၃၁။ ဆူးချုံရိုင်းအလယ်တွင် ပေါက်ခဲ့သည့် မြက်ပင်လေးတစ်ခု

ရီရှင်း၊ စင်္ကာပူနိုင်ငံ

၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မက ဖေ့ဘွတ်စ်မှတစ်ဆင့် အနန္တတန်ခိုးတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အစ်ကိုလင်းနှင့် အစ်မကျန်းနှင့် ရှောင်းရှောင်တို့နှင့် သိကျွမ်းလာခဲ့သည်။ သူတို့က ကျွန်မ ကို ပြုပေးသည့် မိတ်သဟာယတွင် သမ္မာကျမ်းစာမှ ပရောဖက်ပြုခြင်း တစ်ချို့ကို တစ်သားတည်းပေါင်းစည်းပြီး၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှု ပြုခဲ့သည့် ရွေးနှုတ်ခြင်း အမှုတော်၏ အခြေခံအုတ်မြစ်ပေါ်တွင် နှုတ်ကပတ်တော်များမှ တစ်ဆင့် လူများကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက် နေသည်ကို သူတို့၏ မိတ်သဟာယပြုခြင်းများနှင့် သက်သေခံချက်များ က ကျွန်မအား နားလည်သဘောပေါက်စေခဲ့သည်။ ကျွန်မတို့က ဘုရားသခင်ကို နောက်ထပ် ဆန့်ကျင်ပုန်ကန်ပြီး အာမခံတော့ဘဲ၊ ထိုအစား သူ့ကို အမှန်တကယ် နာခံပြီး ကိုးကွယ်သော လူများ ဖြစ်လာရန် အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားမျိုးနွယ်ကို စာတန်၏ အုပ်စိုးမှုမှ လုံးလုံးလျားလျား ကယ်တင်ဖို့၊ ကျွန်မတို့၏ ဖောက်ပြန် ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပေးဖို့ ဤအမှုတော်ကို အနန္တတန်ခိုးရှင် ဘုရားသခင်က ဆောင်ရွက်နေသည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်သည် အဆုံးသတ်တွင် အယောက်ချင်းစီကို သူတို့အမျိုးအစားအလိုက် ခွဲခြားပြီး၊ ကောင်းမြတ်သူ များကို ဆုချီးမြှင့်ကာ၊ ကောက်ကျစ်သူများကို ပြစ်ဒဏ်ပေးလျက်၊ ဂျုံစပါးနှင့် တောပင်ကို လည်းကောင်း၊ သိုးနှင့် ဆိတ်များကို လည်းကောင်း၊ ပြီးလျှင် ပညာရှိ သတို့သမီးများနှင့် မိုက်မဲသော သတို့သမီးများကိုလည်း ထုတ်ဖော်မည် ဖြစ်သည်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မ နားလည်သဘောပေါက် လာသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်မ တောင့်တခဲ့သည့် ပြန်ကြွလာသော သခင်ယေရှုဖြစ်သည်ကို ကျွန်မ နားလည် သဘောပေါက်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ ဝမ်းမြောက်စွာ လက်ခံခဲ့သည်။

တစ်နေ့တွင် ကျွန်မ၏ အသင်းတော်အဟောင်းမှ အစ်မကျူးက ကျွန်မ လတ်တလောတွင် အလုပ်ရှုပ်နေသည့်အရာကို ဆိုင်းမဆင့် ဗုံမဆင့် မေးမြန်း လာသောကြောင့်၊ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင် ၏ နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းစစ်ဆေးနေ ခဲ့ကြောင်းသူမကို ပြောပြခဲ့သည်။ အစ်မကျူးက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်း ပြောစရာ ဆိုးရွားသည့် အရာများရှိခဲ့သည့်အပြင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုလည်း ပြစ်မှားစော်ကားခဲ့သည်။ ကျွန်မ သူတို့နဲ့ မပတ်သက် ဖို့ကိုလည်း သူမက ကျွန်မကို တိုက်တွန်းခဲ့သည်။ ကျွန်မက “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတစ်ချို့နဲ့ ကျွန်မ ဆက်သွယ် ခဲ့တာ အခု အချိန်အတော်ကြာခဲ့ပြီ၊ ပြီးတော့ သူတို့နဲ့ အကြံဉာဏ် ဖလှယ်တာ အရမ်းကောင်းတယ်။ သူတို့မှာ သမ္မာတရားကို မိတ်သဟာယပြုဖို့ လန်းဆန်း ပြီး ရှင်းလင်းတဲ့ နည်းလမ်းရှိတယ်၊ ပြီးတော့ သူတို့ကို နားထောင်ပြီး သမ္မာတရား အများကြီး ကျွန်မ နားလည်ခဲ့ပြီ။ အဲဒါက ကျွန်မကို အများကြီး အထောက်အကူပြုတယ်၊ ကျွန်မ အများကြီး အကျိုးခံစားခဲ့ရတယ်၊ ပြီးတော့ သူတို့က အစ်မပြောသလို သေချာပေါက် ကို မဟုတ်ပါဘူး။ အဲဒီအပြင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်း လက်တွေ့ကျ ပြီး၊ ကျွန်မ အရင်က တစ်ခါမှ သဘောမပေါက်ခဲ့တဲ့ ကိစ္စအများကြီးကိုလည်း ဖြေရှင်းပေး ခဲ့တယ်။ သူ့နှုတ်ကပတ်တော်က ကျွန်မတို့ အသက်တာတွေကို အကျိုးပြုပြီး၊ အဲဒီနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ကျွန်မတို့ကို ပြခဲ့ပြီ။” ဟု ပြောလိုက်သည်။ ကျွန်မ၏ အလျှော့မပေးသည့် စိတ်နေသဘောထားကို တွေ့သောကြောင့်၊ အစ်မကျူးက နည်းဗျူဟာ ပြောင်းပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ၏ စုံစမ်းစစ်ဆေးခြင်း အကြောင်း- ကျွန်မတို့ကို သခင့် ဧဝံဂေလိတရားဟောခဲ့သူ-အစ်မရွန်းကို ပြောပြပြီးမပြီးကို ကျွန်မကို မေးခဲ့သည်။ ကျွန်မက “သူ့ကို ကျွန်မ မပြောရသေးဘူး။ ကျွန်မ နားမလည်တဲ့ အရာတွေ အများကြီးရှိ သေးတယ်၊ ဒါပေမဲ့ အဲဒါကို ကျွန်မ စုံစမ်းလေ့လာလို့ ပြီးပြီးတော့၊ လုံးလုံး သေချာလာပြီဆိုတဲ့ အချိန်မှာ၊ ကျွန်မ ရှာဖွေတွေ့ရှိ တဲ့ဟာကို ကျွန်မ လူတိုင်းကို ပြောမယ်။” ဟု သူမကို ပြောလိုက်သည်။ ကျွန်မက အစ်မရွန်းကို တစ်စုံတစ်ခု မပြောမီ အခြေအနေ၏ ရှင်းလင်းသော အကြံဉာဏ်တစ်ခု ရှိသင့်သည်ကို သူမက သဘောတူခဲ့သည်။

ထို့ကြောင့် ငါးရက်ကြာပြီးနောက် ကျွန်မ အလုပ်လုပ်သည့် အလှပြင်ဆိုင် မှ အလုပ်ရှင်က ကျွန်မထံသို့ လာရောက်ပြီး “ရီရှင်း၊ အစ်မရွန်းက ငါ့ကို နင့်အတွက် ဆုတောင်းခိုင်းတယ်။ အမှန်တော့ ငါက ဘယ်လို ဆုတောင်း ရမလဲဆိုတာ မသိဘူး၊ ဒါပေမဲ့ ငါအကောင်းဆုံး ကြိုးစားပါမယ်...” ဟု ပြောသည့်အချိန်တွင်၊ ၎င်းက အံ့အားသင့်စရာ တစ်ခုအဖြစ် ကျွန်မထံသို့ ရောက်လာခဲ့သည်။ ဤအရာကို ကြားပြီးနောက် အစ်မကျူးက အစ်မရွန်းကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ၏ စုံစမ်းစစ်ဆေးခြင်းအကြောင်း အစ်မရွန်းကို ပြောလိုက်မှန်း ကျွန်မ ချက်ချင်း သဘောပေါက်လိုက်သည်။ အစ်မကျူးက သိပ်မွန်မြတ်လှစွာ ပြုမူခဲ့ခြင်းမရှိဟု ကျွန်မခံစားရပြီး၊ သူမနှင့် ပတ်သက်ပြီး ကျွန်မ အနည်းငယ် စိတ်အနှောင့် အယှက် ဖြစ်ခဲ့သည်။ သူမက ကျွန်မကို လှည့်စားခဲ့ပြီး၊ သစ္စာဖောက်ခဲ့သည်ဟု ခံစားရပြီး၊ သခင့်၌ ကျွန်မ၏ ညီအစ်ကိုမောင်နှမများသည်ပင်လျှင် မယုံကြည်ရ ဟုပင် ကျွန်မ စတင် ခံစားခဲ့ရသည်။ ကျွန်မ ဤအရာကို တွေးနေခိုက်တွင်ပင်၊ ကျွန်မ အလုပ်ရှင်က ကျွန်မကို တစ်စုံတစ်ခုမျှ ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ၊ အလှပြင်ဆိုင်တွင် ဒါဇင်ခန့်ရှိသော လုပ်ဖော်ကိုင်ဖက်များ၏ အာရုံစိုက်မှု ကို ရကာ၊ ကျွန်မက ခရစ်ယာန်ကောင်းတစ်ယောက် မဟုတ်ကြောင်းနှင့် ကျွန်မ လမ်းလွဲသွားကြောင်းတို့ကို ပြောခဲ့သည်။ သူမက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်ပြီး၊ ပြစ်တင်ရှုတ်ချသော အရာများစွာ အကြောင်း ကိုလည်း ပြောခဲ့သည်။ ဤအရာက အလွန်မြန်မြန်ဆန်ဆန် ဖြစ်ပျက်ခဲ့ပြီး၊ ကျွန်မက မည်သို့ တုံ့ပြန်ရမည်ကို မသိဘဲ၊ အလွန် စိတ်ညစ်ခဲ့သည်။ ကျွန်မက “ချစ်လှစွာသော သခင်၊ ကိုယ်တော်ပြန်ကြွလာပြီဆိုတဲ့ သတင်းကို သူတို့ကြား လို့ သူတို့က ကိုယ်တော့်ပြန်ကြွလာခြင်းကို စုံစမ်းစစ်ဆေးတာမှာ သူတို့က ဘာဖြစ်လို့ လုံးဝ စိတ်မဝင်စားကြလဲ။ သူတို့က ဘာဖြစ်လို့ အွန်လိုင်း ကောလာဟလ တွေကိုသာ နားထောင်ပြီး၊ ကိုယ်တော့်ကို ဆန့်ကျင်ပြီး၊ ပြစ်တင်ရှုတ်ချတဲ့ အရာတေွကိုသာ ပြောနေရတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ အများကြီးကို ဖော်ပြခဲ့တယ်၊ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်က ကိုယ်တော့်ပြန်ကြွလာခြင်း ဖြစ်တယ် ဆိုတာကို အဲဒါက သက်သေမပြနေဘူးလား။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်မှာ ကျွန်မရဲ့ ယုံကြည်ခြင်းကို ဘာဖြစ်လို့ ဆန့်ကျင်ရတာလဲ။ မှားနေတဲ့ သူက ကျွန်မများ ဖြစ်နေမလား။ အိုသခင်၊ ကျွန်မ ဘာလုပ်ရမလဲ မသိပါဘူး။ ကျေးဇူးပြုပြီးတော့ ကျွန်မကို ဦးဆောင်ပြီး လမ်းပြတော်မူပါ။” ဟု တိတ်ဆိတ်သော ဆုတောင်းချက်တစ်ခု ဆိုခဲ့သည်။

