ဘုရားသခင်ရှေ့မှောက် ကျွန်တော် ချီဆောင်ခံလိုက်ရပြီ

03.12.2020

ကျွန်တော်က အသက် ၂၀ မှာ နှစ်ခြင်းခံပြီး၊ သခင်ယေရှုကို ယုံကြည်လာခဲ့တာပါ။ သင်းအုပ်က သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာနဲ့ အဆုံးအမတွေအကြောင်း ဟောပြောပြတော့ ကျွန်တော့်ရင်ထဲမှာ နွေးထွေးခဲ့ရတာပေါ့။ အသင်းတော်က ညီအစ်ကိုမောင်နှမတွေအားလုံးကလည်း အချင်းချင်း တော်တော် ရိုင်းပင်းကြတယ်။ ဒီတော့ ဘုရားကျောင်းတက်ရတာ တကယ် ပျော်စရာကောင်းခဲ့တာ။ သင်းအုပ်ကလည်း မကြာမကြာ ပြောပြတယ်၊ “သခင်ယေရှုက တို့တွေကို ရွေးနုတ်ဖို့ ကားတိုင်တင်ခံခဲ့တာ။ ကိုယ်တော်က တို့တွေအတွက် နေရာတစ်ခု ပြင်ဆင်ပေးဖို့၊ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ကို တက်သွားတာ။ ပြင်ဆင်တာတွေ ပြီးပြီဆိုတာနဲ့၊ ကိုယ်တော်က တို့တွေဆီ ပြန်လာပြီး ကောင်းကင်ဘုံကို ပို့ပေးလိမ့်မယ်။ ဘာလို့လဲဆိုတော့ သခင်ယေရှုက ကတိတော်ပေးခဲ့လို့ပဲ၊ ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ၊ ငါ သွားရ၏။ ငါသည် သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃) ပြီးတော့ သက်သာလောနိတ်သြဝါဒစာ ပဌမစောင် ၄:၁၇ မှာလည်း ပါတယ်၊ ‘ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။’” သင်းအုပ်က ခဏခဏ ပြောတာတစ်ခု ရှိသေးတယ်၊ “ငါတို့က သခင့်ကို ယုံကြည်ခြင်းရှိနေသရွေ့၊ သခင် ပြန်လာပြီဆိုရင် ငါတို့ကို ကောင်းကင်ဆီ ယူဆောင်လိမ့်မယ်။ ကိုယ်တော်နဲ့အတူ ထာဝရနေကြရမယ်။ ကောင်းကင်ဘုံမှာ ဝမ်းနည်းစရာတွေ၊ နာဖျားတာတွေ၊ မျက်ရည်တွေဆိုတာ မရှိဘူး။ ပျော်ရွှင်ငြိမ်းချမ်းမှုဆိုတာပဲ ရှိတယ်” ပေါ့။ ဒီကျမ်းပိုဒ်တွေ စကားတွေနဲ့ ကျွန်တော်လည်း အားတက်မိတယ်။ ကျွန်တော်က သခင့်နောက် လိုက်ပြီး အဆုံးထိ ခိုင်မာနေသရွေ့၊ ကောင်းကင်ဘုံဆီ သေချာပေါက် ချီဆောင်ခံရမှာပဲ၊ သခင့်ကောင်းချီးတွေကို ခံစားရမှာပဲဆိုပြီး ယုံကြည်မိတယ်။ သခင်က ကျွန်တော့်ကို ကောင်းကင်ဆီ ချီဆောင်ဖို့ မကြာခင် ပြန်လာမှာလို့ပဲ အမြဲတမ်း မျှော်လင့်နေတာ။

အဲဒီလိုနဲ့ ၂၀၁၇ စက်တင်ဘာလပိုင်းမှာ အစ်ကိုဝမ်ဆိုတဲ့လူနဲ့ ဖေ့စ်ဘွတ်မှာ တွေ့တယ်။ သူက ကျွန်တော့်ကို ပြောပြတယ်ဗျ၊ “သခင်ယေရှုက နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ပြဖို့၊ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို ပြုဖို့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့ပြီ” ပေါ့။ ဒီသတင်းကို ကြားလိုက်ရတော့ ကျွန်တော် တကယ် အံ့သြသွားတာ။ သခင်ယေရှုက ပြန်ကြွလာပြီလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သခင့်ကတိတော်က ဖြစ်မလာသေးဘူးလေ။ ဒီတော့ သူက ဘယ်လိုလုပ် ပြန်ကြွလာနိုင်မှာလဲ။ အစ်ကိုဝမ် ပြောနေတာ မဆုံးခင်၊ ကျွန်တော်လည်း ဖြတ်ပြောမိတယ်၊ “သခင်ယေရှု ပြန်ကြွလာရင်၊ ကျွန်တော်တို့က သခင်နဲ့ဆုံဖို့ မိုးတိမ်တွေဆီ ချီဆောင်ခံရမှာလေ။ ဒါပေမဲ့ အခု မြေကြီးပေါ်မှာ ရှိနေတုန်းပဲ။ ဘယ်သူမှ ချီဆောင်မခံရသေးဘူး။ ဒီတော့ သခင်ယေရှု ပြန်ကြွလာပြီဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ” ပေါ့။ အစ်ကိုဝမ်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လေ့လာကြည့်ဖို့ပဲ အကြံပေးတယ်။ ကျွန်တော့်မှာ မေးစရာတွေရှိရင် သူက မိတ်သဟာယပြုပေးမယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ သူ ပြောတာတွေက ကျွန်တော် နားလည်ထားတာနဲ့ ကွဲလွဲနေတယ်၊ အလုပ်ကလည်း နည်းနည်း ရှုပ်နေတာဆိုတော့၊ ကျွန်တော်လည်း အစ်ကိုဝမ်နဲ့ လုံးဝ မဆက်သွယ်ဖြစ်တော့ဘူး။

