အပြစ်မှ သန့်စင်ခံရဖို့လမ်းကို ကျွန်မ တွေ့ခဲ့ပြီ

03.04.2021

စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ကျွန်မ နှစ်ရှည်လများ ရှုပ်ထွေးနေတာတွေကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဖြေရှင်းပေးခဲ့တာပါ။ ကိုယ့်ယုံကြည်ခြင်းမှာ ကျွန်မက သခင့်ဆီ ဆုတောင်းပြီး၊ အများကြီး အပြစ်ဝန်ခံတတ်တယ်။ ဒါပေမဲ့ နောက်တော့ ထပ်ပြီး လိမ်ညာမိတာပဲ၊ အပြစ်လုပ်မိတာပဲ။ တစ်ခုခုက ကိုယ် ဖြစ်ချင်သလိုမဖြစ်ဘူးဆိုရင်၊ ဒေါသထွက်သွားရော။ ပြီးတော့ သခင့်အဆုံးအမတွေကို မလိုက်နာနိုင်ခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ တကယ်ကို စိတ်ဆင်းရဲခဲ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီး သင်းအုပ်တွေ တော်တော်များများကို မေးကြည့်ပေမဲ့၊ တစ်ခါမှ အဖြေမရခဲ့ဘူး။ ကျွန်မ စဉ်းစားကြည့်တယ်၊ “သခင်က သန့်ရှင်းပါတယ်။ ဒါဆို အပြစ်ထဲမှာ ရှင်သန်နေတဲ့ ငါ့လိုလူတစ်ယောက်က ကိုယ်တော့်နိုင်ငံတော်ထဲ ဘယ်လိုလုပ် ဝင်ရောက်နိုင်မှာလဲ” ပေါ့။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်မိတော့မှ၊ အပြစ်ကနေ လွတ်မြောက်ပြီး ပျက်စီးခြင်းကနေ သန့်စင်ခံရတဲ့လမ်းကို နောက်ဆုံး ကျွန်မ ရှာတွေ့ခဲ့တာပါ။

ကျွန်မက ယုံကြည်သူအသစ်ဆိုတော့၊ တောင်ကိုရီးယားမှာ ပရိုတက်စတင့်အသင်းတော်တစ်ခုကို ဝင်ခဲ့တယ်။ ကျွန်မတို့သင်းအုပ်က အမြဲတမ်း ပြောတတ်တယ်၊ “ကျွန်တော်တို့က လွဲမှားကြတယ်၊ အပြစ်နဲ့ ပြည့်နှက်နေတယ်။ ဒါပေမဲ့ မစိုးရိမ်ကြနဲ့၊ သခင်ယေရှုက ကျွန်တော်တို့ရဲ့ အပြစ်ဖြေရာယဇ်အဖြစ် ကားတိုင်တင်ခံခဲ့တာ။ သခင့်ဆီမှာ ဆုတောင်းပြီး အပြစ်ဝန်ခံနေသရွေ့၊ သူက ကျွန်တော်တို့ကို ခွင့်လွှတ်လိမ့်မယ်။ သူ ပြန်လာတဲ့အခါလည်း၊ ကျွန်တော်တို့ကို ကောင်းကင်ဘုံဆီ ယူဆောင်လိမ့်မယ်” တဲ့။ ကျွန်မလည်း သခင့်ကို သိပ်ပြီး ကျေးဇူးတင်မိတာပေါ့။ ကျွန်မတို့အတွက် သူ့ချစ်ခြင်းက ဘယ်လောက်ကြီးမားတယ်ဆိုတာ ခံစားမိတယ်။ ကျွန်မက လိမ်ညာတာ အပြစ်လုပ်မိတာရှိတိုင်း၊ ဆုတောင်းတယ်၊ အပြစ်ဝန်ခံပြီး နောင်တရလိုက်တယ်။ ပြီးရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျေနပ်မိတဲ့ ခံစားချက်မျိုး ရတယ်။ သခင် ပြန်လာပြီး သူ့နိုင်ငံတော်ဆီ ခေါ်ဆောင်မှာကို မစောင့်နိုင်တော့ဘူး။ ဒါပေမဲ့ ကြာလာတော့၊ အပြစ်လုပ်ပြီး ဝန်ခံနေတာကြီးက ကျွန်မအတွက် ပုံမှန်လို ဖြစ်လာပြီဆိုတာ မြင်မိတယ်။ အထူးသဖြင့် ကျွန်မက ခေါင်းမာတယ်။ ဒေါသထွက်လွယ်တယ်။ ကျွန်မယောကျ်ားက ကျွန်မ မကြိုက်တာတစ်ခုခု ပြောမိလုပ်မိပြီဆိုရင်၊ သူ့ကို အပြစ်တင်ပြီး စကားများတော့တာပဲ။ ဒါပေမဲ့ နောက်တော့ ကိုယ့်ကိုယ်ကိုယ် သည်းခံမှုမရှိဘူးဆိုပြီး နောင်တရပြန်ရော။ အထူးသဖြင့် သခင်ယေရှု ပြောတာတွေကို ဖတ်မိတဲ့အခါ၊ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” (ရှင်မဿဲခရစ်ဝင် ၂၂:၃၉) တကယ်ကို ခံရခက်တယ်။ ကျွန်မက တခြားသူတွေကို ကိုယ်နဲ့အမျှ ချစ်ဖို့ဆိုတာ ဝေးလို့၊ ကိုယ့်မိသားစုကိုတောင် သည်းခံနိုင်စွမ်း မရှိဘူးလို့ ခံစားရတာပါ။ အဲဒီလိုတွေ မချင့်မရဲဖြစ်ပြီး သင်းအုပ်နဲ့ ဘာသာရေးအကြံပေးဆီကို အကြိမ်ကြိမ်သွားတယ်။ အပြစ်ကနေ လွတ်မြောက်တဲ့လမ်းကို ရှာမယ်ပေါ့။ ဒါပေမဲ့ သူတို့က ပိုပြီးဆုတောင်းဖို့ အပြစ်ဝန်ခံဖို့ပဲ ပြောတယ်။ ကျွန်မ မရေမရာဖြစ်နေတာက ပျောက်မသွားဘူး။ ဆုတောင်းတာ အပြစ်ဝန်ခံတာ လုပ်ပြီးတော့ ဒီအပြစ်တွေကိုပဲ ထပ်ကျူးလွန်ဦးမယ်ဆိုရင်၊ သခင့်အလိုတော်နဲ့ ကိုက်ညီနိုင်ပါ့မလား၊ ကောင်းကင်ဘုံကို ရောက်နိုင်ပါ့မလားဆိုပြီး တွေးကြည့်တယ်။ လုံးဝ မဖြစ်နိုင်ဘူး။ ကျမ်းစာမှာ ပြောတယ်လေ၊ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိ။” (ဟေဗြဲသြဝါဒစာ ၁၀:၂၆) အဲဒီစကားကြောင့် ကျွန်မလည်း ကြောက်လန့်ပြီး စိုးရိမ်သွားတယ်။ ဒါပေမဲ့ တခြားဘာလုပ်ရမှန်းလည်း မသိဘူး။ ဆုတောင်းတာပဲ ပိုလုပ်မိတယ်။ အပြစ်မလုပ်ဖြစ်အောင် ကျွန်မကို ခွန်အားပေးဖို့ သခင့်ကို တောင်းလျှောက်တယ်။ ကိုယ့်ကိုယ်ကိုယ် ချက်ချင်း ထိန်းဖို့ကြိုးစားမယ်ပေါ့။ ဒါပေမဲ့ အပြစ်ထဲ ဆက်နစ်တာပါပဲ။ ဒီလိုဖြစ်တာတွေက ကြာလာတော့ ကျွန်မလည်း ပင်ပန်းပြီး စိတ်ပျက်လာတယ်။ အိပ်ရာထဲကနေ အချိန်မတော် ထပြီး၊ သခင့်ကို မျက်ရည်စက်လက်နဲ့ ဆုတောင်းခဲ့ရတာပါ။ အပြစ်က လွတ်မြောက်တဲ့လမ်းကို ရှာတွေ့အောင် ကူညီပေးဖို့ပေါ့။

