၇။ ကျမ်းစာထဲတွင်၊ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။” (သက်သာလောနိတ် ဩဝါဒစာ ပဋ္ဌမစောင် ၄: ၁၆) ဟု ရေးသားထားသည်။ သင်က သခင်ယေရှု ပြန်ကြွလာပြီဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် ကောင်းကင်တမန်မင်း၏ အော်ဟစ်ခြင်း သို့မဟုတ် အသံ၊ သို့မဟုတ် ဘုရားသခင်၏ တန်ပိုးတော်ကို ကျွန်ုပ်တို့ မကြားရသေးသကဲ့သို့၊ သေလွန်ပြီးသော သန့်ရှင်းသူတို့ တစ်ဖန် ထမြောက်ကြသည်ကိုလည်း ကျွန်ုပ်တို့ မရှုမြင်ရသေးပါ။ သို့ဆိုလျှင် ယင်းသည် သခင် ပြန်ကြွလာပြီးဖြစ်သည်ကို မည်သို့ သက်သေပြနိုင်မည်နည်း။

အဖြေ-

“သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။” (သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄:၁၆) ဟု ဆိုထားသော သမ္မာကျမ်းစာထဲရှိ ပေါလု၏ စကားများအပေါ်အခြေခံ၍ သခင်ပြန်ကြွလာပြီးခြင်းဟုတ်မဟုတ်ကို အကဲဖြတ်ရန် သင့်အတွက် မှန်ကန်သလော။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ လူ၏ စကားများနှင့် စာတန်နတ်ဆိုး၏ စကားများပင်ပါဝင်သည်မှာ ရှင်းလင်းသည့် အမှန်တရားဖြစ်သည်။ သခင့်အားကြိုဆိုခြင်းနှင့်ပတ်သက်လျှင် သင်သည် အဘယ်ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီ မလုပ်ဆောင်ဘဲ လူ၏ စကားများအတိုင်း လုပ်ဆောင်သနည်း။ လူ၏ စကားများသည် အားလုံးသမ္မာတရားဖြစ်သည်ဟု သင်ယုံကြည်သလော။ သမ္မာတရားနှင့် အားလုံးကိုက်ညီသည်ဟု ယုံကြည်သလော။ သင်ညွှန်းဆိုကိုးကားသော စကားများသည် ပေါလုမှ ဆိုထားခြင်းဖြစ်သည်။ ပေါလုသည် လူသားတစ်ယောက်ဖြစ်သည်။ ဘုရားမဟုတ်ပေ။ ဤသို့ဆိုလျှင် သခင့်အားကြိုဆိုခြင်းအတွက် အခြေပြုချက်အဖြစ် သူ၏ စကားများကို မည်သို့အသုံးပြုနိုင်မည်နည်း။ သခင်ပြန်ကြွလာခြင်းပါဝင်သည့် အမှုကိစ္စများအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာလျှင် အခြေပြုချက်တစ်ခု ပံ့ပိုးပေးနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ သမ္မာတရားဖြစ်ခြင်းကြောင့် သခင်ယေရှုကိုယ်တိုင်ပြောကြားသည့် ပရောဖက်ပြုချက်များထက် မည်သည့်အခြေပြုချက်ကမျှ ပို၍မတိကျပေ။ လူသားသည် သမ္မာတရားမရှိပေ။ သူ၏ စကားတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပွင့်စေခြင်းနှင့် အလင်းပေးခြင်းတို့ခံရလျှင်ပင် ယင်းတို့ကို သမ္မာတရားအဖြစ်မှတ်ယူပြီး လိုက်နာသင့်ဖို့မဆိုထားနှင့်။ ယင်းတို့သည် သမ္မာတရားပင်မဟုတ်ပေ။ ဤသို့ဆိုလျှင် သခင်ယေရှုသည် သူ၏ ပြန်ကြွလာခြင်းအကြောင်းအပေါ် မည်သည့်အရာကို ပြောဆိုခဲ့သနည်း။ သခင်ယေရှုက၊ “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိ တော်မူ၏။(ရှင်မဿဲခရစ်ဝင် ၂၄:၃၆)ဟူ၍ ပြောဆိုခဲ့သည်။ သခင်ယေရှုသည် ဤအရာအား လုံးဝ မပြတ်သားမရှင်းလင်းမှုမပါဝင်ဘဲ တိုက်ရိုက်ပြောဆိုခဲ့သည်။ သခင်ယေရှုမည်သည့်အချိန်တွင် ပြန်ကြွလာမည်ကို မည်သူမျှမသိ။ ကောင်းကင်ဘုံမှ ကောင်းကင်တမန်များပင်၊ သို့မဟုတ် လူ့ဇာတိခံလူသားကိုယ်တိုင်ပင် မသိပေ။ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည့် ခမည်းတော်သာ သိသည်။ ဤသို့ဆိုလျှင် သခင့်အားကြိုဆိုရာ၌ လုပ်ဆောင်ရန် တိကျမှန်ကန်မှုအရှိဆုံးအရာမှာ သခင်ယေရှု၏ နှုတ်ကပတ်တော်များကိုသာ အခြေခံပြီး ရှာဖွေစုံစမ်းရန်ဖြစ်သည်။ လူသား၏ မည်သည့်ပရောဖက်ပြုချက်များကမျှ အခြေပြုချက်တစ်ခုခုအဖြစ် အသုံးပြုနိုင်ဖို့မဆိုထားနှင့်။ တိကျမှန်ကန်မှုပင် မရှိပေ။ ဤသို့ဆိုလျှင် သခင်ယေရှုသည် အော်မြည်လျက်ဖြင့်၊ ကောင်းကင်တမန်မင်း၏ အသံဖြင့်၊ ဘုရားသခင်၏ တံပိုးခရာဖြင့် ပြန်လာမည်၊ သေသူတို့ ထမြောက်လိမ့်မည်ဟု သခင်ယေရှု၏ နှုတ်ကပတ်တော်များက ဆိုသလော။ မဆိုပေ။ ထို့ကြောင့် ဤဖြစ်ရပ်များ မဖြစ်ပေါ်သောကြောင့် သခင်ပြန်မကြွလာသေးဟု ပေါလု၏ စကားတွင်အခြေခံထားသော သင်၏ ကောက်ချက်ချမှုသည် လုံးလုံး အဓိပ္ပာယ်မရှိပေ။

