၅၀၈ စုံလင်စေခြင်းခံရဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်လော့

၁ ဘုရားသခင်၏ လူသားများကို စုံလင်စေခြင်းတွင် စည်းကမ်းတစ်ခု ရှိသည်။ ယင်းက သင်၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခုရှိပြီး သင့်ကို အပျက်သဘောဆောင်သော အခြေအနေများက ခွဲထုတ်နိုင်ရန်၊ သူသည် သင်၏နှစ်လိုဖွယ်ရာ ကောင်းသောအပိုင်းကို အသုံးပြုလျက်၊ သင်၏ ဝိညာဉ်ကို လွတ်မြောက်မှု ရရှိစေကာ၊ သင့်အား သူ့ကို ပိုချစ်နိုင်အောင် ပြုလုပ်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်မည်ဖြစ်သည်။ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည်၊ မိမိကိုယ်မိမိသိရန် လိုလားပြီး သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်လိုသည်။ ဘုရားသခင်သည် သင့်ကို မုချဧကန် ကောင်းချီးပေးလိမ့်မည်၊ ထို့ကြောင့် သင်သည် အားနည်းကာ အပျက်သဘော ဆောင်သောအခါများတွင် သင့်ကိုယ်သင် သာ၍ သိမြင်လာရန်၊ သင့်အတွက်သင် အပြစ်ဝန်ခံရေးအတွက် ပိုမိုလိုလားရန်နှင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို သာ၍ လက်တွေ့လုပ်ဆောင်နိုင်ရန် ကူညီလျက်၊ ဘုရားသခင်သည် သင့်အား ဉာဏ်အလင်း နှစ်ဆပေးသည်။ ဤနည်းအားဖြင့်သာ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်း၍ သက်သာရာရမည် ဖြစ်သည်။

၂ ဘုရားသခင်ကို သိမြင်ရန် သာမန်အားဖြင့် အလေးဂရုပြုသောသူ၊ မိမိကိုယ်ကိုယ် သိမြင်ရန် အလေးဂရုပြုသောသူနှင့် မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို အလေးဂရုပြုသောသူသည် ဘုရားသခင်၏ အလုပ်ကို မကြာခဏ လက်ခံရရှိနိုင်မည့်အပြင် ကိုယ်တော်၏လမ်းပြမှုနှင့် ဉာဏ်အလင်းပေးမှုကိုလည်း မကြာခဏ ရရှိနိုင်ပေမည်။ ထိုကဲ့သို့သောသူသည် အပျက်သဘောဆောင်သော အခြေအနေတစ်ရပ်တွင် ရှိသော်လည်း၊ သူသည် အသိစိတ်၏ လုပ်ဆောင်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင်နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်ဖြစ်စေ၊ အမှုအရာများကို ချက်ချင်းပင် ပြောင်းလဲနိုင်သည်။ လူတစ်ဦးသည် မိမိ၏ အခြေအနေ မှန်နှင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အလုပ်ကို သိသည့်အခါတွင် သူ၏စိတ်နေသဘောကို ပြုပြင်ခြင်း အမြဲရရှိနိုင်သည်။ မိမိကိုယ်မိမိသိလိုကာ ပွင့်လင်းရန် လိုလိုလားလား ရှိသူတစ်ဦးသည် သမ္မာတရားကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် ဘုရားသခင်အပေါ် သစ္စာရှိပြီး၊ ဘုရားသခင်ကို နားလည်ခြင်းသည် နည်းပါးသည်ဖြစ်စေ၊ များပြားသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်ကို နားလည်သောသူဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ လူသားများ ရရှိသည့်အရာတစ်ခု ဖြစ်သည်၊ ယင်းသည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးအမြတ် ဖြစ်သည်။

၃ ဘုရားသခင်ကို သိရှိသောသူသည် အခြေခံရှိသောသူ ဖြစ်သည်၊ ရူပါရုံရှိသောသူ ဖြစ်သည်။ ဤကဲ့သို့သောသူသည် ဘုရားသခင်၏ လူ့ဇာတိကို အသေအချာသိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏အလုပ်ကိုလည်း အသေအချာသိသည်။ ဘုရားသခင်သည် မည်ကဲ့သို့ လုပ်ဆောင်စေကာမူ၊ မည်ကဲ့သို့ ပြောဆိုစေကာမူ၊ အခြားသူများသည် မည်ကဲ့သို့ အနှောင့်အယှက် ဖြစ်စေကာမူ၊ ထိုသူသည် မားမားမတ်မတ် ရပ်တည်ကာ ဘုရားသခင်အတွက် သက်သေခံနိုင်သည်။ လူတစ်ဦးသည် ထိုကဲ့သို့ဖြစ်လေလေ၊ သူနားလည်သည့် သမ္မာတရားကို လုပ်ဆောင်နိုင်လေလေ ဖြစ်သည်။ ထိုသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အစဉ် လက်တွေ့လုပ်ဆောင်နေသောကြောင့် ထိုသူသည် ဘုရားသခင်အား သိရှိနားလည်မှုကို ပို၍ ရရှိပြီး ဘုရားသခင်အတွက် ထာဝရ သက်သေခံရန် ပိုင်းဖြတ်ထားသော စိတ်ကိုလည်း ပိုင်ဆိုင်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၀၇ စစ်မှန်စွာ ကျင့်ကြံအသက်ရှင်ခြင်းဖြင့်သာ သင်သည် ပုံသက်သေဖြစ်နိုင်၏

နောက်တစ်ခုသို့- ၅၀၉ ဘုရားရရှိထားသောသူတို့သည် စစ်မှန်မှုကို ပိုင်ဆိုင်ထားသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။