၂။ ယခင်က၊ ကျွန်ုပ်သည် ချင့်ချိန်နိုင်စွမ်း ကင်းမဲ့ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ဆန့်ကျင်ခြင်းနှင့် ရှုတ်ချခြင်းတွင် သင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက် ကျွန်ုပ် လိုက်ခဲ့ပြီး ပြစ်မှားစော်ကားမှုများကို ပြောဆိုရာတွင် ၎င်းတို့နှင့်အတူ လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို ကယ်တင်လိမ့်မည်လား။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“တရားသောသူသည် တရားသောအမှုကိုပယ်၍ အဓမ္မအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် သေရမည်။ ပြုမိသော အဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည်။ ထိုအတူ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကို ရှောင်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၊ မိမိအသက်ကို ကယ်နှုတ်ရလိမ့်မည်။ ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက် ရှင်ရလိမ့်မည်။” (ယေဇကျေလအနာဂတ္တိကျမ်း။ ၁၈:၂၆-၂၈)

“ထို့နောက် ယေဟောဝါ၏ နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာသည်မှာ၊ ထလော့၊ ထိုနိနေဝေမြို့ကြီးသို့ သွားလော့။ သင့်ကို ငါပြောထားသည့် ဟောကြားချက်ကို ဟောကြားလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေဟောဝါ၏ နှုတ်ကပတ်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် သုံးရက်တာခရီး ကျယ်ဝန်းကာ အတိုင်းထက်အလွန်ကြီးသောမြို့ ဖြစ်၏။ ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။ ထို့ကြောင့် နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကိုကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။ ငါတို့သည် မပျက်စီးဘဲ၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရကာ ပြင်းစွာသောအမျက်တော်မှ လွှဲတော်မူမည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာစေတော်မူ၏။ သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။” (ယောနဝတ္ထု ၃:၁-၁၀)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားအပေါ် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏အလိုကို ၎င်းတို့အား ဖြည့်ဆည်းနိုင်စေရန်ဖြစ်ပြီး ယင်းကို ၎င်းတို့ထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူသားနှင့်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အချိန်ကာလအတွင်းတွင်၊ သူသည် ၎င်းတို့အား အပြစ်ပေးခြင်းအမှုကို မလုပ်ဆောင်ပေ။ လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းနေစဉ်တွင်၊ ဘုရားသခင်သည် ဆိုးယုတ်သူများကိုလည်း အပြစ်မပေးသကဲ့သို့ ကောင်းသောသူများကို ဆုမချီးမြှင့်ဘဲ လူအမျိုးမျိုးတို့၏ ခရီးပန်းတိုင်များကိုလည်း ထုတ်ဖော်မပြပေ။ ထို့ထက်၊ သူ့အမှု၏ နောက်ဆုံးအဆင့် ပြီးစီးသည့်နောက်တွင်သာ ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုချီးမြှင့်ခြင်း အမှုကို သူလုပ်ဆောင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ မတူကွဲပြားသော လူအမျိုးအစားအားလုံး၏ အဆုံးသတ်များကို သူထုတ်ဖော်ပြလိမ့်မည်။ အပြစ်ပေးခံရသူများသည် အမှန်တကယ် ကယ်တင်၍မရနိုင်သူများ ဖြစ်ကြလိမ့်မည် ဖြစ်သော်လည်း၊ ကယ်တင်ခြင်းခံရသူများသည် လူသားနှင့်ဆိုင်သည့် သူ၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီးသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို ပြုနေစဉ်တွင် ကယ်တင်ခံရနိုင်သည့် လူတစ်ဦးစီတိုင်းသည် ဖြစ်နိုင်သမျှ ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ လူကို ကယ်တင်ရန် ဖြစ်သည့်အတွက် ၎င်းတို့ထဲမှ မည်သူမျှ စွန့်ပစ်ခံရလိမ့်မည်မဟုတ်။ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု မစွမ်းဆောင် မရရှိနိုင်ကြသူအားလုံး အပြင်— ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံခြင်း