်မှုကို လူတို့ခံစား၍ ရနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များက မည်သို့လေးနက်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ပြီး သူတို့၏ အသက်တာများအတွင်း ပဓာနကျပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သော အကြောင်းအရာတို့ကို ဖော်ထုတ်သည်။ ၎င်းတို့သည် ပဓာနကျသောအရာများဖြစ်ပြီး၊ အပြင်ပန်း သွင်ပြင်များ မဟုတ်သကဲ့သို့ အထူးသဖြင့် အပြင်ပန်း အပြုအမူများ မဟုတ်ပေ။ လူတို့ကို ၎င်းတို့၏ အပြင်ပန်း သွင်ပြင်များမှ ရှုမြင်သည့်အခါ၊ ၎င်းတို့အားလုံး သည် လူကောင်းများဖြစ်သည်ဟု ထင်ရသည်။ သို့ဆိုလျှင် လူအချို့သည် ဆိုးညစ်သော ဝိညာဉ်ဆိုးများဖြစ်ပြီး အချို့မှာ ညစ်ညူးသော ဝိညာဉ်များဖြစ်သည်ဟု ဘုရားသခင်က အဘယ်ကြောင့် ပြောပါသနည်း။ ဤသည်မှာ သင်အဖို့ မြင်သာသော ကိစ္စရပ်တစ်ခုမဟုတ်ပေ။ ထို့ကြောင့် လူသား အယူအဆများ၊ စိတ်ကူးများအရ သို့မဟုတ် လူသား တစ်ဆင့်စကားအရ၊ ဧကန်မုချ အာဏာရ ပါတီ၏ ထုတ်ပြန်ချက်များအရ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောမထားရပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခုတည်းသာ သမ္မာတရားဖြစ်သည်။ လူသား၏ စကားများသည် အတွေးမှားခြင်းသာ ဖြစ်သည်။ ထိုသို့ မိတ်သဟာယပြုခံရပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်တို့၏ သဘောထား၌ ပြောင်းလဲမှုတစ်ခုကို သင်တို့ တွေ့ကြုံပြီးပြီလော။ အပြောင်းအလဲက မည်မျှ ကြီးမားသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ၊ လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နောက်တစ်ကြိမ် သင်တို့ ဖတ်ရှုသည့်အခါတွင်၊ သင်သည် အနည်းဆုံး ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ပြောဆိုဖို့ မကြိုးစားသင့်ပေ။ သင်က၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်ဖွင့်ပြမှုများသည် တကယ်ကိုပြင်းထန်သည်။ ဤကျမ်းပိုဒ်ကို ငါ ဖတ်မည်မဟုတ်။ ယင်းကို ကျော်သာကျော်လိုက်မည်။ ကိုယ်စိတ်ချမ်းသာမှုအချို့ တွေ့ရှိဖို့ ဖတ်ရှုရန် ကောင်းချီးမင်္ဂလာများနင့် ကတိတော်များနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို ရှာပါရစေ။” ဟုပြောဆိုပြီး ဘုရားသခင်အကြောင်း ညည်းညူခြင်းကို ရပ်တန့်သင့်သည်။ ဘုရားနှုတ်ကပတ်တော်ကို သင်၏ ကိုယ်ပိုင်လိုအင်ဆန္ဒများအတိုင်း စိတ်ကြိုက်ရွေး၍ မဖတ်သင့်တော့ပေ။ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ကို သင်လက်ခံရမည်။ ထိုအခါမှသာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခြင်းကို ခံရနိုင်သည်။ ထိုအခါမှသာ ကယ်တင်ခြင်းကို သင်ရရှိနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို အားထုတ်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်း၏ အရေးပါပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၅၉)

လူသားသဘာဝကို သင် မည်သို့ နားလည်သနည်း။ သင်၏ သဘာဝကို သိနားလည်ခြင်းသည် စင်စစ်အားဖြင့် သင့်ဝိညာဉ် နက်ရှိုင်းရာအတွင်းရှိ အမှုအရာများ၊ သင့်အသက်တာအတွင်းရှိ အမှုများနှင့် သင် အသက်ရှင်နေသည့် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် အတွေးအခေါ်များ၊ သင်အသက်ရှင်နေခဲ့သည့် စာတန်၏ အသက်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းကို ဆိုလိုပေသည်။ သင့် ဝိညာဉ်အတွင်းရှိ စိတ်ထဲမှ အမှုအရာများကို ထုတ်ဖော်ခြင်းအားဖြင့်သာ သင်၏ သဘာဝကို သင်နားလည်နိုင်သည်။ ဤအရာများကို မည်သို့ တူးဖော်နိုင်သနည်း။ ၎င်းတို့ကို ကိစ္စရပ် တစ်ခု၊ နှစ်ခုမျှဖြင့် တူးဖော်၍ မရနိုင်ပေ သို့မဟုတ် စိတ်ဖြာလေ့လာ၍ မရနိုင်ပေ။ ကြိမ်ဖန်များစွာပင် တစ်စုံတစ်ခုကို သင်လုပ်ဆောင်၍ ပြီးစီးသွားသည့်နောက်တွင် သိနားလည်မှု မရှိသေးဘဲ ဖြစ်နေတတ်သည်။ သဘောပေါက်မိခြင်း သို့မဟုတ် သိနားလည်ခြင်း အနည်းငယ်မျှကို သင်ရရှိဖို့ သုံးနှစ် သို့မဟုတ် ငါးနှစ် ကြာနိုင်ပေသည်။ ထို့ကြောင့် အခြေအနေများစွာတွင် သင်သည် မိမိကိုယ်ကို ဆန်းစစ်ပြီး မိမိကိုယ်ကို သိလာရမည်ဖြစ်သည်။ သင်သည် ရလဒ်တစ်ခုတလေ တွေ့ရဖို့အလို့ငှာ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ သင့်ကိုယ်သင် နက်နက်နဲနဲ တူးဆွကြည့်ပြီး ဆန်းစစ်ရမည်ဖြစ်သည်။ သမ္မာတရားနှင့်ဆိုင်သော သင်၏ သိနားလည်မှု တိုး၍ နက်နဲသည်ထက် နက်နဲလာသည်နှင့်အမျှ သင်သည် မိမိကိုယ်ကို ဆန်းစစ်ခြင်းနှင့် မိမိကိုယ်ကို သိရှိခြင်းတို့မှတစ်ဆင့် သင်၏ ကိုယ်ပိုင်သဘာဝနှင့် အနှစ်သာရကို တဖြည်းဖြည်း သိရှိလာလိမ့်မည်။

သင်၏ သဘာဝကို သိရှိဖို့ အချို့သော အရာများမှတစ်ဆင့် ထိုသဘာဝကို နားလည်နိုင်အောင် လုပ်ရမည်။ ပထမဦးစွာ သင်နှစ်သက်သောအရာကို သင် ရှင်းရှင်းလင်းလင်း သိရမည်။ ဤအရာက သင် စားလို၊ ဝတ်လိုသည့်အရာကို ရည်ညွှန်းခြင်း မဟုတ်။ ယင်းထက် သင် မွေ့လျော်သည့် အရာများ၊ သင် အားကျသည့် အရာများ၊ သင် ကိုးကွယ်သည့်အရာများ၊ သင် ရှာဖွေသည့်အရာများနှင့် သင်၏ စိတ်နှလုံးတွင် သင် အာရုံစိုက်သည့် အရာမျိုးများကို ဆိုလိုသည်။ ထိတွေ့ဆက်သွယ်ရာ၌ သင်ပျော်မွေ့သည့် လူအမျိုးအစားများနှင့် သင့်စိတ်နှလုံးတွင် သင် အားကျပြီး သင်ပုဂ္ဂိုလ်ရေး ကိုးကွယ်မိသည့် လူအမျိုးအစားများပင်ဖြစ်သည်။ ဥပမာအားဖြင့် လူအများစုက ကြီးမြတ်သည့် အဆင့်အတန်းရှိသည့် လူများ၊ ၎င်းတို့၏ ပြောပုံဆိုပုံနှင့် ကိုယ်ဟန်အမူအရာတို့တွင် ရည်မွန်သော လူတို့ကို နှစ်သက်ကြသည်၊ သို့မဟုတ် မြှောက်လုံးပင့်လုံး စကားပြောကောင်းသော သူများ သို့မဟုတ် ဟန်ဆောင်တတ်သော သူတို့ကို နှစ်သက်ကြသည်။ အထက်ရည်ညွှန်းပါ ပုဂ္ဂိုလ်မှာ မည်သည့်လူတို့ကို ၎င်းတို့ အပြန်အလှန်ဆက်ဆံချင်သည့် အကြောင်းဖြစ်သည်။ လူတို့ နှစ်သက်သည့် အရာများအတွက်မူ၊ လုပ်ရန် လွယ်ကူသည့် အချို့သော အရာများကို လုပ်ဆောင်လိုခြင်း၊ အခြားသူများက ကောင်းမြတ်သည်ဟု ထင်ပြီး လူတို့ကို ချီးမွမ်းသီဆိုစေပြီး ချီးကျူးစကားများ ပြောစေသည့် အရာများကို လုပ်ဆောင်ခြင်းအား ပျော်မွေ့ခြင်းတို့ ပါဝင်သည်။ လူတို့၏ သဘာဝများတွင် ၎င်းတို့ နှစ်သက်သည့် အမှုအရာများ၏ ဖြစ်နေကျ လက္ခဏာရပ်တစ်ခု ရှိ၏။ ယင်းမှာ အခြားသူများက အပြင်ပန်း ပုံသဏ္ဌာန်များကြောင့် မနာလိုဖြစ်ကြရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ နှစ်သက်ကြသည်။ အလွန် လှပပြီး ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံပုံရသည့် အရာများကို ၎င်းတို့ နှစ်သက်ကြကာ အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ နှစ်သက်ကြလေသည်။ လူတို့ မြတ်နိုးသော ဤအရာများမှာ ကြီးမြတ်သည်၊ ထူးချွန်ပြောင်မြောက်သည်၊ အလွန်လှပပြီး ခမ်းနားပေသည်။ လူအားလုံးက ဤအရာများကို ကိုးကွယ်ကြ၏။ လူတို့သည် မည်သည့် သမ္မာတရားမျှ မပိုင်ဆိုင်သကဲ့သို့ စစ်မှန်သော လူသားများ၏ ပုံသဏ္ဌာန်ကို ၎င်းတို့ မပိုင်ဆိုင်သည်ကို မြင်နိုင်ပေသည်။ ဤအရာများကို ကိုးကွယ်ရာတွင် အရေးပါမှု အတိုင်းအတာအနည်းငယ်မျှ မရှိသော်လည်း လူတို့သည် ၎င်းတို့ကို နှစ်သက်ကြဆဲဖြစ်၏။ လူများနှစ်သက်ကြသည့် ဤအရာများသည် ဘုရားသခင်ကို မယုံကြည်သည့်သူများအတွက် အထူးသဖြင့် ကောင်းမွန်ပုံရပြီး ထိုအရာအားလုံးမှာ လူများက လိုက်စားရန် အထူးလိုလားနေကြသည့် အရာများဖြစ်သည်။...လူတို့လိုက်စားပြီး တမ်းတသည့်အရာများမှာ လောကီရေပန်းစားမှုများ ဖြစ်သည်၊ ဤအရာများသည် စာတန်နှင့် နတ်ဆိုးများ၏ အရာများဖြစ်သည်၊ ယင်းတို့ကို ဘုရားက စက်ဆုပ်ပြီး သမ္မာတရား တစ်စက်မျှ မရှိချေ။ လူတို့ တမ်းတလေ့ရှိသည့် အရာများက ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ပေါ်လွင်လာစေသည်။ လူများ၏ နှစ်သက်မှုများကို ၎င်းတို့ဝတ်စားဆင်ယင်ပုံတွင် တွေ့မြင်နိုင်သည်။ လူအချို့က အာရုံဖမ်းစားနိုင်သည့် အရောင်စုံသော အဝတ်အစား၊ သို့မဟုတ် သဘာဝ ယုတ္တိနှင့်မညီသော ဝတ်စုံများကို ဝတ်ဖို့ လိုလားကြသည်။ ယခင်က မည်သူမျှ မဝတ်ဆင်ဖူးသည့် အသုံးအဆောင်ပစ္စည်းများကို ၎င်းတို့ဝတ်ဆင်လိုစိတ် ရှိကြပြီး ဆန့်ကျင်ဘက်လိင်ကို စွဲဆောင်နိုင်သည့် အရာများကို ၎င်းတို့က နှစ်သက်ကြသည်။ ဤအဝတ်အစားများနှင့် အသုံးအဆောင်များကို ၎င်းတို့ဝတ်ဆင်သည်မှာ ၎င်းတို့၏ အသက်တာများနှင့် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ဤအရာများအတွက် ၎င်းတို့၌ ရှိသည့် နှစ်သက်မှုများကို ပြလေသည်။ ၎င်းတို့နှစ်သက်သည့် အရာများသည် သိက္ခာမရှိသကဲ့သို့ သင့်တင့်လျောက်ပတ်ခြင်းလည်း မရှိချေ။ ယင်းတို့သည် သာမန်လူတစ်ဦး လိုက်စားသင့်သည့် အရာများ အရာများ မဟုတ်ပေ။ ယင်းတို့ကို ၎င်းတို့တွယ်တာရာတွင် မဖြောင့်မတ်ခြင်း ရှိနေသည်။ ၎င်းတို့၏ သဘောထားအမြင်သည် လောကီလူများ၏ သဘောထားအမြင်နှင့် အတိအကျ တစ်ထေရာတည်း ဖြစ်လေသည်။ ဤအရာ၏ သမ္မာတရားနှင့် ကိုက်ညီသည့် တစ်စိတ်တစ်ဒေသကိုမျှ မမြင်နိုင်ပေ။ ၎င်းတို့၌ သမ္မာတရား စိုးစဉ်းမျှ မမြင်နိုင်ပေ။ ထို့ကြောင့် သင်နှစ်သက်သောအရာ၊ သင် အာရုံစိုက်သည့်အရာ၊ သင် ကိုးကွယ်သည့်အရာ၊ သင် အားကျသည့်အရာနှင့် သင့်စိတ်နှလုံးတွင် နေ့တိုင်း သင် တွေးသည့်အရာအားလုံးတို့သည် သင့်သဘာဝ၏ ကိုးစားပြုချက်များ ဖြစ်ကြသည်။ ဤလောကီအရာများကို သင်၏ မက်မောခြင်းသည် သင့် သဘာဝက မဖြောင့်မတ်ခြင်းကို နှစ်သက်ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်၊ သင့် သဘာဝသည် ဆိုးယုတ်ပြီး ကုသ၍မရနိုင်သည်ကို သက်သေပြရန် လုံလောက်၏။ ဤနည်းဖြင့် သင်၏ သဘာဝကို စိတ်ဖြာလေ့လာသင့်၏။ သင့် ဘဝတွင် သင် မြတ်နိုးသောအရာနှင့် သင် စွန့်လွှတ်သောအရာကို ဆန်းစစ်လော့။ သင်သည် တစ်စုံတစ်ဦးအပေါ် အချိန်တစ်ခုကြာ ကောင်းနေနိုင်သည်။ သို့သော် ဤအရာက ၎င်းတို့ကို သင် နှစ်သက်သည်ဟု သက်သေမပြပေ။ သင်အမှန်တကယ် နှစ်သက်သောအရာများသည် သင်၏သဘာဝတွင် ရှိသည့်အရာ အတိအကျပင်ဖြစ်၏။ သင်၏ အရိုးများ ကွဲကြေခဲ့လျှင်ပင် ယင်းကို သင် နှစ်သက်ပျော်မွေ့ဆဲ ဖြစ်လိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ စွန့်ပစ်နိုင်မည်မဟုတ်။ ဤသည်မှာ ပြောင်းလဲရန် မလွယ်ကူပေ။ ဥပမာ၊ အဖော်ကို ရှာဖွေခြင်းအား ကြည့်လော့။ လူများက မိမိတို့နှင့် အမျိုးအစားတူညီသည့် လူများကို ရှာဖွေကြသည်။ အမျိုးသမီးတစ်ဦးသည် တစ်စုံတစ်ဦးနှင့် အမှန်တကယ် ချစ်ကျွမ်းဝင်မိပါက သူ့ကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ သူ၏ ခြေထောက်များ ကျိုးလျှင်ပင် သူသည် ထိုသူနှင့်အတူ ရှိချင်ဦးမည်ဖြစ်သည်။ သူသေဆုံးရမည်ဆိုလျှင်ပင် ထိုသူကို လက်ထပ်ချင်မည်ဖြစ်သည်။ ဤအရာမှာ မည်သို့များ ဖြစ်နိုင်သနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့အရိုးများ၏ နက်ရှိုင်းရာတွင် ရှိသည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ လူတစ်ဦးသေလျှင်ပင် သူ၏ စိတ်ဝိညာဉ်သည် အလားတူသောအရာများကို နှစ်သက်ဦးမည် ဖြစ်သည်။ ဤအရာများသည် လူသားသဘာဝနှင့်ဆိုင်သော အမှုအရာများဖြစ်ပြီး ယင်းတို့က လူတစ်ယောက်၏ အနှစ်သာရကို ကိုယ်စားပြုပေသည်။ လူတို့ နှစ်သက်သော အရာများတွင် မဖြောင့်မတ်မှုအချို့ ပါရှိ၏။ အချို့သည် ထိုအရာများအတွက် ၎င်းတို့၏ နှစ်သက်မှုတွင် သိသာကြသော်လည်း အချို့မှာ မသိသာပေ။ အချို့သည် ယင်းတို့အတွက် အားကောင်းသည့် နှစ်သက်မှုရှိသော်လည်း အချို့မှာ မရှိချေ။ လူအချို့သည် မိမိကိုယ်ကို ထိန်းချုပ်မှုရှိသော်လည်း အခြားသူတို့မှာ မိမိကိုယ်ကို မထိန်းချုပ်နိုင်ကြချေ။ လူအချို့သည် ဆိုးယုတ်ပြီး မကောင်းသော အရာများထဲသို့ နစ်မြုပ်တတ်သည်။ ယင်းက ၎င်းတို့သည် အသက် မပိုင်ဆိုင်သည်ကို သက်သေပြပေသည်။ လူအချို့သည် ဇာတိပကတိ၏ စုံစမ်းသွေးဆောင်မှုကို အောင်မြင်ကျော်လွှားနိုင်ကြသလို ထိုအရာများ၏ သိမ်းပိုက်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းတို့ကို မခံရအောင် နေနိုင်ကြသဖြင့် ယင်းက ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ရှိကြောင်း၊ ၎င်းတို့၏ စိတ်သဘောထားများသည် အနည်းငယ်ပြောင်းလဲပြီးဖြစ်ကြောင်းကို သက်သေပြသည်။ လူအချို့သည် သမ္မာတရားအချို့ကို နားလည်ပြီး ၎င်းတို့က အသက်ရှိကာ ဘုရားသခင်ကို ချစ်ကြသည်ဟု ခံစားကြသည်။ သို့သော်လည်း စင်စစ်အားဖြင့် ယင်းသည် အလွန်စောလွန်းသေး၏။ တစ်ဦးတစ်ယောက်၏ စိတ်သဘောထား ပြောင်းလဲမှုကို ကြုံခြင်းသည် ရိုးရှင်းသည့် ကိစ္စမဟုတ်ပေ။ လူတစ်ဦး၏ သဘာဝနှင့် အနှစ်သာရတို့သည် နားလည်ရန် လွယ်ကူသလော။ တစ်စုံတစ်ဦးက အနည်းငယ် နားလည်လျှင်ပင် ထိုသိနားလည်မှုကို စွမ်းဆောင်ရရှိရန် အလှည့်အပြောင်းများကို သင် ဖြန်သန်းရမည်ဖြစ်ပြီး အနည်းငယ်မျှသော သိနားလည်မှုဖြင့်ပင် ပြောင်းလဲခြင်းသည် မလွယ်ကူပေ။ ဤသည်တို့မှာ လူတို့ရင်ဆိုင်ရသည့် အခက်အခဲများအားလုံးဖြစ်ပြီး သမ္မာတရားကို လိုက်စားရန် အလိုဆန္ဒမရှိဘဲနှင့် လူတို့သည် မိမိတို့ကိုယ်ကို မသိနိုင်ပေ။ သင်၏ အနီးတစ်ဝိုက်ရှိ လူများ၊ ကိစ္စရပ်များ၊ သို့မဟုတ် အမှုအရာများ မည်သို့ ပြောင်းလဲနိုင်သည်ဖြစ်စေ၊ ပြီးလျှင် ကမ္ဘာလောကသည် လုံးဝ ပြောင်းလဲနိုင်သည်ဖြစ်စေ သမ္မာတရားသည် အတွင်းမှ သင့်ကို လမ်းပြနေပါက၊ ယင်းသည် သင်၏ အတွင်းတွင် အမြစ်တွယ်ပြီး ဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ အသက်တာ၊ သင်၏ နှစ်သက်မှုများ၊ အတွေ့အကြုံများနှင့် တည်ရှိမှုတို့ကို လမ်းပြပါက ထိုအခြေအနေတွင် သင်သည် အမှန်တကယ် ပြောင်းလဲပြီး ဖြစ်လိမ့်မည်။ လက်ရှိတွင် လူများ၏ ပြောင်းလဲမှုဆိုသည့် ဤအရာသည် အနည်းငယ် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို စိတ်မပါလက်မပါဖြင့် လက်ခံနိုင်လာခြင်း၊ မိမိတို့၏တာဝန်များကို တက်ကြွစွာ ထမ်းဆောင်ခြင်း၊ စိတ်အားထက်သန်မှုနှင့် ယုံကြည်ခြင်း အနည်းငယ် ရှိခြင်းတို့သာ ဖြစ်သည်။ ဤအရာကို စိတ်သဘောထား အသွင်ပြောင်းလဲခြင်းအဖြစ် ယူဆ၍ မရနိုင်သကဲ့သို့ ယင်းက လူတို့၌ အသက်ရှိသည်ဟုလည်း သက်သေမပြပေ။ ဤသည်မှာ လူတို့၏ နှစ်သက်မှုများနှင့် အထုံဆန္ဒတို့သာ ဖြစ်သည်။ ဤထက် ဘာမျှ မပို။

သဘာဝဗီဇများကို နားလည်ခြင်းတစ်ခုရဖို့၊ လူများ၏ သဘာဝဗီဇများထဲရှိ ၎င်းတို့မြတ်နိုးသော အရာများကို ဖော်ထုတ်ခြင်းအပြင် သူတို့၏ သဘာဝဗီဇများနှင့် သက်ဆိုင်သည့် အခြား ပိုအရေးကြီးသည့် သွင်ပြင်လက္ခဏာအချို့ကိုလည်း ဖော်ထုတ်ရန် လိုအပ်သည်။ ဥပမာအားဖြင့် အမှုအရာများအပေါ် လူတို့၏ သဘောထားများ၊ အသက်တာထဲရှိ လူတို့၏ နည်းစနစ်များနှင့် ပန်းတိုင်များ၊ လူတို့၏ ဘဝတန်ဖိုးများနှင့် အသက်တာအပေါ် ရှုမြင်ပုံတို့အပြင် သမ္မာတရားနှင့်စပ်လျဉ်းသည့် အရာခပ်သိမ်းအပေါ် ထားသော အမြင်များနှင့် စိတ်ကူးများပင် ဖြစ်ကြသည်။ ဤအရာများမှာ လူတို့၏ စိတ်ဝိညာဉ်များထဲတွင် နက်ရှိုင်းစွာ ရှိသောအရာများ အားလုံးဖြစ်ပြီး ၎င်းတို့သည် စိတ်သဘောထားပြောင်းလဲခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှု ရှိနေသည်။ ထိုသို့ဖြစ်လျှင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘဝအပေါ် ရှုမြင်ပုံမှာ အဘယ်နည်း။ ယင်းကို ဤသို့ ပြော၍ရနိုင်သည်- “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူ၍ ဖြစ်သည်။ လူများအားလုံးသည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်၊ သာ၍ ရှင်းရှင်းလင်းလင်း ပြောရလျှင် ၎င်းတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပေသည်။ ၎င်းတို့သည် မိမိတို့၏ ပါးစပ်များထဲ အစားအစာများ ထည့်ဖို့သာ အသက်ရှင်နေကြ၏။ ဤတည်ရှိမှုသည် တိရစ္ဆာန်များ၏ တည်ရှိမှုနှင့် မည်သို့ ကွာခြားပါသနည်း။ ဤသို့ အသက်ရှင်ခြင်းတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိဖို့မဆိုထားနှင့်၊ တန်ဖိုး မည်သို့မျှ မရှိချေ။ မိမိ၏ ဘဝအပေါ် ရှုမြင်ပုံသည် လောကတွင် သင်ရှင်သန်နေထိုင်ဖို့ရန် အမှီပြုသည့်အရာ၊ သင် မည်သည့်အရာအတွက် အသက်ရှင်သည် နှင့် သင် အသက်ရှင်သည့်ပုံတို့အကြောင်း ဖြစ်ပြီး ဤအရာများအားလုံးသည် လူသား သဘာဝ၏ အနှစ်သာရနှင့် သက်ဆိုင်ပေသည်။ လူတို့၏ သဘာဝများကို စိတ်ဖြာလေ့လာခြင်းမှတစ်ဆင့် လူများအားလုံးသည် ဘုရားသခင်ကို ခုခံနေကြကြောင်း သင် တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများသာ ဖြစ်ကြပြီး အမှန်တကယ် ကောင်းသောလူဟူ၍ မရှိပေ။ လူတို့၏ သဘာဝများကို စိတ်ဖြာလေ့လာခြင်း အားဖြင့်သာလျှင် သင်သည် လူ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အနှစ်သာရတို့ကို အမှန်တကယ် သိရှိနိုင်ပြီး လူတို့ အမှန်တကယ် သက်ဆိုင်သည့်အရာ၊ လူတို့ အမှန်တကယ် ချို့တဲ့သည့်အရာ၊ ၎င်းတို့ ပြင်ဆင်ထားသင့်သည့်အရာနှင့် လူသားပုံသဏ္ဌာန်တစ်ခု၌ မည်သို့ အသက်ရှင်သင့်သည်တို့ကို နားလည်နိုင်ပေသည်။ လူတစ်ဦး၏ သဘာဝကို အမှန်တကယ် စိတ်ဖြာလေ့လာခြင်းသည် မလွယ်ကူသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်း သို့မဟုတ် စစ်မှန်သော အတွေ့အကြုံများ ရှိခြင်း မရှိဘဲနှင့် လုပ်ဆောင်၍မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၆၀)

