ဘုရားသခင်ကို သိမြင်ခြင်း (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁)

ဘုရားသခင်၏နောက်ကို လိုက်နေစဉ်တွင် သင့်အနေဖြင့် ဘုရားသခင်ကို အမှန်တကယ် နားလည်ထားခြင်း ရှိမရှိ၊ အမှန်တကယ် သဘောပေါက်ထားခြင်း ရှိမရှိ၊ အမှန်တကယ် သိကျွမ်းလာခြင်း ရှိမရှိတို့ကို မြင်နိုင်ရန်၊ လူအမျိုးမျိုးအထွေထွေအပေါ်တွင် ဘုရားသခင်ထားရှိသော သဘောထားကို သင်အမှန်တကယ် သိမသိကို မြင်နိုင်ရန်၊ ထို့အပြင် သင့်အပေါ်တွင် ဘုရားသခင်ပြုနေသော အမှုနှင့် သင်၏လုပ်ဆောင်မှုတိုင်းအား ဘုရားသခင်က မည်ကဲ့သို့အနက်ဖွင့်သည်ကို သင်အမှန်တကယ် နားလည်ခြင်းရှိမရှိကို မြင်နိုင်ရန် အယောက်စီတိုင်းသည် မိမိတို့၏ အသက်တာတစ်လျှောက်၌ ဘုရားသခင်အား မည်ကဲ့သို့ယုံကြည်နေခဲ့သည်ကို အသစ်တစ်ဖန် ပြန်လည်ဆန်းစစ်သင့်ပေသည်။ သင့်တိုးတက်မှု၏ ဦးတည်ရာကို လမ်းညွှန်ပေးပြီး သင့်ကံကြမ္မာကို စီမံကာ သင့်လိုအပ်ချက်များကို ပံ့ပိုးပေးလျက် သင့်အပါး၌ရှိနေသော ဤဘုရားသခင်ကို သင့်အနေဖြင့် နောက်ဆုံးခြုံငုံ၍ ကြည့်လိုက်လျှင် မည်မျှနားလည်သနည်း။ ဤဘုရားသခင်အကြောင်းကို သင်မည်မျှအမှန်တကယ်သိသနည်း။ နေ့စဉ်နေ့တိုင်း သင့်အပေါ်တွင် သူမည်သည့်အမှုပြုသည်ကို သင်သိသလော။ သူ၏လုပ်ဆောင်မှုတိုင်းအား မည်သည့်နိယာမများနှင့် ရည်ရွယ်ချက်များအပေါ် အခြေပြုထားသည်ကို သင်သိသလော။ သင့်အား သူမည်ကဲ့သို့လမ်းပြသည်ကို သင်သိသလော။ သင့်အား မည်သည့်နည်းလမ်းများဖြင့် သူထောက်ပံ့နေသည်ကို သင်သိသလော။ သင့်အား သူဦးဆောင်သော နည်းလမ်းများကို သင်သိသလော။ သင့်ထံမှ မည်သည့်အရာကို သူရယူလိုသည်၊ သင့်ထံတွင် မည်သည့်အရာကို သူပြီးမြောက်အောင်မြင်လိုသည်ကို သင်သိသလော။ သင်ပြုမူသော နည်းလမ်းအမျိုးမျိုးတို့အပေါ် သူမည်သို့သဘောထားသည်ကို သင်သိသလော။ သင်သည် သူ၏ချစ်မြတ်နိုးခြင်းကို ခံရသောလူတစ်ယောက် ဟုတ်မဟုတ်ကို သင်သိသလော။ သူ၏ဝမ်းမြောက်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုတို့၏ မူလရင်းမြစ်၊ ယင်းတို့၏နောက်ကွယ်ရှိ စိတ်ကူးများနှင့် အကြံအစည်များအပြင် သူ၏အနှစ်သာရတို့ကို သင်သိသလော။ နောက်ဆုံးအနေဖြင့် သင်ယုံကြည်သော ဤဘုရားသခင်မှာ မည်ကဲ့သို့သော ဘုရားသခင်ဖြစ်ကြောင်းကို သင်သိသလော။ ဤမေးခွန်းများနှင့် အလားတူ အခြားမေးခွန်းများသည် သင့်အနေဖြင့် မည်သည့်အခါကမျှ နားမလည်ခဲ့သည့်၊ သို့မဟုတ် မစဉ်းစားခဲ့သည့်အရာများ ဖြစ်နေသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းအား သင်လိုက်စားရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် နားလည်သဘောပေါက်ခြင်းနှင့် တွေ့ကြုံခံစားခြင်းအားဖြင့် သူနှင့်ပတ်သက်သည့် သင်၏နားလည်မှုလွဲနေခြင်းများကို ရှင်းလင်းပြီးပြီလော။ ဘုရားသခင်၏ ပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့ကို ခံယူပြီးနောက်တွင် စစ်မှန်သော နာခံခြင်းနှင့် အရေးစိုက်ခြင်းတို့ကို သင်ရရှိပြီးပြီလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အလယ်တွင် သင်သည် လူသား၏ ပုန်ကန်လိုစိတ်နှင့် စာတန်နှင့်ဆိုင်သည့် သဘာဝတို့ကို သိမြင်လာပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်းကို အနည်းငယ်မျှလောက် နားလည်ပြီးပြီလော။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုနှင့် ဉာဏ်ပွင့်စေခြင်းတို့အောက်တွင် အသက်တာအပေါ် ရှုမြင်ပုံအသစ်ကို သင်စတင်ရရှိပြီလော။ ဘုရားသခင်စေလွှတ်သော စမ်းသပ်ခြင်းများအလယ်တွင် လူသားတို့၏ ပြစ်မှုများအပေါ် ဘုရားသခင်၏ သည်းမခံမှုအပြင် သင့်ထံမှ သူတောင်းဆိုသောအရာနှင့် သင့်အား သူမည်သို့ကယ်တင်နေပုံတို့ကို သင်ခံစားရပြီးပြီလော။ ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်မသိပါက၊ သို့မဟုတ် ဤနားလည်မှုလွဲခြင်းကို မည်သို့ရှင်းလင်းရမှန်း သင်မသိပါက သင်၌ ဘုရားသခင်နှင့် စစ်မှန်သည့် ဆက်ဆံရေး မည်သည့်အခါမျှ မရှိခဲ့သည့်အပြင် ဘုရားသခင်ကို မည်သည့်အခါမျှ သင်နားမလည်ခဲ့ဟု ပြောနိုင်သည်၊ သို့မဟုတ် ယုတ်စွအဆုံး သင်၌ ဘုရားသခင်ကို နားလည်လိုစိတ် မည်သည့်အခါကမျှ မရှိခဲ့ဟု ပြောနိုင်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့က မည်သည့်အရာဖြစ်သည်ကို မသိပါမူ နာခံခြင်းနှင့် အရေးစိုက်ခြင်းတို့မှာ မည်သည့်အရာတို့ဖြစ်သည်ကိုလည်း သင်ဧကန်မုချမသိပေ၊ သို့တည်းမဟုတ် ယုတ်စွအဆုံး သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံခဲ့ခြင်း၊ သို့မဟုတ် အရေးစိုက်ခဲ့ခြင်းတို့ မည်သည့်အခါကမျှ မရှိခဲ့ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို မည်သည့်အခါကမျှ မတွေ့ကြုံခဲ့ရပါက သူ၏သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်ကို ဧကန်မုချ သိလိမ့်မည်မဟုတ်သကဲ့သို့ လူသား၏ ပုန်ကန်ခြင်းမှာ မည်သည့်အရာဖြစ်သည်ကိုလည်း သာ၍ပင် ရှင်းလင်းလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင့်ထံ၌ အသက်တာအပေါ် မှန်ကန်သည့် ရှုမြင်ပုံ၊ သို့မဟုတ် အသက်တာ၌ မှန်ကန်သည့် ရည်မှန်းချက်တို့ မည်သည့်အခါကမျှ အမှန်တကယ် မရှိခဲ့ဘဲ၊ အသက်တာ၌ ရှေ့သို့ဆက်လျှောက်ရန် ချီတုံချတုံဖြစ်သည်အထိပင် သင့်အနာဂတ်လမ်းနှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးပြီး စိတ်မပိုင်းဖြတ်နိုင်သည့် အခြေအနေတွင် ရှိနေသေးပါလျှင် ဘုရားသခင်၏ ဉာဏ်အလင်းပွင့်စေခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို မည်သည့်အခါကမျှ သင်မရရှိခဲ့ကြောင်း သေချာပေသည်၊ ထို့ပြင် သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့ပေးခြင်း၊ သို့မဟုတ် ဖြည့်တင်းပေးခြင်းတို့ကို မည်သည့်အခါကမျှ အမှန်တကယ် ခံခဲ့ရခြင်း မရှိဟူ၍လည်း ပြောနိုင်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စမ်းသပ်ခြင်းကို မခံရသေးပါက လူသား၏ ပြစ်မှုများအပေါ် ဘုရားသခင်၏ သည်းမခံမှုကိုလည်း သင်လုံးဝမသိကြောင်းကို ပြောစရာပင်မလိုသကဲ့သို့ အဆုံးတွင် သင့်ထံမှ ဘုရားသခင်တောင်းဆိုသည့်အရာကိုလည်း သင်နားလည်မည်မဟုတ်၊ ထို့အပြင် လူသားကို စီမံခန့်ခွဲပြီး ကယ်တင်သည့် ဘုရားသခင်၏အလုပ်ကိုလည်း သင့်အနေဖြင့် သာ၍ပင် နားလည်မည်မဟုတ်။ လူတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်လာခဲ့သည်မှာ နှစ်ပေါင်းမည်မျှပင် ကြာနေစေကာမူ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် တစ်စုံတစ်ရာကို တွေ့ကြုံခံစားဖူးခြင်း၊ သို့မဟုတ် သိမြင်နားလည်ဖူးခြင်းတို့ လုံးဝမရှိခဲ့ပါလျှင် ထိုသူသည် ကယ်တင်ခြင်းသို့ သွားသောလမ်းကို လျှောက်လှမ်းနေခြင်း မဟုတ်ကြောင်း၊ ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းသည် အမှန်တကယ် အနှစ်မပါကြောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ သူ၏အသိပညာမှာလည်း သုညဖြစ်နေကြောင်း သေချာလှသည်၊ ထို့ပြင် ဘုရားသခင်အား ရိုသေလေးမြတ်ခြင်းက မည်သည့်အရာဖြစ်သည်ကို သူမသိကြောင်းကိုမူ ပြောနေရန်ပင် မလိုချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂)

ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား စသည်တို့အားလုံးကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားမျိုးနွယ်အား သိရှိစေပြီး ဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရသည့်အခါ၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးစဉ်တွင် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်လာလိမ့်မည်၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းတို့ကို နားလည်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ရည်ရွယ်ထားသည့် ရလဒ်တို့ကို နားလည်လာကာ သဘောပေါက်လာလိမ့်မည်။ လူသားမျိုးနွယ်အတွက်၊ သမ္မာတရားနှင့် အသက်ကို ရရှိဖို့ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်ရန်၊ မိမိ၏စိတ်သဘောထားထဲတွင် ပုံသဏ္ဌာန်ပြောင်းလဲလာရန်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ခြင်းများကို နာခံလာနိုင်ရန်အလို့ငှာ ဤအရာများအားလုံးသည် လူသား တွေ့ကြုံရမည့်၊ နားလည်သဘောပေါက်ရမည့်၊ ရယူရမည့်အရာများ ဖြစ်သည်။ ဤအရာများကို လူသားက တွေ့ကြုံကာ နားလည်သဘောပေါက်ပြီး ရယူသည်နှင့် တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ဆိုင်သော သိနားလည်မှုကို သူတဖြည်းဖြည်း ရရှိလာပြီးဖြစ်လိမ့်မည်၊ ထို့ပြင် ဤအချိန်တွင် ဘုရားသခင်နှင့်ဆိုင်သည့် အမျိုးမျိုးသော အသိပညာအဆင့်များကိုလည်း သူရရှိပြီးဖြစ်လိမ့်မည်။ ဤနားလည်ခြင်းနှင့် အသိပညာတို့သည် လူသား စိတ်ကူးထားသည့်အရာ၊ သို့မဟုတ် ရေးစပ်ထားသည့်အရာမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သူ၏အတွင်းစိတ်ထဲ၌ သူသဘောပေါက်ကာ တွေ့ကြုံ၍ ခံစားရပြီး အတည်ပြုသည့်အရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအရာတို့ကို သဘောပေါက်ကာ တွေ့ကြုံ၍ ခံစားလျက် အတည်ပြုပြီးသည့်နောက်တွင်သာ ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိပညာသည် အနှစ်သာရ ရှိလာလေသည်။ ဤအချိန်၌ လူသားရရှိသည့် အသိပညာသည်သာလျှင် လက်တွေ့ကျကာ စစ်မှန်ပြီး တိကျမှန်ကန်မှု ရှိလေသည်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်ခြင်း၊ တွေ့ကြုံခြင်း၊ ခံစားခြင်းနှင့် အတည်ပြုခြင်းတို့မှတစ်ဆင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုနှင့် အသိပညာတို့ကို ရယူခြင်းတည်းဟူသော ဤဖြစ်စဉ်သည် လူသားနှင့် ဘုရားသခင်၏ စစ်မှန်သည့် ဆက်ဆံရေးပင် ဖြစ်ပေသည်။ ဤသို့သော ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် နားလည်ကာ သဘောပေါက်လာသည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အမှန်တကယ် နားလည်ကာ သိရှိလာသည်၊ ဘုရားသခင်၏အနှစ်သာရကို အမှန်တကယ် နားလည်ကာ သိရှိလာသည်၊ ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်း နားလည်ကာ သိရှိလာသည်၊ ဖန်ဆင်းရာအပေါင်းတို့အပေါ် ဘုရားသခင်၏ အုပ်စိုးမှုဟူသော အမှန်တရားနှင့် ပတ်သက်၍ မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် စစ်မှန်သော စိတ်ချသေချာမှုတို့ကို ရလာသည်၊ ထို့ပြင် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ ဂုဏ်အဆင့်အတန်းနှင့်ပတ်သက်၍ ပဓာနကျသော ဆက်စပ်မှုနှင့် အသိပညာတို့ကို ရရှိလာသည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် ဘုရားသခင်အကြောင်း မရှိကိုအရှိလုပ်၍ စိတ်ကူးကြည့်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်သည့် မိမိ၏ကိုယ်ပိုင်သံသယများကို ဇက်ကုန်လွှတ်လိုက်ခြင်း၊ ဘုရားသခင်ကို နားလည်မှုလွဲခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်း၊ သို့မဟုတ် သံသယဝင်ခြင်းတို့ မလုပ်တော့ဘဲ လူသားသည် ဘုရားသခင်နှင့်ပတ်သက်သည့် သူ၏အမြင်များကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလေသည်။ ဤကဲ့သို့ဖြင့် လူသားသည် ဘုရားသခင်နှင့် ငြင်းခုံခြင်း သာ၍နည်းလာမည်ဖြစ်ပြီး ဘုရားသခင်နှင့် ပဋိပက္ခဖြစ်မှု သာ၍နည်းလာမည်ဖြစ်ကာ ဘုရားသခင်ကို ပုန်ကန်သည့် ဖြစ်ရပ်များ သာ၍နည်းလာပေမည်။ အပြန်အလှန်အားဖြင့် ဘုရားသခင်အပေါ် လူသား၏ အရေးစိုက်ခြင်းနှင့် နာခံခြင်းတို့မှာ တိုး၍ကြီးထွားလာမည်ဖြစ်ပြီး ဘုရားသခင်ကို သူ၏ရိုသေလေးမြတ်မှုမှာ ပို၍စစ်မှန်လာမည်ဖြစ်သည့်အပြင် ပို၍လည်း နက်နဲလာလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် သမ္မာတရား၏ အထောက်အပံ့၊ အသက်နှင့်ဆိုင်သော ဗတ္တိဇံတို့ကို ရလိမ့်မည်သာမကဘဲ တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ဆိုင်သည့် မှန်ကန်သည့် အသိပညာကိုလည်း ရရှိလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် သူ၏စိတ်သဘောထားထဲ၌ ပုံသဏ္ဌာန်ပြောင်းလဲပြီး ကယ်တင်ခြင်းကို ရရှိမည်သာမကဘဲ တစ်ချိန်တည်းတွင် ဘုရားသခင်အပေါ်ထားသည့် ဖန်ဆင်းခံတစ်ဦး၏ စစ်မှန်သော ရိုသေလေးမြတ်ခြင်းနှင့် ကိုးကွယ်ခြင်းတို့ကိုလည်း ရှာမှီးလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးကို ရရှိပြီးနောက် ဘုရားသခင်ကို လူသား၏ ယုံကြည်ခြင်းသည် စာရွက်အလွတ်တစ်ရွက်၊ သို့မဟုတ် အပြောသက်သက်ဖြစ်သည့် နှုတ်ကတိတစ်ခု၊ သို့မဟုတ် မျက်စိစုံမှိတ် လိုက်စားခြင်းနှင့် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းပုံစံမျိုး ဖြစ်တော့မည် မဟုတ်ချေ။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ လူသား၏အသက်သည် တစ်ရက်ပြီးတစ်ရက် ရင့်ကျက်ခြင်းဆီသို့ ကြီးထွားလာမည်ဖြစ်ပြီး၊ ထိုအချိန်မှသာ သူ၏စိတ်သဘောထားက တဖြည်းဖြည်းချင်း ပုံသဏ္ဌာန်ပြောင်းလဲလာမည်ဖြစ်ကာ ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းသည် မရေရာ၊ မသေချာသော ယုံကြည်ခြင်းမှ စစ်မှန်သည့် နာခံခြင်းနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် ရိုသေလေးမြတ်ခြင်းအဖြစ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲသွားမည်ဖြစ်သည်၊ ထို့ပြင် လူသားသည် ဘုရားသခင်၏နောက်ကို လိုက်နေစဉ်တွင် တုံဏှိဘာဝေနေနေသည့်အဖြစ်မှ နိုးကြားထကြွသည့်အဖြစ်သို့၊ အပျက်သဘောမှ အပြုသဘောသို့လည်း တဖြည်းဖြည်းချင်း တိုးတက်သွားပေလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ လူသားသည် ဘုရားသခင်ကို မှန်မှန်ကန်ကန် သိနားလည်ပြီး သဘောပေါက်ကာ ဘုရားသခင်နှင့်ဆိုင်သည့် မှန်ကန်သော အသိပညာကို ရရှိလိမ့်မည်။ လူအများစုသည် ဘုရားသခင်နှင့် စစ်မှန်သည့် ဆက်ဆံရေးမရှိသောကြောင့်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏အသိပညာမှာ သဘောတရားအဆင့်၊ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများအဆင့်၌သာ ရပ်တန့်နေသည်။ ဆိုလိုသည်မှာ လူအများစုသည် ဘုရားသခင်ကို ယုံကြည်လာခဲ့သည်မှာ နှစ်ပေါင်းမည်မျှပင် ကြာနေပြီဖြစ်စေ ဘုရားသခင်ကို သိရှိခြင်းအပိုင်းတွင်မူ ၎င်းတို့သည် မိမိတို့နှင့် နှီးနွှယ်နေသည့် ခေတ်နောက်ကျနေသော အယူသီးမှုများနှင့် စိတ်ကူးယဉ်ဆန်သော အသွေးအရောင်တို့ဖြင့် ရိုးရာဓလေ့ဆိုင်ရာ ဂါရဝပြုခြင်းပုံစံများ၏ အခြေခံတွင် သောင်တင်နေလျက် ၎င်းတို့စတင်ခဲ့သည့် တစ်နေရာတည်းမှာပင် ချောင်ပိတ်မိနေကြဆဲဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိပညာသည် စတင်ခဲ့သည့်နေရာတွင်ပင် ရပ်တန့်နေခြင်းမှာ ထိုအသိပညာသည် မရှိသလောက်နီးပါးပင် ဖြစ်သည်ဟု ဆိုလိုသည်။ ဘုရားသခင်၏ ဂုဏ်အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာတို့အပေါ် လူသား၏ခံယူချက်မှလွဲ၍၊ ဘုရားသခင်ကို လူသား၏ယုံကြည်မှုသည် မရေရာ မသေချာသည့် အဆင့်မှာသာ ရှိနေသေး၏။ သို့ဆိုလျှင် လူသား၌ ဘုရားသခင်အပေါ် စစ်မှန်သော ရိုသေလေးမြတ်ခြင်း မည်မျှရှိနိုင်သနည်း။

ဘုရားသခင်၏တည်ရှိခြင်းကို သင်မည်မျှခိုင်ခိုင်မာမာ ယုံကြည်စေကာမူ ဤအရာက ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိပညာကိုလည်းကောင်း၊ ဘုရားသခင်အပေါ် သင်၏ရိုသေလေးမြတ်ခြင်းကိုလည်းကောင်း အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် သူ၏ကျေးဇူးတော်ကို သင်မည်မျှမွေ့လျော်ပြီးဖြစ်ပါစေ ဤအရာက ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိပညာကို အစားမထိုးနိုင်ပေ။ ဘုရားသခင်အဖို့အလို့ငှာ သင်၏အရာအားလုံးကို ဆက်ကပ်၍ အသုံးတော်ခံရန် သင်မည်မျှလိုလားနေသည်ဖြစ်စေ ဤအရာက ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိပညာကို အစားမထိုးနိုင်ပေ။ သင့်အနေဖြင့် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်လာခြင်း ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် ထိုနှုတ်ကပတ်တော်များကို သင်အလွတ်ပင်ရကာ သွက်လက်စွာပင် ရွတ်ပြနိုင်ခြင်း ဖြစ်ကောင်းဖြစ်မည်၊ သို့တိုင်အောင် ဤအရာက ဘုရားသခင်နှင့်ဆိုင်သည့် သင်၏အသိပညာကို အစားမထိုးနိုင်ပေ။ ဘုရားသခင်နောက်ကို လိုက်ခြင်းအပေါ် လူသားအနေဖြင့် မည်မျှပင် ယတိပြတ် ဆုံးဖြတ်ထားသည်ဖြစ်စေ၊ အကယ်၍ သူ၌ ဘုရားသခင်နှင့် စစ်မှန်သော ဆက်ဆံရေး လုံးဝမရှိခဲ့ပါက၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံ လုံးဝမရှိခဲ့ပါက၊ ဘုရားသခင်နှင့်ဆိုင်သည့် သူ၏အသိပညာမှာ ဗလာအကွက်တစ်ခုသာ သို့မဟုတ် အဆုံးအစမဲ့သော အတွေးနယ်ချဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်နှင့် အလျဉ်းသင့်၍ ပခုံးချင်းတိုက် ခဲ့ဖူးကောင်း တိုက်ခဲ့ဖူးမည်၊ သို့မဟုတ် သူနှင့် မျက်နှာချင်းဆိုင် တွေ့ခဲ့ဖူးကောင်း တွေ့ခဲ့ဖူးမည်ဖြစ်သော်လည်း ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိပညာမှာ နတ္ထိသုညသာလျှင် ဖြစ်နေဆဲဖြစ်လိမ့်မည်၊ ထို့အပြင် ဘုရားသခင်အပေါ် သင်၏ရိုသေလေးမြတ်ခြင်းမှာလည်း အနှစ်မဲ့သော ကြွေးကြော်သံ၊ သို့မဟုတ် စိတ်ကူးယဉ် အယူအဆတစ်ခုထက် ပိုမည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၃)

လူများစွာတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ရန် တစ်နေ့တခြား စွဲကိုင်ကြသည်မှာ ထိုနှုတ်ကပတ်တော်များထဲမှ ဂန္တဝင်မြောက် ကျမ်းပိုဒ်များအားလုံးကို ၎င်းတို့၏ တန်ဖိုးအထားရဆုံး ပိုင်ဆိုင်မှုတစ်ခုအလား မှတ်ဉာဏ်ထဲ သေချာစွာ မှတ်သားထားကြသည်အထိ၊ ထို့ပြင် အခြားသူများအား ဘုရားသခင်၏နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေရာအနှံ့ ဟောကြသည်အထိပင် ဖြစ်၏။ ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို သက်သေခံခြင်းဖြစ်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များကို သက်သေခံခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ လမ်းခရီးနောက်ကို လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က တွေးကြသည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ တကယ့်အသက်တာများထဲသို့ ယူဆောင်လာခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလျှင် ဘုရားသခင်၏ ချီးကျူးခြင်းကို ၎င်းတို့လက်ခံရရှိမည်ဖြစ်ပြီး ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းကို ခံရမည်ဖြစ်ကြောင်း ၎င်းတို့တွေးထင်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဟောကြားနေစဉ်တွင်ပင် ၎င်းတို့သည် လက်တွေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မလိုက်နာသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထုတ်ဖော်ပြထားသည့်အရာနှင့် တိုက်ဆိုင် နှိုင်းယှဉ်စစ်ဆေးဖို့ မကြိုးစားနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် လိမ်လည်လှည့်စားမှုအားဖြင့် အခြားသူများ၏ ကြည်ညိုမှုနှင့် ယုံကြည်မှုတို့ကို ရရှိရန်၊ မိမိတို့ဘာသာ စီမံခန့်ခွဲရန်နှင့် ဘုရားသခင်၏ ဘုန်းအသရေကို အလွဲသုံးစားလုပ်ပြီး ခိုးယူရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးချကြလေသည်။ ဘုရားသခင်၏ အမှုပြုခြင်းနှင့် သူ၏ချီးကျူးခြင်းတို့ကို ရရှိရန်အလို့ငှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေခြင်းအားဖြင့် ရလာသည့် အခွင့်အလမ်းကို အမြတ်ထုတ်ဖို့ အချည်းနှီးမျှော်လင့်ကြ၏။ နှစ်ပေါင်းမြောက်မြားစွာ ကုန်ဆုံးသွားခဲ့သော်လည်း ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ဘုရားသခင်၏ ချီးကျူးခြင်းကို ရရှိနိုင်စွမ်း မရှိရုံသာမက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံစဉ်တွင် ၎င်းတို့လိုက်လျှောက်သင့်သည့် လမ်းခရီးကို ရှာဖွေနိုင်စွမ်း မရှိရုံသာမက၊ အခြားသူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးစဉ်တွင် မိမိတို့ကိုယ်ကို ထောက်ပံ့နိုင်စွမ်းသော်လည်းကောင်း၊ ပံ့ပိုးနိုင်စွမ်းသော်လည်းကောင်း မရှိရုံသာမက၊ ဤအရာအားလုံးကို လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်ကို သိကျွမ်းနိုင်စွမ်းသော်လည်းကောင်း၊ မိမိတို့အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သော ရိုသေလေးမြတ်မှု နိုးကြားလာအောင် လုပ်နိုင်စွမ်းသော်လည်းကောင်း မရှိသည်သာမကသေးဘဲ၊ ဆန့်ကျင်ဖက်အားဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အထင်လွဲမှုများသည်လည်း တိုး၍တိုး၍ နက်ရှိုင်းလာသည်၊ သူ့အပေါ် ၎င်းတို့၏ အယုံအကြည် ကင်းမဲ့မှုများသည်လည်း ပို၍ပို၍ ဆိုးရွားလာသည်၊ ထို့ပြင် သူနှင့်ပတ်သက်သည့် ၎င်းတို့၏စိတ်ကူးများသည်လည်း ပို၍ပို၍ ချဲ့ကားလာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများအားဖြင့် ထောက်ပံ့ပြီး လမ်းညွှန်ခံရလျက်၊ ၎င်းတို့သည် ၎င်းတို့နှင့် လုံးဝအံကိုက်ဖြစ်သည့် အနေအထား၌ ရောက်နေသည့်အလား ထင်ရသည်၊ ၎င်းတို့၏ကျွမ်းကျင်မှုများကို အားမစိုက်ရဘဲ သက်သောင့်သက်သာ အသုံးပြုနေကြသည့်အလား၊ အသက်တာ၌ ၎င်းတို့၏ရည်ရွယ်ချက်၊ ဘဝပေးတာဝန်ကို ရှာတွေ့ထားပြီဖြစ်သည့်အလား ထင်ရသည်၊ ထို့ပြင် ၎င်းတို့သည် အသက်တာအသစ်တစ်ခုကို ကြိုးပမ်းရရှိပြီး ကယ်တင်ခံထားရပြီးသည့်အလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ရွတ်ဆိုရာတွင် ထိုနှုတ်ကပတ်တော်များက ၎င်းတို့၏နှုတ်လျှာမှ ကျစ်လျစ်ပြည့်စုံစွာ လှိမ့်ဆင်းလာ၍ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိပြီးဖြစ်သည့်အလား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီးဖြစ်သည့်အလား၊ ထို့ပြင် ဘုရားသခင်ကို သိကျွမ်းခြင်း လမ်းကြောင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်သည့်အလား ထင်ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ၎င်းတို့သည် ဘုရားသခင်နှင့် မကြာခဏ မျက်နှာချင်းဆိုင်တွေ့ရပြီးဖြစ်သည့်အလား ထင်ရသည်။ ထို့အပြင် ၎င်းတို့သည် မကြာခဏ ငိုပွဲများဆင်နွှဲကြသည်ထိ “တို့ထိ” ခံကြရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် “ဘုရားသခင်” ၏ မကြာခဏ ဦးဆောင်လမ်းပြခြင်းကို ခံကြရသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အလွန်စိတ်ထက်သန်သော ဂရုဓမ္မပြုမှုနှင့် ကြင်နာသော ရည်ရွယ်ချက်တို့ကို မရပ်မနား နားလည်သဘောပေါက်နေသည်ဟု ထင်ရပြီး၊ တစ်ချိန်တည်းမှာပင် လူသားကို ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏စီမံခန့်ခွဲမှုတို့ကို နားလည်သဘောပေါက်ထားပြီး သူ၏အနှစ်သာရကို သိကျွမ်းထားသည့်အပြင် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ထားသည်ဟု ထင်ရသည်။ ဤအခြေခံအုတ်မြစ်ပေါ် အခြေပြု၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ပို၍ပင် ခိုင်မာစွာ ယုံကြည်နေကြပုံရကာ၊ သူ၏ချီးမြှောက်ခံရသည့် အခြေအနေကို ပို၍သတိပြုမိကြပြီး၊ သူ၏ကြီးကျယ်ခမ်းနားခြင်းနှင့် ထူးကဲသာလွန်ခြင်းတို့ကို ပို၍ပင် နက်နက်ရှိုင်းရှိုင်း ခံစားနေကြပုံရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အပေါ်ယံမျှသာ သိသည့်အသိတွင် စုံးစုံးမြုပ်နေ၍ ၎င်းတို့၏ ယုံကြည်မှုသည် ကြီးထွားလာသည့်ပုံ၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံမည့် ၎င်းတို့၏ သန္နိဌာန်က အားကောင်းလာသည့်ပုံ ထင်ရသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏သိခြင်းက ပို၍နက်ရှိုင်းလာသည့်ပုံ ထင်ရပေလိမ့်မည်။ ၎င်းတို့လုံးဝ မသိသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အမှန်တကယ် တွေ့ကြုံခံစားခြင်း မရှိသေးခင်အထိ ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အသိပညာများနှင့် ထင်မြင်ချက်များအားလုံးသည် ၎င်းတို့ဖြစ်စေချင်သော စိတ်ကူးများနှင့် မှန်းဆချက်များမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်မှုသည် ဘုရားသခင်ထံမှလာသည့် မည်သည့်စမ်းသပ်မှုမျိုးကိုမျှ ခံနိုင်မည် မဟုတ်ပေ၊ ၎င်းတို့၏ ဝိညာဉ်ရေးနှင့် ဝိညာဉ်ရင့်ကျက်မှုဟု ဆိုသောအရာတို့သည် ဘုရားသခင်၏ စမ်းသပ်မှုကိုဖြစ်စေ၊ စစ်ဆေးမှုကိုဖြစ်စေ အကယ်ပင် ခံနိုင်မည် မဟုတ်ချေ၊ ၎င်းတို့၏ သန္နိဌာန်သည် သဲပေါ်တွင်ဆောက်ထားသည့် ရဲတိုက်တစ်ခုမျှသာ ဖြစ်၏၊ ထို့ပြင် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာဟုဆိုသောအရာမှာလည်း ၎င်းတို့၏ စိတ်ကူးအထင်သက်သက်သာ ဖြစ်တော့သည်။ စင်စစ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး လုံ့လများစွာ စိုက်ထည့်ထားသည့် ဤလူများသည် စစ်မှန်သော ယုံကြည်မှု၊ စစ်မှန်သော နာခံခြင်း၊ စစ်မှန်သော အရေးစိုက်မှု၊ သို့မဟုတ် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့သည် မည်သည့်အရာ ဖြစ်သည်ကို လုံးဝနားမလည်ကြဘိသည့်အလားပင် ဖြစ်ပေသည်။ ၎င်းတို့သည် အယူအဆ၊ စိတ်ကူးစိတ်သန်း၊ အသိပညာ၊ ဆုကျေးဇူး၊ ရိုးရာဓလေ့၊ အယူသီးကြီးခြင်းတို့အပြင် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကိုပင် ယူကြကာ ထိုအရာတို့ကို ဘုရားသခင်အား ယုံကြည်ခြင်းနှင့် သူ့နောက်လိုက်ခြင်းတို့အတွက် “အရင်းအနှီး” နှင့် “လက်နက်အမျိုးမျိုး” အဖြစ် ပြုလုပ်ကြသည်သာမကဘဲ ဘုရားသခင်အား ၎င်းတို့ယုံကြည်ခြင်းနှင့် သူ့နောက် ၎င်းတို့လိုက်ခြင်းတို့အတွက် အခြေခံအုတ်မြစ်များအဖြစ်ပင် ပြုလုပ်ကြလေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ စစ်ဆေးခြင်းများ၊ စမ်းသပ်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ခြင်းနှင့် ဖြေရှင်းခြင်းတို့အတွက် ဤအရင်းအနှီးနှင့် လက်နက်အမျိုးမျိုးတို့ကို ယူကာ ဘုရားသခင်ကို သိကျွမ်းဖို့ အသုံးပြုသည့် မှော်အဆောင်လက်ဖွဲ့များအဖြစ် ပြုလုပ်ကြသည်။ အဆုံး၌ ၎င်းတို့ရှာမှီးသည့်အရာတွင် ဘုရားသခင်အကြောင်း ကောက်ချက်များဖြစ်သည့် ဘာသာရေးဂယက်အနက်တွင်လည်းကောင်း၊ ခေတ်နောက်ကျနေသည့် အယူသီးမှုတွင်လည်းကောင်း၊ စိတ်ကူးယဉ်ဆန်ကာ သဘာဝမကျသကဲ့သို့ ပဟေဠိဆန်သောအရာအားလုံးထဲတွင်လည်းကောင်း စုံးစုံးမြုပ်နေသည့် ကောက်ချက်များသာ ပါဝင်နေသည်။ ဘုရားသခင်ကို ၎င်းတို့သိကျွမ်းပြီး အဓိပ္ပာယ်ဖွင့်သည့်ပုံမှာ အထက်ကောင်းကင်ဘုံကိုသာ ယုံကြည်သော၊ သို့မဟုတ် မိုးကောင်းကင်ရှိ အဘိုးအိုကိုသာ ယုံကြည်ကြသော လူများနှင့် တစ်ထေရာတည်းပင်ဖြစ်သည်၊ သို့သော်လည်း စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်နှင့် ဆက်နွှယ်လျက်ရှိသော အရာအားလုံးဖြစ်သည့် ဘုရားသခင်၏ စစ်မှန်မှု၊ သူ၏အနှစ်သာရ၊ သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းစသည်တို့မှာမူ ၎င်းတို့၏ အသိပညာက နားလည်နိုင်ခြင်းမရှိသည့် အရာများဖြစ်နေသည်၊ ထိုအရာများသည် ၎င်းတို့၏ အသိပညာနှင့် လုံးလုံးကင်းကွာပြီး၊ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတမျှပင် ဝေးကွာလေသည်။ ဤနည်းအားဖြင့် ဤလူများသည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် အာဟာရဖြည့်ပေးခြင်းကို ခံယူလျက် အသက်ရှင်ကြသော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း လမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းနိုင်ခြင်းမရှိကြပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းမှန်မှာ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သိကျွမ်းခဲ့ဖူးခြင်းမရှိသကဲ့သို့၊ သူနှင့် စစ်မှန်သော ဆက်သွယ်မှု၊ သို့မဟုတ် စစ်မှန်သော ဆက်ဆံရေးလည်း မရှိသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် အပြန်အလှန် နားလည်သဘောပေါက်မှု ရရှိဖို့ မဖြစ်နိုင်သကဲ့သို့၊ ၎င်းတို့အတွင်း၌ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း၊ ဘုရားသခင်နောက်ကို လိုက်ခြင်း၊ သို့မဟုတ် ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့ နိုးကြားလာအောင် လုပ်ရန်လည်း မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ကို ဤနည်းဖြင့် သဘောထားကြသည်- ဤအမြင်ရှုထောင့်နှင့် သဘောထားတို့က ၎င်းတို့ကို ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုများမှ လက်ချည်းသက်သက်လှည့်ပြန်ရကိန်း ဆိုက်စေခဲ့ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း လမ်းကြောင်းကို ထာဝရလျှောက်လှမ်းနိုင်စွမ်း မရှိသည့်ကိန်း ဆိုက်စေသည်။ ၎င်းတို့ရည်မှန်းနေသည့် ပန်းတိုင်နှင့် ၎င်းတို့သွားနေသည့် ဦးတည်ချက်တို့က ၎င်းတို့သည် ထာဝရကာလတိုင် ဘုရားသခင်၏ရန်သူများ ဖြစ်လာမည် ဖြစ်ကြောင်းနှင့် ကယ်တင်ခြင်းကို ထာဝရကာလတိုင် လုံးဝရရှိနိုင်မည် မဟုတ်ကြောင်း ညွှန်ပြနေပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄)

အကယ်၍ ဘုရားသခင်၏နောက်ကို နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီး၊ ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို နှစ်ပေါင်းများစွာ မွေ့လျော်ခံစားထားသည့် လူတစ်ယောက်အနေဖြင့် ဘုရားသခင်အပေါ် သူ၏အဓိပ္ပာယ်ဖွင့်ဆိုမှုက ရုပ်တုဆင်းတုများရှေ့တွင် ဝပ်စင်းလျက် ဂါရဝပြုသူတစ်ယောက်၏ အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် အခြေခံအားဖြင့် တစ်ထေရာတည်း ဖြစ်နေပါလျှင် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို မရရှိသေးသည့် လက္ခဏာပင်ဖြစ်ပေလိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုသူအနေဖြင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ မဝင်ရောက်ရသေးခြင်းသက်သက်ကြောင့်သာ ဖြစ်၏၊ ထို့အပြင် ဤအကြောင်းရင်းကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှိရင်းစွဲဖြစ်သော လက်တွေ့အရှိတရား၊ သမ္မာတရား၊ ရည်ရွယ်ချက်များနှင့် လူသားမျိုးနွယ်အပေါ် တောင်းဆိုမှုများအားလုံးသည် ထိုလူနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုသို့သော လူတစ်ယောက်သည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အပေါ်ယံအဓိပ္ပာယ်အတွက် မည်မျှပင် ကြိုးစားပမ်းစား ဆောင်ရွက်နေပါစေ အားလုံးက အချည်းနှီးသာ ဖြစ်လေသည်။ အကြောင်းမှာ ထိုသူလိုက်စားသည့်အရာသည် စကားလုံးများသက်သက်သာ ဖြစ်ပြီး၊ ထိုသူရရှိသည့်အရာသည်လည်း မလွှဲမရှောင်သာပင် စကားလုံးများသက်သက် ဖြစ်နေလိမ့်မည်။ ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင် ရိုးရှင်းသည်ဖြစ်စေ၊ နက်နဲသိမ်မွေ့သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံးတို့သည် လူတစ်ယောက်အနေဖြင့် အသက်ထဲသို့ ဝင်ရောက်သည့်အခါတွင် သူ့အတွက် မရှိမဖြစ်သော သမ္မာတရားများ အားလုံးဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားကို ဝိညာဉ်နှင့် ဇာတိခန္ဓာနှစ်ခုလုံးတွင် ရှင်သန်စေသည့် အသက်ရေများ၏ ရေသောက်မြစ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက အသက်ရှင်သန်နေဖို့ လူသားလိုအပ်သည့်အရာကို ထောက်ပံ့ပေးသည်။ လူသား၏နေ့စဉ်အသက်တာကို စီမံခန့်ခွဲခြင်းအတွက် အခြေခံသဘောတရားများနှင့် အယူဝါဒတို့ကို ထောက်ပံ့ပေးသည်။ ကယ်တင်ခြင်း ရရှိဖို့အလို့ငှာ သူလျှောက်ရမည့် လမ်းကြောင်းအပြင်၊ ယင်း၏ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူပိုင်ဆိုင်သင့်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်ပုံ၊ မည်သို့နာခံပုံတို့နှင့်ပတ်သက်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထိုနှုတ်ကပတ်တော်များသည် လူသား၏ရှင်သန်မှုကို သေချာစေသည့် အာမခံချက်ဖြစ်သည်၊ ထိုနှုတ်ကပတ်တော်များသည် လူသား၏ အသက်မွေးလောက်သော အစာဖြစ်သည်၊ ထို့ပြင် ထိုနှုတ်ကပတ်တော်များသည် လူသားကို သန်မာစေပြီး မတ်မတ်ရပ်နိုင်စေသည့် ကြံ့ကြံ့ခံသော ထောက်ပံ့မှုလည်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ဖန်ဆင်းခံ လူသားမျိုးနွယ်တို့ သာမန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်သည့် သမ္မာတရား လက်တွေ့အရှိတရားဖြင့် ကြွယ်ဝလေသည်။ ဖောက်ပြန်ပျက်စီးမှုမှ ရုန်းထွက်လွတ်မြောက်ဖို့နှင့် စာတန်၏ကျော့ကွင်းများကို ရှောင်တိမ်းဖို့ လူသားမျိုးနွယ်တို့ အသုံးပြုသည့် သမ္မာတရားဖြင့် ကြွယ်ဝသည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က ပေးသည့် မမောမပန်းသော အဆုံးအမ၊ တိုက်တွန်းမှု၊ အားပေးမှုနှင့် ဖြေသိမ့်မှုတို့ဖြင့် ကြွယ်ဝလေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားများအား အပြုသဘောဆောင်သည့် အရာအားလုံးကို နားလည်စေဖို့ လမ်းပြပြီး ဉာဏ်အလင်းပေးသည့် မီးရှူးတန်ဆောင် ဖြစ်သည်၊ ဖြောင့်မတ်ပြီး ကောင်းမြတ်သည့် အရာအားလုံးကို လူတို့က ကျင့်သုံးနေထိုင်ပြီး ပိုင်ဆိုင်ဖို့ သေချာစေသည့် အာမခံချက်ဖြစ်သည်၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများအားလုံးကို တိုင်းတာသည့် စံနှုန်းမှတ်ကျောက်လည်း ဖြစ်သည်၊ ထို့ပြင် လူတို့ကို ကယ်တင်ခြင်းနှင့် အလင်းလမ်းကြောင်းဆီသို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းပြ အမှတ်အသားလည်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျသော အတွေ့အကြုံထဲ၌သာလျှင် လူသားသည် သမ္မာတရားနှင့် အသက်တို့ဖြင့် ထောက်ပံ့ခြင်းကို ခံရနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် မည်သည့်အရာက သာမန်လူ့သဘာဝဖြစ်ကြောင်း၊ မည်သည့်အရာက အဓိပ္ပာယ်ရှိသော အသက်တာဖြစ်ကြောင်း၊ မည်သည့်အရာက စစ်မှန်သော ဖန်ဆင်းခံ သတ္တဝါဖြစ်ကြောင်း၊ မည်သည့်အရာက ဘုရားသခင်ကို စစ်မှန်သော နာခံခြင်းဖြစ်ကြောင်းတို့ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဘုရားသခင်ကို သူ့အနေဖြင့် မည်သို့အရေးစိုက်သင့်ကြောင်း၊ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို မည်သို့ထမ်းဆောင်ပြီး၊ စစ်မှန်သော လူသားတစ်ယောက်၏ ပုံသဏ္ဌာန်အား မည်သို့ပိုင်ဆိုင်ရမည်ဖြစ်ကြောင်းတို့ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် စစ်မှန်သော ယုံကြည်မှုနှင့် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းတို့မှာ မည်သည့်အရာအား ဆိုလိုသည်ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အုပ်စိုးရှင်မှာ မည်သူဖြစ်ကြောင်းကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဖန်ဆင်းရာအားလုံး၏ အရှင်သခင်ဖြစ်သူက ဖန်ဆင်းရာကို အုပ်စိုးကာ ဦးဆောင်လမ်းပြပြီး ထောက်ပံ့ပေးသော နည်းလမ်းများကို နားလည်လာနိုင်သည်။ ထို့အပြင် ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဖန်ဆင်းရာအားလုံး၏ အရှင်သခင်ဖြစ်သူ တည်ရှိကာ အထင်အရှားပြလာပြီး အမှုပြုသည့် နည်းလမ်းများကို နားလည်လာပြီး သဘောပေါက်လာနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အတွေ့အကြုံနှင့် ကင်းကွာပါက လူသား၌ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို စစ်မှန်သော သိကျွမ်းမှု၊ သို့မဟုတ် ထိုးထွင်းအမြင်တို့ မရှိတော့ပေ။ ထိုကဲ့သို့သော လူတစ်ယောက်သည် ရှင်သန်နေသော အလောင်းကောင်တစ်ခုသက်သက်၊ လုံးလုံးအခွံတစ်ခုသက်သက်သာဖြစ်ပြီး၊ ဖန်ဆင်းရှင်နှင့်ဆိုင်သည့် အသိပညာအားလုံးသည် သူနှင့် မည်သို့မျှပတ်သက်ခြင်းမရှိပေ။ ဘုရားသခင်၏အမြင်တွင် ထိုကဲ့သို့သော လူတစ်ယောက်သည် သူ့ကို တစ်ခါမျှ မယုံကြည်သည့်လူဖြစ်သကဲ့သို့ သူ့နောက်ကိုလည်း တစ်ခါမျှ မလိုက်ခဲ့သည့်လူ ဖြစ်ပေသည်၊ ထို့ကြောင့် ဘုရားသခင်က ထိုသူကို စစ်မှန်သော ဖန်ဆင်းခံ သတ္တဝါတစ်ဦးအဖြစ် မဆိုထားနှင့်၊ သူ၏ယုံကြည်သူတစ်ယောက်ဟုပင် အသိအမှတ် မပြုသကဲ့သို့ သူ့နောက်လိုက်အဖြစ်လည်း အသိအမှတ်မပြုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅)

ဖန်ဆင်းခံသတ္တဝါအစစ်အမှန်သည် ဖန်ဆင်းရှင်က မည်သူဖြစ်သည်ကို သိရမည်။ လူသားအား မည်သည့်အတွက် ဖန်ဆင်းထားသည်ကို သိရမည်။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဝတ္တရားများအား မည်သို့လုပ်ဆောင်ရမည်ကို သိရမည်။ ဖန်ဆင်းရာအားလုံး၏ အရှင်သခင်အား မည်သို့ကိုးကွယ်ရမည်ကို သိရမည်။ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် တောင်းဆိုချက်များကို နားလည်၍ သဘောပေါက်ကာ သိကျွမ်းပြီး အရေးစိုက်ရမည်။ ထို့အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဖြစ်သည့် ဖန်ဆင်းရှင်၏ လမ်းစဉ်အတိုင်း လုပ်ဆောင်ရမည်။

ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်နည်း။ မကောင်းသောအကျင့်ကို မည်သို့ရှောင်နိုင်သနည်း။

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်း” ဆိုသည်မှာ ဖော်ပြမရနိုင်လောက်အောင် ဆိုးရွားသော ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ကို မဆိုလိုသကဲ့သို့၊ ရှောင်ဖယ်ခြင်းလည်း မဟုတ်သည့်အပြင်၊ ခပ်ဝေးဝေးနေခြင်းလည်းမဟုတ်ပေ၊ ထို့ပြင် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်း၊ သို့မဟုတ် အယူသီးခြင်းလည်း မဟုတ်ပေ။ ယင်းထက် ၎င်းသည် ကြည်ညိုခြင်း၊ မြတ်နိုးလေးစားခြင်း၊ ယုံကြည်ကိုးစားခြင်း၊ နားလည်သဘောပေါက်ခြင်း၊ အရေးစိုက်ခြင်း၊ နာခံခြင်း၊ အထွတ်အမြတ်ထားခြင်း၊ ချစ်ခြင်းတို့ဖြစ်သည်၊ ထို့အပြင် အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော ဝတ်ပြုကိုးကွယ်မှု၊ အတုံ့အလှယ်ပေးဆပ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့လည်းဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ကြည်ညိုခြင်း၊ စစ်မှန်သော ယုံကြည်ကိုးစားခြင်း၊ စစ်မှန်သော နားလည်သဘောပေါက်ခြင်း၊ စစ်မှန်သော အရေးစိုက်ခြင်း၊ သို့မဟုတ် စစ်မှန်သော နာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ အထင်မှားခြင်း၊ ရှောင်တိမ်းခြင်းနှင့် ရှောင်ရှားခြင်းတို့သာ ရှိနေလိမ့်မည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ မျက်စိစုံမှိတ် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းနှင့် အယူသီးခြင်းတို့သာ ရှိလိမ့်မည်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်သည် ဘုရားသခင်၏ လမ်းစဉ်အတိုင်း မပြုမူနိုင်သကဲ့သို့၊ ဘုရားသခင်ကို မကြောက်နိုင်၊ သို့မဟုတ် မကောင်းသောအကျင့်ကိုလည်း မရှောင်နိုင်ပေ။ အပြန်အလှန်အားဖြင့် လူတို့လုပ်ဆောင်သမျှ အမှုကိစ္စတိုင်းနှင့် အပြုအမူတိုင်းသည် ပုန်ကန်မှုနှင့် အာခံမှု၊ ဘုရားသခင်ကို သွားပုပ်လေလွင့် အပြစ်တင်ယိုးစွပ်မှုများအပြင် ဘုရားသခင်ကို အပုပ်ချသည့် ဝေဖန်အကဲဖြတ်မှုများနှင့် ပြည့်နေလိမ့်မည်ဖြစ်ပြီး သမ္မာတရားအပြင် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်တို့နှင့် ဆန့်ကျင်သည့် ဆိုးယုတ်သော အပြုအမူနှင့် ပြည့်နေလိမ့်မည်။

လူသားမျိုးနွယ်၌ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားခြင်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏နောက်ကို လိုက်ခြင်းနှင့် သူ့အပေါ်မှီခိုရာတွင် စစ်မှန်လာလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားပြီး မှီခိုခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော သိနားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့ ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် သဘောပေါက်ခြင်းနှင့်အတူ သူ့ကို အစစ်အမှန် အရေးစိုက်ခြင်း တွဲပါလာသည်။ ဘုရားသခင်ကို အစစ်အမှန် အရေးစိုက်ခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော နာခံခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် နာခံခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် အထွတ်အမြတ်ထားခြင်းဖြင့်သာ လူသားမျိုးနွယ်၌ အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော စစ်မှန်သည့် အတုံ့အလှယ်ပေးဆပ်ခြင်း ရှိနိုင်သည်။ စစ်မှန်သည့် ကိုးစားခြင်းနှင့် မှီခိုခြင်း၊ စစ်မှန်သည့် နားလည်မှုနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် နာခံခြင်း၊ စစ်မှန်သည့် အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ဖြင့်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် သိကျွမ်းလာနိုင်ပြီး ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာကို အမှန်တကယ် သိကျွမ်းလာနိုင်သည်။ ဖန်ဆင်းရှင်အား ၎င်းတို့ အမှန်တကယ် သိကျွမ်းလာသည့်အခါမှသာ လူသားမျိုးနွယ်သည် ၎င်းတို့အထဲ၌ စစ်မှန်သည့် ကိုးကွယ်မှုနှင့် ကျိုးနွံနာခံခြင်းတို့ နိုးကြားလာအောင် လုပ်နိုင်မည် ဖြစ်သည်။ ၎င်းတို့၌ ဖန်ဆင်းရှင်ကို စစ်မှန်သည့် ကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိသည့်အခါမှသာ လူသားမျိုးနွယ်သည် မိမိတို့၏ ဆိုးယုတ်သော လမ်းများကို အမှန်တကယ် ဘေးဖယ်ထားနိုင်ကြလိမ့်မည်၊ တစ်နည်းအားဖြင့်ဆိုလျှင် မကောင်းသောအကျင့်ကို ရှောင်နိုင်ကြလိမ့်မည်။

ဤတွင် “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” လုပ်ငန်းစဉ်တစ်ခုလုံး ပါဝင်၏၊ ထို့ပြင် ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း၏ အကြောင်းအရာ အလုံးစုံလည်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းသို့ ရောက်ရန်အတွက် ကျော်ဖြတ်ရမည့် လမ်းကြောင်းလည်း ဖြစ်ပေသည်။

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” နှင့် ဘုရားသခင်ကို သိခြင်းတို့သည် မြောက်မြားစွာသော ကြိုးမျှင်တို့ဖြင့် ခွဲ၍မရနိုင်အောင် ချိတ်ဆက်နေပြီး ၎င်းတို့အကြား ဆက်နွှယ်မှုမှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် မကောင်းသော အကျင့်ကို ရှောင်ခြင်းအား ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့မှု ရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့ခြင်း ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ ရရှိလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရမည်၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်၊ ဘုရားသခင်၏ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံရမည် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံရမည်၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် ဆုံရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများပါဝင်သော ပတ်ဝန်းကျင်မျိုးစုံ ပုံစံဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းငှာ အခွင့်အရေးများပေးပါရန် ဘုရားသခင်အား တောင်းလျှောက်ရပေမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံချင်ပါက ဦးစွာပထမ ထိုသူသည် ရိုးစင်းကာ ရိုးသားသော နှလုံးသား၊ သမ္မာတရားကို လက်ခံရန် အဆင်သင့်ဖြစ်မှု၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံလိုသည့် စိတ်ဆန္ဒ၊ မကောင်းသောအကျင့်ကို ရှောင်ရန် ဆုံးဖြတ်ချက်နှင့် သတ္တိ၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန် ပြင်းပြသည့် ဆန္ဒတို့ကို ပိုင်ဆိုင်ထားရမည်။...ဤနည်းအားဖြင့် ရှေ့သို့ တစ်လှမ်းချင်း လှမ်းခြင်းဖြင့် သင်သည် ဘုရားသခင်ထံ သာ၍ တိုးဝင်ချဉ်းကပ်လာလိမ့်မည်၊ သင့်နှလုံးသားသည် ပို၍သန့်စင်လာလိမ့်မည်ဖြစ်ပြီး သင့်အသက်တာနှင့် ရှင်သန်ခြင်းတန်ဖိုးတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏အသိ နောက်ပိုင်းတွင် တိုး၍ အဓိပ္ပာယ်ရှိမည်ဖြစ်ကာ ပို၍ပင် တောက်ပ အရောင်လက်လာလိမ့်မည်။ တစ်နေ့၊ ဖန်ဆင်းရှင်မှာ ပဟေဠိမဟုတ်တော့ကြောင်း၊ ဖန်ဆင်းရှင်သည် သင့်ထံမှ မည်သည့်အခါမျှ ပုန်းကွယ်မနေခဲ့ကြောင်း၊ ဖန်ဆင်းရှင်သည် သူ့မျက်နှာအား သင့်ထံမှ မည်သည့်အခါမျှ ဖုံးကွယ်မထားကြောင်း၊ ဖန်ဆင်းရှင်သည် သင်နှင့် လုံးဝ မဝေးကွာကြောင်း၊ ဖန်ဆင်းရှင်သည် သင့်အတွေးများထဲတွင် စဉ်ဆက်မပြတ် တမ်းတသော်လည်း သင့်ခံစားချက်များဖြင့် လက်လှမ်းမမီနိုင်သည့်သူ မဟုတ်တော့ကြောင်း၊ သင့်အသက်တာကို ပံ့ပိုးပေးရင်း၊ သင်၏ကံကြမ္မာကို ထိန်းချုပ်ပေးရင်း သူသည် သင်၏လက်ဝဲနှင့် လက်ျာနှစ်ဖက်ကို ဧကန်စင်စစ်စောင့်ရှောက်နေကြောင်း သင်ခံစားလာရလိမ့်မည်။ သူသည် ဝေးလံလှသော မိုးကုပ်စက်ဝိုင်းတွင် ရှိနေသည်မဟုတ်သကဲ့သို့ မိမိကိုယ်ကို တိမ်တောင်မြင့်မြင့်ကြားတွင် ဝှက်ထားသည်လည်း မဟုတ်ပေ။ သူသည် သင်၏အရာအားလုံးကို ဦးဆောင်လျက် သင့်နံဘေးတွင် ရှိနေသည်။ သူသည် သင်၌ရှိသမျှ အရာခပ်သိမ်းဖြစ်ပြီး သင်၌ရှိသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ထိုကဲ့သို့သော ဘုရားသခင်သည် သင့်စိတ်နှလုံးဖြင့် သူ့ကိုချစ်ခွင့်၊ သူ့ကို ဖက်တွယ်ခွင့်၊ သူ့ကို နီးကပ်စွာ ဆုပ်ကိုင်ခွင့်၊ သူ့ကို ကြည်ညိုခွင့်၊ သူ့ကို ဆုံးရှုံးရမည်အား ကြောက်ရွံ့ခွင့်တို့ကို ပေးပြီး သူ့ကို စွန့်ခွာရန်၊ သူ့ကို မနာခံရန်၊ သူ့ကို ရှောင်ဖယ်ရန်၊ သို့မဟုတ် သူ့ကို ခပ်ဝေးဝေးတွင်ထားရန် မလိုမလား ဖြစ်စေသည်။ သူ့ကို အရေးစိုက်ရန်၊ နာခံရန်၊ သင့်ကို သူပေးသမျှအား တုံ့ပြန်ရန်နှင့် သူ၏အုပ်စိုးမှုကို ကျိုးနွံနာခံရန်သာ သင်လိုချင်တော့သည်။ သင်သည် သူ၏လမ်းညွှန်မှု၊ ပံ့ပိုးမှု၊ စောင့်ကြည့်မှုနှင့် ကာကွယ်စောင့်ရှောက်မှုတို့ကို ခံယူရန် မငြင်းပယ်တော့သကဲ့သို့၊ သင့်အတွက် သူဆုံးဖြတ်ပေးပြီး ဘိသိက်ပေးသည့် အရာတို့ကိုလည်း သင်မငြင်းပယ်တော့ပေ။ သူ့နောက်လိုက်ရန်၊ သူ၏အဖော်ပြုခြင်း၌ သူ၏အနီးအနားတွင် နေရန်သာ သင်လိုချင်၏၊ သူ့ကို သင်၏ တစ်ခုတည်းသော အသက်အဖြစ် လက်ခံရန်၊ သင်၏ တစ်ဦးတည်းသော သခင်၊ တစ်ဦးတည်းသော ဘုရားသခင်အဖြစ် လက်ခံရန်သာ သင်လိုချင်လေတော့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆)

လူတို့၏ ယုံကြည်ချက်များသည် သမ္မာတရားကို အစားမထိုးနိုင်ပေ

အချို့လူတို့သည် အခက်အခဲများကို သည်းခံနိုင်ခြင်း၊ အဖိုးအခကို ပေးနိုင်ခြင်း၊ အပြင်ပန်းတွင် အလွန်ဣန္ဒြေရခြင်း၊ ကောင်းစွာ လေးစားခံရခြင်း ရှိကြပြီး အခြားသူများ၏ လေးစားမှုကို အကျိုးခံစားကြသည်။ ဤကဲ့သို့ အပြင်ပန်း အပြုအမူမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အဖြစ် ယူဆနိုင်သည်ဟု သင်တို့ဆိုမည်လော။ လူတစ်ဦးက ဤသို့သော လူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနေသည်ဟု ဆုံးဖြတ်နိုင်သလော။ လူတို့သည် ဤကဲ့သို့ လူပုဂ္ဂိုလ်မျိုးကို မြင်ရပြီး ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လမ်းကြောင်းကို လျှောက်လှမ်းကြသည်၊ ဘုရားသခင်၏ လမ်းအတိုင်း သွားကြသည်ဟု ကြိမ်ဖန်များစွာ ထင်ကြသည်မှာ အဘယ်ကြောင့်နည်း။ လူအချို့သည် အဘယ်ကြောင့် ဤကဲ့သို့ တွေးကြသနည်း။ ၎င်းအတွက် ရှင်းပြချက် တစ်ခုသာ ရှိသည်။ ယင်းမှာ မည်သည့်ရှင်းပြချက်နည်း။ ယင်းမှာ မြောက်မြားစွာသော လူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေခြင်းနှင့်၊ သမ္မာတရား စစ်မှန်မှု အမှန်တကယ်ရှိခြင်းမှာ အဘယ်နည်း ဟူသော မေးခွန်းတချို့က သိပ်မရှင်းလင်းခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးပြည့်ဝသယောင်၊ မြင့်မြတ်သယောင် ခံ့ညားပြီး ကြီးမြတ်သယောင် ထင်ရသောသူများ၏ လှည့်စားခြင်းကို မကြာခဏခံရသော လူအချို့ရှိလေသည်။ ကျမ်းဟောင်းတရားများ နှင့် အယူဝါဒများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောသူများနှင့် ၎င်းတို့၏ အဟောအပြောနှင့် လုပ်ရပ်များမှာ လေးစားထိုက်သယောင် ထင်ရသောသူများနှင့်ပတ်သက်၍၊ ၎င်းတို့၏ လှည့်စားခြင်းကို ခံရသူများသည် ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ဖြစ်ကြောင်းကို မည်သည့်အခါမျှ ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးကြပေ။ ထို့အပြင် သူတို့သည် ထိုလူတို့က ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းရှိ မရှိကို မည်သည့်အခါမျှ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ကြသည့်အပြင်၊ ထိုလူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို မည်သည့်အခါမျှ မစိစစ်ခဲ့ကြဖူးပေ။ သူတို့သည် ထိုလူတို့၏ လူ့သဘာဝ၏အနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ ထို့ထက် ထိုသူတို့နှင့် သိကျွမ်းလာသည့် ပထမခြေလှမ်းမှစတင်ကာ သူတို့သည် တဖြည်းဖြည်းချင်း ထိုလူတို့ကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ထိုလူတို့သည် သူတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။ ထိုမျှမက လူအချို့၏ စိတ်ထဲတွင်ကား သူတို့ဆည်းကပ်သော ကိုးကွယ်ရာ ပုဂ္ဂိုလ်များ၊ ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်နိုင်ကြသည်ဟု သူတို့ ယုံကြည်သောသူများနှင့် အပေါ်ယံတွင် အဖိုးအခပေးနိုင်ဟန်ရှိသောသူများ၊ ထိုပုဂ္ဂိုလ်များမှာ ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသောသူများနှင့် အဆုံးသတ်ကောင်းများနှင့် ခရီးဆုံး ပန်းတိုင်ကောင်းများကို အမှန်တကယ် ရရှိနိုင်သောသူများပင် ဖြစ်ကြသည်။ သူတို့၏ စိတ်ထဲတွင်မူ ဤကိုးကွယ်ရာ ပုဂ္ဂိုလ်များမှာ ဘုရားသခင် ချီးမွမ်းသောသူများ ဖြစ်ကြသည်။ ထိုသို့သောအရာကို သူတို့ အဘယ်ကြောင့် ယုံကြည်ရသနည်း။ ဤအရေးကိစ္စ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းက ဖြစ်စေနိုင်သော အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်း၏ အနှစ်သာရကိစ္စကို ပထမဦးစွာ ဆွေးနွေးကြပါစို့။

လူတို့၏ ရှုထောင့်အမြင်များ၊ လူတို့၏ လက်တွေ့ကျင့်သုံးခြင်း နည်းလမ်းများ၊ မည်သည့် လက်တွေ့ကျင့်သုံးမှု နိယာမများကို သူတို့ ခံယူရန် ရွေးချယ်သည်နှင့် သူတို့အယောက်တိုင်း မည်သည့်အရာကို အလေးထားရန် ရည်ရွယ်သည်နှင့်စပ်လျဉ်းသော ဤကိစ္စရပ်များမှာ အခြေခံအားဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သက်ဆိုင်ခြင်း မရှိပေ။ လူတို့သည် ပေါ့တန်သော အကြောင်းအရာများ သို့မဟုတ် လေးနက်သော အကြောင်းအရာများ၊ သို့တည်းမဟုတ် ကျမ်းဟောင်းတရားများ နှင့် သြဝါဒများ သို့မဟုတ် စစ်မှန်မှုအပေါ် အာရုံစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ သူတို့သည် ၎င်းတို့ လိုက်နာစောင့်ထိန်းသင့်ဆုံးသော အရာကို လိုက်နာစောင့်ထိန်းခြင်း မရှိသည့်အပြင် ၎င်းတို့ အသိသင့်ဆုံးသောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်းကိုလည်း မသိကြချေ။ ဤအရာ၏ အကြောင်းရင်းမှာ လူတို့သည် သမ္မာတရားကို လုံးဝ မနှစ်သက်ခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် တွေ့ရသော လက်တွေ့ကျင့်သုံးမှု နိယာမများကို ရှာဖွေရန်နှင့် လက်တွေ့လုပ်ဆောင်ရန် အချိန်နှင့်လုံ့လ မစိုက်ထုတ်လိုကြခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ဖြတ်လမ်းများကို အသုံးပြုရန်နှင့် ကောင်းသောအလေ့အထနှင့် ကောင်းသောအပြုအမူ ဖြစ်မည်ဟု ၎င်းတို့ နားလည်သိကျွမ်းသော အရာတို့ကို ပေါင်းရုံးရန် ပို၍နှစ်သက်ကြသည်။ ထိုအခါ ဤအကျဉ်းချုပ်သည် လိုက်လျှောက်ရမည့် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်ဖြစ်လာပြီး ယင်းကို လက်တွေ့ကျင့်သုံးရမည့် သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ဤအရာ၏ တိုက်ရိုက် အကျိုးဆက်မှာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် လူ၏ ကောင်းသောအပြုအမူကို အစားထိုးသည့် အရာတစ်ခုအဖြစ် အသုံးပြုကြသည်၊ ၎င်းက ဘုရားသခင်ထံ မျက်နှာလိုမျက်နှာရလုပ်ရန် လူတို့၏ လိုအင်ဆန္ဒကိုလည်း ဖြည့်ဆည်းပေးသည်။ ဤအရာက သူတို့အား သမ္မာတရားနှင့် ဆန့်ကျင်ရန် အသာစီးရစေပြီး ယင်းကို လူတို့က ဘုရားအား အကြောင်းပြချက်ပေးပြီး ယှဉ်ပြိုင်ရန် အတွက်လည်း အသုံးပြုကြသည်။ တစ်ချိန်တည်းတွင် လူတို့သည် ဘုရားသခင်ကို မရိုးမဖြောင့်စွာဖြင့် ဘေးဖယ်ထားပြီး ၎င်းတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များကို ဘုရားသခင်၏ နေရာ၌ ထားကြသည်။ လူတို့အား ဤသို့ပညာမဲ့သော လုပ်ရပ်များနှင့် ရှုထောင့်အမြင်များ သို့မဟုတ် တစ်ဖက်သတ်ဆန်သော ထင်မြင်ချက်များနှင့် ကျင့်သုံးမှုများကို ရရှိစေသော အဓိကအကြောင်းရင်း တစ်ခုသာရှိပြီး ထိုအကြောင်းကို သင်တို့အား ငါ ယနေ့ပြောမည်- အကြောင်းရင်းမှာ လူတို့သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်း၊ နေ့စဉ် သူ့ထံ ဆုတောင်းခြင်းနှင့် သူ၏ မိန့်မြွက်ချက်များကို နေ့စဉ်ဖတ်ရှုခြင်း ပြုကောင်းပြုနိုင်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် နားမလည်ကြပေ။ ပြဿနာ၏ အကြောင်းရင်းမှာ ဤနေရာတွင်ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးကို သိနားလည်ခြင်း၊ သူနှစ်သက်သောအရာ၊ သူစက်ဆုပ်ရွံရှာသောအရာ၊ သူအလိုရှိသောအရာ၊ သူငြင်းပယ်သောအရာ၊ မည်ကဲ့သို့ လူအမျိုးအစားကို သူချစ်ကြောင်း၊ မည်ကဲ့သို့ လူအမျိုးအစားကို သူမနှစ်သက်ကြောင်း၊ လူတို့အပေါ် သူ၏တောင်းဆိုမှုများ ပြုရာတွင် မည်သည့်စံနှုန်းမျိုးကို သူအသုံးပြုကြောင်းနှင့်၊ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးရန်အတွက် မည်သည့်နည်းလမ်းမျိုးကို သူကျင့်သုံးကြောင်း သိနားလည်ပါက၊ ထိုလူထံ၌ သူကိုယ်တိုင်၏ တစ်ကိုယ်ရေ ထင်မြင်ချက်များ ရှိနိုင်ဦးမည်လော။ ဤသို့သော လူတို့က အခြားသူတစ်ဦးကို အမှန်ပင် ကိုးကွယ်နိုင်သလော။ သာမန်လူတစ်ဦးသည် ၎င်းတို့၏ ကိုးကွယ်ရာ ပုဂ္ဂိုလ် ဖြစ်လာနိုင်သလော။ ဘုရားသခင်၏ အလိုတော်ကို နားလည်သော လူတို့က ထို့ထက် အနည်းငယ်ပို၍ ဆင်ခြင်တုံတရားရှိသော အမြင်ရှုထောင့်ကို ပိုင်ဆိုင်ပါသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးကို ထင်ရာမြင်ရာ ပုဂ္ဂိုလ်ရေးကိုးကွယ်မည် မဟုတ်သည့်အပြင်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို လျှောက်စဉ် ရိုးရှင်းသော စည်းမျဉ်းများ သို့မဟုတ် နိယာမများ အနည်းငယ်ကို ထင်ရာမြင်ရာ လိုက်နာစောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းသဘော သက်ရောက်သည်ဟုလည်း ၎င်းတို့ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၇)

