မေးခွန်း (၁၃) ခင်ဗျားတို့အားလုံးက ဘုရားသခင်ကိုယုံကြည်တယ်။ ကျွန်တော်ကတော့ မာ့က်စ်နဲ့ လီနင်ကို ယုံတယ်။ ဘာသာရေးယုံကြည်ချက်ပေါင်းစုံကို ကျွန်တော် လေ့လာခဲ့ပြီးပြီ၊ လေ့လာခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း ကျွန်တော့်အနေနဲ့ ပြဿနာတစ်ခုကို ရှာတွေ့ခဲ့တယ်။ ဘာသာရေးအားလုံးဟာ ဘုရားတစ်ဆူဆူကိုတော့ ယုံကြည်ကြတာပဲ။ ဒါပေမဲ့ ဘယ်ယုံကြည်သူမှတော့ ဘုရားဆိုတာကို မမြင်ဖူးကြဘူး။ သူတို့ရဲ့ယုံကြည်ချက်က စိတ်ခံစားမှုသက်သက်ပေါ် အခြေခံထားတဲ့ ယုံကြည်မှုပဲ။ ဒါကြောင့် ဘာသာရေးယုံကြည်ချက်နဲ့ပတ်သက်ပြီး ကျွန်တော် ကောက်ချက်ချလိုက်တယ်။ ဘာသာရေးဆိုတာ စိတ်ကူးယဉ်မှုသက်သက်ပဲ။ သိပ္ပံနည်းလမ်းလုံးဝမကျတဲ့ အယူသည်းမှုတစ်ခုပဲ။ ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာ သိပ္ပံပညာဟာ အရမ်းတိုးတက်နေပြီ။ အမှားတွေမလုပ်မိအောင်အတွက် အရာရာတိုင်းဟာ သိပ္ပံပညာကို အခြေခံရမယ်။ ကွန်မြူနစ်ပါတီက သိပ္ပံပညာကိုယုံကြည်တယ်။ ဘုရားသခင်ကို မယုံကြည်ဘူး။ ခေတ်ပြောင်းတော်လှန်ရေး သီချင်းထဲမှာ ‘အားကိုးလောက်စရာ လောက ကယ်တင်ရှင်၊ နတ်ဘုရား … အရှင်သခင်ရယ်လို့ မရှိပြီ။ လူသားမျိုးနွယ် ပျော်ရွှင်ဖို့အတွက် မိမိကိုယ်ကိုသာ အားကိုးကြရမည်’ သီချင်းထဲမှာ ‘လောကကယ်တင်ရှင်ရယ်လို့ မရှိပြီ’ ဆိုပြီး ကြွေးကြော်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ဘုရားသခင်ကိုယုံကြည်ခဲ့ရတဲ့ အကြောင်းရင်းက၊ သူတို့ခေတ်မှာ နေတို့၊ လတို့၊ ကြယ်တို့လို အထူးအဆန်းကိစ္စတွေကို သိပ္ပံနည်းကျ ဖြေရှင်းနိုင်စွမ်း မရှိခဲ့ကြသေးလို့ပဲ။ ဒါကြောင့် သဘာဝလွန်အစွမ်းတွေကို ကြောက်လန့်တာတို့၊ သိချင်တာတို့ ဖြစ်လာတာပေါ့။ အဲဒီကနေ ရှေးအကျဆုံးဘာသာရေးအတွေးအခေါ်တွေ စပေါ်လာတာပဲ။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်တွေ ရောဂါဘယတွေလို အခက်အခဲမျိုးတွေကို လူသားတွေအနေနဲ့ မဖြေရှင်းနိုင်တဲ့အခါ၊ ဘုရားသခင်ကို ကိုးကွယ်ပြီး စိတ်သက်သာရာရှာကြတာပဲ။ ဘာသာရေးရဲ့ မူလအစက ဒါပဲ။ အတွေးအခေါ်နည်းလမ်းလည်းမကျ၊ သိပ္ပံနည်းလည်းမကျမှန်း မြင်နိုင်တယ်။ ကျွန်တော်တို့ခေတ်ကတော့ အများကြီးပိုတိုးတက်နေပြီ။ သိပ္ပံပညာလည်း ထွန်းကားလာပြီ။ အာကာသလေကြောင်းသိပ္ပံ၊ ဇီဝသိပ္ပံနည်းပညာ၊ မျိုးရိုးဗီဇပြောင်းလဲခြင်းနည်းပညာ၊ ဆေးပညာ အစရှိတဲ့ ပညာရပ်တွေမှာ လူသားမျိုးနွယ်ဟာ အများကြီး တိုးတက်လာခဲ့ပြီ။ အရင်တုန်းက ပြဿနာတွေကြုံ လာတဲ့အခါ ကျွန်တော်တို့က နားလည်းမလည်ဘူး။ ဖြေရှင်းနိုင်တဲ့နည်းလမ်းလည်း မရှိဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ သိပ္ပံပညာကိုသုံးပြီး အရာအားလုံးကိုရှင်းပြနိုင်ပြီ။ သိပ္ပံပညာကိုအားကိုးပြီး ပြဿနာတွေအတွက် အဖြေရှာနိုင်ပြီ။ ဒီလို သိပ္ပံနဲ့နည်းပညာခေတ်ကြီးထဲမှာ ဘုရားကိုယုံကြည်တယ်ဆိုတာ တုံးအသလို ဖြစ်မနေဘူးလား။ နောက်ကောက်ကျကျန်ခဲ့လိမ့်မယ်လို့ မထင်မိဘူးလား။ ကျွန်တော်တို့ယုံကြည်နိုင်တာ သိပ္ပံပညာပဲရှိတယ်။