နောက်တော့ သူငယ်ချင်းတစ်ယောက်က သူ့အသင်းတော်ကို ဝင်ဖို့ ကျွန်မကို ဖိတ်တယ်။ သူတို့ဆီ သွားတာ နည်းနည်း ကြာလာတော့လည်း၊ အဲဒီက သင်းအုပ်ရဲ့တရားတွေက အများအားဖြင့် အတူတူတွေချည်းပဲ၊ ဘာအလင်းမှ မပါဘူးဆိုတာ သိလာပြန်ရော။ သူကလည်း အပြစ်က လွတ်မြောက်ရာအကြောင်းကို မဆွေးနွေးဘူးလေ။ အထူးသဖြင့် အသင်းတော်မှာ နှစ်ပေါင်း ၄၀ လုံးလုံး အစေခံလာတဲ့ အကြီးအကဲတစ်ယောက်၊ ဘာသာတရားကိုင်းရှိုင်းပြီး လူသူလေးစားခံရတယ်လို့ ထင်ရတဲ့သူတစ်ယောက်က အပျော်အပျက်နေရာတွေကို တရားဟောဖို့သွားတယ်၊ ဘဝရဲ့သာယာမှုတွေကို အလိုကြီးနေတယ်ဆိုတာ မြင်ရတော့၊ ကျွန်မ တကယ် စိတ်ပျက်မိတယ်။ သူ့အသက်တာမှာ နည်းနည်းလေးမှ မပြောင်းလဲသေးဘူးဆိုတာ မြင်လိုက်ရတော့၊ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်ကိုလည်း ပြန်စဉ်းစားမိတယ်၊ “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်” (ဝတ်ပြုရာကျမ်း ၁၁:၄၅) အပြစ်ထဲမှာ ရှင်သန်နေသူတွေက ဘုရားကို မြင်ဖို့ မထိုက်တန်ကြဘူး။ ဒါဆို သူတို့က ကိုယ်တော့်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်လား။ နှစ်ပေါင်း ၄၀ ယုံကြည်လာတဲ့ အဲဒီအကြီးအကဲက မပြောင်းလဲသေးဘူးဆိုရင်၊ ကျွန်မအနေနဲ့ ပြောင်းလဲဖို့ဆိုတာ ပိုပြီး ခက်သလိုတောင် ထင်ရတာပေါ့။ သင်းအုပ်နဲ့ အကြီးအကဲတွေက ကျွန်မတို့ကို ပြောတတ်တယ်၊ “သခင်ယေရှုက ကားတိုင်တင်ခံပြီး၊ တို့ကို အပြစ်တွေကနေ ရွေးနုတ်ခဲ့တာ။ ဒါကြောင့် အပြစ်လုပ်မိတာကို မစိုးရိမ်သင့်ဘူး” ဆိုပြီး နှစ်သိမ့်တာလေ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်မတို့က နှစ်တွေအများကြီး ယုံကြည်ပြီးတာတောင် အမြဲတမ်း အပြစ်လုပ်ပြီး၊ မကောင်းမှုတွေ ပြည့်နေကြတယ်။ ဘုရားက သန့်ရှင်းတယ်။ ဒါဆို ကျွန်မတို့လို အပြစ်တွေပြည့်နေတဲ့ လူတွေက သခင့်မျက်နှာတော်ကို မြင်နိုင်ပါ့မလား။ ကျွန်မလည်း ဒီအတွေးတွေနဲ့ စိတ်မချမ်းသာဖြစ်ပြီး၊ လမ်းပျောက်သလို ခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်ကနေ လွတ်မြောက်နည်းကို သိချင်မိတယ်။ ကျွန်မရဲ့သူငယ်ချင်းအရင်း အစ်မကျီရှုကို စဉ်းစားမိတယ်လေ။ သူက ဘာသာရေးကိုင်းရှိုင်းတယ်။ စဉ်းစားတတ်တဲ့ ယုံကြည်သူတစ်ယောက်ပဲ။ သူနဲ့ စကားပြောကြည့်မယ်ပေါ့။ ဒါပေမဲ့ သူက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သွားတာ တော်တော်ကြာပြီပဲဆိုပြီး နောက်မှ သတိရတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူတွေနဲ့ ဝေးဝေးရှောင်ဖို့ ကျွန်မတို့သင်းအုပ်က သေချာမှာထားတယ်။ အဲဒီအချိန်မှာ ကျွန်မ ချီတုံချတုံဖြစ်သွားတယ်။ ဒါပေမဲ့ အပြစ်ထဲမှာပဲ ပိတ်မိနေတာတွေ၊ သင်းအုပ်မှာလည်း ဘာအဖြေမှ မရှိတာတွေကို နောက်တော့မှ ကျွန်မ စဉ်းစားမိတယ်။ အစ်မကျီရှုနဲ့ ရင်းနှီးခဲ့တာလည်း နှစ်တွေအများကြီးရှိပြီ။ သူက အရည်အချင်း ရှိတယ်။ ဒီတော့ သူ့မှာ အကြံဉာဏ်တွေ ရှိနိုင်တယ်လို့ ထင်မိတယ်။ သူနဲ့ တွေ့ဖို့ ချိန်းမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။

ကျွန်မတို့ ဆုံဖြစ်ကြတော့၊ အဲဒီမှာ မရင်းနှီးတဲ့ လူတွေ နည်းနည်း တွေ့ရတယ်။ သူတို့အားလုံးက ဂုဏ်သိက္ခာရှိရှိ၊ တည်တည်ကြည်ကြည် ပုံစံတွေပဲ။ တော်တော်လေး ဖော်ရွေကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ဖြစ်မယ်လို့ ထင်လိုက်တယ်။ ဒါနဲ့ သတိထားပြီး နေလိုက်တာပေါ့။ သူတို့က ယုံကြည်ခြင်းအကြောင်း စပြီး ဆွေးနွေးတဲ့အချိန်မှာ ကျွန်မလည်း သေချာ နားမထောင်ပါဘူး။ စကားလည်း အများကြီး မပြောချင်ခဲ့ဘူး။ နောက်တော့ အစ်မတစ်ယောက်က မိတ်သဟာယပြုပေးတယ်၊ “ယုံကြည်သူတော်တော်များများက ထင်ကြတယ်၊ သခင်ယေရှုက ကားတိုင်တင်ခံခြင်းအားဖြင့် ကျွန်မတို့အပြစ်ကို တာဝန်ယူလိုက်ပြီ၊ ဘုရားက ကျွန်မတို့အပြစ်ကို မမြင်တော့ဘူး။ ဒါကြောင့် ကျွန်မတို့က နောက်ထပ် မလွဲမှားတော့ဘူး၊ သခင် ကြွလာတဲ့အခါ ကျွန်မတို့ကို သူ့နိုင်ငံတော်ဆီ ယူဆောင်လိမ့်မယ်ပေါ့။ ဒါပေမဲ့ အဲဒါက မှန်ရဲ့လား။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်မတို့အပြစ်တွေ ခွင့်လွှတ်ခံရတယ်၊ ပြီးတော့ ကျွန်မတို့က သိသိသာသာကြီး အပြစ်မလုပ်ဘူး၊ ကောင်းကောင်းမွန်မွန် ပြုမူသလို ထင်ရတယ်ဆိုပေမဲ့၊ အဲဒါက အပြစ်ကနေ လုံးဝ သန့်စင်ခံလိုက်ရပြီဆိုတဲ့သဘော ဟုတ်လို့လား ကျွန်မတို့က အမြဲတမ်း လိမ်ညာပြီး အပြစ်လုပ်တယ်။ မနာလိုစိတ်ရှိပြီး ရွံစရာကောင်းကြတယ်။ မာနထောင်လွှားတာတွေ၊ လှည့်ဖြားတာတွေ ပြည့်နေတယ်။ တခြားသူတွေကို အမြဲတမ်း အထက်စီးက ဆက်ဆံတယ်။ ခေတ်ရေစီးတွေနောက် လိုက်ကြတယ်။ အလိုကြီးပြီး မောက်မာကြတယ်။ ကျွန်မတို့ မကြိုက်တာတစ်ခုခု ဖြစ်ပြီဆိုရင်၊ သခင့်ကို ဝေဖန်အပြစ်တင်ကြတယ်။ ကျွန်မတို့က အပြစ်ရဲ့အချုပ်အနှောင်တွေကနေ လုံးဝ မလွတ်မြောက်သေးဘူးဆိုတာကို ဒါက ပြတာပါ။ ဒါက ယုံကြည်သူအားလုံး ရှင်သန်နေထိုင်နေတဲ့ အခြေအနေပဲ တဲ့။ ရောမသြဝါဒစာ အခန်း ၇ မှာ ရှင်ပေါလု ပြောထားသလိုပါပဲ၊ ‘အကြောင်းမူကား၊ ငါသည် ကျင့်ချင်သောစိတ် ရှိသော်လည်း၊ ကောင်းစွာ ကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်။ ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်၏။’ (ရောမသြဝါဒစာ ၇:၁၈-၁၉) တမန်တော်ပေါလုက သူ့အပြစ်တွေအတွက် သခင်ယေရှုရဲ့ ခွင့်လွှတ်ခြင်းကို ခံရပြီးပြီ။ ဒါပေမဲ့ အပြစ်နဲ့ ချုပ်နှောင်ခံနေရသေးတာ၊ အပြစ်ကနေ မလွတ်မြောက်နိုင်တာကို သူက အားမလိုအားမရ အဖြစ်ဆုံးပဲ။ သူလည်း အမြဲလိုလို အပြစ်မလုပ်မိဘဲ မနေနိုင်ခဲ့ဘူး။ အဲဒါကြောင့် သူက ကူရာမဲ့ပြီး ငိုကြွေးထားတယ်၊ ‘ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း’ (ရောမသြဝါဒစာ ၇:၂၄) ကျွန်မတို့လည်း ရှင်ပေါလုလို အားမလိုအားမရ မဖြစ်ကြဘူးလား” တဲ့။ အဲဒီအစ်မရဲ့စကားတွေနဲ့ ရင်ထဲမှာ လှုပ်ရှားသွားတယ်။ ကျွန်မ အမှန်တကယ် အားမလိုအားမရအဖြစ်ဆုံးက အဲဒါပဲလေ။ ဒီမေးခွန်းကို မမေးဘဲမနေနိုင်တော့ဘူး၊ “အစ်မ ပြောတာတွေက မှန်ပါတယ်။ ကျွန်မက အပြစ်လုပ်လိုက် ဝန်ခံလိုက်နဲ့ အပြစ်ထဲမှာ ဆက်ပြီးရှင်သန်နေတာပါ။ စိတ်လည်း မချမ်းသာပါဘူး။ ဒါပေမဲ့ ကျွန်မ နားမလည်တာက၊ သခင်ယေရှုက ကျွန်မတို့ကို ရွေးနုတ်ပြီး၊ ကျွန်မတို့အပြစ်တွေကို ခွင့်လွှတ်ခဲ့ပြီးပြီ။ ဒါဆို ကျွန်မတို့က ဘာလို့ ဆက်ပြီး အပြစ်လုပ်မိနေတာလဲ။ ဘာလို့ အပြစ်ဖြစ်ခြင်းကနေ မလွတ်မြောက်နိုင်တာလဲ။ ဒီအတိုင်းဆိုရင် သခင် လာတဲ့အခါ၊ ကျွန်မတို့က သူ့နိုင်ငံတော်ဆီ ခေါ်ဆောင်ခံရပါ့မလား” ပေါ့။