လူတို့၏ အဆုံးသတ်များကို ဘုရားသခင် ဆုံးဖြတ်ရာတွင် အသုံးပြုသည့် စံနှုန်းနှင့်ပတ်သက်၍ ထင်မြင်ချက်များစွာရှိသည်

လူအယောက်တိုင်း ပူပန်သောအရာမှာ ၎င်းတို့၏ အဆုံးသတ်ပင် ဖြစ်သည်ကို ထောက်ဆလျက်၊ ဘုရားသခင်သည် ထိုအဆုံးသတ်ကို မည်ကဲ့သို့ အဆုံးအဖြတ်ပေးကြောင်း သင်တို့သိသလော။ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ကို မည်သည့်ပုံစံဖြင့် သတ်မှတ်သနည်း။ ထို့ပြင် ယင်းကိုသတ်မှတ်ရန် မည်သည့်စံနှုန်း အမျိုးအစားကို သူအသုံးပြုသနည်း။ လူ၏ အဆုံးသတ်ကို မသတ်မှတ်ရသေးသည့်အချိန်တွင်၊ ဘုရားသခင်သည် ယင်းကို ထုတ်ဖော်ရန်အတွက် မည်သည့်အရာကို ပြုလုပ်သနည်း။ တစ်ယောက်ယောက် သိသလော။ ခုတင်က ငါပြောခဲ့သည်နှင့်အညီ လူတို့၏ အဆုံးသတ်အကြောင်း၊ ဤအဆုံးသတ်များကို ပိုင်းခြားသည့် အတန်းအစားများအကြောင်းနှင့် ခြားနားသော လူအမျိုးမျိုးကို စောင့်ဆိုင်းလျက်ရှိသော အဆုံးသတ် အမျိုးမျိုးအကြောင်း သဲလွန်စများကို ရှာဖွေရန် အားထုတ်ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်ကြာမြင့်စွာ သုတေသနပြုနှင့်ပြီးသောသူ အချို့ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူတို့၏ အဆုံးသတ်များကို မည်ကဲ့သို့ သတ်မှတ်ကြောင်း၊ သူက မည်သည့်စံနှုန်းမျိုးကို အသုံးပြုကြောင်းနှင့် လူတစ်ဦး၏ အဆုံးသတ်ကို သူ မည်သို့ အတိအကျ သတ်မှတ်ကြောင်းတို့ကိုလည်း ရှာဖွေတွေ့ရှိရန် မျှော်လင့်ကြသည်။ သို့သော်လည်း အဆုံးတွင် ဤလူတို့သည် မည်သည့်အဖြေကိုမျှ လုံးဝမတွေ့ရှိဖြစ်ကြပေ။ အမှန်အားဖြင့် ဘုရားသခင်၏ မိန့်မြွက်ချက်များထဲတွင် ထိုကိစ္စနှင့်ပတ်သက်၍ အလွန်နည်းပါးစွာ ဖော်ပြထားလေသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူတို့၏ အဆုံးသတ်များကို မထုတ်ဖော်သေးသရွေ့ ဘုရားသခင်သည် အဆုံးတွင် အဘယ်အရာ ဖြစ်ပျက်မည့်အကြောင်းအား မည်သူ့ကိုမျှ မပြောလိုသည့်အပြင်၊ သူသည် မည်သူ့ကိုမျှ ၎င်းတို့၏ ခရီးဆုံးပန်းတိုင်အကြောင်း ကြိုတင်၍ အသိပေးလိုခြင်းမရှိ၊ အကြောင်းမှာ ထိုသို့ပြုခြင်းက လူသားတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိမည်မဟုတ်သောကြောင့် ဖြစ်သည်။ ယခု ဤနေရာတွင် လူ၏ အဆုံးသတ်ကို ဘုရားသခင် သတ်မှတ်သော ပုံစံအကြောင်း၊ ဤအဆုံးသတ် ရလဒ်များကို ဆုံးဖြတ်ရန်နှင့် ထင်ရှားစေရန်အတွက် သူ၏အမှုထဲတွင် သူအသုံးချသော နိယာမများအကြောင်းအပြင်၊ တစ်စုံတစ်ဦးက အောင်မြင်ကျော်လွှားနိုင်ခြင်းရှိ မရှိ သတ်မှတ်ရန်အတွက် သူသုံးသော စံနှုန်းအကြောင်းကိုသာ ငါ သင်တို့အား ပြောလိုသည်။ ဤသည်တို့မှာ သင်တို့ အပူပန်ဆုံးသော မေးခွန်းများ ဖြစ်သည်မဟုတ်လော။ ထိုသို့ဆိုသော် ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို မည်ကဲ့သို့ သတ်မှတ်သည်ဟု လူတို့ ယုံကြည်ကြသနည်း။ ယင်း၏ တစ်စိတ်တစ်ပိုင်းကို ယခုလေးတင် သင်တို့ ဖော်ပြခဲ့ကြသည်- သင်တို့အချို့က ၎င်းသည် လူတစ်ဦး၏ တာဝန်များကို သစ္စာရှိစွာ လုပ်ဆောင်ခြင်း၊ ဘုရားသခင်အတွက် အသုံးခံခြင်းနှင့်ဆိုင်သည်ဟု ဆိုကြသည်။ အချို့က ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ့ကို ကျေနပ်စေခြင်းအကြောင်း ဖြစ်သည်ဟု ပြောကြသည်၊ အချို့က အခြေခံအကြောင်းမှာ ဘုရားသခင် စီရင်သမျှကို ခံယူခြင်း ဖြစ်သည်ဟု ဆိုကြပြီး၊ အချို့က အဓိကအချက်မှာ ရိုးရိုးကုပ်ကုပ် အသက်တာကို နေထိုင်ခြင်းဖြစ်သည်ဟု ဆိုကြသည်...သင်တို့သည် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်သည့် အခါနှင့် သင်တို့သည် မှန်ကန်သည်ဟု ယုံကြည်သော နိယာမများနှင့်အညီ လက်တွေ့လုပ်ဆောင်သည့်အခါ၊ ဘုရားသခင်က မည်သို့ သဘောရကြောင်းကို သင်တို့သိသလော။ ဤကဲ့သို့ ရှေ့ဆက်ခြင်းက ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းရှိ မရှိ သင်တို့ ဆင်ခြင်သုံးသပ်ဖူးသလော။ ၎င်းက သူ၏စံနှုန်းကို ပြည့်မီသလော။ ၎င်းက သူ၏ တောင်းဆိုချက်များကို ဖြည့်တင်းပေးသလော။ လူအများစုသည် ဤမေးခွန်းများကို အမှန်တကယ် အချိန်ယူ မစဉ်းစားကြသည်ကို ငါယုံကြည်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အစိတ်အပိုင်းတစ်ခု၊ သို့မဟုတ် တရားဟောချက်များ အစိတ်အပိုင်းတစ်ခု၊ သို့မဟုတ် ၎င်းတို့ ပုဂ္ဂိုလ်ရေးကိုးကွယ်သည့် အချို့သော ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်တို့၏ စံနှုန်းများကို စက်ရုပ်ကဲ့သို့သာ ကျင့်သုံးပြီး မိမိကိုယ်ကို ဟိုဟာသည်ဟာလုပ်ရန် ဖိအားပေးလျက်ရှိသည်။ ဤသည်မှာ မှန်ကန်သောနည်းလမ်း ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသောကြောင့် အဆုံး၌ မည်သို့ဖြစ်လာစေကာမူ ၎င်းကို ဆက်၍ လိုက်နာစောင့်ထိန်းပြီး လုပ်ဆောင်ကြသည်။ လူအချို့က “ကျွန်ုပ်သည် နှစ်ပေါင်းအတော်ကြာ ယုံကြည်မှုရှိခဲ့ပြီးပြီ၊ ဤနည်းလမ်းကို ကျွန်ုပ်အမြဲ လက်တွေ့လုပ်ဆောင်ခဲ့ပြီးပြီ။ ကျွန်ုပ်သည် ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေပြီဟု ခံစားရပြီး ထိုမှ မြောက်မြားစွာကို ရရှိခဲ့ပြီဟုလည်း ကျွန်ုပ် ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ဤကာလအတွင်း ကျွန်ုပ်သည် မြောက်မြားစွာသော သမ္မာတရားများအပြင် ယခင်က ကျွန်ုပ်နားမလည်ခဲ့သော အမှုအရာများစွာကို နားလည်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် ကျွန်ုပ်၏ အတွေးအခေါ်များနှင့် အမြင်များစွာ ပြောင်းလဲခဲ့သည်၊ ကျွန်ုပ်၏ အသက်တာ တန်ဖိုးများ အကြီးအကျယ် ပြောင်းလဲခဲ့ပြီဖြစ်ပြီး ဤလောကကြီးအပေါ် အတော်အတန်ကောင်းသော နားလည်ခြင်း ယခု ကျွန်ုပ်၌ရှိသည်။” ဟု ထင်တတ်ကြသည်။ ယင်းကဲ့သို့သော လူများက ဤသည်မှာ ရိတ်သိမ်းမှု တစ်ခုဖြစ်ပြီး လူသားမျိုးနွယ်အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံးရလဒ် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သင်တို့၏ ထင်မြင်ချက်ထဲတွင် ဤစံနှုန်းများနှင့် သင်တို့၏ လက်တွေ့လုပ်ဆောင်မှု အားလုံးကို ခြုံငုံ၍ဆိုပါက သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနေသလော။ လူအချို့က “ဟုတ်ပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင် နေသည်၊ ကျွန်ုပ်တို့သည် အထက်တွင် ဟောပြောပြီး မိတ်သဟာယဖွဲ့ခဲ့သည့် အရာနှင့်အညီ လက်တွေ့လုပ်ဆောင်နေသည်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်ကို အမြဲထမ်းရွက်နေကြပြီး ဘုရားသခင်နောက် အမြဲလိုက်နေကြကာ ဘုရားသခင်ကို ကျွန်ုပ်တို့ မည်သည့်အခါမှ စွန့်ခွာခဲ့ခြင်းမရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေနပ်စေကြောင်း ယုံကြည်မှုအပြည့်အဝဖြင့် ပြောနိုင်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်မျှပင် နားလည်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်မျှပင် နားလည်ပါစေ၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ရန် ကြိုးစားရှာဖွေနေခြင်း လမ်းကြောင်းပေါ်၌ အမြဲရှိနေခဲ့သည်။ ကျွန်ုပ်တို့သည် မှန်ကန်စွာပြုမူပြီး မှန်ကန်စွာ လက်တွေ့ လုပ်ဆောင်နေသရွေ့ မှန်ကန်သောရလဒ် ရရှိရန် သေချာပါသည်” ဟု အကြွင်းမဲ့ သေချာမှုဖြင့် ဆိုကြမည်ဖြစ်သည်။ ဤရှုထောင့်နှင့်ပတ်သက်၍ သင်တို့ မည်ကဲ့သို့ထင်သနည်း။ ၎င်းမှာ မှန်ကန်သလော။ “ဤအရာများကို ယခင်က ကျွန်ုပ် တစ်ခါမျှ မတွေးမိခဲ့ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ဆက်လက် ဖြည့်ဆည်းပြီး ဘုရားသခင့် မိန့်မြွက်ချက်များ၏ တောင်းဆိုချက်များနှင့်အညီ ဆက်၍ လုပ်ဆောင်နေသရွေ့ ကျွန်ုပ်သည် အောင်မြင်ကျော်လွှားနိုင်လိမ့်မည်ဟုသာ ကျွန်ုပ်ထင်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေနိုင်ခြင်းရှိ မရှိ ဟူသော မေးခွန်းကို ကျွန်ုပ် တစ်ခါမှ ဆင်ခြင်သုံးသပ်ခဲ့ခြင်း မရှိသကဲ့သို့၊ ကျွန်ုပ်သည် သူသတ်မှတ်ထားသော စံနှုန်းနှင့် ပြည့်မီခြင်း ရှိမရှိကို ကျွန်ုပ်တစ်ခါမျှ ဆင်ခြင်သုံးသပ်ခဲ့ခြင်းလည်း မရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်အား ရှင်းလင်းသောလမ်းညွှန်ချက် တစ်ခုကိုမျှ ပြောပြခဲ့ခြင်း သို့မဟုတ် ပေးအပ်ခဲ့ခြင်း မရှိသည့်အတွက် ကျွန်ုပ်သည် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ပြီး မရပ်တန့်သရွေ့၊ ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး ကျွန်ုပ်ကို နောက်ထပ် တောင်းဆိုချက်များ ပြုမည်မဟုတ်ဟု ကျွန်ုပ်ယုံကြည်သည်။” ဟု ဆိုသော သူအချို့လည်း ရှိကောင်းရှိမည်။ ဤယုံကြည်ချက်များမှာ မှန်သလော။ ငါ၏ခံယူချက်မှာ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း၊ ဤကဲ့သို့ တွေးခေါ်ခြင်းနှင့် ဤ ရှုထောင့်အမြင်များအားလုံးတွင် စိတ်ကူးယဉ်မှုများအပြင် ကျိုးကြောင်း မမြင်မှုလည်း အနည်းငယ်ပါဝင်သည်။ ဤအရာကို ငါပြောသည့်အခါ၊ “ကျိုးကြောင်းမမြင်မှု ဟုတ်စ၊ အကယ်၍ ဤအရာက ကျိုးကြောင်းမမြင်မှု ဖြစ်လျှင်၊ ကယ်တင်ခြင်းနှင့် အောင်မြင်ကျော်လွှားခြင်းအတွက် ကျွန်ုပ်တို့၏ မျှော်လင့်ချက်မှာ အလွန်ပင်နည်းပြီး မသေမချာဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့ သုံးနှုန်းခြင်းဖြင့် ကိုယ်တော် ကျွန်ုပ်တို့ကို စိတ်ပျက်စေသည် မဟုတ်လော။” ဟု စဉ်းစား၍ အချို့သောသင်တို့ကို အနည်းငယ် စိတ်ပျက်အားလျော့ကောင်း အားလျော့စေမည်။ သင်တို့ မည်သည့်အရာကို ယုံကြည်ပါစေ၊ ငါပြောသောအရာများနှင့် ပြုသောအရာများသည် သင်တို့ကို စိတ်ပျက်စေသကဲ့သို့ ခံစားရစေရန် ရည်ရွယ်ခြင်းမဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းတို့မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် သင်တို့၏ သိနားလည်မှု တိုးတက်စေပြီး ဘုရားသခင် စဉ်းစားသောအရာ၊ သူဖြစ်မြောက်လိုသောအရာ၊ သူသဘောကျသော လူအမျိုးအစားများ၊ သူစက်ဆုပ်ရွံရှာသောအရာ၊ သူရွံမုန်းသော အရာ၊ သူရယူလိုသော လူအမျိုးအစားနှင့် သူပစ်ပယ်သော လူအမျိုးအစားနှင့်ပတ်သက်၍ သင်တို့၏ နားလည်သဘောပေါက်မှု တိုးပွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းတို့မှာ သင်တို့၏ စိတ်အာရုံတို့ကို ရှင်းလင်းမှုပေးရန်၊ သင်တို့ တစ်ဦး တစ်ယောက်ချင်းစီ၏ လုပ်ဆောင်မှုများနှင့် အတွေးများသည် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းမှ အဘယ်မျှ လမ်းလွဲနေခဲ့ပြီ ဖြစ်ကြောင်းကိုသာ သင်တို့အား ရှင်းလင်းသောနားလည်မှု ပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ဤအကြောင်းအရာများကို ဆွေးနွေးရန် မဖြစ်မနေ လိုအပ်သလော။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြာမြင့်စွာ ယုံကြည်ခဲ့ပြီး များလှစွာသော တရားဟောချက်တို့ကို နားထောင်ခဲ့ပြီးဖြစ်ကြောင်း ငါသိသည်၊ သို့သော်လည်း ဤသည်တို့မှာ သင်တို့ အချို့တဲ့ဆုံးသော အရာများပင် အတိအကျဖြစ်သည်။ သမ္မာတရားတိုင်းကို မှတ်စု စာအုပ်များထဲတွင် သင်တို့ ရေးမှတ်ခဲ့ကြပြီး သင်တို့ဘာသာ အရေးကြီးသည်ဟု ယုံကြည်သည့် အချို့သောအရာများကို သင်တို့စိတ်နှလုံးထဲ၌ ကျက်မှတ်ကာ ကမ္ပည်းထိုးထားကြစေကာမူ၊ ထို့ပြင် သင်တို့လက်တွေ့လုပ်ဆောင်စဉ်အတွင်း ဘုရားသခင်ကို ကျေနပ်စေဖို့ ဤအရာများကို အသုံးပြုရန်၊ သင်တို့ မိမိကိုယ်ကိုယ် အကူအညီလိုအပ်သည်ဟု တွေ့မြင်သောအခါ ၎င်းတို့ကို အသုံးပြုရန်၊ ရှေ့လျှောက်ရှိနေသည့် ခက်ခဲသောအချိန်များကို ကျော်ဖြတ်ရာတွင် ၎င်းတို့ကို အသုံးပြုရန်၊ သို့မဟုတ် သင်တို့၏ အသက်တာများကို နေထိုင်စဉ် ဤအရာများကို သင်တို့နှင့်အတူ ပါရှိစေရန်သက်သက်သာ အသုံးပြုရန် သင်တို့ ကြံစည်ထားကြစေကာမူ၊ ငါ၏ခံယူချက်မှာ သင်တို့ မည်သို့မည်ပုံ လုပ်ဆောင်ပါစေ သင်တို့သည် ယင်းကိုသာ ပြုလုပ်နေပါက၊ ယင်းက သိပ်အရေးမကြီးပေ။ ထိုသို့ဆိုသော် အလွန်အရေးကြီးသည့် အရာမှာ အဘယ်နည်း။ အရေးကြီးဆုံးမှာ သင် လက်တွေ့လုပ်ဆောင်နေစဉ်တွင် သင် လုပ်ဆောင်နေသမျှ၊ လုပ်ဆောင်မှု တစ်ခုစီတိုင်းသည် ဘုရားသခင် အလိုရှိသောအရာနှင့် သင့်မြတ်မှုရှိမရှိ၊ ထို့ပြင် သင်၏ လုပ်ရပ်များအားလုံး၊ သင်၏ စိတ်ကူးများအားလုံးနှင့် သင်ရရှိလိုသော ရလဒ်များနှင့် ရည်မှန်းချက် ပန်းတိုင်တို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် ကျေနပ်စေခြင်းနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်တင်းပေးခြင်းရှိမရှိ၊ ထို့ပြင် ၎င်းတို့အား ဘုရားသခင် လက်ခံမခံ ဆိုသည်တို့ကို သင်၏ စိတ်နှလုံးက လုံးဝကျိန်းသေသိရမည်ဖြစ်သည်။ ဤသည်တို့မှာ အလွန်အရေးကြီးသော အရာများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၈)

ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လော့- ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့

သင်တို့ မှတ်သားသင့်သည့် ဆိုရိုးစကားတစ်ခုရှိ၏။ ဤဆိုရိုးစကားမှာ အလွန်အရေးကြီးသည်ဟု ငါယုံကြည်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နေ့စဉ်နေ့တိုင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငါ၏အတွေးထဲ ရောက်လာသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးနှင့် ငါမျက်နှာချင်းဆိုင်သည့် အချိန်တိုင်း၊ တစ်စုံတစ်ဦး၏ ဇာတ်ကြောင်းကို ငါကြားရသည့် အချိန်တိုင်း၊ လူတစ်ဦး၏ အတွေ့အကြုံ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သက်သေခံချက်ကို ငါ ကြားရသည့် အချိန်တိုင်း၊ ဤလူပုဂ္ဂိုလ်သည် ဘုရားသခင် အလိုရှိသော လူအမျိုးအစားနှင့် ဘုရားသခင် သဘောကျသော လူအမျိုးအစား ဟုတ်မဟုတ် ငါ၏ စိတ်နှလုံးထဲ၌ အဆုံးအဖြတ်ပေးရန် ဤဆိုရိုးစကားကို ငါ အမြဲအသုံးပြုခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤဆိုရိုးစကားမှာ အဘယ်နည်း။ ယခု ငါသည် သင်တို့အားလုံး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေစေသည်။ နှစ်ပေါင်းများစွာ အလုပ်မပါဘဲ အပြောသက်သက်ဖြင့်သာ အစေခံနေကြသောသူများ ရှိခြင်းကြောင့်၊ ဤဆိုရိုးစကားကို ငါဖော်ထုတ်သည့်အခါ၊ သင်တို့ စိတ်ပျက်ကောင်း စိတ်ပျက်ကြလိမ့်မည်။ သို့သော် ငါမူကား မည်သည့်အခါမျှ အပြောသက်သက်ဖြင့်သာ အစေခံခဲ့ဖူးခြင်း အလျင်းမရှိပေ။ ဤဆိုရိုးစကားသည် ငါ၏စိတ်နှလုံးထဲ၌ တည်ရှိသည်။ ထိုသို့ဆိုသော် ဤဆိုရိုးစကားမှာ အဘယ်နည်း။ ဤသည်မှာ- “ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လော့- ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ရိုးရှင်းသော စကားရပ်တစ်ခု မဟုတ်လော။ သို့ပါလျက် ဤဆိုရိုးစကားမှာ ရိုးရှင်းစေကာမူ ဤစကားလုံးများအပေါ် နက်နဲသော နားလည်မှု အမှန်တကယ်ရှိသော သူတို့အနေဖြင့် ၎င်းတို့တွင် သြဇာသက်ရောက်မှု ပါရှိကြောင်း၊ ဤဆိုရိုးစကားမှာ လူတစ်ဦး၏ လက်တွေ့လုပ်ဆောင်မှုအတွက် လွန်စွာတန်ဖိုးရှိကြောင်း၊ ၎င်းသည် သမ္မာတရားစစ်မှန်မှု ပါဝင်သော ဘဝ၏ ဘာသာစကားမှလာသည့် စာကြောင်းပင်ဖြစ်ကြောင်း၊ ယင်းက ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားလျက်ရှိသော သူများအတွက် ရာသက်ပန် ရည်မှန်းချက်ကို ပုံဖော်ကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားသည့် မည်သူမဆို လိုက်နာသင့်သော ရာသက်ပန် လမ်းခရီးတစ်ခုဖြစ်ကြောင်း ခံစားရကြလိမ့်မည်။ ထို့ကြောင့် သင်တို့ အဘယ်သို့ ထင်သနည်း- ဤ ဆိုရိုးစကားက သမ္မာတရား မဟုတ်လော။ ၎င်း၌ ဤမျှ အရေးပါမှု ရှိသလော သို့မဟုတ် မရှိသလော။ ထို့ပြင် သင်တို့အချို့သည် ဤဆိုရိုးစကားအကြောင်းကို စဉ်းစားနေပြီး ၎င်းကို နားလည်သဘောပေါက်ရန် ကြိုးစားကောင်း ကြိုးစားနေနိုင်ပြီး၊ ၎င်းကို သံသယဖြစ်သော လူအချို့ပင် ရှိကောင်းရှိနိုင်သည်- ဤဆိုရိုးစကားမှာ အလွန် အရေးကြီးသလော။ ၎င်းက အလွန်အရေးကြီးသလော။ ၎င်းကို လွန်စွာ အလေးထားရန် လိုအပ်သလော။ သင်တို့အချို့သည် ဤဆိုရိုးစကားကို သိပ်သဘောမကျသောသူများလည်း ရှိကောင်းရှိနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ လမ်းခရီးကိုယူကာ ၎င်းကို ဤဆိုရိုးစကား တစ်ခုထဲသို့ အနှစ်ချုပ်ခြင်းမှာ အလွန့်အလွန် ပေါ့ပြက်ပြက်လုပ်ခြင်းဖြစ်သည်ဟု ထင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ပြောခဲ့သော အရာအားလုံးကိုယူကာ ဆိုရိုးစကားတစ်ခုအဖြစ် အကျဉ်းချုံးခြင်း- ယင်းမှာ ဘုရားသခင်ကို တစ်ဆိတ် သေးသိမ်လွန်းအောင် ပြုလုပ်ရာ မကျသလော။ ယင်းက ဤသို့ပင်ဖြစ်သလော။ သင်တို့အများစုက ဤစကားလုံးများ၏ လေးနက်သောအဓိပ္ပာယ်ကို အပြည့်အဝ နားမလည်နိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။ သင်တို့အားလုံးသည် ၎င်းကို မှတ်စုရေးမှတ်ခဲ့သော်လည်း၊ ဤဆိုရိုးစကားကို သင်တို့၏ စိတ်နှလုံးထဲ၌ သိုထားရန် ရည်ရွယ်ခြင်းမရှိပေ၊ ၎င်းကို အားလပ်ချိန်တွင် ပြန်ကြည့်ရန်နှင့် ဆင်ခြင်တွေးတောရန်အတွက် သင်တို့၏ မှတ်စုစာအုပ်ထဲတွင် ရေးချရုံမျှသာ ရေးချခဲ့ကြခြင်း ဖြစ်သည်။ သင်တို့အချို့သည် ၎င်းကို ကောင်းစွာအသုံးချရန် ကြိုးစားဖို့နေနေသာသာ၊ ဤဆိုရိုးစကားကို အလွတ်ကျက်မှတ်ရန်ပင် ဒုက္ခခံကြမည် မဟုတ်ပေ။ သို့သော် ငါသည် ဤဆိုရိုးစကားကို အဘယ်ကြောင့် ဖော်ပြလိုသနည်း။ သင်တို့၌ မည်သည့်သဘောထား ရှိပါစေ၊ သို့မဟုတ် သင်တို့ အဘယ်သို့ထင်ပါစေ၊ ဤဆိုရိုးစကားကို ငါ ဖော်ပြရမည်၊ အကြောင်းမှာ ၎င်းသည် ဘုရားသခင်က လူတို့၏ အဆုံးသတ်များကို အဆုံးအဖြတ်ပေးပုံနှင့် အလွန်အမင်း သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဤဆိုရိုးစကားအား သင်တို့၏ လက်ရှိ သိနားလည်ခြင်းမှာ အဘယ်သို့ပင်ဖြစ်စေ သို့မဟုတ် ယင်းကို သင်တို့ မည်ကဲ့သို့ပင် သဘောထားသည်ဖြစ်စေ၊ သင်တို့အား ဤအရာကို ငါ ပြောဦးမည်- အကယ်၍ လူတို့သည် ဤဆိုရိုး၏ စကားလုံးများကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ စံနှုန်းကို ရရှိနိုင်ပါက သူတို့သည် အောင်မြင်စွာကျော်လွှားသူများ သေချာပေါက် ဖြစ်လာပြီး အဆုံးသတ်ကောင်းများ ရရှိရန် သေချာသည်။ သို့သော် အကယ်၍ သင်သည် ဤဆိုရိုးစကားက ဖော်ပြထားသော စံနှုန်းကို မပြည့်မီနိုင်ပါက၊ သင်၏အဆုံးသတ်မှာ မသေမချာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ငါသည် သင်တို့အား ဤဆိုရိုးစကား အကြောင်းကို သင်တို့ကိုယ်၌၏ စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ဆင်မှုအတွက် ပြောခြင်းဖြစ်ပြီး၊ ဘုရားသခင်သည် သင်တို့ကို တိုင်းတာရန် မည်သည့်စံနှုန်းမျိုးကို အသုံးပြုကြောင်း သင်တို့သိစေရန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၉)

လူတို့သည် ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းရှိမရှိ စစ်ဆေးရန် ဘုရားသခင်သည် အမျိုးမျိုးသော စမ်းသပ်မှုများကို အသုံးချသည်

ဘုရားသခင်၏ အမှုတော်၏ ခေတ်ကာလတိုင်း၌ သူသည် လူတို့အပေါ် နှုတ်ကပတ်တော်အချို့ကို ပေးအပ်ကာ သမ္မာတရားအချို့ကို သူတို့အား ပြောပြသည်။ ဤသမ္မာတရားများသည် လူတို့ လိုက်နာ စောင့်ထိန်းသင့်သည့် လမ်းခရီး၊ သူတို့ လျှောက်လှမ်းရမည့် လမ်းခရီး၊ သူတို့အား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်စေနိုင်သော လမ်းခရီး၊ ထို့ပြင် လူတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး ၎င်းတို့၏ အသက်တာများထဲနှင့် ၎င်းတို့၏ အသက်တာခရီးများ တစ်လျှောက်လုံးတွင် လိုက်နာစောင့်ထိန်းသင့်သော လမ်းခရီးအဖြစ် အသုံးတော်ခံသည်။ ဤအကြောင်းရင်းများကြောင့် ဘုရားသခင်သည် လူသားတို့အပေါ် ဤမိန့်မြွက်ချက်များကို ဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှလာသော ဤနှုတ်ကပတ်တော်များကို လူတို့ လိုက်နာစောင့်ထိန်းသင့်ပြီး ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမှာ အသက်ကို လက်ခံရယူခြင်းပင် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမရှိ၊ ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အပြင် မိမိတို့၏ အသက်တာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက၊ ဤသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပေ။ ထို့ပြင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပါက၊ သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ကျေနပ်စေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်း မရှိသော လူတို့က သူ၏ချီးကျူးခြင်းကို ရရှိနိုင်မည် မဟုတ်သည့်အပြင် ဤကဲ့သို့သောလူတို့၌ အဆုံးသတ် မရှိပေ။ ထိုသို့ဆိုသော် ဘုရားသခင် အလုပ်လုပ်နေစဉ်တစ်လျှောက်တွင်၊ သူသည် လူတစ်ဦး၏ အဆုံးသတ်ကို မည်ကဲ့သို့ သတ်မှတ်သနည်း။ လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန် ဘုရားသခင်သည် မည်သည့်နည်းလမ်းများကို အသုံးပြုသနည်း။ လောလောဆယ်တွင် သင်တို့သည် ဤအရာအပေါ် အနည်းငယ် ယောင်ဝါးဝါးရှိကြဆဲ ဖြစ်နိုင်သော်လည်း၊ သင်တို့အား ဖြစ်စဉ်ကို ငါပြောပြသောအခါ၊ ၎င်းမှာ အတော်ပင် ရှင်းလင်းလာလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သင်တို့များစွာသည် ၎င်းကို ကိုယ်တိုင် တွေ့ကြုံခံစားနှင့်ပြီး ဖြစ်ကြောင့်ပင်တည်း။

အစအဦးမှစ၍ သူ့အမှု၏ ဖြစ်စဉ်တစ်လျှောက် ဘုရားသခင်သည် လူအယောက်တိုင်းအတွက်- သို့မဟုတ် သူ၏နောက်သို့လိုက်သောသူ အယောက်တိုင်းအတွက်ဟု ဆိုနိုင်သည်- စမ်းသပ်မှုများကို စီစဉ်ထားခဲ့ပြီး ဤစမ်းသပ်မှုများမှာ အတိုင်းအတာအမျိုးမျိုးဖြင့် လာတတ်သည်။ မိမိတို့ မိသားစု၏ ငြင်းပယ်ခြင်းခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဆိုးရွားသော ပတ်ဝန်းကျင်များအားဖြင့် စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်း ခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ရွေးချယ်မှုများနှင့် ရင်ဆိုင်ရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများနှင့် ငွေကြေးနှင့် ရာထူးဂုဏ်ဒြပ်အားဖြင့် စမ်းသပ်မှုများကို ရင်ဆိုင်ဖူးသောသူများ ရှိကြသည်။ ယေဘုယျအနေဖြင့် ဆိုပါက သင်တို့ အယောက်တိုင်းသည် စမ်းသပ်မှုအမျိုးမျိုးကို ရင်ဆိုင်ဖူးပြီ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုကဲ့သို့ အလုပ်လုပ်သနည်း။ ဘုရားသခင်သည် အယောက်တိုင်းကို ထိုကဲ့သို့ အဘယ်ကြောင့် ပြုမူသနည်း။ မည်သည့်ရလဒ်မျိုးကို သူရှာသနည်း။ သင်တို့အား ငါမိတ်သဟာယပြုလိုသော အချက်မှာ ဤသို့ဖြစ်သည်- ဤသူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သော လူအမျိုးအစား ဟုတ်မဟုတ်ကို ဘုရားသခင် မြင်လိုသည်။ ဤအရာမှာ ဘုရားသခင်သည် သင့်အား စမ်းသပ်မှုတစ်ခုကို ပေးနေသောအခါနှင့် အခြေအနေတစ်ခု မဟုတ် တစ်ခုကို သင့်အား ရင်ဆိုင်စေသောအခါ၊ သူ၏ ရည်ရွယ်ချက်မှာ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ် စမ်းသပ်ရန်အတွက် ဖြစ်သည်ကို ဆိုလိုသည်။ အကယ်၍ တစ်စုံတစ်ဦးသည် အလှူငွေကို ထိန်းသိမ်းရသည့် တာဝန်နှင့် ရင်ဆိုင်ရပြီး ထိုတာဝန်သည် ဘုရားသခင်၏ အလှူငွေအား ထိတွေ့ကိုင်တွယ်ရန် ဖြစ်လာပါက၊ ဤသည်မှာ ဘုရားသခင် စီစဉ်ထားသောအရာတစ်ခု ဖြစ်သည်ဟု သင် ဆိုမည်လော။ ဧကန်မုချပင် ဖြစ်သည်။ သင် ကြုံတွေ့ရသော အရာခပ်သိမ်းမှာ ဘုရားသခင် စီစဉ်ထားသော အရာတစ်ခု ဖြစ်သည်။ ဤကိစ္စနှင့် သင်ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်သည် သင့်အား တိတ်တဆိတ် လေ့လာကာ၊ မည်သည့်ရွေးချယ်မှုများ သင်ပြုလုပ်သည်၊ သင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သည်၊ သင်၌ မည်သည့်အတွေးများ ရှိသည်တို့ကို စောင့်ကြည့်နေမည်ဖြစ်သည်။ ဘုရားသခင် အလေးထားဆုံးသော အရာမှာ နောက်ဆုံးရလဒ် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဤစမ်းသပ်မှု၌ပင် သူ၏စံနှုန်းနှင့် လျော်ညီအောင် နေခဲ့ပြီးခြင်း ရှိမရှိကို သူ့အား အကဲဖြတ်ခွင့် ပေးမည့်အရာမှာ ဤရလဒ် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း လူတို့သည် ပြဿနာတစ်ခုကို ကြုံတွေ့ရတိုင်း၊ သူတို့သည် ယင်းကို အဘယ်ကြောင့် ရင်ဆိုင်နေရကြောင်း၊ ဘုရားသခင်က သူတို့ မည်သည့်စံနှုန်းကို ပြည့်မီရန် မျှော်လင့်ထားကြောင်း၊ သူက သူတို့အထဲတွင် မည်သည့်အရာကို တွေ့မြင်လိုကြောင်း သို့မဟုတ် ၎င်းတို့ထံမှ သူ မည်သည့်အရာကို ရရှိလိုကြောင်းကို စဉ်းစားလေ့မရှိကြပေ။ ဤပြဿနာကို ရင်ဆိုင်ရသည့်အခါ ထိုကဲ့သို့သော လူတို့က “ဤအရာသည် ကျွန်ုပ် ရင်ဆိုင်ရသည့်အရာတစ်ခု ဖြစ်သည်၊ ကျွန်ုပ် သတိထားရမည်၊ ဂရုမစိုက်ဘဲ မနေရ။ မည်သို့ပင်ဖြစ်စေ ဤအရာမှာ ဘုရားသခင်၏ အလှူငွေဖြစ်ပြီး ၎င်းကို ကျွန်ုပ်ထိ၍မရပါ။” ဟူ၍သာ တွေးတတ်ကြသည်။ လူတို့သည် ဤကဲ့သို့သော လွယ်သယောင် ရှိသော အတွေးများဖြင့် ပြည့်ဝနေကာ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခဲ့ပြီးပြီဟု ယုံကြည်တတ်ကြသည်။ ဤစမ်းသပ်မှု၏ ရလဒ်က ဘုရားသခင်ကို ကျေနပ်မှုရရှိစေမည်လော သို့မဟုတ် မရရှိစေဘဲ နေမည်လော။ ဤအကြောင်းကို ဆက်၍ ပြောကြလော့။ (အကယ်၍ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ပါက၊ ဘုရားသခင်၏ အလှူငွေကို ထိတွေ့ကိုင်တွယ်ခွင့်ရသော တာဝန်တစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထားကို ပြစ်မှားဖို့ အဘယ်မျှပင် လွယ်ကူမည်ကြောင်း ဆင်ခြင်သုံးသပ်ကြလိမ့်မည် ဖြစ်ပြီး ယင်းက ၎င်းတို့ကို သတိဖြင့်ဆက်လုပ်ရန် သေချာစေလိမ့်မည်။) သင်၏တုံ့ပြန်မှုမှာ မှန်ကန်သော လမ်းကြောင်းပေါ်၌ ရှိသော်လည်း၊ ယင်းမှာ သိပ်မဟုတ်သေးပေ။ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်းမှာ အပေါ်ယံစည်းကမ်းများကို လိုက်နာခြင်းအကြောင်း မဟုတ်ပေ။ ယင်းထက် သင်သည် ပြဿနာတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ပထမဦးစွာ ၎င်းကို ဘုရားသခင် စီစဉ်ထားသော အခြေအနေတစ်ခု၊ သင့်အား သူပေးအပ်ထားသော ဝတ္တရားတစ်ခု သို့မဟုတ် သင့်အား သူ ယုံကြည်အပ်နှံထားသော အလုပ်တာဝန်တစ်ခုအဖြစ် သင်ရှုမြင်ခြင်းကို ဆိုလိုသည်။ ဤပြဿနာကို သင်ရင်ဆိုင်နေရသောအခါ၊ ၎င်းကို ဘုရားသခင်က သင့်အပေါ်ထားရှိသော စမ်းသပ်မှုတစ်ခုအဖြစ်ပင်လျှင် မြင်သင့်သည်။ ဤပြဿနာကို သင်ကြုံတွေ့ရသောအခါ၊ သင်၏စိတ်နှလုံးထဲ၌ စံနှုန်းတစ်ခု သင်ရှိရမည်ဖြစ်ပြီး၊ ဤကိစ္စသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်သည်ဟု သင်ထင်မြင်ယူဆရမည်။ သင်သည် ဘုရားသခင်ကို ဆက်လက်၍ သစ္စာစောင့်သိလျက် သင်၏ဝတ္တရားကို ဖြည့်ဆည်းနိုင်မည့် နည်းလမ်းအားဖြင့် ဤကိစ္စရပ်ကို မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းမည့် အကြောင်းကိုလည်းကောင်း၊ ဘုရားသခင်ကို ဒေါသမထွက်စေဘဲ သို့မဟုတ် သူ၏ စိတ်နေသဘောထားကို မပြစ်မှားဘဲ ၎င်းကို မည်သို့ပြုလုပ်ရမည့် အကြောင်းကိုလည်းကောင်း စဉ်းစားရမည်။ အလှူငွေများကို ထိန်းသိမ်းခြင်းအကြောင်း ငါတို့အခုလေးတင် ပြောခဲ့ပြီးဖြစ်သည်။ ဤကိစ္စရပ်တွင် အလှူငွေများပါဝင်ပြီး သင်၏တာဝန်နှင့် သင်၏ဝတ္တရားလည်း အကျုံးဝင်သည်။ ဤဝတ္တရား ကျေပွန်စေရန် သင်၌ တာဝန်ရှိသည်။ သို့သော်လည်း ဤကိစ္စရပ်ကို သင်ရင်ဆိုင်ရသည့်အခါ၊ စုံစမ်းသွေးဆောင်ခြင်း တစ်စုံတစ်ရာ ရှိသလော။ ရှိပေသည်။ ဤစုံစမ်းသွေးဆောင်ခြင်းက မည်သည့်နေရာမှ လာသနည်း။ ဤစုံစမ်းသွေးဆောင်ခြင်းသည် စာတန်ထံမှလာပြီး ၎င်းသည် လူသားတို့၏ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှလည်း လာသည်။ စုံစမ်းနှောင့်ယှက်ခြင်း ရှိသည်ကို ထောက်ဆလျှင်၊ ဤအရေးကိစ္စတွင် လူတို့ ရပ်တည်သင့်သည့် သက်သေရပ်တည်ခြင်း ပါဝင်ပြီး၊ ယင်းမှာ သင်၏ဝတ္တရားနှင့် တာဝန်လည်း ဖြစ်သည်။ လူအချို့က “ဤအရာမှာ အသေးအမွှားကိစ္စရပ်တစ်ခု ဖြစ်သည်၊ ထိုမှနေ၍ ပုံကြီးချဲ့ရန် အမှန်တကယ် လိုအပ်သလော။” ဟု ဆိုကြသည်။ ယင်းထက် ပို၍ လိုအပ်သည့်အရာ မရှိနိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းရန် ငါတို့ သို့မဟုတ် ငါတို့ဝန်းကျင်၌ ဖြစ်ပျက်သည့် မည်သည့်အရာကိုမဆို၊ အသေးအမွှား အမှုအရာများကိုပင်လျှင် ငါတို့လက်လွှတ်၍ မရသောကြောင့် ဖြစ်သည်။ ငါတို့သည် ၎င်းကို အာရုံစိုက်သင့်သည်ဟု စဉ်းစားသည်ဖြစ်စေ မစဉ်းစားသည်ဖြစ်စေ၊ အခြေအနေ တစ်ခုခုက ငါတို့ကို ရင်ဆိုင်နေပါက၊ ၎င်းကို ငါတို့ လက်မလွှတ်သင့်ပေ။ ဖြစ်ပျက်သည့်အရာ အားလုံးကို ငါတို့အတွက် ဘုရားသခင်ပေးထားသော စစ်ဆေးမှုများအဖြစ် ရှုမြင်သင့်ပေသည်။ အမှုအရာများအား ဤသို့ရှုမြင်ခြင်းကို သင် မည်သို့သဘောထားသနည်း။ အကယ်၍ သင်၌ ဤသဘောထားမျိုး ရှိပါက၊ ၎င်းက သင်သည် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လိုသည်ဟူသော အဖြစ်မှန်တစ်ခုကို အတည်ပြုသည်။ သင်၌ ဘုရားသခင်ကို ကျေနပ်စေရန် ဤဆန္ဒရှိပါက၊ သင်လက်တွေ့လုပ်ဆောင်သော အရာမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းဟူသော စံနှုန်းနှင့် အလှမ်းဝေးလိမ့်မည် မဟုတ်ပေ။

လူတို့ များစွာအရေးမစိုက်သော ကိစ္စရပ်များနှင့် အများအားဖြင့် ဖော်ပြလေ့မရှိသော ကိစ္စရပ်များမှာ အရေးမပါသော အသေးအဖွဲမျှသာဖြစ်ပြီး ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်မှုမရှိဟူ၍ ယုံကြည်သောသူများ ရှိတတ်သည်။ ဤလူတို့သည် ယင်းကဲ့သို့သော ကိစ္စရပ်ကို ရင်ဆိုင်ရသည့်အခါ၊ ယင်းကို များစွာ မဆင်ခြင်ဘဲ သတိလက်လွတ် ထားကြသည်။ သို့သော်လည်း အမှန်မှာ ဤအကြောင်းအရာသည် သင်လေ့လာသင့်သော သင်ခန်းစာတစ်ခု၊ ဘုရားသခင်ကို ကြောက်ရွံ့နည်းနှင့် မကောင်းမှုကို ရှောင်နည်းဆိုင်ရာ သင်ခန်းစာတစ်ခု ဖြစ်ခဲ့လေသည်။ ထိုမျှမက သင် ပို၍ပင်အလေးထားသင့်သည့် အရာမှာ သင့်ကိုရင်ဆိုင်ရန် ဤကိစ္စ ပေါ်ပေါက်သည့်အခါ၊ ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်နေကြောင်း သိခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် သင်၏နံဘေး၌ ရှိကာ၊ သင်၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်မှုတိုင်းကို အကဲခတ်နေပြီး သင်လုပ်ဆောင်သမျှနှင့် သင်၏ အတွေးများထဲတွင် မည်သည့် အပြောင်းအလဲများ ဖြစ်ပျက်သည်ကို စောင့်ကြည့်နေသည်၊ ဤသည်မှာ ဘုရားသခင်၏ အလုပ်ပင်။ လူအချို့က “ဤသို့မှန်လျှင် ၎င်းကို ကျွန်ုပ် အဘယ်ကြောင့် မခံစားခဲ့ရသနည်း။” ဟု မေးကြသည်။ သင်မခံစားရသည့်အကြောင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့်လမ်းခရီးကို သင်၏ ပဓာနလမ်းစဉ်အဖြစ် သင် လိုက်နာစောင့်ထိန်းခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် လူအထဲ၌ ဘုရားသခင်ပြုလုပ်သည့် သိမ်မွေ့သောအမှုကို မခံစားနိုင်ရခြင်း ဖြစ်သည်၊ ၎င်းက လူတို့၏ အတွေးအခေါ်များနှင့် ပြုမူပုံအမျိုးမျိုးနှင့်အညီ ပေါ်လွင်ခြင်းဖြစ်သည်။ သင်သည် နမော်နမဲ့နိုင်သူတစ်ဦး ဖြစ်ပေတကား။ အရေးပါသော ကိစ္စရပ်မှာ အဘယ်နည်း။ အရေးမပါသော ကိစ္စရပ်မှာ အဘယ်နည်း။ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း ပါဝင်သော ကိစ္စရပ်များကို အရေးပါသော သို့မဟုတ် အရေးမပါသော ကိစ္စရပ်များဟူ၍ ပိုင်းခြားမထားပေ၊ ၎င်းတို့အားလုံးသည် အရေးကြီးကိစ္စဖြစ်သည်။ ထိုအရာကို သင် လက်ခံနိုင်သလော။ (၎င်းကို ကျွန်ုပ်တို့ လက်ခံနိုင်ပါသည်။) နေ့စဉ်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလွန်ကြီးမားပြီး အရေးပါသည်ဟု လူတို့ရှုမြင်ကြသော ကိစ္စရပ်အချို့ရှိပြီး အရေးမပါသော အသေးအမွှားများဟု ရှုမြင်ခံရသော အခြားအရာများ ရှိပေသည်။ လူတို့သည် ဤကြီးမားသော ကိစ္စရပ်များကို အလွန်အရေးကြီးသည်ဟု မြင်တတ်ကြပြီး ၎င်းတို့မှာ ဘုရားသခင် ပို့ဆောင်ပေးထားသည်ဟု သူတို့က ယူဆကြသည်။ သို့သော်လည်း ဤကိစ္စရပ်များ ဖြစ်ပျက်နေသည့်အခါတွင်၊ လူတို့၏ မရင့်ကျက်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သူတို့၏ ညံ့ဖျင်းသော အစွမ်းအစတို့ကြောင့် လူတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အဆင့်မမီဘဲရှိကာ၊ မည်သည့် ဗျာဒိတ်တော်ကိုမျှ မရနိုင်သည့်အပြင် တန်ဖိုးရှိသော တကယ့်အသိပညာကို မရရှိနိုင်ကြပေ။ သေးငယ်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၎င်းတို့သည် လူတို့၏ လျစ်လျူရှုခြင်း၊ တစ်စတစ်စ လက်လွတ်ဆုံးရှုံးသွားရန် စွန့်ပစ်ခြင်းကို ခံကြရသည်။ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်ရှေ့၌ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်းကို ခံရရန် အခွင့်အရေးများစွာ ဆုံးရှုံးခဲ့ကြပြီ ဖြစ်သည်။ သင်သည် လူများ၊ အမှုအရာများ၊ ကိစ္စရပ်များနှင့် ဘုရားသခင် သင့်အတွက် စီစဉ်ပေးထားသော အခြေအနေများကို အမြဲလျစ်လျူရှုပါက၊ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းမှာ သင်သည် နေ့စဉ်နေ့တိုင်းနှင့် အချိန်တိုင်းမှာပင် သင့်အပေါ် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကိုရော သူ၏ ခေါင်းဆောင်မှုကိုပါ အမြဲပစ်ပယ် နေသည်ဟု အဓိပ္ပာယ် သက်ရောက်သည်။ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်ရပ်ကို စီစဉ်ပေးသည့် အခါတိုင်းတွင်၊ သူသည် တိတ်တဆိတ် စောင့်ကြည့်နေလျက်၊ သင်၏ စိတ်နှလုံးကို စိုက်ကြည့်နေပြီး၊ သင်၏စိတ်ကူးများနှင့် သုံးသပ်ချက်များကို အကဲခတ်နေ၍၊ သင် မည်သို့တွေးပုံကို စောင့်ကြည့်နေကာ သင်မည်ကဲ့သို့ ပြုမူမည့်ပုံတို့ကို ကြည့်ရှုရန် စောင့်ဆိုင်းနေပါသည်။ အကယ်၍ သင်သည် ဂရုမစိုက်သော လူတစ်ဦး၊ ဘုရားသခင်၏ လမ်းခရီး၊ သူ၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါမျှ အလေးအနက် မရှိခဲ့သောသူ ဖြစ်နေပါက၊ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်စုံတစ်ရာကို စီစဉ်ပေးသောအခါ၊ သင်သည် ဘုရားသခင် ပြည့်စုံစေလိုသည့်အရာ သို့မဟုတ် သင်ဖြည့်ဆည်းပေးရန် သူမျှော်လင့်ထားသည့် တောင်းဆိုချက်များကို သင် သတိမူလိမ့်မည်မဟုတ် သို့မဟုတ် အာရုံစိုက်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သင်ကြုံတွေ့သော လူများ၊ ဖြစ်ရပ်များနှင့် အရာဝတ္ထုများသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုတော်နှင့် မည်ကဲ့သို့ ဆက်စပ်မှု ရှိကြောင်းကိုလည်း သင်သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဤကဲ့သို့ အကြိမ်ကြိမ်ဖြစ်ပွားသော အခြေအနေများနှင့် အကြိမ်ကြိမ်ဖြစ်ပွားသော စမ်းသပ်မှုများကို ရင်ဆိုင်ပြီးနောက် ဘုရားသခင်သည် သင့်အထဲတွင် မည်သည့်ရလဒ်ကိုမျှ မမြင်တွေ့ပါက၊ သူသည် မည်သို့ဆက်လုပ်မည်နည်း။ စမ်းသပ်မှုများကို အကြိမ်ကြိမ်အခါအခါ ရင်ဆိုင်ပြီးနောက် သင်သည် သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြီးမြတ်စေခြင်း သို့မဟုတ် သင့်အတွက် ဘုရားသခင် စီစဉ်ပေးသော အခြေအနေများကို ဘုရားသခင်ထံမှလာသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများ အဖြစ် အရှိကိုအရှိအတိုင်း ရှုမြင်ခြင်း မရှိခဲ့ပေ။ ထိုအစား သင့်အား ဘုရားသခင် ပေးအပ်ခဲ့သော အခွင့်အရေးများကို တစ်ခုပြီးတစ်ခု သင် ငြင်းပယ်ပြီဖြစ်ပြီး ၎င်းတို့အား အကြိမ်ကြိမ်အခါခါ လက်လွှတ် ဆုံးရှုံးခံလျက်ရှိသည်။ ဤသည်မှာ လူတို့ထုတ်ဖော်ပြသည့် လွန်ကဲသော မနာခံခြင်းပင် မဟုတ်လော။ (ဟုတ်ပေသည်။) ဤအရာကြောင့် ဘုရားသခင်သည် စိတ်နာကျင် ထိခိုက်မည်လော။ (သူ နာကျင်ထိခိုက်ပါလိမ့်မည်။) မှားသည်။ ဘုရားသခင်သည် စိတ်နာကျင်ထိခိုက်မည်မဟုတ်။ ဤကဲ့သို့ ငါပြောသည်ကို ကြားရခြင်းက သင်တို့ကို နောက်ထပ်တစ်ကြိမ် ထိတ်လန့်စေပြန်ပြီ။ “ဘုရားသခင်သည် အမြဲ စိတ်နာကျင် ထိခိုက်မည်ဟု အစောပိုင်း၌ ပြောခဲ့သည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင် နာကျင်ထိခိုက်ခြင်းမရှိဘဲ နေမည်လော။ သို့ဆိုလျှင် သူသည် မည်သည့်အချိန်တွင် နာကျင်ထိခိုက်သနည်း။” ဟု သင်တွေးနေနိုင်သည်။ တိုတိုပြောရလျှင် ဘုရားသခင်သည် ဤအခြေအနေ၌ နာကျင်ထိခိုက်မည် မဟုတ်ပေ။ ထိုသို့ဆိုသော် အထက်တွင် အကြမ်းဖျင်းဖော်ပြထားသော အပြုအမူ အမျိုးအစားအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့ထံ ဘုရားသခင် စေလွှတ်သော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ငြင်းပယ်သည့်အခါနှင့် ထိုအရာများထံမှ ၎င်းတို့ ခေါင်းရှောင်သည့်အခါ၊ ဤသို့သော လူများအပေါ် ဘုရားသခင်၏ သဘောထား တစ်ခုတည်းသာ ရှိသည်။ ဤသဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ဤကဲ့သို့သောလူကို သူ၏ အနက်ရှိုင်းဆုံး နှလုံးသားထဲမှ ပစ်ပယ်သည်။ “ပစ်ပယ်သည်” ဟူသော စကားလုံးအတွက် အဓိပ္ပာယ်နှစ်လွှာ ရှိသည်။ ၎င်းတို့ကို ငါ၏ ရှုထောင့်အမြင်မှ အဘယ်သို့ ရှင်းပြရအံ့နည်း။ အမှန်မှာ “ပစ်ပယ်” ဟူသော စကားလုံးသည် စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းဟူသော ဂယက်အနက်ကို ဆောင်သည်။ ထိုအဓိပ္ပာယ်၏ အခြားအလွှာမှာ အဘယ်နည်း။ ၎င်းမှာ တစ်စုံတစ်ခုအား စွန့်ခြင်းကို ညွှန်းဆိုသော အပိုင်းဖြစ်သည်။ “စွန့်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သင်တို့အားလုံး သိကြသည် မဟုတ်သလော။ လိုရင်းတိုရှင်းဆိုရလျှင် “ပစ်ပယ်ခြင်း” ဆိုသည်မှာ ဤသို့နည်းဖြင့် ပြုမူနေကြသော ထိုလူများအပေါ် ဘုရားသခင်၏ အဆုံးစွန်သော တုံ့ပြန်မှုနှင့် သဘောထားကို သရုပ်ဖော်သည့် စကားလုံးဖြစ်သည်။ ယင်းမှာ ၎င်းတို့ကို အလွန်အမင်း မုန်းတီးခြင်းနှင့် ရွံမုန်းခြင်းဖြစ်သောကြောင့်၊ ၎င်းတို့ကို စွန့်ပစ်မည့် ဆုံးဖြတ်ချက်အဖြစ် အကျိုးသက်ရောက်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီး၌ မည်သည့်အခါမျှ မလျှောက်လှမ်းခဲ့သောသူတစ်ယောက်နှင့် ဘုရားသခင်ကို မည်သည့်အခါမျှ ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း မရှိခဲ့သော လူတစ်ဦးအပေါ် ဘုရားသခင်၏ နောက်ဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ငါအစောပိုင်းက ပြောခဲ့သော ထိုဆိုရိုးစကား၏ အရေးပါပုံကို ယခု သင်တို့အားလုံး မြင်နိုင်ကြပြီလော။

လူတို့၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် ဘုရားသခင် အသုံးပြုသော နည်းလမ်းကို ယခု သင်တို့ နားလည်ကြပြီလော။ (နေ့စဉ်နေ့တိုင်းပင် မတူညီသောအခြေအနေများကို သူစီစဉ်သည်။) မတူညီသော အခြေအနေများကို သူစီစဉ်သည်။ ဤသည်မှာ လူတို့ခံစားပြီး ထိတွေ့နိုင်သော အရာတစ်ခုဖြစ်သည်။ ထိုသို့ဆိုသော် ဤသို့ပြုခြင်းအတွက် ဘုရားသခင်၏ အကြောင်းရင်းမှာ အဘယ်နည်း။ သူ၏ရည်ရွယ်ချက်မှာ ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းအား မတူညီသော အချိန်များနှင့် မတူညီသော နေရာများ၌ စမ်းသပ်မှုအမျိုးမျိုးကို ပေးရန်ဖြစ်သည်။ စမ်းသပ်မှုတစ်ခုအတွင်းတွင် လူ၏ မည်သည့်ကဏ္ဍမှာ စစ်ဆေးခြင်းကို ခံရသနည်း။ သင်သည် သင်ရင်ဆိုင်ရသော၊ ကြားရ၊ မြင်ရသော၊ ထို့ပြင် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသော အကြောင်းကိစ္စတိုင်း၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သော လူအမျိုးအစား ဟုတ် မဟုတ် စမ်းသပ်မှုက အဆုံးအဖြတ်ပေးသည်။ ဘုရားသခင်သည် လူအားလုံးအပေါ် တရားမျှတသောကြောင့် အယောက်တိုင်းက ဤစမ်းသပ်မှု အမျိုးအစားကို ရင်ဆိုင်ကြရလိမ့်မည်။ သင်တို့ထဲမှ အချို့က “ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပါပြီ၊ ထို့ကြောင့် စမ်းသပ်မှုတစ်ခုမျှ ကျွန်ုပ် အဘယ်ကြောင့် ရင်မဆိုင်ရဖူးသနည်း။” ဟု ဆိုကြသည်။ မည်သည့်စမ်းသပ်မှုကိုမျှ မရင်ဆိုင်ဖူးကြောင်း သင်ခံစားရခြင်းမှာ ဘုရားသခင်သည် သင့်အတွက် အခြေအနေများကို စီစဉ်ပေးသောအခါတိုင်း၊ သင်သည် ၎င်းတို့ကို အလေးအနက် မထားခဲ့ဘဲ၊ ဘုရားသခင်၏ လမ်းခရီး၌ လိုက်လျှောက်လိုခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ စမ်းသပ်မှုများကို လုံးလုံး သတိမပြုမိခြင်းသာ ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် စမ်းသပ်မှု အနည်းငယ်ကို ရင်ဆိုင်ခဲ့ဖူးသည်၊ သို့သော် ကျွန်ုပ်သည် မည်သို့ မှန်မှန်ကန်ကန် လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါ။ ကျွန်ုပ်သည် လက်တွေ့လုပ်ဆောင်ခဲ့သောအခါ၌ပင် ဘုရားသခင်၏ စမ်းသပ်မှုများအတွင်း ကျွန်ုပ် မြဲမြံစွာရပ်တည်ခဲ့ခြင်း ရှိ မရှိကို မသိသေးပါ။” ဟု ဆိုကြသည်။ ဤအခြေအနေမျိုး၌ရှိသော လူများမှာ လူနည်းစုထဲ၌ မရှိကြသည်မှာ သေချာပါသည်။ ထိုသို့ဆိုသော် လူတို့အား ဘုရားသခင်တိုင်းတာသော စံနှုန်းမှာ အဘယ်နည်း။ ၎င်းမှာ စောစောက ငါပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်- သင်လုပ်သမျှ၊ တွေးသမျှနှင့် ထုတ်ဖော်ပြသမျှ၌ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်း ရှိ မရှိပင် ဖြစ်သည်။ ဤသည်မှာ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူတစ်ဦး ဟုတ်မဟုတ်ကို အဆုံးအဖြတ်ပေးပုံ ဖြစ်သည်။ ဤအယူအဆမှာ ရိုးရှင်းသလော၊ မရိုးရှင်းဘူးလော။ ပြောရသည်မှာ ရိုးရှင်းသော်လည်း၊ လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသလော။ (သိပ်မလွယ်ကူပါ။) ၎င်းမှာ အဘယ်ကြောင့် သိပ်မလွယ်ကူသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင်၊ ဘုရားသခင်သည် လူတို့အား မည်ကဲ့သို့ စုံလင်အောင် ပြုလုပ်ပေးသည်ကို သူတို့မသိကြပေ၊ ထို့ကြောင့် ၎င်းတို့သည် ကိစ္စရပ်များကို ရင်ဆိုင်ရသည့်အခါ၊ မိမိတို့၏ ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားအား မည်ကဲ့သို့ ရှာဖွေရမည်ကို မသိကြခြင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၏ လက်တွေ့အရှိတရားကို မပိုင်ဆိုင်နိုင်မီ၊ အမျိုးမျိုးသော စမ်းသပ်မှုများ၊ စစ်ဆေးခြင်းများ၊ ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်ခြင်းများကို သူတို့ ဖြတ်သန်းကြရသည်။) သင်တို့ ထိုကဲ့သို့ ဆိုကောင်း ဆိုနိုင်သော်လည်း၊ သင်တို့၏ ထင်မြင်ချက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းမှာ ယခုပင်လျှင် လွယ်ကူစွာ လုပ်ဆောင်၍ရနိုင်သယောင် ထင်ရသည်။ ဤသို့ အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် တရားဟောချက် မြောက်မြားစွာကို နားထောင်ခဲ့ကြပြီဖြစ်ပြီး သမ္မာတရား စစ်မှန်မှုမှ ပမာဏ မနည်းသော ရေလောင်းပေးခြင်းကို ခံခဲ့ကြပြီးသောကြောင့် ဖြစ်သည်။ ဤအရာက သင်တို့အား သဘောတရားအရနှင့် ဉာဏ်ပညာအရ ဘုရားသခင်အား မည်ကဲ့သို့ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရမည်ကို နားလည်စေပြီဖြစ်သည်။ ထိုသို့ ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုအား ရှောင်ခြင်းကို လက်တွေ့လုပ်ဆောင်ပုံ နှင့်ပတ်သက်၍၊ ဤသိနားလည်ခြင်း အားလုံးသည် အလွန် အထောက်အကူ ဖြစ်နေပြီး ထိုကဲ့သို့သော အရာတစ်ခုကို လွယ်ကူစွာ ရရှိနိုင်သကဲ့သို့ သင်တို့အား ခံစားစေခဲ့သည်။ ထိုသို့ဆိုသော် လူတို့သည် ၎င်းကို အဘယ်ကြောင့် မည်သည့်အခါမျှ အမှန်တကယ် မရရှိနိုင်ကြသနည်း။ ဤသည်မှာ လူသား၏ သဘာဝနှင့် အနှစ်သာရသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိဘဲ၊ မကောင်းမှုကို နှစ်သက်ခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ တကယ့်အကြောင်းရင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၀)

ဘုရားသခင်ကို မကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို မရှောင်ခြင်းမှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည်

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း” ဟူသော ဤဆိုရိုးစကား မည်သည့်နေရာမှ လာခဲ့ကြောင်း သင်တို့ကို မေးခြင်းအားဖြင့် ငါအစပြုမည်။ (ယောဘဝတ္ထု။) ယောဘကို ကျွန်ုပ်တို့ ဖော်ပြခဲ့ပြီဖြစ်၍၊ သူ့အကြောင်းကို ဆွေးနွေးကြပါစို့။ ယောဘ၏ခေတ်တွင် ဘုရားသခင်သည် လူသားတို့ကို ကယ်တင်ခြင်းနှင့် သိမ်းပိုက်ခြင်းအတွက် အလုပ်လုပ်နေခဲ့သလော။ သူ လုပ်မနေခဲ့ပါ။ ထိုသို့မဟုတ်သလော။ ယောဘနှင့်စပ်လျဉ်း၍လည်း ထိုအချိန်တွင် ဘုရားသခင်အကြောင်း သူ၌ အသိပညာမည်မျှ ရှိခဲ့သနည်း။ (များစွာ မရှိခဲ့ပေ။) ယောဘက ယခု သင်တို့၌ရှိသော ဘုရားသခင်ပေါ် သိမြင်ခြင်းထက် များခဲ့သလော သို့မဟုတ် နည်းခဲ့သလော။ သင် မဖြေဝံ့သည်မှာ အဘယ်ကြောင့်နည်း။ ဤအရာမှာ အလွန်ဖြေရ လွယ်ကူသော မေးခွန်းတစ်ခုဖြစ်သည်။ နည်းခဲ့သည်။ ၎င်းမှာ အသေအချာပင်။ သင်တို့သည် ယခုအခါ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်ရှိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မျက်နှာချင်းဆိုင် ရှိကြသည်။ သင်တို့သည် ယောဘထက် ဘုရားသခင်ကိုသိသော အသိသည် များစွာပိုသည်။ ဤအရာကို အဘယ်ကြောင့် ငါတင်ပြရသနည်း။ ဤအရာများကို ပြောပြရာ၌ ငါ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်တို့အား အဖြစ်မှန်တစ်ခုကို ငါရှင်းပြလိုသည်၊ သို့သော် ငါမရှင်းပြမီ သင်တို့အား မေးခွန်းတစ်ခုကို မေးလိုသည်- ယောဘသည် ဘုရားသခင်အကြောင်း တကယ့်အနည်းအကျဉ်းသာ သိခဲ့သော်လည်း၊ သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခဲ့သေးသည်။ ယနေ့ခေတ် လူတို့သည် အဘယ်ကြောင့် ထိုသို့ပြုရန် ပျက်ကွက်ကြသည်မှာ အဘယ့်ကြောင့်နည်း။ (သူတို့သည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးကြသည်။) ၎င်းတို့သည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးကြသည်မှာ ပြဿနာကို ဖြစ်ပွားစေသော အပေါ်ယံဖြစ်ရပ် ဖြစ်သည်၊ သို့သော်လည်း ငါသည် ၎င်းကို ထိုနည်းအတိုင်း ဘယ်သောအခါမှ ယူဆမည် မဟုတ်ပေ။ “အကြီးအကျယ် ဖောက်ပြန်ပျက်စီးခြင်း”၊ “ဘုရားသခင်ကို ပုန်ကန်ခြင်း”၊ “ဘုရားသခင်အပေါ် သစ္စာမဲ့ခြင်း”၊ “နာခံမှုမရှိခြင်း”၊ “သမ္မာတရားကို မနှစ်သက်ခြင်း” စသည်တို့ကဲ့သို့သော ခဏခဏအသုံးပြုသည့် သြဝါဒများနှင့် ဝေါဟာရများကို မကြာခဏမှတ်ယူကာ ဤမှတ်သားရလွယ်သော စကားရပ်များအား အရေးကိစ္စ တစ်ခုချင်းစီ၏ အနှစ်သာရကို ရှင်းပြရန် အသုံးပြုတတ်ကြသည်။ ဤသည်မှာ အားနည်းချက်ရှိသော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းတစ်မျိုး ဖြစ်သည်။ ကွဲပြားသော သဘောသဘာဝများ၏ အရေးကိစ္စများကို ရှင်းပြရန် တူညီသောအဖြေကို အသုံးပြုခြင်းက သမ္မာတရားနှင့် ဘုရားသခင်အကြောင်း ပြစ်မှားစော်ကားသော သံသယများကို မလွဲမရှောင်သာ ဖြစ်ပေါ်စေသည်။ ဤကဲ့သို့သော အဖြေမျိုး ကြားရသည်ကို ငါမကြိုက်ပေ။ ၎င်းကို လုံးစေ့ပတ်စေ့ ဆင်ခြင်လော့။ သင်တို့ တစ်ဦးတစ်ယောက်မျှ ဤအကြောင်းအရာကို ဆင်ခြင်ခဲ့ဖူးခြင်း မရှိကြပေ၊ သို့သော်လည်း ၎င်းကို နေ့စဉ် ငါမြင်နိုင်ပြီး နေ့စဉ် ငါခံစားနိုင်သည်။ ထို့ကြောင့် သင်တို့ လုပ်ဆောင်နေကြစဉ် ငါစောင့်ကြည့်နေ၏။ သင်တို့သည် တစ်စုံတစ်ခုကို ပြုလုပ်နေသည့်အချိန်တွင်၊ ၎င်း၏ အနှစ်သာရကို မခံစားနိုင်ကြပေ၊ သို့သော် ငါကြည့်သည့်အခါ ၎င်း၏အနှစ်သာရကို ငါမြင်နိုင်ပြီး ၎င်း၏အနှစ်သာရကိုလည်း ငါခံစားနိုင်သည်။ ထိုသို့ဆိုသော် ဤအနှစ်သာရမှာ အဘယ်နည်း။ အဘယ်ကြောင့် ယနေ့ခေတ် လူများသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်နိုင်စွမ်း မရှိကြသနည်း။ သင်တို့၏အဖြေများမှာ ဤပြဿနာ၏ အနှစ်သာရကို ရှင်းလင်းနိုင်ရန်အတွက် အလှမ်းဝေးသည့်အပြင်၊ ၎င်းတို့က ထိုအရာကိုလည်း မရှင်းပြနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်း၌ သင်တို့ သတိမပြုမိသော အရင်းအမြစ်တစ်ခု ရှိသောကြောင့်ဖြစ်သည်။ ဤအရင်းအမြစ်မှာ အဘယ်နည်း။ ထိုအကြောင်းကို သင်တို့ ကြားလိုကြောင်း ငါသိသည်၊ ထို့ကြောင့် ဤပြဿနာ၏ အရင်းအမြစ်အကြောင်းကို သင်တို့အား ငါ ပြောပြမည်။

