အခန်း ၈

နိုင်ငံတော်၏ ရှင်ဘုရင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သက်သေထူခံရပြီး ဖြစ်သည့်အချိန်ကတည်းက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အတိုင်းအတာကို စကြဝဠာတစ်ခုလုံး အနှံ့အပြားတွင် လုံးလုံးလျားလျား ဖွင့်ဟပြီးဖြစ်သည်။ ဘုရားသခင် ပေါ်ထွန်းခြင်းကို တရုတ်နိုင်ငံတွင် သက်သေခံပြီးသည်သာမက၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကိုလည်း တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံးတွင် သက်သေခံပြီး ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် ဖြစ်နိုင်သမျှ မည်သည့်နည်းလမ်းမဆိုဖြင့် မိတ်သဟာယဖွဲ့ဖို့ ကြိုးစားရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ပြီး အသင်းတော်၌ ပူးပေါင်းအစေခံရင်း၊ ဤသန့်ရှင်းသော နာမတော်ကို ဟစ်ခေါ်ကြ၏။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် အံ့သြဖွယ်နည်းလမ်း ဖြစ်ပေသည်။

တိုင်းနိုင်ငံအမျိုးမျိုးတို့၏ ဘာသာစကားများသည် တစ်ခုနှင့်တစ်ခု ကွဲပြားကြသော်လည်း၊ ဝိညာဉ်တော်သည် တစ်ပါးတည်းသာရှိသည်။ ဤဝိညာဉ်တော်သည် စကြဝဠာတစ်လျှောက် အသင်းတော်တို့ကို ပေါင်းစည်းပေးပြီး ကွာခြားချက် စိုးစဉ်းမျှ မရှိဘဲ ဘုရားသခင်နှင့် လုံးဝ တစ်လုံးတစ်ဝတည်း ဖြစ်ပေသည်။ ဤသည်မှာ ယုံမှားဖွယ် မရှိသောအရာ ဖြစ်သည်။ ယခုတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို ခေါ်ပြီး၊ သူ၏အသံသည် ၎င်းတို့ကို နိုးထစေသည်။ ယင်းမှာ ဘုရားသခင်၏ ကရုဏာတော် အသံ ဖြစ်ပေသည်။ ၎င်းတို့အားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ သန့်ရှင်းသော နာမကို ဟစ်ခေါ်နေကြ၏။ ၎င်းတို့သည် ချီးမွမ်းကာလည်း သီချင်း သီဆိုကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲတွင် ဘယ်သောအခါမျှ မည်သည့်သွေဖည်ခြင်းမျှ မရှိနိုင်ပေ။ ဤလူများသည် မှန်ကန်သော လမ်းကြောင်းတစ်လျှောက် ရှေ့တိုးချီတက်ရန် အလွန့်အလွန် ကြိုးစားပမ်းစား လုပ်ကြသည်၊ ၎င်းတို့ နောက်မဆုတ်ကြ- အံသြဖွယ်ရာများသည် ထပ်ဆင့် ပုံလျက်ရှိသည်။ ဤသည်မှာ လူတို့ စိတ်ကူးဖို့ခက်ပြီး မှန်းဆဖို့ မဖြစ်နိုင်ဟု တွေ့ရသည့် အရာတစ်ခု ဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် စကြဝဠာတွင် အသက်၏ အရှင်သခင် ဖြစ်၏။ သူသည် ဘုန်းကြီးသော ပလ္လင်ထက်တွင် ထိုင်ပြီး၊ လောကကို တရားစီရင်၏၊ အရာခပ်သိမ်းကို ကြီးစိုးကာ၊ တိုင်းနိုင်ငံ အားလုံးကို အုပ်စိုးလေသည်။ လူမျိုးအားလုံးသည် သူ့ထံ ဒူးထောက်ကြသည်၊ သူ့အားဆုတောင်းကာ၊ သူ့ထံ ချဉ်းကပ်ကြပြီး သူနှင့် မိတ်သဟာယဖွဲ့ကြ၏။ ဘုရားသခင်ကို သင် မည်မျှကြာ ယုံကြည်ပြီး ဖြစ်သည်၊ သင်၏ အဆင့်အတန်း မည်မျှမြင့်မားသည် သို့မဟုတ် သင်၏ ဝါရင့်မှု မည်မျှကြီးမားသည်ကို ပဓာနမထားဘဲ၊ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သင်ဆန့်ကျင်ပါက၊ သင်သည် တရားစီရင်ခံရမည်ဖြစ်ပြီး နာကျင်ဖွယ် အသနားခံခြင်းအသံကို မြည်တမ်းလျက် သူ၏ ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် ပျပ်ဝပ်ရမည် ဖြစ်သည်။ ဤသည်မှာ သင်၏ ကိုယ်ပိုင် လုပ်ရပ်များ၏ အသီးအပွင့်တို့ကို ဧကန်အမှန် ရိတ်သိမ်းခြင်း ဖြစ်သည်။ ဤမြည်တမ်းသောအသံသည် ကန့်နှင့်ရောနှောသော မီးအိုင်ထဲတွင် ညှဉ်းဆဲခံနေရခြင်း အသံဖြစ်ပြီး၊ ဘုရားသခင်၏ သံလှံတံဖြင့် ဆုံးမခံရရာမှ ငိုညည်းသံဖြစ်သည်။ ဤသည်မှာ ခရစ်တော်၏ ပလ္လင်တော်ရှေ့ တရားစီရင်ခြင်း ဖြစ်သည်။

