ဖျက်၍မရသော ဆုံးဖြတ်ချက်တစ်ခု

03.04.2021

ကျွန်မ ၁၅ နှစ်တုန်းက ကျွန်မ အဖေက ရောဂါတစ်ခုကြောင့် သေသွားခဲ့ပြီး ကျွန်မတို့ မိသားစုရဲ့ အဓိကအထောက်အပံ့ ဆုံးရှုံးခဲ့ရတယ်။ ကျွန်မ လက်မခံနိုင်ခဲ့ဘူး။ ကောင်းကင်ကြီး ပြိုကျသွားသလို ခံစားခဲ့ရတယ်။ ကျွန်မ အမေလည်း မခံနိုင်ဖြစ်ပြီး ကိုယ်အရမ်းပူပြီး ငါးရက်လောက် တော်တော် နေမကောင်းဖြစ်ခဲ့တယ်။ ကျွန်မတို့ကို ကယ်တင်နေရမှာကို ကြောက်ပြီး ဘယ်ဆွေမျိုးကမှ ကျွန်မတို့ကို လာမကြည့်ကြဘူး။ ကျွန်မရဲ့ နေမကောင်းဖြစ်နေတဲ့ အမေကို ဆေးရုံကိုပို့ခဲ့တယ်။ သူက ခုံတန်းတစ်ခုပေါ် လဲကျသွားခဲ့တယ်။ ဘယ်သူကမှ လာမကူဘူး။ ကျွန်မလည်း မျှော်လင့်ချက်မဲ့သွားတယ်။ ကျွန်မက “ငါ့ အဖေက အခုလေးတင် ဆုံးသွားခဲ့တာ။ ငါ့ အမေတစ်ခုခုဖြစ်ရင် ငါ့ညီမလေးနဲ့ ငါနဲ့ ဘာလုပ်ရမှာလဲ” ဆိုပြီး တွေးမိတယ်။ နောက်ပိုင်းမှာ လူတစ်ယောက်က သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို ကျွန်မတို့ကို ဟောကြားတယ်။ သခင့်ကျေးဇူးတော်ကြောင့် ကျွန်မ အမေက ဝတ်ပြုအစည်းအဝေး နှစ်ခါပဲ တက်ပြီးတာနဲ့ သက်သာလာတယ်။ အဲဒီလိုနဲ့ ကျွန်မတို့က သခင့်ကို ယုံကြည်လာခဲ့တာပါ။ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့အတွက် ကိုယ်တော်က ကားစင်တင်ခံခဲ့တာကို ကျွန်မ သိတဲ့အချိန်မှာ ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာက ကျွန်မစိတ်ကို တို့ထိခဲ့ပါတယ်။ သခင်က သူ့ရဲ့ တပည့်တော်တွေကို ပြောခဲ့တယ်။ “ငါ့နောက်သို့လိုက်ကြလော့။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၄:၁၉) “သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၆:၃၃) ဒီ နှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်းကို နှစ်သိမ့်ပေးတယ်။ အထူးသဖြင့် သခင့်အတွက် သူတို့အသက်တွေကို ဆက်ကပ်အပ်နှံထားတဲ့ အနောက်တိုင်းက သာသနာပြုအဖွဲ့တွေအကြောင်းကြားရတဲ့အခါမှာ ကျွန်မ ခွန်အားရတယ်။ အဲဒါနဲ့ ကျွန်မ သခင့်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ဧဝံဂေလိတရားဟောဖို့ သခင့်ဆီမှာ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါတယ်။ အဲဒီတုန်းက ဘဝမှာ ဘယ်အရာကမှ အဓိပ္ပာယ်ရှိတယ်လို့ မခံစားခဲ့ရဘူး။ သခင့်နောက်ကိုလိုက်ခြင်း၊ သခင့်အတွက် အလုပ်လုပ်ခြင်း လူတွေကို သခင့်ရှေ့မှောက်ကို ခေါ်ဆောင်ခြင်းကပဲ အဓိပ္ပာယ်ရှိပြီး ထိုက်တန်သလို ခံစားခဲ့ရတယ်။ တရားသွားဟောပြီး သခင့်အတွက် အလုပ်လုပ်ဖို့အတွက် ကျွန်မ အိမ်ကထွက်နိုင်မယ့်နေ့ကို မျှော်နေခဲ့တယ်။ ဆုတောင်းအစည်းအဝေးတစ်ခုမှာ ကျွန်မ သခင့်ကို ဆုတောင်းပြီး ကျွန်မရဲ့ ဆန္ဒကို ပြောပြခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မအမေက အဲဒီမှာရှိတယ်။ အိမ်ပြန်ရောက်တော့ အမေက ကျွန်မကို ဆူတယ်။ “နင် ဘာလို့ ဒီလောက် အ ရတာလဲ။ ဘာလို့ အဲဒီလို ပြောတာလဲ။ သခင့်ကို ယုံကြည်ပါ။ ကိစ္စမရှိဘူး။ ဒါပေမဲ့ နင် စာသင်တာကို စွန့်လွှတ်လိုက်လို့ မရဘူးလေ။ အထက်တန်းကျောင်းအပေါ် အာရုံစူးစိုက်ထားဖို့ လိုတယ်။ နင် အောင်မြင်မှ ငါတို့အမျိုးတွေက နင့်ကို အထင်ကြီးကြမှာ” ဆိုပြီး ပြောတယ်။ ဒီလိုပြောလိုက်တော့ ကျွန်မ တွန့်ဆုတ်သွားတယ်။ ကျွန်မက “သူပြောတာ မှန်တယ်။ ငါ့ မိသားစုရဲ့ မျှော်လင့်ချက်တွေက ငါ့ ပခုံးပေါ်မှာ ရှိနေတာ။ ဧဝံဂေလိသွားဟောဖို့ ငါ စာသင်တာကို စွန့်လွှတ်လိုက်ရင် ငါ့အမေက တော်တော်ခံစားရမှာ။ ငါတို့ကို ပံ့ပိုးပေးနေရတာ တော်တော်ခက်တယ်။ ငါ သူ့ကို ထပ်ပြီးနာကျင်ခံစားရအောင် လုပ်လို့ မဖြစ်ဘူး” ဆိုပြီး စဉ်းစားမိတယ်။ အဲဒါနဲ့ ကျွန်မ ကျောင်းကို ဆက်သွားခဲ့ပြီး ဝတ်ပြုအစည်းအဝေးလည်းတက်တယ်။ တရားလည်း ဟောခဲ့တယ်။ တရားထွက်ဟောပြီး သခင့်အတွက် အလုပ်လုပ်ဖို့ ကျွန်မရဲ့ ဆန္ဒကို မြေမြုပ်ပစ်ခဲ့လိုက်တယ်။

၂၀၀၁ခုနှစ် ဇူလိုင်လမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေပြီးတဲ့အချိန်မှာပဲ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေနေတဲ့ လူတချို့နဲ့ တွေ့ခဲ့တယ်။ ကျွန်မရဲ့ ညီမလေးနဲ့ ကျွန်မနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး သူဟာ သမ္မာတရားကို ဖော်ပြပြီး ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့၊ လူသားကို ထာဝရသန့်စင်ပြီး ကယ်တင်ဖို့အတွက် ပြန်ကြွလာတဲ့ သခင်ဖြစ်တယ်ဆိုတာကို သိသွားခဲ့ကြပါတယ်။ ကျွန်မ အရမ်းပျော်သွားခဲ့တယ်။ ကျွန်မ အကြာကြီးစောင့်ခဲ့ရတဲ့ သခင်က နောက်ဆုံးမှာ ပြန်ကြွလာခဲ့ပြီလေ။ ပြီးတော့ သူကိုယ်တိုင်ရဲ့ အသံကို ကြားပြီး သူကိုယ်တိုင် ဦးဆောင်ပြီး ကယ်တင်တာကို ခံရတာဟာ သူ့ရဲ့ ကြီးမြတ်တဲ့ ကျေးဇူးတော်ပါပဲ။ ကျွန်မ သမ္မာကျမ်းစာ ဖတ်တဲ့အခါမှာ သခင့်ရဲ့ တပည့်တော်တွေက သခင့်ရဲ့ သွန်သင်ချက်တွေကို ကြားနိုင်တာကြောင့် သူတို့ကို ကျွန်မ အားကျခဲ့ဖူးတယ်။ ကျွန်မက သူတို့လို ကံကောင်းလိမ့်မယ်လို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးဘူး။ သခင်ပေါ်ထွန်းခြင်းကို တောင့်တနေပေမဲ့ သခင် ပြန်ကြွလာပြီးဖြစ်တာကို မသိသေးတဲ့ လူတွေနဲ့ ကျွန်မက သူတို့ထက်အရင် ဒီ ကြီးမြတ်တဲ့ သတင်းကို ကြားပြီးခဲ့ပြီဆိုတာကို စဉ်းစားမိတော့ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို ကျွန်မ ဖြန့်ဝေရမယ်ဆိုတာကို သိခဲ့ပါတယ်။ ကျွန်မ တွေးမိတယ်။ “ငါ ကောလိပ်တက်လို့မရရင် အတော်ကောင်းမှာပဲ။ ဒါဆိုရင် ငါ တရားဟောပြီး ဘုရားသခင်ကို အစေခံမယ်ဆိုပြီး အမေ့ကိုပြောဖို့ အကြောင်းပြချက် ကောင်းကောင်းရှိသွားမှာပေါ့။” ဆိုပြီးတော့။