မရှိနိုင်သူအားလုံးတို့သည်— အပြစ်ပေးခြင်း ခံရသူများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အလိုနှင့် ၎င်းတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သိနားလည်နိုင်ဖို့အလို့ငှာ၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိဖို့ မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်များ ရှိနိုင်ကြဖို့အလို့ငှာ၊ အမှု၏ ဤအဆင့်- နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုသည်- လူသားတို့ နားမလည်သည့် နည်းလမ်းများနှင့် နက်နဲမှုများအားလုံးကို ၎င်းတို့အတွက် ဖွင့်ပြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ပြုရန် နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး၊ အနည်းငယ် ပုန်ကန်တတ်ခြင်းအတွက် လူတို့ကို အပြစ်မပေးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်သည် ကယ်တင်ခြင်းအမှု၏ အချိန်ကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပုန်ကန်လျက် ပြုမူသောသူ မည်သူမဆိုကို အပြစ်ပေးမည်ဆိုပါက၊ မည်သူမျှ ကယ်တင်ခံ ရရန် အခွင့်အရေးရှိကြမည် မဟုတ်ပေ။ အယောက်တိုင်းသည် အပြစ်ပေးခံရမည် ဖြစ်ပြီး မရဏနိုင်ငံသို့ ကျဆင်းကြရမည် ဖြစ်သည်။ လူကို တရားစီရင်သည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိရှိခွင့်ပေးရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခွင့် ပေးရန် ဖြစ်သည်။ ယင်းမှာ ထိုသို့သော တရားစီရင်ခြင်းဖြင့် ၎င်းတို့ကို အပြစ်ပေးရန် မဟုတ်ပေ။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အချိန်ကာလအတွင်းတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ ပုန်ကန်မှုနှင့် အာခံမှုအပြင် လူ့ဇာတိခံ ဘုရားသခင်အပေါ် ၎င်းတို့၏ မနာခံမှုကို ဖော်ထုတ်ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် ဤလူအားလုံးကို အကျိုးဆက်အနေဖြင့် အပြစ်ပေးလိမ့်မည် မဟုတ်ဘဲ၊ ယင်းအစား ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်ပျက်စီးသော သူများနှင့် ကယ်တင်မခံရနိုင်သူများကိုသာ ဘေးဖယ်ထားလိမ့်မည်။ သူသည် ၎င်းတို့၏ ဇာတိခန္ဓာများကို စာတန်အား ပေးပစ်လိမ့်မည်ဖြစ်ပြီး အချို့အခြေအနေများတွင် ၎င်းတို့၏ဇာတိခန္ဓာကို အဆုံးသတ်ပစ်လိမ့်မည်။ ကျန်ရှိသောသူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဆက်လက် လိုက်လျှောက်ကာ ကြုံတွေ့ကြရလိမ့်မည်။ အကယ်၍ လိုက်လျှောက်နေစဉ်တွင် ဤလူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်သေးသကဲ့သို့၊ ပို၍ပို၍ ဆုတ်ယုတ်လာကြပါက၊ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးကြလိမ့်မည်။ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံရခြင်းကို ကျိုးနွံနာခံပြီးဖြစ်သည့် လူအသီးသီးသည် ကယ်တင်ခြင်းအတွက် လုံလောက်သော အခွင့်အရေးကို ရရှိကြလိမ့်မည်။ ဤလူများထဲမှ အသီးသီးနှင့်ဆိုင်သည့် ဘုရားသခင်၏ကယ်တင်ခြင်းသည် သူ၏အစွမ်းကုန် သက်ညှာမှုကို ပြသလိမ့်မည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် အစွမ်းကုန် သည်းခံပေးမှု ပြသခံရကြလိမ့်မည်။ လူတို့သည် လမ်းမှားကို ကျောခိုင်းနေကြသရွေ့၊ ပြီးလျှင် ၎င်းတို့ နောင်တရနိုင်သရွေ့၊ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကိုရရှိရန် အခွင့်အရေးများအား ၎င်းတို့ကို ပေးလိမ့်မည်။ လူသားများက ဘုရားသခင်ကို ပထမဦးဆုံး ပုန်ကန်ကြချိန်တွင်၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် ဘုရားသခင် ဆန္ဒမရှိပေ။ ထို့ထက်၊ ၎င်းတို့ကို ကယ်တင်ရန် သူတတ်နိုင်သမျှအားလုံး လုပ်ဆောင်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကယ်တင်ခြင်းအတွက် အမှန်တကယ် အခွင့်အရေး မရှိပါက၊ ဘုရားသခင်သည် ၎င်းတို့ကို ဘေးဖယ်ထားလိမ့်မည် ဖြစ်သည်။ လူအချို့ကို ဘုရားသခင်က အပြစ်ပေးရန် နှေးရသည့် အကြောင်းရင်းမှာ သူသည် ကယ်တင်၍ ရနိုင်သူတိုင်းကို ကယ်တင်လိုသောကြောင့် ဖြစ်သည်။ သူသည် လူတို့ကို နှုတ်ကပတ်တော်များဖြင့်သာ တရားစီရင်သည်၊ အသိဉာဏ်ပွင့်လင်းစေပြီး၊ လမ်းပြကာ၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် လှံတံကို အသုံးမပြုပေ။ လူသားများထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းသည် အမှု၏ နောက်ဆုံးအဆင့်နှင့်ဆိုင်သော ရည်ရွယ်ချက်နှင့် အရေးပါမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏

“ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် အသရေဖျက်ခြင်းသည် ယခုဘဝဖြစ်စေ နောင်ဘဝဖြစ်စေ ခွင့်လွှတ်ခြင်းခံရမည်မဟုတ်သည့် အပြစ်တစ်ခုဖြစ်ပြီး ဤအပြစ်ကို ကျူးလွန်သူများသည် မည်သည့်အခါမျှ လူပြန်ဝင်စားမည် မဟုတ်ချေ။” ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားသည် လူ၏ ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံဟု ဆိုလိုသည်။ ၎င်းတို့နားမလည်သည့် အခြေအနေတစ်ခုတွင်ရှိသည့်အခါ၊ သို့မဟုတ် ၎င်းတို့သည် သူတစ်ပါး၏ လှည့်စားခြင်း ခံရသည့်အခါ၊ ထိန်းချုပ်ခြင်းခံရသည့်အခါ သို့မဟုတ် ဖိနှိပ်ခြင်းခံရသည့်အခါ၊ လူအချို့သည် မညှာတာသော သို့မဟုတ် အကျည်းတန်သော စကားများကို ပြောဆိုနိုင်သည်။ သို့သော် နောက်ပိုင်းတွင် စစ်မှန်သော လမ်းခရီးကို ၎င်းတို့ လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် နောင်တဖြင့်ပြည့်လာကြသည်။ ထို့အခါ ၎င်းတို့သည် ကောင်းမှုများကို လုံလောက်စွာ ပြင်ဆင်ကြပြီး ဤအရေးကိစ္စတွင် အသိပညာကို ကြိုးပမ်းရရှိကာ ပြောင်းလဲမှုကို တွေ့ကြုံကြရသောကြောင့်၊ ဘုရားသခင်သည် ၎င်းတို့၏ ယခင်က လွန်ကျူးသောအပြစ် တစ်ခုတစ်လေအပေါ်မျှ ဆက်လက်ဆင်ခြင်သုံးသပ်ခြင်း မရှိတော့ပေ။ သင်တို့သည် ဘုရားသခင်ကို အပြည့်အဝ သိကျွမ်းသင့်သည်၊ ဘုရားသခင်၏ထိုနှုတ်ကပတ်တော်များသည် မည်သူ့ကို ဦးတည်သည်ကို သင်သိသင့်သကဲ့သို့ ယင်းတို့၏ ဆက်စပ်အကြောင်းအရာကိုလည်း သင်သိသင့်သည်၊ ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အလျဉ်းသင့်သလို အသုံးပြုခြင်း သို့မဟုတ် ထင်ရာမြင်ရာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း သင် မပြုသင့်ပေ။ အတွေ့အကြုံ လုံးဝ မရှိသည့်လူများသည် မည်သည့်အရာတွင်မျှ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် မနှိုင်းယှဉ်ကြသော်လည်း၊ အတွေ့အကြုံ အနည်းငယ်ဖြင့် သူများ သို့မဟုတ် ထိုးထွင်းအမြင်အချို့ ရှိသည့်သူများကမူ အလွန်အကျူး လိုသလိုဆွဲတွေးလေ့ရှိကြသည်။ လူများကို ကျိန်ဆဲသည့် သို့မဟုတ် စက်ဆုပ်ရွံရှာပြီး သုတ်သင်ဖယ်ရှင်းသည့် မိန့်မြွက်ချက်များကို ဘုရားသခင်ထံမှ ၎င်းတို့ကြားသည့်အခါ၊ ၎င်းတို့သည် မိမိတို့ဘာသာ လက်လွတ်စပယ် တာဝန်ယူ ဆုံးဖြတ်ကြသည်။ ဤသည်က ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားမလည်ဘဲ၊ သူ့ကို အမြဲတစေ အထင်လွဲမှားနေသည်ဟု ပြနေသည်။ လူအချို့က ဘုရားသခင်၏ မိန့်မြွက်ချက်အသစ်များကို တစ်ခုတစ်လေမျှ မဖတ်ရသေးမီ၊ မည်သည့် စုံစမ်းလေ့လာခြင်းမျှ မပြုရသေးမီ၊ ဘုရားသခင်၏အမှုတော်အသစ်ကို နားလည်သည့် လူများထံမှ မိတ်သဟာယ တစ်ခုတစ်လေမျှ မကြားရသေးမီ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း တစ်စုံတစ်ရာကို သာ၍ မရရှိသေးမီ ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကြသည်။ ထို့နောက်တွင် တစ်စုံတစ်ယောက်က ၎င်းတို့အား ဧဝံဂေလိတရား ဟောကြားပြီး ၎င်းတို့က ယင်းကို လက်ခံကြသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်မိခြင်းအတွက် စိတ်မကောင်းဖြစ်ကြပြီး နောင်တရဖို့ ဆန္ဒရှိကြသည်။ ထို့နောက်တွင် အနာဂတ်တွင် ၎င်းတို့မည်သို့ပြုမူသည်ဆိုသည့်အပေါ်တွင်သာ မူတည်တော့သည်။ ၎င်းတို့ ယုံကြည်မှု ရှိလာပြီးသည့်နောက်၊ ၎င်းတို့၏ အပြုအမူသည် အထူးသဖြင့် ဆိုးရွားပြီး၊ “ကဲ၊ အမှန်တော့ ယခင်က ပြစ်မှားစော်ကားခြင်းနှင့် အကျည်းတန်သော စကားများကို ကျွန်ုပ် ပြောခဲ့ပြီး၊ ဘုရားသခင်က ကျွန်ုပ်ကဲ့သို့ လူများသည် ပြစ်တင်ရှုတ်ချခြင်းခံရလိမ့်မည်ဟု အတိအလင်း ကြေညာပြီး ဖြစ်သည်- ကျွန်ုပ်တို့၏ ဘဝတော့ ပွဲသိမ်းသွားပါပြီ။” ဟု ပြောလျက်၊ မိမိတို့ကိုယ်ကိုယ် အရေးမပါဟု သဘောထားလိုက်ပါက၊ ထိုသို့သော လူများသည် အမှန်တကယ် ဇာတ်သိမ်းသွားပြီဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