လူတစ်ဦး၏သဘာဝကို မည်သို့ သိရှိမည်နည်း။ လူတစ်ဦး၏ သဘာဝဗီဇကို မည်သည့်အရာများနှင့် ဖွဲ့စည်းထားသနည်း။ သင်သည် လူသား၏ အားနည်းချက်များ၊ အပြစ်အနာအဆာများ၊ ရည်ရွယ်ချက်များ၊ အယူအဆများ၊ အပျက်သဘောဆောင်ခြင်းနှင့် မနာခံခြင်းတို့ကိုသာ သိ၏။ သို့သော် သင်သည် လူသား၏ သဘာဝအတွင်းရှိ အရာများကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။ သင်သည် လူ့သဘာဝ၏ဇာစ်မြစ်ကို ရှာဖွေ့တွေ့ရှိနိုင်ခြင်းမရှိဘဲ၊ အပြင်ဘက်အလွှာကိုသာ သိသကဲ့သို့၊ ဤသည်မှာ လူသားသဘာဝနှင့်ဆိုင်သော အသိပညာကို မဖြစ်စေပေ။ လူအချို့က “ကျွန်ုပ်၏ သဘာဝကို ကျွန်ုပ် နားလည်သည်။ တွေ့သလော။ ကျွန်ုပ်၏ မာနထောင်လွှားမှုကို ကျွန်ုပ် ဝန်ခံသည်။ ယင်းသည် ကျွန်ုပ်၏ သဘာဝဗီဇကို သိခြင်း မဟုတ်ပါလား” ဟု ပြောရင်း ၎င်းတို့၏ အပြစ်အနာအဆာများနှင့် အပျက်သဘောဆောင်ခြင်းများကို ဝန်ခံကြ၏။ မာနထောင်လွှားခြင်းသည် လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။ ထိုမျှသည် မှန်ကန်ပေသည်။ သို့သော် ယင်းကို အယူဝါဒဆိုင်ရာ သဘောတရားအရ အသိအမှတ်ပြုခြင်းက မလုံလောက်ပေ။ မိမိကိုယ်တိုင်၏ သဘာဝကို သိရှိဖို့ရန် ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ သိရှိနိုင်သနည်း။ ယင်းကို မည်သည့် ရှုထောင့်များမှ သိရှိရသနည်း။ မိမိ ထုတ်ဖော်ပြသည့် အရာများမှ မိမိ၏ သဘာဝကို မည်မျှ တိတိကျကျ သဘောပေါက်သင့်ပါသနည်း။ ပထမဦးစွာ လူတစ်ဦး၏ သဘာဝကို ၎င်း၏ စိတ်ဝင်စားမှုများမှတစ်ဆင့် တွေ့မြင်နိုင်သည်။ ဥပမာအားဖြင့် လူအချို့သည် ထင်ပေါ်ကျော်ကြားပြီး ထူးချွန်သော လူများကို အထူးသဖြင့် မြတ်နိုးကြသည်။ အချို့က အဆိုတော်များ သို့မဟုတ် ရုပ်ရှင်ကြယ်ပွင့်များကို အထူးသဖြင့် ချစ်ကြပြီး အချို့သည် ဂိမ်းကစားရသည်ကို အထူးတလည် နှစ်သက်ကြသည်။ ဤနှစ်သက်မှုများမှ၊ ဤလူတို့၏ သဘာဝက မည်သည့်အရာဖြစ်သည်ကို ငါတို့ မြင်နိုင်သည်။ ရိုးရှင်းသော ဥပမာတစ်ခုပေးမည်။ လူအချို့သည် ထိုထိုသော အဆိုတော်တစ်ဦးအား တကယ်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်နေနိုင်သည်။ မည်သည့်အတိုင်းအတာအထိ ထိုသူကို ၎င်းတို့ ပုဂ္ဂိုလ်ရေး ကိုးကွယ်သနည်း။ ဤအဆိုတော်၏ လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းနှင့် စကားလုံးတိုင်းကို စွဲလမ်းသည့်အတိုင်းအတာ အထိပင် ရောက်တတ်သည်။ သူတို့သည် ဤအဆိုတော်အား အစွဲအလမ်းကြီးကြပြီး သူဝတ်ဆင်သည့် အရာတိုင်းကို ဓာတ်ပုံပင် ရိုက်ယူကာ စတင်၍ လိုက်လံ အတုခိုးကြလေသည်။ လူတစ်ဦးအပေါ် ဤပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်း အဆင့်က မည်သည့်ပြဿနာကို ပြသသနည်း။ ယင်းက ထိုလူသည် ၎င်း၏ စိတ်နှလုံးထဲတွင် မယုံကြည်သူနှင့်ဆိုင်သည့် အရာများသာရှိကြောင်းနှင့် မိမိတို့စိတ်နှလုံးတွင် ဘုရားသခင်ရှိဖို့မဆိုထားနှင့်၊ သမ္မာတရားမရှိ၊ အပြုသဘောဆောင်သောအရာများ မရှိသည်ကို ပြပေသည်။ ဤလူ တွေးသည့်အရာ၊ ချစ်သည့်အရာနှင့် ရှာဖွေသည့်အရာ အားလုံးသည် စာတန်နှင့် သက်ဆိုင်၏။ ထိုအရာများက ဤလူ၏ စိတ်နှလုံးတွင် နေရာယူလေသည်။ သူ့စိတ်နှလုံးမှာ ထိုအရာများထံ လွှဲအပ်ခြင်းကို ခံထားရသည်။ ၎င်းတို့၏ အနှစ်သာရနှင့် သဘာဝတို့မှာ အဘယ်အရာဖြစ်သည်ဟု သင်တို့ပြောနိုင်သလော။ တစ်စုံတစ်ရာသည် အစွန်းရောက်သည့်အထိ နှစ်သက်ခံရလျှင်၊ ထိုအရာသည် လူတစ်ဦး၏ ဘဝဖြစ်လာနိုင်ပြီး၊ ၎င်း၏ စိတ်နှလုံး၌ နေရာယူလာနိုင်ကာ၊ ထိုလူသည် ဘုရားသခင်ကို မလိုချင်ဘဲ ယင်းအစား နတ်ဆိုးကို ချစ်သည့် ရုပ်တုဆင်းတု ကိုးကွယ်သူဖြစ်သည်ကို အပြည့်အဝ သက်သေပြလျက် ရှိပေသည်။ ထို့ကြောင့် ထိုသို့သော လူတစ်ဦး၏ သဘာဝဗီဇသည် နတ်ဆိုးကို ချစ်ပြီး ကိုးကွယ်ကာ သမ္မာတရားကို မချစ်ဘဲ ဘုရားသခင်ကို မလိုချင်သည့် အရာတစ်ခု ဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။ ဤသည်မှာ လူတစ်ဦး၏ သဘာဝဗီဇကို ရှုမြင်သည့် မှန်ကန်သော နည်းလမ်းတစ်ခု ဖြစ်သည်မဟုတ်လော။ ယင်းမှာ လုံးဝ မှန်ကန်ပေသည်။ ဤသည်မှာ လူသား၏ သဘာဝကို စိတ်ဖြာလေ့လာသင့်ပုံ ဖြစ်၏။ ဥပမာ လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး တရားဟောရခြင်းကို နှစ်သက်ကြသည်။ ထို့အပြင် သူတို့သည် သူတို့စကား လူတို့နားထောင်အောင်၊ သူတို့ကို လူတို့ကိုးကွယ်ပြီး ဗဟိုပြုနေအောင် လုပ်ရခြင်းတို့ကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့။ ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူတို့သည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ ပိုမြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။ ဥပမာအနေဖြင့် လူအချို့သည် အခြားသူများကို ဆုံးရှုံးနစ်နာစေလျက် မတရားသဖြင့် အမြတ်ထုတ်ရခြင်းကို အထူး နှစ်သက်ကြ၏။ ဤလူများသည် အမှုကိစ္စတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ဖြည့်ဆည်းဖို့ ကြိုးစားကြလေသည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆို ၎င်းတို့ကို အကျိုးပြုရမည်၊ သို့မဟုတ်ပါက ၎င်းတို့ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို အကျိုးအမြတ် တစ်စုံတစ်ရာ မပေးပါက၊ မည်သည့်အရာနှင့်မျှ စိတ်အနှောင့်အယှက် အဖြစ်မခံသကဲ့သို့၊ ၎င်းတို့၏ လုပ်ရပ်များ နောက်ကွယ်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ အမြဲ ရှိလေသည်။ ၎င်းတို့သည် ၎င်းတို့ကို အကျိုးပြုသည့် မည်သူကိုမဆို အကောင်းပြောပြီး ၎င်းတို့ကို မြှောက်ပင့်သည့် မည်သူကိုမဆို အားပေးမြှင့်တင်လေသည်။ ၎င်းတို့ အနှစ်သက်ဆုံး လူများ၌ ပြဿနာများ ရှိသည့်အခါတွင်ပင် ထိုလူများက မှန်ကန်သည်ဟု ၎င်းတို့ ပြောကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို ခုခံကာကွယ်ပေးဖို့နှင့် ဖုံးဖိပေးဖို့ ကြိုးစားကြလေသည်။ ထိုသို့သော လူများသည် မည်သည့် သဘာဝ ရှိကြသနည်း။ ၎င်းတို့၏ သဘာဝကို ၎င်းတို့၏ အပြုအမူများမှ သင်တို့ သိသာထင်ရှားစွာ လုံးဝ မြင်နိုင်ကြသည်။ ၎င်းတို့သည် အခြေအနေတိုင်းတွင် အပေးအယူဆိုင်ရာ အပြုအမူကို စဉ်ဆက်မပြတ် လုပ်ဆောင်ရင်း၊ ၎င်းတို့၏ လုပ်ရပ်များမှတစ်ဆင့် မတရားသဖြင့် အမြတ်ထုတ်ဖို့ ကြိုးပမ်းကြသကဲ့သို့ ၎င်းတို့၏ သဘောသဘာဝမှာ အကျိုးအမြတ်ကို စိတ်ပါလက်ပါ ငမ်းငမ်းတက်လိုချင်သည့် အရာတစ်ခု ဖြစ်သည်ကို သင်တို့ သေချာနိုင်ပေသည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းတွင် မိမိတို့ကိုယ်ကိုယ်အတွက် ကြိုးပမ်းကြသည်။ ၎င်းတို့ကို အကျိုးမပြုပါက၊ ၎င်းတို့ စောစော ထကြလိမ့်မည်မဟုတ်။ ၎င်းတို့သည် လူများထဲမှ တစ်ကိုယ်ကောင်း အဆန်ဆုံးသောသူများ ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် လုံးဝ မတင်းတိမ်နိုင်ကြ။ ၎င်းတို့၏ သဘောသဘာဝမှာ ၎င်းတို့၏ အကျိုးအမြတ်ကို ချစ်ခြင်းနှင့် သမ္မာတရားအတွက် မည်သည့်ချစ်ခြင်းမျှ မရှိခြင်းမှတစ်ဆင့် ထင်ရှားလေသည်။ အမျိုးသားအချို့သည် အမျိုးသမီးများ၏ ဆွဲဆောင်ခြင်းကို ခံကြရကာ၊ သူတို့သွားသည့်နေရာတိုင်းတွင် ထိုအမျိုးသမီးများနှင့် အစဉ် ချစ်တင်နှီးနှောကြသည်။ လှပသည့် အမျိုးသမီးများသည် ထိုသို့သော လူတို့၏ ချစ်ခင်မှု ခံရသူများဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အမြင့်မားဆုံးသော အထင်ကြီးမှုကို ထားရှိကြလေသည်။ ၎င်းတို့သည် လှပသော အမျိုးသမီးများအတွက် မိမိတို့၏ အသက်များကို ပေးရန်နှင့် အရာရာတိုင်းကို စွန့်လွတ်ရန် လိုလားနေကြပေသည်။ အမျိုးသမီးများသည် ၎င်းတို့၏ စိတ်နှလုံးကို ဖြည့်ဆည်းပေးသည့်အရာ ဖြစ်လေသည်။ ဤအမျိုးသားများ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့၏ သဘောသဘာဝမှာ လှပသည့် အမျိုးသမီးများကို ချစ်ဖို့နှင့် ၎င်းတို့ကို ကိုးကွယ်ဖို့ ဖြစ်သည်၊ ပြီးလျှင် မကောင်းမှုကို ချစ်ဖို့ဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်၍ တပ်မက်သော သဘာဝရှိသည့် တဏှာရူးများ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝဖြစ်သည်ဟု အဘယ်ကြောင့် ငါပြောရသနည်း။ ၎င်းတို့၏ လုပ်ရပ်များက လောဘကြီးသော သဘာဝကို ထုတ်ဖော်ပြသည်။ ဤအပြုအမူများသည် အခါအားလျော်စွာဖြစ်တတ်သော ကျူးလွန်မှုများသာ မဟုတ်သကဲ့သို့ ထိုသို့သော လူများသည် သာမန်လူတို့ထက် အနည်းငယ်မျှသာ ဆိုးရွားခြင်း မဟုတ်ပေ- ထို့ထက် ၎င်းတို့သည် မိမိတို့၏ တကယ့် သဘာဝနှင့် အနှစ်သာရ ဖြစ်လာပြီးဖြစ်သည့် ဤအရာများ၏ လုံးဝ နေရာယူခြင်းကို ခံကြရသည့်အဖြစ်သို့ ရောက်ရှိကြပြီး ဖြစ်သည်။ ထို့ကြောင့်၊ ဤအရာများသည် ၎င်းတို့ သဘောသဘာဝ၏ သရုပ်သကန်များ ဖြစ်လာကြပြီ ဖြစ်သည်။ လူတစ်ဦး၏ သဘာဝတွင် ပါဝင်သည့်အရာများက မိမိတို့ကိုယ်ကို စဉ်ဆက်မပြတ် ထုတ်ဖော်ပြနေသည်။ လူတစ်ဦး လုပ်သည့်အရာမှန်သမျှသည် မည်သည့်အရာဖြစ်ပါစေ ထိုလူ၏ သဘာဝကို ထုတ်ဖော်ပြနိုင်သည်။ လူတို့သည် မိမိတို့လုပ်ဆောင်သည့် အရာတိုင်းအတွက် ကိုယ်ပိုင် စေ့ဆော်မှုနှင့် ရည်ရွယ်ချက်များ ရှိကြပြီး၊ ယင်းမှာ ဧည့်ဝတ်ပြုခြင်းဖြစ်စေ၊ ဧဝံဂေလိဟောခြင်းဖြစ်စေ၊ အခြားအလုပ်အမျိုးအစား တစ်ခုခုဖြစ်စေ၊ လူတစ်ဦး၏ သဘာဝသည် သူ၏အသက်ဖြစ်ပြီး လူတို့သည် အသက်ရှင်သရွေ့ မိမိတို့သဘာဝ၏ စေ့ဆော်မှုခံရသောကြောင့် မည်သည့်အသိမျှမရှိဘဲနှင့် ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းများကို ထုတ်ဖော်ပြနိုင်ပေသည်။ လူတစ်ဦး၏ သဘာဝသည် ရံဖန်ရံခါမှသာ၊ သို့မဟုတ် ကံအကြောင်းတိုက်ဆိုင်မှသာ ထုတ်ဖော်ပြခံရခြင်း မဟုတ်ပေ။ ထိုထက် ယင်းသည် ထိုလူ၏ အနှစ်သာရကို လုံးဝ ကိုယ်စားပြုနိုင်သည်။ လူတို့၏ အရိုးနှင့် အသွေးအတွင်းမှ စီးလာသမျှမှာ ၎င်းတို့ သဘာဝနှင့် အသက်ကို ကိုယ်စားပြုသည်။ လူအချို့က လှပသည့် အမျိုးသမီးများကို ချစ်ကြသည်။ အခြားသူများက ငွေကိုချစ်သည်။ အချို့က အဆင့်အတန်းကို အထူးသဖြင့် ချစ်ကြသည်။ အချို့က ဂုဏ်သတင်းနှင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ ပုံရိပ်ကို အထူး တန်ဖိုးထားကြသည်။ အချို့က ရုပ်တုဆင်းတုများကို အထူးချစ်၊ ကိုးကွယ်ကြသည်။ ပြီးလျှင် လူအချို့သည် မိမိတို့စိတ်နှလုံးတွင် မည်သူ့ကိုမျှ အလျှော့မပေးသကဲ့သို့ အဆင့်အတန်းအတွက် ကြိုးပမ်းရင်း အထူးသဖြင့် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြသည်။ အခြားသူများမှ ထင်ပေါ်ချင်ကြပြီး၊ ထိုသူတို့အပေါ် ဩဇာအာဏာရှိချင်ကြသည်။ မတူကွဲပြားသည့် သဘာဝမျိုးစုံရှိ၏။ ယင်းတို့သည် လူတို့ကြားတွင် ကွဲပြားနိုင်သော်လည်း ထိုအရာများ၏ ဘုံပါဝင်သည့်အရာများမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် သစ္စာဖောက်ခြင်းတို့ ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့အားလုံး တထေရာတည်း ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၆၁)

လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံကြရပြီးဖြစ်ကာ လူသား၏ သဘာဝသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်လေသည်။ သို့သော်၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားများအားလုံးထဲတွင်၊ ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သော သူအချို့ရှိသည်။ ထိုသူတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး စိတ်သဘောထား ပြောင်းလဲအောင် စွမ်းဆောင်နိုင်ကြသည့် လူများ ဖြစ်ကြသည်။ လူအချို့သည် သမ္မာတရားကို မလိုက်စားကြဘဲ၊ ထိုအစား ရေလိုက်ငါးလိုက်နေကြသည်။ ၎င်းတို့ကို လုပ်ဆောင်ရန် သင် ပြောသည့်အရာမှန်သမျှကို ၎င်းတို့ နာခံကာ လုပ်ဆောင်ကြမည်ဖြစ်သည်၊ ၎င်းတို့သည် အမှုအရားများကို စွန့်လွှတ်နိုင်ကာ မိမိတို့ကိုယ်ကို အသုံးခံနိုင်ကြပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို သည်းခံနိုင်ကြသည်။ ထိုသို့သော လူများသည် အသိဉာဏ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိကြပြီး ကယ်တင်ခံရခြင်းနှင့် ရှင်သန်ခြင်းတို့နှင့်ပတ်သက်သော မျှော်လင့်ချက်တစ်ခုရှိသော်လည်း ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ အယူဝါဒအား သိနားလည်ခြင်းဖြင့်သာ စိတ်ကျေနပ်ကြသောကြောင့် ၎င်းတို့၏ စိတ်သဘောထားများ မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် လိပ်ပြာမသန့်ဖြစ်သည့် အရာကို မပြောကြပေ၊ သို့မဟုတ် မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်များကို အစစ်အမှန် ထမ်းဆောင်နိုင်ကြပြီး၊ မည်သည့် ပြဿနာမဆိုနှင့် စပ်လျဉ်း၍ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းကို လက်ခံနိုင်ကြသည်။ သမ္မာတရားကို ရှာဖွေရန် လေးနက်သည့် အားထုတ်မှုမပြုကြပေ၊ ၎င်းတို့၏ စိတ်များ ရှုပ်ထွေးပြီး သမ္မာတရား၏ အနှစ်သာရကို လုံးဝ နားမလည်နိုင်ကြချေ။ ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲဖို့ မဖြစ်နိုင်ပေ။ ဖောက်ပြန်ပျက်စီးခြင်းမှ သန့်စင်သွားရန်နှင့် သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုကို ကြုံရဖို့ သင် ဆန္ဒရှိပါက၊ သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့ ရှိရမည်။ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လက်ခံခြင်း ဆိုသည်မှာ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဆိုရှိပါစေ၊ သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ မည်သည့် အဆိပ်များ၊ စာတန်၏ အဆိပ်များက သင်၏ သဘာဝဗီဇထဲတွင် ရှိသည်ဖြစ်စေ၊ ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့်အခါ သင် ဝန်ခံပြီး နာခံသင့်သည်၊ ကွဲပြားသည့် ရွေးချယ်မှုတစ်ခုကို သင် ပြု၍မရသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကို သိရှိသင့်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်းဟု ဆိုလိုပေသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ မိန့်မြွက်ချက်များက မည်မျှပြင်းထန်သည် ဖြစ်စေ၊ ပြီးလျှင် မည်သည့်စကားများကို အသုံးပြုသည် ဖြစ်စေ၊ သူပြောသည့်အရာသည် သမ္မာတရား ဖြစ်သရွေ့ ယင်းကို သင် လက်ခံနိုင်ပြီး၊ လက်တွေ့အရှိတရားနှင့် ကိုက်ညီသရွေ့ ယင်းတို့ကို သင် အသိအမှတ်ပြုနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သည်ကို ပဓာနမထားဘဲ ၎င်းတို့ကို သင် နာခံနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ထုတ်ဖော်ပြပြီး ညီအစ်ကို မောင်နှမများက မိတ်သဟာယဖွဲ့ကြသည့် အလင်းကို သင် နာခံလေသည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အဆင့်တစ်ခုထိ ရှာဖွေလိုက်စားပြီးသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သမ္မာတရားကို မချစ်သော လူတို့သည် လူသားသဘာဝ အနည်းငယ်မျှ ရှိကြလျှင်ပင်၊ ကောင်းမှုအချို့ လုပ်ဆောင်နိုင်ကြပြီး၊ ဘုရားသခင်အတွက် စွန့်လွှတ်ကာ အသုံးခံနိုင်လျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်ကာ သမ္မာတရားကို လေးလေးနက်နက် သဘောမထားကြချေ။ ထို့ကြောင့် ၎င်းတို့၏ အသက်စိတ်သဘောထားသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ပေတရုသည် အခြားတပည့်တော်များနှင့် တူညီသည့် လူ့သဘာဝရှိသော်လည်း သမ္မာတရားကို သူ၏ ထက်ထက်သန်သန် လိုက်စားမှုက ပေါ်လွင်ခဲ့သည်ကို သင် မြင်နိုင်ပေသည်။ ယေရှုက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ သူသည် လေးလေးနက်နက် တွေးဆခဲ့သည်။ ယေရှုက၊ “ရှိမုန်ဗာယောန၊ သင်သည် ငါ့ကို ချစ်သလော” ဟု မေးခဲ့သည်။ ပေတရုက၊ “ကျွန်ုပ်သည် ကောင်းကင်ဘုံ၌ ရှိသည့် ဖခမည်းတော်ကိုသာ ချစ်သည်။ သို့သော် ကမ္ဘာမြေပေါ်က သခင့်ကို ကျွန်ုပ်မချစ်ရသေးပါ” ဟု ရိုးသားစွာ ဖြေခဲ့သည်။ နောက်ပိုင်းတွင်၊ သူက၊ “ဤသည်မှာ မမှန်ပါ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်သည် ကောင်ကင်ဘုံ၌ရှိသည့် ဘုရားသခင်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး နှစ်ခုလုံးတွင် ဘုရားတစ်ပါးတည်း ရှိသည်မဟုတ်ပါလား။ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ငါ ချစ်ပါက၊ ငါ၏ ချစ်ခြင်းသည် မစစ်မှန်ပေ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ငါ ချစ်ရမည်၊ အကြောင်းမှာ ထိုအခါမှသာ ငါ၏ချစ်ခြင်းမေတ္တာ စစ်မှန်လိမ့်မည် ဖြစ်သည်” ဟု တွေးရင်း၊ နားလည်ခဲ့သည်။ ထို့ကြောင့်၊ ပေတရုသည် ယေရှု တောင်းဆိုခဲ့ဖူးသည့် အရာမှ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်လာခဲ့သည်။ ဘုရားသခင်ကို ချစ်ဖို့နှင့် ဤချစ်ခြင်းမေတ္တာ စစ်မှန်ဖို့အတွက်၊ လူတစ်ဦးသည် ကမ္ဘာမြေပေါ်က လူ့ဇာတိခံ ဘုရားသခင်ကို ချစ်ရမည်ဖြစ်သည်။ မရေရာသကဲ့သို့ မြင်၍မရသည့် ဘုရားသခင်ကို ချစ်ခြင်းသည် မစစ်မှန်သကဲ့သို့ လက်တွေ့မကျပေ၊ လက်တွေ့ကျသည့်၊ မြင်၍ရနိုင်သည့် ဘုရားသခင်ကို ချစ်ခြင်းမှာမူ သမ္မာတရား ဖြစ်သည်။ ယေရှု၏ နှုတ်ကပတ်တော်များမှ၊ ပေတရုသည် သမ္မာတရားနှင့် ဘုရားသခင်၏ အလိုကို သိနားလည်မှု ရရှိခဲ့သည်။ သိသိသာသာပင်၊ ပေတရု၏ ဘုရားသခင်၌ ယုံကြည်မှုသည် သမ္မာတရားကို လိုက်စားခြင်းအပေါ်သာ အာရုံစိုက်ထားပေသည်။ နောက်ဆုံးတွင် သူသည် လက်တွေ့ကျသည့် ဘုရားသခင်- ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်အပေါ် ချစ်ခြင်းကို ရရှိခဲ့သည်။ ပေတရုသည် သူ၏ သမ္မာတရားကို လိုက်စားခြင်းတွင် အထူးသဖြင့် စိတ်အားထက်သန်ခဲ့သည်။ ယေရှုက သူ့ကို လမ်းညွှန်သည့် အခါတိုင်းတွင်၊ သူသည် ယေရှု၏ နှုတ်ကပတ်တော်များကို လေးလေးနက်နက် တွေးဆခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိမီနှင့် ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သူ သိနားလည်ခြင်းမရှိမီတွင် သူသည် လများစွာကြာ၊ တစ်နှစ်ကြာ သို့မဟုတ် နှစ်များစွာကြာပင် တွေးဆခဲ့ကောင်း တွေးဆခဲ့ပေမည်။ ဤနည်းဖြင့် ပေတရုသည် သမ္မာတရားထဲသို့ ဝင်ရောက်ခဲ့၏။ သူထိုသို့ဝင်ရောက်နေစဉ် သူ၏ အသက် စိတ်သဘောထားက ပြောင်းလဲခဲ့ပြီး အသစ်ပြုပြင်ခြင်းခံခဲ့ရသည်။ လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက၊ သူသည် မည်သည့်အခါတွင်မျှ သမ္မာတရားကို နားလည်လိမ့်မည်မဟုတ်။ သင့်အနေဖြင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများအကြောင်းကို အကြိမ်တစ်သောင်း ပြောဆိုနိုင်သော်လည်း ယင်းတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ လူအချို့က၊ “ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်” ဟုသာ ဆိုကြသည်။ ဤနှုတ်ကပတ်တော်များကို အကြိမ်တစ်သောင်း သင် ပြန်ရွတ်ပြလျှင်ပင်၊ ယင်းသည် အချည်းနှီးဖြစ်ဦးမည်ဖြစ်သည်။ သင်သည် ယင်းတို့၏ အဓိပ္ပာယ်ကို လုံးဝသိနားလည်မှု မရှိပေ။ အဘယ်ကြောင့် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ဟု ဆိုထားသနည်း။ ဤအရာနှင့် ပတ်သက်၍ သင် အတွေ့အကြုံမှ ရရှိပြီးဖြစ်သည့် အသိပညာကို သင် ရှင်းလင်းစွာပြောဆိုနိုင်ပါသလော။ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့နှင့်သက်ဆိုင်သော စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီးပြီလော။ သင်တို့ တွေ့ကြုံခံစားဖို့နှင့် အသိပညာရရှိဖို့ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို မြွက်ဆိုခဲ့ခြင်း ဖြစ်သည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများအကြောင်းကို ပြောဆိုခြင်းမျှသည် အချည်းနှီးဖြစ်၏။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ပြီး ထိုနှုတ်ကပတ်တော်များအတွင်း ဝင်ရောက်ပြီးမှသာ မိမိကိုယ်ကို သိရှိနိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားမလည်ပါက၊ သင်သည် မိမိကိုယ်ကို မသိရှိနိုင်ပေ။ သမ္မာတရားကို နားလည်သည့်အခါမှသာ သင်သည် ပိုင်းခြားသိမြင်မှုကို ရရှိနိုင်ပေသည်။ သမ္မာတရားကို နားမလည်ဘဲနှင့် သင်သည် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပေ။ သမ္မာတရားကို နားလည်သည့်အခါမှသာ ကိစ္စရပ်များကို သင် ရှင်းလင်းစွာ မြင်နိုင်သည်။ သမ္မာတရားကို သိနားလည်ခြင်းမရှိဘဲနှင့်၊ ကိစ္စရပ်များကို ရှင်းလင်းစွာ သင် မမြင်နိုင်ပေ။ သမ္မာတရားကို နားလည်သည့်အခါမှသာ သင်သည် မိမိကိုယ်ကိုယ် သိရှိနိုင်သည်။ သမ္မာတရားကို သိနားလည်ခြင်းမရှိဘဲနှင့် သင်သည် မိမိကိုယ်ကို မသိရှိနိုင်။ သမ္မာတရား သင် ရရှိပြီးဖြစ်သည့်အခါမှသာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်သည်။ သမ္မာတရား မရှိဘဲနှင့် သင်၏ စိတ်သဘောထား မပြောင်းလဲနိုင်ပေ။ သမ္မာတရားကို သင် ရရှိပြီးဖြစ်သည့်နောက်တွင်သာ၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေခံနိုင်သည်။ သမ္မာတရားကို မရရှိဘဲနှင့် ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေမခံနိုင်။ သမ္မာတရား သင် ရရှိပြီးဖြစ်သည့်နောက်တွင်သာ ဘုရားသခင်ကို သင် ကိုးကွယ်နိုင်သည်။ သမ္မာတရားကို နားမလည်ပါက သူ့ကို သင်ကိုးကွယ်လျှင်ပင် သင်၏ ကိုးကွယ်မှုသည် ဘာသာရေး ထုံးတမ်းဓလေ့များ ဆောင်ရွက်ခြင်းထက် ဘာမျှပိုလိမ့်မည်မဟုတ်။ သမ္မာတရားမရှိလျှင် သင်လုပ်သည့်မည်သည့်အရာမျှ မစစ်မှန်ပေ။ သမ္မာတရားကို ရရှိခြင်းအားဖြင့် သင်လုပ်သမျှတိုင်းသည် စစ်မှန်၏။ ဤအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရရှိခြင်းအပေါ် တည်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၆၂)

ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်သော နားလည်မှုရလာခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ ဤသို့ မထင်လေနှင့်- “ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တိုက်ရိုက် အဓိပ္ပာယ်ကို အနက်ပြန်နိုင်ပြီး အယောက်တိုင်းက ငါ၏ အနက်ပြန်ခြင်းသည် ကောင်းသည်ဟုဆိုကာ၊ ငါ့ကို လက်မထောင်ပြကြသည်၊ ထို့ကြောင့် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါနားလည်သည်ဟု ဆိုလိုသည်။” ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းနှင့် မတူညီပေ။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ အလင်းတစ်ချို့ကို ရခဲ့ပြီး သူ၏နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ်နှင့်သက်ဆိုင်သော အသိစိတ်တစ်ခုကို သင် ရရှိပြီးဖြစ်ပါက၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်များ နောက်ကွယ်က ရည်ရွယ်ချက်နှင့် နောက်ဆုံးတွင် မည်သည့်အကျိုးများ ၎င်းတို့ ရရှိမည်ကို သင်ဖော်ပြနိုင်ပါက၊ ဤအရာအားလုံးနှင့်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှု သင်၌ ရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့်သက်ဆိုင်သည့် အဆင့်တစ်ခု သင်ရှိသည်ဟု ယူဆနိုင်၏။ ထို့ကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်ခြင်းသည် ဤမျှ လုံးဝမရိုးရှင်းပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို ဝေဝေဆာဆာ ရှင်းပြချက်ပေးနိုင်သောကြောင့်သာ သင်သည် ၎င်းတို့ကို နားလည်သည်ဟု မဆိုလိုပေ။ သင်သည် ၎င်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်ကို မည်မျှ ရှင်းပြနိုင်စေကာမူ သင်၏ ရှင်းပြချက်သည် လူ့စိတ်ကူးစိတ်သန်းနှင့် လူ့တွေးခေါ်ပုံပေါ် အခြေခံဆဲ ဖြစ်သည်။ ယင်းမှာ အချည်းနှီးဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်သို့ နားလည်နိုင်သနည်း။ အဓိကသော့ချက်မှာ ထိုနှုတ်ကပတ်တော်များ အတွင်းမှနေ၍ သမ္မာတရားကို ရှာဖွေဖို့ ဖြစ်သည်။ ဤသို့သော နည်းလမ်းဖြင့်သာ သူပြောသည့်အရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် နားလည်နိုင်ပေသည်။ ဘုရားသခင်သည် အနှစ်သာရမဲ့သော စကားများကို မည်သည့်အခါမျှ မပြောချေ။ သူ မိန့်မြွက်သည့် ဝါကျအသီးသီး၌ သူ၏ နှုတ်ကပတ်တော်များ၌ နောက်ထပ် ထုတ်ဖော်ပြဖို့ သေချာသည့် အသေးစိတ်အချက်များ ပါရှိပြီး၊ ၎င်းတို့ကို ကွဲပြားစွာ ဖော်ပြကောင်း ဖော်ပြနိုင်ပေသည်။ သမ္မာတရားကို ဘုရားသခင် ထုတ်ဖော်ပြသည့် နည်းလမ်းများကို လူသားသည် နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် အလွန်နက်နဲကြပြီး လူ့တွေးခေါ်မှုဖြင့် အလွယ်တကူ နားလည်သဘောပေါက်၍ မရနိုင်။ လူတို့သည် အားထုတ်မှု ပြုသရွေ့ သမ္မာတရား၏ ရှုထောင့်တိုင်းနှင့်ဆိုင်သည့် အလုံးစုံသော အဓိပ္ပာယ်ကို အကြမ်းဖျင်းအားဖြင့် ရှာတွေ့နိုင်ပေသည်။ ကျန်ရှိနေသည့် အသေးစိတ် အချက်အလက်များကိုမူ ထိုလူတို့၏ နောက်ပိုင်း အတွေ့အကြုံကာလတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုက သူတို့အတွက် ဖြည့်ဆည်းပေးလိမ့်မည်ဖြစ်သည်။ တစ်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် ထိုနှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့် တွေးတောခြင်း၊ ပြီးလျှင် ၎င်းတို့၏ တိကျသော ပါဝင်သည့်အကြောင်းအရာကို ရှာဖွေခြင်းဖြစ်သည်။ နောက်တစ်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းမှတစ်ဆင့် ၎င်းတို့၏ အဓိပ္ပာယ်များကို သိနားလည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းကို ရရှိခြင်း ဖြစ်သည်။ ဤသွင်ပြင်လက္ခဏာနှစ်ခုတွင် စဉ်ဆက်မပြတ် တိုးတက်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည်လာနိုင်သည်။ အကယ်၍ သင်သည် ထိုအရာကို တိုက်ရိုက်၊ စာအဆင့် သို့မဟုတ် သင်၏ကိုယ်ပိုင် အတွေးနှင့် စိတ်ကူးစိတ်သန်းဖြင့် အနက်ပြန်ပါက၊ သင်သည် ယင်းကို အမွှမ်းတင်ကာ အပြောကောင်းစွာ ရှင်းပြလျှင်ပင်၊ သင်သည် သမ္မာတရားကို အမှန်တကယ် နားမလည်သေးသကဲ့သို့၊ ယင်းသည် လူ့အတွေးနှင့် စိတ်ကူးစိတ်သန်းများအပေါ် အခြေပြုဆဲသာ ဖြစ်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှ ရရှိခြင်း မဟုတ်ပေ။ လူတို့သည် မိမိတို့ အယူအဆများနှင့် စိတ်ကူးများပေါ် အခြေခံ၍ ဘုရားနှုတ်ကပတ်တော်များကို အနက်ပြန်တတ်ကြသည်။ ဆက်စပ်အကြောင်းအရာမပါဘဲ ဘုရားနှုတ်ကပတ်တော်များကို တလွဲပင် အနက်ပြန်ကောင်း ပြန်နိုင်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အထင်လွဲကာ ဝေဖန်နိုင်ခြေ ရှိ၏။ ဤသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ဘုရားနှုတ်ကပတ်တော်များအား သိနားလည်ခြင်းနှင့် သန်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှတစ်ဆင့် အဓိကရရှိပေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်ကာ ရှင်းပြနိုင်ခြင်းသည် သမ္မာတရားကို သင်ရရှိပြီးဖြစ်သည်ဟု မဆိုလိုပေ။ ဘုရားနှုတ်ကပတ်တော်၏ တိုက်ရိုက်အဓိပ္ပာယ်ကို သိနားလည်ခြင်းက သမ္မာတရားကို သင် နားလည်သည့်သဘောဖြစ်သည်ဟု ဆိုလိုပါက၊ ပညာရေးနှင့် အသိပညာ အနည်းငယ်သာ သင် လိုအပ်မည်ဖြစ်သည်။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း အဘယ်ကြောင့် လိုအပ်မည်နည်း။ ဘုရားသခင်၏အမှုမှာ လူ့ဉာဏ်က နားလည်သဘောပေါက်နိုင်သောအရာတစ်ခုလော။ ထို့ကြောင့် သမ္မာတရားကို သိနားလည်ခြင်းသည် လူ့အယူအဆများ၊ စိတ်ကူးများပေါ်တွင် အခြေမခံပေ။ စစ်မှန်သည့် အတွေ့အကြုံနှင့် အသိပညာရှိရန် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ အလင်းပြခြင်းနှင့် လမ်းပြမှု သင် လိုအပ်သည်။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်းနှင့် ရရှိခြင်း ဖြစ်စဉ်ဖြစ်ပြီး၊ လိုအပ်သည့် အခြေအနေတစ်ခုလည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၆၃)

