၂၉၂ ဘုရား၏ကယ်တင်ခြင်းကို လူတို့မသိကြကျူး

၁ လူသားတို့ကြား ငါရောက်လာခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုတို့မှာ လူသားမျိုးနွယ်ကို ကယ်တင်ရန်၊ လူသားမျိုးနွယ် အားလုံးကို ငါ၏အိမ်ထောင်စုသို့ ပြန်လည် ခေါ်ဆောင်လာရန်၊ ကောင်းကင်နှင့်မြေကြီးကို ပြန်လည် ပေါင်းစပ်ပေးရန်နှင့် ကောင်းကင်နှင့်မြေကြီးအကြား “အချက်ပြချက်များ” ကို လူသားမှ ပေးပို့စေရန် ဖြစ်သည်၊ အကြောင်းမှာ လူသား၏ ရှိရင်းစွဲ အလုပ်တာဝန်ပင် ဖြစ်သည်။ လူသားမျိုးနွယ်ကို ငါဖန်ဆင်းခဲ့သည့်အချိန်၌ လူသားမျိုးနွယ်အတွက် အရာခပ်သိမ်းကို အဆင်သင့်ရှိရန် ငါလုပ်ဆောင်ခဲ့ပြီးဖြစ်ကာ၊ ထို့နောက်တွင် ငါ၏သတ်မှတ်ချက်များအတိုင်း သူ့ကိုငါပေးခဲ့သည့် ကြွယ်ဝချမ်းသာမှုများကို လူသားမျိုးနွယ်အား လက်ခံခွင့်ကို ငါပေး၏။ ထို့ကြောင့် လူသားမျိုးနွယ်အားလုံးက ယနေ့ကို ရောက်ရှိလာခဲ့သည်မှာ ငါ၏လမ်းပြမှုအောက်၌ ဖြစ်သည်ဟု ငါဆို၏။ ထို့ပြင် ဤသည်မှာ ငါ၏အစီအစဉ်ချည်းသာဖြစ်၏။

၂ လူသားမျိုးနွယ်အားလုံးအကြား၌၊ မရေမတွက် နိုင်သော လူများစွာတို့သည် ငါ့ချစ်ခြင်းမေတ္တာ၏ ကွယ်ကာမှုအောက်တွင် တည်ရှိကြကာ၊ မရေမတွက်နိုင်သော လူတို့သည် ငါ၏မုန်းတီးမှု၏ ပြစ်တင်ဆုံးမမှုအောက်တွင် နေကြ၏။ လူတို့အားလုံး ငါ့ထံ ဆုတောင်းကြသော်လည်း၊ သူတို့သည် သူတို့၏လက်ရှိအခြေအနေများကို ပြောင်းလဲနိုင်စွမ်း မရှိကြသေးပေ။ သူတို့သည် မျှော်လင့်ချက် ဆုံးရှုံးသွားသည်နှင့် သည်အတိုင်းခွင့်ပြုရန်သာ တတ်နိုင်ပြီး ငါ့အား မနာခံခြင်းကို ရပ်စဲလိုက်ရ၏၊ အကြောင်းမှာ ဤသည်မှာ လူသား လုပ်ဆောင်နိုင်သမျှ အားလုံးပင် ဖြစ်လေသည်။ လူသား၏ဘဝ အခြေအနေနှင့် ပတ်သက်၍မူ၊ လူသားသည် စစ်မှန်သောဘဝကို ရှာမတွေ့သေးပေ၊ သူသည် ကမ္ဘာမြေကြီး၏ မတရားမှု၊ အနိဋ္ဌာရုံမြင်ကွင်းနှင့် စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေများကို မရိပ်စားမိသေးပေ— ထို့ကြောင့် ဘေးအန္တရာယ် ကျရောက်ခြင်းသာ မရှိခဲ့လျှင်၊ လူအများစုက အမိသဘာဝတရားကို လက်ခံယုံကြည်နေကြဦးမည် ဖြစ်ကာ၊ “ဘဝ” ၏ အရသာများတွင် မိမိကိုယ်ကိုယ် အာရုံနစ်မြုပ်နေကြဦးမည် ဖြစ်သည်။ ဤသည်မှာ ကမ္ဘာကြီး၏ လက်တွေ့အရှိတရား မဟုတ်ပေလော။ ဤသည်မှာ လူသားထံ ငါထုတ်ပြောသည့် ကယ်တင်ခြင်း၏အသံ မဟုတ်ပေလော။

၃ လူသားမျိုးနွယ် အကြား၌ မည်သူမျှ ငါ့ကို စစ်မှန်စွာ မချစ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ လူသားသည် ပြစ်တင်ဆုံးမမှုနှင့် စစ်ဆေးမှုတို့ အလယ်၌သာ ငါ့ကိုချစ်သော်လည်း၊ ငါ၏ကွယ်ကာမှုအောက်၌ရှိစဉ်တွင် မည်သူမျှ ငါ့ကို မချစ်သည်မှာ အဘယ်ကြောင့်နည်း။ ငါသည် လူသားမျိုးနွယ်အပေါ် ကြိမ်ဖန်များစွာ ငါ၏ပြစ်တင်ဆုံးမမှုကို ပေးပြီးခဲ့ပြီဖြစ်သည်။ သူတို့သည် ၎င်းကိုကြည့်သော်လည်း၊ လျစ်လျူရှုလိုက်ပြီး ယခုအချိန်တွင် ၎င်းကို လေ့လာခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်း မပြုလုပ်ကြသောကြောင့်၊ လူသားအပေါ် ကျရောက်သည့် အရာအားလုံးသည် ကရုဏာကင်းမဲ့သည့် တရားစီရင်ခြင်းသာ ဖြစ်၏။ ဤသည်မှာ ငါ၏ အမှုပြုခြင်း နည်းလမ်းများအနက် တစ်ရပ်သာ ဖြစ်သော်လည်း၊ ယင်းက လူသားကို ပြောင်းလဲစေရန်နှင့် ငါ့အား ချစ်စေရန်အတွက် ဖြစ်၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၉)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၉၁ ဘုရားကြွလာသောအခါ မည်သူသည် ဘုရားကို သိကျွမ်းနိုင်သနည်းကျူး

နောက်တစ်ခုသို့- ၂၉၃ လူသားများ အစဉ်မပြတ်အသက်ရှင်နိုင်ဖို့ ဘုရားမျှော်လင့်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။