၁။ တရုတ် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဘာသာရေး ယုံကြည်မှု လွတ်လပ်ခွင့်ကို ရှင်းလင်းစွာ ပြဋ္ဌာန်းသည်။ ဘုရားသခင်၌ ယုံကြည်မှုသည် ပြောင်းလဲမရနိုင်သည့် အခြေခံသဘောတရားဖြစ်သည်၊ ယင်းသည် ဆင်ခြင်တုံတရားနောက်လိုက်ပြီး ဥပဒေနှင့် အညီဖြစ်သည်။ သို့ဆိုလျှင် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်လူမျိုးများကို ၎င်းတို့၏ ယုံကြည်မှု လွတ်လပ်ခွင့်ကို ပိတ်ပင်ထားလျက်၊ ဘာသာရေး ယုံကြည်မှုကို အဘယ်ကြောင့် တိုက်ခိုက်ကာ၊ ဖိနှိပ်ပြီး မျိုးဖြုတ်ဖို့ ကြိုးစားသနည်း။ ယင်းက အဘယ်ကြောင့် ခရစ်ယာန်များကို ဖိနှိပ်ဖို့၊ နှိပ်စက်ညှဉ်းပန်းဖို့နှင့် သေသည်အထိ ညှဉ်းဆဲဖို့ပင် လုံးလုံးလျားလျား ပြောင်းလဲပစ်သော နည်းလမ်းများကို အသုံးပြုရင်း၊ ခရစ်ယာန်များကို အဓိက ရာဇဝတ်သားများအဖြစ် ဆက်ဆံကြသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။” (ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၅:၁၉)

“ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။” (ရှင်လုကာခရစ်ဝင် ၁၁:၂၉)

“ထိုအခါ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကို၎င်း။” (ဗျာဒိတ်ကျမ်း ၁၂:၈)

“လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။” (ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၈)

“အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။” (ရှင်ယောဟန်ခရစ်ဝင် ၃:၁၉-၂၀)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အဆင်းနီသော နဂါးကြီး၏ သရုပ်သကန်များမှာ ငါ့အားခုခံခြင်း၊ ငါ့နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်တို့ကို နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၊ ငါ့အား မကြာခဏ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ငါ၏စီမံခန့်ခွဲမှုအား နှောင့်ယှက်ရန်အတွက် အကြံအစည်များကို အသုံးပြုရန် ကြိုးစားခြင်းတို့ ဖြစ်ကြသည်။ စာတန်အား အောက်ပါအတိုင်း သိသာထင်ရှားစေသည်- အာဏာအတွက် ငါနှင့် အားထုတ်ယှဉ်ပြိုင်ခြင်း၊ ငါရွေးချယ်ထားသည့် လူတို့ကို ပိုင်ဆိုင်လိုခြင်းနှင့် ငါ၏လူတို့ကို လှည့်စားရန်အတွက် အပျက်သဘောဆောင်သော စကားလုံးများကို ထုတ်ပြန်ခြင်းတို့ ဖြစ်သည်။ မာရ်နတ်၏ သိသာထင်ရှားချက်များမှာ (ငါ၏ နာမကို လက်မခံသောသူများ၊ မယုံကြည်သူများ အားလုံးသည် မာရ်နတ်များ ဖြစ်ကြသည်။) အောက်ပါအတိုင်းဖြစ်သည်- ဇာတိပကတိ၏ သာယာမှုများကို အငမ်းမရလိုချင်ခြင်း၊ မကောင်းသော တပ်မက်မှုများ၌ မွေ့လျော်ခြင်း၊ စာတန်၏ ချည်နှောင်မှု၌ နေထိုင်ခြင်း၊ အချို့က ငါ့ကို အာခံခြင်းနှင့် အချို့က ငါ့ကို ပံ့ပိုးခြင်း တို့ရှိသည် (သို့သော် သူတို့သည် ငါချစ်မြတ်နိုးသော သားများဖြစ်ကြောင်း သက်သေမပြကြပေ)။ ကောင်းကင်တမန်မင်း၏ သရုပ်သကန်များမှာ အောက်ပါအတိုင်း ဖြစ်သည်- စော်ကားမော်ကား ပြောဆိုခြင်း၊ ဘုရားတရား မကြည်ညိုခြင်း၊ လူတို့ကို ဩဝါဒပေးရန် မကြာခဏ ငါ၏လေသံကို တုပခြင်း၊ အပြင်ပန်းအရ ငါအား အတုခိုးရန်ကိုသာ အာရုံစိုက်ခြင်း၊ ငါစားသည့်အရာကို စား၍ ငါသုံးသည့်အရာကို သုံးခြင်းတို့ ဖြစ်ကြသည်။ အတိုချုပ်ရသော် ငါနှင့်အဆင့်အတန်း တူရန် လိုလားပြီး ရည်မှန်းချက်ကြီးသော်လည်း၊ ငါ၏အစွမ်းအစနှင့် ငါ၏အသက်ကင်းမဲ့ကာ၊ စွန့်ပစ်ပစ္စည်း အပိုင်းအစသက်သက် ဖြစ်ခြင်းတို့ ဖြစ်ကြသည်။ စာတန်၊ မာရ်နတ်နှင့် ကောင်းကင်တမန်မင်းတို့ အားလုံးသည် အဆင်းနီသော နဂါးကြီး၏ သာဓကများ စစ်စစ်ဖြစ်ကြသောကြောင့် ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးချယ်ခြင်းကို မခံရသောသူများအားလုံးသည် အဆင်းနီသော နဂါးကြီး၏ သားသမီးများ ဖြစ်ကြသည်- ဤသည်မှာ ၎င်းဖြစ်သည့်ပုံစံ တကယ်ဖြစ်သည်။ ဤအရာများအားလုံးသည် ငါ၏ရန်သူများ ဖြစ်ကြသည်။ (သို့သော်လည်း စာတန်၏ နှောင့်ယှက်ဖျက်ဆီးခြင်းများကို ဖယ်ထုတ်ထားသည်။ သင်၏ သဘာဝသည် ငါ၏ အရည်အသွေးဖြစ်လျှင် ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုတွင် သင်တို့သည် ဇာတိပကတိ၌ အသက်ရှင်လျက် ရှိနေသေးသောကြောင့် မကြာခဏဆိုသလိုပင် စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းများကို ရင်ဆိုင်ရမည်- ဤသည်မှာ မလွဲမသွေဖြစ်သည်- သို့သော် သင်တို့သည် အမြဲသတိရှိရမည်။) ထို့ကြောင့် ငါသည် ငါ၏ သားဦးများမှလွဲ၍ အဆင်းနီသော နဂါးကြီး၏ သားသမီးများ အားလုံးကို စွန့်ပစ်မည်။ သူတို့၏ဗီဇသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ၊ ယင်းသည် စာတန်၏ အရည်အသွေးဖြစ်သည်။ ယင်းသည် သူတို့ ထင်ရှားစေသည်မှာ မာရ်နတ်ဖြစ်ပြီး ယင်းသည်သူတို့ အသက်ရှင်လိုက်လျှောက်သည့် ကောင်းကင်တမန်မင်း ဖြစ်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ ငါပြောသည့် အဆင်းနီသော နဂါးကြီးသည် ကြီးမားသော အနီရောင် နဂါးကြီးမဟုတ်ပေ။ ထို့ထက် ၎င်းသည် ငါ့အား ဆန့်ကျင်ပြုသော ဝိညာဉ်ဆိုးပင်ဖြစ်ပြီး “အဆင်းနီသော နဂါးကြီး” ဟူသည်မှာ ပမာပြုသုံးနှုန်းထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်မှလွဲ၍ ဝိညာဉ်များအားလုံးသည် ဝိညာဉ်ဆိုးများဖြစ်ကြပြီး အဆင်းနီးသော နဂါးကြီး၏ သားသမီးများဖြစ်သည်ဟုလည်း ဆိုနိုင်လေသည်။ ဤအရာအားလုံးမှာ လူတိုင်းအတွက် ရှင်းလင်းပြတ်သားသင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၉၆)

နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။ ဘုရားသခင်၏ အမှုကို မည်သူ လက်ခံယုံကြည်ပြီနည်း။ ဘုရားသခင်၏ အမှုအတွက် မည်သူသည် ၎င်းတို့၏ အသက်ကို စွန့်လွှတ်ပြီနည်း သို့မဟုတ် အသွေးသွန်းပြီးပြီနည်း။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကြာ၊ မိဘများမှသည် သားသမီးများအထိ၊ ကျွန်ပြုခံရသော လူသားသည် ဘုရားသခင်အား မပြောမဆို ကျွန်ပြုကြပြီး ဖြစ်သည်— အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ ၎င်းဆန္ဒရှိသလောက် ပြဿနာများ နောက်ထပ် ဖန်တီးခွင့် မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အလယ်တွင် နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အလယ်တွင် ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုသို့သော အသည်းအသန် တောင့်တခြင်းအား အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ်ထပ် အော်ခေါ်စေသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ် ပြုရသနည်း။ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းတွင် ၎င်း၏ ဆိုးရွားသည့် အစောင့်ခွေးများတို့သည် အဘယ်ကြောင့် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာလောကအလယ်တွင် လွတ်လပ်စွာ ဝင်ထွက်သွားလာ ခွင့်မပြုရသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)