အဖြေ- ကျွန်တော်တို့ရဲ့ယုံကြည်မှုက သိပ္ပံပညာကို နားမလည်တဲ့လူတွေ သဘာဝလွန်ကိစ္စတွေကို ကြုံကြိုက်လာတဲ့အခါ၊ အယူသည်းပြီး အကြောက်တရားနဲ့ စူးစမ်းစိတ်ကြောင့် ဖြစ်လာတယ်လို့ ခင်ဗျားပြောတယ်နော်။ အဲဒီစကားက မှန်လည်းမမှန်ဘူး အထောက်အထားလည်း မရှိဘူး။ ဘာသာရေးနဲ့ ခင်ဗျားပြောတဲ့ အယူသည်းမှုဆိုတာ မတူပါဘူး။ ခင်ဗျားတို့ ကွန်မြူနစ်တွေက ဘာသာရေးယုံကြည်မှုကို အယူသည်းမှုသက်သက်ပဲဆိုပြီး ရှုတ်ချပိတ်ပင်ထားကြတယ်။ ကျွန်တော့်အမြင်ကတော့ ဒီလိုလုပ်တာဟာ အဓိပ္ပာယ်မရှိတဲ့ကိစ္စပဲ။ ကမ္ဘာပေါ်က အဓိကဘာသာကြီးတွေထဲမှာ ယုဒဘာသာ၊ ကတ်သလစ်ဘာသာနဲ့ ခရစ်ယာန်ဘာသာတို့အားလုံးဟာ ဘုရားသခင်နဲ့ သခင်ယေရှုကို ယုံကြည်ကြတယ်။ ဒီဘာသာရေး ယုံကြည်မှုတစ်ခုတည်းသာ အစစ်အမှန်ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်တုန်းက ပညတ်တော်ခေတ်အတွင်းမှာ ဘုရားသခင်ရဲ့ အမှုတော်ကြောင့် ယုဒဘာသာပေါ်ထွန်းလာခဲ့တယ်။ အစ္စရေးလူမျိုးတွေဟာ ဘုရားသခင်ရဲ့အသံတော်ကိုကြားပြီး ဘုရားသခင်ရဲ့နာမတော်ကို သိခဲ့ကြတယ်။ တလျှောက်လုံး ယေဟောဝါဘုရားသခင်ဆီ ဆုတောင်းပြီး၊ ယေဟောဝါရဲ့ ပညတ်တော်တွေကို လိုက်နာခဲ့ကြတယ်။ သူတို့အားလုံး ယေဟောဝါဘုရားသခင်ကို ကိုးကွယ်ခဲ့ကြတာပေါ့။ ယုဒဘာသာ ပေါ်ထွန်းလာခြင်းဟာ ပညတ်တော်ခေတ်အတွင်းမှာ ဘုရားသခင်ပြုတဲ့ အမှုတော်ကြောင့် ဖြစ်တယ်ဆိုတာ သေချာသိနိုင်ပါတယ်။ ကျေးဇူးတော်ခေတ်ကို ရောက်တဲ့အခါမှာတော့ ဘုရားသခင်ဟာ သခင်ယေရှုအဖြစ် လူ့ဇာတိခံယူပြီး အမှုတော်ကို စတင်လုပ်ဆောင်ခဲ့တယ်။ လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံပြီး လူသားမျိုးနွယ်အတွက် အပြစ်ကြွေးကိုပေးဆပ်သွားခဲ့တယ်။ သူ့ကိုယုံကြည်သူ အမြောက်အမြားကြောင့် သခင်ယေရှုရဲ့အသင်းတော် ပေါ်ထွက်လာခဲ့တယ်။ နှစ်ရာပေါင်းများစွာကြာပြီးတဲ့နောက်မှ ခရစ်ယာန်ဘာသာရယ်၊ ကတ်သလစ်ဘာသာရယ်၊ အရှေ့တိုင်းအော်သိုဒေါက် အသင်းတော်ရယ်ဆိုပြီး ပြောင်းလဲလာခဲ့တယ်။ ဒီဘာသာတွေဟာ ကမ္ဘာပေါ်မှာ ယုံကြည်သူအများဆုံး ဘာသာတွေပဲ။ ဒီဘာသာတွေအားလုံးဟာ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုတော်ကနေ ပေါ်ပေါက်လာတာပါ။ နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြပြီး၊ တရားစီရင်ခဲ့ပြီးပြီ။ လူပေါင်းများစွာကို သိမ်းပိုက်ခဲ့ပြီး၊ ကယ်တင်ခဲ့ပြီးပြီ။ ယုံကြည်သူအစစ်အမှန်တွေဟာ ဘုရားသခင်ရဲ့အသံတော်ကိုကြားပြီး၊ ပလ္လင်တော်ရှေ့မှောက်ကို ရောက်ခဲ့ကြပြီးပြီ။ အနန္တဘုန်းတန်ခိုးရှင် ဘုရားသခင်ရဲ့ အသင်းတော်ဟာ အဲဒီလိုပေါ်ထွက်လာခဲ့တာပါပဲ။ ဒီအချက်အလက်တွေက ဘာသာရေးယုံကြည်မှုဆိုတာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်တွေကြောင့်ဖြစ်လာတယ်ဆိုတာကို သက်သေပြနေပါတယ်။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို မရေမတွက်နိုင်တဲ့ ခရစ်ယာန်ပေါင်းများစွာရဲ့ ဘဝအတွေ့အကြုံတွေ ကနေတစ်ဆင့်လည်း သက်သေထူနိုင်တယ်။ ဘုရားသခင်ရဲ့ အသင်းတော် ဒါမှမဟုတ် ဘုရားသခင်ရွေးကောက်ထားတဲ့သူတွေကို ဘယ်လိုအင်အားမျိုးကမှ မဖြိုဖျက်မပိတ်ပင်နိုင်ဘူး။ ဒါ အမှန်တရားပဲ လူ့သမိုင်းအစကတည်းက ဘုရားသခင်ဟာ လူသားတွေကို လမ်းပြလာခဲ့၊ ရွေးနုတ်ကယ်တင်လာခဲ့တာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကြောင့် ကျွန်တော်တို့အားလုံး ရှေ့ခရီးဆက်နိုင်ခဲ့တာ။ ဒီအမှန်တရားတွေကို ဘယ်သူမှမငြင်းနိုင်ဘူး။ ပါမောက္ခ ခင်ဗျားက ဘာသာရေးယုံကြည်ချက်တွေကို အထူးပြုသုတေသနလုပ်တာလေ။ ဒီကိစ္စရပ်တွေကို နားလည်သင့်တာပေါ့။ ဘာသာရေးဆိုတာ မသိနားမလည်မှုကနေ ဆင်းသက်လာတာပါလို့ ပြောပြီး သမိုင်းအချက်အလက်တွေကို ဘာဖြစ်လို့ ပြောင်းပစ်တာလဲ။ အဲဒီပြောဆိုချက်တွေက အဓိပ္ပါယ်မရှိဖြစ်မနေဘူးလား။

ခင်ဗျားက ဘာသာရေးယုံကြည်ချက်တွေကို နှစ်ပေါင်းများစွာ လေ့လာလိုက်စား ခဲ့တယ်နော်။ ဒါပေမဲ့ အကျိုးရှိတဲ့ရလဒ်တော့ ရခဲ့ပုံမပေါ်ဘူး။ အယူသည်းမှုနဲ့ ဘာသာရေးကိုတောင် ခွဲခြားမပြောနိုင်ဘူး။ ဒီအချက်က ခင်ဗျား ဘာသာရေးကိုနားမလည်ဘူးဆိုတာ ထောက်ပြနေတာပဲ။ ဒီနေ့ခေတ်မှာ ဘုရားသခင်ကိုယုံကြည်သူတွေက ပိုပိုပြီးများလာပြီ။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံကျော်က ယုံကြည်ကြတယ်။ ကမ္ဘာပေါ်က အတော်ဆုံးသိပ္ပံပညာရှင်အများကြီးလည်း ခရစ်ယာန်တွေဖြစ်ခဲ့ကြတာပဲ။ နယူတန်၊ ဂါလီလီယိုနဲ့ ကော်ပါးနီးကပ်စ်တို့ပေါ့။ ဒီလူတွေကိုရော အယူသည်းတယ်လို့ ခေါ်မှာလား။ သူတို့ကရော သိပ္ပံပညာကို အယုံအကြည်မရှိခဲ့ကြတဲ့သူတွေလား။ ရုပ်ဝတ္ထုလောကအကြောင်းကို စူးစမ်းအဖြေရှာတဲ့နေရာမှာတော့ သိပ္ပံပညာက အကျိုးရှိပါတယ်။ ဒါပေမဲ့ နာမ်ဝိညာဉ်လောကကို ရှာဖွေဖို့တော့ သိပ္ပံပညာဟာ အစွမ်းမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ဘုရားသခင်အပေါ်ယုံကြည်ခြင်းက သိပ္ပံပညာအပေါ် အခြေခံထားတာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်တွေကြောင့် ယုံကြည်တာဖြစ်တယ်။ သမ္မာကျမ်းစာဆိုတာ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံထားတာဖြစ်ပြီး၊ လူသားမျိုးနွယ်ရဲ့ ဘုရားသခင်ရဲ့အမှုတော်နဲ့ကြုံဆုံခဲ့ရပုံတွေကို မှတ်သားထားတဲ့ သမိုင်းအထောက်အထားပဲ။ ကျမ်းစာထဲက ပရောဖက်တွေဟာ နောက်ဆုံးသောကာလမှာ ဘာတွေဖြစ်မယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ဟောကိန်းထုတ်ခဲ့ကြတယ်။ ဒီပရောဖက်ပြုချက်တွေ အမှန်တကယ်ဖြစ်လာတာကို ကြည့်ပြီး ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဟာ အစစ်အမှန်ဖြစ်ကြောင်း လူသားမျိုးနွယ်နဲ့ စကြဝဠာတစ်ခုလုံးကို အုပ်စိုးတာ ဘုရားသခင်ဖြစ်ကြောင်း သိနိုင်တယ်။ ဒါကို ငြင်းဆန်လို့မရဘူး။