နောက်ပိုင်းတွင် ကျွန်မက အစ်ကိုလင်းကို ထိုနေ့က ဖြစ်ပျက်သည့် အရာကို ပြောပြခဲ့ပြီး၊ သူက ကျွန်မ အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခုကို ရှာတွေ့ခဲ့သည်- “စာတန်သည် နောက်ဆုံးသော သေခြင်း၏ မချိတင်ကဲဝေဒနာကို ခံစားချိန်တွင် သွားများကြိတ်လျက်၊ ခြေသည်းလက်သည်းများကို ကုပ်ထားလျက်နှင့် လူများ၏ စိတ်နှလုံးများရှိ ငါနှင့်ပတ်သက်သည့် အသိပညာကို ဝါးမြိုလျက် အစဉ်အမြဲရှိနေသည်။ သင်တို့သည် ယခုအချိန်၌ ၎င်း၏စဉ်းလဲသော အကြံအစည်များ၏ အန္တရာယ်ပြုခြင်းခံရရန် အလိုရှိကြသလော။ ငါ့အမှုသည် နောက်ဆုံးတွင် ပြီးဆုံးသောအချိန်၌ သင်တို့သည် မိမိတို့၏ အသက်ကို ဖျက်ဆီးပစ်ရန် အလိုရှိကြသလော။ ငါ၏သည်းခံခြင်းကို နောက်ထပ်တစ်ကြိမ် ပြဖို့ သင်တို့သည် ငါ့အား စောင့်နေကြသလော။ ငါနှင့် သက်ဆိုင်သည့် အသိပညာကို ရှာဖွေခြင်းသည် အခရာကျသည်၊ သို့သော်လည်း လက်တွေ့လုပ်ဆောင်မှုကို အာရုံစိုက်ခြင်းမှာ မရှိမဖြစ်ပေ။ ငါ၏နှုတ်ကပတ်တော်များကို သင်တို့အား တိုက်ရိုက် ထုတ်ဖော်ပြနေပြီး၊ သင်တို့သည် ငါ၏လမ်းပြမှုနောက်ကို လိုက်လျှောက်နိုင်ကာ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၆)) ထို့နောက် အစ်ကိုလင်းက မိတ်သဟာယပြုပေးခဲ့သည်။ “အစ်မကို ဖြစ်တဲ့ဟာက ဝိညာဉ်ရေးရာ လောကမှာ စစ်ပွဲတစ်ခုဖြစ်ပြီး၊ အစ်မက စာတန်ရဲ့ စုံစမ်း နှောင့်ယှက်ခြင်း နဲ့ ရင်ဆိုင်ရတာ ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော်တို့ တွေ့ရတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူ့ဇာတိခံယူခဲ့ပြီး၊ သူ့နှုတ်ကပတ်တော် တွေကို မိန့်မြွက်နေတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို သူ့နှုတ်ကပတ်တော်တွေကနေ သမ္မာတရားကို နားလည်သဘောပေါက် စေတယ်၊ ဘုရားသခင်ရဲ့ အမှုတော်ကို သိစေတယ်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို သိစေတယ်၊ စာတန်ကို လုံးလုံး စွန့်လွှတ်ပြီး၊ ဘုရားသခင်ကို ပြန်လှည့်စေတယ်၊ ပြီးတော့ ကယ်တင်ခြင်း ရရှိပြီး၊ ဘုရားသခင်ရဲ့ ရယူခြင်းခံရစေတယ်။ စာတန်က ဘုရားသခင်ရဲ့ အမှုတော်ကို ဖျက်ဆီးပြီး နှောင့်ယှက်ဖို့ ကြားစားတဲ့အပြင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်-နောက်ဆုံးသောကာလရဲ့ ခရစ်တော်- ကို အသရေဖျက်ပြီး၊ ပြစ်တင်ရှုတ်ချဖို့ ကောလာဟာလတွေကို ဖန်တီးဖို့ အတွက် လူအမျိုးအစား အားလုံးကို အသုံးပြုရင်း ဘုရားသခင်ကို အမြဲတမ်း နီးနီးကပ်ကပ် လိုက်နေတယ်- ပြီးတော့ ဘုရားသခင်ဆီကို ကျွန်တော်တို့ လာတာကနေ ဟန့်တား ပိတ်ပင်တယ်။ သြဇာအာဏာ ရာထူးရထားတဲ့ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဘာသာမဲ့တဲ့သူတွေက စာတန်ရဲ့ ပြယုဂ်တွေဖြစ်ပြီး၊ ဘုရားသခင်က ကမ္ဘာပေါ်မှာ သူ့အမှုတော် ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံတိုင်း သူတို့တွေက သူ့ကို အာခံပြီး ပြစ်တင်ရှတ်ချကြတယ်၊ ပြီးတော့ သူတို့က ကိုယ်တော့် နောက်ကို လိုက်ခြင်းကနေ လူတွေကို နှောင့်ယှက်ပြီး၊ ဟန့်တားဖို့ ကြိုးစားကြ တယ်။ သခင်ယေရှုက သူ့အမှုတော်ကို ဆောင်ရွက်တဲ့အချိန်မှာ၊ အဲဒီ အချိန်က ယဇ်ပုရောဟိတ်မင်းကြီးတွေ၊ ကျမ်းပြုဆရာတွေ နဲ့ ဖာရိရှဲတွေက စာတန်ရဲ့ လက်ပါးစေတွေအနေဲ့ ပြုမူပြီး၊ သူ့အမှုတော်ကို ပြစ်တင်ရှုတ်ချပြီး၊ ဆန့်ကျင်ဖို့ တတ်နိုင်သမျှ ကြိုးစားကြတယ်။ သူတို့က ဥပမာအားဖြင့် သခင်ယေရှုက ဗေလဇေဗု ၏ တန်ခိုး အာဏာအားဖြင့် မကောင်းဆိုးဝါးတွေကို နှင်တယ်လို့ သူတို့တွေက စော်စော်ကားကား အခိုင်အမာ ပြောဆိုခဲ့တယ်၊ သခင်ယေရှုက ကဲသာဘုရင်ကို အခွန်မပေးဖို့ နယ်ခံလူတွေကို လှုံ့ဆော်ခဲ့တယ်ဆိုပြီး သူတို့က အသရေပျက်အောင် ပြောဆိုကြတယ်၊ ပြီးတော့ သခင်က ရှင်ပြန်ထမြောက် ခြင်းမရှိဘူး ဆိုတာရယ်၊ ပြီးတော့ သူ့အလောင်းတော်ကလည်း သူ့တပည့်တွေ က တိတ်တဆိတ် ယူဆောင်သွားတာ ဖြစ်တယ်ဆိုတာရယ် တို့ကို ပြောဆိုရင်း မှားယွင်းတဲ့ သက်သေခံဖို့ စစ်သားတစ်ချို့ကိုတောင် လာဘ်ထိုးခဲ့ကြသေး တယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ သူ့အမှုတော်အသစ်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံတဲ့အချိန်မှာ၊ တရုတ်ပြည်ကို ဘုရားမဲ့နယ်မြေတစ်ခု အဖြစ် ပြောင်းလဲဖို့ အားထုတ် ကြိုးပမ်းနေတဲ့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက သူတို့ကိုယ်ပိုင် အသက်မွေးမှုတွေနဲ့ အဆင့်အတန်းတွေကို ကာကွယ်ချင်တဲ့ ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေများစွာ တို့နဲ့အတူ လူတွေကို လှည့်စားပြီး ခြောက်လှန့်ဖို့၊ လူတွေ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို စုံစမ်းစစ်ဆေးပြီး လက်ခံခြင်းရနေ ကာကွယ်ဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်နဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်တို့အကြောင်း မရေမတွက်နိုင်တဲ့ အလိမ်အညာတွေနဲ့ မှားယွင်း တဲ့ သက်သေခံချက်တွေတို့ကို စတင်ဖြန့်ဝေခဲ့တယ်။ သမ္မာတရားကို နားမလည်တဲ့လူတွေ နဲ့ ထိုးထွင်းသိမြင်မှု မရှိတဲ့ လူတွေဟာ ဒီကောလာဟလ တွေကို ကြောင်းကျိုးမမြင်တော့ဘဲ ယုံကြည်ကြပြီး၊ ဒီအထင်အမြင် အမှားတွေကို ဖြန့်ဝေတာ၊ လူတွေကို နှောင့်ယှက်တာနဲ့ လူတွေကို စစ်မှန်တဲ့ လမ်းခရီးကို လက်ခံတာကနေ ဟန့်တားတာတွေ လုပ်ခြင်းအားဖြင့် စာတန်ရဲ့ ခိုင်းစေချက်ကို လုပ်ကြ တယ်။ အဲဒီလူတွေက စာတန်ရဲ့ ကြံရာပါတွေ ဖြစ်လာပြီး၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့သူတွေ ဖြစ်လာတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဘုရားမဲ့တဲ့ တရုတ်ကွန်မြူနစ် အစိုးရဟာ ဘုရားသခင် ရဲ့ ရန်သူဖြစ်တယ်ဆိုတာရယ်၊ တခြားလူတွေက ဘုရား အမှုတော်တွေကို စုံစမ်းစစ်ဆေးတာကို ဟန့်တားနေတဲ့ အဲဒီ သင်းအုပ်ဆရာ တွေနဲ့ လူကြီးတွေက ကျွန်တော်တို့ခေတ်ရဲ့ ဖာရိရှဲတွေ ဖြစ်တယ်ဆိုတာရယ်ကို ရှင်းရှင်းလင်းလင်း မြင်ရမယ်။ အင်တာနက်ပေါ်က ကောလာဟလ တွေ အားလုံးက ကျွန်တော်တို့ ဘုရားသခင်ဆီကို လှည့်ခြင်းကနေ ဟန့်တားဖို့ စာတန်ရဲ့ အကြံအစည်တွေ ဖြစ်တာကိုတွေ့ရမယ်၊ ပြီးတော့ ကျွန်တော်တို့က စစ်မှန်တဲ့ လမ်းခရီးကို စုံစမ်းစစ်ဆေးချင်ရင်၊ ဘုရားနှုတ်ကပတ်တော်ကိုသာ နားထောင်သင့်ပြီး၊ စာတန်ရဲ့ ကောလာဟလတွေကို လုံးဝ မယုံသင့်ဘူး ဆိုတာကိုလည်း ရှင်းရှင်း လင်းလင်း သိရမယ်။ ဒါက ဝိညာဉ်ရေးရာ တိုက်ပွဲတွေအတွင်းမှာ ကျွန်တော်တို့ ဘုရားသခင်ဖက်ကနေ ရပ်တည်နိုင် ပြီးတော့ ဘုရားသခင် အတွက် သက်သေခံနိုင်ပြီး၊ စာတန်ရဲ့အယူမခံရမဲ့ နည်းလမ်းဖြစ်တယ်။”