အဲဒီလိုနဲ့ နိုဝင်ဘာလ ရောက်တော့၊ ကျွန်တော့်ကုမ္ပဏီက အသစ်ပြန်ပြင်နေတာနဲ့၊ အလုပ်က တစ်လရပ်သွားရော။ ဒါနဲ့ အဲဒီတစ်လလုံး အားသွားတယ်။ ဖေ့စ်ဘွတ်ကို ခဏခဏ ဖွင့်ပြီး၊ သူငယ်ချင်းတွေနဲ့ စကားပြောတာပေါ့။ ကျွန်တော့်သူငယ်ချင်း တော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ရုပ်ရှင်တွေ ဗီဒီယိုတွေ၊ သက်သေခံချက်ဆောင်းပါးတွေ၊ ဂီတဗီဒီယိုတွေ၊ ဓမ္မတေးတွေ တင်နေကြတယ်ဆိုတာ သတိထားမိတယ်။ သခင်ယေရှု ပြန်ကြွလာပြီဆိုပြီး အစ်ကိုဝမ် ပြောဖူးတာကို သွားသတိရလိုက်တယ်။ ဒါနဲ့ ကျွန်တော် စူးစမ်းချင်လာတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ဘယ်လို အသင်းတော်မျိုးလဲ။ ဘာလို့ ဒီလောက်မြန်မြန် ကြီးထွားသလိုဖြစ်လာတာလဲပေါ့။ စိတ်ထဲမှာ ဆိုစကားတစ်ခုက ရုတ်တရက် ပေါ်လာတယ်ဗျ၊ “ဘုရားသခင်ဆီမှ လာသောအရာသည် ရှင်သန်တိုးတက်၏” ဆိုတာလေ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်နိုင်လား။ ဒါပေမဲ့ နောက်တော့၊ “ငါတို့က အခုထိ ချီဆောင်မခံရသေးဘူး။ ဘုရားရဲ့ကတိတော်က မပြည့်သေးဘူး။ ဒါဆို ဘာတွေဖြစ်နေတာလဲ” ဆိုပြီး စဉ်းစားကြည့်တယ်။ တော်တော် ခေါင်းရှုပ်သွားတာ။ နောက်တစ်ရက်ကျတော့၊ ဖေ့စ်ဘွတ်မှာ ကျွန်တော့်သူငယ်ချင်း၊ ညီမလီနဲ့ စကားပြောနေရင်း၊ သူ့ကို၊ “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ကြားဖူးလား” ဆိုပြီး မေးကြည့်တယ်။ သူက အဲဒီအသင်းတော်အကြောင်း သိတယ်တဲ့။ သခင်ယေရှု ပြန်ကြွလာပြီဆိုတာကို လူသိရှင်ကြား သက်သေခံတာ အဲဒီအသင်းတော်တစ်ခုတည်း ရှိတယ်။ သူ့အစ်မဝမ်းကွဲလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံလိုက်ပြီ။ သူလည်း အသင်းတော်ရဲ့တရားတွေကို နားထောင်ကြည့်တာ နှစ်ခါရှိပြီတဲ့။ သူ နားထောင်ရတဲ့ တရားတွေက တော်တော် ဆန်းသစ်တယ်၊ အသိဉာဏ်ပွင့်တယ်ပေါ့။ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး သူ မေးချင်တာတွေအများကြီး ရှင်းသွားတယ်။ ဒါနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို စူးစမ်းဖို့ သူ ဆုံးဖြတ်လိုက်တယ်ပေါ့။

ညီမလီက အဲဒီအသင်းတော်ကို စူးစမ်းတော့မယ်ဆိုတာ ကြားတော့၊ ကျွန်တော် နည်းနည်း စိုးရိမ်သွားတယ်။ သူ့ကိုလည်း အမြန်ပြန်ပြောလိုက်တယ်၊ “သက်သာလောနိတ်သြဝါဒစာ ပဌမစောင် ၄:၁၇ မှာ ပြောထားတယ်၊ ‘ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့်။’ ဒါပေမဲ့ ငါတို့က မြေကြီးပေါ်မှာ ရှိနေတုန်းပဲ။ ချီဆောင်မခံရသေးဘူး။ ဒီတော့ သခင် ပြန်ကြွလာပြီဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ နင် အမြင်မကျဉ်းနဲ့။ လမ်းလွဲလို့မဖြစ်ဘူး” ပေါ့။ ညီမလီက ပြောတယ်ဗျ၊ “အမြင်ကျဉ်းလို့မရတာတော့ ဟုတ်တယ်။ ဒါပေမဲ့ အရင် မစူးစမ်းကြည့်ဘဲ မျက်စိမှိတ် ငြင်းနေရင်လည်း မှားသွားလိမ့်မယ်။ အဲဒါမျိုးက သခင့်အလိုတော် မဟုတ်ဘူး တဲ့။ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တကယ် ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ ညီမတို့က မစူးစမ်းဘဲ ကိုယ်တော့်ကို လျစ်လျူရှုမိတယ်ဆိုရင်၊ တကယ်ကို နောင်တရလာလိမ့်မယ် သခင်ယေရှု ပြောခဲ့တယ်၊ ‘ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။(ရှင်မဿဲခရစ်ဝင် ၇:၈) ညီမတို့က ပွင့်လင်းတဲ့စိတ်နဲ့ ရှာနေသရွေ့၊ သေချာပေါက် ဆုလာဘ် ပေးခံရမှာပဲ” တဲ့။ ညီမလီ ပြောတာတွေက အများကြီး အဓိပ္ပာယ်ရှိတယ်လို့ ကျွန်တော် ထင်တယ်။ သခင့်ကို ကြိုဆိုတာက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခွင့်နဲ့ တိုက်ရိုက်ပတ်သက်နေတာလေ။ ပေါ့ပေါ့လေး သဘောထားလို့မဖြစ်ဘူး။