လူအချို့သည် ကြောက်ရွံ့ကြ၏၊ အချို့သည် အပြစ်ရှိသည့် အသိစိတ် သိုထားကြသည်၊ အချို့သည် နိုးကြားကြသည်၊ အချို့မှာ အာရုံတစိုက် နားထောင်ရန် သတိထားကြသည်၊ အချို့သည် အဆုံးစွန် ဝမ်းနည်းမှုကို ခံစားလျက် နောင်တရကြပြီး အသစ်တစ်ဖန် စတင်ကြသည်၊ အချို့မှာ နာကျင်လျက် ခါးသီးစွာ ငိုကြွေးကြသည်၊ အချို့မှာ အရာရာကို စွန့်လွှတ်ကာ အသည်းအသန် ရှာဖွေကြသည်၊ လူအချို့မှာ မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ပြီး အထိန်းအကွပ်မဲ့ မပြုမူဝံ့တော့ပေ၊ အချို့မှာ ဘုရားသခင်ထံ ချဉ်းကပ်ရန် အဆောတလျင် ကြိုးစားကြသည်၊ အချို့မှာ မိမိတို့၏ အသက်များ အဘယ့်ကြောင့် မတိုးတက်နိုင်သည်ကို စုံစမ်းရင်း၊ မိမိတို့ကိုယ်တိုင်၏ အသိစိတ်များကို ဆန်းစစ်ကြသည်။ အချို့မှာ စိတ်ရှုပ်နေကြဆဲဖြစ်သည်၊ အချို့မှာမူ အဓိကအချက်ကို သဘောပေါက်ကာ မိမိတို့၏ အသက်များကို အာရုံစိုက်ရာတွင် အချိန်မဖြုန်းဘဲလျက် မိမိတို့၏ ခြေများကို အချုပ်အနှောင်မှ လွတ်စေကြ၍ သတ္တိဖြင့် တက်လှမ်းကြသည်။ အချို့မှာ တွန့်ဆုတ်နေဆဲ ဖြစ်ပြီး ရူပါရုံများနှင့် ပတ်သက်၍ မရှင်းမလင်း ဖြစ်နေကြသည်- ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ထမ်းပိုးကာ သယ်ဆောင်ရသော ဝန်ထုပ်သည် ဧကန်အမှန် လေးလံပေသည်။

