၁။ ယနေ့ လောကသည် အမှန်တကယ် တိုး၍ မှောင်မိုက်နေပြီး လူသားမျိုးနွယ်သည် သာ၍ ဖောက်ပြန်ပျက်စီးလေသည်။ ကမ္ဘာလောကသည် ဆုတ်ယုတ်မှုတွင် ရှိသည်၊ ကိုယ်ကျင့်တရားများ ဆုံးရှုံးနေသည်၊ ဘုရားသခင်ကို ယုံကြည်ပြီး မှန်သော လမ်းကြောင့် လျှောက်လှမ်းကြသည့် လူကောင်းများ အနိုင်ကျင့်ခံရသည်၊ ဖိနှိပ်ခံရပြီး နှိပ်စက်ညှဉ်းပန်းခံရသော်လည်း၊ မကောင်းမှုမျိုးစုံ လုပ်ဆောင်သည့် မျက်နှာလိုမျက်နှာရလုပ်သူများနှင့် အလွဲသုံးစားလုပ်သူများက ကြီးပွားကြသည်။ အဘယ်ကြောင့် ကမ္ဘာလောကသည် အလွန်မှောင်မိုက်ပြီး အလွန် ဆိုးယုတ်ပါသနည်း။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းသည် ယင်း၏ အထွတ်သို့ ရောက်ရှိပြီးဖြစ်သည်- ယင်းသည် လူသားအတွက် ဘုရားသခင်၏ ဖျက်ဆီးခြင်းခံရမည့် အချိန်ဖြစ်ပါသလား။

(၁) ကမ္ဘာလောကသည် အဘယ်ကြောင့် အလွန်မှောင်မိုက်ပြီး ဆိုးယုတ်ရပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိကြ၏။” (ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅:၁၉)

“အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။” (ရှင်ယောဟန်ခရစ်ဝင် ၃:၁၉-၂၀)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်- အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်- လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။... ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ အသက်ရှင်သန်ခြင်းအတွက် စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။ ဘုရားသခင်၏ အမှုကို မည်သူ လက်ခံယုံကြည်ပြီနည်း။ ဘုရားသခင်၏ အမှုအတွက် မည်သူသည် ၎င်းတို့၏ အသက်ကို စွန့်လွှတ်ပြီနည်း သို့မဟုတ် အသွေးသွန်းပြီးပြီနည်း။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကြာ၊ မိဘများမှသည် သားသမီးများအထိ၊ ကျွန်ပြုခံရသော လူသားသည် ဘုရားသခင်အား မပြောမဆို ကျွန်ပြုကြပြီး ဖြစ်သည်— အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ ၎င်းဆန္ဒရှိသလောက် ပြဿနာများ နောက်ထပ် ဖန်တီးခွင့် မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အလယ်တွင် နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အလယ်တွင် ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုသို့သော အသည်းအသန် တောင့်တခြင်းအား အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ်ထပ် အော်ခေါ်စေသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ် ပြုရသနည်း။ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းတွင် ၎င်း၏ ဆိုးရွားသည့် အစောင့်ခွေးများတို့သည် အဘယ်ကြောင့် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာလောကအလယ်တွင် လွတ်လပ်စွာ ဝင်ထွက်သွားလာ ခွင့်မပြုရသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)

နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသကဲ့သို့သော စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် ကမ္ဘာမြေ၏ အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် စကားများသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့်၊ တရုတ်လူမျိုးများက “ပညာရှိ”ဟု အမွှမ်းတင်ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်၊ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာလေသည်၊ ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှာ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများမှ သင် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူ့အဖွဲ့အစည်းထဲ၌ ဆယ်စုနှစ်ချီ၍ တက်ကြွလှုပ်ရှားလာပြီးဖြစ်သော လူတစ်ဦးအား- “သင့်အနေဖြင့် လောကကြီးထဲ၌ ကြာမြင့်စွာ အသက်ရှင်လာခဲ့ပြီး များစွာ စွမ်းဆောင်ရရှိပြီးသည်ကို ထောက်ဆလျှင်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။” ဟူ၍ မေးသည်ဟု စိတ်ကူးကြည့်လော့။ “‘အရာရှိများသည် တံစိုးလက်ဆောင်ပေးသူများကို မရိုက်ပုတ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူသည်မှာ အရေးအကြီးဆုံးတစ်ခုပင် ဖြစ်သည်” ဟု သူပြောကောင်း ပြောလိမ့်မည်။ ဤစကားများသည် ထိုလူ၏သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝဗီဇ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ခြင်းသည် သူ့ကိုအသက်ပေးသောအရာ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

လူသားသည် ဘုရားသခင်နှင့်အတူ ဤခေတ်ကာလများကို လျှောက်လှမ်းခဲ့သော်လည်း ဘုရားသခင်သည် အရာအားလုံးနှင့် သက်ရှိတို့၏ ကံကြမ္မာကို ပိုင်စိုးသည်ကို မသိသကဲ့သို့ ဘုရားသခင်သည် အရာအားလုံးကို စီစဉ်ညွှန်ကြားပြီး လမ်းညွှန်ပြပေး သည်ကိုလည်း သူမသိပေ။ ရှေးအတီတေကာလမှ ယနေ့မျက်မှောက်ထိ လူသားသည် ထိုအချက်ကို သဘောမပေါက်ပေ။ အကြောင်းရင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သိုဝှက်လွန်းခြင်းကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ အကြံအစည်မှာ မပြည့်မြောက်သေး သောကြောင့် မဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်နောက် လိုက်နေစေကာမူ စာတန်ကို အစေခံလျက်ရှိနေသေးသော်လည်း ထိုအချက်ကို မသိသည်အထိပင် လူသား၏နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာလွန်းခြင်းကြောင့် ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ထိန်းသိမ်းပေးမှုထဲ၌ တည်နေလိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊ ထို့အပြင် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ ဆိုးယုတ်သည့်သူဖြစ်သော စာတန်၏ ယိုယွင်းပျက်စီးခြင်းအပေါ် အမှီပြုလိုကြသည်။ ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စာတန်အတွက် လူသား၏ လက်ဆောင်ပဏ္ဏာ ဖြစ်သွားခဲ့ကာ စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။ ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်နိုင်သည့် နေရာတစ်ခုနှင့် ၎င်းနှင့် သင့်တော်သည့် ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများနှင့်ဆိုင်သည့် သူ၏ နားလည်ခြင်း၊ ထို့ပြင် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့ နှင့်ဆိုင်သည့် သူ၏နားလည်ခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးလိုက် ရသည်။ ဘုရားသခင်၏ ပညတ်တရားများနှင့် ဘုရားသခင်နှင့် လူသားကြားမှ ပဋိညာဉ်သည် လူသား၏နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ပြီး သူသည် ဘုရားသခင်ကို ရှာဖွေခြင်း၊ သို့မဟုတ် ဂရုပြုခြင်း မရှိတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်က သူ့အား အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို နားမလည်တော့သကဲ့သို့ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ထံမှလာသော အရာအားလုံးတို့ကို နားမလည်တော့ပေ။ ထို့နောက် လူသားသည် ဘုရားသခင်၏ ပညတ်တရားများနှင့် အမိန့်များကို စတင်အာခံလာသည်၊ ထို့ပြင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထုံထိုင်းလာသည်...။ ဘုရားသခင်သည် သူမူလအစက ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးသွားပြီး လူသားသည် နဂိုမူလက သူ၌ရှိခဲ့သည့် အရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