လူ၏သဘာဝကို သင်မည်သို့ နားလည်သနည်း။ အရေးကြီးဆုံးသော အရာမှာ ယင်းကို လူသား၏ လောကအမြင်၊ ဘဝအမြင်နှင့် စံနှုန်းများ၏ ရှုထောင့်မှ ခွဲခြားသိမြင်ရန် ဖြစ်သည်။ နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” “လူဆိုတာကြံရင်းသေကြသလို ငှက်ဆိုတာပျံရင်းသေကြတယ်” နှင့် အခြားသော ထိုအတွေ့များကဲ့သို့ စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် ဤစကားများအားလုံးသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့် တရုတ်လူမျိုးများ၏ “ပညာရှိ” ဟု အမွှမ်းတင်ခြင်းကို ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်။ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာပြီး ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများကို ကြည့်ရှုခြင်းဖြင့် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤဆိုရိုးက လူ့အသက် ဖြစ်လာသည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ လှည့်စားဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူအချို့သည် လူမှုအဖွဲ့အစည်းတွင် အစိုးရဝန်ထမ်းများအဖြစ် ဆယ်စုနှစ်ချီ အမှုထမ်းပြီးဖြစ်သည်။ အောက်ပါမေးခွန်းကို ၎င်းတို့အား မေးသည်ဟု စိတ်ကူးကြည့်လော့။ “ဤစွမ်းဆောင်ရည်ဖြင့် အလွန်ကောင်းစွာ သင် လုပ်ဆောင်ပြီးဖြစ်သည်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။” “ကျွန်ုပ် နားလည်သည့် တစ်ခုတည်းသော အရာမှာ ‘အရာရှိများသည် တံစိုးလက်ဆောင် ပေးသူများအတွက် အမှုအရာများကို ခက်ခဲအောင် မလုပ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူ၍ ဖြစ်သည်” ဟု ၎င်းတို့ ပြောကောင်း ပြောလိမ့်မည်။ ဤသည်မှာ ၎င်းတို့ အလုပ်အကိုင်က အခြေပြုထားသည့် ဆိုးယုတ်သော အတွေးအခေါ်ဖြစ်သည်။ ဤစကားများသည် ထိုသို့သောလူ၏ သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ရေးနှင့် အလုပ်အကိုင် အောင်မြင်ရေးတို့သည် ၎င်းတို့၏ ပန်းတိုင်များ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ဤအရာအားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်နှင့် သက်ဆိုင်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူ၏ သဘာဝက ဖောက်ပြန်ပျက်စီးသည်၊ ဆိုးယုတ်သည်၊ ရန်လိုတတ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ရာတွင်ရှိကာ စာတန်၏ အတွေးအခေါ်များနှင့် အဆိပ်များဖြင့် ပြည့်ကာ နှစ်မြှုပ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းသည် လုံးလုံးလျားလျား စာတန်၏ သဘာဝနှင့် အနှစ်သာရ ဖြစ်လာပြီး ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။ ဤနည်းဖြင့် ၎င်း၏သဘာဝကို ခွဲခြမ်းစိတ်ဖြာကြည့်၍ရပါက၊ လူသားသည် သူ့ကိုယ်သူ အလွယ်တကူ သိလာနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၆၄)

မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် ကိုယ့်ကိုကိုယ်သိခြင်း သော့ချက်မှာ ဤသို့ဖြစ်သည်- အချို့သော ကဏ္ဍများတွင် သင်ကောင်းစွာပြုခဲ့ပြီးသည် သို့မဟုတ် မှန်ကန်သောအရာကို ပြုလုပ်ခဲ့ပြီးသည်ဟု သင်ပို၍ခံစားရလေ၊ ထို့ပြင် သင်သည် ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေနိုင်သည် သို့မဟုတ် အချို့သောကဏ္ဍများတွင် ကြွားဝါ၍ရသည်ဟု ပိုထင်လေဆိုလျှင် ထိုကဏ္ဍများ၌ သင့်ကိုယ်သင်သိရန် ပို၍ထိုက်တန်ပြီး သင်၌ မည်သည့်မစင်ကြယ်မှုများ ရှိကြောင်းကိုသိရန် ၎င်းတို့ကို နက်နဲစွာတူးဖော်ရန်လည်းကောင်း၊ သင့်အထဲရှိ မည်သည့်အရာများသည် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေနိုင်ခြင်း မရှိကြောင်းကို ကြည့်ရန် ပို၍ထိုက်တန်လေ ဖြစ်သည်။ ပေါလုကို ပုံဥပမာတစ်ခုအဖြစ် ယူကြစို့။ ပေါလုသည် အထူးနှံ့စပ်သိရှိပြီး သူ၏ ဟောပြောခြင်းအလုပ်တွင် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ပေသည်။ သူသည် အထူးသဖြင့် များစွာသောသူတို့၏ ကြည်ညိုမှုကို ခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့်၊ အလုပ်များစွာ ပြီးစီးသည့်နောက်တွင်၊ သူ့အတွက် သရဖူတစ်ခု ဖယ်ထားပြီးဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။ ဤအရာက သူ့ကို နောက်ဆုံး ဘုရားသခင်အားဖြင့် အပြစ်ပေးခံရသည်အထိ မှားယွင်းသော လမ်းကြောင်းတစ်လျှောက် သာ၍ ဝေးဝေး ဆက်သွားစေခဲ့သည်။ ထိုအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး စိတ်ဖြာလေ့လာခဲ့လျှင်၊ ယင်းကို သူ တွေးခဲ့လိမ့်မည် မဟုတ်ပေ။ တနည်းအားဖြင့်၊ ပေါလုသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များထဲက သမ္မာတရားကို ရှာဖွေခြင်းအပေါ် အာရုံမစိုက်ခဲ့ပေ၊ သူသည် သူ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကိုသာ ယုံကြည်ခဲ့သည်။ ကောင်းမွန်သော အရာအချို့ကို သူ လုပ်ဆောင်ပြီး အပြုအမူကောင်းအချို့ကို ပြသသရွေ့၊ ဘုရားသခင်၏ ချီးမွမ်းခြင်းနှင့် ဆုချီးမြှင့်ခြင်းခံရမည်ဟု သူ ထင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏ အယူအဆများနှင့် စိတ်ကူးများက သူ၏ စိတ်ဝိညာဉ်ကို ကန်းသွားစေခဲ့ပြီး သူ၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ဖုံးကာခဲ့သည်။ သို့ရာတွင် ဤအရာကို လူတို့က မသိမြင်နိုင်ခဲ့ကြပေ၊ ဤကိစ္စများနှင့်ဆိုင်သည့် အသိမရှိကြသောကြောင့်၊ ဘုရားသခင်က ဤအရာကို မဖော်ထုတ်မီတွင် လူတို့သည် ပေါလုကို ရည်မှန်းရမည့် စံနှုန်းတစ်ခု၊ အသက်ရှင်ရမည့် စံနမူနာတစ်ခုအဖြစ် အမြဲထားရှိခဲ့ကြပြီး၊ ပြီးလျှင် သူ့ကို ၎င်းတို့ တူဖို့ရန် တောင့်တသည့်သူတစ်ဦးအဖြစ်၊ မိမိတို့ လိုက်စားမှုတွင် စံထားကိုးကွယ်ရမည့်ပုဂ္ဂိုလ်အဖြစ် ယူမှတ်ခဲ့ကြသည်။ ပေါလု၏ကိစ္စမှာ ဘုရားရွေးချယ်ထားသူတိုင်းအဖို့ သတိပေးချက်တစ်ခု ဖြစ်သည်။ အထူးသဖြင့် ဘုရားနောက်လိုက်သည့် ကျွန်ုပ်တို့သည် မိမိတို့တာဝန်များတွင် ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်သည့်အခါ၊ ဘုရားသခင်ကို အစေခံသည်နှင့်အမျှ ဘုရားသခင်ကို ကျွန်ုပ်တို့ သစ္စာရှိကာ ချစ်သည်ဟု ခံစားရသောကြောင့်၊ ဤသို့သော အချိန်များတွင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လျှောက်နေသည့် လမ်းကြောင်းနှင့် စပ်လျဉ်း၍ သာ၍ပင် မိမိတို့ကိုယ်ကိုယ် သုံးသပ်ကာ နားလည်သင့်သည်၊ ယင်းမှာ အလွန်လိုအပ်ပေသည်။ ဤသည်မှာ ကောင်းသည်ဟု သင်ထင်သည့်အရာသည် မှန်ကန်သည်ဟု သင် စိတ်ပိုင်းဖြတ်မည့်အရာ ဖြစ်ကာ ထိုအကြောင်းကို သင်သံသယရှိမည်မဟုတ်၊ သုံးသပ်မည်မဟုတ်၊ သို့မဟုတ် ထိုအရာတွင် ဘုရားသခင်ကို ခုခံသည့်အရာတစ်ခုခု ရှိမရှိဆိုသည်ကို စိစစ်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့်၊ မိမိတို့ကိုယ်ကိုယ် အလွန့်အလွန် ကြင်နာစိတ်ရှိသည်ဟု ယုံကြည်ကြသည့်လူများ ရှိ၏။ ၎င်းတို့သည် အခြားသူများကို မည်သည့်အခါတွင်မျှ မမုန်းတီး သို့မဟုတ် မထိခိုက်သကဲ့သို့၊ ၎င်းတို့၏ ပြဿနာများ ပြေလည်မသွားမည်စိုး၍၊ မိသားစု ဆင်းရဲနွမ်းပါးသည့် ညီအစ်ကို မောင်နှမများကို အမြဲကူညီကြလေသည်။ ၎င်းတို့သည် ကြီးမြတ်သည့် စိတ်ထားကောင်းရှိကြပြီး တတ်နိုင်သမျှ အယောက်တိုင်းကို ကူညီဖို့ တတ်စွမ်းနိုင်သမျှ ကြိုးစားကြလေသည်။ သို့တိုင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ၎င်းတို့ လုံးဝ အာရုံမစိုက်ကြသကဲ့သို့ အသက်ဝင်ရောက်မှု မရှိကြချေ။ ထိုသို့သော ကူညီမှု၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့၏ အသက်များကို ကြိုးစားအားထုတ်ဖို့ ခေတ္တရပ်ဆိုင်းထားကြသော်လည်း၊ မိမိတို့ကိုယ်ကိုယ် အတော်အတန် ကျေနပ်အားရကြပြီး ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့်အရာနှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်မှု ရှိကြလေသည်။ ထို့အပြင် ၎င်းတို့ လုပ်ဆောင်သမျှတွင် သမ္မာတရားကို ဆန့်ကျင်သည့်အရာတစ်ခုမျှ မရှိကြောင်း၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံးသည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ ဧကန်မုချ လုံလောက်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများဖြစ်ကြောင်း ယုံကြည်ရင်း ထိုအရာ၌ ၎င်းတို့ အလွန်ဂုဏ်ယူကြလေသည်။ ၎င်းတို့က ၎င်းတို့၏ ပင်ကို ကြင်နာစိတ်ကို အမြတ်ထုတ်ရမည့် အရာတစ်ခုကဲ့သို့ မြင်ကြပြီး၊ ၎င်းတို့က ထိုသို့လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက်၊ ယင်းကို အမှန်တရားအဖြစ် ၎င်းတို့ မလွဲမသွေ မြင်လာကြလေသည်။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံးသည် လူသားကောင်းမှု ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ လုံးဝ လက်တွေ့မလုပ်ဆောင်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ ဤအရာကို ဘုရားသခင်၏ ရှေ့တွင်မဟုတ်ဘဲ၊ လူ့ရှေ့တွင် လုပ်ဆောင်ကြပေ။ ထို့ကြောင့် ၎င်းတို့၏ အပြုအမူများအားလုံးအချည်းနှီးဖြစ်လေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုကို လိုက်လျှောက်နေဖို့ မဆိုထားနှင့်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာများထဲမှ မည်သည့်အရာမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့၊ မည်သည့်အရာမျှသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် လူသား ကြင်နာစိတ်နှင့် ကောင်းမြတ်သော အပြုအမူကို အခြားသူများအား ကူညီဖို့ အသုံးပြုကြပေသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာတွင် ဘုရားသခင်၏ အလိုကို ၎င်းတို့ မရှာဖွေကြသကဲ့သို့၊ သူ၏ သတ်မှတ်ချက်များနှင့်အညီလည်း မပြုမူကြပေ။ ဘုရားသခင်သည် လူ၏ ဤကောင်းမြတ်သော အပြုအမူမျိုးကို မချီးမွမ်းပေ၊ ဘုရားသခင်အတွက်မှာမူ ယင်းမှာ ရှုတ်ချဖို့ဖြစ်ပြီး သူ၏ အောက်မေ့ခြင်းနှင့် မထိုက်တန်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၆၅)

စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ ထုတ်ဖော်ခြင်းနှင့်အညီ ဖြစ်ပျက်ရမည်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ တစ်ဦးတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အကျည်းတန်သော သဘာဝကို သိရှိနိုင်သည်၊ မိမိ၏ ကိုယ်ပိုင်သဘာဝထဲက စာတန်၏ အမျိုးမျိုးသော အဆိပ်များကို သတိပြုနိုင်သည်၊ မိမိ မိုက်မဲပြီး မသိနားမလည်သည်ကို နားလည်နိုင်ပြီး မိမိ၏ သဘာဝထဲက အားနည်းပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို သတိပြုမိနိုင်သည်။ ဤအရာများကို အပြည့်အဝ သိရှိပြီးသည့်နောက်တွင် သင်သည် မိမိကိုယ်ကို စစ်မှန်စွာ မုန်းတီးနိုင်ပြီး ဇာတိပကတိကို အမှန်တကယ် စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်သမတ်တည်း ဆောင်ရွက်နိုင်သည်၊ သင်၏တာဝန်များကို ထမ်းဆောင်နေစဉ်တွင် သမ္မာတရားကို မလျှော့တမ်းလိုက်စားနိုင်သည်၊ သင်၏စိတ်သဘောထား ပြောင်းလဲမှုရှိအောင် စွမ်းဆောင်နိုင်သည်၊ ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူတစ်ယောက် ဖြစ်လာနိုင်သည်။ ထို့နောက်တွင် ပေတရု၏ လမ်းကြောင်းကို သင်စတင်လျှောက်မိနှင့်ပြီး ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်၏ ကျေးဇူးတော်မပါဘဲနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ မပါဘဲ၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ မိမိတို့ကိုယ်ကိုယ် သစ္စာမဖောက်နိုင်ကြသောကြောင့် ဤလမ်းကြောင်းကို လျှောက်လှမ်းဖို့ ခက်ခဲပေလိမ့်မည်။ ပေတရု၏ စုံလင်ခြင်းလမ်းကြောင်းကို လိုက်လျှောက်ခြင်းသည် အဓိကအားဖြင့် စိတ်ဆုံးဖြတ်ထားခြင်း၊ ယုံကြည်ချက် ရှိခြင်းနှင့် ဘုရားသခင်ကို ကိုးစားခြင်းတို့အပေါ် တည်မှီပေသည်။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျိုးနွံနာခံရမည်။ အရာခပ်သိမ်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမပါဘဲ လုပ်ဆောင်၍ မရပေ။ ဤအရာများသည် အဓိက ရှုထောင့်များဖြစ်သည်၊ ယင်းထဲမှ မည်သည့်အရာကိုမျှ ချိုးဖောက်၍ မရပေ။ အတွေ့အကြုံမှတစ်ဆင့် မိမိကိုယ်ကိုယ် သိရှိခြင်းသည် အလွန် ခက်ခဲ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မရှိလျှင် အချည်းနှီးသာဖြစ်သည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်ရန်၊ မိမိကိုယ်ကိုယ် သိရှိခြင်းနှင့် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် အာရုံစူးစိုက်ရမည်။ ပေါလု၏ လမ်းကြောင်းသည် အသက်ကို ရှာဖွေခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သိရှိခြင်းအပေါ် အာရုံစိုက်ခြင်း လမ်းကြောင်းတစ်ခုမဟုတ်ပေ။ သူသည် အထူးသဖြင့် အမှုကို လုပ်ဆောင်ခြင်း၊ ယင်း၏လွှမ်းမိုးမှုနှင့် အရှိန်အဟုန်အပေါ် အာရုံစိုက်ခဲ့၏။ သူ၏ အရင်းခံအကြောင်းရင်းမှာ သူ၏ အလုပ်နှင့် ဆင်းရဲဒုက္ခခံစားခြင်း အတွက် အလဲအလှယ်အနေဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့နှင့် ဘုရားသခင်ထံမှ ဆုလာဘ်များရရှိဖို့ ဖြစ်သည်။ ဤအရင်းခံ အကြောင်းရင်းသည် မှားယွင်း၏။ ပေါလုသည် အသက်အပေါ် အာရုံမစိုက်ခဲ့သကဲ့သို့၊ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိခြင်းအပေါ် အရေးထားမှုတစ်ခုတစ်လေမျှ မရှိခဲ့ပေ။ သူသည် ဆုလာဘ်များအပေါ်သာ အာရုံစိုက်ခဲ့သည်။ သူသည် မှားယွင်းသည့် ရည်မှန်းချက်ပန်းတိုင်များ ရှိခဲ့သောကြောင့်၊ သူ လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းသည်လည်း အမှန်ပင် မှားယွင်းခဲ့လေသည်။ ဤအရာကို သူ၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော သဘာဝအားဖြင့် ဖြစ်ပေါ်စေခဲ့ပေသည်။ သိသိသာသာပင်၊ ပေါလုသည် မည်သည့် သမ္မာတရားကိုမှ မပိုင်ဆိုင်ခဲ့သကဲ့သို့၊ သူသည် မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိခဲ့ပေ။ လူတို့ကို ကယ်တင်ခြင်းနှင့် ပြောင်းလဲခြင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲ၏။ သူ၏ နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ လူတို့အထဲ၌ အသွင်ပြောင်းလဲသော စိတ်သဘောထားများနှင့် ဘုရားသခင်ကို သိရှိနိုင်စွမ်း၊ သူ့ကို ကျိုးနွံနာခံနိုင်စွမ်းနှင့် ပုံမှန်နည်းလမ်းဖြင့် သူ့ကို ကိုးကွယ်နိုင်စွမ်း တို့ကို ပိုင်ဆိုင်ခြင်း၏ ရလဒ်ကို ရရှိဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ အမှုတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ ပေါလု၏ ရှာဖွေခြင်း နည်းလမ်းသည် ဘုရားသခင်၏ အလိုကို တိုက်ရိုက် ချိုးဖောက်ပြီး ဘုရားသခင်၏ အလိုနှင့် ဆန့်ကျင်ပေသည်။ ယင်းသည် ဘုရားသခင်၏အလိုကို လုံးဝ ဆန့်ကျင်ပေသည်။ သို့သော်၊ ပေတရု၏ ရှာဖွေခြင်း နည်းလမ်းသည် ဘုရားသခင်၏ အလိုနှင့် လုံးဝ ကိုက်ညီခဲ့သည်၊ သူသည် အသက်အပေါ်၊ စိတ်သဘောထား ပြောင်းလဲမှုများအပေါ် အာရုံစိုက်ခဲ့သည်။ ယင်းသည် သူ၏ လုပ်ဆောင်မှုနှင့် လူသားများထဲ၌ ရရှိဖို့ ဘုရားသခင် ဆန္ဒရှိသည့် ရလဒ် အတိအကျ ဖြစ်ပေသည်။ ထို့ကြောင့် ပေတရု၏ လမ်းကြောင်းသည် ကောင်းချီးခံစားရပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိလေသည်။ ပေါလု၏ လမ်းကြောင်းသည် ဘုရားသခင်၏ အလိုကို ချိုးဖောက်မှုတွင် ရှိသောကြောင့်၊ ဘုရားသခင်သည် ယင်းကို စက်ဆုပ်ကာ ကျိန်ဆဲလေသည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်ရန်၊ ဘုရားသခင်၏ အလိုကို သိရှိရမည်ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏ အလိုကို အမှန်တကယ် အပြည့်အဝ နားလည်နိုင်ပါက- ဆိုလိုသည်မှာ လူသားထံမှ မည့်သည့်အရာကို ဘုရားသခင် ဖန်တီးလိုသည်ဆိုသည်နှင့် နောက်ဆုံးတွင် မည်သည့်ရလဒ်ကို ရရှိဖို့ သူ ဆန္ဒရှိသည်ဆိုသည်တို့ကို နားလည်ခြင်းဖြစ်သည်- ထိုအခါမှသာ မည်သည့်လမ်းကြောင်း လိုက်လျှောက်ရမည်ကို တိကျသည့် သိနားလည်မှုတစ်ခု ရှိနိုင်ပေသည်။ သင်သည် ပေတရု၏ လမ်းကြောင်းကို အပြည့်အဝ နားမလည်သကဲ့သို့၊ ယင်းကို လိုက်လျှောက်ဖို့ စိတ်ဆန္ဒတစ်ခု ရှိရုံမျှရှိပါက၊ သင်သည် ယင်းအပေါ် စတင်နိုင်လိမ့်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့်၊ သင်သည် အယူဝါဒများစွာ သိကောင်းသိလိမ့်မည်ဖြစ်သော်လည်း၊ နောက်ဆုံးတွင် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ပေ။ သင်သည် အပေါ်ယံ ဝင်ရောက်မှုတစ်ခုကို ပြုလုပ်ကောင်း ပြုလုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း၊ စစ်မှန်သည့် မည်သည့် ရလဒ်ကိုမျှ သင် ရရှိနိုင်လိမ့်မည်မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၆၆)

မျက်မှောက်ခေတ်တွင် လူအများစုက မိမိကိုယ်ကိုယ်မိမိအပေါ် အလွန်ပင် အပေါ်ယံဆန်သော သိနားလည်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းဖြစ်သော အမှုအရာများကို ရှင်းလင်းစွာ သိမြင်လာခြင်း လုံးဝမရှိခဲ့ကြပေ။ ၎င်းတို့သည် ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော အခြေအန အနည်းငယ်၊ သူတို့ပြုလုပ်တတ်သည့် အမှုအရာများ၊ သို့မဟုတ် သူတို့၏ အားနည်းချက်များ အနည်းငယ်ကိုသာ သိကြပြီး၊ ဤအရာက ၎င်းတို့အား မိမိကိုယ်ကိုယ်သိသည်ဟု ယုံကြည်စေသည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် စည်းကမ်းအနည်းငယ်ကို လိုက်နာကာ အချို့သော ကဏ္ဍများတွင် အမှားမလုပ်မိရန် သေချာစေပြီး၊ ထိုထိုသော ကျူးလွန်ပြစ်မှားခြင်းများ မလုပ်မိအောင် ရှောင်ကြဉ်နိုင်လျှင် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်း၌ စစ်မှန်မှုပိုင်ဆိုင်သည်ဟု မိမိကိုယ်ကိုယ် သဘောထားပြီး ကယ်တင်ခံရလိမ့်မည်ဟု ယူဆတတ်ကြသည်။ ဤသည်မှာ လုံးလုံးလျားလျားပင် လူသား၏ စိတ်အထင်ဖြစ်သည်။ ထိုအရာများကို သင်လိုက်နာလျှင် မည်သည့် ကျူးလွန်ပြစ်မှားခြင်းကိုမျှ မလုပ်မိစေဖို့ သင် အမှန်တကယ် ရှောင်ကြဉ်လာနိုင်လိမ့်မည်လော။ စိတ်သဘောထား၌ စစ်မှန်သောပြောင်းလဲမှုကို သင်ရရှိပြီးဖြစ်လိမ့်မည်လော။ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို သင် အမှန်တကယ် အသက်ရှင်နေလိမ့်မည်လော။ သင်သည် ဘုရားသခင်ကို ထိုနည်းအတိုင်း အမှန်ပင် ကျေနပ်စေနိုင်သလော။ လုံးဝကျေနပ်စေနိုင်မည် မဟုတ်၊ ဤသည်မှာ သေချာ၏။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် လူတစ်ဦးက မြင့်မားသော စံနှုန်းများရှိပြီး သမ္မာတရားနှင့် သူ၏ အသက်တာစိတ်သဘောထား၌ အသွင်ပြောင်းလဲမှု အတော်အတန် ရရှိထားသောအခါမှသာ အလုပ်ဖြစ်လေသည်။ ဤသည်မှာ ရှေးဦးစွာ မိမိကိုယ်ကို သိရန် စိတ်နှစ်မြုပ်လုပ်ဆောင်ခြင်းလိုအပ်သည်။ လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်- ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းကို အားသွန်ခွန်စိုက်လုပ်ရသည်ဟု ယုံကြည်ခြင်းမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရာတွင် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကို အမှန်တကယ် စက်ဆုပ်ခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ ဤတွင် တွေ့ရှိရမည့် အရာအချို့ရှိသည်။ ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ထုတ်ပယ်ခံရပြီး ဖျက်ဆီးခံရသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ထို့ကြောင့် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စောဒကတက်လိမ့်မည်မဟုတ်၊ သို့မဟုတ် အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့ မိမိကိုယ်ကိုယ် အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်် သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏- သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ အားလုံးကအလွန် နောက်ကျခဲ့ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၆၇)

ရှင်းလင်းတိကျစွာပြောရလျှင် မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်း၏ လမ်းကြောင်းလည်း ဖြစ်လေသည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပေတရု၏ လမ်းကြောင်းကို မည်သို့ အတိအကျ လျှောက်လှမ်းရမည် ဆိုသည်နှင့် ယင်းအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို ရှင်းလင်းစွာ သိရမည်။ ပထမဦးစွာ မိမိ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် မိသားစုနှင့် မိမိ၏ ဇာတိပကတိနှင့်ဆိုင်သော အရာအားလုံးကိုပင် ဘေးဖယ်ထားရမည်။ တစ်ဦးတစ်ယောက်အနေဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်ရမည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားနှင့် သူ၏ရည်ရွယ်ချက်များကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက် ရမည်ဖြစ်ပြီး၊ အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ဖို့ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် ပဓာန အကျဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကို မြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ခြင်းတွင် သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ သဘောသဘာဝ၊ အနှစ်သာရနှင့် တကယ့် ချို့ယွင်းချက်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုနည်းအားဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ ဘုရားသခင်၏ တောင်းဆိုချက်များကို အလွယ်တကူ ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင် စေလွှတ်သော ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကျပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို တိကျစွာ နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူ သိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ ပြီးလျှင် လူသား၏ မျိုးစုံသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများနှင့် အားနည်းချက်များကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရနှင့် သဘာဝတို့ကိုလည်း သူ သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ အမှုအတွက် ဘုရားသခင်၏ အလိုတော်နှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်း သူမြင်တွေ့ခဲ့သည်။ သူသည် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို အမှန်တကယ် သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ သူသည် အချည်းနှီး ခံစားခဲ့ရခြင်း မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့အပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် အထူးတလည် ဂရုပြုခြင်းဖြင့် သူအာရုံစိုက်ခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်ရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့် အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြုခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားဖြစ်သရွေ့ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးသည့်နောက်တွင် သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။ အဓိကအားဖြင့် ဤသို့ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် ပေတရု၏ အစေခံခြင်းမှာ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ဖြည့်ဆည်းစဉ်တွင် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၏စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက၊ ထိုသူသည် ဘုရားသခင်အားဖြင့် စုံလင်လာရသည့် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ၎င်းတို့အတွက် လုံးလုံး ထိရောက်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက် ဖြစ်လာပြီးဖြစ်ကြောင်း၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ကြောင်းကို ဆိုနိုင်သည်။ ထို့နောက်တွင် ၎င်းတို့ဇာတိပကတိ၏ သဘာဝသည်၊ ဆိုလိုသည်မှာ ၎င်းတို့ မူလတည်ရှိခြင်း၏ တကယ့်အခြေခံအုတ်မြစ်သည် တစ်ပိုင်းတစ်စစီ တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ပိုင်ဆိုင် ပြီးသည့်နောက်တွင်မှသာ လူသစ်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အသက် ဖြစ်လာပါက၊ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားမျိုးနွယ် အပေါ် သူ၏ ဖွင့်ပြခြင်းများနှင့် သတ်မှတ်ချက်များနှင့် ၎င်းတို့ ဖြည့်ဆည်းဖို့ ဘုရားသခင် တောင်းဆိုသည့် လူသားအသက်တာအတွက် စံနှုန်းများသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း လူတို့ အသက်ရှင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်စေခြင်း ခံရပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြန်လည်မွေးဖွားသူများ ဖြစ်ကြပြီး၊ လူသစ်များ ဖြစ်လာကြပြီးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ပေတရု ရှာဖွေလိုက်စားခဲ့သော လမ်းကြောင်းဖြစ်၏၊ ဤသည်မှာ စုံလင်စေခြင်းခံရသည့် လမ်းကြောင်း ဖြစ်၏။ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စုံလင်စေခြင်းခံရပြီး သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ကိုရ၏။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် သူ၏အသက် ဖြစ်လာပြီး သူသည် သမ္မာတရားကို ရရှိထားသူတစ်ဦး ဖြစ်လာခဲ့၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၆၈)

လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က “လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း” ဟု မေးပါက၊ သူတို့က “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။ စာတန်လုပ်သမျှအရာတိုင်းသည် သူကိုယ်တိုင်၏ အာသာရမ္မက်၊ ရည်မှန်းချက်နှင့် ဦးတည်ချက်များအတွက်ဖြစ်သည်။ သူသည် ဘုရားသခင်ကို ကျော်လွန်ချင်သည်။ ဘုရားသခင်ထံမှ လွတ်မြောက်ချင်သည်။ ဘုရားသခင်ဖန်ဆင်းသောအရာအားလုံးကို ချုပ်ကိုင်ချင်သည်။ ယခုအခါတွင် လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်အထိဖြစ်လာခဲ့သည်။ ၎င်းတို့အားလုံးတွင် ဆိုးယုတ်သော သဘာဝများရှိသည်။ ၎င်းတို့အားလုံးသည် ဘုရားကို ငြင်းပယ်ပြီး ဆန့်ကျင်ဖို့ ကြိုးစားသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်လိုပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ဆန့်ကျင်ဖို့ ကြိုးစားသည်။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် အာသာရမ္မက်တို့သည် စာတန်နှင့် အတိအကျပင် တူညီသည်။ ထို့ကြောင့် လူသား၏ သဘာဝသည် စာတန်၏ သဘာဝဖြစ်သည်။ အမှန်တကယ်တွင် လူများစွာ၏ ဆောင်ပုဒ်များနှင့် ပြောရိုးစကားများသည် လူ့သဘာဝကို ကိုယ်စားပြုပြီး လူ့ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရကို ထင်ဟပ်သည်။ လူတို့ရွေးချယ်သော အရာများသည် ၎င်းတို့ကိုယ်တိုင်၏ ကြိုက်နှစ်သက်မှုများဖြစ်သည်။ ယင်းတို့အားလုံးသည် လူတို့၏ စိတ်သဘောထားများနှင့် လိုက်စားမှုများကို ကိုယ်စားပြု၏။ လူတစ်ယောက်ပြောသည့် စကားတိုင်းတွင်၊ သူလုပ်သမျှတွင် မည်မျှပင် ဟန်ဆောင်ထားပါစေ သူ၏ သဘာဝကို မဖုံးကွယ်နိုင်ပေ။ ဥပမာအားဖြင့် ဖာရိရှဲများသည် ပုံမှန်အားဖြင့် အလွန်ကောင်းစွာ တရားဟောလေ့ရှိသည်။ သို့သော် ယေရှုဖော်ပြသော တရားဒေသနာများနှင့် သမ္မာတရားများကို ၎င်းတို့ ကြားသောအခါ လက်ခံမည့်အစား ယင်းတို့ကို ရှုတ်ချကြသည်။ ဤသည်မှာ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသည့် ဖာရိရှဲတို့၏ သဘာဝနှင့် အနှစ်သာရကို ဖော်ထုတ်ပြ၏။ လူအချို့သည် အလွန်ပင် လှပစွာ စကားပြောဆိုပြီး မိမိတို့ကိုယ်ကို အယောင်ဆောင်ရာတွင် ကျွမ်းကျင်ကြသည်။ သို့သော် အခြားလူတို့သည် ၎င်းတို့နှင့် အချိန်ခဏကြာ ပတ်သက်ပြီးနောက် ၎င်းတို့၏သဘာဝက အလွန်ပင် ကောက်ကျစ်ပြီး မရိုးသားကြောင်းကို တွေ့ရှိရလေသည်။ ၎င်းတို့နှင့် ကြာမြင့်စွာ ပတ်သက်ပြီးနောက်တွင် အခြားလူတိုင်းက ၎င်းတို့၏ အနှစ်သာရနှင့် သဘာဝကို ရှာဖွေတွေ့ရှိရသည်။ အဆုံးတွင် အခြားလူများက အောက်ပါအတိုင်း ကောက်ချက်ချကြတော့၏။ ထိုသူတို့သည် သမ္မာတရားနှင့်ဆိုင်သည့် စကားတစ်ခွန်းမျှ မပြောဘဲ လှည့်စားတတ်ကြသည်ဟူ၍ ဖြစ်သည်။ ဤပြောဆိုချက်က ဤသို့သောလူ၏ သဘာဝကို ကိုယ်စားပြုသည်။ ပြီးလျှင် ယင်းသည် ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့နှင့်ဆိုင်သော အကောင်းဆုံး သာဓကနှင့် သက်သေ ဖြစ်၏။ ၎င်းတို့၏ ရှင်သန်ခြင်းဒဿနမှာ မည်သူ့ကိုမျှ အမှန်တရား မပြောရန်ဖြစ်သည့်အပြင် မည်သူ့ကိုမျှလည်း မယုံကြည်ရန် ဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝတွင် ဆိုးယုတ်သောအတွေးအခေါ် နှင့်အဆိပ်များ အမြောက်အမြား ပါဝင်သည်။ သင်သည် တစ်ခါတစ်ရံ သင်ကိုယ်တိုင် ယင်းတို့ကို သတိပင်မထားမိသကဲ့သို့ နားမလည်ပေ၊ သို့သော် သင့်ဘဝ၏ တဒင်္ဂတိုင်းသည် ယင်းတို့အပေါ် အခြေခံလေသည်။ ထို့အပြင် ဤအရာများမှာ အတော်အတန် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်ကာ လုံးဝ မမှားယွင်းဟု သင်ထင်သည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်များသည် လူတို့၏ သဘာဝ ဖြစ်လာကြောင်း၊ လူတို့သည် ထိုအရာများအတိုင်း လုံးဝ အသက်ရှင်နေထိုင်ပြီး ဤအသက်ရှင်နေထိုင်နည်းက ကောင်းသည်ဟု ထင်မြင်ကြကြောင်း၊ နောင်တရသည့်စိတ် လုံးဝ မရှိကြကြောင်းတို့ကို ပြရန် လုံလောက်သည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကို စဉ်ဆက်မပြတ် ထုတ်ဖော်နေကြပြီး ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များအားဖြင့် မပြတ် အသက်ရှင်နေကြလေသည်။ စာတန်၏ သဘာဝသည် လူသားမျိုးနွယ်၏ အသက်ဖြစ်ပြီး ယင်းသည် လူသားမျိုးနွယ်၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၆၉)

ယခုတွင် သင်တို့သည် သင်တို့ဖွင့်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အတော်အတန် သိမြင်နိုင်ပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော မည်သည့်အရာများကို သင်ဖွင့်ပြတတ်သည်၊ သမ္မာတရားနှင့်ကွဲလွဲသည့် မည်သည့်အရာများကို သင်လုပ်ဆောင်တတ်ဆဲ ဖြစ်သည်တို့က သင့်အတွက် ရှင်းလင်းလာသည်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်ခြင်းက လွယ်ကူသွားလိမ့်မည်။ အမှုအရာများစွာတွင် လူတို့သည် အဘယ်ကြောင့် မိမိတို့ကိုယ်ကို မထိန်းနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် အချိန်ပြည့်၊ ကိစ္စရပ်တိုင်းတွင် ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော ၎င်းတို့စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို ခံရသောကြောင့်ဖြစ်သည်။ ဤအရာသည် အရာရာတွင် ၎င်းတို့ကို ချုပ်ချယ်ပြီး ကြားဝင်နှောင့်ယှက်၏။ လူအချို့သည် ဒုက္ခမရောက်သောအခါ၊ ကျရှုံးခြင်းမရှိသောအခါ၊ သို့မဟုတ် အပျက်သဘောမဆောင်သောအခါတွင် သူတို့ကိုယ်သူတို့ ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟု အစဉ် ခံစားကြရပြီး ကောက်ကျစ်ဆိုးယုတ်သော၊ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် အန္တိခရစ်တစ်ယောက်က ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရသောအခါ ယင်းကို မည်သို့မျှ သဘောမထားကြပေ။ ၎င်းတို့က “မည်သူမဆို ကျရှုံးနိုင်သည်။ သို့သော် ကျွန်ုပ်ကမူ ထိုသို့မဟုတ်။ မည်သူမဆို ဘုရားကို မချစ်ခြင်းဖြစ်နိုင်သည်။ သို့သော် ကျွန်ုပ်ကမူ ချစ်၏” ဟူ၍ပင် လူတိုင်းကို ကြွားဝါပြောဆိုတတ်သည်။ မည်သည့်အခြေအနေ၊ သို့မဟုတ် အကြောင်းအရာတွင်မဆို ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သည်ဟု ၎င်းတို့ထင်မြင်ကြ၏။ ရလဒ်မှာ မည်သို့ရှိသနည်း။ ၎င်းတို့စမ်းသပ်ခြင်းခံရသောနေ့ ရောက်လာသည့်အခါ ၎င်းတို့က ဘုရားသခင်ကို ချူသံပါအောင် ညည်းညူကြတော့သည်။ ဤသည်မှာ ကျရှုံးခြင်း မဟုတ်သလော။ ဤသည်မှာ လဲကျခြင်း မဟုတ်သလော။ မည်သည့်အရာကမျှ လူတို့ကို ၎င်းတို့စမ်းသပ်ခံရချိန်ထက် ပို၍ ဖော်ထုတ်ပြခြင်း မရှိပေ။ လူ၏ အတွင်းအကျဆုံး စိတ်နှလုံးကို ဘုရားသခင်က ဆန်းစစ်လေ့လာသည်။ လူတို့သည် အချိန်မရွေး ကြွားဝါပြောဆိုခြင်း မပြုရပေ။ ၎င်းတို့သည် မည်သည့်အရာကို ကြွားဝါပြောဆိုသည်ဖြစ်စေ ယင်းသည် အနှေးနှင့်အမြန် ၎င်းတို့လဲကျမည့်အရာ ဖြစ်သည်။ အခြားလူများက အခြေအနေတစ်ခုခုတွင် လဲကျပြီး ကျရှုံးသည်ကို မြင်သော်လည်း ၎င်းတို့သည် ယင်းကို မည်သို့မျှ သဘောမထားကြပေ။ ၎င်းတို့ကိုယ်၌က အမှားအယွင်း မလုပ်မိနိုင်၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်ဟုပင် ထင်ကြသည်။ သို့သော် ၎င်းတို့သည်လည်း အဆုံး၌ တူညီသော အကြောင်းအရာတွင်ပင် လဲကျပြီး ကျရှုံးကြ၏။ ဤသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ ယင်းမှာ လူများသည် မိမိတို့၏သဘာဝနှင့် အနှစ်သာရကို နှံ့နှံ့စပ်စပ် နားမလည်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝနှင့် အနှစ်သာရတို့၏ ပြဿနာအပေါ် သိမြင်မှုသည် လုံလုံလောက်လောက် မနက်ရှိုင်းသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အလွန်ပင်ပန်းရသည်။ ဥပမာအနေဖြင့်၊ လူအချို့သည် အလွန်ပင် လှည့်ဖြားတတ်ကာ စကားနှင့် လုပ်ဆောင်ချက်တို့တွင် မရိုးသားကြသော်လည်း ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ မည်သည့်အရာက အပြင်းထန်ဆုံးဖြစ်သည်ကို ၎င်းတို့အား သင်မေးမြန်းလျှင် ၎င်းတို့က “ကျွန်ုပ်သည် အနည်းငယ် လှည့်ဖြားတတ်သည်” ဟု ပြောလိမ့်မည်။ ၎င်းတို့သည် အနည်းငယ် လှည့်ဖြားတတ်သည်ဟုသာ ၎င်းတို့ ပြောရုံမျှပြောသော်လည်း ၎င်းတို့၏သဘာဝကိုယ်နှိုက်က လှည့်ဖြားတတ်သည်ဟု ၎င်းတို့မပြောသကဲ့သို့ ၎င်းတို့သည် လှည့်ဖြားတတ်သော လူတစ်ဦးဖြစ်သည်ဟုလည်း ၎င်းတို့မပြောပေ။ ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော အခြေအနေအပေါ် ၎င်းတို့၏ သိမြင်မှုသည် ထိုမျှ မနက်နဲဘဲ ယင်းကို စိုးရိမ်ဖွယ်ရာ တစ်ခုအဖြစ် မကြည့်သကဲ့သို့ အခြားသူများကဲ့သို့ နှံ့နှံ့စပ်စပ်လည်း မကြည့်ပေ။ ဤလူသည် အလွန်လှည့်ဖြားတတ်ပြီး အလွန်မရိုးဖြောင့်ကြောင်း၊ ၎င်းတို့၏စကားလုံးတိုင်းတွင် လိမ်လည်မှုရှိကြောင်း၊ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များသည် မည်သည့်အခါမျှ မရိုးသားကြောင်း အခြားသူများက မြင်ကြသည်— သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိုမျှ နက်ရှိုင်းစွာ မမြင်နိုင်ပေ။ ၎င်းတို့၌ တိုက်တိုက်ဆိုင်ဆိုင် ရှိနေသည့် မည်သည့်အသိပညာမဆိုသည် အပေါ်ယံမျှသာ ဖြစ်သည်။ ၎င်းတို့ပြောဆိုပြီး ပြုမူတိုင်း ၎င်းတို့၏သဘာဝ၌ တစ်စုံတစ်ခုကို ၎င်းတို့ထုတ်ဖော်သော်လည်း ၎င်းတို့က ဤအရာကို သတိမပြုမိကြပေ။ ၎င်းတို့၏ ဤသို့လုပ်ဆောင်ခြင်းသည် ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြခြင်း မဟုတ်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ထားပြီးဖြစ်သည်ဟု ထင်ကြသည်။ သို့သော် ကြည့်ရှုနေသော လူတို့အတွက်မူ ဤလူသည် အလွန်ပင် သစ္စာဖောက်ပြီး ကောက်ကျစ်သည်။ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အလွန်ပင် မရိုးသားပေ။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝဗီဇနှင့် သက်ဆိုင်သော အလွန်အပေါ်ယံဆန်သည့် သိနားလည်မှု ရှိကြပြီး၊ ဤအရာနှင့် ၎င်းတို့ကို တရားစီရင်ပြီး ထုတ်ဖော်ပြသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိ၏။ ဤသည်မှာ ဘုရားသခင် ထုတ်ဖော်သောအရာထဲမှ အမှားအယွင်းတစ်ခု မဟုတ်ပေ၊ အမှန်မှာ လူသားမျိုးနွယ်သည် သူ၏သဘာဝဗီဇအကြောင်း လေးနက်သောသိနားလည်မှု ကင်းမဲ့ခြင်းပင် ဖြစ်သည်။ လူတို့၌ သူတို့ကိုယ်သူတို့ အခြေခံကျသော သို့မဟုတ် ပဓာနကျသော သိနားလည်မှု မရှိကြပေ၊ ထို့ထက် သူတို့သည် သူတို့၏ လုပ်ဆောင်ချက်များနှင့် အပြင်ပန်းဖော်ပြချက်များအပေါ် အာရုံစိုက်၍ သူတို့၏စွမ်းအားကို မြှပ်နှံထားကြသည်။ အကယ်၍ လူတစ်ဦးက သူ့ကိုယ်သူ သိနားလည်သည့်အကြောင်း တစ်ခုခုကို ရံဖန်ရံခါ ပြောခဲ့လျှင်လည်း ၎င်းမှာ အလွန်လေးနက်မည် မဟုတ်ချေ။ အမှုကိစ္စ အမျိုးအစားတစ်ခုခုကို ပြုလုပ်ထားပြီးဖြစ်သောကြောင့် သို့မဟုတ် အမှုကိစ္စ တစ်ခုခုကို ထုတ်ဖော်ထားပြီးဖြစ်သောကြောင့် သူသည် လူအမျိုးအစားတစ်ခုခု ဖြစ်ကြောင်း သို့မဟုတ် ဤကဲ့သို့သော သဘာဝအမျိုးအစားတစ်ခုခု ရှိကြောင်းကို မည်သူကမျှ တစ်ခါမျှ တွေးဖူးကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ သဘာဝနှင့် ပဓာနကျခြင်းတို့ကို ထုတ်ဖော်ခဲ့ပြီးဖြစ်သည်၊ သို့သော်လည်း လူတို့သည် သူတို့၏ ပြောပုံဆိုပုံနှင့် လုပ်နည်းကိုင်နည်းတို့မှာ အားနည်းချက်ရှိကြောင်းနှင့် မပြည့်စုံကြောင်းကို နားလည်ကြ၏၊ ထို့ကြောင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်မှာ လူတို့အတွက် အားသွန်ခွန်စိုက်လုပ်ရသော အလုပ်တစ်ခု ဖြစ်လေသည်။ လူတို့က သူတို့၏ အမှားများမှာ ၎င်းတို့၏ ဗီဇသဘာဝ ထုတ်ဖော်ချက်များ မဟုတ်ဘဲ အမှတ်တမဲ့ ထွက်ပေါ်လာသည့် ခေတ္တခဏမျှဖြစ်သော သရုပ်သကန်များသာ ဖြစ်သည်ဟု ထင်ကြသည်။ လူတို့က ဤသို့စဉ်းစားသည့်အခါ မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်ရန် အလွန်ခက်ခဲသည်။ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန် အလွန်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မသိကြဘဲ သမ္မာတရားကို မဆာငတ်ကြ၍ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါတွင်လည်း ၎င်းတို့သည် စည်းမျဉ်းများကို ဝတ်ကျေတမ်းကျေသာ လိုက်နာကြ၍ ဖြစ်သည်။ လူတို့က သူတို့၏ သဘာဝဗီဇများမှာ အလွန်ဖောက်ပြန်ပျက်စီးသည်ဟု မရှုမြင်ကြချေ၊ ပြီးလျှင် ၎င်းတို့ ဖျက်ဆီးခံသင့်ဖို့ သို့မဟုတ် အပြစ်ပေးခံသင့်ဖို့ ၎င်းတို့ သိပ်မဆိုးကြဟု ယုံကြည်ကြလေသည်။ သို့တိုင်အောင် ဘုရားသခင်၏ စံနှုန်းများအရ လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းသည် အလွန်နက်ရှိုင်းသည်။ ၎င်းတို့သည် ကယ်တင်ခြင်းစံနှုန်းနှင့် ဝေးကွာနေဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူတို့၌ အပြင်ပန်းတွင် သမ္မာတရားကို မချိုးဖောက်သည့် လုပ်ရပ်အချို့သာရှိပြီး အမှန်တကယ်တွင်မူ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြဘဲ ဘုရားသခင်ကို မနာခံကြသောကြောင့် ဖြစ်သည်။

လူတစ်ဦး၏ အပြုအမူ သို့မဟုတ် အနေအထိုင်တွင် ပြောင်းလဲမှုများသည် ၎င်းတို့၏ သဘာဝထဲက ပြောင်းလဲမှုတစ်ခုကို မညွှန်ပြကြပေ။ ဤအရာ မှန်ရသည့်အကြောင်းရင်းမှာ တစ်ဦးတစ်ယောက်၏ အပြုအမူတွင် ရှိသော ပြောင်းလဲမှုများသည် ၎င်းတို့၏ မူလသွင်ပြင်ကို အခြေခံကျကျ မပြောင်းလဲနိုင်ပေ။ ၎င်းတို့၏ သဘာဝကို ပြောင်းလဲရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ လူတို့သည် သမ္မာတရားကို နားလည်သည့်အခါမှသာ၊ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝနှင့်အနှစ်သာရအပေါ် သိမြင်မှုရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မှသာ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် နက်ရှိုင်းလာနိုင်ကာ စည်းမျဉ်းတစ်စုံကို လိုက်နာစောင့်ထိန်းခြင်းထက် အခြားအရာတစ်ခု ဖြစ်လာနိုင်ပေသည်။ ယခုအချိန်တွင် သမ္မာတရားကို လူတို့ လက်တွေ့လုပ်ဆောင်သည့်ပုံစံသည် စံနှုန်းမမီဆဲ ဖြစ်သကဲ့သို့၊ လိုအပ်သည့် သမ္မာတရားအားလုံးကို အပြည့်အဝ မရရှိနိုင်ပေ။ လူတို့သည် သမ္မာတရား တစ်စိတ်တစ်ပိုင်းကိုသာ လက်တွေ့လုပ်ဆောင်ကြပြီး၊ အချို့သော အနေအထားနှင့် အခြေအနေများတွင် ၎င်းတို့ ရှိကြသည့်အခါမှသာ သမ္မာတရားကို အနည်းငယ် လက်တွေ့လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် အခြေအနေအားလုံးနှင့် နေရာအားလုံးတွင် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နိုင်သည်ဆိုသည်မှာ မမှန်ကန်ပေ။ အခါအားလျော်စွာ၊ လူတစ်ဦးသည် ပျော်ရွှင်ပြီး ၎င်းတို့၏ အခြေအနေ ကောင်းမွန်သောအခါ၊ သို့မဟုတ် ၎င်းတို့သည် သူတစ်ပါးတို့နှင့် မိတ်သဟာယဖွဲ့နေပြီး ၎င်းတို့၏ စိတ်နှလုံးတွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသောအခါ သမ္မာတရားနှင့် ကိုက်ညီသောအရာအချို့ကို လတ်တလော လုပ်နိုင်သည်။ သို့သော် အပျက်သဘောဆောင်ပြီး သမ္မာတရားကို မလိုက်စားသူတို့နှင့် နေထိုင်သောအခါတွင်မူ ၎င်းတို့သည် ဤလူများ၏ လွှမ်းမိုးခြင်းကို ခံရသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် လမ်းပျောက်သွားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းကြောင်း၊ သမ္မာတရားကို ၎င်းတို့နားမလည်သေးကြောင်း ပြသည်။ မှန်ကန်သောလူများ၏ လမ်းပြခြင်း၊ ဦးဆောင်ခြင်းကို ခံရလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့် လူအချို့ရှိကြသည်။ သို့သော် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ယောက်၏ လှည့်စားခြင်း၊ နှောင့်ယှက်ခြင်းကို ခံရလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိရုံမကဘဲ အခြားလူများနောက်သို့ လိုက်ရန်အတွက်လည်း လှည့်စားခံရတတ်သည်။ ဤသို့သောသူများသည် အန္တရာယ်ကျရောက်နိုင်ဆဲဖြစ်သည် မဟုတ်သလော။ ဤဝိညာဉ်ရင့်ကျက်မှုမျိုးရှိသည့် ဤသို့သော လူတို့သည် အမှုကိစ္စအားလုံး၊ အကြောင်းအရာအားလုံးတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်ပေ။ သမ္မာတရားကို ၎င်းတို့လက်တွေ့လုပ်ဆောင်သည်ဆိုလျှင်ပင် စိတ်ကြည်နေသောအခါ၊ သို့မဟုတ် အခြားလူတို့၏ လမ်းပြခြင်းကို ခံရသောအခါတွင်သာ ဖြစ်လိမ့်မည်။ ၎င်းတို့ကို ဦးဆောင်ပေးမည့် ကောင်းမွန်သောသူတစ်ယောက်မရှိပါက သမ္မာတရားအား ချိုးဖောက်သည့် အရာများကို လုပ်ဆောင်တတ်ဆဲဖြစ်သော အချိန်များ၊ ဘုရားနှုတ်ကပတ်တော်များမှ သွေဖည်ဦးမည်ဖြစ်သော အချိန်များ ရှိလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ အခြေအနေအနည်းငယ်ကိုသာ သိပြီး သင်၏ ကိုယ်ပိုင်သဘာဝနှင့် အနှစ်သာရကို သိမြင်မှုမရှိသောကြောင့်၊ ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် ဝိညာဉ်ရင့်ကျက်မှုကို မရရှိသေးသောကြောင့် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် အနာဂတ်တွင် အဘယ်အရာအား လုပ်ဆောင်မည်ဆိုသည်ကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ မည်သည့်အခြေအနေ၊ သို့မဟုတ် စမ်းသပ်မှုမျိုးတွင်မဆို ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။ အခြေအနေတစ်ခုတွင် သင်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ပြောင်းလဲမှုအချို့ကို သင် ဖော်ထုတ်ပုံရသည့် အချိန်များစွာရှိသော်လည်း၊ မတူကွဲပြားသော ပတ်ဝန်းကျင်တွင်၊ သင်သည် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိချေ။ ဤသည်မှာ သင်၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိပေသည်။ တစ်ခါတစ်ရံ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး တစ်ခါတစ်ရံ မလုပ်ဆောင်နိုင်ပေ။ အခိုက်အတန့်တစ်ခုတွင် သင် နားလည်ပြီး၊ နောက်အခိုက်အတန့်တွင် သင် မရှင်းမလင်းဖြစ်၏။ လတ်တလောတွင်၊ သင်သည် မကောင်းသည့်အရာ မည်သည့်အရာကိုမျှ မလုပ်ဆောင် သော်လည်း၊ အနည်းငယ်အကြာတွင် သင် လုပ်ကာင်းလုပ်လိမ့်မည်။ ဤအရာက သင့်အထဲတွင် ဖောက်ပြန်ပျက်စီးသော အရာများ တည်ရှိနေဆဲဖြစ်သည်ကို သက်သေပြပြီး၊ သင်သည် မိမိကိုယ်ကိုယ် အစစ်အမှန် သိရှိနိုင်စွမ်းမရှိပါက၊ ထိုအရာများသည် ဖြေရှင်းဖို့ လွယ်ကူလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည့် စေ့စပ်သေချာသော သိနားလည်မှု မရရှိနိုင်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် အရာများကို နောက်ဆုံးတွင် လုပ်ဆောင်နိုင်စွမ်းရှိပါက၊ သင်သည် အန္တရာယ်ရှိပေသည်။ သင်သည် သင်၏ သဘာဝကို စူးရှသော ထိုးထွင်းသိမြင်မှုရရှိနိုင်ပြီး ယင်းကို မုန်းတီးနိုင်ပါက၊ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်လိမ့်မည်၊ မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်လိမ့်မည် ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၇၀)

သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်သည် သမ္မာတရားကို လူတို့နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်စေရန်၊ ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုများ ရရှိနိုင်စေရန်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့နားလည်သည်နှင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းသို့ အလင်းနှင့် ပျော်ရွှင်မှုအနည်းငယ် သယ်ဆောင်ပေးရန်သက်သက် မဟုတ်ပေ။ သင်သည် သမ္မာတရားကို နားလည်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ နားလည်ခြင်းသည် အဓိပ္ပာယ်မရှိပေ။ သမ္မာတရားကို လူတို့နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်သောအခါတွင် ပြဿနာသည် အဘယ်နည်း။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို မချစ်၊ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို လက်မခံဟူသည့် သက်သေဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးများနှင့် ကယ်တင်ခြင်းအတွက် အခွင့်အလမ်းကို လွဲချော်လိမ့်မည်။ သမ္မာတရားကို လူတို့ရယူနိုင်ခြင်း ရှိမရှိတွင် အရေးပါသည်မှာ သမ္မာတရားကို ၎င်းတို့လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဖြစ်သည်။ သင်သည် သင်နားလည်သည့် သမ္မာတရားအားလုံးကို လက်တွေ့လုပ်ဆောင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်း၊ အလင်းပေးခြင်း၊ လမ်းပြခြင်းတို့ကို ရရှိလိမ့်မည်။ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည်။ သမ္မာတရားအပေါ် သာ၍နက်နဲသော နားလည်မှုတစ်ခု ရရှိလိမ့်မည်။ သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိမ့်မည်။ လူအချို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို ဉာဏ်အလင်းဖွင့်မပြ၊ သို့မဟုတ် အလင်းမပေး၊ ဘုရားသခင်က ၎င်းတို့ကို ခွန်အားမပေးဟု အစဉ် စောဒကတက်နေကြသည်။ ဤသည်မှာ မှားယွင်း၏။ ဤသည်မှာ ဘုရားသခင်ကို နားလည်မှုလွဲခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းသည် လူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ထားခြင်း ဖြစ်သည်။ လူတို့သည် ရိုးသားစစ်မှန်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်စိတ် ရှိရမည်။ ၎င်းတို့၏ နားလည်မှုက လေးနက်သည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကို ခံရမည်။ လူတို့သည် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပြီး ၎င်းတို့လက်တွေ့လုပ်ဆောင်အောင် အတင်းအကျပ်ပြုမည်ကိုသာ စောင့်နေလျှင် ၎င်းတို့သည် အလွန်အမင်း မလှုပ်မယှက်နေနေခြင်း မဟုတ်လော။ ဘုရားသခင်သည် လူတို့ကို မည်သည့်အရာကိုမျှ အတင်းအကျပ် မလုပ်ဆောင်ခိုင်းပေ။ လူတို့သည် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့လုပ်ဆောင်ချင်စိတ်မရှိလျှင် ဤသည်မှာ ၎င်းတို့က သမ္မာတရားကို မချစ်၊ သို့မဟုတ် ၎င်းတို့၏ အခြေအနေသည် ပုံမှန်မဟုတ်ဘဲ အတားအဆီးတစ်မျိုးမျိုး ရှိနေသည်ကို ပြသည်။ သို့သော် လူတို့သည် ဘုရားသခင်ကို ဆုတောင်းနိုင်လျှင် ဘုရားသခင်သည်လည်း အလုပ်လုပ်လိမ့်မည်။ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်စိတ် မရှိမှသာ၊ ဘုရားသခင်ကိုလည်း ဆုမတောင်းမှသာ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့တွင် အလုပ်လုပ်ရန် နည်းလမ်းမရှိမည် ဖြစ်သည်။ အမှန်တကယ်တွင် လူတို့၌ မည်သည့်အခက်အခဲမျိုးရှိပါစေ အစဉ် ဖြေရှင်း၍ ရနိုင်သည်။ အဓိကအချက်မှာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဖြစ်သည်။ ယခုအခါတွင် သင်တို့အတွင်း၌ရှိသော ဖောက်ပြန်ပျက်စီးမှု ပြဿနာများသည် ကင်ဆာမဟုတ်။ ကုသ၍မရနိုင်သော ရောဂါတစ်ခုခု မဟုတ်ပေ။ သမ္မာတရားကို သင်တို့လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်နိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို သင်တို့ရရှိလိမ့်မည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲရန် ဖြစ်နိုင်ခြေရှိလိမ့်မည်။ အားလုံးက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်စိတ်ပိုင်းဖြတ်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ ဤသည်မှာ အဓိကအချက်ဖြစ်၏။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင်၊ သမ္မာတရား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရနိုင်လိမ့်မည် ဖြစ်ပြီး သေချာပေါက် ကယ်တင်ခြင်းခံရနိုင်မည် ဖြစ်သည်။ သင်လျှောက်သော လမ်းကြောင်းသည် မှားယွင်းသော လမ်းဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်ဆုံးရှုံးလိမ့်မည်။ မှားယွင်းသော ခြေလှမ်းတစ်လှမ်းသည် နောက်ထပ်ခြေလှမ်းမှားတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။ သင့်အတွက် အားလုံးပြီးဆုံးသွားလိမ့်မည်။ နှစ်မည်မျှကြာသည်အထိ သင်ဆက်ယုံကြည်နေသည်ဖြစ်စေ ကယ်တင်ခြင်းကို ရယူနိုင်လိမ့်မည်မဟုတ်ပေ။ ဥပမာ လူအချို့သည် အလုပ်လုပ်သောအခါ ဘုရားအိမ်တော်ကို အကျိုးဖြစ်စေသည့်၊ ဘုရားအလိုတော်နှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မည်သို့လုပ်ဆောင်ရမည်ကို လုံးဝ မစဉ်းစားပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသော၊ ဘုရားသခင်အတွက် စက်ဆုပ်ဖွယ်၊ မုန်းတီးဖွယ်ဖြစ်သော အရာများစွာကို လုပ်ဆောင်ကြသည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရ၏။ အရာခပ်သိမ်းတွင် လူတို့သည် သမ္မာတရားကိုရှာဖွေနိုင်ပြီး သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်လျှင် ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသောသူတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ချက်ရှိကြသည်။ လူအချို့သည် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ကြပေ။ ထိုအစား သမ္မာတရားသည် ဤအရာထက် လုံးဝ မပိုဟု ယုံကြည်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်စွမ်းမရှိကြပေ။ ဤသို့သောလူများသည် ရယ်ဖွယ်ရာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အဓိပ္ပာယ်မရှိမဖြစ်သလော။ ၎င်းတို့သည် လူတတ်ကြီးများ မဟုတ်လော။ လူတို့သည် သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲနိုင်သည်။ ၎င်းတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် အစေခံခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝ ပင်ကိုစရိုက်နှင့်အညီဖြစ်လျှင် တစ်ဦးတစ်ယောက်မျှ ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိနိုင်မည်မဟုတ်ပေ။ မိမိတို့၏ကိုယ်ပိုင် ရွေးချယ်မှုအမှားများကြောင့် တနုံ့နုံ့ပူဆွေးသောကရောက်ပြီး တစ်နေကုန် အချိန်ကုန်ဆုံးသောသူအချို့ရှိသည်။ အရန်သင့် သုံး၍ရသော သမ္မာတရားရှိပါလျက်နှင့် ၎င်းတို့သည် ယင်းကို လုံးဝ မစဉ်းစားကြ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန် မကြိုးစားကြဘဲ ကိုယ်ပိုင်လမ်းကြောင်းကို မရမကရွေးချယ်ကြသည်။ ဤသည်မှာ အလွန်ပင် အဓိပ္ပာယ်မရှိသော ပြုမူပုံပင် ဖြစ်တော့၏။ အမှန်တကယ်ပင် ၎င်းတို့သည် ကောင်းသောအရာတစ်ခုကို မြင်သောအခါ မသိကြဘဲ ဘဝတွင် ကြမ္မာငင်ဖို့ရန် ကံပါလာကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ရိုးရှင်း၏။ သင်လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိကသာ အရေးပါသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ပြီးသူတစ်ယောက်ဖြစ်လျှင် သင်၏ အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့သည် တဖြည်းဖြည်းချင်း ပြေလည်ပြီး ပြောင်းလဲသွားလိမ့်မည်။ ဤသည်မှာ သင်၏ စိတ်နှလုံးသည် သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ သမ္မာတရားကို သင်လက်ခံနိုင်ခြင်းရှိမရှိ၊ သမ္မာတရားကိုရရှိရန် သင်ဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ သမ္မာတရားကို သင်အမှန်တကယ်ချစ်လျှင် လူတို့၏ မကောင်းပြောခံရသည်ဖြစ်စေ၊ ဝေဖန်ပြစ်တင်ခံရသည်ဖြစ်စေ၊ စွန့်ပစ်ခံရသည်ဖြစ်စေ သမ္မာတရားကို ရရှိရန်အတွက် ဝေဒနာမျိုးစုံကို ခါးစည်းခံနိုင်လိမ့်မည်။ ဤအရာအားလုံးကို စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ဖြင့် သင်ခံနိုင်သင့်သည်။ ဘုရားသခင်သည် သင့်ကို ကောင်းချီးပေးပြီး ကာကွယ်လိမ့်မည်။ သင့်ကို စွန့်ပစ်မည် မဟုတ်၊ သို့မဟုတ် လျစ်လျူရှုလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကြောက်သောစိတ်နှလုံးဖြင့် ဆုတောင်းလျှင်၊ ဘုရားသခင်ကို အမှီပြုပြီး ကြည်ညိုလေးစားလျှင် သင်မဖြတ်သန်းနိုင်သည့်အရာတစ်ခုမျှ ရှိမည်မဟုတ်ပေ။ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိနိုင်သည်။ သင်သည် ပြစ်မှားနိုင်သည်။ သို့သော် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလျှင်၊ သင်သည် သမ္မာတရား လိုက်စားခြင်းလမ်းကြောင်းကို စေ့စပ်သေချာစွာ လျှောက်လျှင် မလွဲမသွေ ခိုင်မြဲစွာ ရပ်တည်နိုင်လိမ့်မည်။ ဘုရားသခင်၏ ဦးဆောင်ခြင်း၊ ကွယ်ကာခြင်းကို မလွဲမသွေ ခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၇၁)

သမ္မာတရား သိနားလည်ခြင်းကို သင် စွမ်းဆောင်ရရှိလိုပါက၊ ဘုရားနှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည်ကို သင် သိရန် အလွန်အရေးကြီးသည်။ ဘုရားနှုတ်ကပတ်တော်များကို အလွန်နည်းပါးစွာ သင် ဖတ်ရှုပါက၊ စိတ်ထက်သန်မှုဖြင့် မဖတ်သကဲ့သို့၊ မိမိစိတ်နှလုံးဖြင့် ချင့်ချိန်မစဉ်းစားပါက၊ သမ္မာတရားကို သင် နားလည်နိုင်မည် မဟုတ်ပေ။ သင် နားလည်နိုင်မည့်အရာမှန်သမျှမှာ အယူဝါဒအနည်းငယ်သာဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်၏ အလိုတော်နှင့် သူ၏ နှုတ်ကပတ်တော်များထဲက ဘုရားရည်ရွယ်ချက်ကို နားလည်ရန် သင့်အတွက် အလွန်ခက်ခဲမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့် ရည်မှန်းချက်များနှင့် ရလဒ်များကို သင် နားမလည်ပါက၊ သူ့နှုတ်ကပတ်တော်များသည် လူတို့၌ မည်သည့်အရာကို ဖြစ်မြောက်စေဖို့နှင့် စုံလင်စေဖို့ ကြိုးစားသည်ကို သင်နားမလည်ပါက၊ ဤအရာများကို သင်နားမလည်ပါက၊ သင်သည် သမ္မာတရားကို နားမလည်သေးသည်ကို ယင်းက သက်သေပြပေသည်။ ဘုရားသခင်က သူပြောကြားသည့်အရာများကို အဘယ့်ကြောင့် ပြောကြားသနည်း။ သူသည် ထိုလေသံဖြင့် အဘယ်ကြောင့် ပြောကြားသနည်း။ သူပြောကြားသည့် စကားလုံးတိုင်းတွင် သူသည် အဘယ့်ကြောင့် အလွန် စိတ်ထက်သန်ပြီး၊ စစ်မှန်သနည်း။ သူသည် အချို့သော စကားလုံးများကို သုံးဖို့ အဘယ့်ကြောင့် ရွေးချယ်သနည်း။ သင်သိသလော။ ယင်းမှာ ဘုရားသခင်၏ အလိုတော်၊ သို့မဟုတ် သူ၏ ရည်ရွယ်ချက်များကို သင် နားမလည်သည့် သဘောဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များနောက်ကွယ်ရှိ ဆက်စပ်အကြောင်းအရာကို သင် နားမလည်ပါက၊ သမ္မာတရားကို သင် မည်သို့နားလည်နိုင်မည်နည်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ သမ္မာတရားကို ရရှိရန်၊ သူမိန့်မြွက်သည့် နှုတ်ကပတ်တော်တိုင်းရှိ ဘုရားသခင် ဆိုလိုသည့်အရာကို ပထမဦးစွာ သင် နားလည်ရမည်ဖြစ်ပြီး၊ ထို့နောက် ဘုရားနှုတ်ကပတ်တော်များကို သင့်အထဲတွင် အသက်ရှင်နေထိုင်စေကာ သင်၏ လက်တွေ့အရှိတရားဖြစ်လာစေလျက်၊ သင် သဘောပေါက်သည့်အရာကို လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်။ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကုန်အစင်နားလည်ခြင်းတစ်ခု ရှိသည့်အခါမှသာလျှင် သမ္မာတရားကို သင် အမှန်တကယ် နားလည်သဘောပေါက်နိုင်မည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒအနည်းငယ်ကို နားလည်ရုံမျှ နားလည်လာပြီးသည့်နောက်၊ သင်သည် သမ္မာတရားကို နားလည်ပြီး လက်တွေ့အရှိတရားကို ပိုင်ဆိုင်သည်ဟု သင်ထင်သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် လှည့်ဖြားခြင်းဖြစ်သည်။ ဘုရားသခင်က လူတို့ကို အဘယ်ကြောင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ဖို့ တောင်းဆိုသည်ကိုပင် သင် နားမလည်ပေ။ ဤအရာက သင်သည် ဘုရားသခင်၏ အလိုတော်ကို သင် နားမလည်သကဲ့သို့၊ သမ္မာတရားကို သင် နားမလည်သေးကြောင်း သက်သေပြသည်။ အမှန်တွင်၊ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်နိုင်ပြီး၊ ဘုရားသခင်ကို နာခံကာ သိကျွမ်းသည့် သူများဖြစ်လာနိုင်ဖို့အလို့ငှာ ၎င်းတို့ကို သန့်စင်ပြီး ကယ်တင်ရန် ဘုရားသခင်က လူတို့အပေါ် ဤသတ်မှတ်ချက်ကို ပြုလုပ်ပေသည်။ ဤသည်မှာ သမ္မာတရားကို လုက်တွေ့လုပ်ဆောင်ရန် လူတို့ကို တောင်းဆိုခြင်းအားဖြင့် ဘုရားသခင် စွမ်းဆောင်ရရှိချင်သည့် ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။

ဘုရားသခင်သည် သမ္မာတရားကို ချစ်မြတ်နိုးသည့်၊ သမ္မာတရားကို ဆာငတ်သည့်၊ ပြီးလျှင် သမ္မာတရားကို ရှာဖွေသည့် လူများအတွက် သမ္မာတရားကို ဖော်ပြပေသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများတို့ကိုသာ စိတ်ဝင်စားသည့်သူများနှင့် ရှည်လျားပြီး ခမ်းကြီးနားကြီးနိုင်သော မိန့်ခွန်းများကို ဟောကြားလိုသည့် သူများအတွက်မူ၊ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အရူးလုပ်နေကြသည်။ သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့်သက်ဆိုင်သည့် ၎င်းတို့၏အမြင်ရှုထောင့်က မှားယွင်းသည်။ ၎င်းတို့သည် ဖြောင့်မတ်သောအရာကို ဖတ်ဖို့ ၎င်းတို့၏ဇက်များကို လိမ်ကြသည်- ၎င်းတို့၏ အမြင်ရှုထောင့်အားလုံးသည် မှားယွင်းလေသည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များကို လေ့လာရန် ပိုနှစ်သက်ကြသည်။ ခရီးပန်းတိုင်အကြောင်း၊ ကောင်းချီးခံစားရမည့်ပုံအကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သို့ပြောဆိုသည်ကို ၎င်းတို့ အမြဲလေ့လာကြသည်။ ၎င်းတို့သည် ဤစကားမျိုးများတွင် စိတ်အဝင်စားဆုံး ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက မိမိတို့အယူအဆများနှင့် မကိုက်ညီသကဲ့သို့ ကောင်းချီးများအတွက် မိမိတို့၏ စိတ်ဆန္ဒများကို မဖြည့်ဆည်းပါက၊ ၎င်းတို့သည် အပျက်သဘောဆောင်လာကြမည်၊ သမ္မာတရားကို လိုက်စားတော့မည်မဟုတ်သကဲ့သို့ ဘုရားသခင်အတွက် အသုံးခံချင်တော့မည် မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားကြောင်းကို ဤအရာက ပြနေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို အလေးအနက် မထားကြချေ။ ၎င်းတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးတို့နှင့် ကိုက်ညီသည့်သမ္မာတရားကို လက်ခံခြင်းသာ တတ်နိုင်စွမ်းကြသည်။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ရာ၌ စိတ်ထက်သန်ကြပြီး၊ ကောင်းမှုအချို့ကို လုပ်ဆောင်ဖို့ နည်းလမ်းမျိုးစုံ ကြိုးစားကာ၊ အခြားသူများအား မိမိတို့ကိုယ်ကိုယ် ကောင်းမွန်စွာ ဟန်ရေးပြကြ သော်လည်း၊ ၎င်းတို့သည် အနာဂတ်တွင် ခရီးပန်းတိုင်ကောင်းတစ်ခု ရှိဖို့အလို့ငှာသာ လုပ်ဆောင်နေကြခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် အသင်းတော်အသက်တာတွင်လည်း ပါဝင်ပြီး၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်၊ သို့မဟုတ် ရရှိမည်မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်လူအချို့ရှိသော်လည်း၊ ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြကြသည့်သူများ ဖြစ်သည်။ ၎င်းတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒအနည်းငယ်တို့ကို နားလည်လာခြင်းသက်သက်ဖြင့် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့သည် မိုက်မဲလိုက်လေတကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် သမ္မာတရားကို သေချာပေါက် နားလည်ပြီး ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်ခြင်းမရှိပါက၊ သင်ရရှိသည့်အရာများသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်မည်။ သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ သို့မဟုတ် စည်းမျဉ်းများအတိုင်း မည်သို့ဆောင်ရွက်ရမည်ကို သင်မသိပါက၊ သင်၌ သမ္မာတရား၏ စစ်မှန်မှုမရှိမြဲသာဖြစ်သည်။ မကြာခဏ ဘုရားနှုတ်ကပတ်တော်များကို သင် ဖတ်ကောင်းဖတ်နိုင်သော်လည်း၊ နောက်ပိုင်းတွင်၊ ဘုရားအလိုတော်ကို နားမလည်နိုင်သေးသကဲ့သို့၊ ကျမ်းဟောင်းတရားနှင့် အယူဝါဒကိုသာ ရရှိသည်။ သမ္မာတရားကို သိနားလည်ရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်နည်း။ ပထမဦးစွာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လွယ်ကူရှင်းလင်းခြင်း မရှိသည်ကို သင်သဘောပေါက်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လုံးလုံးလျားလျား နက်နဲပေသည်။ ဘုရားနှုတ်ကပတ်တော်၏ ဝါကျတစ်ကြောင်းကို တွေ့ကြုံခံစားဖို့ အချိန်တစ်သက်တာလိုအပ်သည်။ နှစ်အနည်းငယ် အတွေ့အကြုံမရှိဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်သို့ အမှန်တကယ် နားလည်ရန် ဖြစ်နိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါတွင် ဘုရားသခင်၏ အလိုတော်ကို နားမလည်ဘဲ၊ ဘုရားနှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်များ၊ ၎င်းတို့၏ မူလဇာစ်မြစ်၊ ၎င်းတို့ရရှိဖို့ ကြိုးစားသည့် အကျိုးသက်ရောက်မှု သို့မဟုတ် ၎င်းတို့ ဖြစ်မြောက်ဖို့ ကြိုးစားသည့် အရာတို့ကို သင်နားမလည်ပါက၊ ယင်းက သင်သည် သမ္မာတရားကို နားလည်သည်ဟု ဆိုလိုသလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးနိုင်လောက်ကာ၊ ကျမ်းချက်များစွာကိုပင် အလွတ်ရွတ်ဆိုကောင်း ဆိုနိုင်လိမ့်မည် ဖြစ်သော်လည်း၊ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့၊ လုံးဝ မပြောင်းလဲသေးပေ။ ပြီးလျှင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ယခင်ကကဲ့သို့ ဝေးကွာပြီး ကင်းကွာနေသည်။ သင်၏ အယူအဆများနှင့် ဆန့်ကျင်သည့်အရာတစ်ခုကို ကြုံရသည့်အခါ၊ သူ့အပေါ် သံသယရှိမြဲရှိနေကာ သူ့ကို နားမလည်ဘဲ၊ သူ့ကို ကျိုးကြောင်းပြ ငြင်းခုံပြီး၊ ခုခံကာ ပြစ်မှားစော်ကားရင်းဖြင့်ပင် သူနှင့်ပတ်သက်သည့် အယူအဆများနှင့် သူ့အပေါ် အထင်လွဲမှုများ သိုထားလေသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤစိတ်သဘောထားသည် မာနထောင်လွှားမှု၊ သမ္မာတရားကို စိတ်ကုန်သည့် သဘောထား ဖြစ်သည်။ အလွန်မာနထောင်လွှားပြီး၊ သမ္မာတရားကို အလွန် ငြီးငွေ့သည့်လူများသည် မည်သို့ ထိုသမ္မာတရားကို လက်ခံနိုင်မည်နည်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ထိုသို့သောလူများသည် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမျှ လုံးဝ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၇၂)

