သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်နာမတော်တို့၏ နက်နဲမှု

9

ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့ အားလုံးက ဘုရားသခင်၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း ထိုအမည်နာမများသည် ဘုရားသခင်၏စီမံခန့်ခွဲမှု အစီအစဉ်ထဲရှိ ကွဲပြားခြားနားသော ခေတ်ကာလများကိုသာ ရည်ညွှန်းပြီး သူ၏အလုံးစုံသော ဖြစ်တည်မှုကို ကိုယ်စားမပြုပါ။ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့က ဘုရားသခင်အားခေါ်ဝေါ်သော အမည်နာမများသည် သူ၏အလုံးစုံသော စိတ်နေသဘောထားနှင့် သူ၏ဖြစ်ခြင်းအားလုံးကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိပါ။ ၎င်းတို့မှာ ကွဲပြားသော ခေတ်ကာလများ အတွင်း၌ ဘုရားသခင်အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများသာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် အဆုံးသတ်ခေတ်၊ နောက်ဆုံးသော ခေတ်ကာလ ရောက်သည့်အခါ ဘုရားသခင်၏အမည်နာမသည် ထပ်မံပြောင်းလဲပေ ဦးမည်။ သူ့အား မေရှိယဟု ခေါ်တွင်စေရန်ဝေးစွ၊ ယေဟောဝါ၊ သို့မဟုတ် ယေရှုဟုပင် မခေါ်တွင်စေဘဲ တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်တွင်စေလျက် တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်တွင်စေလျက် ဤအမည်နာမ အောက်တွင် သူသည် ခေတ်ကာလကြီးတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ဤအမည်နာမ အောက်တွင် သူသည် ခေတ်ကာလကြီးတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ခေတ်တစ်ခုစီက ဘုရားနာမတော်တွေရဲ့နောက်ကွယ်မှာ အဓိပ္ပာယ်ပါတယ်ဆိုတာကို ဒီ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးက ကျွန်တော့်ကို ပြခဲ့တာပါ။ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ဖြစ်ခြင်းကို နာမတော်တစ်ခုတည်းနဲ့ ကိုယ်စားပြုလို့မရဘူးလေ။ နာမတော်တစ်ခုဆိုတာ အဲဒီခေတ်အတွက် ကိုယ်တော် ဖော်ပြတဲ့ စိတ်သဘောထားကိုပဲ ကိုယ်စားပြုတယ်။ ဘုရားသခင်ရဲ့ဖြစ်ခြင်းဆိုတာ အားလုံးကို လွှမ်းခြုံတဲ့အပြင်၊ ထူးလည်း ထူးကဲပါတယ်။ လူတွေအနေနဲ့ ဘုရားကို ကန့်သတ်လို့မရဘူး။ သူ့နာမကိုလည်း မပြောင်းလဲဘူးလို့ သတ်မှတ်လို့မရဘူး။ ဟိုအရင်ကဆို ကျွန်တော်လည်း ခေတ်တစ်ခုစီမှာ ဘုရားသခင် ခံယူတဲ့ နာမတော်ရဲ့အဓိပ္ပာယ်ကို တကယ် နားမလည်ခဲ့ဘူး။ ဒီတော့ ကိုယ်တော့်နာမက မပြောင်းလဲနိုင်ဘူးလို့ပဲ ထင်ခဲ့တာ။ သခင်ယေရှုရဲ့နာမကိုပဲ ဖက်တွယ်ထားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်မခံခဲ့ဘူး။ ကျွန်တော်က သခင့်ကို ကြိုဆိုခွင့်ကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တာပါ။

ကျွန်တော့်အဘွားက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ဘုရားကျောင်း ခေါ်သွားတယ်။ သင်းအုပ်ကလည်း ဒီကျမ်းပိုဒ်တွေကို ကိုးကားပြတတ်တယ်၊ “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲသြဝါဒစာ ၁၃:၈) “ထိုသခင်မှတပါး အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော်ဝတ္ထု ၄:၁၁-၁၂) သခင်ယေရှုကပဲ စစ်မှန်တဲ့ဘုရား ဖြစ်တယ်လို့ ကျွန်တော်က လက်ခံခဲ့တာ။ ကျွန်တော်က သူ့နာမနဲ့ သူ့လမ်းခရီးကို စောင့်ထိန်းနေသရွေ့၊ သူ ပြန်လာတဲ့အခါ၊ ကျွန်တော်က ကောင်းကင်ဆီ ယူဆောင်ခံရမယ်ပေါ့။

၂၀၁၇ မှာ ကျွန်တော့်မိန်းမက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိတရားကို လက်ခံလိုက်ရော။ ပြီးတော့ သူက ကျွန်တော့်ကိုလည်း အနန္တတန်ခိုးရှင်ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကြားစေချင်တယ်။ ဒါနဲ့ သူက မိတ်သဟာယပြုပေးမယ့် အစ်မတစ်ယောက်ကို ခေါ်လာတယ်။ ကျွန်တော်လည်း နားထောင်ရတာပေါ့။ ဒါပေမဲ့ သူက သခင်ယေရှုကို အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ပြီးကြွရောက်လာပြီလို့ ပြောလာတော့၊ ကျွန်တော် ဘာမှကို ဆက်မကြားချင်တော့ဘူး။ ကျွန်တော့်မိန်းမက အနန္တတန်ခိုးရှင်ဘုရားနောက် လိုက်တယ်ဆိုတာ သိလာတော့၊ ကျွန်တော်လည်း သူ့ကို ပိတ်ပင်တယ်။ “ငါတို့ကို ကယ်တင်ပေးတဲ့ နာမတော်ဆိုတာ တစ်ခုတည်းပဲရှိတယ်။ ငါတို့က သခင်ယေရှုရဲ့နာမကိုပဲ ဆက်ပြီး သစ္စာရှိဖို့လိုတယ်။ မင်းက ဒီလောက်နှစ်တွေ အကြာကြီး ယုံကြည်လာတာ၊ ပိုသိသင့်တယ်” လို့ ပြောလိုက်တယ်။။ သူကလည်း ပြန်ချေပတယ်ဗျ၊ “သခင်ယေရှုရဲ့နာမက ကျွန်မတို့ကို ကယ်တင်ခဲ့တယ်ဆိုတာ ကျွန်မတို့ အပြစ်စီရင်ခြင်းမခံရအောင်၊ ကျွန်မတို့အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့တဲ့ သဘောပဲ။ ဒါပေမဲ့ ကျွန်မတို့က အပြစ်လုပ်ပြီးရင် ဝန်ခံတယ်ဆိုတဲ့ အခြေအနေထဲမှာ ရှင်သန်နေတုန်းပဲ။ အပြစ်ကနေ မလွတ်မြောက်သေးဘူး။ သခင်ယေရှုက အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတဲ့ နာမတော်နဲ့ ပြန်ကြွလာပြီးတော့၊ နိုင်ငံတော်ခေတ်ကို စတင်လိုက်ပြီ။ ကိုယ်တော်က တရားစီရင်ခြင်းအမှုကို ပြုနေတယ်။ သူက ဘုရားကို ဆန့်ကျင်တတ်တဲ့ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့သဘာဝတွေကို ထုတ်ဖော်ဖို့၊ လူသားရဲ့အပြစ်တွေကို တရားစီရင်ဖို့၊ ပြီးတော့ ကျွန်မတို့ရဲ့ လွဲမှားတဲ့သဘာဝကို ဖြေရှင်းပေးမယ့် လမ်းတစ်ခု ပေးဖို့အတွက်၊ သမ္မာတရားတွေကို ဖော်ပြတယ်။ ကျွန်မတို့က ဘုရားရဲ့နိုင်ငံတော်ထဲ ဝင်ရောက်ရအောင်၊ အနန္တတန်ခိုးရှင်ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လက်ခံရမယ်” တဲ့။ ဒါပေမဲ့ ကျွန်တော်က အယူအဆတွေအပြည့်နဲ့ဆိုတော့၊ သူ ပြောတာကို လက်မခံခဲ့ဘူး။ သူက သူ့မိဘတွေရဲ့စကားကိုတော့ အမြဲနားထောင်တယ်။ ဒါနဲ့ ကျွန်တော်လည်း သူ့ကို တားဖို့ သူ့မိဘတွေကို အကူအညီတောင်းတယ်။ ဒါပေမဲ့ သူက အနန္တတန်ခိုးရှင်ဘုရားကို ပြန်ကြွလာတဲ့ သခင်ယေရှုဆိုပြီး အခိုင်အမာ ပြောတုန်းပဲ။ ကျွန်တော်တို့ကိုတောင် စူးစမ်းကြည့်ဖို့ တိုက်တွန်းနေတယ်။

ကျွန်တော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်ကို သူ မယုံကြည်တော့အောင် ကြိုးစားကြည့်တယ်။ အချိန်ရတိုင်း ကျမ်းစာမှာ ရှာဖွေကြည့်တယ်။ အွန်လိုင်းမှာ နာမည်ကြီးသင်းအုပ်တွေရဲ့တရားတွေ တွေ့ပြီဆိုလည်း၊ သူ့ကို ဖွင့်ပြဖို့၊ ဒေါင်းလုဒ်ဆွဲလိုက်တယ်။ သူ့စိတ် ပြောင်းလာမယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူက ကျွန်တော့်ကို ပြန်တရားဟောသွားတယ်။ ကျွန်တော်လည်း ဒေါသဖြစ်တာပေါ့။ ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ။ ကျွန်တော်တို့နှစ်ယောက်လုံး ကိုယ်ယုံကြည်ရာကိုပဲ ဆက်လုပ်ကြတယ်။ ကျွန်တော်က သူ့ကို ဆန့်ကျင်တယ်ဆိုတာကို သေချာအောင်တော့ ပြရတာပေါ့။ သူက အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တယ်။ ကျွန်တော်က သမ္မာကျမ်းစာ ဖတ်တယ်။ သူက သူ့အသင်းတော်ရဲ့ဓမ္မတေးတွေ ဖွင့်ရင်၊ ကျွန်တော်က သခင့်ကို ချီးမွမ်းတယ်။ သူက သူ့အသင်းတော်ရဲ့တရားတွေ နားထောင်ရင်၊ ကျွန်တော်က သင်းအုပ်တွေ ဟောတာကို နားထောင်တယ်။ သမ္မာကျမ်းအကြောင်းလည်း ကျွန်တော်တို့နှစ်ယောက် ငြင်းခုံကြတယ်။ သူက ဟိုအရင်ကတော့ ပြောဆိုကြပြီဆိုရင် ကျွန်တော့်ကို လုံးဝ မယှဉ်နိုင်ခဲ့ဘူး။ အခုတော့ သူ ပြောသမျှက တကယ်ကို ထိုးထွင်းအမြင်ပါတယ်။ သူ့စကားတွေက အရှိန်အဝါပါတယ်။ သူ ပြန်ပြောပြီဆို ကျွန်တော့်မှာ တအံ့တသြနဲ့ အာစေးမိသလို ဖြစ်သွားရော။ ကျွန်တော် သူ့ကို နှိမ်လို့မရခဲ့ဘူး။ ကျွန်တော် စဉ်းစားတယ်၊ ငါ့လက်ရှိ သမ္မာကျမ်းစာအသိနဲ့ သူ့ကို မယှဉ်နိုင်ဘူးဆိုတော့၊ ငါ သူ့ကို နိုင်အောင်၊ သမ္မာကျမ်းကို လေ့လာရမယ်ပေါ့။

တစ်ရက်တော့ ထွက်မြောက်ရာကျမ်း အခန်း ၃ မှာ ဒါကို တွေ့မိတယ်၊ “ထို့အပြင် ဘုရားသခင်က မောရှေအား မိန့်တော်မူသည်မှာ၊ သင်တို့ ဘိုးဘေးများ၏ ဘုရားသခင်၊ ဣဇက်နှင့် ယာကုပ်တို့၏ ဘုရားသခင် ယေဟောဝါသည် သင်တို့ထံသို့ ငါ့ကို စေလွှတ်တော်မူသည်ဟု ပြောရမည်၊ ဤသည်မှာ အစဉ်အမြဲ ငါ၏ အမည်နာမဖြစ်ပြီး၊ လူမျိုးဆက်အားလုံးအဖို့ ငါ၏ အထိမ်းအမှတ်ဖြစ်၏။” (ထွက်မြောက်ရာကျမ်း ၃:၁၅) အဲဒီနောက်မှာ ကျွန်တော် စဉ်းစားမိတယ်၊ ယေဟောဝါဆိုတာ ကိုယ်တော့်ရဲ့ အစဉ်အမြဲ အမည်နာမဖြစ်တယ်လို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်က ရှင်းရှင်းလင်းလင်း ဖော်ပြပေမဲ့၊ ကျေးဇူးတော်ခေတ်မှာ ကိုယ်တော့်ကို ဘာဖြစ်လို့ ယေရှုလို့ ခေါ်ခဲ့တာလဲ။ ဓမ္မဟောင်းကျမ်းမှာ ပြောတာက “ငါတစ်ပါးသည်သာ ယေဟောဝါ ဖြစ်ပြီး ငါမှတစ်ပါး ကယ်တင်သောအရှင် မရှိ” (ဟေရှာယအနာဂတ္တိကျမ်း ၄၃:၁၁) ဓမ္မသစ်ကျမ်းမှာကျတော့ “ထိုသခင်မှတပါး အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော်ဝတ္ထု ၄:၁၁-၁၂) အဲဒါတွေအားလုံးက ဘာကိုဆိုလိုတာလဲ။ ဒီကျမ်းပိုဒ်တွေကို ကျွန်တော် အကြိမ်ကြိမ် ဖတ်တယ်။ ဒါပေမဲ့ ပိုပြီး ခေါင်းရှုပ်သွားတာပဲ ရှိတယ်။ “သခင်ယေရှုက ငါတို့ရဲ့ကယ်တင်ရှင် မဟုတ်ဘူးလား။ ယေဟောဝါနဲ့ ယေရှုဆိုတာ တစ်ပါးတည်းသော ဘုရားဖြစ်တယ်ဆိုရင်၊ သူတို့အမည်နာမတွေက ဘာလို့ ကွဲပြားလွန်းတာလဲ။ ငါ့မိန်းမ ပြောသလို၊ ဘုရားရဲ့နာမတွေက ပြောင်းလဲတယ်ဆိုတာ အမှန်ပဲလား” ပေါ့။ ကျွန်တော်တို့ချင်း ငြင်းခုံတာတွေကနေ ကျွန်တော် နားလည်မိတယ်လေ။ ကျွန်တော့်မိန်းမက အနန္တတန်ခိုးရှင်ဘုရားကို ယုံကြည်ပြီးကတည်းက၊ သူ့ထိုးထွင်းအမြင်က တိုးတက်သွားတယ်။ သူ့စကားတွေက ခြေခြေမြစ်မြစ်ရှိတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် မပါရင်၊ ဘယ်သူမှ အဲဒီလိုမျိုး သူတို့ဘာသာ မတိုးတက်နိုင်ဘူးလေ။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် စမေးမိတယ်၊ “မှားနေတဲ့သူက ငါပဲလား။ အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ်ပဲ သခင် ပြန်လာခြင်းလား။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက လမ်းမှန်ပဲလား။ လမ်းမှန် ဖြစ်နေလျက်နဲ့၊ ငါက ငါ့မိန်းမကို တားတယ်ဆိုရင်၊ ဘုရားကို ဆန့်ကျင်မိတာ မဟုတ်ဘူးလား” ပေါ့။ ကျွန်တော် လုံးဝ ကျဉ်းထဲကျပ်ထဲရောက်သွားတာ။ ဒါကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ချင်ပေမဲ့၊ ကျွန်တော့်မာနကို မစွန့်လွှတ်ချင်ဘူး ဖြစ်နေတယ်။

ဒါကို အဖြေရှာဖို့ဆိုပြီး ကျွန်တော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ယူကျုချန်နယ်ကို စပြီးတော့ ပုံမှန်ဝင်ကြည့်ဖြစ်တယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို တိတ်တိတ်လေး စူးစမ်းတယ်ပေါ့။ တစ်ရက်မှာ၊ ကယ်တင်ရှင်သည် “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို တွေ့တယ်၊ “‘ယေဟောဝါ’ ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုစဉ်အတွင်း ခံယူခဲ့သောနာမဖြစ်ပြီး လူသားအပေါ် သနားညှာတာကာ ကျိန်ဆဲ၍ လူသား၏ဘဝကို လမ်းပြပေးနိုင်မည့် ဣသရေလ အမျိုးသား (ဘုရားသခင်ရွေးချယ်ထားသောလူမျိုး) တို့၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်လှသော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ‘ယေရှု’ သည် ဧမာနွေလဖြစ်ပြီး လူသားတို့ကို ရွေးနုတ်ပေး၍ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာစိတ်များဖြင့် ပြည့်ဝသည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို ထမ်းဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ပုံဆောင်ခဲ့ပြီး၊ စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။…ခေတ်တစ်ခေတ် စီတိုင်းတွင်နှင့် အမှု၏အဆင့်တစ်ခုစီတိုင်းတွင် ငါ၏နာမသည် အခြေအမြစ် ကင်းမဲ့ခြင်းမရှိဘဲ ကိုယ်စားပြုသော အဓိပ္ပာယ်ကို ဆောင်သည်- အမည်နာမတစ်ခုစီက ခေတ်ကာလတစ်ခုကို ကိုယ်စားပြု သည်။ ‘ယေဟောဝါ’ က ပညတ်တော်ခေတ်ကို ကိုယ်စားပြု၍ ဣသရေလအမျိုးသားတို့ ကိုးကွယ်ကြသော ဘုရားသခင်ကို ရိုသေသမှုပြုကာ သုံးခြင်းဖြစ်သည်။ ‘ယေရှု’ သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်အတွင်းက ရွေးနုတ်ခံခဲ့ရသူ အားလုံးနှင့်ဆိုင်သော ဘုရားသခင်၏နာမဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်း ကယ်တင်ရှင်ယေရှု ကြွလာရန်အတွက် လူသားတို့ တောင့်တနေဆဲဖြစ်ပြီး ယုဒပြည်တွင်ရှိခဲ့သော ရုပ်သွင်အတိုင်း သူကြွလာရန် မျှော်မှန်းနေဆဲဖြစ်ပါက ရွေးနုတ်ရာခေတ်တွင် နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး ရပ်တန့်သွားမည်ဖြစ်ကာ ရှေ့ဆက်တိုးတက်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော ကာလသည် မည်သည့်အခါမျှ ရောက်လာလိမ့်မည် မဟုတ်တော့ဘဲ ခေတ်ကာလသည်လည်း မည်သည့်အခါမျှ အဆုံးသတ်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့်ဖြစ်သည်။ ကျေးဇူးတော်ခေတ်မှ အပြစ်သားအားလုံး အဖို့အလို့ငှာ ယေရှု၏နာမကို ငါခံယူခဲ့ခြင်းဖြစ်ကာ ယင်းနာမသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမမဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်တော့်စိတ်ထဲမှာ ဒါကို ပြန်ပြန်ပြီး စဉ်းစားကြည့်တယ်။ ယေဟောဝါနဲ့ ယေရှုဆိုတဲ့ နာမတော်တွေရဲ့ အဓိပ္ပာယ်ကို အနန္တတန်ခိုးရှင်ဘုရား ရှင်းပြတာက ရှင်းလင်းပြတ်သားလွန်းတယ်။ ခေတ်တစ်ခုအတွက် ဘုရားရဲ့နာမတော်ဆိုတာ အဲဒီခေတ်ကိုပဲ ကိုယ်စားပြုတာလို့ ကျွန်တော် မြင်မိတယ်။ “ယေဟောဝါ” ဆိုတာ ဘုရားသခင်က ပညတ်တော်ခေတ်မှာ သူ့အမှုတော်အတွက် ခံယူခဲ့တဲ့ အမည်နာမပဲ၊ အဲဒီနာမက သနားကရုဏာနဲ့ ကျိန်ဆိုခြင်းဆိုတဲ့ သူ့စိတ်သဘောထားကို ပြတယ်။ “ယေရှု” ဆိုတာက ကျေးဇူးတော်ခေတ်အတွက် ဘုရားသခင်ရဲ့ အမည်နာမပဲ၊ ချစ်ခင်ကြင်နာတဲ့ စိတ်သဘောထားကို ပြတယ်။ ဘုရားသခင်ရဲ့နာမက မပြောင်းလဲနိုင်တာ မဟုတ်မှန်း၊ ကျွန်တော် နောက်ဆုံး မြင်မိတယ်။ ဘုရားအမှုတော်ရဲ့ အဆင့်သစ်တစ်ခုဆိုတာလည်း နာမတော်သစ်တစ်ခုကို ဆိုလိုတာပဲ။ ဒါကြောင့် နောက်ဆုံးသောကာလမှာ သခင် ပြန်လာတဲ့အခါ၊ သူ့မှာ နာမတော်သစ်တစ်ခု ရှိလာမှာပဲ။