လွန်ကျူးခြင်း အပြစ်အသေးစားတစ်ခုကို ကျူးလွန်ပြီးဖြစ်သူ အချို့က “ဘုရားသခင်သည် ကျွန်ုပ်ကို ဖော်ထုတ်ပြီး နှင်ထုတ်ပြီးဖြစ်သလော။ သူသည် ကျွန်ုပ်ကို ဒဏ်ခတ်မည်လော။” ဟု တွေးကြသည်။ ဘုရားသခင်သည် လူတို့ကို အဆုံးစီရင်ရန် မဟုတ်ဘဲ လူတို့ကို အကြီးမားဆုံး အတိုင်းအတာအထိ တတ်နိုင်သမျှ ကယ်တင်ရန် ဤအချိန်တွင် ကြွလာခဲ့ခြင်းဖြစ်သည်။ မည်သူသည် အမှားများ နှင့် လုံးဝ ကင်းရှင်းသနည်း။ အကယ်၍ အယောက်တိုင်း အဆုံးစီရင်ခြင်းကို ခံရပါက ၎င်းကို ကယ်တင်ခြင်းဟု အဘယ်သို့ ခေါ်နိုင်မည်နည်း။ ပြစ်မှားခြင်းအချို့မှာ တမင်တကာပြုခြင်း ဖြစ်၍ အခြားသောပြစ်မှားခြင်းများမှာ တမင်တကာပြုခြင်း မဟုတ်ပေ။ တမင်တကာမဟုတ်သောကိစ္စများအတွက် ၎င်းတို့ကို သင် လက်ခံပြီးနောက် ပြောင်းလဲနိုင်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင် မပြောင်းလဲမီ သင့်ကို အဆုံးစီရင်လိမ့်မည်လော။ ဤအရာမှာ လူတို့ကို ဘုရားသခင် ကယ်တင်သည့်နည်းလမ်း ဖြစ်သလော။ ၎င်းမှာ ထိုကဲ့သို့ မဟုတ်ပေ။ သင်သည် တမင်တကာမဟုတ်ဘဲ ပြစ်မှားသည်ဖြစ်စေ သို့မဟုတ် ပုန်ကန်တတ်သော ဗီဇတစ်ခုကြောင့် ပြစ်မှားသည်ဖြစ်စေ သင် မှတ်မိရမည်မှာ၊ လက်တွေ့အရှိတရား၌ အလျင်အမြန် နိုးထကြလော့။ ရှေ့ဆက်ကြလော့၊ မည်သည့် အခြေအနေ ဖြစ်ပေါ်ပါစေ သင် ရှေ့ဆက်ရမည်။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် အမှုပြုလျက်ရှိပြီး သူသည် သူကယ်တင်လိုသည့် လူတို့ကို ပေါ့ပေါ့တန်တန် အဆုံးစီရင်လိမ့်မည် မဟုတ်ပါ။ သင်ပြောင်းလဲနိုင်စွမ်းသည့် အတိုင်းအတာကို ပဓာနမထားဘဲ၊ အဆုံးတွင် ဘုရားသခင်က သင့်ကို သေဆုံးစေခဲ့လျှင်ပင်၊ ယင်းကို သူက ဖြောင့်မတ်ခြင်းဖြင့် မုချလုပ်ဆောင်လိမ့်မည်ဖြစ်ပြီး အချိန်ကျရောက်လာသည့်အခါ သင့်ကို နားလည်စေလိမ့်မည်။ ယခုတွင်၊ အသက်တာ ဝင်ရောက်ခြင်းကို အာရုံစိုက်ရင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းရန် ကြိုးစားရင်း၊ သမ္မာတရားအတွက် ကြိုးပမ်းခြင်းနှင့်ပတ်သက်၍ သင် ဂရုစိုက်သင့်သည်။ ဤအရာတွင် အမှားအယွင်း မရှိပေ။ နောက်ဆုံးတွင်၊ ဘုရားသခင်က သင့်ကို မည်သို့ဆက်ဆံပါစေ၊ ယင်းကို ဖြောင့်မတ်ခြင်းဖြင့် အမြဲလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာကို သင် သံသယမထားသင့်သကဲ့သို့၊ စိုးရိမ်စရာ မလိုပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယခု သင် နားမလည်သော်လည်း၊ သင် ယုံကြည်လက်ခံမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ ဘုရားသခင်သည် အစိုးရအရာရှိတစ်ဦး မဟုတ်သကဲ့သို့၊ နတ်ဆိုးများ၏ဘုရင်ကဲ့သို့လည်း သေချာပေါက် မဟုတ်ပေ။ သင်တို့သည် ဤအကြောင်းအရာကို အသေအချာ လေးလေးနက်နက် ဆင်ခြင်ကြည့်ပါက၊ ဘုရားသခင်၏ အမှုသည် လူများကို ကယ်တင်ခြင်းနှင့် ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲခြင်း ဖြစ်သည်ဆိုသည့် ကောက်ချက်ချမိမည်။ သူ၏အလုပ်သည် လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲခြင်း အမှုဖြစ်သည့်အတွက်၊ လူများက ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းကို မထုတ်ဖော်ပါက၊ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သကဲ့သို့၊ မည်သည့်အရာမျှလည်း စွမ်းဆောင်ရရှိမည် မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြီးသည့်နောက်၊ သင်သည် အနည်းဆုံးအနေဖြင့် နောင်တမရဘဲ၊ သင်ပြုမူခဲ့ပြီးသကဲ့သို့ ပြုမူဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလိမ့်မည်။ ဘုရားသခင်သည် လူတို့အပေါ် ဒဏ်ခတ်ခြင်းအတိုင်းအတာ အမျိုးမျိုးကို ဆောင်ရွက်လိမ့်မည် ဖြစ်ပြီး လူသားသည် သူ၏လွန်ကျူးခြင်းအပြစ်များအတွက် အဖိုးအခပေးရလိမ့်မည်။...