“အဆုံးထိတိုင် လိုက်လျှောက်သောသူသည် ကယ်တင်ခံရလိမ့်မည်။” ဟု ဆိုထားသော်လည်း၊ ဤအရာကို လက်တွေ့လုပ်ဆောင်ဖို့ လွယ်ကူပါသလော။ မလွယ်ကူသကဲ့သို့၊ အဆင်းနီသော နဂါးကြီး၏ လိုက်လံဖမ်းဆီးကာ နှိပ်စက်ညှဉ်းပန်းခြင်း ခံရသူများစွာတို့သည် အလွန်တွန့်ဆုတ်လာပြီး ဘုရားနောက်လိုက်ဖို့ ကြောက်ရွံ့လာကြသည်။ အဘယ်ကြောင့် ၎င်းတို့ ပြိုလဲခဲ့ကြသနည်း။ အဘယ်ကြောင့်ဆိုသော်၊ စစ်မှန်သည့် ယုံကြည်ခြင်း ကင်းမဲ့သောကြောင့် ဖြစ်သည်။ လူအချို့သည် သမ္မာတရားကို လက်ခံနိုင်သည်၊ ဘုရားထံ ဆုတောင်းနိုင်သည်၊ ဘုရားအပေါ် မှီခိုနိုင်ပြီး စမ်းသပ်မှုများနှင့် အတိဒုက္ခများတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သော်လည်း၊ အခြားသူများမှာ အဆုံးထိ လိုက်မလျှောက်နိုင်ကြချေ။ စမ်းသပ်မှုများနှင့် အတိဒုက္ခများအတောအတွင်း တစ်ချိန်ချိန်တွင်၊ ၎င်းတို့ ပြိုလဲကြလိမ့်မည်၊ မိမိတို့ သက်သေခံချက်ကို ဆုံးရှုံးကြလိမ့်မည်ဖြစ်ပြီး၊ လဲကျနေရာမှ ပြန်ထပြီး ဆက်မသွားနိုင်ကြချေ။ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သင်၏ သန္နိဋ္ဌာန်ကို ကိုင်လှုပ်နိုင်သည့်အရာများ၊ သင်၏ စိတ်နှလုံး၌ နေရာယူနိုင်သည့်အရာများ၊ သို့မဟုတ် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်းကို ကန့်သတ်နိုင်သည့်အရာများ နှင့် သင်၏ ရှေ့ဆက် တိုးတက်မှု ဖြစ်သည့် နေ့တိုင်း ဖြစ်ပေါ်သည့်အရာများအားလုံးသည်- လုံ့လဝီရိယရှိသည့် စိစစ်ကုစားမှု လိုအပ်ပေသည်။ သင်သည် ၎င်းတို့ကို သေချာ ဆန်းစစ်ကာ သမ္မာတရားကို ရှာဖွေသင့်သည်။ ဤအရာအားလုံးမှာ သင် တွေ့ကြုံသည်နှင့်အမျှ ဖြေရှင်းရမည့် ပြဿနာများဖြစ်သည်။ လူအချို့သည် အခက်အခဲများ ကြုံရသည့်အခါ အပျက်သဘောဆောင်လာကြသည်၊ ညည်းညူကာ မိမိတို့တာဝန်များကို နုတ်ထွက်လိုက်ကြပြီး၊ ဆုတ်ဆိုင်းမှုတစ်ခုစီနောက်ပိုင်းတွင် ဖြည်းဖြည်းချင်းပင် ပြန်လည်ထူထောင်နိုင်ခြင်း မရှိကြချေ။ ဤလူအားလုံးတို့သည် သမ္မာတရားကို မချစ်သော လူနုံလူအများဖြစ်ကြပြီး၊ ၎င်းတို့သည် တစ်သက်တာလုံး ယုံကြည်ခြင်းဖြင့်ပင် ယင်းကို ရကြလိမ့်မည် မဟုတ်ပေ။ ယင်းကဲ့သို့ လူနုံလူအများသည် အဆုံးတိုင် အဘယ်သို့ လိုက်နိုင်မည်နည်း။ အလားတူအရာသည် သင့်ထံ ဆယ်ကြိမ် ဖြစ်ပျက်သော်လည်း၊ ထိုအရာမှ သင် ဘာမျှမရရှိပါက၊ သင်သည် သာမန်မျှ၊ အသုံးမကျသော လူတစ်ဦးဖြစ်သည်။ ပါးနပ်ချက်ချာသော လူများနှင့် ဝိညာဉ်ရေးရာကိစ္စများကို နားလည်သော စစ်မှန်သော အရည်အချင်းရှိသူများမှာ သမ္မာတရားကို ရှာဖွေသောသူများ ဖြစ်သည်၊ ၎င်းတို့ထံ တစ်စုံတစ်ရာ ဆယ်ကြိမ် ဖြစ်ပျက်ပါက၊ ထိုကိစ္စများထဲမှ ရှစ်ကြိမ်တွင်၊ ဉာဏ်အလင်းပေးခြင်းအချို့ကို ၎င်းတို့ ရရှိနိုင်ကြပေမည်၊ သင်ခန်းစာအချို့ကို သင်ယူနိုင်ကြပေမည်၊ သမ္မာတရား အချို့ကို နားလည်ကာ တိုးတက်မှု အချို့ကို ပြုလုပ်ကောင်း ပြုလုပ်နိုင်ကြပေမည်။ ဝိညာဉ်ရေးရာကိစ္စများကို နားမလည်သော လူနုံလူအတစ်ဦးအပေါ် အမှုအရာများ ဆယ်ကြိမ် ဖြစ်သောအခါ၊ တစ်ကြိမ်မျှ ၎င်းတို့၏ ဘဝကို အကျိုးရှိစေလိမ့်မည်မဟုတ်၊ တစ်ကြိမ်တစ်ခါမျှ ၎င်းတို့ကို ပြောင်းလဲစေလိမ့်မည်မဟုတ်သကဲ့သို့၊ တစ်ကြိမ်တစ်ခါမျှ ၎င်းတို့၏ အကျည်းတန်သော မျက်နှာကို သိစေမည်မဟုတ်ချေ၊ ယင်းမှာ ၎င်းတို့အတွက် အဆုံးသတ်ဖြစ်ပေသည်။ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင်၊ ၎င်းတို့ လဲကျကြသည်၊ ၎င်းတို့ လဲကျသည့်အခါတိုင်းတွင်၊ ၎င်းတို့ကို အားပေးဖို့နှင့် ချော့ဖို့ အခြားတစ်စုံတစ်ဦးကို ၎င်းတို့ လိုအပ်ကြသည်။ အားပေးခြင်းနှင့် ချော့မော့ခြင်း မရှိဘဲ၊ ၎င်းတို့ မထနိုင်ကြပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အကြိမ်တိုင်းတွင် ၎င်းတို့ လဲကျမည့် အန္တရာယ်တွင် ရှိကြပါက၊ ပြီးလျှင် အကြိမ်တိုင်းတွင် ၎င်းတို့အနေဖြင့် ၎င်းတို့ စွန့်ပစ်ခံရမည့် အန္တရာယ်ရှိပါက၊ ဤသည်မှာ ၎င်းတို့အတွက် အဆုံးသတ်ဖြစ်သည် မဟုတ်လော။ ထိုသို့သော အသုံးမကျသည့် ဤလူများကို ကယ်တင်ရန်အတွက် အခြားအကြောင်းပြချက် တစ်ခုတစ်လေ ရှိသေးသလော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူတို့အား ကယ်တင်ခြင်း၊ လိုအင်ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိသည့် ၎င်းတို့၏ တစ်စိတ်တစ်ဒေသနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို တမ်းတသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကယ်တင်ခြင်း ဖြစ်သည်။ လူတစ်ဦး၌ စိတ်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတပြီး အသိတရား ပိုင်ဆိုင်သည့် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းသည် ဆေးကြောသန့်စင်ခံရပြီး ၎င်းတို့၏အသက်စိတ်သဘောထား ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ ဤတစ်စိတ်တစ်ဒေသကို ကယ်တင်ပြီး ယင်းမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလေသည်။ သင်သည် သင့်အတွင်း၌ ဤအရာများ မရှိလျှင်၊ ကယ်တင်မခံရနိုင်ပေ။ အကယ်၍ သင်အတွင်း၌ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် အလင်းအတွက် ပြင်းပြသောဆန္ဒမရှိပါက၊ သင် မကောင်းမှုနှင့် ကြုံတွေ့သည့်အခါတိုင်း၊ သင်သည် မကောင်းသောအရာများကို စွန့်ပစ်လိုစိတ် မရှိသကဲ့သို့၊ အခက်အခဲကို ခံစားရန် စိတ်ဆုံးဖြတ်ချက် မရှိပေ၊ ထို့အပြင် သင်၏အသိတရားသည် ထုံထိုင်းနေပါက၊ သမ္မာတရားကို လက်ခံနိုင်သော သင်၏စွမ်းရည်မှာလည်း ထုံထိုင်းကာ၊ သင်သည် သမ္မာတရား၊ ဖြစ်ပေါ်နေသော အဖြစ်အပျက်များနှင့် မယဉ်ပါးပါက၊ သင့်အပေါ် ကျရောက်သည့် မည်သည့်အရာကိုမဆို ရင်ဆိုင်ရာတွင်၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို သင် မရှာဖွေနိုင်သကဲ့သို့ စဉ်ဆက်မပြတ် အပျက်သဘောဆောင်ပါက၊ သင့်အတွက် ကယ်တင်ခံရဖို့ နည်းလမ်းမရှိပေ။ ထိုသို့သော လူတစ်ဦးသည် ၎င်းတို့ကို ထောက်ခံရန် တစ်စုံတစ်ခုမျှမရှိ၊ ဘုရားသခင် အလုပ်လုပ်ရန် ထိုက်တန်သည့်အရာ တစ်ခုမျှ မရှိချေ။ ၎င်းတို့၏ အသိစိတ်က ထုံထိုင်းသည်၊ ၎င်းတို့၏ စိတ်က မကြည်လင်ပေ၊ ပြီးလျှင် သမ္မာတရားကို ၎င်းတို့ မချစ်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ဖြောင့်မတ်ခြင်းကို မတမ်းတကြပေ၊ ဘုရားသခင်သည် သမ္မာတရားကိုမည်မျှပင် ရှင်းရှင်းလင်းလင်း သို့မဟုတ် ပွင့်ပွင့်လင်းလင်း ပြောစေကာမူ၊ ၎င်းတို့သည် စိုးစဉ်းမျှ တုံ့ပြန်မှု မရှိသည်မှာ ၎င်းတို့၏ စိတ်နှလုံးသည် သေဆုံးနှင့်ပြီးဖြစ်ကြသည့်အလား ဖြစ်သည်။ အမှုအရာများသည် ၎င်းတို့အတွက် ဆုံးခန်းတိုင်ပြီ မဟုတ်သလော။ ၎င်းတို့ထဲတွင် ထွက်သက်ဝင်သက် ကျန်ရှိသော လူတစ်ဦးသည် အသက်ရှူကူခြင်းဖြင့် ကယ်တင်၍ရနိုင်သော်လည်း၊ အကယ်၍ ၎င်းတို့သည် သေဆုံးနှင့်ပြီး ၎င်းတို့၏ဝိညာဉ် ထွက်သွားခဲ့ပြီးပါက၊ အသက်ရှူကူခြင်းသည် မည်သို့မျှ အလုပ်ဖြစ်မည်မဟုတ်ပေ။ ပြဿနာများ၊ အခက်အခဲများဖြင့် ရင်ဆိုင်ရသည့်အခါ၊ လူတစ်ဦးသည် နောက်တွန့်ကာ ရှောင်ဖယ်ဖို့ ကြိုးစားပါက၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေသကဲ့သို့ အပျက်သဘောဆောင်ကာ မိမိတို့အလုပ်တွင် ခိုကတ်ဖို့ ရွေးချယ်ပါက၊ ၎င်းတို့၏ အမှန်တကယ် အရှိအတိုင်း ထုတ်ဖော်ပြခံရပေသည်။ ထိုသို့သောလူများသည် အတွေ့အကြုံ၊ သို့မဟုတ် သက်သေခံချက် လုံးဝမရှိပေ။ ၎င်းတို့သည် ကပ်ပါးရပ်ပါးများ၊ ဝန်ထုပ်ဝန်ပိုးသာဖြစ်သည်၊ ဘုရားအိမ်တော်တွင် ၎င်းတို့ အသုံးမကျသကဲ့သို့၊ အလွန်အမင်း ပျက်စီးကိန်းဆိုက်ကြသည်။ ပြဿနာများ ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်သူတို့သာ ဝိညာဉ်ရင့်ကျင်မှုရှိသည့်လူများဖြစ်ပြီး ၎င်းတို့သည်သာ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပေသည်။ ပြဿနာများနှင့် အခက်အခဲများကို ကြုံရသည့်အခါ၊ ထိုအရာတို့ကို ခေါင်းအေးအေးဖြင့် သင် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ မှန်ကန်သည့် နည်းလမ်းဖြင့် တုံ့ပြန်ရမည်ဖြစ်ကာ ရွေးချယ်မှုပြုလုပ်ရမည်ဖြစ်သည်။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုဖို့ သင် သင်ယူသင့်သည်။ မူလက သင် နားလည်ထားသည့် သမ္မာတရားများသည် နက်နဲပါက သို့မဟုတ် ပေါ့တန်ပါက၊ ထိုသမ္မာတရားများကို သင် အသုံးပြုသင့်သည်။ သမ္မာတရားများမှာ တစ်စုံတစ်ခု သင့်ထံ ဖြစ်ပျက်သည့်အခါ သင့်နှုတ်မှထွက်လာသည့် စကားမျှမဟုတ်သကဲ့သို့၊ အခြားသူများ၏ ပြဿနာများကို ဖြေရှင်းရန် ယင်းတို့ကို အတိအကျ အသုံးမပြုရပေ။ ထိုအစား ၎င်းတို့သည် သင့်ထံတွင် ရှိသည့် ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရန် အသုံးပြုဖို့ ဖြစ်သည်။ ယင်းမှာ အရေးအကြီးဆုံးအရာတည်း။ သင့်ကိုယ်ပိုင် ပြဿနာများကို သင် ဖြေရှင်းသည့်အခါမှသာ အခြားသူများ၏ ပြဿနာများကို သင် ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။ ပေတရုကို အသီးအပွင့်ဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သူ၌ ထိုက်တန်သော အရာများ၊ စုံလင်စေရန် ထိုက်တန်သောအရာများ ရှိသောကြောင့် ဖြစ်သည်။ သူသည် အရာအားလုံး၌ သမ္မာတရားကို ရှာဖွေခဲ့ကာ စိတ်ပိုင်းဖြတ်ထားခဲ့ပြီး လိုအင်ဆန္ဒ ခိုင်မာခဲ့ပေသည်။ သူ၌ ဆင်ခြင်တုံတရားရှိခဲ့၏၊ အခက်အခဲကို ခံစားရန် လိုလိုလားလား ရှိခဲ့သကဲ့သို့၊ သူ၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်သည်။ ဖြစ်လာသည့်အရာကို သူ လက်မလွှတ်ခဲ့သကဲ့သို့၊ အရာအားလုံးမှ သင်ခန်းစာများ သင်ယူနိုင်ခဲ့သည်။ ဤအရာအားလုံးသည် အားသာချက်များ ဖြစ်သည်။ သင်သည် ဤအားသာချက်များထဲမှ မည်သည့်အရာမျှ မရှိပါက၊ ဒုက္ခရောက်ပြီဟု ဆိုလိုပေသည်။ သမ္မာတရား ရရှိပြီး ကယ်တင်ခံရရန် သင့်အတွက် လွယ်ကူမည်မဟုတ်ပေ။ မည်သို့ တွေ့ကြုံရမည်ကို သင် မသိပါက၊ သို့မဟုတ် အတွေ့အကြုံ မရှိပါက၊ အခြားသူများ၏ ပြဿနာများကို သင် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်နိုင်စွမ်းနှင့် တွေ့ကြုံနိုင်စွမ်း မရှိသကဲ့သို့ ကိစ္စများ သင့်ထံ ဖြစ်ပျက်သည့်အခါ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင် မသိပေ။ ပြီးလျှင် ပြဿနာများ ကြုံရသည့်အခါ စိတ်ပျက်ပြီး မျက်ရည်များကျကာ အသေးစား ဆုတ်ဆိုင်းမှုအချို့ ခံစားရသည့်အခါ အပျက်သဘောဆောင်လာပြီး ထွက်ပြေးသကဲ့သို့၊ အစဉ်သဖြင့် မှန်ကန်သည့်နည်းလမ်းဖြင့် တုံ့ပြန်နိုင်စွမ်းမရှိချေ။ ဤအရာအားလုံးကြောင့်၊ အသက်ထဲသို့ ဝင်ရောက်ရန် သင့်အတွက် မဖြစ်နိုင်ပေ။ အသက်ဝင်ရောက်မှုမရှိဘဲနှင့် အခြားသူများအတွက် သင် မည်သို့ ထောက်ပံ့နိုင်မည်နည်း။ လူတို့၏ ဘဝများအတွက် ထောက်ပံ့ပေးရန်၊ သမ္မာတရားကို ရှင်းလင်းစွာ သင် မိတ်သဟာယပြုရမည်ဖြစ်ပြီး၊ ပြဿနာများကို ဖြေရှင်းရန်အလို့ငှာ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ရှင်းလင်းစွာ မိတ်သဟာယပြုနိုင်ရမည်ဖြစ်သည်။ စိတ်ပါလက်ပါရှိသူ တစ်စုံတစ်ဦးအတွက်၊ သင်သည် အနည်းငယ်မျှသာ ပြောဖို့လိုပြီး ၎င်းတို့ နားလည်ကြလိမ့်မည်ဖြစ်သည်။ သို့သော် သမ္မာတရားအနည်းငယ်ကိုသာ နားလည်ခြင်းသည် အလုပ်ဖြစ်မည်မဟုတ်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့် စည်းမျဉ်းများလည်း ၎င်းတို့ ရှိရမည်။ ဤအရာသည်သာ ၎င်းတို့ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ဖို့ ကူညီမည်ဖြစ်သည်။ ဝိညာဉ်ရေးရာ ကိစ္စများကို လူတို့ နားလည်ပြီး၊ ယင်းတို့ကို နားလည်ရန် ၎င်းတို့အတွက် စကားအနည်းငယ်သာ လိုအပ်ချိန်တွင်ပင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက၊ အသက်ထဲသို့ ဝင်ရောက်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို လက်မခံနိုင်ပါက၊ ၎င်းတို့အတွက် ပြီးဆုံးသွားပြီဖြစ်ကာ သမ္မာတရား၏ စစ်မှန်မှုများထဲသို့ မည်သည့်အခါတွင်မျှ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ လူအချို့ကို သွန်သင်ပေးနေစဉ် ၎င်းတို့လက်ကို သင် ကိုင်နိုင်ပြီး၊ ထိုအချိန်တွင် ၎င်းတို့ နားလည်သည့်ပုံရလိမ့်မည်ဖြစ်သော်လည်း၊ သင် လက်လွှတ်သည်နှင့်တစ်ပြိုင်နက်၊ တစ်ဖန် မရှင်းမလင်း ဖြစ်လာကြသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ ကိစ္စများကို နားလည်သူတစ်ဦး မဟုတ်ပေ။ မည်သည့် ပြဿနာများကို သင်ကြုံရပါစေ၊ အပျက်သဘောဆောင်ပြီး အားနည်းပါက၊ သင်သည် သက်သေခံချက် လုံးဝမရှိသကဲ့သို့၊ သင် လုပ်သင့်သည့်အရာ၊ သင် ပူးပေါင်းလုပ်ဆောင်သင့်သည့်အရာနှင့် ပတ်သက်၍ သင် ပူးပေါင်းမလုပ်ဆောင်ပါက၊ ဤအရာက သင်သည် သင့်စိတ်နှလုံးတွင် ဘုရားသခင် မရှိသကဲ့သို့ သမ္မာတရားကို ချစ်သောသူမဟုတ်သည်ကို သက်သေပြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က လူတို့ကို မည်သို့တို့ထိသည်ဖြစ်စေ၊ နှစ်များစွာ ဘုရားအမှုတော်ကို တွေ့ကြုံခြင်း၊ သမ္မာတရားများစွာ နားထောင်ခြင်း၊ အသိစိတ်အနည်းငယ် ရှိခြင်းနှင့် မိမိကိုယ်ကိုယ် ချုပ်တည်းခြင်းအပေါ် မှီခိုခြင်းမျှအားဖြင့်၊ လူတို့သည် အနိမ့်ဆုံးစံကို အနည်းဆုံး ပြည့်မီသင့်သကဲ့သို့၊ မိမိတို့ အသိစိတ်၏ ပြစ်တင်မောင်းမဲခြင်းကို မခံရသင့်ပေ။ လူတို့သည် ယခုလောက် ထုံထိုင်းကာ အားမနည်းသင့်သကဲ့သို့၊ ဤအခြေအနေတွင် ၎င်းတို့ရှိသည်မှာ တကယ်ကို မတွေးဝံ့စရာ ဖြစ်သည်။ သင်တို့သည် မည်သည့် သမ္မာတရားကိုမျှ မလိုက်စား၊ မည်သည့်တိုးတက်မှုမျှ လုံးဝ မပြုလုပ်ဘဲ၊ လွန်ခဲ့သည့် နှစ်အနည်းငယ်ကို ကြက်သေသေခြင်းဖြင့် ဖြတ်သန်းကောင်းဖြတ်သန်းပြီးဖြစ်နိုင်သည်။ ဤသို့မဖြစ်ပါက၊ အဘယ်သို့ သင်သည် အလွန်ထုံထိုင်းနိုင်ရသနည်း။ သင်သည် ဤသို့ ဖြစ်သည့်အခါ၊ သင်ကိုယ်တိုင်၏ မိုက်မဲမှုနှင့် မသိနားမလည်မှုကြောင့်သက်သက် ဖြစ်ပြီး၊ အခြားမည်သူကိုမျှ သင် အပြစ်တင်၍ မရပေ။ သမ္မာတရားသည် အခြားလူများထက် လူအချို့ကို ဘက်မလိုက်ပေ။ သမ္မာတရားကို သင် လက်မခံသကဲ့သို့၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားမရှာဖွေပါက၊ သင် မည်သို့ ပြောင်းလဲနိုင်မည်နည်း။ လူအချို့က မိမိတို့၏ အစွမ်းအစများ အလွန်နိမ့်ကျကာ လက်ခံရရှိဖို့ အစွမ်းအစ ကင်းမဲ့သည်ဟု ခံစားရသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘောင်ခတ်ပြီး၊ ၎င်းတို့ မည်မျှ လိုက်စားသည်ဖြစ်စေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်မဟုတ်ဟု ခံစားကြသည်။ ၎င်းတို့ မည်မျှ ကြိုးစားသည်ဖြစ်စေ၊ အသုံးမဝင်သကဲ့သို့၊ ထိုမျှသာရှိသောကြောင့်၊ ၎င်းတို့သည် အမြဲ အပျက်သဘောဆောင်ကာ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်ကို နှစ်ချီ ယုံကြည်ပြီးသည့်နောက်တွင်ပင်၊ မည်သည့် သမ္မာတရားမျှ မရရှိသေးချေ။ သမ္မာတရားကိုလိုက်စားဖို့ အလုပ်ကြိုးစားခြင်းမရှိဘဲနှင့် သင်၏ အစွမ်းအစ အလွန်ညံ့ဖျင်းသည်ဟု သင်ပြောပါက၊ မိမိကိုယ်ကိုယ် အရှုံးပေးပြီး၊ အပျက်သဘောဆောင်သည့် အခြေအနေတွင် အမြဲ အသက်ရှငကာ အကျိုးဆက်အနေဖြင့် သင် နားလည်သင့်သည့် သမ္မာတရားကို နားမလည်ပါက၊ သို့မဟုတ် သင် တတ်စွမ်းနိုင်သမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက၊ သင်သည် မိမိကိုယ်ကိုယ် ဟန့်တားနေသည့်သူ မဟုတ်ပါလော။ သင်၏ အစွမ်းအစက လုံလောက်အောင် မကောင်းဟု သင် အမြဲပြောပါက၊ ဤသည်မှာ တာဝန်ကို ရှောင်လွှဲကာ အချောင်ခိုခြင်း ဖြစ်သည် မဟုတ်လော။ သင်သည် ဆင်းရဲဒုက္ခခံနိုင်ပါက၊ အဖိုးအခပေးနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်ပါက၊ သမ္မာတရားအချို့ကို မလွဲမသွေ သင် နားလည်နိုင်လိမ့်မည်ဖြစ်ပြီး၊ စစ်မှန်မှုအချို့ထဲသို့ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မကြည့်၊ မမှီခိုသကဲ့သို့၊ မည်သည့် အားထုတ်မှုမျှမပြုဘဲ သို့မဟုတ် အဖိုးအခမပေးဘဲ ကိုယ့်ဘဝကို လက်လျှော့ပြီး တကယ်ကို အရှုံးပေးပါက၊ သင်သည် အသုံးမကျသကဲ့သို့ အသိစိတ်နှင့် ဆင်ခြင်တုံတရား စိုးစဉ်းမျှ မရှိပေ။ သင်၏ အစွမ်းအစ ညံ့ဖျင်းသည်ဖြစ်စေ၊ ပြောင်မြောက်သည်ဖြစ်စေ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိပါက၊ သင်သည် သင် လုပ်သင့်သည့် အရာနှင့် သင်၏လုပ်ငန်းတာဝန်တို့ကို သင့်တင့်လျောက်ပတ်စွာ အဆုံးသတ်သင့်သည်။ စွန့်ခွာပြေးသူ တစ်ဦး ဖြစ်ခြင်းသည် ဆိုးရွားသောအရာဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခြင်း ဖြစ်သည်။ ဤအရာသည် ကယ်တင်၍ မရနိုင်ပေ။ သမ္မာတရားကို လိုက်စားခြင်းသည် ခိုင်မာသော ဆန္ဒတစ်ခု လိုအပ်ပြီး အလွန် အပျက်သဘောဆောင်သည့် လူများ၊ သို့မဟုတ် အားနည်းသော လူများသည် မည်သည့်အရာမျှ ဖြစ်မြောက်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အဆုံးတိုင် ယုံကြည်နိုင်ခြင်း ရှိမည် မဟုတ်ချေ၊ ထို့ပြင် သမ္မာတရားကို ရရှိဖို့ ၎င်းတို့ဆန္ဒရှိပြီး စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ၎င်းတို့ စွမ်းဆောင်ရရှိလိုပါက ၎င်းတို့၌ မျှော်လင့်ချက် သာ၍ နည်းပေသေးသည်။ သန္နိဋ္ဌာန် ချမှတ်ထားပြီး သမ္မာတရားကို လိုက်စားသည့် သူများသာလျှင် ယင်းကို ရရှိနိုင်ပြီး ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၇၃)

မိမိတို့၏တာဝန်က အလုပ်များလာသည်နှင့် တစ်ပြိုင်နက် တွေ့ကြုံရန် မစွမ်းဆောင်နိုင်ဖြစ်လာပြီး သာမန်အခြေအနေကို ထိန်းသိမ်းရန် မတတ်နိုင်ကြသော လူများစွာရှိသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် စုဝေးပွဲတစ်ခုပြုလုပ်ရန်၊ သမ္မာတရားကို ၎င်းတို့အား မိတ်သဟာယပြုပေးရန် အစဉ်တောင်းဆိုကြ၏။ ဤတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြ၊ စစ်မှန်သည့်လမ်းတွင် အခြေခံအုတ်မြစ် မရှိကြပေ။ ဤသို့သောသူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သောအခါ စိတ်အားထက်သန်မှု၏ တွန်းအားပေးခြင်းကို ခံရပြီး ကြာရှည်မခံနိုင်ကြချေ။ လူတို့သည် သမ္မာတရားကို နားမလည်သောအခါ ၎င်းတို့လုပ်သမျှတွင် အဘယ်စည်းမျဉ်းမျှ မရှိ။ ၎င်းတို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် စီစဉ်ပေးလျှင် ရှုပ်ထွေးသွားအောင် ၎င်းတို့ပြုလုပ်ကြသည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့်အရာတွင် လုံးဝ ဂရုမစိုက်သကဲ့သို့ စည်းမျဉ်းကိုလည်း မရှာဖွေကြ။ ၎င်းတို့၏ စိတ်နှလုံးတွင် နာခံခြင်းမရှိပေ။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြောင်း၊ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံရန် မစွမ်းဆောင်နိုင်ကြောင်း သက်သေပြသည်။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ အဘယ်ကြောင့် သင်လုပ်ဆောင်နေသည်၊ ဤအရာကို လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်က သင့်ကို ညွှန်ကြားသည်၊ ယင်းကို လုပ်ဆောင်ရာတွင် မည်သည့် အဓိပ္ပါယ်ရှိသည်ဆိုသည်၊ ထိုကိစ္စရပ်၏ သဘောသဘာဝမှာ မည်သည့်အရာဖြစ်သည်နှင့် သင်လုပ်ဆောင်နေသည့်အရာက အပြုသဘောဆောင်သည့်အရာ သို့မဟုတ် အပျက်သဘောဆောင်သည့်အရာ ဟုတ်မဟုတ် ဆိုသည်တို့ကို ဦးစွာပထမ သင်နားလည်သင့်၏။ ဤကိစ္စရပ်အားလုံးကို သင် ရှင်းရှင်းလင်းလင်း သိနားလည်ရမည်၊ ကိုယ်ကျင့်တရားနှင့် ပြုမူနိုင်ရန် ဤအရာက အတော်လေး လိုအပ်ပေသည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ တစ်စုံတစ်ရာကို သင်လုပ်ဆောင်နေပါက၊ သင် တွေးဆသင့်၏- ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင် မနေဖို့ရန်အလို့ငှာ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် မည်သို့ ကောင်းစွာ ဖြည့်ဆည်းသင့်သနည်း။ ဤကိစ္စရပ်တွင် သင် ဘုရားသခင်ကို ဆုတောင်းပြီး တိုးဝင်ချဉ်းကပ်သင့်၏။ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် တိုးဝင်ချဉ်းကပ်ခြင်းဟူသည်မှာ ဤကိစ္စရပ်တွင် သမ္မာတရား၊ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ဘုရားသခင်ကို မည်သို့စိတ်ကျေနပ်စေရမည်ကို ရှာဖွေခြင်းတို့ ဖြစ်သည်။ ဆုတောင်းခြင်းသည် ဤသက်ရောက်မှုများရရှိရန်ဖြစ်သည်။ ဘုရားသခင်အား ဆုတောင်းခြင်း၊ ဘုရားသခင်ထံ နီးကပ်စွာသွားခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခြင်းတို့သည် ဘာသာရေးအခမ်းအနား၊ သို့မဟုတ် အပြင်ပန်းလုပ်ဆောင်မှုများ မဟုတ်ပေ။ ဘုရားသခင်၏ အလိုတော်အား ရှာဖွေပြီးနောက် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း ရည်ရွယ်ချက်အတွက် ယင်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ သင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ထားသည့်အချိန်တွင် “ဘုရားသခင်ကို ကျေးဇူးတင်ပါသည်” ဟု သင် အမြဲဆိုသော်လည်း၊ လုပ်ဆောင်ဖို့ အချိန်ကျလာသည့်အခါ၊ သမ္မာတရားကို လုံးဝ မရှာဘဲယင်းကို သင် လိုချင်သည့် နည်းလမ်းအတိုင်း လက်လုပ်ဆောင်ဆဲ ဖြစ်လျှင်၊ ဤ“ဘုရားသခင်ကို ကျေးဇူးတင်ပါသည်”မှာ မန္တန်တစ်ခု၊ ဝိညာဉ်ရေးရာပြည့်ဝခြင်း အတုအယောင်သာ ဖြစ်သည်။ ကျေးဇူးတင်ရှိခြင်းမျိုးသည် အပြင်ပန်း လုပ်ရပ်တစ်ခုသာ ဖြစ်၏။ သင်၏ တာဝန်ကို ဖြည့်ဆည်းနေချိန်တွင်၊ သင် အမြဲ စဉ်းစားသင့်၏- “ဤတာဝန်ကို ကျွန်ုပ် မည်သို့ ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။” သင်၏ လုပ်ရပ်များအတွက် စည်းမျဉ်းများနှင့် သမ္မာတရားများကိုရှာဖွေရန်အလို့ငှာ ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၏ အလိုတော်ကိုရှာဖွေခြင်း၊ သင်လုပ်သမျှတွင် ဘုရားနှုတ်ကပတ်တော်များ၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများမှ မသွေဖည်ခြင်း၊ ဤသည်ကသာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ယောက်ဖြစ်သည်။ ဤအရာအားလုံးတို့ကို သမ္မာတရားအား မချစ်သောလူတို့က မရရှိနိုင်ပေ။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနောက်သို့လိုက်သော၊ အမှုကိစ္စများကို အလွန်ရိုးရှင်းသော ဝေါဟာရများဖြင့် စဉ်းစားသော၊ သမ္မာတရားကိုလည်း မရှာဖွေသော လူများစွာရှိသည်။ စည်းမျဉ်းလုံးဝမရှိဘဲ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် တောင်းဆိုသည့်အရာနှင့်အညီ၊ သို့မဟုတ် ဘုရားသခင်ကို ကျေနပ်စေသည့်နည်းလမ်းဖြင့် မည်သို့ဆောင်ရွက်ရမည်ကို လုံးဝ မစဉ်းစားပေ။ မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကိုသာ ခေါင်းမာမာနှင့် လိုက်ဖို့ကိုသာသိသည်။ ဘုရားသခင်သည် ဤသို့သောလူတို့၏ စိတ်နှလုံးထဲတွင် နေရာမရှိပေ။ လူအချို့က “အခက်အခဲ ကြုံမှသာ ဘုရားကို ငါဆုတောင်းသည်။ သို့သော် သက်ရောက်မှုတစ်ခုခုရှိသည်ဟု မခံစားရသေးပေ။ ထို့ကြောင့် များသောအားဖြင့် ငါ့တွင် အမှုကိစ္စများ ဖြစ်ပျက်သည့်အခါ ယခုအခါတွင် ဘုရားကို ငါဆုမတောင်းပေ။ ဘုရားထံ ဆုတောင်းခြင်းသည် အသုံးမဝင်သောကြောင့် ဖြစ်သည်။” ဟု ပြောဆိုကြသည်။ ဤကဲ့သို့သော လူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က လုံးလုံး မတည်ရှိပေ။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနောက်သာလိုက်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ လုပ်ရပ်များတွင် အခြေခံသဘောတရားများ ရှိသလော။ သေချာပေါက်မရှိပေ။ ၎င်းတို့သည် အရာရာကို ရိုးရှင်းစွာ မြင်ကြသည်။ လူတို့က ၎င်းတို့ကို သမ္မာတရား၏ အခြေခံသဘောတရားများကို မိတ်သဟာယ ဖွဲ့သည့်အခါတွင်ပင် ယင်းတို့ကို ၎င်းတို့က လက်မခံနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လုပ်ရပ်များတွင် မည်သည့်အခါမျှ အခြေခံသဘောတရားတစ်ခုမှ မရှိခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က နေရာမရှိဘဲ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့မှလွဲ၍ မည်သူမျှ မရှိပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များက ကောင်းသည်ဟုလည်းကောင်း၊ မကောင်းမှုကို ကျူးလွန်ခြင်းမရှိဟူ၍ လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့က ချိုးဖောက်နေသည်ဟု သတ်မှတ်၍ မရနိုင်ဟုလည်းကောင်း ၎င်းတို့က ခံစားမိကြသည်။ မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သင့်သည်၊ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို နာခံခြင်း ဖြစ်သည်ဟု ထင်မြင်ကြသည်။ အမှန်မှာမူ ဤကိစ္စတွင် ၎င်းတို့သည် အမှန်တကယ် ရှာဖွေခြင်း၊ သို့မဟုတ် ဘုရားသခင်ထံ ဆုတောင်းခြင်းမရှိပေ။ သို့သော် ၎င်းတို့၏ ကိုယ်ပိုင် စိတ်အားထက်သန်သော ရည်ရွယ်ချက်များအတိုင်း မစဉ်းမစား ချက်ချင်း လုပ်ဆောင်လျက်ဖြင့် ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသည့်အတိုင်း မိမိတို့တာဝန်ကို မထမ်းဆောင်ကြပေ။ ၎င်းတို့တွင် ဘုရားသခင်ကို နာခံခြင်းနှလုံးသားမရှိပေ။ ၎င်းတို့တွင် ဤဆန္ဒ ကင်းမဲ့နေသည်။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် အကြီးမားဆုံးအမှားဖြစ်သည်။ သင်က ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဘုရားသခင်က သင်၏ စိတ်နှလုံးထဲတွင် မရှိလျှင် သင်က ဘုရားသခင်ကို လှည့်စားရန် ကြိုးစားနေခြင်းမဟုတ်လော။ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်မှုမျိုးသည် မည်သည့်သက်ရောက်မှုရှိသနည်း။ မည်သည့်အရာကို သင်ရရှိနိုင်သနည်း။ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၇၄)