တစ်ပတ်ကြာပြီးတော့ ကျွန်မရဲ့ စာမေးပွဲရလဒ်ကို သွားကြည့်တယ်။ ကျွန်မ ကောင်းတဲ့ ကောလိပ်ကျောင်းတစ်ခုမှာ ဝင်ခွင့်ရသွားတယ်ဆိုပြီး ကျွန်မရဲ့ ဆရာမက ကျွန်မကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောပြတယ်။ ကျွန်မရဲ့ အတန်းဖော်တွေက ကျွန်မကို ချီးကျူးရင်းနဲ့ “ငါတို့ စီရင်စုထဲကနေ လူတွေထောင်ချီတဲ့အထဲက ဆယ်ယောက်ပဲ ရွေးခံရတာ။ နင် အဲဒီကောလိပ်ကို တက်ရဖို့ တော်တော် ကောင်းကောင်းလုပ်ခဲ့တာပဲ” တဲ့။ ကျွန်မဆရာမနဲ့ အတန်းဖော်တွေက ဒါတွေ အားလုံးကိုပြောတာကို ကြားရတော့ ကျွန်မ စိတ်ထိခိုက်သွားတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မ စာမေးပွဲကျရင် ဧဝံဂေလိထွက်ဟောလို့ရပြီဆိုပြီး တွေးထားခဲ့တာလေ။ ဒါပေမဲ့ အခု ကျွန်မ ကောလိပ်တက်ခွင့်ရသွားပြီဆိုတာကို အမေက သိသွားပြီ။ သူက အဲဒီစိတ်ကူးကို ပိုပြီးတော့တောင် ဆန့်ကျင်ဦးမယ်။ ကျွန်မ အိမ်ပြန်ရောက်တော့ ကျွန်မ အမေက ပြုံးနေတာ မရပ်တော့ဘူး။ ဒါပေမဲ့ ကျွန်မ စိတ်ထဲမှာ မကောင်းဘူး။ ဒီနှစ်တွေအားလုံးမှာ သခင်က ကျွန်မတို့ကို ခေါ်ဖို့ ကြွလာတာကို ကျွန်မ စောင့်နေခဲ့တာ။ အခု သူ ကြွလာပြီး သူကိုယ်တိုင် ကျွန်မတို့ကို ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြနေတော့ ဒီလို ရှားပါးတဲ့ အခွင့်အရေးကို မလွဲချော်ချင်ဘူး။ ကျွန်မရဲ့ စာမေးပွဲနဲ့ပတ်သက်ပြီး ကျွန်မတို့ အမျိုးတွေ သိသွားတော့ သူတို့အားလုံး ကျွန်မဆီလာပြီး ဂုဏ်ပြုကြတယ်။ မြှောက်ပင့်ပြောကြတယ်။ ဒါပေမဲ့ ကျွန်မ စဉ်းစားတယ်။ “သူတို့အားလုံးက အယောင်ဆောင်တွေပဲ။ ငါ့ အဖေ သေတုန်းက ငါတို့ကို ဘယ်သူကမှ လာမကြည့်ဘူး။ အခု ငါ ကောလိပ်တက်ခွင့်ရသွားတော့ အားလုံး ရောက်လာကြတယ်။ တစ်နေ့မှာ ငါ အောင်မြင်သွားရင် သူတို့လည်း မျက်နှာပန်းလှမှာပဲဆိုပြီးတော့သာ မျှော်လင့်နေကြတာပါ။” ဆိုပြီးတော့။ သူတို့ရဲ့ “အရေးစိုက်မှု” ကို ပြတာကို ကျွန်မ မြင်ရလေလေ လူတွေက ဘယ်လောက် ပြောင်းလဲလွယ်တယ်ဆိုတာ ကျွန်မ မြင်ရလေလေပဲ။ ဒါပေမဲ့ ကျွန်မ အမေက သူတို့နဲ့ ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောဆိုနေတယ်။ ကျွန်မ ကောလိပ်တက်ခွင့်ရလို့ အမေက ကျွန်မအပေါ် အရမ်းဂုဏ်ယူနေပြီး ကျွန်မကြောင့် လူတွေက အမေ့ကို အခု လေးစားနေကြတယ်ဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မ ကောလိပ်မတက်တော့ဖို့ ရွေးချယ်လိုက်ရင် ကျွန်မ အမေက ဝမ်းနည်းပက်လက်ဖြစ်ပြီး ကျွန်မတို့ အမျိုးတွေက ကျွန်မတို့ကို ထပ်ပြီး အထင်အမြင်သေးဦးမှာပဲ။ ကျွန်မတို့ အမျိုးတွေက ကျွန်မတို့အပေါ် ဆက်ဆံတဲ့ပုံစံကြောင့် ကျွန်မအမေ ဒုက္ခရောက်ခဲ့ဖူးတာကို တွေးမိတော့ ကျွန်မက “ငါတို့ကို ပြုစုပျိုးထောင်ပေးရတာ အမေ့အတွက် အရမ်းခက်ခဲခဲ့တာ။ သူ ဖြစ်စေချင်တာကို ငါ မလုပ်ရင် ငါ့ကြောင့် သူ တကယ်ကို စိတ်ပျက်သွားမှာပဲ။ ငါ့ နှလုံးသားက ဘုရားသခင်ကို ကျေနပ်စေချင်တယ်။ ဒါပေမဲ့ ငါ့အမေကို ဒီလိုမျိုး ထိခိုက်နာကျင်စေလို့ မဖြစ်ပါဘူး” ဆိုပြီး စဉ်းစားမိတယ်။ အဲဒါနဲ့ ကျွန်မမှာ ရွေးချယ်စရာမရှိဘူးလို့ ခံစားရတယ်။ ကျွန်မ ကောလိပ်ပဲ တက်ခဲ့ပါတယ်။ ကျွန်မ ကောလိပ်စတက်တော့ ဆင်းရဲတဲ့ကျောင်းသားနဲ့ ချမ်းသာတဲ့ကျောင်းသားတွေကြား တော်တော်ကွာဟနေမှုကို ကျွန်မ တွေ့ရတယ်။ ချမ်းသာတဲ့ မိသားစုက ကျောင်းသားတွေက ဆင်းရဲတဲ့ ကျောင်းသားတွေကို အထင်သေးပြီး သူတို့တွေကို လျှောက်ခိုင်းတယ်။ စစ်သင်တန်းကို နှစ်ပတ်လောက်ပဲ ကြာပြီးတဲ့နောက်မှာ နည်းပြနှစ်ယောက်က အခန်းထဲက လှတဲ့မိန်းကလေးတချို့နဲ့ စပြီး တွဲကြတယ်။ ပြီးတော့ အတန်းဖော်တစ်ယောက်က မွေးနေ့ရှိရင် လူတိုင်းက လက်ဆောင်တွေကို သူ့ထက်ငါ ပိုကောင်းအောင် ပေးကြတယ်။ အစားကောင်းတွေ ထွက်စားကြတယ်။ ကျွန်မ အမြင်မှာတော့ ကျွန်မ အတန်းဖော်တွေက အချင်းချင်း လှည့်စားပြီး အသုံးပြုနေကြတာသက်သက်လိုပဲ။ စစ်မှန်တဲ့ ခင်မင်မှု မရှိဘူး။ ဒါတွေ အားလုံးကို ကျွန်မ ရွံသွားတယ်။ အဲဒီမှာ ကျောင်းတက်ရင်းနဲ့ လေးနှစ်ကြာပြီးရင် ကျွန်မ ဘယ်လိုပုံစံမျိုး ပြောင်းလဲသွားမယ်ဆိုတာကို မစဉ်းစားရဲဘူး။ အဲဒီအချိန်မှာ အိမ်မှာတုန်းက အသင်းတော်အသက်တာနဲ့ တခြားအသင်းသားတွေကို ကျွန်မ ပိုပြီးတော့တောင် လွမ်းလာတယ်။ ကျွန်မ ကောလိပ်ကနေထွက်ပြီး သူတို့ဆီကို အရမ်းကို ပြန်သွားချင်ခဲ့တယ်။

ကောလိပ်မှာ နောက်ထပ် သုံးလလောက် ရုန်းကန်ကြိုးစားခဲ့ရပြီး ဆောင်းရာသီ ကျောင်းပိတ်ရက် ရောက်လာတယ်။ ကျွန်မ အိမ်ပြန်ရောက်ရင် အမေနဲ့ ထိပ်တိုက်တွေ့ပြီး ကျွန်မ ကျောင်းထွက်တော့မယ်လို့ပြောဖို့ စိတ်ဆုံးဖြတ်ထားတယ်။ အိမ်ပြန်ရောက်တဲ့ ပထမနေ့မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို တီးတယ်။ “အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ” “’ချစ်ခြင်းမေတ္တာ‘ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ သင်ချစ်ပါက၊ လှည့်ဖြားမည် မဟုတ်၊ မကျေမနပ်ဖြစ်မည် မဟုတ်၊ သစ္စာဖောက်မည် မဟုတ်၊ ပုန်ကန်မည် မဟုတ်၊ အတင်းတောင်းဆိုမည် မဟုတ်၊ သို့မဟုတ် တစ်စုံတစ်ခုကို ရရှိဖို့၊ ပမာဏတစ်ခုခုကို ရရှိဖို့ ကြိုးစားမည် မဟုတ်ပေ။

