မေးခွန်း (၇) ကျွန်တော်တို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်မခံရင် ကောင်းကင်ဘုံကအဖရဲ့အလိုတော်ကို ကျွန်တော်တို့ တကယ် လုပ်ဆောင်နိုင်ပါ့မလား။ ကောင်းကင်နိုင်ငံတော်ကို တကယ် ဝင်ရောက်နိုင်ပါ့မလား။

အဖြေ- ကျေးဇူးတော်ခေတ်မှာ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုကိုသာ လက်ခံပြီး၊ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လက်မခံပါက၊ သူတို့က အပြစ်ကနေ မိမိကိုယ်ကို လွတ်မြောက်အောင် လုပ်နိုင်ခြင်း၊ ကောင်းကင်ဘုံက အဖ၏အလိုတော်ကို လုပ်ဆောင်နိုင်ခြင်း၊ ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရောက်နိုင်ခြင်းတို့ ရှိမှာမဟုတ်ပါ။ ဤသည်မှာ သံသယရှိစရာမလိုပါ။ အဘယ့်ကြောင့်နည်းဆိုသော် ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက ရွေးနှုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်တုန်းက လူများ၏ ဝိညာဉ်အသက်တာကြောင့် သခင်ယေရှုက နောင်တရခြင်းလမ်း ကိုသာ သူတို့ကိုပေးခဲ့သည်။ အခြေခံသမ္မာတရားနှင့် လမ်းကြောင်းတချို့ကို လက်တွေ့လုပ်ဆောင်ဖို့ လူများကို တောင်းဆိုခဲ့သည်။ ဥပမာ လူများကို သူတို၏အပြစ်များကို ဝန်ချ၊ နောင်တရပြီး လက်ဝါးကပ်တိုင်ကို ထမ်းဖို့ တောင်းဆိုခဲ့သည်။ နှိမ့်ချခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ အစာရှောင်ခြင်း၊ နှစ်ခြင်းခံခြင်း စသည့်အရာများကို သင်ပေးခဲ့သည်။ ထိုအချိန်က လူများ နားလည်ပြီး ရရှိနိုင်သည်မှာ၊ နည်းပါးသည့် သမ္မာတရာသာ ရှိသည်။ အသက်တာ စိတ်သဘောထားပြောင်းလဲခြင်း၊ ကယ်တင်ခြင်း ခံရခြင်း၊ သန့်စင်ခြင်း၊ ပြည့်စုံစေခြင်းနှင့်ပတ်သက်သည့် တခြားပိုပြီး နက်ရှိုင်းသည့် သမ္မာတရား များကို သခင်ယေရှုက လုံးဝ မဖော်ပြခဲ့ပါ။ အဘယ့်ကြောင့်နည်းဆိုသော် ထိုအချိန်တုန်းက လူများက ထိုသမ္မာတရားများကို ခံယူဖို့ လိုအပ်သည့် ဝိညာဉ်အသက်တာ မရှိ၍ဖြစ်ပါသည်။ သခင်ယေရှုက နောက်ဆုံးသောကာလတွင် ကိုယ်တော်၏အလုပ်ကို လုပ်ဖို့ပြန်လာသည် အထိ လူက စောင့်ရပါမည်။ ကိုယ်တော်က ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် ဖောက်ပြန်ပျက်စီးသည့် လူများ၏ လိုအပ်ချက် နှင့်အညီ လူများကို ကယ်တင်ဖို့၊ ပြည့်စုံစေဖို့လိုအပ်သည့် သမ္မာတရားအလုံးစုံတို့ကို ဖောက်ပြန်ပျက်စီးသည့် လူများအပေါ် ချပေးသနားမှာ ဖြစ်ပါသည်။ သခင်ယေရှု ပြောခဲ့သလိုပင် ဖြစ်သည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် သိပ်ရှင်းပါသည်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ဖောက်ပြန် ပျက်စီးသည့် လူသားများကို ကယ်တင်ဖို့ လိုအပ်သည့် သမ္မာတရားအားလုံးကို လုံးဝ မပေးခဲ့ပါ။ ပိုပြီး နက်နဲသည့်၊ မြင့်မားသည့် သမ္မာတရားများ ရှိသေးသည်။ ဆိုလိုတာက လူများကို သူတို့၏ အကျင့်ပျက်စီးသည့် စာတန် စိတ်သဘောထားကနေ လွတ်မြောက်ပြီး၊ သန့်စင်ခြင်းကို ရရှိစေသည့်အပြင်၊ ဘုရားသခင်ကို နာခံပြီး သိမြင်ဖို့ လူက လိုအပ်သည့်၊ သခင်ယေရှုက လူသားတို့ကို မပြောခဲ့သည့် သမ္မာတရား များစွာရှိပါသည်။ ထို့ကြောင့် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လိုအပ်သည့် သမ္မာတရား အားလုံးကို ဖော်ပြပါသည်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသူများ အားလုံးကို စီရင်ဖို့၊ ပြစ်တင်ဆုံးမဖို့၊ သန့်စင်ပြီး ပြည်စုံစေဖို့ ဤသမ္မာတရားကိုကို အသုံးပြုပါသည်။ အဆုံးမှာ ဤလူများက ပြည့်စုံသွားမှာဖြစ်ပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ကို ချီဆောင် ခံရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးဆုံးစေသည့် ပုံစံပါ။ လူများက သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုကိုသာ လက်ခံမည်ပြီး နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ စီရင်ခြင်း အမှုတော်ကို လက်မခံပါက၊ သူတို့က သမ္မာတရားကိုရပြီး သူတို့စိတ်သဘောထား ပြောင်းလဲခြင်း မည်သည့်အခါမျှ ဖြစ်မှာမဟုတ်ပါ။ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက် သူများ ဖြစ်မှာမဟုတ်ပါ။ ဘုရားသခင်၏နိုင်ငံတော်ကို ဝင်ရောက်ဖို့ သေချာပေါက် မည်သည့်အခါမျှ အရည်အသွေးပြည့်မှီမည် မဟုတ်ပါ။

