၂။ ကျွန်ုပ်တို့ နားလည်ကြသည့်အတိုင်းဆိုပါက၊ ဂုဏ်သတင်းကြီးသည့် နိုင်ငံတကာ ဘာသာရေး ကျွမ်းကျင်သူများနှင့် ပါရမီရှိသူများ အချို့သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ပေါ်ထွန်းစရှိသည့် ခရစ်ယာန်အသင်းတော်တစ်ပါးဖြစ်သည်ဟု သတိပြုမိကြပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့် ရိုးရာအစဉ်အလာ ခရစ်ယာန်ဘာသာတို့ကြား ခြားနားချက်မှာ အဘယ်နည်း။

အဖြေ-

လူ့ဇာတိခံသခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုပြီးနောက်တွင် ခရစ်ယာန်ဘာသာတရား ဖြစ်တည်လာသည်။ ကျေးဇူးတော်ခေတ်နှင့် သက်ဆိုင်သည်မှာ ခရစ်ယာန်အသင်းတော်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး နိုင်ငံတော်ခေတ်ကို စတင်လျက် ကြွရောက်လာပြီဖြစ်သည်။ ပြီးလျှင် သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှု၏ အခြေခံအုတ်မြစ်အပေါ်တွင် သူသည် သမ္မာတရားကို ဖော်ပြပြီး ဘုရားအိမ်တော်မှစတင်သည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်လျက်ရှိသည်။ ခရစ်ယာန်ဂိုဏ်းဂဏများအားလုံးတွင် သမ္မာတရားကို ချစ်ပြီး သခင်ပေါ်ထွန်းခြင်းကို တောင့်တသောသူများစွာသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ဘုရားသခင်၏အသံတော်ကို အသိအမှတ်ပြုလာခဲ့ကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှုပြန်ကြွလာခြင်းဖြစ်သည်ဟု ၎င်းတို့က အခိုင်အမာလက်ခံယုံကြည်လာခဲ့ပြီး တစ်ဦးချင်းစီက အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံကာ သိုးသူငယ်၏ ခြေလှမ်းများနောက်သို့ လိုက်ခဲ့ကြသည်။ ဤအခြင်းအရာမှ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်နှင့် ခရစ်ယာန်ဘာသာတရားသည် ဘုရားသခင်ပေါ်ထွန်းခြင်းနှင့် အလုပ်လုပ်ခြင်း၌ ၎င်းတို့နှစ်ခုလုံး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော် ခရစ်ယာန်ဘာသာတရားသည် ကျေးဇူးတော်ခေတ်ကာလအတွင်း သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှု၏ ရလဒ်တစ်ခုဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကမူ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရန်အတွက် နောက်ဆုံးသောကာလတွင် ဘုရားသခင် လူ့ဇာတိခံယူသည့်အခါတွင် ဖြစ်ပေါ်လာသည်။ ယင်းသည် နိုင်ငံတော်ခေတ်၏ ခရစ်ယာန် အသင်းတော်တစ်ခုဖြစ်သည်။ အသင်းတော်နှစ်ခုလုံးသည် ဘုရားသခင် ပေါ်ထွန်းပြီး အလုပ်လုပ်ရန်အတွက် လူ့ဇာတိခံယူခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး မတူညီသော ခေတ်များတွင်သာ ပေါ်ပေါက်ခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာတရားသည် ကျေးဇူးတော်ခေတ်၏ အသင်းတော်ဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်သည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်နှင့် မိန့်မြွက်ချက်များအားဖြင့် ဦးဆောင်လမ်းပြသည့်၊ နိုင်ငံတော််ခေတ်၏ အသင်းတော်တစ်ခုဖြစ်သည်။ တစ်ဖက်တွင် ခရစ်ယာန်ဘာသာတရားသည် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ အမီမလိုက်သောကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးခဲ့ရပြီး ယင်းသည် ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို ဆန့်ကျင်ပြီး ရှုတ်ချသည်။ ယင်းသည် ဘုရားသခင်က ရှုတ်ချပြီး စွန့်ပစ်ခံရသော အသင်းတော်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ခရစ်ယာန်ဘာသာတရားအား ဘုရားသခင်၏ ဖြစ်တည်မှုအဖြစ် အသိအမှတ်မပြုဘဲ ဘုရားသခင်အား ဆန့်ကျင်ရှုတ်ချသည့်အရာတစ်ခုအဖြစ်သာ အသိအမှတ်ပြုသည်။ ဤသို့ဆိုလျှင် ဤနှစ်ခုကြားတွင် နှိုင်းယှဉ်၍ မရပေ။ သခင်ယေရှုသည် လွန်ခဲ့သည့်နှစ်နှစ်ထောင်က ကောင်းကင်ဘုံသို့ တက်သွားခဲ့သည်။ ကမ္ဘာမြေပေါ်တွင် မရှိ။ ခရစ်ယာန်ဘာသာတရားရှိ လူတို့သည် သခင်ယေရှု၏ အမည်နာမတော်၌ ယုံကြည်ကြသော်လည်း သခင်ယေရှုအားဖြင့် ထိန်းကျောင်းလမ်းပြခြင်း၊ သို့မဟုတ် ရေလောင်းခြင်းခံရဖို့မဆိုထားနှင့်။ သခင်ယေရှုအား မည်သည့်အခါမျှ မတွေ့ဖူးသကဲ့သို့ သခင်၏ နှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် တွေ့ကြုံခြင်းအပေါ် အလေးမထားကြပေ။ ၎င်းတို့သည် သခင်ယေရှုကို လုံးဝ သိကျွမ်းမှုမရှိသည့်အပြင် သူ၏ဝိညာဉ်တော်ကိုလည်း မသိကြပေ။ ထို့ကြောင့် ခရစ်ယာန်အသင်းတော်သည် ကောင်းကင်ဘုံရှိ မရောရာသော၊ စိတ်ကူးသက်သက်ဖြစ်သော ဘုရားကိုသာ ယုံကြည်ကြပြီး နောက်ဆုံးသောကာလ၏ လူ့ဇာတိခံခရစ်တော်ကို မယုံကြည်ပေ။ ထို့ကြောင့် ထိုကဲ့သို့သောအသင်းတော်သည် မှန်ကန်သော ခရစ်ယာန်ဘာသာမဟုတ်ပေ။ ယင်းသည် ဗုဒ္ဓဘာသာ၊ သို့မဟုတ် တာအိုဘာသာတို့နှင့် မကွာခြားသည့် ဘာသာရေးအုပ်စုတစ်ခုအဖြစ်သို့ ကျဆင်းသွားပြီးဖြစ်ကာ ဘုရားသခင်၏အသင်းတော်တစ်ခုမဟုတ်ပေ။ ထို့ကြောင့် သခင်ယေရှု ပြန်ကြွလာခြင်းနှင့် ကောင်းကင်ဘုံသို့ ချီဆောင်ခံရခြင်းအား ခရစ်ယာန်ဘာသာ၏ တောင့်တမှုသည် စိတ်ကူးယဉ်စစ်စစ်သာဖြစ်သည်။ ခရစ်ယာန်ဘာသာတရားထဲတွင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံသောသူတို့သည် ဘုရားသခင်ရှေ့သို့ ချီမြှောက်ခြင်းခံရသည့် ဉာဏ်ပညာရှိသော သတို့သမီးများဖြစ်ကြသည်။ သို့ရာတွင် လူအများစုသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လက်မခံကြပေ။ ၎င်းတို့သည် သမ္မာကျမ်းစာမှ ကျမ်းဟောင်း တရားများကိုသာ ပြောဆိုကြပြီး ဘာသာရေးစည်းမျဉ်းများ၊ အခမ်းအနားများကိုသာ ဖက်တွယ်ထားကြသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်ကို အမီမလိုက်နိုင်ကြဘဲ ယင်းအစား ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ဆန့်ကျင်ရှုတ်ချရန် အစွမ်းကုန် ကြိုးစားရာ၌ စီစီပီ၏ ဆိုးယုတ်သော အုပ်ချုပ်မှုစနစ်နောက်သို့ လိုက်ကြသည်။ ဤလူတို့သည် မိုက်မဲသော သတို့သမီးများဖြစ်ကြပြီး ဘုရားသခင်၏ မုန်းတီးစက်ဆုပ်ခြင်း၊ ငြင်းပယ်ခြင်း၊ ဖယ်ရှားခြင်းကို ခံရနှင့်ပြီးဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အသိအမှတ်မပြုပေ။ ၎င်းတို့သည် အမည်ခံ “ခရစ်ယာန်”များသာ ဖြစ်ပြီး အမည်ခံမျှသာ ကြာရှည်စွာ ပိုင်ဆိုင်ထားခဲ့သော ခရစ်ယာန်ဘာသာ၏ အနှစ်သာရကို ၎င်းတို့ ဆုံးရှုံးခဲ့ပြီးဖြစ်သည်။

အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းပြီး စတင်အလုပ်လုပ်သောအချိန်တွင်၊ ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံခဲ့သော လူတစ်စုအပေါ် အာရုံစိုက်ရန် ဘုရားသခင်သည် စကြာဝဠာတစ်ခုလုံး၏ ဝိညာဉ်တော်၏အလုပ်ကို ရုတ်သိမ်းနှင့်ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်အား ဆုတောင်းလျက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်လျက်ဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်၏ ခရစ်ယာန်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိပြီးဖြစ်ကာ ဘုရားသခင်၏ ကြွယ်ဝသော အသက်ထောက်ပံ့မှုကို လက်ခံရရှိပြီးဖြစ်သည်။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားကြသည်။ ၎င်းတို့သည် သမ္မာတရားအပေါ် တိုးပွားနေသည့် နားလည်မှုတစ်ခု ရှိကြသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုသည် သန့်စင်ခြင်းခံရလျက်ရှိသည်။ ၎င်းတို့၏ စိတ်သဘောထားသည် ပြောင်းလဲလျက်ရှိသည်။ ပြီးလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ရရှိကြပြီး ကပ်ဘေးဒုက္ခများမတိုင်မီ ဘုရားသခင်၏ စုံလင်ခြင်းခံရသော အောင်မြင်သူအုပ်စုဖြစ်လာကြသည်။ သို့ရာတွင် ခရစ်ယာန်ဘာသာတရား၌ အနည်းငယ်မျှသောလူတို့သည်သာ ဘုရားသခင်၏ အသံတော်ကို ကြားသော ဉာဏ်ပညာရှိသည့် သတို့သမီးများဖြစ်ကြပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံကာ သိုးသူငယ်၏ မင်္ဂလာစားပွဲ၌ ထိုင်ကြရသည်။ခရစ်ယာန်ဘာသာရှိ လူအများစုသည် ဘုရားအမှုတော်၏ ခြေရာများနောက်သို့ လိုက်ရန်မတတ်နိုင်ကြရုံသာမက အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို ဆန့်ကျင်ရှုတ်ချရာတွင် ဘာသာရေးလောက၏ ဆိုးယုတ်သော အင်အားစုများဖြစ်သည့် အန္တိခရစ်နောက်သို့ လိုက်ကြဆဲဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အချိန်ကြာမြင့်စွာက ဆုံးရှုံးကြပြီး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ မုန်းတီးစက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရပြီးဖြစ်ကာ ခါးသီးသောမျက်ရည်များကျကာ အံသွားခဲကြိတ်လျက်၊ ကပ်ဘေးထဲသို့ ကျဆင်းသွားကြပြီးဖြစ်သည်။

အရှေ့သို့- ၁။ သခင်၏ ပြန်ကြွလာခြင်းနှင့် စပ်လျဉ်းသည့် သမ္မာကျမ်းစာထဲရှိ ပရောဖက်ပြုချက်များသည် ယခုတွင် အားလုံး အဓိကအားဖြင့် ပြည့်စုံကြပြီးဖြစ်ကာ သခင်သည် ဤနေရာတွင် ကောင်းကောင်း ရှိနှင့်ပြီးဖြစ်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်းဖြစ်သည်ဟု အွန်လိုင်းတွင် လူသိရှင်ကြား သက်သေခံနေကြပြီး၊ သခင့်ကို အမှန်တကယ် ယုံကြည်ပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တမ်းတကြသည့် ဘာသာတရားများနှင့် ဂိုဏ်ဂဏများအားလုံးမှ လူများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ထံ ပြန်လာကြပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ည် ဘုရားသခင်၏ ပေါ်ထွန်းခြင်း ဖြစ်သည်၊ မဖြစ်သည်ဆိုသည်ကိုသာ ကျွန်ုပ်တို့ သိချင်ပါသည်။

နောက်တစ်ခုသို့- ၁။ သခင်ယေရှု၏ ကြွရောက်ခြင်း မတိုင်မီတွင်၊ ဖာရိရှဲတို့သည် ကျမ်းစာကို မကြာခဏ တရားဇရပ်များ၌ အသေးစိတ်ရှင်းပြကြပြီး လူတို့အတွက် ဆုတောင်းပေးခဲ့ကြလေသည်။ ၎င်းတို့သည် အလွန် ဘုရားတရား ကိုင်ရှိုင်းကြပုံပေါ်ပြီး လူတို့၏ အမြင်တွင် ကျမ်းစာကို ချိုးဖောက်သည့်အရာ တစ်ခုတစ်လေကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု မထင်ရပေ။ သို့ဆိုလျှင် ဖာရိရှဲတို့သည် သခင်ယေရှု၏ ကျိန်ဆဲခြင်းကို ခံခဲ့ရကြသနည်း။ ဘုရားသခင်ကို မည်သည့်နည်းလမ်းဖြင့် ၎င်းတို့ အာခံခဲ့ကြပြီး ဘုရားသခင်၏ အမျက်ဒေါသကို အဘယ်ကြောင့် ၎င်းတို့ လှုံ့ဆော်သနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။