‘ချစ်ခြင်းမေတ္တာ’ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ သင်ချစ်လျှင်၊ သင်သည် သင့်ကိုယ်သင် ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံလိမ့်မည်၊ အခက်အခဲကို ဝမ်းမြောက်ဝမ်းသာ ခံစားလိမ့်မည်။ သင်သည် ငါနှင့်သဟဇာတဖြစ်လိမ့်မည်၊ ငါ့အတွက် သင်၌ ရှိသမျှအားလုံးကို စွန့်လွှတ်လိမ့်မည်၊ သင်၏ မိသားစု၊ သင်၏ အနာဂတ်၊ သင်၏ ငယ်ရွယ်နုပျိုမှုနှင့် သင်၏ အိမ်ထောင်ရေးကို စွန့်လွှတ်လိမ့်မည်။ ထိုသို့မဟုတ်ပါက၊ သင်၏ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာ လုံးဝ ဖြစ်မည်မဟုတ်ဘဲ၊ လှည့်ဖြားခြင်းနှင့် သစ္စာဖောက်ခြင်းတို့သာ ဖြစ်ပေမည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ စိတ်အတွင်းထဲကို နှိုးဆွပေးခဲ့တယ်။ ကျွန်မ ပျော်ရွှင်မိတယ်။ ဒါပေမဲ့ နောင်တလည်း ရတယ်။ ကျွန်မရဲ့ တစ်ဘဝလုံး ဘုရားနောက်ကိုလိုက်ဖို့၊ ဘုရားသခင်ကို သိပြီး ချစ်မြတ်နိုးအောင် အားထုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာမှာ လှည့်စားခြင်း၊ သစ္စာဖောက်ခြင်းမရှိဘူး။ ကျွန်မက ဘုရားကို တကယ်ချစ်ခဲ့ရင် ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံပြီး အရာအားလုံးကို စွန့်လွှတ်မှာပဲ။ ဒါပေမဲ့ အားလုံးက စကားသက်သက်ပဲ ဖြစ်ခဲ့ပါတယ်။ တကယ်တမ်းကျတော့ ကျွန်မက ကျွန်မ မိသားစုနဲ့ သူတို့ရဲ့ ခံစားချက်တွေကိုပဲ စဉ်းစားခဲ့တာပါ။ ဘုရားသခင်ကို မချစ်ခဲ့ဘူး။ ဘုရားကို လှည့်စားပြီး သစ္စာဖောက်ခဲ့ပါတယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ “ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတန်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားနိုင်ရမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားနှုတ်ကပတ်တော်ထဲမှာ လူသားအပေါ် ဘုရားသခင်ရဲ့ မျှော်လင့်ချက်တွေကို ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မတို့ အသက်တာတွေမှာ ဘုရားသခင်ကို ဆုံတွေ့ရတာ အရမ်းရှားပါးပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက သခင့်ရဲ့ တပည့်တော်တွေက ဘုရားသခင်ကို ဆုံတွေ့ခဲ့ကြတယ်။ အခု ဘုရားသခင်က ကျွန်မကို သူ့နောက်ကိုလိုက်ဖို့၊ သူ့ကို သိကျွမ်းပြီး ချစ်ဖို့ ရှားပါးတဲ့ အခွင့်အရေးတစ်ခုကို ပေးနေခဲ့တာပါ။ ကျွန်မရဲ့ မိသားစု အနှောင်အဖွဲ့တွေကို မကျော်လွှားနိုင်ရင်၊ ကျွန်မ အမေ နာကျင်ခံစားရမှာကို ကြောက်နေရင်၊ ပြီးတော့ စာတန်ရဲ့ လောကီလမ်းကြောင်းကို ဆက်လိုက်နေရင် ကျွန်မရဲ့ အချိန်ကို ဖြုန်းသလို ဖြစ်မနေဘူးလား။ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုက ဘယ်လူသားကိုမှ မစောင့်ဘူး။ သူက ကမ္ဘာပေါ်မှာ အချိန်ခဏလောက်ပဲ အလုပ်လုပ်တာပါ။ ကျွန်မက ကျော်သွားခွင့်ပေးလိုက်ရင် ဘယ်တော့မှ ပြန်ရှာတွေ့မှာမဟုတ်ဘူး။ ကျွန်မ ပေတရုအကြောင်းကို စဉ်းစားမိတယ်။ သူ့မိဘတွေက သူ့ကို အရာရှိတစ်ယောက် ဖြစ်စေချင်တာ။ ဒါပေမဲ့ သူက မိသားစု အနှောင်အဖွဲ့တွေရဲ့ ချည်နှောင်မှုကို မခံရဘူး။ ဘုရားသခင်နောက်လိုက်ဖို့ ရွေးချယ်ခဲ့ပြီး ဘုရားကို ချစ်ဖို့ အားထုတ်ခဲ့တယ်။ သခင်က စုံလင်အောင်ပြုလုပ်ပေးခြင်းကို ခံရတယ်။ ကျွန်မက ပေတရုနဲ့ နှိုင်းယှဉ်လို့ မရပေမဲ့ သူ လုပ်ခဲ့သလိုပဲ ဘုရားကို သိပြီး ချစ်ဖို့ အားထုတ်ရမယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ဒါက အဓိပ္ပာယ်အရှိဆုံး အသက်တာဖြစ်မှာပဲ။ အဲဒီနောက်မှာ ကျွန်မ မိသားစု အနှောင်အဖွဲ့တွေရဲ့ ချည်နှောင်ခြင်းကို မခံရတော့ဘဲ ဒီတစ်ခါတော့ ဘုရားကို ကျေနပ်အောင်ပြုလုပ်ဖို့အတွက် ရွေးချယ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။

ကျောင်းပြန်စမဖွင့်ခင် တစ်ရက်မှာ ကျွန်မ ပြန်မသွားတော့ဘူးဆိုတာကို အမေ့ကို လေးလေးနက်နက် ပြောလိုက်တယ်။ သူက ကျွန်မကို ဆူတယ်။ “ဘုရားအတွက် နင်က ကျောင်းထွက်ချင်တယ်ဆိုတာ ငါ သိတယ်။ ဒါပေမဲ့ မရဘူး။ ဒီတော့ အဲဒီ စိတ်ကူးကို မေ့သာပစ်လိုက်တော့” ဆိုပြီး ပြောတယ်။ ကျွန်မက ပြောတယ်။ “ဘုရားသခင်က သမီးတို့အားလုံးကို ပြုလုပ်ခဲ့တာပါ။ ဘုရားကို သမီးတို့ ကိုးကွယ်သင့်တယ်။ ဒါက မှန်ကန်ပြီး သင့်လျော်မှုရှိတယ်။” “သမ္မာကျမ်းစာကလည်း သမီးတို့ကို သွန်သင်တယ်။ ‘လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။’ (ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၂:၁၅) ဘုရားသခင်ကို ယုံကြည်သူတွေက အနာဂတ်မျှော်လင့်ချက်တွေနောက်ကိုလိုက်ဖို့ လောကီလမ်းကြောင်းကို မလျှောက်သင့်ဘူး။ ဒါက ဘုရားအလိုတော်မဟုတ်ပါဘူး။ သမီးက ဘုရားနောက်ကိုလိုက်ပြီး သမီးရဲ့တာဝန်ကို ထမ်းဆောင်ချင်တယ်” ဆိုပြီးတော့။ အဲဒီမှာ ကျွန်မ အမေကပြောတယ်။ “တခြားမိသားစုတွေက အမေတို့ထက် ပိုပြီး ပိုက်ဆံရှိတယ်။ သူတို့ဆန္ဒရှိရင် သူတို့တွေက သခင်ကို အစေခံရင်းနဲ့ အချိန်ကုန်လို့ရတယ်။ သမီးအဖေက ငယ်ငယ်လေးနဲ့ သေသွားတာ။ အမေတို့မှာ ပိုက်ဆံမရှိဘူး။ ပြီးတော့ အမေတို့ အမျိုးတွေက အမေတို့ကို အထင်သေးတယ်။ ဒီနှစ်တွေအားလုံးမှာ အမေက ဘာတွေ ဒုက္ခခံခဲ့ရလဲ။ သမီး ကောလိပ်တက်နိုင်အောင်လို့၊ အောင်မြင်အောင်လို့၊ ကောင်းမွန်တဲ့ဘဝကို ရဖို့ လုပ်ခဲ့တာလေ။ အရမ်း ခက်ခဲခဲ့တာ။ သမီးက ပန်းတိုင်ရောက်ခါနီးနေပြီ။ ဒါပေမဲ့ ပြိုင်ပွဲကနေ ထွက်ချင်နေတယ်။ အမေ့ကို ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး ခံစားရအောင် လုပ်တာလဲ။” တဲ့။ သူက ဒီလိုပြောတော့ ကျွန်မ အားလျော့လာတယ်။ ကျွန်မ တွေးမိတယ်။ “သူပြောတာ မှန်တယ်။ ငါ ကောလိပ်တက်ရင် အလုပ်ကောင်းကောင်းရပြီး ပိုက်ဆံတွေရှိမယ်။ အမေလည်း အထင်သေးခံရမှာမဟုတ်တော့ဘူး။” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားမိတယ်။ “ငါက ကောင်းမွန်တဲ့ ရုပ်ဝတ္ထုပစ္စည်း ဘဝကို နေနိုင်ပြီး သူများတွေ အထင်ကြီးတာ ခံရနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှု ပြီးသွားတဲ့အခါမှာ ဒီ စာတန်ရဲ့ ကမ္ဘာက ဖျက်ဆီးခံရပြီး ခရစ်တော်ရဲ့ နိုင်ငံတော်သာ ကျန်ရစ်ခဲ့လိမ့်မယ်။ ပျော်ရွှင်ခံစားမှုတွေနဲ့ ဝင့်ကြွားမှုတွေက အငွေ့လို ပျံလွင့်သွားမှာပဲ” ပေါ့။ အဲဒါနဲ့ ကျွန်မက အမေ့ကို ပြောလိုက်တယ်။ “သမီးတို့က ကမ္ဘာမှာ ဧည့်သည်သက်သက်ပါ။ သမီးတို့က ဘယ်လောက်ပဲ ကောင်းကောင်း နေထိုင်ပါစေ၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုက ပြီးဆုံးသွားတဲ့အခါမှာ ကပ်ဘေးကြီးတွေ ရောက်လာလိမ့်မယ်။ သမီးတို့ရဲ့ အသက်တွေ ဖျက်ဆီးခံရမယ်။ ပိုက်ဆံက ဘာမှ ထူးခြားအောင် လုပ်ပေးမှာမဟုတ်ဘူး။” “သခင်ယေရှု ပြောခဲ့သည်မှာ- ‘လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။’ (ရှင်မဿဲခရစ်ဝင်း ၁၆:၂၆)” ကျွန်မအမေက ဝင်ဖြတ်ပြီး ပြောတယ်။ “သမီးက ဘုရားကို ယုံကြည်တာကို အမေ မကန့်ကွက်ပါဘူး။ အရမ်းကြီး အလေးအနက်မထားနဲ့ပေါ့။ ဘုရားကို ယုံကြည်တာ ရတယ်။ ဒါပေမဲ့ လောကီဘက်ကို မစွန့်လွှတ်နဲ့လေ။ မဟုတ်ရင် ဘယ်လိုလုပ် ပျော်ရွှင်တဲ့ဘဝကို ရမှာလဲ။ အမေက ပိုက်ဆံမရဘဲ သမီးတို့နှစ်ယောက်ကို ဘယ်လို ပြုစုပျိုးထောင်ခဲ့နိုင်မှာလဲ” တဲ့။ သူက ဒီလိုပြောတော့ သူ့ရဲ့ ယုံကြည်မှုက စကားတွေသက်သက်ပဲဆိုတာ ကျွန်မ သတိပြုမိခဲ့တယ်။ သူက ခြံစည်းရိုးကို ခွထားတာပါ။ ဘုရားသခင်ဆီကရော၊ လောကီကပါ ကောင်းချီးတွေကို လိုချင်နေတာ။ ကျွန်မက ဆက်ပြောတယ်။ “ဘုရားသခင်ရဲ့ ကောင်းချီးမပါဘဲနဲ့ လူတွေက ဘယ်လောက် အလုပ်ကြိုးစားကြိုးစား ပိုက်ဆံမရနိုင်ဘူး။ သမီးတို့တွေက ဘဝမှာပိုက်ဆံ ဘယ်လောက်ရှိတယ်ဆိုတာ ဘုရားက ဆုံးဖြတ်တာပါ။ ပြီးတော့သမ္မာတရားမရှိရင် ဘာပဲဖြစ်ဖြစ် အားလုံးက အဓိပ္ပာယ်မရှိဖြစ်မှာပဲ။” ဆိုပြီးတော့။ ဒါပေမဲ့ သူက နားမထောင်ဘဲ ကျွန်မရဲ့ ဆန္ဒတွေကို ဆန့်ကျင်ဖို့ပဲ စိတ်က ခိုင်မာနေတယ်။ နောက်တော့ သူက ကျွန်မရဲ့ အစ်မဝမ်းကွဲနဲ့ အဒေါ်ကို ခေါ်ပြီး ကျွန်မကို စကားပြောဖို့ သူတို့ကို ခိုင်းတယ်။ ကျွန်မအမေက လုံးဝ သဘောထားမပြောင်းလဲတာကို မြင်ရတော့ ကျွန်မ တော်တော်စိတ်ညစ်မိတယ်။ “သူ ဘာလို့များ နားမလည်တာလဲ” ဆိုပြီး စဉ်းစားမိတယ်။ နောက်ထပ် ဘာဖြစ်လာမယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး။ အဲဒါနဲ့ ဘုရားသခင်ကို ကျွန်မ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ဘာပဲလာလာ ကျွန်မ ခိုင်မာစွာ ရပ်တည်အောင် ပြုလုပ်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။