အောက်ခြေမှတ်စု(များ)-

၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၂။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

(၂) လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှု အထွတ်အထိပ်ရောက်နေပြီဖြစ်သောကြောင့်၊ ဖျက်စီးခံရသင့်ပါ သလား။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” (ကမ္ဘာဦးကျမ်း ၆:၁၂-၁၃)

“နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ် ဆောက်လျက်နေသကဲ့သို့၎င်း၊ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊ လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။” (ရှင်လုကာခရစ်ဝင် ၁၇:၂၆-၃၀)

“မတရားသော သူတို့သည် မြက်ပင်ကဲ့သို့ ပေါက် ၍၊ အဓမ္မအမှုကို ပြုသော သူတို့သည် ပွင့်လန်းကြသော အခါ၊ ထာဝရပျက်စီးခြင်းသို့ ရောက်ရသော အကြောင်း ပေတည်း။” (ဆာလံကျမ်း ၉၂:၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်လုပ်ဆောင်သည့် အရာအားလုံးသည် တိတိကျကျ စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အမှုအရာတစ်ခုကို မြင်သည့်အခါ၊ သို့မဟုတ် အခြေအနေတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်သည့်အခါ၊ သူ၏ အမြင်တွင် ယင်းကို တိုင်းတာဖို့ စံတစ်ခု ရှိပြီး၊ ဤစံနှုန်းက ယင်းကို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ် တစ်ခု သူ စတင်သည် မစတင်သည်၊ သို့မဟုတ် ဤအရာ သို့မဟုတ် အခြေအနေကို ကိုင်တွယ် ဖြေရှင်းရာတွင် မည်သည့်နည်းလမ်း ခံယူရမည်ဆိုသည်ကို အကြောင်းအရာများကို ဆုံးဖြတ်ပေးလေသည်။ သူသည် အရာရာအပေါ် စိတ်မဝင်စားခြင်း သို့မဟုတ် ခံစားချက်မရှိခြင်း မဟုတ်ပေ။ ယင်းသည် အမှန်တကယ်တွင် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်က နောဧကိုပြောခဲ့သည့် အရာကို ဖော်ပြသည့် ကျမ်းတစ်ချက် ရှိသည်- “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” ဤအရာကို ဘုရားသခင် ပြောဆိုခဲ့ချိန်တွင်၊ သူသည် လူသားများကိုသာ ဖျက်ဆီးမည်ဟု ဆိုလိုခဲ့ပါသလော။ မဟုတ်ပေ။ ဘုရားသခင်က သူသည် အသွေးအသားရှိသည့် သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးမည်ဟု ပြောခဲ့ပေသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဖျက်ဆီးခြင်းကို လိုချင်ခဲ့သနည်း။ ဤနေရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် နောက်ထပ် ဖွင့်ပြချက်ရှိပေသည်။ ဘုရားသခင်၏ အမြင်တွင် လူသား၏ ဖောက်ပြန်ပျက်စီးမှု၊ သတ္တဝါ အားလုံးတို့၏ ညစ်ညမ်းမှု၊ အဓမ္မအမှုနှင့် မနာခံမှုတို့အပေါ် သူ၏သည်းခံမှု အကန့်အသတ် တစ်ခုရှိပေသည်။ သူ၏ အကန့်အသတ်သည် မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်၊ “ဘုရားသခင်သည် မြေကြီးကို ကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။” ဟု ပြောခဲ့သကဲ့သို့ ဖြစ်သည်။ “အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ” ဟူသည့် စကားရပ်သည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ဘုရားသခင်နောက် လိုက်ခဲ့ကြသူများ၊ ဘုရားသခင်၏ နာမကို ခေါ်ဆိုခဲ့ကြသူများ၊ တစ်ချိန်က ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ခဲ့ကြသူများ၊ ဘုရားသခင်ကို နှုတ်အားဖြင့် ဝန်ခံပြီး ချီးမွမ်းပင် ချီးမွမ်းခဲ့ကြသူများအပါအဝင် မည်သည့် သက်ရှိ သတ္တဝါကိုမဆို ဆိုလိုပေသည်- ၎င်းတို့၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးမှုတို့နှင့်ပြည့်ပြီး ဘုရားသခင်၏ မျက်မှောက်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့ကို ဘုရားသခင် ဖျက်ဆီးရမည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အကန့်အသတ် ဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်သည် လူသားနှင့် သတ္တဝါအားလုံး၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်၍ မည်မျှ အတိုင်းအတာထိ သည်းခံမြဲ သည်းခံခဲ့သနည်း။ ဘုရားသခင်၏ နောက်လိုက်များ ဖြစ်စေ သို့မဟုတ် မယုံကြည်သူများဖြစ်စေ လူအားလုံးသည် လမ်းမှန်ကို လျှောက်မနေခဲ့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ဖောက်ပြန်ပျက်စီးကာ မကောင်းမှုနှင့်ပြည့်ရုံသာမက၊ ကမ္ဘာလောကကို ဘုရားသခင်က အုပ်စိုးပြီး၊ ဘုရားသခင်သည် လူတို့ကို အလင်းနှင့် မှန်ကန်သည့်လမ်းကြောင်းကို ယူဆောင်ပေးနိုင်သည်ဟု ယုံကြည်သူ တစ်ဦးတစ်လေ ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ခဲ့သူ တစ်ဦးမျှ မရှိခဲ့သည့် အတိုင်းအတာအထိ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တည်ရှိမှုကို စက်ဆုပ်ရွံရှာပြီး ဘုရားသခင်ကို တည်ရှိခွင့်မပေးသည့် အတိုင်းအတာထိ ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် ဤအခြေအနေကိုရောက်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် နောက်ထပ် သည်းမခံနိုင်တော့ပေ။ ယင်းကို မည်သည့်အရာက အစားထိုး မည်နည်း။ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းတို့ ကျရောက်လာခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါထ၍၊ မြေ၌ ဦးညွှတ်ချလျက်၊ အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ ကျွန်၏အိမ်သို့ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက်စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံး လမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊ ကျပ်ကျပ်သွေးဆောင်သောကြောင့်၊ တဖန် လောတနေရာသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း၊ သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ၊ သူတို့သည်စားကြ၏။ ထိုသူတို့သည် မအိပ်မှီ၊ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကို ဝိုင်း၍၊ လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့်အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။ လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ သူတို့က ဆုတ်လော့ဟု ဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှာသာ ရောက်လာသည်နှင့်၊ တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကို ပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍၊ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကို ပိတ်ကြ၏။ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို၊ မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။

ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။

............

လူသား၏ရှုထောင့်မှကြည့်လျှင် သောဒုံမြို့သည် လူသား၏ဆန္ဒနှင့် လူသား၏ဆိုးယုတ်မှုတို့ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်သည့် မြို့တစ်မြို့ဖြစ်သည်။ ညစဉ်ရက်ဆက် တေးဂီတ၊ အကအခုန်တို့နှင့် ညှို့ခေါ်ပြီး ဖမ်းစားလျက် ဤမြို့၏ ကြွယ်ဝခြင်းက လူတို့ကို စွဲမက်ခြင်းနှင့် ရူးသွပ်ခြင်းတို့ ဖြစ်စေခဲ့သည်။ ထိုမြို့၏ ဆိုးယုတ်မှုက လူတို့၏နှလုံးသားကို တိုက်စားခဲ့ပြီး လူတို့ကို အကျင့်ပျက်ပြားသွားအောင် ဖမ်းစားခဲ့သည်။ ထိုမြို့သည် မသန့်ရှင်းဘဲ ဆိုးယုတ်သည့် ဝိညာဉ်များ သွားလာရမ်းကားနေသည့် မြို့တစ်မြို့ဖြစ်ခဲ့သည်။ ထိုမြို့သည် အပြစ်တရားအပြင် သတ်ဖြတ်ခြင်းတို့နှင့် ပြည့်လျှံနေခဲ့ပြီး လေထုသည်လည်း သွေးနံ့၊ အပုပ်နံ့တထောင်းထောင်းနှင့် ထူထပ်သိပ်သည်းနေခဲ့သည်။ ထိုမြို့သည် လူတို့ကို ကျောချမ်းစေသည့် မြို့တစ်မြို့၊ အထိတ်တလန့် ပြန်ထွက်ပြေးစေသည့် မြို့တစ်မြို့ဖြစ်သည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ လူအိုဖြစ်စေ ထိုမြို့ထဲရှိ မည်သူကမျှ မှန်သော လမ်းခရီးကို မရှာဖွေခဲ့ကြပေ။ မည်သူကမျှ အလင်းကို မတောင့်တခဲ့ကြ၊ သို့တည်းမဟုတ် အပြစ်လုပ်ရန် ငြင်းဆန်ဖို့ ဆန္ဒမရှိခဲ့ကြပေ။ သူတို့သည် စာတန်၏ထိန်းချုပ်မှုအောက်၊ စာတန်၏ဖောက်ပြန်ပျက်စီးမှုနှင့် လှည့်စားမှုတို့အောက်၌ အသက်ရှင်နေထိုင်ခဲ့ကြသည်။ သူတို့၏လူ့သဘာဝ ပျောက်ဆုံးသွားခဲ့သည်။ သူတို့၏အသိစိတ် ပျောက်ဆုံးသွားခဲ့သည်။ ထို့အပြင် လူသား၏ မူလဖြစ်တည်မှုပန်းတိုင် ပျောက်ဆုံးသွားခဲ့သည်။ ဘုရားသခင်ကို အတိုက်အခံပြုသည့် မရေမတွက်နိုင်သော ဆိုးသွမ်းလုပ်ရပ်များကို သူတို့ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင်၏လမ်းညွှန်မှုကို သူတို့ငြင်းဆန်ပြီး သူ၏အလိုတော်ကို ဆန့်ကျင်ခဲ့ကြသည်။ ဤလူများ၊ ဤမြို့နှင့် မြို့ထဲ၌ရှိသည့် သက်ရှိအရာတိုင်းကို ပျက်စီးခြင်းလမ်းသို့ တစ်ဆင့်ပြီးတစ်ဆင့် သယ်ယူသွားသည်မှာ သူတို့၏ ဆိုးသွမ်းလုပ်ရပ်များပင်ဖြစ်သည်။