သခင်၏ နှုတ်ကပတ်တော်များကို အခြေခံပြီး သခင်ပြန်ကြွလာခြင်းကို ကျွန်ုပ်တို့ ကြိုဆိုကြသည်။ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆) “ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၁၂:၄၀)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)ဟူ၍ သခင်က မိန့်ဆိုခဲ့သည်။ သခင်၏ နှုတ်ကပတ်တော်များက ရှင်းလင်းသည်။ ဘုရားသခင်၏ ရွေးချယ်ထားသောသူတို့အား ဘုရားသခင်၏အသံတော်ကို ကြားစေလျက်ဖြင့် သခင်သည် မည်သည့်လူပုဂ္ဂိုလ်၊ သို့မဟုတ် ကောင်းကင်တမန်တို့မျှ မသိရှိသည့် အခြေအနေများအောက်တွင် သမ္မာတရားကို ဖော်ပြပြီး လူသားမှ မျှော်လင့်မထားသည့်အချိန်တွင် လာသည်။ ဘုရားသခင် ရွေးချယ်ထားသောသူတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားပြီး သခင့်အား သတိပြုမိသောအချိန်သည် ဘုရားသခင်၏ ပုလ္လင်တော်ရှေ့သို့ ၎င်းတို့ချီဆောင်ခံရသောအချိန်ဖြစ်သည်။ ချီဆောင်ခံရပြီးနောက် သခင်ပြန်ကြွလာပြီ၊ သခင်ပေါ်ထွန်းပြီး စတင်အလုပ်လုပ်နေပြီဟု စတင်သက်သေခံပြီး ဤသို့ဖြင့် သခင်ယေရှု၏ ပရောဖက်ပြုချက်ကို ပြည့်စုံစေသည့်သူတို့မှာ ဤလူများဖြစ်သည်။ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)သခင်ရောက်ရှိလာခြင်းကို ကြိုဆိုခြင်းမှာ ဤမျှ ရိုးရှင်းသည်။ သခင်ယေရှု၏ ပရောဖက်ပြုချက်များအပေါ် လုံးဝ အခြေခံထားပြီး အမှားအနည်းငယ်မျှပင်မရှိပေ။ အော်သံတစ်ခု၊ ကောင်းကင်တမန်မင်း၏ အသံ၊ သို့မဟုတ် ဘုရားသခင်၏ တံပိုးခရာကို ကြားဖို့၊ သို့မဟုတ် သေသူများထမြောက်သည်ကို ရှုမြင်ဖို့ အာရုံစိုက်ရန် လူတို့အတွက် မလိုအပ်ပေ။ ထိုအရာအားလုံးမှာ အဓိပ္ပာယ်မရှိပေ။ သခင်ပြန်ကြွလာခြင်း၏ သက်သေအတွက် အခြေပြုချက်တစ်ခုသာ ရှိသည်။ ယင်းမှာ ဘုရားသခင်၏အသံတော်ကို ကြားခြင်း၊ လူတို့က ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များက သမ္မာတရားနှင့် ဘုရားသခင်၏ အသံတော် ဖြစ်သည်ကို မြင်ခြင်းဖြစ်သည်။ ဤသည်မှာ အကောင်းဆုံးသက်သေဖြစ်သည်။ ထိုအရာကို သင်မယုံကြည်လျှင်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များအားလုံးကို သင်၏ မျက်စိဖြင့် ကြည့်လော့။ ယင်းတို့သည် ဘုရားသခင်၏ အသံတော်များဖြစ်သည်ကို သင်သတိပြုမိပြီး လက်ခံလျှင် သင်သည် သခင်၏အသံတော်ကိုကြားပြီး သခင့်အား ကြိုဆိုသည့် ဉာဏ်ပညာရှိသော သတို့သမီးဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောက၊ ”လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဟု ပြောသကဲ့သို့ ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်က လူအုပ်စုတစ်စုအား အောင်မြင်သူများအဖြစ်သို့ စုံလင်စေသည့် အမှန်တရား၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခုချင်းစီတိုင်းအား ပြည့်စုံစေသည့် အမှန်တရားကို သင်မြင်သည်အထိလည်း သင်စောင့်နိုင်သည်။ သို့သော် သင်သည် အနန္တတန်ခိုးရှင်ဘုရားသခင်အား လက်ခံရန် ထိုနေ့အထိစောင့်လျှင်၊ အလွန်နောက်ကျသွားမည်ဖြစ်ပြီး ဘုရားသခင်က ပွင့်လင်းစွာ ပေါ်ထွန်းနှင့်ပြီးဖြစ်လိမ့်မည်။