ဒါနဲ့ ပိုပြီး လေ့လာမယ်ဆိုပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ဝက်ဘ်ဆိုက်ကို ညီမလီနဲ့အတူ ဝင်ကြည့်တယ်။ ဘေးအန္တရာယ်အတွင်းမှ ချီဆောင်ခြင်း ဆိုတဲ့ရုပ်ရှင်တစ်ခု ကြည့်မိကြရော။ အဲဒီမှာ လူသုံးယောက် ပြောဆိုကြတာတွေကို ကျွန်တော့်စိတ်ထဲမှာ တော်တော် စွဲသွားတယ်။ အဲဒီအခန်းမှာ အစ်ကိုကူဆိုတဲ့လူက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်တွေကို ဖတ်ပြတယ်ဗျ၊ “ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သောသူကို မြင်ခြင်းငှာ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက် ခုနစ်လုံးကို၎င်း၊ ထိုမီးခွက်ခုနစ်လုံးအလယ်၌ လူသားတော်နှင့်တူသော သူတစ်ဦးကို၎င်း မြင်၏။(ဗျာဒိတ်ကျမ်း ၁:၁၂-၁၃)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃) သူက ပြောပြတယ်၊ “နောက်ဆုံးသောကာလမှာ သခင် ပြန်လာတဲ့အခါ၊ အသင်းတော်တွေကို မိန့်ဆိုဖို့အတွက်၊ လူသားအဖြစ် လူ့ဇာတိခံလိမ့်မယ်ဆိုတာ ဒီကျမ်းပိုဒ်တွေက ပြတယ်။ သခင်ယေရှုကလည်း ‘ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍’ ဆိုတာမျိုး ပြောခဲ့တယ်။ (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ကျွန်တော်တို့က ပညာရှိသတို့သမီးတွေ ဖြစ်သင့်တယ်။ ဘုရားရဲ့အသံတော်ကို ရှာဖွေသင့်တယ်။ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်တွေကို ဘယ်နေရာမှာပဲ မိန့်ဆိုမိန့်ဆို၊ အဲဒီမှာ ဘုရားရဲ့အသံ ရှိလိမ့်မယ်။ ဘုရားရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်လည်း ရှိနေလိမ့်မယ်။ ကျွန်တော်တို့က ဘုရားရဲ့အသံကို ကြားပြီး၊ အမှုတော်ကို လက်ခံကြလို့၊ ဘုရားရဲ့ပလ္လင်တော်ရှေ့ ပြန်ရောက်တဲ့အခါမှသာ၊ ချီဆောင်ခံကြရမှာ။ ‘ချီဆောင်ခြင်း’ ဆိုတာ ဘုရားရဲ့အသံကို ကြားတာ၊ လူ့ဇာတိခံလူသားကို လက်ခံပြီး ဘုရားရှေ့မှောက် ရောက်ရှိတာတွေနဲ့ ဆိုင်တယ်လို့ ကျွန်တော်က နားလည်ထားတယ်။ ဒါက ချီဆောင်ခြင်းရဲ့ အဓိပ္ပာယ်အစစ်ပဲ။ ကျွန်တော်တို့က သခင် ပြန်လာတာကို လက်မခံဘူးဆိုရင် ချီဆောင်ခံကြရမှာမဟုတ်ဘူး။ ဘုရားက စွန့်ပစ်လိမ့်မယ်” နောက်တော့ အစ်ကိုကျိုးဆိုတဲ့လူက မိတ်သဟာယ ပေးသေးတယ်၊ “နောက်ဆုံးသောကာလမှာ သခင်က ကမ္ဘာမြေပေါ် အမှုတော်ပြုဖို့အတွက်၊ လူသားအဖြစ် လူ့ဇာတိခံယူတယ်။ ကျွန်တော်တို့က လူ့ဇာတိခံလူသားကို လက်ခံပြီဆိုရင်၊ ချီဆောင်ခံကြရတယ်။ ကျွန်တော်တို့က ပညာရှိသတို့သမီးတွေ ဖြစ်ရမယ်။ ဘုရားရဲ့အသံတော်ကို ရှာဖွေရမယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ မိန့်ဆိုချက်တွေကို ရှာဖွေပြီး၊ ဘုရားကို လက်ခံတယ်ဆိုတာ အမှန်တကယ် ချီဆောင်ခံရပြီဆိုတဲ့သဘောပဲ” တဲ့။ အဲဒါပြီးတော့ အစ်ကိုကျန်းဆိုတဲ့လူက ပြောပြန်ရော၊ “ချီဆောင်ခြင်းရဲ့ အဓိပ္ပာယ်အမှန်ကို ကျွန်တော်တို့ အခု သိကြပြီ။ သခင်က ကျွန်တော်တို့ကို ရှာဖွေဖို့ ကမ္ဘာမြေပေါ် လာတဲ့အခါ၊ ကျွန်တော်တို့က သူ့အသံကို ကြားပြီး၊ နောက်ဆုံးမှာ ကိုယ်တော့်ရှေ့မှောက် ပြန်ရောက်ကြတယ်ဆိုတာ ချီဆောင်ခြင်းပဲ။ နိမ့်တဲ့နေရာကနေ မြင့်တဲ့နေရာကို ချီမခံရတယ်ဆိုတာမျိုး မဟုတ်ဘူး။ သခင်က ကောင်းကင်ဘုံမှာ ရှိလို့၊ ကျွန်တော်တို့ကို ကောင်းကင်ဆီ ချီဆောင်လိမ့်မယ်ဆိုပြီး ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီလို ချီဆောင်ခြင်းဆိုတာ ကျွန်တော်တို့စိတ်ကူးသက်သက်ပဲ။ မခိုင်မာဘူး” တဲ့။

ရုပ်ရှင်ကို ကြည့်ရင်း အဲဒီအခန်းအထိ ရောက်လာတော့၊ ကျွန်တော် နည်းနည်း ဇဝေဇဝါဖြစ်လာတယ်ဗျ။ ဒါနဲ့ ညီမလီကို မေးကြည့်တယ်၊ “ဒါက ငါ နားလည်ထားတဲ့ ချီဆောင်ခြင်းဆိုတာနဲ့ မတူဘူး။ ငါက ချီဆောင်ခြင်းကို အဓိပ္ပာယ်ကောက်လွဲလာတာဆိုတဲ့ သဘောလား။ ငါတို့သင်းအုပ်က ချီဆောင်ခြင်းအကြောင်းကို ဒီလိုပဲ ပြောပြထားတာ။ ချီဆောင်ခြင်းဆိုတာ သခင်ယေရှု ပြန်လာတဲ့အခါ ငါတို့တွေ သူနဲ့အတူရှိအောင် ကောင်းကင်ဆီ ချီမလိမ့်မယ်ဆိုတာကို ညွှန်းတာလေ။ ဒီလို နားလည်ထားတာက တကယ်ပဲ မှားနိုင်လို့လား” ပေါ့။

ညီမလီက ပြန်ပြောတယ်ဗျ၊ “သူတို့ပြောတာတွေက အသိဉာဏ်ပွင့်စရာပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ သန့်ရှင်းသူတွေသာ သခင့်ကို မြင်နိုင်တယ်လို့ ကျမ်းစာမှာ ပြောတယ်။ ညီမတို့လို အပြစ်လုပ်လိုက် ဝန်ခံလိုက်နဲ့ သံသရာလည်နေသူတွေက သခင့်ကို ဖူးဖို့ သင့်တော်ရဲ့လား။ သခင်နဲ့တွေ့ဖို့ ကောင်းကင်ဆီ ချီဆောင်ခံရမယ်ဆိုတဲ့ စိတ်ကူးက မရေရာလွန်းဘူးလား။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အစ်ကိုအစ်မတွေ ပြောတာကို ညီမ ကြားဖူးတယ်။ သခင်ယေရှုက လူသားတွေရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးတဲ့ ရွေးနုတ်ခြင်းအမှုကိုပဲ ပြုခဲ့တာ။ လူသားရဲ့ ပျက်စီးတဲ့ စိတ်သဘောထားနဲ့ လွဲမှားတဲ့သဘာဝကို မဖြေရှင်းရသေးဘူး။ လူတွေက များသောအားဖြင့် အပြစ်တွေလုပ်ပြီး၊ ဘုရားကို ခုခံတတ်တုန်းပဲ။ ဒါကြောင့် ကိုယ်တော့်နိုင်ငံတော်ထဲ မဝင်နိုင်ကြဘူး။ လူသားတွေကို ကယ်တင်ဖို့အတွက်၊ ဘုရားက နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူပြီးပြီ။ ဘုရားက လူသားအပြစ်တွေရဲ့ ဇာစ်မြစ်ကို အမြစ်ဖြတ်ပေးဖို့အတွက်၊ သခင်ယေရှုရဲ့အမှုတော်ကို အခြေခံရင်းနဲ့ သမ္မာတရားကို ဖော်ပြနေတယ်၊ လူသားကို တရားစီရင်ပြီး သန့်စင်ပေးနေတယ်။ ဒါမှ လူသားက အပြစ်ကနေ လွတ်မြောက်မယ်၊ ကယ်တင်ခံရမယ်၊ ဘုရားရဲ့နိုင်ငံတော်ထဲ ဝင်ရောက်နိုင်မယ်။ ဒါကြောင့် ချီဆောင်ခြင်းဆိုတာ ညီမတို့ထင်သလောက် မရိုးရှင်းဘူးလို့ ထင်တယ်” တဲ့။