အစ်ကိုလင်း၏ မိတ်သဟာယက ကျွန်မကို ကောလာဟာလများ၏ ဇစ်မြစ်ကို နားလည်ဖို့ ကူညီပေးခဲ့သည်။ ကျွန်မကို နှောင့်ယှက်ပြီး၊ ပိတ်ပင်ဟန့်တားဖို့ ကောလာဟလများကို ဖြန့်ဝေခြင်းတွင် စာတန်၏ ပန်းတိုင်မှာ ဘုရားသခင်၏ နောက်ဆုံးသောကာလမှ ကယ်တင်ခြင်းကို ရရှိခြင်းမှ ကျွန်မကို ဟန့်တားရန် ဖြစ်ကြောင်း ယခုကျွန်မ နားလည် သဘောပေါက်ခဲ့သည်။ ထိုအကြောင်း ပို၍ စဉ်းစားပြီးနောက်တွင်၊ ကျွန်မကို တိုက်ခိုက်နေသည့် ဤလူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ဖူး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို တစ်ခါမျှ မစုံစမ်းမစစ်ဆေးဖူးဘဲ၊ ကောလာဟလများမျှကိုသာ ကြောင်းကျိုးမမြင်တော့ ဘဲ ယုံကြည်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အာခံပြီး ပြစ်တင်ရှုချ နေကြခြင်း ဖြစ်သည်ကို ကျွန်မ နားလည် သဘောပေါက်ခဲ့သည်။ သူတို့၏ စိတ်များက စာတန်အားဖြင့် လုံးလုံး ရှုပ်ထွေးပြီး၊ သူတို့က သိပင်မသိဘဲ စာတန်၏ ခိုင်းစေချက်ကို ဆောင်ရွက်ပြီး၊ ဘုရားသခင်ကို အာခံနေခြင်း ဖြစ်သည်။ ပညာရှိသည့် လူတစ်ယောက်က ပထမဦးစွာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်အားထက်သန်စွာ ဖတ်ရှုကြပြီး၊ ကောက်ချက်မချမီတွင် နှံ့စပ်သော စုံစမ်းစစ်ဆေးခြင်းတစ်ခုကို ပြုလိမ့် မည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သေးငယ်သော ကိစ္စတစ်ခု မဟုတ်ဘဲ၊ ကျွန်မက မှားယွင်းသည့် လမ်းကြောင်းကို လျှောက်မိသည်ကို ကြောက်သောကြောင့်၊ ကျွန်မ၏ စိတ်နှလုံးတွင် စိုးရိမ်စိတ် တစ်ချို့ ရှိနေဆဲ ဖြစ်သည်။ အလုပ်မှ အိမ်သို့ ရောက်ပြီး နောက်၊ ကျွန်မ မျက်လုံးတွင် မျက်ရည်များဖြင့် သခင့်ထံ ဆုတောင်းခဲ့သည်။ “အိုသခင်၊ ကျွန်မ အရမ်းလမ်းပျောက်ပြီး စိတ်ရှုပ်ထွေးနေ ပါတယ်၊ ဒါပေမဲ့ သူများပြောတာ တွေကိုသာ ယုံကြည်ပြီး၊ စကားလုံး တစ်လုံးချင်း ပြန်ဖောက်သည် မချချင်ပါဘူး။ ကိုယ်တော့်အလိုတော် အတိုင်း ကျွန်မ ပြုမူချင်ပါတယ်၊ ဒါ့ကြောင့် ကျေးဇူးပြုပြီး ကျွန်မကို ဦးဆောင်ပြီး လမ်းပြတော်မူပါ။” ထိုညတွင် ကျွန်မ အိပ်ပျော်သွားပြီး၊ နာရီအနည်းငယ်ကြာပြီးနောက်၊ တစ်စုံတစ်ခုက ကျွန်မ ပေါ်သို့ ဖိထားသည်ဟု ဝိုးတိုးဝါးတား ခံစားချက်တစ်ခုရှိခဲ့သည်။ ကျွန်မ မျက်လုံးများဖွင့်ဖို့ ရုန်းကန်သော်လည်း၊ မဖွင့်နိုင်ခဲ့ပါ။ ထိုရုန်းကန်ခြင်းက အကျိုးမရှိကြောင်း နားလည်သဘောပေါက်လျက်၊ ကျွန်မက “သခင်ယေရှု ကျွန်မကို ကယ်တော်မူပါ။” ဟု ကမန်းကတန်း အော်ဟစ်ခဲ့ သည်။ ကျွန်မ ဤအရာကို နှစ်ကြိမ် အော်ဟစ်ခဲ့သော်လည်း မည်သည့်အရာမျှ မဖြစ်လာပါ။ ကျွန်မကို တစ်စုံတစ်ခုက ဖိထားသည်ကို ခံစားနေရဆဲဖြစ်သည်။ ကျွန်မက မည်သည့်အရာကို လုပ်ရမှန်း မသိဘဲ၊ အလွန်ကြောက်ခဲ့သည်။ ရုတ်တရက်ကြီး၊ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင် အကြောင်းကို တွေးမိသောကြောင့်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်။ အနန္တတန်ခိုးရှင်ဘုရားသခင်။” ဟု အော်ခေါ်ခဲ့ ပြီးနောက်၊ ကျွန်မ နိုးလာခဲ့သည်။ နိုးလာပြီးနောက်၊ ကျွန်မ ကတုန်ကယင် ဖြစ်နေဆဲ ဖြစ်ပြီး၊ အပြည့်အဝ တည်ငြိမ်သွားဖို့ အချိန်အနည်းငယ် ကြာခဲ့သည်။ သခင်ယေရှု၏ နာမတော်ကို အော်ခေါ်ခြင်းက အလုပ်မဖြစ်စဉ်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်” ကို အော်ခေါ်ခြင်းက ကျွန်မကို ချက်ချင်း နိုးထစေခဲ့သည့် အကြောင်းအရင်းကို ကျွန်မ စဉ်းစားမိသည်။ ထို့နောက် အစ်ကိုလင်း ကျွန်မကို ပြုပေးသည့် မိတ်သဟာယတစ်ခုကို ကျွန်မ အမှတ်ရခဲ့သည်။ “ဘုရားသခင်က ခေတ်တစ်ခုချင်းစီမှာ ကွဲပြားတဲ့ နာမတော်ကို ယူခဲ့တယ်၊ ဘုရားသခင်က အမှုတော်အသစ်ကို စပြီး နောက်မှာ၊ သန့်ရှင်းသောဝိညာဉ်တော်က သူ့နာမတော်ကို ခေတ်သစ် အတွက် ထိန်းသိမ်း တယ်။ ဒါ့ကြောင့် ယုံကြည်သူတွေက ဘုရားသခင်ရဲ့ ချီးကျူးခြင်း၊ စောင့်ရှောက် ခြင်းနှင့် ကွယ်ကာခြင်းတို့ကို ရရှိဖို့အတွက်၊ သူတို့က လက်ရှိခေတ်ရဲ့ ဘုရားနာမတော်ကို အသုံးပြုပြီး ဆုတောင်း ရမယ်။ ဒီခေတ်မှာ သခင်ယေရှုက ပြန်ကြွလာပြီး၊ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး၊ နိုင်ငံတော်ခေတ်ကို စတင်ဖို့ ‘အနန္တတန်ခိုးရှင် ဘုရားသခင်’ နာမတော်ကို အသုံးပြုနေတယ်။ နောက်ဆုံးသောကာလ အတွင်းမှာ ဘုရားသခင်ရဲ့ နာမတော်က အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်တာကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ ဆုတောင်းချက်တွေမှာ ဒီနာမတော်ကို အသုံးပြုရမယ်၊ မဟုတ်ရင်တော့ ဘုရားသခင်က အဲဒီဆုတောင်းချက်တွေကို ကြားမှာမဟုတ်ဘူး။” ထို့နောက် ကျွန်မ၏ အိပ်မက်ဆိုးက အလိုအလျောက်ဖြစ်ခြင်း မဟုတ်ကြောင်း၊ သို့သော် ဘုရားသခင်က ကျွန်မ၏ ဆုတောင်းချက်ကို နားညောင်းပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည် ဆိုသည့် သက်သေကို ကျွန်မကို ပေးခဲ့ခြင်းဖြစ်ကြောင်း တို့ကို ကျွန်မ နားလည် သဘောပေါက်ခဲ့သည်။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်း ပါသည်။ ဤအရာကို နားလည်သဘောပေါက် ပြီးနောက်၊ ကျွန်မ၏ စိတ်နှလုံးက ခွန်အားများ တစ်ရှိန်ထိုးပြည့်ကာ၊ ယခုအခါတွင် ကျွန်မ၏ အလုပ်ရှင်နှင့် လုပ်ဖော်ကိုင်ဖက်များတို့၏ မည်သည့်စော်ကားမှုကိုမဆို ရင်ဆိုင်ဖို့ ယုံကြည်မှု ရှိခဲ့ပါသည်။

နောက်တစ်နေ့တွင် အလုပ်၌ ကျွန်မ၏ အလုပ်ရှင်က ထိုနေရာတွင် အလုပ်လုပ်သည့် လူတိုင်းရှေ့တွင် ကျွန်မက လမ်းလွဲသွားခဲ့သည်ဟု ပြောပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် အရာများစွာကိုလည်း ပြောခဲ့သည်။ ထိုကဲ့သို့ အရာများကို သူမက ပြောသည်ကို ကြားရခြင်းက ကျွန်မကို အမှန်တကယ် စိတ်ဆိုးစေသောကြောင့် ကျွန်မက သူမကို “ကျွန်မတို့အားလုံး ဘုရားသခင်ကို ယုံကြည်သူတွေပါ။ အစ်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေကို မစုံစမ်းမစစ်ဆေးဘဲ၊ ဘုရားသခင်ရဲ့ အလိုတော်ကိုလည်း မရှာဖွေဘဲ၊ အဲဒီအစား သူ့ကို ဘာဖြစ်လို့ ကျိုးကြောင်းမမြင်တော့ဘဲ ပြစ်တင်ရှုတ်ချပြီး၊ ပြစ်မှား စော်ကားနေတာလဲ။ အဲဒါတွေ လုပ်တာက အစ်မစိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် ချစ်ကြောက်ရိုသေမှု မရှိဘူးဆိုတာကို ပြနေတယ်။” ဟု မေးခဲ့သည်။ ဤအရာအားလုံးကို ပြောပြီးနောက်၊ ကျွန်မ အလှပြင်ဆိုင်မှ ဝုန်းဒိုင်းကြဲပြီး ထွက်လာခဲ့သည်။ ခဏကြာပြီးနောက် ကျွန်မ အလုပ်ရှင်က ကျွန်မကို လာရှာပြီး၊ သူမကို စိတ်မဆိုးသင့်ကြောင်း ကျွန်မကို ပြောခဲ့သည်။ ကျွန်မက “ကျွန်မက စိတ်မဆိုးချင်ပါဘူး၊ ဒါပေမဲ့ အစ်မက အဲဒါတွေကို မပြောသင့်ဘူး။ ဘုရားသခင်ကို ပြစ်မှားစော်ကား၊ ဆန့်ကျင်ပြီး၊ ပြစ်တင်ရှုတ်ချ တဲ့ အစ်မပြောတဲ့ စကားတွေက သူ့ကို စော်ကားတာကြောင့် ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်မတို့ ယုံကြည်သူ တွေ တစ်ခါမျှ ပြောသင့်တဲ့ စကားတွေ မဟုတ်ဘူး။ အစ်မအမြင်ရှုထောင့် ကနေ၊ ကျွန်မစိတ်ကိုပြောင်းဖို့ တိုက်တွန်း တာနဲ့ အစ်မက ကောင်းမှု တစ်ခုလုပ်နေတဲ့ ပုံပေါက်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မက အရွယ်ရောက်တဲ့ လူတစ်ယောက်ပါ၊ ပြီးတော့ ကျွန်မက အမှုအရာ တွေကို ယုတ္တိရှိရှိ သေသေ ချာချာ တွေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဟုတ်မဟုတ် ဆိုတဲ့ ကိစ္စက ကျွန်မတို့ ရှာဖွေပြီး စုံစမ်းလေ့လာသင့်တဲ့ အရာတစ်ခုဖြစ်တယ်။ ကျွန်မတို့ ယုံကြည်ဖို့ ရမ်းသမ်း ဆုံးဖြတ်ခဲ့တဲ့ အရာတစ်ခု မဟုတ်ဘူး။ ကျေးဇူးပြုပြီး ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ၊ ပြီးတော့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေပြီး စုံစမ်းစစ်ဆေးခြင်းကနေ ကျွန်မကို တားဆီးဖို့ ဒါမှမဟုတ် ချုပ်ချယ်ဖို့ မကြိုးစားပါနဲ့။” ဟု ပြောခဲ့ပါသည်။ ထို့နောက် ကျွန်မ အလုပ်ရှင်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်း ရုပ်မြင်သံကြားနှင့် အင်တာနက် တို့ပေါ်မှ ကောလာဟလ တစ်ခုတစ်လေကို ကျွန်မ မြင်ဖူးခြင်း ရှိမရှိကို ကျွန်မကို မေးမြန်းခဲ့သည်။ ကျွန်မက “အပျက်သဘောဆောင်တဲ့ အရာ တွေက အမြဲတမ်း စာတန်ဆီက လာတယ်။ ကျွန်မ ဖတ်ရတဲ့ဟာတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖြစ်ပြီး၊ ကျွန်မ ကြည့်တဲ့ဟာတွေက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ထုတ်လုပ်တဲ့ ရုပ်ရှင်၊ ဓမ္မတေးသံစုံကျူး ဗီဒီယိုတွေ နဲ့ သီချင်းရုပ်ရှင်တွေ ဖြစ်တယ်။ အစ်မကြည့်တာတွေကို ကျွန်မ ကြည့်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သူ့အသင်းသားတွေ ကောက်ကျစ်တဲ့ အမှုတွေ လုပ်တာကို ခွင့်မပြုဘူး၊ အဲဒါဟာ အစ်မတို့အားလုံး ပြောနေတဲ့ဟာတွေနဲ့ အတိအကျကို ဆန့်ကျင်နေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မတို့ကို လူ့သဘာဝ၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တို့ကို ပိုင်ဆိုင်တဲ့ ရိုးသားတဲ့ လူနဲ့ လူကောင်းတွေ ဖြစ်လာဖို့ တောင်းဆိုတယ်။” ဟု ပြန်ဖြေခဲ့ပါသည်။ ကျွန်မ ပြောစရာရှိသည်ကို နားထောင်ပြီးနောက်၊ ကျွန်မ အလုပ်ရှင်က မည်သည့်အရာကို ပြောရမှန်း မသိဘဲ၊ အခြားရွေးချယ်စရာလည်း မရှိဘဲ၊ ထွက်ခွာသွားခဲ့သည်။