ကျွန်မအမေက သူရှာနိုင်သမျှ အမျိုးတွေအားလုံးကို အိမ်ကို ခေါ်လာတယ်။ ကျွန်မ ဦးလေးက ရောက်လာတာနဲ့ တစ်ပြိုင်နက် စိတ်ဆိုးမာန်ဆိုးနဲ့ပြောတယ်။ “ဒီ ဘုရားအကြောင်းတွေက ဘာတွေလဲ။ နင်က အရမ်းအယူသီးရအောင် ငယ်လွန်းပါသေးတယ်။” တဲ့။ ကျွန်မ အဒေါ်က ပြောတယ်။ “နင့်အမေက နင့်အတွက် အကောင်းဆုံး ဖြစ်စေချင်တာပါ” တဲ့။ ဒါနဲ့ပတ်သက်ပြီး သူတို့အားလုံးက ကျွန်မကို ခဏခဏပြောကြတယ်။ သူတို့တွေက ဘုရားမဲ့ဝါဒီတွေဖြစ်ပြီး ကျွန်မပြောတာကို နားထောင်မှာမဟုတ်ဘဲ ကျွန်မက တစ်ခုခုပြောလိုက်ရင် ဘုရားကိုတောင် ပိုပြီး စော်ကားကြမှာဆိုတာကို ကျွန်မသိလို့ ဘာမှ မပြောခဲ့ဘူး။ ကျွန်မ ဦးလေးက ရုတ်တရက် လှည့်ပြီး ကျွန်မ အမေကို ပြောလိုက်တယ်။ “သူက ကပ်ဘေးတွေထဲမှာ သေမှာကိုကြောက်လို့ ဘုရားကို ယုံတာပဲ။ ဒီတော့ ကပ်ဘေးမတိုင်ခင်မှာ သူ့ကို သေခိုင်းလိုက်။ ရဲတွေခေါ်ပြီး သူ့ကို လျှပ်စစ်တုတ်တွေနဲ့ ရိုက်ခိုင်းလိုက်။ အဲဒီမှာ သူ ယုံသေးလား ကြည့်ကြည့်တာပေါ့” တဲ့။ ကျွန်မရဲ့ ဦးလေးကိုယ်တိုင်က ဒီလိုမျိုးပြောလိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိဘူး။ “ဒါ ငါ့အမျိုးလား၊ နတ်ဆိုးတစ်ကောင်လား” ဆိုပြီး စဉ်းစားမိတယ်။ ကျွန်မ အံ့သြသွားရတာက ကျွန်မအမေက သူတို့ဘက်ကနေပြီး ဝင်ပြောတယ်။ “သူ့ကို ဆုံးမပဲ့ပြင်ဖို့ လိုတယ်။ သူက တော်တော်ကို စကားနားမထောင်တာပဲ” တဲ့။ အမေက သူတို့ဘက်ကနေပြီး ကျွန်မရဲ့ ယုံကြည်မှုကို စွန့်လွှတ်အောင် အတင်းအဓမ္မလုပ်ဖို့ လိုလားနေတာကို မြင်ရတော့ ကျွန်မ နှလုံးသား ကြေကွဲခဲ့ရတယ်။ အဲဒီမှာ ကျွန်မရဲ့ အစ်မဝမ်းကွဲက ထပြောတယ်။ နင်က ယုံကြည်နေတာကို “ရပ်ပြီး ကောလိပ်ကျောင်းပြီးဖို့ အာရုံစိုက်ရင် ငါတို့အားလုံး နင့်ကို ကူညီမယ်။ နင့်အမေကို ငါတို့ ဂရုစိုက်မယ်။ နင့်ညီမ အလုပ်ကောင်းကောင်းရအောင် ကူညီပေးမယ်။ ဒါပေမဲ့ နင်က ဆက် ယုံကြည်နေရင် နင့်မိသားစုနဲ့ အဆက်အသွယ်လုံးဝ ဖြတ်ပစ်မယ်။ အဲဒီကနေစပြီး ဘာပဲဖြစ်ဖြစ် နင်တို့တွေ တစ်ယောက်မှကို မကူညီတော့ဘူး။ အမျိုးမတော်တော့ဘူး။ သေချာစဉ်းစားပါ” ဆိုပြီးတော့ ပြောတယ်။ သူက ကျွန်မ ခရစ်တော်နောက်မလိုက်အောင် သွေးဆောင်ဖြားယောင်းချင်တာ။ ပြီးတော့ ကျွန်မ အထက်တန်းကျောင်းတက်နေတဲ့ တစ်ချိန်လုံးမှာ ဘယ်သူကမှ ကျွန်မတို့ကို မကူညီခဲ့ဘူး။ အခု ကျွန်မက ဘုရားနောက်ကိုလိုက်ပြီး မှန်ကန်တဲ့လမ်းကို လျှောက်ချင်တဲ့အခါကျတော့ သူတို့အားလုံးက ကျွန်မကို လာပြီး တားဆီးကြတယ်။ ကျွန်မကို သွေးဆောင်ဖို့ “ကောင်း” တဲ့ စကားတွေကိုပြောကြတယ်။ ဒါ စာတန်ရဲ့ အကြံအစည်ပါ။ ကျွန်မက အမိခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးတယ်။ “ငါက တကယ်ကို ကောလိပ်ပြန်မတက်ရင် ငါ့အမေက တော်တော်ခံစားရမှာ။ သူက တော်တော် ဒုက္ခခံခဲ့ရပြီးပြီ။ ငါက သူ့ကို ပိုပြီးတော့တောင် နာကျင်ခံစားရစေရင် ငါဘယ်လိုနေနိုင်မှာလဲ။” ပေါ့။ အဲဒီမှာ ကျွန်မ ဘုရားဆီကို တိတ်တဆိတ်ဆုတောင်းခဲ့ပါတယ်။ “အဖ ဘုရားသခင် ကျွန်မ ကိုယ်တော့်ကို ပစ်မသွားချင်ပါဘူး။ ကိုယ်တော့်နောက်ကိုလိုက်ပြီး သမ္မာတရားကို လိုက်စားတာဟာ မှန်ကန်တဲ့လမ်းဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မအမေကို စဉ်းစားလိုက်တဲ့အခါမှာ စိတ်က ဒွိဟဖြစ်နေပါတယ်။ ကျွန်မ ဘာလုပ်ရမှန်းမသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီတော်မူပါ” ဆိုပြီး ပြောခဲ့တယ်။ နောက်ကျတော့ ဒီလိုပြောထားတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်။ “လူတစ်ဦး ဒုက္ခခံရမည့် ပမာဏနှင့် ၎င်း၏ လမ်းကြောင်းအပေါ် ၎င်း လျှောက်လှမ်းရမည့် အကွာအဝေးကို ဘုရားသခင်က စီမံထားပြီး မည်သူမျှ အခြားတစ်ဦးတစ်ယောက်ကို တကယ် မကူညီနိုင်ဟု ငါ အမြဲ ယုံကြည်ထားသောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်မ ရုတ်တရက် နားလည်သွားတယ်။ “ဟုတ်တယ်” ဆိုပြီး တွေးမိတယ်။ “လူတစ်ယောက်ချင်းစီက ဘယ်လောက် ဒုက္ခခံရမယ်ဆိုတာ ဘုရားသခင်က ဆုံးဖြတ်တာ။ ငါတို့အပေါ် မူတည်တာမဟုတ်ဘူး။ ပြီးတော့ ပိုက်ဆံတွေအများကြီးရှာပြီး အမေ့ကို ပေးလိုက်ရုံနဲ့ အမေ ခံစားနေရတာတွေ ရပ်သွားအောင် ငါ လုပ်လို့မရပါဘူး။ ငါတို့ရဲ့ နာကျင်ခံစားမှုရဲ့ အရင်းအမြစ်က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးမှုပဲ။ ငါတို့အထဲမှာရှိတဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ ကြမ်းတမ်းတဲ့ လိုအင်ဆန္ဒတွေကြောင့်ပဲ။ လူတွေက ဘုရားကို အခု မကိုးကွယ်ဘူး၊ သန့်စင်ခံရဖို့အတွက် သူ့ရဲ့ တရားစီရင်မှုကို လက်မခံဘူးဆိုရင် သူတို့က နာကျင်ခံစားမှုတွေကနေ ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး။” “ဒါပေမဲ့ လူတွေက ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားရင် သူတို့ဘဝက ခက်ခဲရင်တောင်မှ ဘုရားသခင်နဲ့ ဘုရားကောင်းချီးတွေနဲ့ဆိုရင် အပျော်ဆုံး ဘဝကို သူတို့ ရမှာပါ။” စာကြိုးစားတာ၊ ပိုက်ဆံတွေ အများကြီးရတာ၊ သူများတွေရဲ့ လေးစားမှုကို ရတာတွေက ကျွန်မအမေရဲ့ ဒုက္ခကို သက်သာစေမှာပဲလို့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒါက အဓိပ္ပာယ်မရှိဘူး။ စာတန်ရဲ့ ထောင်ချောက်ထဲကို ကျွန်မ သက်ဆင်းလုနီးနီးဖြစ်ခဲ့တာ။ ဒီလိုစဉ်းစားမိပြီး ကျွန်မရဲ့ စိတ်ပြတ်သားမှုက ပိုကောင်းလာတယ်။ သူတို့တွေ ဘုရားသခင်ကို ဘယ်လိုပဲ စော်ကားပြီး အသရေဖျက်ပါစေ ဘုရားရှေ့မှာ ကျွန်မရဲ့ စိတ်နှလုံးက ငြိမ်သက်နေဆဲပဲ။ အဲဒီတစ်ချိန်လုံးမှာ ဘုရားကိုပဲ ခေါ်နေမိခဲ့တယ်။ ကျွန်မ ဘာမှမပြောတာကို မြင်တော့ ကျွန်မအမေက တော်တော်စိတ်ဆိုးသွားတယ်။ သူက ကျွန်မကို တွန်းထိုးပြီး အိပ်ရာပေါ်ကနေ အောက်ကို တွန်းချလိုက်တယ်။ သူက ကျွန်မကို ဒီလိုလုပ်ရက်တာကို ကျွန်မ အံ့အားသင့်သွားတယ်။ ကျွန်မ တော်တော်ကို စိတ်မကောင်းဖြစ်ပြီး စပြီး ငိုမိတယ်။ ဒါပေမဲ့ အဲဒီတစ်ချိန်လုံးမှာ ဘုရားသခင်ဆီကိုပဲ တိတ်တိတ်လေး ဆုတောင်းနေခဲ့ပါတယ်။ ဘုရားသခင်အတွက် ကျွန်မ သက်သေရပ်တည်နိုင်ပြီး လက်မလျှော့ဖို့အတွက် ကျွန်မရဲ့ စိတ်နှလုံးကို သန်မာစေဖို့ ဘုရားကို တောင်းလျှောက်တယ်။ သခင်က တစ်ချိန်တုန်းက ပြောခဲ့တာကို ကျွန်မ စဉ်းစားမိတယ်။ “အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။” (ရှင်မဿဲခရစ်ဝင်း ၁၀:၃၈) ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ်။ “ငါ့အတွက် ၎င်းတို့ဘဝတစ်ခုလုံးကို အသုံးခံဖို့ ၎င်းတို့၏ စိတ်ဆန္ဒကို အကောင်အထည်ဖော်ဖို့ရန်ဖြစ်သော ယခု ၎င်းတို့ ရွေးချယ်သည့် သမ္မာတရားလမ်းခရီးတစ်လျှောက် ရှေ့ဆက်ရန် ဇွဲလုံ့လရှိသင့်သည်။ ၎င်းတို့သည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကိုလည်း မသိုထားသင့်ပေ- မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။ ၎င်းတို့သည် မျောပါသွားရုံသက်သက် မဖြစ်သင့်ဘဲ၊ တရားမျှတမှုနှင့် သမ္မာတရားအတွက် စွန့်လွှတ်မှုများ ပြုရသည့် စိတ်ဓာတ်နှင့် ရုန်းကန်ရဲသည့် စိတ်ဓာတ်တို့ ရှိသင့်သည်။ လူငယ်များအနေဖြင့် အမှောင် အင်အားစု၏ ဖိနှိပ်မှုကို အရှုံးမပေးရန်နှင့် ၎င်းတို့ ဖြစ်တည်ခြင်း၏ အဓိပ္ပါယ်ကို ပြောင်းလဲပစ်ရန် သတ္တိရှိသင့်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်မ ရွေးချယ်ထားတဲ့လမ်းကိုပဲ ဆက်လျှောက်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်း၊ ခွန်အားနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပေးခဲ့ပါတယ်။

