၂၁၃ သန့်ရှင်းဝိညာဉ်တော် မိန့်တော်မူခြင်းကို သင်တို့ကြားပြီးပြီလောကျူး
၁ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” သန့်ရှင်းသောဝိညာဉ်တော်၏ နှုတ်ကပတ်တော်များကို ယခု သင်တို့ ကြားပြီးပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်တို့ အပေါ်သို့ ရောက်လာပေပြီ။ သင်တို့ကြားရသလော။ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်တော်၏အမှုကို လုပ်ဆောင်ပြီး၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိဖြစ်လာနိုင်သည့်အတွက် ထိုသို့သော နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်။ ထို့ကြောင့်၊ အတိတ်ကာလက ပြောဆိုခဲ့သည့်အတိုင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များသည် ယနေ့ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်၏။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော် ပြောဆိုခြင်းဖြစ်သည့်အတွက် လူတို့ ကြားဖို့အတွက် သူ၏ အသံကို ကောင်းကင်မှ ပြောဆိုသင့်သည်ဟု ယုံကြည်သည့် အဓိပ္ပာယ်မရှိသော လူများစွာရှိပေသည်။ ဤသို့ တွေးထင်သောသူ မည်သူမဆိုသည် ဘုရားသခင်၏အမှုကို မသိပေ။ အမှန်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော် ပြောဆိုသော မိန့်မြွက်ချက်များသည် လူ့ဇာတိခံယူသော ဘုရားသခင် ပြောဆိုသည့် မိန့်မြွက်ချက်များ ဖြစ်သည်။
၂ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားထံ တိုက်ရိုက် စကားမပြောပေ။ ပညတ်တော်ခေတ်တွင်ပင်၊ ယေဟောဝါသည် လူတို့ထံ တိုက်ရိုက် စကားမပြောခဲ့ပေ။ ယနေ့ ဤခေတ်တွင် သူသည် ထိုသို့လုပ်နိုင်ချေ သာ၍ပင် နည်းပါးမည် မဟုတ်လော။ အမှုကို ဆောင်ရွက်ဖို့ ဘုရားသခင် မိန့်မြွက်ချက်များ ပြောဆိုရန်မှာ၊ သူသည် လူ့ဇာတိ ခံယူရမည် ဖြစ်သည်။ သို့မဟုတ်ပါက၊ သူ၏အမှုသည် ယင်း၏ရည်မှန်းချက်ကို ပြီးမြောက်နိုင်မည် မဟုတ်ပေ။ လူဇာတိခံ ဘုရားသခင်ကို ငြင်းပယ်သူများသည် ဝိညာဉ်တော်ကို သို့မဟုတ် ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများကို မသိသောသူများ ဖြစ်သည်။ ယခုအချိန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ခေတ်ဖြစ်သည်ဟု ယုံကြည်သော်လည်း၊ သူ၏အမှုသစ်ကို လက်မခံသူများသည် မရေရာသကဲ့သို့ စိတ်ကူးသက်သက်ဖြစ်သော ယုံကြည်ခြင်း အလယ်တွင် အသက်ရှင်သူများ ဖြစ်သည်။ ထိုသို့သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်အနေဖြင့် တိုက်ရိုက် စကားပြောဆိုပြီး သူ၏ အမှုကို တိုက်ရိုက် ဆောင်ရွက်ဖို့သာ တောင်းဆိုပြီး လူ့ဇာတိခံဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် အမှုကို လက်မခံသောသူတို့သည် ခေတ်သစ်ထဲသို့ ဘယ်သောအခါမျှ ခြေလှမ်းနိုင်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ စုံလင်သော ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်