သင်သည် သမ္မာတရား၏အခြေခံသဘောတရားများကို ချိုးဖောက်ပြီး ဘုရားသခင်ကို သဘောမကျဖြစ်စေသည့် အရာတစ်ခုခုကို ပြုလုပ်မိပြီးသည့်အချိန်တွင်၊ သင့်ကိုယ်သင် မည်သို့ဆင်ခြင်သုံးသပ်ကာ သိဖို့ကြိုးစားသင့်သနည်း။ ထိုအရာကို သင် လုပ်ဆောင်တော့မည့်အချိန်တွင်၊ သူ့ထံ သင် ဆုတောင်းခဲ့ပါသလော။ “ဤနည်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ဤကိစ္စရပ်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်ခဲ့ပါက၊ ယင်းကို သူ မည်သို့ ရှုမြင်မည်နည်း။ ယင်းနှင့်ပတ်သက်၍ သူ သိခဲ့ပါက၊ သူ ပျော်ရွှင်မည်လော သို့မဟုတ် ဒေါသထွက်မည်လော။ ယင်းကို သူ အလွန်မုန်းတီးမည်လော၊ သို့မဟုတ် စက်ဆုပ်ရွံရှာမည်လော။” ဟု သင် တွေးဆဖူးပါသလော။ ယင်းကို သင် အဖြေမရှာခဲ့ပေ၊ ဟုတ်ပါသလော။ အခြားသူများက သင့်ကို အသိပေးခဲ့လျှင်ပင်၊ ကိစ္စရပ်သည် အရေးမကြီး၊ ပြီးလျှင် ယင်းသည် မည်သည့် အခြေခံသဘောတရားများနှင့်မျှ မဆန့်ကျင်သကဲ့သို့ အပြစ်မဟုတ်ဟု သင် တွေးထင်ဦးမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး အမျက်ဒေါသထွက်စေဖို့ သူ့ကို ဆွပေးခဲ့သည်မှာ သင့်ကို သူ စက်ဆုပ်ရွံရှာသည့်အဆင့်အထိပင် ဖြစ်ပေသည်။ ဤသည်မှာ လူတို့၏ ပုန်ကန်မှုမှ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် သင်သည် အရာအားလုံးတွင် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသည်မှာ သင်လိုက်လျှောက်ရမည့် အရာဖြစ်သည်။ သင်သည် ကြိုတင်၍ ဆုတောင်းရန် ဘုရားသခင်ရှေ့သို့ လေးနက်စွာလာရောက်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားကို ရှာဖွေလျှင် မှားယွင်းမည်မဟုတ်ပေ။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ရာတွင် သွေဖည်မှုအချို့ရှိနိုင်သည်။ သို့သော် ဤအရာကို ရှောင်ရန် ခက်သည်။ အတွေ့အကြုံအချို့ရပြီးနောက်တွင် သင်သည် မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ သို့ရာတွင် သင်သည် သမ္မာတရားနှင့်အညီ မည်သို့ဆောင်ရွက်ရမည်ကိုသိသည့်တိုင်အောင် လက်တွေ့မလုပ်ဆောင်လျှင် ပြဿနာမှာ သမ္မာတရားကို သင်မနှစ်သက်ခြင်းဖြစ်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ၎င်းတို့ထံ မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ သမ္မာတရားကို မည်သည့်အခါမျှ ရှာဖွေမည်မဟုတ်ပေ။ သမ္မာတရားကို ချစ်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ ၎င်းတို့နားမလည်သည့်အရာများဖြစ်ပျက်သောအခါ ၎င်းတို့သည် သမ္မာတရားကို ရှာနိုင်ကြသည်။ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားမလည်နိုင်ဘဲ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိလျှင် သမ္မာတရားကိုနားလည်သောလူအချို့နှင့် မိတ်သဟာယဖွဲ့သင့်သည်။ သမ္မာတရား နားလည်သောသူများကို ရှာမတွေ့နိုင်လျှင် သင်သည် ဘုရားသခင်ထံ စိတ်တူကိုယ်တူ အတူတကွဆုတောင်းရန် ရှင်းလင်းသော နားလည်မှုရှိသည့် လူအနည်းငယ်ကိုရှာသင့်သည်။ ဘုရားသခင်ထံမှ ရှာဖွေသင့်သည်။ ဘုရားသခင်၏ အချိန်ကိုစောင့်ပြီး၊ သင့်အတွက် လမ်းဖွင့်ပေးရန် ဘုရားသခင်ကို စောင့်ဆိုင်းသင့်သည်။ သင်တို့အားလုံးသည် သမ္မာတရားကို တောင့်တသရွေ့၊ သမ္မာတရားကို ရှာဖွေပြီး၊ သမ္မာတရားကို အတူတကွ မိတ်သဟာယဖွဲ့သရွေ့ သင်တို့ထဲမှတစ်ယောက်က ဖြေရှင်းချက်ကောင်းတစ်ခု ရရှိလာသည့်အချိန်ရောက်လာနိုင်သည်။ သင်တို့အားလုံးသည် သင့်တော်သော ဖြေရှင်းချက်ကိုရှာတွေ့ပြီး ယင်းက နည်းလမ်းကောင်းတစ်ခုဖြစ်လျှင်၊ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကြောင့် ဖြစ်နိုင်သည်။ ထို့နောက်တွင် သင်သည် ပို၍ တိကျသော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ထွက်ပေါ်လာရန် ဆက်လက်၍ အတူတကွ မိတ်သဟာယဖွဲ့လျှင် ယင်းသည် သေချာပေါက် သမ္မာတရားစည်းမျဉ်းများနှင့် ညီလိမ့်မည်။ သင်လက်တွေ့လုပ်ဆောင်ရာတွင် သင် လက်တွေ့လုပ်ဆောင်သည့်နည်းလမ်းသည် အတော်အတန် မသင့်တော်သေးသည်ကို တွေ့ရလျှင် လျင်မြန်စွာ ပြုပြင်ဖို့လိုသည်။ အနည်းငယ်သာ မှားယွင်းလျှင် ဘုရားသခင်က သင့်ကို ရှုတ်ချမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်သည့်အရာတွင် သင်၏ ရည်ရွယ်ချက်များသည် မှန်ကန်ပြီး သင်သည် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်နေသောကြောင့်ဖြစ်သည်။ သင်သည် စည်းမျဉ်းများနှင့်ပတ်သက်ပြီး အနည်းငယ်ရှုပ်ထွေးနေခြင်းဖြစ်ပြီး သင်လက်တွေ့လုပ်ဆောင်ရာတွင် အမှားတစ်ခုပြုလုပ်မိခြင်းသာဖြစ်သည်။ ယင်းမှာခွင့်လွှတ်၍ ရသည်။ သို့သော် လူအများစုက အမှုကိစ္စများကို လုပ်ဆောင်သောအခါ ထိုအရာများအား မည်သို့လုပ်ဆောင်ရမည်ဟု ၎င်းတို့စိတ်ကူးသည့်ပုံစံအရ လုပ်ဆောင်ကြသည်။ သမ္မာတရားနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ သို့မဟုတ် ဘုရားသခင်၏ လက်ခံမှုကို မည်သို့ရယူရမည်ဆိုသည်ကို ချင့်ချိန်စဉ်းစားရန် အခြေခံအဖြစ် ဘုရားနှုတ်ကပတ်တော်များကို အသုံးမပြုကြပေ။ ထိုအစား မိမိတို့ကိုယ်ကို မည်သို့အကျိုးဖြစ်အောင်ပြုရမည်၊ ၎င်းတို့ကို အခြားလူများက အထင်ကြီးအောင် မည်သို့ပြုရမည်၊ ၎င်းတို့ကို လေးစားအောင် အခြားသူများကို မည်သို့ပြုရမည်တို့ကိုသာ စဉ်းစားကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို လုံးလုံး အခြေခံပြီး မိမိတို့ကိုယ်ကို ကျေနပ်စေဖို့အတွက်သာ အမှုအရာများကို လုပ်ဆောင်ကြသည်။ ဤသည်မှာ ဒုက္ခပေးသည်။ ဤသို့သောလူများသည် အမှုအရာများကို မည်သည့်အခါမျှ သမ္မာတရားနှင့်အညီ လုပ်ဆောင်မည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို အစဉ် မုန်းတီးလိမ့်မည်။ သင်သည် အမှန်တကယ်ပင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူဖြစ်လျှင် မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ ဆုတောင်းပြီး ရှာဖွေရန်အတွက် ဘုရားသခင်ရှေ့သို့ လာနိုင်သင့်သည်။ သင်၏ လုပ်ရပ်များတွင်ရှိသော ရည်ရွယ်ချက်များနှင့် မသန့်စင်မှုများကို အလေးအနက် ဆန်းစစ်နိုင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များနှင့်အညီ မည်သည့်အရာက လုပ်ဆောင်ရန် သင့်လျော်သည်ကို ဆုံးဖြတ်နိုင်သင့်သည်။ မည်သည့်လုပ်ရပ်များက ဘုရားသခင်ကို ကျေနပ်စေသည်၊ မည်သည့်လုပ်ရပ်များက ဘုရားသခင်ကို ရွံရှာစေသည်၊ မည်သည့်လုပ်ရပ်များက ဘုရားသခင်၏ လက်ခံမှုကိုရရှိသည်ဆိုသည်တို့ကို ထပ်ခါထပ်ခါချိန်ဆပြီး ချင့်ချိန်စဉ်းစားနိုင်သင့်သည်။ သင်သည် ဤအရာတို့ကို ရှင်းရှင်းလင်းလင်း နားလည်သည်အထိ သင်၏စိတ်ထဲတွင် ထပ်ခါထပ်ခါ စဉ်းစားတွေးတောရမည်။ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းအတွက် သင်၏ကိုယ်ပိုင်ရည်ရွယ်ချက်များရှိသည်ကို သင်သိလျှင် သင်၏ ရည်ရွယ်ချက်များက မည်သည့်အရာများဖြစ်သည်၊ သင့်ကိုယ်သင် ကျေနပ်စေရန်ဖြစ်သလော၊ ဘုရားကို ကျေနပ်စေရန်ဖြစ်သလော၊ သင်ကိုယ်တိုင်အတွက်အကျိုးဖြစ်သလော၊ သို့မဟုတ် ဘုရားသခင်ရွေးချယ်ထားသောလူတို့အတွက် အကျိုးဖြစ်သလောဆိုသည်နှင့် ယင်းကမည်သည့် အကျိုးဆက်များဖြစ်ပေါ်စေမည်ဆိုသည်တို့ကို ဆင်ခြင်သုံးသပ်ရမည်။...သင်၏ ဆုတောင်းချက်များတွင် ဤသို့ ပို၍ရှာဖွေပြီး ချင့်ချိန်စဉ်းစားလျှင်၊ သမ္မာတရားကိုရှာဖွေရန် သင့်ကိုယ်သင် ပို၍ မေးခွန်းထုတ်လျှင် သင်၏ လုပ်ရပ်များ၌ရှိသော သွေဖည်မှုများက ပိုပို၍ သေးငယ်လာလိမ့်မည်။ ဤနည်းအားဖြင့် သမ္မာတရားကိုရှာဖွေနိုင်သောသူတို့သာ ဘုရားအလိုတော်ကို ထောက်ထားပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ သတ်မှတ်ချက်များနှင့်အညီ၊ နာခံသောစိတ်နှလုံးဖြင့် ရှာဖွေနေသောကြောင့်ဖြစ်သည်။ ဤနည်းဖြင့်ရှာဖွေပြီး သင်ချမှတ်သော ကောက်ချက်သည် သမ္မာတရားစည်းမျဉ်းများနှင့် အညီဖြစ်လိမ့်မည်။

ယုံကြည်သူတစ်ဦး၏ လုပ်ဆောင်ချက်များသည် သမ္မာတရားနှင့် ပတ်သက်ခြင်းမရှိပါက၊ သူသည် မယုံကြည်သူတစ်ဦးနှင့် တူပေသည်။ ဤသည်မှာ မိမိ၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ဘုရားသခင်ထံမှ သွေဖည်သည့် လူစားမျိုးဖြစ်ပြီး၊ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်တွင် မိမိ၏ ဆရာသခင်အတွက် တောက်တိုမယ်ရ လုပ်ဆောင်သူ၊ ကြေးအနည်းငယ် ရရှိပြီးနောက် ထွက်ခွာသည့် ငှားရမ်းထားသော အလုပ်သမားတစ်ဦးနှင့် တူပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦး တကယ်ကို မဟုတ်ပေ။ ဘုရားသခင်၏ လက်ခံမှုကို ရရှိရန် မည်သည့်အရာကို လုပ်ဆောင်ရမည်ဆိုသည်မှာ အမှုအရာများကို သင်လုပ်ဆောင်သောအခါ ဦးစွာစဉ်းစားပြီး လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ ယင်းသည် သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့်ဆိုင်သော အခြေခံသဘောတရားနှင့် နယ်ပယ် ဖြစ်သင့်သည်။ သင်လုပ်ဆောင်နေသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် စူးစမ်းသင့်သည့် အကြောင်းရင်းမှာ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီပါက၊ ဘုရားသခင်၏ အလိုနှင့် သေချာပေါက် ကိုက်ညီပေသည်။ ယင်းမှာ ကိစ္စရပ်က မှန်သည်၊ မှားသည် သို့မဟုတ် ထိုအရာက အခြားအယောက်တိုင်း၏ အကြိုက်များနှင့် ကိုက်ညီခြင်း ရှိ မရှိ၊ သို့မဟုတ် ယင်းသည် သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် တိုင်းတာသင့်သည်ဟူ၍ မဟုတ်ဘဲ၊ ယင်းထက်၊ ထိုအရာသည် သမ္မာတရားနှင့်အညီ ဖြစ်သည်၊ မဖြစ်သည်၊ ပြီးလျှင် ထိုအရာက အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများကို အကျိုးပြုခြင်း ရှိမရှိဟူ၍ ဖြစ်ပေသည်။ ဤအရာများကို သင် သုံးသပ်ဆင်ခြင်မှု ပြုပါက၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ သင်သည် ဘုရားသခင်၏ အလိုနှင့် သာ၍ သာ၍ ကိုက်ညီလိမ့်မည်ဖြစ်သည်။ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ ဤရှုထောင့်များကို သင် မစဉ်းစားသကဲ့သို့၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအပေါ်သာ မှီခိုပါက၊ လူ၏ အလိုဆန္ဒသည် သမ္မာတရားမဟုတ်သကဲ့သို့၊ အမှန်ကို ဘုရားသခင်နှင့် သဟဇာတ မဖြစ်သောကြောင့် ယင်းတို့ကို မမှန်မကန် သင် လုပ်ဆောင်မိဖို့ သေချာပေသည်။ သင်သည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရဖို့ ဆန္ဒရှိပါက၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်းထက် သမ္မာတရားအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည်။ လူအချို့သည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းအတွက်ကြောင့် အချို့သော သီးသန့် ကိစ္စရပ်များတွင် ပါဝင်လုပ်ဆောင်တတ်ကြ၏။ ထို့နောက် ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ဤအရာကို မသင့်လျော်သကဲ့သို့ မြင်ကြပြီး ယင်းအတွက် ၎င်းတို့ကို အပြစ်တင်ကြ၏၊ သို့သော် ဤလူများသည် အပြစ်တင်ခြင်းကို လက်မခံကြချေ။ ယင်းသည် အသင်းတော်၏ အလုပ်၊ ဘဏ္ဍာရေး၊ သို့မဟုတ် လူများ မပါဝင်သည့် ပုဂ္ဂိုလ်ရေး ကိစ္စရပ်တစ်ခု ဖြစ်သည်၊ မကောင်းမှုလုပ်ခြင်းမဟုတ်ပေ။ ထို့ကြောင့် လူတို့က ဝင်ရောက်မစွက်ဖက်သင့်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ အချို့သော အရာများသည် သင့်အဖို့ မည်သည့် အခြေခံသဘောတရားမျှ သို့မဟုတ် မည်သည့် သမ္မာတရားမျှ မပါဝင်သည့် သီးသန့် ကိစ္စရပ်များအဖြစ် ထင်ကောင်းထင်ရပေမည်။ သို့သော် သင် လုပ်ဆောင်ခဲ့သည့် အရာများကို ကြည့်ရာတွင်၊ သင်သည် အလွန်တစ်ကိုယ်ကောင်းဆန်သည်။ အသင်းတော်၏ အလုပ်ကို၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်း မရှိသကဲ့သို့ ဤအရာသည် ဘုရားသခင်အတွက် ကျေနပ်ဖွယ်ဖြစ်မဖြစ်ကိုလည်း ထည့်သွင်းစဉ်းစားခြင်း မရှိပေ။ သင်သည် သင်၏ ကိုယ်ပိုင် အကျိုးကျေးဇူးကိုသာ စဉ်းစားနေခဲ့သည်။ ဤသည်မှာ သန့်ရှင်းသူတို့၏ လိုက်နာရမည့်ကျင့်ဝတ်အပြင် လူတစ်ဦး၏ လူ့သဘာဝလည်းး ပါဝင်နှင့်ပြီးဖြစ်သည်။ သင်လုပ်ဆောင်နေခဲ့သည့်အရာသည် အသင်းတော်၏ အကျိုးစီးပွားများ မပါဝင်ခဲ့သကဲ့သို့ သမ္မာတရား မပါဝင်သော်လည်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် အခိုင်အမာ ပြောဆိုနေစဉ် သီးသန့် ကိစ္စရပ်တစ်ခုတွင် ပါဝင်ပတ်သက်ခြင်းသည် သမ္မာတရားနှင့် မကိုက်ညီပေ။ သင်လုပ်ဆောင်နေသည့်အရာ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ ကိစ္စရပ်တစ်ခုသည် မည်မျှ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ယင်းသည် ဘုရားသခင်၏ မိသားစုတွင်ရှိသော သင်၏တာဝန်ဖြစ်စေ၊ သင်၏ ကိုယ်ပိုင် အတွင်းရေးကိစ္စဖြစ်စေ သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီခြင်း ရှိမရှိအပြင်၊ ယင်းသည် လူ့သဘာဝရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဟုတ်၊ မဟုတ်ဆိုသည်တို့ကို သင် သုံးသပ်ဆင်ခြင်ရမည်။ သင်လုပ်ဆောင်သည့် အရာတိုင်းတွင် သမ္မာတရားကို ထိုသို့ သင် ရှာဖွေပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတစ်ဦး ဖြစ်ပေသည်။ သင်သည် ကိစ္စရပ်တိုင်းနှင့် သမ္မာတရားတိုင်းကို ဤနည်းလမ်းဖြင့် ရိုးသားဖြူစင်စွာ ဆက်ဆံပါက၊ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများကို သင် ရရှိနိုင်လိမ့်မည်။ “ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်သောအခါတွင် ကျွန်ုပ်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေခြင်းသည် တရားမျှတ၏။ သို့သော် ကျွန်ုပ်၏ အတွင်းရေးကိစ္စများကို ကိုင်တွယ်ရာတွင် သမ္မာတရားက မည်သည့်အရာပြောဆိုထားသည်ကို ကျွန်ုပ်ဂရုမစိုက်။ ကျွန်ုပ်နှစ်သက်သည့်အတိုင်း၊ ကျွန်ုပ်အတွက် အကျိုးဖြစ်စေရန် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်” ဟု စဉ်းစားကြသောသူများရှိသည်။ ၎င်းတို့သည် သမ္မာတရားကိုချစ်သောသူ မဟုတ်ကြောင်း ဤစကားများတွင် မြင်နိုင်၏။ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းများ မရှိပေ။ ၎င်းတို့သည် ဘုရားအိမ်တော်အပေါ် သက်ရောက်မှုကိုပင် ထည့်မစဉ်းစားဘဲ ၎င်းတို့အတွက် အကျိုးဖြစ်စေမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည်။ ရလဒ်အနေဖြင့် တစ်စုံတစ်ခုကို ၎င်းတို့ လုပ်ဆောင်ပြီးသောအခါ ဘုရားသခင်သည် ၎င်းတို့တွင် မတည်ရှိပေ။ ၎င်းတို့သည် မှောင်မိုက်ပြီး ဝမ်းနည်းကြရကာ မည်သည့်အရာဖြစ်နေသည်ကို မသိကြ။ ဤသည်မှာ ၎င်းတို့နှင့် ထိုက်တန်သည့် ပြစ်ဒဏ်ပင်ဖြစ်သည် မဟုတ်သလော။ သင်သည် သင်၏ လုပ်ဆောင်မှုများတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ဘုရားသခင်ကို ဂုဏ်အသရေညှိုးစေလျှင် ဘုရားသခင်ကို ဆန့်ကျင်ပြီး အပြစ်ပြုနေခြင်းဖြစ်သည်။ လူတစ်ဦးက သမ္မာတရားကို မချစ်ဘဲ၊ သူ၏ကိုယ်ပိုင်ဆန္ဒအတိုင်း မကြာခဏ ပြုမူဆောင်ရွက်လျှင်၊ သူသည် ဘုရားသခင်ကို မကြာခဏ ပုန်ကန်ပြစ်မှားမိလိမ့်မည်။ ဘုရားသခင်က ၎င်းကို စက်ဆုပ်ကာ ငြင်းပယ်လိမ့်မည် ဖြစ်ပြီး ဘေးဖယ်ထားလိမ့်မည်။ ထိုသို့သောလူတစ်ဦး လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ လက်ခံမှုကို မကြာခဏ မရရှိနိုင်သကဲ့သို့ ၎င်းသည် နောင်တရဖို့ မသိပါက၊ အပြစ်ဒဏ်ပေးခြင်းသည် မဝေးလှပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၇၅)

သင်ဖြည့်ဆည်းသည့် တာဝန်မှန်သမျှတွင် အသက်တာ ဝင်ရောက်ခြင်း ပါဝင်သည်။ သင်၏ တာဝန်သည် အတော်အသင့် ပုံမှန်ဖြစ်စေ သို့မဟုတ် တစ်သမတ်တည်း မဟုတ်သည်ဖြစ်စေ၊ ပျင်းစရာကောင်းသည်ဖြစ်စေ သို့မဟုတ် အသက်ဝင်သည်ဖြစ်စေ၊ သင်သည် အသက်တာ ဝင်ရောက်ခြင်းကို အမြဲတမ်း ကြိုးပမ်းရရှိရမည်။ လူအချို့ ထမ်းဆောင်သည့် တာဝန်များသည် အတော်အတန် ငြီးငွေ့ဖွယ်ကောင်းသည်။ ၎င်းတို့သည် နေ့စဉ် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်ကြပေသည်။ သို့သော် ထိုအရာများကို ဆောင်ရွက်သည့်အခါ၊ ဤလူများ ထုတ်ဖော်ပြသည့် အခြေအနေများသည် အားလုံး တစ်ထပ်တည်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ကောင်းမွန်သည့် စိတ်ခံစားမှုရှိသည့်အခါ၊ လူများသည် အနည်းငယ်ပို၍ လုံ့လဝီရိယရှိပြီး၊ အလုပ်ကို ပိုကောင်းမွန်စွာ ဆောင်ရွက်ကြသည်။ အခြားအချိန်များတွင် အမည်မသိသော သြဇာလွှမ်းမိုးမှုများကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်သော စိတ်သဘောထားများသည် ၎င်းတို့ထဲတွင် မလျော်ကန်သော အမြင်ရှုထောင့်များရှိစေပြီး၊ ဆိုးရွားသော အခြေအနေနှင့် ဆိုးရွားသော စိတ်ခံစားမှုတို့တွင် ရှိစေလျက်၊ ၎င်းတို့ထဲတွင် ဒုက္ခပေးခြင်းကို လှုံ့ဆော်လေသည်။ ဤအရာက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ထမ်းဆောင်ခြင်း အကျိုးဆက် ဖြစ်စေသည်။ လူများ၏ အတွင်းအခြေအနေများသည် အမြဲမပြတ် ပြောင်းလဲနေကြသည်။ ၎င်းတို့သည် အချိန်မရွေး နေရာမရွေး ပြောင်းလဲနိုင်သည်။ သင်၏ အခြေအနေ မည်သို့ ပြောင်းလဲပါစေ၊ သင်၏ စိတ်ခံစားမှုအရ ပြုမူခြင်းသည် အမြဲတမ်း မှားယွင်းပေသည်။ သင်သည် ကောင်းသော စိတ်ခံစားမှုတစ်ခုရှိချိန်တွင် အနည်းငယ်ပိုကောင်းမွန်အောင် ဆောင်ရွက်ပြီး၊ မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေချိန်တွင် အနည်းငယ် ပို၍ ဆိုးရွားအောင် ဆောင်ရွက်ပေသည်- ဤသည်မှာ အမှုအရာများကို ကိုယ်ကျင့်တရား ကောင်းမွန်သော နည်းလမ်းအရ ဆောင်ရွက်ခြင်းလော။ ဤအရာသည် သင်၏တာဝန်ကို လက်ခံနိုင်ဖွယ်ဖြစ်သည့် စံနှုန်းတစ်ခုဖြင့် ထမ်းဆောင်ခွင့်ပေးမည်လော။ ၎င်းတို့၏ စိတ်ခံစားမှု မည်သို့ရှိပါစေ၊ လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ဆုတောင်းဖို့နှင့် သမ္မာတရားကို ရှာဖွေဖို့ သိရှိရမည်။ ဤနည်းအားဖြင့်သာ ၎င်းတို့၏ စိတ်ခံစားမှုအားဖြင့် ထိန်းချုပ်ခံရခြင်းနှင့် ဟိုဟိုသည်သည် တိမ်းညွတ်စေခြင်းတို့မှ ရှောင်ကြဉ်နိုင်သည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းသည့်အခါ၊ ကိုယ်ကျင့်တရားအရ အမှုအရာများကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် စံနှုန်းမီမမီ၊ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း သက်သက် ဟုတ်မဟုတ်၊ သင်၏ တာဝန်ဝတ္တရားများကို ရှောင်ရှားရန် ကြိုးစားခြင်း ပြုမပြု၊ နှင့် သင်၏ သဘောထားနှင့် သင်တွေးပုံခေါ်ပုံတို့တွင် ပြဿနာများ ရှိမရှိတို့ကို သင့်ကိုယ်သင် အမြဲတမ်း စစ်ဆေးသင့်သည်။ သင်သည် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး၊ ဤအရာများသည် သင့်အတွက် ရှင်းလင်းလာသည်နှင့် တစ်ပြိုင်နက်၊ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ပို၍လွယ်ကူသော အချိန်တစ်ခု ရှိလာလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်- အပျက်သဘောဆောင်ခြင်း နှင့် အားနည်းချက်ဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် မကောင်းသော စိတ်ခံစားမှု တစ်ခုတွင် ရှိနေခြင်းဖြစ်စေ- သင် မည်သည့်အရာကို ကြုံတွေ့ရပါစေ၊ ယင်းကို သင် သင့်တော်စွာ သဘောထားသင့်ပြီး၊ သင်သည် သမ္မာတရားကိုလည်း ရှာဖွေကာ၊ ဘုရားသခင်၏ အလိုတော်ကိုလည်း နားလည်ရမည်။ ဤအမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ရှိလိမ့်မည်။ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ကောင်းမွန်စွာ ဆောင်ရွက်လိုပါက၊ သင်၏ စိတ်ခံစားမှု၏ သက်ရောက်မှုကို ခံ၍ မဖြစ်ပေ။ သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကို မည်မျှခံစားနေရပါစေ၊ သင်လုပ်သမျှတွင် ကိုယ်ကျင့်တရားများကို မြဲမြံစွာ လိုက်နာလျက်၊ လုံးဝ တိကျခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာကို သင်ပြုလုပ်ပါက အခြားသူများက သင့်ကို လက်ခံရုံသာမက၊ ဘုရားသခင်ကလည်း သင့်ကို နှစ်သက်တော်မူလိမ့်မည်။ ဤသို့ဖြစ်သဖြင့် သင်သည် တာဝန်ရှိပြီး ဝန်ထုပ် ထမ်းရွက်သောသူ ဖြစ်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို စံချိန်မီ အမှန်တကယ် ဖြည့်ဆည်းပြီး၊ စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အပြည့်အဝ အသက်ရှင်နေထိုင်သည့်သူ တကယ့် လူကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ လူများသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနေသည့်အခါ သန့်စင်ခြင်းခံရပြီး စစ်မှန်သည့် ပြောင်းလဲခြင်းကို ရရှိကြကာ၊ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသည်ဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ရိုးသားသောလူများသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်းခြင်းအား အပတ်တကုတ် လုံ့လထုတ်ပြီး ကိုယ်ကျင့်တရားဖြင့် ပြုမူကျင့်ကြံရာတွင် အောင်မြင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို စံချိန်မီ ဖြည့်ဆည်းနိုင်ပေသည်။ ကိုယ်ကျင့်တရားဖြင့် ပြုမူသည့်လူများသည် ၎င်းတို့ ကောင်းသော စိတ်ခံစားမှုရှိနေချိန်တွင် ၎င်းတို့၏ တာဝန်များကို စေ့စေ့စပ်စပ် ဖြည့်ဆည်းကြသည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် အလုပ်မလုပ်ဘဲ၊ အခြားသူများက ၎င်းတို့အား အထင်ကြီးစေဖို့ မိမိတို့ကိုယ်ကိုယ် မာနမထောင်လွှားကြသကဲ့သို့၊ ကိုယ်ရည်သွေးလည်းမပြကြပေ။ ၎င်းတို့သည် မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေသည့် အချိန်၌ ၎င်းတို့၏ နေ့စဉ် လုပ်ဆောင်ချက် တာဝန်များကို ဤသို့ပင် စိတ်ပါလက်ပါနှင့် တာဝန်ရှိစွာ ပြီးမြောက်စေနိုင်ပြီး ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းကို ထိခိုက်နစ်နာ စေသည့်အရာ တစ်ခုခုကိုဖြစ်စေ၊ ၎င်းတို့ကို ဖိအားအနည်းငယ် ပေးသည့်အရာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အနှောင့်အယှက် ဖြစ်ပေါ်စေသည့်အရာတစ်ခုခုကို ၎င်းတို့ ကြုံတွေ့ရလျှင်ပင်၊ ၎င်းတို့သည် “ကျွန်ုပ် မည်မျှ ကြီးမားသည့် ပြဿနာကို ရင်ဆိုင်ရပါစေ— မိုးကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာလျှင်ပင်— ကျွန်ုပ်အသက်ရှင်နေသရွေ့ ကျွန်ုပ်သည် မိမိ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားရန် သန္နိဌာန်ချထားပါသည်။ ဘုရားသခင် ပေးအပ်သည့် ဤတာဝန်နှင့် ကျွန်ုပ်ထိုက်တန်ဖို့၊ ထို့အပြင် ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲ ကိုယ်တော် ထည့်ထားပြီးဖြစ်သည့် ဤထွက်သက်ဝင်သက်နှင့် ကျွန်ုပ်ထိုက်တန်ဖို့အလို့ငှာ၊ ကျွန်ုပ် အသက်ရှင်သည့် နေ့တိုင်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်မျှ အခက်အခဲကြုံကောင်း ကြုံနေရသည်ဖြစ်ပါစေ၊ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးအကြီးဆုံးအရာဖြစ်သည့်အတွက် ယင်းကို ဘေးဖယ်ထားပါမည်။” ဟု ပြောလျက်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး၊ ဆုတောင်းနိုင်ဆဲ ဖြစ်ပေသည်။ မည်သည့် လူ၊ အဖြစ်အပျက်၊ အမှုအရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်စုံတစ်ရာအားဖြင့် ထိခိုက်ခြင်းကို မခံရသည့်သူများ၊ မည်သည့်စိတ်ခံစားမှု သို့မဟုတ် အပြင်ပန်းအခြေအနေ တစ်စုံတစ်ရာအားဖြင့် ဘောင်ခတ်ခြင်းကို မခံသူများနှင့် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စွာပေးအပ်ထားသည့် ၎င်းတို့၏တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို ရှေ့တန်းတင်ထားသူများ— ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိသူများနှင့် သူ့ကို စစ်မှန်စွာ နာခံသူများဖြစ်သည်။ ဤကဲ့သို့သော လူများသည် အသက်ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်ကာ၊ သမ္မာတရား၏လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီးဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် အစစ်မှန်ဆုံးနှင့် လက်တွေ့အကျဆုံးသော ဖော်ပြချက်များ ပင်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၇၆)

