မေးခွန်း (၂) ဒါပေမဲ့ ကျုပ်က ဘုရားကို တစ်ခါမှမမြင်ဖူးဘူး။ ဘုရားသခင်က ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကမ္ဘာကို ဘယ်လိုအုပ်စိုးတယ်ဆိုတာ ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။ ဘုရားကိုသိပြီး သူ့ကိုလက်ခံဖို့ ကျုပ်အတွက် ခက်ခဲတယ်။ ဘာသာရေးယုံကြည်မှုကို နှစ်တော်တော်များများလေ့လာပြီးနောက်မှာ ဘာသာရေးယုံကြည်မှုက ဝိညာဉ်ဆိုင်ရာအာဟာရကိုပေးတယ်လို့ ကျုပ်ထင်တယ်။ ဒါက လူသားမျိုးနွယ်ရဲ့ ဝိညာဉ်ဆိုင်ရာလစ်ဟာမှုကို ဖြည့်ဆည်းဖို့ နည်းတစ်ခုသက်သက်ပဲ။ ဘုရားသခင်ကို ယုံကြည်သူတွေက နောက်ဆုံးမှာကျုပ်တို့လိုပဲ သေတာပဲမဟုတ်လား။ ဘယ်သူက ကောင်းကင်ဘုံပေါ်တက်ပြီး ဘယ်သူက ငရဲသွားတယ်ဆိုတာ ဘယ်သူကမှ အတည်မပြုနိုင်ဘူး။ ကျုပ်အတွက်က ဘာသာရေးယုံကြည်မှုက လက်တွေ့မကျဘဲ အတော်ကို မသေချာပါဘူး။ သိပ္ပံရဲ့ဖွံ့ဖြိုးမှု၊ လူရဲ့တိုးတက်မှုနဲ့ ဘာသာရေးယုံကြည်မှုဟာ စွန့်ပစ်ပြီး ဖယ်ရှားခံရဖို့ အလားအလာသိပ်များတယ်။ ကျုပ်တို့အားလုံးက သိပ္ပံကို ယုံကြည်ဖို့လိုတယ်။ သိပ္ပံသာ ဘယ်သူကမှ မငြင်းနိုင်တဲ့ သမ္မာတရားနဲ့ စစ်မှန်မှုကို ဖော်ထုတ်နိုင်တယ်။ သိပ္ပံက ဘုရားကို မငြင်းပေမဲ့ ဘုရားရဲ့တည်ရှိမှုကို မမြင်တွေ့ရသေးဘူး။ သိပ္ပံက ဘုရားသခင်တည်ရှိပြီး အရာအားလုံးကို အုပ်စိုးတယ်ဆိုတဲ့ သက်သေတွေ့ရင် ကျုပ်တို့လည်း ဘုရားကို ယုံမှာပဲ။ ကျုပ်တို့ကွန်မြူနစ်အားလုံးက သိပ္ပံကို ယုံကြည်တယ်။ သိပ္ပံအပေါ် ယုံကြည်မှုနဲ့ တိုးတက်မှုကနေတစ်ဆင့်ကသာ လူမှုအဖွဲ့အစည်းက တိုးတက်မယ်။ သိပ္ပံက လူ့အဖွဲ့အစည်းတွေရဲ့ တကယ့်ပြဿနာတော်တော်များများကို ဖြေရှင်းနိုင်တယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းက လူတွေကို ဘာပေးလဲ။ ယာယီ ဝိညာဉ်ဆိုင်ရာသက်သာမှုကလွဲပြီး တခြားဘာကောင်းလဲ။ တကယ့်ပြဿနာတွေကို မဖြေရှင်းပေးဘူး။ ကျုပ်ဆိုလိုတာက သိပ္ပံကို ယုံကြည်မှုက ဘုရားသခင်ကို ယုံကြည်မှုထက် ပိုပြီး လက်တွေ့ကျတယ်။ ကျုပ်တို့အားလုံး သိပ္ပံကို ယုံကြည်မှရမယ်။

အဖြေ- ဘုရားမဲ့ဝါဒဟာ သိပ္ပံကို အားလုံးအထက်မှာထားပြီး အတော်ကို ယုံကြည်မှုထားကြတယ်။ သိပ္ပံကို အမှန်တရားအဖြစ် သိပ္ပံကို ယုံကြည်မှုအဖြစ် မှတ်ယူတဲ့အထိပဲ။ ဒါပေမဲ့ သိပ္ပံက အမှန်တရားဆိုရင် သီအိုရီတော်တော်များများက ခဏပဲထွက်လာပြီး ဘာကြောင့် ချေပခြင်း၊ မှားကြောင်းသက်သေပြခံရခြင်းတွေ ဖြစ်ရတာလဲ။ ဒါဟာ သိပ္ပံက လုံးဝ အမှန်တရားမဟုတ်ဘူဆိုတာ ပြပါတယ်။ သိပ္ပံက လူ့အဖွဲ့အစည်းရဲ့ အဆိုးရွားဆုံး ပြဿနာတွေကို ဖြေရှင်းနိုင်သလား။ သိပ္ပံက လူသားရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းနိုင်သလား။ သိပ္ပံက ကမ္ဘာရဲ့ အမိုက်အမှောင်နဲ့ ဆိုးယုတ်မှုကို