ညီမလီ ပြောတာကို နားထောင်ပြီးတော့၊ ကျွန်တော်လည်း ချီဆောင်ခြင်းဆိုတဲ့ အယူအဆမှာ နက်နဲမှုနည်းနည်းပါတယ်လို့ ထင်မိတယ်။ ဒါကို ကျွန်တော်လည်း အဖြေရှာချင်သွားတယ်။ ဒါနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အစ်ကိုဝမ်ကို ဆက်သွယ်လိုက်တယ်။ သူ့ကို ကျွန်တော်တို့ ဇဝေဇဝါဖြစ်နေတဲ့အကြောင်း ပြောပြတယ်။ ကျွန်တော်က ပြောတယ်၊ “သက်သာလောနိတ်သြဝါဒစာ ပဌမစောင် ၄:၁၇ မှာ ‘ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် ဆိုပြီး ပြတယ်။’ ဘေးအန္တရာယ်အတွင်းမှ ချီဆောင်ခြင်း ရုပ်ရှင်မှာ ကျွန်တော်တို့ ကြည့်ရတာက၊ ချီဆောင်ခြင်းဆိုတာ သခင် ပြန်လာတဲ့အခါ သူ့အသံတော်ကို ကမ္ဘာမြေပေါ်မှာ ကြားပြီးတော့၊ သူ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို လက်ခံခြင်းပဲလို့ ပြောထားတယ်။ ကျမ်းစာမှာ ပြောတဲ့၊ သခင်နဲ့တွေ့ဆုံဖို့ ကောင်းကင်ဆီ ချီဆောင်ခံရတယ်ဆိုတဲ့အဓိပ္ပာယ် မဟုတ်ဘူး။ ဒါက ကျမ်းစာစကားနဲ့ မဆန့်ကျင်ဘူးလား” ပေါ့။

သူက ဒီလိုပြောတယ်ဗျ၊ “ချီဆောင်ခြင်းရဲ့နက်နဲမှုအကြောင်းကို ဘယ်လူသားမှ အပြည့်အဝ နားမလည်နိုင်ဘူး။ ဘုရားပဲ သိတယ်။ အစ်ကိုတို့က သခင့်နှုတ်ကပတ်တော်တွေနဲ့ ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်တွေကို အခြေခံတဲ့ သမ္မာတရားကို ရှာဖွေသင့်တယ်။ ဒါကပဲ မှန်ကန်တာ။ သခင့်ဆုတောင်းချက်ထဲမှာ ဘာကိုပြောလဲ၊ ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။(ရှင်မဿဲခရစ်ဝင် ၆:၉-၁၀) သခင်ယေရှုက ရှင်းရှင်းလင်းလင်း ပြောခဲ့တာပဲ၊ ဘုရားရဲ့နိုင်ငံတော်က နောက်ဆုံးသောကာလမှာ မြေကြီးပေါ် ဆင်းသက်လိမ့်မယ်။ ကောင်းကင်ဘုံမှာ ရှိမှာမဟုတ်ဘူး။ ဘုရားအလိုတော်ကို ကောင်းကင်ဘုံမှာရှိတဲ့အတိုင်း ကမ္ဘာပေါ်မှာ ဖော်ဆောင်လိမ့်မယ်။ ဗျာဒိတ်ကျမ်းမှာလည်း ပြောထားတယ်၊ ‘သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည်၊...ဘုရားသခင်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။...ဘုရားသခင်၏တဲတော်သည် လူတို့တွင် ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။(ဗျာဒိတ်ကျမ်း ၂၁:၂-၃)လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံ ဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။(ဗျာဒိတ်ကျမ်း ၁၁:၁၅) ဒီပရောဖက်ပြုချက်တွေမှာ ‘ဘုရားသခင်၏တဲတော်သည် လူတို့တွင် ရှိ၏၊’ ‘လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံ ဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ၊’ ‘ဘုရားသခင်အထံတော် ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်’ ဆိုတာတွေကို ဖော်ပြတယ်။ ဘုရားက နောက်ဆုံးသောကာလမှာ သူ့နိုင်ငံတော်ကို ကမ္ဘာမြေပေါ် တည်ဆောက်လိမ့်မယ်။ လူတွေကြားမှာ နေထိုင်လိမ့်မယ်။ လောကီနိုင်ငံအားလုံးက ခရစ်တော်ရဲ့နိုင်ငံတော် ဖြစ်လာလိမ့်မယ်ဆိုတာ၊ ဒီစကားတွေက သက်သေပဲ။ အစ်ကိုတို့က ဘုရားရဲ့နိုင်ငံတော်ကို ကောင်းကင်ဘုံမှာရှိတယ်၊ သခင် ပြန်လာရင် ငါတို့ကို ကောင်းကင်ဆီ ချီဆောင်လိမ့်မယ်ဆိုပြီး ယုံကြည်နေတယ်ဆိုရင်၊ ခုန ပရောဖက်ပြုချက်တွေက အလကားဖြစ်မသွားဘူးလား” တဲ့။

အဲဒီအချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် စဉ်းစားတယ်၊ “ခရစ်ယာန်ဖြစ်လာတဲ့ သက်တမ်းတစ်လျှောက်လုံး၊ သခင့်ဆုတောင်းချက်ကို ငါ အမြဲရွတ်ခဲ့တာ။ ဘုရားရဲ့နိုင်ငံတော် ရောက်ရှိစေသော။ ဘုရားအလိုတော်သည် ကောင်းကင်ဘုံမှာ ပြည့်စုံသလို မြေကြီးပေါ်မှာ ပြည့်စုံစေသောပေါ့။ ဗျာဒိတ်ကျမ်းမှာလည်း ရှင်းရှင်းလင်းလင်း ပြတယ်၊ ‘ဘုရားသခင်၏တဲတော်သည် လူတို့တွင် ရှိ၏၊’ ‘လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံ ဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ၊’ ‘ဘုရားသခင်အထံတော် ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်’ ဆိုတာတွေ။ ဒီလောက် ရှင်းလင်းပြထားတာကို ငါကိုယ်တိုင်က ဘာလို့ နားမလည်ခဲ့တာလဲ။ သင်းအုပ်နဲ့ တရားဟောဆရာတွေက ဒီအခန်းတွေအကြောင်း ဘာလို့မပြောခဲ့တာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ဒီလူတွေ ဟောပြောတာတွေက တော်တော် အသိဉာဏ်ပွင့်စေတာပဲ။ သူတို့က အကြောင်းအရာတိုင်းကို အရိုးရှင်းဆုံး ပြောပြတယ်။ နားထောင်မိလေ ပိုစိတ်ဝင်စားမိလေပဲ” ပေါ့။ ဒါပေမဲ့ ကျွန်တော့်မှာ မေးခွန်းတွေရှိနေသေးတယ်။ ဒါနဲ့ အစ်ကိုဝမ်ကို မေးလိုက်တယ်၊ “ဘုရားက သူ့နိုင်ငံတော်ကို မြေကြီးပေါ်မှာ တည်ဆောက်တယ်လို့ အစ်ကို ဆွေးနွေးတာက ဆန်းသစ်ပါတယ်၊ ကျမ်းစာနဲ့လည်း ညီတယ်။ ဒါပေမဲ့ သခင်ယေရှုကလည်း ကတိတော်ပေးထားတယ်၊ ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ၊ ငါ သွားရ၏။ ငါသည် သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃) သခင်ယေရှုက ထမြောက်ပြီး ကောင်းကင်ကို တက်သွားတယ်ဆိုတာ၊ ကျွန်တော်တို့အတွက် နေရာတစ်ခု သွားပြင်ဆင်ပေးတာပဲ။ ဒီတော့ အဲဒီနေရာက ကောင်းကင်ဘုံမှာ ရှိမှာပဲ။ ဒီကျမ်းပိုဒ်ကို တခြားဘယ်လို နားလည်နိုင်သေးလို့လဲ” ပေါ့။