ယခင်က ဖော်ပြခဲ့သကဲ့သို့၊ အတိတ်မှ အဖြစ်အပျက်များကို ကလောင်တစ်ချက်ဖြင့် လုံးလုံးဖယ်ရှား၍ ရနိုင်သည်။ အတိတ်ကို အစားထိုးဖို့ အနာဂတ်ကို ပြင်ဆင်ပြောင်းလဲနိုင်သည်။ ဘုရားသခင်၏ သည်းခံခြင်းသည် ပင်လယ်ကဲ့သို့ အကန့်အသတ်မဲ့သည်။ သို့သော်လည်း ဤနှုတ်ကပတ်တော်များအဖို့ အခြေခံသဘောတရားများလည်း ရှိသည်။ ယင်းက ဘုရားသခင်သည် သင်ကျူးလွန်ပြီးဖြစ်သည့် မည်သည့်အပြစ်ကိုမဆို မည်မျှကြီးမားပါစေ လုံးလုံးလျားလျား ဖယ်ရှားမည့်ကိစ္စမဟုတ်ပေ။ ဘုရားသခင်၏အမှုအားလုံးတွင် အခြေခံသဘောတရားများရှိသည်။ အတိတ်တွင် စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမိန့်ကို ဤအရေးကိစ္စကို ကိုင်တွယ်ဖို့ သတ်မှတ်ခဲ့သည်- သူ၏နာမတော်ကို လက်မခံမီ ကျူးလွန်သည့် အပြစ်များအားလုံးကို ဘုရားသခင်က ခွင့်လွှတ်ပြီး လွတ်ငြိမ်းစေသည်၊ ပြီးလျှင် အသင်းတော်သို့ ဝင်ရောက် ပြီးသည့်နောက် အပြစ်ကျူးလွန်သည့်သူများကို ကိုင်တွယ်ဖြေရှင်းဖို့ စနစ်တစ်ခုရှိသည်။ အပြစ်အသေးစားကို ကျူးလွန်သည့်သူသည် နောင်တရဖို့ အခွင့်ပေးခံရသော်လည်း၊ ထပ်ခါတလဲလဲ အပြစ်ကျူးလွန်သူများသည် ထုတ်ပယ်ခြင်း ခံရသည်။ ဘုရားသခင်သည် သူ၏အမှုတွင် လူများကို အတတ်နိုင်ဆုံး အကြီးမားဆုံးအတိုင်းအတာအထိ အစဉ် သည်းခံပြီးဖြစ်သည်၊ ပြီးလျှင် ဤသည်တွင် ဘုရားသခင်၏ အမှုသည် လူများကို ကယ်တင်ခြင်းအမှု အမှန်တကယ် ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ သို့သော် အမှု၏ ဤနောက်ဆုံးအဆင့်တွင်၊ သင်သည် ခွင့်လွှတ်၍မရနိုင်သော အပြစ်များကို ကျူးလွန်နေသေးပါက၊ သင်သည် အမှန်တကယ် ကယ်တင်၍ မရနိုင်ဘဲ၊ သင်သည် မပြောင်းလဲနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

များစွာသောသူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်ကြသော်လည်း၊ ၎င်းတို့ကြားတွင် ဘုရားသခင်ကို ၎င်းတို့ ဆန့်ကျင်သည့် မတူကွဲပြားသော နည်းလမ်းများစွာ ရှိလေသည်။ ယုံကြည်သူမျိုးစုံ ရှိသည်နှင့်အမျှ၊ တစ်ဦးနှင့်တစ်ဦးမတူသည့် ဘုရားသခင်ကို ဆန့်ကျင်သူ မျိုးစုံရှိလေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုရန် ပျက်ကွက်သူများထဲမှ တစ်ဦးတစ်ယောက်မျှ ကယ်တင်မခံရနိုင်ပေ။ အတိတ်ကာလတွင် လူသည် ဘုရားသခင်ကို မည်သို့ ဆန့်ကျင်ကောင်းဆန့်ကျင်နိုင်သည်ကို ပဓာနမထားဘဲ၊ လူသားသည် ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားလည်လာပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းငှာ သူ၏ အားထုတ်မှုများကို ဆက်ကပ်သည့်အခါ၊ သူ၏ ယခင်အပြစ်များအားလုံးကို ဘုရားသခင် သန့်စင်ဖယ်ရှားမည် ဖြစ်သည်။ လူသားသည် သမ္မာတရားကို ရှာဖွေကာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သရွေ့၊ သူလုပ်ဆောင်ခဲ့သည့်အရာကို ဘုရားသခင် အမှတ်ထားမည်မဟုတ်ပေ။ ထို့အပြင်၊ လူသားကို ဘုရားသခင် ဖြောင့်မတ်စေသည်မှာ သမ္မာတရားကို လူသား၏ လက်တွေ့လုပ်ဆောင်ခြင်းအရ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ လူသားသည် ဘုရားသခင်ကို မမြင်ဖူးမီ သို့မဟုတ် သူ၏အမှုကို မတွေ့ကြုံဖူးမီတွင်၊ ဘုရားသခင်အပေါ် လူသားက မည်သို့ပြုမူစေကာမူ၊ ယင်းကို ဘုရားသခင် အမှတ်မထားပေ။ သို့သော်၊ လူသားသည် ဘုရားသခင်ကို တွေ့မြင်ပြီး သူ၏အမှုကို တွေ့ကြုံဖူးသည်နှင့် တစ်ပြိုင်နက်၊ လူသားသည် ဘုရားသခင်ကို မြင်ရပြီးဖြစ်ကာ သူ၏ အမှုအလယ်တွင် အသက်ရှင်ရပြီးဖြစ်သည့်အတွက်၊ လူသား၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအားလုံးကို ဘုရားသခင်သည် “နှစ်အလိုက်မှတ်တမ်း” ထဲတွင် ရေးသွင်းလိမ့်မည်ဖြစ်သည်။