ဤကျမ်းပိုဒ်နှစ်ပိုဒ်တွင် သောဒုံမြို့သားတို့၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်အားလုံးကို မှတ်တမ်းမတင်ထားဘဲ ထိုအစား မြို့ထဲကို ဘုရားသခင်၏အစေခံနှစ်ယောက် ရောက်လာပြီးနောက်ပိုင်း သူတို့အပေါ် မြို့သားတို့၏ အပြုအမူများကိုသာ မှတ်တမ်းတင်ထားသော်ငြားလည်း သောဒုံမြို့သားတို့ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသော အတိုင်းအတာကို ဖွင့်ပြသည့် ရိုးရှင်းသော အချက်အလက်တစ်ခုရှိသည်။ ဤအချက်နှင့် မြို့သားတို့၏ စရိုက်အမှန်နှင့် အနှစ်သာရအမှန်သည်လည်း ဖော်ထုတ်ခြင်းကို ခံခဲ့ရသည်။ ဤလူတို့သည် ဘုရားသခင်၏ သတိပေးချက်ကို လက်မခံခဲ့ရုံသာမကဘဲ သူ၏ပြစ်ဒဏ်ခတ်မှုကိုလည်း မကြောက်ရွံ့ခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ဒေါသကို သူတို့အထင်အမြင်သေးခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ကို မျက်ကန်းတောတိုး ခုခံခဲ့ကြသည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သို့လုပ်ခဲ့သည်ဖြစ်စေ သူတို့၏ရက်စက်သည့် သဘာဝက ပို၍သာ ပြင်းထန်လာသည့်အပြင် သူတို့သည် ဘုရားသခင်ကို အကြိမ်ကြိမ်အခါခါ ဆန့်ကျင်ခဲ့ကြသည်။ သောဒုံမြို့သားတို့သည် ဘုရားသခင်၏တည်ရှိမှု၊ သူ၏လာရောက်မှု၊ သူ၏ပြစ်ဒဏ်ခတ်မှုနှင့် ထိုထက်ပို၍ သူ၏သတိပေးချက်ကို ရန်လိုခဲ့ကြသည်။ သူတို့သည် အလွန့်အလွန် မာနထောင်လွှားခဲ့ကြသည်။ ဝါးမျိုပြီး အန္တရာယ်ပြု၍ရသည့် လူအားလုံးကို သူတို့သည် ဝါးမျိုပြီး အန္တရာယ်ပြုခဲ့ကြကာ ဘုရားသခင်၏ အစေခံတို့ကိုလည်း ထိုအတိုင်းပင် သူတို့ဆက်ဆံခဲ့ကြသည်။ သောဒုံမြို့သားတို့ ကျူးလွန်ခဲ့ကြသည့် ဆိုးသွမ်းလုပ်ရပ်အားလုံးနှင့်ပတ်သက်လာလျှင် ဘုရားသခင်၏အစေခံတို့ကို အန္တရာယ်ပြုခြင်းက ပြဿနာထုထည်ကြီး၏ တစ်စွန်းတစ်စမျှသာ ရှိသေးသည်။ ထို့ပြင် ထိုနည်းဖြင့် သူတို့ဖွင့်ပြခဲ့သည့် သူတို့၏ဆိုးယုတ်သော သဘာဝသည် စင်စစ်အားဖြင့် အပြောကျယ်သော ပင်လယ်ပြင်ကြီးထဲမှ ရေတစ်စက်မျှလောက်သာ ရှိသေးသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို မီးနှင့်ဖျက်ဆီးဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်အနေဖြင့် မြို့ကိုဖျက်ဆီးရန် ရေလွှမ်းမိုးခြင်းကို အသုံးမပြုသကဲ့သို့ ဟာရီကိန်းမုန်တိုင်း၊ ငလျင်၊ ဆူနာမီ၊ သို့မဟုတ် အခြားနည်းလမ်းတို့ကိုလည်း အသုံးမပြုခဲ့ပေ။ ဤမြို့ကို ဖျက်ဆီးဖို့ရန် ဘုရားသခင်က မီးကိုအသုံးပြုခဲ့ခြင်းသည် အဘယ်အရာကိုညွှန်ပြသနည်း။ ၎င်းသည် မြို့၏အကြွင်းမဲ့ပျက်စီးခြင်းကို ဆိုလိုသည်။ မြို့သည် ကမ္ဘာပေါ်မှ၊ ထို့ပြင် တည်ရှိခြင်းမှ လုံးဝပျောက်ကွယ်သွားသည်ဟု ဆိုလိုသည်။ ဤနေရာတွင် “ဖျက်ဆီးခြင်း” ဆိုသည်မှာ မြို့၏အသွင်သဏ္ဌာန်နှင့် ဖွဲ့စည်းတည်ဆောက်ပုံ၊ သို့မဟုတ် အပြင်ပိုင်းအသွင်အပြင်ကိုသာ ရည်ညွှန်းခြင်း မဟုတ်ဘဲ မြို့ထဲရှိ လူတို့၏ဝိညာဉ်များသည် လုံးလုံးလျားလျား အမြစ်ဖြတ်သုတ်သင်ခံရပြီး ဆက်လက်မတည်ရှိတော့ဟု ရည်ညွှန်းသည်။ ရိုးရိုးပြောရလျှင် မြို့နှင့်ဆက်စပ်နေသည့် လူအားလုံး၊ အဖြစ်အပျက်အားလုံးနှင့် အကြောင်းအရာအားလုံးက ဖျက်ဆီးခံခဲ့ရသည်။ ထိုမြို့သားတို့အတွက် နောက်ဘဝ၊ သို့မဟုတ် ပြန်လည်မွေးဖွားလာခြင်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ဖန်ဆင်းရာဖြစ်သည့် လူသားမျိုးနွယ်မှ သူတို့ကို ထာဝရကာလတိုင် အမြစ်ဖြတ်သုတ်သင်ခဲ့သည်။ မီးကိုအသုံးပြုခြင်းက ဤနေရာ၌ အပြစ်တရား၏ အဆုံးသတ်ကို ရည်ညွှန်းပြီး ထိုအရပ်၌ အပြစ်တရားကို ဟန့်တားလိုက်ကြောင်း ရည်ညွှန်းသည်။ ဤအပြစ်တရားက ဆက်တည်ရှိတော့မည် မဟုတ်သကဲ့သို့၊ ဆက်ပျံ့နှံ့တော့မည်လည်း မဟုတ်ပေ။ စာတန်၏ဆိုးယုတ်မှုက သူ့ကိုပြုစုပျိုးထောင်ပေးနေသည့် မြေဆီလွှာအပြင် သူနေဖို့နှင့် အသက်ရှင်ဖို့ နေရာတစ်နေရာကို ပေးအပ်ခဲ့သည့် သင်္ချိုင်းလည်း ပျောက်ဆုံးသွားပြီဟု ဆိုလိုသည်။ ဘုရားသခင်နှင့် စာတန်၏စစ်ပွဲ၌ မီးကို ဘုရားသခင်အသုံးပြုခြင်းက စာတန်ကို အမှတ်အသားလုပ်ခဲ့သည့် သူ၏အောင်ပွဲအမှတ်တံဆိပ်ပင် ဖြစ်သည်။ သောဒုံမြို့၏ ပျက်စီးခြင်းသည် လူသားကို ဖောက်ပြန်ပျက်စီးစေပြီး ဝါးမျိုခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ရန်ဖြစ်သော စာတန်၏ရည်မှန်းချက်ရှိ ကြီးကျယ်သည့် ခြေလှမ်းမှားတစ်ခုဖြစ်သည်။ ထိုနည်းတူစွာပင် ၎င်းသည် လူသားမျိုးနွယ်၏ ကြီးထွားရင့်သန်လာမှု၌ လူသားအနေဖြင့် ဘုရားသခင်၏ လမ်းညွှန်မှုကို ငြင်းဆန်ပြီး မကောင်းမှုဒုစရိုက်ကို စိတ်လွတ်ကိုယ်လွတ် မွေ့လျော်ခဲ့သောအချိန်၏ ရှက်စရာကောင်းသည့် သင်္ကေတတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ စစ်မှန်သော ထုတ်ဖော်ပြချက်ဆိုင်ရာ မှတ်တမ်းတစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဤလူသားမျိုးနွယ်သည် လွန်လွန်ကဲကဲ ဖောက်ပြန်ပျက်စီးလာခဲ့သည်။ ဘုရားသခင်က မည်သူဖြစ်သည်၊ သို့မဟုတ် သူတို့အနေဖြင့် မည်သည့်နေရာမှ လာသည်ဆိုခြင်းကို ဤလူတို့မသိခဲ့ကြပေ။ သူတို့အား ဘုရားသခင်အကြောင်းကို သင်ပြောလျှင် သူတို့သည် တိုက်ခိုက်ပြီး အသရေဖျက်ကြမည်ဖြစ်ကာ ဘုရားတရားကို ပုတ်ခတ်ပြောဆိုကြလိမ့်မည်။ ဘုရားသခင်၏ အစေခံများက ဘုရားသခင်၏ သတိပေးချက်ကို ဖြန့်ဖို့ရန် ရောက်လာကြသည့်အခါတွင်ပင် ဖောက်ပြန်ပျက်စီးသည့် ဤလူတို့သည် နောင်တရသည့် လက္ခဏာများကို မပြရုံသာမကဘဲ သူတို့၏ ဆိုးသွမ်းသည့် အပြုအမူများကို မစွန့်လွှတ်ခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် ဘုရားသခင်၏ အစေခံတို့ကို မျက်နှာပြောင်တိုက်၍ အန္တရာယ်ပြုခဲ့ကြသည်။ သူတို့ထုတ်ဖော်ကာ ဖွင့်ပြသည့်အရာများသည် ဘုရားသခင်အပေါ် လွန်လွန်ကဲကဲ ရန်လိုခြင်းနှင့်ပတ်သက်သည့် သူတို့၏သဘာဝနှင့် အဖြစ်အနေတို့ပင်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် ဤလူတို့၏ ဘုရားသခင်ကို ခုခံမှုသည် သူတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ပြခြင်းထက်ပိုကြောင်း တွေ့ရသည်၊ ယင်းခုခံမှုသည် အမှန်တရားကို နားလည်မှုမရှိခြင်းမှ အရင်းခံလာသည့် အသရေဖျက်မှု၊ သို့မဟုတ် လှောင်ပြောင်မှုဖြစ်ရပ်တစ်ခုထက် ပိုသကဲ့သို့ပင်ဖြစ်သည်။ မိုက်မဲခြင်း၊ သို့မဟုတ် ပညာမဲ့ခြင်းတို့ကြောင့် သူတို့၏ ဆိုးသွမ်းသည့် အပြုအမူ ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ဤလူများသည် လှည့်ဖြားခံထားရခြင်းကြောင့် ဤကဲ့သို့ပြုမူကြခြင်းမဟုတ်ပေ။ ထို့ပြင် လှည့်စားခံထားရခြင်းကြောင့်လည်း မုချမဟုတ်ပေ။ သူတို့၏အပြုအမူသည် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း အရှက်မရှိ မကြောက်မရွံ့ မုန်းတီးပြီး ဆန့်ကျင်ကာ ဆူပူသောင်းကျန်းသည့်အဆင့်ကို ရောက်နေခဲ့ချေပြီ။ ဤကဲ့သို့ လူသားအပြုအမူမျိုးက ဘုရားသခင်ကို အမျက်ထွက်စေပြီး ထိပါးခြင်း မပြုရမည့် စိတ်သဘောထားဖြစ်သော သူ၏စိတ်သဘောထားကိုလည်း အမျက်ထွက်စေမည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်တို့ကို တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အမှန်တကယ် ထုတ်ဖော်ပြချက်ပင်ဖြစ်သည်။ အပြစ်တရားနှင့် ပြည့်လျှံနေသည့်မြို့ကို ရင်ဆိုင်ရပြီးနောက် ထိုမြို့ကို တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းနှင့် ဖျက်ဆီးရန်၊ ထိုမြို့ထဲရှိ လူများနှင့် သူတို့၏အပြစ်အလုံးစုံကို အပြည့်စုံဆုံးနည်းလမ်းနှင့် အမြစ်ဖြတ်သုတ်သင်ရန်၊ မြို့သားများ မတည်ရှိတော့အောင်ပြုရန်နှင့် ထိုအရပ်ရှိ အပြစ်တရားကို ထပ်ဆင့်မပွားအောင် တားဆီးရန် ဘုရားသခင်ဆန္ဒရှိခဲ့သည်။ ဤကဲ့သို့လုပ်ရန် အမြန်ဆုံးနှင့် အပြည့်စုံဆုံးနည်းလမ်းမှာ မီးနှင့် လောင်ကျွမ်းစေခြင်းပင် ဖြစ်သည်။ သောဒုံမြို့သားများအပေါ် ဘုရားသခင်၏ သဘောထားသည် စွန့်ပစ်ခြင်း၊ သို့မဟုတ် လျစ်လျူရှုခြင်းတို့ မဟုတ်ခဲ့ပေ။ ထိုအစား သူသည် ဤလူတို့ကို အပြစ်ဒဏ်ခတ်ဖို့၊ ရိုက်ချဖို့နှင့် လုံးလုံးလျားလျား ဖျက်ဆီးဖို့ရန် သူ၏အမျက်ဒေါသ၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာကို အသုံးပြုခဲ့သည်။ သူတို့အပေါ်ထားသည့် ဘုရားသခင်၏ သဘောထားသည် ရုပ်ပိုင်းဆိုင်ရာကို ဖျက်ဆီးသည့် သဘောထားသာမကဘဲ ထာဝရ အမြစ်ဖြတ်သုတ်သင်ခြင်းဖြစ်သော ဝိညာဉ်ကို ဖျက်ဆီးသည့် သဘောထားလည်းဖြစ်သည်။ ဤသည်မှာ “မတည်ရှိတော့” ဟူသော စကားလုံးအားဖြင့် ဘုရားသခင်ဆိုလိုသောအရာ၏ သွယ်ဝိုက်အဓိပ္ပာယ်အမှန် ဖြစ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

