ခရစ်တော်အစစ်အမှန်နဲ့ အတုအယောင်တွေကို ကျွန်မ အခု ခွဲခြားတတ်ပါပြီ

10.03.2022

ကင်ရှင်း တရုတ်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က တာဝန်ယူကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။ ဤပုံစံဖြင့် သင်သည် အသက်၏ လမ်းခရီးကို အမှန်တကယ် ရှာဖွေလိုပါက၊ လူသားကို အသက်၏ လမ်းခရီး အပ်နှင်းသည့်အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းအားဖြင့် ဖြစ်သည်ကို ပထမဦးစွာ သင် အသိအမှတ် ပြုရမည်ဖြစ်ပြီး၊ လူသားကို အသက်၏ လမ်းခရီး အပ်နှင်းရန် ကမ္ဘာမြေသို့ သူ ကြွလာသည်မှာ နောက်ဆုံးသော ကာလအတွင်းတွင် ဖြစ်သည်ကို သင် အသိအမှတ် ပြုရမည်ဖြစ်သည်။ ဤသည်မှာ အတိတ်တွင် မဟုတ်။ ယနေ့ ဖြစ်ပျက်နေခြင်း ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) ဘုရား မိန့်ဆိုထားတာ သိပ်ကောင်းပါတယ်။ ခရစ်တော်အစစ်အမှန်နဲ့ ခရစ်တော်အယောင်ဆောင်တွေကို ခွဲခြားဖို့ အခြေခံသဘောကို နှုတ်ကပတ်တော်လေးနည်းနည်းနဲ့ ပြောပြပေးတာပဲ။ သူတို့တွေဟာ သမ္မာတရားကို ဖော်ပြပြီး၊ လူသားကို ကယ်တင်ဖို့ အမှုတော်ကို ပြုနိုင်လား မပြုနိုင်ဘူးလားပေါ့။ ဒါက အဓိကကျတဲ့ အခြေခံသဘောပါပဲ။ ဟိုအရင် ယုံကြည်ခြင်းမှာတုန်းက၊ သင်းအုပ်တွေ အကြီးအကဲတွေက ကျွန်မတို့ကို ခရစ်တော်အယောင်ဆောင်တွေကို အမြဲ သတိထားခိုင်းတယ်။ ဒါပေမဲ့ ဘယ်လိုခွဲခြားမလဲဆိုတဲ့ အခြေခံသဘောကို လုံးဝ မရှင်းပြကြဘူး။ သခင် ပြန်လာခြင်း သက်သေခံချက်အားလုံးကို အတုအယောင်ဆိုပြီး ရှုတ်ချခဲ့ကြတယ်။ အဲဒါတွေနဲ့ လုံးဝ မပတ်သက်ဖို့လည်း ပြောခဲ့ကြတယ်။ ဒါနဲ့ သခင် ပြန်ကြွလာခဲ့ပြီလို့ ကြားတဲ့အချိန်မှာ ကျွန်မ မစူးစမ်းရဲခဲ့ဘူး။ နောက်ဆုံးသောကာလခရစ်တော်ကို ငြင်းပယ်ပြီး၊ သခင့်ကို ကြိုဆိုဖို့ အခွင့်အရေးကို လွဲလုနီးပါး ဖြစ်ခဲ့ရတယ်။

၁၉၉၆ မှာ ယေရှုကို ယုံကြည်မိပြီးတော့၊ တစ်ခုခု ဖြစ်လာတဲ့အချိန်တိုင်း သူ့ကိုပဲ အမြဲတမ်း ဆုတောင်းခဲ့တာပါ၊ အခက်အခဲတွေအများကြီးကို ဒီနည်းလမ်းနဲ့ပဲ ကျော်ဖြတ်ခဲ့တယ်။ ကိုယ်နဲ့အတူ သခင် ရှိနေတာ ဝမ်းမြောက်စရာပဲပေါ့။ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုဆိုတာကို ကျွန်မ ခံစားခဲ့ရတယ်။ တစ်နှစ် နှစ်နှစ်လောက်ကြာတော့၊ ဆရာတော်တွေမှာ ဟောပြောစရာ အကြောင်းအရာသစ် မရှိဘူးဆိုတာရော၊ သူတို့တရားတွေမှာ အလင်းမပါဘူးဆိုတာရော ကျွန်မ နားလည်လာတယ်။ ဝတ်ပြုပွဲတွေ တက်တဲ့သူအရေအတွက်က ထိုးကျလာရော။ တချို့ဆို တရားဟောနေချိန်မှာတောင် အိပ်နေကြတာ။ ကျွန်မလည်း ဘာမှမရခဲ့ဘူး။ ဝိညာဉ်ရေးသာယာမှုဆိုတာလည်း မခံစားခဲ့ရဘူး။ အဲဒီကိုလည်း မသွားချင်တော့ဘူး။ ဒါပေမဲ့ အပြစ်ရှိသလို ခံစားမိတာနဲ့၊ ကျွန်မလည်း မဖြစ်မနေ ဆက်သွားပါတယ်။

စည်းဝေးပွဲတစ်ခုမှာ အကြီးအကဲရှုက ပြောသေးတယ်၊ “သခင်ယေရှုက တို့တွေကို သတိပေးခဲ့တယ်၊ ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) သခင် ပြန်လာခြင်း ပရောဖက်ပြုချက်တွေက အများအားဖြင့် ပြည့်စုံနေပြီ။ သူက တို့တွေအတွက် မကြာခင် ပြန်ကြွလာလိမ့်မယ်။ ဒါပေမဲ့ ခရစ်တော်အယောင်ဆောင်တွေကလည်း တို့ကို လှည့်စားဖို့ ပေါ်လာလိမ့်မယ်။ တို့တွေက သတိရှိရမယ်။ သခင် ပြန်လာပြီဆိုတဲ့ သတင်းမှန်သမျှကို လက်မခံရဘူး။ သခင်က ပြန်ကြွလာပြီး အမှုတော်သစ်ကို ပြုနေတယ်ဆိုပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက သက်သေခံနေတယ်။ အသင်းတော် တော်တော်များများက စစ်မှန်တဲ့ယုံကြည်သူ တော်တော်များများကလည်း အဲဒါကို လက်ခံကုန်ကြပြီ။ ဝါရင့်တရားဟောဆရာတွေကိုတောင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ခိုးသွားပြီ။ ခင်ဗျားတို့က အသက်တာမှာ မရင့်ကျက်သေးဘူး။ ဒါကြောင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ လှည့်စားတာကို ရှောင်ဖို့အတွက် လူစိမ်းတွေနဲ့ ဝေးဝေးနေကြပါ” တဲ့။

အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက သခင် ပြန်ကြွလာပြီဆိုပြီး ပြောနေတယ်၊ ဝါရင့်တရားဟောဆရာတွေ တော်တော်များများကလည်း အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံသွားပြီဆိုတာတွေ ကြားလိုက်ရတော့၊ ကျွန်မ တုန်လှုပ်သွားတယ်။ စိတ်ထဲမှာလည်း၊ “ဒီတရားဟောဆရာတွေက ကျမ်းစာကို နားလည်တယ်၊ သူတို့အားလုံးက ကိုယ့်စိတ်ကိုယ် သေချာသိကြတယ်။ သူတို့အနေနဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းမှာ ရှာဖွေရမယ့် သမ္မာတရား ရှိနေနိုင်လား။ ငါက သခင် ပြန်လာခြင်းကို နှစ်ပေါင်းများစွာ တောင့်တလာခဲ့တာ။ သူက တကယ် ပြန်ကြွလာတာကို ငါက မရှာဖွေ မစူးစမ်းဘူးဆိုရင်၊ ငါ့ကို စွန့်ပစ်တဲ့အခါကျမှ ငါ ဘယ်လိုလုပ်မလဲ” ဆိုပြီး စဉ်းစားမိတယ်။ ဒါပေမဲ့ နောက်ဆုံးသောကာလမှာ ခရစ်တော်အယောင်ဆောင်တွေ ပေါ်လာလိမ့်မယ်ဆိုပြီး၊ အကြီးအကဲရှု ပြောထားတာကို ကျွန်မ ပူပန်မိတယ်။ လှည့်စားခံရလို့ မဖြစ်ဘူးလေ။ ကျွန်မလည်း နည်းနည်း ဝေခွဲမရဖြစ်ပြီး၊ ဘာလုပ်ရမှန်း မသိဘူး။ ဒါနဲ့ ကိုယ့်စိတ်နှလုံးထဲမှာ ဆုတောင်းချက် ပြုလိုက်တယ်၊ “အဲဒီအသင်းတော်က တစ်ယောက်ယောက်က ကျွန်မကို ဟောပြောတယ်ဆိုရင်၊ ကျွန်မအနေနဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို နားထောင်သင့်လား။ သခင်ယေရှု၊ ကျွန်မကို အသိဉာဏ်ပေးပြီး လမ်းပြတော်မူပါ” ပေါ့။ နောက်တော့ သမ္မာကျမ်းထဲက ဒီတစ်ခုကို ကျွန်မ စဉ်းစားမိတယ်၊ “အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။ ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကိုငါမကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ၏။” (ဟေဗြဲ သြဝါဒစာ ၁၃:၅-၆) ကျွန်မရင်ထဲမှာ ချက်ချင်း ငြိမ်းချမ်းသွားရော။ ကျွန်မနောက်မှာ သခင် ရှိနေမှတော့၊ ဘာကိုမှ ကြောက်စရာမရှိဘူးလေ။ သခင့်ကို မကြာမကြာ ဆုတောင်းနေသရွေ့၊ ခရစ်တော်အယောင်ဆောင်တွေကို ခွဲခြားတတ်အောင် သူက လမ်းပြပေးလိမ့်မယ်။ နားထောင်ရုံလေးနဲ့ မထိခိုက်နိုင်ဘူးလေ။

တစ်ရက်ကျတော့ စည်းဝေးပွဲတစ်ခုမှာ အကြီးအကဲရှုက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဘယ်လိုသတိထားရမယ်ဆိုတာတွေ ထပ်ပြောပြန်ရော။ ခရစ်တော်အယောင်ဆောင်တွေက လူတွေကို လှည့်စားတယ်ဆိုတာကိုပဲ ထပ်ထပ်ပြီး အလေးပေး ပြောတယ်၊ လူစိမ်းတွေကို ဝေးဝေးရှောင်ဖို့လည်း ပြောတယ်။ အဲဒီအချိန်မှာ အစ်မကျန့်က ထပြောရော၊ “အကြီးအကဲရှု၊ ဘာဖြစ်လို့ ကျွန်မတို့ကို လူစိမ်းတွေနဲ့ ဝေးဝေးနေဖို့ ပြောနေတာလဲ။ သခင်က ကျွန်မတို့အတွက် မကြာခင် ပြန်လာလိမ့်မယ်၊ သေချာ ပြင်ဆင်ပြီးနေပြီဆိုပြီး အကြီးအကဲပဲ အမြဲတမ်း ပြောနေတာ။ သခင်က ပြန်ကြွလာပြီး သမ္မာတရားကို ဖော်ပြနေတယ်လို့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက သက်သေခံနေတယ်။ ကျွန်မတို့က သူတို့ပြောတာတွေကို သွားပြီး နားမထောင်ဘူး၊ ဒါကို မရှာဖွေဘူးဆိုတာ သခင့်အလိုတော်ပဲလား။ ကျမ်းစာမှာ ပြောထားတယ်၊ ‘သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။’ (ရောမဩဝါဒစာ ၁၀:၁၇) အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆိုတာ သခင် ပြန်ကြွခြင်း ဟုတ်မဟုတ် ဆုံးဖြတ်ဖို့အတွက်၊ ကျွန်မတို့က သူတို့တရားတွေကို အရင်ဆုံး နားထောင်ရမယ်။ ကျွန်မတို့က နားမထောင်ဘဲ၊ သူတို့ကို ဝေးဝေးရှောင်တယ်ဆိုရင်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက စစ်မှန်လား မစစ်မှန်ဘူးလားဆိုတာ ဘယ်လိုလုပ် သိတော့မှာလဲ။ အဲဒါက တကယ်ပဲ သခင် ပြန်ကြွလာခြင်းဆိုရင်၊ အကြီးအကဲက ကျွန်မတို့ကို သခင့်ဆီ ဦးမလှည့်မိအောင် တားနေတာ ဖြစ်မနေဘူးလား” တဲ့။ နောက်တော့ အစ်မကျုံကလည်း ပြောပြန်ရော၊ “သခင်ယေရှု ပြောခဲ့သည်မှာ- ‘တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) သခင်က ကျွန်မတို့ နားမလည်ကြတဲ့အရာတွေကို ပိုပြီး ရှာဖွေဆုတောင်းစေချင်တာ။ ကျွန်မတို့က ပွင့်လင်းတဲ့စိတ်နှလုံးနဲ့ ရှာဖွေနေသရွေ့၊ သူက ကျွန်မတို့ဆုတောင်းချက်တွေကို ကြားပြီး လမ်းပြပေးလိမ့်မယ်။ ကျွန်မတို့က သခင် ပြန်လာခြင်းအကြောင်း ဧဝံဂေလိကို ကြားမိပေမဲ့၊ အဲဒါကို မစူးစမ်းကြဘူး။ သခင့်အလိုတော်ကို ဆုတောင်းခြင်းကတစ်ဆင့် မရှာဖွေကြဘူး။ ဒါက သူ့အဆုံးအမတွေနဲ့ ဆန့်ကျင်နေတယ်။ ဒီတော့ ကျွန်မတို့က သူ့ကို ဘယ်လိုလုပ် ကြိုဆိုနိုင်ကြမှာလဲ” တဲ့။

အကြီးအကဲရှုလည်း ဒီအစ်မနှစ်ယောက်နဲ့ အကျပ်ရိုက်သွားတာပေါ့။ ဘာဆင်ခြေမှလည်း မပေးတော့ဘူး။ ကျွန်မလည်း အစ်မတွေ ပြောသွားတာ မှန်တယ်လို့ ထင်မိတယ်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ စူးစမ်းသင့်တယ်ပေါ့။ ကျွန်မ အံ့လည်း အံ့သြတယ်။ အစ်မကျုံဆိုတာ အမြဲတမ်း မဝံ့မရဲဖြစ်လွန်းတယ်၊ စကားလည်း မပြောသလောက်ပဲ။ ဒါပေမဲ့ သူက အကြီးအကဲကို ကန့်ကွက်ဖို့ သတ္တိရှိသွားတယ်။ သူ့ကို ဘယ်သူမှ မငြင်းနိုင်အောင် ကျမ်းစာထဲက အကိုးအကားကိုလည်း အခိုင်အမာ ယူလိုက်သေးတယ်။ တကယ်ကို မယုံနိုင်စရာပဲ။ ဒီအစ်မတွေရဲ့အတွေးအခေါ်တွေ၊ ထိုးထွင်းအမြင်တွေက ဘယ်လိုဖြစ်ပြီး အဲဒီလောက် ကောင်းသွားတာလဲ။ သူတို့က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံလိုက်ပြီလား။ သခင် ကြွလာခြင်းဆိုတာ တကယ့်ကိစ္စကြီးပဲ၊ အဲဒါကို ရှင်းရှင်းလင်းလင်း သိမှဖြစ်မယ်။ ဒါနဲ့ သူတို့ကို မေးဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်နေ့ကျတော့ ကျွန်မလည်း အစ်မကျုံကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံလိုက်ပြီလားလို့ မေးလိုက်ရော။ သူက ခေါင်းညိတ်လိုက်ပြီး ပြောပြတယ်၊ “သခင်က အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီ။ သူက အစ်မတို့ကို သန့်စင်ကယ်တင်ပေးတဲ့ သမ္မာတရားအားလုံးကို ဖော်ပြတယ်။ အစ်မတို့ရဲ့ လွဲမှားတဲ့သဘာဝကို အမြစ်ဖြတ်ဖို့၊ အစ်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ပေးဖို့၊ အစ်မတို့ကို အပြစ်ကနေ အပြီးအပြတ် ကယ်တင်ဖို့အတွက် တရားစီရင်ခြင်းအမှုကိုလည်း လုပ်ဆောင်တယ်” တဲ့။ သူ ဒီလိုပြောတာကို ကြားရတော့ ကျွန်မလည်း အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ဘာတွေပြောမလဲဆိုတာ နားထောင်ရမယ်လို့ပဲ ယူဆလိုက်တယ်။ သူက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ မိတ်သဟာယကို လက်ခံဖို့ ကျွန်မကို စီစဉ်ပေးတယ်။