နောက်ဆုံးသောကာလ၏ လူတို့က စာတန်အားဖြင့် နက်ရှိုင်းစွာ အကျင့်ဖျက်ဆီးခြင်းခံရပြီး၊ သူတို့က စာတန်၏ အဆိပ်များနှင့် ပြည့်နေပါသည်။ သူတို့၏အမြင်များ၊ ရှင်သန်နေထိုင်မှု စည်းမျဉ်းများ၊ အသက်တာအပေါ် အမြင်များ၊ တန်ဖိုးများ စသည့်အရာတို့က သမ္မာတရားနှင့် ဆန့်ကျင်ပြီး ဘုရားသခင်ကို ရန်လိုတတ်ပါသည်။ လူအားလုံးက မကောင်းမှုကို ကိုးကွယ်ပြီး ဘုရားသခင်၏ ရန်သူများဖြစ်လာကြသည်။ ဖောက်ပြန်ပျက်စီးသည့် စာတန်စိတ်သဘောထားတို့နှင့် ပြည့်နေသည့် လူသားတို့က နှုတ်ကပတ်တော်အားဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင် ဆုံးမခြင်း၊ လောင်ကျွမ်းခြင်းနှင့် သန့်စင်ခြင်းတို့ကို မကြုံတွေ့ပါက၊ သူတို့က စာတန်ကို ဆန့်ကျင်ပြီး စာတန်လွှမ်းမိုးမှုကနေ သူတို့ကိုယ်သူတို့ မည်သို့ လွတ်မြောက်စေနိုင်မည်နည်း။ သူတို့က ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းတို့ မည်သို့ ရှိနိုင်မည်နည်း။ လူများစွာတို့က သခင်ယေရှုကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်ကို ကျွန်တော်တို့ မြင်နိုင်သည်။ သို့သော် သူတို့က သခင်ယေရှုက ကယ်တင်ရှင်ဖြစ်ပြီး နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည်ကို စိတ်အားထက်သန်စွာ သက်သေခံကြ သော်လည်း၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို မသိနိုင်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့မှု မရှိခြင်းတို့ကြောင့် သူတို့က ဘုရားသခင်၏ အလုပ်ကို ဝေဖန် ရှုတ်ချပြီး၊ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှုတော်ကို ဆောင်ရွက်သည့်အခါမှာ ဘုရားသခင် ပြန်လည် ကြွလာမှုကို ငြင်းပယ်ခြင်းတို့ ဖြစ်စေပါသည်။ သူတို့က နောက်ဆုံးသောကာလမှာ ခရစ်တော် ပြန်လာသည့်အခါ ခရစ်တော်ကို လက်ဝါးကပ်တိုင်မှာပင် ပြန်ပြီးရိုက်ခတ် ကြသည်။ လူများက နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လက်မခံပါက၊ လူတို့၏အပြစ်နှင့် စာတန် သဘောသဘာဝ၏ အရင်းအမြစ်က မည်သည့်အခါမျှ ပြေလည်မည်မဟုတ်ကြောင်းကို ဤအချက်များက လုံလောက်စွာ ပြနေပါသည်။ ဘုရားသခင်အပေါ် သူတို့၏ဆန့်ကျင်မှုက သူတို့ကို ပျက်စီးစေမည် ဖြစ်သည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့်အချက်ဖြစ်ပါသည်။ ယုံကြည်သူများထဲတွင် နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ရိုးသားစွာ လက်ခံသည့်သူများသာ သမ္မာတရားကို အသက်တာအနေနှင့် ရရှိပြီး၊ ကောင်းကင်ဘုံကအဖ၏ အလိုတော်ကို လိုက်လျှောက် သူများ ဖြစ်မည်။ ဘုရားသခင်ကို သိမြင်သူများဖြစ်လာပြီး ကိုယ်တော်နှင့် လိုက်လျောညီထွေရှိသူများ ဖြစ်ကြပါမည်။ သူတို့က ဘုရားသခင်၏ ကတိတော်ကို မျှဝေပြီး ကိုယ်တော့်နိုင်ငံတော်ကို ချီဆောင်ခြင်းခံရဖို့ အရည်အသွေးပြည့်မှီသူများ ဖြစ်လိမ့်မည်။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၆) လူတွေက အပြစ်ကနေလွတ်မြောက်ပြီး သန့်စင်ချင်ရင် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုကို လက်ခံရမယ်လို့ ပြောတယ်နော်။ ဒါဆိုရင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူတွေကို ဘယ်လို တရားစီရင်ပြီး သန့်စင်တာလဲ။ ကျွန်တော် သခင့်ကို ယုံကြည်ခဲ့တဲ့ ဒီနှစ်တလျှောက်မှာ လူတွေက အပြစ်မလုပ်တော့မယ့်အချိန်ရောက်လာရင် သိပ်ကောင်းမယ်လို့ တွေးမိတယ်။ အသက်တာဟာ နာကျင်မှု ရှိမှာမဟုတ်တော့ဘူးလို့ အဲဒီအချိန်တုန်းက တွေးမိတယ်။

နောက်တစ်ခုသို့- မေးခွန်း (၈) သခင်ယေရှုကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ကိုယ်တော်အတွက် သူတို့ရဲ့ တစ်ဘဝလုံးကို စွန့်လွှတ်သူတွေအနေနဲ့ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်မခံရင်၊ သူတို့ဟာတကယ်ပဲ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခြင်းမခံရဘူးလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။