လူသားသည် ဘုရားသခင်ကို ရန်လိုခဲ့သောကြောင့် ဘုရားသခင်သည် လူသားကို စက်ဆုပ်ရွံရှာခဲ့သော်လည်း၊ သူ့စိတ်နှလုံးထဲတွင်၊ လူသားမျိုးနွယ်အတွက် သူ၏စောင့်ရှောက်မှု၊ ပူပန်မှုနှင့် သနားကရုဏာတို့သည် မပြောင်းမလဲ ဆက်လက် တည်ရှိနေခဲ့သည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့ချိန်တွင်ပင်၊ သူ့စိတ်နှလုံးသည် မပြောင်းမလဲ ဆက်လက် ရှိနေခဲ့သည်။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ခဲ့ပြီး၊ ဘုရားသခင်အပေါ် ဆိုးရွားသည့် အတိုင်းအတာ တစ်ခုအထိ မနာခံသည့်အခါတွင်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကြောင့်၊ ပြီးလျှင် သူ၏ အခြေခံသဘောတရားများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏ အနှစ်သာရကြောင့်၊ သူသည် လူသားမျိုးနွယ်ကို သနားဆဲဖြစ်ပြီး ၎င်းတို့ ဆက်လက်ရှင်သန်နိုင်ရန်အလို့ငှာ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် နည်းလမ်းအမျိုးမျိုးပင် အသုံးပြုချင်ခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို ဆက်လက်မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ငြင်းပယ်ခဲ့သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့ပေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မည်သို့ ခေါ်သည်ဖြစ်စေ၊ မည်သို့ သတိပေးခဲ့သည်ဖြစ်စေ၊ မည်သို့ ပံ့ပိုးပေးသည်ဖြစ်စေ၊ မည်သို့ ကူညီခဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို မည်သို့သည်းခံခဲ့သည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုတွင်၊ ဘုရားသခင်သည် လူသားတို့ လမ်းကြောင်းပြောင်းရန် စောင့်ဆိုင်းရင်း၊ သူ၏ အကြီးမားဆုံး သည်းခံမှုကို ပေးဖို့ ဘုရားသခင်သည် မမေ့လျော့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်ရှိသည့်နောက်တွင်၊ သူသည် သူ လုပ်ဆောင်ရမည့်အရာကို တွန့်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် စီစဉ်ခဲ့သည့်အခိုက်အတန့်မှ လူသားကို ဖျက်ဆီးခြင်းဖြင့် သူ၏ အမှုကို အစပြုခြင်းအထိ တိကျသည့် အချိန်ကာလနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပေသည်။ ဤဖြစ်စဉ်သည် လူသားကို လမ်းကြောင်း ပြောင်းနိုင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီတွင်၊ ဘုရားသခင်သည် ဤအချိန်ကာလတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်း အမှုကို သိသာသော ပမာဏတစ်ခု လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားသည် မည်မျှ နာကျင်မှု၊ ဝမ်းနည်းမှုများ၌ ရှိခဲ့သည်ဖြစ်စေ သူ၏ဂရုစိုက်မှု၊ ပူပန်မှုနှင့် များပြားပြည့်လျှံသည့် သနားကရုဏာတို့ကို လူသားမျိုးနွယ်၌ ဆက်လက်ထားရှိခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