ဘုရားသခင်သည် အမှုကို စလုပ်ခဲ့ကတည်းက သူသည် လူသားများကို မည်သို့ သဘောထားခဲ့သနည်း။ ဘုရားသခင်သည် သူတို့ကို ကယ်ဆယ်ခဲ့သည်။ သူသည် လူသားတို့ကို သူ၏မိသားစုဝင်များအဖြစ်၊ သူ့အမှု၏ ဦးတည်ရာများအဖြစ်၊ သူ သိမ်းပိုက်ပြီး ကယ်တင်လိုခဲ့သောသူများနှင့်၊ သူ စုံလင်စေလိုသောသူများအဖြစ် ရှုမြင်ထားခဲ့သည်။ ဤသည်မှာ သူ့အမှု၏ အစ၌ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထား ဖြစ်ခဲ့သည်။ သို့ဆိုလျှင် ထိုအချိန်က ဘုရားသခင်အပေါ် လူသားတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် လူသားများအတွက် စိမ်းနေခဲ့ပြီး ဘုရားသခင်ကို သူတို့က သူစိမ်းတစ်ယောက်အဖြစ် သဘောထားခဲ့ကြသည်။ ဘုရားသခင်အပေါ် သူတို့၏သဘောထားမှာ မှန်ကန်သော ရလဒ်များကို မဖြစ်ထွန်းစေခဲ့ဘဲ၊ သူတို့က ဘုရားသခင်ကို မည်ကဲ့သို့ ဆက်ဆံသင့်ကြောင်း ရှင်းလင်းသော နားလည်ခြင်း မရှိခဲ့ကြပါဟု ဆိုနိုင်ပါသည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်ကို သူတို့အလိုရှိသကဲ့သို့ ဆက်ဆံခဲ့ပြီး သူတို့နှစ်သက်သည့် အရာမှန်သမျှကို လုပ်ခဲ့ကြသည်။ သူတို့၌ ဘုရားသခင်နှင့် ပတ်သက်သော ထင်မြင်ချက်တစ်စုံတစ်ရာ ရှိခဲ့ကြသလော။ အစ၌ သူတို့ မရှိကြပေ။ သူတို့၏ မည်ကာမတ္တ ထင်မြင်ချက်များတွင် ဘုရားသခင်နှင့် သက်ဆိုင်သည့် အချို့သော အယူအဆများနှင့် ခန့်မှန်းစိတ်ကူးများသာ ပါဝင်ခဲ့သည်။ သူတို့သည် သူတို့၏ အယူအဆများနှင့် ကိုက်ညီသည့်အရာကို လက်ခံခဲ့ပြီး၊ တစ်စုံတစ်ရာက သူတို့၏အယူအဆများနှင့် မကိုက်ညီသောအခါ၊ သူတို့က ယင်းကို အပေါ်ယံ၌သာ နာခံခဲ့ကြသော်လည်း၊ စိတ်နှလုံးထဲတွင် ၎င်းကို ပြင်းထန်စွာ ကွဲလွဲသည်ဟု ခံစားပြီး ယင်းကို ဆန့်ကျင်ခဲ့ကြသည်။ ဤသည်မှာ အစအဦး၌ ဘုရားနှင့် လူသားများကြားက ဆက်ဆံရေး ဖြစ်ခဲ့သည်- ဘုရားသခင်က သူတို့ကို မိသားစုဝင်များအဖြစ် သဘောထားခဲ့သော်လည်း၊ သူတို့က ဘုရားသခင်ကို သူစိမ်းတစ်ဦးအဖြစ် ဆက်ဆံခဲ့ကြသည်။ သို့သော်လည်း ဘုရားသခင့်အမှု၏ အချိန်ကာလတစ်ခုနောက်တွင် သူက မည်သည့်အရာကိုရရှိရန် ကြိုးစားနေကြောင်းကို လူသားတို့ နားလည်လာခဲ့ကြပြီး သူသည် စစ်မှန်သော ဘုရားဖြစ်ကြောင်းကို သူတို့ သိခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ထံမှ မည်သည့်အရာကို ရရှိနိုင်ကြောင်းကိုလည်း သူတို့ သိလာခဲ့ကြသည်။ ဤအချိန်၌ လူတို့သည် ဘုရားသခင်ကို မည်ကဲ့သို့ သဘောထားခဲ့ကြသနည်း။ သူတို့သည် သူ့ကို အသက်သွေးကြောအဖြစ် ရှုမြင်ခဲ့ကြပြီး သူ၏ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့်၊ ကတိတော်များကို ပေးအပ်ခြင်းခံရရန် မျှော်လင့် ခဲ့ကြသည်။ ဤအချိန်တွင် ဘုရားသခင်သည် လူသားတို့အား မည်ကဲ့သို့ သဘောထားခဲ့သနည်း။ သူသည် လူတို့အား သူ့သိမ်းပိုက်ခြင်း၏ ပစ်မှတ်များအဖြစ် ရှုမြင်ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို တရားစီရင်ရန်၊ သူတို့ကို စစ်ဆေးရန်နှင့်၊ သူတို့အား စမ်းသပ်မှုများကြား၌ ထားရှိရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုလိုခဲ့သည်။ သို့သော် ထိုအချိန်၌ လူတို့နှင့် ပတ်သက်သရွေ့၊ ဘုရားသခင်သည် သူတို့ကိုယ်တိုင်၏ ရည်မှန်းချက်ပန်းတိုင်များ ရရှိရန် သူတို့အသုံးပြုနိုင်သော အရာဝတ္ထုတစ်ခုမျှ ဖြစ်ခဲ့သည်။ ဘုရားသခင် ထုတ်ပြန်သော သမ္မာတရားသည် ၎င်းတို့အား သိမ်းပိုက်ပြီး ကယ်တင် နိုင်ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်ထံမှ ၎င်းတို့အလိုရှိသော အရာတို့ကို ရရန်သော်လည်းကောင်း၊ ၎င်းတို့အလိုရှိသော ခရီးဆုံးပန်းတိုင်သို့ ရောက်ရန်သော်လည်းကောင်း ၎င်းတို့၌ အခွင့်အရေး တစ်ခုရှိကြောင်း မြင်ခဲ့ကြသည်။ ဤအရာကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရိုးသားမှု အစအနလေး ဖြစ်တည်လာခဲ့ပြီး ၎င်းတို့သည် ဤဘုရားသခင် နောက်သို့လိုက်ရန် အလိုရှိလာခဲ့ကြသည်။ အချိန်ကျော်လွန်ခဲ့သည်နှင့်အမျှ လူတို့၌ ဘုရားသခင် အကြောင်း အပေါ်ယံနှင့် သြဝါဒဆိုင်ရာ သိနားလည်မှု ရှိလာခဲ့ခြင်းကြောင့်၊ လူသားတို့သည် ဘုရားသခင်နှင့် သူပြောဆိုသော နှုတ်ကပတ်တော်များ၊ သူ၏ ဟောပြောချက်၊ သူထုတ်ပြန်လိုက်သော သမ္မာတရားများနှင့် သူ၏အမှုတို့နှင့် စတင် “ရင်းနှီးကျွမ်းဝင်” လာသည်ဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့မှာ ဘုရားသခင်သည် မစိမ်းတော့ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်လာမည့် လမ်းကြောင်း၌ လျှောက်လှမ်းနှင့်ပြီးပြီဖြစ်ကြောင်း မှားယွင်းသော အယူအဆ အောက်တွင် ရှိခဲ့ကြသည်။ ယခုတွင်မူ လူတို့သည် သမ္မာတရားနှင့်စပ်လျဉ်း၍ တရားဟောချက်များစွာကို နားထောင်ခဲ့ကြပြီး ဘုရားသခင်၏ များစွာသောအမှုတို့ကို တွေ့ကြုံခဲ့ဖူးကြပြီ ဖြစ်သည်။ သို့သော်လည်း အမျိုးမျိုးသော အကြောင်းရင်းများနှင့် အခြေအနေများက ဖြစ်ပေါ်စေသော နှောင့်ယှက်မှုနှင့် တားဆီးပိတ်ဆို့မှုတို့ကြောင့် လူအများစုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ မအောင်မြင်နိုင်ကြသလို၊ ဘုရားသခင်ကိုလည်း မကျေနပ်စေနိုင်ကြချေ။ လူတို့သည် ပို၍ပို၍ လျော့ရဲလာကြပြီး ယုံကြည်စိတ်ချမှုအပိုင်း၌ ပို၍ပို၍ ချို့တဲ့လာကြသည်။ ၎င်းတို့ကိုယ်တိုင်၏ အဆုံးသတ်ကို မသိရပါဟု ပို၍ပို၍ ခံစားလာကြရသည်။ ၎င်းတို့သည် လွန်ကဲသော အကြံအစည် တစ်စုံတစ်ရာမျှ မရှိဝံ့ကြဘဲ၊ တိုးတက်မှု ပြုလုပ်ရန်အတွက် မကြိုးပမ်းကြတော့ပေ၊ ၎င်းတို့သည် အင်တင်တင်ဖြင့်သာ လိုက်ပါကြပြီး ရှေ့သို့ တစ်လှမ်းချင်း သွားနေကြသည်။ လူသားတို့၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် လူတို့အား ဤသမ္မာတရားများကို ပေးရန်နှင့် သူ၏ လမ်းခရီးကို လူတို့အထဲ၌ ပြည့်ဝစေပြီး သူတို့ကို မတူညီသော ပုံစံများဖြင့် စစ်ဆေးရန်အတွက် အမျိုးမျိုးသော အခြေအနေများကို စီစဉ်ရန်သာ အလိုရှိသည်။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ ဤနှုတ်ကပတ်တော်များ၊ ဤသမ္မာတရားများနှင့် သူ၏ အမှုတို့ကိုယူကာ လူသားများသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်စွမ်းရှိလာမည့် အဆုံးသတ်တစ်ခုကို ဖြစ်ပေါ်စေရန် ဖြစ်သည်။ ငါမြင်ဖူးသော လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူကာ သြဝါဒများ၊ စာရွက်ပေါ်က ကျမ်းဟောင်းတရားသက်သက်၊ လိုက်နာရမည့် စည်းမျဉ်းများအဖြစ်သာလျှင် သဘောထားကြသည်။ သူတို့၏ လုပ်ဆောင်များနှင့် စကားပြောဆိုပုံတို့တွင်၊ သို့မဟုတ် စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ သူတို့သည် ဘုရားသခင်၏ လမ်းခရီးကို သူတို့ လိုက်နာသင့်သော လမ်းခရီးတစ်ခုအဖြစ် သဘောမထားကြချေ။ ဤသည်မှာ လူတို့သည် ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ အထူးသဖြင့် မှန်ပေသည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုရှောင်သည့် ဦးတည်ရာဘက်၌ လက်တွေ့လုပ်ဆောင်နေသော မည်သူတစ်ဦးတစ်ယောက်ကိုမျှ ငါမမြင်ဖူးပေ။ ဤအရာကြောင့် လူသားများ အပေါ် ဘုရားသခင်၏ သဘောထားမှာ အလွန်အမင်း စက်ဆုပ်ရွံရှာခြင်းနှင့် မနှစ်သက်ခြင်းတို့ဖြင့် ပြည့်လျက်ရှိပေသည်။ ဘုရားသခင်သည် လူတို့အား စမ်းသပ်မှုများကို အကြိမ်ရာပေါင်းများစွာပင် အဖန်ဖန် ပေးခဲ့ပြီးသော်လည်း၊ ၎င်းတို့က “ငါသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လိုပါသည်။” ဟူသည့် စိတ်ပိုင်းဖြတ်ချက်ကို လက်တွေ့ပြသည့် ရှင်းလင်းသော မည်သည့်သဘောထားကိုမျှ မရှိကြသေးပေ။ လူတို့၌ ဤစိတ်ပိုင်းဖြတ်ချက် မရှိကြဘဲ၊ ဤကဲ့သို့ ပြသခြင်းမျိုး မရှိကြသည့်အတွက် ၎င်းတို့အပေါ် ဘုရားသခင်၏ လက်ရှိသဘောထားသည် အတိတ်ကကဲ့သို့ သူတို့အား သူ၏ သနားခြင်းကရုဏာ၊ သည်းခံခြင်း၊ သဘောထားကြီးခြင်းနှင့် စိတ်ရှည်ခြင်းကို တိုးပေးခဲ့သည့်အချိန်နှင့် မတူညီတော့ပေ။ ထိုအစား သူသည် လူသားတို့အပေါ် အလွန်အမင်း စိတ်ပျက်လာသည်။ မည်သူက ဤစိတ်ပျက်ခြင်းကို ဖြစ်စေခဲ့သနည်း။ လူသားတို့အပေါ်ရှိသော ဘုရားသခင်၏ သဘောထားမှာ မည်သူ့အပေါ် မူတည်သနည်း။ ၎င်းမှာ ဘုရားသခင်နောက်လိုက်သောသူ အယောက်တိုင်းအပေါ် မူတည်သည်။ သူ၏ နှစ်ပေါင်းများစွာ အလုပ်လုပ်နေသည့် ကာလအတွင်း ဘုရားသခင်သည် လူတို့အား တောင်းဆိုချက်များစွာ ပြုခဲ့ပြီး သူတို့အတွက် အခြေအနေများစွာကို စီစဉ်ခဲ့သည်။ သို့သော်လည်း သူတို့သည် မည်သို့ပင် လုပ်ဆောင်ထားပြီးစေကာမူ၊ ဘုရားသခင်အပေါ် သူတို့၏ သဘောထားမှာ မည်သို့ပင်ဖြစ်ပါစေ၊ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ ရည်မှန်းချက်ပန်းတိုင် နှင့် လုံးဝအညီ လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြသည်။ ထို့ကြောင့် ငါသည် အနှစ်ချုပ်စကားရပ်တစ်ခုကို ပေးပြီး လူတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ မလျှောက်လှမ်းနိုင်ခြင်းနှင့် ပတ်သက်၍ ငါတို့ ယခုတင်ပြောခဲ့သည့် အရာမှန်သမျှကို ရှင်းပြရန် ဤစကားရပ်ကို ငါအသုံးပြုမည်။ ဤစကားရပ်မှာ အဘယ်နည်း။ ယင်းမှာ- ဘုရားသခင်သည် လူသားများကို သူ့ကယ်တင်ခြင်း၏ ဦးတည်ရာများနှင့် သူ့အမှု၏ ဦးတည်ရာများအဖြစ် သဘောထားပြီး၊ လူသားများက ဘုရားသခင်ကို သူတို့၏ရန်သူ၊ သူတို့၏ ပကတိဆန့်ကျင်ဘက်အဖြစ် သဘောထားကြသည် ဟူ၍ဖြစ်သည်။ ဤအကြောင်းအရာအပေါ် ရှင်းလင်းသောနားလည်မှု သင် ယခုရှိပြီလော။ လူသားမျိုးနွယ်၏ သဘောထားမှာ မည်သည့်အရာဖြစ်ကြောင်း၊ ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာဖြစ်ကြောင်းနှင့်၊ လူသားများနှင့် ဘုရားသခင်အကြား ဆက်ဆံရေးမှာ မည်သို့ဖြစ်ကြောင်းတို့မှာ အလွန်ပင် ရှင်းလင်းပေသည်။ သင်တို့သည် တရားဟောချက် မည်မျှကို နားထောင်ခဲ့စေကာမူ၊ ဘုရားသခင်အပေါ် သစ္စာရှိခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်နှင့် သဟဇာတဖြစ်လာမည့်လမ်းကို ရှာဖွေခြင်း၊ ဘုရားသခင်အတွက် ရာသက်ပန် အသုံးတော်ခံလိုခြင်းနှင့်၊ ဘုရားသခင်အတွက် အသက်ရှင်လိုခြင်းကဲ့သို့သော သင်တို့ကိုယ်တိုင်၏ ကောက်ချက်ဆွဲခြင်းများ၊ ငါ့အတွက်မူကား ထိုအရာများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမူကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ သတိရှိစွာ လျှောက်လှမ်းခြင်း၏ ပြယုဂ်များ မဟုတ်ပေ၊ ထို့ထက် ၎င်းတို့မှာ သေချာသော ရည်မှန်းချက်ပန်းတိုင်များကို သင်တို့ ရနိုင်သော လမ်းကြောင်းများသာလျှင် ဖြစ်သည်။ ဤရည်မှန်းချက်ပန်းတိုင်များကို ရယူရန် သင်တို့သည် အချို့သော စည်းမျဉ်းများကို ဝန်လေးစွာဖြင့် လိုက်နာကြသည်၊ ထို့အပြင် လူတို့အား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ လမ်းခရီးမှ ပို၍ပင် အဝေးသို့ ခေါ်ဆောင်သွားပြီး ဘုရားသခင်အား လူတို့နှင့် ဆန့်ကျင်ဘက်အဖြစ် နောက်ထပ် တစ်ကြိမ် ရောက်ရှိစေသည်မှာ ဤစည်းမျဉ်းများပင် အတိအကျဖြစ်သည်။

ယနေ့ ခေါင်းစဉ်မှာ အနည်းငယ် ခက်ခဲနက်နဲပါသည်၊ သို့သော် မည်သို့ပင်ဖြစ်စေ၊ သင်တို့သည် ရောက်လာမည့် အတွေ့အကြုံများနှင့် ကျရောက်လာမည့် အချိန်များကို ကျော်ဖြတ်သည့်အခါ၊ သင်တို့အား ငါ ယခုလေးတင် ပြောခဲ့သောအရာများကို သင်တို့လုပ်နိုင်ကြမည်ဟု ငါ မျှော်လင့်နေဆဲဖြစ်သည်။ ဘုရားသခင်ကို ဘာမျှမရှိသော လေထုကြီးကဲ့သို့၊ သင့်အတွက် အသုံးဝင်သည့်အခါ၌ သူတည်ရှိသော်လည်း၊ အသုံးမဝင်သည့် အခါ၌ သူမတည်ရှိသကဲ့သို့ သဘောမထားကြနှင့်။ သင်သည် ဤကဲ့သို့သော အတွေးမျိုး သင်၏မသိစိတ်ထဲတွင် ရှိသည့်အခါ၊ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေပြီ ဖြစ်သည်။ “ကျွန်ုပ်သည် ဘုရားသခင်ကို ဘာမျှမရှိသော လေသက်သက်အဖြစ် သဘောမထားပါ။ ဘုရားသခင်ထံ ကျွန်ုပ် အမြဲဆုတောင်းပြီး ဘုရားသခင်ကို ကျေနပ်စေရန် ကျွန်ုပ် အမြဲကြိုးစားသည့်အပြင်၊ ကျွန်ုပ်ပြုသမျှမှာ ဘုရားသခင်တောင်းဆိုသော နယ်ပယ်၊ စံနှုန်းနှင့် နိယာမများအတွင်း၌ ရှိပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် လက်တွေ့လုပ်ဆောင်ခြင်း လုံးဝမပြုပါ။” ဟု ဆိုသောလူများ ရှိကောင်းရှိနိုင်ပါသည်။ ဟုတ်ပါသည်၊ သင်လက်တွေ့လုပ်ဆောင်နေသော ပုံစံမှာ မှန်ကန်ပါသည်။ သို့သော်လည်း ပြဿနာတစ်ခုကို မျက်နှာချင်းဆိုင် သင်ရင်ဆိုင်ရသည့်အခါ၊ သင် မည်ကဲ့သို့ စဉ်းစားသနည်း။ ကိစ္စရပ်တစ်ခုကို သင်ရင်ဆိုင်ရသည့်အခါ၊ သင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သနည်း။ လူအချို့က ၎င်းတို့ ဘုရားသခင်ထံ ဆုတောင်းသည့်အခါနှင့် ဘုရားသခင်ထံ အသနားခံသည့်အခါ ဘုရားသခင် တည်ရှိကြောင်း ခံစားကြသော်လည်း၊ ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အခါတိုင်း ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် စိတ်ကူးများ ရလာပြီး ယင်းတို့ကို လိုက်နာလိုကြသည်။ ဤသည်မှာ သူတို့က ဘုရားသခင်အား ဘာမျှမရှိသော လေထုကြီးကဲ့သို့ သဘောထားသည်ဟု ဆိုလိုခြင်းဖြစ်ပြီး ဤကဲ့သို့သော အခြေအနေမျိုးက ၎င်းတို့၏ စိတ်ထဲ၌ ဘုရားသခင်ကို မတည်ရှိသောသူ ဖြစ်စေသည်။ လူတို့က ဘုရားသခင်သည် ၎င်းတို့ သူ့ကို လိုအပ်သည့်အချိန်၌ ရှိသင့်ပြီး ၎င်းတို့ သူ့ကို မလိုအပ်သည့်အခါ၊ မရှိသင့်ဟု တွေးတတ်ကြသည်။ လူတို့က ၎င်းတို့၏ကိုယ်ပိုင် စိတ်ကူးများအပေါ် အခြေခံ၍ လက်တွေ့လုပ်ဆောင်ခြင်းမှာ လုံလောက်သည်ဟု ထင်ကြသည်။ ၎င်းတို့က မိမိနှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်နိုင်သည်ဟု ထင်တတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးကို ရှာဖွေရန် လိုအပ်သည်ဟု တကယ့်ကို မတွေးကြပေ။ ဤကဲ့သို့သော အနေအထားမျိုး၌ လောလောဆယ် ရှိနေပြီး ဤကဲ့သို့သော အခြေအနေမျိုး၌ နစ်နေသော လူများအနေဖြင့် သူတို့သည် အန္တရာယ်ကို ဖိတ်ခေါ်နေကြသည် မဟုတ်လော။ လူအချို့က “ကျွန်ုပ်သည် အန္တရာယ်ကို ဖိတ်ခေါ်နေသည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ၊ ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီဖြစ်၍ ဘုရားသခင်သည် ကျွန်ုပ်အား စွန့်ပစ်ရက်မည် မဟုတ်သောကြောင့် ကျွန်ုပ်အား စွန့်ပစ်လိမ့်မည် မဟုတ်ဟု ကျွန်ုပ်ယုံကြည်သည်။” ဟု ဆိုကြသည်။ အခြားလူတို့က “ကျွန်ုပ်သည် မိခင်၏ဝမ်းထဲ၌ ရှိနေခဲ့သည့် အချိန်မှစ၍ သခင့်ကို ယုံကြည်ခဲ့ပြီ။ နှစ်ပေါင်းလေးဆယ် သို့မဟုတ် ငါးဆယ် ရှိပြီဖြစ်သဖြင့် အချိန်အားဖြင့်ဆိုလျှင် ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကိုခံရရန် အရည်အချင်း အပြည့်မီဆုံးဖြစ်ပြီး ကျွန်ုပ်သည် အောင်မြင်ကျော်လွှားရန် အရည်အချင်း အပြည့်မီဆုံးဖြစ်သည်။ ဤဆယ်စုနှစ် လေးစု သို့မဟုတ် ငါးစုအတွင်း ကျွန်ုပ်သည် ကျွန်ုပ်၏မိသားစုနှင့် ကျွန်ုပ်၏အလုပ်ကို စွန့်ပစ်ထားခဲ့သည်။ ငွေကြေး၊ ရာထူးဂုဏ်ပုဒ်၊ ပျော်ရွှင်မှုနှင့် မိသားစုအချိန် ကဲ့သို့သော ကျွန်ုပ်၌ရှိသမျှ အရာများအားလုံးကို စွန့်လွှတ်ခဲ့သည်။ အရသာရှိသည့် အစားအစာများစွာ ကျွန်ုပ်မစားဖူးခဲ့၊ ပျော်ရွှင်စရာများစွာ ကျွန်ုပ်မပျော်မွေ့ဖူးခဲ့ပါ၊ စိတ်ဝင်စားဖွယ်ကောင်းသော နေရာများစွာ ကျွန်ုပ် မလည်ပတ်ခဲ့ဖူးပါ၊ ထို့ပြင် ကျွန်ုပ်သည် သာမန်လူတို့ မခံနိုင်သော ဒုက္ခဆင်းရဲကိုပင် ကြုံတွေ့ခံစားခဲ့ဖူးသည်။ အကယ်၍ ဘုရားသခင်သည် ဤအရာအားလုံးအတွက်ကြောင့် ကျွန်ုပ်အား မကယ်တင်နိုင်ပါက၊ ကျွန်ုပ်သည် မျှတမှုမရှိဘဲ ဆက်ဆံခံနေရပြီဖြစ်ပြီး ဤကဲ့သို့သော ဘုရားသခင်မျိုးကို ကျွန်ုပ် မယုံကြည်နိုင်ပါ” ဟု ဆိုကြသည်။ ဤကဲ့သို့သော အမြင်မျိုးရှိသည့် လူတို့ များစွာရှိသလော။ (များစွာရှိပါသည်။) ထိုသို့ဆိုသော် ယနေ့ သင်တို့အား အဖြစ်မှန်တစ်ခုကို နားလည်စေဖို့ ငါကူညီမည်- ဤကဲ့သို့သော အမြင်မျိုးနှင့် လူတို့အားလုံးမှာ မိမိတို့ကိုယ်ကိုယ် အခက်တွေ့အောင် လုပ်နေကြခြင်းပင် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် စိတ်ကူးများဖြင့် မိမိတို့၏မျက်လုံးများကို ဖုံးကွယ် နေကြသောကြောင့် ဖြစ်သည်။ လူသားများ ဖြည့်ဆည်းရန် ဘုရားသခင်တောင်းဆိုသော စံနှုန်းကို အစားထိုးပြီး ဘုရားသခင်၏ တကယ့်ရည်ရွယ်ချက်များကို လက်ခံခြင်းမှ ၎င်းတို့အား ဟန့်တားထားသည်မှာ ဤစိတ်ကူးများရော သူတို့၏ကိုယ်ပိုင် ကောက်ချက်များပါ ဧကန်ဖြစ်သည်။ ယင်းက သူ့တို့အား ဘုရားသခင်၏ အမှန်တကယ် တည်ရှိခြင်းကို မခံစားရနိုင်စေရန် ပြုလုပ်ပြီး ယင်းက သူတို့အား ဘုရားသခင်၏ ကတိတော်ထဲတွင်ရှိသော အစိတ်အပိုင်း သို့မဟုတ် ဝေစုဟူသမျှကို ပစ်ပယ်ကာ ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကို ခံရမည့် အခွင့်အရေးကိုလည်း ဆုံးရှုံးစေပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၁)

လူတို့၏ အဆုံးသတ်များကို ဘုရားသခင် သတ်မှတ်ပုံနှင့် ထိုသို့ပြုရာ၌ သူအသုံးပြုသော စံနှုန်းများ

သင်သည် မည်သည့်အမြင် သို့မဟုတ် ကောက်ချက် တစ်စုံတစ်ရာကို မရွေးချယ်မီ သင်သည် သင့်အပေါ်၌ ရှိသော ဘုရားသခင်၏ သဘောထားနှင့် သူ စဉ်းစားနေသည့်အရာကို ဦးစွာ နားလည်သင့်ပြီး၊ ထို့နောက် သင်၏ကိုယ်ပိုင် အတွေးအခေါ် မှန်သည်မမှန်သည်ကို ဆုံးဖြတ်နိုင်သည်။ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် အချိန်ကို အတိုင်းအတာယူနစ်အဖြစ် မည်သည့်အခါမျှ အသုံးပြုခြင်း မရှိခဲ့ဖူးသကဲ့သို့၊ သူသည် လူတစ်ဦးက မည်မျှ ဒုက္ခခံစားခဲ့ရသည် ဟူသည့် စိစစ်သတ်မှတ်ခြင်းမျိုး အပေါ်၌လည်း မည်သည့်အခါမျှ အခြေမံပြုခဲ့ဖူးပါပေ။ ထိုသို့ဆိုသော် လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန် စံနှုန်းတစ်ခုအဖြစ် မည်သည့်အရာကို ဘုရားသခင် အသုံးပြုသနည်း။ အချိန်ကို အခြေခံ၍ သတ်မှတ်ခြင်းမှာ လူတို့၏ အယူအဆများနှင့် အကိုက်ညီဆုံးသော အရာပင်ဖြစ်မည်။ ထို့အပြင် သင်တို့ မကြာခဏတွေ့မြင်ရသည့် တစ်ချိန်တစ်ခါက များစွာ ဆက်ကပ်ခဲ့သော၊ အသုံးတော်ခံခဲ့သော၊ အဖိုးအခကြီးစွာ ပေးခဲ့သော၊ ကြီးမားစွာ ဒုက္ခဆင်းရဲခံခဲ့သောသူများ ရှိသည်။ သင်တို့၏အမြင်တွင် ထိုသူများမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သောသူများ ဖြစ်ကြသည်။ ဤလူများ လက်တွေ့ပြသပြီး အသက်ရှင်နေထိုင်ခဲ့သည့်အရာ မှန်သမျှသည် လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် ဘုရားသခင်ချမှတ်ထားသော စံနှုန်းများနှင့်ပတ်သက်၍ လူသားတို့၏ အယူအဆများနှင့် အတိအကျ ကိုက်ညီပေသည်။ သင်တို့ မည်သည့်အရာကို ယုံကြည်သည်ဖြစ်စေ၊ ငါသည် ဤဥပမာများကို တစ်ခုပြီးတစ်ခု စာရင်းမှတ်မည်မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုရလျှင် ဘုရားသခင်ကိုယ်တိုင်၏ အယူအဆ၌ ရှိသော စံနှုန်းမဟုတ်သည့်အရာ မှန်သမျှသည် လူ၏ စိတ်အထင်မှ လာခြင်းသာဖြစ်ပြီး ထိုကဲ့သို့သော အရာအားလုံးမှာ လူ၏ အယူအဆများပင် ဖြစ်သည်။ သင်၏ ကိုယ်ပိုင်အယူအဆများ နှင့် စိတ်ကူးများအပေါ် ကျိုးကြောင်းမမြင်ဘဲ မလျှော့တမ်း ပြောနေလျှင် ရလဒ်က အဘယ်အရာဖြစ်မည်နည်း။ ဤအရာ၏ အကျိုးဆက်မှာ ဘုရားသခင် သင့်အား ပစ်ပယ်ခြင်းသာလျှင် ဖြစ်နိုင်သည်မှာ အတော်ပင် သိသာပါသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ အရည်အချင်းများကို ဘုရားသခင်ရှေ့၌ အမြဲကြွားလုံးထုတ်ကာ သူနှင့် ယှဉ်ပြိုင်ပြီး သူနှင့် အငြင်းပွားသောကြောင့် ဖြစ်ပြီး၊ သင်တို့သည် သူ၏ တွေးခေါ်ခြင်းကို အမှန်တကယ် နားလည်သဘောပေါက်ရန် မကြိုးစားသည့်အပြင် လူသားမျိုးနွယ်အပေါ် သူ၏အလိုတော်နှင့် သူ၏သဘောထားကို နားလည်သဘောပေါက်ရန် မကြိုးစားကြသောကြောင့် ဖြစ်သည်။ ဤပုံစံအတိုင်း ရှေ့ဆက်ခြင်းက သင့်ကိုယ်သင် အရာခပ်သိမ်းအထက်၌ ချီးမြှောက်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ချီးပင့်မြှောက်စားခြင်း မဟုတ်ပေ။ သင်သည် သင့်ကိုယ်သင် ယုံကြည်ပြီး၊ ဘုရားသခင်ကို မယုံကြည်ပေ။ ဘုရားသခင်သည် ဤကဲ့သို့သော လူတို့ကို အလိုမရှိသည့်အပြင် သူသည် သူတို့အတွက် ကယ်တင်ခြင်းကိုလည်း ယူဆောင်လာမည် မဟုတ်ပေ။ အကယ်၍ သင်သည် ဤအမြင်မျိုးကို လက်လွှတ်နိုင်သည်သာမက၊ အတိတ်က သင်ရှိခဲ့သည့် မှားယွင်းသော ထိုအမြင်များကို ပြုပြင်နိုင်ပါက၊ အကယ်၍ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ရှေ့ဆက်နိုင်ပါက၊ ယခုအချိန်မှစ၍ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုအား ရှောင်ခြင်းလမ်းခရီးကို လက်တွေ့လုပ်ဆောင် နိုင်ပါက၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကြီးမြတ်သောအရှင်အဖြစ် ချီးမြှောက်လာနိုင်ပြီး မိမိကိုယ်ကိုယ်နှင့် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် သင်ကိုယ်တိုင်၏ တစ်ကိုယ်ရေစိတ်ကူးများ၊ သဘောထားများ၊ သို့မဟုတ် ယုံကြည်ချက်များကို အသုံးပြုခြင်းမှ ရှောင်ကြဉ်နိုင်ပါက၊ ထို့ပြင် ယင်းအစား သင်သည် ကဏ္ဍတိုင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ခြင်း၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထားအား သဘောပေါက်ခြင်းနှင့် သိနားလည်ခြင်းကို ရရှိလာခြင်းနှင့် သူ၏စံနှုန်းများကို ဖြည့်ဆည်းပေးခြင်း အားဖြင့် သူ့ကို ကျေနပ်စေခြင်းတို့ ရှိမည်ဆိုပါက၊ ၎င်းမှာ ချီးကျူးလောက်စရာ ဖြစ်ပေမည်။ ယင်းက သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးပေါ်၌ စတင်လုနီးပါးဖြစ်ကြောင်း ညွှန်ပြလိမ့်မည်။

ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို သတ်မှတ်ပေးမည့် စံနှုန်းများအဖြစ် သူတို့၏ အမျိုးမျိုးသော စိတ်ကူးများ၊ ထင်မြင်ချက်များနှင့် သဘောထားများကို အသုံးမပြုပါက၊ လူတို့၏ အဆုံးသတ်များကို သတ်မှတ်ရန်အတွက် မည်သည့် စံနှုန်းမျိုးကို သူအသုံးပြုသနည်း။ ဘုရားသခင်သည် သူတို့၏ အဆုံးသတ်များကို သတ်မှတ်ရန် စမ်းသပ်မှုများကို အသုံးပြုပါသည်။ လူတို့၏ အဆုံးသတ်များကို သတ်မှတ်ရန် စမ်းသပ်မှုများကို ဘုရားသခင် အသုံးပြုခြင်းအတွက် စံနှုန်းနှစ်ခု ရှိလေသည်- ပထမမှာ လူတို့ ကြုံတွေ့ရသော စမ်းသပ်မှုအရေအတွက်ဖြစ်ပြီး ဒုတိယမှာ ဤစမ်းသပ်မှုများက လူတို့အပေါ်တွင် ရရှိသော ရလဒ်များပင် ဖြစ်သည်။ လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ပေးသောအရာမှာ ဤအညွှန်းနှစ်ခုပင် ဖြစ်သည်။ ယခု ငါတို့ ဤစံနှုန်းနှစ်ခုနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းကြမည်။

ဦးစွာ လူတစ်ဦးသည် ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရပါက (ဤစမ်းသပ်မှုသည် သင့်အတွက် ဖော်ပြရန် မထိုက်တန်သည့်၊ သေးငယ်သော စမ်းသပ်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါသည်)၊ ဤသည်မှာ သင့်အပေါ် သူ၏ပြုလုပ်ချက်ဖြစ်ကြောင်းနှင့် ဤအခြေအနေကို သင့်အတွက် စီစဉ်ခဲ့သူမှာ သူဖြစ်ကြောင်းကို ဘုရားသခင်သည် သင့်အား ထင်ရှားစွာ သတိပြုမိစေမည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု မရင့်ကျက်သေးသည့်အခါ ဘုရားသခင်သည် သင့်ကို စစ်ဆေးရန်အလို့ငှာ စမ်းသပ်မှုများကို စီစဉ်ပေးလိမ့်မည်ဖြစ်ပြီး ဤစမ်းသပ်မှုများမှာ သင်၏ ဝိညာဉ်ရင့်ကျက်မှု၊ သင်တို့ သဘောပေါက်နိုင်သည့် အရာနှင့် သင်တို့ ကြံ့ကြံ့ခံနိုင်သော အရာတို့နှင့် ညီမျှပါလိမ့်မည်။ သင်၏ မည်သည့်အပိုင်းက စစ်ဆေးခြင်း ခံရမည်နည်း။ ဘုရားသခင်အပေါ် သင်၏ သဘောထားပင်။ ဤသဘောထားမှာ အလွန် အရေးကြီးသလော။ အမှန်တကယ် အရေးကြီးပါသည်။ ၎င်းမှာ အထူးအရေးကြီးသည့် အရာဖြစ်သည်။ လူသားတို့၌ရှိသော ဤသဘောထားမှာ ဘုရားသခင် အလိုရှိသော ရလဒ်ပင်ဖြစ်သောကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ကား ၎င်းမှာ အားလုံးထက် အရေးကြီးဆုံးသောအရာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဘုရားသခင်သည် ထိုသို့သောအလုပ်ကို ဝင်ရောက်လုပ်ဆောင်ခြင်းအားဖြင့် လူတို့အပေါ်တွင် သူ၏ကြိုးပမ်းမှုများကို အသုံးပြုခဲ့လိမ့်မည် မဟုတ်ပေ။ ဤစမ်းသပ်မှုများအားဖြင့် ဘုရားသခင်သည် သူ့အပေါ် သင်၏ သဘောထားကို မြင်လိုသည်။ သင်သည် မှန်သောလမ်းကြောင်းပေါ်၌ ရှိမရှိကို သူမြင်လိုသည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းရှိမရှိကိုလည်း သူမြင်လိုသည်။ ထို့ကြောင့် သင်သည် သီးသန့်အချိန်တစ်ခုခု၌ သမ္မာတရားကို များစွာ သို့မဟုတ် အနည်းငယ် နားလည်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ စမ်းသပ်မှုများကို ရင်ဆိုင်ရဦးမည် ဖြစ်ပြီး သင်နားလည်သော သမ္မာတရားအတိုင်းအတာ တိုးပွားလာပြီးနောက်တွင် သင့်အတွက် ဆီလျော်သော စမ်းသပ်မှုများကို သူ ဆက်လက်စီစဉ်လိမ့်မည် ဖြစ်သည်။ သင်သည် စမ်းသပ်မှုတစ်ခုကို နောက်ထပ်တစ်ကြိမ် ရင်ဆိုင်ရသည့်အခါ၊ သူ့အပေါ်ထားသော သင်၏ရှုထောင့်၊ အတွေးအခေါ်များနှင့် သဘောထားတို့သည် ထိုကြားကာလအချိန်အတွင်း တိုးတက်မှုတစ်စုံတစ်ရာ ရှိမရှိကို ဘုရားသခင်မြင်လိုသည်။ လူအချို့က “ဘုရားသခင်က အဘယ်ကြောင့် လူတို့၏ သဘောထားများကို အမြဲမြင်လိုသနည်း။ ၎င်းတို့သည် သမ္မာတရားကို မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ကြောင်းကို ဘုရားသခင် မမြင်သေးသလော။ လူတို့၏ သဘောထားများကို အဘယ်ကြောင့် သူမြင်လိုရသေးသနည်း” ဟု တွေးတတ်ကြသည်။ ဤသည်မှာ ထင်ရာမြင်ရာပြောသော ပေါက်ကရစကား ပါတကား။ ဘုရားသခင်သည် ဤပုံစံအတိုင်း အမှုပြုသည်ကို ထောက်ဆလျှင်၊ သူ၏ အလိုတော်မှာ ယင်း၌ရှိရမည်။ ဘုရားသခင်သည် ဘေးမှနေ၍ လူတို့ကို အမြဲတမ်း လေ့လာနေကာ၊ သူတို့၏ စကားလုံးနှင့် လုပ်ဆောင်မှုတိုင်း၊ သူတို့၏ ဆောင်ရွက်ချက်နှင့် လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။ သူသည် ၎င်းတို့၏ အတွေးနှင့် စိတ်ကူးတိုင်းကိုပင် စောင့်ကြည့်သည်။ ၎င်းတို့၏ ကောင်းသော လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ အမှားများ၊ ၎င်းတို့၏ ကျူးလွန်ပြစ်မှားမှုများ၊ ၎င်းတို့၏ ပုန်ကန်မှုများနှင့် သစ္စာဖောက်မှုများစသည့် လူတို့၌ ဖြစ်ပျက်သမျှကိုပင်လျှင် ဘုရားသခင်သည် ၎င်းတို့၏ အဆုံးသတ်များကို သတ်မှတ်ရာ၌ အထောက်အထားအဖြစ် မှတ်သားထားသည်။ ဘုရားသခင်၏ အမှုသည် တစ်ဆင့်ပြီးတစ်ဆင့် အရှိန်မြင့်လာသည်နှင့်အမျှ သင်သည် နောက်ထပ် သမ္မာတရားများကို ကြားရပြီး အပြုသဘောဆောင်သော အရာများနှင့် အချက်အလက်တို့ကို နောက်ထပ် လက်ခံလာမည် ဖြစ်သည့်အပြင် သင်သည် သမ္မာတရား၏ စစ်မှန်မှုကို နောက်ထပ်ရရှိလိမ့်မည် ဖြစ်သည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာလည်း တိုးပွားလာမည် ဖြစ်ကာ တိုးပွားလာသည်နှင့်အမျှ ဘုရားသခင်သည် သင့်အတွက် ပို၍ပြင်းထန်သော စမ်းသပ်မှုများကို စီစဉ်ပေးလိမ့်မည်။ သူ၏ရည်မှန်းချက်မှာ ဘုရားသခင် အပေါ်၌ရှိသော သင်၏ သဘောထားသည် ထိုအချိန်အတောအတွင်း ရင့်ကျက်လာခြင်း ရှိမရှိကို ဆန်းစစ်ရန် ဖြစ်သည်။ ဤသို့ဖြစ်သောအခါ သင့်အား ဘုရားသခင် တောင်းဆိုသော အမြင်သဘောထားက သမ္မာတရား စစ်မှန်မှုအပေါ် သင်၏နားလည်မှုနှင့် ကိုက်ညီမည်မှာ အမှန်ပင် ဖြစ်သည်။

သင်၏ ဝိညာဉ်ရင့်ကျက်မှု တဖြည်းဖြည်း ကြီးထွားလာသည်နှင့်အမျှ သင့်အား ဘုရားသခင်တောင်းဆိုသော စံနှုန်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာမည် ဖြစ်သည်။ သင် မရင့်ကျက်သေးသည့်အခါ၊ ဘုရားသခင်သည် သင်ဖြည့်ဆည်းဖို့ အလွန်နိမ့်သော စံနှုန်းတစ်ခုကို ချမှတ်ပေးမည် ဖြစ်သည်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ကြီးမားသည့်အခါ သူသည် သင့်စံနှုန်းကို အနည်းငယ်ပိုမြှင့်ပေးမည် ဖြစ်သည်။ သို့သော်လည်း သမ္မာတရားအားလုံးကို သင် နားလည်ခြင်း ရရှိပြီးနောက်တွင် ဘုရားသခင်သည် မည်ကဲ့သို့ ပြုလိမ့်မည်နည်း။ သူသည် သင့်အား ပို၍ပင် ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်စေမည် ဖြစ်သည်။ ဤစမ်းသပ်မှုများ အကြားတွင်၊ ဘုရားသခင် သင့်အား ရရှိစေလိုသောအရာ၊ ဘုရားသခင် သင့်ထံမှ မြင်တွေ့လိုသောအရာမှာ ဘုရားသခင်အပေါ် ပို၍နက်ရှိုင်းသော သိနားလည်ခြင်းနှင့် သူ့အပေါ် သင်၏ စစ်မှန်သော ကြောက်ရွံ့မှု ဖြစ်သည်။ ဤအချိန်တွင် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ ယခင်က သင်၏ ပို၍ နုနယ်သေးသည့် ဝိညာဉ်ရင့်ကျက်မှုထက် ပို၍မြင့်လာပြီး “ပို၍ပြင်းထန်” လာလိမ့်မည် ဖြစ်သည် (လူတို့က ၎င်းကို ပြင်းထန်သည်ဟု မြင်သော်လည်း၊ ဘုရားသခင်က ၎င်းမှာ အသင့်အတင့် ဖြစ်သည်ဟု မြင်သည်)။ ဘုရားသခင်သည် လူတို့အား စမ်းသပ်နေသည့်အခါ မည်ကဲ့သို့သော စစ်မှန်မှုမျိုးကို သူဖန်တီးလိုခြင်း ဖြစ်သနည်း။ ဘုရားသခင်က လူတို့အား မိမိတို့၏ စိတ်နှလုံးကိုပေးရန် အဆက်မပြတ် တောင်းနေသည်။ လူအချို့က “၎င်းကို ကျွန်ုပ် မည်ကဲ့သို့ပေးရမည်နည်း။ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပြီ။ နေအိမ်နှင့် အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့ပြီး ကျွန်ုပ်သည် မိမိကိုယ်ကိုယ် အသုံးတော်ခံခဲ့သည်။ ဤအရာများအားလုံးမှာ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အားပေးခြင်း၏ သာဓကများပင် ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အား နောက်ထပ်မည်ကဲ့သို့ ပေးနိုင်မည်နည်း။ ဤအရာများမှာ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အားပေးသော နည်းလမ်းများ အမှန်တကယ် မဟုတ်ခြင်းကြောင့် ဖြစ်နိုင်သလော။ ဘုရားသခင်၏ တောင်းဆိုချက် အတိအကျမှာ အဘယ်နည်း။” ဟု ဆိုတတ်ကြသည်။ သတ်မှတ်ချက်မှာ အလွန် လွယ်ကူရိုးရှင်းလှသည်။ အမှန်အားဖြင့် ၎င်းတို့၏ အမျိုးမျိုးသော စမ်းသပ်မှုများ အဆင့်ဆင့်တွင် ၎င်းတို့၏ စိတ်နှလုံးများကို ခြားနားသော အတိုင်းအတာဖြင့် ဘုရားသခင်အား ပေးနှင့်ပြီးသောသူအချို့ ရှိလေသည်၊ သို့သော်လည်း လူပေါင်းမြောက်မြားစွာတို့သည် ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ မပေးကြပေ။ ဘုရားသခင်သည် သင့်အား စစ်ကြောသောအခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၌၊ ဇာတိပကတိ၌ သို့မဟုတ် စာတန်၌ ရှိ မရှိကို သူ မြင်သည်။ ဘုရားသခင်သည် သင့်အား စမ်းသပ်သည့်အခါ၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းရှိ မရှိ သို့မဟုတ် ဘုရားသခင်နှင့် သဟဇာတ ဖြစ်သည့် အနေအထား၌ ရပ်တည်ခြင်းရှိ မရှိ၊ ဘုရားသခင်မြင်ပြီး သင်၏ စိတ်နှလုံးသည် သူ့ဘက်၌ရှိ မရှိကို သူမြင်သည်။ သင်သည် ရင့်ကျက်ခြင်းမရှိဘဲ၊ စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ သင်သည် ယုံကြည်ခြင်း နည်းပါးပြီး သင်၌ သမ္မာတရားအား သိနားလည်ခြင်းမှာ နည်းပါးသောကြောင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ သင်ပြုဖို့လိုအပ်သည့်အရာကို အတိအကျ သိနိုင်မည် မဟုတ်ပေ။ သို့သော်လည်း အကယ်၍ သင်သည် ဘုရားသခင်ထံ စစ်မှန်စွာနှင့် ရိုးသားစွာ ဆုတောင်းနိုင်သေးပါက၊ ထို့ပြင် သင့်စိတ်နှလုံးကို သူ့အားပေးရန်၊ သူ့အား သင်၏ အချုပ်အခြာအာဏာပိုင် ဖြစ်စေရန်နှင့် တန်ဖိုးအရှိဆုံးဟု သင်ယုံကြည်သော ထိုအရာများအားလုံးကို ဘုရားသခင်ထံ ဆက်ကပ်ရန် ဆန္ဒရှိပါက၊ သင်သည် သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးနှင့်ပြီးဖြစ်လိမ့်သည်။ သင်သည် နောက်ထပ် တရားဒေသနာများကို နားထောင်ပြီး သမ္မာတရားကို ပို၍နားလည် လာသည်နှင့်အမျှ၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု သည်လည်း တဖြည်းဖြည်း ကြီးထွားလာမည် ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင့် တောင်းဆိုချက်များ၏ စံနှုန်းမှာ သင်မရင့်ကျက်သည့် အချိန်ကနှင့် တူတော့မည် မဟုတ်ပေ။ သူသည် သင့်အား ပိုမြင့်သော စံနှုန်းတစ်ခုကို တောင်းဆိုလိမ့်မည်။ လူတို့သည် မိမိတို့၏ စိတ်နှလုံးကို တဖြည်းဖြည်းချင်း ဘုရားသခင်ထံ ပေးလာသည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် တဖြည်းဖြည်းချင်း ဘုရားသခင်နှင့် သာ၍နီးကပ်လာသည်၊ လူတို့သည် ဘုရားသခင်ထံ အမှန်တကယ် နီးကပ်လာနိုင်သည်နှင့်အမျှ၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ကို သာ၍ပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်သည်။ ဘုရားသခင် အလိုရှိသော အရာမှာ ထိုစိတ်နှလုံးမျိုးပင် ဖြစ်သည်။

ဘုရားသခင်သည် တစ်စုံတစ်ဦး၏ စိတ်နှလုံးကို ရလိုသည့်အခါ၊ သူသည် ထိုသူအား စမ်းသပ်မှုအတော်များများကို ခံစားစေလိမ့်မည်။ ဤစမ်းသပ်မှုများ အတွင်း အကယ်၍ ဘုရားသခင်သည် ထိုသူ၏ စိတ်နှလုံးကိုမရ သို့မဟုတ် ထိုသူ၌ သဘောထား တစ်စုံတစ်ရာရှိကြောင်း မမြင်သည့်အခါ၊ တစ်နည်းအားဖြင့်ဆိုသော် ဤလူသည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသောပုံစံဖြင့် လက်တွေ့ကျင့်သုံးကြောင်း သို့မဟုတ် ပြုမူကြောင်း သူ မမြင်ရသည့်အခါ၊ ပြီးလျှင် ဤလူထံ၌ မကောင်းမှုကို ရှောင်ရှားသည့် သဘောထားနှင့် စိတ်ဆုံးဖြတ်ချက်ကိုလည်း မမြင်ရသည့်အခါ၊ စမ်းသပ်မှု အတော်များများ အပြီးတွင် ထိုသူအပေါ် ဘုရားသခင်၏ စိတ်ရှည်ခြင်းကို ရုပ်သိမ်းမည်ဖြစ်ပြီး ဤလူကို သူ နောက်ထပ်သည်းခံတော့မည် မဟုတ်ပေ။ သူသည် ဤလူအား ဆက်၍စစ်ကြောတော့မည် မဟုတ်သည့်အပြင်၊ သူသည် သူ့အပေါ် အမှုပြုတော့မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ဤလူ၏ အဆုံးသတ်အတွက် ယင်းက အဘယ်အရာကို ညွှန်ပြသနည်း။ ၎င်းတို့၌ အဆုံးသတ် မရှိဟု ဆိုလိုခြင်းဖြစ်သည်။ ဤလူသည် မကောင်းမှု ပြုဖူးကောင်းပြုဖူးမည် မဟုတ်ပါ။ ၎င်းတို့သည် မည်သည့်အရာမျှ ဖျက်လိုဖျက်ဆီး မလုပ်ဖူးသည့်အပြင် အနှောင့်အယှက်လည်း မဖြစ်ပေါ် စေခဲ့ဖူးလောက်ပေ။ ၎င်းတို့သည် ဘုရားသခင်အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်း မပြုဖူးလောက်ပါပေ။ သို့သော်လည်း ဤလူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဆက်လက် ဖုံးကွယ်ထားလေသည်။ ၎င်းတို့ထံ၌ ဘုရားသခင်အပေါ် ရှင်းလင်းသော သဘောထားနှင့် အမြင် မည်သည့်အခါမျှ မရှိခဲ့ပေ၊ ထို့ပြင် ၎င်းတို့၏ စိတ်နှလုံးကို သူ့အား ပေးပြီးခဲ့ကြောင်း သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ရန် ကြိုးပမ်းနေကြောင်းကို သူ ရှင်းလင်းစွာ မမြင်ရပေ။ ဘုရားသခင်သည် ဤကဲ့သို့သော လူများအပေါ် စိတ်ရှည်ခြင်း ကုန်ဆုံးပြီး၊ သူတို့အတွက် မည်သည့်အဖိုးအခပေးခြင်း၊ သူတို့အား မည်သည့် သနားခြင်းကရုဏာကိုမျှ တိုးပေးခြင်း သို့မဟုတ် ၎င်းတို့အပေါ် အမှုပြုခြင်း နောက်ထပ် ပြုတော့မည်မဟုတ်ပေ။ ဘုရားသခင်အပေါ် ဤကဲ့သို့သောလူ၏ ယုံကြည်ခြင်း အသက်တာမှာ အဆုံးသတ်နှင့်ပြီးဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူတို့အား ဘုရားသခင်ပေးပြီးသည့် များစွာသော စမ်းသပ်မှုများ အားလုံး၌ ဘုရားသခင်သည် သူ အလိုရှိသော ရလဒ်ကို မရသေးခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပြခြင်းနှင့် အလင်းပေးခြင်းကို ငါ တစ်ခါမျှ မမြင်ခဲ့ဖူးသော လူတစ်စုရှိ၏။ ဤအရာကို အဘယ်သို့ မြင်ရနိုင်မည်နည်း။ ဤလူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးသားဖြစ်ကောင်းဖြစ်နိုင်ပြီး အပေါ်ယံတွင် ၎င်းတို့သည် အားကြိုးမာန်တက် ပြုမူခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် စာအုပ်များစွာကို ဖတ်ရှုခဲ့ပြီးကာ၊ အရေးကိစ္စများစွာကို ကိုင်တွယ်ခဲ့ကြပြီး မှတ်စုစာအုပ် ၁၂ အုပ်ခန့်ကို ရေးမှတ်ခဲ့ကြပြီးသကဲ့သို့ ဝေါဟာရများနှင့် သြဝါဒများ မြောက်မြားစွာကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ကြပြီဖြစ်သည်။ သို့သော်လည်း သူတို့၌ သိသာထင်ရှားသော မည်သည့်ကြီးထွားမှုမျှ လုံးဝမရှိ၊ ဘုရားသခင်အပေါ် သူတို့၏ရှုထောင့်များမှာ သိသာထင်ရှားမှု မရှိသေးသည့်အပြင် သူတို့၏ သဘောထားများမှာ ရှင်းလင်းမှု မရှိသေးပေ။ တစ်နည်းအားဖြင့် သူတို့၏ စိတ်နှလုံးကို မမြင်ရနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးမှာ အမြဲလုံးထွေးနေပြီး ၎င်းတို့မှာ ဘုရားသခင်ထံမှ ပိတ်ဆို့ထားကြသည်- အကျိုးဆက်မှာ သူသည် သူတို့၌စစ်မှန်သော စိတ်နှလုံးကို မမြင်ဖူးခဲ့ရ၊ ဘုရားသခင်သည် ဤလူတို့အထဲ၌ သူ့အား စစ်မှန်သော ချစ်ကြောက်ရိုသေခြင်းကို မမြင်ဖူးခဲ့ရသည့်အပြင်၊ ထိုမျှမက ဤလူတို့သည် ဘုရားသခင်၏ လမ်းခရီး၌ မည်ကဲ့သို့ လျှောက်လှမ်းကြောင်းကို သူ မမြင်ခဲ့ဖူးပါပေ။ အကယ်၍ ယခုတိုင်အောင် ဘုရားသခင်သည် ဤသို့သော လူတို့ကို မရယူရသေးပါက၊ အနာဂတ်တွင် ၎င်းတို့ကို သူ ရယူနိုင်မည်လော။ မရယူနိုင်ပါပေ။ ဘုရားသခင်သည် မရယူနိုင်သော အရာများအတွက် ဆက်၍ ကြိုးစားပမ်းစား တောင်းဆိုလိမ့်မည်လော။ တောင်းဆိုလိမ့်မည်မဟုတ်။ ထိုအခါ ဤသို့သော လူများအပေါ် ဘုရားသခင်၏ လက်ရှိသဘောထားမှာ အဘယ်နည်း။ (သူသည် ၎င်းတို့အား ပစ်ပယ်ပြီး၊ မသိကျိုးကျွန်ပြုသည်။) သူသည် ၎င်းတို့ကို မသိကျိုးကျွန်ပြုသည်။ ဘုရားသခင်သည် ဤသို့သော လူတို့ကို အလေးဂရုမပြုပေ၊ ၎င်းတို့ကို သူပစ်ပယ်ထားသည်။ သင်တို့သည် ဤနှုတ်ကပတ်တော်များကို အလွန်လျင်မြန်စွာနှင့် အလွန် တိကျမှန်ကန်စွာ အလွတ်ကျက်မှတ်ကြပြီး ဖြစ်သည်။ သင်တို့သည် သင်တို့ကြားခဲ့ပြီးသော အရာကို နားလည်ပြီးသကဲ့သို့ ထင်ရပါသည်တကား။

ဘုရားသခင်နောက်သို့ စလိုက်သည့်အချိန်တွင် ရင့်ကျက်ခြင်း မရှိဘဲ မသိနားမလည်သော လူအချို့ ရှိလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို နားမလည်သည့်အပြင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်းကိုလည်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်လိုက်လျှောက်ခြင်း နှင့်ပတ်သက်၍ လူ့စိတ်ကူးဖြစ်ပြီး လွဲမှားသော နည်းလမ်းတစ်ခုကို ခံယူကြသည်။ ဤကဲ့သို့သော လူတို့သည် စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် ယင်းကို သတိမထားမိကြဘဲ၊ ဘုရားသခင်၏ လမ်းညွှန်မှုနှင့် ဉာဏ်အလင်းပေးခြင်းအပေါ် တုံ့ပြန်မှု ကင်းမဲ့မြဲ ကင်းမဲ့ကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည် သို့မဟုတ် စမ်းသပ်မှုတစ်ခုအတွင်း မြဲမြံစွာရပ်တည်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို မသိကြပေ။ ဘုရားသခင်သည် ဤသို့သော လူတို့အား အချိန်အကန့်အသတ်တစ်ခုကို ပေးပြီး ဤအချိန်အတောအတွင်း သူသည် ၎င်းတို့အား သူ့စမ်းသပ်မှုများ၏ သဘောသဘာဝနှင့် သူ၏ရည်ရွယ်ချက်များမှာ အဘယ်အရာ ဖြစ်ကြောင်းကို နားလည်စေမည် ဖြစ်သည်။ ထို့နောက်တွင် ဤလူများသည် ၎င်းတို့၏ ရှုထောင့်အမြင်များကို ပြသရပေမည်။ ဤအဆင့်၌ရှိသော ထိုလူများကို ဘုရားသခင် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ အမြင်အချို့ရှိသော်လည်း၊ ယိမ်းယိုင်နေသေးသော သူများ၊ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးလိုသော်လည်း၊ ထိုသို့ပေးရန် မပြေလည်သောသူများနှင့်၊ အခြေခံ သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်ခဲ့ပြီးစေကာမူ ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ ပုန်းရှောင်ပြီး လက်လျှော့ရန် ကြိုးစားသောသူများ နှင့်ပတ်သက်၍ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့အပေါ် အနည်းငယ် မျှော်လင့်နေသေးပြီး ရလဒ်မှာမူ ၎င်းတို့၏ သဘောထားနှင့် လုပ်ဆောင်မှုအပေါ် မူတည်ပါသည်။ အကယ်၍ လူတို့သည် တိုးတက်ခြင်း၌ ထိရောက်မှုမရှိလျှင် ဘုရားသခင် မည်သို့ပြုသနည်း။ ၎င်းတို့အား သူလက်လျှော့လိုက်၏။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကို လက်မလျှော့မီ သင်သည် သင့်ကိုယ်သင် လက်လျှော့နှင့်ပြီးပြီဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ဤသို့လက်လျှော့ခြင်းကြောင့် သူ့ကို အပြစ်တင်၍ မရနိုင်ပေ။ သင်က ဘုရားသခင်အပေါ် မကျေနပ်ချက်ထားခြင်းမှာ မှားယွင်းသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၂)

ဘုရားသခင်နောက်သို့ လိုက်သည့်အခါ၊ လူတို့သည် သူ၏အလိုတော်ကို အာရုံစိုက်ခဲကြပြီး လူသားများအပေါ် သူ၏အတွေးများနှင့် သူ၏သဘောထားတို့ကို သူတို့ ဂရုစိုက်ခဲကြသည်။ လူတို့သည် ဘုရားသခင်၏ အတွေးများကို နားမလည်ကြသဖြင့် သူ၏ရည်ရွယ်ချက်များနှင့် သူ၏ စိတ်နေသဘောထားအကြောင်း မေးသည့်အခါ၊ သင်တို့ စိတ်ရှုပ်ထွေးတတ်ကြသည်။ သင်တို့သည် ကြီးမားသော မသေချာမှုထဲသို့ ရောက်ရှိသွားပြီးနောက် မှန်းဆခြင်းဖြစ်စေ အလောင်းအစားဖြစ်စေ သင်တို့ပြုကြသည်။ ဤသည်မှာ မည်သို့သော အတွေးအခေါ်မျိုး ဖြစ်သနည်း။ ၎င်းက ဘုရားသခင်ကို ယုံကြည်ကြသော လူအများစုသည် သူ့ကို ဘာမျှမရှိသော လေထုကြီးအဖြစ်၊ ထို့ပြင် တဒင်္ဂသာရှိပြီး တစ်ခဏနေ မရှိတော့ပုံရသည့် အရာတစ်ခုအဖြစ် သဘောထားကြသည့်အချက်ကို သက်သေပြပါသည်။ ထိုကဲ့သို့ ငါ အဘယ်ကြောင့် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကိစ္စတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်၏ အလိုတော်ကို သင်တို့ မသိကြပေ။ သူ၏အလိုတော်ကို သင်တို့ အဘယ်ကြောင့် မသိကြသနည်း။ ယခုမှသာမဟုတ်၊ အစမှအဆုံးတိုင်၊ ဤကိစ္စအပေါ် ဘုရားသခင်၏ သဘောထားကို သင်တို့မသိကြပေ။ သင်သည် ယင်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသည့်အပြင်၊ ဘုရားသခင်၏ သဘောထားက အဘယ်အရာဖြစ်သည်ကို မသိသော်လည်း၊ သင်သည် ၎င်းကို ကောင်းစွာ ဆင်ခြင်သုံးသပ်ဖူးသလော။ ၎င်းကို သိနားလည်ရန် သင် ရှာဖွေဖူးသလော။ ထိုအကြောင်းကို သင် မိတ်သဟာယ ပြုဖူးသလော။ မလုပ်ဖူးပါ။ ဤအရာက သင့်ယုံကြည်ချက် နှင့်ယှဉ်သော ဘုရားသခင်နှင့် စစ်မှန်မှုနှင့်ယှဉ်သော ဘုရားသခင်မှာ ဆက်စပ်မှုမရှိပါ ဟူသည့်အချက်ကို အတည်ပြုပေသည်။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းတွင် သင်သည် သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် သင့်ခေါင်းဆောင်များ၏ ရည်ရွယ်ချက်များကိုသာ ချင့်ချိန်တွေးဆသည်၊ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အပေါ်ယံနှင့် သြဝါဒဆိုင်ရာ အဓိပ္ပာယ်ကိုသာလျှင် စဉ်းစားသုံးသပ်ကာ ဘုရားသခင်၏ အလိုတော်ကိုသိဖို့ သို့မဟုတ် ရှာဖွေဖို့ အမှန်တကယ်ကြိုးစားခြင်း လုံးဝမရှိပေ။ ဤသည်မှာ စစ်မှန်သော ကိစ္စတစ်ရပ် ဖြစ်သည်မဟုတ်လော။ ဤကိစ္စ၏ အနှစ်သာရမှာ အတော့်ကို ဆိုးရွားလိုက်လေခြင်း။ နှစ်ပေါင်းများစွာပြီးမှ ငါသည် ဘုရားသခင်ကို ယုံကြည်သော လူမြောက်မြားစွာကို မြင်ဖူးသည်။ သူတို့၏ စိတ်ထဲတွင် သူတို့၏ယုံကြည်မှုက ဘုရားသခင်ကို မည်သည့်အရာအဖြစ်သို့ ပုံသဏ္ဌာန်ပြောင်းလဲလိုက်ကြသနည်း။ လူအချို့က ဘုရားသခင်သည် ဘာမျှမရှိသော လေထုကြီးဖြစ်သကဲ့သို့ ယုံကြည်ကြသည်။ ဤလူများ၌ ဘုရားသခင်၏ တည်ရှိခြင်းဆိုင်ရာ မေးခွန်းများအတွက် အဖြေမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ ရှိခြင်း သို့မဟုတ် မရှိခြင်းကို ရှင်းလင်းစွာ သိမြင်ခြင်း သို့မဟုတ် နားလည်ခြင်း ရှိဖို့နေနေသာသာ၊ ခံစားနိုင်ခြင်း သို့မဟုတ် သိနိုင်ခြင်း မရှိကြချေ။ မသိစိတ်၏ နှိုးဆော်မှုအရ ဤလူများက ဘုရားသခင်မတည်ရှိဟု ထင်တတ်ကြသည်။ အခြားသူများက ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်သကဲ့သို့ ယုံကြည်ကြသည်။ ဤလူတို့က ၎င်းတို မလုပ်နိုင်သော အရာများအားလုံးကို ဘုရားသခင်လည်း မလုပ်နိုင်ပါ ဟူ၍လည်းကောင်း၊ ဘုရားသခင်သည် ၎င်းတို့ တွေးသည့်ပုံစံအတိုင်း တွေးရလိမ့်မည် ဟူ၍လည်းကောင်း ယုံကြည်ကြသည်။ ဘုရားသခင်အပေါ် သူတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “မမြင်ရသော၊ ထိတွေ့၍မရသော ပုဂ္ဂိုလ်တစ်ဦး” ပင် ဖြစ်သည်။ ဘုရားသခင်သည် ရုပ်သေးရုပ် တစ်ရုပ်အလား ဖြစ်သည်ဟု ယုံကြည်သော လူတစ်စုလည်း ရှိသည်။ ဤလူများက ဘုရားသခင်၌ ခံစားချက်မရှိဟု ယုံကြည်ကြသည်။ သူတို့က ဘုရားသခင်သည် ရွှံ့စေးရုပ်တုတစ်ရုပ် ဖြစ်ပြီး ကိစ္စတစ်ရပ်ကို ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်၌ သဘောထားမရှိ၊ အမြင်ရှုထောင့်မရှိ၊ သို့မဟုတ် အတွေးအခေါ်များမရှိဟု ထင်ကြသည်။ သူသည် လူ၏ ပြုသမျှနုရမည်ဟု သူတို့က ယုံကြည်ကြသည်။ လူတို့သည် ၎င်းတို့ ယုံကြည်လိုသည့်အတိုင်းသာ ယုံကြည်ကြသည်။ အကယ်၍ ၎င်းတို့က သူ့အား ကြီးမြတ်စေပါက၊ သူ ကြီးမြတ်သည်၊ အကယ်၍ ၎င်းတို့က သူ့အား သေးသိမ်စေပါက၊ သူ သေးသိမ်သည်။ လူတို့သည် အပြစ်ပြုပြီး ဘုရားသခင်၏ သနားခြင်းကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာကို လိုအပ်သည့်အခါ၊ ဘုရားသခင်သည် သူ၏ သနားကရုဏာကို ပေးသင့်သည်ဟု သူတို့ယူဆကြသည်။ ဤလူများသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးများထဲ၌ “ဘုရားသခင်” တစ်ပါးကို ပုံဖော်ကြကာ၊ ဤ “ဘုရားသခင်” အား ၎င်းတို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်နှင့် ၎င်းတို့၏ အလိုဆန္ဒအားလုံးကို ပြည့်ဝစေရန် ခိုင်းတတ်ကြသည်။ မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာ၌ဖြစ်စေ၊ ထို့ပြင် ဤသို့သော လူတို့သည် မည်သည့်အရာ ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ဆက်ဆံမှုနှင့် ၎င်းတို့၏ ယုံကြည်မှု၌ ဤစိတ်ကူးကို ခံယူကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက် ပေးမိပြီးနောက် ဘုရားသခင်သည် ၎င်းတို့အား ကယ်တင်နိုင်မည်ဟူ၍ ယုံကြည်ကြသော သူများပင် ရှိသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့သည်၊ သူ၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး၊ လူတစ်ဦးက ဘုရားသခင်ကို မည်မျှပင်ပြစ်မှားပါစေ သူသည် ထိုအရာ တစ်စုံတစ်ခုကိုမျှ အမှတ်ရလိမ့်မည်မဟုတ်ဟု ယူဆကြခြင်းကြောင့် ဖြစ်သည်။ လူ၏ အမှားများ၊ လူ၏ ကျူးလွန်မှုများ နှင့် လူ၏ မနာခံမှုတို့မှာ ထိုလူ့စိတ်သဘောထား၏ တဒင်္ဂဖော်ပြချက်များ ဖြစ်သောကြောင့်၊ ဘုရားသခင်သည် လူတို့အား အခွင့်အရေးများကိုပေးပြီး ၎င်းတို့အပေါ် သည်းခံကာ စိတ်ရှည်လိမ့်မည်ဟု သူတို့က ထင်ကြသည်။ ဘုရားသခင်က ၎င်းတို့အား ယခင်ကကဲ့သို့ပင် ချစ်နေဦးမည်ဟု သူတို့ယုံကြသည်။ ထို့ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိရန်အတွက် မြင့်မားသော မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားကြသည်။ အမှန်မှာ လူတို့သည် ဘုရားသခင်ကို မည်သို့ပင် ယုံကြည်စေကာမူ၊ သူတို့သည် သမ္မာတရားကို အားထုတ်နေခြင်း မရှိပါက၊ ဘုရားသခင်သည် ၎င်းတို့အပေါ် အပျက်သဘောဆောင်သော သဘောထားတစ်ခုကို စွဲကိုင်ထားမည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို သင်ယုံကြည်စဉ်တစ်လျှောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်ကို ရတနာအဖြစ် သတ်မှတ်ရှုမြင်ထားကာ ၎င်းကို နေ့စဉ် လေ့လာဖတ်ရှုသော်လည်း၊ သင်သည် စစ်မှန်သော ဘုရားသခင်ကို ဘေးဖယ်ထားသောကြောင့် ဖြစ်သည်။ သင်သည် သူ့အား ဘာမျှမရှိသော လေသက်သက်အဖြစ် သို့မဟုတ် လူတစ်ဦးသက်သက်အဖြစ် သဘောထားပြီးလျှင်၊ သင်တို့အချို့က သူ့ကို ရုပ်သေးရုပ်တစ်ရုပ် အဖြစ်လောက်သာ သဘောထားကြသည်။ ငါသည် ယင်းကို အဘယ်ကြောင့် ဤသို့ဆိုရသနည်း။ ဤသို့ ငါဆိုခြင်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းကို ငါမြင်သည့်ပုံစံအတိုင်းဆိုလျှင် သင်တို့သည် ကိစ္စတစ်ရပ်ကို ရင်ဆိုင်ရသည်ဖြစ်စေ သို့မဟုတ် အခြေအနေတစ်ခုခုကို ကြုံတွေ့ရသည်ဖြစ်စေ သင်တို့၏ မသိစိတ်ထဲ၌ရှိသော ထိုအရာများ၊ အတွင်း၌ သင်ကြီးထွားလာစေသော ထိုအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားအား အားထုတ်ခြင်းနှင့် မည်သည့်ဆက်နွှယ်မှုမျှ လုံးဝ မရှိခဲ့ဖူးပေ။ သင်သည် သင်ကိုယ်တိုင် မည်သည့်အရာကို တွေးနေသည်၊ သင်၏ ကိုယ်ပိုင်ရှုထောင့်က မည်သည့်အရာ ဖြစ်သည်ကိုသာ သိပြီး၊ ထို့ပြင် သင်သည် သင်၏ကိုယ်ပိုင် အတွေးအခေါ်များနှင့် ရှုထောင့်များအတိုင်း ဘုရားသခင်အပေါ် အတင်းအကျပ်ပြုကြသည်။ သင်၏ စိတ်ထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ ရှုထောင့်များ ဖြစ်လာကြပြီး ဤရှုထောင့်များကို မဆုတ်မနစ် လိုက်နာစောင့်ထိန်းသည့် စံနှုန်းများအဖြစ် သင် ပြုလေသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤကဲ့သို့ ရှေ့ဆက်သွားခြင်းက သင့်ကို ဘုရားသခင်ထံမှ သာ၍သာ၍ ဝေးကွာသွားစေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၃)

ဘုရားသခင်၏ သဘောထားကို နားလည်ပြီး ဘုရားသခင်အပေါ် နားလည်မှုလွဲမှားခြင်းများ အားလုံးကို စွန့်လော့

သင်တို့ လက်ရှိယုံကြည်ကြသော ဤဘုရားသခင်သည် မည်ကဲ့သို့သော ဘုရားသခင်ပင် ဖြစ်သနည်း။ ထိုအကြောင်းကို သင်တို့ စဉ်းစားဖူးသလော။ ဆိုးယုတ်သောသူတစ်ဦး မကောင်းမှုများ ကျူးလွန်နေသည်ကို သူမြင်သည့်အခါ၊ ယင်းကို သူစက်ဆုပ်ရွံရှာသလော။ (စက်ဆုပ်ရွံရှာပါသည်။) မသိနားမလည်သော လူများက အမှားများ ပြုလုပ်သည်ကို သူမြင်သည့်အခါ သူ၏သဘောထားမှာ အဘယ်သို့ ရှိသနည်း။ (ဝမ်းနည်းခြင်း။) သူ၏ အလှူငွေများကို လူတို့ ခိုးယူနေသည်ကို သူမြင်သည့်အခါ၊ သူ၏သဘောထားမှာ အဘယ်နည်း။ (၎င်းတို့ကို သူ စက်ဆုပ်ရွံရှာသည်။) ဤအရာအားလုံးမှာ အလွန်ရှင်းသည်။ သမ္မာတရားကို လေ့လာလိုက်စားခြင်း လုံးဝမရှိသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် ၎င်း၏ ယုံကြည်မှုတွင် ရှုပ်ထွေးနေသည်ကို သူမြင်သည့်အခါ၊ ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ ရှိသနည်း။ သင်တို့ သိပ်မသေချာကြသည် မဟုတ်လော။ “ရှုပ်ထွေးခြင်း” မှာ သဘောထားတစ်ခု ဖြစ်သည့်အတွက်၊ အပြစ်မဟုတ်သကဲ့သို့ ၎င်းက ဘုရားသခင်ကို စော်ကားပြစ်မှားရာလည်း မရောက်သည့်အပြင်၊ ၎င်းမှာ ကြီးမားသောအမှားမျိုး မဟုတ်ပါဟု လူတို့က ယူဆကြသည်။ ထိုသို့ဆိုသော် ငါ့အားပြောလော့၊ ဤအရေးကိစ္စတွင် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ (သူသည် ၎င်းတို့ကို အသိအမှတ် မပြုလိုပေ။) “အသိအမှတ် မပြုလိုခြင်း”၊ ဤသည်မှာ အဘယ်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ၎င်းမှာ ဘုရားသခင်က ဤလူများကို အထင်အမြင်သေးပြီး သူတို့အား အရေးမစိုက်ခြင်းကို ဆိုလိုလေသည်။ ထိုကဲ့သို့သော လူတို့ကို ဘုရားသခင် ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းမှာ သူတို့ကို အေးတိအေးစက်ဖြင့် ဆက်ဆံလိုက်ခြင်းပင်ဖြစ်သည်။ သူ၏ ကိုင်တွယ်ဖြေရှင်းနည်းမှာ ၎င်းတို့အပေါ် မည်သည့်အလုပ်ကိုမျှ မပြုလုပ်ဘဲ၊ ၎င်းတို့အား ဘေးဖယ်ထားခြင်းဖြစ်ပြီး၊ ဤအရာတွင် ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းဆိုင်ရာ အလုပ်တို့ ပါဝင်လေသည်။ ထိုကဲ့သို့သော လူတို့ကို ဘုရားသခင်၏ အမှုထဲ၌ အမှန်ပင် ထည့်သွင်းရေတွက်မထားပေ။ သူ၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သော သူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ အလွန်အမင်း စက်ဆုပ်ရွံ့ရှာခြင်းပင်။ သူ၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးခြင်းနှင့် ပတ်သက်၍ နောင်တမရသော လူများအားဖြင့် ဘုရားသခင်သည် အလွန်အမင်း ဒေါသထွက်သည်။ “ဒေါသထွက်သည်” ဆိုသည်မှာ ခံစားမှုတစ်ခု၊ စိတ်နေစိတ်ထား တစ်ခုမျှသာ မဟုတ်တော့ပေ၊ ၎င်းသည် ရှင်းလင်းသော သဘောထားတစ်ခုနှင့် အလားတူခြင်းမရှိပေ။ သို့သော်လည်း ဤခံစားမှု၊ ဤစိတ်နေစိတ်ထားက ဤသို့သော လူတို့အတွက် အဆုံးသတ်တစ်ခုကို ဖြစ်ပေါ်စေမည် ဖြစ်သည်- ယင်းက ဘုရားသခင်ကို အလွန်အမင်း စက်ဆုပ်ရွံရှာမှုဖြင့် ပြည့်စေလိမ့်မည် ဖြစ်ပါတကား။ ဤအလွန်အမင်း စက်ဆုပ်ရွံရှာမှု၏ အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းမှာ ဘုရားသခင်သည် ဤလူကို ဘေးဖယ်ထားပြီး လောလောဆယ် တုန့်ပြန်မှု ပြုလိမ့်မည် မဟုတ်ခြင်းဖြစ်သည်။ ထို့နောက် “ဆောင်းဦးကာလပြီးနောက်” တွင် ၎င်းတို့ကို အပြစ်ပေးရန် သူ စောင့်ဆိုင်းလိမ့်မည်။ ဤသည်မှာ မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ဤလူတို့၌ အဆုံးသတ်များ ရှိလိမ့်ဦးမည်လော။ ဘုရားသခင်သည် ဤသို့သော လူတို့ကို မည်သည့်အဆုံးသတ်ကိုမျှပေးရန် လုံးဝ မရည်ရွယ်ခဲ့ပါပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤသို့သော လူတို့ကို ယခု မတုံ့ပြန်သည်မှာ လုံးဝ ပုံမှန်ပင်ဖြစ်သည် မဟုတ်လော။ (ပုံမှန်ဖြစ်ပါသည်။) ဤသို့သော လူတို့သည် မည်သည့်အရာ ပြုလုပ်ရန် ပြင်ဆင်နေသင့်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့ကျူးလွန်ခဲ့ပြီးသည့် မကောင်းသော လုပ်ရပ်များ၏ အပျက်သဘောဆောင်သော အကျိုးဆက်များကို တာဝန်ယူရန် ပြင်ဆင်သင့်သည်။ ဤသည်မှာ ဤကဲ့သို့သော လူစားမျိုးအတွက် ဘုရားသခင်၏ တုံ့ပြန်မှုဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူတို့ကို ယခု ငါ ရှင်းရှင်းလင်းလင်း ပြောမည်- သင်တို့၏ ထင်ယောင်ထင်မှားဖြစ်ခြင်းများကို နောက်ထပ် ဆုပ်ကိုင်မထားကြနှင့်၊ ထို့ပြင် ဖြစ်လိုသော စိတ်ကူးများကို ဆက်၍ မတွေးကြနှင့်။ ဘုရားသခင်သည် လူတို့ကို အကန့်အသတ်မဲ့ သည်းခံလိမ့်မည် မဟုတ်ပေ။ သူသည် ၎င်းတို့၏ ကျူးလွန်မှုများ သို့မဟုတ် မနာခံမှုတို့ကို ထာဝရသည်းခံလိမ့်မည် မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်သည်လည်း ဤကဲ့သို့သော လူအနည်းငယ်ကို မြင်ဖူးပြီး ၎င်းတို့ ဆုတောင်းသောအခါ၊ အထူးသဖြင့် ဘုရားသခင်၏ တို့ထိခြင်းကို ၎င်းတို့ခံကြရကာ အသည်းအသန် ငိုကြွေးကြသည်။ အများအားဖြင့် ၎င်းတို့သည် အလွန်လည်း ပျော်ရွှင်ကြသည်။ ၎င်းတို့သည် မိမိတို့အပေါ် ဘုရားသခင်၏ မျက်မှောက်တော်နှင့် ဘုရားသခင်၏ လမ်းပြမှုကို ရရှိဟန်တူသည်။” ဟု ဆိုကြလိမ့်မည်။ ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားကို မပြောလေနှင့်။ အသည်းအသန် ငိုကြွေးခြင်းမှာ ဘုရားသခင်၏ လမ်းပြမှုဖြစ်ဖို့ နေနေသာသာ၊ ဘုရားသခင်၏ တို့ထိမှုကိုခံရခြင်း သို့မဟုတ် ဘုရားသခင်၏ မျက်မှောက်တော်အား အကျိုးခံစားရခြင်းကို သေချာပေါက် ဆိုလိုသည်မဟုတ်ပေ။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ဒေါသထွက်စေပါက၊ ဘုရားသခင်သည် ၎င်းတို့အား လမ်းပြဦးမည်လော။ အချုပ်အားဖြင့် ဘုရားသခင်သည် တစ်စုံတစ်ဦးကို ပယ်ထုတ်ရန်နှင့် စွန့်ပစ်ရန် ဆုံးဖြတ်ပြီးသောအခါ၊ ထိုလူ၌ အဆုံးသတ် ကင်းမဲ့နှင့်ပြီဖြစ်သည်။ ၎င်းတို့ ဆုတောင်းသည့်အခါ၊ ၎င်းတို့၏ ခံစားချက်များမှာ မည်သို့ပင် အားရကျေနပ်ဖွယ် ကောင်းသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် ယုံကြည်မှု မည်မျှပင် ရှိသည်ဖြစ်စေ ယင်းက အကျိုးဆက်နှင့် မဆိုင်တော့ပါ။ အရေးကြီးသည့်အရာမှာ ဘုရားသခင်သည် ဤယုံကြည်မှုမျိုးကို မလိုအပ်ပေ၊ သူသည် ဤလူတို့ကို ပစ်ပယ်ထားနှင့်ပြီးဖြစ်သည်။ အနာဂတ်တွင် ၎င်းတို့အား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်မှာလည်း အရေးမကြီးပေ။ အရေးကြီးသောအရာမှာ ဤလူတို့က ဘုရားသခင်ကို ဒေါသထွက်စေသည့် အခိုက်အတန့်မှာပင် ၎င်းတို့၏ အဆုံးသတ်များမှာ သတ်မှတ်ထားပြီး ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ဤကဲ့သို့သော လူတို့ကို ကယ်တင်ရန် ဆုံးဖြတ်ထားပြီး မဟုတ်ပါက၊ ၎င်းတို့သည် ပြစ်ဒဏ်ခတ်ခံရရန်အတွက် ချန်ရစ်ထားခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထားပင် ဖြစ်သည်။

ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ၏ အခြေခံသဘောတရားပါဝင်ပြီး သူသည် တစ်ဦးတစ်ယောက်စီတိုင်းအား သနားကရုဏာစိတ် ရှိသော်လည်း၊ သူ၏ အနှစ်သာရမှာ ဂုဏ်သိက္ခာရှိသောသူလည်း ဖြစ်သည် ဟူသည့်အချက်ကို လူတို့ လျစ်လျူရှုပြီး မေ့လျော့ကြပြီးဖြစ်သည်။ သူ့၌ ချစ်ခြင်းမေတ္တာရှိ၏ ဟူသည်မှာ သူ့အထဲ၌ ခံစားချက်များ သို့မဟုတ် တုံ့ပြန်ချက်တစ်ခုကို နှိုးဆွခြင်းမရှိဘဲ၊ လူတို့က သူ့ကို လွတ်လပ်စွာ ပြစ်မှားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် သူ၌ သနားခြင်းကရုဏာ ရှိ၏ ဟူသည်မှာ လူတို့ကို သူဆက်ဆံသည့်ပုံစံ၌ အခြေခံစည်းမျဉ်းများ မရှိပါဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်သည် အသက်ရှင်နေသည်၊ သူသည် အမှန်တကယ် တည်ရှိသည်။ သူသည် စိတ်ကူးဖြင့်ပုံဖော်ထားသော ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့၊ အခြားအရာဝတ္ထု တစ်ခုခုလည်း မဟုတ်ပေ။ သူသည် တည်ရှိသည့်အတွက်၊ ငါတို့သည် သူ့စိတ်နှလုံး၏ဖွင့်ဟချက်ကို အချိန်တိုင်း ဂရုတစိုက် နားထောင်သင့်ကာ၊ သူ၏ စိတ်နေသဘောထားကို သေချာစွာ အာရုံစိုက်ပြီး သူ၏ ခံစားချက်များကို နားလည်လာသင့်သည်။ ငါတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် လူသား၏ စိတ်ကူးများကို အသုံးမပြုသင့်သကဲ့သို့၊ ဘုရားသခင်အား လူသား၏ စိတ်ကူးများအပေါ် အခြေခံ၍ လူ့နည်းဟန်ဖြင့် လူတို့ကို ဆက်ဆံစေကာ၊ သူ့အပေါ် လူ့ထင်မြင်ချက်များ သို့မဟုတ် ဆန္ဒပြုချက်များကို မသွတ်သွင်းသင့်ပေ။ အကယ်၍ သင် ဤသို့ပြုပါက၊ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေခြင်း၊ သူ၏ အမျက်ဒေါသကို ဆွဲဆောင်ခြင်းနှင့် သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းပင် ဖြစ်နေပေသည်။ ထို့ကြောင့် ဤကိစ္စ၏ ကြီးလေးမှုကို သင်တို့ နားလည် လာပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အယောက်စီတိုင်းကို သင်တို့၏ လုပ်ဆောင်ချက်များ၌ သတိထားရန်နှင့် ချင့်ချိန်တတ်ရန် ငါတိုက်တွန်းသည်။ သင်တို့၏ စကားပြောခြင်း၌လည်း သတိထားပြီး ချင့်ချိန်မှု ရှိကြလော့၊ ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသည်နှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍သတိထားပြီး ပို၍ချင့်ချိန်လေ ပို၍ကောင်းလေ ဖြစ်လေသည်။ သင်သည် ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သည်ကို နားမလည်သောအခါ၊ မဆင်မခြင်စကားပြောခြင်းမှ ရှောင်ကြဉ်လော့၊ သင်၏ လုပ်ဆောင်ချက်များ၌ မဆင်မခြင် မပြုနှင့်၊ ထို့ပြင် ပေါ့ပေါ့တန်တန် အမည်ပေးသမုတ်ခြင်း မပြုနှင့်။ ပို၍ပင် အရေးကြီးသည်မှာ ထင်ရာမြင်ရာ မည်သည့် ကောက်ချက်ချခြင်းများကိုမျှ မပြုလေနှင့်။ ထို့အစား သင်သည် စောင့်ဆိုင်းပြီး ရှာဖွေသင့်သည်။ ဤလုပ်ဆောင်ချက်များမှာလည်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အကယ်၍ အရာခပ်သိမ်းထက် ဤအရာကို သင်ရရှိနိုင်ပြီး အရာခပ်သိမ်းထက် ဤသဘောထားကို သင်ပိုင်ဆိုင်နိုင်ပါက၊ ဘုရားသခင်သည် သင်၏ မိုက်မဲခြင်း၊ မသိနားမလည်ခြင်းနှင့် အမှုအရာများနောက်ကွယ်မှ အကြောင်းအရင်းများအား နားလည်မှု ကင်းမဲ့ခြင်းတို့အတွက် သင့်ကို အပြစ်တင်မည်မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား ပြစ်မှားမိမည်ကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော သင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များအပေါ် ရိုသေလေးစားခြင်းနှင့် သူ့အားနာခံရန် ဆန္ဒရှိခြင်းတို့ကြောင့် ဘုရားသခင်က သင့်ကို အောက်မေ့မည်၊ သင့်ကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေမည်၊ သို့မဟုတ် သင်၏ မရင့်ကျက်ခြင်းနှင့် မသိနားမလည်ခြင်းကို သည်းခံမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အပေါ် သင်၏သဘောထားမှာ သူ့ကို မိမိသဘောကျ တရားစီရင်ခြင်း သို့မဟုတ် ဘုရားသခင်၏ အတွေးအခေါ်များကို ထင်ရာမြင်ရာ မှန်းဆခြင်းနှင့် အဓိပ္ပာယ်ဖွင့်ခြင်းဖြင့် မထီမဲ့မြင်ပြုမည်ဆိုပါက၊ ဘုရားသခင်သည် သင့်ကို စီရင်ချက်ချမည်၊ ဆုံးမပဲ့ပြင်မည်၊ ထို့ပြင် အပြစ်ဒဏ်ပင် ခတ်လိမ့်မည်။ သို့မဟုတ်ပါက သူသည် သင့်ကို သုံးသပ်ချက် ပေးကောင်းပေးမည် ဖြစ်သည်။ ဤသုံးသပ်ချက်တွင် သင်၏ အဆုံးသတ် ပါဝင်ကောင်းပါဝင်လိမ့်မည်။ ထို့ကြောင့် ငါသည် နောက်ထပ်တစ်ကြိမ် အသားပေး၍ ပြောလိုသည်- သင်တို့ အယောက်စီတိုင်းသည် ဘုရားသခင်ထံမှ လာသောအရာ မှန်သမျှအပေါ် သတိရှိပြီး ဆင်ခြင်မြော်တွေးသင့်သည်။ မဆင်မခြင် စကားမပြောနှင့်၊ ထို့ပြင် သင်၏ လုပ်ဆောင်ချက်များ၌ သတိလက်လွတ် မဖြစ်စေနှင့်။ တစ်စုံတစ်ခုကို သင်မပြောမီ ရပ်ဆိုင်းပြီး ဆင်ခြင်သင့်သည်- ကျွန်ုပ်၏ ဤလုပ်ဆောင်ချက်က ဘုရားသခင်ကို ဒေါသထွက်စေမည်လော။ ဤအရာကို လုပ်ရာတွင် ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့ရိုသေ ပါ၏လော။ သာမန်ကိစ္စရပ်များ၌ပင်လျှင် ဤမေးခွန်းများကို ဆက်၍ သင် နားလည်သဘောပေါက်ရန် ကြိုးစားပြီး ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရန် အချိန်ပိုယူသင့်သည်။ အကယ်၍ သင်သည် ဤနိယာမများနှင့်အညီ ကဏ္ဍတိုင်း၊ အမှုအရာတိုင်း၊ အချိန်တိုင်းတွင် အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် သင် တစ်စုံတစ်ခုကို နားမလည်သောအခါ၊ ထိုကဲ့သို့သော သဘောထားကို ခံယူနိုင်ပါက ဘုရားသခင်သည် သင့်ကို အမြဲလမ်းပြပြီး လိုက်လျှောက်ရန် လမ်းကြောင်း တစ်ခုကို သင့်အား ပေးမည်ဖြစ်သည်။ လူတို့သည် မည်သည့် အပြင်ပန်း သဏ္ဌာန်မျိုးကို ဟန်ဆောင်ပြသစေကာမူ ဘုရားသခင်သည် ယင်းတို့ကို အတော်ပင် ရှင်းလင်းပြတ်သားစွာ မြင်သည်ဖြစ်၍ သူသည် သင်၏ ဤထုတ်ဖော်ပြချက်များအပေါ် မှန်ကန်တိကျပြီး သင့်လျော်သော သုံးသပ်ချက်တစ်ခုကို ပေးလိမ့်မည်။ သင်သည် နောက်ဆုံးစမ်းသပ်မှုကို တွေ့ကြုံခံစားပြီးနောက်တွင်၊ ဘုရားသခင်သည် သင်၏ အပြုအမူအားလုံးကို ယူကာ သင်၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် ၎င်းကို ပြည့်စုံစွာ ပေါင်းရုံးသုံးသပ်မည် ဖြစ်သည်။ ဤရလဒ်က တစ်ဦးတစ်ယောက်စီတိုင်းကို သံသယအရိပ်အငွေ့ မရှိဘဲ၊ လက်ခံယုံကြည်စေမည်။ ဤတွင် သင်တို့ကို ငါပြောလိုသောအရာမှာ ဤသို့ဖြစ်သည်- သင်တို့၏ လုပ်ဆောင်ချက်တိုင်း၊ သင်တို့၏ အပြုအမူတိုင်းနှင့် သင်တို့၏ စိတ်ကူးတိုင်းက သင်တို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၄)

လူတို့၏ အဆုံးသတ်များကို မည်သူ သတ်မှတ်သနည်း

ဆွေးနွေးဖို့ရန် အဆုံးစွန်အရေးကြီးသော အခြားကိစ္စရှိပြီး ၎င်းမှာ ဘုရားသခင်အပေါ် သင်တို့၏ သဘောထားပင် ဖြစ်သည်။ ဤသဘောထားမှာ အလွန်တရာ အရေးပါပေသည်။ သင်တို့သည် နောက်ဆုံးတွင် ပျက်စီးခြင်းရှိရာသို့ လျှောက်လှမ်းမည် မလှမ်းမည် သို့မဟုတ် သင်တို့အတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် လှပသော ခရီးဆုံးပန်းတိုင်တစ်ခုထဲသို့ လျှောက်လှမ်းမည် မလှမ်းမည်ကို ၎င်းသဘောထားက အဆုံးအဖြတ်ပေးသည်။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် နှစ်ပေါင်းနှစ်ဆယ်မက အလုပ်လုပ်ခဲ့ပြီးဖြစ်၍ ဤဆယ်စုနှစ်ခု ကာလအတွင်း သင်တို့သည် စိတ်နှလုံးထဲတွင် သင်တို့၏ ဆောင်ရွက်ခဲ့ပုံနှင့် ပတ်သက်ပြီး အနည်းငယ် မရေမရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ဘုရားသခင်၏ စိတ်နှလုံးထဲ၌ သူသည် သင်တို့ အယောက်စီတိုင်းအတွက် အမှန်တကယ်ရှိပြီး ရိုးသားမှန်ကန်သော မှတ်တမ်းကို မှတ်သားခဲ့ပြီး ဖြစ်သည်။ လူတစ်ယောက်ချင်းစီသည် သူ့နောက်သို့ စတင်လိုက်လျှောက်ပြီး သူ၏ တရားဟောချက်များကို နားထောင်သည့် အချိန်မှစ၍ သမ္မာတရားကို ပို၍ပို၍ နားလည်လာပြီး ၎င်းတို့၏တာဝန်ကို ၎င်းတို့ စတင်လုပ်ဆောင်သည်အထိ ဘုရားသခင်က လူတစ်ဦးစီအတွက် မှတ်သားနိုင်သော အပြုအမူ အမျိုးမျိုးအတွက် မှတ်တမ်းတစ်ခု ရေးမှတ်ထားသည်။ ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ပြီး ပတ်ဝန်းကျင်နှင့် စမ်းသပ်မှု အမျိုးမျိုးကို ရင်ဆိုင်ရသည့်အခါ၊ လူတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မည်ကဲ့သို့ ဆောင်ရွက်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် မည်ကဲ့သို့ ခံစားကြသနည်း။...ဘုရားသခင်၌ ဤအရာအားလုံး၏ စာရင်းတစ်ခုရှိသည်၊ သူ၌ ထိုအရာ အားလုံး၏ မှတ်တမ်းတစ်ခု ရှိသည်။ သင်တို့၏ ရှုထောင့်မှကြည့်ပါက၊ ဤကိစ္စရပ်များမှာ ရှုပ်ထွေးကောင်း ရှုပ်ထွေးနိုင်ပါသည်။ သို့သော်လည်း ဘုရားသခင်ရပ်တည်သည့်ဘက်မှ ကြည့်ပါက၊ ၎င်းတို့မှာ ရှင်းလင်းပြတ်သားပြီး ဖြစ်ကတတ်ဆန်းဖြစ်သော အရိပ်အယောင် စိုးစဉ်းမျှပင် မရှိချေ။ ဤသည်မှာ လူတစ်ဦးချင်းစီ၏ အဆုံးသတ် ပါဝင်ပြီး လူတစ်ဦးချင်းစီ၏ ကံကြမ္မာနှင့် အနာဂတ်အလားအလာများကိုပါ သက်ရောက်မှုရှိသော ကိစ္စရပ်တစ်ခု ဖြစ်သည်၊ ထိုမျှမက ဤသည်မှာ ဘုရားသခင်သည် သူ၏ အပတ်တကုပ် ကြိုးပမ်းမှုအားလုံးကို သုံးစွဲသည့်နေရာ ဖြစ်သည်။ ထိုအတွက်ကြောင့် ဘုရားသခင်သည် ၎င်းကို တစ်စက်မျှပင် လုံးဝလျစ်လျူရှုမည် မဟုတ်သည့်အပြင် မည်သည့် အရေးမထားမှုကိုမျှ သည်းမခံပေ။ အစအဦးမှ အဆုံးထိတိုင်အောင် ဘုရားသခင်သည် လူသားမျိုးနွယ်အကြောင်း ဤစာရင်းကို မှတ်တမ်းတင်နေကာ၊ ဘုရားသခင်နောက်သို့ သူတို့လိုက်ရာတွင် လူသားတို့၏ လမ်းကြောင်း တစ်ခုလုံးကို မှတ်စုရေးထားလျက် ရှိသည်။ ဤကာလ အတောအတွင်း၌ ဘုရားသခင်အပေါ် သင်၏ သဘောထားက သင်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးပြီးဖြစ်သည်။ ဤအရာမှာ မမှန်သလော။ ဘုရားသခင် ဖြောင့်မတ်ကြောင်းကို သင်တို့ ယခု ယုံကြည်သလော။ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ လျော်ကန်သလော။ သင်တို့၏ စိတ်ထဲတွင် ဘုရားသခင်အကြောင်း အခြားသော စိတ်ကူးစိတ်သန်း တစ်စုံတစ်ရာ ရှိနေဆဲလော။ (မရှိပါ။) ထိုသို့ဆိုသော် လူတို့၏ အဆုံးသတ်များမှာ ဘုရားသခင် သတ်မှတ်ဖို့ဖြစ်သည် သို့မဟုတ် လူတို့ မိမိတို့ကိုယ်တိုင် သတ်မှတ်ဖို့ဖြစ်သည်ဟု သင်တို့ဆိုမည်လော။ (၎င်းတို့မှာ ဘုရားသခင် သတ်မှတ်ဖို့ဖြစ်သည်။) ၎င်းတို့ကို သတ်မှတ်သောသူမှာ အဘယ်သူ ဖြစ်သနည်း။ (ဘုရားသခင်ပင်။) သင်တို့ မသေချာကြပေ၊ ဟုတ်သလော။ ဟောင်ကောင်မှ ညီအစ်ကို မောင်နှမတို့ အသံကျယ်ကျယ် ပြောကြလော၊ ၎င်းတို့ကို အဘယ်သူ သတ်မှတ်သနည်း။ (လူတို့ကိုယ်တိုင်က ၎င်းတို့ကို သတ်မှတ်သည်။) ၎င်းတို့ကို လူတို့က ကိုယ်တိုင်သတ်မှတ်သလော။ ထိုသို့ဆိုသော် လူတို့၏ အဆုံးသတ် ရလဒ်များမှာ ဘုရားသခင်နှင့် မသက်ဆိုင်ဟု ဆိုလိုခြင်း ဖြစ်မည်မဟုတ်လော။ တောင်ကိုးရီးယားမှ ညီအစ်ကိုမောင်နှမများ၊ အသံကျယ်ကျယ် ပြောကြလော့။ (ဘုရားသခင်သည် လူတို့၏ အဆုံးသတ် ရလဒ်များကို ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် လုပ်ဆောင်မှုများ အားလုံးအပေါ် အခြေခံသည့်အပြင် ၎င်းတို့ မည်သည့်လမ်းကြောင်းပေါ်ရှိသည် ဟူသည်နှင့်အညီ သတ်မှတ်သည်။) ဤအရာမှာ အလွန်ဓမ္မဓိဌာန်ကျသော အဖြေတစ်ခုပင် ဖြစ်သည်။ ဤတွင် သင်တို့အားလုံးကို ငါအသိပေးရမည့် အချက်တစ်ခု ရှိသည်- ဘုရားသခင်၏ ကယ်တင်ခြင်းအမှု တစ်လျှောက်တွင် သူသည် လူသားများအတွက် စံနှုန်းတစ်ခုကို ချမှတ်ထားသည်။ ဤစံနှုန်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ နာခံပြီး ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းရမည် ဟူသည်ပင်ဖြစ်သည်။ လူတို့၏ အဆုံးသတ်များကို တွက်ဆရန် အသုံးပြုသည့်အရာမှာ ဤစံနှုန်းပင် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ဤစံနှုန်းနှင့်အညီ လက်တွေ့လုပ်ဆောင်ပါက၊ သင်သည် ကောင်းသော အဆုံးသတ်ကို ရရှိနိုင်သည်၊ အကယ်၍ သင် ထိုသို့မပြုပါက ကောင်းသော အဆုံးသတ်ကို သင် မရနိုင်ပေ။ ထိုသို့ဆိုသော် ဤအဆုံးသတ်ကို မည်သူသတ်မှတ်သည်ဟု သင်ဆိုမည်နည်း။ ၎င်းကို သတ်မှတ်သည်မှာ ဘုရားသခင် တစ်ပါးတည်းမဟုတ်ဘဲ၊ ယင်းထက် ဘုရားသခင်နှင့် လူသားများ အတူတကွပင် ဖြစ်သည်။ ဤအရာမှာ မှန်သလော။ (မှန်ပါသည်။) ၎င်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု၌ တက်ကြွစွာ ပါဝင်လုပ်ဆောင်ရန်နှင့် လူသားတို့အတွက် လှပသော ခရီးဆုံးပန်းတိုင်တစ်ခုကို ပြင်ဆင်ပေးရန် ဆန္ဒရှိသူမှာ ဘုရားသခင်ပင်လျှင် ဖြစ်သည်၊ လူသားများသည် ဘုရားသခင့်အမှု၏ အပြုခံများဖြစ်ပြီး ဤအဆုံးသတ်၊ ဤခရီးဆုံးပန်းတိုင်သည် သူတို့အတွက် ဘုရားသခင်ပြင်ဆင်ထားသောအရာ ဖြစ်သည်။ အကယ်၍ သူ အမှုပြုရန်အတွက် အပြုခံများ မရှိခဲ့ပါက သူသည် ဤအမှုကိုပြုရန် လိုအပ်မည်မဟုတ်ပေ။ သူ ဤအမှုကို ပြုနေခြင်းမရှိပါက၊ လူတို့၌ ကယ်တင်ခြင်းကို ရယူရန်အတွက် အခွင့်အရေးရှိလိမ့်မည် မဟုတ်ပေ။ လူသားများမှာ ကယ်တင်ခံရမည့်သူများ ဖြစ်ပြီး ကယ်တင်ခံရခြင်းမှာ ဤလုပ်ငန်းစဉ်၏ ပြုခြင်းခံရသောအပိုင်း ဖြစ်သော်လည်း၊ ယင်းမှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်မည့် သူ၏အလုပ်တွင် အောင်မြင်မည် မအောင်မြင်မည်ကို အဆုံးအဖြတ်ပေးသည့် ဤအပိုင်းကို ဆောင်ရွက်နေသောသူများ၏ သဘောထားဖြစ်သည်။ အကယ်၍ သင့်ကို ဘုရားသခင်ပေးသော လမ်းပြမှုကြောင့် မဟုတ်ပါက၊ သင်သည် သူ၏စံနှုန်းကိုသိမည် မဟုတ်သည့်အပြင်၊ သင်၌ ရည်မှန်းချက်လည်း ရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်၌ ဤစံနှုန်း၊ ဤရည်မှန်းချက် ရှိသော်လည်း၊ သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း၊ ၎င်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် အဖိုးအခပေးခြင်း မရှိပါက၊ သင်သည် ဤအဆုံးသတ်ကို ရရှိလိမ့်မည် မဟုတ်ပေ။ ဤအကြောင်းရင်းကြောင့် လူတစ်ဦး၏ အဆုံးသတ်ကို ဘုရားသခင်နှင့် ခွဲခြား၍ မရနိုင်ကြောင်းနှင့် ၎င်းကို ထိုလူနှင့်လည်း ခွဲခြား၍ မရနိုင်ကြောင်း ငါပြောရခြင်းဖြစ်သည်။ သို့ဖြစ်၍ ယခုတွင် လူတို့၏ အဆုံးသတ်များကို မည်သူသတ်မှတ်ကြောင်း သင်တို့သိကြလေပြီ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၅)

လူတို့သည် အတွေ့အကြုံကို အခြေခံကာ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်တတ်ကြသည် (လက်ရွေးစင် ကျမ်းပိုဒ်)

ဘုရားသခင်ကိုသိခြင်းဟူသည့် ခေါင်းစဉ်အပေါ် မိတ်သဟာယပြုသောအခါ၊ သင်တို့သည် တစ်စုံတစ်ခုကို သတိပြုခဲ့မိသလော။ မျက်မှောက်ခေတ်၌ ဘုရားသခင်၏ သဘောထားက အပြောင်းအလဲတစ်ခု ကြုံရပြီးဖြစ်သည်ကို သင်တို့ သတိပြုမိပြီးပြီလော။ လူသားများအပေါ် သူ၏ သဘောထားမှာ ပြောင်းလဲ၍ရနိုင်သလော။ ဘုရားသခင်သည် လူသားများအပေါ် သူ၏ ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာ အလုံးစုံကို အကန့်အသတ်မရှိပေးလျက်၊ ဤကဲ့သို့ အမြဲသည်းခံလိမ့်မည်လော။ ဤအကြောင်းအရာတွင် ဘုရားသခင်၏ အနှစ်သာရလည်း ပါဝင်သည်။...ဘုရားသခင်က လူသားမျိုးနွယ်ကို ချစ်ကြောင်း သိသည့်အခါ၊ သူတို့က သူ့အား ချစ်ခြင်းမေတ္တာ၏ သင်္ကေတတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ကြသည်- လူတို့ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ မည်ကဲ့သို့ ပြုမူပါစေ၊ ဘုရားသခင်ကို ၎င်းတို့ မည်ကဲ့သို့ ပြုမူဆက်ဆံပြီး ၎င်းတို့သည် မည်မျှ မနာခံတတ်ကြပါစေ၊ ထိုအရာတစ်ခုမျှ အမှန်တကယ် အရေးမကြီးပေ၊ အကြောင်းမှာ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာရှိပြီး သူ၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့ကာ တိုင်းတာ၍မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့်၊ သူသည် လူတို့ကို သည်းခံနိုင်ခြင်း ဖြစ်သည်၊ ထို့ပြင် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့်၊ သူသည် လူတို့အပေါ် သနားကရုဏာ ရှိနိုင်ခြင်း၊ ၎င်းတို့၏ မရင့်ကျက်ခြင်းအပေါ် သနားကရုဏာရှိနိုင်ခြင်း၊ ၎င်းတို့၏ ပညာမဲ့ခြင်းအပေါ် သနားကရုဏာ ရှိနိုင်ခြင်းနှင့် ၎င်းတို့၏ နာခံမှုမရှိခြင်းအပေါ် သနားကရုဏာရှိနိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ထိုကဲ့သို့ဖြစ်သလော။ အချို့လူ အတွက်မူကား ဘုရားသခင်၏ စိတ်ရှည်ခြင်းကို သူတို့ တစ်ကြိမ် သို့မဟုတ် အကြိမ်အနည်းငယ် ခံစားဖူးသောအခါ၊ သူသည် ၎င်းတို့အပေါ် ထာဝစဉ်သည်းခံပြီး သနားခြင်းကရုဏာ ထားလိမ့်မည်ဟု ယုံကြည်လျက်၊ သူတို့သည် ဘုရားသခင် အပေါ် ၎င်းတို့ကိုယ်တိုင်၏ သိနားလည်ခြင်းတွင် ဤအတွေ့အကြုံများကို အရင်းအဖြစ် သဘောထားကြမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့၏ ဘဝ တစ်လျှောက်လုံး သူတို့သည် ဘုရားသခင်၏ ဤစိတ်ရှည်ခြင်းကိုယူကာ ယင်းအား ဘုရားသခင် ၎င်းတို့ကိုဆက်ဆံသော စံနှုန်းအဖြစ် သတ်မှတ်ကြသည်။ ဘုရားသခင်၏ သည်းခံခြင်းကို တစ်ကြိမ်ခံစားပြီးနောက်တွင် ဘုရားသခင်ကို သည်းခံခြင်းအဖြစ် အစဉ်အမြဲအဓိပ္ပာယ်ဖွင့်ပြီး သူတို့၏စိတ်ထဲတွင် ဤသည်းခံခြင်းမှာ အကန့်အသတ်မဲ့၊ အကြွင်းမဲ့၊ လုံးလုံးလျားလျား မူမရှိခြင်းပင် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ကြသော လူများလည်းရှိသည်။ ဤကဲ့သို့သော ယုံကြည်ချက်များမှာ မှန်ကန်သလော။ ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးသည့်အခါတိုင်း၊ သင်တို့မှာ စိတ်ရှုပ်ထွေးသွားဟန်တူသည်။ သင်တို့အား ဤကဲ့သို့ မြင်ရသည်မှာ ငါ့ကို အလွန် စိုးရိမ်ပူပန်စေသည်။ ဘုရားသခင်၏ အနှစ်သာရနှင့်သက်ဆိုင်သော သမ္မာတရား မြောက်မြားစွာကို သင်တို့ ကြားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်၍ဆို အလွန်တရာ များပြားသော ဆွေးနွေးချက်များကို သင်တို့ နားထောင်ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း သင်တို့၏ စိတ်ထဲတွင် ဤအရေးကိစ္စများနှင့် ဤကဏ္ဍများ၏ အမှန်တရားမှာ အယူအဆနှင့် ရေးထားသော စကားလုံးများအပေါ် အခြေခံသော မှတ်ဉာဏ်များသာ ဖြစ်ကြသည်။ သင်တို့၏ နေ့စဉ် အသက်တာများထဲတွင် ဘုရားသခင်၏ စိတ်သဘောထားကို အမှန်တကယ် သူဖြစ်သည့်အတိုင်းပင် သင်တို့ တစ်ဦးတစ်ယောက်မျှ ခံစားခြင်း သို့မဟုတ် တွေ့မြင်ခြင်း မရှိနိုင်ဖူးကြပေ။ ထို့ကြောင့် သင်တို့သည် သင်တို့၏ ယုံကြည်မှုများထဲ၌ အကုန်လုံး ယောင်ချာချာဖြစ်ကာ သင်တို့၌ ဘုရားသခင်အပေါ် မရိုသေသော သဘောထားရှိပြီး သူ့ကို ဘေးဖယ်ထားသည်အထိပင် သင်တို့အားလုံး မျက်စိစုံလုံးကန်း ယုံကြည်ကြသည်။ ဘုရားသခင်အပေါ် သင်တို့၏ ဤကဲ့သို့ သဘောထားမျိုးက အဘယ်သို့ ဦးတည်သနည်း။ ၎င်းသည် သင်တို့အား ဘုရားသခင်အကြောင်း အမြဲတစေ ကောက်ချက်ချသည့် ဘက်သို့ ဦးတည်ပေးသည်။ သင်တို့သည် အနည်းငယ်သော သိနားလည်ခြင်းကို ရထားပြီးသည့်အခါ၊ ဘုရားသခင်၏ အလုံးစုံကို ရရှိထားကြသကဲ့သို့ အလွန်ကျေနပ်အားရ ဖြစ်ကြသည်။ ထို့နောက်တွင် သင်တို့က ဤသည်မှာ ဘုရားသခင် ဖြစ်သည့်ပုံစံဟု ကောက်ချက်ချပြီး သူ့အား လွတ်လပ်စွာလှုပ်ရှားခွင့် မပြုတော့ပေ။ ထို့ပြင် ဘုရားသခင်သည် အမှုသစ်တစ်ခုကို ပြုသောအခါတိုင်း၊ သင်တို့က သူသည် ဘုရားသခင်ဖြစ်ကြောင်းကို တကယ်ဝန်ခံကြခြင်း မရှိပေ။ တစ်နေ့သောအခါ ဘုရားသခင်က “ငါသည် လူသားမျိုးနွယ်ကို မချစ်တော့ပေ၊ လူသားတို့ကို သနားကရုဏာ နောက်ထပ်ပေးမည် မဟုတ်တော့ပေ၊ ငါသည် သူတို့အပေါ် ဆက်၍ မည်သည့်သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းမျှ မရှိတော့ပေ၊ ငါသည် သူတို့အပေါ် အလွန်အမင်း စက်ဆုပ်ရွံရှာခြင်းနှင့် ရွံမုန်းခြင်းတို့နှင့် ပြည့်လျက်ရှိသည်။” ဟု ပြောသောအခါ ထိုကဲ့သို့သော ပြောဆိုချက်များက လူတို့၏ စိတ်နှလုံးအတွင်းထဲ၌ ပဋိပက္ခကို ဖြစ်ပေါ်စေလိမ့်မည်။ ၎င်းတို့ထဲမှ အချို့က “ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်မဟုတ်တော့၊ ကိုယ်တော်သည် ကျွန်ုပ် နောက်လိုက်လိုသော ဘုရားသခင် မဟုတ်တော့ပေ။ အကယ်၍ ဤအရာမှာ ကိုယ်တော်ပြောသည့်အရာ ဖြစ်ပါက၊ ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီတော့သဖြင့် ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ ဆက်လိုက်ဖို့ မလိုအပ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အား သနားကရုဏာ၊ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းကို မပေးတော့ပါက၊ ကိုယ်တော့်နောက်သို့ ကျွန်ုပ် ဆက်၍လိုက်မည် မဟုတ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အပေါ် အတိုင်းမသိ သည်းခံခြင်းရှိမည်၊ ကျွန်ုပ်အပေါ် အမြဲစိတ်ရှည်ပြီး၊ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း၊ ကိုယ်တော်သည် စိတ်ရှည်ခြင်းဖြစ်ကြောင်း၊ ကိုယ်တော်သည် သည်းခံခြင်းဖြစ်ကြောင်း ကျွန်ုပ်ကို မြင်တွေ့ခွင့်ပေးမှသာ ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး၊ သို့မှသာ အဆုံးတိုင်အောင် ကိုယ်တော့်နောက်လိုက်ရန် ကျွန်ုပ်၌ ယုံကြည်စိတ်ချမှု ရှိလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်၌ ကိုယ်တော်၏ စိတ်ရှည်ခြင်းနှင့် သနားခြင်းကရုဏာ ရှိခြင်းကြောင့်၊ ကျွန်ုပ်၏မနာခံခြင်းနှင့် ကျွန်ုပ်၏ ကျူးလွန်မှုများက အကန့်အသတ်မရှိ ခွင့်လွတ်ခြင်းနှင့် လွတ်ငြိမ်းစေခြင်းကို ခံရနိုင်မည် ဖြစ်သည်၊ ထို့အပြင် ကျွန်ုပ်သည် အချိန်မရွေး နေရာမရွေး အပြစ်ပြုနိုင်မည်၊ အချိန်မရွေး နေရာမရွေး အပြစ်ဝန်ခံပြီး လွတ်ငြိမ်းရာရနိုင်မည် ဖြစ်၍ ကိုယ်တော့်အား အချိန်မရွေး နေရာမရွေး ဒေါသထွက်စေနိုင်မည် ဖြစ်သည်။ ကျွန်ုပ်နှင့်ပတ်သက်၍ ကိုယ်တော်၌ မည်သည့်ထင်မြင်ချက် သို့မဟုတ် သုံးသပ်ချက်မျှ မရှိသင့်ပေ။” ဟူ၍ပင် ဆိုကြလိမ့်မည်။ သင်တို့ တစ်ဦးတစ်ယောက်သည် ဤအရေးကိစ္စမျိုးကို လွန်စွာ ပုဂ္ဂလဓိဌာန်ကျကျ သို့မဟုတ် သတိပြုမိသောပုံစံဖြင့် တွေးကောင်းတွေးမည် မဟုတ်သော်လည်း၊ သင်သည် ဘုရားသခင်အား သင်၏အပြစ်များကို ခွင့်လွှတ်ရန်အတွက် တန်ဆာပလာတစ်ခုအဖြစ် သို့မဟုတ် သာယာသော ခရီးဆုံးပန်းတိုင်တစ်ခုကို ရောက်ရှိရန်အတွက် အသုံးပြုသည့် အရာဝတ္ထု တစ်ခုအဖြစ် သဘောထားသည့်အခါတိုင်း၊ သင်သည် အသက်ရှင်သော ဘုရားသခင်ကို သင်၏ရန်သူအဖြစ် သင်၏ ဆန့်ကျင်ဘက်၌ မသိမသာ ထားရှိပြီးပြီဖြစ်သည်။ ဤသည်မှာ ငါမြင်သောအရာ ဖြစ်သည်။ “ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သည်၊” “ကျွန်ုပ်သည် သမ္မာတရားကို အားထုတ်သည်၊” “ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်သဘောထားကို ပြောင်းလိုသည်၊” “ကျွန်ုပ်သည် အမှောင်စွမ်းအားမှ လွတ်မြောက်လိုသည်၊” “ကျွန်ုပ်သည် ဘုရားသခင်ကို ကျေနပ်စေလိုသည်၊” “ကျွန်ုပ်သည် ဘုရားသခင်ကို ကျိုးနွံနာခံလိုသည်၊” “ကျွန်ုပ်သည် ဘုရားသခင်အပေါ် သစ္စာရှိလိုပြီး ကျွန်ုပ်၏တာဝန်ကို ကောင်းစွာ ထမ်းရွက်လိုသည်၊” အစရှိသဖြင့် ထိုကဲ့သို့သော အရာတို့ကို သင် ဆက်၍ ပြောကောင်းပြောနိုင်သည်။ သို့သော်လည်း သင်၏စကားလုံးများသည် မည်မျှ ကြားကောင်းပါစေ၊ အယူအဆ မည်မျှကို သင်သိပါစေ၊ ထိုအယူအဆမှာ မည်သို့ပင် ထည်ဝါပါစေ သို့မဟုတ် သိက္ခာရှိပါစေ၊ အကြောင်းအရာ၏ အမှန်တရားမှာ ယခုတွင် ဘုရားသခင်အကြောင်း ကောက်ချက်များချရန်အတွက် သင်တို့ ကျွမ်းကျင် တတ်မြောက်ထားသော စည်းမျဉ်းများ၊ သြဝါဒများ၊ အယူအဆများအား မည်ကဲ့သို့အသုံးပြုပုံကို လေ့လာထားပြီးသည့် များစွာသောသင်တို့ ရှိသောကြောင့်၊ ဘုရားသခင်အား သင်တို့နှင့် ဆန့်ကျင်ဘက်၌ အလိုအလျောက် ထားကြခြင်း ဖြစ်သည်။ သင်သည် ကျမ်းဟောင်းတရားများနှင့် သြဝါဒများကို ကျွမ်းကျင်တတ်မြောက်ပြီး ဖြစ်နိုင်သော်လည်း၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ အမှန်တကယ် မဝင်ရောက်သေးသဖြင့် ဘုရားသခင်နှင့် နီးကပ်ရန်၊ ဘုရားသခင်ကို သိရန်နှင့်၊ ဘုရားသခင်ကို နားလည်ရန်မှာ သင့်အတွက် အလွန်ခက်ခဲပေသည်။ ဤသည်မှာ ကြေကွဲဝမ်းနည်းဖွယ်ပါတကား။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၆)

သူ၏အမှုတော်အတွင်း ထွက်ပြေးသောသူများအပေါ် ဘုရားသခင်၏ သဘောထား

ဤကဲ့သို့သော လူများမှာ နေရာတကာတွင်ရှိသည်- ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးနှင့်ပတ်သက်၍ သေချာသိပြီးသောအခါ၊ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ဆက်စကား တစ်ခွန်းမျှမပြောဘဲ၊ ၎င်းတို့၏ စိတ်နှလုံး အလိုဆန္ဒရှိတိုင်း သွားလုပ်ရန် တိတ်တဆိတ် ထွက်ခွာသွားကြသည်။ ယခုလောလောဆယ်တွင် ဤလူတို့ ထွက်ခွာသွားရသည့် အကြောင်းရင်းများကို ငါတို့ အသေးစိတ် ကြည့်မည်မဟုတ်ပေ။ ဤကဲ့သို့သော လူမျိုးအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ဖြစ်ကြောင်းကို ပထမဦးစွာ ငါတို့ကြည့်ကြမည်။ ၎င်းမှာ အလွန်ရှင်းပါသည်။ ဤလူတို့ ထွက်သွားသည့် အခိုက်အတန့်မှစ၍ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့၏ ယုံကြည်မှုသက်တမ်း ကုန်လွန်ပြီဖြစ်သည်။ သက်တမ်းကို အဆုံးသတ်ခဲ့သူမှာ ဤလူကိုယ်တိုင်မဟုတ်ဘဲ၊ ဘုရားသခင်သာ ဖြစ်သည်။ ဤလူက ဘုရားသခင်အား စွန့်ခွာခဲ့ခြင်းမှာ ၎င်းတို့သည် ဘုရားသခင်အား ငြင်းပယ်ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို အလိုမရှိတော့ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံတော့ကြောင်းကို ဆိုလိုသည်။ ဤသို့သောလူတို့က ဘုရားသခင်ကို အလိုမရှိသည့်အတွက် ဘုရားသခင်က ၎င်းတို့အား အလိုရှိနိုင်ဦးမည်လော။ ထိုမျှမက ဤကဲ့သို့သော လူတို့က ဤသဘောထားမျိုး၊ ဤအမြင်မျိုးကို ပိုင်ဆိုင်ပြီး ဘုရားသခင်ကို စွန့်ခွာရန် ဆုံးဖြတ်လာပြီးသောအခါ၊ ၎င်းတို့သည် ဒေါသပေါက်ကွဲပြီး ဘုရားသခင်ကို ဆဲဆိုခြင်း မရှိခဲ့ကြစေကာမူ၊ ၎င်းတို့သည် ဆိုးညစ်သော သို့မဟုတ် လွန်ကဲသော မည်သည့်အပြုအမူကိုမျှ မပြုခဲ့ကြစေကာမူ၊ ထို့ပြင် ဤလူတို့က “ကျွန်ုပ်သည် အပြင်တွင် အီလောက်သည်အထိ ပျော်ပါးခဲ့ပြီးသော သို့မဟုတ် တစ်စုံတစ်ခုအတွက် ဘုရားသခင်ကို ကျွန်ုပ် လိုအပ်သေးသောတစ်နေ့ ရောက်ရှိလာပါက၊ ကျွန်ုပ်ပြန်လာမည်။ သို့မဟုတ် အကယ်၍ ဘုရားသခင်သည် ကျွန်ုပ်ကို ခေါ်ဆိုပါက ကျွန်ုပ် ပြန်လာမည်။” ဟု စဉ်းစားနေကြသည် သို့မဟုတ် ၎င်းတို့က “ကျွန်ုပ်သည် အပြင်၌ ထိခိုက်နာကျင်သည့်အခါ၊ သို့မဟုတ် အပြင်လောကသည် အလွန်မှောင်မိုက်၍ အလွန်ဆိုးယုတ်ကြောင်းကို ကျွန်ုပ် မြင်သောအခါနှင့် ကျွန်ုပ်သည် အလိုက်သင့်စီးမျောလိုခြင်း မရှိတော့သည့်အခါ ဘုရားသခင်ထံ ကျွန်ုပ်ပြန်လာမည်။” ဟု ပြောကြစေကာမူ၊ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို နှောင့်ယှက်ပြီးဖြစ်သည်။ ဤလူတို့သည် ၎င်းတို့၏စိတ်ထဲတွင် မည်သည့်အချိန် အတိအကျ၌ ၎င်းတို့ပြန်လာမည်ကို တွက်ချက်ထားသော်လည်း၊ ထို့ပြင် ၎င်းတို့သည် ၎င်းတို့၏အပြန်အတွက် တံခါးကိုဖွင့်ထားရန် ကြိုးစားထားသော်လည်း၊ ၎င်းတို့အနေဖြင့် မည်သည့်အရာကို ယုံကြည်ပြီး သို့မဟုတ် မည်သို့ပင် ကြံစည်စေကာမူ၊ ဤအရာအားလုံးမှာ ဆန္ဒအတွေးသက်သက်သာ ဖြစ်ကြောင်းကို ၎င်းတို့ သဘောမပေါက်ကြချေ။ ၎င်းတို့၏ အကြီးမားဆုံးအမှားမှာ ၎င်းတို့ ထွက်ခွာလိုသည့်ဆန္ဒက ဘုရားသခင်ကို မည်သို့ခံစားစေကြောင်း မသဲကွဲခြင်းပင် ဖြစ်သည်။ ဘုရားသခင်ကို စွန့်ခွာရန် သူတို့ ဆုံးဖြတ်ခဲ့သည့် အချိန်မှစ၍ပင်၊ ဘုရားသခင်က ၎င်းတို့ကို လုံးလုံးလျားလျား စွန့်ပစ်လိုက်သည်၊ ထိုစဉ်တွင် ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲ၌ ထိုသို့သောလူ၏ အဆုံးသတ်ကို သတ်မှတ်ထားပြီး ဖြစ်သည်။ ယင်းမှာ မည်သည့်အဆုံးသတ်နည်း။ ဤလူသည် သနားစရာ့ သတ္တဝါလေးများထဲမှ တစ်ကောင်ဖြစ်သဖြင့် အခြားသတ္တဝါတို့နှင့်အတူ ပျက်စီးခြင်းသို့ ရောက်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် ဘုရားသခင်ကို စွန့်ပစ်သော်လည်း၊ ပြစ်ဒဏ်ခတ်ခြင်းကို မခံရသည့် ဤအခြေအနေမျိုးကို လူတို့ မကြာခဏ မြင်ရခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် နိယာမများနှင့်အညီ စီမံခန့်ခွဲသည်။ အမှုအရာအချို့ကိုသာ မြင်ရနိုင်ပြီး အခြားအမှုအရာတို့မှာ ဘုရားသခင်၏ စိတ်နှလုံးထဲ၌သာ ဆုံးဖြတ်ချက်ချသောကြောင့်၊ လူတို့သည် ရလဒ်များကို မမြင်နိုင်ကြပေ။ လူတို့အတွက် မြင်ရသောအရာများမှာ အမှုအရာများ၏ စစ်မှန်သောဘက် သေချာပေါက် မဟုတ်ပေ၊ သို့သော်လည်း သင်မမြင်သောဘက်၊ ထိုတစ်ဘက်ခြမ်းတွင် ဘုရားသခင်၏ စစ်မှန်သော ရင်တွင်းဖြစ် အတွေးများနှင့် သုံးသပ်ချက်များ အမှန်ပင် ပါရှိလေသည်။

ဘုရားသခင်၏ အမှုတော်ကာလအတွင်း ထွက်ပြေးသောလူများမှာ စစ်မှန်သောလမ်းခရီးကို စွန့်ပစ်သောသူများပင် ဖြစ်သည်

ဘုရားသခင်သည် သူ၏ အလုပ်အချိန်ကာလတွင် ထွက်ပြေးကြသော ဤလူများအား အဘယ်ကြောင့် ထိုမျှပြင်းထန်သော အပြစ်ဒဏ်ကို ပေးသနည်း။ ၎င်းတို့အပေါ် အဘယ်ကြောင့် သူ အလွန်ဒေါသထွက်ရသနည်း။ ပထမဦးစွာ ဘုရားသခင်၏ စိတ်နေသဘောထားသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ ဖြစ်ကြောင်းကို ငါတို့သိကြသည်။ သူသည် လူတို့ အလိုရှိသည့်အတိုင်း ထိန်းချုပ်ခြင်းခံရမည့် ရုပ်သေးရုပ်တစ်ခု ဖြစ်ဖို့မဆိုနှင့်၊ တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရမည့် သိုးတစ်ကောင် မဟုတ်ပေ။ သူသည် သြဇာပေးခံရမည့် ဘာမျှမရှိသော လေပွေတစ်ခုလည်း မဟုတ်ပေ။ သင်သည် ဘုရားသခင်တည်ရှိကြောင်းကို အမှန်တကယ်ယုံကြည်ပါက၊ သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသင့်ပြီး ဘုရားသခင်၏ အနှစ်သာရမှာ ဒေါသထွက်အောင် လုပ်ရမည့်အရာတစ်ခု မဟုတ်ကြောင်းကို သင် သိသင့်ပေသည်။ ဤဒေါသကို စကားတစ်လုံးအားဖြင့်၊ သို့မဟုတ် အတွေးတစ်ခု အားဖြင့်၊ သို့မဟုတ် ဆိုးညစ်သော အပြုအမူတစ်မျိုးမျိုးအားဖြင့်ဖြစ်စေ၊ သို့မဟုတ် သိမ်မွေ့သည့် အပြုအမူပုံစံ၊ သို့မဟုတ် လူတို့၏အမြင်နှင့် လူသားတို့၏ ကိုယ်ကျင့်တရားအားဖြင့် အတန်အသင့်ဖြစ်သော အပြုအမူအားဖြင့်ပင်ဖြစ်စေ ဖြစ်ပွားစေနိုင်သည်။ သို့တည်းမဟုတ် ယင်းကို သြဝါဒတစ်ခု သို့မဟုတ် အယူအဆသဘောတရား တစ်ခုအားဖြင့် နှိုးဆွပေးနိုင်သည်။ သို့သော်လည်း ဘုရားသခင်ကို သင် ဒေါသ ထွက်စေပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ အခွင့်အရေးပျောက်ဆုံးပြီး သင်၏ နောက်ဆုံးနေရက်များ ရောက်ရှိလာပြီဖြစ်သည်။ ဤသည်မှာ ဆိုးဝါးသော အရာတစ်ခုပင်။ အကယ်၍ ဘုရားသခင်အား ပုန်ကန်ပြစ်မှား၍ မရသည်ကို သင် နားမလည်ပါက၊ သင်သည် ဘုရားသခင်ကို မကြောက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် သူ့အား အချိန်တိုင်းလိုလို ပြစ်မှားနေခြင်း ဖြစ်နိုင်သည်။ သင်သည် ဘုရားသခင်အား မည်ကဲ့သို့ ကြောက်ရွံ့ရမည်ကို မသိပါက၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း မရှိသည့်အပြင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း လမ်းကြောင်းပေါ်သို့ မိမိကိုယ်ကိုယ် မည်သို့ထားရှိရမည်ကို သိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ပြစ်မှား၍မရကြောင်း သတိပြုမိလာပြီး အသိနိုးကြားသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်း သိလိမ့်မည်ဖြစ်သည်။

ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ လမ်းကြောင်းတွင် လျှောက်ခြင်းမှာ သမ္မာတရားကို သင်မည်မျှသိသည်၊ စမ်းသပ်မှု မည်မျှကို သင် ကြုံတွေ့ခဲ့ဖူးသည် သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းကို သင်မည်မျှခံခဲ့ဖူးသည် ဟူသည့်အကြောင်း သေချာပေါက် မဟုတ်ပေ။ ယင်းထက် ၎င်းမှာ သင်၏ စိတ်နှလုံး၌ ဘုရားသခင်အပေါ် သင် ထားရှိသည့် သဘောထားမျိုးနှင့် မည်သည့် အနှစ်သာရကို သင် ဖော်ပြသည် ဆိုသည့်အပေါ် မူတည်သည်။ လူတို့၏အနှစ်သာရများနှင့် သူတို့၏ ပုဂ္ဂလဓိဌာန်ကျသော သဘောထားများ၊ ဤအရာများမှာ အလွန်အရေးကြီးပြီး အလွန်အဓိကကျသည်။ ဘုရားသခင်ကို ကျောခိုင်းပြီး စွန့်ခွာသွားခဲ့သော ထိုလူများနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ဘုရားသခင်အပေါ် စက်ဆုပ်ဖွယ် သဘောထားများနှင့် သမ္မာတရားကို မထီမဲ့မြင်ပြုသော ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ စိတ်နေသဘောထားကို အနှောင့်အယှက်ဖြစ်စေနှင့်ပြီ ဖြစ်သောကြောင့် ဘုရားသခင်နှင့် ပတ်သက်သရွေ့ ၎င်းတို့သည် မည်သည့်အခါမျှ ခွင့်လွှတ်ခြင်း ခံရလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို သိထားကြပြီ၊ ဘုရားသခင် ရောက်ရှိပြီဖြစ်ကြောင်း သတင်းရရှိခဲ့ပြီဖြစ်ပြီး၊ ဘုရားသခင်၏ အသစ်သောအမှုကိုပင် ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့၏ ထွက်ခွာခြင်းမှာ ၎င်းတို့သည် ထွက်ခွာသွားရန် အတင်းအကျပ် ဖိအားပေးခံရဖို့ မဆိုထားနှင့်၊ ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့် ဝိုးတိုးဝါးတား ဖြစ်ခြင်းကိစ္စတစ်ခု မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် အသိနိုးကြားလျက်နှင့် ပြတ်သားသောစိတ်ဖြင့် ဘုရားသခင်ကို စွန့်ခွာရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ထွက်ခွာခြင်းမှာ ၎င်းတို့ လမ်းပျောက်ခြင်းကိစ္စ မဟုတ်သကဲ့သို့၊ ၎င်းတို့ နှင်ထုတ်ခံရခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် ၎င်းတို့မှာ အပြင်တွင် မိမိ၏လမ်းပျောက်ဆုံးသော ပျောက်သောသားများ ဖြစ်ဖို့နေနေသာသာ၊ သိုးအုပ်ထဲမှ လမ်းလွဲသွားသော သိုးများပင် မဟုတ်ကြပေ။ ၎င်းတို့သည် ဒဏ်ခတ်မခံရဘဲ ထွက်ခွာခဲ့ကြပြီး ယင်းအနေအထားတစ်ခု၊ ယင်းအခြေအနေ တစ်ခုက ဘုရားသခင်၏ စိတ်နေသဘောထားကို အနှောင့်အယှက် ဖြစ်စေကာ၊ ဤအနှောင့်အယှက် ဖြစ်စေခြင်းကြောင့် သူသည် ၎င်းတို့အား မျှော်လင့်ချက်မဲ့သော အဆုံးသတ်များကို ပေးခြင်းဖြစ်လေသည်။ ဤကဲ့သို့သော အဆုံးသတ် ရလဒ်မျိုးမှာ ကြောက်မက်ဖွယ် မကောင်းသလော။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို မသိပါက ဘုရားသခင်ကို ပြစ်မှားမိနိုင်သည်။ ဤအရာမှာ သေးငယ်သောကိစ္စ မဟုတ်ပါပေ။ အကယ်၍ လူတို့သည် ဘုရားသခင်၏ သဘောထားကို အလေးအနက်မထားဘဲ၊ မိမိတို့သည် သူ၏ ပျောက်ဆုံးနေသော သိုးများဖြစ်ပြီး ပြောင်းလဲသော စိတ်နှလုံးသားရှိရန် သူတို့ကို ဘုရားသခင်ဆက်၍ စောင့်ဆိုင်းနေခြင်းဖြစ်သောကြောင့်၊ သူတို့ပြန်အလာကို ဘုရားသခင်က မျှော်နေသည်ဟု ယုံကြည်နေသေးပါက၊ ဤလူတို့သည် မိမိတို့၏ ပြစ်ဒဏ်ခတ်ခံရမည့်နေ့ရက်နှင့် မဝေးလှချေ။ ဘုရားသခင်သည် ၎င်းတို့အား လက်ခံရန် ငြင်းပယ်ရုံငြင်းပယ်လိမ့်မည် မဟုတ်ပေ၊ ဤသည်မှာ သူ၏ စိတ်သဘောထားကို ၎င်းတို့ အနှောင့်အယှက်ပေးခြင်းက ဒုတိယအကြိမ် ဖြစ်သည့်အတွက် ထိုကိစ္စမှာ ပို၍ပင် ဆိုးဝါးလှသည်တကား။ ဤလူတို့၏ မရိုသေသော သဘောထားများက ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ပြီးဖြစ်လေသည်။ ဘုရားသခင်သည် ၎င်းတို့ကို လက်ခံလိမ့်ဦး မည်လော။ သူ၏စိတ်နှလုံးထဲတွင် ဤအကြောင်းအရာနှင့် ပတ်သက်သည့် ဘုရားသခင်၏ နိယာမများမှာ၊ အကယ်၍ တစ်စုံတစ်ဦးသည် စစ်မှန်သောလမ်းခရီးက အဘယ်လမ်းဖြစ်သည် ဟူသည့်အကြောင်းကို သေချာမှု ရထားလင့်ကစား၊ ဘုရားသခင်ကို အသိနိုးကြားလျက်နှင့် ပြတ်သားသောစိတ်ဖြင့် ငြင်းပယ်နိုင်သေးပြီး ဘုရားသခင်ထံမှ သွေဖည်ပါက၊ ဘုရားသခင်သည် ထိုသို့သောလူ၏ ကယ်တင်ခြင်းလမ်းကို ပိတ်ဆို့ပြီး နိုင်ငံတော်၏ ဂိတ်ဝသည် ဤအချိန်မှစ၍ ထိုသူအတွက် ပိတ်ထားလိမ့်မည် ဖြစ်သည်။ ဤလူသည် နောက်ထပ်တစ်ကြိမ် တံခါးလာခေါက်သည့်အခါ၊ ဘုရားသခင်သည် တံခါးဖွင့်ပေးလိမ့်မည် မဟုတ်ပေ။ ဤလူကို ထာဝရ အဝင်ခံလိမ့်မည်မဟုတ်ပေ။ သင်တို့အချို့သည် သမ္မာကျမ်းစာထဲမှ မောရှေ၏ ဇာတ်ကြောင်းကို ဖတ်ဖူးကောင်း ဖတ်ဖူးကြမည် ဖြစ်သည်။ မောရှေသည် ဘုရားသခင်၏ ဘိသိက်ပေးခြင်း ခံခဲ့ရပြီးနောက် သူ၏ လုပ်ဆောင်ချက်များနှင့် အမျိုးမျိုးသော အခြားအကြောင်းရင်းများကြောင့်၊ ခေါင်းဆောင်အယောက် ၂၅၀ တို့က မောရှေအား သူတို့၏ မနာခံမှုကို ပြသခဲ့ကြသည်။ ၎င်းတို့သည် မည်သူ့ကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့ကြသနည်း။ ၎င်းက မောရှေမဟုတ်ပါ။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်မှုများကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့ကြသည်၊ ၎င်းတို့သည် ဤအရေးနှင့်ပတ်သက်၍ ဘုရားသခင်၏အမှုကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့က ဆက်လက်ဖော်ပြပါအတိုင်း ပြောခဲ့ကြသည်မှာ- “သင်တို့သည် ပရိသတ်အပေါ် အလွန်အကျွံ တာဝန်ယူကြ၏။ ပရိသတ်အပေါင်း၊ အယောက်တိုင်းတို့သည် သန့်ရှင်းကြသည်ကို မြင်ရပြီး ယေဟောဝါသည် သူတို့အလယ်တွင် ရှိတော်မူ၏။” ဟူ၍ဖြစ်သည်။ လူသား၏ ရှုထောင့်အမြင်မှနေ၍ ဤစကားများနှင့် စာကြောင်းများမှာ အလွန်လေးနက် ပြင်းထန်သလော။ ၎င်းတို့မှာ မပြင်းထန်ပါပေ။ အနည်းဆုံးအနေဖြင့် ဤစကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်မှာ မပြင်းထန်ပေ။ တရားဥပဒေ သဘောအရ ၎င်းတို့မှာ မည်သည့်ဥပဒေကိုမျှ ချိုးဖောက်ခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်း၌ မည်သည့် ရုန့်ရင်းကြမ်းတမ်းသော ဂယက်အနက်များ ပါဖို့မဆိုထားနှင့်၊ ယင်း၏ တကယ့်အပေါ်ယံ၌ ဤသည်မှာ ရန်လိုသော အသုံးအနှုန်း သို့မဟုတ် ဝေါဟာရပင် မဟုတ်ပေ။ ဤသည်တို့မှာ သာမန်ဝါကျများဖြစ်ပြီး ဘာမျှမပိုပေ။ ထိုသို့ဆိုလျှင် ဤစကားလုံးများက ဘုရားသခင်ထံမှ အမျက်ကို အဘယ်ကြောင့် နှိုးဆော်နိုင်သနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ထိုစကားများမှာ လူကို ပြောဆိုခြင်းမဟုတ်ဘဲ၊ ဘုရားသခင်ကို ပြောဆိုနေခြင်းပင် ဖြစ်သည်။ ၎င်းတို့ ထုတ်ဖော်ပြသော သဘောထားနှင့် စိတ်သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက်ဖြစ်စေသောအရာ အတိအကျပင်ဖြစ်ပြီး၊ အထူးသဖြင့် ပုန်ကန်ပြစ်မှား၍ မရသည့် ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ ပုန်ကန်ပြစ်မှားကြခြင်း ဖြစ်သည်။ နောက်ဆုံး၌ ထိုခေါင်းဆောင်တို့၏ အဆုံးသတ်များမှာ မည်သည့်အရာ ဖြစ်ကြောင်းကို ငါတို့အားလုံးသိကြသည်။ ဘုရားသခင်ကို စွန့်လွှတ်ထားခဲ့သော သူများနှင့်ပတ်သက်၍ ၎င်းတို့၏ ရှုထောင့်မှာ အဘယ်နည်း။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ထို့ပြင် ၎င်းတို့၏ ရှုထောင့်နှင့် သဘောထားက ဘုရားသခင်အား ၎င်းတို့ကို ထိုကဲ့သို့သော ပုံစံဖြင့် အဘယ်ကြောင့် ကိုင်တွယ်ဖြေရှင်းစေသနည်း။ အကြောင်းရင်းမှာ ၎င်းတို့က သူသည် ဘုရားသခင်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိကြသော်လည်း၊ သူတို့သည် သူ့ကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့သေးသောကြောင့်ဖြစ်ပြီး ထိုအကြောင်းကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းအတွက် ၎င်းတို့၏ အခွင့်အရေးကို လုံးလုံးလျားလျား ချွတ်ယူခံရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ ထဲတွင် ရေးထားသည်နှင့်အညီ၊ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။” (ဟေဗြဲ သြဝါဒစာ ၁၀:၂၆) ဟူ၍ ဖြစ်သည်။ ယခု ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်တို့တွင် ရှင်းလင်းသော နားလည်မှု ရှိပြီလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၇)

လူတို့၏ ကံကြမ္မာများကို ဘုရားသခင်အပေါ်၌ရှိသော သူတို့၏ သဘောထားအားဖြင့် ဆုံးဖြတ်သည်

ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်ဖြစ်ပြီး လူတို့က ခြားနားသော အခြေအနေများတွင် ခြားနားစွာ ပြုမူကြသကဲ့သို့၊ ဘုရားသခင်သည် ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့ ဘာမျှမရှိသော လေတစ်ပွေ မဟုတ်သောကြောင့်၊ ဤပြုမူချက်များအပေါ် သူ၏သဘောထားမှာ ကွဲပြား ပေသည်။ ဘုရားသခင်၏ သဘောထားကိုသိရခြင်းမှာ လူသားမျိုးနွယ် အတွက် ထိုက်သင့်သော လေ့လာလိုက်စားမှု တစ်ခုပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ သဘောထားကို သိခြင်းအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်းချင်း မည်ကဲ့သို့သိနိုင်မည့်အကြောင်းနှင့် သူ၏စိတ်နှလုံးကို နားလည်လာရန် လေ့လာသင်ယူသင့်သည်။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို တဖြည်းဖြည်းချင်း နားလည်လာသောအခါ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းမှာ လုပ်ဆောင်ပြီးမြောက်ဖို့ အင်မတန်ခက်ခဲသောအရာတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သင်သည် ဘုရားသခင်ကို နားလည်သည့်အခါ၊ သင်သည် သူနှင့်ပတ်သက်၍ ကောက်ချက်များချရန် အလားအလာ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အကြောင်း ကောက်ချက်များချခြင်းကို သင် ရပ်လိုက်သည့်အခါ၊ သင်သည် ဘုရားသခင်ကို ပြစ်မှားရန် အလားအလာ လျော့နည်းသွားမည် ဖြစ်ပြီး ဘုရားသခင်သည် သင့်အား သူ၏အကြောင်း သိကျွမ်းခြင်းရရှိစေရန် သင်သတိမထားလိုက်ဘဲ၊ ဦးဆောင်သွားမည် ဖြစ်သဖြင့် ဤအရာက သင်၏စိတ်နှလုံးကို ဘုရားသခင်အား ချစ်ကြောက်ရိုသေနှင့် ပြည့်ဝစေလိမ့်မည် ဖြစ်သည်။ ထိုအခါ သင်ကျွမ်းကျင်တတ်မြောက်သော သြဝါဒများ၊ ကျမ်းဟောင်းတရားများနှင့် အယူအဆ သဘောတရားများကို အသုံးပြု၍ ဘုရားသခင်အား အဓိပ္ပာယ်ဖွင့်ခြင်းကို သင်ရပ်တန့်လိမ့်မည် ဖြစ်သည်။ ထိုအစား အရာခပ်သိမ်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အစဉ်ရှာဖွေခြင်းဖြင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သော လူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာလေမည်။

ဘုရားသခင်၏အမှုကို လူသားများက မြင်နိုင်ခြင်းနှင့် ကိုင်တွယ်နိုင်ခြင်း မရှိသော်လည်း၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူ့အပေါ် လူတစ်ဦး တစ်ယောက်ချင်းစီ၏ သဘောထားနှင့်အတူ လုပ်ဆောင်ချက်များမှာ ဘုရားသခင် အတွက် သိသာထင်ရှားသည်သာမက မြင်လည်းမြင်နိုင်ပေသည်။ ဤအရာမှာ လူတိုင်းလက်ခံထားပြီး ရှင်းရှင်းလင်းလင်း သိသင့်သောအရာ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် “ဤနေရာတွင် ကျွန်ုပ် လုပ်နေသောအရာကို ဘုရားသခင် သိသလော။ ယခုလက်ငင်း ကျွန်ုပ်တွေးနေသောအရာကို သူသိသလော။ သူ သိကောင်းသိနိုင်သည်၊ မသိကောင်းလည်း မသိနိုင်။” ဟု အမြဲတစေ မေးနေနိုင်သည်။ အကယ်၍ သင်သည် ဤသို့ရှုထောင့်မျိုးကို ခံယူကာ ဘုရားသခင်ကို ယုံကြည်ပြီး နောက်သို့လိုက်နေလျက်နှင့် သူ၏အမှုနှင့် သူ၏တည်ရှိခြင်းကို သံသယထားပါက၊ သင်သည် အန္တရာယ်ရှိသော ချောက်ကမ်းပါးတစ်ခု၏ အစပ်တွင် ယိုင်တီးယိုင်တိုင် လျှောက်နေပြီ ဖြစ်သောကြောင့်၊ သင် သူ၏ဒေါသကို နိုးဆွပေးမည့် နေ့ရက်တစ်ခု အနှေးနှင့်အမြန် ရောက်လာမည် ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးသော်လည်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ မဆိုနှင့်၊ သမ္မာတရား၏ စစ်မှန်မှုကို မရသေးသော လူတို့ကို ငါတွေ့မြင်ခဲ့ပြီ။ ဤလူတို့သည် ၎င်းတို့၏ဘဝနှင့် ဝိညာဉ်ရင့်ကျက်မှု၌ တိုးတက်မှုမရှိဘဲ၊ အတိမ်ပါးဆုံးသော သြဝါဒများကိုသာ လိုက်နာစောင့်ထိန်းလျက် ရှိကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယ်၌ကို အသက်အဖြစ် မည်သည့်အခါမျှ သဘောထားခြင်း မရှိဖူးခဲ့ကြသည့်အပြင်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မည်သည့်အခါမျှ ရင်ဆိုင်ခြင်းနှင့် လက်ခံခြင်း မရှိဖူးခဲ့ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူများကိုမြင်သောအခါ၊ ပျော်ရွှင်မှုဖြင့် ပြည့်နေမည်ဟု သင် ထင်သလော။ ၎င်းတို့သည် သူ့ကို စိတ်ချမ်းသာစေကြသလော။ ထို့ကြောင့် ယင်းမှာ ၎င်းတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် ဘုရားသခင်အပေါ် လူတို့ ယုံကြည်သည့်ပုံစံပင် ဖြစ်သည်။ လူတို့က ဘုရားသခင်ကို မည်သို့ရှာဖွေပြီး၊ မည်သို့ချဉ်းကပ်ကြောင်းနှင့် ပတ်သက်၍ လူတို့၏ သဘောထားများသည် အထူးသဖြင့် အရေးကြီးပါသည်။ ဘုရားသခင်သည် သင်၏ ဦးခေါင်းအနောက်ဘက်မှ ဘာမျှမရှိသော လေထုကဲ့သို့သမျှ သူ့အား လျစ်လျူမရှုနှင့်။ သင် ယုံကြည်သော ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်၊ စစ်မှန်သောဘုရားသခင် ဖြစ်ကြောင်းကို အမြဲ ဆင်ခြင်လော့။ သူသည် ဘာမျှလုပ်စရာမရှိဘဲ တတိယကောင်းကင်ဘုံထက်၌ ငုတ်တုတ်ထိုင်နေခြင်း မဟုတ်ပါ။ ထို့ထက် သူသည် အယောက်တိုင်းစီ၏ စိတ်နှလုံးထဲကို အစဉ်မပြတ် ကြည့်ရှုစစ်ဆေးလျက်၊ သင် လုပ်ဆောင်မည့်အရာကို အကဲခတ်ခြင်း၊ သင်၏ သေးငယ်သော စကားလုံးတိုင်းနှင့် သေးငယ်သော လုပ်ဆောင်မှုတိုင်းကို စောင့်ကြည့်ခြင်း၊ သင် မည်ကဲ့သို့ပြုမူပုံကို စောင့်ကြည့်ခြင်းနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားမှာ အဘယ်သို့ရှိကြောင်းကို ကြည့်မြင်ခြင်းတို့ကို ပြုလုပ်နေသည်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ပေးလိုသည်ဖြစ်စေ မပေးလိုသည်ဖြစ်စေ၊ သင်၏အပြုအမူနှင့် သင်၏ အတွင်းကျကျ အတွေးများနှင့် စိတ်ကူးများအားလုံးသည် ဘုရားသခင်ရှေ့၌ ထီးတည်းပြသလျက် ရှိပြီး သူ၏စောင့်ကြည့်ခြင်းကို ခံနေကြရသည်။ သင်၏ အပြုအမူကြောင့်၊ သင်၏ လုပ်ဆောင်ချက်များကြောင့်အပြင် ဘုရားသခင်အပေါ် သင်၏သဘောထားကြောင့် သင့်အပေါ် သူ၏ခံယူချက်နှင့် သင့်အပေါ် သူ၏သဘောထားမှာ အဆက်မပြတ် ပြောင်းလဲနေခြင်း ဖြစ်သည်။ လူတချို့ကို ငါအကြံတချို့ ပေးလိုသည်- ဘုရားသခင်သည် သင့်ကို အလွန်ချစ်သင့်သကဲ့သို့၊ သင့်ကို သူဘယ်သောအခါမျှ မစွန့်ခွာနိုင်သကဲ့သို့၊ သင့်အပေါ် သူ၏ သဘောထားမှာ လုံးဝပုံသေဖြစ်ပြီး ဘယ်သောအခါမျှ မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်၏ လက်ထဲတွင် မွေးကင်းစကလေးများကဲ့သို့ သင်တို့ကိုယ်သင်တို့ မထားကြနှင့်၊ ထို့ပြင် စိတ်ကူးယဉ်နေသည်ကို ရပ်တန့်လိုက်ဖို့ သင့်ကို ငါအကြံပေးသည်။ ဘုရားသခင်သည် လူအယောက်စီတိုင်းအပေါ် သူ၏ဆက်ဆံမှု၌ ဖြောင့်မတ်ပေသည်၊ ပြီးလျှင် လူတို့အား သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်း အမှုတို့အတွက် သူ၏လုပ်ကိုင်ပုံ၌ အလွန်စိတ်အားထက်သန်သည်။ ဤသည်မှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သည်။ သူသည် လူတစ်ဦးချင်းစီကို နောက်ပြောင်ကျီစယ်စရာ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ မဟုတ်ဘဲ၊ အလေးအနက်ထား၍ ဆက်ဆံသည်။ လူသားများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ပိုးမွေးသကဲ့သို့သော သို့မဟုတ် အလိုလိုက်ပြီး ပျက်စီးစေသော ချစ်ခြင်းမေတ္တာမျိုး မဟုတ်သကဲ့သို့ လူသားမျိုးနွယ်အပေါ် သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းမှာ အလိုလိုက်ခြင်း သို့မဟုတ် အမှုမဲ့အမှတ်မဲ့ပြုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားများအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အမြတ်တနိုးထားခြင်း၊ သနားကြင်နာခြင်းနှင့် ဘဝကို အလေးထားခြင်းတို့ ပါဝင်သည်၊ သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းသည် လူအပေါ် သူ၏မျှော်မှန်းချက်များကို သိရှိစေပြီး၊ ယင်းတို့မှာ လူသားတို့ အသက်ဆက်ရန်အတွက် လိုအပ်သောအရာပင် ဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်ပြီး အမှန်တကယ် တည်ရှိသည်၊ လူသားမျိုးနွယ်အပေါ် သူ၏သဘောထားမှာ စည်းစနစ်ကျပြီး တရားသေ စည်းမျဉ်းများ တစ်ပွေ့တစ်ပိုက် လုံးဝမဟုတ်ဘဲ၊ ၎င်းမှာ ပြောင်းလဲနိုင်သည်။ လူသားတို့အပေါ် သူ၏ ရည်ရွယ်ချက်များသည် အချိန်နှင့်အမျှ၊ အခြေအနေ ဖြစ်ပေါ်လာသည့်အပေါ် မူတည်ပြီး လူအယောက်စီတိုင်း၏ သဘောထားအလိုက် တဖြည်းဖြည်း ပြောင်းလဲလျက် အသွင်ပြောင်းနေ၏။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အနှစ်သာရမှာ ပြောင်းလဲခြင်းမရှိကြောင်း နှင့် သူ၏ စိတ်သဘောထားသည် မတူညီသော အချိန်များနှင့် မတူညီသော အခြေအနေများတွင် ထွက်ပေါ်လာလိမ့်မည် ဖြစ်ကြောင်းကို သင်၏ စိတ်နှလုံးထဲတွင် လုံးလုံးလျားလျား ရှင်းလင်းပြတ်သားမှုဖြင့် သိထားသင့်သည်။ ဤအရာမှာ လေးနက်သော ကိစ္စတစ်ခုဖြစ်သည်ဟု သင် ထင်ကောင်းထင်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်က အမှုအရာတို့ကို မည်ကဲ့သို့ ပြုသင့်ကြောင်း စိတ်ကူးရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို သင်အသုံးပြုကောင်း ပြုမည်။ သို့သော်လည်း သင့်ရှုထောင့်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည့်အရာသည် မှန်ကန်သည့် အချိန်များရှိပြီး ဘုရားသခင်ကို ကြိုးစား၍ တွက်ချက်ရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို အသုံးပြုခြင်းဖြင့် သင်သည် သူ့ကို ဒေါသထွက်စေပြီးပြီ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူပြုမည်ဟု သင်ထင်သည့်နည်းအတိုင်း စီမံခန့်ခွဲခြင်း မဟုတ်သည့်အပြင်၊ ဤအကြောင်းအရာကို ဤသို့သူမှတ်ယူမည်ဟု သင်ပြောသည့်အတိုင်း မမှတ်ယူခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ပတ်လည်၌ရှိသော အရာမှန်သမျှအပေါ် သင် ကိုင်တွယ်ဖြေရှင်းရာတွင် သတိထားရန်နှင့် မြော်မြင်ချင့်ချိန်ရန်သာမက အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းသည့် နိယာမအား မည်ကဲ့သို့ လိုက်လျှောက်ရမည်ကို သင်ယူလေ့လာရန် သင့်အား ငါသတိပေးခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်နှင့် ဘုရားသခင်၏ သဘောထားဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ ခိုင်ခံ့သော နားလည်ခြင်းတစ်ခု တိုးပွားလာရမည်၊ ဤအကြောင်းအရာများကို ပြောဆိုဆွေးနွေးပေးရန် ဉာဏ်အလင်းဖွင့်ပြခံရသောလူများကို ရှာရမည်ဖြစ်ပြီး သင် အလွန်စိတ်ထက်သန်စွာ ရှာဖွေရမည်။ သင်ယုံကြည်သည့် ဘုရားသခင်ကို သဘောရှိ တရားစီရင်ခြင်း၊ သူ့အပေါ် စိတ်ထင်ရာ ကောက်ချက်ချခြင်းများနှင့်၊ ဘုရားသခင်နှင့်ထိုက်တန်သော ရိုသေလေးစားမှုဖြင့် ဘုရားသခင်အား မဆက်ဆံခြင်းအားဖြင့် ရုပ်သေးရုပ် တစ်ရုပ်အဖြစ် မရှုမြင်နှင့်။ ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်း ယူဆောင်လာစဉ်နှင့် သင်၏ အဆုံးသတ်ကို သတ်မှတ်နေစဉ် သူသည် သင့်အား သနားခြင်းကရုဏာ၊ သို့မဟုတ် သည်းခံခြင်း၊ သို့မဟုတ် တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းကို ပေးကောင်း ပေးနိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေ သင့်အပေါ် သူ၏ သဘောထားမှာ ပုံသေမဟုတ်ပေ။ ၎င်းမှာ ဘုရားသခင်အပေါ် သင်၏သဘောထားသာမက သူ့အပေါ် သင်၏ သိနားလည်ခြင်းအပေါ် မူတည်သည်။ ဘုရားသခင်အပေါ် တစ်ခဏမျှသာ ဖြစ်သော သင်၏သိခြင်း သို့မဟုတ် နားလည်မှု ရှုထောင့်တစ်ခုအား သူ့ကို ရာသက်ပန် အဓိပ္ပာယ်ဖွင့်ရန် အခွင့်မပေးနှင့်။ အသက်မရှိသော ဘုရားသခင်ကို မယုံကြနှင့်၊ အသက်ရှင်သော ဘုရားသခင်ကို ယုံကြည်ကြလော့။ ဤအရာကို အောက်မေ့ကြလော့။ ဤနေရာတွင် သင်တို့ကြားရန် လိုအပ်ခဲ့သော အမှန်တရားအချို့ကို ငါ ဆွေးနွေးပြီးသော်လည်း၊ သင်တို့၏ လက်ရှိ အခြေအနေနှင့် လက်ရှိ ဝိညာဉ်ရင့်ကျက်မှုအရ သင်တို့၏ စိတ်အားထက်သန်မှု မကုန်ခန်းစေရန်အတွက် ငါသည် ပို၍ကြီးမားသော မည်သည့် တောင်းဆိုချက်များကိုမျှ ပြုလုပ်မည်မဟုတ်ပေ။ ထိုသို့လုပ်ခြင်းသည် သင်တို့၏ စိတ်နှလုံးများကို စိတ်ဓာတ်ကျစရာ မြောက်များစွာနှင့် ပြည့်နှက်စေ၍ သင်တို့အား ဘုရားသခင်အပေါ် စိတ်ပျက်မှု မြောက်များစွာကို ခံစားရစေနိုင်ပါသည်။ ယင်းအစား သင်တို့သည် သင်တို့၏ စိတ်နှလုံးထဲ၌ရှိသည့် ဘုရားသခင်ကို ချစ်ခြင်းမေတ္တာကို အသုံးပြုနိုင်ပြီး ရှေ့တွင်ရှိသည့်လမ်းကြောင်း၌ လျှောက်လှမ်းသည့်အခါ၊ ဘုရားသခင်အပေါ် ရိုသေလေးစားသော သဘောထားတစ်ခုကို အသုံးပြုနိုင်မည်ဟု ငါမျှော်လင့်ပါသည်။ ဘုရားသခင် အပေါ် မည်သို့ယုံကြည်ရမည့် အကြောင်းအရာကို အိုးနင်းခွက်နင်း မပြုနှင့်။ ယင်းကို အကြီးမားဆုံးသော ရှိရင်းစွဲပြဿနာများထဲမှ တစ်ခုအဖြစ် သဘောထားလော့။ ၎င်းကို သင်၏ စိတ်နှလုံးထဲ၌ ထားလော့၊ ၎င်းကို လက်တွေ့လုပ်ဆောင်ပြီး၊ ၎င်းကို လက်တွေ့ဘဝနှင့် ဆက်စပ်လော့။ နှုတ်ပြောမျှဖြင့်သာ မပြုကြနှင့်၊ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ သေရေးရှင်ရေး ကိစ္စတစ်ခုဖြစ်ပြီး သင်၏ ကံတရားကို ဆုံးဖြတ်မည့် ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းကို ဟာသတစ်ခုအဖြစ် သို့မဟုတ် အလွန်လွယ်ကူသောအရာ တစ်ခုကဲ့သို့ သဘောမထားကြလေနှင့်။ ဤနှုတ်ကပတ်တော်များကို သင်တို့အား ယနေ့ ငါဝေငှပြီးနောက်တွင် သင်တို့၏ စိတ်နှလုံးက သိနားလည်ခြင်း အဘယ်မျှ ဆွတ်ခူးထားသည်ကို ငါသိလိုသည်။ ယနေ့ ဤနေရာတွင် ငါပြောခဲ့ပြီးသော အရာများနှင့်ပတ်သက်၍ သင်တို့မေးလိုသော မေးခွန်းတစ်စုံတစ်ရာ ရှိသလော။

ဤအကြောင်းအရာများမှာ အနည်းငယ် အသစ်ဖြစ်ပြီး သင်တို့၏ အမြင်များ၊ သင်တို့၏ ပုံမှန် လေ့လာလိုက်စားမှုများနှင့် အာရုံစိုက်သောအရာများနှင့် အနည်းငယ် ခြားနားသော်လည်း၊ ၎င်းတို့ကို အချိန်ကာလတစ်ခုအထိ သင်တို့ မိတ်သဟာယပြုပြီးသည့်အခါ ဤနေရာတွင် ငါပြောခဲ့ပြီးသော အရာတိုင်းအပေါ် သင်တို့၌ သာမန်သိနားလည်ခြင်း တိုးပွားလာမည်ဟု ငါထင်ပါသည်။ ဤအရာများမှာ လုံးဝအသစ်ချည်းဖြစ်ပြီး ယခင်က သင်တို့ ဆင်ခြင်သုံးသပ်ခြင်း လုံးဝမရှိခဲ့ဖူးသော အကြောင်းအရာအသစ်များ ဖြစ်သောကြောင့် ၎င်းတို့က မည်သည့်နည်းနှင့်မျှ သင်တို့၏ဝန်ကို ထပ်တိုးစေလိမ့်မည် မဟုတ်ဟု ငါမျှော်လင့်ပါသည်။ ငါသည် ယနေ့ ဤ နှုတ်ကပတ်တော်များကို သင်တို့အား ခြောက်လှန့်ရန် ပြောနေခြင်း မဟုတ်သည့်အပြင် သင်တို့ကို အရေးယူမည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနေခြင်းလည်း မဟုတ်ပေ။ ထို့ထက် ငါ၏ရည်မှန်းချက်မှာ အမှန်တရား၏ တကယ့် အချက်အလက်များကို သင်တို့နားလည်ဖို့ အကူအညီပေးရန်ပင် ဖြစ်သည်။ လူသားမျိုးနွယ်နှင့် ဘုရားသခင်အကြားတွင် ကွာဟချက်တစ်ခုရှိသောကြောင့် လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ နားလည်ခြင်း သို့မဟုတ် သူ၏သဘောထားကို သိခြင်း မရှိခဲ့ပေ။ လူတို့သည် ဘုရားသခင်၏ သဘောထားအတွက် သူတို့၏ အလေးထားမှုတွင် မည်သည့်အခါမျှ စိတ်အားထက်သန်ခဲ့ဖူးခြင်းလည်း မရှိပေ။ ထို့ထက် သူတို့သည် မမြင်မကန်းနှင့် ယုံကြည်လျက် ရှေ့ဆက်ခဲ့ပြီး ဘုရားသခင်အပေါ် သူတို့၏ သိကျွမ်းခြင်းနှင့် နားလည်မှုတွင် အရေးထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ငါသည် သင်တို့အတွက် ဤအကြောင်းအရာများကို ရှင်းလင်းရန်နှင့် သင်တို့ ယုံကြည်သော ဤဘုရားသခင်မှာ မည်ကဲ့သို့သော ဘုရားသခင်မျိုးဖြစ်ကြောင်းသာမက သူသည် မည်သည့်အရာကို စဉ်းစားနေကြောင်း၊ မတူညီသော လူအမျိုးမျိုးအပေါ် သူ၏ဆက်ဆံမှု၌ သူ၏သဘောထားမှာ မည်သည့်အရာဖြစ်ကြောင်း၊ သူ၏ သတ်မှတ်ချက်များ ဖြည့်ဆည်းခြင်းမှ သင်တို့ မည်မျှဝေးကွာနေကြောင်းနှင့် သင်တို့၏ လုပ်ဆောင်ချက်များနှင့် သူတောင်းဆိုသော စံနှုန်းအကြား ကွာဟချက်မှာ မည်မျှကြီးမားကြောင်း သင်တို့ နားလည်စေဖို့ မဖြစ်မနေကူညီရမည်ဟု ငါခံစားရသည်။ ဤအရာများကို သင်တို့အား အသိပေးခြင်း၏ ရည်မှန်းချက်မှာ မိမိကိုယ်ကိုယ် တိုင်းတာရမည့် စံတစ်ခုကိုပေးရန် ဖြစ်ပြီး သို့မှသာ သင်တို့ရှိနေသောလမ်းသည် မည်ကဲ့သို့သော အကျိုးဆက်မျိုးရှိရာဆီ ဦးတည်နေပြီဖြစ်ကြောင်း၊ ဤလမ်းပေါ်တွင် သင်တို့မရရှိသေးသော အရာများနှင့် မည်သည့်နယ်ပယ်များတွင် သင်တို့ တကယ်မပါဝင်ရသေးကြောင်း သင်တို့ သိလိမ့်မည်ဖြစ်သည်။ သင်တို့အကြားတွင် မိတ်သဟာယပြုသောအခါ၊ သင်တို့သည် အတိုင်းအတာ အလွန်ကျဉ်းမြောင်းပြီး အချက်အလက်၌ အလွန်တိမ်ပါးသည့် ဆွေးနွေးနေကျ အကြောင်းအရာများ အနည်းငယ်အပေါ်တွင် အများအားဖြင့် ပြောဆိုလေ့ရှိကြသည်။ သင်တို့ ဆွေးနွေးသောအရာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအကြား၌ လည်းကောင်း၊ သင်တို့၏ ဆွေးနွေးချက်များနှင့် ဘုရားသခင့် တောင်းဆိုချက်များ၏ အတိုင်းအတာနှင့် စံနှုန်းအကြားတွင် လည်းကောင်း အကွာအဝေးတစ်ခု၊ ကွာဟချက်တစ်ခု ရှိသည်။ ဤကဲ့သို့ ရှေ့ဆက်ခြင်းဖြင့် အချိန်ကြာလာသည်နှင့်အမျှ သင်တို့၏ လမ်းလွဲခြင်းသည် ဘုရားသခင်၏ လမ်းမှ ပို၍ပို၍ ဝေးကွာသွားစေလိမ့်မည် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များကို ယူ၍ ၎င်းတို့ကို ကိုးကွယ်ရာပစ္စည်းများအဖြစ် ပြောင်းလဲကာ၊ ၎င်းတို့ကို ထုံးတမ်းဓလေ့များနှင့် စည်းမျဉ်းများအဖြစ် ရှုမြင်နေကြသည်။ ၎င်းမှာ သင်တို့လုပ်နေသမျှပင် ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ဘုရားသခင်သည် သင်တို့၏ စိတ်နှလုံးထဲ၌ နေရာလုံးလုံး မရှိသည့်အပြင် သူသည် သင်တို့၏ စိတ်နှလုံးကို မည်သည့်အခါမျှ အမှန်တကယ် မရရှိခဲ့ပေ။ လူအချို့က ဘုရားသခင်ကို သိရန်မှာ အလွန်ခက်ခဲသည်ဟု ထင်ကြပြီး ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ ခက်ခဲပေစွ။ လူတို့ကို အပြင်ပန်းအားဖြင့် ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ရန်နှင့် အမှုအရာများကို လုပ်ဆောင်ပြီးစီးစေရန်အပြင် ကြိုးစားလုပ်ဆောင်ရန် ခိုင်းစေပါက၊ လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အလွန်လွယ်ကူသည်ဟု ထင်ကြလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုအရာအားလုံးမှာ လူ့တတ်နိုင်စွမ်း၏ အတိုင်းအတာအတွင်း၌ ရှိခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူသားတို့အပေါ် ဘုရားသခင်၏ သဘောထားဘက်သို့ အကြောင်းအရာ ပြောင်းသွားသည်နှင့်တစ်ပြိုင်နက်၊ လူတိုင်း၏ ရှုထောင့်မှနေ၍ အမှုအရာများက အမှန်တကယ် အနည်းငယ်ပို၍ ခက်ခဲလာသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဤအရာတွင် သမ္မာတရားအပေါ် လူတို့၏ နားလည်မှုနှင့် စစ်မှန်မှုထဲ သူတို့၏ ဝင်ရောက်ခြင်း ပါဝင်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ခက်ခဲမှု အတိုင်းအတာတစ်ခု အမှန်ပင် ရှိမည်ဖြစ်လေသည်။ သို့သော်လည်း သင်သည် ပထမတံခါးကို ဖြတ်ကျော်ပြီး ဝင်ရောက်မှုကို စတင်ရရှိပြီးနောက်တွင် ၎င်းတို့သည် တဖြည်းဖြည်း ပို၍ လွယ်ကူလာမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၈)

ဘုရားသခင်ကို ကြောက်ရွံခြင်း၏အစမှာ သူ့အား ဘုရားသခင်အဖြစ် ဆက်ဆံခြင်း ဖြစ်သည်

တစ်စုံတစ်ဦးက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယောဘထက်ပင် ပို၍သိသော်လည်း၊ ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်ကြောက်ရိုသေခြင်း မရှိနိုင်သေးသည်မှာ အဘယ်သို့နည်းဟူသော မေးခွန်းတစ်ခုကို ခုလေးတင် မေးခဲ့၏။ ဤအကြောင်းနှင့်ပတ်သက်၍ ယခင်က ကျွန်ုပ်တို့ အနည်းငယ် ဆွေးနွေးခဲ့သည်။ အမှန်အားဖြင့် ဤမေးခွန်း၏ အနှစ်သာရကိုလည်း ယခင်က ကျွန်ုပ်တို့ ဆွေးနွေးခဲ့ပြီးဖြစ်သည်၊ ၎င်းမှာ ယောဘသည် ထိုစဉ်အချိန်က ဘုရားသခင်ကို မသိခဲ့သော်လည်း၊ သူသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံခဲ့ပြီး သူ့အား ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်အဖြစ် မှတ်ယူခဲ့သည် ဟူသောအချက် ဖြစ်သည်။ ယောဘသည် ဘုရားသခင်အား ရန်သူတစ်ဦးအဖြစ် သဘောထားခဲ့ခြင်းမရှိပေ။ ယင်းထက်၊ သူသည် ဘုရားသခင်အား အရာခပ်သိမ်း၏ ဖန်ဆင်းရှင်အဖြစ် ကိုးကွယ်ခဲ့သည်။ ယနေ့ခေတ် လူတို့သည် ဘုရားသခင်ကို အဘယ်ကြောင့် အလွန်ပင် ဆန့်ကျင်ကြသနည်း။ ဘုရားသခင်ကို သူတို့ အဘယ်ကြောင့် မကြောက်ရွံ့နိုင်သနည်း။ အကြောင်းရင်းတစ်ခုမှာ ၎င်းတို့သည် စာတန်၏ အလွန်အမင်း ဖျက်ဆီးခြင်းကို ခံထားရပြီး အလွန်အမင်း အရိုးစွဲနေသည့် ဆိုးယုတ်သော သဘာဝနှင့်အတူ သူတို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး လက်ခံကြသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံပြုပြီး ၎င်းတို့ကိုယ်ကို ဘုရားသခင်အား ဆန့်ကျင်သည့် အခြေအနေတွင် ရောက်နိုင်ကြသေးကြသည်။ ဤအရာကို လူသား သဘာဝအားဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ အခြားသော အကြောင်းရင်းမှာ ဘုရားသခင်၌ သူတို့၏ယုံကြည်မှု ရှိလင့်ကစား လူတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် တကယ့်ကို သဘောမထားကြပေ။ ယင်းအစား၊ သူတို့က ဘုရားသခင်ကို လူ၏ ဆန့်ကျင်ဘက်အဖြစ် သဘောထားကြသည်၊ သူ့ကို သူတို့၏ ရန်သူအဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ဘုရားသခင်နှင့် မကျေအေးနိုင်ကြပေ။ ၎င်းမှာ ရိုးရှင်းပါသည်။ ဤအကြောင်းအရာကို ယခင်အစည်းအဝေးအတွင်း၌ အစပျိုးထားခဲ့သည် မဟုတ်သလော။ ၎င်းကို စဉ်းစားကြည့်ပါ- ယင်းမှာ အကြောင်းရင်း မဟုတ်သလော။ သင်၌ ဘုရားသခင်အကြောင်း အနည်းငယ်သော သိနားလည်ခြင်း ရှိနိုင်သော်လည်း၊ ဤသိနားလည်ခြင်းက မည်သည့်အရာကို ဖြစ်ပေါ်စေသနည်း။ ဤအရာမှာ အယောက်တိုင်းက ပြောနေသော အရာဖြစ်သည် မဟုတ်သလော။ ၎င်းမှာ ဘုရားသခင် သင့်အား ပြောခဲ့သောအရာ ဖြစ်သည် မဟုတ်သလော။ သင်သည် အယူအဆဆိုင်ရာနှင့် သြဝါဒဆိုင်ရာ ရှုထောင့်များကိုသာ အကျွမ်းတဝင် ရှိသည်၊ သို့သော် သင်သည် ဘုရားသခင်၏ စစ်မှန်သော ရှုထောင့်ကို နားလည်သက်ဝင်ဖူးသလော။ သင်၌ ပုဂ္ဂလဓိဌာန်ကျသော သိနားလည်ခြင်းရှိသလော။ သင်၌ လက်တွေ့ကျသော သိနားလည်ခြင်းနှင့် အတွေ့အကြုံ ရှိသလော။ အကယ်၍ ဘုရားသခင်သည် သင့်အား မပြောထားခဲ့ပါက၊ သင် သိနိုင်ခဲ့မည်လော။ သင်၏ အယူအဆဆိုင်ရာ သိနားလည်ခြင်းသည် စစ်မှန်သော သိနားလည်ခြင်းကို ကိုယ်စားမပြုပေ။ အချုပ်အားဖြင့် ယင်းကို သင် မည်မျှပင်သိပြီး သို့မဟုတ် သင် မည်သို့ပင် သိလာခဲ့သည်ဖြစ်စေ၊ ဘုရားသခင်အကြောင်း စစ်မှန်သော သိနားလည်ခြင်း တစ်ခုကို သင် မရမီတိုင်အောင် ဘုရားသခင်သည် သင်၏ ရန်သူဖြစ်လိမ့်မည် ဖြစ်ပြီး သင်သည် ဘုရားသခင်ကို အမှန်တကယ် ဘုရားသခင်ကဲ့သို့ စတင်ဆက်ဆံရသည်တိုင်အောင် သင်သည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်သောကြောင့် သင် အမှန်တကယ် သဘောမထားမီ သူသည် သင်ကို ဆန့်ကျင်ပေလိမ့်မည်။

သင်သည် ခရစ်တော်နှင့်အတူ ရှိသည့်အချိန်တွင် သင်သည် သူ့အား တစ်နေ့သုံးကြိမ် ထမင်းကျွေးခြင်း၊ သို့မဟုတ် သူ့အား လက်ဘက်ရည် တည်ခင်းပေးခြင်းနှင့် သူ၏ ဘဝလိုအပ်ချက်များကို ကူညီလုပ်ဆောင်ပေးခြင်း ရှိကောင်းရှိနိုင်ပြီး ခရစ်တော်ကို ဘုရားသခင်အဖြစ် သဘောထားသည့်ပုံ ပေါက်မည်ဖြစ်သည်။ တစ်စုံတစ်ခု ဖြစ်သည့်အခါတိုင်း၊ လူတို့၏ ရှုထောင့်များမှာ ဘုရားသခင်၏ ရှုထောင့်များနှင့် အမြဲဆန့်ကျင်ဘက် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ရှုထောင့်ကို နားလည်ရန်နှင့် လက်ခံရန် အမြဲပျက်ကွက်ကြသည်။ လူတို့သည် ဘုရားသခင်နှင့် အပေါ်ယံအားဖြင့် အဆင်ပြေကောင်း ပြေနိုင်သော်လည်း၊ ဤသည်မှာ ၎င်းတို့သည် သူနှင့် သဟဇာတဖြစ်သည်ဟု မဆိုလိုပါ။ တစ်စုံတစ်ခု ဖြစ်လျှင်ဖြစ်ချင်း လူသားတို့၏ မနာခံခြင်း အမှန်တရားသည် ထွက်ပေါ်လာပြီး လူသားများနှင့် ဘုရားသခင်ကြား၌ရှိသော ရန်လိုမှုကို ခိုင်မာစေလျက်ရှိသည်။ ဤရန်လိုမှုမှာ ဘုရားသခင်က လူကို ဆန့်ကျင်နေခြင်း သို့မဟုတ် ဘုရားသခင်က လူအပေါ် ရန်လိုရန် ဆန္ဒရှိနေခြင်းမျိုး မဟုတ်သည့်အပြင်၊ ယင်းမှာ သူက လူတို့ကို သူ၏ ဆန့်ကျင်ဘက်၌ထားပြီး သူတို့ကို ထိုကဲ့သို့ ဆက်ဆံနေခြင်းမျိုးလည်း မဟုတ်ပေ။ ထို့ထက် လူသားများ၏ ပုဂ္ဂလဓိဌာန်ကျသော အလိုဆန္ဒနှင့် သူတို့၏ မသိစိတ်ထဲတွင် ဖြစ်ပေါ်နေသည့် ဘုရားသခင်အား ဆန့်ကျင်ဘက်ပြုသော ဤအနှစ်သာရကိစ္စပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ထံမှလာသည့် အရာခပ်သိမ်းကို သူတို့၏ သုတေသနပြုစရာများအဖြစ် မှတ်ယူခြင်းကြောင့် ဘုရားသခင်ထံမှ လာသည့်အရာအပေါ်နှင့် ဘုရားသခင် ပါဝင်ပတ်သက်သော အရာတိုင်းအပေါ် သူတို့၏ တုံ့ပြန်မှုမှာ အဓိကအားဖြင့် မှန်းဆခြင်း၊ သံသယဖြစ်ခြင်းနှင့်၊ ဘုရားသခင်ကိုဆန့်ကျင်ပြီး ပုန်ကန်တတ်သော သဘောထားတစ်ခုကို အလျင်အမြန် ခံယူခြင်းတို့ပင် ဖြစ်သည်။ များမကြာမီတွင် လူတို့သည် အပျက်သဘောဆောင်သော စိတ်နေစိတ်ထားတစ်ခုကိုယူကာ ထိုကဲ့သို့သော ဘုရားသခင်ကို နောက်လိုက်ဖို့ ထိုက်တန်မထိုက်တန် သံသယဖြစ်သည့် အဆင့်အထိ ဘုရားသခင်နှင့် ငြင်းခုံခြင်းများ သို့မဟုတ် ယှဉ်ပြိုင်ခြင်းများသို့ ရောက်ရှိကြသည်။ သူတို့၏ ဆင်ခြင်တုံတရားက သူတို့သည် ဤပုံစံအတိုင်း ရှေ့မဆက်သင့်ကြောင်း ပြောသော်လည်း၊ သူတို့သည် အလိုလို ထိုသို့လုပ်ရန် ရွေးချယ်လိမ့်မည်ဖြစ်ပြီး အဆုံးတိုင်အောင် တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့ဆက်ဦးမည့် သဘောဖြစ်သည်။ ဥပမာအားဖြင့်၊ လူအချို့သည် ဘုရားသခင် နှင့်ပတ်သက်သည့် ကောလာဟလများ သို့မဟုတ် မဟုတ်မမှန် ပြောသောစကားကို ကြားသည့်အခါ ၎င်းတို့ ပြုလုပ်တတ်သည့် ပထမဆုံးတုံ့ပြန်ချက်မှာ အဘယ်နည်း။ သူတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ ဤကောလာဟလများ မှန်မမှန်နှင့် ဤကောလာဟလများ တကယ်ရှိမရှိကို စဉ်းစားရန်နှင့် စောင့်ကြည့်တတ်သည့် စိတ်ထားကို ခံယူရန်ပင် ဖြစ်သည်။ ထို့နောက် သူတို့သည် “ဤအရာကို မှန်ကန်ကြောင်း အတည်ပြုရန် စစ်ဆေးမည့် နည်းလမ်းမရှိပေ။ ၎င်းမှာ အမှန်တကယ် ဖြစ်ပျက်သလော။ ဤ ကောလာဟလက မှန်သလော သို့မဟုတ် မမှန်သလော” ဟူ၍ စတင် စဉ်းစားကြသည်။ ဤကဲ့သို့သော လူတို့သည် အပေါ်ယံတွင် ဤသို့ မဖော်ပြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးထဲက စတင်သံသယရှိထားပြီဖြစ်ပြီး ဘုရားသခင်ကို စတင်၍ ငြင်းပယ်ထားပြီး ဖြစ်သည်။ ဤကဲ့သို့သော သဘောထားနှင့် ဤကဲ့သို့သော ရှုထောင့်၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်းမှာ သစ္စာဖောက်ခြင်းပင် မဟုတ်လော။ ဤအကြောင်းအရာကို ၎င်းတို့ မရင်ဆိုင်ရမချင်း ဤလူတို့၏ ရှုထောင့်များမှာ အဘယ်အရာဖြစ်ကြောင်းကို သင်မမြင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် ကွဲပြားဆန့်ကျင်မှု မရှိသကဲ့သို့၊ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်ကို ရန်သူတစ်ဦးအဖြစ် မှတ်ယူခြင်း မရှိသကဲ့သို့ ထင်ရသည်။ သို့သော်လည်း ၎င်းတို့သည် ပြဿနာတစ်ခုကို ရင်ဆိုင်ရလျှင်ရချင်း စာတန်ဘက်၌ ချက်ချင်း ရပ်တည်ကာ ဘုရားသခင်ကို ပုန်ကန်ကြလေသည်။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းမှာ လူနှင့် ဘုရားသခင်သည် ဆန့်ကျင်ဘက် ဖြစ်ကြောင်းကို ညွှန်ပြပေသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ရန်သူအဖြစ် မှတ်ယူသည် မဟုတ်သော်လည်း၊ လူ၏အနှစ်သာရ ကိုယ်၌က ဘုရားသခင်အပေါ် ရန်လိုခြင်းပင် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်နောက်သို့ မည်မျှကြာကြာ လိုက်ခဲ့ပြီးပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှကြီးမားစွာ ပေးဆပ်ခဲ့ပြီးပါစေ၊ ထို့ပြင် သူတို့က ဘုရားသခင်ကို မည်သို့ပင် ချီးမွမ်းပါစေ၊ သူတို့က ဘုရားသခင်ကို အတိုက်အခံမပြုမိရန် မိမိကိုယ်ကိုယ် မည်သို့ရှောင်ပါစေ၊ သူတို့က ဘုရားသခင်ကို ချစ်ရန် မိမိကိုယ်ကိုယ် မည်သို့ပင် အစွမ်းကုန်နှိုးဆော်ပါစေ၊ သူတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ဆက်ဆံနိုင်ခြင်း မရှိပေ။ ဤအရာကို လူတို့၏ အနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးသည် မဟုတ်လော။ အကယ်၍ သင်သည် သူ့ကို ဘုရားသခင်အဖြစ် သဘောထားပြီး သူ့ကို ဘုရားသခင်ဖြစ်သည်ဟု စစ်မှန်စွာ ယုံကြည်ပါက၊ သင်၌ သူ့အပေါ် သံသယတစ်စုံတစ်ရာ ရှိနိုင်သေးသလော။ သင်၏စိတ်နှလုံးက သူနှင့်ပတ်သက်၍ ယုံမှားသံသယဖြစ်ခြင်း တစ်စုံတစ်ရာ ကိန်းအောင်းစေနိုင်ဦးမည်လော။ နောက်ထပ်မရှိနိုင်သည် မဟုတ်လော။ ဤလောက၏ ဦးတည်ရာများမှာ အလွန်ဆိုးယုတ်ပြီး ဤလူသားမျိုးသည်လည်း အလွန်ဆိုးယုတ်သည်ဆိုလျှင်၊ သင်၌ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သင်ကိုယ်တိုင်ပင်လျှင် အလွန်ကောက်ကျစ်သည်ဆိုလျှင်၊ သင်၌ ၎င်းနှင့်ပတ်သက်၍ အယူအဆတစ်ခုမျှ မရှိသည်မှာ အဘယ်သို့နည်း။ သို့သော်လည်း ကောလာဟလ အနည်းငယ်နှင့် မဟုတ်မမှန် စကားအချို့က ဘုရားသခင်နှင့်ပတ်သက်၍ ထိုမျှကြီးမားသော အယူအဆများကို ဖြစ်ပေါ်စေနိုင်ပြီး သင်၏ စိတ်ကူးစိတ်သန်း၌ များစွာသောအရာတို့ကို ပေါ်လာစေနိုင်သည်၊ ၎င်းက သင်၏ ဝိညာဉ်ရင့်ကျက်မှု အဘယ်မျှ ရင့်ကျက်မှုမရှိကြောင်းကို ပြသသည်တကား။ ခြင်အနည်းငယ်နှင့် ရွံစရာကောင်းသော ယင်ကောင်အနည်းငယ် “တဝီဝီ” မြည်သံအလား သင့်ကို လှည့်စားရန် ဤမျှသာ လိုအပ်သလော။ ဤသည်မှာ မည်ကဲ့သို့သော လူအမျိုးအစားနည်း။ ဤကဲ့သို့သော လူတို့ကို ဘုရားသခင်သည် မည်ကဲ့သို့ယူဆကြောင်း သင်သိသလော။ ဘုရားသခင်သည် ဤလူများကို ဆက်ဆံပုံနှင့်စပ်လျဉ်း၍ သူ၏သဘောထားမှာ အမှန်အားဖြင့် အလွန် ရှင်းလင်းပါသည်။ ဤလူတို့အား ဘုရားသခင်၏ ဆက်ဆံမှုမှာ ၎င်းတို့အား တမင်အဖက်မလုပ်ခြင်းသာ ဖြစ်ကာ၊ သူ၏ သဘောထားမှာ ၎င်းတို့အား မည်သည့်အာရုံစိုက်မှုမျှ မပြုခြင်းနှင့် ပညာမဲ့သော ဤလူတို့အား အလေးအနက် မထားခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့် ဖြစ်သနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးထဲတွင် သူ့အပေါ် အဆုံးအထိပင် ရန်လိုဖို့ ကတိပြုခဲ့ပြီး သူနှင့် သဟဇာတကျမည့် လမ်းခရီးကို ရှာဖွေရန်အတွက် မည်သည့်အခါမျှ မရည်ရွယ်ထားသော ထိုလူများကိုရယူရန် ဘုရားသခင်သည် လုံးဝ မကြံစည်ခဲ့သောကြောင့် ဖြစ်သည်။ ငါမိန့်မြွက်ထားသော ဤနှုတ်ကပတ်တော်များက လူတချို့ကို နာကျင်ကောင်း နာကျင်စေမည်။ ကောင်းပြီ၊ သင်တို့အား ငါ ဤသို့ အမြဲနာကျင်စေရန် သင်တို့ အလိုရှိသလော။ သင်တို့ အလိုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါပြောသမျှမှာ အမှန်တရား ဖြစ်သည်။ အကယ်၍ ငါသည် သင့်တို့အား ဤသို့ အမြဲတမ်းနာကျင်စေပြီး သင်တို့၏အမာရွတ်များကို ထုတ်ဖော်ပြပါက၊ သင်တို့၏ စိတ်နှလုံးထဲမှ အလွန်မြင့်မြတ်သော ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ယင်းက ထိခိုက်စေမည်လော။ (မထိခိုက်စေပါ။) ယင်းက ထိခိုက်စေမည် မဟုတ်ကြောင်း ငါ လက်ခံသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် တကယ်ကို မရှိခြင်းကြောင့်သာလျှင် ဖြစ်သည်။ သင်၏ စိတ်နှလုံးထဲ၌ နေထိုင်သော အလွန်မြင့်မြတ်သည့် ဘုရားသခင်၊ သင်တို့ အပြင်းအထန် ခုခံပြီး ကာကွယ်သောသူမှာ ဘုရားသခင် မဟုတ်ပေ။ ထို့ထက် သူသည် လူ့စိတ်အာရုံ၏ စိတ်ကူးသက်သက်ဖြစ်သည်၊ သူသည် တကယ်ပင် မတည်ရှိပေ။ ထို့ကြောင့် ငါသည် ဤပဟေဠိ၏ အဖြေကို ဖော်ထုတ်ခြင်းမှာ ပို၍ပင်ကောင်းပေသည်။ ဤအရာက သမ္မာတရားတစ်ခုလုံးကို ဖွင့်ချသည်မဟုတ်လော။ စစ်မှန်သော ဘုရားသခင်မှာ လူသားများက သူ အဘယ်အရာဖြစ်မည်ဟု စိတ်ကူးကြသည့်အရာ မဟုတ်ပေ။ ဤအမှန်တရားကို သင်တို့အားလုံး ရင်ဆိုင်နိုင်မည်ဟု ငါမျှော်လင့်ပြီး ယင်းက ဘုရားသခင်အပေါ် သင်တို့၏ သိနားလည်ခြင်းအတွက် အထောက်အကူပြုလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၉)

ဘုရားသခင်၏ အသိအမှတ်ပြုခြင်းမခံရသော ထိုလူများ

ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူတို့၏ယုံကြည်ခြင်း မည်သည့်အခါမျှ အသိအမှတ်ပြုမခံရသော လူတချို့ ရှိလေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်က ထိုလူများသည် သူ၏နောက်လိုက်များ ဖြစ်သည်ဟု အသိအမှတ်မပြုပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းတို့၏ ယုံကြည်မှုများကို ချီးကျူးခြင်းမရှိသောကြောင့်ဖြစ်ပေသည်။ ဤလူများမှာမူ ဘုရားသခင်နောက်သို့ နှစ်ပေါင်းမည်မျှ သူတို့လိုက်ခဲ့ပြီးသည်ဖြစ်စေ ၎င်းတို့၏ အတွေးများနှင့် အမြင်များမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိပါပေ။ ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ပင် ဖြစ်ကာ မယုံကြည်သူများ၏ နိယာမများနှင့် အမှုအရာများ လုပ်ပုံလုပ်နည်းများအပြင် မယုံကြည်သူများ၏ အသက်ရှင်သန်ရေးနှင့် ယုံကြည်မှုဆိုင်ရာ ပညတ်ချက်များကို လိုက်နာစောင့်ထိန်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်း မည်သည့်အခါမျှ ယုံကြည်ခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မည်သည့်အခါမျှ ရည်ရွယ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်း မရှိကြပေ။ ဘုရားသခင်အား ယုံကြည်ခြင်းကို အပျော်တမ်း ဝါသနာတစ်မျိုးအဖြစ် ၎င်းတို့က မှတ်ယူကြပြီး ဘုရားသခင်ကို ဝိညာဉ်ရေးရာ အာဟာရအဖြစ်မျှသာ သဘောထားကြသည်။ သို့ဖြစ်၍ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် အနှစ်သာရကို ကြိုးစား၍ နားလည်ဖို့ မထိုက်တန်ပါဟု ထင်ကြသည်။ စစ်မှန်သောဘုရားသခင်နှင့် စပ်လျဉ်းသော အရာမှန်သမျှမှာ ဤလူတို့နှင့် မသက်ဆိုင်ပါဟု ဆိုနိုင်ပါသည်။ ၎င်းတို့သည် အာရုံစိုက်မှုပေးရန် စိတ်ဝင်စားခြင်း မရှိသည့်အပြင် စိတ်အနှောင့်အယှက်လည်း မခံနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးထဲ၌ “ဘုရားသခင်ကို မျက်မြင်မရ၊ ကိုင်တွယ်၍မရသဖြင့် မတည်ရှိပါ။” ဟူ၍ ၎င်းတို့အား အမြဲပြောနေသည့် အလွန်ပြင်းထန်သော အသံတစ်သံရှိနေသည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးကို နားလည်ရန် ကြိုးစားခြင်းမှာ သူတို့ကြိုးပမ်းရကျိုးနပ်မည် မဟုတ်သည့်အပြင်၊ ထိုသို့ပြုလုပ်ခြင်းမှာ ၎င်းတို့ မိမိကိုယ်ကိုယ်သာ အရူးလုပ်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် အမှန်တကယ် မည်သည့်ရပ်တည်မှုမျှ မထားဘဲ ဘုရားသခင်ကို စကားလုံးများဖြင့်သာ အသိအမှတ်ပြုခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် အမှန်တကယ် မည်သည့် လုပ်ရပ်ဆောင်ချက်၌မျှ ပေးဆပ်မှုမရှိခြင်းအားဖြင့် မိမိကိုယ်ကိုယ် တော်လှပြီဟု ယုံကြည်နေကြသည်။ ဘုရားသခင်သည် ဤသို့သောလူတို့အပေါ် မည်ကဲ့သို့ ထင်မြင်ယူဆသနည်း။ သူသည် ၎င်းတို့အား မယုံကြည်သူများအဖြစ် ရှုမြင်သည်။ လူအချို့က “မယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းရွက်နိုင်သလော။ ၎င်းတို့က ‘ကျွန်ုပ်သည် ဘုရားသခင်အတွက် အသက်ရှင်မည်’ ဟူသော စကားများကို ဆိုနိုင်သလော။” ဟု မေးကြသည်။ လူသားများက ယေဘုယျအားဖြင့် မြင်သောအရာမှာ လူတို့ အပေါ်ယံခင်းကျင်းသည့် ပြသချက်များပင် ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ အနှစ်သာရကို မမြင်ကြပေ။ သို့သော်လည်း ဘုရားသခင်သည် ဤအပေါ်ယံ ပြသချက်များကို မကြည့်ပေ။ သူသည် ၎င်းတို့၏ အတွင်းမှ အနှစ်သာရကိုသာ ကြည့်သည်။ ထို့ကြောင့် ဤသည်မှာ ဤလူတို့အပေါ် ဘုရားသခင်ထားသည့် သဘောထားနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးပင် ဖြစ်သည်။ ဤလူတို့က “ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို ပြုသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုအရာကို ပြုသနည်း။ ဤအရာကို ကျွန်ုပ်နားမလည်ပါ၊ ထိုအရာကို ကျွန်ုပ်နားမလည်ပါ၊ ဤအရာသည် လူ၏အယူအဆများနှင့် မကိုက်ညီပါ၊ ၎င်းကို ကိုယ်တော် ကျွန်ုပ်အား ရှင်းပြရမည်...” ဟု ပြောတတ်ကြသည်။ ဤအရာကို ဖြေဖို့အတွက် ငါပြန်မေးသည်မှာ- ဤအကြောင်းအရာများကို သင့်အား ရှင်းပြရန် အမှန်ပင် လိုအပ်သလော။ ဤအကြောင်းအရာများသည် အမှန်တကယ် သင်နှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ သင့်ကိုယ်သင် မည်သူဟု သင်ထင်သနည်း။ သင် မည်သည့်နေရာမှ လာခဲ့သနည်း။ သင်သည် ဘုရားသခင်ကို အကြံဉာဏ်များ ပေးရန် အမှန်တကယ် အရည်အချင်း ပြည့်မီသလော။ သူ့ကို သင်ယုံကြည်သလော။ သူသည် သင်၏ယုံကြည်မှုကို အသိအမှတ် ပြုသလော။ သင်၏ယုံကြည်မှုသည် ဘုရားသခင်နှင့် မသက်ဆိုင်ခြင်းကြောင့် သူ၏ လုပ်ဆောင်မှုများတွင် သင်မည်သည့်အကြောင်းကိစ္စ ရှိသနည်း။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် မည်သည့်နေရာ၌ ရှိနေကြောင်းကို မသိသောကြောင့် သင်သည် ဘုရားသခင်နှင့် အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ရန် အဘယ်သို့ အရည်အချင်း ပြည့်မီနိုင်မည်လော။

သတိပေးချက်ဆိုင်ရာ နှုတ်ကပတ်တော်များ

ဤမှတ်ချက်များကို ကြားပြီးနောက်တွင် သင်တို့သည် နေမထိထိုင်မသာ မဖြစ်ကြသလော။ သင်တို့သည် ၎င်းတို့ကို နားထောင်ရန် အလိုမရှိခြင်း သို့မဟုတ် ၎င်းတို့ကို လက်ခံရန် အလိုမရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းတို့အားလုံးမှာ အမှန်တရားများပင် ဖြစ်သည်။ အမှု၏ ဤအဆင့်ကို ဘုရားသခင်လုပ်ဆောင်ရမည် ဖြစ်သောကြောင့် သင်တို့သည် သူ၏ ရည်ရွယ်ချက်များနှင့် မသက်ဆိုင်ပါက၊ သူ၏ သဘောထားကို အလေးထားမှု မရှိပါက၊ ထို့ပြင် သူ၏ အနှစ်သာရနှင့် စိတ်နေသဘောထားကို နားမလည်ပါက၊ နောက်ဆုံးတွင် အခွင့်အရေးဆုံးရှုံးရမည့်သူမှာ သင်ဖြစ်လိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များမှာ နားထောင်ရန် ခက်ခဲသည့်အတွက် အပြစ်မတင်နှင့်၊ ထို့ပြင် သင်တို့၏ စိတ်အားထက်သန်မှု လျော့ကျခြင်းအတွက် ၎င်းတို့ကို အပြစ်မတင်ကြနှင့်။ ငါသည် အမှန်တရားကို ပြော၏။ သင်တို့ စိတ်ဓာတ်ကျစေရန်မှာ ငါ၏ ရည်ရွယ်ချက်မဟုတ်ပါ။ သင်တို့အား ငါ မည်သည့်အရာကို စေခိုင်းသည်ဖြစ်စေ၊ ထို့ပြင် ၎င်းကိုလုပ်ဆောင်ရန် သင်တို့အား မည်ကဲ့သို့ သတ်မှတ်ထားသည်ဖြစ်စေ သင်တို့သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်ကာ ဘုရားသခင်၏လမ်းသို့ လိုက်လျှောက်မည့်အကြောင်းနှင့် မှန်ကန်သောလမ်းကြောင်းမှ မည်သည့်အခါမျှ လမ်းလွဲမသွားမည့်အကြောင်း၊ ငါ မျှော်လင့်ပါသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ရှေ့ဆက်ခြင်းမရှိပါက သို့မဟုတ် သူ၏ လမ်းခရီးနောက်သို့ မလိုက်လျှောက်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်နေပြီး မှန်ကန်သောလမ်းကြောင်းမှ သွေဖည်သွားပြီ ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိနိုင်ပေ။ ထို့ကြောင့် သင်တို့ကို ငါ ရှင်းပြပေးရမည့် အကြောင်းအရာ အချို့ရှိပြီး တိတိကျကျ၊ ရှင်းရှင်းလင်းလင်းနှင့် မသေချာမှု တစ်စက်မျှမရှိဘဲ သင်တို့ကို ယုံကြည်စေရမည် ဖြစ်သည့်အပြင် ဘုရားသခင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များ၊ သူကလူကို စုံလင်အောင် ပြုလုပ်ပေးပုံနှင့် လူတို့၏ အဆုံးသတ်များကို မည်သည့်ပုံစံဖြင့် သူသတ်မှတ်ကြောင်း ရှင်းလင်းသော နားလည်မှုတစ်ခု သင်တို့ရရှိရန် ကူညီပေးရမည်ဖြစ်သည်ဟု ငါယူဆသည်။ သင်သည် ဤလမ်းကြောင်းကို မစတင်နိုင်သော နေ့ရက်တစ်ရက် ရောက်ခဲ့ပါလျှင် ငါ၌တာဝန်မရှိပေ၊ အကြောင်းမှာ ဤနှုတ်ကပတ်တော်များကို သင့်အား အလွန်ရှင်းလင်းစွာ ပြောခဲ့ပြီးပြီဖြစ်သည်။ သင်ကိုယ်တိုင်၏ အဆုံးသတ်ကို သင် မည်သို့ကိုင်တွယ်ဖြေရှင်းသည်နှင့်စပ်လျဉ်း၍၊ ဤသည်မှာ သင့်အပေါ်၌ လုံးလုံးလျားလျား မူတည်သည့်ကိစ္စ ဖြစ်သည်။ ဘုရားသခင်၌ မတူညီသော လူအမျိုးအစားများ၏ အဆုံးသတ်များနှင့် စပ်လျဉ်း၍ခြားနားသော သဘောထားများရှိသည်၊ သူ၌ ၎င်းတို့ကို ချိန်ဆသည့် ကိုယ်ပိုင် နည်းလမ်းများရှိပြီး ၎င်းတို့အတွက် သတ်မှတ်ချက်များနှင့်ဆိုင်သော သူ၏ ကိုယ်ပိုင်စံနှုန်းလည်း ရှိသည်။ လူတို့၏ အဆုံးသတ်များကို ချိန်ဆသည့် သူ၏စံနှုန်းမှာ အယောက်တိုင်းအတွက် မျှတသောစံနှုန်းတစ်ခု ဖြစ်ကာ၊ ထိုအရာအတွက် သံသယမရှိပါပေ။ ထို့ကြောင့် အချို့တို့၏ စိုးရိမ်ကြောက်ရွံ့မှုများမှာ မလိုအပ်ပေ။ သင်တို့ ယခု စိတ်သက်သာရာ ရကြပြီလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၀)