သင်၏စိတ်သည် ရှင်းလင်းခြင်းမရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်း၌ အလုပ်လုပ်ရန် နည်းလမ်းမရှိပေ။ သင် အာရုံစိုက်လေသမျှ အားလုံး၊ သင်လျှောက်သော လမ်းနှင့် သင်၏ စိတ်နှလုံး တောင့်တလေသမျှ အရာအားလုံးတို့သည် သင်၏ အယူအဆများနှင့် မိမိကိုယ်မိမိ မှန်သည်ဟု မှတ်ယူခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ငါသည် စိတ်မရှည်မှုဖြင့် စိတ်ပြင်းပြလျက်ရှိ၏- ငါ၏ အသုံးပြုခြင်းကို ခံရရန် သင်တို့ကို မကြာမီ သင့်တော်စေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် ငါ၏ လေးလံသော ဝန်ထုပ်ကို ပေါ့ပါးသွားစေနိုင်ဖို့အလို့ငှာ၊ သင်တို့အားလုံးကို ချက်ချင်း စုံလင်စေနိုင်ဖို့ ငါဆန္ဒရှိလေစွ။ သို့သော် သင်တို့ကို ဤပုံစံဖြင့် မြင်ရသည့်အခါ၊ မြန်ဆန်သော ရလဒ်များကို ရရှိဖို့ ကြိုးစားရန်မှာ အလုပ်ဖြစ်မည်မဟုတ်သည်ကို ငါ မြင်ရ၏။ ငါသည် စိတ်ရှည်စွာ စောင့်ဖို့၊ ဖြည်းညင်းစွာ လျှောက်လှမ်းပြီး ဖြည်းညင်းစွာ သင်တို့ကို ထောက်ပံ့ကာ လမ်းပြဖို့သာ တတ်နိုင်၏။ အဲ၊ သင်၏ခေါင်းကို သင် ရှင်းရှင်းထားသင့်၏။ အဘယ်အရာတို့ကို စွန့်လွှတ်သင့်သနည်း၊ သင်၏ ရတနာများက မည်သည့်အရာများနည်း၊ သင်၏ သေလောက်သော အားနည်းချက်များသည် မည်သည့် အရာများနည်း၊ သင်၏ အတားအဆီးများသည် မည်သည့်အရာများနည်း။ ဤမေးခွန်းများကို သင်၏ စိတ်ဝိညာဉ်၌ သာ၍ တွေးဆပြီး ငါနှင့် မိတ်သဟာယပြုလော့။ ငါအလိုရှိသည်မှာ သင်တို့၏ စိတ်နှလုံးများက ငါ့ကို တိတ်တဆိတ် ကိုးစားရန် ဖြစ်သည်၊ သင်တို့၏ အပြောသက်သက်ကို ငါ အလိုမရှိ။ သင်တို့ထဲမှ ငါ၏ရှေ့မှောက်တွင် အမှန်တကယ် ကြိုးစားသောသူတို့အဖို့၊ ငါသည် အရာအားလုံးကို သင့်အား ထုတ်ဖော်ပြမည်။ ငါ၏ ခြေလှမ်းသည် အဟုန်မြင့်လာ၏။ သင်၏ စိတ်နှလုံးက ငါ့ကို ကိုးစားပြီး၊ သင်တစ်ချိန်လုံး လိုက်လျှောက်သရွေ့၊ စေ့ဆော်မှုအားဖြင့် ငါ၏ အလိုတော်ကို သင့်အား အချိန်မရွေး ပေးနိုင်ပြီး ထုတ်ဖော်ပြနိုင်ပေသည်။ စောင့်မျှော်ခြင်းငှာ ဂရုပြုသောသူတို့သည် အာဟာရ ရရှိလိမ့်မည်ဖြစ်ပြီး၊ ရှေ့ဆက်ရမည့် လမ်းတစ်ခု ရှိလိမ့်မည်။ ထောက်ထားစာနာမှု မရှိသူတို့သည် ငါ၏စိတ်နှလုံးကို နားလည်ဖို့ အခက်တွေ့လိမ့်မည် ဖြစ်ပြီး၊ တစ်ဖက်ပိတ်လမ်းထဲသို့ ၎င်းတို့ လျှောက်ကြလိမ့်မည်။