ဖြေရှင်းနိုင်သလား။ လူတွေကို ဘုရားကို သိအောင်ကူညီပေးနိုင်သလား။ သိပ္ပံက လူသားမျိုးနွယ်ကို ပျော်ရွှင်ခြင်းနဲ့ငြိမ်းချမ်းခြင်းကို သယ်ဆောင်ပေးနိုင်သလား။ အခု သိပ္ပံက လုံးဝ ဖွံ့ဖြိုးတိုးတက်လာတော့ အကျိုးဆက်က ဘာတွေလဲ။ သိပ္ပံဟာ လူသားမျိုးနွယ်အပေါ် ပျော်ရွှင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို မယူဆောင်ခဲ့ပါဘူး။ လူကို ဖျက်ဆီးဖို့ ခြိမ်းခြောက်တဲ့ စစ်ပွဲတွေနဲ့ ကပ်ဘေးတွေ သယ်ဆောင်လာတယ်။ ပတ်ဝန်းကျင်က ဖျက်ဆီးခံရတယ်။ ကျန်းမာရေးအတွက်ကောင်းတဲ့အစားအစာ၊ ပြုပြင်မွမ်းမံမထားတဲ့အရာတွေက အခု ရှားနေပြီ ဒါတွေအားလုံး အမှန်ပဲ မဟုတ်လား သိပ္ပံတိုးတက်လာတော့ လူသားတွေဟာ သိပ္ပံကိုပိုပြီးယုံကြည်လာပြီးနောက်မှာတော့ ဘုရားသခင်ကို ငြင်းပယ်ဆန့်ကျင်တယ်။ ဒါက လူသားမျိုးနွယ်ရဲ့ ကြီးမားလာနေတဲ့ ကပ်ဘေးကို ဦးတည်သွားနေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသလိုပါပဲ။ “လူတို့တွင် လူမှုရေးသိပ္ပံပညာများ စတင်ထွန်းကားလာသည့် အချိန်မှစ၍ လူတို့၏စိတ်ထဲတွင် သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာခဲ့ကြသည်။ သိပ္ပံနှင့် အသိပညာသည် လူသားတို့ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာခဲ့ပြီး လူသားတို့အတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် နေရာအလုံအလောက် မရှိတော့၊ ထို့ပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် ပို၍သင့်လျော်သောအခြေအနေများလည်း မပေးတော့ပေ။ ဘုရားသခင်၏နေရာသည် လူတို့၏ နှလုံးသားထဲတွင် နိမ့်သည်ထက်နိမ့်ဆင်းလာခဲ့သည်။ ဘုရားသခင်အတွက် နေရာမရှိသော လူတို့၏ စိတ်နှလုံးထဲရှိ ကမ္ဘာမှာ မှောင်မိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့ကာ အချည်းနှီးပင် ဖြစ်လေသည်။...သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ သက်သောင့်သက်သာရှိခြင်း၊ ယင်းတို့မှာ ယာယီအနားရခြင်းသာ ဖြစ်သည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားတို့သည် မလွဲဧကန် အပြစ်ကျူးလွန်ကြလိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသားတို့၏ တောင့်တမှုနှင့် စူးစမ်းစစ်ဆေးလိုသည့်ဆန္ဒကို မချုပ်ထိန်းနိုင်ပေ။ အကြောင်းမှာ လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး လူသားများ၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍ပင် စိတ်သောကများစေနိုင်ပါသည်။ လူသားတို့သည် အမြဲကြောက်ရွံ့နေမည်ဖြစ်ပြီး လူသားတို့၏ နောင်လာမည့်အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို သိလိမ့်မည်မဟုတ်ပေ။ လူသားတို့သည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာမည်ဖြစ်ပြီး