နောက်တော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဒီ နှုတ်ကပတ်တော်တွေကို ကျွန်တော် တွေ့ပြန်ရော။ “ ငါ့အား တစ်ခါက ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း လူအများ ခေါ်ခဲ့ကြသည့်အပြင် ထိုသူများက ငါ့အားလေးစားပြီး ချစ်မြတ်နိုးခဲ့ကြသည့်အတွက် ကယ်တင်ရှင်ယေရှု ဟုလည်း တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများ အတိတ်က သိခဲ့ကြသည့် ယေဟောဝါလည်းမဟုတ်၊ ယေရှုလည်းမဟုတ်ပေ- ငါသည် နောက်ဆုံးသောကာလတွင် တစ်ဖန်ပြန်ကြွလာခဲ့သည့် ဘုရားသခင်၊ ထိုခေတ်ကို အဆုံးသတ်မည့် ဘုရားသခင်ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ပြည့်ဝသော၊ သြဇာအာဏာနှင့် ပြည့်ဝသော၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်နှက်နေသော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ လူအများသည် ငါနှင့် မည်သည့်အခါမျှ ဆက်ဆံခြင်း၊ သိကျွမ်းဖူးခြင်း မရှိကြ၊ ငါ၏စိတ်နေသဘောထားကို အမြဲတစေ မသိရှိခဲ့ကြပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ ငါ့အား မြင်ဖူးခဲ့ခြင်း မရှိပေ။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း လူသားတို့ထံ ပေါ်ထွန်းလာခဲ့သော်လည်း လူသားတို့အကြားတွင် ဖုံးကွယ်ထားသော ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးကဲ့သို့၊ တန်ခိုးနှင့်ပြည့်လျက်၊ သြဇာအာဏာဖြင့် ပြည့်လျှံလျက် လူသားတို့အကြားတွင် အမှန်တကယ် စစ်မှန်စွာ နေထိုင်လျက်ရှိသည်။ ငါ့နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်းမခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှမရှိပါ၊ မီး၏လောင်ကျွမ်းခြင်းအားဖြင့် သန့်စင်ခြင်း မခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုလည်း တစ်ခုမျှမရှိပါ။ တိုင်းနိုင်ငံအားလုံးသည် နောက်ဆုံးတွင် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည်ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်ပင် တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းအားဖြင့် နောက်ဆုံးသောကာလ၌ ငါသည် ပြန်ကြွလာသော လူအပေါင်းတို့၏ ကယ်တင်ရှင်ဖြစ်သည်၊ လူသားမျိုးနွယ် အပေါင်းတို့ကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်၊ ထို့အပြင် ငါသည် တစ်ချိန်က လူသားတို့အတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို လောင်ကျွမ်းစေသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာ သကဲ့သို့ ခပ်သိမ်းသောအရာတို့ကို ဖော်ထုတ်သည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို လူသားအားလုံး တွေ့ရလိမ့်မည်။ ယင်းက နောက်ဆုံးသောကာလရှိ ငါ၏အမှုပင်ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသောနေမင်းနှင့် တောက်လောင်နေသော မီးတောက်မီးလျှံဖြစ်သည်ကို လူအားလုံး တွေ့မြင်နိုင်ရန်အလို့ငှာ ဤအမည်နာမကို ငါခံယူခဲ့ပြီး ဤစိတ်နေသဘောထားကို ငါပိုင်ဆိုင် ထားသည်။ လူအားလုံးသည် ငါ့အား စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်အဖြစ် ဝတ်ပြုကိုးကွယ်စေရန်နှင့် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်စေရန်အလို့ငှာ ဖြစ်သည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အဖြစ်သာမဟုတ်၊ ရွေးနုတ်ရှင်အဖြစ်သာ မဟုတ်ဘဲ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင်တစ်ခွင်လုံးမှ အားလုံးသော သတ္တဝါများ၏ ဘုရားသခင် ဖြစ်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒီနှုတ်ကပတ်တော်တွေက သြဇာအာဏာပါတယ်။ စကားလုံးတိုင်းက ကျွန်တော့်စိတ်ကို ကိုင်လှုပ်သလိုပဲ။ အဲဒါတွေက ဘုရားသခင်ရဲ့ပြောစကားတွေပဲ ဖြစ်ရမယ်။ ဘုရားနာမတော်တွေရဲ့ နက်နဲမှုကို ဘယ်သူကများ ထုတ်ဖော်နိုင်မှာလဲ။ အဲဒါကို မြင်မိလေလေ၊ ဘုရားရဲ့အသံတော်ပဲဆိုတာကို ပိုပြီး ခံစားမိလေလေပဲ။ အဲဒီအချိန်မှာ ရှင်ယောဟန် အခန်း ၁၆ အပိုဒ် ၁၃ ကို