ထို့နောက်တွင် ကျွန်မ၏ အလုပ်ရှင်က ကျွန်မကို စတင် မဲလာပြီး၊ ကျွန်မ အကြောင်း ငေါ့သော အရာများကိုပင် စပြောခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုကို အတင်းအကျပ် စွန့်လွှတ်ခိုင်းဖို့ အားထုတ်ကြိုးပမ်းရာတွင် ဤအရာများကို သူမက ပြောနေခြင်း ဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ တစ်နေ့တွင် သူမက ကျွန်မကို “အစ်မရွန်းက သူ့အလုပ် ခရီးကနေ ပြန်လာတဲ့အချိန်မှာ နင်နဲ့စကားပြောချင်တယ်။” ဟု ရုတ်တရက် ပြောခဲ့သည်။ ထိုအရာကို ကျွန်မ ကြားသည့်အချိန်တွင်၊ ကျွန်မ အနည်းငယ် စိတ်ညစ်ပြီး၊ ကြောက်ခဲ့သည်။ ကျွန်မက “အစ်မရွန်းက အနန္တတန်ခိုးရှင် ဘုရားသခင် ကို ငါယုံကြည်တာကနေ ငါ့ကို သေချာပေါက်ကို ဟန့်တားမှာပဲ။ ငါက သူ့တရားဟောတာကို နားထောင်ပြီးနောက်မှာ ခရစ်ယာန်တစ်ယောက် ဖြစ်လာတာ၊ ပြီးတော့ သူက ငါတို့အလှပြင်ဆိုင်ရဲ့ အရေးကြီးတဲ့ ဖောက်သည် တစ်ယောက်ပဲ။ သူ့ကို ငါ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိရင်၊ ငါ့အလုပ်ရှင်က ပျော်မှာမဟုတ်ဘူး၊ ပြီးတော့ ငါက အနာဂတ်မှာ သူနဲ့ တည့်ဖို့ ပြဿနာတွေ ပိုတောင်ရှိလာဦးမယ်။” ဟု တွေးမိသည်။ အစ်မရွန်းပြန်လာမည့် ရက် နီးလာလေ၊ ကျွန်မက ပိုစိတ်လှုပ်ရှားပြီး၊ ကြောက်လာလေ ဖြစ်သည်။ နေ့လည်ခင်းတစ်ခုတွင် ကျွန်မက ဗီအိုင်ပီအခန်းတွင် ဘုရားသခင်ကို ဆုတောင်းလျက် ထိုင်နေ သည်။ ကျွန်မ ဖုန်းမြည်လာသည့်အချိန်တွင် ကျွန်မ ဆုတောင်းချက် ပြီးခါစဖြစ်သည်။ ၎င်းမှာ ကျွန်မ၏ အလုပ်ရှင် ဖြစ်သည်။ “အစ်မရွန်း လာနေပြီ။ သူ့ကို မျက်နှာအလှပြင်ပေးလိုက်။” ကျွန်မက ယင်းကို လုပ်ဖို့ စိတ်မပါသော်လည်း၊ ကျွန်မ ငြင်းဖို့ မဖြစ်နိုင်ခဲ့ပါ။ ကျွန်မက နားနေခန်းသို့ ပြန်ရောက်သည့်အချိန်တွင်၊ ဘုရားသခင်၏ မျက်မှောက် တော်တွင် မိမိကိုယ်ကို တည်ငြိမ်စေဖို့ ဓမ္မသီချင်းများ အသံသွင်းထား ခြင်းကို ဖွင့်လိုက်သည်။ “ကိုယ်တော်ကို ချစ်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီ” ဆိုသည့် ဓမ္မသီချင်းကို နားထောင်နေစဉ် ကျွန်မ ဤစာကြောင်း များကို ကြားခဲ့သည်။ “ကျွန်ုပ်ရဲ့ ဝိညာဉ်မျက်စိကို ဖွင့်ပေးပါ။ ကျွန်ုပ်ရဲ့ နှလုံးသားကို ကိုယ်တော်ရဲ့ ဝိညာဉ်တော်နဲ့ တို့ထိပါ။ ဒါမှသာ ကျွန်ုပ်ရဲ့ တက်ကြွမှုမရှိတဲ့ အခြေအနေတွေ ကိုယ်တော့်ရဲ့ရှေ့မှာ မရှိတော့မှာ ဖြစ်တယ်။ လူပုဂ္ဂိုလ်၊ ဝတ္ထုပစ္စည်း သို့မဟုတ် တစ်ခုခုရဲ့ ကန့်သတ်မှုကို မခံရမှာ ဖြစ်တယ်။ ကျွန်ုပ်ရဲ့ တစ်ဘဝလုံးကို ကိုယ်တော့်ထံ ဆက်ကပ်ထားသလိုဘဲ ကျွန်ုပ်ရဲ့ နှလုံးသားကိုလည်း ကိုယ်တော့်ရှေ့မှာ ဖွင့်ပြထားပါတယ်။ ကျွန်ုပ်ကို ကိုယ်တော်ဆန္ဒရှိသလို စမ်းသပ်နိုင်ပါတယ်။ အခု ကျွန်ုပ်ရဲ့ ရှေ့ရေးကိုလည်း မစဉ်းစားတော့ပါဘူး၊ သေခြင်းတရား ကလည်း ကျွန်ုပ်ကို မချည်နှောင်ထားပါဘူး။ ကိုယ်တော်ကို ချစ်တဲ့ ကျွန်ုပ်ရဲ့ နှလုံးသားကို အသုံးပြုပြီး အသက်လမ်းကို ကျွန်ုပ် ရှာဖွေချင်ပါတယ်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှုပေးခဲ့ပြီး၊ ကျွန်မ တဖြည်းဖြည်းချင်း စတင် ပို၍ စိတ်အေးကာ၊ ပို၍ စိတ်တည်ငြိမ် လာခဲ့သည်။ “အဲဒါမှန်တယ်” ဟု ကျွန်မ တွေးမိသည်။ “ငါဟာ မှန်ကန်တဲ့ လမ်းခရီးကို ရွေးချယ်တဲ့အခါမှာ ဘယ်လူ၊ အရေးကိစ္စ ဒါမှမဟုတ် အရာဝတ္ထုတို့ရဲ့ ချုပ်ချယ်မှုမှ မခံသင့်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တာကို ငါသေချာပြီး ဖြစ်တဲ့အတွက်၊ သံသယ ဒါမှမဟုတ် တွန့်ဆုတ်မှု တစ်စက်မှ မရှိဘဲ သူ့နောက်ကို လိုက်သင့်တယ်။ ငါ့ကို ငါ့အလုပ်ရှင်က ဘယ်လိုမြင်တယ်၊ ပြီးတော့ ဘယ်လို ဆက်ဆံတယ် ဒါမှမဟုတ် အစ်မရွန်းနဲ့ ငါ့ပေါင်းသင်း ဆက်ဆံရေးက ဘယ်လိုဖြစ်တယ် ဆိုတာ အားလုံးဟာ ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိတယ်။ ငါ့ရဲ့ စိတ်ပူတာတွေကို ဖယ်ပြီး၊ ဘုရားရဲ့ စီစဉ်မှုတွေကို လိုက်နာသင့်တယ်။” ထို့ကြောင့် ထိုအခြေ အနေကို မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရင်ဆိုင်ဖို့ ကျွန်မ သွားလိုက်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်၊ အစ်မရွန်းရောက်လာသည်။ ကျွန်မက ဘုရားသခင်ထံ တိတ်ဆိတ်စွာ ဆုတောင်းခဲ့လေသည်။ “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ သူက ကိုယ်တော့်ကို ပြစ်မှားစော်ကားဖို့၊ အာခံဖို့၊ ပြစ်တင် ရှုတ်ချဖို့နဲ့ တိုက်ခိုက်ဖို့ တစ်ခုခုပြောမှာကို ကျွန်မ ကြောက်နေတယ်။ သူက ကျွန်မကို နှောင့်ယှက်ဖို့ ကြိုးစားမှာကိုလည်း ကျွန်မ ကြောက်နေပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပြီး ကွယ်ကာ တော်မူပါ၊ ဘုရားသခင်။” ပထမတွင် အစ်မရွန်းက အစ္စရေးသို့ သူမ၏ အလုပ်ခရီးအကြောင်းနှင့် ထိုအလုပ်ခရီးသည် မည်မျှအောင်မြင်ခဲ့သည် ကိုသာ ပြောခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူမက ဝေ့ဝိုက်သော နည်းလမ်းတစ်ခုဖြင့် ထိုအကြောင်း အရာကို ပြောလာခဲ့သည်။ “နောက်ဆုံးသောကာလမှာ လူတွေလှည့်စားဖို့ ခရစ်တော် အယောင် ဆောင်တဲ့သူတွေနဲ့ ပရောဖက် အတုအယောင်တွေ အများကြီးရှိတယ်။” သူမက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြစ်မှားစော်ကား သည့် တစ်စုံ တစ်ရာ ပြောမည်ကို ကျွန်မ မကြားလိုသောကြောင့် “ဟုတ်တယ်၊ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်အမှုတွေကို အထင်အရှားပြပြီးတော့ သခင်ယေရှု ကို အတုခိုးတဲ့ ခရစ်တော် အယောင်ဆောင်တဲ့သူတွေကို ကျွန်မတို့က သတိထားနိုင်ဖို့ သခင်က ဒီသတိပေးချက်ကို ကျွန်မတို့ကို ပေးခဲ့တယ်လေ။ ဒါပေမဲ့ သခင့်ရည်ရွယ်ချက်က ကျွန်မတို့ ထိုးထွင်း သိမြင်မှု ရှိလာစေဖို့ ဖြစ်တယ်၊ သခင့်ပြန်ကြွလာခြင်း ဧဝံဂေလိကို တရားဟောတဲ့ သူတွေ အားလုံးကို နားထောင်ဖို့ကို ငြင်းအောင်လုပ်ဖို့ မဟုတ်ဘူး။ သခင်ယေရှုက ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) လို့ မိန့်တော်မူတယ်။ သခင်က ကျွန်မတို့ကို မှန်ကန်တဲ့ လမ်းကြောင်းတစ်လျှောက် ဦးဆောင်မှာ ဖြစ်တာ ကြောင့် ကျွန်မတို့က နောက်ဆုံးသောကာလက ခရစ်တော် အယောင်ဆောင် တဲ့ သူတွေရဲ့ လှည့်စားတာခံရမှာကို စိတ်မပူသင့်ဘူး၊ ဒါပေမဲ့ သခင်က နောက်ဆုံးသောကာလတွင်းမှာ ပြန်ကြွလာမယ်ဆိုတဲ့ အချက်ကိုလည်း စိတ်ထဲမှာ ထည့်ထားသင့်တယ်။ ကျွန်မတို့က သခင့်ကို ရှာဖွေသမျှ ကာလပတ်လုံး၊ ဘုရားရဲ့ သိုးက ဘုရားအသံတော်ကို ကြားနိုင်တယ်လို့ ကျွန်မတို့ကို သူက ပြောခဲ့တာကြောင့် ကျွန်မတို့က သခင့် ထင်ရှားပြမှုကို ရှာဖွေတွေ့လိမ့်မယ်။” ဟု ပြောလျက် သူမကို ကျွန်မ ကြားဖြတ် ပြောလိုက်သည်။ သို့သော် ကျွန်မ ပြောသွားသည့်အရာကို အစ်မရွန်းက အာရုံမစိုက်ဘဲ၊ နောက်ဆုံးသောကာလအတွင်း ခရစ်တော် အယောင် ဆောင်သောသူများက လူများကို လှည့်စားခြင်း အကြောင်းနှင့် ကျွန်မ ပို၍ သတိထားသင့်ကြောင်းကိုသာ ထပ်ပြောခဲ့သည်။ ထို့နောက် သူမက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က မည်မျှ ဆိုးကြောင်း ပိုများသည့် အရာများကို ပြောခဲ့သည်။ ကျွန်မ သူ့ကို လျစ်လျူရှုခဲ့ပြီး၊ ကျွန်မ ပြန်မပြောသည်ကို သူမ မည်သည့်အချိန်တွင်၊ သူမ စကားပြော ရပ်သွားခဲ့သည်။