မိမိအထဲ၌ လစ်ဟာနေခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာမည်ဖြစ်သည်။... တိုင်းနိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုးမှ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို ခံယူရန် မတတ်နိုင်ပါက ထိုတိုင်းနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်လောကဆီသို့ ပျက်စီးရာ လမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကိုလည်း ခံရပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်)။ လူက သိပ္ပံကို ထောက်ခံယုံကြည်တဲ့အခါမှာ သူဟာ သမ္မာတရားနဲ့ ဘုရားသခင်ကို အလိုအလျောက်ငြင်းပယ်လိမ့်မယ်။ အဲဒါရဲ့ ရလဒ်က ဘာဖြစ်မလဲ။ လူဟာ သိပ္ပံကို ယုံကြည်တဲ့အခါမှာ သူဟာ ဘုရားသခင်ရဲ့အမှုတော်နဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ အလိုအလျောက်ငြင်းဆန်ပြီး ဘုရားသခင်ကိုတောင် ဆန့်ကျင်လိမ့်မယ်။ လူသားက ဘုရားသခင်ကို ထားခဲ့တဲ့အခါမှာ သူ့နှလုံးသားမှာ ဘုရားသခင်အတွက် နေရာမရှိတော့ဘူး ဒါကြောင့် ဘုရားသခင်ရဲ့ ကောင်းကြီးကို ရမှာမဟုတ်ဘူး။ လူသားမျိုးနွယ်က သိပ္ပံနဲ့ဆိုးယုတ်မှုကို ထောက်ခံပြီး လောကအရာတွေနောက်ကို လိုက်တဲ့အခါမှာ လူသားမျိုးနွယ်နဲ့ ဘုရားသခင်ရဲ့ကြားကွာဟမှုက ပိုကျယ်လာတယ်။ တစ်ကမ္ဘာလုံးက ပိုပြီးမှောင်မိုက်ဆိုးယုတ်လာပြီး ဘုရားသခင်ကို ပိုတောင်ဆန့်ကျင်လာတယ်။ မကြာခဏ ရုန်းကန်လှုပ်ရှားရတာတွေ စစ်ပွဲတွေတိုးလာခြင်းက လူသားမျိုးနွယ်အပေါ်ကို ဘေးဒုက္ခတွေအမျိုးမျိုးသယ်ဆောင်လာတယ်။ ရိုးရိုးသားသားပြောပါ သိပ္ပံက လူသားကို ဆိုးယုတ်မှုနဲ့အပြစ်တရားကနေ ကယ်နိုင်မယ်လို့ထင်လား။ သိပ္ပံက နောက်ဆုံးသောကာလမှာ လူသားကို ကပ်ဘေးကနေ လွတ်မြောက်အောင် ကူညီနိုင်မှာလား။ သိပ္ပံက လူသားမျိုးနွယ်အတွက် ကောင်းမွန်တဲ့ ပန်းတိုင်ကို ရယူပေးနိုင်မှာလား။ ဒါတွေက သိပ္ပံက မဖြေရှင်းနိုင်တဲ့ လူသားရဲ့ ရလဒ်နဲ့ ဆက်နွယ်နေတဲ့ အဓိကပြဿနာတွေပဲ။ ဒါ သိပ္ပံက အမှန်တရားမဟုတ်ဘူးဆိုတာ၊ လူကို မကယ်တင်နိုင်ဘူးဆိုတာ သက်သေပြဖို့ လုံလောက်တယ်။ နောက်ဆုံးသောကာလမှာအနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ သမ္မာတရားကိုဖော်ပြခြင်းဟာ လူသားကို ကယ်တင်ဖို့အတွက်ဖြစ်တယ်။ လူသားမျိုးနွယ်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို ရရှိရင် ကပ်ဘေးရဲ့အလယ်မှာ ဘုရားသခင်ရဲ့ကာကွယ်မှုကို ရနိုင်ပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ဆီကို သယ်ဆောင်ခံဖို့အတွက် အသက်ရှင်လိမ့်မယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကတိတော်ပဲ။ လူက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူဟာ ကပ်ဘေးပြီးဆုံးတဲ့အချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ပြီးပြည့်စုံတာကို မြင်ရလိမ့်မယ်။ ပြီးရင် နောင်တရဖို့ သိပ်နောက်ကျသွားမယ်။

