၃၉၅ စစ်မှန်သောယုံကြည်သူများ၏တာဝန်ဝတ္တရားများ
၁
တကယ်လို့သင်၌အသိတရားတကယ်ရှိရင်
သင့်မှာတာဝန်သိစိတ်တစ်ခုရှိရမယ်
တကယ်လို့သင်သိမ်းပိုက်ခြင်းခံရလည်း
စုံလင်အောင်ပြုလုပ်ခြင်းခံရလည်း
ဤအဆင့်အားသေချာစွာသက်သေခံပါ
ဘုရားရဲ့ဖန်ဆင်းခံသတ္တဝါအနေနှင့်
လူသားဟာသူ့သိမ်းပိုက်ခြင်းခံရကာ
သူတို့ကိုယ်သူတို့ဘုရားအားပေးအပ်ခြင်းဖြင့်
အဆုံးမှာဘုရားကိုကျေနပ်စေဖို့၊
ဘုရားကိုချစ်တဲ့နှလုံးသားနှင့်သူ့အချစ်ကိုပြန်ဆပ်ဖို့ပါ။
ဒါလူသားရဲ့ ဝတ္တရား လူသားရဲ့ တာဝန်ပါ
ဤ စေခိုင်းချက်များပြီးမြောက်အောင် သူတို့လုပ်ဆောင်ရမှာ
ဒါသူတို့ကိုယုံကြည်သူအစစ်ဖြစ်စေတာ၊
ဘုရားကိုယုံကြည်သူအစစ်ဖြစ်စေတာ
၂
ဒီအမှုအားလုံးကိုကြုံတွေ့ရာတွင်
လူသားသည် သူသိမ်းပိုက်ခြင်းခံရပြီး
တကယ်လို့လူသားမှာအသိဉာဏ်ရှိရင်
သူတို့မှာဘယ်လိုရှေ့ရေးရှိပါစေ
မည်သို့သော ကံကြမ္မာအရေး ဖြစ်ပါစေ သူတို့နာခံနိုင်စွမ်း ရှိမှာပါ
ဤနည်းဖြင့်ဘုရားရဲ့ကြီးမြတ်သောအမှုတော်သည်
အပြည့်အဝအကောင်အထည်ပေါ်လာမှာ ပါ
ဘုရားရဲ့ဖန်ဆင်းခံသတ္တဝါအနေနှင့်
လူသားဟာသူ့သိမ်းပိုက်ခြင်းခံရကာ
သူတို့ကိုယ်သူတို့ဘုရားအားပေးအပ်ခြင်းဖြင့်
အဆုံးမှာဘုရားကိုကျေနပ်စေဖို့၊
ဘုရားကိုချစ်တဲ့နှလုံးသားနှင့်သူ့အချစ်ကိုပြန်ဆပ်ဖို့ပါ။
ဒါလူသားရဲ့ ဝတ္တရား လူသားရဲ့ တာဝန်ပါ
ဤ စေခိုင်းချက်များပြီးမြောက်အောင် သူတို့လုပ်ဆောင်ရမှာ
ဒါသူတို့ကိုယုံကြည်သူအစစ်ဖြစ်စေတာ၊
ဘုရားကိုယုံကြည်သူအစစ်ဖြစ်စေတာ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်