ထို့နောက်တွင် ကျွန်မ အလုပ်ရှင်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်ခြင်းနှင့် ပတ်သက်ပြီး မပျော်ရွှင်သေးဘဲ၊ ကျွန်မကို ကျွန်မ လုပ်ဖော်ကိုင်ဖက်များ ရှေ့တွင် ဆက်ရမယ်ရှာပြီး၊ တိုက်ခိုက်ခဲ့သည်။ ဤကာလအတွင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများသည် ကျွန်မနှင့် မိတ်သဟာယ ပြုဖို့ နှင့် ဘုရား နှုတ်ကပတ်တော်များကို ဝေငှဖို့ ကျွန်မကို အမြဲတမ်း အားပေးထောက်ပံ့ ခဲ့သောကြောင့်၊ ကျွန်မက ဘုရားသခင်၏ အလိုတော် ကို နားလည်နိုင်ခဲ့သည်။ ဘုရားခင်က သန့်ရှင်းကြောင်း၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်း သည့် အချိန်တွင်၊ သူက ကျွန်မတို့ကို လွတ်လပ်စွာရွေးချယ်ခွင့် ဖြစ်သည့် စိတ်ကြိုက်သဘော ကို ပေးခဲ့သည်။ ဘုရားသခင်က တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ မည်သူ့ကိုမျှ လုံးဝ အတင်းအကျပ် မခိုင်းခဲ့ဘဲ၊ ကျွန်မတို့အတွက် အထောက်အပံ့ပေးပြီး၊ သူ့အလိုတော်ကို နားလည်ဖို့ ကျွန်မတို့ကို ကူညီသည့်၊ ပြီးလျှင် ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့ကြားတွင် ခွဲခြားဖို့ သမ္မာတရား ကိုသာ ဖော်ပြခဲ့သည်ဟု သူတို့က ပြောခဲ့သည်။ ဥပမာအားဖြင့် ကောင်းမကောင်းကို သိကျွမ်းရာ အပင်၏ အသီးမှလွဲ၍ ဧဒင်ဥယျာဉ်၌ မည်သည့်သစ်ပင်မှ အသီးကိုမဆို သူတို့စားနိုင်ကြောင်း ဘုရားသခင်က အာဒံနှင့် ဧဝတို့အား ပြောခဲ့သည်၊ အကြောင်းမှာ သူတို့စားပါက ဧကန်မုချ သေမည် ဖြစ်သောကြောင့်ပင်တည်း။ ဘုရားသခင်၏ အနှစ်သာရက ကောင်းမြတ်ပြီး၊ သူက လူသားမျိုးနွယ်ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးလေသည်။ စာတန်သည် ဆိုးယုတ်သောကြောင့် စာတန်သာလျှင် လူများကို ထိန်းချုပ်ပြီး၊ အကျပ်ကိုင်လေသည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် ၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခြင်းသည် သီးခြား လူတစ်ယောက်ချင်းစီ၏ ဆုံးဖြတ်ချက်ဖြစ်ပြီး၊ မည်သူမျှ လက်ခံဖို့ အတင်းအကျပ် စေခိုင်းမခံရပါ။ ဤအရာများကို ပြောခြင်းအပြင်၊ ညီအစ်ကို မောင်နှမများက ဘုရား နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်တစ်ခုကိုလည်း ရှာတွေ့ခဲ့သည်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြု ခြင်းများက ကျွန်မအား ဤကျမ်းပိုဒ်ကို အနည်းငယ် နားလည် သဘောပေါက်စေသည်။ ယခုအခါတွင် ကျွန်မကို မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းမှာ ဘုရားသခင်က အမြဲတမ်း ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ကျွန်မက သူ့အား စစ်မှန်သည့် ယုံကြည်မှု ရှိမရှိကို ကြည့်ဖို့ စစ်ဆေးရန် နှင့် ကျွန်မ ထိုးထွင်းသိမြင်မှု ရရှိစေရန် ဤအခြေအနေများကို ဘုရားသခင်က အသုံးပြုနေသည်။ သူ့ထံမှ လာသည့် အရာနှင့် စာတန်ထံမှ လာသည့်အရာကို ဘုရားသခင် က ကျွန်မကို သိသာထင်ရှားစွာ မြင်တွေ့စေလိုသည်၊ ပြီးလျှင် သူ့ကို မှီခိုဖို့ နှင့် စမ်းသပ်မှုအချိန်ကာလများတွင် သူ့ကို အားကိုးဖို့၊ ယောဘ ကဲ့သို့ ဘုရားသခင် အတွက် သက်သေရပ်တည်ဖို့ နှင့် ထိုနည်းအားဖြင့် စာတန်ကို အရှက်ကွဲစေဖို့ ဘုရားသခင်က ကျွန်မကို သင်ယူစေလိုသည်။

ဘုရားနှုတ်ကပတ်တော်၏ လမ်းပြခြင်းနှင့် ညီအစ်ကိုမောင်နှမတို့၏ အထောက်အပံ့တို့ကြောင့် ကျွန်မက စစ်မှန်သောနည်းလမ်းနှင့် ပတ်သက် သည့် ရှင်းလင်းသော အခြေအနေတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်၊ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ခြင်းအားဖြင့် မှားယွင်းသော လမ်းကြောင်းပေါ်တွင် မရှိကြောင်းနှင့် ထိုအစား သိုးသငယ်၏ ခြေလှမ်းများနှင့် အမီလိုက်နေကြောင်းတို့ကို သေချာလာ ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများက ကျွန်မနှင့် သမ္မာတရားများနှင့် ဘုရားသခင်၏ အလိုတော်တို့ကို မိတ်သဟာယပြုနေခဲ့ကြသည်။ ဘုရားသခင် ၏ လူသား မျိုးနွယ်ကို ကယ်တင်ခြင်းအကြောင်းနှင့် ဘုရားသခင်၏ အရာ အားလုံး နှင့် ဖြစ်ခြင်းတို့ကို သူတို့က သက်သေခံနေကြသည်။ ကျွန်မအား မည်သည့်အရာကိုမျှ လုံးဝ အတင်းအကျပ် ယုံကြည်ခိုင်းခြင်း မရှိဘဲ၊ ထိုအစား ကျွန်မက မိမိဆုံးဖြတ်ချက်များကို လွတ်လပ်စွာ ချမှတ်နိုင်ဖို့ အသံမျိုးစုံ အလယ်တွင် သိမြင်ပုံကို သင်ယူဖို့ ကူညီခဲ့သည်။ သို့သော် အစ်မရွန်းနှင့် ကျွန်မ အလုပ်ရှင်တို့က အွန်လိုင်း ကောလာဟလများ အားလုံးကို ယုံကြည်ပြီး၊ ကျွန်မကို နှောင့်ယှက်ပြီး၊ အကျပ်ကိုင်ဖို့နှင့် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခြင်းမှ ကျွန်မကို ဟန့်တားဖို့ ဘုရားသခင်ကို အာခံပြီး ပြစ်မှားစော်ကားသည့် အရာများကို အဆက်မပြတ် ပြောခဲ့သည်။ သူတို့၏ အမြင်ရှုထောင့်များ ကို ကျွန်မ လက်မခံသည့်အချိန်တွင် သူတို့က ကျွန်မကို စတင် အနိုင်ကျင့်သည်၊ လှောင်ပြောင်သည်၊ ပြီးလျှင် နှုတ်ဖြင့် တိုက်ခိုက်ကြ သည်။ သို့သော်လည်း လူများကို အနိုင်ကျင့်ခြင်း၊ အကျပ်ကိုင်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့သည် စာတန်ထံမှသာ ဆင်းသက် လာခြင်း ဖြစ်သော ကြောင့် သူတို့ပြောသမျှနှင့် လုပ်သမျှ အရာအားလုံးတို့သည် စာတန်ထံမှ လာသည်ကို ကျွန်မ သိသာထင်ရှားစွာ မြင်တွေ့ခဲ့သည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ကျွန်မက ယခုအခါ ဘုရားသခင်ထံမှ လာသည့်သူ နှင့် စာတန်ထံမှ လာသည့်သူတို့ကို တစ်စေ့တစ်စောင်း မြင်နိုင်ခဲ့ပြီး၊ ယခုအခါ ဤလူအမျိုးအစားများကို ထိုးထွင်းသိမြင်မှု ကျွန်မ ရခဲ့သည်။ ယခုအခါ ကျွန်မ၏ စိတ်နှလုံးမှာ အလင်းပြည့်နေပြီး၊ ကြီးလေးသော ဝန်ထုပ်က ထိုစိတ်နှလုံးထဲမှ ပင့်မ ခံရသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ နှောင့်ယှက်ခံရသည့်အချိန်တိုင်း ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့နှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာဖွေဖို့ ဘုရားနှုတ်ကပတ်တော် များထံမှ ကျွန်မ အကူအညီယူနိုင်ဖို့ရာ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်က လူ့ပုံသဏ္ဍာန်ဖြင့် လူ့ဇာတိခံယူခြင်းနှင့် သမ္မာတရားများစွာကို ဖော်ပြခြင်းတို့ အတွက် ဘုရားသခင်ကို ကျွန်မ အလွန်ကျေးဇူးတင်ပါသည်။ ကျွန်မ ဘုရား နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုအောက်တွင် နည်းနည်းချင်း ကြီးထွားနိုင်ဖို့ဆိုသည်မှာ အလွန်ကံကောင်းသည်ဟု ကျွန်မ ခံစားရ ပါသည်။