သူက အဖြေပေးတဲ့သဘောနဲ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တွေကို ဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”) “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

ပြီးတော့ အဲဒီအစ်မက မိတ်သဟာယပြုပေးတယ်၊ “ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက လူသားတွေရဲ့ အပြစ်ဖြေရာယဇ်အနေနဲ့ ကားတိုင်တင်ခံခဲ့တယ်။ ကျွန်မတို့က သူ့ကို ကယ်တင်ရှင်အဖြစ် လက်ခံပြီး၊ အပြစ်ဝန်ခံ နောင်တရနေသရွေ့၊ ကျွန်မတို့အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ ပညတ်အရ စီရင်တာမျိုး၊ အသေသတ်ခြင်းမျိုးကို ခံရတော့မှာမဟုတ်ဘူး။ သခင့်ဆီ တိုက်ရိုက် ဆုတောင်းပြီး၊ သူ့ကျေးဇူးတော်ကို ခံစားနိုင်ကြတယ်။ ဒါက သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုတော် အဓိပ္ပာယ်အစစ်အမှန်ပဲ ဒါပေမဲ့ ကိုယ်တော်က ရွေးနုတ်ခြင်းအမှုကတစ်ဆင့် လူသားရဲ့ အပြစ်တွေကိုပဲ ခွင့်လွှတ်ခဲ့တာပါ။ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ လွဲမှားတဲ့ သဘာဝကို မဖြေရှင်းပေးခဲ့ဘူး။ ယုံကြည်ခြင်းအားဖြင့် ကျွန်မတို့အပြစ်တွေ ခွင့်လွှတ်ခံရတယ်ဆိုပေမဲ့၊ ကျွန်မတို့ရဲ့ လွဲမှားတဲ့သဘာဝနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေက ကျွန်မတို့ကိုယ်ထဲမှာ ရှိနေတုန်းပဲ။ မာနထောင်လွှားတာ၊ လှည့်ဖြားတာ၊ ဆိုးယုတ်တာ၊ ကြမ်းတမ်းတာ၊ အမှန်တရားကို ရွံ့မုန်းတာမျိုးတွေပေါ့။ ဒီအရာတွေက အပြစ်ထက်တောင် ပိုပြီး ပြုပြင်ရခက်ပါတယ်။ ကျွန်မတို့တွေ အပြစ်လုပ်ပြီး ဘုရားကို ခုခံမိနေတဲ့ အကြောင်းရင်းက အဲဒါတွေပဲ ကျွန်မတို့ရဲ့ လွဲမှားတဲ့သဘာဝကို မဖြေရှင်းဘူးဆိုရင်၊ အပြစ်လုပ်လိုက် ဝန်ခံလိုက် ထပ်ဖြစ်မှာပဲ။ အပြစ်ရဲ့အချုပ်အနှောင်တွေကနေ လုံးဝ မလွတ်တဲ့အပြင်၊ ဘုရားရဲ့နိုင်ငံတော်နဲ့လည်း ထိုက်တန်မှာမဟုတ်ဘူး ဘုရားသခင်က မိန့်ဆိုခဲ့တယ်၊ ‘ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်’ (ဝတ်ပြုရာကျမ်း ၁၁:၄၅) သခင်ယေရှုလည်း ပြောခဲ့တယ်၊ ‘ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၈:၃၄-၃၅) သခင်က သန့်ရှင်းပါတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့လူမှန်သမျှ သူ့ကို မဖူးနိုင်ဘူး။ မကြာမကြာ အပြစ်လုပ်ပြီး သခင့်ကို ခုခံတတ်တဲ့ ကျွန်မတို့လို လူတွေက ကိုယ်တော့်ကို ဖူးမြင်ဖို့၊ သူ့နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ဆိုတာ ထိုက်တန်နိုင်ပါ့မလား။ ဒါဆို ကျွန်မတို့ရဲ့ လွဲမှားတဲ့သဘာဝကို ဘယ်လိုဖြေရှင်းနိုင်မလဲ။ သခင်ယေရှုကတော့ ပရောဖက်ပြုခဲ့တယ်၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ရှင်ပေတရုသြဝါဒစာ ပထမစောင် ၄:၁၇ မှာလည်း ပြောတယ်၊ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။’ နောက်ဆုံးသောကာလမှာ၊ ဘုရားအိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့၊ ဘုရားက ထပ်ပြီး လူ့ဇာတိခံယူတယ်၊ သမ္မာတရားတွေကို ဖော်ပြတယ်။ ဒါက အဓိကအားဖြင့် လူသားတွေရဲ့ လွဲမှားတဲ့သဘာဝကို ဖြေရှင်းပေးဖို့၊ ကျွန်မတို့ကို အပြစ်ကနေ လုံးဝ လွတ်မြောက်စေပြီး၊ ဖောက်ပြန်ပျက်စီးမှုကနေ သန့်စင်ပေးဖို့ပါပဲ။ ဒါမှ ကျွန်မတို့က ဘုရားရဲ့ အပြည့်အဝ ကယ်တင်ခြင်းကို ခံရတာပါ။ သူ့နိုင်ငံတော်ထဲ ဝင်ရောက်နိုင်ကြတာပါ ကျေးဇူးတော်ခေတ်မှာ ဘုရားရဲ့အမှုတော်ကြောင့် ကျွန်မတို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မတို့ကို အပြစ်နဲ့ လုံးဝ ကင်းရှင်းအောင်၊ သန့်စင်သွားအောင် မလုပ်ပေးနိုင်ခဲ့ဘူး။ ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကတော့ သန့်စင်ပေးခြင်းနဲ့ ကယ်တင်ခြင်းဆိုတဲ့ အလုပ်ကို အဓိက အာရုံစိုက်တယ်။ လူသားတွေကို ကယ်တင်တဲ့ ကိုယ်တော့်အမှုတော်ရဲ့ အရေးကြီးဆုံးအဆင့်ပါပဲ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုက ကျွန်မတို့လိုအပ်နေတဲ့ သမ္မာတရားအားလုံးကို ပေးနိုင်တယ်။ အဲဒါမှ ကျွန်မတို့က ဘုရားကို အမှန်တကယ် သိနိုင်မယ်၊ အသက်စိတ်သဘောထားတွေ ပြောင်းလဲခံရနိုင်မယ်၊ ပြီးတော့ ဘုရားကို ကိုးကွယ်နာခံတဲ့၊ သူ့အလိုတော်နဲ့ ကိုက်ညီတဲ့ လူတွေ ဖြစ်လာနိုင်ကြမယ်။ ဒါက လူသားတွေကို ကယ်တင်တဲ့ ဘုရားရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေလိမ့်မယ်” တဲ့။

အဲဒီအစ်မရဲ့မိတ်သဟာယက ကျွန်မကို တကယ် မျက်စိဖွင့်ပေးလိုက်တာပါ။ ကျွန်မရဲ့လွဲမှားတဲ့ သဘာဝကို မဖြေရှင်းရသေးတဲ့အတွက်၊ ကျွန်မက ဆက်ပြီး အပြစ်လုပ်လိုက် ဝန်ခံလိုက် ဖြစ်နေတာပဲဆိုတာ နားလည်သွားတယ်။ ကျွန်မက ကိုယ့်ယုံကြည်ခြင်းမှာ ဘုရားအမှုတော်ရဲ့ အရေးကြီးဆုံးအဆင့်ကို မတွေ့ကြုံရသေးတာပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က လူတွေကို သန့်စင်ပေးဖို့၊ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်ဆောင်လဲဆိုတာ ကျွန်မ တော်တော် သိချင်လာတယ်။ သင်းအုပ်က အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အမြဲတမ်း ရှုတ်ချခဲ့တာဆိုတော့၊ ကျွန်မလည်း သတိတော့ထားတယ်။ ပြန်စဉ်းစားကြည့်တော့ သူက ကျွန်မတို့ကို အပြစ်မရှိတော့ဘူးလို့ နှစ်ပေါင်းများစွာ ပြောခဲ့ပေမဲ့၊ ကျွန်မက အပြစ်ဖြစ်ခြင်းဆိုတဲ့ ဒုက္ခထဲမှာ ရုန်းထွက်လို့မရခဲ့ဘူး။ အခု အတွေ့အကြုံကျတော့ တကယ် ဖြစ်နိုင်ခြေရှိတယ်။ သင်းအုပ် ပြောတာကို ရမ်းသန်း နာခံလို့မဖြစ်ဘူးဆိုတာ ကျွန်မ သိလိုက်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သေချာ ဖတ်ကြည့်ရမယ်။ သူ့မိန့်ဆိုချက်တွေက တကယ်ကို ဘုရားရဲ့အသံလားဆိုတာ သိအောင်လုပ်ရမယ်။ ကံမကောင်းချင်တော့ အချိန်နောက်ကျလာတာနဲ့၊ မိတ်သဟာယက ဆက်လုပ်လို့မရတော့ဘူး။

