၄။ သမ္မာကျမ်းစာ၌ ရေးသားထားသည့် အရာအရ၊ သခင်ယေရှုသည် လူ့ဇာတိခံလာသည့် ခရစ်တော်ဖြစ်သည်၊ သူသည် ဘုရားသခင်၏ သားတော်ဖြစ်၏။ သို့သော် သင်က လူ့ဇာတိခံ ခရစ်တော်သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းဖြစ်သည်၊ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ဟု သက်သေခံသည်။ သခင်ယေရှုသည် ဘုရားသခင်ကိုယ်တိုင်ဖြစ်ပါက၊ သခင်ယေရှုသည် သူဆုတောင်းသည့်အခါတွင် သူ၏ ခမည်းတော်ထံ မည်သို့ ဆုတောင်းနိုင်ရသနည်း။ လူ့ဇာတိခံ ခရစ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်ပါသလား၊ သို့မဟုတ် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ပါသလား။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။ ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆-၁၁)

“ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ရှင်ယောဟန်ခရစ်ဝင် ၁ဝ:၃၀)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် သူဆုတောင်းသည့်အခါ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ခေါ်ဆိုခဲ့ချိန်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သာမန်နှင့် ရိုးရိုးဇာတိခန္ဓာကို ယူတင်ဝတ်ဆင် ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ၊ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ဤအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ၏အတွင်း၌ ရှိသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့လျှင်ပင်၊ သူ၏အပြင်ပန်း သွင်ပြင်သည် ပုံမှန်လူသား တစ်ဦး၏ သွင်ပြင်ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော “လူသား” ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူ့ကို လူသားဟု ခေါ်ဆိုသည်ကို ထောက်ဆလျှင်၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ၊ မည်သည့် အခြေအနေတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အကာနှင့်ဖြစ်သည်) ဖြစ်သည်။ ထို့ကြောင့် ယေရှုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းနှင့် တူပေသည်။ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ထိုသို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်တို့အား အလွတ်ကျက်မှတ်ရန် ယေရှုမှ သွန်သင်ပေးခဲ့သော ပဌာနာတော်ကို သင်တို့ မှတ်မိကြသေးသလော။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ...” သူသည် လူအားလုံးကို ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်၏ နာမနှင့် ခေါ်ဆိုရန် စေခိုင်းခဲ့သည်။ သူသည်လည်း ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့သည့်အတွက်၊ သူသည် သင်တို့အားလုံးနှင့်တန်းတူ ရပ်တည်သူတစ်ဦး၏ ရှုထောင့်မှ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်အား ခမည်းတော်ဟူသည့် နာမနှင့် ခေါ်ဆိုခဲ့သည့်အတွက် ယေရှုသည် မိမိကိုယ်ကို သင်တို့နှင့် အဆင့်အတန်းတူသည့်သူအဖြစ်နှင့် ကမ္ဘာပေါ်တွင် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့် လူသားတစ်ဦးအဖြစ် (ဆိုလိုသည်မှာ ဘုရားသခင်၏ သားတော်အဖြစ်) ရှုမြင်ခဲ့သည်။ သင်တို့သည် ဘုရားသခင်အား “ခမည်းတော်” ဟု ခေါ်ဆိုပါက၊ ဤသည်မှာ သင်တို့သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သောကြောင့် မဟုတ်လော။ ယေရှု၏ သြဇာအာဏာသည် ကမ္ဘာပေါ်တွင် မည်မျှ ကြီးမားစေကာမူ၊ ကားစင်တင်ခြင်း