အမှန်တွင် ဘုရားသခင်သည် မည်သူ့ကိုမျှ သိလျက်နှင့် မည်သည့်အခါတွင်မျှ မရှောင်ဖူးသကဲ့သို့၊ လူတို့ကို သူ့အား သိရှိခြင်းမှ သို့မဟုတ် သူ့ကို သိနားလည်ခြင်းမှ တားဆီးဖို့ မိမိကိုယ်ကိုယ် မည်သည့်အခါတွင်မျှ သိလျက်နှင့် မကွယ်ဝှက်ဖူးသောကြောင့်၊ ဘုရားသခင်၏ စိတ်သဘောထားသည် အယောက်တိုင်းအဖို့ ဖွင့်ဟထားပြီး ဖုံးကွယ်မထားပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် အမြဲပင် ဖွင့်ပြထားရန်ဖြစ်ပြီး လူအသီးသီးကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ရန် ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှုတွင်၊ ဘုရားသခင်သည် အယောက်တိုင်းကို ရင်ဆိုင်ရင်း၊ သူ၏အမှုကို လုပ်ဆောင်ကာ လူအယောက်စီတိုင်းအပေါ်၌ သူ၏ အမှုကို လုပ်ဆောင်လေသည်။ သူသည် ဤအမှုကို လုပ်ဆောင်သည်နှင့်အမျှ၊ လူအယောက်စီတိုင်းကို လမ်းပြကာ ထောက်ပံ့ဖို့၊ သူ၏စိတ်သဘောထားကို မရပ်မနား ထုတ်ဖော်ပြနေပြီး၊ သူ၏အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို စဉ်ဆက်မပြတ် အသုံးပြုနေ၏။ ခေတ်တိုင်းနှင့် အဆင့်တိုင်းတွင် အခြေအနေများ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ဘုရားသခင်၏စိတ်သဘောထားကို အယောက်စီတိုင်းအား အမြဲ ဖွင့်ပြထားပြီး၊ သူ၏ အသက်သည် လူသားမျိုးနွယ်ကို စဉ်ဆက်မပြတ်နှင့် မရပ်မနား ထောက်ပံ့ကာ ပံ့ပိုးပေးနေသကဲ့သို့ပင်၊ သူ၏ ပိုင်ဆိုင်မှုများနှင့် ဖြစ်ခြင်းတို့ကို အယောက်စီတိုင်းအဖို့ အမြဲ ဖွင့်ပြထားပေသည်။ ဤအရာအားလုံး ဖြစ်နေစေကာမူ၊ ဘုရားသခင်၏ စိတ်သဘောထားသည် တချို့အဖို့ ဖုံးကွယ်နေမြဲဖြစ်သည်။ အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်၏ အမှုအတွင်းတွင် အသက်ရှင်ပြီး ဘုရားသခင် နောက်သို့ လိုက်ကြ သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်နှင့် သာ၍ နီးစပ်ဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို သိနားလည်ဖို့ မည်သည့်အခါတွင်မျှ မကြိုးစားခဲ့ကြသကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါတွင်မျှ သိကျွမ်းလိုခြင်း မရှိခဲ့ကြသောကြောင့် ဖြစ်ပေသည်။ ဤလူတို့အဖို့ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ခြင်းသည် ၎င်းတို့၏နိဂုံးသည် နီးပြီဟူသည်ကို နိမိတ်ပြပေသည်။ ယင်းက ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထား အားဖြင့် တရားစီရင်ခံရကာ ရှုတ်ချခြင်းခံရတော့မည် ဖြစ်သည်ကို ဆိုလိုပေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင် သို့မဟုတ် သူ၏စိတ်သဘောထားကို သိနားလည်ဖို့ မည်သည့်အခါတွင်မျှ စိတ်ဆန္ဒမရှိဖူး ကြသကဲ့သို့၊ ဘုရားသခင်၏အလိုနှင့်သက်ဆိုင်သည့် သာ၍ နက်ရှိုင်းသော သိနားလည်မှု သို့မဟုတ် အသိပညာကိုလည်း မည်သည့်အခါမျှ မတပ်မက်ဖူး ကြပေ။ ၎င်းတို့သည် သတိရှိသည့် ပူးပေါင်းလုပ်ဆောင်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ အလိုကို သဘောပေါက်ဖို့ မကြိုးစားကြပေ- ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်လိုသည့်အရာများ လုပ်ဆောင်ရခြင်းကို အစဉ်အမြဲ ပျော်မွေ့ပြီး မည်သည့်အခါတွင်မျှ မငြီးငွေ့ကြပေ။ ၎င်းတို့ ယုံကြည်ချင်သော ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြ၏။ ၎င်းတို့၏ စိတ်ကူးများ၌သာ တည်ရှိသည့် ဘုရားသခင်၊ ၎င်းတို့၏ အယူအဆများ၌သာ တည်ရှိသည့် ဘုရားသခင်ကို ၎င်းတို့ယုံကြည်ကြပြီး၊ ၎င်းတို့၏နေ့စဉ် အသက်တာများတွင် ၎င်းတို့နှင့် ခွဲထုတ်၍မရသော ဘုရားသခင်ကို ယုံကြည်ကြလေသည်။ စစ်မှန်သော ဘုရားသခင်ကိုယ်တိုင်နှင့် ပတ်သက်လာသည့် အခါတွင်၊ ၎င်းတို့သည် သူနှင့် သာ၍ နီးစပ်ရန် ဆန္ဒရှိဖို့ မဆိုထားနှင့်၊ သူ့ကို လုံးဝ အထင်အမြင်သေးပြီး သူ့ကို နားလည်ဖို့ သို့မဟုတ် သူ့ကို အရေးစိုက်ဖို့ စိတ်ဆန္ဒမရှိကြချေ။ ၎င်းတို့သည် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကိုယ် တန်ဆာဆင်ဖို့၊ မိမိတို့ကိုယ်ကိုယ် ပြရုပ်တင်ဖို့သာ အသုံးပြုနေကြသည်။ ၎င်းတို့အဖို့၊ ဤအရာက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို အောင်မြင်သော ယုံကြည်သူများနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ ဖြစ်စေနှင့်ပြီး ဖြစ်သည်။ ၎င်းတို့၏စိတ်နှလုံးများတွင်၊ ၎င်းတို့သည် မိမိတို့၏စိတ်ကူးစိတ်သန်းများ၊ မိမိတို့၏ အယူအဆများနှင့် ဘုရားသခင်နှင့် သက်ဆိုင်သည့် မိမိတို့၏ပုဂ္ဂိုလ်ရေး အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြင့်ပင် လမ်းပြခြင်း ခံရသည်။ အခြားတစ်ဘက်တွင်မူ၊ စစ်မှန်သော ဘုရားသခင် ကိုယ်တိုင်သည် ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင် ကိုယ်တိုင်ကို သိနားလည်ခဲ့ကြမည်ဆိုပါက၊ ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားကို ၎င်းတို့ သိနားလည်ပြီး၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို နားလည်ခဲ့ကြမည်ဆိုပါက၊ ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ယုံကြည်ခြင်းနှင့် ၎င်းတို့၏ အားထုတ်မှုတို့သည် ရှုတ်ချခြင်းကိုခံရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အနှစ်သာရကို နားလည်ဖို့ကို စက်ဆုပ်ကြသကဲ့သို့၊ ဘုရားသခင်ကို သာ၍ ကောင်းစွာ သိနားလည်ဖို့၊ ဘုရားသခင်၏ အလိုကို သာ၍ ကောင်းစွာ သိရှိဖို့နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ ကောင်းစွာ နားလည်ဖို့ တက်ကြွစွာ ကြိုးစားရန် သို့မဟုတ် ဆုတောင်းရန် စက်ဆုပ်ပြီး လိုလားခြင်း မရှိရသည့် အကြောင်းရင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ဖန်တီးထားသည့်အရာတစ်ခု၊ အနှစ်သာရမဲ့ပြီး မရေရာသည့်အရာတစ်ခုသာ တကယ်တမ်း ဖြစ်စေလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့ တွေးထင်ထားသည့်အတိုင်း အတိအကျ ဖြစ်သည့်သူ တစ်ဦး၊ ၎င်းတို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းရန် အသင့်ရှိနေလျက်၊ ထောက်ပံ့မှု မကုန်မခမ်းရှိနေပြီး အမြဲရှိနေနိုင်သူတစ်ဦးသာ တကယ်တမ်း ဖြစ်စေလိုကြသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို ၎င်းတို့ မွေ့လျော်ချင်သည့်အခါတွင်၊ ထိုကျေးဇူးတော် ဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုကြသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ၎င်းတို့ လိုအပ်သောအခါ၊ ထိုကောင်းချီးမင်္ဂလာဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုကြသည်။ ဒုက္ခဘေးဆိုးနှင့် ရင်ဆိုင်ကြရသောအခါ၊ ၎င်းတို့ကို ရဲဆေးတင်ပေးရန်၊ ၎င်းတို့၏ နောက်ကျော အကွယ်အကာဖြစ်ဖို့ ဘုရားသခင်ကို တောင်းဆိုတတ် ကြသည်။ ဤလူတို့၏ ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာသည် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာ ခွင်အတွင်းတွင် ပိတ်မိနေသည်။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်ခြင်းသည်လည်း ၎င်းတို့၏စိတ်ကူးများ၊ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ၌သာ ကန့်သတ်ခံရလေသည်။ သို့ရာတွင် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ဖို့ စိတ်ထက်သန်သည့်လူများ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို အကယ်ပင် တွေ့မြင်လိုပြီး၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို အမှန်တကယ် နားလည်လိုသော လူအချို့ ရှိကြပေသည်။ ဤလူတို့သည် သမ္မာတရား၏စစ်မှန်မှုနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို ရှာဖွေလျက် ရှိကြပြီး၊ ဘုရားသခင်၏ သိမ်းပိုက်ခြင်း၊ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတို့ကို ရရှိရန် ကြိုးစားကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် ၎င်းတို့၏စိတ်နှလုံးများကို အသုံးပြုကြသည်၊ ၎င်းတို့အတွက် ဘုရားသခင် စီစဉ်ထားပြီးဖြစ်သည့် အခြေအနေတိုင်းနှင့် လူတိုင်း၊ အဖြစ်အပျက်တိုင်းနှင့် အမှုအရာတိုင်းအတွက် ကျေးဇူးတင်ဖို့ မိမိတို့၏ စိတ်နှလုံးများကို အသုံးပြုကြပြီး၊ စစ်မှန်ရိုးသားမှုဖြင့် ဆုတောင်းကာ ရှာဖွေကြလေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း မရှိနိုင်တော့ရန်နှင့် ၎င်းတို့၏ အတွေ့အကြုံများ မှတစ်ဆင့် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းနှင့် သူ၏ စစ်မှန်သည့်ဘက်ကို သာ၍ မြင်နိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ အသိချင်ဆုံးသော အရာမှာ ဘုရားသခင်၏ အလိုဖြစ်ပြီး၊ နားအလည်ချင်ဆုံးသောအရာမှာ ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားနှင့် အနှစ်သာရဖြစ်သည်။ ယင်းမှာ အမှန်ပင် စစ်မှန်သော ဘုရားသခင်သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် တည်ရှိရန်နှင့် သူတို့အနေဖြင့် စိတ်ကူးစိတ်သန်းများ၊ အယူအဆများ သို့မဟုတ် မရေရာမှုအလယ်တွင် မကျင်လည်ကြတော့သည်အထိ၊ ဘုရားသခင်သည် ၎င်းတို့၏စိတ်နှလုံးထဲ၌ နေရာတစ်နေရာ ရှိရန်အလို့ငှာလည်း ဖြစ်သည်။ ဤလူများအတွက်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို နားလည်ဖို့ အပူတပြင်း ဆန္ဒရှိကြသည့် အကြောင်းရင်းမှာ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို လူသားမျိုးနွယ်က မိမိတို့၏ အတွေ့အကြုံများတစ်လျှောက်တွင် တစ်ချိန်ပြီးတစ်ချိန် လိုအပ်သောကြောင့် ဖြစ်သည်။ လူတစ်ဦး၏ တစ်သက်တာတစ်လျှောက် အသက်ကို ထောက်ပံ့ ပေးသည်မှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ သိနားလည်သည် နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို ၎င်းတို့ သာ၍ ကောင်းစွာ ကြည်ညိုနိုင်ကြလိမ့်မည်၊ ဘုရားသခင်၏ အမှုနှင့်အတူ သာ၍ကောင်းစွာ ပူးပေါင်းလုပ်ဆောင် နိုင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏အလိုအပေါ် သာ၍ အရေးထားနိုင်ကြလိမ့်မည် ဖြစ်ကာ၊ ၎င်းတို့၏ တာဝန်ကို မိမိတို့အစွမ်းရှိသမျှ လုပ်ဆောင်နိုင်ကြလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့သဘောထားများမှာ လူနှစ်မျိုးနှစ်စားက ဘုရားသခင်၏ စိတ်သဘောထား အပေါ် ထားရှိသော ၎င်းတို့၏ သဘောထားများ ဖြစ်သည်။ ပထမလူစားမှာ ဘုရားသခင်၏ စိတ်သဘောထားကို နားမလည်ချင်ပေ။ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ချင်သည်၊ ဘုရားသခင် ကိုယ်တိုင်ကို သိရှိလိုသည်၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို မြင်တွေ့လိုပြီး၊ ဘုရားသခင်၏ အလိုကို စစ်မှန်ရိုးသားစွာ အသိအမှတ် ပြုလိုသည်ဟု ၎င်းတို့ ပြောဆိုကြသော်လည်း၊ စိတ်ထဲတွင် ဘုရားသခင် မတည်ရှိရန်ကိုသာ ပိုမိုလိုလားကြသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူစားမျိုးများသည် ဘုရားသခင်ကို တစ်သမတ်တည်း နာခံခြင်း မရှိကြသကဲ့သို့၊ ခုခံကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ရာထူးအတွက် ဘုရားသခင်ကို ၎င်းတို့ ကိုယ်တိုင်၏ စိတ်နှလုံးထဲတွင် တိုက်ခိုက်ကြပြီး၊ ဘုရားသခင်၏တည်ရှိခြင်းကို မကြာခဏ သံသယ ရှိကြသည်၊ သို့မဟုတ် ငြင်းပင် ငြင်းပယ်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏စိတ်သဘောထား သို့မဟုတ် စစ်မှန်သည့် ဘုရားသခင် ကိုယ်တော်တိုင်ကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ နေရာယူခွင့် မပေးလိုကြပေ။ မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများ၊ စိတ်ကူးများနှင့် ရည်မှန်းချက်များကိုသာ ၎င်းတို့ ဖြည့်ဆည်းလိုကြသည်။ သို့ဖြစ်၍၊ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ကောင်း ယုံကြည်နိုင်သည်၊ ဘုရားသခင်နောက် လိုက်ကောင်း လိုက်နိုင်ပြီး၊ သူ့အတွက် ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကိုလည်း စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်ကြမည် ဖြစ်သော်လည်း၊ ၎င်းတို့၏ ဆိုးယုတ်သောလမ်းများကို မစွန့်ကြချေ။ အခြားသူများသည် မိမိတို့ကိုယ်ကိုယ်အကြောင်း ထပ်တလဲလဲ သက်သေခံဖို့၊ မိမိတို့၏ သြဇာအာဏာ အရှိန်အဝါကို မြှင့်တင်ဖို့နှင့် လူများနှင့် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် မိမိတို့၏ ရာထူးများကို အသုံးပြုကောင်း အသုံးပြုကြစဉ်တွင်၊ အချို့မှာ အလှူငွေများကို ခိုးပင် ခိုးယူကြသည်၊ သို့မဟုတ် ဖြုန်းပင် ဖြုန်းတီးကြသည်၊ သို့မဟုတ် ဘုရားသခင်ကို တိတ်တဆိတ် ကျိန်ဆဲကြလေသည်။ ၎င်းတို့သည် လူများကို သိမ်းသွင်းနိုင်ဖို့နှင့် ထိန်းချုပ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားရင်း၊ လူတို့ကို ၎င်းတို့အား ကိုးကွယ်စေရန် နည်းလမ်းအမျိုးမျိုးနှင့် ဆောင်ရွက်မှုအမျိုးမျိုးကို အသုံးပြုကြလေသည်။ အချို့သည် ဘုရားသခင်ကဲ့သို့ ဆက်ဆံခြင်းခံရနိုင်ဖို့အလို့ငှာ၊ ၎င်းတို့မှာ ဘုရားသခင် ဖြစ်သည်ဟု တွေးထင်စေရန် လူများကို တမင်တကာ လှည့်စားကြသည်။ ၎င်းတို့သည် ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရဖူးသည်- ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးပြီး မာနထောင်လွှားသော သူများဖြစ်သည်၊ ၎င်းတို့ကို မကိုးကွယ်ကြဖို့နှင့် သူတို့မည်မျှကောင်းစွာ လုပ်ဆောင်ကြသည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကြောင့် ဖြစ်ပြီး၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တစ်စုံတစ်ဦးကို မည်သည့်အခါတွင်မျှ ပြောမည်မဟုတ်။ အဘယ့်ကြောင့် ဤအရာများကို ၎င်းတို့ မပြောကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ မိမိတို့၏နေရာ ဆုံးရှုံးသွားမည်ကို အလွန်အမင်း စိုးရွံ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သောလူတို့သည် ဘုရားသခင်ကို သိနားလည်ရန် မည်သည့်အခါမျှ မကြိုးစားကြသကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မချီးမြှောက်ဘဲ ဘုရားသခင်အတွက် မည်သည့်အခါတွင်မျှ သက်သေ မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို နားလည်ခြင်းမရှိဘဲ၊ ဘုရားသခင်ကို သိကျွမ်းနိုင်သလော။ မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်” ဟူသည့် အကြောင်းအရာထဲက နှုတ်ကပတ်တော်များသည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း၊ လူအသီးသီးအတွက် ကွဲပြားသော အဓိပ္ပာယ်များ ရှိကြလေသည်။ ဘုရားသခင်ကို မကြာခဏ မနာခံသောသူ၊ ဘုရားသခင်ကို ခုခံသောသူနှင့် ဘုရားသခင်အပေါ် ရန်လိုသောသူ တစ်ဦးအတွက်၊ ထိုနှုတ်ကပတ်တော်များက ပြစ်တင်ရှုတ်ချခြင်းကို နိမိတ်ပြသည်။ သမ္မာတရား လက်တွေ့အရှိတရားကို လိုက်စားပြီး၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် ဘုရားသခင် ရှေ့မှောက်သို့ မကြာခဏ လာသောသူတစ်ဦးကမူ၊ ထိုသို့သော နှုတ်ကပတ်တော်များကို လွယ်ကူသကဲ့သို့ မှတ်ယူလိမ့်မည်။ ထို့ကြောင့် သင်တို့အထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အမှုအကြောင်း ပြောဆိုသည်ကို ကြားရသည့်အခါ၊ ခေါင်းစကိုက်လာပြီး ၎င်းတို့၏စိတ်နှလုံးသည် ခုခံမှုနှင့် တိုး၍ ပြည့်နှက်လာကာ အလွန့်အလွန် ကသိကအောက်ဖြစ်ကြသူများ ရှိ၏။ သို့သော် သင်တို့အထဲတွင်- အကြောင်းအရာသည် ၎င်းတို့အတွက်အလွန် အကျိုးပြုသောကြောင့်၊ ၎င်းတို့လိုအပ်သော အကြောင်းအရာ အတိအကျဖြစ်သည်၊ ယင်းသည် ၎င်းတို့၏ဘဝအတွေ့အကြုံမှ လွတ်သွား၍ မဖြစ်သည့်အရာ တစ်ခု ဖြစ်သည်၊ အခရာထဲမှ အခရာကျသည့်အရာ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်နှင့် လူသားမျိုးနွယ်က မစွန့်လွှတ်နိုင်သည့် အရာတစ်ခု ဖြစ်သည်ဟူ၍ ခံစားရသည့် အခြားသူများ ရှိပေသည်။ သင်တို့အားလုံးအတွက်၊ ဤအကြောင်းအရာသည် နီးသည်ဟု ထင်ရသကဲ့သို့၊ ဝေးသည်ဟုလည်း ထင်ကောင်းထင်ရမည်၊ မသိသော်လည်း ရင်းနှီးသည်ဟု ထင်ကောင်း ထင်ရပေမည်။ သို့သော် မည်သို့ပင်ဖြစ်စေ ဤသည်မှာ အယောက်တိုင်း နားထောင်ရမည့်၊ သိရှိကာ နားလည်ရမည့် အကြောင်းအရာ ဖြစ်သည်။ ယင်းကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ၊ ယင်းကို မည်သို့ ရှုမြင်သည်ဖြစ်စေ သို့မဟုတ် မည်သို့ နားလည်သည်ဖြစ်စေ ဤအကြောင်းအရာ၏ အရေးပါမှုကို လျစ်လျူရှု၍ မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၁)

ဘုရားသခင်သည် လူသားမျိုးနွယ်ကို သူ ဖန်ဆင်းခဲ့ကတည်းက၊ သူ၏အမှုကို သူလုပ်ဆောင် နေခဲ့ပြီး ဖြစ်၏။ အစတွင် ယင်းသည် အလွန်ရိုးရှင်းသော အမှုဖြစ်ခဲ့သော်လည်း၊ ယင်း၏ရိုးရှင်းမှု ရှိစေကာမူ၊ ဘုရားသခင်၏ အနှစ်သာရ နှင့် စိတ်သဘောထားတို့၏ ဖော်ပြမှုများ ပါရှိခဲ့ပေသည်။ ဘုရားသခင်၏အမှုသည် ယခုချီးမြှောက်ခြင်းခံရပြီးဖြစ်ကာ၊ သူ့ နောက်လိုက်သော လူတိုင်းအပေါ် ပြုသည့် ဤအမှုသည် သူ၏ နှုတ်ကပတ်တော်နှင့် သက်ဆိုင်သည့် ကြီးမားသော ဖော်ပြချက်နှင့်အတူ အံ့မခန်း ကြီးမားများပြားလာကာ ခိုင်ခံ့လာစဉ်တွင်၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် လူသားမျိုးနွယ်ထံမှ တစ်လျှောက်လုံး ကွယ်ဝှက်ထားခဲ့သည်။ ကိုယ်တော်သည် သမ္မာကျမ်းစာဆိုင်ရာ ဖြစ်စဉ်များ၏ အချိန်ကာလမှစ၍ မျက်မှောက်ခေတ် အချိန်ကာလအထိ၊ လူ့ဇာတိကို နှစ်ကြိမ် ခံယူပြီးသော်လည်း၊ မည်သူသည် ဘုရားသခင်၏ စစ်မှန်သည့် ဇာတိ အဖြစ်တော်ကို တွေ့ဖူးသနည်း။ သင်တို့၏ သိနားလည်မှုပေါ်အခြေခံ၍၊ ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို တစ်ဦးတစ်ယောက်က တွေ့မြင်ဖူးပါသလော။ မတွေ့ဖူးကြပေ။ မည်သူမျှ ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို မမြင်ဖူးပေ၊ ဆိုလိုသည်မှာ မည်သူမျှ ဘုရားသခင်၏ ပင်ကိုအမှန်ကို မတွေ့ဖူးပေ။ ဤသည်မှာ အယောက်တိုင်း လက်ခံထားကြသည့် အရာတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ စစ်မှန်သော ဇာတိ အဖြစ်တော် သို့မဟုတ် ဘုရားသခင်၏ဝိညာဉ်တော်သည် သူဖန်ဆင်းခဲ့သည့် အာဒံနှင့်ဧဝအပါအဝင်၊ ပြီးလျှင် သူလက်ခံခဲ့သော ဖြောင့်မတ်သည့် ယောဘအပါအဝင် လူသားမျိုးနွယ် အားလုံးထံမှ ဖုံးကွယ်ထားပေသည်။ ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်၏ စစ်မှန်သည့် ဇာတိအဖြစ်တော်ကို မတွေ့မြင်ခဲ့ပေ။ သို့သော် ဘုရားသခင်သည် သူ၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို တမင်တကာ အဘယ့်ကြောင့် ဖုံးကွယ်သနည်း။ လူအချို့က “ဘုရားသခင်သည် လူများအထိတ်တလန့် ဖြစ်မည်ကို စိုးရွံ့သည်။” ဟု ဆိုကြသည်။ အခြားသူများက၊ “လူသားသည် အလွန်သေးငယ်ပြီး ဘုရားသခင်မှာ ကြီးမြတ်လွန်းသောကြောင့် ဘုရားသခင်သည် သူ၏စစ်မှန်သော ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားသည်။ လူသားများသည် ဘုရားသခင်ကို မတွေ့မြင်နိုင်ပေ၊ သို့မဟုတ်ပါက ၎င်းတို့ သေဆုံးသွားကြလိမ့်မည်။” ဟု ဆိုကြသည်။ “ဘုရားသခင်သည် နေ့စဉ် သူ၏အမှုကို စီမံခန့်ခွဲလျက် အလုပ်များနေပြီး၊ အခြားသူများက သူ့အား မြင်နိုင်ကြဖို့အလို့ငှာ ပေါ်ထွန်းရန် သူ၌ အချိန်မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။” ဟု ဆိုကြသူများလည်း ရှိပေသည်။ သင်တို့ မည်သည့်အရာကို ယုံကြည်သည် ဖြစ်စေ၊ ဤနေရာတွင် ငါ၌ သုံးသပ်ချက်တစ်ခု ရှိသည်။ ထိုသုံးသပ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်သည် လူတို့အား သူ၏ စစ်မှန်သည့် ဇာတိအဖြစ်တော်ကို တကယ့်ကို မတွေ့မြင်စေလို၍ ဖြစ်သည်။ လူသားမျိုးနွယ်ထံမှ ပုန်းကွယ်မြဲ ပုန်းကွယ်နေခြင်းသည် ဘုရားသခင် တမင်တကာ လုပ်ဆောင်သည့် အရာတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သူ၏ စစ်မှန်သည့် ဇာတိအဖြစ်တော်ကို မတွေ့မြင်ရန်မှာ လူတို့အတွက် ဘုရားသခင်၏ရည်ရွယ်ချက် ဖြစ်သည်။ ယခု ဤအရာသည် အားလုံးအဖို့ ရှင်းလင်းသွားသင့်ပေပြီ။ အကယ်၍ ဘုရားသခင်သည် မိမိ၏ဇာတိအဖြစ်တော်ကို မည်သူ့ထံမျှ ထုတ်ဖော်မပြဖူးပါက၊ ဘုရားသခင်၏ ဇာတိအဖြစ်တော် တည်ရှိသည်ဟု သင်တို့ ထင်ကြသလော။ (သူ တည်ရှိပါသည်။) မှန်သည်၊ သူတည်ရှိပေသည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော် တည်ရှိခြင်းကို လုံးဝ ငြင်း၍မရပေသည်။ သို့ရာတွင် ဘုရားသခင်၏ ဇာတိအဖြစ်တော် အဘယ်မျှ ကြီးမြတ်သည် သို့မဟုတ် မည်သည့်အရာနှင့် တူသည်ဆိုသည်အတွက်မူ၊ ဤမေးခွန်းများကို လူသားမျိုးနွယ်က စုံစမ်းမေးမြန်း သင့်သလော။ မမေးမြန်းသင့်ပေ။ အဖြေမှာ ငြင်းပယ်ရမည့်သဘော ဖြစ်သည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် ငါတို့စူးစမ်းလေ့လာသင့်သည့် အကြောင်းအရာမဟုတ်ပါက၊ ငါတို့ စူးစမ်းလေ့လာ သင့်သည်မှာ မည်သည့်အရာနည်း။ (ဘုရားသခင်၏ စိတ်သဘောထားဖြစ်ပါသည်။) (ဘုရားသခင်၏ အမှုတော် ဖြစ်ပါသည်။) သို့သော်၊ တရားဝင် အကြောင်းအရာနှင့် ပတ်သက်၍ မိတ်သဟာယ ပြုခြင်းကို ငါတို့ မစတင်မီတွင်၊ လွန်ခဲ့သည့် အခိုက်အတန့်က ငါတို့ဆွေးနွေးနေခဲ့သော အရာကို ပြန်ပြောကြစို့။ ဘုရားသခင်သည် သူ၏ ဇာတိအဖြစ်တော်ကို အဘယ့်ကြောင့် လူသားမျိုးနွယ်ထံ မည်သည့်အခါမျှ ထုတ်ဖော်မပြဖူးသနည်း။ ဘုရားသခင်သည် မိမိ၏ဇာတိအဖြစ်တော်ကို လူသားမျိုးနွယ်ထံမှ အဘယ့်ကြောင့် တမင်တကာ ဖုံးကွယ်သနည်း။ အကြောင်းပြချက် တစ်ခုသာရှိပြီး ယင်းမှာ- ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားသည် ဘုရားသခင်၏အမှုကို နှစ်ပေါင်းထောင်ချီ တွေ့ကြုံရပြီး ဖြစ်သော်လည်း၊ ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အနှစ်သာရကို သိရှိသည့်လူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ဘုရားသခင်၏ အမြင်၌ ထိုသို့သော လူများသည် သူနှင့် ဆန့်ကျင်ဘက်တွင်ရှိကြပြီး၊ သူ့အပေါ် ရန်လိုသော လူများထံ ဘုရားသခင်သည် မိမိကိုယ်ကိုယ် ပြသမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်က သူ၏ ဇာတိအဖြစ်တော်ကို လူသားမျိုးနွယ်ထံ မည်သည့်အခါမျှ ထုတ်ဖော်မပြဖူးသည့် တစ်ခုတည်းသော အကြောင်းရင်းနှင့် လူသားမျိုးနွယ် ထံမှ သူ၏ ဇာတိအဖြစ်တော်ကို တမင်တကာ ကွယ်ထားရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏စိတ်သဘောထားကို သိရှိခြင်း၏ အရေးပါမှုသည် ယခု သင်တို့ဖို့ ရှင်းပြီလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၂)

ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက၊ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် အမြဲ အပြည့်အဝ ဆက်ကပ်ထားပြီးဖြစ်သည်။ သူသည် လူသားထံမှ သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားသော်လည်း၊ လူသားအပေါ် အမှုပြုရင်း၊ သူ၏စိတ်သဘောထားကို ဖော်ပြရင်း၊ လူသားမျိုးနွယ် အားလုံးကို သူ၏အနှစ်သာရဖြင့် လမ်းပြပေးရင်း၊ ပြီးလျှင် သူ၏အစွမ်းတန်ခိုး၊ သူ၏ဉာဏ်ပညာနှင့် သူ၏ဩဇာအာဏာတို့မှတစ်ဆင့် လူတစ်ဦးချင်းစီ အပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရင်း၊ ထိုသို့ဖြင့် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် ယနေ့နိုင်ငံတော်ခေတ် ဖြစ်တည်မှုကို ဆောင်ကြဉ်းရင်း လူသားကို သူ အမြဲထောက်ပံ့ပေးခဲ့သည်။ ဘုရားသခင်သည် သူ၏ဇာတိ အဖြစ်တော်ကို လူသားထံမှ ဖုံးကွယ်သော်လည်း၊ သူ၏ စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် ပိုင်ဆိုင်မှုများ၊ ပြီးလျှင် လူသားမျိုးနွယ်အပေါ် သူ၏အလိုတို့သည် လူသားက မြင်တွေ့ပြီး တွေ့ကြုံခံစားရန် ပြည့်ပြည့်ဝဝ ဖော်ပြထားပေသည်။ တစ်နည်းအားဖြင့်၊ လူသားများသည် ဘုရားသခင်ကိုမမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သော်လည်း၊ လူသားမျိုးနွယ်က ကြုံရသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ဘုရားသခင်ကိုယ်တိုင်၏ အပြည့်အဝ ဖော်ပြချက်များ ဖြစ်သည်။ ယင်းမှာ သမ္မာတရား မဟုတ်ပေလော။ သူ၏ အမှုအတွက် ဘုရားသခင်ရွေးချယ်သည့် ကိုင်တွယ်ဖြေရှင်းမှု၏ နည်းလမ်း သို့မဟုတ် ရှုထောင့်ကို ပဓာနမထားဘဲ၊ ဘုရားသခင်သည် လူတို့ကို သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာမှတစ်ဆင့် အမြဲဆက်ဆံသည်၊ သူ တာဝန်ရှိသည့်အမှုကို လုပ်ဆောင်ပြီး သူပြောရမည့် စကားများကို ပြောလေသည်။ မည်သည့်အနေအထားမှ ဘုရားသခင် ပြောဆိုသည်ဖြစ်စေ- သူသည် တတိယကောင်းကင်တွင် ရပ်နေနိုင်သည်၊ သို့မဟုတ် လူ့ဇာတိ၌ ရပ်နေနိုင်သည်၊ သို့မဟုတ် သာမန် လူတစ်ဦးအဖြစ်ပင် ရပ်နေနိုင်သည်- သူသည် လှည့်စားခြင်းနှင့် ဖုံးကွယ်ထားခြင်းမရှိဘဲ၊ သူ၏စိတ်နှလုံး အကြွင်းမဲ့ဖြင့် လူသားကို သူ အမြဲ စကားပြောဆို၏။ သူ၏ အမှုကို ဆောင်ရွက်ချိန်တွင်၊ ဘုရားသခင်သည် မည်သည့် ခြွင်းချန်မှုမျှ မရှိဘဲ၊ သူ၏နှုတ်ကပတ်တော်နှင့် သူ၏စိတ်သဘောထားတို့ကို ဖော်ပြပြီး သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြ၏။ လူသားမျိုးနွယ်ကို သူ၏အသက်၊ သူ၏ဖြစ်ခြင်းနှင့် ပိုင်ဆိုင်မှုတို့ဖြင့် သူ လမ်းပြ၏။ ဤသည်ကား၊ “မြင်၍မရနိုင်သကဲ့သို့ ထိတွေ့၍မရသော” ဘုရားသခင်၏ လမ်းပြမှုအောက်တွင် လူသားက လူသားမျိုးနွယ်၏ အစပျိုးရာခေတ်ဖြစ်သည့် ပညတ်တော်ခေတ်ကို အသက်ရှင်ဖြတ်သန်းခဲ့ပုံ ဖြစ်ပေသည်။

ဘုရားသခင်သည် ပညတ်တော်ခေတ်ပြီးနောက်တွင် ပထမဆုံး အကြိမ် လူ့ဇာတိကိုခံယူခဲ့သည်- သုံးဆယ့်သုံးနှစ်ခွဲကြာခဲ့သည့် လူ့ဇာတိခံယူခြင်း တစ်ခု ဖြစ်သည်။ လူသားတစ်ဦးအတွက်၊ သုံးဆယ့်သုံးနှစ်ခွဲသည် ရှည်ကြာသော အချိန်ကာလ တစ်ခုလော။ (မရှည်ကြာပါ။) လူသားတစ်ဦး၏ သက်တမ်းသည် ပုံမှန်အားဖြင့် နှစ်ပေါင်း သုံးဆယ်ကျော်ထက် များစွာရှည်ကြာသည့် အတွက်၊ ဤသည်မှာ လူသားတစ်ဦးအတွက် သိပ်မရှည်ကြာသည့် အချိန်ကာလတစ်ခု ဖြစ်သည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်အတွက်မူ ဤသုံးဆယ့်သုံးနှစ်ခွဲသည် ဧကန်အမှန် ရှည်ကြာခဲ့သည်။ သူသည် လူတစ်ဦး၊ ဘုရားသခင်၏ အမှုတော်နှင့် တာဝန်ပေး စေခိုင်းချက်ကို လက်ခံဆောင်ရွက်ခဲ့သည့် သာမန်လူတစ်ဦး ဖြစ်လာခဲ့သည်။ ဤသည်မှာ သာမန်လူတစ်ဦး မခံရပ်နိုင်သော ဆင်းရဲဒုက္ခကိုလည်း ကြံ့ကြံ့ခံနေရင်း သာမန်လူတစ်ဦး မကိုင်တွယ်နိုင်သည့် အလုပ်ကို တာဝန်ယူခဲ့ရသည်ဟု ဆိုလိုပေသည်။ သူ၏အမှု အစပြုရာမှ ကားတိုင်ပေါ်တွင် သူ သံမှိုရိုက်နှက် ခံခဲ့ရသည်အထိ၊ ကျေးဇူးတော်ခေတ်အတွင်း သခင်ယေရှု ကြံ့ကြံ့ခံခဲ့ရသည့် ဆင်းရဲဒုက္ခပမာဏသည် ယနေ့ လူတို့က လူကိုယ်တိုင် မျက်မြင်ကြုံတွေ့နိုင်မည့် အရာမျိုး မဟုတ်သော်လည်း၊ သင်တို့အနေဖြင့် သမ္မာကျမ်းစာထဲက အဖြစ်အပျက်များမှတစ်ဆင့် ယင်းကို အနည်းဆုံးအနေဖြင့် တစ်စုံတစ်ရာ သဘောမပေါက်နိုင်ကြသလော။ ဤမှတ်တမ်းတင်ထားသည့် အချက်အလက်များတွင် အသေးစိတ်အချက်များ မည်မျှရှိသည် ဖြစ်စေ၊ အားလုံးခြုံကြည့်သော် ဤကာလအတွင်း ဘုရားသခင်၏ အမှုသည် ခက်ခဲမှုနှင့် ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေခဲ့ပေသည်။ ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ဦးအတွက်၊ သုံးဆယ့် သုံးနှစ်ခွဲသည် ရှည်ကြာသည့် အချိန်ကာလတစ်ခုမဟုတ်ပေ။ အနည်းငယ်သော ဆင်းရဲဒုက္ခသည် မပြောပလောက်ပေ။ သို့ရာတွင် လူသားမျိုးနွယ်အားလုံး၏ အပြစ်များကို ခံခဲ့ရပြီး၊ အပြစ်သားများနှင့် အတူစား၊ အတူအိပ်ကာ အတူ အသက်ရှင်နေထိုင်ခဲ့ရသည့် သန့်ရှင်းကာ ပြစ်မျိုးမှဲ့မထင်သော ဘုရားသခင်အတွက်မူ ဤဒုက္ခသည် မယုံကြည်နိုင်လောက်အောင် ကြီးမားလှပေသည်။ သူသည် ဖန်ဆင်းရှင်ဖြစ်သည်၊ အရာခပ်သိမ်း၏ ဦးသျှောင်နှင့် အရာရာတိုင်း၏ အုပ်စိုးရှင် ဖြစ်သော်လည်း၊ လောကထဲသို့ သူကြွလာခဲ့ချိန်တွင်၊ ဖောက်ပြန်ပျက်စီးသော လူသားများ၏ ဖိနှိပ်မှုနှင့် ရက်စက်မှုတို့ကို ကြံ့ကြံ့ခံခဲ့ရသည်။ သူ၏အမှုကို ပြည့်စုံစေဖို့နှင့် လူသားများကို ဒုက္ခပင်လယ်မှ ကယ်ဆယ်ဖို့ရန်အလို့ငှာ၊ သူသည် လူသား၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပြီး လူသားမျိုးနွယ်အားလုံး၏ အပြစ်များကို ခံခဲ့ရသည်။ သူ ဖြတ်သန်းခဲ့ရသည့် ဆင်းရဲဒုက္ခ အတိုင်းအတာကို သာမန်လူတို့က နားလည်သဘောပေါက်နိုင်ဖို့ မဖြစ်နိုင်သကဲ့သို့ အသိအမှတ်ပြုခံရရန်မှာလည်း မဖြစ်နိုင်ပေ။ ဤဆင်းရဲဒုက္ခသည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ယင်းသည် လူသားမျိုးနွယ်အဖို့ ဘုရားသခင်၏ ကြီးမားသောသံယောဇဉ်ကို ကိုယ်စားပြုပေသည်။ ယင်းသည် လူသားများကို ၎င်းတို့၏ အပြစ်များထဲမှ ရွေးနုတ်ရန်နှင့် သူ့အမှု၏ ဤအဆင့်ကို ပြည့်စုံစေရန်၊ သူခံစားခဲ့ရသည့် အရှက်ရခြင်းနှင့် လူသားတို့၏ ကယ်တင်ခြင်းအတွက် သူပေးဆပ်ခဲ့ရသည့် အဖိုးအခကို ကိုယ်စားပြု၏။ ယင်းမှာ လူသားသည် ဘုရားသခင်အားဖြင့် ကားတိုင်မှ ရွေးနုတ်ခြင်းခံရလိမ့်မည်ဟုလည်း ဆိုလိုသည်။ ဤသည်မှာ အသွေး၊ အသက်ဖြင့် ပေးဆပ်သည့် အဖိုးအခတစ်ခုဖြစ်ပြီး၊ မည်သည့် ဖန်ဆင်းခံသတ္တဝါမျှ မတတ်နိုင်သည့် အဖိုးအခတစ်ခု ဖြစ်သည်။ သူသည် ဤဆင်းရဲဒုက္ခမျိုးကို ခံနိုင်ခဲ့ပြီး ဤအမှုမျိုးကို လုပ်ဆောင်နိုင်သည်မှာ သူသည် ဘုရားသခင်၏ အနှစ်သာရရှိပြီး ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ပိုင်ဆိုင်သောကြောင့် ဖြစ်ပေသည်။ ဤသည်မှာ သူ ဖန်ဆင်းထားသည့် မည်သည့် သတ္တဝါကမျှ သူ့ကိုယ်စား လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်သည့် အရာတစ်ခုဖြစ်သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်အတွင်းက ဘုရားသခင်၏ အမှုဖြစ်ပြီး သူ၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ပေသည်။ ဤအရာက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာ တစ်ခုတစ်လေကို ထုတ်ဖော်ပြသလော။ ယင်းကို လူသားမျိုးနွယ်က သိရှိထိုက်သလော။ ထိုခေတ်တွင်၊ လူသားသည် ဘုရားသခင်၏ ဇာတိ အဖြစ်တော်ကို မမြင်ခဲ့ရသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်ဖြေရာယဇ်ကို ရရှိခဲ့ကြပြီး ဘုရားသခင်အားဖြင့် ကားတိုင်မှ ရွေးနုတ်ခြင်းခံခဲ့ကြ၏။ လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်အတွင်းတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အမှုနှင့် ရင်းနှီးမှုမရှိ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ဤကာလအတွင်း၌ ဘုရားသခင်ဖော်ပြခဲ့သည့် စိတ်သဘောထားနှင့် အလိုတို့နှင့် ရင်းနှီးသည့်သူ တစ်စုံတစ်ဦးရှိသလော။ လူသားသည် ကွဲပြားသည့် ခေတ်များအတွင်းနှင့် အမျိုးမျိုးသော လမ်းကြောင်းများမှတစ်ဆင့် ဘုရားသခင်အမှု၏ အသေးစိတ် အကြောင်းအရာများကို သိရုံမျှသိသည်၊ သို့မဟုတ် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင် ဖြစ်ပျက်ခဲ့သည့် ဘုရားသခင်နှင့် ဆက်စပ်သည့် ဖြစ်ရပ်များကို သိရုံမျှ သိလေသည်။ ဤအသေးစိတ် အချက်အလက်များနှင့် အဖြစ်အပျက်များသည် အများဆုံးအနေဖြင့် ဘုရားသခင်အကြောင်း သတင်းအချက်အလက်အချို့ သို့မဟုတ် ဒဏ္ဍာရီများ ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့် ဘာမျှပတ်သက်မှု မရှိပေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် အဖြစ်အပျက်များ မည်မျှ သိရှိသည်ဖြစ်စေ၊ ယင်းက ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် သူ၏အနှစ်သာရနှင့်သက်ဆိုင်သည့် နက်နဲသော သိနားလည်မှုနှင့် အသိပညာတစ်ခု ရှိသည်ဟု မဆိုလိုပေ။ ပညတ်တော်ခေတ်၌ကဲ့သို့၊ ကျေးဇူးတော်ခေတ်ထဲက လူများသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်နှင့် အနီးဆုံးနှင့် ရင်းနှီးသော တွေ့ဆုံခြင်းကို ကြုံခဲ့ကြသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထား နှင့် အနှစ်သာရတို့နှင့် သက်ဆိုင်သည့် ၎င်းတို့၏ အသိသည် မရှိသလောက် ဖြစ်ခဲ့သည်။

နိုင်ငံတော်ခေတ်တွင်၊ ပထမအကြိမ်က သူလုပ်ဆောင်ခဲ့သည့်နည်းနှင့် အလားတူနည်းလမ်းဖြင့်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံခဲ့သည်။ ဤအမှုကာလအတွင်းတွင်၊ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြဆဲဖြစ်သည်၊ သူလုပ်ဆောင်ရမည့် အမှုကို လုပ်ဆောင်ကာ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ဖော်ပြဆဲဖြစ်၏။ တစ်ချိန်တည်းတွင်၊ လူသား၏ မနာခံမှုနှင့် မသိနားမလည်မှုကို သူသည် ဆက်လက်၍ ကြံ့ကြံ့ခံကာ သည်းခံလေသည်။ ဘုရားသခင်သည် ဤအမှုကာလအတွင်းတွင်လည်း သူ၏ စိတ်သဘောထားကို အလျဉ်မပြတ် ထုတ်ဖော်ပြီး သူ၏ အလိုကို ဖော်ပြသည် မဟုတ်လော။ ထို့ကြောင့် လူသားကို ဖန်ဆင်းခြင်းမှစ၍ ယနေ့ထိ၊ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် ပိုင်ဆိုင်မှုများ၊ သူ၏ အလိုတို့ကို အယောက်တိုင်းထံ အမြဲ ဖွင့်ပြထားပြီးဖြစ်၏။ ဘုရားသခင်သည် သူ၏ အနှစ်သာရ၊ သူ၏စိတ်သဘောထား သို့မဟုတ် သူ၏အလိုတို့ကို မည်သည့်အခါမျှ တမင်တကာ မကွယ်ဝှက်ထားဖူးပေ။ လူသားမျိုးနွယ်က ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်နေသည်၊ ဘုရားသခင်၏ အလို မည်သည့်အရာဖြစ်သည် ဆိုသည်တို့ကို အလေးမထားခြင်းသာ ဖြစ်သည်- ထို့ကြောင့် လူသားသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အင်မတန် နုံချာသော သိနားလည်မှု ရှိရခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားစဉ်တွင်၊ သူ၏အလို၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရများကို အချိန်တိုင်း ပွင့်ပွင့်လင်းလင်း ဖော်ပြရင်း၊ လူသားမျိုးနွယ်ကိုလည်း အခိုက်အတန့်တိုင်းထောက်ပံ့လျက်နေ၏။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်ကိုလည်း လူတို့ထံ ဖွင့်ပြ ထားသော်လည်း၊ လူသား၏ ကျိုးကြောင်းမမြင်မှုနှင့် မနာခံမှုတို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လုံးဝ မမြင်နိုင်ကြပေ။ ထိုသို့ဖြစ်ပါက၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်ကို သိနားလည်ခြင်းသည် အယောက်တိုင်းအတွက် လွယ်ကူသင့်သည် မဟုတ်လော။ ယင်းမှာ ဖြေဆိုရန် အလွန်ခက်ခဲသော မေးခွန်းတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် လွယ်ကူသည်ဟု သင်တို့ဆိုနိုင်သည်၊ သို့သော် လူအချို့က ဘုရားသခင်ကို သိကျွမ်းဖို့ ကြိုးစားကြစဉ်တွင်၊ ၎င်းတို့သည် သူ့ကို အမှန်တကယ် မသိရှိနိုင်ကြပေ၊ သို့မဟုတ် ဘုရားသခင်နှင့် သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခု မရနိုင်ကြချေ- ယင်းသည် အမြဲမထင်မရှားနှင့် မရေရာ ဖြစ်လေသည်။ သို့သော် ယင်းသည် မလွယ်ကူဟု သင်တို့ ဆိုပါကလည်း၊ မမှန်ပြန်ပေ။ အချိန်ကြာမြင့်စွာ ဘုရား အမှု၏ အပြုခံ ဖြစ်ရင်းဖြင့်၊ အယောက်တိုင်းသည် ၎င်းတို့၏ အတွေ့အကြုံများ မှတစ်ဆင့် ဘုရားသခင်နှင့် စစ်မှန်သော ဆက်ဆံမှု ရှိခဲ့သင့်ပြီဖြစ်သည်။ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အတိုင်းအတာတစ်ခုထိ သတိပြုမိပြီးဖြစ်သင့်သည်၊ သို့မဟုတ် ဘုရားသခင်နှင့် ဝိညာဉ်ရေးရာ တွေ့ထိခြင်းတစ်ခု ရှိပြီးဖြစ်သင့်ပြီး အနည်းဆုံးအနေဖြင့် ဘုရားသခင်၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် အမြော်အမြင်ရှိသော အသိအချို့ ရှိသင့်ပြီဖြစ်သည်၊ သို့မဟုတ် သူနှင့်သက်ဆိုင်သည့် သိနားလည်မှုအချို့ကို ရရှိသင့်ပြီဖြစ်သည်။ လူသားသည် ဘုရားသခင်နောက်ကို လိုက်သည့် အချိန်မှစ၍ ယခုထိ လူသားမျိုးနွယ်သည် အလွန်များလှစွာ ရရှိပြီးဖြစ်သော်လည်း၊ လူသား၏ ညံ့ဖျင်းသော အရည်အချင်း၊ မသိနားမလည်ခြင်း၊ ပုန်ကန်ခြင်းနှင့် အမျိုးမျိုးသော ကြံရွယ်ချက်များ ဖြစ်သည့် အကြောင်းရင်းမျိုးစုံကြောင့်၊ လူသားမျိုးနွယ်သည် ယင်းနှင့်ပတ်သက်၍လည်း အလွန်များစွာ ဆုံးရှုံးရပြီး ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို လုံလုံလောက်လောက် ပေးထားပြီးဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်ကို လူသားမျိုးနွယ်ထံမှ ကွယ်ဝှက်သော်လည်း၊ သူသည် လူသားများကို သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ ပြီးလျှင် သူ၏အသက်တို့ဖြင့် ထောက်ပံ့လေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သည့် လူသားမျိုးနွယ်၏ အသိသည် ယခုဖြစ်သည့်အရာသာ မဖြစ်သင့်ပေ။ ထိုအကြောင်းရင်းကြောင့် ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ဟူသည့် အကြောင်းအရာနှင့် ပတ်သက်၍ သင်တို့နှင့် နောက်ထပ်မိတ်သဟာယပြုဖို့ လိုအပ်သည်ဟု ငါထင်ရခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ လူသား၌ ဘုရားသခင် အပ်နှင်းထားသည့် နှစ်ပေါင်းထောင်နှင့်ချီသည့် စောင့်ရှောက်မှုနှင့် အရေးထားမှုတို့သည် အချည်းနှီးအဆုံးသတ် မသွားရန်ဖြစ်ပြီး လူသားမျိုးနွယ်အနေဖြင့် ၎င်းတို့အပေါ် ဘုရားသခင်၏ အလိုကို စစ်မှန်စွာ သိနားလည်ကာ အရေးကြီးကြောင်းသိရှိနိုင်ဖို့ရန်အလို့ငှာ ဖြစ်ပေသည်။ ယင်းမှာ လူတို့သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာတွင် အဆင့်သစ်ဆီသို့ တက်လှမ်းနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို လူသားတို့၏နှလုံးသားထဲက သူ၏နေရာမှန်သို့ ပြန်ပို့ပေးလိမ့်မည် ဖြစ်သည်၊ ဆိုလိုသည်မှာ သူ့ကို အကောင်းဆုံးဆက်ဆံရန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၃)

အာဒံအတွက် ဘုရားသခင်၏ အမိန့်

ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါ ဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံးနိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။

ဤကျမ်းချက်များမှ သင်တို့ မည်သည့်အရာကို နားလည်ကြသနည်း။ ကျမ်းစာ၏ ဤအပိုင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ အာဒံထံ ဘုရားသခင်၏ အမိန့်အကြောင်းကို ပြောဆိုဖို့ အဘယ်ကြောင့် ငါ ဆုံးဖြတ်ပြီနည်း။ ယခုတွင် သင်တို့ တစ်ဦးချင်းစီသည် သင်တို့၏စိတ်ထဲ၌ ဘုရားသခင်နှင့် အာဒံ၏ ပုံရိပ်တစ်ခု ရှိကြပါသလော။ သင်တို့ ကြိုးစားစိတ်ကူး ကြည့်နိုင်သည်- သင်တို့သည် ထိုအဖြစ်အပျက်တွင် ရှိသူတစ်ဦးဖြစ်ခဲ့ပါက၊ စိတ်ထဲတွင် ဘုရားသခင်သည် မည်သည့်အရာနှင့် တူခဲ့မည်ဟု သင်တို့ ထင်သနည်း။ ဤအကြောင်းကို စဉ်းစားခြင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ ဤသည်မှာ တို့ထိပြီး ကြည်နူးအားရဖွယ်ကောင်းသည့် ရုပ်ပုံတစ်ပုံ ဖြစ်သည်။ ထိုပုံတွင် ဘုရားသခင်နှင့် လူသားသာ ပါရှိသော်လည်း၊ ၎င်းတို့အကြားက ရင်းနှီးကျွမ်းဝင်မှုသည် သင့်ကို လေးစားမှု အသိစိတ် တစ်ခုဖြင့် ပြည့်စေသည်။ ဘုရားသခင်၏ ပြည့်လျှမ်းနေသည့် ချစ်ခြင်းမေတ္တာကို လူသားအပေါ် အခမဲ့ အပ်နှင်းထားပြီး လူသားကို ဝန်းရံလျက်ရှိသည်။ လူသားသည် ဘုရားသခင်၏ ကြည့်ရှုမှုအောက်တွင် ချမ်းမြေ့ပျော်ရွှင်စွာ အသက်ရှင်ရင်း၊ အပြစ်မဲ့ကာ ဖြူစင်သည်၊ ဝန်ထုပ်ဝန်ပိုးမရှိသကဲ့သို့ ပူပင် ကြောင့်ကြမဲ့သည်။ လူသည် ဘုရားသခင်၏ ကွယ်ကာမှုနှင့် ကောင်းချီးမင်္ဂလာအောက်တွင် အသက်ရှင်စဉ်တွင် ဘုရားသခင်သည် လူသားကို ပူပန်လေသည်။ လူသား လုပ်ဆောင်ကာ ပြောဆိုသည့် အမှုအရာတစ်ခုစီတိုင်းသည် ဘုရားသခင်နှင့် ခွဲခြားမရအောင် ဆက်စပ်ထားကာ ဘုရားသခင်ထံမှ ခွဲခွာ၍ မရပေ။

ဤအရာကို လူသားကို ဖန်ဆင်းပြီးနောက် သူ့အဖို့ ဘုရားသခင်၏ ပထမဆုံးအမိန့်ဟု ခေါ်ဆိုနိုင်ပေသည်။ ဤအမိန့်က မည်သည့်အရာကို သိရှိစေသနည်း။ ယင်းသည် ဘုရားသခင်၏ အလိုကို သိရှိစေရုံသာမက၊ လူသားမျိုးနွယ်အတွက် သူ၏ စိုးရိမ်ပူပန်မှုများကိုလည်း သိရှိစေသည်။ ဤသည်မှာ ဘုရားသခင်၏ ပထမဆုံးအမိန့်ဖြစ်ပြီး လူသားအတွက် စိုးရိမ်ပူပန်မှုကို ဘုရားသခင် ဖော်ပြသည့် ပထမဦးဆုံးသော အကြိမ်လည်း ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားကို ဖန်ဆင်းလိုက်သည့် အခိုက်အတန့်မှစ၍ သူ့ထံတွင် လူသားနှင့် ပတ်သက်၍တာဝန်ရှိခြင်းကို သူခံစားရပြီးဖြစ်သည်။ သူ၏တာဝန်မှာ အဘယ်နည်း။ လူသားကို သူကာကွယ်ရမည်၊ လူသားကို သူ ကြည့်ရှုစောင့်ရှောက်ရမည်။ လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များကို ယုံကြည်ကိုးစားပြီး နာခံဖို့ ဘုရားသခင် မျှော်လင့်သည်။ ဤသည်မှာ လူသားနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ ပထမဆုံးသော မျှော်လင့်ချက်လည်း ဖြစ်သည်။ အောက်ပါအရာများကို ဘုရားသခင် ပြောဆိုသည်မှာ ဤမျှော်လင့်ချက်နှင့် ဖြစ်သည်- “ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံးနိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်။” ဤရိုးရှင်းသော နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အလိုကို ကိုယ်စားပြုကြ၏။ ၎င်းတို့က သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်သည် လူသားအတွက် စိုးရိမ်ပူပန်မှု စတင်ပြသပြီး ဖြစ်သည်ကိုလည်း ထုတ်ဖော်ပြပေသည်။ ခပ်သိမ်းသော အရာများထဲတွင် အာဒံတစ်ဦးတည်းကိုသာ ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် အညီ ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ အာဒံသည် ဘုရားသခင်၏ ဇီဝအသက်ရှိသည့် တစ်ဦးတည်းသော သက်ရှိဖြစ်သည်။ သူသည် ဘုရားသခင်နှင့်အတူ လမ်းလျှောက်နိုင်သည်၊ ဘုရားသခင်နှင့်အတူ စကားစမြည်ပြောဆိုနိုင်သည်။ ယင်းမှာ သူ့ကို ဘုရားသခင်က ဤအမိန့် ပေးခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အမိန့်တွင် လူက လုပ်ဆောင်နိုင်သည့် အရာနှင့် မလုပ်ဆောင်နိုင်သည့် အရာကို အလွန် ပေါ်လွင်စေခဲ့သည်။

ဤရိုးရှင်းသည့် နှုတ်ကပတ်တော်အနည်းငယ်ထဲတွင် ဘုရားသခင်၏နှလုံးသားကို ငါတို့ မြင်တွေ့ရသည်။ သို့ရာတွင် မည်သည့်နှလုံးသားမျိုးက မိမိဘာသာ ထင်ရှားပါသနည်း။ ဘုရားသခင်၏နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာ ရှိသလော။ စိုးရိမ်ပူပန်မှု ရှိသလော။ ဤကျမ်းချက်များထဲတွင်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်ပူပန်မှုတို့ကို အသိအမှတ်ပြု၍ ရနိုင်သည်သာမက၊ အတွင်းကျကျ ခံစား၍လည်း ရနိုင်ပေသည်။ သင်တို့ သဘောတူမည်မဟုတ်လော။ ဤအရာအား ငါပြောသည်ကို ကြားပြီးနောက်တွင်၊ ဤအရာများသည် ရိုးရှင်းသည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်သည်ဟု သင်တို့ ထင်သေးသလော။ တကယ်တော့ ၎င်းတို့ သိပ်မရိုးရှင်းကြပေ၊ ဟုတ်ပါသလော။ ယခင်က ဤအရာကို သင်တို့ သိခဲ့ကြပါသလော။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော် အနည်းငယ်ကို သင်တို့အား ကိုယ်တိုင်ကိုယ်ကျ ပြောဆိုခဲ့ပါက၊ အတွင်းတွင် သင်တို့ မည်သို့ ခံစားရမည်နည်း။ သင်သည် လူဆန်သော လူသားတစ်ဦး မဟုတ်ပါက၊ သင့်နှလုံးသားသည် အေးစက်မာကျောခဲ့မည် ဆိုပါက၊ သင်သည် တစ်ခုခုကို ခံစားရမည်မဟုတ်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်အသိအမှတ်ပြုမည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ဖို့ သင် ကြိုးစားမည် မဟုတ်ပေ။ သို့ရာတွင်၊ ဆင်ခြင်တုံတရား နှင့် လူ့သဘာဝ အသိစိတ်ရှိသည့် လူတစ်ဦးအနေဖြင့် သင်သည် ကွဲပြားစွာ ခံစားရပေမည်။ သင်သည် နွေးထွေးမှုကို ခံစားရမည်။ ဂရုစိုက်ခံရပြီး အချစ်ခံရသည်ကို ခံစားရမည်ဖြစ်ပြီး၊ ပျော်ရွှင်မှုကို ခံစားရပေမည်။ မှန်သည် မဟုတ်လော။ ဤအရာများကို သင်ခံစားရသည့်အခါတွင်၊ ဘုရားသခင်အပေါ် သင်မည်သို့ ပြုမူမည်နည်း။ ဘုရားသခင်ကို သံယောဇဉ် တွယ်သွား မည်လော။ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ချစ်ပြီး ရိုသေလေးစားမည်လော။ သင့်နှလုံးသားက ဘုရားသခင်နှင့် တိုး၍ နီးစပ်မည်လော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူသားအဖို့ မည်မျှ အရေးကြီးသည်ကို ဤအရာမှ သင်မြင်တွေ့နိုင်သည်။ သို့ရာတွင် သာ၍ပင် အရေးကြီးသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှင့်သက်ဆိုင်သည့် လူသား၏ အသိအမှတ်ပြုမှုနှင့် သဘောပေါက်နားလည်မှု ဖြစ်သည်။ အမှန်တွင် ဘုရားသခင်သည် သူ့အမှု၏ ဤအဆင့်အတွင်းတွင် ဆင်တူသော အရာများစွာ ပြောဆိုသည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏ နှလုံးသားကို အသိအမှတ်ပြုသော လူများ ရှိကြပါသလော။ ခုလေးတင် ငါပြောသွားသည့် ဘုရားသခင်၏အလိုကို သင်တို့ အသိအမှတ်ပြုနိုင်သလော။ ဤမျှခိုင်လုံပြီး လက်ဆုပ်လက်ကိုင် ပြနိုင်ကာ စစ်မှန်သည့်အချိန်တွင် ဘုရားသခင်၏အလိုကို သင်တို့ အသိအမှတ်မပြုနိုင်ကြချေ။ ယင်းမှာ သင်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သည့် အသိနှင့် နားလည်မှု မရှိဟု ငါ ဆိုရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ မှန်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၄)

ဘုရားသခင် ဧဝကို ဖန်ဆင်းသည်

ကမ္ဘာဦးကျမ်း ၂:၁၈-၂၀ ထိုအခါ ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက် သူနှင့်သင့်တော်သော အထောက်အမကို ငါဖန်တီးမည်။ ယေဟောဝါ ဘုရားသခင်သည် မြေထဲမှ မြေသားရဲတိရစ္ဆာန်တိုင်းနှင့် မိုးကောင်းကင် ငှက်အားလုံးတို့ကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့ကို အာဒံ အဘယ်သို့ သတ်မှတ်ခေါ်ဝေါ်လိမ့်မည်ကို သိရန်အတွက် သူ့ထံသို့ ခေါ်ဆောင်လာခဲ့သည်။ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်။ အာဒံသည် ကျွဲနွား တိရစ္ဆာန်အပေါင်း၊ မိုးကောင်းကင်ငှက်များနှင့် မြေသားရဲ တိရစ္ဆာန်တိုင်းကို အမည်များပေးလေသည်။ သို့သော်လည်း အာဒံအတွက် သူနှင့် သင့်တော်သော အထောက်အမ မတွေ့ရသေးပေ။

ကမ္ဘာဦးကျမ်း ၂:၂၂-၂၃ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူထဲကယူခဲ့သောနံရိုးဖြင့် မိန်းမတစ်ဦးကို ဖန်ဆင်းကာ လူသားထံသို့ သူမကို ဆောင်ခဲ့လေ၏။ ထို့နောက် အာဒံက ယခု ဤသူမှာ ငါ၏အရိုးများထဲကအရိုး၊ ငါ၏အသားထဲကအသား ဖြစ်၏၊ သူ့ကို လူ၏အထဲမှ ထုတ်ယူသောကြောင့် လူမိန်းမဟု ခေါ်ရမည်ဟု ဆိုလေသည်။

သမ္မာကျမ်းစာ၏ ဤအပိုင်း၌ အဓိကကျသည့် စာကြောင်းတစ်ကြောင်း ရှိသည်- “အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်။” သို့ဆိုလျှင် သက်ရှိသတ္တဝါအားလုံးကို မည်သူက နာမည်ပေးခဲ့သနည်း။ အာဒံဖြစ်သည်၊ ဘုရားသခင် မဟုတ်ပေ။ ဤစာကြောင်းက လူသားမျိုးနွယ်အား အမှန်တရားတစ်ခုကို ပြောသည်- လူသားကို ဖန်ဆင်းခဲ့ချိန်တွင် ဘုရားသခင်သည် သူ့ကို အသိဉာဏ်ပေးခဲ့သည်။ ဆိုလိုသည်မှာ၊ လူသား၏ အသိဉာဏ်သည် ဘုရားသခင်ထံမှ လာပေသည်။ ဤသည်မှာ ကျိန်းသေဖြစ်သည်။ သို့သော် အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် အာဒံကိုဖန်ဆင်း ပြီးနောက် အာဒံသည် ကျောင်းတက်ခဲ့သလော။ မည်သို့စာဖတ်ရမည်ကို သူသိခဲ့ပါသလော။ ဘုရားသခင်သည် သက်ရှိသတ္တဝါအမျိုးမျိုးကို ဖန်ဆင်းပြီးနောက်တွင် ဤသတ္တဝါအားလုံးကို အာဒံ သတိပြုမိခဲ့သလော။ ၎င်းတို့၏နာမည်များက မည်သည့်အရာများဖြစ်သည်ကို ဘုရားသခင်က အာဒံကို ပြောခဲ့သလော။ ဟုတ်ပေ၏၊ ဤသတ္တဝါများ၏ အမည်များအား မည်သို့ စိတ်ကူးရမည်ကို ဘုရားသခင်က သူ့ကို သင်မပေးခဲ့ပေ။ ယင်းမှာ အမှန်တရားဖြစ်သည်။ သို့ဆိုလျှင်၊ ဤသတ္တဝါများအား ၎င်းတို့၏နာမည်များ မည်သို့ ပေးရမည်ဆိုသည်နှင့် မည်သည့် နာမည်မျိုးပေးရမည် ဆိုသည်ကို အာဒံက မည်သို့သိခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့ချိန်တွင် သူ့ကို အဘယ်အရာ ထည့်ပေးလိုက်သည် ဆိုသည့် မေးခွန်းနှင့် ဆက်နွှယ်ပေသည်။ ဘုရားသခင်သည် လူကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူ၏အသိဉာဏ်ကို လူသားထံ ထည့်သွင်းပေးခဲ့သည်ကို အချက်အလက်များက သက်သေပြပေသည်။ ဤသည်မှာ အဓိကကျသည့် အချက်ဖြစ်သည်၊ ထို့ကြောင့် သေချာစွာ နားထောင်ကြလော့။ သင်တို့ နားလည်သင့်သည့် နောက်ထပ် အဓိကကျသည့်အချက်လည်း ရှိပေသည်။ ဤသက်ရှိသတ္တဝါများကို အာဒံက ၎င်းတို့၏ နာမည်များ ပေးပြီးသည့်နောက်တွင်၊ ဤနာမည်များသည် ဘုရားသခင်၏ ဝေါဟာရထဲတွင် သတ်မှတ် ခံလာခဲ့ရသည်။ ဤအရာကို ငါအဘယ်ကြောင့် ဖော်ပြရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာသည်လည်း ဘုရားသခင်၏စိတ်သဘောထား ပါဝင်သောကြောင့်ဖြစ်ပြီး ဤသည်မှာ ငါ နောက်ထပ် အသေးစိတ်ရှင်းပြရမည့် အချက်တစ်ချက် ဖြစ်သောကြောင့် ဖြစ်သည်။

ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့သည်၊ ၎င်း၏အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး၊ သူ၏အသိဉာဏ်၊ သူ၏ အစွမ်းအစများနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲမှ အချို့ကိုလည်း လူကို ပေးခဲ့သည်။ ဘုရားသခင်သည် လူကို ဤအရာအားလုံးပေးခဲ့ပြီးနောက်တွင်၊ လူသားသည် အချို့အရာများကို အမှီအခိုကင်းစွာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ မိမိဘာသာ တွေးခေါ်နိုင်ခဲ့သည်။ လူသားက စိတ်ကူးရပြီး လုပ်ဆောင်သည့်အရာများသည် ဘုရားသခင်၏ အမြင်၌ ကောင်းမွန်ပါက၊ ဘုရားသခင်သည် လက်ခံပြီး ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ လူသား လုပ်ဆောင်သည့် အရာက မှန်ကန်ပါက၊ ဘုရားသခင်က တည်နေခွင့်ပေးမည် ဖြစ်သည်။ သို့ဆိုလျှင် “အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်။” ဟူသည့် စကားရပ်သည် မည်သည့်အရာကို ညွှန်ပြသနည်း။ ယင်းက သတ္တဝါအမျိုးမျိုးတို့ကို ပေးထားသည့် အမည် တစ်ခုတစ်လေကို ပြောင်းလဲရန် သင့်တော်သည်ဟု ဘုရားသခင် မမြင်သည်ကို ညွှန်ပြပေသည်။ သတ္တဝါ တစ်ကောင်ကို အာဒံက မည်သည့် နာမည်ပေးသည်ဖြစ်စေ၊ ဘုရားသခင်က သတ္တဝါ၏ အမည်ကို အတည်ပြုပေးရင်း၊ “ထိုသို့ ဖြစ်စေ” ဟု ပြောပေမည်။ ထိုကိစ္စရပ်နှင့်ပတ်သက်၍ ဘုရားသခင်သည် ထင်မြင်ချက်တစ်ခုတစ်လေကို ဖော်ပြခဲ့ပါသလော။ မဖော်ပြခဲ့၊ ဘုရားသခင်က သေချာပေါက် မဖော်ပြခဲ့ပေ။ သို့ဆိုလျှင် ဤအရာမှ မည်သည့်အရာကို သင်တို့ နားလည်လိုက်သနည်း။ ဘုရားသခင်သည် လူကို အသိဉာဏ်ပေးခဲ့ပြီး လူသည် အမှုအရာများကို လုပ်ဆောင်ရန် သူ၏ ဘုရားပေးထားသည့် အသိဉာဏ်ကို အသုံးပြုခဲ့သည်။ လူလုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ အမြင်တွင် အပြုသဘောဆောင်ပါက၊ မည်သည့် အကဲဖြတ်ခြင်း သို့မဟုတ် ဝေဖန်ခြင်းမျှမရှိဘဲ ဘုရားသခင်သည် ယင်းကို အတည်ပြုပေးသည်၊ အသိအမှတ်ပြုပြီး လက်ခံပေးခဲ့သည်။ ဤသည်မှာ မည်သည့်လူဖြစ်စေ၊ သို့မဟုတ် မည်သည့် ဆိုးယုတ်သော ဝိညာဉ်ဖြစ်စေ သို့မဟုတ် စာတန်ကဖြစ်စေ လုပ်ဆောင်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ဤတွင် ဘုရားသခင်၏စိတ်သဘောထား ဖွင့်ပြမှုကို သင်တို့မြင်သလော။ လူသားတစ်ဦး၊ ဖောက်ပြန်ပျက်စီးနေသည့် လူတစ်ဦး သို့မဟုတ် စာတန်သည် ၎င်းတို့၏ မျက်စိအောက်တွင်ပင် တစ်ဦးတစ်ယောက်က ၎င်းတို့၏ အမည်ဖြင့် တစ်စုံတစ်ရာ လုပ်ဆောင်ဖို့ ခွင့်ပြုမည်လော။ ခွင့်ပြုမည် မဟုတ်သည်မှာ မှန်ပေ၏။ ၎င်းတို့သည် ဤရာထူးနှင့်ပတ်သက်၍ ၎င်းတို့နှင့်မတူညီသည့် အခြားလူ သို့မဟုတ် အခြား အင်အားစုနှင့် တိုက်ခိုက်မည်လော။ တိုက်ခိုက်ကြပေမည်မှာ မှန်ပေ၏။ ထိုအချိန်က အာဒံနှင့်အတူရှိခဲ့သည်မှာ ဖောက်ပြန်ပျက်စီးသည့် လူတစ်ဦး သို့မဟုတ် စာတန်ဖြစ်ခဲ့မည်ဆိုပါက၊ ၎င်းတို့သည် အာဒံ လုပ်ဆောင်နေခဲ့သည့်အရာကို သေချာပေါက် ငြင်းပယ်ခဲ့ကြမည် ဖြစ်သည်။ ၎င်းတို့အနေဖြင့် အမှီအခိုကင်းစွာ စဉ်းစားနိုင်စွမ်းရှိပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် တစ်မူထူးသော ထိုးထွင်းသိမြင်မှုရှိသည်ကို သက်သေပြရန် အာဒံလုပ်ဆောင်ခဲ့သည့် အရာတိုင်းကို လုံးဝ ငြင်းပယ်ခဲ့ကြမည် ဖြစ်သည်- “၎င်းကို ဤသို့ သင်ခေါ်ချင်သလော။ ကောင်းပြီ၊ ၎င်းကို ဤသို့ ငါခေါ်မည်မဟုတ်၊ ထိုသို့ ငါခေါ်မည်။ သင်က တွမ်ဟု ခေါ်သော်လည်း၊ ငါက ဟယ်ရီဟု ခေါ်မည်။ ငါမည်မျှ လိမ္မာပါးနပ်သည်ကို ပြသရမည်။” ဤသည်မှာ မည်သည့် သဘာဝမျိုး ဖြစ်သနည်း။ ယင်းမှာ လွန်လွန်ကဲကဲ မာနထောင်လွှားသည် မဟုတ်လော။ ဘုရားသခင်နှင့် သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်သည် ထိုသို့သော စိတ်သဘောထားတစ်ခု ရှိသလော။ အာဒံ လုပ်ဆောင်သည့်အရာကို ဘုရားသခင်က တစ်မူထူးခြားသည့် ကန့်ကွက်မှုများတစ်ခုတစ်လေ ရှိခဲ့သလော။ အဖြေမှာ ပြတ်ပြတ်သားသား မရှိဟူ၍ ဖြစ်သည်။ ဘုရားသခင်ဖော်ပြသည့် စိတ်သဘောထားနှင့် သက်ဆိုင်၍၊ အငြင်းအခုန်ပြုခြင်း၊ မာနထောင်လွှားခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းတို့၏ အရိပ်အယောင် နည်းနည်းမျှ မရှိပေ။ ဤတွင် ထိုမျှ ရှင်းပေသည်။ ဤသည်မှာ အသေးအဖွဲဖြစ်သော အချက်တစ်ခု ဖြစ်ပုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အနှစ်သာရကို သင်နားမလည်ပါက၊ ဘုရားသခင် မည်သို့ ပြုမူပြီး ဘုရားသခင်၏သဘောထားက မည်သည့်အရာ ဖြစ်သည်ကို သဘောပေါက်ဖို့ သင်မကြိုးစားပါက၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို သိလိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်နှင့် ဖွင့်ပြချက်တို့ကို သင်မြင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ မမှန်ကန်သလော။ သင့်ကို ငါ ခုလေးတင် ရှင်းပြခဲ့သည့်အရာကို သင် သဘောတူသလော။ အာဒံ၏လုပ်ရပ်များကို တုန့်ပြန်ရာတွင်၊ ဘုရားသခင်က “ကောင်းစွာ သင်ပြုလေပြီ၊ မှန်ကန်စွာ သင်ပြုပြီဖြစ်ကာ ငါထောက်ခံသည်။” ဟူ၍ ကိန်းကြီးခမ်းကြီးနိုင်စွာ မကြွေးကြော်ပေ။ သို့ရာတွင် ဤအရာတွင် သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သည် အာဒံ လုပ်ဆောင်ခဲ့သည့်အရာကို အတည်ပြုခဲ့သည်၊ အသိအမှတ်ပြုခဲ့ပြီး ချီးကျူးခဲ့သည်။ ဤသည်မှာ ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်၏ ညွှန်ကြားချက်ဖြင့် ဘုရားသခင်အတွက် လူသားက လုပ်ဆောင်သည့် ပထမဆုံးသောအရာဖြစ်သည်။ ယင်းမှာ လူသားက ဘုရားသခင်၏ကိုယ်စားနှင့် ဘုရားသခင်ကို ကိုယ်စားပြုခြင်းဖြင့် လုပ်ဆောင်ခဲ့သည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏အမြင်တွင်၊ ဤသည်မှာ လူသားကို သူပေးသနားခဲ့သည့် အသိဉာဏ်မှ ပေါ်ထွက်လာခဲ့ပေသည်။ ယင်းကို ကောင်းမြတ်သည့် အရာတစ်ခု၊ အပြုသဘောဆောင်သည့်အရာတစ်ခုအဖြစ် ဘုရားသခင်က မြင်ခဲ့သည်။ ထိုအချိန်က အာဒံ လုပ်ဆောင်ခဲ့သည့်အရာသည် လူသားအထဲက ဘုရားသခင်၏ အသိဉာဏ်၏ ပထမဆုံးသော သရုပ်သကန် ဖြစ်ခဲ့သည်။ ယင်းသည် ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကောင်းမွန်သည့် သရုပ်သကန်တစ်ခု ဖြစ်ခဲ့သည်။ ဤတွင် သင်တို့ကို ငါပြောလိုသည့် အရာမှာ လူသားထံ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ အသိဉာဏ်နှင့် သက်ဆိုင်သည့် တစ်စုံတစ်ရာကို လူသားထံ ပေးရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင်ကို ထင်ရှားစေသည့် သက်ရှိသတ္တဝါ ဖြစ်နိုင်ဖို့အလို့ငှာ ဖြစ်သည်။ ထိုသို့သော သက်ရှိ သတ္တဝါတစ်ဦးအနေဖြင့် သူ့ကိုယ်စား ပြုမူဖို့သည်ကို တွေ့မြင်ရန်မှာ ဘုရားသခင် တောင့်တနေခဲ့ပြီး ဖြစ်သည့်အရာ အတိအကျ ဖြစ်ခဲ့ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၅)

ဘုရားသခင်သည် အာဒံနှင့် ဧဝအတွက် သားရေဝတ်လုံကို ဖန်တီးပေး၏

ကမ္ဘာဦးကျမ်း ၃:၂၀-၂၁ သူသည် အသက်ရှင်သောသူ အပေါင်းတို့၏အမိဖြစ်သောကြောင့် အာဒံက သူ့ဇနီး၏အမည်ကို ဧဝဟု ခေါ်လေသည်။ ထို့အပြင် အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။

“အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဤအဖြစ်အပျက်တွင် အာဒံနှင့်ဧဝတို့နှင့် အတူရှိချိန်တွင် ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမျိုး ဆောင်ရွက်သည်ကို ငါတို့ တွေ့ရသနည်း။ လူသားနှစ်ဦးတည်းနှင့်အတူ ဤလောကတွင် ဘုရားသခင်သည် မည်သည့် နည်းလမ်းဖြင့် မိမိကိုယ်ကိုယ် ထင်ရှားစေပါသနည်း။ သူသည် ဘုရားသခင်၏ အခန်းကဏ္ဍဖြင့် မိမိကိုယ်ကိုယ် ထင်ရှားစေသလော။ ဟောင်ကောင်မှ ညီအစ်ကို မောင်နှမများ ကျေးဇူးပြု၍ ဖြေကြလော့။ (မိဘတစ်ဦး၏ အခန်းကဏ္ဍဖြင့် ဖြစ်ပါသည်။) တောင်ကိုးရီးယားမှ ညီအစ်ကို မောင်နှမတို့၊ ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမှ ပေါ်ထွန်းသည်ဟု သင်တို့ ထင်သနည်း။ (မိသားစု၏ ဦးသျှောင် ဖြစ်ပါသည်။) ထိုင်ဝမ်မှ ညီအစ်ကို မောင်နှမတို့၊ သင်တို့ မည်သို့ထင်သနည်း။ (အာဒံနှင့်ဧဝတို့၏ မိသားစုရှိ တစ်စုံတစ်ဦး၏ အခန်းကဏ္ဍ၊ မိသားစုဝင် တစ်ဦး၏အခန်းကဏ္ဍမှ ဖြစ်ပါသည်။) သင်တို့ထဲမှ အချို့က ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိသားစုဝင်တစ်ဦးအဖြစ် ပေါ်ထွန်းသည်ဟု ထင်ပြီး၊ အချို့က ဘုရားသခင်သည် မိသားစု၏ ဦးစီးအနေနှင့် ပေါ်ထွန်းသည်ဟု ဆိုကြကာ အခြားသူတို့က မိဘအနေဖြင့်ဟု ပြောသည်။ ဤအရာအားလုံး အလွန် ဆီလျော်လှသည်။ သို့ရာတွင် ငါဆိုလိုသည့်အရာကို သင်တို့ မြင်ကြပါသလော။ ဘုရားသခင်သည် ဤလူနှစ်ဦးကို ဖန်ဆင်းခဲ့ပြီး သူ၏အပေါင်းအဖော်များ အဖြစ် ဆက်ဆံခဲ့သည်။ ၎င်းတို့၏ တစ်ခုတည်းသော မိသားစုအနေနှင့် ဘုရားသခင်သည် ၎င်းတို့၏ ဘဝများကို စောင့်ရှောက်ခဲ့ပြီး ၎င်းတို့၏ အစားအစာ၊ အဝတ်အစားနှင့် အမိုးအကာ လိုအပ်ချက်များကို ဂရုစိုက်ပေးခဲ့သည်။ ဤတွင် ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိဘအနေနှင့် ပေါ်ထွန်းသည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင် နေစဉ်တွင်၊ ဘုရားသခင် မည်မျှမြင့်မြတ်သည်ကို လူသားက မမြင်ပေ။ ဘုရားသခင်၏ ကြီးမြတ်သည့်သာလွန်မှု၊ သူ၏နက်နဲမှုနှင့် အထူးသဖြင့် သူ၏အမျက်ဒေါသ သို့မဟုတ် ဘုန်းအာနုဘော်တို့ကို မမြင်ပေ။ သူမြင်သမျှမှာ ဘုရားသခင်၏ နှိမ့်ချမှု၊ သူ၏ချစ်ခင်မှု၊ လူသားအတွက် သူ၏ပူပန်မှုနှင့် လူသားအတွက် သူ၏တာဝန်ရှိခြင်းနှင့် ဂရုစိုက်မှုတို့ ဖြစ်သည်။ အာဒံနှင့် ဧဝတို့ကို ဘုရားသခင် ဆက်ဆံခဲ့သည့် သဘောထားနှင့် နည်းလမ်းသည် မိဘများက ၎င်းတို့သားသမီးအတွက် ပူပန်မှုကို ပြသပုံနှင့် ဆင်တူသည်။ ယင်းသည် မိဘများသည် မိမိတို့၏ကိုယ်ပိုင် သားသမီးများကို ချစ်သည့်နည်းလမ်း၊ ကြည့်ရှုစောင့်ရှောက်ကာ ဂရုစိုက်သည့် နည်းလမ်းနှင့်လည်း ဆင်တူသည်- စစ်မှန်သည်၊ ထင်သာမြင်သာရှိကာ လက်ဆုပ်လက်ကိုင်ပြ၍ရနိုင်၏။ မိမိကိုယ်ကိုယ် မြင့်မားပြီး တန်ခိုးကြီးမားသည့် နေရာတစ်ခုတွင် ချီးမြှောက်မည့်အစား၊ ဘုရားသခင်သည် လူသားအတွက် အဝတ်အစားပြုလုပ်ရန် သားရေကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုခဲ့သည်။ ဤသားမွေးဝတ်လုံကို ၎င်းတို့၏ အရှက်ကိုကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် အအေးဒဏ်မှ ၎င်းတို့ကို ကာကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည်မှာ လူ့ကိုယ်ခန္ဓာကို ဖုံးကာဖို့အတွက်ဖြစ်သည့် ဤအဝတ်အစားသည် ဘုရားသခင်က မိမိ၏ ကိုယ်ပိုင်လက်များဖြင့် ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်မည်ဟု လူတို့ စိတ်ကူးသကဲ့သို့ အတွေးသက်သက်ဖြင့် အဝတ်အစားကို ဖြစ်တည်စေခြင်း သို့မဟုတ် အခြား အံ့ဩဖွယ် နည်းလမ်းအချို့ကို အသုံးပြုခြင်းထက် ဘုရားသခင်သည် လူများက ဘုရားသခင်အနေဖြင့် လုပ်မည်မဟုတ်သကဲ့သို့ လုပ်လည်း မလုပ်သင့်ဟု ထင်ထားသည့်အရာတစ်ခုကို တရားဝင် လုပ်ဆောင်ခဲ့သည်။ ဤသည်မှာ အသေးအဖွဲ အရာတစ်ခုကဲ့သို့ ထင်ရသော်လည်း- အချို့က ဖော်ပြန်ရန်ပင် မထိုက်တန်ဟု ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း- ဤအရာက ဘုရားသခင်နှင့် ပတ်သက်၍ မရေရာသည့် ယူဆချက်များနှင့် ပတ်ချာဝိုင်းခံရသည့် ဘုရားသခင်၏ မည်သည့် နောက်လိုက်ကိုမဆို သူ၏ စစ်မှန်မှုနှင့် ချစ်ခင်ဖွယ်ကောင်းခြင်းထဲသို့ ထိုးထွင်းသိမြင်မှုတစ်ခု ရရှိခွင့်ပေးပြီး၊ သူ၏ သစ္စာရှိခြင်းနှင့် နှိမ့်ချမှုတို့ကို မြင်တွေ့ခွင့် ပေးလေသည်။ ယင်းက ၎င်းတို့သည် မြင့်မားပြီး အစွမ်းကြီးမားသည်ဟု ထင်ကြသည့် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားသည့် လူတို့ကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းတို့ရှေ့တွင် အရှက်ဖြင့် မိမိတို့၏ စိတ်ကြီးဝင်သော ဦးခေါင်းများကို ကိုင်းညွတ်စေသည်။ ဤတွင် ဘုရားသခင်၏ စစ်မှန်မှုနှင့် နှိမ့်ချခြင်းတို့က သူ မည်မျှ ချစ်ဖွယ်ဖြစ်သည်ကို လူတို့အား နောက်ထပ် မြင်တွေ့နိုင်စေလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏စိတ်နှလုံးများထဲတွင် လူတို့ ကိုင်စွဲထားကြသည့် “အလွန့်အလွန် ကြီးမားသည့်” ဘုရားသခင်၊ “ချစ်ဖွယ်ကောင်းသည့်” ဘုရားသခင်နှင့် “အရာခပ်သိမ်း တတ်နိုင်စွမ်းရှိသည့်” ဘုရားသခင်သည် မဖြစ်စလောက်ဖြစ်ပြီး အကျည်းတန်လာကာ အနည်းငယ်မျှ တို့ထိသည်နှင့် တစ်စစီပျက်စီးသွားသည့်အရာ ဖြစ်လာပြီဖြစ်သည်။ သင့်အနေဖြင့် ဤကျမ်းပိုဒ်ကို မြင်ပြီး ဤအဖြစ်အပျက်ကို ကြားသည့်အခါ၊ ထိုသို့သောအရာကို ဘုရားသခင် လုပ်ဆောင်ခဲ့သောကြောင့် သူကို သင် အထင်သေးပါသလော။ လူအချို့က အထင်သေးကောင်း အထင်သေးမည်၊ သို့သော် အခြားသူများက ဆန့်ကျင်ဘက်ဖြစ်သည့် တုန့်ပြန်မှု ရှိကြလိမ့်မည်။ ဘုရားသခင်သည် စစ်မှန်ပြီး ချစ်ဖွယ်ဖြစ်သည်ဟု ၎င်းတို့ထင်မြင်ကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ကို တို့ထိသည်မှာ ဘုရားသခင်၏စစ်မှန်မှုနှင့် ချစ်ဖွယ်ကောင်းမှု အတိအကျဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သောဘက်ကို ၎င်းတို့ သာ၍မြင်လေ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ အမှန်တကယ်တည်ရှိမှု၊ ၎င်းတို့ စိတ်နှလုံးသားထဲက ဘုရားသခင်၏ အရေးပါမှုနှင့် အချိန်တိုင်း၌ ၎င်းတို့ နံဘေးတွင် ဘုရားသခင် ရပ်တည်ပုံတို့ကို ၎င်းတို့ သာ၍ အသိအမှတ်ပြုနိုင်လေ ဖြစ်သည်။

ယခု ငါတို့၏ဆွေးနွေးမှုကို ပစ္စုပ္ပန်ကာလနှင့် ပြန်ချိတ်ဆက်ကြစို့။ အစအဦး၌ သူဖန်ဆင်းခဲ့သည့် လူသားများအတွက် ဘုရားသခင်သည် အမျိုးမျိုးသော ဤသေးငယ်သည့်အရာလေးများ၊ လူတို့ မတွေးဝံ့သည့်အရာများ သို့မဟုတ် မမျှော်လင့်ဝံ့သည့် အရာများကိုပင် လုပ်ဆောင်ပေးနိုင်ပါက၊ ယနေ့ လူတို့အတွက် ဘုရားသခင်သည် ထိုသို့သော အရာများကို လုပ်ဆောင်နိုင်မည်လော။ အချို့လူများက “လုပ်နိုင်သည်” ဟုပြောကြသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အနှစ်သာရသည် အယောင်ဆောင်ထားခြင်း မဟုတ်သောကြောင့် ဖြစ်ပြီး၊ သူ၏ ချစ်ဖွယ်ကောင်းခြင်းသည် အယောင်ဆောင်ထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် အမှန်တကယ်တည်ရှိပြီး အခြားလူများ ဖြည့်စွက်ထားသည့်အရာတစ်ခု မဟုတ်သကဲ့သို့၊ မတူညီသော အချိန်များ၊ နေရာများနှင့် ခေတ်ကာလများနှင့်အတူ ပြောင်းလဲသည့်အရာတစ်ခု သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်၏ စစ်မှန်မှုနှင့် ချစ်ခင်ဖွယ်ဖြစ်ခြင်းတို့သည် မထူးခြားသကဲ့သို့ အရေးမပါသည့်အရာဟု လူများထင်ကြသည့် အရာတစ်ခု- မဖြစ်စလောက် ဖြစ်လွန်းသဖြင့် တစ်ချိန်ချိန်တွင် ဘုရားသခင် လုပ်ဆောင်မည်ဟု လူတို့ ထင်ပင်မထင်ထားကြသည့် အရာတစ်ခုကို- လုပ်ဆောင်ခြင်းအားဖြင့်သာ အမှန်တကယ် ဖြစ်ပေါ်လာနိုင်ပေသည်။ ဘုရားသခင်သည် လေလုံးမထွားပေ။ သူ၏စိတ်သဘောထားနှင့် အနှစ်သာရတွင် ချဲ့ကားခြင်း၊ ဟန်ဆောင်ခြင်း၊ ပလွှားမှု သို့မဟုတ် မာနထောင်လွှားခြင်းတို့ မရှိပေ။ သူသည် မည်သည့်အခါတွင်မျှ မကြွားဝါဘဲ၊ ယင်းအစား သစ္စာရှိခြင်းနှင့် စိတ်ရင်းအမှန်တို့ဖြင့် သူဖန်ဆင်းခဲ့သည့် လူသားများကို ချစ်ခင်သည်၊ ပူပန်မှုပြသည်၊ စောင့်ရှောက်ပြီး ဦးဆောင်လမ်းပြလေသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို လူများက မည်မျှနည်းပါးစွာ အသိအမှတ်ပြုနိုင်သည်ဖြစ်စေ၊ ခံစားနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မြင်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို လုပ်ဆောင်နေသည်မှာ အသေချာဆုံး ဖြစ်ပေသည်။ ဘုရားသခင်သည် ထိုသို့သော အနှစ်သာရရှိသည်ကို သိရှိခြင်းက သူ့ကို လူတို့၏ ချစ်ခြင်းအား သက်ရောက်မှု ရှိမည်လော။ ဘုရားသခင်အား ၎င်းတို့၏ ကြောက်ရွံ့ခြင်းကို လွှမ်းမိုးသွားမည်လော။ သင်သည် ဘုရားသခင်၏စစ်မှန်သည့် ဘက်ကို နားလည်သောအခါတွင်၊ သင်သည် သူနှင့် တိုး၍ပင် နီးကပ်လိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို သာ၍ အမှန်တကယ် အသိအမှတ်ပြုနိုင်လိမ့်မည် ဖြစ်သည့်အပြင်၊ သင်၏ နှလုံးသားကို ဘုရားသခင်အား ပေးပြီး သူနှင့်ပတ်သက်သည့် မသင်္ကာမှုများနှင့် ယုံမှားသံသယများမှ ကယ်တင်ခံရလိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် လူသားအတွက် အရာရာတိုင်းကို တိတ်ဆိတ်စွာ လုပ်ဆောင်ပေးနေသည်၊ ထိုအရာအားလုံးကို သူ၏စိတ်ရင်းအမှန်၊ သစ္စာရှိမှုနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် တိတ်ဆိတ်စွာ လုပ်ဆောင်ပေးနေသည်။ သို့သော် သူသည် သူလုပ်ဆောင်သည့် မည်သည့်အရာမဆိုနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှုများ သို့မဟုတ် နောင်တရမှုများ တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူ့ကို တစ်နည်းနည်းနှင့်ပြန်ပေးဆပ်ဖို့ မည်သူ့ကိုမျှ တစ်ကြိမ်တစ်ခါမျှ မလိုအပ်ခဲ့ပေ သို့မဟုတ် လူသားမျိုးနွယ်ထံမှ တစ်ခုခုကို ရရှိခြင်းငှာ ရည်ရွယ်ချက်များလည်း မရှိဖူးပေ။ သူလုပ်ဆောင်ဖူးသည့်အရာများ အားလုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏ စစ်မှန်သည့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို သူရရှိနိုင်ရန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၆)

ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးရန် ရည်ရွယ်ကာ နောဧကို သင်္ဘောဆောက်ရန် ညွှန်ကြားသည်

ကမ္ဘာဦးကျမ်း ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။

ကမ္ဘာဦးကျမ်း ၆:၁၈-၂၂ သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ရမည်။ အသက်ရှင်သော တိရစ္ဆာန် အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက်ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။ ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။ ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့ စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ မှာထားတော်မူသည် အတိုင်းလည်း နောဧ ပြုလေ၏။

ဤကျမ်းပိုဒ်နှစ်ပိုဒ်ကိုဖတ်ပြီးသည့်နောက် နောဧ မည်သူဖြစ်သည်ကို သင်တို့အနေဖြင့် အကြမ်းဖျင်း သိနားလည်ခြင်း တစ်ခု ယခု ရှိကြသလော။ နောဧက မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ခဲ့သနည်း။ မူရင်းစာက၊ “နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။” ဟုဆိုထားသည်။ ခေတ်သစ်လူများ၏ နားလည်မှုအရ၊ ထိုအချိန်အခါက “ဖြောင့်မတ်သောသူ” ဆိုသည်မှာ မည်သို့သော လူမျိုးနည်း။ ဖြောင့်မတ်သောသူသည် စုံလင်သည့်သူ ဖြစ်ရပေမည်။ ဤစုံလင်သည့်လူသည် လူ့အမြင်၌ စုံလင်သည်၊ သို့တည်းမဟုတ် ဘုရားသခင်၏ အမြင်၌ စုံလင်ခြင်းသည် ဆိုသည်ကို သင်တို့သိသလော။ ဤစုံလင်သည့် လူသည် လူ့အမြင်တွင် မဟုတ်ဘဲ၊ ဘုရားသခင်၏အမြင်၌ စုံလင်သည့်သူ ဖြစ်သည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ဤအရာသည် သေချာ၏။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူသားသည် မျက်စိကန်းပြီး မမြင်နိုင်သောကြောင့်ဖြစ်ပြီး ဘုရားသခင်သည်သာ ကမ္ဘာတစ်ခုလုံးနှင့် လူတစ်ဦးချင်းစီတိုင်း အပေါ် ကြည့်ရှုကာ နောဧသည် စုံလင်သောသူဖြစ်သည်ကို ဘုရားသခင် တစ်ပါးတည်းသာ သိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးရန် ဖြစ်သော ဘုရားသခင်၏အစီအစဉ်သည် နောဧကို သူခေါ်သည့် အခိုက်အတန့်မှ စတင်ခဲ့သည်။

............

နောဧသည် ခေါ်ခြင်းခံရသည်မှာ ရိုးရှင်းသည့် အချက်တစ်ခုဖြစ်သော်လည်း၊ ဤမှတ်တမ်းထဲက ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အလိုတော်နှင့် သူ၏အနှစ်သာရဖြစ်သည့် ငါတို့ပြောဆိုနေသည့် အဓိကအချက်ဖြစ်မှာ မရိုးရှင်းပေ။ ဘုရားသခင်၏ ဤသွင်ပြင်လက္ခဏာအချို့ကို နားလည်ရန်၊ ပထမဦးစွာ ဘုရားသခင် ခေါ်လိုသည့် လူစားမျိုးကို ငါတို့ နားလည်ရမည်၊ ပြီးလျှင် ဤအရာမှတစ်ဆင့် သူ၏စိတ်သဘောထား၊ အလိုနှင့် အနှစ်သာရတို့ကို နားလည်ရမည် ဖြစ်သည်။ ဤသည်မှာ အရေးကြီးလှပေသည်။ သို့ဆိုလျှင် ဘုရားသခင်၏ အမြင်တွင်၊ သူခေါ်သည့် ဤလူသည် မည်သို့သော လူစားမျိုး ဖြစ်ပါသနည်း။ ဤသူမှာ သူ၏ နှုတ်ကပတ်တော်များကို နားထောင်နိုင်သူနှင့် သူ၏ညွှန်ကြားချက်များကို လိုက်လျှောက်နိုင်သူ ဖြစ်ရပေမည်။ တစ်ချိန်တည်းတွင် ဤသူသည် တာဝန်သိစိတ် ရှိသူ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၎င်းတို့ ဖြည့်ဆည်းရမည့် တာဝန်နှင့် ဝတ္တရားအဖြစ် သဘောထားခြင်းဖြင့် ဆောင်ရွက်မည့်သူတစ်ဦးလည်း ဖြစ်ရပေမည်။ သို့ဆိုလျှင် ဤလူသည် ဘုရားသခင်ကို သိရှိသောသူတစ်ဦး ဖြစ်ဖို့ လိုအပ်ပါသလော။ မလိုအပ်ပေ။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်၏ သွန်သင်မှုများကို သိပ်မကြားဖူးခဲ့ပေ သို့မဟုတ် ဘုရားသခင်၏အမှုကို မတွေ့ကြုံဖူးခဲ့ပေ။ ထို့ကြောင့် နောဧသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ အလွန် နည်းပါးခဲ့သည်။ နောဧသည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သည်ဟု ဤနေရာတွင် မှတ်တမ်းတင် ထားသော်လည်း၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်ကို သူ မြင်ခဲ့ဖူးပါသလော။ အဖြေမှာ လုံးဝ မမြင်ဖူးပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်များတွင် ဘုရားသခင်၏ စေတမန်များသာ လူတို့အလယ် လာခဲ့ပေသည်။ ၎င်းတို့သည် အမှုအရာများကို ပြောဆိုခြင်းနှင့် လုပ်ဆောင်ရာတွင်၊ ဘုရားသခင်ကို ကိုယ်စားပြုနိုင်ခဲ့သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏အလိုနှင့် ရည်ရွယ်ချက်များကို သယ်ဆောင်ပေးရုံမျှသာ ဖြစ်ခဲ့သည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် လူသားကို မျက်နှာချင်းဆိုင် ထုတ်ဖော်ပြခြင်း မရှိခဲ့ပေ။ ကျမ်းစာ၏ ဤအပိုင်း၌ ငါတို့ အခြေခံအားဖြင့် မြင်ကြရသည်မှာ နောဧ လုပ်ဆောင်ဖို့ရှိခဲ့သည့်အရာနှင့် သူ့အဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာများ ဖြစ်ခဲ့သည်ဆိုသည်တို့ ဖြစ်သည်။ သို့ဆိုလျှင် ဤနေရာတွင် ဘုရားသခင်ဖော်ပြခဲ့သည့် အနှစ်သာရမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ဘုရားသခင်လုပ်ဆောင်သည့် အရာအားလုံးသည် တိတိကျကျ စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အမှုအရာတစ်ခုကို မြင်သည့်အခါ၊ သို့မဟုတ် အခြေအနေတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်သည့်အခါ၊ သူ၏ အမြင်တွင် ယင်းကို တိုင်းတာဖို့ စံတစ်ခု ရှိပြီး၊ ဤစံနှုန်းက ယင်းကို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ် တစ်ခု သူ စတင်သည် မစတင်သည်၊ သို့မဟုတ် ဤအရာ သို့မဟုတ် အခြေအနေကို ကိုင်တွယ် ဖြေရှင်းရာတွင် မည်သည့်နည်းလမ်း ခံယူရမည်ဆိုသည်ကို အကြောင်းအရာများကို ဆုံးဖြတ်ပေးလေသည်။ သူသည် အရာရာအပေါ် စိတ်မဝင်စားခြင်း သို့မဟုတ် ခံစားချက်မရှိခြင်း မဟုတ်ပေ။ ယင်းသည် အမှန်တကယ်တွင် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်က နောဧကိုပြောခဲ့သည့် အရာကို ဖော်ပြသည့် ကျမ်းတစ်ချက် ရှိသည်- “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” ဤအရာကို ဘုရားသခင် ပြောဆိုခဲ့ချိန်တွင်၊ သူသည် လူသားများကိုသာ ဖျက်ဆီးမည်ဟု ဆိုလိုခဲ့ပါသလော။ မဟုတ်ပေ။ ဘုရားသခင်က သူသည် အသွေးအသားရှိသည့် သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးမည်ဟု ပြောခဲ့ပေသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဖျက်ဆီးခြင်းကို လိုချင်ခဲ့သနည်း။ ဤနေရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် နောက်ထပ် ဖွင့်ပြချက်ရှိပေသည်။ ဘုရားသခင်၏ အမြင်တွင် လူသား၏ ဖောက်ပြန်ပျက်စီးမှု၊ သတ္တဝါ အားလုံးတို့၏ ညစ်ညမ်းမှု၊ အဓမ္မအမှုနှင့် မနာခံမှုတို့အပေါ် သူ၏သည်းခံမှု အကန့်အသတ် တစ်ခုရှိပေသည်။ သူ၏ အကန့်အသတ်သည် မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်၊ “ဘုရားသခင်သည် မြေကြီးကို ကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။” ဟု ပြောခဲ့သကဲ့သို့ ဖြစ်သည်။ “အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ” ဟူသည့် စကားရပ်သည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ဘုရားသခင်နောက် လိုက်ခဲ့ကြသူများ၊ ဘုရားသခင်၏ နာမကို ခေါ်ဆိုခဲ့ကြသူများ၊ တစ်ချိန်က ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ခဲ့ကြသူများ၊ ဘုရားသခင်ကို နှုတ်အားဖြင့် ဝန်ခံပြီး ချီးမွမ်းပင် ချီးမွမ်းခဲ့ကြသူများအပါအဝင် မည်သည့် သက်ရှိ သတ္တဝါကိုမဆို ဆိုလိုပေသည်- ၎င်းတို့၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးမှုတို့နှင့်ပြည့်ပြီး ဘုရားသခင်၏ မျက်မှောက်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့ကို ဘုရားသခင် ဖျက်ဆီးရမည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အကန့်အသတ် ဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်သည် လူသားနှင့် သတ္တဝါအားလုံး၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်၍ မည်မျှ အတိုင်းအတာထိ သည်းခံမြဲ သည်းခံခဲ့သနည်း။ ဘုရားသခင်၏ နောက်လိုက်များ ဖြစ်စေ သို့မဟုတ် မယုံကြည်သူများဖြစ်စေ လူအားလုံးသည် လမ်းမှန်ကို လျှောက်မနေခဲ့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ဖောက်ပြန်ပျက်စီးကာ မကောင်းမှုနှင့်ပြည့်ရုံသာမက၊ ကမ္ဘာလောကကို ဘုရားသခင်က အုပ်စိုးပြီး၊ ဘုရားသခင်သည် လူတို့ကို အလင်းနှင့် မှန်ကန်သည့်လမ်းကြောင်းကို ယူဆောင်ပေးနိုင်သည်ဟု ယုံကြည်သူ တစ်ဦးတစ်လေ ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ခဲ့သူ တစ်ဦးမျှ မရှိခဲ့သည့် အတိုင်းအတာအထိ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တည်ရှိမှုကို စက်ဆုပ်ရွံရှာပြီး ဘုရားသခင်ကို တည်ရှိခွင့်မပေးသည့် အတိုင်းအတာထိ ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် ဤအခြေအနေကိုရောက်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် နောက်ထပ် သည်းမခံနိုင်တော့ပေ။ ယင်းကို မည်သည့်အရာက အစားထိုး မည်နည်း။ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းတို့ ကျရောက်လာခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏စိတ်သဘောထား နှင့်သက်ဆိုင်သည့် တစ်ဝက်တစ်ပျက် ဖွင့်ပြခြင်းတစ်ခု မဟုတ်ခဲ့ပါသလော။ ဤလက်ရှိခေတ်ကာလတွင်၊ ဘုရားသခင်၏အမြင်၌ ဖြောင့်မတ်သည့်လူ မည်သူမျှ မရှိသလော။ ဘုရားသခင်၏အမြင်၌ စုံလင်သည့်လူ မည်သူမျှမရှိသလော။ ဤခေတ်သည် ကမ္ဘာပေါ်ရှိ သတ္တဝါအားလုံး၏ အပြုအမူက ဘုရားသခင်၏အမြင်တွင် ဖောက်ပြန်ပျက်စီးသည့် ခေတ်တစ်ခေတ်ဖြစ်သလော။ ဤနေ့ရက်နှင့် ခေတ်ကာလတွင်၊ ဘုရားသခင်က စုံလင်စေလိုသူများ၊ ဘုရားသခင်၏နောက်လိုက်နိုင်ပြီး သူ၏ကယ်တင်ခြင်းကို လက်ခံနိုင်သည့်သူများမှလွဲ၍- အသွေးအသားရှိသည့် လူအားလုံးသည် ဘုရားသခင်၏ သည်းခံမှုအကန့်အသတ်ကို စိန်ခေါ်နေကြသည် မဟုတ်လော။ သင်တို့၏ဘေးတွင် ဖြစ်ပျက်သည့်အရာရာတိုင်း- သင်တို့၏ မျက်စိများဖြင့် မြင်သည့်အရာနှင့် နားများဖြင့် ကြားရသည့်အရာများ၊ ပြီးလျှင် ဤလောကတွင် နေ့စဉ် သင်တို့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည့်အရာများသည် အဓမ္မ အမှုနှင့် ပြည့်သည် မဟုတ်လော။ ဘုရားသခင်၏ အမြင်တွင်၊ ထိုသို့သောကမ္ဘာ၊ ထိုသို့သောခေတ်သည် အဆုံးသတ်သင့်သည် မဟုတ်လော။ လက်ရှိခေတ်ကာလ၏ နောက်ခံသည် နောဧ၏ အချိန်ကာလ နောက်ခံနှင့် လုံးဝ မကွဲပြားသော်လည်း၊ လူသား၏ ဖောက်ပြန်ပျက်စီးမှုအပေါ် ဘုရားသခင်၏ ခံစားမှုများနှင့် အမျက်ဒေါသသည် အတိအကျ တူညီဆဲဖြစ်ပေသည်။ ဘုရားသခင်သည် သူ၏အမှုကြောင့် စိတ်ရှည်သည်းခံနိုင်သော်လည်း၊ အခြေအနေများနှင့် အနေအထားများအရ၊ ဘုရားသခင်၏ အမြင်တွင် ဤကမ္ဘာလောကသည် အချိန်ကြာမြင့်စွာက ဖျက်ဆီးခြင်းခံရသင့်ပြီး ဖြစ်သည်။ အခြေအနေများသည် ကမ္ဘာကြီးက ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခံခဲ့ရသည့် အချိန်ထက် များစွာ ကျော်လွန်ပေသည်။ သို့ရာတွင် ကွာခြားချက်မှာ အဘယ်နည်း။ ဤသည်မှာ ဘုရားသခင်၏ စိတ်နှလုံးကို ဝမ်းအနည်းစေဆုံးသော အရာတစ်ခုလည်း ဖြစ်ပြီး သင်တို့ထဲမှ မည်သူမျှ နားမလည်နိုင်သည့် အရာတစ်ခုလည်း ဖြစ်ကောင်းဖြစ်ပေမည်။

ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခဲ့ချိန်တွင်၊ သင်္ဘောဆောက်ပြီး ပြင်ဆင်ခြင်း အလုပ်တစ်ချို့ လုပ်ဆောင်ရန် နောဧကို ဘုရားသခင် ခေါ်နိုင်ခဲ့သည်။ ဘုရားသခင်သည် ဤအမှုအရာများ တသီတတန်းကို လုပ်ဆောင်ဖို့ နောဧဟူသည့် လူတစ်ဦးကို ခေါ်ယူနိုင်ခဲ့သည်။ သို့ရာတွင် လက်ရှိခေတ်ကာလတွင် ခေါ်ယူရန် ဘုရားသခင်ထံတွင် မည်သူမျှ မရှိပေ။ အဘယ်ကြောင့်နည်း။ ဤနေရာတွင် ထိုင်နေကြသည့် လူတစ်ဦးချင်းစီတိုင်းသည် အကြောင်းရင်းကို အလွန်ကောင်းစွာ နားလည်ပြီး သိသည်မှာ သေချာသလောက်ဖြစ်သည်။ သင်တို့သည် ငါ့ကို ထုတ်ဖော်ပြောစေလိုသလော။ ယင်းကို ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုခြင်းက သင်တို့ကို အရှက်ရစေပြီး အယောက်တိုင်းကို စိတ်ပျက်သွား စေနိုင်သည်။ လူအချို့က၊ “ဘုရားသခင်၏အမြင်တွင် ကျွန်ုပ်တို့သည် ဖြောင့်မတ်သည့်လူများနှင့် စုံလင်သည့် လူများ မဟုတ်သော်လည်း၊ ဘုရားသခင်က ကျွန်ုပ်တို့ကို တစ်စုံတစ်ခုပြုလုပ်ရန် ညွှန်ကြားပါက၊ ကျွန်ုပ်တို့သည် ထိုအရာကို လုပ်နိုင်စွမ်းရှိဦးမည် ဖြစ်သည်။ ယခင်က၊ ကပ်ဘေးတစ်ခု ကျရောက်တော့မည်ဟု ဘုရားသခင် ပြောခဲ့ချိန်တွင်၊ ကျွန်ုပ်တို့သည် ကပ်ဘေးထဲတွင် လိုအပ်မည့် အစားအစာများနှင့် ပစ္စည်းများကို စတင်ပြင်ဆင်ခဲ့ကြပါသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ လုပ်ဆောင်ခဲ့ကြသည် မဟုတ်ပါလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုနှင့် အမှန်တကယ် ပူးပေါင်း လုပ်ဆောင်နေခဲ့ကြသည် မဟုတ်ပါလား။ ကျွန်ုပ်တို့ လုပ်ခဲ့သည့် ဤအရာများသည် နောဧ လုပ်ဆောင်ခဲ့သည့်အရာနှင့် ယှဉ်၍ မရနိုင်ပါသလား။ ကျွန်ုပ်တို့ လုပ်ခဲ့သည့်အရာကို လုပ်ဆောင်ခြင်းသည် စစ်မှန်သည့် နာခံမှု မဟုတ်ပါလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ညွှန်ကြားချက်များကို လိုက်နာ နေခဲ့ကြသည် မဟုတ်ပါလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ကျွန်ုပ်တို့ ယုံကြည်ချက် ရှိကြသောကြောင့် ဘုရားသခင်ပြောသည့်အရာကို ကျွန်ုပ်တို့ လုပ်ခဲ့ကြသည် မဟုတ်ပါလား။ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ်ကြောင့် ဝမ်းနည်း နေသေးသနည်း။ သူခေါ်စရာ မည်သူမျှမရှိဟု အဘယ်ကြောင့် ဘုရားသခင် ပြောသနည်း” ဟု ပြောကောင်းပြောကြပေမည်။ သင်တို့၏လုပ်ရပ်များနှင့် နောဧ၏လုပ်ရပ်ကြားတွင် ကွာခြားချက်တစ်ခုတစ်လေ ရှိသလော။ ကွာခြားချက်မှာ အဘယ်နည်း။ (ကပ်ဘေးအတွက် ယနေ့တွင် အစားအစာ ပြင်ဆင်ခြင်းသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင် ရည်ရွယ်ချက် ဖြစ်ပါသည်။) (ကျွန်ုပ်တို့၏ လုပ်ရပ်များသည် “ဖြောင့်မတ်သောသူ” ဖြစ်ခြင်းနှင့် မညီမျှနိုင်ပါ၊ နောဧမှာမူ ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်သူ တစ်ဦး ဖြစ်ပါသည်။) သင်တို့ပြောသည့် အရာများသည် သိပ်အလှမ်းမကွာခြားလှပေ။ နောဧလုပ်ခဲ့သည့်အရာမှာ ယခု လူများလုပ်နေသည့်အရာနှင့် အခြေခံအားဖြင့် ကွဲပြားပေသည်။ ဘုရားသခင် ညွှန်ကြားခဲ့သကဲ့သို့ နောဧလုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သူ မသိခဲ့ပေ။ ဘုရားသခင်က မည်သည့်အရာ ပြီးမြောက်လိုခဲ့သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကာ၊ ရှင်းပြချက် သိပ်မရှိဘဲ နောဧသည် ရှေ့ဆက်ပြီး လုပ်ဆောင်ခဲ့သည်။ သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့၊ ဘုရားသခင်ကို မခုခံခဲ့ပေ သို့မဟုတ် သစ္စာမရှိခြင်းကို မပြသခဲ့ပေ။ သူသည် ဖြူစင်ပြီး ရိုးရှင်းသည့် စိတ်နှလုံးနှင့် လျော်ညီစွာ သွားရောက်၊ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ဆောင်စေခဲ့သည်ဖြစ်စေ၊ သူ လုပ်ဆောင်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံခြင်းနှင့် နားထောင်ခြင်းတို့သည် သူ လုပ်ဆောင်ခဲ့သည့် အရာ၌ သူ၏ ယုံကြည်မှုကို ကျောထောက် နောက်ခံပြု ခဲ့ပေသည်။ ယင်းမှာ ဘုရားသခင် ပေးအပ်သည့်အရာနှင့် ပတ်သက်၍ ရိုးရိုးတန်းတန်းနှင့် ရိုးရှင်းစွာ သူကိုင်တွယ်ခဲ့သည့်ပုံ ဖြစ်သည်။ သူ၏ အနှစ်သာရ- သူ၏အပြုအမူများ၏ အနှစ်သာရသည် နာခံခြင်းဖြစ်ပြီး၊ ဝေဖန်သုံးသပ်ခြင်း မဟုတ်၊ ခုခံခြင်း မဟုတ်သည့်အပြင်၊ မိမိ၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူ၏ အမြတ်အစွန်းများ နှင့် ဆုံးရှုံးမှုများကို တွေးခြင်း မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးမည်ဟုပြောသည့်အချိန်တွင်၊ မည်သည့် အချိန်တွင် ဖြစ်မည် သို့မဟုတ် မည်သည့်အရာများ ဖြစ်လာမည် ဆိုသည်ကို နောဧ မမေးခဲ့သကဲ့သို့၊ ကမ္ဘာလောကကို ဘုရားသခင်က မည်သို့ ဖျက်ဆီးမည် ဆိုသည်ကို ဘုရားသခင်အား သူ သေချာပေါက် မမေးခဲ့ပေ။ ဘုရားသခင် ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်သို့မည်ပုံ လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ၊ ဘုရားသခင် စေခိုင်းခဲ့သည့် အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ချက်ချင်း စတင် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားတစ်ခုဖြင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူခဲ့သည်။ ကပ်ဘေးမှ မိမိကိုယ်ကိုယ် ရှောင်လွှဲစေဖို့ ထိုအရာကို သူလုပ်ခဲ့ခြင်း ဖြစ်သလော။ မဟုတ်ပေ။ ကမ္ဘာကြီး ဖျက်ဆီးခြင်းမခံရမီတွင် မည်မျှကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော။ မမေးခဲ့ပေ။ သင်္ဘောကို တည်ဆောက်ဖို့ အချိန်မည်မျှ ကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော သို့မဟုတ် သူ သိခဲ့သလော။ ယင်းကိုလည်း သူမသိခဲ့ပေ။ သူသည် ရိုးရိုးရှင်းရှင်း နာခံခဲ့သည်၊ နားထောင်ခဲ့ပြီး လျော်ညီစွာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။ ယခု လူများမှာ မတူကြပေ- ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် သတင်းအချက်အလက် အနည်းငယ် ပေါက်ကြားလျှင် ပေါက်ကြားချင်း၊ အနှောင့်အယှက် သို့မဟုတ် လေထဲက သစ်ရွက်လှုပ်ခတ်သံ သဲ့သဲမျှ ကြားရလျှင် ကြားရချင်း၊ ၎င်းတို့သည် ကပ်ဘေးအပြီးတွင် စားရမည့်အရာ၊ သောက်ရမည့်အရာနှင့် အသုံးပြုမည့်အရာကို ပြင်ဆင်ဖို့၊ ကပ်ဘေးကျရောက်လျှင် ထွက်ပြေးလွတ်မြောက်ရန် လမ်းများကိုပင် ပြင်ဆင်ရင်း၊ မည်သည့်အဖိုးအခပင် ဖြစ်ပါစေ၊ အဖိုးအခကို ဂရုမထားဘဲ ချက်ချင်း စတင်ဆောင်ရွက်ကြလေသည်။ သာ၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ ဤအဓိကကျသည့် အခိုက်အတန့်တွင် လူ့ဦးနှောက်များသည် “အလုပ်တာဝန်ကို ပြီးစီးအောင် လုပ်ဆောင်ရာတွင်” အင်မတန် တော်ကြပေသည်။ ဘုရားသခင်က မည်သည့် ညွှန်ကြားချက်မျှ မပေးသည့်အခြေအနေအောက်တွင်၊ လူသားသည် အရာအားလုံးအတွက် အလွန်သင့်တော်စွာ စီစဉ်နိုင်လေသည်။ ထိုသို့သော အစီအစဉ်များကို ဖော်ပြရန် “စုံလင်သည်” ဟူသည့် စကားကို သင်တို့အသုံးပြုနိုင်သည်။ ဘုရားသခင်ပြောသည့်အရာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင် လိုချင်သည့်အရာ မည်သည့်အရာ ဖြစ်သည်ကိုမူ မည်သူမျှ ဂရုမစိုက်ကြသကဲ့သို့၊ မည်သူမျှ နားလည်ရန် မကြိုးစားကြပေ။ ယင်းသည် ယနေ့ခေတ် လူများနှင့် နောဧတို့ကြားက အကြီးမားဆုံးသော ကွာခြားချက် ဖြစ်သည် မဟုတ်သလော။

ဤနောဧ၏ အဖြစ်အပျက် မှတ်တမ်းတွင်၊ ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ပိုင်းကို သင်တို့ မြင်ကြသလော။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်း၊ ညစ်ညမ်းမှုနှင့် အဓမ္မမှုတို့အပေါ် ဘုရားသခင်၏ သည်းခံမှုသည် အကန့်အသတ်ရှိ၏။ ထိုအကန့်အသတ်ကို သူရောက်သွားသည့်အခါ၊ သူသည် ဆက်လက် သည်းခံတော့မည် မဟုတ်သကဲ့သို့၊ ယင်းအစား သူ၏စီမံခန့်ခွဲမှု အသစ်နှင့် အစီအစဉ် အသစ်တို့ကို အစပြုလိမ့်မည်၊ သူလုပ်ရမည့်အရာကို စတင် လုပ်ဆောင်လိမ့်မည်၊ သူ၏ လုပ်ဆောင်ချက်များ နှင့် သူ့စိတ်သဘောထား၏ အခြားတစ်ဖက်ကို ထုတ်ဖော်ပြလိမ့်မည်။ သူ၏ ဤလုပ်ရပ်သည် လူသား၏ ပုန်ကန်ပြစ်မှားမှုကို သူသည် မည်သည့်အခါတွင်မျှ ခံရမည်မဟုတ်သည်ကို ပြသဖို့၊ သို့မဟုတ် သူသည် ဩဇာအာဏာ၊ အမျက်ဒေါသတို့နှင့် ပြည့်သည်ကို ပြသရန်မဟုတ်သကဲ့သို့၊ သူသည် လူသားမျိုးနွယ်အား ဖျက်ဆီးပစ်နိုင်သည်ကို ပြသရန်လည်းမဟုတ်ပေ။ ယင်းမှာ သူ၏စိတ်သဘောထားနှင့် သူ၏သန့်ရှင်းသည့် အနှစ်သာရသည် ဤသို့သောလူသားမျိုးနွယ်ကို သူ၏ မျက်မှောက်တွင် ရှင်သန်ခွင့်ပေးရန်၊ သူ၏ အုပ်စိုးမှုအောက်တွင် ရှင်သန်ခွင့်ပေးရန် ခွင့်မပြုနိုင်တော့ခြင်း သို့မဟုတ် စိတ်ရှည်သည်းခံမှု မရှိတော့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ် အားလုံးသည် သူ့ကို ဆန့်ကျင်သည့်အခါ၊ တစ်ကမ္ဘာလုံးတွင် သူကယ်နိုင်သည့်သူ တစ်ဦးမျှ မရှိသည့်အခါတွင်၊ သူသည် ထိုသို့သော လူသားမျိုးနွယ်ကို ဆက်၍ သည်းခံတော့မည် မဟုတ်သကဲ့သို့၊ ဤလူသားမျိုးနွယ်မျိုးကို ဖျက်ဆီးရန် သူ၏အစီအစဉ်ကို မည်သည့်ဒွိဟမျှမရှိဘဲ ဆောင်ရွက်မည် ဖြစ်သည်။ ထိုသို့သော ဘုရားသခင်၏ လုပ်ရပ်ကို သူ့စိတ်သဘောထားဖြင့် ဆုံးဖြတ် ထားပေသည်။ ဤသည်မှာ မလွှဲမရှောင်သာသည့် အကျိုးဆက်ဖြစ်ပြီး ဘုရားသခင်၏အုပ်စိုးမှုအောက်တွင် ရှိသည့် ဖန်ဆင်းခံ သတ္တဝါအားလုံး ခံယူရမည့် အကျိုးဆက်ဖြစ်သည်။ ဤအရာက လက်ရှိခေတ် ကာလတွင်၊ ဘုရားသခင်သည် သူ၏အစီအစဉ်ကို ပြည့်စုံစေရန်နှင့် သူကယ်တင်လိုသည့် လူများကို ကယ်တင်ရန် စိတ်အားထက်သန်နေသည်ကို ပြသည် မဟုတ်လော။ ဤအခြေအနေများအောက်တွင် ဘုရားသခင်သည် မည်သည့်အရာကို ဂရုအစိုက်ဆုံး ဖြစ်သနည်း။ သူ့နောက်ကို လုံးဝမလိုက်သည့်သူများ၊ သို့မဟုတ် သူ့ကို ဆန့်ကျင်သူများက မည်သို့မည်ပုံ ဆက်ဆံပုံ သို့မဟုတ် ခုခံပုံကို မဟုတ်၊ သို့မဟုတ် လူသားမျိုးနွယ်က သူ့ကို မည်ကဲ့သို့ မကောင်း ပြောဆိုကြပုံကို မဟုတ်ပေ။ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲက သူ၏ကယ်တင်ခြင်းခံရသူများဖြစ်သည့် သူ့နောက်လိုက်သူများသည် သူ၏ စုံလင်စေခြင်း ခံရသည် မခံရသည်၊ သူ ကျေနပ်အားရထိုက်သူများ ဖြစ်လာ၏ မဖြစ်လာ၏ ဆိုသည်ကိုသာ သူဂရုစိုက်သည်။ သူ့နောက်ကိုလိုက်သူများမှလွဲ၍ အခြားလူများအတွက်မူ သူ၏အမျက်ဒေါသကိုဖော်ပြရန် ပြစ်ဒဏ်ပေးခြင်း အနည်းငယ်ကို ရံဖန်ရံခါမျှ သူပေးလေသည်။ ဥပမာအားဖြင့်- ဆူနာမီများ၊ ငလျင်လှုပ်ခြင်းများ၊ မီးတောင်ပေါက်ကွဲခြင်းများ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူ့နောက်ကိုလိုက်ကာ သူ့အားဖြင့် ကယ်တင်ခြင်း ခံရဆဲဆဲရှိသည့် သူများကို သူသည် ခိုင်မာစွာ ကွယ်ကာပြီး စောင့်ရှောက်နေသည်။ ဘုရားသခင်၏ စိတ်သဘောထားမှာ ဤသို့ဖြစ်သည်- တစ်ဖက်တွင်၊ သူသည် စုံလင်စေရန် သူရည်ရွယ်ထားသည့် လူများအပေါ် အဆုံးစွန်သော စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းရှိနိုင်ပြီး၊ ၎င်းသူတို့ကို သူတတ်နိုင်သရွေ့ စောင့်ဆိုင်းနိုင်သည်။ အခြားတစ်ဖက်တွင်၊ သူ့နောက်ကိုမလိုက်ဘဲ သူ့ကိုဆန့်ကျင်သည့် စာတန်ပုံစံ လူများကို အလွန်အမင်း မုန်းတီးကာ စက်ဆုပ်လေသည်။ ဤစာတန်ပုံစံ လူများသည် သူ့နောက်ကိုလိုက်ခြင်း သို့မဟုတ် သူ့ကို ကိုးကွယ်ခြင်းများ ရှိ မရှိဆိုသည်ကို သူ ဂရုမစိုက်သော်လည်း၊ သူ၏ စိတ်နှလုံးထဲတွင် ၎င်းတို့အတွက် သည်းခံစိတ်ရှိစဉ်တွင်၊ ၎င်းတို့ကို သူ စက်ဆုပ်ရွံရှာဆဲဖြစ်ပြီး ဤစာတန်ပုံစံ လူများ၏ အဆုံးသတ်ကို သူ ချမှတ်သည်နှင့်အမျှ၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များ ရောက်ရှိလာခြင်းကိုလည်း သူ စောင့်ဆိုင်းနေပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၇)

ရေလွှမ်းမိုးခြင်းပြီးနောက် နောဧကိုပေးသော ဘုရားသခင်၏ကောင်းချီးမင်္ဂလာ

ကမ္ဘာဦးကျမ်း ၉:၁-၆ ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည် များပြားစွာ မွေးဖွားလျက် မြေကြီးပြည့်စေကြလော့။ မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။ အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ သင်တို့၏ အသက်တည်းဟူသော သင်တို့၏ အသွေးကိုသွန်းသောသူ မည်သူမဆိုသည် သားရဲတိရစ္ဆာန်ဖြစ်စေ၊ လူဖြစ်စေ၊ ခပ်သိမ်းသော လူတို့၏ ညီအစ်ကိုများဖြစ်စေ ၎င်းတို့၏ အသက်ကို ငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကို သွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။

နောဧသည် ဘုရားသခင်၏ညွန်ကြားချက်များကို လက်ခံပြီး သင်္ဘောကိုတည်ဆောက်ကာ ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ရေလွှမ်းမိုးခြင်းကို ဘုရားသခင် အသုံးပြုသည့်နေ့ရက်များကို ဖြတ်သန်းခဲ့ပြီးနောက်၊ သူ၏မိသားစုဝင် ရှစ်ဦးလုံး အသက်ရှင်ကျန်ရစ်ခဲ့သည်။ နောဧ၏ မိသားစု ရှစ်ဦးမှလွဲ၍ လူသားမျိုးနွယ်အားလုံး ဖျက်ဆီးခြင်းခံခဲ့ရပြီး ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး ဖျက်ဆီးခံခဲ့ရသည်။ နောဧကိုမူ ဘုရားသခင်သည် ကောင်းချီးမင်္ဂလာများပေးခဲ့ပြီး သူနှင့်သူ၏သားများကို အချို့အရာများ ပြောဆိုခဲ့သည်။ ဤအရာများမှာ ဘုရားသခင်က သူ့ကို ပေးသနားခဲ့သည့် အရာများဖြစ်ပြီး သူ့အပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာလည်း ဖြစ်သည်။ ဤသည်မှာ သူ့ကို နားထောင်နိုင်ပြီး သူ၏ညွှန်ကြားချက်များကို လက်ခံနိုင်သူကို ဘုရားသခင်ပေးသည့် ကောင်းချီးမင်္ဂလာနှင့် ကတိတို့ဖြစ်ကာ ဘုရားသခင်က လူတို့ကို ဆုချီးမြှင့်သည့် နည်းလမ်းလည်း ဖြစ်သည်။ ဆိုလိုသည်မှာ၊ နောဧသည် ဘုရားသခင်အမြင်တွင် စုံလင်သောသူဖြစ်ခဲ့သည်ဖြစ်စေ သို့မဟုတ် ဖြောင့်မတ်သည့်လူ ဖြစ်ခဲ့သည်ဖြစ်စေ ပဓာနမထားဘဲ၊ ပြီးလျှင် ဘုရားသခင်အကြောင်းကို သူမည်မျှ သိသည်ဆိုသည်ကို ပဓာနမထားဘဲ၊ တိုတိုပြောရလျှင်၊ နောဧနှင့် သူ့သားသုံးယောက်လုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့သည်၊ ဘုရားသခင်၏ အမှုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ ဘုရားသခင်၏ ညွှန်ကြားချက်များနှင့်အညီ သူတို့ လုပ်သင့်သည့်အရာကို လုပ်ဆောင်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် နောက်တစ်ဆင့်အတွက် ကြီးမားသည့်အထောက်အပံ့ ဖြစ်စေရင်း၊ ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီး ခဲ့ပြီးနောက်ပိုင်းတွင် လူသားများနှင့် သက်ရှိသတ္တဝါ အမျိုးမျိုးကို ဘုရားသခင်အတွက် ထိန်းသိမ်းခဲ့ကြသည်။ နောဧ လုပ်ဆောင်ခဲ့သည့် အရာရာတိုင်းကြောင့်၊ ဘုရားသခင်သည် သူ့ကို ကောင်းချီးပေးခဲ့သည်။ ယနေ့ခေတ်လူများအတွက်မူ နောဧလုပ်ခဲ့သည့် အရာသည် ထုတ်ဖော်ပြောဆိုရန်ပင် ထိုက်တန်ခြင်းမရှိ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အချို့က- “နောဧသည် မည်သည့်အရာမျှ မလုပ်ခဲ့ပေ။ သူ့ကို ချမ်းသာပေးဖို့ ဘုရားသခင်က စိတ်ပိုင်းဖြတ်ခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် တကယ်ကို ကယ်တင်ခြင်းခံခဲ့ရမည် ဖြစ်သည်။ သူ၏ အသက်ရှင်ကျန်ရစ်ခြင်းသည် သူ ကိုယ်တိုင်၏ ထူးချွန်မှုများကြောင့် မဟုတ်ခဲ့ပေ။ လူသည် မလှုပ်မယှက်ဖြစ်သောကြောင့် ဤသည်မှာ ဘုရားသခင်က ဖြစ်စေချင်ခဲ့သည့်အရာဖြစ်သည်ဟူ၍ တွေးပင် တွေးပေလိမ့်မည်။” သို့ရာတွင် ဤသည်မှာ ဘုရားသခင် စဉ်းစားနေခဲ့သည့်အရာ မဟုတ်ပေ။ ဘုရားသခင်အဖို့၊ လူတစ်ယောက် ကြီးမြတ်သည်ဖြစ်စေ သို့မဟုတ် အရေးမပါသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် သူ့ကို နားထောင်နိုင်သရွေ့၊ သူ၏ညွှန်ကြားချက်များနှင့် သူ ပေးအပ်သည့်အရာကို နာခံနိုင်သရွေ့၊ ပြီးလျှင် သူ၏အလိုနှင့် သူ၏အစီအစဉ်တို့ ချောမွေ့စွာ ပြီးမြောက်နိုင်ရန်အလို့ငှာ သူ၏အမှု၊ သူ၏အလိုနှင့် သူ၏ အစီအစဉ်တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သရွေ့၊ ထိုလုပ်ရပ်သည် သူ၏ အမှတ်ရခြင်းနှင့် ကောင်းချီးမင်္ဂလာကို ရရှိဖို့ ထိုက်တန်ပေသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို တန်ဖိုးထားပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ ချစ်ခြင်းနှင့် သူ့အတွက် ချစ်ခင်မှုများကို နှစ်သက်မြတ်နိုးသည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထား ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် နောဧကို အဘယ်ကြောင့် ကောင်းချီးပေးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူသား၏ ထိုသို့သော လုပ်ရပ်များနှင့် နာခံခြင်းကို ဘုရားသခင် ဆက်ဆံသည့် ပုံစံ ဖြစ်သောကြောင့် ဖြစ်သည်။

နောဧနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာနှင့် စပ်လျဉ်း၍၊ လူအချို့က- “လူသည် ဘုရားသခင်ကို နားထောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေပါက၊ ဘုရားသခင်သည် လူသားကို ကောင်းချီးပေးသင့်ပါသည်။ ဤအချက်က သိသာထင်ရှားပေသည် မဟုတ်လော” ဟု ပြောကြလိမ့်မည်။ ငါတို့ ထိုကဲ့သို့ ပြောနိုင်သလော။ “မပြောနိုင်ပါ” ဟု လူအချို့က ပြောသည်။ အဘယ်ကြောင့် ထိုကဲ့သို့ ငါတို့ မပြောနိုင်ရသနည်း။ လူအချို့က “လူသားသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို မွေ့လျော်ခြင်းငှာ မထိုက်တန်ပါ။” ဟု ပြောကြသည်။ ယင်းသည် လုံးဝဥဿုံ မမှန်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သည့်အရာကို လူတစ်ဦးက လက်ခံလိုက်သည့်အခါ၊ ၎င်းတို့၏ လုပ်ရပ်များက ကောင်းသည် ဆိုးသည်၊ ပြီးလျှင် ထိုလူက နာခံသည် မနာခံသည်၊ ထိုလူက ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပေးသည် မဖြည့်ဆည်းပေးသည်ဆိုသည်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာသည် စံနှုန်းမီသည် မမီသည်ဆိုသည်တို့ကို အကဲဖြတ်ခြင်းအတွက် ဘုရားသခင်ထံတွင် စံနှုန်းတစ်ခုရှိပေသည်။ ဘုရားသခင် ဂရုစိုက်သည့်အရာမှာ လူ၏စိတ်နှလုံး ဖြစ်သည်၊ အပေါ်ယံက ၎င်းတို့၏ လုပ်ရပ်များမဟုတ်ပေ။ ၎င်းတို့ မည်သို့လုပ်ဆောင်သည်ကို ပဓာနမထားဘဲ၊ တစ်စုံတစ်ရာကို ၎င်းတို့လုပ်ဆောင်သရွေ့၊ ဘုရားသခင်က တစ်စုံတစ်ဦးကို ကောင်းချီး ပေးသင့်သည် ဆိုသည်မှာ မမှန်ပေ။ ဤသည်မှာ ဘုရားသခင်နှင့် ပတ်သက်၍ လူတို့ရှိကြသည့် နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် အမှုအရာများ၏ အဆုံးသတ် ရလဒ်ကိုသာ ကြည့်သည်မဟုတ်ဘဲ၊ အမှုအရာများ တိုးတက်မှု ဖြစ်စဉ်အတွင်း၌ လူတစ်ဦး၏စိတ်နှလုံးက မည်သို့ရှိပြီး လူတစ်ဦး၏သဘောထားက မည်သို့ရှိသည် ဆိုသည်တို့အပေါ် သာ၍အလေးပေးကာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နာခံမှု၊ အရေးထားမှုနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒတို့ ရှိမရှိ ဆိုသည်ကိုလည်း ကြည့်ရှုလေသည်။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်အကြောင်းကို မည်မျှ သိခဲ့သနည်း။ ယင်းသည် ယခု သင်တို့သိသည့် အယူဝါဒများလောက် များခဲ့သလော။ ဘုရားသခင်၏ အယူအဆများနှင့် အသိပညာကဲ့သို့သော သမ္မာတရား၏ ရှုထောင့်များအရ၊ သူသည် သင်တို့ကဲ့သို့ ရေလောင်းပေးမှုနှင့် ထိန်းကျောင်းပေးမှုများကို ရရှိခဲ့သလော။ မရခဲ့ပေ။ သို့ရာတွင် ငြင်း၍မရသည့် အချက်တစ်ချက်ရှိသည်။ ယနေ့ခေတ်လူတို့၏ အသိ၊ စိတ်များနှင့် နှလုံးသား၏ နက်ရှိုင်းသော နေရာများတွင်ပင်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများနှင့် သဘောထားသည် ဝေဝါးပြီး မရေမရာ ဖြစ်လေသည်။ လူအချို့သည် ဘုရားသခင်၏ တည်ရှိမှုအပေါ်တွင် အပျက်သဘောဆောင်သည့် သဘောထားတစ်ခု ကိုင်စွဲထားသည်ဟုပင် ပြောနိုင်သည်။ သို့ရာတွင် နောဧ၏ နှလုံးသားနှင့် သူ၏အသိထဲတွင်၊ ဘုရားသခင်၏ တည်ရှိမှုသည် အကြွင်းမဲ့ဖြစ်ပြီး ယုံမှားဖွယ်ရာ နည်းနည်းမျှ မရှိခဲ့ပေ၊ ထို့ကြောင့် ဘုရားသခင်အပေါ် သူ၏နာခံမှုသည် အစစ်အမှန်ဖြစ်ပြီး စမ်းသပ်မှုကို ခံနိုင်ခဲ့ပေသည်။ သူ၏ စိတ်နှလုံးသည် ဘုရားသခင်အပေါ် ဖြူစင်ပြီး ပွင့်လင်းသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်တိုင်းကို လိုက်လျှောက်ဖို့ မိမိကိုယ်ကိုယ် သိမ်းသွင်းဖို့ရန် အယူဝါဒများနှင့်ဆိုင်သည့် အသိပညာများစွာကို သူမလိုအပ်ခဲ့သကဲ့သို့၊ ဘုရားသခင်က သူ့ကို ပေးအပ်သည့်အရာကို လက်ခံနိုင်ဖို့နှင့် ဘုရားသခင် လုပ်စေသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိဖို့ရန် ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြဖို့ အချက်အလက်များစွာကိုလည်း သူမလိုအပ်ခဲ့ပေ။ ဤသည်မှာ နောဧနှင့် ယနေ့ခေတ်လူများကြား ပဓာနကျသည့် ခြားနားချက်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏အမြင်၌ စုံလင်သည့်လူဆိုသည်မှာ တိတိကျကျ မည်သည့်အရာ ဖြစ်သည်ဆိုသည့် စစ်မှန်သော အဓိပ္ပာယ် ဖွင့်ဆိုချက်လည်း ဖြစ်ပေသည်။ ဘုရားသခင် လိုချင်သည်မှာ နောဧကဲ့သို့သော လူများဖြစ်သည်။ သူသည် ဘုရားသခင် ချီးမွမ်းသည့် လူစားမျိုးဖြစ်ပြီး ဘုရားသခင် ကောင်းချီးပေးသည့်လူစားမျိုးလည်း အတိအကျ ဖြစ်သည်။ ဤအရာမှ ဉာဏ်အလင်းပေးမှု တစ်ခုတစ်လေကို သင်တို့ရကြပြီလော။ လူတို့က လူတို့ကို အပြင်ပန်းမှ ကြည့်ကြသော်လည်း၊ ဘုရားသခင်ကြည့်သည့် အရာမှာ လူတို့၏နှလုံးသားနှင့် ၎င်းတို့၏ အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်သည် သူ့အပေါ် မည်သည့် စိတ်မပါ့တပါဖြစ်ခြင်းမျှ သို့မဟုတ် မည်သည့်သံသယမျှရှိဖို့ မည်သူကိုမျှ ခွင့်မပြုသကဲ့သို့၊ သူ့ကို လူများက တစ်နည်းနည်းဖြင့် သံသယရှိဖို့ သို့မဟုတ် စမ်းသပ်ဖို့ ခွင့်မပြုပေ။ ထို့ကြောင့် ယနေ့ခေတ်လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မျက်နှာချင်းဆိုင် နေရသော်လည်း- ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်ရသည်ဟုပင် ပြောနိုင်သည်- သူတို့ စိတ်နှလုံးအတွင်း နက်ရှိုင်းနေရာများထဲက တစ်စုံတစ်ခုကြောင့်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရ၏ တည်ရှိခြင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ရန်လိုသည့် သဘောထားတို့ကြောင့်၊ လူတို့သည် ဘုရားသခင်၌ အမှန်တကယ် ယုံကြည်မှု ရှိခြင်းမှ ပိတ်ပင်ခံထားရပြီးဖြစ်ကာ၊ သူ့ကို နာခံခြင်းမှ ထားဆီးခံရပြီးဖြစ်သည်။ ဤအရာကြောင့် ၎င်းတို့အတွက် နောဧအပေါ် ဘုရားသခင် အပ်နှင်းခဲ့သည့် အလားတူ ကောင်းချီးမင်္ဂလာကို ရရှိဖို့ အလွန်ခက်ခဲပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၈)

လူသားနှင့် သူ၏ပဋိညာဉ် သင်္ကေတတစ်ခုအဖြစ် ဘုရားသခင်သည် သက်တံကို အသုံးပြုသည် (လက်ရွေးစင် ကျမ်းပိုဒ်များ)

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

လူအများစုက သက်တံသည် မည်သည့်အရာဖြစ်သည်ကို သိရှိကြပြီး၊ သက်တံများနှင့် ဆက်နွှယ်သည့် ဖြစ်ရပ်အချို့ကို ကြားဖူးကြပေသည်။ သမ္မာကျမ်းစာထဲက သက်တံနှင့်ပတ်သက်သည့် အဖြစ်အပျက်အတွက်မူ၊ လူအချို့က ထိုအရာကို ယုံကြည်ပြီး၊ အချို့က ယုံတမ်းစကားအဖြစ် သဘောထားကြသော်လည်း၊ အခြားသူတို့က လုံးဝမယုံကြည်ကြပေ။ မည်သို့ပင်ဖြစ်စေ သက်တံနှင့်ဆက်နွှယ်၍ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အားလုံးသည် ဘုရားသခင်၏ အမှုဖြစ်ခဲ့ပြီး လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်စဉ်တွင် ဖြစ်ပျက်ခဲ့ပေသည်။ ဤအဖြစ်အပျက်များကို သမ္မာကျမ်းစာထဲတွင် တိတိကျကျ မှတ်တမ်းတင် ထားခဲ့သည်။ ဤမှတ်တမ်းများက ဘုရားသခင်သည် ထိုအချိန်အခါက မည်သို့စိတ်နေစိတ်ထားရှိခဲ့သည် သို့မဟုတ် ဘုရားသခင်ပြောခဲ့သည့် ဤနှုတ်ကပတ်တော်များ၏ နောက်ကွယ်က ရည်ရွယ်ချက်တို့ကို ငါတို့အား မပြောပြပေ။ ထို့အပြင် ဘုရားသခင်က ထိုအရာများကို ပြောခဲ့ချိန်တွင် မည်သည့်အရာ ခံစားနေခဲ့ရသည်ကိုလည်း မည်သူမျှ နားမလည်နိုင်ပေ။ သို့ရာတွင် ဤအဖြစ်အပျက် တစ်ခုလုံးနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ စိတ်အခြေအနေကို စာကြောင်းများကြားတွင် ထုတ်ဖော်ပြထားသည်။ ယင်းမှာ ထိုအချိန်အခါက သူ၏အတွေးများသည် ဘုရားနှုတ်ကပတ်တော်၏ စာလုံးအသီးသီးနှင့် စာစုအသီးသီးမှတစ်ဆင့် ကျွန်ုပ်တို့၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲယူသွားသည့်အလား ဖြစ်သည်။

ဘုရားသခင်၏ အတွေးများသည် လူတို့ အလေးထားသင့်သည့်အရာဖြစ်ပြီး၊ ၎င်းတို့ သိရှိဖို့ အကြိုးစားသင့်ဆုံးသော အရာဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ အတွေးများသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် လူသား၏ သိနားလည်မှုနှင့် ခွဲခြားမရနိုင်အောင် ဆက်နွှယ်နေပြီး ဘုရားသခင်နှင့်သက်ဆိုင်သည့် လူသား၏ သိနားလည်မှုသည် လူသား၏ အသက်အတွင်း ဝင်ရောက်ခြင်းအဖို့ မရှိမဖြစ်သည့် ကွင်းဆက်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ဤအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည့် ထိုအချိန်တွင် ဘုရားသခင်သည် မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။

မူလက၊ ဘုရားသခင်သည် သူ့အမြင်၌ အလွန် ကောင်းမွန်ပြီး သူ့နှင့်နီးစပ်သည့် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သော်လည်း၊ သူ့ကို ပုန်ကန်ကြပြီးနောက်တွင် ရေလွှမ်းမိုးခြင်းအားဖြင့် ၎င်းတို့ ဖျက်ဆီးခံခဲ့ရသည်။ ထိုသို့သော လူသားမျိုးနွယ်သည် ထိုကဲ့သို့ ချက်ချင်းသာ ပျောက်ကွယ်သွားသည်မှာ ဘုရားသခင်ကို နာကျင်စေခဲ့သလော။ နာကျင်စေသည်မှာ အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် ဤနာကျင်မှုနှင့် သက်ဆိုင်သည့် သူ၏ ဖော်ပြချက်မှာ အဘယ်နည်း။ ယင်းကို သမ္မာကျမ်းစာထဲ၌ မည်သို့ မှတ်တမ်းတင်ထားသနည်း။ သမ္မာကျမ်းစာ၌ ဤနှုတ်ကပတ်တော်များဖြင့် မှတ်တမ်းတင်ထားသည်- “သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟုမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။” ဤရိုးရှင်းသည့် စာကြောင်းသည် ဘုရားသခင်၏ အတွေးများကို ထုတ်ဖော်ပြပေသည်။ ဤကမ္ဘာလောကကို ဖျက်ဆီးခြင်းသည် သူ့ကို အလွန်တရာ နာကျင် စေခဲ့သည်။ လူသား၏စကားများဖြင့်၊ သူသည် အလွန် ဝမ်းနည်းခဲ့၏။ ငါတို့ စိတ်ကူးကြည့်၍ရသည်- တစ်ချိန်က သက်ရှိများနှင့်ပြည့်ခဲ့သည့် ကမ္ဘာသည် ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခံရခြင်း ပြီးနောက် မည်သို့ဖြစ်ခဲ့သနည်း။ တစ်ချိန်က လူသားများနှင့် ပြည့်ခဲ့သည့် ကမ္ဘာသည် ထိုအချိန်တွင် မည်သည့်အရာနှင့် တူခဲ့သနည်း။ လူသား နေထိုင်မှုမရှိ၊ သက်ရှိသတ္တဝါများမရှိ၊ ရေက နေရာတိုင်းတွင်ရှိပြီး၊ ရေမျက်နှာပြင်ပေါ်တွင် လုံးလုံး ကြီးစွာသော အပျက်အစီးရှိနေသည်။ ထိုသို့သော မြင်ကွင်းတစ်ခုသည် ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်က ဘုရားသခင်၏ မူလ ရည်ရွယ်ချက်ဖြစ်ခဲ့ပါသလော။ မဟုတ်ပါပေ။ ဘုရားသခင်၏မူလရည်ရွယ်ချက်မှာ ကုန်းမြေ တစ်လျှောက် သက်ရှိများကို မြင်ရဖို့၊ သူဖန်ဆင်းခဲ့သည့် လူသားများက သူ့ကို ကိုးကွယ်ကြခြင်းကို မြင်ရဖို့ဖြစ်သည်၊ နောဧသာ သူ့ကို ကိုးကွယ်နေသည့် တစ်ဦးတည်းသောသူဖြစ်ရန် သို့မဟုတ် သူ့ကို ပေးအပ်သည့်အရာကို ပြည့်စုံစေဖို့ သူ၏ ခေါ်ခြင်းကို အဖြေပေးနိုင်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်ရန်သာ မဟုတ်ပေ။ လူသားမျိုးနွယ် ပျောက်ကွယ်သွားခဲ့ချိန်တွင်၊ ဘုရားသခင်သည် မူလက သူရည်ရွယ်ထားခဲ့သည့် အရာကို မမြင်ခဲ့ဘဲ လုံးဝ ဆန့်ကျင်ဖက်ကို မြင်ခဲ့ရသည်။ သူ့နှလုံးသားသည် မည်သို့မနာကျင်ဘဲ နေနိုင်မည်နည်း။ ထို့ကြောင့် သူ၏စိတ်သဘောထားကို ထုတ်ဖော် ပြနေခဲ့ပြီး သူ၏စိတ်ခံစားချက်များကို ဖွင့်ပြသည့် အချိန်တွင်၊ ဘုရားသခင်သည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ မည်သည့်ဆုံးဖြတ်ချက်မျိုးကို သူ ချမှတ်ခဲ့သနည်း။ လူနှင့် ပဋိညာဉ်တစ်ခု၊ ရေလွှမ်းမိုးခြင်းနှင့် လူသားကို တစ်ဖန် ဘုရားသခင် ဖျက်ဆီးတော့မည်မဟုတ်သည့် ကတိတစ်ခုအဖြစ် မိုးတိမ်ထဲတွင် သက်တံတစ်ခုပြုလုပ်ရန် (ယင်းမှာ၊ ငါတို့မြင်ရသည့် သက်တံ) ဖြစ်သည်။ တစ်ချိန်တည်းတွင် ယင်းမှာ ထိုသို့သောအရာကို ဘုရားသခင်က အဘယ်ကြောင့် ပြုခဲ့သည်ကို လူသားမျိုးနွယ်က ထာဝရ အောက်မေ့ဖို့အလို့ငှာ ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခဲ့ပြီး ဖြစ်သည်ကို လူတို့အား ပြောပြရန်လည်း ဖြစ်ခဲ့သည်။

ထိုအချိန်က ကမ္ဘာလောကကို ဖျက်ဆီးခြင်းသည် ဘုရားသခင် လိုချင်ခဲ့သည့် အရာဖြစ်ခဲ့သလော။ ဘုရားသခင် လိုလားသည့်အရာ လုံးဝ မဟုတ်ခဲ့ပေ။ ကမ္ဘာလောက၏ ပျက်စီးခြင်းနောက်တွင် ကမ္ဘာမြေ၏ သနားချင့်စဖွယ် မြင်ကွင်း၏ အစိတ်အပိုင်း အနည်းငယ်ကို ငါတို့ စိတ်ကူးကြည့်၍ရနိုင်သည်၊ သို့ရာတွင် ထိုအချိန်အခါက ဘုရားသခင်၏အမြင်တွင် မြင်ကွင်းက မည်သည့်အရာနှင့်တူခဲ့မည်ကို ငါတို့ နီးစပ်အောင် စိတ်ကူးကြည့်၍မရနိုင်ပေ။ ထိုအချိန်က လူတို့ဖြစ်စေ ယခုခေတ် လူတို့ဖြစ်စေ၊ ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခံရပြီးနောက် ကမ္ဘာလောက၏ပုံရိပ်ဖြစ်သည့် ထိုမြင်ကွင်းကို ဘုရားသခင်မြင်သည့်အခါ သူမည်သည့်အရာ ခံစားနေခဲ့ရသည်ကို မည်သူမျှ စိတ်ကူးမကြည့်နိုင် သို့မဟုတ် နားမလည်နိုင်ပါဟု ငါတို့ဆိုနိုင်သည်။ လူသား၏မနာခံမှုအားဖြင့် ဘုရားသခင်သည် ဤအရာကို မဖြစ်မနေ လုပ်ဆောင်ခဲ့ရသော်လည်း၊ ရေလွှမ်းမိုးခြင်းအားဖြင့် ဤကမ္ဘာလောက ပျက်စီးခြင်းမှ ဘုရားသခင်၏ စိတ်နှလုံးက ခံစားရသည့် နာကျင်မှုသည် မည်သူမျှ ဉာဏ်မမီနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် လက်တွေ့အရှိတရားတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် ပဋိညာဉ်တစ်ခု ပြုလုပ်ခဲ့ရသည့် အကြောင်းရင်းဖြစ်သည်၊ ယင်းမှတစ်ဆင့် သူသည် တစ်ချိန်က ဤကဲ့သို့သော တစ်စုံတစ်ရာကို ဘုရားသခင် လုပ်ဆောင်ခဲ့သည်ကို အောက်မေ့ဖို့ လူတို့အား ပြောပြရန်နှင့် ထိုသို့သော နည်းလမ်းဖြင့် ဘုရားသခင်သည် ကမ္ဘာလောကကို တစ်ဖန် ဖျက်ဆီးမည်မဟုတ်သည်ကို ၎င်းတို့ထံ ကျိန်ဆိုဖို့ရန် ရည်ရွယ်ခဲ့သည်။ ဤပဋိညာဉ်၌ ဘုရားသခင်၏ နှလုံးသားကို ငါတို့မြင်ရသည်- ဤလူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့ချိန်တွင် ဘုရားသခင်၏ နှလုံးသားက နာကျင်မှုတွင် ရှိခဲ့သည်ကို ငါတို့ မြင်တွေ့ရသည်။ လူ၏ဘာသာစကားအရ၊ လူသားမျိုးနွယ်ကို ဘုရားသခင်ဖျက်ဆီးပြီး လူသားမျိုးနွယ် ပျောက်ကွယ်သည်ကို မြင်ခဲ့ချိန်တွင်၊ သူ၏ နှလုံးသားသည် ငိုကြွေးနေခဲ့ပြီး သွေးများယိုစီးနေခဲ့သည်။ ယင်းမှာ ထိုအရာကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည် မဟုတ်လော။ ထိုစကားလုံးများကို လူသား၏စိတ်ခံစားမှုများအား ဖော်ပြဖို့ရန် လူသားများက အသုံးပြုကြသော်လည်း၊ လူ၏ဘာသာစကားသည် အလွန်ချို့တဲ့လှသည့်အတွက်၊ ဘုရားသခင်၏ ခံစားချက်များနှင့် စိတ်ခံစားမှုများကို ဖော်ပြဖို့ရန် ၎င်းတို့ကို အသုံးပြုခြင်းသည် ငါ့အဖို့ အလွန်ဆိုးဝါးသည့်ပုံ မပေါ်သကဲ့သို့ လွန်လည်းမလွန်ကဲလှပေ။ အနည်းဆုံးအနေဖြင့် ယင်းက ထိုအချိန်က ဘုရားသခင်၏ စိတ်အခြေအနေမှာ မည်သည့်အရာနှင့်တူခဲ့သည် ဆိုသည်နှင့်သက်ဆိုင်သည့် အလွန်ရှင်းလင်းသည့်၊ အလွန် လျော်ကန်သည့် သိနားလည်မှုအား သင်တို့ကို ပေးသည်။ သက်တံတစ်ခုကို တစ်ဖန် သင်တို့ မြင်ရသည့်အခါ မည်သို့စဉ်းစားကြလိမ့်မည်နည်း။ အနည်းဆုံးအနေဖြင့် ဘုရားသခင်သည် တစ်ချိန်က ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီးခဲ့ခြင်းနှင့်ပတ်သက်၍ မည်မျှ ဝမ်းနည်းခဲ့ရသည်ကို သင်တို့ အောက်မေ့သတိရပေလိမ့်မည်။ ဘုရားသခင်သည် ဤလောကကိုမုန်းတီးပြီး ဤလူသားမျိုးနွယ်ကို စက်ဆုပ်ခဲ့သော်လည်း၊ သူကိုယ်တိုင်၏လက်များဖြင့် သူဖန်ဆင်းခဲ့သည့် လူသားများကို သူဖျက်ဆီးခဲ့ချိန်တွင်၊ သူ၏ နှလုံးသားက မည်သို့နာကျင်နေခဲ့သည်၊ ဖြေဖျောက်ဖို့ရန် မည်သို့ရုန်းကန်ကြိုးစားနေခဲ့ရသည်၊ တွန့်ဆုတ်မှု မည်သို့ခံစားနေခဲ့ရပြီး၊ သည်းခံဖို့ မည်သို့ခက်ခဲနေခဲ့သည်တို့ကို သင်တို့အနေဖြင့် အောက်မေ့သတိရပေလိမ့်မည်။ သူ၏ တစ်ခုတည်းသော စိတ်သက်သာမှုမှာ နောဧ၏မိသားစုရှစ်ယောက်တွင် ရှိခဲ့သည်။ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ အပတ်တကုတ် အားထုတ်မှုများကို အချည်းနှီးမဖြစ်စေခဲ့သည်မှာ နောဧ၏ ပူးပေါင်းလုပ်ဆောင်မှုဖြစ်သည်။ ဘုရားသခင် နာကျင်ခံစားနေခဲ့ရသည့်အချိန်တွင်၊ ဤသည်မှာ သူ့နာကျင်မှုကို အစားထိုးပေးနိုင်ခဲ့သည့် တစ်ခုတည်းသော အရာဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားသခင်သည် နောဧမိသားစုအနေဖြင့် သူ၏ကျိန်ခြင်းအမင်္ဂလာ အောက်၌မဟုတ်ဘဲ၊ ကောင်းချီးမင်္ဂလာအောက်၌ အသက်ရှင်နိုင်ဖို့ မျှော်လင့်ရင်း၊ ဘုရားသခင်က ကမ္ဘာကို ရေလွှမ်းမိုးခြင်းဖြင့် တစ်ဖန် ဖျက်ဆီးသည်ကို ၎င်းတို့ လုံးဝ မမြင်ရဖို့ မျှော်လင့်ရင်း၊ ပြီးလျှင် ၎င်းတို့ ဖျက်ဆီးခြင်းမခံရမည်ကိုလည်း မျှော်လင့်ရင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် သူ၏ မျှော်လင့်ချက်များ အားလုံးကို နောဧ၏မိသားစု အပေါ်တွင် ထားရှိခဲ့သည်။

ဤအရာမှ ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့်အပိုင်းကို ငါတို့ သင်ယူသင့်သနည်း။ လူသားသည် ဘုရားသခင်ကို ရန်လိုခဲ့သောကြောင့် ဘုရားသခင်သည် လူသားကို စက်ဆုပ်ရွံရှာခဲ့သော်လည်း၊ သူ့စိတ်နှလုံးထဲတွင်၊ လူသားမျိုးနွယ်အတွက် သူ၏စောင့်ရှောက်မှု၊ ပူပန်မှုနှင့် သနားကရုဏာတို့သည် မပြောင်းမလဲ ဆက်လက် တည်ရှိနေခဲ့သည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့ချိန်တွင်ပင်၊ သူ့စိတ်နှလုံးသည် မပြောင်းမလဲ ဆက်လက် ရှိနေခဲ့သည်။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ခဲ့ပြီး၊ ဘုရားသခင်အပေါ် ဆိုးရွားသည့် အတိုင်းအတာ တစ်ခုအထိ မနာခံသည့်အခါတွင်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကြောင့်၊ ပြီးလျှင် သူ၏ အခြေခံသဘောတရားများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏ အနှစ်သာရကြောင့်၊ သူသည် လူသားမျိုးနွယ်ကို သနားဆဲဖြစ်ပြီး ၎င်းတို့ ဆက်လက်ရှင်သန်နိုင်ရန်အလို့ငှာ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် နည်းလမ်းအမျိုးမျိုးပင် အသုံးပြုချင်ခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို ဆက်လက်မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ငြင်းပယ်ခဲ့သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့ပေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မည်သို့ ခေါ်သည်ဖြစ်စေ၊ မည်သို့ သတိပေးခဲ့သည်ဖြစ်စေ၊ မည်သို့ ပံ့ပိုးပေးသည်ဖြစ်စေ၊ မည်သို့ ကူညီခဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို မည်သို့သည်းခံခဲ့သည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုတွင်၊ ဘုရားသခင်သည် လူသားတို့ လမ်းကြောင်းပြောင်းရန် စောင့်ဆိုင်းရင်း၊ သူ၏ အကြီးမားဆုံး သည်းခံမှုကို ပေးဖို့ ဘုရားသခင်သည် မမေ့လျော့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်ရှိသည့်နောက်တွင်၊ သူသည် သူ လုပ်ဆောင်ရမည့်အရာကို တွန့်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် စီစဉ်ခဲ့သည့်အခိုက်အတန့်မှ လူသားကို ဖျက်ဆီးခြင်းဖြင့် သူ၏ အမှုကို အစပြုခြင်းအထိ တိကျသည့် အချိန်ကာလနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပေသည်။ ဤဖြစ်စဉ်သည် လူသားကို လမ်းကြောင်း ပြောင်းနိုင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီတွင်၊ ဘုရားသခင်သည် ဤအချိန်ကာလတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်း အမှုကို သိသာသော ပမာဏတစ်ခု လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားသည် မည်မျှ နာကျင်မှု၊ ဝမ်းနည်းမှုများ၌ ရှိခဲ့သည်ဖြစ်စေ သူ၏ဂရုစိုက်မှု၊ ပူပန်မှုနှင့် များပြားပြည့်လျှံသည့် သနားကရုဏာတို့ကို လူသားမျိုးနွယ်၌ ဆက်လက်ထားရှိခဲ့သည်။ ဤအရာမှ မည်သည့်အရာကို ငါတို့ တွေ့ရသနည်း။ ဧကန်မုချ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်ပြီး သူ အပြောသက်သက် ဖြစ်သည့်အရာတစ်ခု မဟုတ်သည်ကို ငါတို့ မြင်တွေ့ရသည်။ ယင်းသည် စစ်မှန်သည်၊ လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး သိသာသည်၊ အယောင်ဆောင်ထားခြင်းမဟုတ်၊ ရောနှောခြင်းမရှိ၊ လှည့်စားခြင်း သို့မဟုတ် ဟန်ဆောင်ခြင်း မရှိပေ။ သူသည် ချစ်ခင်ဖွယ်ဖြစ်သည်ဟု လူတို့ မြင်စေရန် ဘုရားသခင်သည် မည်သည့်လှည့်စားမှုမျှ လုံးဝ အသုံးမပြုပေ သို့မဟုတ် ပုံရိပ်အတုအယောင်များ မဖန်တီးပေ။ သူ၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းကို လူတို့ မြင်တွေ့စေဖို့ရန် သို့မဟုတ် သူ၏ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းနှင့် သန့်ရှင်းခြင်းကို ကြွားလုံးထုတ်ဖို့ရန် မှားယွင်းသည့်သက်သေကို မည်သည့်အခါမျှ သူအသုံးမပြုပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သက်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာများသည် လူသား၏ချစ်ခြင်းနှင့် ထိုက်တန်သည် မဟုတ်လော။ ယင်းတို့ကို ကိုးကွယ်ခြင်းငှာ မထိုက်တန်သလော။ ချစ်ခင်နှစ်သက်ခြင်းငှာ မထိုက်တန်သလော။ ဤအချိန်တွင်၊ သင်တို့ကို ငါ မေးလိုသည်- ဤနှုတ်ကပတ်တော်များကို ကြားရပြီးနောက်၊ ဘုရားသခင်၏ကြီးမြတ်ခြင်းသည် စာတစ်ရွက်ပေါ်က အနှစ်မဲ့သည့် စကားလုံးများမျှသာ ဖြစ်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ် ဖြစ်ခြင်းသည် အနှစ်မဲ့သည့် စကားလုံးများသာ ဖြစ်သလော။ မဟုတ်ပေ။ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ အစရှိသည့်- ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်း၏ အသေးစိတ်အချက်အလက်တိုင်းသည် သူအမှုပြုသည့်အခါတိုင်း လက်တွေ့ကျသည့် ဖော်ပြမှု၌ တွေ့ရှိရပြီး လူသားအပေါ်ထားရှိသည့် သူ၏အလို၌ သရုပ်ထင်ကာ လူတိုင်း၌လည်း ပြည့်စုံကာ ထင်ဟပ်ပေသည်။ သင်သည် ယခင်က ထိုအရာကို ခံစားဖူးသည်ဖြစ်စေ မခံစားဖူးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ နှလုံးသားကို နွေးထွေးစေရန်နှင့် လူတစ်ဦးချင်းစီ၏ စိတ်ဝိညာဉ်ကို နိုးထစေရန် သူ၏ ရိုးသားစစ်မှန်သည့် နှလုံးသား၊ ဉာဏ်ပညာနှင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုရင်း၊ လူတိုင်းကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် စောင့်ရှောက်နေပေသည်။ ဤသည်မှာ ငြင်း၍မရသည့် အချက်တစ်ချက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၉)

လူသားနှင့် သူ၏ပဋိညာဉ် သင်္ကေတတစ်ခုအဖြစ် ဘုရားသခင်သည် သက်တံကို အသုံးပြုသည် (လက်ရွေးစင် ကျမ်းပိုဒ်များ)

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၏။ ၎င်းတို့ ဖောက်ပြန်ဖျက်ဆီးခံရပြီးသည်ဖြစ်စေ သို့မဟုတ် သူ့နောက်လိုက်လျှောက်ကြသည်ဖြစ်စေ ပဓာနမထားဘဲ၊ ဘုရားသခင်သည် လူသားများကို သူ၏ကစားစရာများကဲ့သို့ မဟုတ်ဘဲ၊ သူ အမြတ်နိုးရဆုံး ချစ်ရသူများအဖြစ်- သို့မဟုတ် လူသားများ ပြောသကဲ့သို့ သူ့အဖို့ အချစ်မြတ်နိုးရဆုံးသော လူများအဖြစ်- ဆက်ဆံလေသည်။ ဘုရားသခင်က သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး လူသားသည် သူ၏ဖန်ဆင်းခြင်း ဖြစ်သည်ဟု ပြောသော်လည်း၊ ယင်းသည် အဆင့်အတန်းဖြင့် ကွာခြားမှုအနည်းငယ် ရှိသည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း၊ လက်တွေ့အရှိတရားမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အရာတိုင်းသည် ဤသဘောသဘာဝနှင့်သက်ဆိုင်သည့် ဆက်နွှယ်မှုကို များစွာကျော်လွန်ပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်၏၊ လူသားမျိုးနွယ်ကို ဂရုစိုက်ပြီး၊ လူသားမျိုးနွယ်အတွက် ပူပန်မှုကို ပြသည့်အပြင်၊ လူသားမျိုးနွယ်အတွက် စဉ်ဆက်မပြတ် ရပ်တန့်ခြင်း မရှိဘဲ ထောက်ပံ့ပေးလျက်ရှိသည်။ ဤသည်မှာ အပိုအလုပ်ဖြစ်ပြီး နာမည်ကောင်းများစွာ ရထိုက်သည့်အရာ ဖြစ်သည် သို့မဟုတ် များစွာ ချီးကျူးထိုက်သည့်အရာတစ်ခုဟု သူ၏နှလုံးသားတွင် ဘုရားသခင်သည် လုံးဝ မခံစားရပေ။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အရာရာ ပေးအပ်ခြင်းသည် လူသားမျိုးနွယ်ကို ဧရာမ အထောက်အကူပြုခြင်းတစ်ခု ဖြစ်သည်ဟုလည်း သူမခံစားရချေ။ သူသည် လူသားမျိုးနွယ်ကို သူ၏ ကိုယ်ပိုင်နည်းလမ်း၊ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှတစ်ဆင့် တိတ်ဆိတ်စွာနှင့် ငြိမ်သက်စွာ သက်သက် ထောက်ပံ့ ပေးလေသည်။ လူသားမျိုးနွယ်သည် သူ့ထံမှ မည်မျှထောက်ပံ့မှုနှင့် မည်မျှအကူအညီတို့ကို ရရှိသည် ဖြစ်စေ၊ ဘုရားသခင်သည် ချီးကျူးမှုရဖို့ လုံးဝ မစဉ်းစား သို့မဟုတ် မကြိုးစားပေ။ ဤအရာကို ဘုရားသခင်၏ အနှစ်သာရက သတ်မှတ်ပေးထားပြီး ဘုရားသခင်၏ စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်လည်း အတိအကျ ဖြစ်သည်။ ဤသည်မှာ သမ္မာကျမ်းစာထဲတွင် ရှိသည်ဖြစ်စေ၊ သို့မဟုတ် အခြားမည်သည့် စာအုပ်ထဲတွင် ရှိသည်ဖြစ်စေ၊ ဘုရားသခင် အနေဖြင့် သူ၏အတွေးများကို ဖော်ပြနေခြင်းကို ငါတို့ မည်သည့်အခါမျှ မတွေ့ရသကဲ့သို့၊ လူသားများက သူ့အပေါ် ကျေးဇူးတင်ရှိဖို့ သို့မဟုတ် သူ့ကို ချီးမွမ်းစေဖို့ ရည်မှန်းချက်ဖြင့်၊ ဤအရာများကို သူ အဘယ်ကြောင့် လုပ်ဆောင်ရသည်၊ သို့မဟုတ် လူသားမျိုးနွယ်ကို သူ အဘယ်ကြောင့် အလွန် အရေးစိုက်သည်ဆိုသည်ကို လူသားများထံ ဖော်ပြနေခြင်း သို့မဟုတ် တရားဝင် ကြေညာနေခြင်းကို မည်သည့်အခါမျှ ငါတို့ မတွေ့ရသည့် အကြောင်းရင်း ဖြစ်သည်။ သူ နာကျင်ရသည့် အခါတွင်ပင်၊ သူ၏နှလုံးသားသည် ပြင်းထန်သော နာကျင်မှုတွင် ရှိချိန်တွင်ပင်၊ လူသားမျိုးနွယ်အပေါ် သူ၏ဝတ္တရား သို့မဟုတ် သူ၏ ပူပန်မှုကို မည်သည့်အခါမျှ မမေ့လျော့ပေ။ တစ်ချိန်လုံး သူသည် ဤနာကျင်မှုနှင့် ဝေဒနာကို တစ်ကိုယ်တည်း တိတ်တဆိတ် သည်းခံလေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဘုရားသခင်သည် သူ အမြဲလုပ်ဆောင်ပြီးသည့်အတိုင်း လူသားမျိုးနွယ်ကို ဆက်လက်ထောက်ပံ့သည်။ လူသားမျိုးနွယ်သည် တစ်ခါတစ်ရံ ဘုရားသခင်ကို ချီးမွမ်းသော်လည်း သို့မဟုတ် သူ့ကို သက်သေခံသော်လည်း၊ ဤအပြုအမူထဲမှ မည်သည့်အရာမျှကို ဘုရားသခင် မတောင်းဆိုထားပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားများ အတွက် သူလုပ်ဆောင်သည့် ကောင်းသော အရာများထဲမှ တစ်ခုတစ်လေကို ကျေးဇူးတင်ရှိခြင်း အတွက် အလဲအလှယ်ပြုရန် သို့မဟုတ် ပြန်လည် ပေးဆပ်ခံရရန် မည်သည့်အခါမျှ မရည်ရွယ်ခဲ့သောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားနိုင်သူများ၊ ဘုရားသခင်နောက် အမှန်တကယ် လိုက်လျှောက်နိုင်သူများ၊ သူ့စကားကို နားထောင်ပြီး၊ သူ့ကို သစ္စာစောင့်သိသူများနှင့် သူ့ကို နာခံနိုင်သူများ- ဤသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မကြာခဏ ရရှိမည့်လူများ ဖြစ်ပြီး၊ ဘုရားသခင်သည် ထိုသို့သော ကောင်းချီးမင်္ဂလာများကို မခြွင်းမချန် နှင်းအပ်လိမ့်မည်။ ထို့အပြင် ဘုရားသခင်ထံမှ လူတို့ရရှိသည့် ကောင်းချီးမင်္ဂလာများသည် မကြာခဏ ၎င်းတို့၏ စိတ်ကူးများကိုကျော်လွန်ကာ လူသားများအနေဖြင့် ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့်အရာ သို့မဟုတ် ၎င်းတို့ ပေးပြီးဖြစ်သည့် အဖိုးအခမှတစ်ဆင့် ရှင်းချက်ထုတ်၍ ရနိုင်သည့် အရာတစ်ခုတစ်လေကိုလည်း ကျော်လွန်ပေသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို မွေ့လျော် ခံစားနေချိန်တွင်၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်နေသည်ကို တစ်ဦးတစ်လေက ဂရုစိုက်ပါသလော။ တစ်ဦးတစ်ယောက်သည် ဘုရားသခင် မည်ကဲ့သို့ ခံစားနေရသည်ကို အရေးထားမှု တစ်ခုတစ်လေ ပြပါသလော။ ဘုရားသခင်၏ နာကျင်မှုကို နားလည်ဖို့ရန် တစ်ဦးတစ်ယောက်က ကြိုးစားပါသလော။ အဖြေမှာ ပြတ်သားသည့် အငြင်းတစ်ခု ဖြစ်သည်။ နောဧ အပါအဝင် လူသားတစ်ဦးတစ်လေသည် ထိုအခိုက်အတန့်တွင် ဘုရားသခင် ခံစားနေခဲ့ရသည့် ခံစားချက်ကို နားလည်နိုင်သလော။ ဘုရားသခင်သည် ထိုသို့သော ပဋိညာဉ်ကို အဘယ်ကြောင့် တည်ထောင်ခဲ့သည်ကို တစ်ဦးတစ်လေကအသိအမှတ်ပြုနိုင်ပါသလော။ သဘောမပေါက်နိုင်ပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နာကျင်မှုကို အသိအမှတ်မပြုသည်မှာ ၎င်းတို့က ဘုရားသခင်၏ နာကျင်မှုကို နားမလည်နိုင်သောကြောင့် မဟုတ်သကဲ့သို့၊ လူသားနှင့် ဘုရားသခင်အကြားမှ ကွာဟချက် သို့မဟုတ် ၎င်းတို့၏ အဆင့်အတန်းထဲက ခြားနားမှုကြောင့် မဟုတ်ပေ။ ယင်းထက် လူသားမျိုးနွယ်သည် ဘုရားသခင်၏ မည်သည့် ခံစားချက်ကိုမျှ လုံးဝ အရေးမစိုက်သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်က၊ ဘုရားသခင်သည် အမှီအခိုကင်းသည်- ဘုရားသခင်သည် သူနှင့်ပတ်သက်၍ ဂရုစိုက်ဖို့၊ သူ့ကိုနားလည်ဖို့နှင့် သူ့ကို အရေးထားမှု ပြရန် လူတို့ကို မလိုအပ်။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်၊ ထို့ကြောင့် သူသည် နာကျင်မှုမရှိ၊ စိတ်ခံစားမှုများ မရှိပေ။ သူ ဝမ်းနည်းလိမ့်မည်မဟုတ်၊ ပူဆွေးမှုကို သူ မခံစားရ၊ သူသည် ငိုပင်မငိုပေ။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်၊ ထို့ကြောင့် သူသည် စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်တစ်ခုတစ်လေ မလိုအပ်သကဲ့သို့၊ မည်သည့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုမျှ မလိုအပ်ပေ။ အကယ်၍ သူသည် အချို့သော အခြေအနေများအောက်တွင်၊ ဤအရာများကို အမှန်တကယ် လိုအပ်ပါက သူသည် တစ်ကိုယ်တည်း နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်ပြီး၊ လူသားမျိုးနွယ်ထံမှ မည်သည့် အကူအညီမျှ လိုအပ်မည်မဟုတ်ပေ။ အပြန်အလှန်အားဖြင့် ဘုရားသခင်၏ နှစ်သိမ့်ခြင်း၊ ထောက်ပံ့ခြင်း၊ အားပေးခြင်းနှင့် အချိန်တိုင်းနှင့် နေရာတိုင်းတွင် ၎င်းတို့၏ စိတ်ခံစားမှုများကို ဘုရားသခင် နှစ်သိမ့်ပေးရန်အတွက်ပင် လိုအပ်သည်မှာ အားနည်းပြီး မရင့်ကျက်သည့် လူသားများဖြစ်သည်။ လူသားသည် အားနည်းသူတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကို နည်းလမ်းတိုင်းဖြင့် ကြည့်ရှု စောင့်ရှောက်ရန် ဘုရားသခင်ကို လိုအပ်ကြသည်၊ ဘုရားသခင်ထံမှ ရရှိသည့် ဂရုစိုက်မှုအားလုံးကို ၎င်းတို့ရထိုက်ပြီး၊ မိမိတို့ ပိုင်ဆိုင်သည့်အရာများဟု ၎င်းတို့ခံစားရသည့် မည်သည့်အရာကိုမဆို ဘုရားသခင်ထံမှ ၎င်းတို့ တောင်းဆိုသင့်သည်ဟူသည့် အရာများသည် လူသားမျိုးနွယ်၏စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ခိုအောင်းနေသည်။ ဘုရားသခင်သည် သန်မာသူတစ်ဦး ဖြစ်သည်။ သူသည် အရာရာကို ပိုင်ဆိုင်ပြီး၊ သူသည် လူသားမျိုးနွယ်၏ ကာကွယ်စောင့်ရှောက်သူနှင့် ကောင်းချီးမင်္ဂလာများ အပ်နှင်းပေးသူ ဖြစ်သင့်သည်။ သူသည် ဘုရားသခင်ဖြစ်နှင့်သည့်အတွက်၊ သူသည် အရာခမ်သိမ်းကို တတ်စွမ်းနိုင်ပြီး၊ လူသားမျိုးနွယ်ထံမှ မည်သည့်အရာကိုမျှ မလိုအပ်ဟု ထင်တတ်ကြလေသည်။

လူသားသည် ဘုရားသခင်၏ဖွင့်ပြချက်များ တစ်ခုတလေကိုမျှ အာရုံမစိုက်သည်နှင့်အမျှ၊ သူသည် ဘုရားသခင်၏ပူဆွေးခြင်း၊ နာကျင်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်းတို့ကို လုံးဝ မခံစားရလေပြီ။ သို့သော် အပြန်အလှန်အားဖြင့်၊ ဘုရားသခင်သည် လူသား၏ မျက်နှာအမူအရာများ အားလုံးကို ကောင်းကောင်း သိရှိလေသည်။ ဘုရားသခင်သည် လူတစ်ဦးစီတိုင်း၏ ပြောင်းလဲနေသည့် အတွေးများကို လေ့လာရင်းနှင့်၊ ထိုသို့ဖြင့် ၎င်းတို့ကို နှစ်သိမ့်ကာ တိုက်တွန်းရင်း၊ ပြီးလျှင် ၎င်းတို့ကို လမ်းပြကာ အလင်းပေးရင်း၊ အယောက်တိုင်း၏ လိုအပ်ချက်များကို အချိန်တိုင်းနှင့် နေရာတိုင်းတွင် ထောက်ပံ့ပေးလေသည်။ လူသားမျိုးနွယ် အပေါ် ဘုရားသခင်လုပ်ဆောင်ပြီးသည့် အရာအားလုံးနှင့် ၎င်းတို့ကြောင့် သူပေးဆပ်ပြီးဖြစ်သည့် အဖိုးအခများအားလုံးအရ၊ ဘုရားသခင်သည် လူသားထံမှ တစ်စုံတစ်ရာ တောင်းဆိုလိမ့်မည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့် ကျမ်းပိုဒ်အား ကျမ်းစာထဲတွင် သို့မဟုတ် ယနေ့အချိန်ထိ ဘုရားသခင် ပြောဆိုခဲ့သည့် အရာများထဲတွင် လူတို့က ရှာတွေ့နိုင်ကြပါသလော။ မရှာတွေ့နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် ဘုရားသခင်၏ အတွေးကို မည်မျှ လျစ်လျူရှုပါစေ၊ ၎င်းတို့အတွက် သူပြင်ဆင်ထားသည့် လှပသောခရီးပန်းတိုင်ကို ၎င်းတို့ ရရှိနိုင်ရန်အလို့ငှာ ဘုရားသခင်၏ လမ်းခရီးကို ၎င်းတို့အား လျှောက်လှမ်းနိုင်စေဖို့ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထပ်တလဲလဲ ဦးဆောင်ဆဲဖြစ်သည်၊ လူသားမျိုးနွယ်ကို ထပ်တလဲလဲ ထောက်ပံ့ကာ ကူညီပေးဆဲဖြစ်ပေသည်။ ဘုရားသခင်နှင့် ပတ်သက်လာသည့်အခါ၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ကျေးဇူးတော်၊ သူ၏သနားကရုဏာနှင့် သူ၏ဆုလာဘ်များအားလုံးကို သူ့ကိုချစ်ကာ သူ့နောက်လိုက်သည့် သူများအပေါ် ခြွင်းချန်ထားခြင်းမရှိဘဲ အပ်နှင်းလိမ့်မည် ဖြစ်သည်။ သို့ရာတွင် သူသည် သူခံစားရသည့် နာကျင်မှု သို့မဟုတ် သူ၏ စိတ်အခြေအနေကို မည်သည့်လူထံမျှ ထုတ်ဖော်ပြခြင်းမရှိသကဲ့သို့၊ သူ့အပေါ် ထောက်ထားမှု မရှိခြင်း သို့မဟုတ် သူ့အလိုကို မသိရှိခြင်းအတွက် မည်သူကိုမျှ လုံးဝ စောဒကမတက်ပေ။ သူသည် လူသားမျိုးနွယ်က နားလည်နိုင်မည့်နေ့ရက်ကို စောင့်ဆိုင်းရင်း၊ ဤအရာအားလုံးကို တိတ်တဆိတ်သာ သည်းခံလေသည်။

ဤအရာများကို ဤနေရာတွင် ငါအဘယ်ကြောင့် ပြောသနည်း။ ငါပြောပြီးသည့်အရာများမှ သင်တို့ မည်သည့်အရာကို မြင်တွေ့သနည်း။ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားထဲတွင် အားလုံး သတိမမူမိဖို့ လွယ်ကူလွန်းလှသည့် အရာတစ်ခု၊ အခြားသူများက ကြီးမြတ်သည့်လူများ၊ သူတော်ကောင်းများ၊ သို့မဟုတ် ၎င်းတို့စိတ်ကူးထဲက ဘုရားအဖြစ် တွေးထင်ကြသည့် သူများအပါအဝင်၊ မည်သည့် လူကမျှ မပိုင်ဆိုင်ဘဲ၊ ဘုရားသခင်သာလျှင် ပိုင်ဆိုင်သည့် အရာတစ်ခုရှိပေသည်။ ဤအရာမှာ အဘယ်နည်း။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှု ဖြစ်သည်။ ကိုယ်ကျိုးမငဲ့မှုအကြောင်းဆိုသည့်အခါ၊ သင်သည် သင်၏သားသမီးများနှင့် ပတ်သက်လာသည့်အခါတွင်၊ ၎င်းတို့နှင့် ပတ်သက်၍ မကတ်သတ် သို့မဟုတ် ရက်ရောတတ်သောကြောင့် မိမိမှာလည်း အင်မတန်မှပင် ကိုယ်ကျိုးမငဲ့တတ်သည့်သူ ဖြစ်သည်ဟု သင်တွေးကောင်းတွေးနိုင်သည် သို့မဟုတ် သင်၏ မိဘနှင့် ပတ်သက်လာသည့်အခါ သင်သည်လည်း အလွန်ကိုယ်ကျိုးမငဲ့ဟု သင် ထင်တတ်သည်။ သင် မည်သည့်အရာကို တွေးသည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် သင်သည် “ကိုယ်ကျိုးမငဲ့” ဟူသည့်စကားလုံးနှင့် သက်ဆိုင်သည့် အယူအဆ တစ်ခုရှိပြီး၊ ယင်းကို အပြုသဘောဆောင်သည့် စကားလုံးတစ်လုံးအဖြစ် တွေးထင်ကာ၊ ကိုယ်ကျိုးမငဲ့သောသူတစ်ဦး ဖြစ်ခြင်းမှာ အင်မတန် မြင့်မြတ်သည်ဟု တွေးထင်လေသည်။ သင်သည် ကိုယ်ကျိုးမငဲ့သည့်အခါတွင်၊ မိမိကိုယ်ကိုယ် မြင့်မြင့်မားမား အထင်ကြီးခြင်း ဖြစ်သည်။ သို့ရာတွင် အရာခပ်သိမ်းတွင်၊ လူများ၊ အဖြစ်အပျက်များ၊ အရာဝတ္ထုများအလယ်နှင့် ဘုရားသခင်၏ အမှုတို့တွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းကို မြင်နိုင်သူ မည်သူမျှ မရှိပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ငါသည် ထိုသို့ပြောရသနည်း။ လူသားမျိုးနွယ်သည် ရုပ်ဝတ္ထုလောကထဲတွင် အသက်ရှင်၏။ သင်သည် ဘုရားသခင်နောက်ကို လိုက်ကောင်း လိုက်နိုင်သော်လည်း၊ ဘုရားသခင်သည် သင့်ကို မည်သို့ထောက်ပံ့ပေးသည်၊ မည်သို့ချစ်ပြီး မည်သို့ အရေးထားသည်ကို မည်သည့်အခါမျှ သင် မမြင် သို့မဟုတ် နားမလည်ပေ။ သို့ဆိုလျှင် မည်သည့်အရာကို သင်မြင်သနည်း။ သင့်ကို ချစ်မြတ်နိုးသည့် သို့မဟုတ် သင့်ကို တုန်နေအောင်ချစ်ကြသည့် သွေးသားရင်းချာ ဆွေမျိုးများကို သင်မြင်သည်။ သင်၏ အသွေးအသားအတွက် အကျိုးရှိသည့် အရာများကို သင် မြင်သည်၊ သင်ချစ်သည့် လူများနှင့် အမှုအရာများနှင့် ပတ်သက်၍ သင် ဂရုစိုက်သည်။ ဤသည်မှာ လူသားက ကိုယ်ကျိုးမငဲ့ခြင်းဟု ခေါ်သည့်အရာ ဖြစ်တော့သည်။ သို့ရာတွင် ထိုသို့သော “ကိုယ်ကျိုးမငဲ့သည့်” လူများသည် ၎င်းတို့ကိုအသက်ပေးသည့် ဘုရားသခင်ကိုမူ မည်သည့်အခါတွင်မျှ အလေးမထားခဲ့ကြပေ။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းနှင့် ဆန့်ကျင်စွာ၊ လူသား၏ ကိုယ်ကျိုးမငဲ့မှုသည် တစ်ကိုယ်ကောင်းဆန် လာပြီး စက်ဆုပ်ရွံရှာဖွယ် ဖြစ်လာသည်။ လူသားက ယုံကြည်သည့် ကိုယ်ကျိုးမငဲ့မှုသည် အနှစ်မဲ့ပြီး သဘာဝမကျပေ၊ ဖောက်ပြန်ကာ၊ ဘုရားသခင်နှင့် သဟဇာတမဖြစ်သကဲ့သို့၊ ဘုရားသခင်နှင့် ဆက်နွှယ်ခြင်း မရှိပေ။ လူ၏ ကိုယ်ကျိုးမငဲ့ခြင်းသည် မိမိကိုယ်ကိုယ်အတွက် ဖြစ်သော်လည်း၊ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည် သူ၏အနှစ်သာရ၏ စစ်မှန်သည့် ဖော်ပြချက် ဖြစ်ပေသည်။ လူသည် ဘုရားသခင်၏ စဉ်ဆက်မပြတ် ထောက်ပံ့မှုခံရသည်မှာ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှုကြောင့် အတိအကျ ဖြစ်ပေသည်။ ယနေ့ငါပြောသည့် ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်တို့အနေဖြင့် အလွန် စိတ်ထိခိုက်ခြင်း ရှိကောင်း ရှိမည်မဟုတ်သကဲ့သို့၊ ထောက်ခံမှုဖြင့် ခေါင်းညိတ်ရုံမျှ ညိတ်နေကြသော်လည်း၊ သင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ဖို့ ကြိုးစားသည့်အခါတွင်၊ သင်သည် ဤအရာကို အမှတ်တမဲ့ သိရလိမ့်မည်- သင့်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည်သာ အခြေအနေပေါ် မမူတည်သကဲ့သို့ ပြစ်မျိုး မှဲ့မထင်သောကြောင့်၊ ဤလောကကြီးထဲ၌ သင်ခံစား သိရှိနိုင်သော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများ အားလုံးအထဲတွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည်သာ စစ်မှန်ပြီး ခိုင်မာသည် ဟူ၍ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ အခြားမည်သူမဆို၏ ကိုယ်ကျိုးမငဲ့မှုဟုခေါ်သော အရာသည် အယောင်ဆောင်ထားခြင်း ဖြစ်သည်၊ အပေါ်ယံဖြစ်ပြီး အစစ်အမှန်မဟုတ်ပေ။ ယင်းသည် ရည်မှန်းချက်တစ်ခု၊ ရည်ရွယ်ချက်အချို့ရှိသည်၊ အပေးအယူသဘော ပါရှိပြီး၊ စမ်းသပ်ခြင်းကို မခံနိုင်ပေ။ ယင်းသည် ညစ်ညူးကာ စက်ဆုပ်ဖွယ် ဖြစ်သည်ဟုပင် သင်တို့ ပြောနိုင်သည်။ ဤစကားများနှင့်ပတ်သက်၍ သင်တို့ သဘောတူကြပါသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၃၀)

လူသားနှင့် သူ၏ပဋိညာဉ် သင်္ကေတတစ်ခုအဖြစ် ဘုရားသခင်သည် သက်တံကို အသုံးပြုသည် (လက်ရွေးစင် ကျမ်းပိုဒ်များ)

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

နောဧ၏ အဖြစ်အပျက်အဆုံးတွင်၊ ဘုရားသခင်သည် ထိုအချိန်က သူ၏ခံစားချက်များကို ဖော်ပြဖို့ရန် တစ်မူထူးခြားသော နည်းလမ်းတစ်ခု အသုံးပြုခဲ့သည်ကို ငါတို့မြင်ရသည်။ ယင်းမှာ အလွန်ထူးခြားသော နည်းလမ်းတစ်ခု ဖြစ်ပေသည်- ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းဖြင့် ဘုရားသခင်၏ ဖျက်ဆီးခြင်း အဆုံးသတ်ကို ကြေငြာသည့် ပဋိညာဉ်တစ်ခုကို လူသားများနှင့် ဖွဲ့ရန်ဖြစ်သည်။ အပေါ်ယံအားဖြင့်၊ ပဋိညာဉ်ဖွဲ့ခြင်းသည် အလွန် သာမန်ဖြစ်သည့် တစ်ခုကဲ့သို့ ထင်ရသည်။ ယင်းသည် နှစ်ဦးနှစ်ဘက်၏ အကျိုးစီးပွားများကို ကာကွယ်ရန်အလို့ငှာ၊ အဖွဲ့နှစ်ဖွဲ့ကို လိုက်နာဆောင်ရွက်စေဖို့နှင့် ၎င်းတို့၏ သဘောတူညီချက်ကို ကျူးလွန်ဖောက်ဖျက်ခြင်းမှ တားဆီးဖို့ စကားလုံးများကို အသုံးပြုခြင်းထက် ဘာမျှမပိုပေ။ ပုံစံအရ ယင်းမှာ အလွန် သာမန်ဖြစ်သည့်အရာတစ်ခု ဖြစ်သည်၊ သို့သော် နောက်ကွယ်မှ အရင်းခံအကြောင်းများနှင့် ဤအရာကို ဘုရားသခင်လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှ၊ ယင်းမှာ ဘုရားသခင်၏စိတ်သဘောထားနှင့် စိတ်အခြေအနေတို့နှင့်သက်ဆိုင်သည့် မှန်ကန်သည့် ထုတ်ဖော်ပြမှုတစ်ခု ဖြစ်သည်။ သင်သည် ဤစကားများကိုသာ ဘေးဖယ်ကာ လျစ်လျူရှုပါက၊ အကယ်၍ ငါသည် အမှုအရာများနှင့် သက်ဆိုင်သည့် သမ္မာတရားကို သင်တို့အား မည်သည့်အခါတွင်မျှ မပြောပြပါက၊ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အတွေးကို အမှန်တကယ် မည်သည့်အခါတွင်မျှ သိရှိကြလိမ့်မည် မဟုတ်ပေ။ သင်၏ စိတ်ကူးထဲတွင် ဘုရားသခင်သည် ဤပဋိညာဉ်ကို သူ ဖွဲ့ချိန်တွင် ပြုံးနေခဲ့ကောင်းပြုံးနေပေမည် သို့မဟုတ် သူ၏ မျက်နှာအမူအရာသည် လေးနက်ခဲ့ကောင်း လေးနက် ခဲ့ပေမည်၊ သို့သော် ဘုရားသခင်က ရှိခဲ့မည်ဟု လူတို့စိတ်ကူးသည့် သာမန်အဖြစ်ဆုံးသော မည်သည့်မျက်နှာအမူအရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အထီးကျန်မှုကို မဆိုထားနှင့်၊ ဘုရားသခင်၏နှလုံးသား သို့မဟုတ် သူ၏နာကျင်မှုကို မည်သူမျှ မြင်နိုင်ပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ မည်သူမျှ ၎င်းတို့ကို ဘုရားသခင် ယုံကြည်ဖို့ မလုပ်နိုင် သို့မဟုတ် ဘုရားသခင်၏ ယုံကြည်မှုနှင့် မထိုက်တန်နိုင်ပေ၊ သို့မဟုတ် သူ၏အတွေးများကို ဖော်ပြပေးနိုင်သည့်သူ သို့မဟုတ် သူ၏နာကျင်မှုကို အသိပေးခံရနိုင်သူ တစ်စုံတစ်ဦး မဖြစ်နိုင်ပေ။ ယင်းမှာ ဘုရားသခင်သည် ထိုသို့သောအရာကို လုပ်ဆောင်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့သည့် အကြောင်းရင်းဖြစ်သည်။ အပေါ်ယံအားဖြင့်၊ ဘုရားသခင်သည် အတိတ်၏ အရေးကိစ္စကို ပြီးပြတ်စေရင်းနှင့် ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကြီးကို သူ၏ဖျက်ဆီးခြင်းအား ပြီးပြည့်စုံသည့် အဆုံးသတ်သို့ ဆောင်ကြဉ်းရင်း၊ ရှိခဲ့သည့် လူသားမျိုးနွယ်ကို နှုတ်ဆက်ရာတွင် လွယ်ကူသည့်အရာတစ်ခု လုပ်ဆောင်ခဲ့ပေသည်။ သို့သော် ဘုရားသခင်သည် ဤအခိုက်အတန့်မှ နာကျင်မှုကို သူ၏ အတွင်းစိတ်နှလုံးထဲတွင် မြှုပ်နှံခဲ့သည်။ ဘုရားသခင်သည် ပြောပြရမည့်လူတစ်ယောက်မျှ မရှိသည့်အချိန် ထိုအချိန်တွင်၊ သူသည် ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးတော့မည်မဟုတ်သည်ကို ၎င်းတို့အား ပြောပြရင်း၊ လူသားမျိုးနွယ်နှင့် ပဋိညာဉ်တစ်ခု ဖွဲ့ခဲ့သည်။ သက်တံပေါ်ထွက်လာသောအခါ၊ ယင်းမှာ လူသားများကို ဖြစ်ခဲ့ပြီးဖြစ်သည့် ထိုသို့သော အရာတစ်ခုကို လူတို့အား အသိပေးရန်နှင့်၊ မကောင်းမှုကို ရှောင်ကြဉ်ရန် ၎င်းတို့ကို သတိပေးဖို့ ဖြစ်သည်။ ထိုသို့သော နာကျင်ရသည့် အခြေအနေတွင်ပင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ မမေ့လျော့ခဲ့သကဲ့သို့၊ သူတို့ကို များစွာသော အလေးထားမှု ပြနေဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းနှင့် ကိုယ်ကျိုးမငဲ့မှုတို့ ဖြစ်သည် မဟုတ်သလော။ သို့ရာတွင် လူတို့သည် ၎င်းတို့ ဆင်းရဲဒုက္ခခံစားနေရချိန်တွင် မည်သည့်အရာကို တွေးကြသနည်း။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ အလိုအပ်ဆုံးအချိန် ဖြစ်သည် မဟုတ်သလော။ ဤသို့သောအချိန်များတွင်၊ လူများသည် ၎င်းတို့ကိုနှစ်သိမ့်ပေးနိုင်စေဖို့ ဘုရားသခင်ကို အတင်းဆွဲခေါ်ကြသည်။ မည်သည့်အချိန်တွင် ဖြစ်ပါစေ ဘုရားသခင်သည် လူသားများကို စိတ်ပျက်စေလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏အကျပ်အတည်းများမှ အမြဲ လွတ်မြောက်နိုင်စေလိမ့်မည်ဖြစ်ပြီး အလင်းထဲတွင် အသက်ရှင်နိုင်စေလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို များစွာထောက်ပံ့ပေးသော်လည်း၊ လူသား၏ နှလုံးသားထဲတွင်၊ ဘုရားသခင်သည် ဖြေသိမ့်ပေးသည့်ဆေးတစ်လုံး၊ ကိုယ်စိတ်ချမ်းသာစေသည့် အားဆေးတစ်လုံးထက် ဘာမျှမပိုပေ။ ဘုရားသခင်သည် ဆင်းရဲဒုက္ခခံစားနေရချိန်တွင်၊ သူ၏နှလုံးသား ထိခိုက်ချိန်တွင်၊ သူ့ကို အဖော်ပြုမြဲပြုဖို့ သို့မဟုတ် သူ့ကို နှစ်သိမ့်ပေးဖို့ အဖန်ဆင်းခံတစ်ဦး သို့မဟုတ် လူတစ်ဦးတစ်လေ ရှိခြင်းသည် ဘုရားသခင်အတွက် သေချာပေါက် လွန်ကဲလှသည့် ဆန္ဒတစ်ခုသာ ဖြစ်ပေမည်။ လူသားသည် ဘုရားသခင်၏ ခံစားချက်များကို မည်သည့်အခါတွင်မျှ အာရုံမစိုက်ခဲ့ပေ၊ ထို့ကြောင့် ဘုရားသခင်သည် သူ့ကိုနှစ်သိမ့်ပေးနိုင်မည့် တစ်စုံတစ်ဦးရှိဖို့ မည်သည့်အခါမျှ မတောင်းဆိုပေ သို့မဟုတ် မမျှော်လင့်ပေ။ သူ၏စိတ်နေစိတ်ထားကို ဖော်ပြဖို့ ဘုရားသခင်သည် သူ့ကိုယ်ပိုင်နည်းကိုသာ အသုံးပြုသည်။ ဘုရားသခင်အနေဖြင့် ဆင်းရဲဒုက္ခအချို့ကို ဖြတ်သန်းဖို့မှာ ကြီးမားသည့် အခက်အခဲတစ်ခုဖြစ်သည်ဟု လူတို့က မစဉ်းစားကြပေ၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို နားလည်ဖို့ အမှန်တကယ် ကြိုးစားသည့်အခါမှသာ၊ သူလုပ်သမျှအရာတိုင်းတွင် ဘုရားသခင်၏ လေးနက်သည့် ရည်ရွယ်ချက်များကို စစ်မှန်စွာ သင် အသိအမှတ်ပြုနိုင်သည့်အခါမှသာ၊ သင်သည် ဘုရားသခင်၏ကြီးမြတ်မှုနှင့် ကိုယ်ကျိုးမငဲ့မှုတို့ကို ခံစားရနိုင်ပေသည်။ ဘုရားသခင်သည် သက်တံကို အသုံးပြုရင်း လူသားမျိုးနွယ်နှင့် ပဋိညာဉ်တစ်ခု ဖွဲ့ခဲ့သော်လည်း ဤအရာကို သူ အဘယ်ကြောင့် လုပ်ဆောင်ခဲ့သည်- အဘယ်ကြောင့် ဤပဋိညာဉ်ကို သူ တည်ထောင်ခဲ့သည်- ဆိုသည်ကို မည်သူ့ကိုမျှ လုံးဝ မပြောခဲ့ပေ၊ ဆိုလိုသည်မှာ သူသည် သူ၏ စစ်မှန်သည့် အတွေးများကို မည်သူ့ကိုမျှ မပြောပြခဲ့ပေ။ ဤသည်မှာ သူကိုယ်တိုင် လက်ဖြင့် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အတိမ်အနက်ကို သဘောပေါက်နိုင်သူ တစ်ဦးမျှ မရှိသောကြောင့်ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို သူ ဖျက်ဆီးခဲ့သည့်အချိန်တွင် သူ၏နှလုံးသားက မည်မျှနာကျင်မှုသာ ခံစားခဲ့ရသည်ကို အသိအမှတ်ပြုနိုင်သူ တစ်ဦးမျှလည်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်က သူမည်သို့ခံစားရသည်ကို လူတို့အား ပြောပြခဲ့မည်ဆိုလျှင်ပင်၊ ၎င်းတို့သည် ဤယုံကြည်မှုကို ခံယူနိုင်မည်မဟုတ်ပေ။ နာကျင်မှုတွင်ရှိနေသော်လည်း သူသည် သူ၏အမှု နောက်တစ်ဆင့်ကို ဆက်လက်လုပ်ဆောင်ဆဲဖြစ်သည်။ ဆင်းရဲဒုက္ခကို မိမိဘာသာ တိတ်တဆိတ် သည်းညည်းခံရင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို သူ၏အကောင်းဆုံးအပိုင်းနှင့် အကောင်းဆုံးအရာများကို အမြဲ ပေးလေသည်။ ဘုရားသခင်သည် ဤဆင်းရဲဒုက္ခများကို မည်သည့်အခါတွင်မျှ ပွင့်ပွင့်လင်းလင်း မဖွင့်ဟပေ။ ထိုအစား သူသည် ယင်းတို့ကို ကြံ့ကြံ့ခံပြီး တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ ဘုရားသခင်၏ ခံနိုင်ရည်သည် အေးစက်၊ ထုံထိုင်းခြင်းမရှိ သို့မဟုတ် ကူကယ်ရာမဲ့ မဖြစ်သကဲ့သို့ အားနည်းမှု၏ လက္ခဏာတစ်ရပ်လည်း မဟုတ်။ ယင်းထက် ဘုရားသခင်၏ချစ်ခြင်းနှင့် အနှစ်သာရသည် အစဉ်အမြဲ ကိုယ်ကျိုးငဲ့ခြင်း မရှိပေ။ ဤသည်မှာ သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့်သက်ဆိုင်သည့် သဘာဝအလျောက် ဖွင့်ပြခြင်းဖြစ်ပြီး၊ စစ်မှန်သည့် ဖန်ဆင်းရှင်အဖြစ် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၏ စစ်မှန်သည့် သရုပ်သကန်တစ်ခုလည်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

အရှေ့သို့- ပန်းတိုင်များနှင့် အဆုံးသတ်များ

နောက်တစ်ခုသို့- ဘုရားသခင်ကို သိမြင်ခြင်း (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။