အဲဒါနဲ့ အစ်ကိုဝမ်က ဒီ မိတ်သဟာယကို ပေးတယ်၊ “သခင့်နှုတ်ကပတ်တော်တွေအားလုံးမှာ နက်နဲမှုပါတယ်။ အစ်ကိုတို့အယူအဆတွေ စိတ်ကူးတွေကို အခြေခံပြီး၊ ဘုရားအမှုတော်ကို ဘောင်ခတ်လို့မရဘူး။ ဘုရားရဲ့လုပ်ဆောင်ချက်ကို ဉာဏ်မမီနိုင်ကြဘူးလေ ဘုရားက သူ့အမှုတော်အားလုံးကို အပြီးသတ်ပြီး၊ အစ်ကိုတို့ရှေ့မှာ ထုတ်ဖော်ပြပြီဆိုတော့မှ အစ်ကိုတို့က အဲဒါတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြမှာ။ အစ်ကိုဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး၊ ဘုရားအမှုတော်ရဲ့ အကျိုးကျေးဇူးတွေကို မြင်မိတော့မှ၊ သခင်က အစ်ကိုတို့အတွက် ပြင်ဆင်နေတဲ့နေရာဆိုတာ ဘာကိုဆိုလိုမှန်း နားလည်ခဲ့တာ။ ဘုရားက သူ့အမှုတော်ကို ကမ္ဘာမြေပေါ်မှာ ပြုဖို့ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူတယ်၊ ပြီးတော့ အစ်ကိုတို့က သူ့အမှုတော်ကို လက်ခံဖို့ နောက်ဆုံးသောကာလမှာ မွေးဖွားကြဖို့ကို ကြိုတင်ပြဋ္ဌာန်းတယ်လို့ ဆိုလိုတာပဲ။ ဒါက သခင်ယေရှု ပြောခဲ့တာကို ပြည့်စုံစေတာ၊ ‘ငါရှိရာအရပ်၌ သင်တို့ ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၃) ဒါကြောင့် သခင်ယေရှုက အစ်ကိုတို့အတွက် ပြင်ဆင်ထားတဲ့ နေရာဆိုတာ ကောင်းကင်ဘုံမှာ မဟုတ်ဘူး၊ မြေကြီးပေါ်မှာပဲဆိုတာ မြင်ကြမှာပါ” တဲ့။ ဒါကို ကြားရတော့၊ ကျွန်တော် ဘယ်လောက် မသိနားမလည်ခဲ့လဲဆိုတာ နားလည်သွားတယ်။ သခင်က အမှုတော်ပြုဖို့ မိန့်ဆိုဖို့အတွက်၊ နောက်ဆုံးသောကာလမှာ ကမ္ဘာပေါ် ကြွလာခဲ့ပြီ။ ဒါပေမဲ့ ကျွန်တော်က မိုးတိမ်တွေကို ငေးကြည့်နေတုန်းပဲ။ ကောင်းကင်ဆီ ချီဆောင်ခံရဖို့ကိုပဲ စောင့်နေတာ။ ကျွန်တော်က လုံးဝ အဓိပ္ပာယ်ကောက်လွဲခဲ့တာပဲ။ သခင့်ကို ကြိုဆိုမိပြီး ချီဆောင်ခံရဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ခဲ့မှာလဲ။

နောက်တော့ အစ်ကိုဝမ်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြတယ်ဗျ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ အတူတကွ ဝင်ရောက်သည့်အခါတွင်၊ ယင်းမှာ လူသားမျိုးနွယ်သည် ကယ်တင်ခံရပြီး ဖြစ်ကာ စာတန်သည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်သည်၊ လူသားများ၌ ဘုရားသခင်၏အမှု လုံးဝ ပြီးဆုံးသည်ကို ဆိုလိုပေသည်။ ဘုရားသခင်သည် လူသားများတွင် ဆက်လက် အမှုပြုတော့မည် မဟုတ်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည်မဟုတ်ပေ။ ထိုသို့ဖြင့် ဘုရားသခင်သည် ဆက်လက် အလုပ်များတော့မည် မဟုတ်သကဲ့သို့၊ လူသားများသည် စဉ်ဆက်မပြတ် လှုပ်ရှားရတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်သည် သူ၏မူလနေရာသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူအသီးသီးသည် ၎င်းတို့၏ သက်ဆိုင်ရာ နေရာအသီးသီးသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့် လူသားများ နေထိုင်သွားကြမည့် ခရီးပန်းတိုင်များ ဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင်ရှိပြီး လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ရှိသည်။ အနားယူနေစဉ်တွင် ဘုရားသခင်သည် လူသားများ အားလုံးကို ကမ္ဘာမြေပေါ်ရှိ ၎င်းတို့၏ အသက်တာများ၌ ဆက်လက် လမ်းပြမည် ဖြစ်ပြီး၊ သူ၏ အလင်းအတွင်း ရှိနေစဉ်၊ လူသားများသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်။ ဘုရားသခင်သည် လူသားမျိုးနွယ် အလယ်တွင် နေထိုင်တော့မည် မဟုတ်သကဲ့သို့၊ လူသားများသည်လည်း ဘုရားသခင်၏ ခရီးပန်းတိုင်တွင် ဘုရားသခင်နှင့်အတူ နေထိုင်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် နယ်ပယ် တစ်ခုတည်းအတွင်းတွင် အသက်မရှင်နိုင်ချေ။ ယင်းထက် နှစ်ဦးသည် မိမိတို့၏ကိုယ်ပိုင် သက်ဆိုင်ရာ နေထိုင်ပုံနည်းဟန်များ ရှိကြသည်။ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို လမ်းပြသောသူ ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးမှာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ ပုံဆောင်ခဲဖြစ်သည်။ လူသားများသည် ဦးဆောင်ခံရသူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကဲ့သို့ တူညီသော အနှစ်သာရ မရှိချေ။ ‘အနားယူ’ ဖို့ဆိုသည်မှာ မိမိ၏ မူလနေရာသို့ ပြန်သွားဖို့ ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သည့်အခါတွင်၊ ယင်းမှာ ဘုရားသခင်သည် မိမိ၏မူလနေရာသို့ ပြန်သွားသည်ကို ဆိုလိုသည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် နေထိုင်တော့မည် မဟုတ်၊ သို့မဟုတ် လူသားမျိုးနွယ် အလယ်တွင် ၎င်းတို့၏ ဝမ်းမြောက်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ဝေမျှခံစားဖို့ ရှိတော့မည် မဟုတ်ပေ။ လူသားများသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သောအခါတွင်၊ ယင်းမှာ ၎င်းတို့သည် စစ်မှန်သည့် ဖန်ဆင်းခြင်းခံရသည့် အရာများ ဖြစ်လာကြပြီးဖြစ်သည်ကို ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး ပုံမှန်လူသား အသက်တာများကို အသက်ရှင်ကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံတော့မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်တော့မည် မဟုတ်သကဲ့သို့၊ အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွဲမရှောင်သာသည့် ဦးတည်ရာ တစ်ခု ဖြစ်သည်။ ထိုသို့ဖြင့် သူ၏စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံပြီးနောက်တွင် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဘုရားသခင်၏ ဝင်ရောက်ခြင်းနှင့် လူသားမျိုးနွယ်၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ခြင်းတို့သည်လည်း အလားတူ ရှောင်လွဲ၍မရသော ဦးတည်ရာများ ဖြစ်လာကြပြီး ဖြစ်သည်။ လူသားမျိုးနွယ်၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးပေါ်တွင် ဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာ အရပ်မှာ ကောင်းကင်ဘုံတွင် ဖြစ်သည်။ လူသားများသည် ငြိမ်သက်ခြင်း ချမ်းသာ၌ ဘုရားသခင်ကို ကိုးကွယ်စဉ်တွင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် နေထိုင် လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာထဲ၌ ကျန်သော လူသားမျိုးနွယ်ကို ဦးဆောင်နေစဉ်တွင်၊ သူသည် ကမ္ဘာမြေကြီးပေါ်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ၎င်းတို့ကို ဦးဆောင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)