လူတွေက ဘုရားသခင်ကိုမမြင်နိုင်ရင်၊ ဘုရားသခင်ဆိုတာ မရှိဘူးလို့ ရှင်ပြောတယ်နော်။ ဒါပေမဲ့ သုဿန်မှာ ငွေစက္ကူတွေမီးရှို့ပြီး၊ ရှိခိုးကန်တော့တဲ့အချိန်မှာ သေလွန်ပြီးသူတွေရဲ့ ဝိညာဉ်တွေကို ရှင်မြင်ရလား။ ရှေ့ဖြစ်ဟောဖို့အတွက် မကောင်းတဲ့ဝိညာဉ်တွေနဲ့ နတ်ဆရာတွေကို ရှာဖွေတဲ့အခါမှာရော တမလွန်လောကကို ရှင် မြင်နိုင်လား။ မမြင်ရဘူးဆိုရင် ဘာဖြစ်လို့ ငွေစက္ကူမီးရှို့တာတွေ၊ ရှိခိုးကန်တော့တာတွေ၊ နတ်ဆရာရှာတာတွေ လုပ်နေလဲ။ ရှင်က ဘုရားသခင်မရှိဘူးလို့ ခဏခဏပြောပြီး၊ လူတွေအများကြီးကို ဘာသာမဲ့ဖို့ဆွယ်နေပေမဲ့၊ နတ်ဘုရားအတုတွေကို ယုံကြည်ပြီး မကောင်းတဲ့ဝိညာဉ်တွေကို တိတ်တိတ်လေးကိုးကွယ်နေတာပဲ။ အဲဒီလုပ်ရပ်တွေကရော ရှင့်ရဲ့လူတွေကို မုသားတွေပြောပြီး၊ လိမ်ညာနေတာပဲမဟုတ်ဘူးလား။ စစ်မှန်သောဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်ဟာ အမှန်တရားဆိုတာကို၊ လူသားမျိုးနွယ်အတွက် အလင်းရောင်နဲ့ ကယ်တင်ခြင်းကို ယူဆောင်ပေးလာမယ်ဆိုတာကို၊ ရှင် မြင်နိုင်ရဲ့သားနဲ့ ခေါင်းမာမာနဲ့ ငြင်းဆန်နေတာ၊ ဘာသာမဲ့ဖို့အတွက် စစ်မှန်တဲ့ဘုရားသခင်အပေါ် ယုံကြည်ချက်ကို တွန်းလှန်နေတာ၊ ဘာသာရေးယုံကြည်မှုကို ဖိနှိပ်ပြီး ခရစ်ယာန်တွေကို နှိမ်နင်းနေတာပဲ။ အဲဒီလုပ်ရပ်ကိုက ပြဿနာဖြစ်မနေဘူးလား။ ပါမောက္ခစွန်း ကျွန်မတို့ကို အဲဒီအကြောင်း ရှင်းပြနိုင်မလား။ ဘုရားသခင်ဟာ နာမ်ဝိညာဉ်ဖြစ်တယ်၊ ဘုရားရဲ့ ဝိညာဉ်ခန္ဓာကို လူသားတွေမမြင်နိုင်ပေမဲ့၊ ဘုရားသခင် မိန့်မြွက်တဲ့ နှုတ်ကပတ်တော်ကို ကြားနိုင်တယ်။ ဘုရားသခင်ပြုတဲ့ အမှုတော်တွေကို မြင်နိုင်တယ်။ ဒီအချက်အလက်တွေကို ငြင်းဆန်လို့မရဘူး။ ဘုရားသခင်ဟာ လူသားတွေကို စကားပြောနေတာ၊ လမ်းပြနေတာ၊ ကယ်တင်နေတာ၊ လူသားအားလုံးရဲ့ ကံကြမ္မာကို အုပ်စိုးနေတာ နှစ်ထောင်ပေါင်းများစွာကြာခဲ့ပြီ။ ဘုရားသခင်ဟာ အမှုတော်အများကြီးကိုလည်း ပြုပြခဲ့ပြီးပြီ။ ဒီအရာတွေကို ကြုံခဲ့ရတဲ့လူသားတွေရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတကြောင့် စကားပုံတွေအများကြီးထွက်လာတာပေါ့၊ “ကောင်းကင်ဘုံရဲ့ဆန္ဒကို ယုံကြည်ပါ” တို့၊ “လူကကြံစည်တယ်၊ ဘုရားကပယ်ဖျက်တယ်” တို့၊ “လူသားက မျိုးစေ့ချနိုင်ပေမဲ့၊ ရိတ်သိမ်းဖို့ကတော့ ကောင်းကင်ဘုံအပေါ်ပဲ မူတည်တယ်” တို့၊ “ကောင်းကင်ဘုံက အမြဲတမ်း အဖြေတစ်ခုပေးတယ်” တို့၊ “ကောင်းကင်ဘုံရဲ့အကြံအစည်ဟာ လူသားအကြံအစည်ထက် ကြီးမြတ်တယ်” တို့၊ “လူ့ကြမ္မာဟာ ကြယ်တွေပေါ်မှာကမ္ဗည်းထိုးပြီးသား” အစရှိတာတွေပေါ့။ ဒီစကားပုံတွေအားလုံးက ကျွန်မတို့ရဲ့ ကမ္ဘာကြီးတစ်ခုလုံးကို စီမံအုပ်ချုပ်ပြီး၊ လူသားမျိုးနွယ်ကို ခေါင်းဆောင်နေတဲ့၊ ကောင်းချီးပေးနေတဲ့၊ ပျိုးထောင်ပေးနေတဲ့၊ အုပ်ချုပ်သူတစ်ပါးရှိတယ် ဆိုတာကို သက်သေပြနေတာပဲ။ ကြားဖူးနေကျ ဆိုရိုးတွေလည်း ရှိသေးတာပဲ၊ “မင်းကိုစောင့်ရှောက်ပေးနေတဲ့ ကိုယ်စောင့်နတ်ရှိတယ်” တို့၊ “လူတွေဘာလုပ်လဲ ကောင်းကင်ဘုံက စောင့်ကြည့်နေတယ်” တို့၊ “ကိုယ်စိုက်တာကိုယ်ရိတ်သိမ်းရမှာပဲ” တို့ပေါ့။ ဒီဆိုရိုးတွေအားလုံးက ဘုရားသခင်ဟာ ဖန်ဆင်းခြင်းအားလုံးရဲ့ အရှင်သခင်ဖြစ်ပြီး၊ အုပ်ချုပ်သူလည်း ဖြစ်တယ်ဆိုတာကို သက်သေပြနေတာပဲ။ ဘုရားသခင်က အားလုံးကိုစောင့်ကြည့်နေတယ်။ လူသားတွေရဲ့ အပြုအမူတွေအလိုက် အပြစ်ပေးသင့်ရင်ပေးပြီး၊ သူတို့ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးတယ်။