လူသားသည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အမှန်တကယ် တွေ့မြင်ပြီးသည့်အခါ၊ ဘုရားသခင်၏ ကြီးစိုးမှုကို သူ တွေ့မြင်ပြီးသည့်အခါနှင့် ဘုရားသခင်၏အမှုကို အမှန်တကယ် သိရှိလာကြပြီးသည့်အခါ၊ ထို့အပြင် လူသား၏ ဟောင်းနွမ်းသော စိတ်သဘောထား ပြောင်းလဲသည့်အခါတွင်၊ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်သည့် သူ၏ ပုန်ကန်တတ်သော စိတ်သဘောထားကို လုံးဝ စွန့်ပစ်လိမ့်မည် ဖြစ်သည်။ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ဆန့်ကျင်ဖူးကြပြီး၊ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ပုန်ကန်ဖူးကြသည်ဟု ဆိုနိုင်ပေသည်။ သို့သော်၊ သင်သည် လူဇာတိခံ ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိ နာခံပြီး၊ ဤအခြေအနေမှ သင်၏ သစ္စာစောင့်သိမှုဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေပါက၊ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက၊ သင်ထမ်းဆောင်သင့်သည့် ဝတ္တရားကို ထမ်းဆောင်ပြီး၊ သင်လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက၊ သင်သည် ဘုရားသခင် စိတ်ကျေနပ်စေရန် သင်၏ ပုန်ကန်မှုကို စွန့်ပစ်ရန် လိုလားနေသူ တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်သူတစ်ဦး ဖြစ်ပေသည်။ သင်သည် သင်၏ အမှားများကို ကြည့်ဖို့ ခေါင်းမာစွာ ငြင်းဆန်ပြီး မိမိကိုယ်ကိုယ် နောင်တရခြင်းငှာ ရည်ရွယ်ချက်မရှိခဲ့ပါက၊ ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် သူ့ကို စိတ်ကျေနပ်စေခြင်းငှာ ရည်ရွယ်ချက် နည်းနည်းမျှမရှိဘဲ သင်၏ ပုန်ကန်တတ်သော အမူအကျင့်ဖြင့် သင် မရမက လုပ်ဆောင်ပါက၊ သင်ကဲ့သို့သော အင်မတန် ခေါင်းမာပြီး ပြုပြင်မရသော လူတစ်ဦးသည် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသူတစ်ဦး ဘယ်သောအခါမျှ သေချာပေါက် ဖြစ်မည်မဟုတ်ပေ။ သို့ဖြစ်၍၊ သင်သည် ယနေ့တွင် ဘုရားသခင်၏ ရန်သူဖြစ်ပြီး မနက်ဖြန်တွင်လည်း ဘုရားသခင်၏ ရန်သူဖြစ်လိမ့်မည်ဖြစ်ကာ နောက်နေ့တွင်လည်း ဘုရားသခင်၏ရန်သူ ဖြစ်မြဲဖြစ်ပေလိမ့်မည်။ သင်သည် အစဉ်ထာဝရ ဘုရားသခင်၏ ရန်ဘက်နှင့် ဘုရားသခင်၏ ရန်သူတစ်ဦး ဖြစ်လိမ့်မည်။ ထိုအခြေအနေတွင်၊ ဘုရားသခင်သည် သင့်ကို မည်သို့ သက်ညှာနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

ယခု သင်တို့သည် မျှော်လင့်ခြင်း အနည်းငယ်မျှ ရှိကြသရွေ့၊ အတိတ်အဖြစ်အပျက်များကို ဘုရားသခင် အမှတ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဤစိတ်နေစိတ်ထားကို သင်တို့ ထိန်းသိမ်းသင့်သည်- “ကျွန်ုပ်၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခုကို ကျွန်ုပ် ရှာဖွေရမည်၊ ဘုရားသခင်ကို သိကျွမ်းဖို့ ကြိုးစားရမည်၊ စာတန်အားဖြင့် ဘယ်သောအခါမှ တစ်ဖန် အရူးလုပ်ခံရမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နာမတော်ကို အရှက်ရစေမည့် အရာတစ်ခုခုကို တစ်ဖန် ဘယ်သောအခါမျှ လုပ်ရမည်မဟုတ်။” သင်သည် ကယ်တင်ခံရနိုင်၊ မခံရနိုင်ဆိုသည်နှင့် သင့်အတွက် မျှော်လင့်ချက် ရှိ၊မရှိကို ဆုံးဖြတ်သည့် အဓိက ကဏ္ဍများမှာ၊ တရားဒေသနာတစ်ခုကို နားထောင်ပြီးနောက်၊ သမ္မာတရားကို သင် ရရှိနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ ဆိုသည်နှင့် သင် ပြောင်းလဲနိုင်ခြင်း ရှိ မရှိဆိုသည့်တို့ ဖြစ်သည်။ သင်သည် နောင်တကိုသာ ခံစားရလျှင်၊ သင့်အတွက် အရေးယူလုပ်ဆောင်ဖို့ အချိန်တွင် လမ်းဟောင်းကိုသာ သင် ဆက်တွေးနေပြီးနောက် လျော်ညီစွာ တစ်ဖန် လုပ်ဆောင်မိလျှင်၊ ထို့အပြင်၊ ဤကိစ္စရပ်ကို သင် လုံးဝနားမလည်ဘဲ၊ ယင်းအစား