၃၉၃ သင့်ယုံကြည်ခြင်း၌ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သောလမ်းကို လိုက်လော့ကျူး

၁ သင်သည် ဘုရားသခင်၌ ယုံကြည်သူတစ်ဦးနှင့်ဆိုင်သည့် လမ်းကြောင်း၏ အလွန်သေးငယ်သည့် အစိတ်အပိုင်း တစ်ခုကိုသာ လျှောက်လှမ်းပြီးဖြစ်ကာ လမ်းမှန်ပေါ်သို့ မဝင်ရောက်ရသေးသောကြောင့် ဘုရားသခင်၏ စံနှုန်းမီဖို့ သင် အလှမ်းဝေးနေသေး၏။ ယခု၊ သင်၏ ဝိညာဉ်အသက်တာသည် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် မလုံလောက်ပေ။ သင်တို့၏ အရည်အချင်းနှင့် ဖောက်ပြန်ပျက်စီးသော သင်တို့၏ သဘာဝကြောင့်၊ သင်တို့သည် ဘုရားသခင်၏အမှုကို အမြဲ ဂရုမစိုက်ပေ။ ၎င်းကို အလေးအနက် သဘောမထားကြပေ။ ဤသည်မှာ သင်တို့၏ စိုးရိမ်ဖွယ်အကောင်းဆုံးသော အားနည်းချက် ဖြစ်သည်။

၂ သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းကို သေချာအောင်လေ့လာစိစစ်နိုင်သူ မည်သူမျှ မရှိသည်ကား သေချာပေ၏။ သင်တို့ အများစုက ထိုအရာကို နားမလည်ကြသကဲ့သို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြ။ ထို့အပြင် သင်တို့အများစုသည် ဤကိစ္စကို အလေးအနက်ထားဖို့ မပြောနှင့်၊ အာရုံပင် မစိုက်ကြချေ။ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လျစ်လျူရှုခြင်းဖြင့် အသက်ရှင်ရင်း ဤသို့ ဆက်သွားပါက၊ ဘုရားသခင်၌ ယုံကြည်သူတစ်ဦးအနေဖြင့် သင်လျှောက်လှမ်းသော လမ်းကြောင်းသည် အချည်းနှီးဖြစ်လိမ့်မည်။ ဤသည်မှာ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးပမ်းဖို့ သင်၏အစွမ်းရှိသမျှဖြင့် အရာရာကို မလုပ်ဆောင်သောကြောင့် ဖြစ်ပြီး၊ ဘုရားသခင်နှင့် ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်၏။ ယင်းမှာ ဘုရားသခင်သည် သင့်အပေါ် အလုပ်မလုပ်သေးခြင်း သို့မဟုတ် ဝိညာဉ်တော်က သင့်ကို မတို့ထိသေးခြင်း မဟုတ်ပေ။ သင်သည် အမှုမဲ့အမှတ်မဲ့ ဖြစ်လွန်းသဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို အလေးအနက်မထားခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဤအခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်ရမည် ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်က လူတို့ကို ဦးဆောင်သည့် လမ်းကြောင်းကို လျှောက်လှမ်းရမည်။

၃ “သန့်ရှင်းသော ဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်း” မှာ စိတ်ဝိညာဉ်၌ ဉာဏ်အလင်းရခြင်း၊ ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သော အသိပညာရှိခြင်း၊ ရှေ့က လမ်းကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားမှု ရရှိခြင်း၊ သမ္မာတရားထဲသို့ တစ်လှမ်းချင်း ဝင်ရောက်နိုင်ခြင်းနှင့် ဘုရားသခင်ကို သာ၍ သိကျွမ်းလာခြင်းကို ရည်ညွှန်း၏။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းမှာ အဓိကအားဖြင့် သွေဖည်ခြင်းများနှင့် အယူအဆလွဲမှားမှုများ ကင်းလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သာ၍ရှင်းလင်းသော သိနားလည်ခြင်းဆီသို့ သွားသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး ထိုလမ်းကြောင်းကို လျှောက်လှမ်းသူတို့သည် ရှေ့ဆက်၍ ဖြောင့်ဖြောင့် လျှောက်လှမ်းကြ၏။ ဤအရာကို ရရှိဖို့ရန်အလို့ငှာ၊ သင်တို့သည် ဘုရားသခင်နှင့် စိတ်သဘောညီညွတ်လျက် လုပ်ဆောင်ဖို့၊ လက်တွေ့လုပ်ဆောင်ရမည့် မှန်ကန်သော လမ်းကြောင်း ရှာတွေ့ဖို့နှင့် သန့်ရှင်းသော ဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းကို လျှောက်လှမ်းရန် လိုအပ်လိမ့်မည်။ သို့မှသာ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ပြီး ဘုရားသခင်၌ ယုံကြည်မှု၏ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်နိုင်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် လူတို့ကိုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေး၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၉၂ လူတို့သည် ဘုရားကိုကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဘုရားကို ယုံကြည်သင့်၏ကျူး

နောက်တစ်ခုသို့- ၃၉၄ အရာအားလုံးထက် ဘုရားအပေါ် သင် ယုံကြည်ကိုးစားရမယ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။