ကျွန်မအမေက ဈေးမှာရှိတဲ့ သူ့အလုပ်ဆီကို မသွားဘဲ ကျွန်မနဲ့ ကျွန်မရဲ့ ညီမကို သိမ်းငှက်တစ်ကောင်လို စောင့်ကြည့်ဖို့ အိမ်မှာပဲ နေတယ်။ ကျွန်မရဲ့ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေနဲ့ ဓမ္မတေးသီချင်း ကက်ဆက်ခွေတွေကို ရှာဖို့ သူက ကျွန်မ ပစ္စည်းတွေကို ရှာဖွေပြီးတော့ စိတ်ဆိုးဆိုးနဲ့ ပြောတယ်။ “အခုကစပြီး နင်တို့တွေ ဘယ်သူမှ ဝတ်ပြုအစည်းအဝေးတွေကို သွားခွင့်မပေးဘူး။ ဘယ်သွားသွား ငါ နင်တို့နဲ့ နေမှာ။ နင်တို့ရဲ့ ဝတ်ပြုအစည်းအဝေးနေရာကို ရှာမှာ။” တဲ့။ ကျွန်မက အိမ်တွင်း အကျယ်ချုပ်ကျနေသလို ခံစားခဲ့ရတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အိမ်မှာ လွတ်လပ်မှု ဆုံးရှုံးခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လို့မရဘူး။ ကျွန်မ ညီမကို ကျွန်မတို့ ယုံကြည်မှုအကြောင်းကို မပြောရဲခဲ့ဘူး။ အသင်းတော်အသက်တာကို နေထိုင်ဖို့ဆိုတာ ပိုဆိုးတယ်။ တော်တော် စိတ်သောကရောက်ခဲ့ရတာပါ။ ကျွန်မက ဘုရားသခင်ဆီကိုပဲ ဆက်ပြီး ဆုတောင်းနေခဲ့တယ်။ ကျွန်မတို့ကို လွတ်လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ သုံးလေးရက်လောက်ကြာတော့ ကျွန်မအမေက အိမ်သာထဲရောက်နေတယ်။ အဲဒါနဲ့ ကျွန်မညီမက ကျွန်မကို ကူညီပေးပြီး ကျွန်မက ကျွန်မရဲ့ ဘုရားနှုတ်ကပတ်တော်စာအုပ်နဲ့ ဓမ္မတေးသီချင်း ကက်ဆက်ခွေတွေကို ယူပြီး ကျွန်မတို့ အသင်းတော်ခေါင်းဆောင်ဖြစ်တဲ့ အစ်မတန်ရဲ့ အိမ်ဆီ အမြန်ပြေးသွားခဲ့ပါတယ်။ ဖြစ်ပျက်ခဲ့တာတွေနဲ့ အဲဒါတွေနဲ့ပတ်သက်ပြီး ကျွန်မရဲ့အမြင်ကို သူ့ကို ပြောပြခဲ့တယ်။ “ကျွန်မက ဘုရားသခင်နောက်လိုက်တာဟာ ကယ်တင်ခြင်းဆီရောက်တဲ့ အလင်းလမ်းကြောင်းပဲဆိုတာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မသိပါတယ်။ ဘုရားအိမ်တော်မှာ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ချင်တယ်။ ဒါပေမဲ့ ကျွန်မအမေက ကျွန်မကို တားနေတယ်။ ကျွန်မ ညီမနဲ့ ကျွန်မက ဝတ်ပြုအစည်းအဝေးတွေ တက်လို့မရဘူး။ ကျွန်မတို့အပေါ် ဒါတွေအားလုံး ဘာလို့ဖြစ်နေတာလဲ” ဆိုပြီး ပြောလိုက်တယ်။ အဲဒီမှာ အစ်မတန်က စိတ်ရှည်လက်ရှည်နဲ့ မိတ်သဟာယဖွဲ့တယ်။ “မိသားစုဝင်တွေဆီက ဖိအားက တကယ်တမ်းက ဝိညာဉ်ရေးလောကမှာ တိုက်ပွဲတစ်ခုပါပဲ။ ကျွန်မတို့က ဘုရားသခင်အတွက် အသုံးခံချင်တယ်။ ဒါပေမဲ့ စာတန်က ကျွန်မတို့ကို တားဆီးဖို့အတွက် ကျွန်မတို့ မိသားစုတွေကို အသုံးပြုတယ်။ ကျွန်မတို့ကို တိုက်ခိုက်ဖို့ ကျွန်မတို့ အားနည်းချက်တွေကို အသုံးပြုတယ်။ ဒါဟာ ကျွန်မတို့တွေ ကယ်တင်ခြင်းမခံရအောင်လို့ပေါ့။ စာတန်ရဲ့ အကြံအစည်တွေကို ထိုးဖောက်မြင်နိုင်အောင်လို့ ဘုရားသခင်ကို ကျွန်မတို့ အားကိုးသင့်ပါတယ်။” ဆိုပြီးတော့ ပြောပြတယ်။ အဲဒီနောက်မှာ သူက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်ပြတယ်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်မက ဒီ မှောင်မိုက်ပြီး ဆိုးယုတ်တဲ့ ကမ္ဘာမှာ ခရစ်တော်နောက်ကို လိုက်ချင်ရင် လွယ်ကူမှာမဟုတ်ဘူးဆိုတာ ဒီနှုတ်ကပတ်တော်တွေက ကျွန်မကို ပြသခဲ့ပါတယ်။ ဝိညာဉ်ရေးတိုက်ပွဲတွေ၊ ခက်ခဲတဲ့ ရွေးချယ်မှုတွေနဲ့ ပြည့်နေမှာပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ အခုအချိန်မှာ လူတွေကို သန့်စင်ခြင်း၊ ကယ်တင်ခြင်းနဲ့ပတ်သက်တဲ့၊ နောက်ဆုံးအဆင့်၊ အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ တရားစီရင်ခြင်းအမှုကို ပြုနေပါတယ်။ လူတိုင်း ဘုရားရဲ့ သမ္မာတရားနဲ့ အသက်ကိုရဖို့၊ ကယ်တင်ခံရပြီး အသက်ရှင်ကျန်ရစ်ဖို့ ဘုရားသခင်က မျှော်လင့်တယ်။ ဒါပေမဲ့ သူက လူတွေကို အတင်းအဓမ္မ မလုပ်ခိုင်းဘဲ ကိုယ့်ဘာသာကိုယ် ရွေးချယ်စေတယ်။ ကျွန်မအမေက ကျွန်မကို စာသင်ဖို့၊ အောင်မြင်ဖို့အတွက် ကောလိပ်တက်စေချင်တယ်။ ဒါပေမဲ့ သူက သမ္မာတရားကို နားမလည်ခဲ့ဘူး။ စာတန်ရဲ့အဆိပ်တွေရဲ့ လှည့်စားခြင်းကို သူခံရပြီး အဲဒီလို လိုက်စားခြင်းရဲ့ အနှစ်သာရမဲ့မှုကို မမြင်နိုင်ခဲ့ဘူး။ သူပြောတာကို ကျွန်မ နားထောင်ပြီး မှားယွင်းတဲ့လမ်းကြောင်းကို ရွေးချယ်လိုက်လို့ မဖြစ်ပါဘူး။ အစ်မတန်က ဆက်ပြောတယ်။ “အသိပညာနောက်လိုက်ရတာဟာ ဘယ်လောက် အဓိပ္ပာယ်မဲ့လဲဆိုတာကို ညီမကမြင်ပြီး ဘုရားသခင်အတွက် အသုံးခံဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ သမ္မာတရားကို လိုက်စားတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်။ ဒါက ဘုရားသခင်အတွက် လက်ခံနိုင်စရာဖြစ်ပါတယ်။ ဒါပေမဲ့ ဘဝမှာ ညီမရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်တာဟာ ညီမအပေါ်မှာပဲ မူတည်တယ်။ ညီမ ဆုတောင်းပြီး ပိုပြီးတော့ ရှာဖွေသင့်တယ်။” တဲ့။ ကျွန်မက စဉ်းစားတယ်။ “ဟုတ်တယ်။ ငါက ခရစ်တော်နောက်လိုက်ဖို့ စိတ်ဆုံးဖြတ်ထားနိုင်ပေမဲ့ ငါ့အမေက ငါ့ကို သိမ်းငှက်တစ်ကောင်လို စောင့်ကြည့်နေပြီး ငါတို့ စည်းဝေးတဲ့နေရာကို ရှာချင်တယ်လို့ ပြောတယ်။ ငါ ကောလိပ် ပြန်မတက်ရင် သူက ညီအစ်ကို မောင်နှမတွေကို သေချာပေါက် ဒုက္ခပေးမှာပဲ” ပေါ့။ အဲဒါနဲ့ ကျွန်မ ကောလိပ်ပြန်တက်ပါမယ်ဆိုပြီး သူ့ကို ပြောခဲ့တယ်။