ပြီးတော့ အစ်ကိုဝမ်က ဆက်ပြောသေးတယ်၊ “အဦးအစမှာ ဘုရားက လူသားကို မြေမှုန့်နဲ့ ပထမဆုံး ဖန်ဆင်းခဲ့တယ်ဆိုတာ ကမ္ဘာမြေပေါ်မှာပါ။ နောက်တော့ လူသားက စာတန်ကြောင့် ဖောက်ပြန်ပျက်စီးတဲ့အချိန်မှာ၊ ဘုရားက သူ့အမှုတော်ကတစ်ဆင့် လူသားတွေကို လမ်းပြရွေးနုတ်ခဲ့တာလည်း ကမ္ဘာမြေပေါ်မှာပါ။ အခု နောက်ဆုံးသောကာလမှာတော့ ဘုရားက နောက်တစ်ကြိမ် လူ့ဇာတိခံယူလိုက်ပြီ။ လူသားကို တရားစီရင် သန့်စင်ပေးဖို့၊ သမ္မာတရားကို ဖော်ပြနေတယ်။ လူသားရဲ့လွဲမှားမှုကို ဖြေရှင်းပေးဖို့၊ အောင်မြင်သူတွေအုပ်စုတစ်ခုကို ပြုလုပ်ဖို့ပေါ့။ ဒီ အောင်မြင်သူတွေက ဘုရားနှုတ်ကပတ်တော်တွေကို နာခံနိုင်တယ်၊ ကိုယ်တော့်ကို နာခံနိုင်တယ်၊ သူ့လမ်းခရီးကို လိုက်နိုင်တယ်။ ဘုရားအလိုတော်က ပြည့်ဝလာလိမ့်မယ်။ ခရစ်တော်ရဲ့ နိုင်ငံတော်လည်း ဒီမြေကြီးပေါ် ပေါ်ထွန်းလာပြီးတော့၊ ဘုရားကို ဂုဏ်အသရေ ရှိစေလိမ့်မယ် လူသားကို ကယ်တင်ခြင်းအတွက် ဘုရားရဲ့ စီမံခန့်ခွဲတဲ့အလုပ် ပြီးစီးပြီဆိုရင်၊ စာတန်ကို အနိုင်ရလိုက်တာပဲ။ စာတန်ရဲ့အင်အားတွေက ကမ္ဘာကို ဆက်ပြီး မနှောင့်ယှက်နိုင်တော့ဘူး။ ကျန်ရစ်တာတွေအားလုံးက ဘုရားသခင် ကယ်တင်ထားသူတွေပဲ ဖြစ်လိမ့်မယ်။ လူသားကလည်း ဘုရားကို ခုခံပုန်ကန်တာတွေ ရှိတော့မှာမဟုတ်ဘူး။ လူသားတွေက ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြလိမ့်မယ်။ စစ်ပွဲဆိုတာ မရှိတော့ဘူး။ ပြီးတော့ ဘုရားနဲ့ လူသားက ချမ်းသာထဲကို အတူတကွ ဝင်နိုင်ကြတယ်။ ဘုရားရဲ့နားနေရာက ကောင်းကင်ဘုံဆိုပေမဲ့၊ လူသားရဲ့ နောက်ဆုံး နားနေရာကတော့ ကမ္ဘာမြေပဲ။ ဘုရားက လူသားတွေကို ကောင်းကင်ဘုံမှာရှိတဲ့ သူ့နေရာကနေ လမ်းပြလိမ့်မယ်။ လူသားကလည်း ကောင်းကင်ဘုံတမျှ ရှင်သန်ခြင်းမျိုးကို ခံစားရင်း၊ ဘုရားကို ကမ္ဘာပေါ်ကနေ ကိုးကွယ်လိမ့်မယ်။ ဒါက သဟဇာတဖြစ်တဲ့၊ ကောင်းမွန်လွန်းတဲ့ အသက်ပဲ။ လူသားတွေအတွက် ဘုရားက ပြင်ဆင်ထားတာပဲ။ နောက်ဆုံးမှာ ဘုရားသခင် အရယူမယ့်အရာပဲ” တဲ့ဗျာ။