စီစဉ်ထားတဲ့နေ့ ရောက်တော့၊ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လာတဲ့ အစ်ကိုကို ကိုယ် ရှုပ်ထွေးနေတာတွေအားလုံး ပြောပြတယ်။ “သခင်ယေရှု ပြောခဲ့သည်မှာ- ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) သခင် ပြန်ကြွတဲ့အချိန် နောက်ဆုံးသောကာလမှာ ခရစ်တော်အယောင်ဆောင်တွေ ပေါ်လာလိမ့်မယ်၊ သခင် ကြွလာတယ်ဆိုတဲ့ သတင်းအားလုံးက အတုအယောင်ပဲ၊ ကျွန်မတို့က အဲဒါတွေကို မစူးစမ်းသင့်ဘူးဆိုပြီး အကြီးအကဲရှုက ပြောပါတယ်။ သတိထားလွန်းတယ်ဆိုတာ သခင့်အလိုတော်နဲ့ ကိုက်ညီတယ်လို့ မထင်ပါဘူး။ ကျွန်မတို့က မစူးစမ်းဘူး၊ သခင့်ကို မကြိုဆိုဘူး၊ အဲဒီတော့ သူက ကျွန်မတို့ကို စွန့်ပစ်တယ်ဆို ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ လှည့်စားခံရမှာကိုလည်း ကြောက်ပါတယ်။ တစ်ယောက်ယောက်က သခင် ပြန်လာခြင်းကို ဟောပြောပြီဆိုရင်၊ ကျွန်မတို့အနေနဲ့ ဘာလုပ်သင့်လဲ။ ဒါကို ကျွန်မ တကယ် နားလည်ချင်ပါတယ်” ပေါ့။

အဲဒီအစ်ကိုက ပြုံးပြီးတော့ ပြောပြတယ်၊ “ကျွန်တော်တို့အားလုံးက ခရစ်တော်အယောင်ဆောင်တွေကြောင့် လှည့်စားခံရမှာ၊ လမ်းလွဲမှာကို ကြောက်ကြတယ်။ ဒီလိုစိုးရိမ်မှု ရှိတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ကြောက်တာတစ်ခုတည်းနဲ့ ဘာများ အကျိုးထူးလို့လဲ။ ကြောက်တာက ပြဿနာတွေကို ဖြေရှင်းပေးနိုင်လား ဒါကို နားလည်ဖို့နဲ့ ဘာလုပ်ရမယ်ဆိုတာ သိဖို့အတွက်၊ ကျွန်တော်တို့က သခင့်နှုတ်ကပတ်တော်တွေနောက်ကွယ်က သူ့အလိုတော်ကို နားလည်ရမယ်။ ကျွန်တော်တို့အနေနဲ့ ခရစ်တော်အယောင်ဆောင်တွေကို ခွဲခြားနိုင်အောင်၊ လှည့်စားမခံရအောင်၊ အဲဒီနှုတ်ကပတ်တော်တွေကို မိန့်ဆိုခဲ့တာ။ ရှိရှိသမျှအားလုံးကို သတိထားပြီး သခင် ပြန်လာခြင်းကိုတောင် ငြင်းပယ်တဲ့အထိ ဖြစ်ကြဖို့ မိန့်ဆိုခဲ့တာမဟုတ်ဘူး။ သခင်က နောက်ဆုံးသောကာလမှာ ခရစ်တော်အယောင်ဆောင်တွေ ပေါ်လိမ့်မယ်လို့ ပြောသလို၊ ခရစ်တော်အယောင်ဆောင်တွေကို ဘယ်လိုခွဲခြားမလဲဆိုတာလည်း မိန့်ဆိုထားတယ်။ သခင်က ပြောခဲ့တယ်၊ ‘အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၄) သခင့်စကားတွေက ရှင်းရှင်းလေးပါ။ ခရစ်တော်အယောင်ဆောင်တွေက လူတွေကို လှည့်စားဖို့ အံ့ဖွယ်အမှုကြီးတွေ၊ နိမိတ်လက္ခဏာတွေကို အဓိက အားကိုးကြတယ်။ ဒီတော့ ခရစ်တော်အယောင်ဆောင်တွေရဲ့ လက္ခဏာတွေကို ကျွန်တော်တို့ သိပြီ။ သတိပဲထားရမယ်၊ ဒါဆို လှည့်စားခံရမှာ မဟုတ်ဘူး။ ကျွန်တော်တို့က ဒီကျမ်းပိုဒ်ကို ဆက်စပ်မစဉ်းစားဘဲ၊ သခင့်နှုတ်ကပတ်တော်တွေကို တလွဲအဓိပ္ပာယ်ကောက်ပြီး၊ သခင် ပြန်ကြွတယ်ဆိုတဲ့ သတင်းအားလုံးကို အတုအယောင်ဆိုပြီး ရှုတ်ချမယ်၊ လုံးဝ မရှာဖွေဘူးဆိုရင်၊ ကျွန်တော်တို့က သခင် ပြန်လာခြင်းကို ငြင်းပယ်ရှုတ်ချနေတာ ဖြစ်မသွားဘူးလား” တဲ့။

ကျွန်မလည်း ဒီစကားတွေကြောင့် တုန်လှုပ်သွားတယ်။ “အဲဒါ အမှန်ပဲမဟုတ်လား” ဆိုပြီး စဉ်းစားမိတယ်။ “သခင်က သူ ပြန်ကြွဖို့ကို ဟောကိန်းထုတ်ခဲ့တာပဲ။ ဒါပေမဲ့ ငါတို့က ဒီကျမ်းပိုဒ်ကို ဆက်စပ်မစဉ်းစားဘဲ၊ သူ ပြန်လာခြင်းသတင်းအားလုံးကို အတုအယောင်ဆိုပြီး ရှုတ်ချကြတာ။ ငါတို့က သခင် ပြန်ကြွတာကို ရှုတ်ချနေခဲ့ကြတာပဲ” ပေါ့။

