၁၄၁ အနန္တတန်ခိုးရှင် ဘုရားသခင်အတွက် ပူဆွေးတမ်းတခြင်း

၁ အို ဘုရားရှင်၊ အို ဘုရားရှင်။ ကိုယ်တော်အတွက် ကျွန်ုပ်တို့ ပူဆွေးတမ်းတကြပေ။ ကိုယ်တော် လူသားအဖြစ် လူ့ဇာတိခံကာ အသင်းတော်များအလယ် လျှောက်လှမ်းပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ရေလောင်းကာ ရှင်သန်စေ။ ကိုယ်တော်က ကျွန်ုပ်တို့ကို အချိန်ကိုက်ပင် ဦးဆောင်ကာ ထောက်ပံ့ပေ။ နေ့တိုင်း ကိုယ်တော်၏ ရှေမှောက်တွင် အသက်ရှင်ရင်း၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ အရသာခံ၊ ကျွန်ုပ်တို့ နှလုံးသားများ သက်သာကာ အေးချမ်းပေ။ အို ဘုရားရှင်၊ အို ဘုရားရှင်။ ကျွန်ုပ်တို့ ချစ်ရသော အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းတို့က ကျွန်ုပ်တို့အား မိမိတို့ကိုယ်ကိုယ် သိစေသည်၊ စာတန်၏ အန္တရာယ်မှ လွတ်မြောက်စေကာ ဘဝတွင် မှန်သော လမ်းကြောင်းပေါ် ကျွန်ုပ်တို့ကို ခြေချစေ။ ကိုယ်တော်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို မေ့ပျောက်မရနိုင်ပေ၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲ စွဲထင်ပေ။ ကိုယ်တော်အတွက် ကျွန်ုပ်တို့ ပူဆွေးတမ်းတကြပေ။

၂ အို ဘုရားရှင်၊ အို ဘုရားရှင်။ ကိုယ်တော်အတွက် ကျွန်ုပ်တို့ ပူဆွေးတမ်းတကြပေ။ နှုတ်ကပတ်တော်များကို ကိုယ်တော် မိန့်မြွက်ကာ နေ့တိုင်း ကျွန်ုပ်တို့အလယ် အမှုပြုပေ။ ကျွန်ုပ်တို့ကို အသိပေးကာ တိုက်တွန်းဖို့ နှုတ်ကပတ်တော်များကို ကိုယ်တော် အသုံးပြုကာ ကျွန်ုပ်တို့ကို ပြင်းပြင်းထန်ထန် တရားစီရင်ကာ ထုတ်ဖော်ပြပေ။ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းက အလွန်နက်ရှိုင်းသည်ကို ကျွန်ုပ်တို့ မြင်ရ၊ ကျွန်ုပ်တို့ အလွန်နောင်တရကာ၊ ပုန်းကွယ်ရာ မရှိပေ၊ ကိုယ်တော့်အတွက် ကျွန်ုပ်တို့၏ ကြောက်ရွံ့မှု တိုးပွားပေ။ အို ဘုရားရှင်၊ အို ဘုရားရှင်။ ကျွန်ုပ်တို့ ချစ်ရသော အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်ုပ်တို့ အသက်တာများတွင် ကြီးထွားနိုင်ကြဖို့၊ ဖြစ်နိုင်သမျှ နှုတ်ကပတ်တော်တိုင်းကို ကိုယ်တော် မိန့်မြွက်ကာ အစွမ်းကုန် အမှုပြုလေပြီ။ ကျွန်ုပ်တို့ ကယ်တင်ခံရကာ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအားလုံး ရရှိနိုင်ဖို့အလို့ငှာ ကိုယ်တော် ကျွန်ုပ်တို့ကို တရားစီရင်ကာ သန့်စင်ပေ။ ဤသည်မှာ ကျွန်ုပ်တို့၏ ကောင်းချီးမင်္ဂလာ၊ ကိုယ်တော်ကို သာ၍ပင် ကျွန်ုပ်တို့ တွယ်တာမိ။

