၃။ သမ္မာကျမ်းစာထဲတွင်၊ ပေါလုက၊ “အစိုရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။ ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။” (ရောမဩဝါဒစာ ၁၃:၁-၂) ဟု ဆိုထားသည်။ ပေါလု၏ စကားများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်၊ အရာခပ်သိမ်းတွင် အာဏာရ အာဏာစက်ကို ကျွန်ုပ်တို့ ကျိုးနွံနာခံသင့်ပေသည်။ သို့သော်၊ ဘုရားမဲ့ဝါဒီ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ၎င်း၏ သမိုင်းတစ်လျှောက်တွင် ဘာသာရေး ယုံကြည်မှုကို နှိပ်စက်ညှဉ်းပန်းပြီးဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ရန်လိုပြီး၊ သခင့်ကို ယုံကြည်ဖို့ ခွင့်မပြုသည်သာမက ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ဘုရားသခင်ကို သက်သေခံသူများကိုလည်း ဖမ်းဆီးကာ နှိပ်စက်လေသည်။ ကျွန်ုပ်တို့အနေဖြင့် တရုတ်ကွန်မြူနစ် အစိုးရကို ဦးညွှတ်ပါက၊ သခင့်ကို ယုံကြည်မှု ရပ်တန့်လိုက်ပြီး ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်း ရပ်တန့်လိုက်ပါက၊ ကျွန်ုပ်တို့သည် သခင့်ကို ဆန့်ကျင်ကာ ကျောခိုင်းခြင်းအားဖြင့် စာတန်၏ ဘက်တွင် ရပ်တည်နေကြခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလား။ ဤအရာကို ကျွန်ုပ် သဘောမပေါက်နိုင်ပါ- အာဏာရ အာဏာစက်နှင့်ဆိုင်သည့် ကိစ္စရပ်များတွင် သခင်၏ အလိုတော်နှင့် ကိုက်ညီဖို့ ကျွန်ုပ် မည်သည့်အရာကိုသာ လုပ်ဆောင်ရမည်နည်း။

အဖြေ-

ပေါလုက၊ “အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။ ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။” (ရောမဩဝါဒစာ ၁၃:၁-၂) ဟု ဆိုခဲ့သည်။ ဤအရာကို ပေါလုပြောခဲ့သောကြောင့်၊ သခင့်၌ ယုံကြည်သူများစွာက အစိုးရသော အာဏာပိုင်များကို ဘုရားသခင် အပ်နှင်းထားပြီး၊ ၎င်းတို့ကို နာခံခြင်းက ဘုရားသခင်ကို နာခံခြင်းဖြစ်သည်ဟု တွေးထင်ကြသည်။ အချို့က အာဏာပိုင်များအနေဖြင့် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းကို မည်သို့ တားဆီးကာ ဖိနှိပ်ဖို့ ကြိုးစားသည်ဖြစ်စေ၊ ၎င်းတို့ကို နာခံသင့်ပြီး၊ ၎င်းတို့ကို အာခံခြင်းက ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟုပင် တွေးထင်ကြသည်။ ထိုသို့သော အမြင်များက မှန်ကန်ပါသလား။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါသလား။ အမှန်တွင်၊ ပညတ်တော်မှသည် ကျေးဇူးတော်ခေတ်ထိ၊ ဘုရားသခင်က လူတို့အနေဖြင့် ထိုသို့သော အာဏာရှိသောသူများကို ကျိုးနွံနာခံသင့်သည်ဟု လုံးဝ မပြောခဲ့ပါ။ ပညတ်တော်ခေတ်တွင်၊ ဣသရေလ လူမျိုးများ၏ ရန်သူမှာ အဲဂုတ္တုပြည်၏ ဖာရောမင်းကြီး ဖြစ်ခဲ့သည်။ သူသည် အာဏာ စွဲကိုင်ခဲ့သူ ဖြစ်သည်။ ဘုရားသခင်က သူ့အပေါ် မည်သည့်အရာ လုပ်ဆောင်ခဲ့ပါသနည်း။ ဣသရေလလူတို့အား အဲဂုတ္တုပြည်ကို စွန့်ခွာခြင်းမှ သူ တားဆီးခဲ့ချိန်တွင်၊ သူ့အပေါ် ကပ်ဘေး ဆယ်ပါးကို ကျရောက်စေခဲ့သည်။ ဣသရေလလူမျိုးများကို သူ သွားခွင့်မပေးခဲ့ပါက၊ သူ့ကို ဘုရားသခင် ဖျက်ဆီးပြီးဖြစ်ပေမည်။ အဲဂုတ္တု စစ်တပ်က ဣသရေလလူမျိုးများနောက် လိုက်နေခဲ့ကြချိန်တွင်၊ ပင်လယ်နီ နှစ်ခြမ်းကွဲခဲ့ပြီးနောက် နောက်ကလိုက်လာသည့် စစ်သားများကို နှစ်မြှုပ်ပစ်ကာ ဖျက်ဆီးပစ်ခဲ့သည်။ ပညတ်တော်ခေတ်တွင်၊ ဘုရားသခင်ကို ခုခံသည့် နတ်ဆိုးများ၏ ရှင်ဘုရင်များအားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်၏ ဖျက်ဆီးခြင်းခံခဲ့ရသည်။ ယခု ကျေးဇူးတော်ခေတ်ကို တစ်ချက်ကြည့်ပါ။ သခင်ယေရှုက ဗိမာန်တော်ထဲတွင် ဟောပြောခြင်းထက် တောထဲနှင့် လူတို့ကြား ဟောပြောဖို့ အဘယ်ကြောင့် သွားခဲ့ပါသနည်း။ အဘယ်ကြောင့်ဆိုသော် ဘာသာရေး လောက၏ အာဏာပိုင်များနှင့် ခေါင်းဆောင်များအားလုံးက ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြပြီး၊ သခင့်ကို အားလုံးက ရန်လိုခဲ့ကြသောကြောင့် ဖြစ်သည်၊ ဤအတွက်ကြောင့် သခင်ယေရှုသည် တောထဲနှင့် လူတို့ကြားတွင် ဟောပြောဖို့ကလွဲ၍ ရွေးချယ်စရာမရှိ ဖြစ်ခဲ့သည်။ သခင်ယေရှု၏ တပည့်တော်များသည် အာဏာပိုင်များကို နာခံခဲ့ပြီးဖြစ်ပါက၊ သူ့နောက်သို့ ၎င်းတို့ လိုက်ပါဦးမည်လား။ ပြီးလျှင် သူ၏ ချီးမွမ်းခြင်းကို ၎င်းတို့ ခံရပါဦးမည်လား။ ဤအရာအားလုံးက သခင့်ကို အမှန်တကယ် ယုံကြည်သူများသည် စီစီပီ အာဏာပိုင်များထံ ၎င်းတို့ ချဉ်းကပ်သည့်နည်းလမ်းမှာ ဘုရားသခင်၏ စိတ်နှလုံးနှင့် ကိုက်ညီဖို့အလို့ငှာ ဖြစ်သင့်သည်ကို ပြပါသည်။ သခင့်ကို လူတို့ နှစ်များစွာ ယုံကြည်ကြပြီးဖြစ်သော်လည်း၊ ထိုအာဏာရှိသောသူများမှာ ဘုရားသခင်၏ ရန်သူများဖြစ်သည်ကို သတိမပြုမိနိုင်သေးပါက၊ ဤလူများသည် ကျမ်းစာကို အမှန်တကယ် နားလည်ကြပါသလား။ ပြီးလျှင် သခင့်ကို ၎င်းတို့ အမှန်တကယ် သိကြပါသလား။ လူများစွာက ချင့်ချိန်နိုင်စွမ်းမရှိသကဲ့သို့ ဤအရာများကို အရှိအတိုင်း မမြင်နိုင်သည်မှာ ကျမ်းစာထဲက ဤပေါလု၏ စကားများကို ဖတ်ရှုပြီးသည့်နောက် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိကြသောကြောင့် ဖြစ်သည်။ အစိုးရသည့် အာဏာပိုင်များကို နာခံခြင်းသည် သခင့်ကို နာခံခြင်းဖြစ်ပြီး၊ ဤတန်ခိုးအာဏာများကို ဆန့်ကျင်၊ ခုခံခြင်းမှာ ဘုရားသခင်၏ ခန့်အပ်ခြင်းအား ခုခံခြင်းဖြစ်ပြီး မိမိတို့ကိုယ်ကိုယ်အပေါ် ပျက်ဆီးခြင်း ယူဆောင်သည်ဟုပင် လူအချို့က ယုံကြည်ကြသည်။ ထိုသို့သော အမြင်များက လုံးဝ မှားယွင်းသည် မဟုတ်ပါလား။ ယင်းတို့သည် အလွန်ဆိုးရွားသော နားလည်မှုလွဲခြင်းနှင့် ဘုရားသခင်ကို အာခံခြင်း ဖြစ်သည် မဟုတ်ပါလား။ ဤသည်တို့မှာ လူများကို ရှုပ်ထွေးစေကာ ထိခိုက်သည့် မှားယွင်းသော အမြင်များ ဖြစ်သည်။