အစ်ကိုဝမ် ပြောတာတွေမှာ တော်တော် လက်တွေ့ကျတာတစ်ခု ပါတယ်ဗျ။ စာတန်ကို ဖျက်ဆီးမိပြီဆိုရင်၊ ကမ္ဘာကြီးမှာ မကောင်းတဲ့ မိစ္ဆာအင်အားတွေ ကင်းရှင်းသွားလိမ့်မယ်။ ကျွန်တော်တို့အတွက် ဘုရားသခင် ပြင်ဆင်ထားတဲ့အသက်က အကောင်းဆုံးသောအသက် ဖြစ်လာမှာပဲ။ ချီဆောင်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်တော့်အယူအဆက တော်တော် ရေရေရာရာမရှိခဲ့ဘူး။ ဘုရားက လူသားကို ကမ္ဘာပေါ်မှာ ရှင်သန်ဖို့ ဖန်ဆင်းခဲ့တာ။ လူသားက ကောင်းကင်ဘုံကို ဘယ်လိုလုပ် လွယ်လွယ်ကြီး တက်လို့ရမလဲ။ ဘုရားက လူသားကို ကောင်းကင်ဆီ တကယ် ချီဆောင်တယ်ဆိုလည်း၊ လူတွေက နေစရာမရှိ၊ စားစရာမရှိနဲ့ ဘယ်လိုလုပ် ရှင်သန်ကြမလဲ။ သခင်နဲ့ ကောင်းကင်မှာ ဆုံရမယ်ဆိုတဲ့ ဒီအတွေးက တကယ်တော့ လူသားရဲ့အယူအဆတွေ၊ စိတ်ကူးတွေကနေ ထွက်လာတာပါ။ ကလေးဆန်တဲ့ တွေးခေါ်ပုံမျိုးပဲ။ ဘုရားရဲ့နိုင်ငံတော်က ကောင်းကင်ဘုံမှာ ရှိတဲ့အကြောင်း၊ သင်းအုပ် ပြောတာတွေကို ခဏခဏ ကြားခဲ့ရတာလေ။ ကျွန်တော်လည်း တကယ်ယုံပြီး၊ ကောင်းကင်ဆီ ချီဆောင်ခံရဖို့ တောင့်တမိတာပေါ့။ သင်းအုပ်နဲ့ တရားဟောဆရာတွေလည်း ကျမ်းစာကို နားမလည်ကြဘူးလို့ ထင်တယ်။ သူတို့က ဘုရားနှုတ်ကပတ်တော်ကို သူတို့အယူအဆတွေနဲ့ တလွဲ အဓိပ္ပာယ်ကောက်တာ။ တကယ်ကို လှည့်စားတဲ့လူတွေပဲ။

အစ်ကိုဝမ်က သူ့မိတ်သဟာယကို ဆက်သေးတယ်ဗျ၊ “ချီဆောင်ခြင်းရဲ့ အဓိပ္ပာယ်အစစ်အမှန်နဲ့ပတ်သက်ရင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘယ်လိုပြောလဲဆိုတာ ကြည့်ကြမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- ‘“ဆောင်ယူခံရခြင်း” ဆိုသည်မှာ လူတို့ စိတ်ကူးမည်ကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခံရခြင်းကို မဆိုလိုပေ။ ယင်းမှာ ကြီးမားသော နားလည်မှုလွဲခြင်း တစ်ခု ဖြစ်သည်။ “ဆောင်ယူခံရခြင်း” ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့်၊ ထို့နောက် ရွေးကောက်ခြင်းကို ရည်ညွှန်းပေသည်။ ယင်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူအားလုံးကို ရည်ညွှန်းသည်။ ဆောင်ယူခံရသူ အားလုံးမှာ သားဦးများ သို့မဟုတ် သားများ၏ အရိုက်အရာကို ရရှိပြီးသည့် လူများ သို့မဟုတ် ဘုရားသခင်၏ လူမျိုးများ ဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်မှာ လူတို့၏ အယူအဆများနှင့် သဟဇာတ မဖြစ်ဆုံးသောအရာ ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစုတစ်ခု ရှိကြမည့် သူများသည် ငါ၏ရှေ့တွင် ဆောင်ယူခြင်းကို ခံရပြီးဖြစ်သော သူအားလုံး ဖြစ်ကြသည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲသကဲ့သို့ ငြင်းပယ်၍မရနိုင်ပေ။ ယင်းသည် စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း တစ်ခု ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသောသူ မည်သူမဆိုသည် ငါ၏ ရှေ့တွင် ဆောင်ယူခြင်း ခံရကြမည်။’(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၄)) အစ်ကိုဝမ်က မိတ်သဟာယ ဆက်ပေးတယ်၊ “ချီဆောင်ခြင်းဆိုတာ အစ်ကိုတို့ ထင်ကြသလို မဟုတ်ဘူး။ သခင်နဲ့ဆုံဖို့ မြေကြီးပေါ်ကနေ တိမ်တွေဆီ ချီမခံရတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ ကောင်းကင်ဘုံဆီ ချီဆောင်ခံရတယ်လို့လည်း လုံးဝ မရည်ညွှန်းဘူး။ ဒီစိတ်ကူးက ကျမ်းချက်တွေကို တိုက်ရိုက်အနက်ဖော်တာတွေ၊ လူတွေရဲ့အယူအဆတွေကနေ ဖြစ်လာတာ။ ချီဆောင်ခံရခြင်းဆိုတာ တကယ်တော့ သခင့်ကို ကြိုဆိုပြီး ဘုရားရှေ့မှောက် ပို့ဆောင်ခံရတာကို ရည်ညွှန်းတယ်။ ဘုရားက အမှုတော်ပြုဖို့ ဟောကြားဖို့၊ ကမ္ဘာမြေပေါ် ကြွလာတဲ့အချိန်မှာ၊ ဘုရားရဲ့အသံကို ကြားနိုင်တာ၊ ဘုရားရဲ့အမှုတော်သစ်ကို လက်ခံနာခံနိုင်တာ၊ သိုးသငယ်ရဲ့ခြေလှမ်းတွေနောက် လိုက်နိုင်တာတွေကို ဆိုလိုတာ။ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားကို ဖော်ပြဖို့၊ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို ပြုဖို့၊ လူ့ဇာတိနဲ့ ကြွလာပါပြီ။ ဘုရားရဲ့အသံကို ကြားပြီး ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်သစ်ကို လက်ခံသူတွေအားလုံး ဘုရားရဲ့ပလ္လင်တော်ရှေ့ကို ချီဆောင်ခံကြရတယ်။ ဒီလူတွေက ပညာရှိသတို့သမီးတွေပဲ။ သခင်က ဘုရားရဲ့အိမ်တော်ကို ပြန်ယူဆောင်တဲ့ ‘ရွှေ၊ ငွေ၊ ကျောက်မျက်တွေ’ ဆိုတာ သူတို့တွေပဲ။ ဒီလူတွေက အရည်အသွေးကောင်းတွေရှိကြတယ်။ သမ္မာတရားကို လက်ခံနားလည်နိုင်တယ်။ ဘုရားရဲ့အသံကို နားလည်ကြတယ်။ သူတို့တွေက အမှန်တကယ် ချီဆောင်ခံရတာပါ။ သူတို့က ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို လက်ခံတယ်။ ဘုရားကို စစ်မှန်တဲ့နားလည်ခြင်း ရကြတယ်။ သူတို့ရဲ့ ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်ခံရတယ်။ ဒီလူတွေက ကပ်ဘေးကြီးတွေမတိုင်ခင် ဘုရားသခင် ပြုလုပ်တဲ့ အောင်မြင်သူတွေပဲ။ အဆုံးသတ်အချိန်မှာ ဘုရားက သူတို့ကို သူတို့ရဲ့ နောက်ဆုံးပန်းတိုင်အထိ လမ်းပြလိမ့်မယ်။ ဒါက ကောင်းကင်ဘုံဆီ ချီဆောင်ခံရခြင်းဆိုတဲ့ အဓိပ္ပာယ်အမှန်ပဲ ကိုယ့်အယူအဆတွေကို ဖက်တွယ်ပြီး၊ သခင် ချီဆောင်မှာကိုပဲ စောင့်နေတဲ့လူတွေ၊ ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လက်မခံတဲ့လူတွေကျတော့ မိုက်မဲတဲ့သတို့သမီးတွေပဲ။ သခင်က သူတို့ကို ပစ်ပယ်တယ်။ သူတို့တွေက ကပ်ဘေးတွေထဲကို အံကြိတ်ငိုယိုရင်း ပြုတ်ကျကြလိမ့်မယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအတိုင်းပဲပေါ့၊ ‘နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း- ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း- အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ ထိုသို့ဖြင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သော သူအားလုံးသည် ဘုရားသခင်၏ နောက်ဆုံး သန့်စင်စေခြင်း အမှုကို ကြုံပြီးနောက်တွင်၊ စာတန်၏ လွှမ်းမိုးခြင်းမှ ချိုးဖောက် လွတ်မြောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီး ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သော ဤလူသားများသည် နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ၎င်းတို့ကို ပြင်ဆင်ရန် ဖြစ်သည်။ ထိုသို့သော သန့်ရှင်းစေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။...ဤအမှု အဆုံးသတ်သောအခါတွင်၊ ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်မည့် သာ၍ မြင့်မားသော လူ့သဘာဝ၏ အခြေအနေထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့ကို စတင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင်၊ ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် စာတန်ကဲ့သို့ ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များဖြစ်ကြပြီး ဆိုးယုတ်ကာ၊ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာနေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။’(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ပြီးတော့ အစ်ကိုဝမ်က ထပ်ပြောတယ်၊ “ဘုရားကို အမှန်တကယ် ယုံကြည်ပြီး၊ ဘုရားပေါ်ထွန်းဖို့ကို တောင့်တသူတွေအားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အသံတော်ကို ဖတ်မိကြားမိပြီး၊ ကိုယ်တော့်ကို လက်ခံသွားကြပြီ။ ဘုရားရဲ့ပလ္လင်တော်ရှေ့ကို ချီဆောင်ခံလိုက်ကြရပြီ။ သူတို့က ဘုရားနှုတ်ကပတ်တော်တွေရဲ့ အထောက်အပံ့ကို ရကြတယ်။ သူတို့ဝိညာဉ်တွေက မငတ်မွတ်တော့ဘူး။ သူတို့က အပျက်သဘောဆောင်တာ ပျော့ညံ့တာ မရှိတော့ဘူး။ အပြစ်ရဲ့အချုပ်အနှောင်တွေနဲ့ လျှောက်စရာလမ်းမရှိဘဲ ရှင်သန်ရတာမျိုး မရှိတော့ဘူး။ အခုချိန်မှာ သူတို့က ဘုရားရဲ့အလင်းနဲ့ နေထိုင်ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုကို လက်ခံလိုက်တဲ့အတွက်၊ သူတို့ရဲ့ ပျက်စီးတဲ့ စိတ်သဘောထားတွေက တဖြည်းဖြည်း တိုးတက်တယ်။ အချိန်ကြာလာတော့ အပြစ်ရဲ့အချုပ်အနှောင်တွေကို စွန့်ပစ်ကြတယ်။ အနှောင်အဖွဲ့ကင်းတဲ့ လွတ်လပ်ခြင်းထဲ နေထိုင်ကြတယ်။ ချီဆောင်ခံလိုက်ရတဲ့ လူတစ်ယောက်ရဲ့ဘဝဆိုတာ ဒါပဲမဟုတ်ဘူးလား” တဲ့။