အရှေ့သို့- ၆။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ငါတို့ ဖတ်ရှုပြီးဖြစ်သည်။ ၎င်းတို့သည် ဩဇာအာဏာနှင့် တန်ခိုးတို့ ပိုင်ဆိုင်ပြီး ဘုရားသခင်၏ အသံတော် ဧကန်အမှန်ဖြစ်ကြပါသည်။ သို့သော် သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သမ္မာကျမ်းစာထဲတွင်၊ “ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။ သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသော ဧဝံဂေလိတရားကို ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကို ခံစေ။” (ဂလာတိ ၁:၆-၈) ဟု ရေးသားထားသည်ဟု ဆိုကြသည်။ ပေါလုပြောထားသည့် ဤနှုတ်ကပတ်တော်များအတိုင်း လိုက်နာရင်း၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင် ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည်မှုသည် သခင်ယေရှု၏ နာမတော်မှ၊ ပြီးလျှင် သခင်ယေရှု၏ လမ်းခရီးမှ သွေဖည်သည်ဟု ဆိုကြသည်။ ကျွန်ုပ်တို့က အခြားသော ဧဝံဂေလိတရားကို ယုံကြည်ကြပြီး၊ ဤသည်မှာ ယုံကြည်မှုကို စွန့်ပယ်ခြင်း၊ သခင့်ကို သစ္စာဖောက်ခြင်းတစ်ခုဖြစ်သည်ဟု ဆိုကြသည်။ ၎င်းတို့ ပြောသည့်အရာ မှားသည်ဟု ကျွန်ုပ်တို့ ခံစားရသော်လည်း၊ ၎င်းတို့ မည်သည့်နည်းလမ်းတွင် မှားယွင်းသည်ကို ကျွန်ုပ်တို့ သေချာမပြောနိုင်ကြပါ။ ကျေးဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့နှင့်အတူ မိတ်သဟာယပြုပေးပါ။

နောက်တစ်ခုသို့- ၈။ သမ္မာကျမ်းစာကို ဖတ်ရှုရာတွင်၊ ပညာသတိရှိသော သတို့သမီးများ၏ ဆီပြင်ဆင်ခြင်းသည် ဆုတောင်းခြင်း၌ စွဲမြဲခြင်းနှင့် အစည်းအဝေးများ တက်ရောက်ရာတွင်၊ သခင့်အတွက် လုံ့လရှိစွာ အလုပ်လုပ်ခြင်း၊ ပြီးလျှင် သခင်၏ ပြန်ကြွလာခြင်းကို နိုးနိုးကြားကြား စောင့်ဆိုင်းခြင်းတို့ကို ရည်ညွှန်းသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ဤသည်မှာ ပညာရှိ သတို့သမီး ဖြစ်ခြင်းကို ဆိုလိုသည့်အရာဖြစ်ပြီး သခင် ပြန်ကြွလာသည့်အခါ၊ ကျွန်ုပ်တို့သည် မင်္ဂလာဆောင်လုလင်ကို ကြိုဆိုကာ သိုးသငယ်၏ ပွဲတော်ကို တက်ရောက်ရကြပါလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။