အဲဒီအစ်မက သူတို့အသင်းတော်ကို လာဖို့ဖိတ်တော့၊ ကျွန်မလည်း မငြင်းမိတော့ဘူး။ သူ ပေးတဲ့ ဘုရားနှုတ်ကပတ်တော်စာအုပ်တစ်အုပ်ကိုလည်း ယူလိုက်တယ်။ အဲဒါနဲ့ ကျွန်မက ဒီလမ်းကို စပြီး ရှာဖွေစူးစမ်းမိတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီး ဖတ်တယ်။ ကိုယ်တော်က နက်နဲမှုတွေအများကြီးကို ဖွင့်ဟပြတယ်ဆိုတာ သိလိုက်ရတယ်။ ဥပမာ၊ ဘုရားရဲ့လူ့ဇာတိခံယူခြင်းတွေ၊ သူ့နာမတော်တွေရဲ့ နက်နဲမှုတွေအကြောင်း၊ သမ္မာကျမ်းရဲ့အတွင်းဇာတ်ကြောင်း စသဖြင့်ပေါ့။ အားလုံးက အသစ်ဖြစ်လွန်းတယ်။ ကျွန်မ လုံးဝ မကြားဖူးခဲ့တဲ့ သမ္မာတရားတွေ၊ နက်နဲမှုတွေချည်းပဲ။ ကျွန်မ စဉ်းစားတယ်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်က ဒီလို ကောင်းကင်ဘုံနဲ့ဆိုင်တဲ့ နက်နဲမှုတွေကို ထုတ်ဖော်ထားတာပဲ။ လူသားတွေကို ကယ်တင်မယ့် ဘုရားရဲ့အလိုကိုလည်း ဖော်ပြနိုင်တယ်။ ဘယ်လူသားမှ အဲဒါမျိုး မလုပ်နိုင်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အသင်းတော်တွေကို ပြောဆိုတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့စကားတွေ ဖြစ်ဖို့များတယ်။ ဘုရားရဲ့အသံတော်ပေါ့။ ငါ ဒါကို တကယ် စူးစမ်းရမယ်” ပေါ့။

ကျွန်မ ကြုံနေတဲ့ ပြဿနာကိုလည်း ဒီညီအစ်ကိုမောင်နှမတွေကို ပြောပြလိုက်တယ်။ လိမ်ညာပြီး အပြစ်လုပ်တာတွေ၊ သူများတွေကို ဒေါသဖြစ်တာတွေ၊ သည်းခံစိတ် မရှိတာတွေ၊ သခင့်အဆုံးအမတွေကို မလိုက်နာမိတာတွေပေါ့။ အပြစ်ထဲ နေနေရတဲ့ဘဝကို စိတ်ညစ်မိတယ်ဆိုပြီး သူတို့ကို ပြောပြတယ်။ ကျွန်မက အစ်မတစ်ယောက်ကို မေးတယ်၊ “ဘုရားက လူတွေကို သန့်စင်ဖို့အတွက်၊ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်ဆောင်တာလဲ။ ကျွန်မ ယုံကြည်လာတဲ့နှစ်တွေတစ်လျှောက်လုံး အမြဲတမ်း ယူဆခဲ့တာက အပြစ်နဲ့ ကင်းရှင်းပြီး နေထိုင်ရရင် သိပ်ကောင်းမှာပဲ၊ အဲဒါဆို ဘဝက ဆင်းရဲခြင်း ရှိတော့မှာမဟုတ်ဘူးပေါ့”

အဲဒီအစ်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်စာပိုဒ်တွေကို ကျွန်မ ဖတ်ဖို့ပြပေးတယ်။ “လက်ရှိ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် သူ၏ စိတ်သဘောထားကို ဖော်ပြရန်ဖြစ်သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဆက်လက် အကောင်အထည်ဖော်ရင်း၊ သူသည် သာ၍များသော သမ္မာတရားကို လူတို့ထံ ဆောင်ကြဉ်းပေးကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ပိုမိုညွှန်ပြပေးသည်၊ ဤသို့ဖြင့် လူတို့ကို သိမ်းပိုက်ခြင်းနှင့် လူတို့ကို မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏အမှု နောက်ကွယ်တွင် တည်ရှိသည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”) “တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”)