မတိုင်မီတွင်၊ သူ၏ အမှုကို မပြီးစီးသေးသည့်အတွက် သူသည် သန့်ရှင်းသော ဝိညာဉ်တော် (ယင်းမှာ ဘုရားသခင်ဖြစ်သည်) အုပ်စိုးသည့် လူသား တစ်ဦးမျှသာ ဖြစ်ပြီး၊ ကမ္ဘာမြေ၏ ဖန်ဆင်းခံ သတ္တဝါများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဘုံရှိ ဘုရားသခင်အား ခမည်းတော်ဟု သူ၏ခေါ်ဆိုခြင်းသည် လုံးဝဥဿုံ သူ၏ နှိမ့်ချခြင်းနှင့် နာခံခြင်း ဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဉ်တော်ကို ဆိုလိုသည်) သူ၏ ထိုသို့ပုံစံဖြင့် ခေါ်ဆိုခြင်းက သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင် ဝိညာဉ်တော်၏ သားတော်ဖြစ်ခဲ့သည်ဟု သက်သေမပြပေ။ ထို့ထက် ယင်းမှာ သူသည် မတူကွဲပြားသော လူတစ်ဦး ဖြစ်ခဲ့သည်မဟုတ်ဘဲ၊ သူ၏ ရှုထောင့်က သက်သက် ကွဲပြားခြားနားခဲ့ခြင်း ဖြစ်သည်။ ကွဲပြားသော ပုဂ္ဂိုလ်များ တည်ရှိခြင်းသည် အတွေးမှားတစ်ခု ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်း မတိုင်မီတွင်၊ ယေရှုသည် ဇာတိပကတိ၏ ကန့်သတ်ချက်များဖြင့် ဖွဲ့နှောင် ထားခံရသည့် လူသားတစ်ဦးမျှသာ ဖြစ်ခဲ့ပြီး၊ ဝိညာဉ်တော်၏ သြဇာအာဏာကို အပြည့်အဝ မပိုင်ဆိုင်ခဲ့ပေ။ ယင်းမှာ သူသည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှသာ ခမည်းတော် ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ ယင်းမှာ ဂေသရှေမန် ဥယျာဉ်တွင် သုံးကြိမ်သုံးခါ သူဆုတောင်းခဲ့သည့်အတိုင်း ဖြစ်သည်- “အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော။” သူသည် ကားတိုင်ပေါ် အတင်မခံခဲ့ရမီတွင်၊ ယုဒလူမျိုးများ၏ ရှင်ဘုရင်မျှသာ ဖြစ်ခဲ့သည်။ သူသည် ခရစ်တော်၊ လူသားဖြစ်ခဲ့ပြီး၊ ဘုန်းအသရေနှင့်ဆိုင်သည့် ကိုယ်မဟုတ်ခဲ့ပေ။ ယင်းမှာ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရပ်တည်ချက်မှ သူသည် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် ဘုရားသခင်ကို ခမည်းတော်ဟု ခေါ်ဆိုသူအားလုံး သားတော်ဖြစ်သည်ဟု သင်ပြော၍ မရနိုင်ပေ။ ဤအရာသည် မှန်ကန်ပါက၊ ယေရှုက သင်တို့ကို ပဌနာတော် သင်ပေးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အားလုံးသည် သားတော် ဖြစ်လာကြပြီးဖြစ်မည် မဟုတ်လော။ သင်တို့ လက်မခံသေးပါက၊ ငါ့ကိုပြောကြလော့၊ ခမည်းတော် (အဖ)ဟု သင်တို့ ခေါ်ဆိုသူမှာ မည်သူနည်း။ အကယ်၍ သင်တို့သည် ယေရှုကို ရည်ညွှန်းနေပါက၊ သင်တို့အဖို့ ယေရှု၏ ခမည်းတော်သည် မည်သူဖြစ်သနည်း။ ယေရှု ထွက်ခွာသွားပြီး နောက်တွင်၊ ခမည်းတော်နှင့် သားတော်တို့နှင့် ဆိုင်သည့် ဤစိတ်ကူး မရှိတော့ပေ။ ဤစိတ်ကူးသည် ယေရှု လူ့ဇာတိခံယူသည့် နှစ်ကာလများအတွက်သာ သင့်လျော်ခဲ့သည်။ အခြား အခြေအနေ အားလုံးအောက်တွင်၊ သင်က ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုသောအခါ၊ ဖန်ဆင်းခြင်း၏ သခင်နှင့် ဖန်ဆင်းခံ သတ္တဝါတို့အကြား ဆက်နွှယ်မှုတစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

“ဘုရားသခင်က ယေရှုကို သူ၏ချစ်သောသားဟု ပွင့်လင်းစွာ ဖော်ပြခဲ့သည် မဟုတ်လော။” ဟု ဆိုကြသော အခြားသူများ ရှိကြသည်။ ယေရှုသည် ဘုရားသခင်၏ နှစ်သက်မြတ်နိုးရာ ချစ်သား ဖြစ်သည်- ဤအရာကို ဘုရားသခင် ကိုယ်တော်တိုင် သေချာပေါက် ပြောခဲ့ပေသည်။ ယင်းမှာ ဘုရားသခင်သည် မိမိကိုယ်ကိုယ် သက်သေခံခြင်း ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်း ဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်း ဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ သူ၏ သားတော်မဟုတ်ပေ။ သင်နားလည်ပါ၏လော။ “ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊” ဟူသော ယေရှု၏ စကားများသည် ၎င်းတို့မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်သည်ကို ညွှန်းပြသည် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ခွဲခွာနေရခြင်း ဖြစ်သည် မဟုတ်လော။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်က မိမိကိုယ်ကိုယ် သက်သေခံခြင်း သက်သက် ဖြစ်သည်။ ခေတ်များထဲက အပြောင်းအလဲ၊ အမှု၏ သတ်မှတ်ချက်များနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ကွဲပြားခြားနားသော အဆင့်များကြောင့်၊ သူ့ကို လူကခေါ်ဆိုသော နာမတော်သည်လည်း ကွဲပြားခြားနားပေသည်။ အမှု၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွလာခဲ့ချိန်တွင်၊ သူ့ကို ဣသရေလလူမျိုးများ၏ သိုးထိန်းရှင်ဖြစ်သူ ယေဟောဝါဟူ၍သာ ခေါ်၍ရနိုင်ခဲ့သည်။ ဒုတိယအဆင့်တွင်၊ လူ့ဇာတိခံ ဘုရားသခင်ကို သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆို၍ရနိုင်ခဲ့သည်။ သို့သော် ထိုအချိန်တွင်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူသည် ဘုရားသခင်၏ ချစ်မြတ်နိုးသောသား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသော သူ၏ဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပေ။ ဤသည်မှာ တကယ်ကို မဖြစ်ပျက်ခဲ့ပေ။ အဘယ်သို့ ဘုရားသခင်သည် ကလေးတစ်ဦးတည်းသာ ရှိနိုင်မည်နည်း။ သို့ဆိုလျှင် ဘုရားသခင်သည် လူသား ဖြစ်လာပြီးဖြစ်မည် မဟုတ်လော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်ခဲ့သောကြောင့်၊ သူ့ကို ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခဲ့ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားက ဆက်နွှယ်မှု ဖြစ်လာပေသည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့် သက်သက် ဖြစ်သည်။ ယေရှုသည် လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သည်။ သူသည် ထိုသို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားခဲ့ပြီးဖြစ်သည့် အတွက်၊ “ငါ၏ အပြင်ပန်းအကာသည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အရာသာ ဖြစ်သည်။ ငါသည် ဤကမ္ဘာမြေသို့ ကြွလာရန် လူ့ဇာတိအား ယူတင်ဝတ်ဆင်သည့်အတွက်၊ ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့်အလွန် ဝေးကွာလျက်ရှိ၏။” ဟုသူပြောခဲ့သည်မှာ လူ့ဇာတိ၏ ရှုထောင့်မှ ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှသာ ဆုတောင်းနိုင်ခဲ့သည်။ ဤသည်မှာ သူ၏တာဝန် ဖြစ်ခဲ့ပြီး၊ ယင်းမှာ လူ့ဇာတိခံ ဘုရားသခင်၏ ဝိညာဉ်တော်က ဖြည့်ဆည်းထားသင့်သည့် အရာ ဖြစ်သည်။ သူသည် ခမည်းတော်အား လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သောကြောင့်သာ၊ သူသည် ဘုရားသခင် မဟုတ်ဟု ပြော၍မရနိုင်ပေ။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်နေဆဲ ဖြစ်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံခဲ့ရသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ဆဲဖြစ်ခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။ သူ၏ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝ ဖြစ်စေ နှစ်ခုလုံးသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ကျိုးနွံနာခံလေသည်။ ခရစ်တော်၏အနှစ်သာရမှာ ဝိညာဉ်တော် ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏အနှစ်သာရသည် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သက်ဆိုင်ပေသည်။ ဤအနှစ်သာရသည် သူကိုယ်တိုင်၏ အမှုကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ ပြီးလျှင် သူကိုယ်တိုင်၏ အမှုကို ဖျက်ဆီးမည့် မည်သည့်အရာကိုမဆို သူ လုပ်ဆောင်ဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ သူကိုယ်တိုင်၏ အလိုနှင့် ဆန့်ကျင်သည့် မည်သည့် စကားကိုမျှ တစ်ကြိမ်တစ်ခါမျှ သူ မိန့်မြွက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို နှောင့်ယှက်သည့် မည်သည့်အမှုကိုမျှ မည်သည့်အခါတွင်မျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ လူအားလုံး နားလည်သင့်သည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အနှစ်သာရသည် လူသားကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ အမှုသည်လည်း လူသားကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ အလိုအတွက် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည်ကို ထောက်ဆလျှင်၊ သူသည် သူ၏ဇာတိခန္ဓာအတွင်းရှိ သူ၏အနှစ်သာရကို ရုပ်အကောင်အထည် ပေါ်စေသဖြင့် သူ၏ဇာတိခန္ဓာသည် သူ၏အမှုကို ဆောင်ရွက်ရန် လုံလောက်၏။ ထို့ကြောင့် လူ့ဇာတိခံခြင်း အချိန်ကာလအတွင်းတွင် ဘုရားဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အမှုအားဖြင့် အစားထိုးလိုက်ပြီး၊ လူ့ဇာတိခံယူခြင်းအချိန် တစ်လျှောက်လုံးတွင် အမှုအားလုံး၏ အဓိက အချက်အချာတွင် ခရစ်တော်၏အမှု ရှိပေသည်။ ယင်းသည် အခြားမည်သည့်ခေတ်မဆိုမှ အမှုဖြင့် ရောယှက်၍ မရပေ။ ပြီးလျှင် ဘုရားသခင်သည် လူ့ဇာတိခံလာသည့်အတွက်၊ သူသည် သူ၏ဇာတိခန္ဓာ၏ ပင်ကိုလက္ခဏာဖြင့် အမှုပြုသည်။ လူ့ဇာတိ ခံလာသည့်အတွက် သူသည် သူလုပ်သင့်သောအမှုကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးသည်။ ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ သို့မဟုတ် ခရစ်တော်ဖြစ်စေ၊ နှစ်ခုလုံးသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး သူလုပ်သင့်သော အမှုကို သူလုပ်ဆောင်ပြီး သူဆောင်ရွက်သင့်သော အမှုတော်ကို သူ ဆောင်ရွက်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်

လူ့ဇာတိခံ လူသားသည် သူ၏ လူ့သဘာဝမှတစ်ဆင့် ဘုရားသခင်၏ ဘုရားသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်ထံ ဘုရားသခင်၏ အလိုကို အသိပေးခဲ့သည်။ ပြီးလျှင် ဘုရားသခင်၏ အလိုနှင့် စိတ်သဘောထားတို့နှင့် သက်ဆိုင်သော သူ၏ ဖော်ပြချက်မှတစ်ဆင့် ဝိညာဉ်လောက၌ ကျိန်းဝပ်သည့် မြင်၍မရသော သို့မဟုတ် ထိတွေ့၍မရသော ဘုရားသခင်ကိုလည်း လူတို့ထံ ထုတ်ဖော်ပြခဲ့သည်။ လူတို့ မြင်ခဲ့သောအရာမှာ အသွေးအသားနှင့် ဖန်တီးထားသည့်၊ လက်ဆုပ်လက်ကိုင် ပြနိုင်သော ပုံသဏ္ဌာန်ဖြင့်ရှိသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံ လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကဲ့သို့သော အရာများကို ခိုင်မာစေပြီး လူသားဆန်စေခဲ့သည်။ လူသား၏ အပြင်ပန်း အသွင်အပြင်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် စပ်လျဉ်း၍ အကန့်အသတ် အချို့ရှိခဲ့သော်လည်း၊ သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ခဲ့သည်- ဖော်ပြခြင်းပုံစံတွင် ကွာခြားချက် အချို့သာ ရှိလေသည်။ လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းတို့ကို သူ၏ လူ့သဘာဝနှင့် သူ၏ ဘုရားသဘောသဘာဝ ပုံစံနှစ်ခုလုံးဖြင့် ကိုယ်စားပြုခဲ့သည်ဆိုသည်ကို ငါတို့ မငြင်းနိုင်ပေ။ သို့သော် ဤအချိန်ကာလအတွင်းတွင် ဘုရားသခင်သည် လူ့ဇာတိ မှတစ်ဆင့် အမှုပြုခဲ့သည်၊ လူ့ဇာတိ၏ ရှုထောင့်မှ စကားပြောဆိုခဲ့ပြီး လူသား၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ဖြင့် လူသားမျိုးနွယ်ရှေ့တွင် ရပ်ခဲ့ပြီး၊ ဤအရာက လူသားမျိုးနွယ်အလယ်တွင် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်များနှင့်အမှုကို လူတို့အား ကြုံကာ ခံစားရန် အခွင့်အလမ်းကို ပေးခဲ့သည်။ ယင်းက နှိမ့်ချခြင်း အလယ်တွင် သူ၏ ဘုရားသဘောသဘာဝနှင့် သူ၏ ကြီးမြတ်ခြင်းတို့ကို လူတို့အား ထိုးထွင်းသိမြင်ခွင့်လည်း ပေးခဲ့‌သည့်အပြင်၊ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် လက်တွေ့အရှိတရားနှင့်သက်ဆိုင်သည့် ပဏာမ သိနားလည်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ရပ်ကို ရရှိခွင့်ပေးခဲ့သည်။ သခင်ယေရှုပြီးစီးခဲ့သော အမှု၊ သူ၏အမှုပြုသော နည်းလမ်း၊ သူစကားပြောသော ရှုထောင့်တို့သည် ဝိညာဉ်လောကထဲရှိ ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်မှ ကွာခြားသော်လည်း၊ သူနှင့်ပတ်သက်သည့် အရာရာတိုင်းသည် လူသားမျိုးနွယ်က ယခင်က လုံးဝ မမြင်ဖူးသော ဘုရားသခင်ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့သည်- ဤအရာကို ငြင်း၍မရပေ။ ဆိုလိုသည်မှာ ဘုရားသခင်က မည်သို့သောပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းသည်ဖြစ်စေ၊ မည်သည့်ရှုထောင့်မှ သူစကားပြောသည် ဖြစ်စေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို မည်သည့်ပုံသဏ္ဌာန်ဖြင့် သူရင်ဆိုင်သည်ဖြစ်စေ ဘုရားသခင်သည် မိမိကိုယ်ကိုယ်မှလွဲ၍ မည့်သည့်အရာကိုမျှ ကိုယ်စားမပြုပေ။ သူသည် မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်သကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားမျိုးနွယ်ကိုမျှလည်း ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး၊ ဤအရာကို ငြင်း၍မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

လူက ပထမအဦးဆုံး မြင်ခဲ့ရသော အရာမှာ ယေရှုအပေါ်သို့ ချိုးငှက်အဖြစ် ဆင်းသက်နေသည့် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည်။ ယင်းမှာ ယေရှုအဖို့ သီးသန့်ဝိညာဉ်တော် မဟုတ်ခဲ့ဘဲ၊ ယင်းထက် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ခဲ့သည်။ သို့ဆိုလျှင် ယေရှု၏ ဝိညာဉ်တော်ကို သန့်ရှင်းသော ဝိညာဉ်တော်မှ ခွဲ၍ ရနိုင်သလော။ အကယ်၍ ယေရှုသည် ယေရှု၊ သားတော် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပါက၊ ၎င်းတို့သည် အဘယ်သို့ တစ်ပါးတည်း ဖြစ်နိုင်မည်နည်း။ ထိုသို့ဖြစ်ပါက အမှုကို ဆောင်ရွက်နိုင်ခဲ့မည် မဟုတ်ပေ။ ယေရှုအတွင်းရှိ ဝိညာဉ်တော်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်နှင့် ယေဟောဝါ၏ ဝိညာဉ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဉ်တော်နှင့် အလုံးစုံ ခြုံလွှမ်းသော ဝိညာဉ်တော်ဟူ၍ ခေါ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာလောကကို ဖန်ဆင်းနိုင်ပြီး၊ ယင်းကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နိုင်သည့်အပြင်၊ လူသားမျိုးနွယ် အားလုံးကိုလည်း သိမ်းပိုက်ကာ ဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က ဆောင်ရွက်ခြင်းဖြစ်ပြီး