ရှေးဟောင်းယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးကြောင်ခိုးဝှက် ခိုးယူသွားပြီးဖြစ်ကာ သူ့ကို နတ်ဆိုးတို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်လိုက်ပြီး ဖြစ်သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းက တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီးဖြစ်ကာ၊ ထိုစာအုပ်၊ ဂန္တဝင်မှတ်တမ်းတို့ကို ပြုစုခဲ့ကြသူများကို ယခင်ထက် တိုး၍ လွန်လွန်ကဲကဲ မြှောက်စားမှု ပေးစေရင်းနှင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အယူအဆများကို တိုး၍ ပိုမိုဆိုးရွားစေလေသည်။ လူသားက မသိဘဲနှင့်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် ဘုရားသခင်ကို လူသား၏ စိတ်နှလုံးမှ သနားကြင်နာမဲ့စွာ မောင်းထုတ်ပြီး၊ ထို့နောက် ယင်းကို ၎င်းကိုယ်တိုင် အားရဝမ်းသာဖြင့် သိမ်းပိုက်လေသည်။ ထိုအချိန်ကတည်းက၊ လူသားသည် နတ်ဆိုးတို့ ရှင်ဘုရင်၏ အကျည်းတန်ကာ ဆိုးယုတ်သော ဝိညာဉ်နှင့် မျက်နှာကို ပိုင်ဆိုင်လာခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်း၏ ရင်တွင်ပြည့်ကာ၊ လူသား လုံးဝ ဝါးမျိုခံခဲ့ရသည်အထိ နတ်ဆိုးများ၏ ရှင်ဘုရင်၏ မလိုတမာစိတ်သည် လူသားအတွင်းတွင် တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့လေသည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့သကဲ့သို့၊ နတ်ဆိုးတို့၏ ရှင်ဘုရင်၏ ထောင်ချောက်မှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိခဲ့ပေ။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် အညံ့ခံကာ ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။ ကြာမြင့်စွာသောအချိန်က၊ လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ကနဦးအဆင့်တွင် ရှိဆဲဖြစ်ခဲ့ချိန်တွင်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူပါ။ ခေတ်နှင့်အမီလိုက်ခြင်း လေးချက်ကို နားလည်ပါ။ ပြီးလျှင် လောက၌ ဘုရားသခင်ဟူသည် မရှိ” ဟူသကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်ရင်း၊ ယင်းအထဲ၌ ဘုရားမဲ့ဝါဒီနှင့်ဆိုင်သည့် အကျိတ်၏ အစေ့ကို စိုက်ပျိုးခဲ့သည်။ ထိုမျှသာမက၊ ၎င်းသည် မိမိတို့၏ နိုင်ငံအဖို့ သစ္စာရှိသည့် အမှုထမ်းခြင်းကို ပေးဖို့ရန် ကလေးဘဝမှ ပြင်ဆင်ထားဖို့ အယောက်စီတိုင်းကို တောင်းဆိုရင်း၊ “လှပသော ဇာတိမြေကို တည်ဆောက်ဖို့ ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှုကို အမှီပြုကြစို့” ဟု အခွင့်အခါသင့်တိုင်း အော်ဟစ်လေသည်။ ဂုဏ်ပြုလေးစားမှုအားလုံးကို (ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်၌ ထိန်းသိမ်းထားခြင်းအတွက် ဘုရားသခင်နှင့်သက်ဆိုင်သော ဂုဏ်ပြုလေးစားမှုကို) မဆိုင်းမတွ ပိုင်စိုးပိုင်နင်း မိမိကိုယ်ကိုယ် ပေးသည့်နေရာဖြစ်သည့် ၎င်း၏ မျက်မှောက်သို့ လူသားသည် မရည်ရွယ်ပါဘဲနှင့် ခေါ်ဆောင်လာခြင်း ခံခဲ့ရလေသည်။ ၎င်းသည် မည်သည့်အခါတွင်မျှ ရှက်စိတ် တစ်ခုတစ်လေ မရှိခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ဘုရားသခင်၏လူတို့ကို အရှက်မရှိ ဖမ်းဆီးကာ၊ စားပွဲပေါ်သို့ ကြွက်တစ်ကောင်ကဲ့သို့ ခုန်တက်ကာ လူသားအား ၎င်းကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်စေသည့် နေရာဖြစ်သော ၎င်း၏အိမ်ထဲသို့ ပြန်လည် တရွတ်တိုက် ဆွဲခေါ်လေသည်။ ထင်ရာစိုင်းသူတစ်ဦး ပါတကား။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများအရ အသွင်ပြောင်းလဲခြင်းများမှ လာသည်။ မိုးရေဆိုသည်မှာ ရေငွေ့က အေးသောအပူချိန်များနှင့် ဆုံတွေ့လျက်၊ ကမ္ဘာမြေပေါ်သို့ ကျသည့် မိုးစက်များအဖြစ်သို့ ငွေ့ရည်ဖွဲ့သည့်အခါ ဖြစ်လာသည်။ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်းဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်က အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုအားဖြင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ဤအရာများသည် သဘာဝ ဖြစ်စဉ်များ ဖြစ်သည်။ ဤအရာအားလုံးတွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက် အဘယ်မှာ ရှိပါသနည်း” ဟူသကဲ့သို့သော မတော်တရော် တုန်လှုပ်ဖွယ် အရာများကို ဟစ်ကြော်လေသည်။ ၎င်းသည် အောက်ပါ ထွက်ဆိုချက်များကဲ့သို့သော မဖွင့်ဟသင့်သည့် ထွက်ဆိုချက်များကို ကြွေးကြော်သောသူများပင် ရှိလေသည်- “လူသားမှာ ရှေးအတိတ်ကာလက မျောက်ဝံများမှ ဆင်းသက်လာပြီး၊ ယနေ့ လောကကြီးသည် ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သော ကပ်ကမ္ဘာမှ စတင်သည့် ရှေးကျသော လူ့အဖွဲ့အစည်းများ တစ်ခုပြီးတစ်ခုမှ လာသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ထိုနိုင်ငံ၏ ပြည်သူများ လက်ထဲတွင် လုံးဝ မူတည်သည်” ဟူ၍ ဖြစ်သည်။ နောက်ခံအကြောင်းအရာတွင်၊ ၎င်းသည် လူသားကို ၎င်းအား ဂါရဝပြုစေဖို့ ယင်းကို နံရံပေါ်၌ ချိတ်ဆွဲစေသည် သို့မဟုတ် စားပွဲပေါ် တင်စေလေသည်။ ၎င်းက “ဘုရားသခင် မရှိ” ဟု ဟစ်အော်သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏နေရာတွင် ရပ်တည်ပြီး နတ်ဆိုးတို့၏ ရှင်ဘုရင် အခန်းကဏ္ဍကို ခံယူလျက် ဘုရားသခင်ကို ကမ္ဘာ၏ အကန့်အသတ် အတိုင်းအတာ ပြင်ပသို့ ရုတ်တရက် ကြမ်းတမ်းစွာ တွန်းထုတ်ခြင်းဖြင့်၊ ၎င်းသည် မိမိကိုယ်ကိုယ် ဘုရားသခင်အဖြစ် သတ်မှတ်လေသည်။ ကျိုးကြောင်း လုံးဝ ကင်းမဲ့လှပေတကား။ ၎င်းသည် လူတစ်ယောက်ကို မခံမရပ်နိုင်အောင် ၎င်းအား တကယ်ကို မုန်းတီးစေသည်။ ဘုရားသခင်နှင့် ၎င်းတို့သည် မပြေနိုင်သော ရန်သူများဖြစ်ပုံရပြီး နှစ်ဦး အတူတကွ မတည်ရှိနိုင်ပေ။ ၎င်းသည် ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင် ၎င်းသည် ဘုရားသခင်ကို မောင်းထုတ်ရန် ကျိတ်ကြံလေသည်။ ၎င်းမှာ နတ်ဆိုးတို့၏ ရှင်ဘုရင် ဖြစ်လိုက်လေသည်တကား။ ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံ၍ရနိုင်မည်နည်း။ ၎င်းသည် ဘုရားသခင်၏ အမှုကို ကမောက်ကမဖြစ်စေပြီး လုံးလုံး ဖရိုဖရဲ ဖြစ်ကျန်ရစ်စေသည်အထိ အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် အင်တိုက်အားတိုက် ချဉ်းကပ်လျက်၊ ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်ဆိုသည်အထိ ဘုရားသခင်ကို အကြိတ်အနယ် နောက်ဆုံးပွဲသိမ်းသည်အထိ ဆန့်ကျင်လိုသည့်အလား ဖြစ်သည်။ ၎င်း၏ အကျည်းတန်သော မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိသော်လည်း၊ ၎င်းသည် ဘုရားသခင်ကို တစ်လုတ်စာ ဝါးမျိုခြင်းဖြင့်သာ မိမိ၏ စိတ်နှလုံးထဲတွင် လှောင်ထားသော အမုန်းကို သက်သာရာ ရစေနိုင်မည့်အလား၊ ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကို လျှော့မည်မဟုတ်ပေ။ ဘုရားသခင်၏ ဤရန်သူကို ငါတို့သည် မည်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အမြစ်ဖြတ် ချေမှုန်းခံရခြင်းနှင့် လုံးလုံးလျားလျား သုတ်သင်ခံရခြင်းသည်သာ ငါတို့အသက်တာ၏ အလိုဆန္ဒကို ​အောင်မြင်ခြင်းသို့ ရောက်ရှိစေလိမ့်မည်ဖြစ်သည်။ ၎င်းကို ဆက်လက် ပြေးလွှားသောင်းကျန်းခွင့် အဘယ်သို့ ပေးနိုင်ရမည်နည်း။ ယင်းသည် လူသားကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်မှာ လူသားသည် ကောင်းကင်နေမင်းကို မသိသည့်အတိုင်းအတာ အထိဖြစ်ပြီး၊ ထုံထိုင်းကာ ခံစားချက်ကင်းမဲ့လာပြီဖြစ်သည်။ လူသားသည် ပုံမှန် လူသား ဆင်ခြင်တုံတရား ဆုံးရှုံးပြီဖြစ်သည်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုအားလုံးကို ဖယ်ထုတ်ဖို့နှင့် ဘုရားသခင်၏ အမှုကို မကြုံစဖူးသော ခံညားထည်ဝါမှုသို့ အဆောတလျင် ရောက်ရှိစေခွင့်ပြုရန်၊ ၎င်းကို ဖျက်ဆီးဖို့နှင့် ၎င်းကို မီးရှို့ပစ်လိုက်ဖို့ ငါတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို အဘယ်ကြောင့် ငါတို့ မဆက်ကပ်ကြသနည်း။ ဤလူယုတ်မာ အုပ်စုသည် လူ့လောကထဲသို့ လာကြပြီး ယင်းကို ဝရုန်းသုန်းကားအခြေအနေသို့ အခြေဆိုက်စေပြီဖြစ်သည်။ ၎င်းတို့သည် လူသားတို့၏ အလောင်းကောင်များကို ဝါးမျိုနိုင်ဖို့အလို့ငှာ လူသားတို့ကို အစိတ်စိတ် အမွှာမွှာ ရိုက်ခတ်ခံရစေဖို့ တွန်းချရန် တိတ်တဆိတ် စီစဉ်ရင်း၊ လူသားမျိုးနွယ်အားလုံးကို ချောက်ကမ်းပါး အစွန်းသို့ ခေါ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း ဘုရားသခင်၏ အစီအစဉ်ကို ဖြိုခွဲရန်နှင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်မှုထဲသို့ ဝင်ရောက်ရန် အချည်းနှီး မျှော်လင့်လေသည်။ ဤသည်မှာ လုံးဝလွယ်ကူသည် မဟုတ်ချေ။ အဆုံးတွင်တော့၊ အယုတ်မာဆုံးသော ပြစ်မှုများအဖို့ အပြစ်ရှိသော နတ်ဆိုးတို့၏ ရှင်ဘုရင်အတွက် ကားတိုင်သည် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့် မသက်ဆိုင်ပေ။ သူသည် ထိုကားတိုင်ကို မာရ်နတ်အတွက် ဘေးသို့ ပစ်လိုက်နှင့်ပြီး ဖြစ်သည်။ ဘုရားသခင်သည် ယခုမတိုင်မီ ယခင်ကြာမြင့်စွာ ကတည်းက အောင်နိုင်လျက် ထွက်ပေါ်ပြီးဖြစ်ကာ လူသားမျိုးနွယ်၏ အပြစ်များအပေါ် ပူဆွေးခြင်းကို မခံစားရတော့ဘဲ၊ လူသားမျိုးနွယ် အားလုံးထံ ကယ်တင်ခြင်းကို ဆောင်ယူလာမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)

ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ အဆုံးအထိ စာတန်သည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်နေခဲ့ပြီးဖြစ်ကာ သူ့ကို ဆန့်ကျင်လျက် ပြုမူနေခဲ့ပြီး ဖြစ်သည်။ “ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်” နှင့် ပတ်သက်သည့် ဤပြောဆိုဆွေးနွေးခြင်း၊ အဖိုးထိုက်တန်သော “ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာ”၊ “တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ သွန်သင်မှုများ”နှင့် “ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချစနစ်ဆန်သော ထုံးတမ်းများ” အားလုံးသည် လူသားကို ငရဲထဲသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် အလွန်တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးတို့ကို မည်သည့် နေရာမှာတွင်မျှ မတွေ့မြင်ရပေ။ ယင်းထက်၊ ၎င်း လုပ်ဆောင်သမျှမှာ ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖြိုဖျက်ရန်အလို့ငှာ ရှေးကာလ၏ “မျောက်ဝံများ” အားဖြင့် ဖြန့်ခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများကို အလေးပေးရန် ဖြစ်သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် ဆက်လက် ဒုက္ခပေးသည်သာမက၊ လူသားကို အကောင်လိုက်ဝါးမျို ရန်ပင် ဆန္ဒရှိလေသည်။ ကံကျွေးချစနစ်နှင့်ဆိုင်သည့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ သွန်သင်မှုများကို တစ်ဆင့်ပေးခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို နတ်ဆိုး အကြီး အသေးများအဖြစ်သို့ ပြောင်းလဲစေလျက်၊ လူသားမျိုးနွယ်ကို ကူးစက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသောသူ နည်းပါးပေသည်၊ ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရ ရွှင်လန်းစွာ ကြိုဆိုကြမည့်သူ နည်းပါးပေသည်။ လူသားမျိုးနွယ်၏ မျက်နှာသည် လူသတ်မည့်အကြံနှင့် ပြည့်နေပြီး နေရာတိုင်းတွင်၊ သတ်ဖြတ်လိုသည့် အငွေ့အသက်က လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤနယ်မြေမှ နှင်ထုတ်ရန် ကြိုးစားကြသည်၊ လက်ထဲတွင် ဓားများ၊ ဓါးရှည်များဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို “အမြစ်ဖြတ်ချေမှုန်း” ရန် စစ်ပွဲအခင်းအကျင်းဖြင့် မိမိတို့ကိုယ်ကိုယ် စီမံကြလေသည်။ ဘုရားသခင်မရှိဟု လူသားသည် စဉ်ဆက်မပြတ် သွန်သင်ခြင်းခံရသည့်နေရာ၊ ရုပ်တုဆင်းတုများ ပျံ့နှံ့သည့်နေရာဖြစ်သည့် ဤနတ်ဆိုး၏ နယ်မြေအနှံ့ရှိ အားလုံးနှင့် အပေါ်လေထုသည် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့ဖြင့် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အသက်ရှူရကျပ်စေသည်အထိ အလွန်ပင်ထူထပ်ပေသည်။ ယင်းမှာ အဆိပ်ရှိသော မြွေ၏ ထွန့်ထွန့်လူးခြင်းဖြင့် လေနှင့်ပါလာသည့် အနည်အနှစ်တို့၏ အနံ့ဆိုးကဲ့သို့ဖြစ်သည်မှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ဖြစ်သည်။ ဤအရာအပြင်၊ ဝေးကွာလှသော ငရဲမှ လာသည်ဟု ထင်ရသော အသံတစ်ခုဖြစ်သည့်၊ ကျမ်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည့် ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ အသံကို ယဲ့ယဲ့ကြားရသည်မှာ ကျောမချမ်းဘဲမနေနိုင်သည်အထိ ဖြစ်သည်။ နယ်မြေကို ကာမဂုဏ်အာရုံ သာယာကြည်နူးမှု လောကကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေလျက်၊ ဤနယ်မြေထဲက နေရာတိုင်းတွင် သက်တံရောင်စုံရှိသည့် ရုပ်တုဆင်းတုများ ထားရှိသော်လည်း၊ နတ်ဆိုးများ၏ ရှင်ဘုရင်သည် ၎င်း၏ ယုတ်မာသော အကြံအစည် အောင်မြင်သွားသည့်အလား ကောက်ကျစ်စဉ်းလဲစွာ ရယ်မောပြီးရင်း ရယ်မောနေပေသည်။ ထိုအချိန်အတောအတွင်းတွင်၊ လူသားသည် လုံးဝ သတိမမူမိသကဲ့သို့၊ အသိမဲ့လာပြီး ရှုံးနှိမ့်မှုဖြင့် သူ၏ဦးခေါင်း ငိုက်စိုက်ကျသည့် အခြေအနေအထိ နတ်ဆိုးက သူ့ကို ဖျက်ဆီးနှင့်ပြီးဖြစ်သည်ကို သူသည် မည်သည့် အရိပ်အမြွက်မျှ မသိပေ။ ၎င်းသည် ဘုရားသခင်နှင့်ပတ်သက်သည့် အရာတိုင်းကို တစ်ချက်တည်းနှင့် ရှင်းလင်းဖယ်ရှားရန်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် ဖျက်ဆီးရမ်းကားပြီး လုပ်ကြံသတ်ဖြတ်ရန် ဆန္ဒရှိလေသည်။ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြံစည်လေသည်။ ၎င်းသည် ဘုရားသခင်ကို တန်းတူအဆင့်အတန်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်မည်နည်း။ ကမ္ဘာမြေပေါ်တွင် လူတို့အကြား ၎င်း၏အလုပ်ကို ဘုရားသခင် “ဝင်ရောက်စွက်ဖက်ခြင်း” ကို ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်မည်နည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က ကစဉ့်ကလျားဖြစ်စေရန် ၎င်းသည် အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဒေါသဖြင့် ယမ်းပုံမီးကျဖြစ်နေသော ဤနတ်ဆိုးသည် ကမ္ဘာမြေပေါ်ရှိ ၎င်း၏ အင်ပါယာနန်းတော်အပေါ် ဘုရားသခင်အား ထိန်းချုပ်ခွင့် အဘယ်သို့ ပေးနိုင်မည်နည်း။ ၎င်းထက် သာလွန်သော ကိုယ်တော်၏အင်အားကို ၎င်းသည် ဘယ်သို့ လိုလိုလားလား ဦးညွှတ်နိုင်မည်နည်း။ ၎င်း၏ အကျည်းတန်းသော မျက်နှာသည် အဖြစ်ကိုအဖြစ်အတိုင်း ဖော်ထုတ်ခံရပြီးဖြစ်သည်၊ သို့ဖြစ်၍ လူတစ်ဦးအနေဖြင့် ရယ်ရမည်၊ ငိုရမည်ဆိုသည်ကို မသိသကဲ့သို့ ယင်းသည် ပြောဆိုဖို့ရန် အမှန်တကယ် ခက်ခဲလေသည်။ ဤသည်မှာ ၎င်း၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ အကျည်းတန်သော ဝိညာဉ်ဖြင့်၊ ၎င်းသည် မယုံနိုင်လောက်အောင်ပင် လှပသည်ဟု ၎င်းက ယုံကြည်ဆဲဖြစ်သည်။ ပြစ်မှုထဲက ဤကြံရာပါ အုပ်စု။ ကမ္ဘာလောကသည် ပြောင်းလဲလွယ်ပြီး မတည်တံ့သော နေရာဖြစ်လာကာ၊ လူသား၏ နှလုံးသားသည် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်သည်အထိ ၎င်းတို့သည် အမှုအရာများကို အလွန် မွှေနှောက်ကြလျက်၊ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ရုတ်ရုတ်သဲသဲဖြစ်စေဖို့၊ သေမျိုးဖြစ်သော နယ်ပယ်ထဲသို့ ဆင်းသက်လာကာ၊ ၎င်းတို့သည် လူသားကို အလွန်ကစားခဲ့ကြသည်မှာ လူသား၏ သွင်ပြင်သည် အလွန့်အလွန် အကျည်းတန်လျက် စိုက်ကွင်း၏ လူမဆန်သော သားရဲတစ်ကောင်၏ သွင်ပြင်ဖြစ်လာပြီးဖြစ်ကာ၊ ယင်းမှ မူလက သန့်ရှင်းသောလူ၏ နောက်ဆုံး အရိပ်အယောင်သည် ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အချုပ်အခြာအာဏာကို သိမ်းပိုက်ရန်ပင် ဆန္ဒရှိကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို အလွန် ပိတ်ဆို့ကြသည်မှာ အရှေ့သို့ နည်းနည်းမျှ တိုးရန် အနိုင်နိုင်ဖြစ်ပြီး၊ ၎င်းတို့သည် လူသားကို ကြေးနီနှင့် သံမဏိတံတိုင်းများတမျှ တင်းကျပ်စွာ ပိတ်ထား၏။ များစွာသော ဆိုးရွားသည့် အပြစ်များကို ကျူးလွန်ပြီး များစွာသော ကပ်ဘေးဒုက္ခများ ဖြစ်စေပြီးနောက်၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းမှလွဲ၍ အခြားတစ်စုံတစ်ရာကို မျှော်လင့်နေကြသေး သလော။ မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော ဝိညာဉ်များသည် ကမ္ဘာမြေပေါ်၌ အချိန်ကာလတစ်ခုကြာအောင် ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏အလိုနှင့် အပင်ပန်းခံ အားထုတ်မှုတို့ကို ပိတ်ပင်ထားခဲ့သည်မှာ ၎င်းတို့သည် ထွင်းဖောက် မရနိုင်ပေ။ အမှန်ပင်၊ ဤသည်မှာ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့ အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ဆိုးရွားစွာ တားဆီးပြီး ဆန့်ကျင်ခဲ့ကြသည်။ ပုန်ကန်လိုက်လေတကား။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)