ပထမတွင် ကိစ္စရပ်တစ်ခုလုံး အဆုံးသတ်သွားခဲ့ပြီဟု ကျွန်မ ထင်ခဲ့ သောကြောင့် တိုက်ခိုက်မှုအသစ် တစ်သုတ် စတင်လာသည့် အချိန်တွင် ကျွန်မ အလွန်အံ့အားသင့်ခဲ့သည်။ တစ်နေ့တွင် ကျွန်မက ဖောက်သည် တစ်ယောက် ကို အလှပြင်ဆင်ပေးပြီးခါစအချိန်တွင်ပင် ကျွန်မ အလုပ်ရှင် က လာပြီး၊ ကျွန်မကို ဘေးအဆောက်အဦးသို့ ခေါ်သွားသည်။ တံခါးဆီသို့ ကျွန်မတို့ ရောက်သည့်အခိုက်၊ အစ်မရွန်းက ကျွန်မကို ထိုအထဲတွင် စောင့်နေသည်ဟု သူမက ကျွန်မကို ပြောခဲ့သည်။ ကျွန်မ အထဲဝင်လိုက်ပြီး၊ အစ်မရွန်း၊ သင်းအုပ်ဆရာ လျူနှင့် သူ့ဇနီးတို့ကို တွေ့လိုက်သည့်အချိန်တွင်၊ ကျွန်မ ချက်ချင်း စတင်ကြောက်လန့်လာပြီး၊ သူတို့မည်သည့်အရာကို လုပ်မည်ကို ကျွန်မ မသိခဲ့ပါ။ ဘုရားသခင်ကို တိတ်ဆိတ်သော ဆုတောင်းချက်တစ်ခု ကျွန်မ အမြန်ဆိုလိုက်သည်။ “အို ဘုရားသခင်၊ သူတို့က ကျွန်မနဲ့ ထပ်စကားပြောဖို့ လာကြပြန်ပြီ။ ကျေးဇူးပြုပြီး ကျွန်မကို ကွယ်ကာတော်မူပါ၊ သူတို့ကို ဖြေဖို့ အမြော်အမြင် ပေးပြီးတော့ ကျွန်မကို ကူညီပါ။” ဆုတောင်း ပြီးနောက် ကျွန်မ နောက်ထပ် မကြောက်တော့ဘဲ၊ စဉ်းစားမိခဲ့သည်။ သူတို့ ငါ့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို စွန့်ခွာဖို့ အတင်းခိုင်းရအောင် လာခဲ့ကြ တာလား။ ပြီးတော့ ငါငြင်းရင်၊ ငါ့အလုပ်ပြုတ်မလား။ သို့သော် ထို့နောက် အရာအားလုံးသည် ဘုရားသခင်၏ လက်တော်ထဲတွင်ရှိကြောင်းနှင့် ဘုရားသခင်၏ စီစဉ်မှုများအားလုံးသည် အမြဲတမ်း သင့်တော်ကြောင်း တို့ကို ကျွန်မ အမှတ်ရသောကြောင့် ကျွန်မ အလုပ်ပြုတ်လျှင်ပင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ စွန့်ခွာဦးမည် မဟုတ်ဟု သန္နိဌာန် ချမှတ်ခဲ့သည်။

ကျွန်မ သခင့်ကို စတင်ယုံကြည်ခဲ့သည့်အချိန်ကို သင်းအုပ်ဆရာက ကျွန်မအား မေးပြီးနောက်၊ သခင့်ကိုယုံကြည်မှုနှင့် ပတ်သက်သည့် အရာ များစွာကို ပြောခဲ့သည်။ ထို့နောက် သူက “ညီမ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်း သိလား။ ညီမ သူတို့နဲ့ ဆက်သွယ် နေတုန်းပဲလား။” ဟု ကျွန်မကို မေးခဲ့သည်။ ထို့နောက် သူက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် အရာများစွာကို ဆက်ပြောခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်သည့် မှားယွင်းသော စွပ်စွဲချက် များစွာကို ချပြခဲ့သည်။ သူ့ကို နားထောင်ရင်း ကျွန်မ ဒေါသထွက်လာပြီး “ဆရာ ပြောပြသွားတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ကျွန်မ အဆက် အသွယ်ရှိပြီး၊ တကယ်သိထားတဲ့ အသင်းတော်နဲ့ ဘာဖြစ်လို့ တစ်ခုမှ မတူရတာလဲ။ ကျွန်မတို့အားလုံး အွန်လိုင်းက အကြောင်းအရာတွေကို တွေ့ဖူးတယ်။ ကျွန်မ တွေ့ဖူးတာတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ထုတ်လုပ်တဲ့ ရုပ်ရှင်တွေနဲ့ ဗီဒီယိုတွေအပြင်၊ ညီအစ်ကိုမောင်နှမတွေ ရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ သက်သေခံချက်တွေပဲ။ ကျွန်မက အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်ချီမှု တစ်ချို့ကိုလည်း ကြည့်ဖူး တယ်၊ ဒါပေမဲ့ ကျွန်မတွေ့သမျှကတော့ ဗလာကျင်းပြီး၊ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ အလိမ်အညာ တွေ အများကြီး ဖြစ်တယ်။ အဲဒါတွေက အဲဒီ ကောလာဟလတွေရဲ့ တစ်ခုကိုတောင် ထောက်ပံ့ပေးနိုင်တဲ့ ယုံကြည် လက်ခံနိုင်လောက်တဲ့ သက်သေအထောက်အထား တစ်စက်မှ မပေးနိုင်ဘူး။ အဲဒါတွေက ရသမျှတွေစုပေါင်းထားတာကနေ ဖန်တီးထားတာ ဒါမှမဟုတ် ရှိပြီးသား မုသားတစ်ခုကို ယူပြီး၊ အဲဒီမုသားကို မွမ်းမံပြီးတော့၊ ထပ်ပြီး ဖြန့်ဖြူးထားတာ။ ဒါတွေအားလုံးက စာတန်ရဲ့ မုသားတွေဖြစ်လို့၊ အဲဒါတွေကို ကျွန်မ မယုံဘူး၊ ပြီးတော့ လုံးဝကို စိတ်မဝင်စားဘူး။ ဆရာက အပျက် သဘောဆောင်တဲ့ ကောလာဟလတွေကိုသာ ယုံကြည်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဝဘ်ဆိုက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဘယ်လိုလုပ်ပြီး တစ်ခါမျှတောင် မကြည့်တာလဲ။ ဆရာတို့ တစ်ယောက်မှ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်သလို၊ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကိုလည်း မစုံစမ်း မစစ်ဆေးဘူး၊ အဲဒီအစား ဆရာတို့က အဲဒါကို ကြိုက်သလို ပြစ်တင် ရှုတ်ချနေကြတယ်။ ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်လား။” ဟု ပြောလိုက်သည်။ သင်းအုပ်ဆရာက ကျွန်မကို တိုက်ရိုက် မဖြေဘဲ၊ ထိုအစား “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က အရမ်းမြန်မြန် တိုးချဲ့နေတယ်၊ ပြီးတော့ တခြား အသင်းတော်တွေက သူတို့ရဲ့ အသင်းသားတွေကို ခိုးဖို့ တက်တက် ကြွကြွကို သွားနေကြတယ်။ ညီမက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြောင်း မလျှော့တမ်းပြောနေတယ်ဆိုရင်၊ ဆရာတို့က ညီမကို နောက်ထပ် ကောင်း တော့မှာ မဟုတ်ဘူး။ ညီမက အခု အနန္တတန်ခိုးရှင် ဘုရားသခင်ကို ညီမယုံကြည်တဲ့အကြောင်းကို ဆရာတို့အသင်းတော်က ညီအစ်ကိုမောင်နှမ တွေအားလုံးကို ဆရာတို့က ပြောလိုက်မယ်၊ ဒါဆို ညီမ ဆရာတို့ ဝတ်ပြုဖို့ စုဝေးတာကို နောက်တစ်ခါ လာတဲ့အခါ၊ ညီမက သူတို့ကို ခေါ်ထုတ်သွားဖို့ လာတယ်ထင်ပြီး၊ သူတို့က ညီမကို ပစ်ပယ် ကြလိမ့်မယ်။” ဟု ပြောခဲ့သည်။ ထို့နောက်သူက ကျွန်မကို ခြောက်လှန့်ဖို့ မှားယွင်းသည့် သက်သေခံချက် တစ်ချို့ကို အသုံးပြုရန် ကြိုးစား သော်လည်း၊ သူပြောသမျှ တစ်ခုမျှ ကျွန်မအပေါ် ထိရောက်သော အကျိုး သက်ရောက်မှု မရှိခဲ့ပါ။ အမှန်မှာမူ ကျွန်မက ပို၍ပင် ရဲဆေးတင် လိုက်သည်ဟု ခံစားရပြီး၊ “ဆရာတို့ပြောနေတဲ့ ဟာတွေက၊ အဲဒါ တကယ်ဖြစ်လာတာ ဆရာ ကိုယ်တိုင်ကိုယ်ကျ မြင်လား။ ဒါမှမဟုတ် ဆရာက နှံ့စပ်တဲ့ စုံစမ်းစစ်ဆေးချက်တစ်ခုလုပ်ခဲ့ပြီး၊ ခိုင်မာတဲ့ သက်သေ အထောက်အထား ရထားလား။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က အသင်းသားတွေက ဒါတွေအားလုံး လုပ်တယ်ဆိုတာ ဆရာ့မှာ ဘာသက်သေရှိလဲ။ သက်သေအထောက်အထား ဘယ်မှာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချဖို့နဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ကို မှားမှားယွင်းယွင်း စွပ်စွဲပြီး၊ သက်သေခံဖို့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနဲ့ ဘာသာရေးအသိုင်းအဝိုင်းက ဖြန့်ဝေတဲ့ ကောလာဟလတွေနဲ့ မှားယွင်းတဲ့ သက်သေခံချက်တွေကို ဆရာက လက်ခံနေတာပဲ။ ဆရာက ဖာရိရှဲတွေ အစီရင်ခံရသလို သခင့် စီရင်ခံရ မှာကို စိတ်မပူဘူးလား။” ဟု ပြောလိုက်သည်။

