၂၂၃ ဘဝက အဖိုးတန်ပေ

၁ အကန့်အသတ်မဲ့ ကောင်းကင်၊ ခံ့ညားထည်ဝါကာ ခမ်းနားပြီး၊ အလွန့်အလွန် အံ့ဖွယ်ဖြစ်ပေ။ အို၊ ဤကမ္ဘာမြေပေါ် အသက်ရှင်သည့် လူတို့၊ သင်တို့ နာခံကာ ကိုးကွယ်သင့်သူမှာ အဘယ်သူနည်း။ အရာခပ်သိမ်းတို့အပေါ် ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် အုပ်စိုးခြင်းက နက်နဲမှုအပြည့်ဖြစ်ပေ။ ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များကို နေရာတကာ ကျွန်ုပ်တို့ မြင်နိုင်ပေ။ စကြဝဠာရှိ အရာခပ်သိမ်းတို့၏ လှုပ်ရှားမှုက ဘုရားသခင်၏ လက်တော်ထဲတွင် လုံးဝရှိပေ။ လူသား ကံကြမ္မာ၏ ကောင်းချီးမင်္ဂလာနှင့် ကံဆိုးခြင်းတို့က ဘုရားလက်တော်၏ ထိန်းချုပ်မှုကို မလွတ်ကင်းနိုင်။ ဘဝက တစ်ခဏချင်း ကုန်ဆုံး၊ ကျွန်ုပ်တို့ ဝိညာဉ်များ နောင်တများမရှိသည်ကို ကျွန်ုပ်တို့ သေချာစေရမည်။ လူတစ်ယောက်သည်ဘုရားသခင်ကို သိကာ ချစ်နိုင်မှသာလျှင် ဘဝ အဓိပ္ပါယ်ရှိပေမည်။

၂ နှစ်များစွာ ဘုရားသခင်ကို ယုံကြည်ရင်း၊ သမ္မာတရားကို ကျွန်ုပ် နားလည်ကာ နောက်ဆုံးတွင် ဘုရားသခင်၏ အလိုတော်ကို သိသည်။ ဝိညာဉ်၏ ငြိမ်သက်ခြင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းအားဖြင့်သာ လာပေ။ အချင်းချင်း ချစ်ရင်း၊ ကျွန်ုပ်တို့၏ အသက်တာများ ကြွယ်ဝသထက် ကြွယ်ဝပေ။ ဘုရားသခင်ကို နာမ်ဝိညာဉ်နှင့် သစ္စာတို့ဖြင့် ကိုးကွယ်ခြင်းက ဝမ်းမြောက်ခြင်းနှင့် အသက်ပါခြင်းကို ဆောင်ကျဉ်းပေ။ တရားစီရင်ခြင်းမှတဆင့်၊ သမ္မာတရားကို ကျွန်ုပ် နားလည်ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သတိပြုမိပေ။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း မည်မျှ နက်ရှိုင်းသည်၊ လူသားဟု အခေါ်ခံရဖို့ပင် ကျွန်ုပ် မထိုက်သည်ကို ကျွန်ုပ် သိမြင်လေပြီ။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများက အသက်တာ၏ လမ်းကြောင်းကို ကျွန်ုပ်အားပြပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြင့် အဓိပ္ပါယ်ရှိသည့် အသက်တာကို ကျွန်ုပ် နောက်ဆုံးတွင် အသက်ရှင်နေထိုင်ပေ။

၃ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းကာ အမှုပြုခြင်းက တစ်သက်တွင် တစ်ကြိမ်သာကြုံရသည့် အခွင့်အရေးဖြစ်ပေ။ စုံလင်ခံရဖို့ အခက်အခဲများနှင့် ဆင်းရဲဒုက္ခတို့ကို ကြုံရခြင်းက အကြီးမားဆုံးသော ဂုဏ်ဖြစ်ပေ။ သန့်စင်ခံရဖို့ ကိုယ်တော်၏ တရားစီရင်ခြင်းကို ကျွန်ုပ် ကြုံကာ လူသား ပုံသဏ္ဍာန်ကို ကျွန်ုပ် အသက်ရှင်နေထိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ စစ်မှန်မှုထဲသို့ ဝင်ရောက်ရင်း၊ သမ္မာတရားနှင့် အသက်ကို ကျွန်ုပ်ရ။ အဖန်ဆင်းခံ သတ္တဝါများအနေဖြင့်၊ ဘုရားသခင်ကို နာခံကာ ကိုးကွယ်ဖို့မှာ လူသားမျိုးနွယ်၏ မဖြစ်မနေပြုလုပ်ရမည်ဖြစ်သော ဝတ္တရားဖြစ်ပေ။ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာတို့ကို ကျွန်ုပ် ရပေ။ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ဖြည့်ဆည်းသည်၊ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ပြည့်စုံစေသည်၊ ကျွန်ုပ် ဟောပြောကာ ဘုရားသခင်ကို သက်သေခံပေ။ ဘုရားသခင်၏ လက်ခံမှုကို ကျွန်ုပ် ရကာ သူ၏ ရယူခြင်းခံရနိုင်လျှင်၊ ဘဝတွင် မည်သည့်နောင်တမျှ ကျွန်ုပ် ရှိမည်မဟုတ်တော့ပေ။

အရှေ့သို့- ၂၂၂ အသင်းတော် ဓမ္မတေးသီချင်း

နောက်တစ်ခုသို့- ၂၂၄ ဘုရားသခင်ကို သစ္စာရှိရှိ စိတ်ကျေနပ်စေရန် စိတ်ပိုင်းဖြတ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။