၂၁၂ လှိုက်လှဲသောနောင်တတစ်ခု

၁ အိပ်မရသော ညတစ်ညတွင် အမှတ်တရများစွာ စိတ်ထဲရောက်လာသည်။ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်ပေါင်းများစွာတွင် လောကရေစီးကြောင်းနောက် ကျွန်ုပ် လိုက်လျှောက်နေခဲ့ဆဲပင်။ ကျွန်ုပ်သည် အပြစ်တွင် ဆက်လက် အသက်ရှင်သည်၊ အပျော်အပါး လိုက်စားပြီး၊ ဇာတိပကတိ၏ သာယာမှုများ၌ ပျော်ပါးနေခဲ့သည်။ အလုပ်ကြိုးစားလုပ်လျှင် သခင်၏ ငြင်းပယ်ခြင်း ခံရမည်မဟုတ်ဟု ကျွန်ုပ်ထင်ခဲ့သည်။ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်ကြားကာ သခင် ပေါ်ထွန်းခဲ့ပြီးဖြစ်သည်ကို သတိပြုမိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ရှေ့မှောက် ကျွန်ုပ်ချီပင့်ခံရကာ ကောင်းကင်နိုင်ငံတော်တွင် ကျွန်ုပ်၏နေရာ ရှိမည်ဟု ထင်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ဗျာဒိတ်တော်ကို ကျွန်ုပ် ဘယ်သောအခါမျှ လက်မခံခဲ့သလို မိမိကိုယ်ကို မသုံးသပ်မဆင်ခြင်ခဲ့။ ကျွန်ုပ်၏ စိတ်ဆန္ဒများနောက်လိုက်ကာ စိတ်လိုလက်ရပြုမူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပမာမထားခြင်းနှင့် ဆက်ဆံခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယပြုရင်း အယူဝါဒကိုသာ ကျွန်ုပ်ပြောဆိုခဲ့ကာ ကျွန်ုပ် ကောင်းစွာလုပ်ဆောင်ခဲ့သည်ဟု တွေးထင်မိခဲ့သည်။ ပြုပြင်ခံရကာ ကိုင်တွယ်ဖြေရှင်းခံရချိန် ကျွန်ုပ် အာခံကာ ဆင်ခြေများ ပေးခဲ့သည်။ စမ်းသပ်မှုများ ပတ်လည်ဝိုင်းချိန် ကျွန်ုပ် အမြဲထွက်ပြေးချင်ခဲ့။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်ုပ်မသိခဲ့။ သမ္မာတရားကို ကျွန်ုပ် လုံးဝမလိုက်စားခဲ့ကြောင်း ယခု ကျွန်ုပ် တွေ့ရပေ။ ဘုရားနှုတ်ကပတ်တော်များမှ ကျွန်ုပ်သွေဖည်လေပြီ၊ အကန့်အသတ်မဲ့ အမှောင်ထဲသို့ ကျွန်ုပ်ကျရောက်လေပြီ။ ဘုရားသခင်၏ မျက်မှောက်တော်ကို မခံစားနိုင်၊ ကျွန်ုပ်စိတ်နှလုံးတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့ ရှိပေ။ ကြောက်ရွံ့တုန်လှုပ်လျက် ဘုရားသခင်ရှေ့ ကျွန်ုပ်ပျပ်ဝပ်ကာ ကိုယ်တော်အား ဆုံးရှုံးရမည်ကို စိုးရွံ့မိ။ သူ၏သနားကရုဏာအတွက် တောင့်တရင်း၊ ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုကာ ဘုရားသခင်ထံ ဆုတောင်းမိ။

၂ အို ဘုရားသခင်။ ကျွန်ုပ်၏စိတ်နှလုံး နောင်တဖြင့် အော်ဟစ်သည်ကို ကိုယ်တော်ကြားနိုင်ပါသလား။ ကိုယ်တော်၏ မျက်မှောက်တော်ကို ဆုံးရှုံးရခြင်းက အဘယ်မျှ မှောင်မိုက်ကာ နာကျင်စရာ ဖြစ်လိုက်ပါဘိ။ ကျွန်ုပ်စိတ်နှလုံးတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များ မရှိဘဲ အလင်းမရှိပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း ကျွန်ုပ် နေထိုင်ကာ စာတန် ကျွန်ုပ်ကို ကစားသည်။ အို ဘုရားသခင်။ ကျွန်ုပ် နောင်တရဖို့၊ အသစ်စတင်ဖို့ ဆန္ဒရှိပါသည်။ ကိုယ်တော် ကျွန်ုပ်ကို ပိုမို၍ တရားစီရင်ကာ ပြစ်တင်ဆုံးမစေချင်မိ။ ပိုမိုကြမ်းတမ်းသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများ လာလျှင်ပင်၊ ကိုယ်တော့်ရှေ့မှောက်တွင် ကျွန်ုပ် အသက်ရှင်နိုင်သရွေ့ မည်သည့်အရာကိုမဆို ကျွန်ုပ် ခံစားနိုင်သည်။ ကျွန်ုပ် အလွန်အမင်း ဖောက်ပြန်ပျက်စီးသည်၊ ကိုယ်တော်၏ တရားစီရင်ခြင်းမရှိဘဲ ကျွန်ုပ် မသန့်စင်နိုင်ပါပေ။ တရားစီရင်ခြင်းကသာ ကျွန်ုပ်ကို စာတန်မှ ကယ်တင်နိုင်သည်။ အို ဘုရားသခင်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ကျွန်ုပ်မြည်းစမ်းရပြီ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပေ။ ကိုယ်တော်သာ ကျွန်ုပ်ကို ကယ်တင်နိုင်ပေ။ ကိုယ်တော်၏နှုတ်ကပတ်တော်များကို ချစ်မြတ်နိုးဖို့နှင့် ယင်းတို့အားဖြင့် ကျွန်ုပ်၏အသက်တာကို ရှင်သန်ဖို့ ဆန္ဒရှိသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့် ပင်ပန်းကြိုးစားရသည့် အားထုတ်မှုများနှင့် လျော်ညီအောင် မည်သည့်အခါမျှ တစ်ဖန် နေနိုင်မည် မဟုတ်ပေ။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို သက်သေခံလျက်၊ သမ္မာတရားကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ပြီး လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်မည်။

အရှေ့သို့- ၂၁၁ ကျွန်ုပ်၏ စိတ်နှလုံးအတွင်းထဲ၌ နာကျင်မှုတစ်ခု ရှိသည်

နောက်တစ်ခုသို့- ၂၁၃ နောင်တနှင့်ပြည့်သော နှလုံးသားတစ်ခု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။