သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ကောင်းကင်နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် အမှန်တကယ် တည်လေသည်

240

ချန်းဘို၊ တရုတ်ပြည်

ကျွန်မတို့ ယုံကြည်သူများတွင်ရှိသည့် အကြီးမားဆုံးသော တောင့်တမှုက ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ဖို့နှင့် သခင်က လူသားများကို အပ်နှင်းသည့် ထာဝရအတိသုခကို ပျော်မွေ့ဖို့ ဖြစ်သည်။ အနာဂတ်တွင် ကျွန်မတို့အတွက် သခင် ပြင်ဆင်ပေးမည့် နေရာသည် ကောင်းကင်ဘုံထက်တွင် ဖြစ်ကြောင်း၊ ထိုနေရာတွင် ရွှေမြေနှင့် ကျောက်စိမ်းနံရံများရှိမည် ဖြစ်ပြီး၊ ကျောက်မျက်ရတနာများသည် နေရာအနှံ့တွင် တဖိတ်ဖိတ် လက်နေမည်၊ ကျွန်မတို့က အသက်ပင်၏ အသီးကို စားနိုင်ပြီး၊ အသက်ရေစီးရာမြစ်မှ အသက်ရေကို သောက်သုံးနိုင်မည်၊ နာကျင်မှု၊ မျက်ရည်များ သို့မဟုတ် ဝမ်းနည်းမှုတို့ နောက်ထပ် မရှိတော့ဘဲ အရာအားလုံးက လွတ်လပ်ပြီး လွတ်မြောက်ကြ မည်ဟု သင်းအုပ်ဆရာတစ်ယောက်က ဒေသနာတစ်ခုတွင် ပြောသည်ကို ကျွန်မကြားတိုင်း၊ ကျွန်မက ဤမယုံကြည်နိုင် လောက်သော တလိပ်လိပ်တက်လာသည့် စိတ်ခံစားချက်နှင့် ဝမ်းမြောက်မှု တို့ကို ခံစားရသည်။ ဤနေရာသည် ကျွန်မ အလွန်အမင်း တောင့်တသည့် နေရာတစ်ခုဖြစ်ပြီး၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပြီး ဝမ်းနည်းရသည့် ကမ္ဘာမြေပေါ်မှ ကျွန်မ၏ ဘဝက ကျွန်မ စိတ်နှလုံးအတွင်း တကယ့်ကို အလွန် စိတ်ပင်ပန်း ငြီးငွေ့ကျန်ရစ်စေသည်။ ထို့ကြောင့် ကျွန်မက သခင့်အတွက် လျှောက်သွားပြီး ဧဝံဂေလိ တရားဟောကြေားခြင်းနှင့် မိမိကိုယ်ကို စိတ်အားထက်သန်စွာ အသုံးခံခဲ့သည်။ ကျွန်မက ဧဝံဂေလိ ဖြန်ဝေပြီး၊ အသင်းတော်များ တည်ထောင်သည်၊ ၎င်းက မည်မျှ နာကျင်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ကျွန်မ အသက်ကောင်း ကောင်းရှုဖို့ပင် မည်သည့်အခါမျှ မနားခဲ့ပါ။ အထူးသဖြင့် ကျွန်မတို့က နောက်ဆုံးသောကာလတွင် ရောက်နေကြောင်းနှင့် သခင်က ကျွန်မတို့အားလုံးကို ကျွန်မတို့၏ ကောင်းကင်ဘုံ နေအိမ်သို့ မကြာမီ ခေါ်သွားမည်ဖြစ်ကြောင်းတို့ကို သိသော ကြောင့် ကျွန်မက ဖြစ်လာမှတုံ့ပြန်ခြင်းထက် ဖြစ်အောင် အခြေအနေကို များစွာ ဖန်တီးရယူခြင်းဖြင့် အလုပ်လုပ်ပြီး မိမိကိုယ်ကို အသုံးခံခဲ့သည်။

တစ်နေ့တွင် ကျွန်မတို့ အမေကို သွားလည်ဖို့ ကျွန်မ ညီမအိမ်သို့ သွားခဲ့ပြီး၊ ကျွန်မထွက်လာခဲ့နီးတွင်ပင်၊ ကျွန်မ ညီမက စာအုပ်တစ်အုပ်ပေးပြီး၊ သေချာစွာ ဖတ်ဖို့ ကျွန်မကို တိုက်တွန်း နှိုးဆော်ခဲ့သည်။ ကျွန်မက “ငါ့ညီမပေးတဲ့ ဒီစာအုပ်က ဝိညာဉ် ရေးရာနဲ့ ဆိုင်တဲ့ တစ်ခုခု ဖြစ်မယ်၊ ပြီးတော့ ဖြစ်ချင်တော့ ငါ့စိတ်ဝိညာဉ်ကလည်း အခု တော်တော် ခြောက်သွေ့နေတယ်။ ငါက သခင့်မျက်မှောက်တော်ကို မခံစားနေရဘူး။ ငါက သမ္မာကျမ်းစာကို ဖတ်ရှုတဲ့အချိန်မှာ ဘာအလင်းပေးခြင်းမှ မရဘူး။ ငါပြန်ရောက်တဲ့အချိန်မှာ၊ ဒီစာအုပ်ကို ကောင်းကောင်းဖတ်ရမယ်။ အဲဒီစာအုပ်ကနေပြီး အထောက်အပံ့တစ်ချို့ကို ငါရကောင်းရနိုင် တယ်။” ဟု မိမိဘာသာ ပြောခဲ့သည်။ အိမ်သို့ပြန်ပြီးနောက်၊ ကျွန်မက စာအုပ်တစ်အုပ်ကို ဖွင့်ပြီး စဖတ်ခဲ့သည်- ကျွန်မ မသိလိုက်မီတွင် ညှို့ယူဖမ်းစားခြင်း ခံလိုက်ရသည်။ ထိုစာအုပ်ကို ကျွန်မ ပို၍ဖတ်ရှုလေ၊ ကျွန်မ ပို၍ဖတ်ချင်လေ ဖြစ်ပြီး၊ ဤနှုတ်ကပတ်တော်များအတွင်း၌ အလင်းရှိကြောင်း၊ ထိုနှုတ်ကပတ်တော်များတွင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပြခြင်း ပါရှိကြောင်း၊ ပြီးလျှင် ဤနှုတ်ကပတ်တော် များသည် သာမာန်လူတစ်ယောက် မိန့်မြွက်ခဲ့သည့် စကားများ မဖြစ်နိုင်ကြောင်းတို့ကို ကျွန်မ ခံစားရသည်။ ထိုစာအုပ်ကို ဖတ်ပြီးနောက်၊ သမ္မာကျမ်းစာကို ဖတ်ခြင်းမှ ကျွန်မ ယခင်က လုံးဝ နားမလည်ခဲ့သည့် သမ္မာတရားများကို နားလည်သဘောပေါက် လာခဲ့သည်၊ ပြီးလျှင် အတွင်းကျကျ ရှင်းလင်းပြတ်သားမှု နှင့် ပျော်မွေ့မှုတို့၏ အသိစိတ်တစ်ခုကိုလည်း ခံစားရသည်။ ထိုစာအုပ် က ကျွန်မကို သခင့်ထံ ဆုတောင်းပြီး၊ တိုးဝင်ချဉ်းကပ် လိုစေခဲ့ သည်- ကျွန်မ၏ ယုံကြည်မှုက ကြီးထွားလာပြီး၊ ကျွန်မ၏ ဝိညာဉ်ရေးရာ အခြေအနေက ပိုပိုကောင်းလာခဲ့သည်။ ကျွန်မက “သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်တစ်ခုတည်းသာလျှင် လူကို ယုံကြည်မှု နဲ့ ခွန်အားတို့ ထောက်ပံ့ပေးနိုင်တယ်၊ ပြီးတော့ လူရဲ့ စိတ်ဝိညာဉ်အတွက် အာဟာရ နဲ့ အထောက်အပံ့တို့ကို ထောက်ပံ့ပေးနိုင်တယ်။ ဒီစာအုပ်က နှုတ်ကပတ်တော်တွေက သန့်ရှင်းသောဝိညာဉ်တော်ဆီကလာတာ သေချာပေါက်ပဲ။” ဟု တွေးမိသည်။ ရလဒ်တစ်ခုအနေဖြင့် အိပ်ရာမှနိုးပြီး မနက်တိုင်း ကျွန်မ လုပ်သည့်အရာမှာ ဤစာအုပ်ကို ဖတ်ရှုခြင်း ဖြစ်သည်။