ဘုရားသခင်ကို ဘယ်သူမှမမြင်ဖူးလို့ တကယ်မရှိပါဘူးလို့ ပြောတယ်နော်။ အဲဒီစကားက မှားပါတယ်။ ဘုရားသခင်ရဲ့အမှုတော်နောက်ကို လိုက်လျှောက်ဖူးပြီလား။ သမ္မာကျမ်းစာကို ဖတ်ဖူးပြီးပြီလား။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ ဆိုတာကိုရော။ သမ္မာကျမ်းစာထဲမှာ “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” လို့ ပါတယ်။ (ရှင်ယောဟန် ၁:၁) လူတွေက ဘုရားသခင်ရဲ့ နာမ်ခန္ဓာကို မမြင်ဖူးကြပေမဲ့၊ အသံတော်ကိုကြားနိုင်တယ်။ ဘုရားသခင်ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေကို မြင်နိုင်တယ်။ ဘုရားသခင်ပြုတဲ့ အမှုတော်တွေကို ကြုံနိုင်တယ်။နှစ်ထောင်ပေါင်းများစွာအချိန်ယူပြီး ဘုရားသခင်က အဆင့်သုံးဆင့်လုပ်ဆောင်ခဲ့တယ်။ အစ္စရေးမှာတုန်းက အစ္စရေးလူမျိုးတွေကို ပညတ်တော်တွေ ချပေးပြီး၊ ပညတ်တော်ခေတ်ရဲ့ အမှုတော်ကို ပြုခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာတော့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဟာ ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တယ်။ ယုံကြည်ခြင်းအားဖြင့် လူပေါင်းများစွာရဲ့ အပြစ်တွေလွတ်ခဲ့တယ်။ ဘုရားသခင်ရဲ့ရှေ့မှောက်မှာ အသက်ရှင်နေထိုင်ပြီး ဘုရားရဲ့ ငြိမ်းအေးပျော်ရွှင်မှုကို ခံစားကြရတယ်။ နိုင်ငံတော်ခေတ်မှာတော့ သန့်စင်ပြီး ကယ်တင်ဖို့အတွက် သမ္မာတရားကို မိန့်မြွက်ပြီး၊ တရားစီခြင်းအမှုကို လုပ်ဆောင်ဖို့ ဘုရားသခင်ဟာ နောက်တဖန် လူ့ဇာတိခံပြီးပြီ။ ဘုရားသခင်ဟာ အမှုတော်ပေါင်းအများကြီး ပြုခဲ့ပြီးပြီ။ လူတွေက ဘာဖြစ်လို့များ မမြင်နိုင်ကြတာလဲ။ ဘုရားသခင်မရှိဘူးလို့ ဘယ်လိုစိတ်နဲ့ ပြောထွက်နိုင်ကြတာလဲ။ ကျွန်တော်တို့က ဘုရားသခင်ကိုယုံကြည်ဖို့ မျက်လုံးတွေသက်သက်ကို အားမကိုးဘူး။ ကျွန်တော်တို့ယုံကြည်မှုက ဘုရားသခင်ပြုတဲ့ အမှုတော်တွေအပေါ်မှာ အခြေခံတယ်။ လူ့ဇာတိခံယူတဲ့ဘုရားသခင်ဟာ နှုတ်ကပတ်တော်တွေ အများကြီး မိန့်မြွက်ခဲ့ပြီးပြီ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ လူတွေပြောနေကျစကားတွေနဲ့ မတူဘူး။ ဘယ်လိုသာမန်လူမှ ဒီစကားတွေကို ပြောမထွက်နိုင်ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ ဘုန်းတန်ခိုးနဲ့ အာနုဘော်ပါတယ်။ နေ့စဉ်နေ့တိုင်း ဘုရားရဲ့နှုတ်ကပတ်တော်ဟာ တကယ်ဖြစ်လာတယ်။ ဘုရားသခင်ရဲ့ အမှုတော်အဆင့်တိုင်းမှာ လူပေါင်းများစွာ ကယ်တင်ခြင်းခံရတယ်။ ဘုရားသခင်ရဲ့ ရှေ့တော်မှောက်ကို ချီယူခြင်းခံရပြီး ဘုရားသခင်ရဲ့ တည်ရှိမှုနဲ့ စိတ်သဘောထားကို သိရှိခွင့်ရတယ်။ ဒီအကြောင်းရင်းတွေကြောင့် ယုံကြည်သူတွေ များသထက်များလာတာပဲ။ ဒီအမှန်တရားကို ဘာဖြစ်လို့များမမြင်နိုင်ရတာလဲ။ ပါမောက္ခစွန်း လက်ခံနိုင်မယ်ဆိုရင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဝေမျှချင်ပါတယ်။ ဒီနှုတ်ကပတ်တော်ကို ကြားပြီးတဲ့အခါ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းနဲ့ အုပ်စိုးပိုင်ခွင့်ကို ပိုပြီး