အပြန်အလှန်စကားပြောဆိုခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁) ဒါပေမဲ့ ခင်ဗျားက ယုံကြည်တာ ဆယ်နှစ်ပဲရှိသေးတယ်။ ခင်ဗျားက လူသစ်ပဲရှိသေးတယ်။ ကျုပ် အသက်ရှင်တာ အတော်ကြာပြီဖြစ်ပြီး ဘာသာတရားတွေကို လေ့လာတာ ဆယ်စုနှစ်ပေါင်းများပြီ။ ကျုပ် ခင်ဗျားကို ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ပြောနိုင်တယ်။ ကျုပ်တို့ဒီကမ္ဘာမှာ ဘုရားရှိကိုမရှိတာပါ။ ဘယ်ကယ်တင်ရှင်မှလည်း မရှိဘူး။ ဘုရားသခင်ကို ယုံကြည်မှုက အတော်ကို မရေရာပါဘူး။ လက်တွေ့မကျတာသက်သက်ပါပဲ။ ကျုပ်တို့နှစ်ယောက်လုံးက ပညာတတ်တွေပဲ အချက်အလက်တွေနဲ့ သိပ္ပံနဲ့အညီ ဒီပြဿနာတွေကို ကြည့်သင့်ပြီး ဒါဝင်ရဲ့ သီအိုရီကို ဒါမှမဟုတ် ရုပ်ဝါဒကိုတောင် ယုံကြည်သင့်တယ်။ ခင်ဗျားက ဘုရားသခင်ကို ယုံကြည်မှရမယ်လို့ ဘာလို့ ခံစားရတာလဲ။ ကျုပ်တို့ ကွန်မြူနစ်တွေက ဘုရားမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီကို ယုံကြည်တယ်။ ဒါဝင်ရဲ့ဆင့်ကဲဖြစ်စဉ်သီအိုရီက သိပ္ပံရဲ့သမိုင်းမှာ အရေးကြီးဆုံးသီအိုရီတစ်ခုဆိုတာ ခင်ဗျားသိမှာပါ။ ဒါဝင်အရ ကမ္ဘာပေါ်မှာရှိတဲ့အရာတိုင်းကို သဘာဝရဲ့ဖြစ်စဉ်က ဖန်တီးခဲ့တယ်ဆိုတာ မြင်သာပါတယ်။ လူဟာ ဇီဝဆိုင်ရာဆင့်ကဲဖြစ်ခြင်းရဲ့ သဘာဝဖြစ်စဉ်ရဲ့ တိုက်ဆိုင်ပြီးဖြစ်လာတဲ့ ထုတ်ကုန်တစ်ခုဖြစ်တယ်။ အတိုပြောရရင် လူက မျောက်ဝံကနေ ဆင့်ကဲပြောင်းလဲလာတယ်။ လုံလောက်တဲ့ သီအိုရီပိုင်းဆိုင်ရာ အထောက်အထားတစ်ခုရှိပါတယ်။ အဲဒါကဘုရားသခင်ဟာ လူကို မဖန်ဆင်းခဲ့ဘူးလို့ပြတယ်။ သမ္မာကျမ်းစာမှာရေးထားတာက အလေးအနက်ခံယူဖို့မဟုတ်တဲ့ ဒဏ္ဍာရီနဲ့ ရိုးရာပုံပြင်တွေသက်သက်ပါ။ ရမယ်ဆိုရင် ခင်ဗျားကို ရုပ်ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို လေ့လာဖို့အကြံပေးချင်တယ်။ အဲဒါတွေက တကယ်ကို လက်တွေ့ကျပြီး ခင်ဗျားရဲ့ သံသယတွေကို ဖယ်ရှားပေးလိမ့်မယ်။ ခင်ဗျားဒါကို ရှင်းရှင်းလင်းလင်းမြင်နိုင်လာရင် ဘာသာရေးယုံကြည်မှုတွေကို မှန်မှန်ကန်ကန်နားလည်လာမှာဖြစ်ပြီး နောက်ဆုံးမှာ မျက်စိစုံမှိတ်ယုံကြည်ခြင်းရဲ့ အမြင်မှားမှုကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။ တရုတ်ကွန်မြူနစ်ပါတီနောက်ကိုလိုက်မှသာ ခင်ဗျားမှာ အနာဂတ်ရှိလိမ့်မယ်။