ဒါတွေကို ဖတ်ပြပြီးတော့ အဲဒီအစ်မက မိတ်သဟာယပြုပေးတယ်၊ “နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုအတွက်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားတွေကို သန့်စင်ကယ်တင်ပေးတဲ့ သမ္မာတရားအားလုံးကို ဖော်ပြပေးတယ်။ ဘုရားရဲ့ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုတွေကို ဖွင့်ဟပြတယ်။ လူသားတွေကို ကယ်တင်ဖို့ ဘုရားအမှုတော် အဆင့်သုံးဆင့်ရဲ့ ရည်ရွယ်ချက်၊ အမှုတော်အဆင့်တစ်ခုစီရဲ့ အတွင်းသဘော၊ ပြီးတော့ အဆင့်တစ်ခုစီက ဘာကိုဖြစ်မြောက်စေလဲဆိုတာတွေကို ထုတ်ဖော်ပြတယ်။ ကျွန်မတို့ယုံကြည်ခြင်းမှာ စိတ်သဘောထားအပြောင်းအလဲ ဖြစ်ဖို့၊ သန့်စင်ခြင်းဖြစ်ဖို့ လမ်းကို ပြပေးတယ်။ စာတန်ကြောင့် လူသားရဲ့ဖောက်ပြန်ပျက်စီးမှု သဘာဝနဲ့ အနှစ်သာရအပြင်၊ ကျွန်မတို့ရဲ့ အပြစ်ဖြစ်ခြင်း အကြောင်းရင်းကိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်က ထုတ်ဖော်ပြတယ်။ ဒါတွေကြောင့် ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိကြတယ်၊ ဘုရားကို ပုန်ကန်ဆန့်ကျင်တတ်တဲ့ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ စိတ်သဘောထားတွေကို သိခွင့်ရတယ်၊ စာတန်ကြောင့် ကျွန်မတို့ ဆိုးဆိုးဝါးဝါး အကျင့်ပျက်နေတာတွေ၊ လူသားပုံသဏ္ဌာန် လုံးဝ ကင်းမဲ့တာတွေကို မြင်မိကြတယ်။ အဲဒီနောက်မှာ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာကြတယ်၊ ဖောက်ပြန်ပျက်စီးမှုထဲမှာ မနေချင်ကြတော့ဘူး။ ဘုရားရဲ့စိတ်သဘောထားက ဘယ်လောက် ဖြောင့်မတ်၊ သန့်ရှင်းပြီး၊ ပုန်ကန်ပြစ်မှားလို့မရနိုင်ဘူးဆိုတာလည်း မြင်မိကြတယ်။ ကိုယ်တော့်ကို ကြောက်ရွံ့ခြင်းလည်း ရှိကိုရှိလာကြတယ်။ တစ်ဖက်သတ်ဆန်တာတွေ မရှိကြတော့ဘူး။ ကိုယ် ကြိုက်သလို ပြောဆိုပြုမူတာတွေ မလုပ်တော့ဘူး။ အဲဒါတွေအစား ဇာတိပကတိကို စွန့်လွှတ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာကြတယ်။ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေရဲ့ အနှောင်အဖွဲ့တွေကို ဖြည်းဖြည်းချင်း ဖယ်ရှားကြတယ်။ အရင်းခံအရ ကျွန်မတို့ရဲ့ အပြစ်ဖြစ်ခြင်းနဲ့ ဘုရားကို ဆန့်ကျင်တတ်ခြင်းဆိုတဲ့ ပြဿနာကိုလည်း ဒါက ဖြေရှင်းပေးတယ်။ ဒါက သခင့်ကို ယုံကြည်ပေမဲ့၊ ဘုရားရဲ့နောက်ဆုံးသောကာလ တရားစီရင်မှုနဲ့ သန့်စင်ပေးမှုကို လက်မခံကြတဲ့သူတွေ လုံးဝ မရနိုင်ကြတဲ့အရာမျိုးပါပဲ။”