လူအချို့အတွက် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ မည်သည့်ပြဿနာကို တွေ့ကြုံကောင်း တွေ့ကြုံကြပါစေ၊ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် အတွေးများ၊ အယူအဆများ၊ စိတ်ကူးများနှင့် အလိုဆန္ဒများနှင့်အညီ အစဉ်ပြုမူလုပ်ဆောင်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနေကြပြီး ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏လုပ်ဆောင်ချက်များကို အမြဲ ထိန်းချုပ်နေ၏။ ၎င်းတို့သည် ၎င်းတို့တာဝန်များကို အစဉ်ထမ်းဆောင်သည့်ပုံစံ ပေါ်ကောင်းပေါ်နိုင်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံသောကြောင့်၊ အမှုအရာများကို သမ္မာတရားစည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့်၊ အဆုံးတွင် သမ္မာတရားနှင့် အသက်ကို မရရှိနိုင်ဖြစ်ကြလိမ့်မည်။ နာမည်နှင့် ထိုက်တန်သည့် အစေခံသူများ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ထိုသို့သော လူတို့သည် မိမိတို့၏ တာဝန်များကို ဆောင်ရွက်နေချိန်တွင် မည်သည့်အရာများအပေါ် မှီခိုနေကြသနည်း။ ၎င်းတို့သည် သမ္မာတရားအပေါ် မှီခိုနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကို မှီခိုနေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့နားလည်သော ထိုသမ္မာတရားအနည်းငယ်သည် ၎င်းတို့၏စိတ်နှလုံးများထဲ၌ အချုပ်အခြာအာဏာ မရယူထားပေ။ ၎င်းတို့သည် ဤတာဝန်များကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင် ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်များအပေါ်၊ ၎င်းတို့ရရှိထားသည့် မည်သည့် အသိပညာမဆိုအပြင် ၎င်းတို့၏ ကိုယ်ပိုင်စိတ်စွမ်းအား၊ သို့မဟုတ် ကောင်းသောရည်ရွယ်ချက်များအပေါ်တွင်ပါ အမှီပြုကြသည်။ ဤသည်မှာ မှန်ကန်ပါက ၎င်းတို့သည် မိမိတို့၏ တာဝန်များကို လက်ခံနိုင်လောက်သော စံနှုန်းတစ်ခုဖြင့် ထမ်းဆောင်နိုင်မည်လော။ လူတို့သည် ၎င်းတို့တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ သဘာဝအခြေအနေ၊ အယူအဆများ၊ စိတ်ကူးများ၊ ကျွမ်းကျင်မှုများ၊ သင်ယူမှုများတို့ကို အားကိုးသောအခါ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေပြီး မကောင်းမှုကို မကျူးလွန်သည့်ပုံစံပေါ်နိုင်သော်လည်း ၎င်းတို့က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေကြပေ။ ဘုရားသခင်အတွက် ကျေနပ်ဖွယ်ရာဖြစ်သည့်အရာတစ်ခုမျှ မလုပ်ဆောင်ထားကြပေ။ လျစ်လျူရှု၍မရသည့် အခြားပြဿနာတစ်ခုလည်းရှိသည်။ သင်၏တာဝန်ကို ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတွင်းတွင်၊ အကယ်၍ သင်၏အယူအဆများ၊ စိတ်ကူးများနှင့် ကိုယ်ပိုင်အလိုဆန္ဒများ မည်သည့်အခါမျှ မပြောင်းလဲဘဲ သမ္မာတရားနှင့် မည်သည့်အခါမျှ အစားထိုးခြင်း မရှိပါက၊ ပြီးလျှင် သင်၏လုပ်ရှားမှုများနှင့် လုပ်ဆောင်ချက်များမှာ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ မည်သည့်အခါမျှ လုပ်ဆောင်ခြင်းမရှိပါက၊ နောက်ဆုံးရလဒ်မှာ မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်သည် အသက်အတွင်း ဝင်ရောက်မှု ရှိမည်မဟုတ်ပေ။ သင်သည် အစေခံသူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤနည်းအားဖြင့် သခင်ယေရှု၏ စကားများကို ပြည့်စုံစေလိမ့်မည်။ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဘုရားသခင်သည် လုံ့လဝီရိယကို အသုံးပြုပြီး အစေခံခြင်းကို လုပ်ဆောင်သော ဤလူတို့အား မကောင်းမှုပြုသူများဟု အဘယ့်ကြောင့် ခေါ်သနည်း။ ငါတို့တွင် သေချာနိုင်သော အချက်တစ်ချက်ရှိသည်၊ ယင်းမှာ မည်သည့် တာဝန်များ သို့မဟုတ် အလုပ်ကို ဤလူတို့က လုပ်ဆောင်ပါစေ၊ ၎င်းတို့၏ အရင်းခံအကြောင်းရင်းများ၊ တွန်းအား၊ ရည်ရွယ်ချက်များနှင့် အတွေးများသည် သူတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများမှ လုံးလုံးလျားလျား ထွက်ပေါ်လာကာ၊ ယင်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ရှေ့ရေးများကို ကာကွယ်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်မာန၊ ပကာသနနှင့် အဆင့်အတန်းကို ဖြည့်ဆည်းရန် လုံးလုံးလျားလျား ဖြစ်သည်။ အားလုံးသည် ဤစဉ်းစားတွက်ချက်မှုများအနီးတွင် ဗဟိုပြုသည်။ ၎င်းတို့ စိတ်နှလုံးတွင် သမ္မာတရားမရှိပေ။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး နာခံသော စိတ်နှလုံးမရှိကြပေ။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။ ယခုအခါတွင် သင့်တို့အတွက် လိုက်စားရန် အရေးပါသောအရာမှာ မည်သည့်အရာဖြစ်သနည်း။ အရာအားလုံးတွင် သင်တို့သည် သမ္မာတရားကို ရှာဖွေရမည်။ ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ဘုရားသခင်တောင်းဆိုသည့်အတိုင်း မိမိတာဝန်ကို ကောင်းမွန်စွာထမ်းဆောင်ရမည်။ ဤသို့လုပ်ဆောင်လျှင် ဘုရားသခင်၏ ချီးမွမ်းခြင်းကို သင် ရရှိလိမ့်မည်။ ဤသို့ဆိုလျှင် ဘုရားသခင်တောင်းဆိုသည့်အတိုင်း သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် အသေးစိတ် မည်သည့်အရာပါဝင်သနည်း။ သင်လုပ်ဆောင်သမျှတွင် ဘုရားသခင်ကို ဆုတောင်းရန် သင်ယူရမည်။ သင့်တွင် မည်သည့်အရင်းခံအကြောင်းများရှိသည်၊ မည်သည့်အတွေးများရှိသည်၊ ဤအရင်းခံအကြောင်းများနှင့် အတွေးများက သမ္မာတရားနှင့် ညီခြင်းရှိမရှိတို့ကို ဆင်ခြင်သုံးသပ်ရမည်။ မညီလျှင် ထိုအရာများကို ဘေးဖယ်ထားသင့်သည်။ ထို့နောက်တွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင် လုပ်ဆောင်ပြီး ဘုရားသခင်၏ စိစစ်မှုကို လက်ခံသင့်သည်။ ဤသည်မှာ သင့်ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သေချာစေသည်။ သင့်တွင် သင်၏ကိုယ်ပိုင် အရင်းခံအကြောင်းများနှင့် ရည်ရွယ်ချက်များရှိလျှင်၊ ထိုအရာများသည် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်၏ အလိုတော်နဲ့ ကွဲလွဲသည်ကို သင်ကောင်းစွာသိသော်ငြားလည်း၊ ဖြေရှင်းချက်အတွက် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေခြင်းမပြုသေးလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ သင့်အတွက် မကောင်းမှုကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်သောအရာများကို လုပ်ဆောင်ရန် လွယ်ကူသည်။ သင်သည် မကောင်းမှုကို တစ်ကြိမ်၊ နှစ်ကြိမ်ကျူးလွန်ပြီး နောင်တရလျှင် သင့်၌ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိသေးသည်။ သင်သည် မကောင်းမှုကို ဆက်၍ ကျူးလွန်နေလျှင်၊ ကောက်ကျစ်ဆိုးယုတ်မှုမျိုးစုံကို ကျူးလွန်ပြီး နောင်တမရသေးလျှင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ ဘုရားသခင်သည် သင့်အား ဘေးတစ်ဖက်သို့ ဖယ်ထားလိမ့်မည်၊ သို့မဟုတ် စွန့်ပစ်လိမ့်မည်။ ဤသည်မှာ သင်သည် ထုတ်ပယ်ခြင်းခံရဖို့ အန္တရာယ်ရှိနေသည့် သဘောဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်မှုမျိုးစုံ ကျူးလွန်သောသူများသည် သေချာပေါက် အပြစ်ဒဏ်ပေးခံရပြီး ထုတ်ပယ်ခြင်းခံရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၇၇)

ဖန်ဆင်းခံများကို ဖန်ဆင်းရှင်၏ ပြုမူဆက်ဆံခြင်းနှင့်သက်ဆိုင်သည့် အဓိကကျသော ဥပဒေသတစ်ခု ရှိပြီး ယင်းမှာ အမြင့်မားဆုံးသော ဥပဒေသလည်း ဖြစ်သည်ကို လူတို့ နားလည်ရမည်။ ဖန်ဆင်းခံ သတ္တဝါများကို ဖန်ဆင်းရှင် ပြုမူဆက်ဆံပုံသည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သူ၏ အလုပ်ု သတ်မှတ်ချက်များအပေါ်တွင် လုံးလုံးလျားလျား အခြေခံသည်။ ကိုယ်တော်သည် မည်သည့် လူတစ်ဦးတစ်ယောက်နှင့်မျှ ဆွေးနွေးတိုင်ပင်စရာ မလိုသကဲ့သို့၊ သူသည် သူနှင့် သဘောတူညီမှု ရယူရန် မည်သည့် လူတစ်ဦးတစ်ယောက်ကိုမျှ မလိုအပ်ပေ။ သူသည် သူလုပ်ဆောင်သင့်သည့်အရာ မည်သည့်အရာမဆိုနှင့် လူတို့ကို သူပြုမူဆက်ဆံရမည့် မည်သည့်ပုံစံကိုမဆို လုပ်ဆောင်ပြီး သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို သူ မည်သို့ ဆက်ဆံသည်ဖြစ်စေ အားလုံးသည် သမ္မာတရားစည်းမျဉ်းများ၊ ဖန်ဆင်းရှင် အမှုပြုသည့် စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် လုပ်ဆောင်ရန် တစ်ခုတည်းသော အရာမှာ ဖန်ဆင်းရှင်ကို ကျိုးနွံနာခံဖို့ဖြစ်သည်။ အကြင်သူသည် မိမိ၏ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုမျှ မလုပ်သင့်ချေ။ ဤသည်မှာ ဖန်ဆင်းခံများ ရှိသင့်သည့် ဆင်ခြင်တုံတရားဖြစ်ပြီး လူတစ်ဦး၌ ဤအရာ မရှိလျှင်၊ ၎င်းကို လူတစ်ဦးဟု ခေါ်ဆိုဖို့ မထိုက်တန်ပေ။ ဖန်ဆင်းရှင်သည် အစဉ်အမြဲ ဖန်ဆင်းခြင်းသခင်ဖြစ်သည်ကို လူများ နားလည်ရမည်ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံ သတ္တဝါအပေါ်မဆို သူသဘောတွေ့သလို စီစဉ်ညွှန်ကြားဖို့နှင့် အုပ်ချုပ်ဖို့ တန်ခိုးအာဏာနှင့် အရည်အချင်းများကို ပိုင်ဆိုင်ပြီး ထိုသို့ပြုရန် အကြောင်းပြချက် တစ်ခုမျှ မလိုအပ်ချေ။ ဤသည်မှာ သူ၏ ဩဇာအာဏာပင်ဖြစ်သည်။ ဖန်ဆင်းခံများထဲတွင် ဖန်ဆင်းရှင်က လုပ်ဆောင်သည့်အရာသည် မှန်သလော၊ မှားသလော၊ သို့မဟုတ် သူသည် မည်သို့လုပ်ဆောင်သင့်သည်ဆိုသည်ကို ဝေဖန်အကဲဖြတ်ရန် အခွင့်ရှိသည့်၊ သို့မဟုတ် အရည်အသွေးပြည့်မီသည့်သူ တစ်ဦးမျှမရှိပေ။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုနှင့် အစီအစဉ်များကို လက်ခံရန်၊ လက်မခံရန်ကို ရွေးချယ်ရန် မည်သည့်ဖန်ဆင်းခံကမျှ အခွင့်မရှိပေ။ ဖန်ဆင်းခံက ၎င်းတို့၏ ကံကြမ္မာကို အုပ်စိုးပြီး စီစဉ်သည်ပုံစံနှင့်ပတ်သက်ပြီး တောင်းဆိုချက်များပြုလုပ်ရန် မည်သည့်ဖန်ဆင်းခံမျှ အခွင့်မရှိပေ။ ဤသည်မှာ အမြင့်ဆုံး အမှန်တရားပင် ဖြစ်သည်။ ဖန်ဆင်းရှင်က သူ၏ ဖန်ဆင်းခံသတ္တဝါများအပေါ် မည်သည့်အရာ ပြုလုပ်ထားသည်ဖြစ်စေ၊ ထို့ပြင် သူ မည်သို့ပြုလုပ်ထားသည်ဖြစ်စေ သူဖန်ဆင်းခဲ့သည့် လူသားများအနေဖြင့် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်သင့်၏- ဖန်ဆင်းရှင်က နေရာတကျ တည်ထားသည့် အရာရာတိုင်းကို ရှာဖွေရန်၊ ကျိုးနွံနာခံရန်၊ သိနားလည်ရန်နှင့် လက်ခံရန်သာ ဖြစ်ပါသည်။ နောက်ဆုံးရလဒ်ကား သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သည့် ဖျက်ဆီးပိတ်ဆို့မှုမှမရှိဘဲ တိုးတက်စေရင်း၊ ဖန်ဆင်းရှင်က သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးမြောက်ကာ သူ၏အလုပ်ကို ပြည့်စုံစေပြီးဖြစ်မည် ဟူသည့်အချက်ပင် ဖြစ်လိမ့်မည်။ ထိုအတောအတွင်း၌ ဖန်ဆင်းခံ သတ္တဝါများက ဖန်ဆင်းရှင်၏ အုပ်ချုပ်မှုနှင့် စီစဉ်မှုများကို လက်ခံကာ သူ၏ အုပ်ချုပ်မှုနှင့် စီစဉ်မှုများအား ကျိုးနွံနာခံထားပြီး ဖြစ်သောကြောင့်၊ သူတို့သည် သမ္မာတရားကို ရရှိပြီး ဖြစ်လိမ့်မည်၊ ဖန်ဆင်းရှင်၏ အလိုတော်ကို နားလည်ပြီးဖြစ်လိမ့်မည်၊ ထို့ပြင် သူ၏ စိတ်နေသဘောထားကို သိကျွမ်းလာပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ သင်တို့ကို ငါ ပြောရမည့် နောက်ထပ် အခြေခံသဘောတရားတစ်ခု ရှိသေး၏- ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူမည်သည့်အရာကို ထင်ရှားစေသည်ဖြစ်စေ၊ ပြီးလျှင် သူလုပ်ဆောင်သည့် အရာသည် ကြီးမြတ်သည့် လုပ်ဆောင်ချက်ဖြစ်စေ သေးငယ်သည့်လုပ်ဆောင်ချက် တစ်ခု ဖြစ်စေ၊ သူသည် ဖန်ဆင်းရှင် ဖြစ်နေဆဲ ဖြစ်သည်။ သူဖန်ဆင်းထားသည့် လူသားမျိုးနွယ်အားလုံးမှာမူ၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပြီးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့အနေဖြင့် မည်မျှ ပါရမီရှိပါစေ သို့မဟုတ် ဆုကျေးဇူးရှိပါစေ၊ အဖန်ဆင်းခံ သတ္တဝါများ ဖြစ်မြဲဖြစ်ကြလေသည်။ အဖန်ဆင်းခံ လူသားမျိုးနွယ်အတွက်မူ၊ ၎င်းတို့အနေဖြင့် ဖန်ဆင်းရှင်ထံမှ မည်မျှများပြားသော ကျေးဇူးတော်နှင့် မည်မျှများပြားသော ကောင်းချီးမင်္ဂလာများ ရရှိကြပြီးဖြစ်ပါစေ၊ သို့မဟုတ် သနားကရုဏာ၊ ကြင်နာမှု သို့မဟုတ် စေတနာ မည်မျှရရှိကြပြီးဖြစ်ပါစေ၊ ၎င်းတို့အနေဖြင့် လူစုများမှ သီးခြား ရပ်တည်ဖို့ မိမိတို့ကိုယ်ကိုယ် မယုံကြည်သင့်ပေ သို့မဟုတ် ဘုရားသခင်နှင့် အဆင့်အတန်းတူနိုင်ပြီး၊ အဖန်ဆင်းခံ သတ္တဝါများအလယ်တွင် ၎င်းတို့သည် အဆင့်မြင့်မားလာကြပြီးဖြစ်သည်ဟု မထင်မှတ်သင့်ပေ။ ဘုရားသခင်က သင့်အပေါ် ဆုကျေးဇူးများ မည်မျှ အပ်နှင်းပြီးဖြစ်ပါစေ၊ သို့မဟုတ် ကျေးဇူးတော် မည်မျှ သင့်ကို သူပေးပြီးဖြစ်ပါစေ၊ သို့မဟုတ် သူက သင့်ကို မည်မျှ ကြင်နာစွာ ဆက်ဆံပြီးဖြစ်ပါစေ၊ သို့မဟုတ် သင့်ကို အထူးပါရမီအနည်းငယ် ပေးပြီးပါစေ၊ ဤအရာများထဲမှ မည်သည့်အရာမျှ သင်၏အဖိုးတန် အရည်အချင်းများ မဟုတ်ပေ။ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ပြီး၊ ထို့ကြောင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး အစဉ်အမြဲ ဖြစ်လိမ့်မည်။ သင့်အနေဖြင့်၊ “ငါသည် ဘုရားသခင်၏လက်ထဲက ချစ်ခင်မြတ်နိုးရသူလေးတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် ငါ့ကို မည်သည့်အခါမျှ ဘေးဖယ်ထားမည်မဟုတ်။ ငါ့အပေါ် ဘုရားသခင်၏ သဘောထားမှာ နှစ်သိမ့်ပြီး ခွန်အားပေးသည့် နွေးထွေးသော တီးတိုးပြောဆိုသံဖြင့် ချစ်ခြင်းမေတ္တာ၊ စောင့်ရှောက်ခြင်းနှင့် နူးညံ့သော ကြင်နာစွာထွေးပိုက်ခြင်းနှင့် သက်ဆိုင်သောအရာတစ်ခု အမြဲဖြစ်လိမ့်မည်။” ဟု မည်သည့်အခါတွင်မျှ မတွေးရ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဖန်ဆင်းရှင်၏ အမြင်တွင်၊ သင်သည် အခြားအဖန်ဆင်းခံ သတ္တဝါအားလုံးနှင့် တူညီပေသည်။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံအလယ်တွင် မည်သည့်အခန်းကဏ္ဍတွင်မဆို သင် ပါဝင်လုပ်ဆောင်ဖို့ ဘုရားသခင်သည် သင့်ကို သူဆန္ဒရှိသည်အတိုင်း အသုံးပြုနိုင်ပြီး၊ သူဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားနိုင်ကာ၊ သူဆန္ဒရှိသည်အတိုင်း စီစဉ်နိုင်ပေသည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် အသိဖြစ်ပြီး၊ ၎င်းတို့ ပိုင်ဆိုင်သင့်သည့် ကောင်းမြတ်သော အသိစိတ်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး လက်ခံနိုင်ပါက၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် အမျှတဆုံးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်လိမ့်မည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး လက်ခံနိုင်ပါက ၎င်းတို့သည် မိမိတို့၏ ရာထူးအဆင့်အတန်းကို ကောင်းကောင်းမွန်မွန် ရှာဖွေဖော်ထုတ်လိမ့်မည်၊ မိမိတို့၏ နေရာကို လက်ခံလိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ထိန်းသိမ်းလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၇၈)

ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဘုရားနှုတ်ကပတ်တော်ကိုဖတ်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားခြင်းမှတစ်ဆင့်ဖြစ်ရမည်ဖြစ်ပြီး စမ်းသပ်မှုများစွာ၊ စစ်ဆေးမှု၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းများကို တွေ့ကြုံခြင်းမှတစ်ဆင့်လည်း ဖြစ်ရမည်။ ထိုအခါမှသာ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် ဘုရားသခင်၏ စိတ်သဘောထားကို အမှန်တကယ် သိမြင်မှုတစ်ခုရှိရန် ဖြစ်နိုင်ခြေရှိသည်။ လူအချို့က- “လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ငါမမြင်ဖူးဘူး။ ဒါကြောင့် ဘုရားသခင်ကို ငါဘယ်လို သိနိုင်မလဲ။” ဟု ဆိုကြသည်။ အမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သူ၏စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ လူသားများအတွက် သူ၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းအပြင် ၎င်းတို့ကို ကယ်တင်ခြင်းအတွက် သူ၏ နည်းလမ်း တို့ကို သင် မြင်နိုင်သည်။...ဤသည်မှာ သူ၏ နှုတ်ကပတ်တော်များကို လူသားများက ရေးသားခဲ့ခြင်းမဟုတ်ဘဲ၊ ဘုရားသခင် ကိုယ်တော်တိုင်က ဖော်ပြခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဖော်ပြထားခြင်း ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်က သူ၏ ကိုယ်ပိုင်စကားများနှင့် သူ့စိတ်နှလုံး၏အသံကို ဖော်ပြနေခြင်း ဖြစ်သည်။ ဤအရာတို့ကို သူ၏စိတ်နှလုံးမှလာသော စကားများဟူ၍လည်း ခေါ်ဆိုနိုင်သည်။ အဘယ်ကြောင့် သူ၏စိတ်နှလုံးမှလာသော စကားများဟု ခေါ်ဆိုသနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ထိုနှုတ်ကပတ်တော်များသည် စိတ်ထဲက ထုတ်ပြန်ထားခြင်းဖြစ်ပြီး သူ၏စိတ်သဘောထား၊ သူ၏အလိုတော်၊ သူ၏ စိတ်ကူးများနှင့်အတွေးများ၊ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်ကို သူ၏ကယ်တင်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏ မျှော်မှန်းချက်များကို ဖော်ပြသောကြောင့် ဖြစ်သည်။...ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် ကြမ်းတမ်းသော စကားလုံးများ၊ နူးညံ့သိမ်မွေ့ပြီး အရေးထားသော စကားလုံးများအပြင် လူသား၏ ဆန္ဒများနှင့် တစ်ထပ်တည်းမကျသည့် အမြင်သစ်ပေးသော စကားလုံးအချို့ ပါဝင်သည်။ အကယ်၍ သင်သည် အမြင်သစ်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက၊ ဘုရားသခင်သည် အတော် ခက်ထန်သည်ဟု သင်ခံစားကောင်းခံစားရလိမ့်မည်။ အကယ်၍ သင်သည် နူးညံ့သိမ်မွေ့သော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက၊ ဘုရားသခင်သည် သိပ်ဩဇာအာဏာမရှိဟု သင်ခံစားကောင်း ခံစားရလိမ့်မည်။ ထို့ကြောင့် သင်သည် ထိုအရာများကို ရှေ့နောက်စကားအဆက်အစပ် မရှိဘဲ မယူရပေ။ ယင်းထက်၊ ရှုထောင့်မျိုးစုံမှ ကြည့်မြင်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် ကရုဏာကြီးမားသော ရှုထောင့်မှ စကားပြောပြီး၊ ထိုအခါ လူတို့သည် လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာကို မြင်ကြသည်။ တစ်ခါတစ်ရံ သူသည် အလွန် တင်းကျပ်သော ရှုထောင့်မှ စကားပြောပြီး၊ ထိုအခါ လူတို့သည် သူ၏ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းခံမည်မဟုတ်သည်ကို လည်းကောင်း၊ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် သူ၏ ရှေ့မှောက်သို့လာရန် မထိုက်တနသည်ကို လည်းကောင်း၊ လူတို့သည် ယခု ဘုရားသခင်၏ရှေ့မှောက်သို့ လာခွင့်ရသည်မှာ သူ၏ ကျေးဇူးတော်သက်သက်ကြောင့်သာ ဖြစ်သည်ကိုလည်းကောင်း မြင်ကြသည်။ ဘုရားသခင်၏ အမှုပြုပုံပြုနည်းမှ၊ ပြီးလျှင် သူ့အမှု၏ အရေးပါမှုတွင် သူ၏ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် သူနှင့် မည်သည့် တိုက်ရိုက် အဆက်အသွယ်မျှမရှိဘဲနှင့်ပင် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်ကြဆဲဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ သိရှိသူတစ်ဦးသည် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမှုရှိလာသည့်အခါ၊ ခရစ်တော်နှင့် သူ၏ ကြုံဆုံရခြင်းသည် ဘုရားသခင်နှင့်သက်ဆိုင်သော သူ၏တည်ဆဲ အသိပညာနှင့် ကိုက်ညီနိုင်ပေသည်။ သို့သော် သဘောတရားအရသာ နားလည်မှုရှိသူတစ်ဦးသည် ခရစ်တော်နှင့် တွေ့ဆုံသည့်အခါ၊ သူသည် အပြန်အလှန်ဆက်စပ်နေမှုကို မမြင်နိုင်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း သမ္မာတရားသည် နက်နဲမှုများထဲမှ အနက်နဲဆုံးသောအရာ ဖြစ်သည်၊ ယင်းကို လူတို့က နားလည်သဘောပေါက်ရန် ခက်ခဲ၏။ လူ့ဇာတိခံယူခြင်း၏ နက်နဲမှုနှင့်ပတ်သက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အတူတကွ ဆွဲယူကြည့်လော့၊ ယင်းတို့ကို ရှုထောင့်မျိုးစုံမှ ကြည့်ပြီးနောက် အတူတကွ ဆုတောင်းကာ ဆင်ခြင်တွေးတောပြီး သမ္မာတရား၏ ဤရှုထောင့်နှင်ပတ်သက်၍ နောက်ထပ် မိတ်သဟာယပြုလော့။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိနိုင်လိမ့်မည်ဖြစ်ပြီး၊ နားလည်လာနိုင်လိမ့်မည်။ လူသားများသည် ဘုရားသခင်နှင့် တိုက်ရိုက် ထိတွေ့မှုကို ရရှိခြင်းငှာ အခွင့်အရေးမရှိသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော အသိပညာကို အဆုံးတွင် ရရှိရမည်ဆိုလျှင် စမ်းတဝါးဝါးရှေ့ဆက်ကာ ဖြည်းဖြည်းချင်းစီ ဝင်ရောက်ရန် ဤကဲ့သို့သော အတွေ့အကြုံမျိုးကို အားထားကြရမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၇၉)

ဘုရားသခင်ကို သိခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သဘောပေါက်နိုင်ခြင်းပြီး သို့ဖြစ်၍ ဘုရားသခင်၏ စိတ်သဘောထားကို သိခြင်းကို ဆိုလို၏- ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် သိခြင်းဟူသည့်အရာ ဖြစ်သည်။ သင်သည် သူ့ကို မြင်တွေ့ခဲ့ပြီဟု အခိုင်အမာဆိုသည့်တိုင် သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သင်နားမလည်သကဲ့သို့၊ သူ၏ စိတ်သဘောထားကို သင်နားမလည်ပေ။ သင်သည် သူ၏ဖြောင့်မတ်ခြင်းကို နားမလည်သကဲ့သို့၊ သူ၏ကရုဏာစိတ် ရှိခြင်းကို နားမလည်သည်သာမက၊ သူနှစ်သက်သည့် အရာ၊ သို့မဟုတ် သူစက်ဆုပ်ရွံရှာသည့်အရာကိုလည်း သင်မသိပေ။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း မဟုတ်ပေ။ လူအချို့သည် ဘုရားသခင်နောက်သို့ လိုက်နိုင်ကြ၏။ သို့သော် ဘုရားသခင်ကို အမှန်တကယ် မလွဲမသွေယုံကြည်သည်ကား မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းသည် ဘုရားသခင်ကို နာခံခြင်းဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် မနာခံသောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ ကွာခြားချက်သည် ဤနေရာတွင် တည်ရှိသည်။ သင်သည် ဘုရားသခင်နောက်သို့ နှစ်အနည်းငယ်ကြာ လိုက်ပြီးသောအခါ၊ ဘုရားသခင်အပေါ် သိမြင်မှု၊ နားလည်မှုရှိသောအခါ၊ ဘုရားအလိုတော်ကို နားလည်မှုနှင့် သဘောပေါက်မှု အချို့ရှိသောအခါ၊ လူသားကို ကယ်တင်ရာတွင် ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်ကို သတိထားမိသောအခါ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် သင်ယုံကြည်သည့်အချိန်၊ ဘုရားသခင်ကို အမှန်တကယ် နာခံပြီး အမှန်တကယ် ချစ်သည့်အချိန်၊ ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်သည့်အချိန် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်အား သိမြင်ခြင်းကို မလိုက်စားလျှင်၊ ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အမှုတော်ကို နားမလည်လျှင် ဘုရားသခင်နောက်သို့ ပြေးလိုက်ပြီး လူအများစုလုပ်သည့်အရာမှန်သမျှကို လိုက်လုပ်သော နောက်လိုက်တစ်ယောက်သာ ဖြစ်သည်။ ယင်းကို စစ်မှန်သော ကိုးကွယ်ခြင်း မဆိုထားနှင့်။ စစ်မှန်သော ကျိုးနွံနာခံခြင်းဟုပင် မခေါ်ဆိုနိုင်ပေ။ စစ်မှန်သော ကိုးကွယ်ခြင်း မည်သို့ဖြစ်ပေါ်လာသနည်း။ ခြွင်းချက်မရှိ၊ ဘုရားသခင်ကို မြင်တွေ့ပြီး စစ်မှန်စွာသိသူအားလုံးသည် သူ့ကို ကိုးကွယ်ကာ ကြည်ညိုကြ၏။ ၎င်းတို့အားလုံးသည် သူ့ကို ဦးညွှတ်ကာ ကိုးကွယ်ဖို့ လှုံ့ဆော်ခံရကြ၏။ လတ်တလောတွင်၊ လူ့ဇာတိခံ ဘုရားသခင် အမှုပြုနေစဉ်တွင် သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူတို့ သာ၍နားလည်လေလေ၊ ၎င်းတို့သည် ဤအရာများကို သာ၍တန်ဖိုးထားလေလေ ဖြစ်ပြီး၊ သူ့ကို သာ၍ချစ်ကြောက်ရိုသေလေလေ ဖြစ်လိမ့်မည်။ ယေဘုယျအားဖြင့် လူတို့သည် ဘုရားသခင်ကို သိနားလည်မှု သာ၍နည်းလေ၊ သာ၍ဂရုမပြုလေဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်ကို လူသားကဲ့သို့ ၎င်းတို့ ဆက်ဆံကြလေသည်။ လူတို့သည် ဘုရားသခင်ကို အမှန်တကယ်သိရှိကာ မြင်ခဲ့ကြပါက၊ ၎င်းတို့သည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ကြမည်ဖြစ်ပြီး မြေပေါ်တွင် ဦးညွှတ်ကြမည်ဖြစ်သည်။ “ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။” (ရှင်မဿဲခရစ်ဝင် ၃:၁၁) ယောဟန်သည် ဤအရာကို အဘယ်ကြောင့်ဆိုခဲ့သနည်း။ စိတ်ထဲတွင် ဘုရားသခင်အပေါ် အလွန် နက်နဲသော သိနားလည်မှု သူ မရှိခဲ့သော်လည်း၊ ဘုရားသခင်သည် အံ့ဖွယ်ကောင်းသည်ကို သူသိခဲ့၏။ ယနေ့ခေတ် လူမည်မျှသည် ဘုရားသခင်ကို ကြည်ညိုကြောက်ရွံ့နိုင်စွမ်း ရှိသနည်း။ သူ၏ စိတ်သဘောထားကို ၎င်းတို့ မသိပါက၊ သူ့ကို မည်သို့ ကြောက်ရွံ့နိုင်သနည်း။ လူတို့သည် ခရစ်တော်၏ အနှစ်သာရကို မသိသကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားကိုလည်း နားမလည်လျှင် စစ်မှန်သည့်ဘုရားကို အမှန်တကယ် ကိုးကွယ်ရန် ပို၍ပင် တတ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ခရစ်တော်၏ သာမန်နှင့် ပုံမှန်အပြင်ပန်းသဏ္ဌာန်ကိုသာ မြင်သော်လည်း၊ သူ၏အနှစ်သာရကို မသိပါက၊ သူတို့သည် ခရစ်တော်အား သာမန်လူသားတစ်ဦးအဖြစ်သာ ဆက်ဆံရန် ၎င်းတို့အတွက် လွယ်ကူ၏။ ထိုသူတို့သည် သူ့အပေါ် မရိုသေသောသဘောထား ခံယူကောင်းခံယူနိုင်သည်၊ ပြီးလျှင်သူ့ကို လိမ်လည်လှည့်စားနိုင်သည်၊ သူ့ကို ခုခံနိုင်သည်၊ သူ့ကို မနာခံဘဲနေနိုင်ပြီး၊ သူ့အပေါ် တရားစီရင်ချက် ချမှတ်နိုင်သည်။ ၎င်းတို့အနေဖြင့် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူနိုင်ပြီး သူ၏နှုတ်ကပတ်တော်များကို အလေးအနက် ထားကောင်း ထားနိုင်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် အယူအဆများ၊ ရှုတ်ချမှုများနှင့် ပြစ်မှားစော်ကားမှုတို့ကိုပင် ဖြစ်ပေါ်စေနိုင်၏။ ဤပြဿနာများကို ဖြေရှင်းရန်၊ ခရစ်တော်၏ အနှစ်သာရနှင့် ဘုရားသဘောသဘာဝတို့ကို သိရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း၏ အဓိကလက္ခဏာဖြစ်၏၊ ထိုအရာသည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည့် အယောက်တိုင်းက ဝင်ရောက်၍ ရရှိရမည့်အရာဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

အရှေ့သို့- အသက်အတွင်း ဝင်ရောက်မှု (၅)

နောက်တစ်ခုသို့- ပန်းတိုင်များနှင့် အဆုံးသတ်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။