သဘောပေါက်နားလည်လာပါလိမ့်မယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ကျယ်ပြန့်လှသောစကြဝဠာထဲတွင် ဘဝနိယာမကို ထပ်တလဲလဲလိုက်နာလျက် ပုံသေစည်းကမ်းတစ်ရပ်ကို လိုက်နာကာ သက်ရှိသတ္တဝါမည်မျှသည် အသက်ရှင်လျက် မျိုးပွားနေကြသနည်း။ သေသူများသည် ရှင်သူများ၏ဇာတ်လမ်းများကို ၎င်းတို့နှင့်အတူ ယူသွားကြပြီး ရှင်နေသူများသည် သေပြီးသောသူများ၏ ဝမ်းနည်းဖွယ်ရာ သမိုင်းတစ်ရပ်ကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကို ‘ငါတို့သည် မည်သည့်အတွက် အသက်ရှင်သနည်း။ အဘယ်ကြောင့် သေရသနည်း။ ဤကမ္ဘာကို အုပ်ချုပ်သူမှာ မည်သူနည်း။ ဤလူသားမျိုးနွယ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ သဘာဝမိခင်က လူသားမျိုးနွယ်ကို အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အကယ်ပင် ထိန်းချုပ်နိုင်သလော...’ ဟု မမေးဘဲ မနေနိုင်တော့ပါ။...လူသားတို့သည် လူသားတို့၏အစနှင့် အနာဂတ်တို့ကို သိရန်မဆိုထားနှင့် စကြဝဠာရှိ အလုံးစုံသော အရာတို့၏ အချုပ်အခြာအာဏာရှင် မည်သူဖြစ်သည်ကိုပင် မသိပါ။ လူသားသည် ဤနိယာမအကြားတွင် မတတ်သာ၍ အသက်ရှင်နေရုံမျှသာ ဖြစ်သည်။ မည်သူမျှ ထိုအရာကို လွတ်မြောက်နိုင်ခြင်း မရှိ။ ပြောင်းလဲနိုင်ခြင်း မရှိ။ အကြောင်းမှာ အလုံးစုံသောအရာများအကြားနှင့် ကောင်းကင်ဘုံ၌ ခပ်သိမ်းသောအရာတို့အပေါ် ကမ္ဘာအဆက်ဆက် အချုပ်အခြာအာဏာရှိသူ တစ်ဦးသာ ရှိသည်။ ထိုသူမှာ လူသားတို့ တစ်ခါမျှ မမြင်ဖူးသောသူ၊ လူသားတို့ တစ်ခါမျှ မသိဖူးသူ၊ ၎င်းရှိကြောင်း လူသားတို့တစ်ခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်။ သို့ရာတွင် သူသည် လူသားတို့၏ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားတို့ကို အသက်ပေးခဲ့သူဖြစ်သည်။ လူသားများ ရှိနေရေးအတွက် ထောက်ပံ့အားဖြည့်ပေးနေပြီး ယနေ့တိုင် လူသားတို့ကို လမ်းပြသူဖြစ်သည်။ ထို့အပြင် သူသာလျှင် လူသားတို့ ရှင်သန်နေရေးအတွက် အားထားရာ ဖြစ်သည်။ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး စကြဝဠာအောက် သက်ရှိအားလုံးကို အုပ်စိုးသူ ဖြစ်သည်။ ရာသီလေးပါးကို ကွပ်ကဲအုပ်စိုး၍ လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူဖြစ်သည်။ လူသားတို့ကို နေရောင်ပေး၍ ည၏ အလာကို ဆောင်ကြဉ်းသူဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ၊ လူသားတို့ကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ပေးသောသူမှာ သူဖြစ်သည်။ သူ၏အမှုသည် နေရာတိုင်းတွင်ရှိ၏။ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏။ သူ၏ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိ၏။ သူ၏အာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းတစ်ခုစီသည် သူ့အမှု၏ ပြယုဂ်ဖြစ်ပြီး ၎င်းတို့တစ်ခုစီတိုင်းသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ သူ၏အချုပ်အခြာအာဏာမှ မိမိကိုယ်ကို လွတ်ငြိမ်းခွင့်ရအောင် မည်သူပြုလုပ်နိုင်သနည်း။ ထို့အပြင် သူ၏အစီအမံများမှ မိမိကိုယ်ကို