အဲဒီအစ်ကိုက သူ့မိတ်သဟာယကို ဆက်ပေးတယ်၊ “သခင်ယေရှုက ကျွန်တော်တို့ကို မိန့်ခဲ့တယ်၊ ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) သခင် ပြန်ကြွတဲ့အချိန်မှာ လူတချို့က သူ့အသံကို ဦးဆုံး ကြားကြလိမ့်မယ်၊ ပြီးတော့ အဲဒီအကြောင်းကို ဟောပြောပြီး သက်သေခံကြလိမ့်မယ်ဆိုတာကို မြင်နိုင်ပါတယ်။ ဒါဟာ သခင်က ကျွန်တော်တို့ကို တံခါးခေါက်နေတာပါ ကျွန်တော်တို့က သင်းအုပ်တွေ ပြောတာကိုပဲ နားထောင်ပြီး၊ သခင် ပြန်ကြွလာပြီလို့ သက်သေခံတဲ့လူမှန်သမျှကို ပိတ်ဆို့မယ်၊ ကိုယ့်နားတွေ မျက်စိတွေကိုလည်း မဖွင့်ဘူးဆိုရင်၊ သခင့်အသံကို ကြားနိုင်ပါ့မလား၊ သူ့ကို ကြိုဆိုနိုင်ပါ့မလား။ ကျွန်တော်တို့က ကိုယ့်အတတ် ကိုယ့်စူးနေတာ ဖြစ်မသွားဘူးလား” တဲ့။

ကျွန်မလည်း နားထောင်ရင်းနဲ့၊ သူ ပြောတာတွေက ကျမ်းစာနဲ့ရော သခင့်အလိုတော်နဲ့ပါ ကိုက်ညီတယ်လို့ ထင်မိတယ်။ ခရစ်တော်အယောင်ဆောင်တွေက လူတွေကို အံ့ဖွယ်အမှုတွေ၊ နိမိတ်လက္ခဏာတွေ ပြရင်း၊ များသောအားဖြင့် လှည့်စားတယ်။ ကျွန်မတို့က ခရစ်တော်အယောင်ဆောင်တွေကို ခွဲခြားကြည့်သင့်တယ်၊ ဒါပေမဲ့ လူတိုင်းကို သတိထားလွန်းပြီး မတုန်မလှုပ်ဖြစ်မနေသင့်ဘူးဆိုတာ သခင်က ပြောခဲ့တာပဲလေ။ သခင့်စကားတွေက တော်တော်ကို ရှင်းတယ်။ ကျွန်မက ဒါကို ဟိုအရင်က ဘယ်လိုဖြစ်ပြီး မမြင်ခဲ့တာလဲ။ သင်းအုပ်နဲ့ အကြီးအကဲတွေက ဒီကျမ်းပိုဒ်ကို အကြိမ်ပေါင်းများစွာ ဖတ်ပြခဲ့တာလေ။ ဒါပေမဲ့ သူတို့က ဒီအခြေခံသဘောကို ထုတ်မပြောခဲ့တဲ့အပြင်၊ ဒီကျမ်းပိုဒ်ကို တလွဲတချော်လုပ်၊ ကျမ်းစာကို တလွဲအဓိပ္ပာယ်ကောက်ပြီး၊ သခင် ပြန်လာခြင်း သတင်းအားလုံးကို အတုအယောင်ဆိုပြီး ပြောခဲ့ကြတယ်။ အခုတော့ သူတို့က ကျမ်းစာကို လုံးဝ နားမလည်ခဲ့တာမျိုး ဖြစ်နေတာပဲ။ ဒါပေမဲ့ ကျွန်မတို့ကိုကျတော့ လူစိမ်းတွေကို ဝေးဝေးရှောင်ဖို့ ပြောနေသေးတယ်၊ သခင် ပြန်ကြွခြင်းအကြောင်း ဧဝံဂေလိကိုလည်း ကျွန်မတို့ကို ရှာဖွေခွင့်ပေးမှာ မဟုတ်ဘူး။ ကိုယ်တော်က အမှန်တကယ် ပြန်ကြွလာခဲ့ပြီဆိုရင်၊ ကျွန်မက သူ့ကို ပိတ်ဆို့နေတာ မဟုတ်ဘူးလား။ အဲဒါက တော်တော် အန္တရာယ်ကြီးတာနော်။

နောက်တော့ အဲဒီအစ်ကိုက စာအုပ်တစ်အုပ် ကောက်ကိုင်ပြီး၊ ပြောလာရော၊ “ခရစ်တော်အယောင်ဆောင်တွေက လူတွေကို ဘယ်လိုလှည့်စားတဲ့အကြောင်း၊ ပိုပြီး နားလည်အောင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြည့်ကြမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- ‘မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။...လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း)