စီစီပီမှာ ဘုရားမဲ့ နိုင်ငံရေး ပါတီတစ်ခုဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သိကြပါသည်။ ပြီးလျှင် ဘုရားမဲ့ဝါဒီ အာဏာရှိသည့် နေရာတွင်၊ စာတန် အာဏာရှိပေသည်။ စီစီပီသည် ဘုရားသခင်ကို ရန်သူအဖြစ် အမြဲ သဘောထားပြီး ဖြစ်သည်။ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို ၎င်း၏ ချဉ်းကပ်မှုမှာ၊ “ပိတ်ပင်မှုမပြီးဆုံးမချင်း စစ်တပ်များကို ရုပ်သိမ်းမည်မဟုတ်” ဟူ၍ ဖြစ်သည်။ ခရစ်တော်ကို ကားတိုင်တွင် သံနှင့်ရိုက်နှက်ဖို့ ၎င်းက မည်သို့မျှ ရပ်တန့်မည်မဟုတ်ပါ။ စီစီပီ အာဏာရလာကတည်းက၊ ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ငြင်းပယ်၊ ရှုတ်ချကာ ပြစ်မှားစော်ကားပြီး ဖြစ်သည်။ ခရစ်ယာန်ဘာသာသည် ရှယ်ကျောက်တစ်ခုဖြစ်သည်ဟု ကြေငြာခံရပြီးဖြစ်သည်၊ ကျမ်းစာများ သိမ်းယူခံရပြီး ရှယ်ကျောက် စာပေအဖြစ် မီးရှို့ခံရသည်။ ရှယ်ကျောက်အဖွဲ့အစည်း၏ တံဆိပ်အောက်တွင် ဘာသာရေးအဖွဲ့များ နှိပ်စက်ကာ ဖိနှိပ်ခံရလေသည်။ အထူးသဖြင့်၊ စီစီပီသည် များစွာသောသူတို့ကို အနာတရဖြစ်စေပြီး ကိုယ်လက်အင်္ဂါချို့တဲ့စေသည့် လူမဆန်သော ရက်စက်မှုနှင့် ညှဉ်းဆဲမှုတို့ကို ခံရစေလျက်၊ စစ်မှန်သော ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်အဖို့ ဟောပြောကာ သက်သေခံသည့် ခရစ်ယာန်များအား တစ်ဟုန်ထိုး ဖိနှိပ်၊ ဖမ်းဆီးကာ နှိပ်စက်လေပြီး ဖြစ်သည်။ အချို့မှာ ၎င်းတို့ ခံစားခဲ့ရသည့် နှိပ်စက်ညှင်းပန်းမှုကြောင့် သေပင်သေဆုံးကြရပြီး ဖြစ်သည်။ အဘယ်ကြောင့် စီစီပီသည် ခရစ်တော်ကို အလွန် ရန်လိုပြီး၊ စစ်မှန်သော ဘုရားသခင်ကို ယုံကြည်သူများအား အဘယ်ကြောင့် နှိပ်စက်ပါသနည်း။ ၎င်း၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်း အကြောက်ရွံ့ဆုံးသော အရာမှာ တရုတ်လူမျိုးများက ဘုရားသခင်ကို စတင် ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်ကြမည်ကို ဖြစ်သည်။ ၎င်းက လူတို့အနေဖြင့် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်အားဖြင့် ကယ်တင်ခံရမည်ကို ကြောက်သည်။ ယင်းအခြေအနေတွင် စီစီပီအဖို့ ကျွန်ပြုရန် မည်သူမျှ ကျန်မည်မဟုတ်၊ ၎င်းတို့ကို အစေခံရန် မည်သူမျှကျန်မည်မဟုတ်ပါ။ ထို့ကြောင့် နတ်ဆိုးဆန်သည့် စီစီပီ၏ အာဏာရှင်အစိုးရသည် တရုတ်ပြည်တွင် ထာဝရ၊ မပြောင်းမလဲဘဲ အုပ်စိုးရန်အတွက် ဘုရားသခင်၏ အမှုတော်ကို အမြစ်ဖြတ်ရန် အချည်းနှီးမျှော်လင့်ချက်ဖြင့် ခရစ်ယာန်များကို ရက်စက်ကြမ်းတမ်းစွာဆက်ဆံပြီး