ဆိုးသထက် ဆိုးနေမိလျှင်၊ သင့်အတွက် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်သကဲ့သို့ ပယ်ရှင်းခံရသင့်ပေသည်။ ဘုရားသခင်ကို သင် ပိုမိုသိနားလည်လေ၊ ထို့အပြင် သင့်ကိုယ်သင် ပိုမို သိနားလည်လေ၊ သင်သည် မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းရှိလေ ဖြစ်လိမ့်မည်။ သင်၏ ကိုယ်ပိုင် သဘာဝဗီဇနှင့်သက်ဆိုင်၍ ပိုမိုနှံ့စပ်သည့် သိနားလည်မှုတစ်ခု သင်၌ရှိလေ၊ သင်သည် မိမိကိုယ်ကိုယ် ပိုမို ထိန်းသိမ်းနိုင်လေ ဖြစ်လိမ့်မည်။ သင်၏ အတွေ့အကြုံကို ပေါင်းရုံးသုံးသပ်ပြီးသည့်နောက်၊ ဤကိစ္စရပ်တွင် သင် ဘယ်သောအခါမျှ နောက်တစ်ဖန် ကျရှုံးလိမ့်မည် မဟုတ်။ တကယ့်အမှန်တရားတွင်၊ အယောက်တိုင်းအပေါ်၌ ပြစ်ချက်များ ရှိပြီး၊ ယင်းမှာ ၎င်းတို့သည် အတာချမခံရခြင်းသာ ဖြစ်သည်။ ယင်းတို့သည် လူတိုင်းတွင် ရှိသည်- အချို့တွင် ပြစ်ချက် အသေးစားများ ရှိပြီး၊ အချို့တွင် ပြစ်ချက်အကြီးစားများ ရှိသည်။ အချို့က ရိုးရိုးရှင်းရှင်း ပြောပြီး၊ အချို့က လျှို့ဝှက်ကြသည်။ အချို့လူများသည် အခြားသူများ သိသည့်အမှုအရာများကို လုပ်ဆောင်ကြသော်လည်း၊ အချို့လူများကမူ အခြားသူများ မသိဘဲ အမှုအရာများကို လုပ်ဆောင်ကြသည်။ လူတိုင်းတွင် ပြစ်ချက်များ ရှိကြသည်၊ ပြီးလျှင် မာနထောင်လွှားခြင်း သို့မဟုတ် စိတ်ကြီးဝင်ခြင်းကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအချို့ကို ၎င်းတို့အားလုံး ထုတ်ဖော်ပြကြသည်၊ သို့မဟုတ် ၎င်းတို့၏ အလုပ်တွင် အပြစ်ကျူးလွန်ခြင်းအချို့ဖြစ်စေ၊ အမှားအချို့ဖြစ်စေ၊ မှားယွင်းမှုများဖြစ်စေ လုပ်မိကြသည်၊ သို့မဟုတ် ၎င်းတို့ အနည်းငယ် ပုန်ကန်တတ်လေသည်။ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော မည်သည့်လူကမျှ ရှောင်ရှားမရနိုင်သည့်အရာများ ဖြစ်ကြသည်။ သို့သော်၊ သမ္မာတရားကို သင်နားလည်သည်နှင့်တပြိုင်နက်၊ ၎င်းတို့ကို သင် ရှောင်ရှားသင့်ပြီး၊ ထို့နောက်တွင် အတိတ်က ဖြစ်ပျက်ခဲ့သည့် အရာများဖြင့် အမြဲစိတ်ဒုက္ခရောက်စရာ လိုလိမ့်မည်မဟုတ်တော့ပေ။ ယင်းအစား၊ နားလည်ပြီးသည့်နောက်တွင်ပင် သင် ပြောင်းလဲလိမ့်ဦးမည်မဟုတ်၊ အမှုအရာများကို မှားယွင်းကြောင်း သိသည့်အခါ၌ပင် သင် ဆက်လုပ်မိမည်မှာ ကြောက်စရာဖြစ်ပြီး မှားယွင်းကြောင်း ပြောပြခံရပြီးနောက်တွင်ပင် အချို့သော ပုံစံဖြင့် သင် ဆက်လက်ပြုမူမိမည်မှာ ကြောက်စရာဖြစ်သည်။ ထိုသို့သော လူတို့သည် ရွေးနုတ်ခြင်းမခံရနိုင်လောက်အောင် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၊ ဆင်းရဲဒုက္ခများ မည်မျှ ပြင်းထန်ပါစေ သန္နိဋ္ဌာန်တစ်ခု ကျွန်ုပ်တို့ ရှိသင့်ပေ မည်မျှ ကျွန်ုပ်တို့ မလှုပ်မယှက်ဖြစ်ပါစေ မည်မျှအားနည်းပါစေ ကျွန်ုပ်တို့၏ စိတ်သဘောထားဟောင်း အပြောင်းအလဲတွင် ယုံကြည်ခြင်း ကျွန်ုပ်တို့ ဆုံးရှုံး၍မဖြစ် ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များထဲတွင် ယုံကြည်မှု မဆုံးရှုံးနိုင် ဘုရားသခင်သည် လူသားထံ ကတိများ ပြုလေပြီ ယင်းတို့ကို ယူဆောင်ဖို့ သန္နိဋ္ဌာန်ရှိရမည်။ ဘုရားသခင်သည် သူရဲဘောကြောင်သူများကို မနှစ်သက်ပေ၊ စိတ်ဓာတ်ကြံ့ခိုင်သောလူများကို သူ နှစ်သက်သည်။ အကယ်၍ သင်သည် ကြီးစွာသော ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခြင်း၊ ကွေ့ကောက်သော လမ်းများစွာကို လျှောက်လှမ်းခြင်း သို့မဟုတ် လမ်းခရီးတစ်လျှောက်တွင် ပြစ်မှားမှု များစွာရှိခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို ခုခံခဲ့ခြင်း ရှိခဲ့သော်လည်း၊ သို့မဟုတ် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို အနည်းငယ် စော်ကားပြောဆိုခြင်း သို့မဟုတ် သူ့ကို အပြစ်တင်ခြင်း ရှိကြသော လူအချို့ ရှိသော်လည်း၊ ဘုရားသခင်သည် ဤအရာကို မကြည့်ပေ။ လူတစ်ဦးသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပြောင်းလဲနိုင်ခြင်း ရှိမရှိကိုသာ ဘုရားသခင် ကြည့်သည်။ သမ္မာကျမ်းစာတွင် ပျောက်သောသား ပြန်လာခြင်း အကြောင်း ဇာတ်လမ်းတစ်ခု ပါရှိသည်။ သခင်ယေရှုက ထိုပုံဥပမာကို အဘယ့်ကြောင့် ပြောခဲ့သနည်း။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အလိုတော်သည် ရိုးသားသည်။ သူက လူများအား နောင်တရဖို့နှင့် ပြောင်းလဲဖို့ အခွင့်အရေးများ ပေးသည်။ ဤဖြစ်စဉ်အတောအတွင်းတွင် သူက လူများကို နားလည်ပြီး၊ ၎င်းတို့၏ အားနည်းချက်များနှင့် ၎င်းတို့ ဖောက်ပြန်ပျက်စီးခြင်း၏ အတိုင်းအတာတို့နှင့် သက်ဆိုင်သည့် နက်နဲသော အသိပညာတစ်ခု ရှိလေသည်။ ၎င်းတို့သည် လဲကျပြီး ရှုံးနိမ့်မည်ကို သူသိထားသည်။ ယင်းက ကလေးများ လမ်းလျှောက်သင်သကဲ့သို့ဖြစ်သည်။ သင်၏ခန္ဓာကိုယ် မည်မျှသန်စွမ်းပါစေ၊ သင်လဲကျသည့် အချိန်များနှင့် သင်ချော်လဲသည့်အချိန်များ ရှိပေလိမ့်မည်။ မိခင်တစ်ဦးက သူ၏ ကလေးကို သိသကဲ့သို့ လူတို့ကို ဘုရားသခင် နားလည်။ သူသည် လူတစ်ဦးချင်း၏ အခက်အခဲများ၊ အားနည်းချက်များကိုသာမက ၎င်းတို့၏ လိုအပ်ချက်များကိုပါ နားလည်သည်။ ထိုမျှမက စိတ်သဘောထား ပြောင်းသည့် ဖြစ်စဉ်အတွင်း ဝင်ရောက်သည့်အခါ လူတစ်ဦးချင်းစီ ကြုံတွေ့ရမည့် အခက်အခဲများ နှင့် မည်သည့် အားနည်းချက်များနှင့် ကျရှုံးခြင်းများ ဖြစ်မည်ကို သူနားလည်သည်။ ဤသည်မှာ ဘုရားသခင် နားလည်ဆုံးသောအရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့၏ အတွင်းနှလုံးသားကို မြင်တော်မူ၏ဟု ဆိုထားခြင်းဖြစ်သည်။ သင် မည်မျှ အားနည်ပါစေ၊ ဘုရားသခင်၏ နာမကို မစွန့်သရွေ့၊ ဘုရားသခင် သို့မဟုတ် ဤလမ်းကို သင်ကျောခိုင်းခြင်း မပြုသရွေ့ သင်သည် စိတ်သဘောထား ပြောင်းလဲမှုကိုရရန် အခွင့်အရေးတစ်ခု အမြဲ ရှိလိမ့်မည်။ အကယ်၍ ငါတို့၌ စိတ်သဘောထား ပြောင်းလဲမှုကို ရရန် အခွင့်အရေးတစ်ခု ရှိပါက ငါတို့၌ ငါတို့၏ ဆက်လက်ရှင်သန်ရေးအတွက် မျှော်လင့်ချက် ရှိသည်။ အကယ်၍ ငါတို့၌ ဆက်လက်ရှင်သန်ရေးအတွက် မျှော်လင့်ချက်ရှိပါက ငါတို့၌ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့် မျှော်လင့်ချက် ရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း

အရှေ့သို့- ၁။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားရင်းနှင့် ကောင်းသောသူများကို ဆုချီးမြှင့်ကာ ဆိုးယုတ်သောသူတို့ကို အပြစ်ပေးရင်း၊ ဘုရားသခင်၏ အိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်း အမှုကို လုပ်ဆောင်သည်ဟု သင် ဆိုသည်။ သို့ဆိုလျှင် ဘုရားသခင်သည် မည်သည့် လူစားမျိုးများကို ကယ်တင်ပြီး မည်သည့် လူစားမျိုးများကိုသာ ပယ်ရှင်းသုတ်သင်ပါသနည်း။

နောက်တစ်ခုသို့- ၃။ ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာထဲတွင် စစ်မှန်သော ဘုရားသခင်ကိုလည်း ယုံကြည်သည့်၊ ဘုရားသခင်ကို ဗိမာန်တော်များနှင့် ဘုရားကျောင်းများတွင် ကိုးကွယ်ပြီး ကြည့်ရသည်မှာ အလွန် ဘုရားတရားကိုင်းရှိုင်းပုံပေါ်သည့် လူများစွာ ရှိသည်။ အချို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်မခံကြသော်လည်း၊ ဘုရားသခင်ကို အတိအကျ ဆန့်ကျင်သည့် သို့မဟုတ် ရှုတ်ချသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဖူးကြချေ။ ဘုရားသခင်သ‌ည် ၎င်းတို့ကဲ့သို့သော လူများကို ကယ်တင်လိမ့်မည်လား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။