ကောလိပ်ကိုရောက်တော့ ကျွန်မ စာသင်တာကို ဆိုင်းငံ့ပေးဖို့ လျှောက်တော့ လက်ခံလိုက်တယ်။ လက်မခံဘူး။ သူက ငိုပဲငိုပြီး သူ ဘယ်လို ဒုက္ခခံခဲ့ရတာတွေ၊ ကျွန်မနဲ့ ကျွန်မညီမကို ပြုစုပျိုးထောင်ရတာ ဘယ်လောက်ခက်တာတွေကို ပြောတယ်။ သူ ဒီလိုဖြစ်နေတာကို မြင်ရတော့ ကျွန်မ စိတ်မကောင်းဖြစ်သွားပြီး စဉ်းစားမိတယ်။ “ငါ့အမေက ငါတို့ကို ပြုစုပျိုးထောင်ဖို့ တော်တော်ကို ရုန်းကန်ခဲ့ရပြီး ငါက သူ့ကို ကျေးဇူးပြန်မဆပ်ရသေးဘူး။ သူဖြစ်စေချင်တာကို မလုပ်ရင် ငါက တော်တော် ကျေးဇူးမသိတတ်တဲ့ သမီးတစ်ယောက် ဖြစ်မနေဘူးလား” ပေါ့။ ကျွန်မ ဘုရားသခင်ကို အမြန်ဆုတောင်းပြီး ပြောလိုက်တယ်။ “အဖ ဘုရားသခင် ကျွန်မ ဘာလုပ်သင့်လဲ။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီတော်မူပါ” ဆိုပြီးတော့။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က စိတ်ထဲပေါ်လာတယ်။ “နွေဦး၏ နွေးထွေးမှုရောက်ရှိကာ ပန်းများ ပွင့်လန်းချိန်၊ ကောင်းကင်အောက်ရှိ အရာအားလုံးသည် အစိမ်းရောင်ဖြင့် ဖုံးလွှမ်းခံရကာ မြေကြီးပေါ်ရှိ အရာခပ်သိမ်း နေရာတကျရှိသည့်အချိန်တွင်၊ လူအားလုံးနှင့် အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်ကြမည်ဖြစ်ပြီး ထိအချိန်တွင် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏အမှုအားလုံး အဆုံးသတ်လိမ့်မည်။ ဘုရားသခင်၏ ကြီးမြတ်သော အမှုသည် ပြီးမြောက်ပြီးဖြစ်လိမ့်မည် ဖြစ်သည့်အတွက်၊ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် အမှုပြုတော့မည်မဟုတ်၊ သို့မဟုတ် အသက်ရှင်တော့မည် မဟုတ်ပေ။ လူတို့သည် ဤတိုတောင်းသော အချိန်အတွက်၊ ၎င်းတို့၏ဇာတိပကတိကို မေ့ထားနိုင်စွမ်း မရှိသလော။ မည်သည့်အရာများက လူသားနှင့် ဘုရားသခင်ကြားက ချစ်ခြင်းမေတ္တာကို ခွဲခြမ်းနိုင်သနည်း။ လူသားနှင့် ဘုရားသခင်ကြားက ချစ်ခြင်းမေတ္တာကို မည်သူသည် တခြားစီ ဆွဲဖြဲနိုင်သနည်း။ မိဘများ၊ ခင်ပွန်းများ၊ ညီအစ်မများ၊ ဇနီးများ သို့မဟုတ် နာကျင်ဖွယ်ရာ စစ်ဆေးမှုလော။ လူသားတွင်းရှိ ဘုရားသခင်၏ပုံရိပ်ကို အသိစိတ် ခံစားချက်များက ဖယ်ရှားပစ်နိုင်သလော။ လူတို့ အချင်းချင်းအပေါ် ကျေးဇူးတင်ရှိမှုနှင့် လုပ်ရပ်များသည် ၎င်းတို့ကိုယ်တိုင်၏ လုပ်ဆောင်ချက်လော။ ၎င်းတို့ကို လူသားက ပြုပြင်နိုင်သလော။ မည်သူသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်သနည်း။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ထောက်ပံ့ပေးနိုင်သလော။ ဘဝတွင် သန်မာသူများမှာ အဘယ်သူများဖြစ်သနည်း။ မည်သူသည် ငါ့ကို စွန့်ခွာပြီး၊ မိမိတို့ဘာသာ အသက်ရှင်နိုင်သနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားသခင်ဟာ ကျွန်မတို့ တစ်ယောက်ချင်းစီတိုင်းကို အုပ်စိုးပြီး ကြိုတင်စီမံတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ပြသခဲ့ပါတယ်။ ကျွန်မရဲ့ အမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ ပုံစံရှိပေမဲ့ တကယ်တမ်းကတော့ ကျွန်မတို့ ဘဝတွေက ဘုရားသခင်ဆီကနေ လာတာပါ။ ကျွန်မတို့ကို ထောက်ပံ့ပေးပြီး ပျိုးထောင်တာက ဘုရားသခင်ပါ။ သားသမီးတွေကို ပြုစုပျိုးထောင်တာက မိဘတွေ ထမ်းဆောင်ရတဲ့ ဝတ္တရားတစ်ခုပဲဖြစ်ပြီး ဘယ်သူက ဘယ်သူ့အပေါ်မှ အကြွေးမတင်ပါဘူး။ ဘုရားသခင်က ကျွန်မ သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့အတွက် သူ့ရှေ့မှောက်ကို ကျွန်မကို ခေါ်ဆောင်ဖို့ ကျွန်မ လိုအပ်သမျှကို ထောက်ပံ့ပေးခဲ့ပြီး လူတွေ၊ အကြောင်းအရာတွေ မျိုးစုံကို စီစဉ်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းက အရမ်းကို ကြီးမြတ်ပါတယ်။ ဘုရားသခင်ဆီကနေ ကျွန်မ အများကြီး ခံစားခဲ့ပေမဲ့ သူ့ကို လုံးဝ ပြန်မပေးဆပ်ရသေးဘူး။ ဖြစ်ပျက်ခဲ့တဲ့အရာကြောင့် ကျွန်မ ဘုရားသခင်ကို ပေးခဲ့တဲ့ ကတိက လှည့်စားမှုတစ်ခု ဖြစ်သွားခဲ့တယ်။ ကျွန်မ အကြွေးတင်တာဟာ ဘုရားသခင်၊ ဖန်ဆင်းရှင်ဖြစ်ပါတယ်။ သခင်ယေရှုရဲ့ အမှုတော်လိုပဲ ကမ္ဘာပေါ်မှာ ဘုရားသခင်ရဲ့ လက်ရှိအမှုတော်က ဘယ်လောက် တိုတောင်းတယ်ဆိုတာကို စဉ်းစားကြည့်ရင် သူ့ရဲ့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့အတွက် ဒီ ရှားပါးတဲ့ အခွင့်အလမ်းကို ကျွန်မ ချစ်မြတ်နိုးရမယ်။ ခရစ်တော်နောက်ကို လိုက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲ အဖြစ်အပျက်တွေက မမျှော်လင့်ဘဲ ပြောင်းလဲသွားခဲ့တယ်။ ကျွန်မက အတန်းမတက်တာတွေ အရမ်းများနေရင် ကျောင်းထုတ်ခံရမယ်ဆိုတာကို အမေက ကြားပြီးတော့ ကျွန်မ ကောလိပ်တက်လို့ မရတော့မှာကို သူ စိုးရိမ်ပြီး ကျွန်မ အိမ်ပြန်လာဖို့ကို သဘောတူခဲ့တယ်။ ကျွန်မ အိမ်ပြန်ရောက်တဲ့အခါ သူက ကျွန်မကို သတိပေးတယ်။ “နင် ဘုရားကို မယုံကြည်ရတော့ဘူး။ ဒီမှာ အလုပ်တစ်ခုရှာပြီး တစ်နှစ်အလုပ်လုပ်ရမယ်။ ပြီးရင် ကောလိပ်ပြန်တက်ရမယ်” ဆိုပြီး ပြောတယ်။ ကျွန်မက လုပ်ပါမယ်ဆိုပြီး သူ့ကို ကတိပေးခဲ့တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ “ငါ ခရစ်တော်နောက်ကိုလိုက်ဖို့ ဘုရားသခင်က ကြိုတင်စီမံထားပြီးပြီ။ ဒါက ငါ့ရဲ့ ရွေးချယ်မှုပဲ။ ငါ အလွယ်တကူနဲ့ လက်မလျှော့ဘူး” ဆိုပြီး တွေးမိတယ်။