ဖတ်ပြပြီးသွားတော့ အဲဒီအစ်ကိုက ပြောပြတယ်၊ “ဘုရားက အမြဲတမ်း အသစ်ဖြစ်တယ်၊ ဘယ်တော့မှ မအိုဟောင်းဘူး။ သူ့အမှုတော်ကို ဘယ်တော့မှ ထပ်မကျော့ဘူး။ ပညတ်တော်ခေတ်မှာ ဘုရားက ကမ္ဘာပေါ်က လူသားရဲ့အသက်ကို လမ်းပြဖို့နဲ့၊ သူ့ကို ဘယ်လိုကိုးကွယ်မလဲဆိုတာ သွန်သင်ပေးဖို့အတွက် ဥပဒေတွေ၊ ပညတ်တွေကို ထုတ်ပြန်ခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှု ကြွလာတော့၊ သူက အမှုတော်တစ်ခုတည်းကိုပဲ ထပ်မလုပ်ခဲ့ဘူး။ ပညတ်တော်ခေတ်ရဲ့အမှုတော်ကို အခြေခံပြီး ရွေးနုတ်ခြင်းအမှုတော်ကို ပြုခဲ့တယ်။ နောင်တရရာလမ်းကို မိန့်ဆိုတယ်၊ နာမကျန်းသူကို ပျောက်ကင်းစေတယ်၊ နတ်ဆိုးတွေကို နှင်ထုတ်တယ်၊ အံ့ဖွယ်နိမိတ်လက္ခဏာတွေကို ပြခဲ့တယ်။ နောက်ဆုံးမှာ အပြစ်ဖြေရာယဇ်အနေနဲ့ ကားတိုင်တင်ခံခဲ့တယ်၊ အဲဒီလိုနဲ့ လူတွေကို အပြစ်ကနေ ရွေးနုတ်သွားခဲ့တာပဲ။ နောက်ဆုံးသောကာလမှာတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ယေရှုရဲ့ရွေးနုတ်ခြင်းအမှုတော်ကို အခြေခံပြီး၊ ဘုရားရဲ့အိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့ ကြွလာခဲ့ပါပြီ။ သူက လူတွေကို သန့်စင်ကယ်တင်ပေးတဲ့ သမ္မာတရားအားလုံးကို ဖော်ပြပြီး၊ အပြစ်ရဲ့အရင်းခံအကြောင်းတွေကို အမြစ်ဖြတ်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ သဘာဝကို ဆိုလိုတာပါ။ ဒါမှ ကျွန်တော်တို့က အပြစ်ကနေ အပြီးအပြတ် သန့်စင်လွတ်ငြိမ်းနိုင်ကြတယ်၊ ပြီးတော့ ဘုရားရဲ့ သူ့နိုင်ငံတော်ထဲ ခေါ်ဆောင်ခြင်းကို ခံရနိုင်တယ် ဒါက ဘာကိုပြလဲဆိုရင်၊ ဘုရားရဲ့အမှုတော်က ရှေ့ကိုပဲ ရွေ့နေတဲ့အပြင်၊ လူတွေရဲ့လိုအပ်ချက်တွေကို အခြေခံပြီး သူတို့ကို ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြတာ၊ အမှုတော်ပြုတာကိုပဲ ဆက်လုပ်နေတယ်ဆိုတာပါပဲ။ သခင်က နောက်ဆုံးသောကာလမှာ ကြွလာပြီး၊ ကျေးဇူးတော်ခေတ်ရဲ့အမှုတော်ကို ထပ်လုပ်ရင်းနဲ့၊ နာမကျန်းသူတွေကို ပျောက်စေမယ်၊ နတ်ဆိုးတွေကို နှင်ထုတ်နေမယ်ဆိုရင်၊ ဘုရားရဲ့အမှုတော်က တိုးတက်လာမှာမဟုတ်ဘူး၊ သခင်ယေရှုရဲ့အမှုတော်ကလည်း အဓိပ္ပာယ်မဲ့သွားလိမ့်မယ်။ အဲဒါကြောင့် နောက်ဆုံးသောကာလမှာ ပြန်ကြွတဲ့အခါ ကိုယ်တော်က နိမိတ်လက္ခဏာတွေကို လုံးဝ ပြမှာမဟုတ်သလို၊ နာမကျန်းသူတွေကို ပျောက်စေတာ၊ နတ်ဆိုးတွေကို နှင်ထုတ်တာလည်း လုပ်မှာမဟုတ်ဘူး။ တစ်ယောက်ယောက်က ပြန်ကြွလာတဲ့သခင်အဖြစ် အယောင်ဆောင်ရင်း၊ နိမိတ်လက္ခဏာတွေကို ပြတယ်ဆိုရင်၊ လူတွေကို လှည့်စားဖို့ ကြိုးစားနေတဲ့ ခရစ်တော်အယောင်ဆောင်တစ်ယောက်ဆိုတာ သေချာတယ်။ ခရစ်တော်အတုအယောင်တွေဆိုတာ ခရစ်တော်အဖြစ် အယောင်ဆောင်နေတဲ့ မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေပဲ။ သူတို့က သမ္မာတရားကို မဖော်ပြနိုင်ဘူး၊ လူတွေကို ကယ်တင်ဖို့ အမှုပြုဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်ဘူး။ သူတို့လုပ်နိုင်တာဆိုလို့ ဘုရားရဲ့အမှုတော်ကို တုပရင်းနဲ့ ဘုရားနောက်ကနေ လိုက်မယ်၊ ပြီးတော့ လူတွေကို လှည့်စားဖို့ သာမန်အမှုလေးတွေကို ပြတယ် ဒါပေမဲ့ သခင်ယေရှု ပြခဲ့တဲ့ ဘုရားရဲ့သြဇာအာဏာ အပြည့်ပါတဲ့ အံ့ဖွယ်အမှုတွေကိုတော့ ခရစ်တော်အယောင်ဆောင်တွေက မလုပ်နိုင်ကြဘူး။ သေသူကို ပြန်ရှင်စေတာ၊ လူငါးထောင်ကို ကျွေးမွေးပြတာ၊ ပင်လယ်နဲ့ လေကို ငြိမ်သက်စေတာမျိုးတွေပေါ့ ကျွန်တော်တို့က ဘုရားရဲ့အမှုတော်ကို နားလည်ပြီး၊ ခရစ်တော်အယောင်ဆောင်တွေရဲ့ အနှစ်သာရနဲ့ လှည့်စားတတ်တဲ့ နည်းလမ်းတွေကို ခွဲခြားနိုင်တယ်ဆိုရင်၊ သူတို့ကြောင့် ကျွန်တော်တို့ လှည့်ဖြားခံရမှာမဟုတ်ဘူး” တဲ့။

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နားထောင်ပြီးသွားတော့၊ ခရစ်တော်အယောင်ဆောင်တွေကို ခွဲခြားတဲ့ သမ္မာတရားကို ကျွန်မ နည်းနည်း နားလည်သွားတယ်။ ဘုရားက အမြဲတမ်း အသစ်ဖြစ်တယ်၊ ဘယ်တော့မှ မအိုဟောင်းဘူး။ သူ့အမှုတော်ကို ဘယ်တော့မှ ထပ်မကျော့ဘူး။ သခင်ယေရှုရဲ့ရွေးနုတ်ခြင်းအမှုက ပြီးစီးသွားပြီ၊ ဒါကြောင့် သူ ပြန်ကြွတဲ့အခါ၊ အဲဒီအမှုတော်ကိုပဲ ထပ်လုပ်မှာမဟုတ်ဘူး။ ခရစ်တော်အယောင်ဆောင်တွေဆိုတာ သမ္မာတရားကို မဖော်ပြနိုင်သလို၊ ဘုရားရဲ့အမှုတော်ကိုလည်း မပြုနိုင်ဘူး။ သူတို့လုပ်နိုင်တာဆိုလို့ ဘုရားရဲ့အမှုတော်ဟောင်းကို တုပပြီး၊ လူတွေကို သာမန်နိမိတ်လက္ခဏာလေးတွေနဲ့ လှည့်စားတာပဲရှိတယ်။ သခင်က ပြောခဲ့တယ်လေ၊ “အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍...ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်၊” သူ ဘာကိုဆိုလိုခဲ့လဲဆိုတာ ကျွန်မ အခုမှ နားလည်သွားတာ။

အဲဒီအစ်ကိုက ဆက်ပြောပြတယ်၊ “ခရစ်တော်အစစ်အမှန်နဲ့ ခရစ်တော်အယောင်ဆောင်တွေကို ဘယ်လိုခွဲခြားမလဲဆိုတဲ့ သမ္မာတရားအကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်က တော်တော် ရှင်းလင်းထားတယ်။ သူတို့တွေကို ခွဲခြားဖို့ အဓိကကျတဲ့ အခြေခံသဘောကို ပြသပေးတယ်။ အရေးကြီးဆုံးက လူ့ဇာတိခံယူခြင်းက ဘာလဲဆိုတာ နားလည်ရမယ်။ ခရစ်တော်ရဲ့အနှစ်သာရကို သိရမယ်။ ကျွန်တော်တို့က ခရစ်တော်ကို သိပြီဆိုရင်၊ ခရစ်တော်အယောင်ဆောင်တွေကို အလွယ်တကူ သတိပြုမိလာကြလိမ့်မယ်” တဲ့။ နောက်တော့ အဲဒီအစ်ကိုက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တွေကို ဖတ်ပြတယ်။ “လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က တာဝန်ယူကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