လူသား၏ ဖောက်ပြန်ပျက်စီးခြင်း၊ ညစ်ညမ်းမှုနှင့် အဓမ္မမှုတို့အပေါ် ဘုရားသခင်၏ သည်းခံမှုသည် အကန့်အသတ်ရှိ၏။ ထိုအကန့်အသတ်ကို သူရောက်သွားသည့်အခါ၊ သူသည် ဆက်လက် သည်းခံတော့မည် မဟုတ်သကဲ့သို့၊ ယင်းအစား သူ၏စီမံခန့်ခွဲမှု အသစ်နှင့် အစီအစဉ် အသစ်တို့ကို အစပြုလိမ့်မည်၊ သူလုပ်ရမည့်အရာကို စတင် လုပ်ဆောင်လိမ့်မည်၊ သူ၏ လုပ်ဆောင်ချက်များ နှင့် သူ့စိတ်သဘောထား၏ အခြားတစ်ဖက်ကို ထုတ်ဖော်ပြလိမ့်မည်။ သူ၏ ဤလုပ်ရပ်သည် လူသား၏ ပုန်ကန်ပြစ်မှားမှုကို သူသည် မည်သည့်အခါတွင်မျှ ခံရမည်မဟုတ်သည်ကို ပြသဖို့၊ သို့မဟုတ် သူသည် ဩဇာအာဏာ၊ အမျက်ဒေါသတို့နှင့် ပြည့်သည်ကို ပြသရန်မဟုတ်သကဲ့သို့၊ သူသည် လူသားမျိုးနွယ်အား ဖျက်ဆီးပစ်နိုင်သည်ကို ပြသရန်လည်းမဟုတ်ပေ။ ယင်းမှာ သူ၏စိတ်သဘောထားနှင့် သူ၏သန့်ရှင်းသည့် အနှစ်သာရသည် ဤသို့သောလူသားမျိုးနွယ်ကို သူ၏ မျက်မှောက်တွင် ရှင်သန်ခွင့်ပေးရန်၊ သူ၏ အုပ်စိုးမှုအောက်တွင် ရှင်သန်ခွင့်ပေးရန် ခွင့်မပြုနိုင်တော့ခြင်း သို့မဟုတ် စိတ်ရှည်သည်းခံမှု မရှိတော့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ် အားလုံးသည် သူ့ကို ဆန့်ကျင်သည့်အခါ၊ တစ်ကမ္ဘာလုံးတွင် သူကယ်နိုင်သည့်သူ တစ်ဦးမျှ မရှိသည့်အခါတွင်၊ သူသည် ထိုသို့သော လူသားမျိုးနွယ်ကို ဆက်၍ သည်းခံတော့မည် မဟုတ်သကဲ့သို့၊ ဤလူသားမျိုးနွယ်မျိုးကို ဖျက်ဆီးရန် သူ၏အစီအစဉ်ကို မည်သည့်ဒွိဟမျှမရှိဘဲ ဆောင်ရွက်မည် ဖြစ်သည်။ ထိုသို့သော ဘုရားသခင်၏ လုပ်ရပ်ကို သူ့စိတ်သဘောထားဖြင့် ဆုံးဖြတ် ထားပေသည်။ ဤသည်မှာ မလွှဲမရှောင်သာသည့် အကျိုးဆက်ဖြစ်ပြီး ဘုရားသခင်၏အုပ်စိုးမှုအောက်တွင် ရှိသည့် ဖန်ဆင်းခံ သတ္တဝါအားလုံး ခံယူရမည့် အကျိုးဆက်ဖြစ်သည်။ ဤအရာက လက်ရှိခေတ် ကာလတွင်၊ ဘုရားသခင်သည် သူ၏အစီအစဉ်ကို ပြည့်စုံစေရန်နှင့် သူကယ်တင်လိုသည့် လူများကို ကယ်တင်ရန် စိတ်အားထက်သန်နေသည်ကို ပြသည် မဟုတ်လော။ ဤအခြေအနေများအောက်တွင် ဘုရားသခင်သည် မည်သည့်အရာကို ဂရုအစိုက်ဆုံး ဖြစ်သနည်း။ သူ့နောက်ကို လုံးဝမလိုက်သည့်သူများ၊ သို့မဟုတ် သူ့ကို ဆန့်ကျင်သူများက မည်သို့မည်ပုံ ဆက်ဆံပုံ သို့မဟုတ် ခုခံပုံကို မဟုတ်၊ သို့မဟုတ် လူသားမျိုးနွယ်က သူ့ကို မည်ကဲ့သို့ မကောင်း ပြောဆိုကြပုံကို မဟုတ်ပေ။ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲက သူ၏ကယ်တင်ခြင်းခံရသူများဖြစ်သည့် သူ့နောက်လိုက်သူများသည် သူ၏ စုံလင်စေခြင်း ခံရသည် မခံရသည်၊ သူ ကျေနပ်အားရထိုက်သူများ ဖြစ်လာ၏ မဖြစ်လာ၏ ဆိုသည်ကိုသာ သူဂရုစိုက်သည်။ သူ့နောက်ကိုလိုက်သူများမှလွဲ၍ အခြားလူများအတွက်မူ သူ၏အမျက်ဒေါသကိုဖော်ပြရန် ပြစ်ဒဏ်ပေးခြင်း အနည်းငယ်ကို ရံဖန်ရံခါမျှ သူပေးလေသည်။ ဥပမာအားဖြင့်- ဆူနာမီများ၊ ငလျင်လှုပ်ခြင်းများ၊ မီးတောင်ပေါက်ကွဲခြင်းများ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူ့နောက်ကိုလိုက်ကာ သူ့အားဖြင့် ကယ်တင်ခြင်း ခံရဆဲဆဲရှိသည့် သူများကို သူသည် ခိုင်မာစွာ ကွယ်ကာပြီး စောင့်ရှောက်နေသည်။ ဘုရားသခင်၏ စိတ်သဘောထားမှာ ဤသို့ဖြစ်သည်- တစ်ဖက်တွင်၊ သူသည် စုံလင်စေရန် သူရည်ရွယ်ထားသည့် လူများအပေါ် အဆုံးစွန်သော စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းရှိနိုင်ပြီး၊ ၎င်းသူတို့ကို သူတတ်နိုင်သရွေ့ စောင့်ဆိုင်းနိုင်သည်။ အခြားတစ်ဖက်တွင်၊ သူ့နောက်ကိုမလိုက်ဘဲ သူ့ကိုဆန့်ကျင်သည့် စာတန်ပုံစံ လူများကို အလွန်အမင်း မုန်းတီးကာ စက်ဆုပ်လေသည်။ ဤစာတန်ပုံစံ လူများသည် သူ့နောက်ကိုလိုက်ခြင်း သို့မဟုတ် သူ့ကို ကိုးကွယ်ခြင်းများ ရှိ မရှိဆိုသည်ကို သူ ဂရုမစိုက်သော်လည်း၊ သူ၏ စိတ်နှလုံးထဲတွင် ၎င်းတို့အတွက် သည်းခံစိတ်ရှိစဉ်တွင်၊ ၎င်းတို့ကို သူ စက်ဆုပ်ရွံရှာဆဲဖြစ်ပြီး ဤစာတန်ပုံစံ လူများ၏ အဆုံးသတ်ကို သူ ချမှတ်သည်နှင့်အမျှ၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များ ရောက်ရှိလာခြင်းကိုလည်း သူ စောင့်ဆိုင်းနေပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ငါ၏ အမှုသည် အနှစ်ခြောက်ထောင်သာ ကြာညောင်းပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဆိုးယုတ်သူ၏ ထိန်းချုပ်ခြင်းသည်လည်း နှစ်ပေါင်းခြောက်ထောင်ထက် ကြာမည် မဟုတ်ဟု ငါကတိပြုခဲ့သည်။ ထို့ကြောင့် ယခု အချိန်ကျပြီ ဖြစ်သည်။ ငါသည် ဆက်လက် လုပ်ဆောင်မည် မဟုတ်သကဲ့သို့၊ နောက်ထပ် နှောင့်နှေးတော့မည် မဟုတ်။ နောက်ဆုံးသောကာလ အတွင်းတွင်၊ စာတန်ကို ငါ နှိမ်နင်းမည်၊ ငါ၏ဘုန်းအသရေ အားလုံးကို ပြန်သိမ်းယူမည် ဖြစ်ပြီး၊ ဤသောကရောက်နေသည့် ဝိညာဉ်အားလုံး ဒုက္ခပင်လယ်မှ လွတ်မြောက်နိုင်စေဖို့အလို့ငှာ၊ ကမ္ဘာမြေပေါ်ရှိ ငါနှင့် သက်ဆိုင်သော ဝိညာဉ်အားလုံးကို ပြန်သိမ်းမည်၊ ထိုသို့ဖြင့် ကမ္ဘာမြေပေါ်ရှိ ငါ၏ အမှုတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ဤနေ့မှစ၍ ငါသည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် လူ့ဇာတိခံလိမ့်မည် မဟုတ်သကဲ့သို့၊ အရာခပ်သိမ်းကို ထိန်းချုပ်သည့် ငါ၏ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် အမှုပြုလိမ့်မည် မဟုတ်ပေ။ ကမ္ဘာမြေပေါ်တွင် အမှုအရာ တစ်ခုသာ ငါ လုပ်ဆောင်မည်- လူသားမျိုးနွယ်၊ သန့်ရှင်းကာ ကမ္ဘာမြေပေါ်ရှိ ငါ၏သစ္စာရှိသောမြို့ ဖြစ်မည့် လူသားမျိုးနွယ်ကို ငါ အသစ်ပြုပြင်မည်။ သို့သော် တစ်လောကလုံးကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သည်ကို သိလော့။ ကျန်ရှိသည့် သုံးပုံတစ်ပုံ- ငါ့ကိုချစ်ပြီး ငါက လုံးလုံးလျားလျား သိမ်းပိုက်ထားသော လူသားမျိုးနွယ်သုံးပုံတစ်ပုံကို ငါ ထိန်းသိမ်းမည် ဖြစ်ပြီး၊ ပေါများစွာသော သိုးများ၊ ကျွဲနွားတိရစ္ဆာန်များနှင့် ကမ္ဘာမြေ၏ ကြွယ်ဝမှုများအားလုံးဖြင့် အာဟာရဖြည့်တင်းပေးလျက်၊ ပညတ်တော်အောက်တွင် ဣသရေလလူမျိုးများ မျိုးပွားဖြစ်ထွန်းကာ ပွားများခဲ့ကြသည့်အတိုင်းပင် ဤလူသားမျိုးနွယ် သုံးပုံတစ်ပုံကိုလည်း ကမ္ဘာပေါ်တွင် ငါ မျိုးပွားဖြစ်ထွန်းစေကာ ပွားများစေမည်။ ဤလူသားမျိုးနွယ်သည် ငါနှင့်အတူ ထာဝရ ကျန်ရှိလိမ့်မည်၊ သို့သော် ယင်းသည် မနှစ်မြို့ဖွယ် ညစ်ညူးသော ယနေ့၏ လူသားမျိုးနွယ်ကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ ငါ၏ရယူခြင်းကို ခံရပြီးသောသူ အားလုံး၏ အစုအဝေး ဖြစ်သည့် လူသားမျိုးနွယ် တစ်ခု ဖြစ်လိမ့်မည်။ ထိုသို့သော လူသားမျိုးနွယ်သည် စာတန်၏ ပျက်စီးစေခြင်း၊ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဝိုင်းထားခြင်း ခံရလိမ့်မည် မဟုတ်သကဲ့သို့၊ စာတန်အပေါ် ငါ အောင်နိုင်ပြီးနောက် ကမ္ဘာပေါ်တွင် တည်ရှိသည့် တစ်ခုတည်းသော လူသားမျိုးနွယ် ဖြစ်လိမ့်မည်။ ယင်းသည် ယနေ့တွင် ငါသိမ်းပိုက်ပြီးဖြစ်ကာ ငါ၏ကတိကို ရရှိပြီးသော လူသားမျိုးနွယ် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလအတွင်း သိမ်းပိုက်ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်သည် ချမ်းသာပေးခြင်း ခံရပြီး ငါ၏ ထာဝရ ကောင်းချီးမင်္ဂလာများကို ရရှိမည့် လူသားမျိုးနွယ်လည်း ဖြစ်လိမ့်မည်။ ယင်းသည် စာတန်အပေါ် ငါ၏အောင်နိုင်ခြင်းနှင့်ဆိုင်သည့် တစ်ခုတည်းသော သက်သေအထောက်အထားနှင့် စာတန်နှင့် ငါ၏တိုက်ပွဲမှ တစ်ခုတည်းသော လက်ရပစ္စည်းများ ဖြစ်လိမ့်မည်။ စစ်ပွဲ၏ ဤလက်ရပစ္စည်းများသည် စာတန်အုပ်စိုးခြင်းမှ ငါ၏ ကယ်တင်ခြင်း ခံရပြီး၊ ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်ခုတည်းသော ပုံပေါ်လာခြင်းနှင့် အသီးအပွင့် ဖြစ်သည်။ ၎င်းတို့သည် တိုင်းနိုင်ငံနှင့် အသင်းတော်ဂိုဏ်းဂဏတိုင်း၊ နေရာတိုင်းနှင့် စကြဝဠာ တစ်လျှောက်လုံးရှိ တိုင်းပြည်တိုင်းမှ လာကြပေသည်။ ၎င်းတို့သည် မတူကွဲပြားသော မျိုးနွယ်စုများမှ ဖြစ်သည်၊ မတူကွဲပြားသော ဘာသာစကားများ၊ ဓလေ့များနှင့် အသားအရောင်များ ရှိကြပြီး၊ ကမ္ဘာလုံး၏ တိုင်းနိုင်ငံတိုင်း၊ အသင်းတော်ဂိုဏ်းဂဏတိုင်းနှင့် ကမ္ဘာ့အရပ်လေးမျက်နှာသို့ပင် အနှံ့အပြား ပျံ့နှံ့ကြလေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် စာတန်၏ အင်အားစုများ လက်လှမ်း မမီနိုင်သော လူသားအစုအဝေးတစ်ခု၊ ပြီးပြည့်စုံသော လူသားမျိုးနွယ် တစ်ခုကို ဖွဲ့စည်းရန် အတူတကွ ရောက်လာကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