ကျွန်မက “သခင်ယေရှုက သူ့ပြန်ကြွလာခြင်းအကြောင်း ဟောကိန်း ထုတ်ခဲ့တယ်။ ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၅) ဒါက ဘာကိုဆိုလိုတာလဲ။ လက်ရှိမှာ ဘာသာရေးအသိုင်းအဝိုင်း တစ်ခုလုံးနဲ့ တရုတ်ပြည်ရဲ့ ဘုရားမဲ့ ကွန်မြူနစ်ပါတီ အစိုးရတို့က အနန္တတန်ခိုးရှင် ဘုရားသခင် ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို အာခံပြီး ပြစ်တင်ရှုတ်ချဖို့ သူတို့ အစွမ်းကုန် ကြိုးစားနေကြတယ်။ အဲဒါက သခင့် ဟောကိန်းကို မပြည့်ဝ စေဘူးလား။ ဒီနေ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဘာသာရေး အသိုင်းအဝိုင်းက အာခံခြင်းနဲ့ ပြစ်တင်ရှုတ်ချခြင်းတို့က အဲဒီနှစ်တွေတုန်းက သခင်ယေရှုကို ဂျူးလူမျိုးဖာရိရှဲတွေရဲ့ အာခံခြင်းနဲ့ ပြစ်တင် ရှုတ်ချခြင်းတို့နဲ့ အတိအကျ တစ်ထေရာတည်း မဖြစ်နေဘူးလား။ ဖာရိရှဲတွေက သခင်ယေရှုကို အာခံပြီး၊ သူက ဟောကိန်းထုတ်ထားတဲ့ မေရှိယ ဆိုတာကို ငြင်းပယ်ကြတယ်၊ ဒါပေမဲ့ သခင့်တပည့်တော်တွေက သခင်ယေရှုက ပရောဖက်ပြုခြင်းတွေထဲမှာ ဟောကိန်းထုတ်ထားတဲ့ မေရှိယဖြစ်တယ်ဆိုတာ ကို သတိပြုမိနိုင်တာကြောင့်၊ သူ့နောက်ကို လိုက်ကြတယ်။ ပြီးတော့ ဒီနေ့မှာ ကျွန်မတို့က အဲဒီတစ်ထေရာတည်း အခြေအနေမှာပဲ ကိုယ့်ကိုယ်ကိုယ် တွေ့ရတယ်။ သင်းအုပ်တွေနဲ့ အကြီးအကဲတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်မခံကြဘူး၊ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို အာခံပြီး၊ ပြစ်တင်ရှုတ်ချကြတယ်၊ ဒါပေမဲ့ ဂိုဏ်းဂဏ အမျိုးစုံက သိုးကောင်းတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ ဘုရားသခင်ရဲ့ အသံတော်ကို ကြားပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တာကို သတိပြုမိကြတယ်။ အဲဒါ ဘယ်လိုဖြစ်လို့လဲ။ ဘုရားသိုးတွေက ဘုရား အသံတော်ကို ကြားနိုင်တယ်၊ ပြီးတော့ ဘုရားရဲ့ ပြန်ကြွလာခြင်းက သိုးတွေကို ဆိတ်တွေဆီကနေ ခွဲထုတ်မယ်လို့ သခင်ယေရှုက မိန့်တော်မူခဲ့တယ်။ ကျွန်မက သခင့်ကို အချိန်တိုလေးသာ ယုံကြည်ခဲ့တာ ဖြစ်ပြီး၊ သမ္မာကျမ်းစာကို အဲဒီလောက် ကောင်းကောင်း နားမလည်လို့၊ သခင်က သိုးတွေကို ဆိတ်တွေဆီကနေ ဘယ်လိုခွဲမယ်ဆိုတာကို ကျွန်မ မသိပါဘူး။ ဆရာလျူ၊ ဆရာက ဓမ္မကျောင်းတွေ သွားဖူးတယ်၊ ပြီးတော့ သင်းအုပ်ဆရာတစ်ယောက် ဖြစ်တာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဆရာများ အဲဒါကို ကျွန်မကို ရှင်းပြနိုင်ကောင်းမယ် ထင်တာပဲ။” ဟု ဆက်ပြောခဲ့သည်။ သင်းအုပ်ဆရာလျူ က ဤအရာကို ကျွန်မအား မည်သို့ ရှင်းရှင်းလင်းလင်း ရှင်းပြရမည်ကို မသိသောကြောင့် ကျွန်မကို ဒေါသတကြီးကြည့်လိုက်သည်။ သူက “ဆရာတို့ ယုံကြည်သူတွေက ဗိတ္တိဇံခံခဲ့လို့ ထာဝရအသက်ကို ရရှိတယ်။” ဟု သာ ပြောလေသည်။ ထို့ကြောင့် ကျွန်မက “ဘာရယ်။ ထာဝရအသက်ကို ရတာဟာ အဲဒီလောက် လွယ်သလား။ ဒါဆို ဆရာ့အသင်းတော်ကို လာပြီး ဗိတ္တိဇံခံတဲ့ လူတိုင်းက ကောင်းကင်နိုင်ငံတော်ကို ဝင်ရမှာပေါ့။ အဲဒါက သခင်ပြောတာနဲ့ ကိုက်ညီရဲ့လား။ သူတို့အားလုံးက သခင့်ကို စစ်မှန်တဲ့ နှလုံးသားနဲ့ ချဉ်းကပ်တဲ့လူတွေလား။ သူတို့အားလုံးက ကောင်းကင်ဘုံ က ဖခမည်းတော်ရဲ့ အလိုတော်အတိုင်း လိုက်နာကြလား။ အသင်းတော် မှာ ဒေသနာတိုင်းက အလှူငွေပေးတာကို ပြောပေမဲ့ သခင်က အလှူငွေပေးတာဟာ သခင့်ကို ချစ်တာနဲ့ အတူတူပဲလို့ တစ်ခါမှ မပြောဖူးဘူး။ ဒါဆို သခင့်ကို ချစ်တယ်ဆိုတာ ဘာလဲ။” ဟု ပြောလိုက်သည်။ သင်းအုပ်ဆရာလျူက “သမ္မာကျမ်းစာကို အများကြီး ဖတ်ရှုတာနဲ့ ဆုတောင်းတာက သခင့်ကိုချစ်တာပဲလေ။” ဟု ပြန်ဖြေခဲ့သည်။ သခင်ဆိုလိုသည့် စစ်မှန်သော ချစ်ခြင်းဆိုသည်မှာ မည်ည့်အရာ ဖြစ်သည်ကို ကျွန်မ မသိသော်လည်း၊ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းနှင့် များစွာ ဆုတောင်းခြင်းတို့က သခင်ကို ချစ်ခြင်းဖြစ်သည်ဟု ပြောခြင်းက မိုက်မဲသည်ကို ကျွန်မသိလေသည်။ ဖာရိရှဲများက သမ္မာကျမ်းစာ ကို များစွာဖတ်ရှုပြီး များစွာဆုတောင်းခဲ့သော်လည်း၊ ထိုအရာက သူတို့ သခင့်ကို ချစ်သည်ဟု ဆိုနိုင်ပါသလား။ သူတို့က သခင့်ကို ချစ်ခဲ့ပါက၊ သူ့ကို အဘယ့်ကြောင့် ပြစ်မှားစော်ကားပြီး၊ ပြစ်တင်ရှုတ်ချခဲ့ကြကာ၊ ကားတိုင်တွင် သံမှိုစွဲခဲ့ကြသနည်း။ သင်းအုပ်ဆရာက သခင့်ကို ချစ်ခြင်းက မည်သည့်အရာ ဖြစ်သည်ကို လုံးဝ နားမလည်ပုံရလေသည်။ သင်းအုပ်ဆရာက သမ္မာကျမ်းစာ ဆိုင်ရာ အသိပညာနှင့် ဓမ္မပညာဆိုင်ရာ သီအိုရီများကို ကောင်းစွာနားလည် နိုင်သော်လည်း၊ ထိုသည်မှာ သူတို့က သမ္မာတရားများကို နားလည်သည်ဟု မဆိုလိုပါ။ သို့သော်လည်း ကျွန်မက ယခင်က ထိုးထွင်းသိမြင်မှု လုံလုံ လောက်လောက် မရှိခဲ့ဘဲ၊ သူတို့ကို အလွန်မြင့်မားစွာ အလေးထားခဲ့ခြင်း အတွက် မိမိကိုယ်ကိုသာ အပြစ်တင်နိုင်ပါသည်။

ဤအရာကို ကျွန်မ နားလည်သဘောပေါက်သည့်အချိန်တွင် သင်းအုပ်ဆရာလျူနှင့် ဆက် စကားရည်လုဖို့ အကျိုးမရှိသည်ကို ကျွန်မ မြင်လာသောကြောင့် စကားပြောခြင်းကို ရပ်တန့်လိုက်သည်။ သို့သော် သင်းအုပ်ဆရာထံတွင် ပြောစရာများ ပိုရှိနေသေးသည်။ “သခင်က ဘုရားရဲ့အမှုတော်ကို ဆောင်ရွက်ဖို့ မိန်းမတစ်ယောက် အနေနဲ့ လူ့ဇာတိခံပြီး ပြန်ကြွလာခဲ့ပြီလို့ သူတို့ပြောတာကို ညီမသိလား။” ကျွန်မက “သခင်က အမှုတော်ကို ဆောင်ရွက်ဖို့ ပြန်ကြွလာပြီး၊ လူ့ဇာတိခံတဲ့အခါမှာ သခင်ယူတဲ့ ပုံစံက ဘုရားသခင်ရဲ့ အလုပ်ဖြစ်တယ်။ ကျွန်မတို့ကဘုရားသခင် ဖန်ဆင်းထား တဲ့ သေးငယ်ပြီး အရေးမပါတဲ့ သူတွေ ဖြစ်တာကြောင့် ဘုရားအလုပ်အတွက် ကျွန်မတို့ ဘယ်လို စည်းမျဉ်းတွေ ချမှတ်နိုင်သလဲ။ သမ္မာကျမ်းစာထဲမှာ ‘ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင် ဘက်ပြုသနည်း။’ (ရောမဩဝါဒစာ ၁၁:၃၄) လို့ ပြောထားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောတာက- ‘လူသားသည် ဘုရားသခင်၏ အမှုကို မသတ်မှတ်သင့်ပေ။ ထို့အပြင် လူသားတို့သည် ဘုရားသခင်၏ အမှုကို မသတ်မှတ်နိုင်ပေ။ ဘုရားသခင်၏ အမြင်တွင် လူသားသည် ပုရွက်ဆိတ် တစ်ကောင်မျှပင် အရေးမပါပေ။ သို့ဖြစ်လျှင် လူသားသည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) လို့ဖြစ်တယ်။ ဘုရားသခင်က အရာအားလုံးရဲ့ ဖန်ဆင်းရှင်ဖြစ်ပြီး၊ ဘုရားသခင် ရဲ့ အမြော်အမြင်က အရာအားလုံးထက် သာလွန်တဲ့အတွက် ဘုရားသခင်က သူ့အမှုတော်ကို ဘယ်လိုပဲ ဆောင်ရွက်ပါစေ၊ လူတွေကို အရင် အသိပေးနေဖို့ မလိုဘူး။” သူတို့မှာ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေခြင်း နှင့် စုံစမ်းစစ်ဆေးခြင်းတို့တွင် တစ်စက်မျှ စိတ်ပါဝင်စားခြင်း မရှိဘဲ၊ စာအုပ်ကြီးအတိုင်း အမှားလိုက်ရှာလိုပြီး၊ ဘုရားသခင်ကို တိုက်ခိုက်ရန် နှင့် ပြစ်မှားစော်ကားရန်၊ ကျွန်မကို ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခြင်းမှ ဟန့်တားရန် တို့အတွက် အခွင့်အလမ်းများကိုသာ ရှာဖွေလိုသည်ကို မြင်သည့်အတွက်၊ ကျွန်မက စကားပြောခြင်းကို မဆက်ဖို့ ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် ကျွန်မက သူတို့ကို “ဆရာတို့ ဒီနေ့ အလှပြင်ဆိုင်ကို လာကြတာဟာ ကျွန်မ ဒီက အလုပ်ကို ဘယ်လို ထိခိုက်မယ်ဆိုတာ ဆရာတို့ တစ်ခါလောက် တွေးခဲ့ကြလား။” ဟု မေးခဲ့သည်။ ကျွန်မ လုံးလုံး အံ့အားသင့်စွာပင်၊ သင်းအုပ်ဆရာက ကျွန်မကို တိုက်ရိုက် လိမ်ညာပြီး၊ “ညီမအလုပ်ရှင်က ဒီစကားပြောတာကို ဘာအကြောင်းလဲဆိုတာ မသိဘူး။” ဟု ပြောခဲ့သည်။ ယခင်က ဤသင်းအုပ်ဆရာ-လူများကို တရားဟောပြီး၊ ညွှန်ကြားကာ၊ သမ္မာကျမ်းစာကို ကောင်းစွာသိသည့် လူတစ်ယောက်- က ထိုသို့သော ဗြောင်ကျကျ မုသားကို ပြောနိုင် သည်ကို ကျွန်မ အလွန် တုန်လှုပ်ခဲ့လိမ့်မည်။ သို့သော်လည်း ဘုရား သခင်ကို ပြစ်မှားစော်ကားသည့် မုသားများကို သူတို့ ဖန်တီးသည်ကို ခုလေးတင် ကြားလိုက်ပြီးနောက်၊ ကျွန်မ လုံးဝ အံ့အားမသင့်တော့ပါ။ ဤအပြုအမူ အားလုံးက သူတို့အတွက် အင်မတန် ပုံမှန်ဖြစ်လွန်းသည်။ ကျွန်မက- “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာတရား မရှိသောကြောင့်၊ သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကို ပြောသောအခါ၊ မိမိပကတိအတိုင်း ပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏ အဘလည်း ဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၄၄) ဆိုသည့် သခင်ယေရှု၏ နှုတ်ကပတ်တော်များကို မတွေးဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဤစကားများကို ဘုရားသခင်ကို ပြောခဲ့သည်။ “ဘုရားသခင်၊ ကိုယ်တော့်ကို ကျေးဇူးတင် ပါတယ်။ သူတို့ဟာ သမ္မာတရားကို နားလည်မှု လုံးဝမရှိဘူး ဆိုတာရယ်၊ သူတို့က မုသားတွေကို မျက်နှာပြောင်တိုက် ဖြန့်ဝေပြီး၊ လူတွေကို လှည့်စားနေတဲ့ လူလိမ်တွေ ဆိုတာရယ်ကို ကျွန်မ မြင်နိုင်ဖို့ ဒီနေ့ ဒီအဖြစ်အပျက်ကို ကျွန်မကို ကိုယ်တော် ဖြစ်ပျက်ခွင့်ပေးခဲ့တယ်။ အမှန်တကယ်ကို၊ သူတို့က သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေပဲ ဖြစ်တယ်။” သူတို့ကို ကျွန်မ မည်သည့်အရာမျှ ထပ်မပြောလိုဘဲ၊ ချက်ချင်း ထွက်ခွာလိုခဲ့သည်။