ထွက်ခွာခွင့်ရအောင် မည်သူပြုလုပ်နိုင်သနည်း။ အလုံးစုံသောအရာတို့သည် သူ၏စူးစိုက်ကြည့်မှုအောက်တွင် ရှိသည့်အပြင် အလုံးစုံသော အရာတို့သည် သူ၏အချုပ်အခြာအောက်တွင် ရှိပါသည်။ သူသည် အမှန်တကယ် တည်ရှိ၍ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသော အချက်ကို သူ၏အမှုနှင့် တန်ခိုးတို့ကြောင့် လူသားတို့သည် အခြားရွေးချယ်စရာမရှိဘဲ ဝန်ခံကြရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်)

လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှုစည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်)

လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသော်လည်း၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊ ထို့အပြင် ဖန်ဆင်းရှင်၏ ဩဇာအာဏာ တည်ရှိမှုကို အသိအမှတ်မပြုသော်လည်း၊ စကြဝဠာထဲမှ အရာအားလုံး၏ဖြစ်တည်မှု၊ ၎င်းတို့၏လှုပ်ရှားမှုများကို သတ်မှတ်ပေးသော အခြေခံသဘောတရားများနှင့် ပုံစံများကို ကြီးမားကျယ်ပြန့်လှသည့် မမြင်နိုင်သော လျှို့ဝှက်စွမ်းအင်တစ်ခုက အုပ်စိုးထိန်းချုပ်ထားသည် ဆိုသည်ကို လူသားသိပ္ပံပညာရှင်များ၊ နက္ခတ္တဗေဒပညာရှင်များနှင့် ရူပဗေဒပညာရှင်များက ပို၍ ပို၍ တွေ့ရှိနေကြ၏။ ဤလှုပ်ရှားမှုပုံစံများ၏ အလယ်ဗဟို၌ အရာအားလုံးကို စီစဉ်ညွှန်ကြားနေသည့် တန်ခိုးအစွမ်းရှိသူတစ်ဦး ရှိနေသည်ကို ဤအချက်က လူသားတို့အား ရင်ဆိုင်၍ လက်ခံအသိအမှတ်ပြုစေ၏။ သူ၏တန်ခိုးသည် ထူးခြားဆန်းကြယ်ပြီး၊ သူ၏စစ်မှန်သောမျက်နှာကို မည်သူမျှ မမြင်နိုင်သော်လည်း သူသည် အရာခပ်သိမ်းကို အချိန်တိုင်းတွင် အုပ်စိုးကာ ထိန်းချုပ်၏။ မည်သည့်လူသား သို့မဟုတ် မည်သည့်အင်အားကမျှ သူ၏အချုပ်အခြာအာဏာကို မကျော်လွန်နိုင်ချေ။ ဤအချက်အရ အရာအားလုံး၏ဖြစ်တည်မှုကို စိုးမိုးနေသော နိယာမတို့အား လူသားတို့က မထိန်းချုပ်နိုင်၊ မည်သူကမျှ မပြောင်းလဲနိုင်ဆိုသည်ကို လူသားသည် အသိအမှတ်ပြုရမည်၊ တစ်ချိန်တည်းမှာပင် လူသားတို့သည် ဤနိယာမတို့ကို အပြည့်အဝ နားမလည်နိုင်ဆိုသည်ကိုလည်း ဝန်ခံရမည်။ ၎င်းတို့သည် သဘာဝအလျောက် ပေါ်ပေါက်နေခြင်း မဟုတ်၊ အရှင်သခင်တစ်ယောက်က သတ်မှတ်ပေးခြင်းသာ ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))

ကွန်မြူနစ်ဝါဒ၏ မုသားများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁၂) အစိုးရဝါဒဖြန့်ချိရေး အချက်အလက်တွေအရတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ကျောင်းဆိုသူက တရုတ်ပြည်အရှေ့မြောက်ပိုင်းမှာ တည်ထောင်ခဲ့တယ်။ အသင်းတော်ကို သူက ဦးဆောင်တယ်။ ဒီလူက အသင်းတော်ရဲ့ယဇ်ပုရောဟိတ်ပဲ။ အသင်းတော်အဖွဲ့ဝင်တွေပြောတာတော့ သူ့ကို သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခဲ့တယ်တဲ့။ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုတဲ့ ဒီလူရဲ့ဟောပြောမှုကို အသင်းဝင်တွေက ကြားနာကြတယ်။ အသင်းတော်ရဲ့အုပ်ချုပ်ရေးပိုင်းမှာလည်း သူ့စကားကို နားထောင်ကြတယ်။ မင်းတို့လို