တစ်နေ့တွင် ကျွန်မက ထိုစာအုပ်ကိုဖွင့်ပြီး၊ အောက်ပါ ကျမ်းပိုဒ်ကို ဖတ်ခဲ့သည်။ “အနားယူခြင်းထဲသို့ ဘုရားသခင် ဝင်ရောက်ခြင်း ဆိုသည်မှာ လူသားများအား ကယ်တင်ခြင်းအမှုကို သူမလုပ်ဆောင်တော့ခြင်းကို ဆိုလိုသည်။ အနားယူခြင်းထဲသို့ လူသားတို့ ဝင်ရောက်ခြင်းဆိုသည်မှာ လူသားအားလုံးတို့သည် ဘုရားသခင်၏အလင်းအတွင်းနှင့် သူ၏ကောင်းချီးမင်္ဂလာ အောက် တွင် နေထိုင်ခြင်းကို ဆိုလိုသည်။ စာတန်၏ ဖျက်ဆီးခြင်းတို့ ရှိတော့မည်မဟုတ်သကဲ့သို့ မဖြောင့်မတ်သော အရာများလည်း ဖြစ်ပေါ်တော့မည်မဟုတ်ချေ။ လူသားတို့သည် ကမ္ဘာမြေကြီး ပေါ်တွင် ပုံမှန်နေထိုင်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်ကြလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်”) ဤကျမ်းပိုဒ်ကို ကျွန်မ ဖတ်ချိန်တွင် ရင်ခုန်မှုခဏရပ်သွားပြီး၊ ကျွန်မက မိမိကိုယ်ကို တွေးမိသည်။ “အနာဂတ်မှာ လူဟာ ကမ္ဘာမြေမှာ အသက်ရှင်နေထိုင်မယ် တဲ့လား။ သခင်ယေရှုက အနာဂတ်မှာ ငါတို့ ကောင်းကင်ဘုံမှာ အသက်ရှင်နေထိုင်ရမယ်လို့ ကတိမပေးသွားဘူးလား။ ဒါက ငါတို့ဟာ ကမ္ဘာမှာရှိမယ်လို့ ဘာဖြစ်လို့ ပြောရတာလဲ။ ဒါက ဘယ်လိုဖြစ်နိုင်လဲ။ ငါများ ဒါကို နားလည်မှုလွဲတာလား။” ထို့ကြောင့် ကျွန်မက ထိုကျမ်းပိုဒ်ကို သေချာစွာ ပြန်လည်ဖတ်ရှု ခဲ့သည်၊ ထိုကျမ်းပိုဒ်က အနာဂတ်တွင် လူသည် ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်မည်ဟု အမှန်တကယ် ပြောထားလေသည်။ အဲဒါက ဘာကို အမှန်တကယ် ဆိုလိုတာလဲဟု ကျွန်မ စဉ်းစား မိသည်။ ဤအရာက အလုပ်မဖြစ်ပါ- ဤအရာက မည်သည်ကို အမှန်တကယ် ဆိုလိုကြောင်း ကျွန်မ နားလည်ရမည်ကို ကျွန်မ သိခဲ့သည်။ ကျွန်မ ဆက်ဖတ်လေသည်။ “ဘုရားသခင်၏ ခရီး ပန်းတိုင်ရှိပြီး လူသား၌ လူသား၏ ခရီးပန်းတိုင်ရှိသည်။ အနားယူ နေစဉ်အတွင်း ဘုရားသခင်သည် ကမ္ဘာမြေပေါ်မှ လူသားအားလုံး တို့၏ အသက်တာကို ဆက်လက်လမ်းပြမည် ဖြစ်သည်။ ဘုရားသခင်၏ အလင်းအတွင်းရှိနေစဉ် လူသားသည် ကောင်းကင် ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်လိမ့် မည်။…လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်သည် ဆိုခြင်းမှာ လူသားသည် စစ်မှန်သည့် ဖန်ဆင်းခြင်းတစ်ခု ဖြစ်လာခြင်းကို ဆိုလိုသည်၊ လူသားတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြလိမ့်မည်ဖြစ်ပြီး ပုံမှန်လူသား အသက်တာများ ရှိကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံခြင်း သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့ ရှိတော့မည် မဟုတ်ပေ။ သူတို့သည် အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူ ခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်”) ကျွန်မပိုဖတ်လေ၊ ပို၍ စိတ်ရှုပ်ထွေးသည်ဟု ခံစားရလေ ဖြစ်သည်။ လူက ဘုရားသခင်ကို ကမ္ဘာပေါ်ကနေ ကိုးကွယ်မယ်တဲ့လား။ ဒါက ဘယ်လိုဖြစ်မှာလဲ။ သမ္မာကျမ်းစာက ကောင်းကင်ဘုံမှ နေတာကို မဖော်ပြထားဘူးလား။ ဘယ်လိုလုပ်ပြီး ကမ္ဘာပေါ်မှာ ဖြစ်မှာလဲ။ ကျွန်မက သမ္မာကျမ်းစာဆီသို့ သွားပြီး ရှင်ယောဟန် ခရစ်ဝန် ၁၄:၂-၃ ကို ဖွင့်လိုက်ပြီး၊ သခင်ယေရှုထံမှ ဤနှုတ်ကပတ်တော် များကို- “ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းများရှိ၏။ သို့မဟုတ် လျှင် မဟုတ်ကြောင်းကိုသင်တို့အား ငါ မပြောဘဲမနေ။ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” ဖတ်ခဲ့သည်။ သခင်ယေရှုက သူ့ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို့ တက်ခြင်းသည် ကျွန်မတို့အတွက် နေရာတစ်ခု ပြင်ဆင်ရန် ဖြစ်သည်ဟု သိသာထင်ရှားစွာ ပြောခဲ့သောကြောင့်၊ ကျွန်မတို့၏ ပန်းတိုင်မှာ ကောင်းကင်ဘုံထက်တွင် ဖြစ်သင့်သည်။ ဤသည်မှာ သခင့်ကတိတော် ဖြစ်သည်။ ကျွန်မက “ဒီစာအုပ်က ပြောနေတာတွေဟာ သခင်ပြောတဲ့ဟာတွေနဲ့ ကွဲပြားတယ်၊ ဒါ့ကြောင့် ငါဆက်ဖတ်လို့ မရဘူး။” ဟု မိမိဘာသာတွေးမိသည်။ ထိုစာအုပ်ကိုဖတ်ပြီးနောက်၊ ကျွန်မက အလွန်စိတ်ရှုပ်ထွေးသော စိတ်အခြေအနေတွင် ရှိပြီး၊ လုပ်ဆောင်ရမည့် မှန်ကန်သည့် အရာကိုလည်း မသိသောကြောင့် သခင့်ထံ အဖန်တလဲလဲ ဆုတောင်းခဲ့သည်။ “အိုသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပြီး ဦးဆောင်တော်မူပါ။ ကျွန်မ ဒီစာအုပ်ကို ဖတ်သင့်ပါသလား၊ မဖတ်သင့်ဘူးလား။ အိုသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေးပြီး၊ လမ်းပြတော်မူပါ…” ဆုတောင်းပြီးနောက်၊ ဤစာအုပ်ကို ဖတ်ရှုပြီးနောက်တွင် သခင်နှင့် ကျွန်မ၏ ပေါင်းသင်း ဆက်ဆံရေးသည် မည်သို့ပိုမိုနီးစပ်လာကြောင်း၊ ကျွန်မ၏ ယုံကြည်မှုတွင် ပို၍ စိတ်အားထက်သန်လာကြောင်းနှင့် ကျွန်မ၏ စိတ်ဝိညာဉ်သည် အထောက်အပံ့ မည်သို့ရရှိလာကြောင်းတို့ကို တွေးမိသည်။ ထိုစာအုပ်ကို အောက်ချပြီး၊ ဖတ်ရှုခြင်းမှ ရပ်လိုက် ပါက၊ ဝိညာဉ်ရေးရာ ခြောက်ကပ်သည့် ခံစားချက်ဖြစ်သော ယခင်အခြေအနေသို့ ပြန်ရောက်သွားမည်ဟု ခံစားခဲ့ရသည်။ ထိုစာအုပ်သည် ကျွန်မအတွက် အလွန့်အလွန် တည်ဆောက်ပြီး၊ ၎င်းသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ လာကြောင်း အတည်ပြု ကာ၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ လာသည့် အရာမှန်သမျှသည် အမှားမဖြစ်နိုင်သည့်အတွက်၊ ၎င်း၏ ပါဝင်သော အကြောင်းအရာ အချို့သည် ကျွန်မ၏ အယူအဆများနှင့် မကိုက်ညီသည့်တိုင် ၎င်းကို ကျွန်မ မငြင်းပယ်သင့်သည့်အပြင်၊ ဖတ်ဖို့လည်း မငြင်းသင့် ကြောင်း ကျွန်မ သိခဲ့သည်။ ဤအရာအားလုံးကို သေချာစွာတွေး ပြီးနောက်၊ ကျွန်မ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု မချမီ ဆက်ပြီးဖတ်ရှုသင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ထိုစာအုပ်ကို တစ်ဖန် ကောက်ကိုင်ပြီး၊ ဆက်ဖတ် ခဲ့သည်။ “လူသား၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာအရပ်မှာ ကောင်းကင်ဘုံဖြစ်သည်။ လူသားသည် အနားယူလျက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်စဉ်၊ သူသည်ကမ္ဘာမြေပေါ်တွင် နေထိုင်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင် သည် အနားယူလျက် ကျန်ရှိနေသော လူသားတစ်စိတ်တစ်ပိုင်းကို ဦးဆောင်နေစဉ်၊ သူသည်မြေကြီးပေါ်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ထိုသူတို့ကို ဦးဆောင်လိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူ ခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်”) “ဒီကျမ်းပိုဒ်က ဘုရားသခင်ရဲ့အနားယူရာနေရာက ကောင်းကင်ဘုံဖြစ်ပြီး၊ လူသား ရဲ့ အနားယူရာနေရာမှာ၊ လူသားက ဘုရားသခင်ကို ကမ္ဘာမြေ ပေါ်ကနေ ကိုးကွယ်မယ်လို့ ပြောထားတယ်။ ဒါကပြောထားသလို လူသားရဲ့ အနားယူရာနေရာက တကယ်ပဲ ကမ္ဘာမြေပေါ်မှာ ဖြစ်နိုင်သလား။ အဲဒါ မဖြစ်နိုင်ဘူး။ သခင်ယေရှုက ကျွန်မတို့ဟာ သခင်ရှိတဲ့ ဘယ်နေရာမှာမဆို ရှိသင့်ပြီး၊ သခင်ယေရှုက ရှင်ပြန်ထမြောက်ပြီး၊ ကောင်းကင်ဘုံကို တက်သွားပြီဖြစ်တဲ့ အတွက်၊ ကျွန်မတို့ကလည်း ကောင်းကင်ဘုံကို သေချာပေါက် တက်မယ်လို့ ပြောခဲ့တယ်။” ဟု စဉ်းစားလျက် ဤအရာကို ကျွန်မ အထပ်ထပ်အခါခါ အပြန်ပြန် အလှန်လှန် စဉ်းစားခဲ့သည်။ ကျွန်မက သခင့်အတွက် မည်သို့ ရှာဖွေနေခဲ့သည်၊ များစွာသော ဆင်းရဲဒုက္ခကို မည်သို့ သည်းခံခဲ့သည်ကို လွန်ခဲ့သည့်နှစ် အနည်းငယ်ကို ပြန်ပြောင်းတွေးကြည်ခဲ့သည်။ ထိုဆင်းရဲဒုက္ခများ အားလုံးသည် ကျွန်မ ကောင်းကင်ဘုံသို့ တက်နိုင်ပြီး၊ ကမ္ဘာကြီး၏ ဆင်းရဲဒုက္ခကို နောက်ထပ် မတွေ့ကြုံရဖို့ မဟုတ်ပါလား။ အနာဂတ်တွင် လူသားများသည် ကမ္ဘာပေါ်တွင်သာ အသက်ရှင် နေထိုင်ဦးမည်ဟု ဤစာအုပ်ထဲတွင် ပြောထားသကဲ့သို့ အမှန်တကယ် ဖြစ်ပါက၊ ကျွန်မ၏ မျှော်လင့်ချက်သည် အချည်းနှီး မဖြစ်ရပါလား။ ခေါင်းအစခြေအဆုံး အားနည်းသည်ဟု ခံစားရ လျက် ကျွန်မ အိပ်ရာပေါ်တွင် ထိုင်ပြီး၊ မလှုပ်ရှားနိုင်ခဲ့ပါ။ ၎င်းကို ကျွန်မ ပို၍တွေးတောလေ၊ ပို၍ မတည်ငြိမ်ဖြစ်သည်ဟု ခံစားရလေ ဖြစ်သည်။ ဤအရာအပေါ် ရှင်းလင်းပြတ်သားမှုတစ်ချို့ ကျွန်မ ရလိုသောကြောင့် ကျွန်မညီမ၏အိမ်သို့ ကမန်းကတန်း ပြေးလာခဲ့သည်။

ထိုနေရာသို့ ရောက်သည့်အချိန်တွင် ကျွန်မညီမက ကျွန်မကို မိတ်ဆက်ပေးသည့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည့် အစ်မလီကို တွေ့ဆုံရသည်။ ခဏကြာပြီးနောက်၊ ဤစာအုပ်ကို ဖတ်ရှုအပြီးတွင် ကျွန်မ၏ အတွေးများကို သူတို့ကို ကျွန်မ ရင်ဖွင့်ခဲ့သည်။ ကျွန်မကို နားထောင်အပြီးတွင် အစ်မလီက ကျွန်မနှင့် ဤမိတ်သဟာယကို ဝေမျှခဲ့သည်။ “အစ်မရေ၊ သခင့်ကို ယုံကြည်တဲ့ ကျွန်မတို့အားလုံးက ကျွန်မတို့အတွက် သခင်က နေရာတစ်ခု ပြင်ဆင်ပေးဖို့ ကတိတော်ရှိတယ်၊ သူက ဘယ်နေရာ ရောက်နေပါစေ၊ ကျွန်မတို့လည်း အဲဒီနေရာမှာရှိမယ်လို့ ယုံကြည် ကြတယ်။ သခင်က ကောင်းကင်ဘုံကို ပြန်တက်သွားတဲ့အတွက် အနာဂတ်မှာ သူပြန်လာတဲ့အချိန်မှာ သူနဲ့အတူ ကျွန်မတို့ နေရမဲ့ နေရာဖြစ်တဲ့ ကောင်းကင်ဘုံထဲကို သူက ကျွန်မတို့ကို သေချာပေါက် ကြိုဆိုလိမ့်မယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ဒီလိုမျိုး စိတ်ကူးက၊ ဒီလိုမျိုး တွက်ချက်ခန့်မှန်းမှုက ယုတ္တိတန်တယ် မတန်ဘူးဆိုတာရော ကျွန်မတို့ တစ်ခါတစ်လေ တွေးဖူးလား။ အဲဒါက