အရှေ့သို့- ၃။ ယနေ့တွင်၊ ကပ်ဘေးများသည် တိုး၍ ပြင်းထန်မှုနှင့် အကြိမ်ရေတို့ဖြင့် ဖြစ်ပွားနေသည်။ ဤနိမိတ်လက္ခဏာများက ကျမ်းစာထဲတွင် ကြိုတင်ဟောကိန်းထုတ်ထားသည့် နောက်ဆုံးသော ကာလ၏ ကြီးမားသည့် ကပ်ဘေးများက စတင်တော့မည်ဖြစ်သည်ကို ညွှန်ပြလေသည်။ ဤကပ်ဘေးများအလယ်တွင် ဘုရားသခင်၏ ကွယ်ကာမှုကို ကျွန်ုပ်တို့ မည်သို့ ရရှိနိုင်ပြီး ရှင်ကျန်နိုင်သနည်း။

နောက်တစ်ခုသို့- ၂။ သင်က၊ နောက်ဆုံးသော ကာလအတွင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်းပေးခြင်း အမှုတော်ကို ဆောင်ရွက်သည်ဟု သက်သေခံသည်။ တကယ့်အဆုံးသတ်တွင်၊ သူသည် အောင်မြင်သောသူများ အုပ်စုတစ်စုကို ရယူလိမ့်မည်ဖြစ်ပြီး နောက်ပိုင်းတွင် လူကို ခေတ်သစ်တစ်ခုထဲသို့ ဦးဆောင်ရင်း၊ ဤအိုဟောင်း၊ ဆိုးယုတ်သည့် ခေတ်ကို ပျက်သုဉ်းစေမည်ဖြစ်သည်။ ဘုရားသခင်က နောက်ဆုံးသော ကာလအတွင်းတွင် ဤအိုဟောင်း၊ ဆိုးယုတ်သည့် ခေတ်ကို မည်သို့ ဖျက်ဆီးမည်နှင့်ပတ်သက်၍ သာ၍ အသေးစိတ်ကျသည့် အချက်အလက်ဖြင့် ကျေးဇူးပြုပြီး မိတ်သဟာယပြုပေးနိုင်ပါမည်လား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။