၁၀၄ ဘုရား၏ရယူခြင်းကို ခံရသူတို့သည် ထာဝရကောင်းချီးများကို မွေ့လျော်ရလိမ့်မည်ကျူး
၁ ငါ၏ အမှုသည် အနှစ်ခြောက်ထောင်သာ ကြာညောင်းပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဆိုးယုတ်သူ၏ ထိန်းချုပ်ခြင်းသည်လည်း နှစ်ပေါင်းခြောက်ထောင်ထက် ကြာမည် မဟုတ်ဟု ငါကတိပြုခဲ့သည်။ ထို့ကြောင့် ယခု အချိန်ကျပြီ ဖြစ်သည်။ ငါသည် ဆက်လက် လုပ်ဆောင်မည် မဟုတ်သကဲ့သို့၊ နောက်ထပ် နှောင့်နှေးတော့မည် မဟုတ်။ နောက်ဆုံးသောကာလ အတွင်းတွင်၊ စာတန်ကို ငါ နှိမ်နင်းမည်၊ ငါ၏ဘုန်းအသရေ အားလုံးကို ပြန်သိမ်းယူမည် ဖြစ်ပြီး၊ ဤသောကရောက်နေသည့် ဝိညာဉ်အားလုံး ဒုက္ခပင်လယ်မှ လွတ်မြောက်နိုင်စေဖို့အလို့ငှာ၊ ကမ္ဘာမြေပေါ်ရှိ ငါနှင့် သက်ဆိုင်သော ဝိညာဉ်အားလုံးကို ပြန်သိမ်းမည်၊ ထိုသို့ဖြင့် ကမ္ဘာမြေပေါ်ရှိ ငါ၏ အမှုတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ဤနေ့မှစ၍ ငါသည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် လူ့ဇာတိခံလိမ့်မည် မဟုတ်သကဲ့သို့၊ အရာခပ်သိမ်းကို ထိန်းချုပ်သည့် ငါ၏ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် အမှုပြုလိမ့်မည် မဟုတ်ပေ။ ကမ္ဘာမြေပေါ်တွင် အမှုအရာ တစ်ခုသာ ငါ လုပ်ဆောင်မည်- လူသားမျိုးနွယ်၊ သန့်ရှင်းကာ ကမ္ဘာမြေပေါ်ရှိ ငါ၏သစ္စာရှိသောမြို့ ဖြစ်မည့် လူသားမျိုးနွယ်ကို ငါ အသစ်ပြုပြင်မည်။
၂ သို့သော် တစ်လောကလုံးကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သည်ကို သိလော့။ ကျန်ရှိသည့် သုံးပုံတစ်ပုံ- ငါ့ကိုချစ်ပြီး ငါက လုံးလုံးလျားလျား သိမ်းပိုက်ထားသော လူသားမျိုးနွယ်သုံးပုံတစ်ပုံကို ငါ ထိန်းသိမ်းမည် ဖြစ်ပြီး၊ ပေါများစွာသော သိုးများ၊ ကျွဲနွားတိရစ္ဆာန်များနှင့် ကမ္ဘာမြေ၏ ကြွယ်ဝမှုများအားလုံးဖြင့် အာဟာရဖြည့်တင်းပေးလျက်၊ ပညတ်တော်အောက်တွင် ဣသရေလလူမျိုးများ မျိုးပွားဖြစ်ထွန်းကာ ပွားများခဲ့ကြသည့်အတိုင်းပင် ဤလူသားမျိုးနွယ် သုံးပုံတစ်ပုံကိုလည်း ကမ္ဘာပေါ်တွင် ငါ မျိုးပွားဖြစ်ထွန်းစေကာ ပွားများစေမည်။ ဤလူသားမျိုးနွယ်သည် ငါနှင့်အတူ ထာဝရ ကျန်ရှိလိမ့်မည်၊ သို့သော် ယင်းသည် မနှစ်မြို့ဖွယ် ညစ်ညူးသော ယနေ့၏ လူသားမျိုးနွယ်ကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ ငါ၏ရယူခြင်းကို ခံရပြီးသောသူ အားလုံး၏ အစုအဝေး ဖြစ်သည့် လူသားမျိုးနွယ် တစ်ခု ဖြစ်လိမ့်မည်။ ထိုသို့သော လူသားမျိုးနွယ်သည် စာတန်၏ ပျက်စီးစေခြင်း၊ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဝိုင်းထားခြင်း ခံရလိမ့်မည် မဟုတ်သကဲ့သို့၊ စာတန်အပေါ် ငါ အောင်နိုင်ပြီးနောက် ကမ္ဘာပေါ်တွင် တည်ရှိသည့် တစ်ခုတည်းသော လူသားမျိုးနွယ် ဖြစ်လိမ့်မည်။ ယင်းသည် ယနေ့တွင် ငါသိမ်းပိုက်ပြီးဖြစ်ကာ ငါ၏ကတိကို ရရှိပြီးသော လူသားမျိုးနွယ် ဖြစ်သည်။
၃ နောက်ဆုံးသောကာလအတွင်း သိမ်းပိုက်ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်သည် ချမ်းသာပေးခြင်း ခံရပြီး ငါ၏ ထာဝရ ကောင်းချီးမင်္ဂလာများကို ရရှိမည့် လူသားမျိုးနွယ်လည်း ဖြစ်လိမ့်မည်။ ယင်းသည် စာတန်အပေါ် ငါ၏အောင်နိုင်ခြင်းနှင့်ဆိုင်သည့် တစ်ခုတည်းသော သက်သေအထောက်အထားနှင့် စာတန်နှင့် ငါ၏တိုက်ပွဲမှ တစ်ခုတည်းသော လက်ရပစ္စည်းများ ဖြစ်လိမ့်မည်။ စစ်ပွဲ၏ ဤလက်ရပစ္စည်းများသည် စာတန်အုပ်စိုးခြင်းမှ ငါ၏ ကယ်တင်ခြင်း ခံရပြီး၊ ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်ခုတည်းသော ပုံပေါ်လာခြင်းနှင့် အသီးအပွင့် ဖြစ်သည်။ ၎င်းတို့သည် တိုင်းနိုင်ငံနှင့် အသင်းတော်ဂိုဏ်းဂဏတိုင်း၊ နေရာတိုင်းနှင့် စကြဝဠာ တစ်လျှောက်လုံးရှိ တိုင်းပြည်တိုင်းမှ လာကြပေသည်။ ၎င်းတို့သည် မတူကွဲပြားသော မျိုးနွယ်စုများမှ ဖြစ်သည်၊ မတူကွဲပြားသော ဘာသာစကားများ၊ ဓလေ့များနှင့် အသားအရောင်များ ရှိကြပြီး၊ ကမ္ဘာလုံး၏ တိုင်းနိုင်ငံတိုင်း၊ အသင်းတော်ဂိုဏ်းဂဏတိုင်းနှင့် ကမ္ဘာ့အရပ်လေးမျက်နှာသို့ပင် အနှံ့အပြား ပျံ့နှံ့ကြလေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် စာတန်၏ အင်အားစုများ လက်လှမ်း မမီနိုင်သော လူသားအစုအဝေးတစ်ခု၊ ပြီးပြည့်စုံသော လူသားမျိုးနွယ် တစ်ခုကို ဖွဲ့စည်းရန် အတူတကွ ရောက်လာကြလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်