သွားသတိရတယ်၊ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” ဒါဆို ကျွန်တော်တို့ကို ဒီလိုသမ္မာတရားတွေ ပြောပြတဲ့သူဆိုတာ ဘုရားသခင်ကလွဲလို့ တခြားရှိနိုင်ပါဦးမလား။ သင်းအုပ်တွေ တော်တော်များများ ဟောပြောတာကို ကျွန်တော် ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဓမ္မဟောင်းကျမ်းမှာ ယေဟောဝါ၊ ဓမ္မသစ်ကျမ်းမှာ ယေရှုဆိုတဲ့ ဘုရားအမည်နာမတွေရဲ့ အဓိပ္ပာယ်ကို ရှင်းမပြခဲ့ကြဘူး။ ကျွန်တော်ကတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ သခင်ယေရှုရဲ့ ထင်ရှားပြခြင်းလို့ပဲ မြင်မိတော့တယ်။ အနန္တတန်ခိုးရှင်ဘုရားကို ငြင်းပယ်ပြီး၊ ကျွန်တော့်မိန်းမကို ဆွဲခေါ်ဖို့ ကြိုးစားခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်တော့၊ ကျွန်တော် တော်တော် ရှက်သွားတယ်။ ဘုရားရဲ့အမှုတော်ကို မစူးစမ်းဘဲ ဝေဖန်ခဲ့တာတွေကို နောင်တရမိတယ်။ ကျွန်တော်က ပညာမဲ့ခဲ့တာပဲ။ ဟိုအရင်က ဖာရိရှဲတွေဆိုရင်၊ သူတို့အယူအဆတွေနဲ့ ကျမ်းစာရဲ့တိုက်ရိုက်အဓိပ္ပာယ်ကို အခြေခံပြီး၊ သခင်ယေရှုရဲ့အမှုတော်ကို ရှုတ်ချခဲ့ကြတော့၊ သူတို့အားလုံး ဘုရားရဲ့အပြစ်ဒဏ်ပေးခြင်းကို မခံခဲ့ရဘူးလား။ ဒါကြောင့် ကျွန်တော်လည်း ဒီသင်ခန်းစာကို နမူနာယူပြီးတော့၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စူးစမ်းသင့်တယ်လေ။ ကျွန်တော်လည်း ခေတ်သစ် ဖာရိရှဲတစ်ယောက် ဖြစ်မလာချင်ခဲ့ဘူး။

အဲဒီနောက်မှာ ကျွန်တော်လည်း အချိန်အားရတိုင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တယ်။ အသင်းတော်ရဲ့ရုပ်ရှင်တွေ ကြည့်တယ်။ အထူးသဖြင့် မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ၊ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုတဲ့ ဇာတ်ကားတွေကို ကြိုက်မိတယ်။ သူတို့အတွေ့အကြုံတွေက စစ်မှန်တယ်။ သူတို့မိတ်သဟာယကလည်း ရှင်းလွန်းတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ သခင် ပြန်လာခြင်းဖြစ်မှန်း၊ ကျွန်တော် နားလည်သွားတယ်။ ဒါနဲ့ အနန္တတန်ခိုးရှင်ဘုရားရဲ့အမှုတော်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်မိန်းမကိုလည်း အသိပေးချင်ပေမဲ့၊ ရှက်တာပေါ့ဗျာ။ တစ်ရက် သူ အိမ်ပြန်ရောက်တဲ့အချိန်မှာ ကျွန်တော်က၊ “ကဲ ဒီနေ့ ဘာတွေ မိတ်သဟာယပြုခဲ့လဲ” ဆိုပြီး မေးလိုက်ရော။ သူ တကယ် အံ့သြသွားတယ်၊ “ရှင်က မိတ်သဟာယ ပြုပေးစေချင်လို့လား။ အဲဒါကြောင့် မေးတာလား။ အသင်းတော်က တစ်ယောက်ယောက်ကို ဆွေးနွေးပေးဖို့ ခေါ်လာလို့ရတယ်၊ ဘယ်လိုလဲ” ဆိုပြီး ပြန်မေးတယ်။ သူ အဲဒီလိုပြောလိုက်တော့၊ ကျွန်တော် တော်တော် ဝမ်းသာသွားတယ်။ ဒါပေမဲ့ ရှက်ကိုးရှက်ကန်းဖြစ်နေတုန်းပဲ။ “မင်း ခေါ်လာချင်ခေါ်လာပေါ့” လို့ပဲ ပြောလိုက်တယ်။

အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အစ်မနှစ်ယောက် ရောက်ချလာတာပေါ့။ ဒါနဲ့ ကျွန်တော် ဆုံးဖြတ်ရခက်နေတဲ့အကြောင်း ပြောပြတယ်။ “ကျွန်တော်က အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို အွန်လိုင်းမှာ ဖတ်နေတာပါ။ ခေတ် ပြောင်းလဲရင် ဘုရားရဲ့နာမတော်လည်း ပြောင်းလဲတယ်ဆိုတာ၊ ကျွန်တော် အခု နားလည်နေပြီ။ ဒါပေမဲ့ တချို့ဟာတွေက ယုတ္တိမတန်သေးဘူး။ သမ္မာကျမ်းမှာ ပြောတယ်၊ ‘ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏’ (ဟေဗြဲသြဝါဒစာ ၁၃:၈) ‘ထိုသခင်မှတပါး အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။’ (တမန်တော်ဝတ္ထု ၄:၁၁-၁၂)” “သခင်ယေရှုရဲ့နာမက မပြောင်းလဲနိုင်ဘူးလို့ ကျမ်းစာမှာ ဖော်ပြတယ်။ ဒါဆို သူ့ကို နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်လို့ ဘာကြောင့် ခေါ်တာလဲ၊ ယေရှုပဲ မဟုတ်ဘူးလား” ပေါ့။ အဲဒါနဲ့ သူတို့က အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြတယ်၊ “ဘုရားသခင်၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူသည် အစဉ် အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းအိုခြင်း မရှိသည့်အတွက်၊ သူ၏အလုပ်ကမူ အစဉ်တိုးတက်ကာ ရှေ့သို့သွားနေပြီး အစဉ်အမြဲ ပိုမိုနက်ရှိုင်းနေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမတော် အသစ်ကို ခံယူသည်၊ ခေတ်တိုင်းတွင် သူသည် အလုပ်အသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူဖန်ဆင်းသော သတ္တဝါများကို သူ၏ အလိုတော် အသစ်နှင့် စိတ်သဘောထား အသစ်ကို မြင်စေသည်။” “ဘုရားသခင်၏ အမည်နာမသည် ပြောင်းလဲခြင်းမရှိဟု အချို့ကပြောသည်၊ သို့ဖြစ်လျှင် ယေဟောဝါ၏အမည်မှာ မည်ကဲ့သို့ ယေရှုဖြစ်လာခဲ့သနည်း။ မေရှိယ ကြွလာခြင်းကို ကြိုတင်ဗျာဒိတ်ပေးခဲ့သော်လည်း ယေရှုဟူသော အမည်ရှိသည့် အမျိုးသားတစ်ယောက်သည် အဘယ်ကြောင့် ကြွလာခဲ့သနည်း။ ဘုရားသခင်၏ နာမသည် အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ အဆိုပါအမှုကို ကြာမြင့်စွာကတည်းကပင် ဆောင်ရွက်ခဲ့သည် မဟုတ်ပေလော။ ယနေ့ဘုရားသခင်က ပို၍သစ်သောအမှုတစ်ခုကို မဆောင်ရွက်နိုင်သလော။ ယမန်နေ့က အမှုကို ပြောင်းလဲခြင်းပြုနိုင်သကဲ့သို့ ယေဟောဝါ၏ အမှုကို ယေရှု၏အမှုအဖြစ် ခြေရာခံဆက်လုပ်နိုင်သည်။ ထိုသို့ဆိုလျှင် ယေရှု၏အမှုကိုလည်း နောက်ထပ်အမှုတစ်ခုဖြင့် မဆက်ခံနိုင်ပေလော။ ယေဟောဝါ၏နာမကို ယေရှုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါလျှင် ယေရှု၏နာမကိုလည်း မပြောင်းလဲ နိုင်ပေလော။ ယင်းက ထူးဆန်းမှုမရှိပေ၊ လူအများကသာ ၎င်းတို့၏ ရိုးရှင်းသော စိတ်သဘောကြောင့် ထိုသို့ ထင်နေခြင်းဖြစ်၏။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်မည်။ သူ၏အမှုနှင့် နာမတို့ မည်သို့ပင် ပြောင်းလဲနေစေကာမူ၊ သူ၏စိတ်သဘောထားနှင့် ဉာဏ်ပညာတို့မှာ ထာဝရမပြောင်းလဲဘဲ တည်ရှိနေမည်ဖြစ်၏။ ဘုရားသခင်ကို ယေရှု၏နာမဖြင့်သာ ခေါ်တွင်နိုင်သည်ဟု သင်ယုံကြည် နေပါက သင်သည် အနည်းငယ်မျှသာ သိရှိခြင်း ဖြစ်သည်။” “ယေရှုအမည်နာမကို ရွေးနုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသောကာလတွင် သူပြန်လည်ကြွလာသောအခါ ထိုအမည်ကိုပင် ခေါ်နေဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း မတူညီသော ခေတ်များတွင် မတူညီသောနာမတော်များဖြင့် ခေါ်ဆိုခံရခြင်းမှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ ခေတ်များသည် မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်သလော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့်အမည် တစ်ခုကမျှ ဘုရားသခင်ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး အမည်တစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် လိုက်လျောညီထွေရှိစေမည့် မည်သည့်နာမတော်ကိုမဆို ရွေးချယ်နိုင်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဖတ်ပြပြီးတော့ သူတို့ထဲက တစ်ယောက်က ဆွေးနွေးပေးတယ်၊ “ဘုရားသခင်က ဘယ်တော့မှ မပြောင်းလဲဘူးဆိုတာ သူ့အနှစ်သာရနဲ့ စိတ်သဘောထားကို ရည်ညွှန်းတာ။ သူ့နာမတော်ကို ရည်ညွှန်းတာမဟုတ်ဘူး။ ဘုရားသခင်ရဲ့အမှုတော်က အမြဲတမ်း ရှေ့ကိုပဲ တိုးတက်နေတယ်။ ခေတ်အပြောင်းအလဲကို မူတည်ပြီး သူ့အမည်နာမကို အသစ်ပြောင်းလဲတယ်။ နာမတော်တစ်ခုက ခေတ်တစ်ခေတ်ကို ကိုယ်စားပြုတယ်။ ဘုရားအမှုတော်ရဲ့ အဆင့်တစ်ခုကိုလည်း ကိုယ်စားပြုတယ်။ ဘုရားရဲ့နာမက မပြောင်းမလဲရှိနေတယ်လို့ ပြောတာက၊ အဲဒီနာမဟာ အဲဒီခေတ်တစ်လျှောက်လုံး မပြောင်းလဲတော့ဘူး၊ အဲဒီခေတ်အတွက် သူ့အမှုတော် ပြီးဆုံးတဲ့အထိ ဆက်ရှိနေလိမ့်မယ်လို့ ဆိုလိုတာပဲ။ ဒါပေမဲ့ ဘုရားသခင်က ခေတ်သစ်တစ်ခုမှာ စပြီး လုပ်ဆောင်ပြီဆိုရင်၊ သူ့အမှုတော်သစ်နဲ့အတူ သူ့အမည်နာမကိုပါ ပြောင်းလဲတယ်။ ခေတ်သစ်တစ်ခုကို အစပျိုးပေးတဲ့ ဘုရားရဲ့နာမတော်ဆိုတာ အဲဒီခေတ်အတွက် သူ့အမှုတော်နဲ့ သူ့စိတ်သဘောထားကို ကိုယ်စားပြုတယ်။ ဘုရားရဲ့နာမတော်က ပညတ်တော်ခေတ်မှာ ယေဟောဝါ၊ ဒီတော့ အဲဒီနာမတော်အောက်မှာပဲ အမှုတော်ပြုခဲ့တယ်။ လူတွေကို လမ်းပြဖို့ စည်းမျဉ်းနဲ့ ပညတ်တော်တွေကို ထုတ်ပြန်ပေးတယ်။ အဲဒီတော့ အပြစ်ဆိုတာ ဘာလဲ၊ ယေဟောဝါကို ဘယ်လိုကိုးကွယ်မလဲဆိုတာကို သိလာကြတယ်။ စည်းမျဉ်းနဲ့ ပညတ်တွေကို စောင့်ထိန်းပြီး၊ ဘုရားရဲ့ ကောင်းချီးပေးခြင်းကို ဘယ်လိုခံယူမလဲဆိုတာ သိလာကြတယ်။ ပညတ်ကို ချိုးဖောက်သူတိုင်း အပြစ်ဒဏ်ပေးခံရတယ်။ ပညတ်တော်ခေတ်မှာ ယေဟောဝါဆိုတဲ့ နာမက ဘုန်းအာနုဘော်၊ ကျိန်ဆိုခြင်း၊ သနားကရုဏာနဲ့ အမျက်ဒေါသဆိုတဲ့ ဘုရားရဲ့စိတ်သဘောထားကို ကိုယ်စားပြုခဲ့တယ်။ အဲဒီခေတ် အဆုံးသတ်တဲ့အချိန်မှာ လူတွေက အများကြီး အကျင့်ပျက်လာကြတယ်။ ပညတ်ကို မလိုက်နာနိုင်ကြတော့ဘူး။ ပညတ်ကို ချိုးဖောက်တဲ့အတွက် အားလုံးက သေချာပေါက် ပျက်စီးကြတော့မယ်” “ဘုရားသခင်က သူ့အမှုတော်ရဲ့အစီအစဉ်နဲ့ အကျင့်ပျက် လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီးတော့ လူ့ဇာတိခံယူလာခဲ့တယ်။ ‘ယေရှု’ဆိုတဲ့ နာမကို သုံးပြီး