ဖိနှိပ်ရန် နည်းလမ်းတိုင်းကို လိုသလို အသုံးချလျက်၊ ဘာသာရေးယုံကြည်မှုကို အပြီးသတ်ချေမှုန်းလျက်၊ တရုတ်ပြည်အား ဘုရားမရှိသည့်နယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲလျက်ဖြင့် ခရစ်တော်ကို ထိတ်ထိတ်ပျာပျာဖြင့် လိုက်လံဖမ်းဆီးသည်။ဤအရာက လောကတွင် စီစီပီ၏ ဆိုးယုတ်သော အစိုးရထက် မည်သူကမျှ သမ္မာတရားကို မစက်ဆုပ်သကဲ့သို့ ဘုရားသခင်ကို မမုန်းတီးကြသည်ကို သက်သေပြပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို အာခံသည့် နတ်ဆိုးများ နှင့် စိတ်တူကိုယ်တူရှိသည့် အုပ်စုတစ်ခု ဖြစ်သည်။ စီစီပီ အုပ်စိုးသည့်နေရာတွင်၊ စာတန် အုပ်စိုးသည်။ ထို့ကြောင့် စီစီပီကို ကျွန်ုပ်တို့ ငြင်းပယ်ပြီး ကျောခိုင်းချိန်တွင်၊ ဘုရားသခင်၏ အလိုတော်နှင့် အပြည့်အဝ မညီသည် မဟုတ်ပါလား။

အမှန်တွင်၊ ဤအရာကို သခင်ယေရှုက အချိန်ကြာမြင့်စွာက ထုတ်ဖော်ခဲ့ပေသည် - “ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။(ရှင်လုကာခရစ်ဝင် ၁၁:၂၉)အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။(ရှင်ယောဟန်ခရစ်ဝင် ၃:၁၉) ကျမ်းစာကပြောသည်၊ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။(ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅:၁၉) လောက၏ အမှောင်နင့် ဆိုးယုတ်မှု၏ သရုပ်မှန်နှင့် အရင်းအမြစ်တို့ကို ဖော်ထုတ်ရာတွင် သခင်ယေရှုက လိုရင်းကိုတည့်တည့် ပြောခဲ့သည်။ လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်နှင့် သမ္မာတရားတို့ တည်ရှိခြင်းကို သည်းမခံနိုင်ဘဲ၊ စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည်။ ဘာသာရေး အသိုင်းအဝိုင်းထဲတွင်၊ အသင်းတော်၌ ဖြစ်စေ လူတို့ကြားတွင် ဖြစ်စေ ခရစ်တော် ဖော်ပြသည့် သမ္မာတရားများကို သက်သေခံဝံ့ဖို့မပြောနှင့်၊ အသင်းတော်များတွင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို မည်သူမျှ ပွင့်ပွင့်လင်းလင်း သက်သေမခံဝံ့ပါ။ မည်သည့် ဂိုဏ်းဂဏတွင်မဆို၊ လူ့ဇတိ၌ရှိသော ခရစ်တော်ကို သက်သေခံနေကြောင်း သိရှိရသည့် လူများသည် ဖမ်းဆီးခံရပြီး ရှုတ်ချခံရလေသည်။ ၎င်းတို့သည် အသင်းတော်မှ နှင်ထုတ်ခံရပြီး အာဏာပိုင်များထံတွင်ပင် အပ်နှံခံရလေသည်။ ဤလူသားမျိုးနွယ်သည် ဆိုးယုတ်မှု အထွတ်အထိပ် ရောက်ရှိကြပြီးဖြစ်သည် မဟုတ်ပါလား။ ကမ္ဘာလောကထဲက နေရာအနှံ့တွင် ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ သမ္မာတရားကို ငြင်းပယ်ခြင်းနှင့် ခရစ်တော်ကို ရှုတ်ချခြင်းတို့ဖြင့် ပဲ့တင်ထပ်နေသည်၊ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် ထိုဆိုးယုတ်သည့်၊ မကောင်းသော အင်အားစုများက