ကျွန်မက ဤစကားပြောဆိုခြင်းကို ဆက်ဖို့ လုံးဝ စိတ်မပါသည်ကို မြင်သည့်အတွက် အစ်မရွန်းက ကျွန်မကို “ရီရှင်း၊ ညီမလေးရဲ့ ကလေးတွေနဲ့ မိဘတွေအတွက်ကို တွေးသင့်တယ်။” ဟု ပြောခဲ့သည်။ ကျွန်မက “သူတို့အားလုံး နေကောင်းတယ်၊ ကျွန်မတို့အားလုံး အဆင်ပြေတယ်။ ကျွန်မက တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် အရာအားလုံးရဲ့ ဖန်ဆင်းရှင်ကို ယုံကြည်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုရဲ့ ပြန်ကြွလာခြင်း ဖြစ်တယ်။ ဘုရားသခင်က လူတွေကို ချစ်ပြီး ကယ်တင်တဲ့ ဘုရားသခင် ဖြစ်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာနဲ့ လမ်းပြမှုတို့ကြောင့် ကျွန်မ မိသားစုက ပိုမိုကောင်းမွန် အဆင်ပြေလာ လိမ့်မယ်။” ဟု ပြန်ဖြေခဲ့သည်။ သင်းအုပ်ဆရာနှင့် အစ်မရွန်းတို့က ကျွန်မအတွက် ဆုတောင်းလိုကြသော်လည်း၊ ကျွန်မ ငြင်းဆိုခဲ့သည်။ သင်းအုပ် ဆရာက သတိပေးချက်တစ်ခုဖြင့် အဆုံးသတ်ခဲ့သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ညီမ မစွန့်ခွာဘူးဆိုရင်၊ ဆရာတို့ အသင်းတော်ဆီက ဝိုင်းပယ်တာကို ညီမ ခံရလိမ့်မယ်။” ကျွန်မက တွေးမိပါသည်။ “ပြီးတော့ ဒီခေတ်မှာ အသင်းတော်တွေက ဘာနဲ့တူလဲ။ အသင်းတော်ဟာ သခင်ယေရှု သူ့အမှုတော်ကို ပထမစတုန်းက ဗိမာန်တော် လိုပဲ။ ဓားပြတွင်းသက်သက်ပဲ။ ဝတ်ပြုအစည်းအဝေးတွေက ဝိညာဉ်ရေးရာ အထောက်အပံ့ တစ်ခုမှ မပေးဘူး၊ ဒါ့ကြောင့် ငါ့အတွက် ဘာများ လွမ်းစရာရှိလဲ။” ကျွန်မက ဘုရားသခင်၏ နောက်ဆုံးသော ကာလမှ အမှုတော်ကို လက်ခံခဲ့ပြီးဖြစ်သည်၊ သိုးသငယ်၏ ခြေလှမ်း အတိုင်း အမှီလိုက်နေခဲ့သည်၊ ပြီးလျှင် ဘုရားပလ္လင်တော်ရှေ့သို့ လာရောက်ခဲ့ပြီ။ ကျွန်မက ခရစ်တော် ထုတ်ပေးသည့် အသက်ရှိသော အသက်ရေဖြင့် ထောက်ပံ့ခံရပြီး၊ ဘုရားသခင်၏ မျက်နှာချင်းဆိုင် ရေလောင်ခြင်းနှင့် ထိန်းကျောင်းခြင်းတို့ကို ပျော်မွေ့နေခဲ့သည်။ ကျွန်မက ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး မိန်းမတစ်ယောက် ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ယခုအခါ ကျွန်မ၏ စစ်မှန်သော နေအိမ် ဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်က ပြောသည်မှာ “လက်ရှိတွင် စီစဉ်ထားသော အရာအားလုံး၏ ရည်ရွယ်ချက်မှာ သင်တို့၏ အသက်တာများတွင် သင်တို့ ကြီးထွားနိုင်ကြဖို့အလို့ငှာ သင်တို့ကို လေ့ကျင့်ပေးဖို့၊ သင်တို့၏ စိတ်ဝိညာဉ်တို့ကို စိတ်အားထက်သန်စေကာ ထက်မြက်စေဖို့နှင့် ဘုရားသခင်ထံမှ မည်သည့်အရာများ လာသည်ကို သင်တို့ သတိပြုမိဖို့အလို့ငှာ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများကို ဖွင့်ပေးဖို့ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဟု ဖြစ်သည်။ ကျွန်မအပေါ် သနားကရုဏာထားရှိပြီး၊ ကျွန်မ ထိုးထွင်းသိမြင်မှု ရရှိစေဖို့ ဘာသာရေးအင်အားစုများ၏ နှောင့်ယှက်ခြင်းကို အသုံးပြုခြင်း အတွက် ဘုရားသခင်ကို ကျွန်မ အလွန်ကျေးဇူးတင်ပါသည်။ ဘာသာရေး သင်းအုပ်ဆရာများသည် အလိမ်အညာများဖြင့် မည်မျှ ပြည့်နှက်နေ သည်၊ သူတို့က ဘုရားသခင်၏နောက်ဆုံးသောကာလ အမှုတော်ကို မည်သို့ အာခံပြီး ပြစ်တင်ရှုတ်ချသည်၊ ပြီးလျှင် သူတို့က ဘုရားသခင် အတွက် ချစ်ကြောက် ရိုသေမှု တစ်စက်မျှ မရှိပုံ တို့ကို ကျွန်မ မြင်လာ သည်။ သူတို့ ဝတ်ပြုလူစုသည် သူတို့၏ အပြစ်ရှိသော လမ်းခရီးကိုသာ မည်သို့ ဖက်တွယ်ထားသည်၊ သူတို့က ရုပ်ဝတ္ထုဆိုင်ရာလောက၏ ခေတ်စားမှုများ နှင့် ရေပန်းစားမှုများနောက်ကိုသာ မည်သို့လိုက်သည်၊ ပြီးလျှင် သူတို့က ဘုရားသခင်ကို ယုံကြည်သူများကဲ့သို့ လုံးဝ မပြုမူသည် တို့ကို ကျွန်မ မြင်ခဲ့သည်။ ဤအရာအားလုံးက ဘာသာရေး အသိုင်းအဝိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော် နောက်ထပ် လုံးဝ မရှိတော့ကြောင်းနှင့်၊ ထိုအသိုင်းအဝိုင်းသည် အမှောင်နှင့် စာတန်၏ ထိန်းချုပ်မှုအောက်တွင် မွန်းကျပ်နေကြောင်း တို့ကို ကျွန်မ ပို၍ပင် သေချာလာ ခဲ့သည်။ တစ်ချိန်တည်းမှာပင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုမောင်နှမများက သမ္မာတရားကို ရှာဖွေလိုက်စားပြီး၊ ဘုရား နှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် ဘုရားသခင်ကို သိဖို့ ကြိုးစားကြသည်၊ သူတို့ အခက်အခဲများ ကြုံတွေ့ သည့်အချိန်တွင် သူတို့၏ ပြဿနာများကိုဖြေရှင်းဖို့ ဘုရား နှုတ်ကပတ်တော်များကို အသုံးပြုဖို့ ကြိုးစား သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အတွင်းတွင် သမ္မာတရား လုံးလုံး၊ ဘုရား နှုတ်ကပတ်တော်များ နှင့် အုပ်စိုးသည့် သန့်ရှင်းသော ဝိညာဉ်တော်တို့ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖြစ်မြောက်အောင်မြင်ရမယ်၊ ပြီးလျှင် ပြောထားသည့် အရာများ ဖြစ်မြောက်လိမ့်မယ်။ ဘုရားသခင် ဖြစ်မြောက်အောင်မြင်လိုသည့် အရာကို မည်သူမျှ ပိတ်ပင်တားဆီးနိုင်ခြင်း မရှိဘဲ၊ ဤသည်မှာ ငြင်းဆန်မရ နိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား အမှန်တကယ် ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဖန်ဆင်းခြင်း၏ သခင်၏ အထင်အရှား ပြသခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် နောက်ကို ကျွန်မ ကျန်သည့် တစ်ဘဝလုံး လိုက်ဖို့ ဆန္ဒရှိပါသည်။

အရှေ့သို့- ၃၀။ ထိုနေ့တွင် ကောင်းကင်က အထူးသဖြင့် ကြည်လင်ပြီး နေသာသည်

နောက်တစ်ခုသို့- ၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၂၃။ တိုက်ပွဲတစ်ခု

ဇန်ဟွေ တရုတ်ပြည်ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။