ကျေးဇူးတော်ခေတ်ကို စတင်တယ်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်လိုက်တယ်။ ဘုရားရဲ့ ချစ်ခင်ကြင်နာတတ်တဲ့ စိတ်သဘောထားကို ပြရင်း၊ လူတွေအပေါ် ကြီးမားတဲ့ ကျေးဇူးတော် ပေးအပ်ရင်းနဲ့၊ လူသားမျိုးနွယ်ကို ရွေးနုတ်ပေးခဲ့တယ်။ နောင်တရရာလမ်းကိုလည်း ပေးခဲ့တယ်။ နောက်ဆုံး ကျွန်မတို့ကို အပြစ်တွေကနေ ရွေးနုတ်ဖို့၊ ကားတိုင်တင်ခံခဲ့တယ်။ အဲဒီအချိန်ကစပြီး၊ ကျွန်မတို့အပြစ်တွေ ခွင့်လွှတ်ခံရတဲ့အတွက်၊ ဘုရားရဲ့ များပြားလွန်းတဲ့ ကျေးဇူးတော်ကို ခံစားရတဲ့အတွက် ကျွန်မတို့က သခင်ယေရှုရဲ့နာမမှာ ဆုတောင်းခဲ့ကြတာပဲ။ ယေရှုဆိုတဲ့နာမတော်က ရွေးနုတ်ခြင်းကို ကိုယ်စားပြုတယ်။ အကျင့်ပျက်လူသားမျိုးနွယ်ကို သနားကရုဏာ၊ မေတ္တာနဲ့ ရွေးနုတ်တဲ့ အပြစ်ဖြေရာယဇ်လို့လည်း အဓိပ္ပာယ်ရတယ်။ ခေတ်တစ်ခုစီအတွက် ဘုရားသခင် ခံယူတဲ့ အမည်နာမနောက်ကွယ်မှာ အဓိပ္ပာယ်ရှိတယ်။ နာမတော်တစ်ခုစီက ဆိုင်ရာဆိုင်ရာခေတ်အတွက် သူ့အမှုတော်နဲ့ စိတ်သဘောထားကို ကိုယ်စားပြုတယ်။ ဘုရားရဲ့အမှုတော်က အမြဲတမ်း တိုးတက်နေသလို၊ သူ့အမည်နာမကလည်း သူ့အမှုတော်ရဲ့ အဆင့်တစ်ခုစီအလိုက် ပြောင်းလဲတာပါ။ ကျေးဇူးတော်ခေတ်မှာ၊ ကမ္ဘာမြေပေါ် ကြွတဲ့အခါ၊ ဘုရားက ယေဟောဝါဆိုတဲ့ နာမကိုပဲ ဆက်ယူခဲ့တယ်ဆိုရင် သူ့အမှုတော်က ပညတ်တော်ခေတ်မှာပဲ ဆက်ရှိနေခဲ့လိမ့်မယ်။ လူသားတွေလည်း ဘုရားရဲ့ရွေးနုတ်ခြင်းကို လုံးဝ ရနိုင်ခဲ့ကြမှာမဟုတ်ဘူး။ ပညတ်ကို ချိုးဖောက်တဲ့အတွက် အပြစ်ဒဏ်ပေးခံရပြီး ဇာတ်သိမ်းခဲ့ကြမှာပဲ။ ပြန်ကြွလာတဲ့ သခင့်ကို ‘ယေရှု’ အဖြစ် ဆက်ပြီး ခေါ်ဝေါ်နေတယ်ဆိုရင်၊ လူသားမျိုးနွယ်အနေနဲ့ ကျေးဇူးတော်ခေတ်ကနေ ရှေ့ဆက်တိုးတက်နိုင်မှာ မဟုတ်ဘူး။ အပြစ်ကနေ လွတ်မြောက်ပြီး၊ အပြည့်အဝ ကယ်တင်ခံရဖို့၊ ဘုရားရဲ့နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး” တဲ့။

နောက်တော့ ကျန်တဲ့အစ်မက ဆက်ဆွေးနွေးပေးတယ်၊ “သခင်ယေရှုက ကျွန်မတို့အပြစ်တွေကို ကျေးဇူးတော်ခေတ်မှာ ခွင့်လွှတ်ခဲ့တယ်ဆိုပေမဲ့၊ ကျွန်မတို့က သဘာဝအရ လွဲမှားနေတုန်းပဲ။ မာနထောင်လွှားကြတယ်။ တစ်ကိုယ်ကောင်းဆန်၊ လောဘကြီးပြီး ရွံစရာကောင်းကြတယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုက ကျွန်မတို့ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတုန်းပဲ။ အဲဒါကြောင့် ကျွန်မတို့က ဘုရားကို ခုခံပြီး အပြစ်လုပ်မိကြတယ်။ အပြစ်လုပ်ပြီးရင် ဝန်ခံမယ်ဆိုတဲ့ အခြေအနေထဲမှာ ရှင်သန်ကြတယ်။ ကျွန်မတို့က ကိုယ်တော့်နိုင်ငံတော်ထဲ မဝင်ရောက်နိုင်သေးပါဘူး။ ဘုရားရဲ့သန့်ရှင်းခြင်းကြောင့် ကျွန်မတို့က သူ့နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ မထိုက်တန်ကြဘူး။ ဘုရားသခင်က အနန္တတန်ခိုးရှင်ဘုရားဆိုတဲ့ နာမတော်နဲ့ နောက်ဆုံးသောကာလမှာ ပြန်ကြွရောက်လာပြီ။ လူသားတွေကို ဖောက်ပြန်ပျက်စီးခြင်းကနေ ကယ်တင်ဖို့၊ နိုင်ငံတော်ခေတ်ကို စတင်နေပါပြီ တဲ့။ အခု သခင့်ကို အနန္တတန်ခိုးရှင်ဘုရားလို့ ခေါ်ဝေါ်တယ်ဆိုတာ ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတာလို့ သူက ပြောတယ်၊ ‘အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ ဘုရားသခင်ဗိမာန်တော်၌ တိုင် ဖြစ်စေမည်။ နောင်တဖန် သူသည် အပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင်နာမတော်ကို၎င်း၊ ငါ၏ ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။’ (ဗျာဒိတ်ကျမ်း ၃:၁၂) ‘ငါသည် အာလဖဖြစ်၏။ သြမေဃလည်း ဖြစ်၏ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။’ (ဗျာဒိတ်ကျမ်း ၁:၈) ဗျာဒိတ်ကျမ်း ၁၁:၁၇ မှာလည်း ပါတယ်၊ ‘အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။’ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ တရားစီရင်တယ်။ ကျွန်မတို့အနေနဲ့ ပျက်စီးမှုအားလုံးရဲ့ ဇာစ်မြစ်ကို နားလည်နိုင်အောင်၊ စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခြင်းရဲ့ အဖြစ်မှန်ကို မြင်နိုင်အောင်၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သိနိုင်ကြအောင်၊ လူသားတွေရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ပြဖို့အတွက် သမ္မာတရားကို ဟောကြားပါတယ်။ ဒါမှ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် စွန့်ပယ်နိုင်လာတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်နိုင်လာတယ်။ ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်လာတယ်။ တဖြည်းဖြည်းနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကနေ လွတ်မြောက်ပြီး၊ သန့်စင်လာမယ်။ ပြီးတော့ အပြည့်အဝ ကယ်တင်ခံရလိမ့်မယ်။” ဘုရားက တရားစီရင်ခြင်းအမှုတော်ကတစ်ဆင့် လူတွေကို အမျိုးအစားအလိုက် ခွဲထုတ်ခြင်းလည်း ပြုပါတယ်။ ဘယ်လိုပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့၊ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်ပြည့်စုံတဲ့ သူ့စိတ်သဘောထားကို ထုတ်ဖော်ပြနေတာပါ။ နောက်ဆုံးမှာ သူ့ရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ကို အဆုံးသတ်ပြီး၊ ဒီကမ္ဘာဟောင်းကို ဖျက်ဆီးလိမ့်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နာမတော်ကို လက်ခံသူတွေ၊ တရားစီရင်ခြင်း ခံရပြီး သန့်စင်ခံရသူတွေ အားလုံးဟာ ဘုရားရဲ့နိုင်ငံတော်ထဲ ခေါ်ဆောင်ခံရလိမ့်မယ်။ သမ္မာတရားကို မုန်းတီးသူတွေ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချသူတွေကတော့ ကပ်ဘေးကြီးတွေထဲ စွန့်ပစ်ခံရပြီး အပြစ်ဒဏ်ပေးခံရလိမ့်မယ်။ အဲဒါက ဘုရားရဲ့စီမံခန့်ခွဲမှုလုပ်ဆောင်ချက်ကို ပြီးဆုံးစေလိမ့်မယ်။ အဲဒီနောက်မှာ ဘုရားသခင်က အမည်နာမတစ်ခုခု ရှိတော့မှာမဟုတ်ဘူး။ ဖန်ဆင်းရှင်ဆိုတဲ့ သူ့ရဲ့ မူလ ပကတိအဖြစ်တော်ကိုပဲ ပြန်ဖော်ထုတ်လိမ့်မယ်။ ဘုရားသခင် ပြောထားတဲ့အတိုင်းပါပဲ၊ ‘ဘုရားသခင်ကို ယေဟောဝါ၊ ယေရှု၊ သို့မဟုတ် မေရှိယဟု မခေါ်သည့် နေ့ရက်သည် ရောက်လာလိမ့်မည်၊ သူသည် ဖန်ဆင်းရှင်သက်သက်ပင်ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အလုပ်သည် အဆုံးသတ်ပြီးနောက် သူ၏အမည်နာမများလည်း ရှိတော့မည် မဟုတ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်တွင် သူရယူခဲ့သည့် အမည်နာမများ အားလုံးသည်လည်း အဆုံးသတ်သို့ ရောက်ပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ အရာအားလုံးရောက်ရှိသည့်အခါ၊ အလွန်သင့်လျော်သော်လည်း မပြည့်စုံသည့် အမည်နာမတစ်ခုကို သူသည် အဘယ်ကြောင့် လိုလိမ့်မည်နည်း။ သင်သည် ယခု ဘုရားသခင်၏ အမည်နာမကို ရှာဖွေနေဆဲပင်လော။ ဘုရားသခင်ကို ယေဟောဝါဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့သေးလော။ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့သေးလော။ ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အပြစ်ကို သင်ခံနိုင်မည်လော။’” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒီအစ်မတွေရဲ့မိတ်သဟာယကြောင့် ကျွန်တော် လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ ဘုရားရဲ့နာမတော်တွေနောက်ကွယ်က အဓိပ္ပာယ်ကို မြင်သွားတယ်။ ဖန်ဆင်းရှင်ဖြစ်တဲ့ ကိုယ်တော်က အမည်နာမတစ်ခု မလိုခဲ့ပါဘူး။ ဒါပေမဲ့ သူက လူသားတွေကို ကယ်တင်ဖို့ နာမအမျိုးမျိုးကို ခံယူခဲ့တာပဲ။ ယေဟောဝါ၊ ယေရှု၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ တစ်ပါးတည်းပါပဲ။ ကိုယ်တော်က မတူညီတဲ့ ခေတ်သုံးခေတ်မှာ အမှုတော်အဆင့်သုံးဆင့်ကို ပြုခဲ့တာပဲ။ နာမတော်တစ်ခုစီမှာ ကိုယ်ပိုင်အဓိပ္ပာယ်တွေ ရှိတယ်။ ခေတ်တစ်ခုစီအတွက် ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ အမှုတော်ကို ကိုယ်စားပြုကြတာပါ။ နောက်ဆုံးမှာ ကျွန်တော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပါတယ်။

ပြန်တွေးကြည့်ရင်၊ ကျွန်တော် မိုက်မဲပြီး ဘာမှမမြင်ခဲ့တာတွေကို မုန်းမိတယ်။ ကျွန်တော်က ကျမ်းစာကိုပဲ ဖက်တွယ်ပြီး၊ ဘုရားရဲ့နာမက ဘယ်တော့မှ မပြောင်းလဲဘူးဆိုတာတွေ၊ ကိုယ်တော့်ကို ယေရှုလို့ပဲ အစဉ်အမြဲ ခေါ်လိမ့်မယ်ဆိုတာတွေ တွေးခဲ့တာ။ အနန္တတန်ခိုးရှင်ဘုရားသခင်က သူ့အမှုတော်ရဲ့သမ္မာတရားကို မဖော်ပြဘူးဆိုရင်၊ ကျွန်တော်က ကျမ်းစာကို ဆက်ပြီး ယုံကြည်နေမိမှာ။ ဘုရားနာမတော်တွေရဲ့ အဓိပ္ပာယ်ကိုလည်း ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ အထူးသဖြင့် ဘုရားရဲ့အမှုတော်အကြောင်းပေါ့။ ကျွန်တော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ခုခံမိပြီးတော့၊ ဖယ်ရှားခြင်း ခံနေရလောက်ပြီ။ ဘုရားသခင်ရဲ့လမ်းပြမှုက ကျေးဇူးကြီးလွန်းပါတယ်။ ကိုယ်တော်က သူ့အသံကို ကြားခွင့်ပေးပြီး၊ သူ့ရှေ့မှောက် ရောက်ခွင့်ပေးခဲ့တယ်လေ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်လွန်းလို့ပါ။

သက်ဆိုင်သည့် အကြောင်းအရာ