ကမ္ဘာလောကတွင် ဩဇာလွှမ်းမိုးသောကြောင့် ဖြစ်သည် မဟုတ်ပါလား။ လွန်ခဲ့သည့် အနှစ်နှစ်ထောင်ကို ပြန်ကြည့်လိုက်ပါ။ သခင်ယေရှု မွေးဖွားသည်နှင့် မရှေးမနှောင်းတွင်၊ သူသည် ရောမအစိုးရ၏ လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရသည်။ အမှုပြုကာ လမ်းခရီးအကြောင်း ဟောပြောနေစဉ်တွင်၊ ရောမအာဏာပိုင်များနှင့် ပူးပေါင်းထားသည့် ယုဒခေါင်းဆောင်များ၏ ကားတိုင်တွင် သံမှိုရှိက်နှက်ခြင်း ခံခဲ့ရသည်။ ပြီးလျှင် သူ၏ ဧဝံဂေလိတရားကို တရုတ်နိုင်ငံ၌ ဟောပြောချိန်တွင်လည်း၊ တရုတ်အစိုးရ၏ သွေးရူးသွေးတန်း ရှုတ်ချခြင်းနှင့် ခုခံခြင်းတို့ဖြင့် ကြုံခဲ့ရသည်။ တရုတ်ပြည်ရှိ သာသနာပြုများ မည်မျှ ညှဉ်းဆဲကာ သတ်ဖြတ်ခံခဲ့ရသည်ကို မည်သူသိမည်နည်း။ စီစီပီ အာဏာ ရလာသည့်နောက်၊ သာ၍ မရေတွက်နိုင်သော ခရစ်ယာန်များသည် စီစီပီ၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းဆဲခြင်း ခံခဲ့ကြရသည်။ စာရင်းက ဆက်ရှိနေသည်။ ဤအချက်အလက်များက မည်သည့်အရာကို ပြပါသနည်း။ အဘယ်ကြောင့် စီစီပီသည် ဘုရားသခင်ကို ယုံကြည်သည့် လူတို့အား အလွန် မုန်းတီးသနည်း။ ခရစ်ယာန် မျိုးဆက်များက ထိုသို့သော လူမဆန်သည့် နှိပ်စက်ခြင်းကို အဘယ်ကြောင့် ဆင်းရဲဒုက္ခခံရလေပြီနည်း။ သမ္မာတရားက အဘယ်ကြောင့် လူသားအလယ်တွင် ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်းတို့ကို အ‌မြဲ ကြုံရသနည်း။ အဘယ်ကြောင့် ဘုရားသခင်၏ အလိုတော်ကို ကမ္ဘာမြေပေါ်နှင့် လောကရှိ တိုင်းနိင်ငံတိုင်း အနှံ့ ဆောင်ရွက်၍မရနိုင်သနည်း။ ယင်းမှာ ကမ္ဘာလောကတစ်ခုလုံးက ဆိုးညစ်သူတစ်ဦးဖြစ်သည့် စာတန်၏ အုပ်စိုးမှုအောက်တွင် တည်သောကြောင့်၊ ကမ္ဘာမြေပေါ်တွင် စာတန်၏ ဆိုးယုတ်သော အင်အားစုများက အာဏာစွဲကိုင်ထားပြီး၊ ၎င်းတို့အားလုံးမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် ဘုရားမဲ့ နိုင်ငံရေး အစိုးရများ ဖြစ်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် စီစီပီ အစိုးရသည် စာတန်၏ ဆိုးယုတ်သော အင်အားစုများ၏ စံနမူနာ ဖြစ်သည်။ အဆုံးစွန် ဆိုးယုတ်မှုနှင့် လူသားမျိုးနွယ်၏ အမှောင်သို့ ဆိုက်ရောက်စေပြီးသည်မှာ ဤအရာ ဖြစ်သည်။ ဤသည်မှာ လက်ခံထားကြသည့် အချက်တစ်ခု ဖြစ်သည်။ သို့သော် - “အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ” ဆိုသော ပေါလု၏စကားကြောင့် လူအချို့က အာဏာပိုင်များကို နာခံခြင်းသည် ဘုရားသခင်ကို နာခံခြင်းဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ဤအရာကို သင့်အား မေးပါရစေ - ကျွန်ုပ်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ကိုးကွယ်ခြင်းတို့ကို ဘီလူးသရဲစီးသော စီစီပီ အစိုးရက တားဆီးကာ ကန့်သတ်သည့်အချိန်တွင်၊ ကျွန်ုပ်တို့ နာခံသင့်သေးပါသလား။ စီစီပီက ခရစ်ယာန်များကို ဖမ်းဆီးကာ ညှဉ်းဆဲသည့်အခါ၊ နောင်တနှင့်ဆိုင်သော ထွက်ဆိုချက်ကို အတင်းအဓမ္မရေးစေသောအခါ၊ ၎င်းတို့အား ဘုရားသခင်ကို ငြင်းပယ်၊ သစ္စာဖောက်စေပြီး၊ ဘုရားသခင်ကို ကျိန်ဆဲကာ ပြစ်မှားစော်ကားဖို့ကိုပင် ၎င်းတို့ကို အတင်းအကျပ်ခိုင်းသောအခါ၊ ကျွန်ုပ်တို့ နာခံ၍ ရသေးပါသလား။ ဧဝံဂေလိ ဟောပြောပြီး ဘုရားသခင်အဖို့ သက်သေခံရန် ကျွန်ုပ်တို့ကို စီစီပီက ခွင့်မပြုသည့်အခါ၊ သခင်နှင့် ကျွန်ုပ်တို့၏ ရောင်းရင်း ယုံကြည်သူများကို ရောင်းစားဖို့၊ ၎င်း၏ ကြံရာပါများနှင့် နောက်လိုက်ခွေးဖြစ်ဖို့ အတင်းအကျပ်ပြုသည့်အခါ၊ ကျွန်ုပ်တို့ နာခံ၍ ရသေးပါသလား။ ဘီလူးသရဲစီးသော စီစီပီ အစိုးရကို ကျွန်ုပ်တို့ နာခံပါက၊ ဘုရားသခင်ကို ဆန့်ကျင်ကာ သစ္စာဖောက်လျက်၊ စာတန်၏ ဘက်တွင် ကျွန်ုပ်တို့ ရပ်တည်နေမိမည် မဟုတ်ပါလား။ ပေါလု၏ စကားများကို တစ်ဖန် ကြည့်ကြပါစို့- “အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။” “မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။” ထိုသို့သော စကားများက လက်တွေ့လုပ်ဆောင်၍ရနိုင်ပါသလား။ သမ္မာတရားနှင့် အညီ ဖြစ်ပါသလား။ ပေါလုက ဤမှောင်မိုက်ကာ ဆိုးယုတ်သော ခေတ်ကို တကယ့်အရှိအတိုင်း အမှန်တကယ် မမြင်နိုင်ခဲ့ပါသလား။ ပေါလုသည်လည်း ဧဝံဂေလိ ဖြန့်ဝေခြင်းအတွက် ဖမ်းဆီးခံခဲ့ရကာ ထောင်ချခံခဲ့ရသည်။ အကျိုးသင့် အကြောင်းသင့် ပြောရမည်ဆိုပါက၊ သူသည် ကျွန်ုပ်တို့ထက် စာတန်၏ ဆိုးယုတ်သော တန်ခိုးအာဏာများ၏ အနှစ်သာရကို သာ၍ပင် ရှင်းလင်းစွာ မြင်နိုင်သင့်သည်၊ သို့သော် ဤစကားများကို သူ မိန့်မြွက်ဆဲ ဖြစ်သည် - မယုံနိုင်ဖွယ်ပါတကား။

လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေဖို့ စာတန်အား ဘုရားသခင်၏ အခွင့်ပေးခြင်းနှင့် ကမ္ဘာမြေပေါ် အာဏာစွဲကိုင်ဖို့ နတ်ဆိုး စာတန်အား သူ၏ ခွင့်ပြုခြင်းတို့သည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အစီအစဉ်များ ပါရှသည်ကို ကျွန်ုပ်တို့အားလုံး သတိပြုသင့်သည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းသည် အဓိကအားဖြင့် စာတန်ကို အနိုင်ယူဖို့နှင့် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးပြီးဖြစ်သူများအား ဘုရားသခင်ကို နာခံစေကာ ကိုးကွယ်စေဖို့ ဖြစ်သည်။ ထိုအခါမှသာ စာတန်သည် လုံးဝ နှိမ်နင်းခံရပြီး အရှက်ရလိမ့်မည်ဖြစ်ကာ၊ နောက်ဆုံးတွင် ၎င်း၏ ကံကြမ္မာ ပိတ်ဆို့ခံရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်က စာတန်ကို အာဏာ စွဲကိုင်ကာ လူသားမျိုးနွယ်ကို ဖောက်ပြန်ဖျက်ဆီးခွင့်ပေးသည့်အခါ၊ သူ၏ အလိုတော်မှာ လူတို့အနေဖြင့် စာတန်ကို