သင်တို့အားလုံး မြန်မြန်ထပြီး ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်၊ တစ်ရက်တည်း၊ တစ်ညတည်းအတွက်မဟုတ်ဘဲ၊ တစ်ချိန်လုံး ငါနှင့်နီးကပ်စွာရှိရန် ငါ ဆန္ဒရှိ၏။ ငါ၏လက်သည် သင်တို့ကို အစဉ်ဆွဲခေါ်ပြီး လှုံ့ဆော်ရမည်၊ တွန်းပို့ရမည်၊ ဆက်လက်လုပ်ဆောင်ရန် ဖျောင်းဖျရမည်ဖြစ်ပြီး၊ ရှေ့တိုးဖို့ စိတ်ကို ဆွဲဆောင်ရမည်ဖြစ်သည်။ ငါ၏အလိုတော်ကို သင်တို့ နားကိုမလည်ကြပေ။ သင်တို့ကိုယ်တိုင်၏ အယူအဆများ၏ အဟန့်အတားများနှင့် လောကီချည်နှောင်မှုများ၏ အဟန့်အတားများသည် အလွန်ပြင်းထန်ပြီး၊ သင်တို့သည် ငါနှင့်သာ၍ နက်ရှိုင်းသော ရင်းနှီးမှု မရှိနိုင်ကြချေ။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင်၊ သင်တို့သည် ပြဿနာတစ်ခုရှိသောအခါ၌ ငါ့ထံသို့ လာကြသော်လည်း၊ မည်သည့်ပြဿနာမျှ မရှိသောအခါတွင် သင်တို့၏ စိတ်နှလုံးများ ဗျာများကုန်ကြ၏။ သင်တို့၏ စိတ်နှလုံးများသည် လွတ်လပ်သော ဈေးကွက်တစ်ခုကဲ့သို့ ဖြစ်ပြီး၊ စာတန်ဆန်သော စိတ်သဘောထားများနှင့် ပြည့်နေကြပေသည်။ ၎င်းတို့သည် လောကီ အရာများဖြင့် အချိန်ကုန်နေကြပြီး ငါနှင့်မည်သို့ မိတ်သဟာယ ဖွဲ့ရမည်ကို သင်တို့မသိကြပေ။ ငါသည် သင်တို့နှင့် ပတ်သက်၍ ပူပန်သောကမခံစားဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သို့သော် ပူပန်သောကဖြစ်ခြင်းက အလုပ်ဖြစ်မည်မဟုတ်။ အချိန်သည် လွန်စွာအရေးကြီးပြီး အလုပ်တာဝန်သည် အလွန်ခက်ခဲလှသည်။ ငါ၏ခြေလှမ်းတို့သည် ရှေ့သို့ အပြေးအလွှား သွားနေသည်။ သင်တို့ ရှိသည့်အရာအားလုံးကို သင်တို့ ခိုင်မာစွာ ဆုပ်ကိုင်ရမည်၊ အချိန်တိုင်း ငါ့ကို ကိုးစားရမည်ဖြစ်ပြီး၊ ငါနှင့် ရင်းရင်းနှီးနှီး မိတ်သဟာယပြုရမည်။ ထိုအခါ၊ ငါ၏ အလိုတော်ကို သင်တို့အား ဧကန်မုချ အချိန်မရွေး ထုတ်ဖော်ပြမည်။ ငါ၏စိတ်နှလုံးကို သင်တို့ နားလည်သည့်အခါ၊ ရှေ့ဆက်ရမည့် လမ်းတစ်ခု သင်တို့၌ ရှိကြ၏။ သင်တို့အနေဖြင့် နောက်ထပ် တုံ့ဆိုင်းရတော့မည် မဟုတ်။ ငါနှင့်စစ်မှန်သော မိတ်သဟာယကို ထိန်းသိမ်းလော့၊ ပြီးလျှင် လှည့်ဖြားခြင်းကို အားမကိုးနှင့် သို့မဟုတ် အလွန်ပါးနပ်ရန် မကြိုးစားလေနှင့်။ ယင်းသည် မိမိကိုယ်ကိုယ် လှည့်ဖြားခြင်းသာ ဖြစ်မည် ဖြစ်ပြီး၊ ခရစ်တော်၏ ပလ္လင်တော်ရှေ့၌ အချိန်မရွေး ထုတ်ဖော်ပြခံရမည် ဖြစ်သည်။ ရွှေအစစ်သည် မီးဖြင့် အစစ်ဆေးခံရခြင်းကို မကြောက်ပေ- ဤသည်မှာ အမှန်တရားဖြစ်၏။ ဝန်မလေးနှင့်၊ ပြီးလျှင် အားမငယ်နှင့် သို့မဟုတ် ပျော့ညံ့ခြင်း မရှိနှင့်။ သင်၏ စိတ်ဝိညာဉ်၌ ငါနှင့် တိုက်ရိုက် သာ၍မိတ်သဟာယပြုလော့၊ စိတ်ရှည်စွာဖြင့် စောင့်မျှော်လော့၊ ပြီးလျှင် ငါရွေးချယ်သည့် အချိန်တွင် ငါသည် သင်တို့အား ဧကန်မုချ ထုတ်ဖော်ပြမည်။ သင့်အနေဖြင့် လုံးဝ ဂရုစိုက်ရမည်ဖြစ်ပြီး သင့်အပေါ် ငါ၏ကြိုးစားအားထုတ်မှုကို အလဟဿ မဖြစ်စေလေနှင့်။ တစ်ခဏကိုမျှ လက်လွတ်မခံလေနှင့်။ သင်၏ စိတ်နှလုံးသည် ငါနှင့် စဉ်ဆက်မပြတ် မိတ်သဟာယပြုလျက် ရှိသည့်အခါ၊ သင်၏ စိတ်နှလုံးသည် ငါ၏ရှေ့မှောက်တွင် စဉ်ဆက်မပြတ် အသက်ရှင်သည့်အခါ၊ သင်၏ စိတ်နှလုံးတွင်းက ငါနှင့် သင်၏ မိတ်သဟာယကို မည်သူမျှ၊ မည်သည့်ဖြစ်ရပ်မျှ၊ မည့်သည့်အရာကမျှ၊ မည့်သည့်ခင်ပွန်း၊ မည်သည့် သားသမီးကမျှ မနှောင့်ယှက်နိုင်ပေ။ သင်၏ စိတ်နှလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ချုပ်ချယ်ခြင်းကို စဉ်ဆက်မပြတ် ခံရသောအခါ၊ သင်သည် ငါနှင့် အချိန်တိုင်းတွင် မိတ်သဟာယပြုသောအခါ ငါ၏ အလိုတော်ကို သင့်အား ဧကန်မုချ ထုတ်ဖော်ပြပေမည်။ သင်သည် ဤသို့ ငါ့ထံ စဉ်ဆက်မပြတ် တိုးဝင်ချဉ်းကပ်နေသည့်အခါ၊ သင်၏ မည်သည့် ပတ်ဝန်းကျင်များ၊ သို့မဟုတ် မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာတို့ကို ကြုံရပါစေ၊ သင်သည် စိတ်မရှုပ်ဘဲ ရှေ့ဆက်ရမည့် လမ်းတစ်ခု ရှိလိမ့်မည်။