ကျွန်မတို့ စိတ်ကူးထားသလို ဖြစ်ရင်၊ သခင်က ကြွလာပြီးတော့ ကျွန်မတို့ အသက်ရှင်နေထိုင်ဖို့ ကျွန်မတို့ကို ကောင်းကင်ဘုံကို ခေါ်မယ်၊ အဲဒီနောက်မှာ သခင့်ဆုတောင်းပဌနာ ဖြစ်တဲ့ ‘နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေ သော။’ (ရှင်မဿဲခရစ်ဝင် ၆:၁၀) နဲ့ ဗျာဒိတ်ကျမ်းထဲက ‘ဘုရား သခင်၏ တဲတော် သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ် တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။’ (ဗျာဒိတ်ကျမ်း ၂၁:၃) ဆိုတဲ့ ပရောဖက်ပြုခြင်းတွေထဲက နှုတ်ကပတ်တော်တွေက အချည်းနှီး ဖြစ်မလာဘူးလား။ အဲဒါတွေက ဘယ်လိုပြည့်ဝနိုင်မလဲ။ ကျွန်မတို့ အတွက် ဘုရားသခင် ပေးတော်မူမဲ့ နောက်ဆုံးပန်းတိုင်က ကေင်းကင်ဘုံဖြစ်တယ်ဆိုရင် ဘုရားသခင်က နဂိုမူလက လူသား ကိုဖန်ဆင်းချိန်မှာ၊ ကျွန်မတို့ကို ကမ္ဘာမြေမှာ အသက်ရှင်စေခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။” ကျွန်မက အနည်းငယ်မျှ လက်ခံယုံကြည် ခြင်းမရှိဘဲ ခွန်းတုံ့ပြန်ခဲ့သည်။ “အဲဒါက သမ္မာကျမ်းစာထဲမှ ပြောထားတဲ့ အရာဖြစ်ပေမဲ့လည်း၊ သခင်ကိုယ်တော်တိုင်က ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာ အရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃) လို့ ပြောခဲ့တယ်။ သခင်ယေရှုက ရှင်ပြန်ထမြောက်ပြီးနောက်၊ ကောင်းကင်ဘုံကို ကြွပြီး၊ ဒီမှာ သခင်က ကျွန်မတို့အတွက် နေရာပြင်ဆင်မယ်လို့ ပြောနေတယ်။ သူက ဘယ်နေရာမှာပဲရှိရှိ၊ ကျွန်မတို့လည်း အဲဒီနေရာမှာ ရှိမယ်လို့ ပြောခဲ့တယ်။ ဒါ့ကြောင့် ဘုရားသခင်က ကောင်းကင်ဘုံကို ထာဝရအသက်ကို ရရှိမယ်လို့ ဘုရားသခင်က ကျွန်မတို့ကို ကတိတော်ထားတယ်ဆိုတာ့ ဒါက သက်သေပြနေတယ်။ ဒါက ဘယ်သူမှ ငြင်းပန်လို့မရတဲ့ အရာတစ်ခုဖြစ်တယ်။” အစ်မလီက စိတ်ရှည်စွာဆက်ခဲ့သည်။ “အစ်မရေ၊ သခင်က သူ့ကို ယုံကြည်တဲ့သူတွေအတွက် နေရာတစ်ခုပြင်ဆင်နေတယ်ဆိုတာ ဟုတ်ပေမဲ့လည်း၊ ဒီနေရာဟာ တကယ့်ကို ကမ္ဘာပေါ်မှာလား၊ ကောင်းကင်ဘုံထက်မှာလား။ အဲဒါကို သခင့်ဆီက ဒီနှုတ်ကပတ်တော်တွေထဲမှာ မဖော်ပြထားတဲ့အတွက်ကြောင့် ကျွန်မတို့အတွက် သူပြင်ဆင်နေတဲ့ နေရာက ကောင်းကင်ဘုံမှာလို့ ကျွန်မတို့က ပြောတဲ့အချိန်မှာ ဘာကို အခြေပြုပြီးပြောနေတာလဲ။ ဒါက တကယ့်ကို သခင့်ကတိတော်ပဲလား၊ ဒါမှမဟုတ် အဲဒါက ကျွန်မတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေလား။ သခင့်ကို ယုံကြည်ကြတဲ့ ကျွန်မတို့အတွက်တော့၊ အရာအားလုံးက သခင့် နှုတ်ကပတ်တော်ပေါ်မှာ အခြေခံသင့်တယ်။- ကျွန်မတို့က ကိုယ့်ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေနဲ့ သခင့် နှုတ်ကပတ်တော်ကို ရောနှောပြီး၊ အဲဒါဟာ သခင်ဆိုလိုတဲ့အရာ ဖြစ်တယ်လို့ အခိုင်အမာမပြောသင့်ဘူး။ ဒါက ကျွန်မတို့ သခင်ရဲ့ နှုတ်ကပတ်တော်ကို ရှင်းပြဖို့ ကိုယ်ပိုင် အကြံဉာဏ်နဲ့ ရည်ရွယ်ချက် တွေအားဖြင့် သွားနေတာမဟုတ်ဘူးလား။ ကျွန်မတို့က သခင့် နှုတ်ကပတ်တော်ကို ရှင်းပြဖို့ ကျွန်မတို့ရဲ့ ခေါင်းတွေ ဒါမှမဟုတ် ကိုယ့်ကိုယ်ပိုင် အတွေးမှာ ကျွန်မတို့ စိတ်ကူးတဲ့အရာတွေနဲ့ နှစ်သက်မှုတွေကို မှီခိုလို့မရဘူးလေ။ ဒါက အမှားတစ်ခု လုပ်နေတာပဲ။ ကမ္ဘာဦးကျမ်း ၂:၇-၈မှာ ပြောထားတယ်။ ‘ယေဟောဝါဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။ ယေဟောဝါဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။’ အစပိုင်းမှာ ဘုရားသခင်က ကမ္ဘာပေါ်မှာ လူကို ဖန်ဆင်းပြီး၊ ဘုရားသခင်က လူကို မဖန်ဆင်းခင်မှာ သူက ကျွန်မတို့ရဲ့ ရှင်သန်မှုအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ဖို့ အရာအားလုံးကို ပထမဦးစွာ ဖန်ဆင်းတော်မူခဲ့ တယ်ဆိုတာ ရှင်းပါတယ်။ ကျွန်မတို့ ကမ္ဘာပေါ်မှာ အသက်ရှင် နေထိုင်ဖို့က ဘုရားသခင်ရဲ့ အလိုတော် ဖြစ်တာကို ကျွန်မတို့ တွေ့မြင်နိုင်တယ်။ အဲဒီ့အပြင်၊ သခင့် ဆုတောင်းပဌနာမှာ သခင်က ဘုရားသခင်ရဲ့ နိုင်ငံတော် ကမ္ဘာမြေပေါ်မှာ တည်ဖို့ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ အဲဒါကို ဗျာဒိတ်ကျမ်းထဲမှာလည်း ပရောဖက်ပြု ထားတယ်၊ ‘လောကီ နိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။’ (ဗျာဒိတ်ကျမ်း ၁၁:၁၅) နဲ့ ‘ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။’ (ဗျာဒိတ်ကျမ်း ၂၁:၃) တို့ဖြစ်တယ်။ ဘုရားသခင်က ကျွန်မတို့အတွက် ပြင်ဆင်ပေးနေတဲ့ နေရာက ကမ္ဘာပေါ်မှာဆိုတာနဲ့ ကျွန်မတို့ အနာဂတ်ပန်းတိုင်က ကမ္ဘာပေါ်မှာ ဖြစ်ပြီး၊ ကောင်းကင်ဘုံမှာ မဟုတ်ဘူးဆိုတာကို ဒီကျမ်းပိုဒ်တွေနဲ့ ပရောဖက်ပြုခြင်းတို့ကနေ ကျွန်မတို့မြင်နိုင်တယ်။” အစ်မလီ၏ မိတ်သဟာယပြုခြင်းက ကျွန်မ၏ အယူအဆနှင့် လုံးလုံး ဆန့်ကျင်နေသည်။ သူမပြောသည့်အရာကို ကျွန်မ ယတိပြတ် နားမထောင်တော့ပါ။ ကျွန်မ မတ်တပ်ရပ်ပြီး၊ သူမကို ဒေါသတကြီးဖြင့် “ဒီလောက်နားထောင်ရတာ လုံလောက်ပါပြီ။ ကျွန်မက ကောင်းကင်ဘုံကို တက်နိုင်ဖို့အတွက် ဒီနှစ်တွေထဲမှာ ကျွန်မက ရှာဖွေနေခဲ့ပြီ၊ သခင့်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး၊ ဒုက္ခခံခဲ့တယ်။ ကျွန်မက ကမ္ဘာပေါ်မှာ နောက်ထပ် ဒုက္ခမခံရဖို့၊ သခင်က ကျွန်မကို ကောင်းကင်ဘုံထက်က အိမ်ကို ခေါ်သွားဖို့ ကျွန်မ အမြဲတမ်း တောင့်တခဲ့ပေမဲ့လည်း ကျွန်မတို့ရဲ့ နောက်ဆုံးပန်းတိုင်က ကမ္ဘာပေါ်မှာ ဖြစ်တယ်လို့ အစ်မက ပြောနေတယ်။ ဒါက ကျွန်မအတွက်တော့ တကယ့်ကို လက်မခံနိုင် စရာပဲ။” ဟု ပြောလိုက်သည်။ ဤအရာကို ပြောပြီးနောက် ကျွန်မက ထွက်ခွာဖို့ လှည့်လိုက်သည်။ ကျွန်မညီမလေးက ကျွန်မကို အကျိုးသင့်အကြောင့်သင့် ပြောဖို့ ကျွန်မဆီ ပြေးလာခဲ့ သည်။ “ဟေး။ အစ်မက ဘာလို့ ဒီလောက် ခေါင်းမာနိုင်ရတာလဲ။ အစ်မ ဖက်တွယ်နေတဲ့ ဒီအယူအဆက မှန်ရဲ့လား။ အစ်မက သခင့်ပြောစကားဖြစ်တဲ့ ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။’ ရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို မသိဘဲ၊ အစ်မက ကိုယ့်ကိုယ်ပိုင် သြဝါဒကိုသာ ဆုပ်ကိုင်ထားတယ်။ အဲဒါက မိုက်မဲနေတာ မဟုတ်ဘူးလား။ ဒါက သမ္မာတရားကို ရှာဖွေသူတို့ ရှိသင့်တဲ့ စိတ်နေသဘောထားမျိုး မဟုတ်ဘူး။ ကျွန်မတို့ တောင့်တနေခဲ့တဲ့ သခင်ယေရှုက ပြန်ကြွလာပြီးပြီ- အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ် တယ်။ ကျွန်မ အစ်မကို ဖတ်ဖို့ပေးတဲ့ စာအုပ်မှာ ဘုရားသခင်ရဲ့ ကိုယ်တော်တိုင် မိန့်မြွက်ချက်တွေနဲ့ နှုတ်ကပတ်တော်တွေ ပါရှိတယ်။ သခင်က ကျွန်မတို့ကို လာသိမ်းဆည်းဖို့ ပြန်ကြွလာပါ စေလို့ နေ့စဉ်နေ့တိုင်း ကျွန်မတို့ စောင့်ဆိုင်းခဲ့ရတဲ့ သခင်ဟာ အခုပြန်ကြွလာပြီ။ ကျွန်မတို့ သေသေချာချာ နားထောင်ရမယ်။ ကျွန်မတို့က တစ်သက်မှာတစ်ခါပဲ ရတဲ့ ဒီအခွင့်အရေးကို လုံးဝ လက်လွှတ်လို့မရဘူး။”

ကျွန်မ ညီမလေးက ဤအရာများအားလုံးကို ပြောသည်ကို ကြားရသည်မှာ ကျွန်မ တုန်လှုန်ခဲ့သည်။ ကျွန်မ၏ နားများပင် ကျွန်မ တကယ့်ကို မယုံရဲခဲ့ပါ။ သခင်က ပြန်ကြွလာပြီ။ ဒါမှန်လား။ ထို့နောက် ကျွန်မ ညီမလေးက “ဒီစာအုပ်ထဲက စကားတွေက သန့်ရှင်းသောဝိညာဉ်တော်ဆီက လာတယ်လို့ အစ်မ အရင်က မပြောခဲ့ဘူးလား။ အဲဒါကို ဖတ်တာက အစ်မကို အထောက်အပံ့ အများကြီးပေးတယ်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကို ရတယ်၊ ပြီးတော့ သခင်နဲ့ အစ်မတို့ ပေါင်းသင်းဆက်ဆံရေးက ပိုနီးစပ်လာတယ်လို့ အစ်မပြောခဲ့တယ်လေ။ အခုတွေးကြည့်ပါ။ သခင့်ကိုယ်ပိုင် နှုတ်ကပတ်တော်တွေကလွဲရင်၊ ဒီလိုမျိုး အကျိုးသက်ရောက်မှုမျိုး ရရှိတဲ့နည်းလမ်းတစ်ခုနဲ့ တခြားဘယ်သူက စကားပြောနိုင်လဲ။ အခုသခင်က အမှုပြုဖို့နဲ့ နှုတ်ကပတ်တော်အသစ်တွေကို မိန့်မြွက်ဖို့ ပြန်ကြွလာခဲ့ပြီး၊ ကျွန်မတို့က ဘုရားနှုတ်ကပတ်တော်တွေရဲ့ ချိမြိန်မှုကို အရသာခံ နိုင်တယ်။ ကျွန်မတို့က ဒါကို မရှာဖွေ၊ မစစ်ဆေးဘူးဆိုရင်၊ ကျွန်မတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေ၊ ပြီးတော့ သမ္မာကျမ်းစာရဲ့ တိုက်ရိုက် အဓိပ္ပါယ်ကောက်တာကိုသာ မစဉ်းမစား ဖက်တွယ်ထားမယ်ဆိုရင်၊ နောက်ဆုံးမှာ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် သတ်နေတာ ဖြစ်မှာပဲ။ သူတို့အချိန်က သမ္မာကျမ်းစာကို နောကျေနေတဲ့ ဖာရိရှဲတွေဟာ သမ္မာကျမ်းစာရဲ့ စကားလုံးတွေကို မစဉ်းမစား ဖက်တွယ်ထားပေမဲ့ သမ္မာကျမ်းစာနဲ့ ပတ်သက်တဲ့ သူတို့ကိုယ်ပိုင် နားလည်သဘောပေါက်မှုက မှန်မမှန် ဒါမှမဟုတ် အဲဒါဟာ ဘုရားသခင်ရဲ့ အလိုတော်နဲ့ ကိုက်မကိုက်ကို မေးခွန်းထုတ်ဖို့ လုံးဝ မကြိုးစားကြဘူး။ အဲဒီအစား သူတို့က မေရှိယလို့ မခေါ်တဲ့ လူတစ်ယောက်က ကြွလာမဲ့ ကယ်တင်ရှင် မဟုတ်ဘူးလို့သာ ယုံကြည်ကြတယ်။ သခင်ယေရှုရဲ့ လမ်းခရီးက လူ့အသက်တာအတွက် အထောက်အပံ့ ပေးမပေး ဒါမှမဟုတ် လက်တွေ့လုပ်ဆောင်ခြင်းရဲ့ လမ်းကြောင်းတစ်ခုကို ပေးမပေးကို မစစ်ဆေးကြဘူး။ သူတို့က သူတို့အယူအဆတွေနဲ့ စိတ်ကူးတွေကို ခေါင်းမာမာနဲ့ ဆုပ်ကိုင်ထားပြီး၊ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို မစဉ်းမစား ငြင်းပယ်ရင်း၊ အဆုံးသတ်မှာ သခင့်ကို ကားတိုင်မှာ သံမှိုစွဲတဲ့ အရမ်းယုတ်မာတဲ့ အပြစ်ကို ကျူးလွန်ခဲ့ကြတယ်။ ကျွန်မတို့က ဖာရိရှဲတွေရဲ့ ခြေလှမ်းတွေနောက်ကို လိုက်ပြီး၊ ဘုရားသခင်ကို အာခံတဲ့ သူတို့လမ်းကြောင်းကို မလဲကျနိုင်ပါဘူး။” ဟု ပြောခဲ့သည်။ ကျွန်မ ညီမလေး၏ စကားများကို နားထောင်ပြီးနောက်၊ သူမပြောသည့်အရာသည် ယုတ္တိတန်သည်ဟု ကျွန်မက မိမိဘာသာ တွေးမိသည်။ သခင့်နှုတ်ကပတ်တော် များသာလျှင် ခြောက်သွေ့သော စိတ်ဝိညာဉ်အတွက် ဖြေရှင်းချက် ဖြစ်သည်။ ကျွန်မ ဤစာအုပ်ကို စဖတ်ကတည်းက၊ ကျွန်မ၏ ဝိညာဉ်ရေးရာ အခြေအနေက တကယ့်ကို မည်သို့ ပို၍ပို၍ ကောင်းလာသည်ကို ပြန်ပြောင်းတွေးမိသည်။ ၎င်းက ဘုရားသခင်၌ ယုံကြည်မှုကို ကျွန်မကို ပေးခဲ့ပြီး၊ ကျွန်မက သခင့်မျက်မှောက်တော်ကို ခံစားနိုင်ခဲ့သည်။ ကျွန်မက သမ္မာတရား အချို့ကိုပင် နားလည်သဘောပေါက်နိုင်လာသည်။ ဤစာအုပ်တွင် ပါသည့် စကားများသည် ပြန်ကြွလာသည့် သခင်၏ မိန့်မြွက်ချက် များ အမှန်တကယ် ဖြစ်နိုင်ပါသလား။ သခင့်ပြန်ကြွခြင်းက အလွန် အရေးကြီးလေသည်။ ကျွန်မက ဤအရာကို မစဉ်းမစား ငြင်းပယ် ပြီး၊ ဝေဖန်အကဲဖြတ်၍ မရဘဲ၊ ၎င်းကို စုံစမ်းစစ်ဆေးပြီး ရှာဖွေဖို့ အားထုတ်ကြိုးပမ်းရမှုကို သိခဲ့သည်။ သမ္မာတရားကို မရှာဖွေဘဲ သူတို့အယူအဆများကိုသာ ဆုပ်ကိုင်ထားပြီး၊ ဘုရားသခင်ကို အာခံခဲ့သည့် ထိုဖာရိရှဲများကဲ့သို့ ကျွန်မ ဖြစ်၍မရပါ။ ထိုအခိုက် အတန့်တွင် ကျွန်မက မမျှော်လင့်ဘဲ ဝမ်းမြောက်ပြီး၊ ကြောက်ခဲ့ သည်။ ကျွန်မ မမျှော်လင့်ဘဲ ဝမ်းမြောက်ရသည်မှာ ကျွန်မက သခင့်ကို ယုံကြည်ပြီး၊ သူပြန်ကြွလာဖို့နှင့် ကျွန်မ ပူပင် ကြောင့်ကြမဲ့သော ဘဝတစ်ခုတွင် အသက်ရှင်နိုင်သည့် နေရာဖြစ် သော၊ ကမ္ဘာပေါ်ရှိ ခက်ခဲသော ဘဝတစ်ခုကို နောက်ထပ် အသက်ရှင်စရာ မလိုတော့သည့် ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မကို သိမ်းဆည်းဖို့ တောင့်တခဲ့ကာ၊ ထိုနေက သခင့်ပြန်ကြွခြင်းနှင့် ပတ်သက်သည့် သတင်းကို ကျွန်မ ကြားလိုက်သောကြောင့် ဖြစ်သည်။ ၎င်းမှာ အမှန်တကယ်ကို အထိမ်းအမှတ်ဆိုင်ရာ ဝမ်းမြောက်ဖွယ်အရာတစ်ခု ဖြစ်သည်။ ကျွန်မက ကြောက်သည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်သာ ပြန်ကြွလာသည့် သခင်ဖြစ်ပါက၊ သခင်က ကျွန်မကို ကောင်းကင်နိုင်ငံတော်သို့ ခေါ်သွားဖို့ စောင့်မျှော်သည့် ကျွန်မ၏ အိပ်မက်က ပြိုကွဲသွားမည် ဖြစ်သောကြောင့်ပင်တည်း… ကျွန်မ၏ စိတ်နှလုံးက လုံးလုံး ခလောက်ဆန်ရှုပ်ထွေးနေသည်- ၎င်းက ကွဲပြားသည့် စိတ်ခံစားချက်များဖြင့် လွှမ်းနေသည်။ ဤခိုကိုးရာမဲ့မှု တွင်၊ ကျွန်မက သခင့်ဆီကို ဆုတောင်းခြင်းဖြင့်သာ လှည့််နိုင်ခဲ့ သည်။ “အိုသခင်။ သခင်က ကျွန်မကို သင့်ကောင်းကင်ဘုံက အိမ်ကို ခေါ်ဖို့ သခင်ပြန်ကြွလာတာကို ကျွန်မ နေ့စဉ်နဲ့အမျှ စောင့်မျှော်ခဲ့ပေမဲ့ ကျွန်မ နောက်ဆုံးပန်းတိုင်အတွက် သခင် ပြင်ဆင်ထားတဲ့ နေရာက ဒီကမ္ဘာပေါ်မှာလို့ သူတို့က ပြောနေတယ်။ ကျွန်မက ဒီအချက်ကို ရင်ဆိုင်နိုင်စွမ်း တကယ်ကို မရှိပါဘူး။ ကျွန်မ ကမ္ဘာပေါ်မှာ ဒီလို ခက်ခဲတဲ့ ဘဝတစ်ခုနဲ့ တကယ့်ကို ဆက်ပြီး အသက်မရှင်ချင်ပါဘူး။ အိုသခင်။ ကျွန်မစိတ်နှလုံးထဲမှာ အခု တကယ့်ကို ဒုက္ခခံနေရပါတယ်၊ ကျေးဇူးပြုပြီး ရှေ့လျှောက်လမ်းကြောင်းပေါ်မှာ ကျွန်မကို ကူညီပြီး လမ်းပြတော်မူပါ။” ကျွန်မ ဆုတောင်းပြီးနောက် သခင်ယေရှု၏ ဤနှုတ်ကပတ်တော်များ စိတ်ထဲဝင်လာခဲ့သည်။ “စိတ်နှလုံးနှိမ့်ချ သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင် နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၅:၃) မှန်ပါသည်။ သခင်က စိတ်နှလုံးနှိမ့်ချသောသူ၊ သမ္မာတရားရှာဖွေသူ များကို သခင်က နှစ်သက်သည်၊ ပြီးလျှင် သူတို့သာလျှင် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သည်။ ကျွန်မက စိတ်နှလုံးနှိမ့်ချသောသူ ဖြစ်သင့်သည်- သူတို့ မိတ်သဟာယကို သေသေချာချာ နားထောင်ခြင်းသည်သာလျှင် သခင့်အလိုတော်နှင့် ကိုက်ညီလေသည်။

ထိုအခိုက်အတန့်တွင်ပင် အစ်မလီက “သခင်က ‘စိတ်နှလုံး ဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။’ (ရှင်မဿဲခရစ်ဝင် ၅:၈) လို့ပြောထားတယ်။ ကျွန်မတို့က သခင့်နှုတ်ကပတ်တော်ကို နားထောင်သင့်တယ်။ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ ကျွန်မတို့ က စိတ်နှလုံး ဖြူစင်သင့်တယ်။ ဘုရားသခင် လက်ရှိမှာ ပြုနေတဲ့ အမှုတော်က ကျွန်မတို့ အယူအဆတွေ ဒါမှမဟုတ် စိတ်ကူးတွေနဲ့ မကိုက်ညီပေမဲ့လည်း၊ ဘုရားသခင်ပြုသမျှက ကောင်းမြတ်တယ်၊ အဲဒါတွေအားလုံးက လူသားမျိုးနွယ်အတွက် ဖြစ်ပြီး၊ အဲဒါတွေ အားလုံးမှာ ဘုရားသခင်ရဲ့ အလိုတော်ပါရှိတယ်- အဲဒီထဲမှာ ရှာဖွေဖို့ သမ္မာတရားရှိတယ်။ ကျွန်မတို့မှာ နှံ့နှံ့စပ်စပ် နားလည် သဘောပေါက်မှုတစ်ခု မရှိရင်၊ ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေး ခြင်းကို လက်ခံရရှိနိုင်ပြီး၊ သူ့အလိုတော်ကို နားလည် သဘောပေါက်ဖို့ ပထမဆုံး ကိုယ့်ကိုယ်ကိုဘေးဖယ်ထားပြီး၊ သမ္မာတရားကို ရှာဖွေဖို့ အားထုတ်ကြိုးပမ်းရမယ်။ အစ်မ၊ အစ်မ စိတ်ထဲရှိတာ ထုတ်ပြောပြီး၊ အစ်မ မရှင်းသေးတာ မှန်သမျှကို ဝေမျှပါ၊ ပြီးတော့ မိတ်သဟာယပြုခြင်းမှာ ကျွန်မတို့ အတူတကွ ရှာဖွေနိုင်တာပေါ့။” ဟု ပြောသည်။ အစ်မလီပြောခဲ့သည့် အရာ သည် အကျိုးအကြောင်း ဆီလျော်ပြီး၊ ကျွန်မ စိတ်အေးအေးထား ကာ၊ ရှာဖွေသင့်သည်ဟု ကျွန်မ ခံစားရသောကြောင့် “အစ်မရေ၊ ကျွန်မ နားမလည်တဲ့ဟာ တစ်ခုတော့ရှိတယ်။ ကျွန်မတို့ရဲ့ နောက်ဆုံးပန်းတိုင်က ဘာဖြစ်လို့ ကောင်းကင်ဘုံမှာ မဟုတ်ဘဲ၊ အဲဒီအစား ဒီကမ္ဘာပေါ်မှာ ဖြစ်ရတာလဲ။” ဟု ပြောလိုက်သည်။ အစ်မလီက ရှင်ယောဟန်ခရစ်ဝင် ၃:၁၃ “ကောင်းကင်ဘုံက ဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါး အဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ။” နှင့် ဟေရှာယ အနာဂတ္တိကျမ်း ၆၆:၁ “ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ်၏။” တို့ကို ရှာတွေ့ခဲ့သည်။ ပြီးလျှင် ဤကျမ်းပိုဒ်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ဖို့ပေးခဲ့သည်။ ထို့နောက် သူမက ဤကျမ်းပိုဒ်နှစ်ခု၏ အဓိပ္ပါယ်ကို မိတ်သဟာယပြုခဲ့သည်။ သူမ၏ မိတ်သဟာယက ကျွန်မ၏ စိတ်နှလုံးထဲသို့ ရုတ်တရက် အလင်းဆောင်ကြဉ်းပေးခဲ့သည်- ကျွန်မက ဤသမ္မာကျမ်းပိုဒ်များ နှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သောကြောင့်၊ ၎င်းတို့နှင့် ပတ်သက်ပြီး ယခင်က ကျွန်မ တစ်ခါမျှ အမှန်တကယ် မစဉ်းစားခဲ့ ဖူးပါသလား။ ဘုရားသခင်၏ ပလ္လင်တော်နှင့် ကမ္ဘာမြေသည် ဘုရားသခင်၏ ခြေတော်တင်ရာခုံဖြစ်သည့်အတွက် ကောင်းကင်မှ ဆင်းသက်လာသည့် လူသားမှလွဲ၍ မည်သည့် လူတစ်ယောက်မျှ ကောင်းကင်နိုင်ငံတော်သို့ မတက်ရောက်နိုင်သည်ကို သခင်က အလွန် သိသာထင်ရှားစွာ ပြောထားသောကြောင့် လူသည် ကောင်းကင်ဘုံသို့ တက်ဖို့ မည်သို့ထိုက်တန်နိုင်မည်နည်း။ ဘုရားသခင်က ကမ္ဘာပေါ်တွင် လူကို ဖန်ဆင်းခဲ့ပြီး၊ ကမ္ဘာပေါ်တွင် ကျွန်မတို့ကို အသက်ရှင်နေထိုင်စေခဲ့သည်။ ဘုရားသခင်က လူကို ဖန်ဆင်းတော်မူသည့် ထိုနေ့မှစတင်ပြီး၊ လူသည် ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ကာ၊ မျိုးဆက်တစ်ခုပြီးတစ်ခု တိုးပွားခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားအမှုတော် အားလုံးသည် လည်း ကမ္ဘာပေါ်တွင် ပြုခဲ့သည်။ ဤသည်မှာ ကြာမြင့်ပြီဖြစ်သည့် အချိန်ကတည်းက ဘုရားသခင်က ကြိုတင်ပြဌာန်းတော်မူခဲ့ပြီး၊ မည်သူမျှ မပြောင်းလဲနိုင်သည့် အရာတစ်စုံတစ်ခု ဖြစ်သည်။ သူမက သခင်သည် ကျွန်မတို့အတွက် နေရာတစ်ခု ပြင်ဆင်မည်ဟု သခင်မည်သို့ ပြောခဲ့သည့်အကြောင်းကို သူမ၏ မိတ်သဟာယတွင် သမ္မာတရားကို ဆက်ပြီး ဆက်နွှယ်ပြောဆိုခဲ့သည်။ ဤအရာက နောက်ဆုံးသောကာလတွင် ကမ္ဘာပေါ်ရှိ လူ့ဇာတိခံဘုရားသခင် ၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ညွှန်းဆိုကြောင်း၊ နှင့် ကိုယ်တော်က နောက်ဆုံးသောကာလတွင် မွေးဖွားလာမည် ဖြစ်ပြီး၊ ကျွန်မတို့က ဘုရားသခင်၏ အသံတော်ကို ကြားကာ၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့တော်မှောက်တွင် ပိတ်မိပြီး၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို လက်ခံ၍၊ ဘုရားသခင်၏ ကောင်းကင် နိုင်ငံတော်သို့ နောက်ဆုံးတွင် ဦးဆောင်ခြင်းခံရမည် ဖြစ်သည်ကို ကြိုတင်ပြဌာန်းတော်မူခဲ့ကြောင်း သူမက ရှင်းပြခဲ့သည်။ ဤအရာက “ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၃) ဆိုသည့် နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ် ဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် အမှန်တကယ် တည်နေကြောင်း၊ လူသားမျိုးနွယ်၏ နောက်ဆုံးပန်းတိုင်သည် ကမ္ဘာပေါ်တွင်ဖြစ်ပြီး၊ ကောင်းကင်ဘုံတွင် မဟုတ်ကြောင်းတို့ကို ကျွန်မ မြင်ရသည်။ ဤတစ်ချိန်လုံး ကျွန်မက မိမိ၏ အယူအဆများနှင့် စိတ်ကူးတို့ဖြင့် အသက်ရှင်နေခဲ့သည်၊ ဘုရားသခင်၏ ပြန်ကြွလာခြင်းကို ကျွန်မအား ကောင်းကင်ဘုံတွင် အသက်ရှင်နေထိုင်ဖို့ ခေါ်သွားခြင်းသာ ဖြစ်သည်ဟု ဘောင်ခတ် ခဲ့သော်လည်း ၎င်းမှာ သခင့်အလိုတော် သို့မဟုတ် အမှန်တရားနှင့် လုံးဝ မကိုက်ညီပါ။ သို့သော် ကျွန်မက စာတန်၏ ဖိစီးနှိပ်စက် ခံလျက် ကမ္ဘာပေါ်တွင် ဤကဲ့သို့ ဘဝမျိုးဖြင့် အသက်ရှင်ဖို့ ဆန္ဒမရှိဆဲသာဖြစ်သည်။ ထို့နောက် ကျွန်မအတွင်းမှ အတွေးများ ကို အစ်မလီကို ရှင်းပြခဲ့သည်။