အဲဒါနဲ့ ကျွန်မ အလုပ်တစ်ခုရှာတွေ့ခဲ့တယ်။ အလုပ်ကိုရော၊ အသင်းတော် အစည်းအဝေးတွေဆီကိုရော သွားခဲ့တယ်။ ကျွန်မ အားလပ်တဲ့အချိန်တွေမှာဆိုရင် သူများတွေနဲ့ ဧဝံဂေလိတရားဟောတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် တဖြည်းဖြည်းနဲ့ သမ္မာတရားနည်းနည်းပါးပါးကို နားလည်လာခဲ့ပြီး သမ္မာတရားကို လိုက်စားခြင်းကသာ အဓိပ္ပာယ်ရှိတဲ့ အသက်တာပဲဆိုတာကို နားလည်ခဲ့ပါတယ်။ ဘုရားသခင်နောက်ကိုလိုက်ဖို့ ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ပိုတိုးလာတယ်။ ကျွန်မ သတိမထားမိလိုက်ခင်မှာပဲ ကျောင်းပြန်တက်ဖို့ အချိန်ရောက်လာတယ်။ ကျွန်မ ဒီ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချခဲ့လိုက်တယ်။ ဘုရားသခင်ကို ရွေးချယ်ခဲ့ပါတယ်။ ဘုရားသခင်ကို ကျွန်မ တိတ်တဆိတ်ဆုတောင်းတယ်။ “အဖ ဘုရားသခင် ကျေးဇူးပြုပြီး ဒီ စမ်းသပ်မှုမှာ သက်သေရပ်တည်ဖို့အတွက် ကျွန်မကို ယုံကြည်ခြင်း ပေးတော်မူပါ” ဆိုပြီး ပြောခဲ့တယ်။ အဲဒီနေ့ ကျွန်မ ဝတ်ပြုအစည်းအဝေးတက်ပြီးတဲ့နောက်မှာ အိမ်ပြန်ရောက်တော့ အမေက သူ့ပစ္စည်းတွေ သိမ်းဆည်းထုပ်ပိုးနေတာကို တွေ့ရတယ်။ အိမ်နီးချင်းတစ်ယောက်က ကျွန်မအမေကို အမျိုးသားတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့ပြီး အမေက သူနဲ့ လက်ထပ်မှာဆိုတာကို ကျွန်မ သိခဲ့ရပါတယ်။ ကျွန်မ အံ့အားသင့်သွားပြီး နာကျင်ခံစားခဲ့ရတယ်။ “အမေက ထွက်သွားတော့မှာလား။ ငါတို့ကို ဘယ်သူက စောင့်ရှောက်မှာလဲ” ဆိုပြီး စဉ်းစားမိတယ်။ အမေက သမီးတို့ကို မလိုချင်တော့ဘူးလားဆိုပြီး သူ့ကို ကျွန်မ မေးတယ်။ သူက ပြောတယ်။ “ငါက နင်တို့ကို မလိုချင်တာမဟုတ်ဘူး။ နင်က ဘုရားကို ယုံကြည်ဖို့ စိတ်ပြတ်သားနေတော့ ငါ နင့်ကို အားကိုးလို့မရတော့ဘူး။ ငါ နင့်ကို နောက်ဆုံး အခွင့်အရေးတစ်ခုပေးမယ်။ ဒါ ငါနဲ့ စေ့စပ်ထားတဲ့သူရဲ့ ဖုန်းနံပါတ်။ နင် ကျောင်းပြန်တက်ရင် အိမ်ပြန်လာလည်တဲ့အခါ ဒီ နံပါတ်ကို ခေါ်လိုက်။ ငါတို့ နင့်ကို လာခေါ်မယ်။ ဒါပေမဲ့ နင်တို့နှစ်ယောက်လုံးက နင်တို့ယုံကြည်မှုကိုပဲ ဆက်ခံယူထားမယ်ဆိုရင် ငါက နင်တို့ကို ကူညီဖို့ ဘေးမှာ ရှိနေမှာမဟုတ်တော့ဘူး။” တဲ့။ သူ ဒီလိုပြောတာကို ကြားရတာ ဝမ်းနည်းစရာကောင်းတယ်။ ယုံကြည်မှုလမ်းကြောင်းနောက်ကိုလိုက်ဖို့ ကျွန်မက စိတ်ပိုင်းဖြတ်ထားတာ။ ဒါပေမဲ့ အမေက ကျွန်မတို့ကို လက်မခံတော့ဘူး။ ကျွန်မက ငယ်သေးပြီးတော့ ညီမလေးလည်း ရှိတယ်။ ကျွန်မတို့က ဘယ်မှာ နေရမှာလဲ။ ကျွန်မ သေချာမစဉ်းစားရသေးခင်မှာပဲ အမေက ကျွန်မတို့ကို ကျောင်းကိုသွားတဲ့ ဘတ်စ်ကားဆီကို ခေါ်သွားတယ်။ ဖြစ်ပျက်နေတဲ့အကြောင်းအရာကို လမ်းမှာ ကျွန်မ စဉ်းစားမိတယ်။ တစ်ရက်ထဲမှာတင် ကျွန်မညီမနဲ့ ကျွန်မက အိမ်ရာမဲ့တဲ့ အလေအလွင့်လေးတွေ ဖြစ်လာကြတယ်။ တော်တော် အခံရခက်ပါတယ်။ ကျွန်မ ညီမလေးက အကူအညီမဲ့တဲ့ ပုံစံနဲ့ပြောတယ်။ “အမေက သမီးတို့ကို မလိုချင်တော့ဘူး။ မမက ကျောင်းပြန်မတက်ရင် သမီးတို့ ဘာလုပ်ကြမလဲ” တဲ့။ ကျွန်မ ညီမလေးရဲ့ စကားတွေက ကျွန်မနှလုံးသားထဲအထိ ထိသွားတယ်။ ကျွန်မ တွေးမိတယ်။ “ဟုတ်တယ်။ အမေက ငါတို့ကို ထောက်ပံ့ပေးဖို့ အမြဲတမ်း ရှိနေခဲ့တာ။ အခု ငါတို့က သူငယ်ချင်းလည်းမရှိ၊ မိသားစုလည်း မရှိဘူး။ ပြီးတော့ အမေက လူတစ်ယောက်ကို လက်ထပ်တော့မှာ။ ငါက ဘုရားကို ဆက်ယုံကြည်နေရင် ငါတို့ ဘယ်လိုအသက်ရှင်ရမှာလဲ။ ဘယ်ကို သွားသင့်လဲ။ ငါ ဘာတွေများ လုပ်သင့်လဲ။” ဆိုပြီးတော့။ အဲဒီအချိန်မှာပဲ ကျွန်မ တော်တော်ကို နာကျင်ခံစားရပြီး အားလျော့လာတယ်။ အဲဒါနဲ့ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့ပါတယ်။ “အဖ ဘုရားသခင် ကျွန်မ မခံနိုင်တော့ပါဘူး။ ကျွန်မ ကိုယ်တော်ကို ကျေနပ်စေချင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဆက်သွားဖို့အတွက် ယုံကြည်မှုနဲ့ ခွန်အားတွေ အကုန် ကုန်ဆုံးနေပါတယ်။ ကိုယ်တော်က ကျွန်မအတွက် အများကြီး လုပ်ဆောင်ပေးခဲ့တာကို ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မ အားနည်းလွန်းတယ်။ ကျွန်မကို ကယ်တင်ဖို့ မထိုက်တန်ပါဘူး” ဆိုပြီး ပြောလိုက်တယ်။

အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မ စိတ်ထဲမှာ ပေါ်လာတယ်။ ဘုရားသခင်က ပြောသည်- “ဤအမှုကို ဖြန့်ဝေရန်နှင့် ယင်း၏ အလုံးစုံကို သင် မြင်ရသည့် နေ့ရက် ရောက်လာသည့်အခါ၊ သင်နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှင်တက်နေမိလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ ယင်းတို့ကို ပျော်မွေ့ရကောင်းမှန်း သင်မသိသကဲ့သို့၊ သမ္မာတရား ရှိသော်လည်း၊ သင်မလိုက်စားပေ။ သင်သည် အထင်သေးခံရအောင် မိမိဘာသာပြုခြင်း မဟုတ်လော။...ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိနှင့်ပတ်သက်၍ အာသာငမ်းငမ်း ပျော်ပါးပြီး၊ စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်မ တွေးမိတယ်။ “ဟုတ်တယ်။ ဘုရားသခင်ရဲ့ အမှုတော်က မကြာခင်မှာ ပြီးဆုံးတော့မှာ ငါက မှန်ကန်တဲ့လမ်းကို မြင်ပြီးပြီ။ ငါက ဇာတိပကတိ ဒုက္ခကို သည်းမခံနိုင်တာကြောင့် င့ါရဲ့ ဇာတိပကတိကို ကျေနပ်စေဖို့ ရွေးချယ်ရင် ဘုရားသခင်ရဲ့ အမှုတော်ပြီးဆုံးသွားတဲ့အခါမှာ သမ္မာတရားကို ရဖို့ ဒီ ရှားပါးတဲ့ အခွင့်အရေးနဲ့ လွဲချော်ရမှာပဲ။ ပြီးရင် ငါ နောင်တကလွဲလို့ ဘာမှ ရမှာမဟုတ်ဘူး။” ပေါ့။ အသင်းတော်မှာ ကျွန်မတာဝန်ကို ထမ်းဆောင်ရင်း ကုန်ဆုံးခဲ့တဲ့ အရင်နှစ်ကို စဉ်းစားမိတယ်။ ညီအစ်ကို မောင်နှမတွေက နေရာအနှံ့ကနေ လာခဲ့ကြတာဆိုပေမဲ့ သူတို့အားလုံးက အချင်းချင်း ချစ်ခင်ကြပြီး ရိုးသားကြတယ်။ အချင်းချင်းရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ချစ်ချစ်ခင်ခင်နဲ့ ထောက်ပြကြပြီး မိသားစုတစ်ခုလို အချင်းချင်း ပံ့ပိုးဖို့အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းခြင်း၊ ခွန်အားပေးခြင်းတို့ကြောင့် သမ္မာတရားတချို့ကို ကျွန်မ နားလည်လာခဲ့ပြီး လောကနဲ့ပတ်သက်တဲ့ အရာတွေအများကြီးကို တဖြည်းဖြည်းနဲ့ နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကသာ လူတွေကို သန့်စင်ပြီး ကယ်တင်နိုင်တယ်ဆိုတာ၊ ခရစ်တော်နောက်ကိုလိုက်ခြင်းက ကယ်တင်ခြင်းဆီကိုရောက်တဲ့ အလင်းလမ်းကြောင်းပဲဆိုတာတွေကို ကျွန်မ သိမြင်ခဲ့ပါတယ်။ ကျွန်မ ဆုံးဖြတ်ချက်ချဖို့ လုပ်ခဲ့ရပါတယ်။ ကျွန်မ အသက်က ဘုရားသခင်ဆီကလာပြီး ဘုရားသခင်က ကျွန်မကို အရာရာကို ပေးအပ်ခဲ့ပါတယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မတာဝန်ကို ထမ်းဆောင်တာက လုံးဝ ပြည့်စုံမှန်ကန်ပါတယ်။ အမေက ကျွန်မရဲ့ ယုံကြည်မှုကို အားမပေးချင်ဘဲ အသိပညာနောက်ကိုလိုက်ပြီး အောင်မြင်စေချင်တယ်။ ကျွန်မက သူဖြစ်စေချင်တာကို လုပ်ပြီး မှားယွင်းတဲ့လမ်းကို ရွေးချယ်ခဲ့ရင် စာတန်ရဲ့ ဖျက်ဆီးခြင်းကို ပိုပိုပြီး ခံရမှာပဲ။ နောက်ဆုံးမှာ အပြစ်ဒဏ်ပေးခံရပြီး ဖျက်ဆီးခြင်းခံရမှာပဲ။ အသိပညာက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကနေ လွတ်မြောက်အောင် လုပ်မပေးနိုင်ဘူး။ ကျွန်မကို မသန့်စင်နိုင်ဘူး။ ဘုရားသခင်ကသာ ကျွန်မတို့ကို ကယ်တင်နိုင်တယ်။ ကျွန်မ မိသားစုက ကျွန်မကို မလိုချင်ရင် ကျွန်မမှာ ဘုရားသခင် ရှိသေးတယ်။ ဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးကို ပြန်စဉ်းစားကြည့်ရင် ကျွန်မ ခဏခဏ အားလျော့ခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ပံ့ပိုးပေးခဲ့တယ်။ ကူညီခဲ့တယ်။ ခွန်အားပေးခဲ့တယ်။ ကျွန်မ ဘုရားသခင်ဆီကနေ ထွက်ခွာချင်တဲ့ ကျွန်မရဲ့ အားအနည်းဆုံး အချိန်တွေမှာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ စိတ်နှလုံးကို နှိုးဆွပေးခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ဘယ်တော့မှ ပစ်မသွားခဲ့ဘူး။ ကျွန်မအတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းက ကမ္ဘာမှာ အစစ်မှန်ဆုံးအရာပါပဲ။ ဒါကို စဉ်းစားရင်းနဲ့ ကျွန်မ ဘုရားသခင်အပေါ် အများကြီး အကြွေးတင်နေတယ်ဆိုတာကို နားလည်သဘောပေါက်ပြီး ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ပြန်ရောက်လာတယ်။ ကျွန်မ မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး ကျွန်မ ညီမလေးကို ပြောလိုက်တယ်။ “ဘုရားသခင်ကသာ ငါတို့ အားကိုးနိုင်တဲ့ တစ်ပါးတည်းသောသူပဲ။ သူက ငါတို့ကို လမ်းပြလိမ့်မယ်။ အသင်းတော်ဆီကို ပြန်သွားကြစို့။” ဆိုပြီးတော့။ နောက်တစ်နေ့မှာ ဘတ်စ်ကားစီးပြီး အိမ်ပြန်ခဲ့ကြတယ်။ အသင်းတော်မှာ ကျွန်မတို့တာဝန်ကို စပြီး ထမ်းဆောင်ခဲ့ကြပါတယ်။ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ဇာတိပကတိ အားနည်းချက်ကို ကျော်လွှားစေပြီး အလင်းလက်ဆုံး လမ်းကြောင်းကို ရွေးချယ်ဖို့ ခေါ်ဆောင်ပေးခဲ့ပါတယ်။

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်တွင် တိကျသောလိင် ရှိပါသလား၊ အနက်ပြန်ခြင်းအသစ်ကို ကျွန်တော် ရှာဖွေတွေ့ရှိသည် (အပိုင်း ၁)

ဘိုအဲန်း၊ ဘရာဇီးလ်နိုင်ငံ ထံမှ အယ်ဒီတာ့ မှတ်စု- “ဘုရားသခင်တွင် တိကျသော လိင် ရှိပါသလား” ဟူသည့်မေးခွန်းနှင့် ပတ်သက်လာသောအခါ ခရစ်ယာန်များစွာက...

ကောလာဟလသမားများကို ရှောင်ရှားခြင်း

၂၀၁၆ အောက်တိုဘာမှာ ကျွန်တော်က အမေရိကန်နိုင်ငံ၊ နယူးယောက်ကို ရောက်တယ်။ နောက်တော့ တရုတ်အသင်းတော်တစ်ခုမှာ သခင်ယေရှုရဲ့နာမနဲ့ နှစ်ခြင်းခံပါတယ်။...

စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ခွဲခြားသိမြင်ရန် နည်းလမ်းကို ကျွန်မ တွေ့ရှိသည်

ယခု ကျွန်ုပ်တို့သည် နောက်ဆုံးသော ကာလ၊ သခင်၏ ကြွလာခြင်းကို ကြိုဆိုခြင်းနှင့်ဆိုင်သော အရေးကြီးသည့် အချိန်တွင် ရောက်ရှိနေပြီဖြစ်သည်။ ကျွန်ုပ်တို့သည် မည်သို့ ကိုယ်တော်၏ ပြန်ကြွလာခြင်းကို ကြိုဆိုပြီး တစ်ချိန်တည်းမှာပင် ခရစ်တော်၏ အယောင်ဆောင်သော သူများကို သိမြင်နိုင်မည်နည်း။ ညီအစ်မ ရှန်းဝမ်က နည်းလမ်းရှာတွေ့ထားပါသည်။