သူ၏ကိုယ်စား ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ်တော်အဖြစ်ကမျှ လုပ်ဆောင်၍ မရနိုင်ပေ။ သူ၏ဝိညာဉ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်နာမဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်။ သူသည် စကြဝဠာများအထက်နှင့် လူထုများအလယ်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှ ယခုအထိ၊ ဤအမှုကို ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပြီးဖြစ်သည်။ ကောင်းကင်ဘုံရှိ အလုပ်ဖြစ်စေ၊ လူ့ဇာတိထဲက အလုပ်ဖြစ်စေ၊ အားလုံးကို သူကိုယ်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပေသည်။ ကောင်းကင်ဘုံတွင် ဖြစ်စေ၊ မြေကြီးပေါ်တွင် ဖြစ်စေ၊ ဖန်ဆင်းခံ သတ္တဝါအားလုံးသည် သူ၏ အနန္တလက်ဝါးတွင် ရှိကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှု ဖြစ်ပြီး၊ သူ၏ ကိုယ်စား အခြားမည်သူကမျှ လုပ်ဆောင်၍မရနိုင်ပေ။ ကောင်းကင်ဘုံတွင်၊ သူသည် ဝိညာဉ်တော်ဖြစ်ပြီးသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်သည်။ လူတို့အလယ်တွင် သူသည် လူ့ဇာတိဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲဖြစ်သည်။ သူ့ကို ရာထောင်ချီသော နာမများဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင် ဖြစ်နေသေးပြီး၊ သူ့ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်းမှတစ်ဆင့် လူသားမျိုးနွယ် အားလုံးနှင့်ဆိုင်သည့် ရွေးနုတ်ခြင်းသည် သူ၏ ဝိညာဉ်တော်၏ တိုက်ရိုက် အလုပ် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလအတွင်းတွင် တိုင်းနိုင်ငံအားလုံးနှင့် နယ်မြေအားလုံးထံ ကြွေးကြော်ခြင်းလည်း ဖြစ်သည်။ တစ်ချိန်လုံး၊ ဘုရားသခင်ကို အနန္တတန်ခိုးရှိသကဲ့သို့ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆို၍ရနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်ဆိုင်သည့် ဤထင်မြင်ယူဆချက်ကို မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်များ မတည်ရှိပေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

အရှေ့သို့- ၃။ ကျွန်ုပ်သည် သခင်ယေရှုကို နှစ်ပေါင်းများစွာကြာ ယုံကြည်ပြီးဖြစ်ကာ၊ သခင်ယေရှုက လူ့ဇာတိခံလာသည့် ဘုရားသခင် ဖြစ်သည်ကို ကျွန်ုပ် သိသော်လည်း၊ လူ့ဇတိခံယူခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို ကျွန်ုပ် အပြည့်အဝ နားမလည်ပါ။ သခင်ပြန်ကြွလာချိန်တွင်၊ သူသည် လူသားအဖြစ် အမှုပြုလျက်၊ သခင်ယေရှုအဖြစ် အမှန်တကယ် မပေါ်ထွန်းပါက၊ သူ့ကို သတိပြုမိဖို့ သို့မဟုတ် သူ၏ ကြွလာခြင်းကို ကြိုဆိုဖို့ ကျွန်ုပ်တို့အတွက် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းသည် နက်နဲမှုတစ်ခုဖြစ်ပြီး လက်တစ်ဆုပ်စာ လူများကသာ လူ့ဇာတိခံယူခြင်း၏ နက်နဲမှုကို နားလည်သည်ဟု ကျွန်ုပ် ခံစားရသည်။ ကျေးဇူးပြုပြီး လူ့ဇာတိခံယူခြင်းက မည်သည့်အရာ အတိအကျဖြစ်သည်ကို ကျွန်ုပ်နှင့်အတူ မိတ်သဟာယပြုပါ။

နောက်တစ်ခုသို့- ၅။ ပညတ်တော်ခေတ်၏ အမှုကို မောရှေကို ယေဟောဝါ၏ အသုံးပြုခြင်းမှတစ်ဆင့် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်သည် နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ဖို့ တစ်စုံတစ်ဦးကို အဘယ်ကြောင့် အသုံးမပြုသနည်း။ သူသည် အဘယ်ကြောင့် လူ့ဇာတိခံလာပြီး ဤအမှုကို ကိုယ်တိုင် ဆောင်ရွက်ရမည်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။