စက်ဆုပ်ကာ စာတန်ကို ကျောခိုင်းကြဖို့အလို့ငှာ လူသားမျိုးနွယ်အတွက် စာတန်အပေါ် ထိုးထွင်းသိမြင်မှု ရှိဖို့၊ စာတန်၏ အနှစ်သာရကို ရိပ်စားမိဖို့ ဖြစ်ပေသည်။ သို့သော် ဘုရားသခင်က ဆိုးယုတ်သော မည်သည့်အစိုးရကိုမဆို အာခံခြင်းက မိမိကိုယ်ကိုယ်အပေါ် ပျက်စီးခြင်း ရောက်စေသည်ဟု ပြောဆိုဖို့ မဆိုထားနှင့်၊ လူတို့အနေဖြင့် စာတန်ကို နာခံဖို့ လုံးဝ မစေခိုင်းဖူးပေ။ ထို့ကြောင့် ပေါလု၏ အမြင်ရှုထောင့်အရ၊ ဆိုးယုတ်သော အစိုးရများ၏ လိုက်လံဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်း ခံခဲ့ရသကဲ့သို့ သခင့်အတွက် အသက်ပင်စွန့်ခဲ့ကြသည့် သန့်ရှင်းသူတို့၏ မျိုးဆက်များသည် အာဏာရ အာဏာစက်များကို အာခံခဲ့သောကြောင့် မိမိတို့ကိုယ်ကိုယ်အပေါ် ပျက်စီးခြင်း ဆောင်ကြဉ်းခဲ့ကြပါသလား။ သန့်ရှင်းသူများ၏ မျိုးဆက်များ အကျဉ်းကျခံရခြင်းအမှန်တရားက သခင့်အဖို့ လှပပြီး ထူးကဲလှသော သက်သေခံချက်တစ်ခု မဟုတ်ပါလား။ ပေါလု၏ ရှုထောင့်အမြင်အရ၊ သန့်ရှင်းသူများ၏ ဤမျိုးဆက်များ ဖမ်းဆီးခံရခြင်းနှင့် သတ်ပင်သတ်ဖြတ်ခံရခြင်းသည် လှပသည့် သက်သေခံချက် မဟုတ်ခဲ့ပါ။ အာဏာပိုင်များကို အာခံခဲ့ကြသောကြောင့် မိမိတို့ကိုယ်ကိုယ်အပေါ် ပျက်စီးခြင်း ယူဆောင်သည်မှာ ၎င်းတို့ပင် ဖြစ်သည်။ ဤကိစ္စရပ်တွင်၊ ဧဝံဂေလိ ဖြန့်ဝေခြင်းအတွက် ပေါလု ခံခဲ့ရသည့် အကျဉ်းကျခြင်းဒုက္ခသည်လည်း အချည်းနှီး ဖြစ်ခဲ့သည် မဟုတ်ပါလား။ သို့ဆိုလျှင် အဘယ်ကြောင့် ပေါလုက သူ ခံစားခဲ့ရပြီးသည့် နာကျင်မှုကို အခြားသူများထံ သက်သေခံခဲ့သနည်း။ ဤသည်မှာ ဆန့်ကျင်ကွဲလွဲမှုတစ်ခု မဟုတ်ခဲ့ပါလား။ သခင့်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် သခင့် ဧဝံဂေလိတရားကို ကျွန်ုပ်တို့ ဟောကြားခြင်း၊ သက်သေခံခြင်းကို ကောင်းကင်ဘုံက ပြဋ္ဌာန်းထားပြီး ကမ္ဘာမြေက အသိအမှတ်ပြုထားသည်။ ထိုအတောအတွင်း၊ စာတန်၏ အစိုးရများသည် ခရစ်ယာန်များကို လူမဆန်စွာ နှိပ်စက်ဖို့၊ ဘုရားသခင်၏ ဧဝံဂေလိ အမှု ပျံ့နှံ့ခြင်းအား ဟန့်တားဖို့နှင့် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းမှ တားဆီးဖို့ မည်သို့မျှ ရပ်တန့်လိမ့်မည် မဟုတ်ပါ - ယင်းက ၎င်းတို့၏ ဘီလူးသရဲစီးသော အနှစ်သာရ၊ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ရန်လိုသည့် အနှစ်သာရတစ်ခုကို ဖွင့်ချလေသည်။ လူတို့အနေဖြင့် စစ်မှန်သော လမ်းခရီးကို ထိန်းသိမ်းခြင်း၊ သခင့်၏ ဧဝံဂေလိကို ဟောပြောခြင်းနှင့် သက်သေခံခြင်းတို့အတွက် စာတန်အစိုးရများအားဖြင့် လူမဆန်စွာ နှိပ်စက်ခံရသည့်အခါ၊ ၎င်းတို့သည် ဖြောင့်မတ်ခြင်းတရားအတွက် နှိပ်စက်ခံရခြင်းဖြစ်ပြီး၊ သခင့်၏ ချီးမွမ်းခြင်းနှင့် မည်သည့်အရာမျှ သာ၍ မထိုက်တန်ပေ။ သို့ဆိုလျှင် ၎င်းတို့က မိမိတို့ကိုယ်ကိုယ်အပေါ် ပျက်ဆီးခြင်း ယူဆောင်သည်ဟု အဘယ်ကြောင့် ပြောနိုင်ရသနည်း။ သခင်ယေရှုက၊ “ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၅:၁၀) ဟု တစ်ချိန်က ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ ပေါလုက သခင်ယေရှု၏ ဤနှုတ်ကပတ်တော်များကို မသိခဲ့ခြင်း ဖြစ်နိုင်မည်လား။ ပေါလု ပြောခဲ့သည့် စကားများမှာ သခင်ယေရှု၏ စကားများနှင့် သိသာရှင်းလင်းစွာ ကွဲလွဲနေသည်။ ယင်းတို့သည် အခြေခံအားဖြင့် သမ္မာတရားနှင့် သဘောကွဲလွဲပြီး၊ ကျွန်ုပ်တို့ လုပ်ရပ်များ၏ အခြေခံကို မဖန်တီးနိုင်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် ဖန်ဆင်းခံခဲ့ရပြီး၊ ဘုရားသခင်နှင့် သက်ဆိုင်ကြသည်၊ ထို့ကြောင့် အရာခပ်သိမ်းတွင် ဘုရားသခင်ကို နာခံပြီး ဘုရားသခင်၏ ဩဇာအာဏာကို နာခံသင့်သည်ကို ကောင်းကင်ဘုံက ပြဋ္ဌာန်းပြီး မြေကြီးက အသိအမှတ်ပြုထားခြင်း ဖြစ်သည်။

အရှေ့သို့- ၂။ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာကတည်းက၊ ယင်း၏ ဘာသာရေး ယုံကြည်မှုကို နှိပ်စက်ညှဉ်းပန်းခြင်း၌ မဆုတ်မနစ်လုပ်ဆောင်နေပြီး ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် ယင်း၏ ဖိနှိပ်မှုသည် အထူးသဖြင့် တိုး၍ပြင်းထန်လာပြီးဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ဖို့၊ အမှုဆင်ဖို့နှင့် သိက္ခာချဖို့ရန် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ အင်တာနက်နှင့် အခြား မီဒီယာတို့ကို အသုံးပြုသည်သာမက၊ ခရစ်ယာန်များစွာ ထောင်ချခံရပြီး ရက်စက်စွာ ညှဉ်းဆဲခံရကာ သေသည်အထိပင် ညှဉ်းဆဲခံရခြင်းကို အကျိုးဆက်ဖြစ်ပေါ်စေလျက် ၎င်း၏ အသင်းတော်များကို ကျယ်ပြန်သည့်အတိုင်းအတာဖြင့် ဖမ်းဆီးမှုများကိုလည်း ဦးစီးဦးရွက်ပြုလုပ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို နှိပ်စက်ညှဉ်းပန်းမှုက အဘယ်ကြောင့် အလွန် ပြင်းထန်ရပါသနည်း။

နောက်တစ်ခုသို့- ၁။ သင်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် နောက်ဆုံးသောကာလ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့၌ ၎င်း၏ မူလဇာစ်မြစ်များ ရှိသည်ဟု သက်သေခံသည်၊ သို့သော် ဘုရားမဲ့ ဝါဒီ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ဘာသာရေးလောက၏ ခေါင်းဆောင်များက သင်တို့၏ သွန်သင်ချက်များကို မိစ္ဆာအယူဝါဒအဖြစ် ရှုတ်ချကြသည်။ သို့ဆိုလျှင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး လောက ပြောသည့်အရာအပေါ် ချင့်ချိန်နိုင်စွမ်းကို ကျွန်ုပ်တို့ မည်သို့ ရှိနိုင်သနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။