အစ်ကိုဝမ်ရဲ့မိတ်သဟာယက ကျွန်တော် ဇဝေဇဝါဖြစ်နေတာကို ရှင်းပေးလိုက်တာပါ။ ချီဆောင်ခံရခြင်းဆိုတာ ဘုရားရဲ့အသံကို ကြားပြီး ဘုရားရဲ့ပလ္လင်တော်ရှေ့ ပြန်ရောက်တာကို ဆိုလိုတာပဲ။ ချီဆောင်ခြင်းရဲ့ အဓိပ္ပာယ်အမှန်ကို ကျွန်တော် နောက်ဆုံးမှ နားလည်သွားတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော်က ကျမ်းစာတွေရဲ့ တိုက်ရိုက်အဓိပ္ပာယ်ကိုပဲ နားလည်ခဲ့တာကိုး။ သခင်က ကျွန်တော်တို့ကို သူနဲ့ဆုံဖို့ ချီဆောင်မှာပဲဆိုပြီး ကိုယ့်အယူအဆတွေနဲ့ ယုံခဲ့တာ။ ဘုရားရဲ့အသံကို နားထောင်ဖို့ အာရုံမစိုက်ခဲ့ဘူး။ ချီဆောင်ခံရခွင့်နဲ့ လွဲလုနီးပါး ဖြစ်ခဲ့တာ။ မသိနားမလည်ခဲ့တာလေ။ အခုမှပဲ သဘောပေါက်သွားတာ။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုကို လက်ခံပြီး၊ ဘုရားရဲ့ပလ္လင်တော်ရှေ့ ချီဆောင်ခံရသူတွေ၊ သန့်စင်ခံရပြီး ပြောင်းလဲသွားသူတွေသာ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်ဖို့၊ သူ့ကတိတော်တွေကို ရရှိဖို့ သင့်တော်ကြတာပါ။ ဘုရားရဲ့လုပ်ဆောင်ချက်က တကယ်ကို အမြော်အမြင်ရှိတယ်၊ အဓိပ္ပာယ်ရှိတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး၊ ရှာဖွေကြည့်တော့လည်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်မှန်း ကျွန်တော် သေချာသွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကိုလည်း လက်ခံသွားတယ်။ ကျွန်တော်က ဘုရားပလ္လင်တော်ရှေ့ ချီဆောင်ခံရပြီး၊ သိုးသငယ်ရဲ့စားသောက်ပွဲကို တက်လိုက်ရတာပါ။ ဘုရားရဲ့ကယ်တင်ခြင်းကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

ကျွန်တော် အိမ်ပြန်ခဲ့ပြီ

ချူကီးန်ပေါင်း၊ မလေးရှားနိုင်ငံကျွန်တော် သခင့်ကို တစ်နှစ်ကျော် ယုံကြည်ခဲ့ပြီး၊ အသင်းတော် တွင် အစေခံခဲ့သည်မှာ နှစ်နှစ်ကြာခဲ့ပြီးနောက်၊...

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံပြီးနောက် ကျွန်ုပ်တို့သည် အသက်တာအသစ်ကို ရရှိသည်

ကျူရီချူး၊ မလေးရှားကျွန်မက အလှဖန်တီးရှင်တစ်ယောက် ဖြစ်ပြီး၊ ကျွန်မ ခင်ပွန်းက လယ်သမားတစ်ယောက်ဖြစ်သည်။ ကျွန်မတို့က မလေးရှားရှိ အမျိုးသမီးများ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။