ယုံကြည်သူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖတ်တယ်။ သူ့နာမတော်ကို တိုင်တည်ပြီး၊ ဆုတောင်းတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ကျမ်းရင်းဩဝါဒအဖြစ် မှတ်ယူတယ်။ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖြန့်ဝေကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှာ နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်တဲ့သူက ဒီလူပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို တကယ်တမ်း ဖန်တီးခဲ့တာက ဒီလူပဲဆိုတာ သေချာတယ်။ ဘာသာရေးအသိုင်းအဝိုင်းနဲ့ ပါတီရဲ့အဆိုအရတော့ ဒါက အဲဒီလူရဲ့အဖွဲ့ပဲတဲ့ ငါလည်း မှန်တယ်လို့ထင်တယ်။ နားလည်ကြလား။

နောက်တစ်ခုသို့- မေးခွန်း (၁၄) ဘုရားသခင်ကိုယုံကြည်တယ်ဆိုတဲ့နေရာမှာ ခင်ဗျားတို့ အားလုံး ကိုယ်ပိုင်အတွေးအမြင်နဲ့ ယုံကြည်ချက်တွေ ရှိကြမှာပဲ။ အဲဒီအတွေးအမြင်တွေနဲ့ ယူဆချက်တွေက ခင်ဗျားတို့ရဲ့ ပုဂ္ဂလိကအမြင်တွေဖြစ်လို့ ခပ်ရှင်းရှင်း ပြောရရင် ထင်ယောင်မှားမှုတွေသက်သက်ပဲ။ ကျွန်တော်တို့ကွန်မြူနစ်တွေအတွက်ကတော့ သိပ္ပံ နည်းကျတဲ့ ရုပ်ဝတ္ထုဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကိုပဲ အမှန်တရားလို့ ယုံကြည်တယ်။ ကျွန်တော်တို့နိုင်ငံမှာ မူလတန်းကနေ တက္ကသိုလ်အထိ သင့်လျော်တဲ့ ပညာရေးကို သင်ပေးတယ်။ ဘာဖြစ်လို့လဲသိလား။ ကလေးတွေကို ငယ်ငယ်လေးကတည်းကစပြီး ဘာသာမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို သင်ပေးခြင်းအားဖြင့် ဘာသာရေးနဲ့ အယူသည်းမှုတွေကို ရှောင်နိုင်အောင် လို့ပဲ။ အမေးရှိသမျှကို နည်းလမ်းတကျနဲ့ ဖြေရှင်းပြနိုင်အောင်လို့ပဲ။ ဥပမာပြောရမယ်ဆိုရင် ဇီဝအသက်ဘယ်ကစလဲဆိုတဲ့ မေးခွန်းမျိုးပေါ့။ ကျွန်တော်တို့တွေ အတိတ်တုန်းက ဘာမှမသိခဲ့တော့ ကောင်းကင်နဲ့မြေကြီး ကွဲပြားသွားတာတို့၊ နုဝါက လူတွေကိုဖန်ဆင်းတာတို့လို ပုံပြင်တွေကို ယုံကြည်ခဲ့ကြတယ်။ အနောက်တိုင်းသားတွေကတော့ လူသားအားလုံးကို ဘုရားသခင်ကဖန်ဆင်းတယ်လို့ ယုံကြတယ်။ တကယ်တမ်းကျတော့ အဲဒါတွေအကုန်လုံးက ပုံပြင်နဲ့ဒဏ္ဍာရီတွေချည်းပဲ သိပ္ပံနည်းလမ်းလည်း မကျဘူး။ မျောက်ဝံတွေကနေ လူတွေအဖြစ် ဆင့်ကဲပြောင်းလဲလာတယ်ဆိုတဲ့ လူသားမျိုးနွယ်ရဲ့အစကို ရှင်းပြတဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီ စပေါ်လာတဲ့အချိန်ကစပြီး လူတွေကို ဘုရားသခင်ကဖန်ဆင်းတယ်ဆိုတဲ့ ယုံတမ်းစကားဟာ လုံးလုံးလျားလျားကို ချေဖျက်ခံလိုက်ရတာပဲ။ အရာရာတိုင်းဟာ သဘာဝအရ ဆင့်ကဲပြောင်းလဲလာတာပဲ။ ဒါအမှန်တရား။ ဒါကြောင့်မို့ သိပ္ပံနဲ့ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ရမယ်။ ခင်ဗျားတို့ အားလုံးက ပညာတတ်တွေ အသိဉာဏ်ကြွယ်တဲ့ သူတွေချည်းပါပဲ။ ဘယ်လိုအကြောင်းကြောင့်များ ဘုရားသခင်ကိုယုံရတာလဲ။ ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော်တို့ကို ခင်ဗျားတို့ရဲ့အမြင်တွေ မျှဝေပေးလို့ရမလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။