သာမန်အားဖြင့်၊ ကိစ္စ အကြီးအသေးတို့တွင် သင်သည် မည်သည့်အရာကိုမျှ ချွတ်ချော်ခွင့်မပေးပါက၊ သင်၏ အတွေးနှင့် စိတ်ကူးတိုင်း သန့်စင်ခံရပါက၊ ပြီးလျှင် သင်သည် သင်၏ စိတ်ဝိညာဉ်၌ ငြိမ်ဝပ်မည်ဆိုပါက၊ ပြဿနာတစ်ရပ်ရပ် သင် ကြုံရသည့် အချိန်တိုင်းတွင်၊ သင့်ကိုယ်သင် ယှဉ်၍ စစ်ဆေးဖို့အတွက် ကြည်လင်တောက်ပသည့် မှန်တစ်ချပ်ကဲ့သို့ ငါ၏ နှုတ်ကပတ်တော်သည် သင်၏အတွင်းတွင် ချက်ချင်း လှုံ့ဆော်လိမ့်မည်ဖြစ်ပြီး၊ ထိုအခါ ရှေ့ဆက်ရမည့်လမ်းတစ်ခု သင်၌ ရှိလိမ့်မည်။ ဤအရာကို အနာနှင့်ဆေး တည့်သည်ဟု ခေါ်ပေသည်။ ပြီးလျှင် ရောဂါအခြေအနေသည် ဧကန်မုချ ပျောက်ကင်းလိမ့်မည်- ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းမှာ ထိုသို့ ဖြစ်၏။ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ခင်မွတ်သော သူတို့နှင့် စိတ်ရင်းမှန်ဖြင့် ရှာဖွေသောသူတို့ကို ငါသည် ဧကန်မုချ အလင်းပေးကာ ဉာဏ်အလင်းပေးမည်။ ငါသည် ဝိညာဉ်လောက၏ နက်နဲမှုများနှင့် ရှေ့ဆက်ရမည့်လမ်းကို သင်တို့အားလုံးအား ပြသမည်၊ သင်တို့အနေဖြင့် အသက် ရင့်ကျက်မှုကို ရရှိပြီး၊ ငါ၏ အသုံးပြုခြင်းအတွက် သင့်တော်နိုင်ကြဖို့အလို့ငှာနှင့် ဧဝံဂေလိအမှုသည် အဟန့်အတားမရှိဘဲ မကြာမီ ရှေ့ဆက်နိုင်ဖို့အလို့ငှာ သင်တို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဟောင်းများကို ဖြစ်နိုင်သမျှမြန်မြန် သင်တို့ကို ငါစွန့်ပစ်စေမည်။ ထိုအခါမှသာ ငါ၏ အလိုတော်သည် အားရကျေနပ်လိမ့်မည်၊ ထိုအခါမှသာ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် ဖြစ်နိုင်သမျှ အတိုတောင်းဆုံးသောအချိန်တွင် ပြီးမြောက်လိမ့်မည်။ ဘုရားသခင်သည် နိုင်ငံတော်ကို ရရှိလိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေသို့ ကြွဆင်းလာကာ ငါတို့အတူတကွ ဘုန်းတော်ဝင်စားကြမည် ဖြစ်သည်။

အရှေ့သို့- အခန်း ၇

နောက်တစ်ခုသို့- အခန်း ၉

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။