ပြီးတော့ အဲဒီအစ်ကိုက ပြောပြတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ အစ်ကိုတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်တာက၊ ခရစ်တော်ဆိုတာ လူ့ဇာတိခံယူတဲ့ ဘုရားပဲ၊ သူဟာ လူသားအဖြစ် လူ့ဇာတိကို ယူခြုံပြီး လူတွေကြားမှာ အမှုပြုဖို့ ကြွလာတဲ့ ကောင်းကင်ဘုံက ဘုရားသခင်ပဲ။ ခရစ်တော်ဆီမှာ သာမန်လူ့သဘာဝရော၊ ပြီးပြည့်စုံတဲ့ ဘုရားဖြစ်ခြင်းရော နှစ်မျိုးစလုံး ရှိတယ်။ သူက သာမန်လူလို့ ထင်ရပေမဲ့၊ သူ့အနှစ်သာရက ဘုရားဖြစ်ခြင်းပဲ။ အဲဒါကြောင့် သူက သမ္မာတရားကို ဖော်ပြနိုင်တယ်၊ ဘုရားရဲ့အသံတော်နဲ့ ပြောဆိုနိုင်တယ်၊ လူတွေကို ကယ်တင်နိုင်တယ်၊ ဘုရားရဲ့စိတ်သဘောထားနဲ့ ဘုရားရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကိုလည်း ဖော်ပြနိုင်တယ်။ ခရစ်တော်ဆိုတာ လူတွေကို အာဟာရပေး၊ လမ်းပြဖို့၊ လက်တွေ့လုပ်ဆောင်မှုလမ်းကို ညွှန်ပြဖို့အတွက်၊ သမ္မာတရားကို အချိန်မရွေး ဖော်ပြပေးနိုင်တယ်။ ဒါကို ခရစ်တော်ရဲ့အနှစ်သာရအရ သတ်မှတ်ထားတာပါ လူတစ်ယောက်ကို ခရစ်တော် ဟုတ်မဟုတ်ဆိုတာ သေချာဖို့အတွက်၊ ကျွန်တော်တို့က သူ့ပြောစကားတွေ၊ လုပ်ဆောင်ချက်နဲ့ စိတ်သဘောထားကို အခြေခံပြီး ဒါကို ဆုံးဖြတ်ရမယ်။ သခင်ယေရှုဆိုတာ ဘုရားရဲ့လူ့ဇာတိခံယူခြင်းပဲ။ သူက ကျေးဇူးတော်ခေတ်ကို စတင်ပြီး၊ ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့တယ်။ သူက သမ္မာတရားကို ဖော်ပြပြီး၊ နောင်တရရာလမ်းကို လူသားအပေါ် နှင်းအပ်ခဲ့တယ်။ ဘုရားရဲ့ကြင်နာတတ်တဲ့၊ သနားကရုဏာနဲ့ပြည့်စုံတဲ့ စိတ်သဘောထားကို ဖော်ပြခဲ့တယ်။ ပြီးတော့ သူ့ရဲ့ရွေးနုတ်ခြင်းအမှုကို ပြုဖို့အတွက် ကားတိုင်တင်ခံခဲ့တယ်။ သူဟာ လူတွေရဲ့စိတ်ဝိညာဉ်တွေမှာ လိုအပ်တာတွေကို ထောက်ပံ့ပေးပြီး၊ ခေတ်သစ်အတွက် လမ်းတစ်ခုကို ပေးခဲ့တယ်ဆိုတာကို သူ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကတစ်ဆင့် ကျွန်တော်တို့ မြင်နိုင်တယ်။ သူက လူတွေကို အပြစ်ဝန်ခံ နောင်တရဖို့၊ တစ်ပါးသူတွေကို ချစ်ခင်ဖို့၊ စိတ်ရှည်သည်းခံကြဖို့၊ ခုနစ်ကြိမ်ခုနစ်လီတိုင်အောင် ခွင့်လွှတ်ကြဖို့၊ ဘုရားကို စိတ်နှလုံးရှိသမျှ ဉာဏ်ရှိသမျှနဲ့ ချစ်ကြဖို့ စသဖြင့် ဆုံးမခဲ့တယ်။ ကျွန်တော်တို့က သခင့်ဆီမှာ ဆုတောင်းပြီဆိုရင်၊ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ခံစားရတယ်။ သူ့ဆီမှာ အပြစ်ဝန်ခံ နောင်တရတဲ့အခါ၊ ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ ကျွန်တော်တို့က သူ့နှုတ်ကပတ်တော်တွေနဲ့အညီ လုပ်ဆောင်တဲ့အခါ၊ သူက ချီးကျူးပြီး ကောင်းချီးပေးတယ်။ သူ့အမှုတော်၊ နှုတ်ကပတ်တော်တွေနဲ့ သူ ဖော်ပြတဲ့ စိတ်သဘောထားအရ၊ သူဟာ လူတွေကို ရွေးနုတ်သူ၊ ခရစ်တော် ဖြစ်မှန်း ကျွန်တော်တို့ မြင်နိုင်တယ်။ အခုဆို အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ဘုရားရဲ့အိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့ ကြွလာခဲ့ပါပြီ။ သူက လူတွေကို သန့်စင်ကယ်တင်ပေးတဲ့ သမ္မာတရားအားလုံးကို ဖော်ပြပါတယ်၊ သူက ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး၊ နိုင်ငံတော်ခေတ်ကို စတင်ပေးလိုက်ပါပြီ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပါတယ်။ ပြီးတော့ လူတွေကို ကယ်တင်ဖို့ သူ့စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုတွေ၊ သူ့အမှုတော် အဆင့်သုံးဆင့်ရဲ့ ရည်ရွယ်ချက်၊ သူ့နာမတော်တွေနဲ့ လူ့ဇာတိခံယူခြင်းတွေရဲ့ နက်နဲမှုတွေ၊ ဘုရားရဲ့အမှုတော်နဲ့ လူသားရဲ့လုပ်ဆောင်ချက်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်နဲ့ နတ်ဆိုးတွေရဲ့လုပ်ဆောင်ချက်ကြားက ခြားနားချက်တွေ၊ ပြီးတော့ ခရစ်တော်အစစ်အမှန်နဲ့ ခရစ်တော်အယောင်ဆောင်တွေကြားက ခြားနားချက်၊ စသဖြင့် ဖော်ထုတ်ပြတယ်။ ကမ္ဘာလောကရဲ့ ဆိုးဝါးယုတ်မာမှု အရင်းခံဇာစ်မြစ်၊ ဘုရားကို ခုခံတတ်တဲ့ လူသားရဲ့ဆိုးယုတ်တဲ့ သဘာဝနဲ့၊ အမျိုးမျိုးသော အကျင့်ပျက်အခြေအနေတွေကိုလည်း ထုတ်ဖော်ပြတယ်။ လူသားရဲ့အတွင်းထဲက ပျက်စီးတဲ့ စိတ်သဘောထားတွေကိုလည်း ဖော်ထုတ်ပြတယ်၊ မာနထောင်လွှားတာ၊ လိမ်ညာတာ၊ ရက်စက်ယုတ်မာတာမျိုးတွေပေါ့။ ပြီးတော့ ကျွန်တော်တို့ကို သန့်စင်ခံရဖို့လမ်းနဲ့ ဝင်ရောက်ခြင်းအတွက် လက်တွေ့လုပ်ဆောင်သင့်တဲ့ သမ္မာတရားတွေကိုလည်း ပြပေးတယ်၊ ဥပမာ ဘယ်လိုရိုးသားမလဲ၊ ဘုရားကို ဘယ်လိုနာခံ၊ ချစ်ခင်ပြီး ကြောက်ရွံ့မလဲ၊ ဘုရားရဲ့အလိုတော်နဲ့အညီ ဘယ်လိုအစေခံမလဲ၊ ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘယ်လိုပစ်ပယ်မလဲ စသဖြင့်ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုကတစ်ဆင့်၊ ဘုရား ရွေးကောက်ထားသူတွေဟာ သမ္မာတရားတချို့ကို နားလည်ကြတယ်၊ စာတန်ကြောင့် သူတို့ ဘယ်လောက် ဖောက်ပြန်ပျက်စီးခဲ့ပြီလဲဆိုတာ မြင်ကြတယ်၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားနဲ့ သန့်ရှင်းတဲ့ အနှစ်သာရကို အသိအမှတ်ပြုကြတယ်။ အဲဒီနောက်မှာ သူတို့က ဘုရားကို ကြောက်ရွံ့လာတယ်၊ သူ့နှုတ်ကပတ်တော်တွေကို စပြီး လက်တွေ့လုပ်ဆောင်တယ်၊ ပျက်စီးတဲ့ စိတ်သဘောထားတွေကို စွန့်ပစ်ကြတယ်၊ တဖြည်းဖြည်းနဲ့ သူတို့ရဲ့အသက် စိတ်သဘောထားတွေက ပြောင်းလဲကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြနေတာတွေ၊ တရားစီရင်ခြင်းအမှု ပြုနေတာတွေ၊ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်ပြည့်စုံတဲ့ စိတ်သဘောထားကို ဖော်ပြနေတာတွေ အားလုံးက သူဟာ နောက်ဆုံးသောကာလခရစ်တော်၊ လူ့ဇာတိခံဘုရား ဖြစ်တယ်ဆိုတာကို သက်သေပြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပါပဲ။ ခရစ်တော်အယောင်ဆောင်တွေဆိုတာ မိစ္ဆာဝိညာဉ်တွေ ဝင်ပူးနေတာ။ တကယ်တော့ နတ်ဆိုးတွေပဲ။ သူတို့က ခေတ်သစ်တစ်ခုကို မစတင်နိုင်သလို၊ ခေတ်ဟောင်းကိုလည်း အဆုံးသတ်မပေးနိုင်ဘူး။ သူတို့က ဘုရားရဲ့နှုတ်ကပတ်တော်တွေကို မဖော်ပြနိုင်သလို၊ ဘုရား စီမံခန့်ခွဲမှုအလုပ်ရဲ့ နက်နဲမှုတွေကို မထုတ်ဖော်နိုင်ဘူး။ လူတွေကို တရားစီရင်၊ သန့်စင်ပေးပြီး ပြောင်းလဲစေတဲ့ အမှုကို မလုပ်နိုင်ကြဘူး။ သူတို့က ဘုရားရဲ့အမှုတော်ဟောင်းကိုပဲ နည်းနည်းလောက် တုပပြီး၊ သာမန်အမှုလေးတွေကိုပဲ ပြသနိုင်ကြတယ်။ သူတို့က ကျမ်းစာကို တလွဲအဓိပ္ပာယ်ကောက်ပြီး၊ အတုအယောင်သြဝါဒတွေကို ဟောပြောတယ်။ ဒါမှမဟုတ်လည်း လူတွေကို လှည့်စားဖို့အတွက် လူသားရဲ့လောကီအယူအဆတွေနဲ့ လိုက်ဖက်တဲ့အရာတွေကို ပြောကြတယ်။ သူတို့ကို နာခံတဲ့လူတွေက လမ်းဆုံးတစ်ခုကို ရောက်ကုန်ပြီး၊ ဘာမှမရကြဘူး။ အဲဒီလူတွေရဲ့ရင်ထဲမှာ ပိုပြီးမှောင်မိုက်သလို ဖြစ်ပြီး၊ နောက်ဆုံးမှာ စာတန်နဲ့ နတ်ဆိုးတွေကြောင့် လမ်းမှားသွားကြတယ်” တဲ့။