နောက်တစ်ခုသို့- မေးခွန်း (၃) ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာနဲ့အကြီးအကဲတွေက မင်းတို့က ယေရှုခရစ်တော်အပေါ်မဟုတ်ပဲ လူတစ်ယောက်အပေါ်မှာ ယုံကြည်တယ်လို့ ပြောကြတယ် ဒီလူက တကယ်ပဲ ပြန်ကြွလာတဲ့သခင်ယေရှု ဒါမှမဟုတ် အလုပ်လုပ်ဖို့အတွက် ပေါ်ထွန်းလာတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်လို့ မင်းတို့သက်သေခံကြတယ်။ ကွန်မြူနစ်ပါတီက ခရစ်ယာန်ဝါဒနဲ့ ကက်သလစ်ဝါဒကို အယူအစွဲဂိုဏ်းတွေအဖြစ် ရှုတ်ချထားတယ်ဆိုတာ မင်းတို့ သိလား။ ဒါတောင်မှ သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့ပြီလို့ မင်းတို့ သက်သေခံကြတယ်။ ဒါ မိုက်မဲခြင်းပဲ မဟုတ်ဘူးလား။ ကွန်မြူနစ်ပါတီက မင်းတို့ကို ဘယ်လို လွှတ်ထားနိုင်မှာလဲ။ တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်ဝါဒနဲ့ ကက်သလစ်ဝါဒကို အစွန်းရောက်ဝါဒတွေအဖြစ်၊ သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် သတ်မှတ်တယ်။ ဒါဟာ လူတိုင်းသိကြတဲ့အချက်ပဲ။ မင်းတို့ သတိထားမိမှာပါ။ တရုတ်ကွန်မြူနစ်ပါတီက အများလက်ခံထားတဲ့ ကမ္ဘာ့ဘာသာရေးတွေကို ရှုတ်ချပြီး ငြင်းပယ်ရဲရင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ဘာလို့ မရှုတ်ချနိုင်ရမှာလဲ။ တရုတ်ကွန်မြူနစ်ပါတီက သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် ကြေညာရင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ကို ဘာလို့ သည်းခံဖို့ စဉ်းစားနေမှာလဲ။ ပြည့်သူ့လုံခြုံရေးအေဂျင်စီတွေက ဒီစာအုပ်ရဲ့ ကော်ပီတော်တော်များများကို သိမ်းပြီးပြီ။ လူတွေအများကြီးက လေ့လာနေကြတယ်။ ငါ နားမလည်ဘူး။ မင်းတို့လူတွေက ဘာလို့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ရတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလရဲ့ခရစ်တော်လို့ ဘာကြောင့် ဆက်ပြီး သက်သေခံရတာလဲ။ သူ့မိသားစုနောက်ခံနဲ့ပတ်သက်ပြီး ငါတို့အကုန်နားလည်သွားပြီ။ သူက သာမန်လူတစ်ယောက်ပဲ ခရစ်ယာန်ဘာသာရဲ့ ယေရှုလိုပဲ။ ယေရှုက လက်သမားတစ်ယောက်ရဲ့သား၊ မိဘနဲ့ မွေးချင်းတွေလည်းရှိတယ်။ သူက သာမန်လူတစ်ယောက်ပဲဖြစ်ခဲ့တယ်။ ဒါတောင်မှ ခရစ်ယာန်လောကတစ်ခုလုံးက သူ့ကို ဘုရားလို ကိုးကွယ်ကြတယ်။ မင်းတို့လူတွေ ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကလည်း ယေရှုလို လူသားတစ်ယောက်ပဲ။ ဒါတောင်မှ သူက ဘုရားသခင်ဖြစ်တယ်လို့ သေချာပြောနေတယ်။ ဒါအတော်လေး နားလည်ရခက်တယ် မင်းတို့နှစ်ယောက်လုံးက သာမန်လူတစ်ယောက်ကို ယုံတာကြောင့် နာကျင်မှုတွေ အများကြီး ခံယူကြတယ်။ ဒီတော့ ဒါ တန်ရဲ့လား။ နောက်လိုက်တော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်အတွက် မိသားစုတွေနဲ့ အလုပ်တွေကို စွန့်လွှတ်ကြတယ်လို့ ငါကြားတယ်။ ဘုရားကို ဒီလိုယုံကြည်လို့ ဘာရစရာရှိလို့လဲဆိုတာ ငါသိချင်မိတယ်။ သူက ဘုရားပါလို့ ယုံကြည်ဖို့ မင်းအတွက် ဘာအထောက်အထားရှိလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။