ကျွန်မကို နားထောင်ပြီးနောက်၊ အစ်မလီက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို ဖွင့်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်မှ ကျမ်းပိုဒ်တစ်ခု ကို ကျွန်မကို ဖတ်ပြခဲ့သည်။ “အနားယူနေသည့် အသက်တာတွင် စစ်ပွဲမရှိ၊ ညစ်ညမ်းမှုမရှိ၊ မဆုတ်မနစ်သော မဖြောင့်မတ်မှုတို့ မရှိချေ။ စာတန်၏ နှောင့်ယှက်ခြင်း (ဤနေရာတွင် ‘စာတန်’ သည် ရန်လိုသော အင်အားစုများကိုရည်ညွှန်းသည်)၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းသာမက ဘုရားသခင်ကို ဆန့်ကျင်သော အင်အားစုတစ်ခုခု၏ ကျူးကျော်ခြင်းတစ်ခုမျှ မရှိကြောင်းဆိုလို သည်။ အရာအားလုံးသည် ကိုယ့်အမျိုးအစားနောက်ကိုယ် လိုက်ကြပြီး ဖန်ဆင်းခြင်း၏သခင်ကို ကိုးကွယ်ကြသည်။ ကောင်းကင်နှင့်မြေကြီးသည် အကြွင်းမဲ့ ငြိမ်သက်အေးချမ်းလျက် ရှိသည်။ ယင်းမှာ လူသားတို့၏ အနားယူခြင်းနှင့်ပြည့်သော အသက်တာဖြစ်သည်။…ဘုရားသခင်နှင့် လူသားတို့သည် အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးသည့်အခါ၊ စာတန်သည် ဆက်လက်တည်ရှိနေတော့မည်မဟုတ်ဘဲ စာတန်ကဲ့သို့ပင် ကောက်ကျစ်စဉ်းလဲသော ထိုလူတို့သည်လည်း ဆက်လက်တည်ရှိ တော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် အနားယူ ခြင်းထဲသို့ မဝင်ရောက်မီတွင် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို တစ်ချိန်က နှိပ်စက်ညှဉ်းပန်းခဲ့ကြသည့် ကောက်ကျစ်စဉ်းလဲသော ထိုလူပုဂ္ဂိုလ်များတို့နှင့် ဘုရားသခင်ကို မနာခံသော ကမ္ဘာမြေကြီး ပေါ်ရှိ ရန်သူတို့သည် ဖျက်ဆီးခံကြရပြီး ဖြစ်လိမ့်မည်။ သူတို့သည် နောက်ဆုံးသောကာလ၏ ကြီးမားသည့် ဘေးအန္တရာယ်တို့၏ ဖျက်ဆီးခြင်းကို ခံကြရပြီးဖြစ်လိမ့်မည်။ ကောက်ကျစ်စဉ်းလဲသော ထိုပုဂ္ဂိုလ်များ လုံးဝဖျက်ဆီးခံရပြီးသည့်နောက်တွင် ကမ္ဘာမြေကြီး သည် စာတန်၏ နှောင့်ယှက်ခြင်းကို မည်သည့်အခါမျှ ထပ်မံကြုံရ တော့မည်မဟုတ်ပေ။ လူသားသည် ပြီးပြည့်စုံသော ကယ်တင်ခြင်း ကို ရရှိလိမ့်မည်ဖြစ်ပြီး ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် အလုံးစုံပြီးဆုံးသွားလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းထဲသို့ ဝင်ရောက်ရန်အတွက် ဘုရားသခင်နှင့် လူသားတို့အနေဖြင့် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်များ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်”)

ကျွန်မတို့က ကမ္ဘာပေါ်တွင် ဆက်ပြီး အသက်ရှင်နေထိုင်မည် ဖြစ်သော်လည်း၊ ဘုရားသခင်က သူ၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော် နောက်ဆုံးအဆင့်ကို ပြီးဆုံးသည်နှင့် တပြိုင်နက် စာတန်က ဖျက်ဆီးခံရပြီး၊ ကျွန်မတို့ လောကီ အသက်တာများတွင် ကျွန်မတို့သည် စာတန်၏နှောင့်ယှက်ခြင်းကို မည်သည့်အခါမျှ တစ်ဖန် ခံကြရတော့မည် မဟုတ်ပါ၊ ကျွန်မတို့က မည်သည့်အခါမျှ တစ်ဖန် ပင်ပန်းကြီးစွာ အလုပ်မလုပ်ရတော့ သကဲ့သို့ စိတ်သောကရောက်ရတော့မည် မဟုတ်ပါ၊ ပြီးလျှင် မျက်ရည်များ သို့မဟုတ် သက်ပြင်းချသံများလည်း ရှိတော့မည် မဟုတ်သည်ကို အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် များကို ဖတ်ရှုခြင်းမှတစ်ဆင့် ကျွန်မ နားလည်သဘောပေါက် ခဲ့ရသည်။ ၎င်းမှာ အာဒံနှင့် ဧဝတို့က ဧဒင်ဉယျာဉ်တွင် အသက်ရှင် နေထိုင်ခဲ့သကဲ့သို့ပင် ဖြစ်ပါသည်။ ကျွန်မတို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ လွတ်လပ်မည်၊ ပြီးလျှင် ဘုရားသခင်က လူနှင့် အတူရှိသည့် နေရာတွင် လှပပြီး ကောင်းကြီးမင်္ဂလာခံစားရသည့် ဘဝများကို အသက်ရှင်နေထိုင်မည်။ ဤသည်မှာ လူသားမျိုးနွယ် ၏ နောက်ဆုံး ပန်းတိုင်ဖြစ်ပြီး၊ ဤအရာမှာ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို အဆုံးသတ်တွင် ပြီးမြောက် အောင်မြင်စေမည့် အရာဖြစ်သည်။ ၎င်းသည် အမှန်တကယ်ပင် ကြီးမြတ်လှသည်။ ထိုအခိုက်အတန့်တွင် ကျွန်မက “လူသား မျိုးနွယ်ရဲ့ နောက်ဆုံးပန်းတိုင်က ဘယ်သူကများ အရမ်းကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မှာလဲ။ လူသားမျိုးနွယ်ရဲ့ အဆုံးသတ် ကို ဘယ်သူကများ စီစဉ်နိုင်မှာလဲ။ ဘုရားသခင် တစ်ပါးတည်းသာ ဒါကို လုပ်နိုင်တယ်။” ဟု ဟစ်အော်ခဲ့သည်။အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များတွင် ကျွန်မ ဘုရားသခင်၏ အသံတော်ကို သတိပြုမိပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် တို့ဖြစ်သည်ကို တွေ့မြင်ခဲ့သည်။ ကျွန်မ အတွင်းမှ အယူအဆ များသည် နောက်ဆုံးတွင် ပပျောက်သွားခဲ့ပြီး၊ ကျွန်မက ဘုရားသခင်၏ ပလ္လင်တော် ရှေ့တော်မှောက်သို့ ပြန်လျက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော် ကို ဝမ်းသာအားရ လက်ခံခဲ့သည်။

သက်ဆိုင်သည့် အကြောင်းအရာ