အဲဒီအချိန်မှာ အစ်မကျုံကလည်း ပြောပြတယ်၊ “ခရစ်တော်ဆိုတာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ပဲ။ ခရစ်တော်က သမ္မာတရားကို ဖော်ပြနိုင်တယ်၊ လူတွေရဲ့အသက်တွေကို အာဟာရပေးနိုင်တယ်၊ လမ်းခရီးကို ပြပေးနိုင်တယ်။ ခရစ်တော်အယောင်ဆောင်တွေကျတော့ သမ္မာတရားကို မဖော်ပြနိုင်သလို၊ လူတွေရဲ့အသက်တွေကိုလည်း အာဟာရမပေးနိုင်တဲ့ နတ်ဆိုးတွေပဲ။ လူတွေအတွက် လမ်းခရီးကို အမှန်တကယ် မပြနိုင်ကြဘူး။ သူတို့လုပ်နိုင်တာဆိုလို့ အံ့ဖွယ်အမှုလေးတွေကို ပြမယ်၊ လူတွေကို လှည့်စားဖို့ လူတွေရဲ့အယူအဆတွေနဲ့ လိုက်ဖက်တာတွေကို ပြောဆိုတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေထဲမှာ ခရစ်တော်အစစ်အမှန်နဲ့ ခရစ်တော်အယောင်ဆောင်တွေကို ခွဲခြားဖို့ လမ်းတစ်ခု ရှိပါတယ်။ အစ်မတို့အနေနဲ့ လှည့်စားခံရမှာကို ကြောက်ဖို့မလိုတော့ပါဘူး။”

သူတို့နှစ်ယောက်လုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အခြေခံပြီးတော့၊ ခရစ်တော်ဆိုတာ ဘာလဲ၊ ခရစ်တော်အယောင်ဆောင်တွေကို ဘယ်လိုခွဲခြားမလဲဆိုတာကို တော်တော် ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုသွားတယ်။ ကျွန်မရင်ထဲမှာ အသိအမြင်တွေနဲ့ ပြည့်သွားတယ်။ လူတစ်ယောက်ကို ခရစ်တော်လား၊ ပြန်ကြွလာတဲ့သခင်လားဆိုပြီး ဆုံးဖြတ်တဲ့အခါ အဓိကက သူတို့ရဲ့အနှစ်သာရကို ကြည့်ဖို့၊ သူတို့က သမ္မာတရားနဲ့ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖော်ပြနိုင်လား၊ လူတွေကို ကယ်တင်ဖို့အမှုကို ပြုနိုင်လားဆိုတာကို ကြည့်ဖို့ပဲ။ ဒါက အရေးကြီးဆုံးပဲ။ သမ္မာတရားကို ဖော်ပြပြီး လူတွေကို ကယ်တင်ဖို့အမှုကို ပြုနိုင်တဲ့ လူတစ်ယောက်ကသာ လူ့ဇာတိခံတဲ့ဘုရားပဲ။ လူတွေကို သန့်စင်ကယ်တင်ဖို့ တရားစီရင်ခြင်းအမှုကို ပြုနိုင်တဲ့ လူတစ်ယောက်ကသာ နောက်ဆုံးသောကာလခရစ်တော်ပဲ။ သမ္မာတရားကို မဖော်ပြနိုင်ဘူး၊ ဘုရားရဲ့အမှုတော်ကိုလည်း မပြုနိုင်သလို၊ သူတို့ကိုယ်သူတို့ ခရစ်တော်ဖြစ်ဖြစ် ဘုရားဖြစ်ဖြစ် သတ်မှတ်တဲ့ လူတိုင်းဟာ ခရစ်တော်အတုအယောင်ပဲ။ လူတွေကို လှည့်စားဖို့ ရောက်လာတဲ့ အယောင်ဆောင်ပဲ။ ဒါက ခရစ်တော်အစစ်အမှန်နဲ့ အယောင်ဆောင်တွေကို ခွဲခြားဖို့ လွယ်လွယ်ကူကူနဲ့ တိကျလွန်းတဲ့ နည်းလမ်းပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဒီလိုသမ္မာတရားတွေနဲ့ နက်နဲမှုတွေကို မထုတ်ဖော်ပြခဲ့ဘူးဆိုရင်၊ ကျွန်မက ကျမ်းစာကို ဘယ်လောက်ပဲဖတ်ဖတ်၊ သင်းအုပ်တွေကို ဘယ်လိုပဲနာခံနာခံ၊ အဲဒါတွေကို ဘယ်တော့မှ သိမှာမဟုတ်ဘူး။