အောက်ခြေမှတ်စု(များ)-

၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၂။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

၃။ “ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင်” ဆိုသည်မှာ နတ်ဆိုးက ဒေါသပေါက်ကွဲပြီး လျှောက်ရမ်းသည်ကို ဖော်ညွှန်းပါသည်။

၄။ “လုံးလုံး ဖရိုဖရဲ” ဆိုသည်မှာ မာရ်နတ်၏ ကြမ်းကြုတ်သော အပြုအမူသည် မြင်ရန် မခံမရပ်နိုင်စရာ ဖြစ်ပုံကို ရည်ညွှန်းသည်။

၅။ “ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး” ဆိုသည်မှာ နတ်ဆိုးတို့၏ရှင်ဘုရင်၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်းသည်။

၆။ “အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း” ဆိုသည်မှာ နောက်ဆုံးတွင် အနိုင်ရခြင်းငှာ မျှော်လင့်ချက်များဖြင့် လောင်းကြေးတစ်ခုတွင် မိမိ၏ ရှိသမျှငွေကို ပုံအောခြင်းဟု ဆိုလိုသည်။ ဤသည်မှာ နတ်ဆိုး၏ မကောင်းသည့် ယုတ်မာသော အကြံအစည်များအတွက် တင်စားမှုတစ်ခု ဖြစ်သည်။ ဤစကားအသုံးအနှုန်းကို သရော်သည့်အနေဖြင့် သုံးထားပေသည်။

၇။ “ဝါးမျို” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မပြုသော နတ်ဆိုးတို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။

၈။ “ပြစ်မှုထဲက ဤကြံရာပါ” ဆိုသည်မှာ “လူရမ်းကားတစ်သိုက်” နှင့် အမျိုးအစားတူသည်။

က။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် အားထားရသော ကွန်ဖြူးရှပ်ဝါဒ စာအုပ်များဖြစ်သည်။

အရှေ့သို့- ၃။ ဘာသာရေးလောကတွင်၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အာဏာကို ကိုင်စွဲထားကြသည်။ ၎င်းတို့သည် သူတော်ကောင်းယောင်ဆောင် ဖာရိရှဲများ၏ လမ်းကြောင်းကို လျှောက်လှမ်းကြပြီး၊ ၎င်းတို့နောက် ကျွန်ုပ်တို့ လိုက်ကြကာ ၎င်းတို့ ပြောသည့်အတိုင်း လုပ်ဆောင်ကြသော်လည်း၊ ကျွန်ုပ်တို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို မဟုတ်ဘဲ၊ သခင့်ကို ယုံကြည်ကြပါသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့သည်လည်း ဖာရိရှဲများ၏ လမ်းကြောင်းကို လျှောက်လှမ်းကြသည်ဟု သင်သည် အဘယ်သို့ ဆိုနိုင်သနည်း။ ကျွန်ုပ်တို့ထဲမှ ဘာသာတရားထဲ၌ ဘုရားသခင်ကို ယုံကြည်သည့် သူများသည် အမှန်တကယ် ကယ်တင်ခံရလိမ့်မည်မဟုတ်ဟု သင် ဆိုနေခြင်း ဖြစ်ပါသလား။

နောက်တစ်ခုသို့- ၂။ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာကတည်းက၊ ယင်း၏ ဘာသာရေး ယုံကြည်မှုကို နှိပ်စက်ညှဉ်းပန်းခြင်း၌ မဆုတ်မနစ်လုပ်ဆောင်နေပြီး ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် ယင်း၏ ဖိနှိပ်မှုသည် အထူးသဖြင့် တိုး၍ပြင်းထန်လာပြီးဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ဖို့၊ အမှုဆင်ဖို့နှင့် သိက္ခာချဖို့ရန် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ အင်တာနက်နှင့် အခြား မီဒီယာတို့ကို အသုံးပြုသည်သာမက၊ ခရစ်ယာန်များစွာ ထောင်ချခံရပြီး ရက်စက်စွာ ညှဉ်းဆဲခံရကာ သေသည်အထိပင် ညှဉ်းဆဲခံရခြင်းကို အကျိုးဆက်ဖြစ်ပေါ်စေလျက် ၎င်း၏ အသင်းတော်များကို ကျယ်ပြန်သည့်အတိုင်းအတာဖြင့် ဖမ်းဆီးမှုများကိုလည်း ဦးစီးဦးရွက်ပြုလုပ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို နှိပ်စက်ညှဉ်းပန်းမှုက အဘယ်ကြောင့် အလွန် ပြင်းထန်ရပါသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။