အဲဒီညီအစ်ကိုမောင်နှမတွေက ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် တရားစီရင်မှုကို ကြုံရတဲ့ သက်သေခံချက်တွေကိုလည်း ပြောပြတယ်။ အစ်မတစ်ယောက်က ပြောပြတယ်၊ သူက အသင်းတော်ခေါင်းဆောင်တစ်ယောက် စဖြစ်တဲ့အချိန်မှာ နာမည်ကောင်းနဲ့ ဂုဏ်ဒြပ်အတွက်ပဲ ဂရုစိုက်ခဲ့တယ်ပေါ့။ သူများတွေကို ဆရာလုပ်ရတာ၊ သူ့ကို နာခံကြတာတွေကို သဘောကျခဲ့တယ်။ တစ်ယောက်ယောက်က မတူတဲ့ထင်မြင်ချက်တစ်ခု ရှိပြီဆိုရင်၊ သူက သူ့ကိုယ်ပိုင်အမြင်ကိုပဲ အမြဲတမ်း လက်ခံခိုင်းတယ်။ သြဝါဒတွေ ခြွေရင်း အမြဲတမ်း ကိုယ်ရည်သွေးပြတတ်တယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်တွေရဲ့ တရားစီရင် ဖော်ထုတ်ပြမှုကို ခံရတော့မှ၊ သူ နားလည်သွားတယ်။ သူက သူ့တာဝန်မှာ ကိုယ်ရည်သွေးပြနေတာပဲ၊ သူ့ကို လူတွေ ကိုးကွယ်လာအောင် လုပ်နေခဲ့တာပဲ။ ဒါက လှည့်ဖြားပြီး အကွက်ဆင်သိမ်းသွင်းတာမျိုးပဲ။ တကယ်တော့ သူက ကောင်းကင်တမန်မင်းလိုပဲ ဂုဏ်အဆင့်အတန်းအတွက် ဘုရားကို ယှဉ်ပြိုင်နေတာ။ ဘုရားကို ဆန့်ကျင်မိနေတာပါ။ အဲဒါကို နားလည်မိတဲ့အချိန်မှာ သူ နောင်တရလို့မဆုံးဖြစ်တယ်။ မာနထောင်လွှားပြီး မရှက်တတ်ခဲ့တာတွေကို မုန်းမိတယ်ပေါ့။ သူက ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေခဲ့တာလေ။ နောင်တမရဘူးဆိုရင်၊ ဘုရားရဲ့အပြစ်ဒဏ်ပေး ဖယ်ရှားမှုကို ခံရလိမ့်မယ်ဆိုတာ သူ သိသွားတယ်။ ဘုရားရဲ့စိတ်သဘောထားက ဘယ်လောက် ဖြောင့်မတ်၊ သန့်ရှင်းပြီး၊ ပုန်ကန်ပြစ်မှားလို့မရနိုင်ဘူးဆိုတာလည်း သူ မြင်သွားတယ်။ ပြီးတော့ ဘုရားကို ကြောက်ရွံ့လာတယ်ပေါ့။ တရားစီရင်၊ ပြစ်တင်ဆုံးမမှုကို ဒီနည်းအတိုင်း အကြိမ်ကြိမ် ကြုံလိုက်ရတော့မှ မာနထောင်လွှားတဲ့ သူ့ကိုယ်ပိုင်သဘာဝကို အမှန်တကယ် နားလည်သွားတယ်။ ပြီးတော့ သူ့ကိုယ်သူ ရွံလာမိတယ်။ သူ့အလုပ်တာဝန်မှာ မာနထောင်လွှားတာ၊ ကြွားဝါတာတွေ မရှိတော့ဘူး။ သူ့ဖောက်ပြန်ပျက်စီးမှုအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောနိုင်လာတယ်။ တခြားသူတွေရဲ့ထင်မြင်ချက်တွေကို နားထောင်ဖို့၊ သူတို့ဆီက သင်ယူဖို့၊ ပူးပေါင်းလုပ်ဆောင်ဖို့ဆိုတာတွေလည်း သိသွားတယ်။ လူသားပုံသဏ္ဌာန်တစ်ခုနဲ့ အသက်ရှင်နေထိုင်နိုင်ခဲ့တယ်ပေါ့။

သူ့မိတ်သဟာယကို ကြားရတာ ကျွန်မလည်း တကယ် အားတက်သွားတယ်။ အပြစ်ကနေ လွတ်မြောက်ဖို့၊ ကိုယ့်ပျက်စီးခြင်းကို သန့်စင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့နဲ့၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှု၊ သန့်စင်ပေးမှုကို တွေ့ကြုံဖို့ပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ အဲဒီလို အတွေ့အကြုံကရတဲ့ သက်သေခံချက်မျိုးကို ကျွန်မ နှစ်ရှည်လများ ယုံကြည်ခဲ့တာတွေကနေ တစ်ခါမှ မရခဲ့ဖူးဘူး။ ဆရာတော်တွေအများကြီးနဲ့ ဆွေးနွေးဖူးသလို၊ အသင်းတော်တွေ တော်တော်များများကို သွားခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီလိုသက်သေခံချက်မျိုးကို လုံးဝ မကြားခဲ့ဖူးဘူး။ အပြည့်အဝ သန့်စင်ကယ်တင်ခံရဖို့၊ ဘုရားရဲ့နိုင်ငံတော်ဆီ ဝင်ရောက်ဖို့ လမ်းကို ဒီ ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံတွေက ကျွန်မကို ပြပေးလိုက်တာပါ။ ပီတိလည်း ဖြစ်မိတယ်။ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုပြီး စိတ်နှလုံးထဲက သိလိုက်တယ်။ ဘုရားကပဲ ကျွန်မတို့အတွက် အများကြီး ပူပန်ပေးတာပါ။ အပြစ်ထဲ နေထိုင်ရတဲ့ ကျွန်မတို့ဒုက္ခကို ဘုရားက သိပါတယ်။ ဒါကြောင့် လူသားတွေကို ကယ်တင်ဖို့၊ ကိုယ်တော်တိုင် လူ့ဇာတိခံပြီး သမ္မာတရားတွေကို ဖော်ပြထားတာပါ။ ကျွန်မတို့အတွက် ကိုယ်တော့်ချစ်ခြင်းက စစ်မှန်လွန်းပါတယ်။

အဲဒီနောက်ပိုင်းမှာ ကျွန်မလည်း စည်းဝေးပွဲတွေကို စိတ်ထက်ထက်သန်သန်နဲ့ တက်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ အလင်းပြမှုနဲ့ ကိုယ့်ပျက်စီးမှုကို ဆင်ခြင်တယ်။ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသွားတာတွေ၊ အထက်စီးကဆက်ဆံတာမျိုး မရှိတော့ဘဲ၊ ပြောင်းလဲသွားတာတွေကို ကျွန်မယောက်ျားက မြင်လာတော့၊ သူလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဖတ်တယ်။ နောက်တော့ ကိုယ်တော့်အမှုတော်ကိုလည်း လက်ခံသွားတယ်။ ကောင်းလိုက်တာ။ ဘုရားသခင်ကျေးဇူးပါပဲ။

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်နာမတော်တို့၏ နက်နဲမှု

“ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော...

ဘုရားသခင်၏အသံကို နားထောင်၍ သခင့်ကို ကြိုဆိုခြင်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည်...