၃ အို ဘုရားရှင်၊ အို ဘုရားရှင်။ ကိုယ်တော်အတွက် ကျွန်ုပ်တို့ ပူဆွေးတမ်းတကြပေ။ စီစီပီ၏ နှိပ်စက်ညှင်းပန်းမှုတစ်လျှောက် ကိုယ်တော် ကျွန်ုပ်တို့နှင့်အတူ အမြဲရှိခဲ့၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ချိန်ကိုက် လမ်းပြပေ။ ကျွန်ုပ်တို့ မကြောက်ကြတော့၊ မစိုးရိမ်ကြတော့ပေ။ ကိုယ်တော့် နှုတ်ကပတ်တော်များက ကျွန်ုပ်တို့အား လမ်းညွှန်ပြီး ထောက်ပံ့သောကြောင့်၊ ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခကြားတွင် ကျွန်ုပ်တို့ ယုံကြည်မှုရှိကာ ခွန်အားရှိကြပေ။ အို ဘုရားရှင်၊ အို ဘုရားရှင်။ ကျွန်ုပ်တို့ ချစ်ရသော အနန္တတန်ခိုးရှင် ဘုရားသခင်။ ရန်သူ စာတန်ကို နှိမ်နှင်းဖို့ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို လမ်းပြပေ။ အခက်အခဲများနှင့် စမ်းသပ်မှုများတွင် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ်တို့ ခံစားရ၊ ကျွန်ုပ်တို့ နှလုံးသားများ ကိုယ်တော့်ဆီ တိုး၍ နီးလာကြပေ။ ကိုယ်တော်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်း၊ ကိုယ်တော်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို ကျွန်ုပ်တို့ မြင်ရပေ၊ ကိုယ်တော်ကို ထာဝရ ကျွန်ုပ်တို့ ချီးမွမ်းပါမည်။

၄ အို ဘုရားရှင်၊ အို ဘုရားရှင်။ ကိုယ်တော်အတွက် ကျွန်ုပ်တို့ ပူဆွေးတမ်းတကြပေ။ ကျွန်ုပ်တို့ နံဘေးတွင် ကျွန်ုပ်တို့နှင့်အတူ အသက်ရှင်ရင်း၊ နှစ်ပေါင်းများစွာ ကိုယ်တော် အမှုပြုပြီ။ ယင်းက အင်မတန် လှပသော အမှတ်ရစရာများကို ချန်ထားရင်း၊ ရယ်စရာများနှင့် အားပေးသံများ ပြည့်ခဲ့။ ကိုယ်တော်၏ စစ်မှန်သော ချစ်ခြင်းကို ကျွန်ုပ်တို့ မမေ့နိုင်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများ အချိန်ကြာကတည်းက ကိုယ်တော့်အတွက် ချစ်ခြင်းဖြင့် ပြည့်ခဲ့။ ကိုယ်တော့်ကို ထာဝရ သစ္စာရှိဖို့ ကျွန်ုပ်တို့ စိတ်ပိုင်းဖြတ်ကြပြီ။ အို ဘုရားရှင်၊ အို ဘုရားရှင်။ ကျွန်ုပ်တို့ ချစ်ရသော အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်၏ တိုက်တွန်းချက်များကို ကျွန်ုပ်တို့ မှတ်ထားကြသည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကြကာ ကိုယ်တော်ကို သက်သေခံကာ ဘုန်းထင်ရှားစေဖို့ ကျွန်ုပ်တို့၏ တာဝန်များကို ချစ်ခင်သစ္စာရှိစွာ ဖြည့်ဆည်းကြပေ။ ကမ္ဘာမြေပေါ်တွင် ကိုယ်တော်ကို ကျွန်ုပ်တို့ ထာဝရ နာခံကာ ကိုးကွယ်မည်။ ကိုယ်တော်နှင့် ကျွန်ုပ်တို့ နီးကပ်စွာ အမြဲယှက်နွယ်ကြမည်။ ကိုယ်တော်ထံမှ ကျွန်ုပ်တို့ ဘယ်သောအခါမျှ မခွာနိုင်ပေ။

အရှေ့သို့- ၁၄၀ အသင်းတော် ဓမ္မတေးသီချင်း

နောက်တစ်ခုသို့- ၁၄၂ ကျွန်ုပ်အတွင်းစိတ်ထဲ ဘုရားရဲ့မေတ္တာကို အမြဲတမ်း ထားရှိမည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။