အဲဒီအစ်ကိုက ဆက်ပြီး ပြောပြတယ်၊ “သခင်ယေရှု ပြောခဲ့သည်မှာ- ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) အခုဆို သမ္မာတရားဝိညာဉ်တော်ဟာ လူ့ဇာတိခံယူပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ကြွလာခဲ့ပြီ။ လူတွေအနေနဲ့ ကယ်တင်ခြင်းကို ရဖို့အတွက် လိုအပ်တဲ့ သမ္မာတရားတွေနဲ့ နက်နဲမှုတွေအားလုံးကို သူက ထုတ်ဖော်ပြတယ်။ ကျွန်တော်တို့က သူ့နှုတ်ကပတ်တော်တွေအားဖြင့်သာ သမ္မာတရားကို နားလည်နိုင်တယ်၊ မှန်ကန်တဲ့ လက်တွေ့လုပ်ဆောင်မှုလမ်းကို ရနိုင်ကြတယ်” တဲ့။ အဲဒီအစ်ကိုက နောက်တော့ အများကြီး မိတ်သဟာယပြုပေးသေးတယ်။ ကျွန်မ ယုံကြည်လာတဲ့ နှစ်တွေအများကြီးထဲမှာ အဲဒါတွေကို တစ်ခါမှ မကြားဖူးခဲ့ဘူး။ သခင့်ကို ယုံကြည်လာတဲ့ နှစ်တွေထဲမှာ ရခဲ့တာတွေနဲ့စာရင် အဲဒီတစ်ရက်တည်းမှာ ပိုပြီး နားလည်သွားတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ တရားတွေက သိပ်ကောင်းတယ်လို့ လူတွေ ပြောကြတာကို မအံ့သြတော့ဘူး။ အဲဒါတွေအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ရလာတာကိုး။ ကျွန်မလည်း အဲဒီအစ်ကိုကို မေးလိုက်တယ်၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်က ဘယ်လောက်ပေးရလဲ။ ကျွန်မလည်း တစ်အုပ် ဝယ်ပြီး၊ ကိုယ့်ဘာသာ ဖတ်ချင်လို့ပါ” ပေါ့။ သူက ပြုံးပြီး ပြန်ပြောတယ်၊ “အဲဒါက အခမဲ့ပါ။ ဘုရားသခင် ပြောခဲ့သည်မှာ- ‘ရေငတ်သော သူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။(ဗျာဒိတ်ကျမ်း ၂၁:၆) ဘုရားက လူသားကို ချစ်ပါတယ်။ လူတွေကို စာတန်ရဲ့အုပ်စိုးမှုအောက်ကနေ အပြီးအပြတ် ကယ်တင်ဖို့အတွက်၊ သူက ကျွန်တော်တို့ကို အဖိုးအခမယူဘဲ ပေးတာပါ။ ကျွန်တော်တို့က သမ္မာတရားကို ရှာဖွေချင်နေသရွေ့၊ သူ့နှုတ်ကပတ်တော်တွေကို ကျွန်တော်တို့အပေါ် အခမဲ့ နှင်းအပ်ပါတယ်” တဲ့။ ကျွန်မလည်း တော်တော်ကို လှိုက်လှိုက်လှဲလှဲ ဖြစ်သွားတာ။ ဘုရားကသာ ကျွန်မတို့ကို ကိုယ်ကျိုးမငဲ့ဘဲ ချစ်နိုင်တာ၊ ထောက်ပံ့ပေးနိုင်တာပါ။ နောက်တော့ အဲဒီအစ်ကိုက ကျွန်မကို နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်တစ်အုပ်ကို ပေးသွားတယ်။

အဲဒီနောက်ပိုင်း ကျွန်မလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နေ့တိုင်း အားတက်သရော ဖတ်တယ်။ ဖတ်ကြည့်လေလေ၊ အဲဒီကနေ ပိုပြီးရလေလေ၊ ပိုပြီးကြည်နူးမိလေပဲ။ ဘုရားရဲ့နှုတ်ကပတ်တော်တွေက ကိုယ့်စိတ်နှလုံးထဲ ဝင်ရောက်တယ်လို့ ခံစားရတယ်။ ကိုယ့်ယုံကြည်ခြင်းမှာ နှစ်ရှည်လများ ရှိနေတဲ့ ရှုပ်ထွေးနေတာတွေက ပြေလည်သွားတယ်။ ကျွန်မလည်း ဝမ်းသာတယ်၊ ကြည်နူးမိတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံသွားတဲ့ အဲဒီ ကောင်းတဲ့ယုံကြည်သူတွေအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ သမ္မာတရားကို မြင်ပြီး၊ ဘုရားရဲ့အသံကို ကြားပြီး၊ သူ့ကို လူ့ဇာတိခံဘုရားအဖြစ်၊ ပြန်ကြွလာတဲ့သခင်ယေရှုအဖြစ် အသိအမှတ်ပြုကြပြီးတော့မှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်နောက်ကို မတွန့်မဆုတ် လိုက်ခဲ့ကြတာပဲဆိုတာကို နားလည်သွားတယ်။ သူတို့က ပညာရှိသတို့သမီးတွေပဲ။ ကျွန်မက ကိုယ့်အသင်းတော်က သင်းအုပ်နဲ့ အကြီးအကဲတွေ လေပန်းခဲ့တဲ့ အယူအဆတွေ၊ အဓိပ္ပာယ်မရှိတာတွေနဲ့ လှည့်စားခံခဲ့ရတော့၊ သခင် ပြန်လာခြင်းသတင်းမှန်သမျှကို အတုအယောင်ဆိုပြီး ယုံကြည်မိတယ်၊ အဲဒါတွေကို မစူးစမ်းရဲခဲ့ဘူး။ ကျွန်မက သခင့်ကို ကြိုဆိုခွင့်နဲ့ လွဲလုနီးပါးဖြစ်ခဲ့တယ်။ တော်တော် မိုက်မဲခဲ့တာပဲ။ ဒါပေမဲ့ ဘုရားက ကျွန်မကို မစွန့်ပစ်ခဲ့ဘူး။ အဲဒီအစ်ကိုနဲ့ အစ်မရဲ့ မိတ်သဟာယတွေကတစ်ဆင့်၊ ခရစ်တော်အယောင်ဆောင်တွေကို ဘယ်လိုခွဲခြားမလဲဆိုတာကို ညွှန်ပြပေးတယ်။ ဒါကြောင့် ကျွန်မက သူ့အသံကို ကြားပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သေချာသွားခဲ့တာပါ။ သိုးသငယ်ကို မီအောင် လိုက်မိခဲ့တာပါ။ ကျွန်မကို ကယ်တင်ခြင်းအတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခေတ်သစ်ဖာရိရှဲတစ်ဦး ဖြစ်လာခြင်း

၁၉၈၉ မှာ သခင်ယေရှုနောက် ကျွန်မ စလိုက်ခဲ့တယ်။ ဝတ်ပြုအစီအစဉ်တက်ပြီး ကျမ်းစာဖတ်ခြင်းအားဖြင့်၊ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဘုရားက...

ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအား ဖြေရှင်းရန်နည်းလမ်းကို ကျွန်ုပ်သိပြီ

ရမ်ဆီ ဖာနန်ဒို မာရီယို၊ မက္ကဆီကိုနိုင်ငံ ကျွန်တော်သည် ကတ်သလစ် မိသားစု၌ ကြီးပြင်းလာပြီး ငယ်စဉ်ကတည်းက သူတို့နှင့်အတူ သခင့်ကို ကျွန်တော်...

စစ်မှန်သည့်လမ်းကို စူးစမ်းလေ့လာရာတွင် ကျွန်မ တွေ့ကြုံခဲ့ရသည့်အရာ

ဖလောရမ့်စ် အင်ဒိုနီးရှားနိုင်ငံ ကလေးဆိုတော့ ကိုယ့်မိဘတွေ သခင့်ကိုယုံကြည်ကြတဲ့အတိုင်းပဲ ကျွန်မ လိုက်ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ...

ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း နှစ်)

ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု ညီအစ်မလီက နားထောင်ပြီးနောက် ပြုံးလိုက်ပြီး- “ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ၊ အလွန်အရေးပါတဲ့မေးခွန်းကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။