သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)

ယနေ့ ငါတို့၏ နောက်ဆုံးအစည်းအဝေး အကြောင်းအရာကို ဆက်၍ မိတ်သဟာယဖွဲ့မည်။ ငါတို့၏ ပြီးခဲ့သည့်အစည်းအဝေး၏ မိတ်သဟာယက မည်သည့်အရာအကြောင်းဖြစ်သနည်း။ (ယခင်အခေါက်က ဘုရားသခင်က အကြောင်းအရာနှစ်ခုကို အဓိက မိတ်သဟာယပြုခဲ့သည်။ ပထမဦးစွာ “လူသားမျိုးနွယ်က ၎င်းတို့၏ စံထားရာများ၊ လိုအင်ဆန္ဒများကို မလိုက်စားလျှင် ကမ္ဘာလောကက လက်ရှိအချိန်တွင် ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မည်လော” ဟူသည့် လူတို့မေးသော မေးခွန်းအကြောင်းကို ဘုရားသခင် မိတ်သဟာယဖွဲ့ခဲ့သည်။ နောက်တစ်ခုတွင် ဘုရားသခင်က အိမ်ထောင်နှင့်ပတ်သက်ပြီး လူအချို့၏ မှားယွင်းသော ရှုထောင့်များ၊ အမြင်များကို မိတ်သဟာယဖွဲ့ခဲ့သည်။ ထို့နောက်တွင် အိမ်ထောင်၏ မှန်ကန်သော အယူအဆနှင့် အဓိပ္ပာယ်သတ်မှတ်ချက်အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည်။) ယခင်အခေါက်က အလွန်ကျယ်ပြန့်သော အကြောင်းအရာဖြစ်သည့် အိမ်ထောင်ကို ငါ မိတ်သဟာယဖွဲ့ခဲ့သည်။ အိမ်ထောင်သည် လူသားမျိုးနွယ်အားလုံးနှင့် သက်ဆိုင်ပြီး လူသား၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းတွင် စိမ့်ဝင်ပျံ့နှံ့သော ကျယ်ပြန့်သည့် အကြောင်းအရာဖြစ်သည်။ ဤအကြောင်းအရာသည် လူတို့၏ နေ့စဉ်အသက်တာနှင့် သက်ဆိုင်သည်။ လူတိုင်းအတွက် အရေးကြီးသည်။ ယခင်အခေါက်က ဤခေါင်းစဉ်နှင့် သက်ဆိုင်သည့် အကြောင်းအရာအချို့ကို ငါတို့ မိတ်သဟာယပြုခဲ့သည်။ အဓိကအားဖြင့် အိမ်ထောင်၏ ဇာစ်မြစ်နှင့် ဖွဲ့စည်းပုံဖြစ်ပြီး အိမ်ထောင်တွင် နှစ်ဖက်လုံးအတွက် ဘုရားသခင်၏ ညွှန်ကြားချက်များနှင့် စီမံမှု၊ အိမ်ထောင်တွင် နှစ်ဖက်လုံးက မိမိတို့ဘာသာ ဆောင်ရွက်သင့်သော တာဝန်နှင့် ဝတ္တရားများလည်းပါဝင်သည်။ ဤအကြောင်းအရာသည် အဓိကအားဖြင့် မည်သည့်အရာကို အခြေခံသနည်း။ (ကျမ်းစာ မှတ်တမ်းကို အခြေခံသည်။) ဤမိတ်သဟာယသည် ကျမ်းစာတွင် မှတ်တမ်းတင်ထားသော နှုတ်ကပတ်တော်များ၊ ကျမ်းပိုဒ်များကို အခြေခံသည်။ ကျမ်းစာတွင် ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် ၎င်းတို့အတွက် အိမ်ထောင်ကို စီမံခဲ့သည်မဟုတ်လော။ (ဟုတ်ပါသည်။) ငါတို့၏ နောက်ဆုံး မိတ်သဟာယမှတစ်ဆင့်၊ ပြီးလျှင် ကျမ်းစာတွင် မှတ်တမ်းတင်ထားသော လူသား၏ အိမ်ထောင်နှင့်ပတ်သက်ပြီး ဘုရားသခင်၏ ဆိုရိုးစကားနှင့် လုပ်ဆောင်မှုအချို့ကို ဖတ်ခြင်းမှတစ်ဆင့် သင်တို့သည် ယခုတွင် အိမ်ထောင်အပေါ် တိကျသော အဓိပ္ပာယ် သတ်မှတ်ချက်တစ်ခု ရှိသလော။ လူအချို့က “ကျွန်ုပ်တို့သည် ငယ်သည်၊ ကျွန်ုပ်တို့တွင် အိမ်ထောင်နှင့်ပတ်သက်သည့် အယူအဆမရှိ၊ မည်သည့်အတွေ့အကြုံမျှလည်းမရှိ၊ အိမ်ထောင်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ကျွန်ုပ်အတွက် အခက်တွေ့ရသည်” ဟု ဆိုကြသည်။ ဤသည်မှာ အခက်တွေ့ရသလော။ (အခက်မတွေ့ရပါ။) အခက်တွေ့ရခြင်းမရှိပေ။ ဤသို့ဆိုလျှင် အိမ်ထောင်ကို ငါတို့ အဘယ်သို့ အဓိပ္ပာယ် သတ်မှတ်သင့်သနည်း။ လူသား၏ အိမ်ထောင်နှင့်ပတ်သက်သည့် ဘုရားသခင်၏ ဆိုရိုးစကားများနှင့် လုပ်ဆောင်မှုများကို အခြေခံပြီး သင်တို့၌ အိမ်ထောင်၏ တိကျသော အဓိပ္ပာယ်သတ်မှတ်ချက် မရှိသင့်သလော။ (ရှိသင့်သည်။) အိမ်ထောင်နှင့်ပတ်သက်ပြီး သင်ကိုယ်တိုင် အိမ်ထောင်ကျပြီးဖြစ်စေ၊ မကျသေးသည်ဖြစ်စေ ယခုတွင် ငါ၏ မိတ်သဟာယ၏ စကားများအပေါ် တိကျသော အသိအမြင်ရှိဖို့လိုသည်။ ဤသည်မှာ သင်နားလည်သင့်သော သမ္မာတရား၏ ကဏ္ဍတစ်ခုဖြစ်သည်။ ဤရှုထောင့်မှ ပြောဆိုလျှင် သင့်၌ အိမ်ထောင်နှင့်ပတ်သက်ပြီး အတွေ့အကြုံတစ်ခုခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အိမ်ထောင်တွင် စိတ်ဝင်စားမှုတစ်ခုခုကို ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ၊ အိမ်ထောင်နှင့်ပတ်သက်ပြီး ယခင်က သင့်၌ မည်သည့်တွက်ချက်မှုများ၊ အစီအစဉ်များရှိနိုင်သည်ဖြစ်စေ ဤအမှုကိစ္စက သမ္မာတရားအပေါ် သင်၏ လိုက်စားမှုနှင့် သက်ဆိုင်သရွေ့ သင် သိသင့်သည်။ ဤသည်မှာ သင်ရှင်းလင်းစွာ မြင်သင့်သည့် ကိစ္စတစ်ခုလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သမ္မာတရားနှင့်လည်းကောင်း၊ လူသားအယူအဆများ၊ အမြင်များနှင့်လည်းကောင်း၊ သမ္မာတရားအပေါ် လူတို့၏ လိုက်စားမှုနှင့်လည်းကောင်း၊ သင်၏ သမ္မာတရားအား လိုက်စားခြင်းလမ်းပေါ်ရှိ သင်၏ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့်လည်းကောင်း သက်ဆိုင်သည်။ ထို့ကြောင့် သင်သည် ယခင်က အိမ်ထောင်ကို ကြုံတွေ့ဖူးသည်ဖြစ်စေ၊ မကြုံတွေ့ဖူးသည်ဖြစ်စေ၊ အိမ်ထောင်ကို သင် စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ၊ သင်၏ အိမ်ထောင်အခြေအနေက အဘယ်သို့ ရှိသည်ဖြစ်စေ သင်သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရယူလိုလျှင် သမ္မာတရားနှင့် သက်ဆိုင်သော မည်သည့်အမှုကိစ္စမဆိုကဲ့သို့ပင် သင့်၌ အိမ်ထောင်နှင့်ပတ်သက်၍လည်း တိကျသော အသိအမြင်၊ မှန်ကန်သော အယူအဆများ၊ အမြင်များရှိဖို့ လိုအပ်သည်။ သင်၏ စိတ်နှလုံး၌ ဤအရာကို မခုခံသင့်ပေ။ သို့မဟုတ် ဤအရာနှင့်ပတ်သက်ပြီး ဘောင်ခတ်၍ကြည့်ကာ အယူအဆများမရှိသင့်ပေ၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်နောက်ခံနှင့် အခြေအနေများအပေါ်မူတည်ပြီး မကိုင်တွယ်သင့်ပေ၊ သို့မဟုတ် ဤအရာနှင့်ပတ်သက်ပြီး မည်သည့်ရွေးချယ်မှုကိုမျှ မပြုလုပ်သင့်ပေ။ ဤအရာအားလုံးသည် မမှန်ကန်သော အမြင်များဖြစ်သည်။ အခြားသော မည်သည့်အမှုကိစ္စမဆိုကဲ့သို့ပင် အိမ်ထောင်သည် လူတို့၏ အမြင်များ၊ ရပ်တည်ချက်များ၊ ရှုထောင့်များနှင့် သက်ဆိုင်သည်။ သင်သည် အိမ်ထောင်အမှုကိစ္စနှင့်ပတ်သက်ပြီး မှန်ကန်သော၊ သမ္မာတရားနှင့် ညီသောအယူအဆများ၊ အမြင်များ၊ ရှုထောင့်များ၊ ရပ်တည်ချက်များရှိလိုလျှင် သင့်၌ ဤအမှုကိစ္စအပေါ် တိကျသော အသိအမြင်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိရမည်။ ဤအရာအားလုံးသည် သမ္မာတရားနှင့် သက်ဆိုင်သည်။ ထို့ကြောင့် အိမ်ထောင်နှင့် ပတ်သက်လျှင် သင့်၌ မှန်ကန်သော အသိအမြင်ရှိသင့်ပြီး ဤအမှုကိစ္စ၌ ဘုရားသခင်က လူတို့အား နားလည်စေလိုသည့် သမ္မာတရားကို နားလည်သင့်သည်။ ဤနေရာတွင် သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ သင် အိမ်ထောင်ပြုသောအခါ၊ သို့မဟုတ် သင့်ဘဝ၌ အိမ်ထောင်ရေးကိစ္စနှင့် သက်ဆိုင်သောအရာများ ဖြစ်ပေါ်သောအခါ အိမ်ထောင်ကို ရင်ဆိုင်ရန် သင့်၌ မှန်ကန်သော အယူအဆများ၊ အမြင်များရှိနိုင်သည်။ ထိုအခါမှသာ သင့်၌ ဤအရာနှင့်ပတ်သက်ပြီး မှန်ကန်သော ရပ်တည်ချက်နှင့် ရှုထောင့်များရှိနိုင်သည်။ ပြီးလျှင် အိမ်ထောင်နှင့် ပတ်သက်သော ပြဿနာများအား ဖြေရှင်းခြင်းအတွက် တိကျမှန်ကန်သော လမ်းကြောင်းရှိနိုင်သည်မှာ အမှန်ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် အိမ်ထောင်ပြုမည်မဟုတ်” ဟု ဆိုကြသည်။ သင်က လုံးဝ အိမ်ထောင်မပြုမည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင့်၌ အိမ်ထောင်နှင့်ပတ်သက်သော ကြီးသော၊ ငယ်သော၊ မှန်သော၊ မှားသော အချို့သော အယူအဆများ၊ အမြင်များ မလွှဲမရှောင်သာ ရှိလိမ့်မည်။ ထို့အပြင် သင်၏ ဘဝတွင် အိမ်ထောင်ရေးနှင့်ပတ်သက်သော ပြဿနာများရှိသည့် အချို့သောလူများ၊ သို့မဟုတ် အမှုအရာများကို သင် မလွှဲမရှောင်သာ ကြုံတွေ့လိမ့်မည်။ ထို့ကြောင့် ဤပြဿနာများကို သင်မည်သို့ရှုမြင်ပြီး ဖြေရှင်းမည်နည်း။ အိမ်ထောင်နှင့်သက်ဆိုင်သော ဤပြဿနာများ ဖြစ်ပေါ်သောအခါ တိကျမှန်ကန်သော အယူအဆများ၊ အမြင်များ၊ ရပ်တည်ချက်များ၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများရှိရန် မည်သည့်အရာကို လုပ်ဆောင်ဖို့ သင် လိုအပ်သနည်း။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီရန် သင်မည်သို့ ပြုမူဆောင်ရွက်ဖို့ လိုအပ်သနည်း။ ဤသည်မှာ သင် နားလည်သင့်သည့် အရာတစ်ခုဖြစ်သည်။ ရှေ့အချိန်ကာလတွင် သင် လိုက်စားသင့်သည့်အရာတစ်ခုဖြစ်သည်။ ဤသို့ပြောရာတွင် မည်သည့်အရာကို ငါဆိုလိုသနည်း။ အိမ်ထောင်သည် မိမိတို့နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိဟု ထင်သောကြောင့် အာရုံစိုက်နားထောင်ခြင်း မရှိသော လူအချို့ရှိကောင်းရှိနိုင်သည်ဟု ငါဆိုလိုသည်။ ဤသည်မှာ မှန်ကန်သော အမြင်ဖြစ်သလော။ (မဖြစ်ပါ။) မှန်ကန်သော အမြင်မဟုတ်ပါ။ ငါ မိတ်သဟာယပြုသည့် အကြောင်းအရာက မည်သို့ရှိသည်ဖြစ်စေ ယင်းသည် သမ္မာတရားနှင့် သက်ဆိုင်သရွေ့၊ သမ္မာတရားအား လိုက်စားခြင်းနှင့် သက်ဆိုင်သရွေ့၊ လူများ၊ အမှုအရာများကို ရှုမြင်ခြင်းအတွက်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်းအတွက် အခြေပြုချက်နှင့် စံသတ်မှတ်ချက်တို့နှင့် သက်ဆိုင်သရွေ့ သင်သည် လက်ခံသင့်ပြီး လေးနက်စွာ ဂရုတစိုက် နားထောင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူပြိန်းအသိ မဟုတ်သကဲ့သို့ ဗဟုသုတလည်းမဟုတ်ပေ။ အတတ်ပညာပိုင်းဆိုင်ရာ နားလည်မှုဆိုလျှင် ပို၍ပင်မဟုတ်ပေ။ ဤသည်မှာ သမ္မာတရားဖြစ်သည်။

အိမ်ထောင်နှင့်သက်ဆိုင်သော အကြောင်းအရာဆီသို့ ပြန်သွားပြီး ဆက်လက်၍ မိတ်သဟာယပြုကြစို့။ အိမ်ထောင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်က အဘယ်သို့ ဖြစ်သင့်သနည်း။ အိမ်ထောင်နှင့်ပတ်သက်ပြီး ဘုရားသခင်၏ စီမံမှုနှင့် အစီအစဉ်များအပြင် ယခင်အခေါက်က ငါ မိတ်သဟာယပြုခဲ့သည့် အိမ်ထောင်ပြုသည့် နှစ်ဘက်လုံးအပေါ် ဘုရားသခင်၏ တိုက်တွန်းအားပေးချက်များ၊ ညွှန်ကြားချက်များကို အခြေခံလျှင် အိမ်ထောင်အပေါ် သင်တို့၏ အယူအဆနှင့် အဓိပ္ပာယ်သတ်မှတ်ချက်သည် မရေမရာမဖြစ်သင့်ပေ။ ဤအစား ရှင်းလင်းပြီး ပြတ်သားသင့်သည်။ အိမ်ထောင်သည် ဘုရားသခင်၏ စီမံမှုနှင့် အစီအစဉ်များအောက်တွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကို ပေါင်းစည်းခြင်း ဖြစ်သင့်သည်။ ဤသည်မှာ ကြိုတင်သတ်မှတ်ချက်များရှိသော အိမ်ထောင်၏ ဖွဲ့စည်းပုံဖြစ်သည်။ ဘုရားသခင်၏ စီမံမှုနှင့် အစီအစဉ်များအောက်တွင် ပေါင်းစည်းထားသော ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်သည် အိမ်ထောင်တစ်ခုကို ဖွဲ့စည်းတည်ထောင်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) အိမ်ထောင်အပေါ် ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သဘောတရားအရ မတိကျသလော။ (တိကျသည်။) တိကျသည်ဟု အဘယ်ကြောင့်ဆိုသနည်း။ တိကျသည်ဟု သင်တို့ အဘယ်သို့ သေချာသိနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာမှတ်တမ်းတွင် အခြေခံသောကြောင့်ဖြစ်သည်။ ပြီးလျှင် ယင်း၌ လိုက်လျှောက်နိုင်သည့် ညွှန်ပြချက်များရှိသည်။ ကျမ်းစာမှတ်တမ်းသည် အိမ်ထောင်၏ ဇာစ်မြစ်ကို ရှင်းလင်းစွာ ရှင်းပြသည်။ ဤသည်မှာ အိမ်ထောင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ အိမ်ထောင်၏ ဤရှင်းလင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်၏ အခြေခံအုတ်မြစ်ပေါ်တွင် အိမ်ထောင်၌ တစ်ဖက်စီမှ တာဝန်ယူဆောင်ရွက်သော တာဝန်များက မည်သည့်အရာများဖြစ်သည်ကို ကြည့်ကြစို့။ ယခင်အစည်းအဝေး၌ ငါတို့ ဖတ်ခဲ့သော ကျမ်းပိုဒ်များသည် ဤအရာကို ရှင်းလင်းစွာ မှတ်တမ်းတင်မထားသလော။ (ရှင်းလင်းစွာ မှတ်တမ်းတင်ထားပါသည်။) အိမ်ထောင်တွင် တစ်ဖက်စီမှ တာဝန်ယူဆောင်ရွက်သော တာဝန်အားလုံး၏ အရိုးရှင်းဆုံးပုံစံမှာ တစ်ယောက်နှင့်တစ်ယောက် အဖော်ပြုပြီး ကူညီရန်ဖြစ်သည်။ ဤသို့ဆိုလျှင် မိန်းမအပေါ် ဘုရားသခင်၏ ညွှန်ကြားချက်မှာ အဘယ်နည်း။ (ဘုရားသခင်က မိန်းမကိုပြောသည်။ “သင်၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန် များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်။” (ကမ္ဘာဦးကျမ်း ၃:၁၆)) ဤသည်မှာ ကျမ်းစာထဲရှိ နဂိုမူလပြောဆိုပုံဖြစ်သည်။ ငါတို့၏ ခေတ်ပေါ်စကားများကို အသုံးပြုလျှင် မိန်းမအပေါ် ဘုရားသခင်၏ ညွှန်ကြားချက်မှာ သူမ၏ တာဝန်ဖြစ်သည်။ ထိုတာဝန်မှာ အဘယ်နည်း။ ကလေးမွေးရန်၊ ၎င်းတို့ကို ပျိုးထောင်ရန်၊ သူမ၏ ခင်ပွန်းကို ပြုစုစောင့်ရှောက်ပြီး ချစ်မြတ်နိုးရန်ဖြစ်သည်။ ဤသည်မှာ မိန်းမအပေါ် ဘုရားသခင်၏ ညွှန်ကြားချက်ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က ယောက်ျားအား မည်သည့်တာဝန်ကို လုပ်ဆောင်ရန် ညွှန်ကြားခဲ့သနည်း။ အိမ်ထောင်ဦးစီးအနေဖြင့် ယောက်ျားသည် မိသားစုဘဝ၏ ဝန်ထုပ်ဝန်ပိုးကို ခံယူပြီး နဖူးကချွေး ခြေမပေါ်ကျသည်အထိ ကြိုးစားအားထုတ်၍ မိသားစုကို ပံ့ပိုးရမည်။ မိသားစုဝင်များ၊ သူ၏ မိန်းမ၊ သူကိုယ်တိုင်၏ ဘဝတို့ကို စီမံခြင်း ဝန်ထုပ်ဝန်ပိုးကိုလည်း သူ ခံယူရမည်။ ဤသည်မှာ မိန်းမနှင့် ယောက်ျားများကြားရှိ ဘုရားသခင်၏ တာဝန်ခွဲဝေမှုဖြစ်သည်။ ယောက်ျားနှင့်မိန်းမ၏ တာဝန်များနှင့်ပတ်သက်ပြီး သင်သည် ရှင်းလင်းပြီး ပြတ်သားသင့်သည်။ ဤသည်မှာ အိမ်ထောင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဖွဲ့စည်းပုံဖြစ်သည်။ ထို့အပြင် နှစ်ဖက်စလုံးမှ တာဝန်ယူဆောင်ရွက်သင့်သော တာဝန်များနှင့် ၎င်းတို့ ဖြည့်ဆည်းသင့်သော ဝတ္တရားများလည်းဖြစ်သည်။ ဤအရာကိုယ်၌က အိမ်ထောင်ဖြစ်ပြီး ယင်းနှင့် သက်ဆိုင်သော တကယ့်အကြောင်းအရာဖြစ်သည်။ အိမ်ထောင်နှင့်ပတ်သက်ပြီး ငါတို့ ဆွေးနွေးခဲ့သည့် အကြောင်းအရာများတွင် အပျက်သဘောဆောင်သောအရာ တစ်ခုခုရှိသလော။ (မရှိပါ။) ယင်းတွင် အပျက်သဘောဆောင်သောအရာများ မရှိပေ။ အားလုံးက အပြည့်အဝပင် သန့်စင်သည်။ သမ္မာတရားနှင့် ညီသည်။ အမှန်တရားများနှင့် ညီသည်။ ဘုရားနှုတ်ကပတ်တော်၏ အခြေခံအချက်နှင့် ညီသည်။ ကျမ်းစာမှတ်တမ်းများကို အခြေခံအုတ်မြစ်အဖြစ် ထားရှိသောအခါ အိမ်ထောင်ရေးကိစ္စသည် ယခုခေတ်လူတို့အတွက် အလွန်ပြတ်သားပြီး ရှင်းလင်းသည်။ အိမ်ထောင်၏ ဇာစ်မြစ်ကို ပြောဖို့အတွက် ကြိုတင်သတ်မှတ်ချက်များစွာ ချပြရန်၊ သို့မဟုတ် စကားလုံးများစွာ အသုံးပြုရန် မလိုအပ်ပေ။ ဤသည်မှာ လိုအပ်ခြင်းမရှိ။ အိမ်ထောင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ရှင်းလင်းသည်။ အိမ်ထောင်၌ နှစ်ဖက်စလုံးက မိမိတို့ဘာသာ တာဝန်ယူဆောင်ရွက်သင့်သော တာဝန်များ၊ ဖြည့်ဆည်းသင့်သော ဝတ္တရားများသည် ရှင်းလင်းပြီး ပြတ်သားသည်။ လူတစ်ယောက်သည် ဤအရာများအပေါ် ရှင်းလင်းပြီး ပြတ်သားသည်နှင့် ယင်းသည် သူ၏ သမ္မာတရားအား လိုက်စားခြင်းကို အဘယ်သို့ သက်ရောက်မှုရှိသနည်း။ အိမ်ထောင်၏ အဓိပ္ပာယ်သတ်မှတ်ချက်၊ ဖွဲ့စည်းပုံနှင့် နှစ်ဖက်စလုံး၏ တာဝန်များအား နားလည်ခြင်းနောက်ကွယ်ရှိ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ ဤအကြောင်းအရာကို မိတ်သဟာယဖွဲ့ခြင်းကြောင့် လူတို့အပေါ်၌ ရရှိသော ရလဒ်များမှာ အဘယ်နည်း။ ယင်းက ဖြစ်စေသော သက်ရောက်မှုများမှာ အဘယ်နည်း။ အရပ်သုံးစကားဖြင့် ပြောလျှင် ဤအကြောင်းအရာကို သင်တို့ နားထောင်ခြင်းဖြင့် အဘယ်သို့ ကောင်းကျိုးဖြစ်သနည်း။ (အိမ်ထောင်ကို ကျွန်ုပ်တို့ ရင်ဆိုင်သောအခါ၊ သို့မဟုတ် အိမ်ထောင်ကို ကြည့်ရှုသောအခါ အမှုအရာများကို ကြည့်ရှုခြင်းအတွက် မှန်ကန်ပြီး သမ္မာတရားနှင့် ညီသော အမြင်များကို ကျွန်ုပ်တို့ ရရှိစေပါသည်။ စာတန်က စွဲမှတ်အောင်သွန်သင်သော ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၊ သို့မဟုတ် အယူအဆများ၏ လွှမ်းမိုးခြင်း၊ သို့မဟုတ် လှည့်စားခြင်းကို ကျွန်ုပ်တို့ ခံရမည်မဟုတ်ပါ။) ဤသည်မှာ အပြုသဘောဆောင်သော သက်ရောက်မှုတစ်ခုဖြစ်သည်။ အိမ်ထောင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဖွဲ့စည်းပုံနှင့် နှစ်ဘက်စလုံး၏ တာဝန်များကို မိတ်သဟာယဖွဲ့ခြင်းသည် လူတို့အား အိမ်ထောင်နှင့်ပတ်သက်ပြီး မှန်ကန်သော အယူအဆများ၊ အမြင်များရရှိစေသလော။ (ရရှိစေပါသည်။) လူတစ်ယောက်တွင် မှန်ကန်သော အယူအဆများ၊ အမြင်များရှိသောအခါ ဤအရာ၏ အကျိုးအမြတ်များ၊ အပြုသဘောဆောင်သော သက်ရောက်မှုများသည် သူ၏ အသိစိတ်တွင် အိမ်ထောင်အပေါ် မှန်ကန်သော အမြင်ကို ဆောက်တည်စေသလော။ လူတစ်ယောက်သည် အိမ်ထောင်အပေါ် မှန်ကန်သော အမြင်နှင့် မှန်ကန်သော အယူအဆများ၊ ရှုထောင့်များရှိသည်နှင့် သူ့တွင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် သက်ဆိုင်သည့် ဆန့်ကျင်သော၊ အပျက်သဘောဆောင်သော အယူအဆများကို ခုခံမှု၊ ခံနိုင်ရည်ရှိမှုတစ်ခုခု ရှိသလော။ (ရှိပါသည်။) ဤခုခံမှုနှင့် ခံနိုင်ရည်ရှိမှုသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဤသည်မှာ အနည်းဆုံးအနေဖြင့် ကမ္ဘာလောကနှင့် လူ့အဖွဲ့အစည်းမှလာသော အိမ်ထောင်နှင့်သက်ဆိုင်သည့် ဆိုးယုတ်သော အယူအဆများ၊ အမြင်များအချို့နှင့် ပတ်သက်လျှင် သင့်၌ ပိုင်းခြားသိမြင်မှုရှိသည်ဟု အဓိပ္ပာယ်ရသည်။ သင့်၌ ပိုင်းခြားသိမြင်မှုရှိသည်နှင့် သင်သည် ကမ္ဘာလောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများမှလာသည့် အယူအဆများ၊ အမြင်များကို အခြေခံပြီး အိမ်ထောင်ကို ကြည့်ရှုတော့မည် မဟုတ်သကဲ့သို့ ထိုအယူအဆများ၊ အမြင်များကို သင် လက်ခံမည်လည်း မဟုတ်ပေ။ ဤသို့ဆိုလျှင် ထိုအယူအဆများ၊ အမြင်များကို လက်မခံခြင်းဖြင့် သင့်၌ အဘယ်သို့ အကျိုးအမြတ်ရှိသနည်း။ ထိုအယူအဆများ၊ အမြင်များသည် အိမ်ထောင်နှင့်ပတ်သက်ပြီး သင်၏ အမြင်ရှုထောင့်နှင့် လုပ်ဆောင်မှုများကို ထိန်းချုပ်မည်မဟုတ်ခြင်း၊ သင့်အား ဖျက်ဆီးတော့မည် မဟုတ်သကဲ့သို့ သင့်အတွင်း၌ ထိုဆိုးယုတ်သော အယူအဆများ၊ အမြင်များကို မျိုးစေ့ချပေးမည်လည်း မဟုတ်ခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် ကမ္ဘာလောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနောက်သို့ လိုက်ခြင်းအားဖြင့် အိမ်ထောင်ကို ကြည့်ရှုမည်မဟုတ်သကဲ့သို့ ထိုဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ သယ်ဆောင်ခြင်းကိုလည်း သင် ခံရမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် အိမ်ထောင်ရေးကိစ္စတွင် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်။ ထို့ကြောင့် တစ်နည်းအားဖြင့် သင်သည် အိမ်ထောင်နှင့်သက်ဆိုင်သော ထိုဆိုးယုတ်သော၊ လောကီဆန်သောအယူအဆများ၊ အမြင်များ၊ ရှုထောင့်များကို စွန့်လွှတ်ပြီးသား ဖြစ်မည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့၌ အိမ်ထောင်အပေါ် တိကျသော အဓိပ္ပာယ်သတ်မှတ်ချက်တစ်ခုရှိပြီးနောက်တွင် ၎င်းတို့သည် အိမ်ထောင်နှင့်ပတ်သက်ပြီး ၎င်းတို့၏ အချို့သော လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများကို လက်လွှတ်နိုင်ကြသည်။ သို့သော် ဤတွင် ရပ်လျှင် လုံလောက်သလော။ ၎င်းတို့သည် အိမ်ထောင်နှင့်ပတ်သက်ပြီး ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများကို အပြည့်အဝ လက်လွှတ်နိုင်သလော။ ဤသည်မှာ ကောင်းစွာလုံလောက်ခြင်းမရှိပေ။ ၎င်းတို့တွင် အိမ်ထောင်အပေါ် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆသာရှိပြီး ၎င်းတို့အတွေးထဲတွင် အိမ်ထောင်၏ နိဒါန်း၊ အခြေခံအယူအဆနှင့် အသိအမြင်မျှသာရှိပြီး ထိုထက်မပိုပေ။ သို့သော် အိမ်ထောင်နှင့်ပတ်သက်၍ ကမ္ဘာလောကနှင့် လူ့အဖွဲ့အစည်းက ဖြန့်ဖြူးသည့် အမျိုးမျိုးသော အယူအဆများ၊ အမြင်များ၊ အကြောင်းအရာများသည် သင်၏ အယူအဆများ၊ အမြင်များကို လွှမ်းမိုးဆဲဖြစ်လိမ့်မည်။ ပြီးလျှင် အိမ်ထောင်နှင့်ပတ်သက်ပြီး သင်၏ အမြင်ရှုထောင့်များအပြင် သင်၏ လုပ်ရပ်များအပေါ်ပင် သက်ရောက်လိမ့်မည်။ ထို့ကြောင့် လူတို့သည် အိမ်ထောင်အပေါ် တိကျမှန်ကန်သော အဓိပ္ပာယ်သတ်မှတ်ချက်တစ်ခု ရှိပြီးနောက် လက်ရှိအချိန်အထိ အိမ်ထောင်နှင့်ပတ်သက်သည့် ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများကို အပြည့်အဝ၊ လုံးလုံး မစွန့်လွှတ်နိုင်သေးပေ။ ထို့ကြောင့် ဆက်လက်၍ အိမ်ထောင်နှင့်ပတ်သက်ပြီး လူတို့၌ ဖြစ်ပေါ်သော အမျိုးမျိုးသော လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများကို ငါတို့ မိတ်သဟာယ မပြုသင့်သလော။ (ပြုသင့်ပါသည်။)

အိမ်ထောင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်းဖြစ်သော ဤမိတ်သဟာယကို ငါ အဆုံးသတ်မည်။ ဆက်လက်၍ အိမ်ထောင်ကြောင့် ဖြစ်ပေါ်သော အမျိုးမျိုးသော လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများအား မည်သို့ လက်လွှတ်ရမည်ဆိုသည်ကို ငါတို့ မိတ်သဟာယဖွဲ့မည်။ ဦးစွာ အိမ်ထောင်နှင့်ပတ်သက်ပြီး လူတို့၏ အမျိုးမျိုးသော စိတ်ကူးယဉ်မှုများကို မိတ်သဟာယပြုကြစို့။ စိတ်ကူးယဉ်များကို ငါပြောသောအခါတွင် လူတို့၏ ခေါင်းထဲတွင် စိတ်ကူးသော ပုံရိပ်များကို ငါ ဆိုလိုသည်။ ဤပုံရိပ်များသည် အဖြစ်မှန် ဖြစ်မလာသေးပေ။ ယင်းတို့သည် လူတို့၏ နေ့စဉ်အသက်တာများ၊ သို့မဟုတ် ၎င်းတို့ကြုံတွေ့သော အခြေအနေများအားဖြင့် အစပျိုးသော စိတ်ကူးများသာဖြစ်သည်။ ဤစိတ်ကူးများသည် လူတို့၏ ခေါင်းထဲတွင် ပုံရိပ်များ၊ အထင်မှားခြင်းများ ဖြစ်ပေါ်စေပြီး အိမ်ထောင်နှင့်ပတ်သက်ပြီး ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများပင် ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အိမ်ထောင်နှင့် ပတ်သက်ပြီး သင်၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများကို လက်လွှတ်ရန် သင်၏ စိတ်တွင်၊ သင်၏ စိတ်နှလုံးအတွင်းထဲတွင် မျိုးစေ့ချခဲ့ဖူးသော၊ သို့မဟုတ် မျိုးစေ့ချနေဆဲဖြစ်သော စိတ်ကူးယဉ်မှုအမျိုးမျိုးကို ဦးစွာ လက်လွှတ်သင့်သည်။ ဤသည်မှာ အိမ်ထောင်နှင့်ပတ်သက်သည့် သင်၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများကို လက်လွှတ်ရန် သင်လုပ်ဆောင်ဖို့ လိုအပ်သည့် ပထမဆုံးအရာဖြစ်သည်။ ဆိုလိုသည်မှာ အိမ်ထောင်နှင့်သက်ဆိုင်သော သင်၏ စိတ်ကူးယဉ်မှုအမျိုးမျိုးကို လက်လွှတ်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် အိမ်ထောင်နှင့်ပတ်သက်ပြီး လူတို့၌ မည်သည့်စိတ်ကူးယဉ်မှုများ ရှိသည်ဆိုသည်ကို ဦးစွာ ပြောကြစို့။ လွန်ခဲ့သော နှစ်ရာချီ၊ ထောင်ချီရှိ ရှေးလူများထံမှ အိမ်ထောင်နှင့်ပတ်သက်သော ထင်မြင်ချက်အမျိုးမျိုးသည် လက်ရှိအချိန်ကာလနှင့် အလှမ်းဝေးလွန်းသည်။ ထို့ကြောင့် ထိုအရာများအကြောင်းကို ငါတို့ မပြောပေ။ ထိုအစား အိမ်ထောင်နှင့် ပတ်သက်၍ ယခုခေတ်လူတို့၏ ဆန်းသစ်သော၊ လူသိများသော၊ ခေတ်ဆန်သော၊ ခေတ်ရေစီးကြောင်းထင်မြင်ချက်များ၊ လုပ်ဆောင်မှုများက အဘယ်သို့ရှိသည်ဆိုသည်ကို ငါတို့ ပြောမည်။ ဤအရာများသည် သင်တို့ကို လွှမ်းမိုးပြီး အိမ်ထောင်နှင့်ပတ်သက်၍ သင်တို့စိတ်နှလုံးအတွင်းထဲတွင် ရှိသော၊ သို့မဟုတ် သင်တို့၏ စိတ်တွင်ရှိသော စိတ်ကူးယဉ်မှုမျိုးစုံကို ဆက်လက်၍ ရှိနေစေသည်။ ရှေးဦးစွာ အိမ်ထောင်နှင့်ပတ်သက်သော ထင်မြင်ချက်အချို့သည် လူ့အဖွဲ့အစည်းတွင် လူသိများလာသည်။ ထို့နောက် စာပေလက်ရာအမျိုးမျိုးက အိမ်ထောင်နှင့်ပတ်သက်၍ စာရေးသူ၏ အယူအဆများ၊ ထင်မြင်ချက်များကို သယ်ဆောင်သည်။ ဤစာပေလက်ရာများသည် ဖန်သားပြင်တွင်ကြည့်ရန်အတွက် တီဗီအစီအစဉ်များ၊ ရုပ်ရှင်များအဖြစ်သို့ ပြောင်းသွားသောအခါ၌ ယင်းတို့သည် အိမ်ထောင်နှင့်ပတ်သက်သော လူတို့၏ အမျိုးမျိုးသော ထင်မြင်ချက်များ၊ ၎င်းတို့၏ အမျိုးမျိုးသော လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများကို ပို၍ပင် ကွက်ကွက်ကွင်းကွင်း အသေးစိတ်ရှင်းလင်းပြသည်။ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ ဤအရာများကို သင်တို့အတွင်းသို့ အဆက်မပြတ် သွတ်သွင်းသည်။ သင်တို့၌ အိမ်ထောင်နှင့်ပတ်သက်ပြီး တိကျသော အယူအဆတစ်ခုခု မရှိမီတွင် အိမ်ထောင်နှင့်ပတ်သက်ပြီး ဤလူ့အဖွဲ့အစည်းထင်မြင်ချက်နှင့် သတင်းစကားတို့သည် သင်တို့အတွင်း၌ ကြိုတင်ယူဆချက်များကို ဖန်တီးပြီး သင်တို့၏ လက်ခံမှုကို ရရှိသည်။ ထို့နောက် သင်တို့သည် သင်တို့၏ ကိုယ်ပိုင်အိမ်ထောင်က အဘယ်သို့ဖြစ်မည်၊ သင်တို့၏ ကြင်ရာက မည်သည့်ပုံစံရှိမည်ဆိုသည်တို့ကို စတင်၍ စိတ်ကူးယဉ်သည်။ တီဗီအစီအစဉ်များ၊ ရုပ်ရှင်များ၊ ဝတ္ထုများမှတစ်ဆင့်၊ သို့မဟုတ် သင်၏လူမှုအသိုင်းအဝိုင်းနှင့် သင့်ဘဝတွင်ရှိသောလူများမှတစ်ဆင့် ဤသတင်းစကားများကို လက်ခံသည်ဖြစ်စေ၊ အရင်းအမြစ်က မည်သို့ဖြစ်စေ ဤသတင်းစကားအားလုံးသည် လူသားများ၊ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာလောကထံမှလာသည်၊ သို့မဟုတ် တိကျစွာ ဆိုရလျှင် ယင်းတို့သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများမှ ဆင့်ကဲဖြစ်ပေါ်ပြီး ဖွံ့ဖြိုးလာသည်။ ပို၍ပင် တိကျစွာဆိုရလျှင် ယင်းတို့သည် စာတန်ဆီမှလာသည်မှာ အမှန်ပင်ဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ဤဖြစ်စဉ်တွင် အိမ်ထောင်နှင့်ပတ်သက်ပြီး မည်သည့်အယူအဆနှင့် အမြင်များကို သင်တို့ လက်ခံသည်ဖြစ်စေ အမှန်မှာ သင်တို့သည် အိမ်ထောင်နှင့်ပတ်သက်သော အယူအဆနှင့် အမြင်အမျိုးမျိုးကို လက်ခံစဉ်တွင် သင်တို့၏ အတွေးထဲတွင် အိမ်ထောင်ကို အဆက်မပြတ် စိတ်ကူးယဉ်နေကြသည်။ ဤစိတ်ကူးယဉ်မှုအားလုံးသည် တစ်ခုတည်းကို ဗဟိုပြုသည်။ မည်သည့်အရာ ဖြစ်သည်ကို သင်တို့ သိသလော။ (စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းဖြစ်သည်။) ယခုအချိန်၌ လူ့အဖွဲ့အစည်းတွင် ပို၍နာမည်ကြီးသော၊ သို့မဟုတ် ခေတ်ရေစီးကြောင်းဖြစ်သော သတင်းစကားသည် စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းနှင့်ပတ်သက်သည့် အိမ်ထောင်အကြောင်းပြောဆိုခြင်းတွင် ဗဟိုပြုသည်။ အိမ်ထောင် ပျော်ရွှင်မှုသည် စိတ်ကူးယဉ်ဆန်သော ချစ်ခြင်း တည်ရှိမှုအပေါ်တွင် မူတည်သည်။ ပြီးလျှင် ခင်ပွန်းနှင့် ဇနီးသည် တစ်ယောက်နှင့်တစ်ယောက် မေတ္တာသက်ဝင်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ အိမ်ထောင်နှင့်သက်ဆိုင်သော လူ့အဖွဲ့အစည်း၏ ဤထင်မြင်ချက်များသည်၊ လူတို့၏ အတွေးများနှင့် ဝိညာဉ်အတွင်းထဲတွင် စိမ့်ဝင်ပျံ့နှံ့သော ဤအရာများသည် အဓိကအားဖြင့် စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းနှင့်သက်ဆိုင်သည်။ ဤထင်မြင်ချက်များကို လူတို့အတွင်းသို့ သွတ်သွင်းပြီး လူတို့၌ အိမ်ထောင်နှင့်ပတ်သက်သည့် စိတ်ကူးယဉ်မှုမျိုးစုံကို ဖြစ်ပေါ်စေသည်။ ဥပမာ ၎င်းတို့ချစ်သည့်သူက မည်သူဖြစ်မည်၊ မည်သို့သောလူမျိုးဖြစ်မည်၊ ပြီးလျှင် ၎င်းတို့၏ အိမ်ထောင်ဖက်အပေါ် သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်ဆိုသည်တို့ကို စိတ်ကူးယဉ်ကြသည်။ အထူးသဖြင့် လူ့အဖွဲ့အစည်းမှလာသော ရှုထောင့်အမျိုးမျိုး ပါဝင်သော သတင်းစကားများရှိသည်။ ထိုသတင်းစကားများက ၎င်းသည် ထိုသူကို ချစ်ဖို့လိုပြီး ထိုသူကလည်း ၎င်းကို ပြန်၍ ချစ်ဖို့လိုသည်ဟုလည်းကောင်း၊ ဤသည်ကသာ စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းစစ်စစ် ဖြစ်သည်ဟုလည်းကောင်း၊ စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းစစ်စစ်ကသာ အိမ်ထောင်ဆီသို့ ဦးတည်ပေးနိုင်သည်ဟုလည်းကောင်း၊ စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းအပေါ် အခြေခံသော အိမ်ထောင်သည်သာ ကောင်းပြီး ပျော်ရွှင်သည်ဟုလည်းကောင်း၊ စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းမရှိသည့် အိမ်ထောင်သည် ကိုယ့်ကျင့်တရားနှင့်မညီဟုလည်းကောင်း ဆိုသည်။ ထို့ကြောင့် လူတိုင်းသည် မိမိတို့ချစ်မည့်သူကို ရှာမတွေ့မီတွင် စိတ်ကူးယဉ်သော ချစ်ခြင်းကို ရှာဖို့ ပြင်ဆင်ကာ အိမ်ထောင်အတွက် ကြိုတင်စီစဉ်မှုများလုပ်ဆောင်ကြသည်။ ၎င်းတို့၏ချစ်ခြင်းနောက်သို့ မဆင်မခြင် လိုက်နိုင်ရန်အတွက်၊ ၎င်းတို့၏ ချစ်ခြင်းကို အကောင်အထည် ဖော်နိုင်ရန်အတွက် ၎င်းတို့ချစ်သည့်သူကို ကြုံရသည့်နေ့အတွက် ပြင်ဆင်ကြသည်။ မှန်သလော။ (မှန်ပါသည်။) အတိတ်ကာလက လူတို့သည် စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းအကြောင်းကို မပြောဆိုသကဲ့သို့ အိမ်ထောင်လွတ်လပ်ခွင့်ဆိုသောအရာကိုလည်းကောင်း၊ ချစ်ခြင်းသည် အပြစ်ကင်းစင်သည်ဟုလည်းကောင်း၊ ချစ်ခြင်းသည် အထွတ်အထိပ် ဖြစ်သည်ဟုလည်းကောင်း မပြောဆိုကြပေ။ ထိုအချိန်ကာလက လူတို့သည် အိမ်ထောင်၊ ချစ်ခြင်း၊ အချစ်ဇာတ်လမ်းတို့အကြောင်းပြောရခြင်းကို ရှက်ရွံ့ကြသည်။ အထူးသဖြင့် ဆန့်ကျင်ဘက်လိင် ပါဝင်သောအခါ၌ လူတို့သည် ရှက်ရွံ့ကြသည်။ ၎င်းတို့သည် ရှက်သွေးဖြန်းပြီး နှလုံးခုန်မြန်ကြသည်၊ သို့မဟုတ် စကားပြောရန် အခက်တွေ့ကြသည်။ ယနေ့တွင် လူတို့၏ သဘောထားများက ပြောင်းလဲသွားသည်။ အခြားလူများက အလွန်ပင် တည်ငြိမ်စွာ၊ မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် အချစ်နှင့် အိမ်ထောင်အကြောင်း ဆွေးနွေးနေသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့သည်လည်း ထိုသို့သောသူဖြစ်လိုပြီး ရှက်သွေးဖြန်းခြင်း၊ နှလုံးခုန်မြန်ခြင်းမရှိဘဲ အချစ်ဇာတ်လမ်းနှင့် အိမ်ထောင်အကြောင်းကို လွတ်လပ်စွာ၊ ပွင့်လင်းစွာ ဆွေးနွေးကြသည်။ ထို့အပြင် ၎င်းတို့ ချဉ်းကပ်၍ မေတ္တာရယူလိုသော၊ ၎င်းတို့၏ စိတ်နှလုံးကို ဖွင့်ဟလိုသောသူကို ၎င်းတို့ တွေ့သောအခါ၌ ၎င်းတို့၏ ခံစားချက်များကို ပွင့်လင်းစွာ ဝန်ခံနိုင်ခြင်း ရှိလိုကြသည်။ ၎င်းတို့သည် ပိုးပန်းသည့်၊ သို့မဟုတ် ပိုးပန်းခြင်းခံရသည့် ဖြစ်ရပ်မျိုးစုံကိုပင် စိတ်ကူးယဉ်ကြသည်။ ထို့အပြင် ၎င်းတို့ ချစ်ပြီး ချဉ်းကပ်၍ မေတ္တာရယူလိုသည့်သူက မည်သို့သောသူမျိုးဖြစ်မည်ဆိုသည်ကို စိတ်ကူးယဉ်ကြသည်။ မိန်းမများက ၎င်းတို့ ချဉ်းကပ်၍ မေတ္တာရယူလိုသည့်သူသည် နှစ်လိုဖွယ်ကောင်းသော မင်းသားချောလေး ဖြစ်မည်ဟူ၍လည်းကောင်း၊ အနည်းဆုံး ၁.၈ မီတာအရပ်ရှည်ပြီး ဟာသဉာဏ်ရှိသော စကားပြောကောင်းသူဖြစ်မည်ဟူ၍လည်းကောင်း၊ ရည်မွန်သော၊ ပညာတတ်ဖြစ်သောသူဖြစ်ပြီး ကောင်းသောမိသားစုနောက်ခံ ရှိမည်ဟူ၍လည်းကောင်း၊ ပို၍ပင် ကောင်းသည်မှာ သူသည် အိမ်နှင့်ကား ရှိမည်ဟူ၍လည်းကောင်း၊ လူမှုအဆင့်အတန်းရှိမည်ဟူ၍လည်းကောင်း၊ ချမ်းသာကြွယ်ဝမှုပမာဏ တစ်ခုခုရှိမည်ဟူ၍လည်းကောင်း စသည်တို့ကို စိတ်ကူးယဉ်ကြသည်။ ယောက်ျားများအတွက်မူ ၎င်းတို့သည် ၎င်းတို့၏ ကြင်ရာက အသားဖြူသောအလှပဂေး ဖြစ်မည်ဟုလည်းကောင်း၊ လူမှုရေးတွေ့ဆုံပွဲများရော မီးဖိုချောင်တွင်ပါ ထင်ပေါ်နိုင်သော အစွမ်းထက်သည့် မိန်းမတစ်ယောက်ဖြစ်မည်ဟုလည်းကောင်း စိတ်ကူးယဉ်ကြသည်။ ၎င်းတို့၏ ကြင်ရာသည် လှပပြီး ချမ်းသာသော မိန်းမတစ်ယောက်ဖြစ်မည်ဟုပင် စိတ်ကူးယဉ်ကြပြီး၊ သူမတွင် ခိုင်မာသော မိသားစုနောက်ခံရှိလျှင် ပို၍ပင် ကောင်းသည်ဟုလည်းကောင်း စိတ်ကူးယဉ်ကြသည်။ ထို့နောက်တွင် ၎င်းတို့နှစ်ယောက် အတူတကွ ပေါင်းဖက်ခြင်းသည် ရိုမီရိုနှင့် ဂျူးလိယက်ကဲ့သို့ ဖြစ်သည်ဟုလည်းကောင်း၊ ပြီးပြည့်စုံမှုရှိသော စုံတွဲ၊ သို့မဟုတ် နေနှင့်လ ရွှေနှင့်မြပုံပမာ ဖြစ်သည်ဟုလည်းကောင်း၊ ဘေးမှလူများက အားကျရသော၊ အချင်းချင်းလုံးဝ ငြင်းခုံခြင်းမရှိသော၊ စိတ်မဆိုးသော၊ မည်သည့်အကြောင်းပြချက်ဖြင့်မဆို လုံးဝ အငြင်းမပွားသော၊ တစ်ယောက်အပေါ်တစ်ယောက် လေးနက်စွာ ချစ်သော စုံတွဲဖြစ်သည်ဟုလည်းကောင်း၊ ပင်လယ်ခမ်းခြောက်ပြီး ကျောက်ခဲများက မြေမှုန့်ဖြစ်သည်အထိ အချင်းချင်း ချစ်ရန်၊ အတူတကွ အိုမင်းကြီးပြင်းရန်၊ တစ်ယောက်ကိုတစ်ယောက် မည်သည့်အခါမျှ မနှစ်သက်ခြင်း၊ ရှောင်ခြင်း မဖြစ်ရန်၊ တစ်ယောက်အပေါ် တစ်ယောက် မည်သည့်အခါမျှ လက်မလျှော့ရန်၊ တစ်ယောက်ကိုတစ်ယောက် မည်သည့်အခါမျှ မထားခဲ့ရန် ကျိန်ဆိုသော ရုပ်ရှင်ထဲက စုံတွဲကဲ့သို့ ဖြစ်သည်ဟုလည်းကောင်း လူတို့က ဆိုကြလိမ့်မည်။ မိန်းမတို့က တစ်နေ့တွင် ၎င်းတို့သည် မိမိတို့ချစ်သည့်သူဖြင့် မင်္ဂလာဆောင်ခန်းမသို့ ဝင်လိမ့်မည်၊ ပြီးနောက်တွင် ဘုန်းတော်ကြီး၏ ကောင်းချီးနှင့်အတူ လက်စွပ်များကို ၎င်းတို့ အပြန်အလှန်ဝတ်ဆင်ပေးကြမည်၊ ကတိသစ္စာများ အပြန်အလှန် ရွတ်ဆိုကြမည်၊ ချစ်ခြင်းနှင့်သက်ဆိုင်သော လေးနက်သည့် ကတိကဝတ်များ ပြုကြမည်၊ ဤဘဝတွင် တစ်ယောက်နှင့်တစ်ယောက်အတူတကွ နေထိုင်ရန်၊ နာမကျန်းသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ တစ်ယောက်ကိုတစ်ယောက် မစွန့်ခွာရန်၊ မစွန့်ပစ်ရန် ကတိပြုကြမည်ဟူ၍ စိတ်ကူးယဉ်ကြသည်။ ယောက်ျားများသည်လည်း တစ်နေ့တွင် ၎င်းတို့သည် ၎င်းတို့ချစ်သည့် မိန်းမနှင့်အတူ မင်္ဂလာဆောင်ခန်းမသို့ ဝင်လိမ့်မည်၊ ပြီးလျှင် ဘုန်းတော်ကြီး၏ ကောင်းချီးနှင့်အတူ လက်စွပ်များကို အပြန်အလှန် ဝတ်ဆင်ပေးကြမည်၊ ကတိများပြုကြမည်၊ သူ၏ ပူပူနွေးနွေးဖြစ်သော သတို့သမီးက မည်မျှအသက်ကြီးလာပါစေ၊ ရုပ်ဆိုးလာပါစေ သူမကို စွန့်ပစ်မည်၊ စွန့်ခွာမည်မဟုတ်ဟု ကျိန်ဆိုမည်၊ သူမအား အကောင်းဆုံးသော၊ ပျော်ရွှင်သော အိမ်ထောင်ကိုပေးမည်၊ ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးမိန်းမတစ်ယောက် ဖြစ်စေမည်ဟူ၍ စိတ်ကူးယဉ်ကြသည်။ မိန်းမများနှင့် ယောက်ျားများအားလုံးသည် ဤသို့ စိတ်ကူးယဉ်ကြသည်။ ဤသို့ အားထုတ်ကြသည်။ ပြီးလျှင် ၎င်းတို့၏ လက်တွေ့ဘဝတွင် အိမ်ထောင်နှင့်ပတ်သက်ပြီး လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများမျိုးစုံတို့ကို အဆက်မပြတ် သင်ယူလေ့လာကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဤစိတ်ကူးယဉ်မှုများကို အဆုံးမရှိ ထပ်ခါထပ်ခါ စိတ်ကူးကြပြီး တစ်နေ့တွင် ၎င်းတို့၏ စိတ်ကူးယဉ်မှုများသည် ၎င်းတို့၏ လက်တွေ့ဘဝများတွင် အမှန်တကယ် ဖြစ်လာပြီး ယင်းတို့သည် စံထားရာမျိုးဖြစ်စေ၊ လိုအင်ဆန္ဒမျိုးဖြစ်စေ မဟုတ်တော့ဘဲ အမှန်တကယ် ဖြစ်သောအရာတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ကြသည်။ ခေတ်ပေါ်ဘဝ၏ လွှမ်းမိုးမှုနှင့် လူမှုဆိုင်ရာသတင်းစကား၊ အချက်အလက်မျိုးစုံတို့၏ ပုံစံသွင်းမှုအောက်တွင် အမျိုးသမီးတစ်ဦးချင်းစီတိုင်းသည် မင်္ဂလာဝတ်စုံအဖြူကို ဝတ်ဆင်ပြီး ကမ္ဘာ့အလှပဆုံး သတို့သမီး၊ ကမ္ဘာ့ အပျော်ရွှင်ဆုံး မိန်းမဖြစ်ရန် မျှော်လင့်ကြသည်။ သူမသည် အသေအချာပင် တစ်ကာရက်ကျော်လွန်ရမည့်၊ အကောင်းဆုံးသန့်စင်မှုရှိသည့် သူမ၏ ကိုယ်ပိုင်စိန်လက်စွပ်ကိုဝတ်ရဖို့လည်း မျှော်လင့်သည်။ ယင်းတွင် ပြစ်ချက်ရှိ၍မရပေ။ ယင်းကို သူမ၏ အချစ်ရဆုံးသော ယောက်ျားက သူမ၏ လက်ချောင်းတွင် ဝတ်ဆင်ပေးရမည်။ ဤသည်မှာ မိန်းမတစ်ယောက်၏ စိတ်ကူးယဉ် လက်ထပ်ထိမ်းမြားမှုဖြစ်သည်။ တစ်ဖက်တွင် သူမ၌ အိမ်ထောင်ပြုသည့်ပုံစံနှင့်ပတ်သက်ပြီး စိတ်ကူးယဉ်မှုအချို့ရှိသည်။ အခြားတစ်ဖက်တွင် သူမ၌ အိမ်ထောင်ဘဝနှင့်ပတ်သက်၍လည်း စိတ်ကူးယဉ်မျိုးစုံရှိသည်။ သူမချစ်သည့် ယောက်ျားသည် သူမ၏ မျှော်မှန်းချက်များအတိုင်း ဖြစ်လာအောင် လုပ်ဆောင်ဖို့ ပျက်ကွက်မည် မဟုတ်ဟူ၍လည်းကောင်း၊ သူသည် သူမအား ပထမဆုံး မေတ္တာသက်ဝင်ခဲ့ကြသည့်အချိန်ကကဲ့သို့ပင် အိမ်ထောင်၌ လေးနက်စွာ ချစ်မည်ဟူ၍လည်းကောင်း၊ အခြားသောမိန်းမတစ်ဦးကို ချစ်မည် မဟုတ်ဟူ၍လည်းကောင်း၊ သူသည် သူမကို ပျော်ရွှင်သောဘဝအား ပေးမည်၊ သူ၏ ကတိပြုချက်အတိုင်း တည်မည်ဟူ၍ လည်းကောင်း၊ ပင်လယ်ခမ်းခြောက်ပြီး ကျောက်တုံးများက မြေမှုန့်အဖြစ် ပြောင်းသွားသည်အထိ ဤဘဝနှင့် နောက်ဘဝတွင် ၎င်းတို့သည် အတူတကွနေထိုင်ကြမည်ဟူ၍လည်းကောင်း သူမက မျှော်လင့်သည်။ အခြားတစ်ဖက်တွင်လည်း သူမ၌ သူမ မေတ္တာသက်ဝင်သည့်သူနှင့်ပတ်သက်ပြီး စိတ်ကူးယဉ်မှုနှင့် သတ်မှတ်ချက်မျိုးစုံလည်း ရှိသည်။ အနည်းဆုံးအနေဖြင့် သူသည် နှစ်လိုဖွယ်ကောင်းသော မင်းသားချောလေးတစ်ပါး ဖြစ်ရမည်။ မြင်းဖြူမစီးလျှင် မြင်းနက်စီးရမည်။ မိန်းမတစ်ယောက်က သူမ၏စိတ်တွင် စံထားသော ယောက်ျား၌ရှိသည်မှာ အသေအချာပင် မင်းသားတစ်ပါးကဲ့သို့သော ဤအရည်အသွေး အဆင့်အတန်းဖြစ်သည်။ ချစ်ကြည်နူးဖွယ်ကောင်းလိုက်လေခြင်း။ ခမ်းနားလိုက်လေခြင်း။ သူမ၏ ဘဝသည် ပျော်ရွှင်ဖွယ်ကောင်းလိုက်လေခြင်း။ အိမ်ထောင်နှင့်ပတ်သက်ပြီး လူတို့၌ ဖြစ်ပေါ်သော ဤစိတ်ကူးယဉ်များ၏ အခြေပြုချက်မှာ လူ့အဖွဲ့အစည်း၊ ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းများ၊ သို့မဟုတ် သတင်းစကားမျိုးစုံ၊ စာအုပ်မျိုးစုံ၊ စာပေလက်ရာများ၊ ရုပ်ရှင်များထံမှ ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့်ညီသော ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသည့် အနည်းငယ်အလယ်အလတ်ဆန်သော သွင်ပြင်လက္ခဏာအချို့ထံမှလည်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မေတ္တာသက်ဝင်ရန်အတွက် လူမျိုးစုံကိုလည်းကောင်း၊ ချစ်သူမျိုးစုံကိုလည်းကောင်း၊ အိမ်ထောင်ပုံစံနှင့်ဘဝမျိုးစုံကိုလည်းကောင်း စိတ်ကူးယဉ်ကြသည်။ အတိုချုပ်အားဖြင့် လူတို့၏ အမျိုးမျိုးသော စိတ်ကူးယဉ်မှုများအားလုံးသည် အိမ်ထောင်အပေါ် လူ့အဖွဲ့အစည်း၏ နားလည်မှု၊ အိမ်ထောင်အပေါ် အနက်အဓိပ္ပာယ်ဖွင့်ဆိုမှု၊ အိမ်ထောင်အပေါ် အမျိုးမျိုးသော ထင်မြင်ချက်များအပေါ် အခြေခံကြသည်။ မိန်းမများက ဤသို့ဖြစ်ပြီး ယောက်ျားများသည်လည်း အလားတူပင်ဖြစ်သည်။ ယောက်ျားများ၏ အိမ်ထောင်နှင့်သက်ဆိုင်သော လိုက်စားမှုအမျိုးမျိုးသည် မိန်းမများထက် မလျော့နည်းပေ။ ယောက်ျားသည်လည်း သူနှစ်သက်သော၊ အကျင့်သီလရှိသော၊ ယဉ်ကျေးသော၊ ကောင်းမွန်သော၊ ထောက်ထားတတ်သော၊ သူ့အား ဂရုတစိုက် ချစ်ခင်စွာ ဆက်ဆံသော၊ ငှက်ကလေးတစ်ကောင်ကဲ့သို့ သူ့အား မှီခိုသော၊ သူ့အပေါ် မလွဲမသွေ ဆက်ကပ်အပ်နှံထားသော၊ သူ၏ အားနည်းချက်၊ သို့မဟုတ် အမှားတစ်ခုတလေကို အထင်မသေးသော၊ သူ၏ အားနည်းချက်များ၊ အမှားများအားလုံးကိုပင် လက်ခံမည်ဖြစ်သော၊ သူ စိတ်ဓာတ်ကျသောအခါ၊ သို့မဟုတ် အားမလိုအားမရဖြစ်သောအခါ၊ သူ ကျရှုံးသောအခါ သူ့အား ကူညီပံ့ပိုးရန်အတွက် အားထုတ်ပြီး “အချစ်၊ ကိစ္စမရှိပါဘူး၊ ကျွန်မရှိတယ်၊ ကျွန်မတို့အတူတူ မကျော်ဖြတ်နိုင်တာ ဘာမှမရှိဘူး၊ မကြောက်နဲ့၊ ဘယ်အချိန်ပဲဖြစ်ပါစေ ကျွန်မက ရှင့်ဘေးမှာ အမြဲတမ်းရှိနေမယ်” ဟုဆိုသော မိန်းကလေးကို ရှာတွေ့ဖို့ မျှော်လင့်သည်။ မိန်းမများ၌ ယောက်ျားများအပေါ် သတ်မှတ်ချက်မျိုးစုံရှိသည်။ အလားတူပင် ယောက်ျားများတွင်လည်း မိန်းမများအပေါ် သတ်မှတ်ချက်မျိုးစုံရှိသည်။ ထို့ကြောင့် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ၎င်းတို့သည် လူစုထဲတွင် ၎င်းတို့၏ ကြင်ရာကို ရှာဖွေနေကြသည်။ ၎င်းတို့၏ ကြင်ရာကို ရှာဖွေရာတွင် အခြေပြုချက်မှာ အိမ်ထောင်နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိတ်ကူးယဉ်မှုအမျိုးမျိုးဖြစ်သည်။ ယောက်ျားတစ်ယောက်သည် လူ့အဖွဲ့အစည်းတွင် ခိုင်မာသော ခြေကုပ်ရှိဖို့၊ အသက်မွေးအလုပ်တစ်ခုကို တည်ဆောက်ဖို့၊ ချမ်းသာကြွယ်ဝမှု ပမာဏတစ်ခုအထိ တိုးပွားလာဖို့၊ အရင်းအနှီးအဆင့်တစ်ခုအထိ စုစည်းဖို့၊ ထို့နောက်တွင် အဆင့်အတန်း၊ ကိုယ်ပိုင်လက္ခဏာ၊ အကြိုက်၊ နှစ်သက်မှုတို့တွင် သူနှင့်တန်းတူညီသော ပို၍ကောင်းသော ကြင်ရာကို ရှာဖွေနိုင်ဖို့ ပို၍ မကြာခဏစိတ်ကူးယဉ်မည်မှာ အမှန်ပင်ဖြစ်သည်။ သူသည် သူမကိုနှစ်သက်ပြီး သူမက သူ၏ သတ်မှတ်ချက်များနှင့် ညီသရွေ့ သူသည် သူမအတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး သူမအတွက် မီးခဲများအပေါ်ပင် လျှောက်လှမ်းလိုစိတ်ရှိလိမ့်မည်။ အနည်းငယ် ပို၍ လက်တွေ့ကျစွာ ဆိုရလျှင် သူသည် သူမအတွက် ကောင်းသောအရာအချို့ကို ဝယ်ယူပေးမည်၊ သူမ၏ ရုပ်ဝတ္ထုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းမည်၊ သူမအား ကား၊ အိမ်၊ စိန်လက်စွပ်၊ နာမည်ကြီးတံဆိပ်ဖြစ်သော လက်ဆွဲအိတ်နှင့် အဝတ်အစားများကို ဝယ်ပေးမည်မှာ အမှန်ပင်ဖြစ်သည်။ သူတတ်နိုင်လျှင် သူသည် ကိုယ်ပိုင်အပျော်စီးသင်္ဘောနှင့် ကိုယ်ပိုင်လေယာဉ်ကိုလည်း ဝယ်လိမ့်မည်။ သူ၏ ချစ်ရသော မိန်းမအား ပင်လယ်သို့ ခေါ်၍ နှစ်ကိုယ်တည်းသွားရောက်လိမ့်မည်။ သို့မဟုတ် ကမ္ဘာမြေအနှံ့ လှည့်လည်သွားလာရန်၊ ကမ္ဘာ၏ နာမည်အကြီးဆုံးတောင်များ၊ နယ်မြေများ၊ မြင်ကွင်းလှပသောနေရာများသို့ ခရီးသွားရန် သူမအား ခေါ်ဆောင်လိမ့်မည်။ ဤသို့သောဘဝသည် အင်မတန် ကောင်းလိုက်လေခြင်း။ မိန်းမများသည် ၎င်းတို့၏ စိတ်ကူးယဉ်အိမ်ထောင်အမျိုးမျိုးအတွက် အဖိုးအခမျိုးစုံကို ပေးဆပ်ကြသည်။ အလားတူပင် ယောက်ျားများသည် ၎င်းတို့၏ စိတ်ကူးယဉ်အိမ်ထောင်အမျိုးမျိုးအတွက် ကြိုးပမ်းအလုပ်လုပ်ကြသည်။ အိမ်ထောင်နှင့်ပတ်သက်ပြီး မည်သည့်စိတ်ကူးယဉ်မှုမျိုးရှိပါစေ ယင်းသည် ကမ္ဘာလောကမှ လာသရွေ့၊ အိမ်ထောင်နှင့်ပတ်သက်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၌ရှိသော နားလည်မှုနှင့် ထင်မြင်ချက်မှ၊ သို့မဟုတ် ကမ္ဘာလောကနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က သင့်အတွင်းတွင် သွတ်သွင်းထားသော အိမ်ထောင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များမှ လာသရွေ့ ဤအယူအဆများ၊ အမြင်များသည် သင်၏ ဘဝနှင့် ယုံကြည်မှုအပေါ် အတိုင်းအတာတစ်ခုအထိ၊ ပမာဏတစ်ခုအထိ လွှမ်းမိုးလိမ့်မည်။ ပြီးလျှင် ဘဝအပေါ် သင်၏ ရှုမြင်သုံးသပ်ချက်နှင့် ဘဝတစ်လျှောက်တွင် သင်လျှောက်လှမ်းသည့် လမ်းကြောင်းကို လွှမ်းမိုးလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အိမ်ထောင်သည် အရွယ်ရောက်သူမည်သူမဆို မရှောင်ကြဉ်နိုင်သောအရာတစ်ခု ဖြစ်သောကြောင့်ဖြစ်သကဲ့သို့ မလွှဲမရှောင်နိုင်သော အကြောင်းအရာတစ်ခုလည်း ဖြစ်သောကြောင့်တည်း။ သင်က သင့်ဘဝတစ်ခုလုံးတွင် တစ်ကိုယ်တည်းနေထိုင်ရန်၊ မည်သည့်အခါမျှ အိမ်ထောင်မပြုရန် ရွေးချယ်လျှင်ပင် အိမ်ထောင်နှင့်ပတ်သက်ပြီး သင်၏ စိတ်ကူးယဉ်များက တည်ရှိနေဆဲဖြစ်လိမ့်မည်။ သင်သည် တစ်ကိုယ်တည်းနေထိုင်ရန် ရွေးချယ်နိုင်သည်။ သို့သော် အိမ်ထောင်နှင့်ပတ်သက်ပြီး သင့်၌ အခြေခံအကျဆုံးအယူအဆနှင့် အတွေးများ စတင်ရှိသည့် အချိန်အခိုက်အတန့်မှ စပြီး အိမ်ထောင်နှင့်ပတ်သက်၍ သင့်၌ စိတ်ကူးယဉ်မှုမျိုးစုံရှိသည်။ ဤစိတ်ကူးယဉ်မှုများသည် သင်၏ အတွေးများကို ဝင်ရောက်နေရာယူရုံသာမကဘဲ သင်၏နေ့စဉ်အသက်တာကိုလည်း ဖုံးလွှမ်းပြီး အမှုအရာမျိုးစုံကို သင်ကိုင်တွယ်ဖြေရှင်းသည့်အခါ၌ သင်၏ အယူအဆများ၊ အမြင်များ၊ ရွေးချယ်မှုများကို လွှမ်းမိုးသည်။ ရိုးရှင်းစွာဆိုလျှင် မိန်းမတစ်ယောက်သည် သူမ မေတ္တာသက်ဝင်သူအတွက် စံနှုန်းရှိလျှင် စံနှုန်း၏ ရင့်ကျက်မှု၊ သို့မဟုတ် ခိုင်လုံမှုက အဘယ်သို့ရှိသည်ဖြစ်စေ သူမသည် ဆန့်ကျင်ဘက်လိင်အဖွဲ့ဝင်များ၏ လူ့သဘာဝနှင့် စရိုက်လက္ခဏာ၏ ကောင်းခြင်းဆိုးခြင်းကို ချိန်ဆရန်၊ ထို့အပြင် ထိုအဖွဲ့ဝင်များသည် သူမက အတူတကွ အချိန်ကုန်ဆုံးလိုသောသူမျိုး ဟုတ်မဟုတ်ကိုလည်း ချိန်ဆရန် ဤအရာကို အသုံးပြုလိမ့်မည်။ ဤစံနှုန်းသည် အိမ်ထောင်ဘက်တစ်ဦးကို သူမရွေးချယ်သည့် စံနှုန်းဖြင့် ခွဲ၍မရနိုင်ပေ။ ဥပမာ သူမနှစ်သက်သူသည် ရဲရင့်သော အင်္ဂါရပ်ရှိသည်၊ ကြီးသော၊ လေးထောင့်ကျသောမျက်နှာနှင့် ကြည်လင်သော အသားအရည်ရှိသည်၊ သူသည် ရည်မွန်စွာ ပြောဆိုသည်၊ အနည်းငယ် စာဖတ်ဝါသနာရှိသည့် ဟန်ပန်ရှိသည်၊ အတော်အတန် ယဉ်ကျေးသည်ဆိုပါစို့။ ချစ်ခြင်းနှင့်ပတ်သက်ပြီး သူမ၏ အမြင်တွင် ဤယောက်ျားမျိုးနှင့်ပတ်သက်ပြီး ကျေနပ်သည်။ သူမသည် ဤယောက်ျားမျိုးအပေါ် ပို၍ စိတ်ယိုင်သည်။ ထို့ကြောင့် သူမ၏ ဘဝတွင် ဤသို့သောသူသည် သူမ မေတ္တာသက်ဝင်သောသူ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ထိုသူနှင့်ပတ်သက်ပြီး သူမက သေချာပေါက် စိတ်ကျေနပ်မည်။ သူမက ထိုသို့သောသူနှင့် ထိတွေ့ဆက်ဆံမိသောအခါ သူ၏ လူ့သဘာဝက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သူ၏ စရိုက်လက္ခဏာက မည်သို့ရှိသည်ဖြစ်စေ၊ သူသည် စိတ်မချရသောသူဖြစ်စေ၊ ဆိုးယုတ်သူဖြစ်စေ ဤအရာများအားလုံးသည် အဓိကမဟုတ်ဟု ငါဆိုလိုသည်။ ဤအရာတို့သည် ဆန့်ကျင်ဘက်လိင်ဘက်တော်သားများကို ရှုမြင်ရာတွင် သူမ အသုံးပြုသည့် စံနှုန်းမဟုတ်ပေ။ သူမ၏ စံနှုန်းမှာ အဘယ်နည်း။ ယင်းမှာ ခင်ပွန်းတစ်ဦးကို သူမရွေးချယ်သည့် စံနှုန်းဖြစ်သည်။ သူမနှင့် တွဲဖက်ညီသူသည် ခင်ပွန်းတစ်ဦးကို ရွေးချယ်ရာတွင် သူမ၌ ရှိသည့် စံနှုန်းနှင့် ညီလျှင် သူသည် သူမက ခင်ပွန်းအဖြစ် အမှန်တကယ် ရွေးချယ်သည့်သူမဟုတ်လျှင်ပင် သူမက အတူတကွ အချိန်ကုန်ဆုံးလိုမည့်သူတစ်ယောက် ဖြစ်ဆဲဖြစ်သည်။ ဤပြဿနာက မည်သည့်အရာကို ပုံဖော်သနည်း။ ချစ်ခြင်းအပေါ် လူတစ်ယောက်၏ အမြင်သည်၊ ပို၍ အတိအကျဆိုလျှင် မိမိနှင့်ချစ်သောသူ၊ သို့မဟုတ် အိမ်ထောင်နှင့်ပတ်သက်ပြီး လူတစ်ယောက်၏ စံနှုန်းသည် ဆန့်ကျင်ဘက်လိင်အဖွဲ့ဝင်များအားလုံးအပေါ် သူမ၏ အမြင်ကို ကြီးမားသောအတိုင်းအတာအထိ လွှမ်းမိုးသည်။ သူမ၏ ခင်ပွန်းတစ်ဦးကို ရွေးချယ်ခြင်းအတွက် စံနှုန်းနှင့်ညီသော ယောက်ျားတစ်ယောက်ကို သူမ တွေ့ကြုံရသောအခါ သူနှင့်ပတ်သက်သောအရာ မှန်သမျှကို မြင်ရသည်မှာ ကျေနပ်ဖွယ်ဖြစ်သည်ဟု သူမမြင်သည်။ သူ၏ အသံကိုကြားရသည်မှာ ချိုသာသည်၊ သူ၏ စကားနှင့် လုပ်ရပ်တို့ကို ကြည့်ရှုလေ့လာရသည်မှာ သက်သောင့်သက်သာရှိသည်ဟု သူမ မြင်သည်။ သူသည် သူမက မေတ္တာသက်ဝင်ပြီး ချဉ်းကပ်၍ မေတ္တာရယူရန် ရည်ရွယ်သည့်သူ မဟုတ်လျှင်ပင် သူမက သူ့ကို ကြည့်ရသည်မှာ ကျေနပ်ဖွယ်ဖြစ်သည်ဟု မြင်ဆဲဖြစ်သည်။ ဤကျေနပ်မှုသည် ပြဿနာဖြစ်ပေါ်သည့်နေရာဖြစ်သည်။ သူက မည်သည့်အရာကို ပြောသည်ဖြစ်စေ မှန်သည်၊ မှားသည်ကို သင် ပိုင်းခြားသိမြင်ခြင်းမရှိပေ။ သူနှင့်ပတ်သက်သောအရာမှန်သမျှက ကောင်းမွန်မှန်ကန်သည်ဟု သင်မြင်သည်။ သူသည် အရာရာတိုင်းကို ကောင်းစွာလုပ်ဆောင်သည်ဟု သင် ထင်မြင်သည်။ သူနှင့်ပတ်သက်ပြီး သင့်၌ရှိသော ဤကောင်းသော ခံစားချက်များမှတစ်ဆင့် သင်က သူ့ကို တဖြည်းဖြည်းချင်းစတင်သဘောကျပြီး ကိုးကွယ်လာသည်။ ဤသဘောကျမှုနှင့် ကိုးကွယ်မှုသည် မည်သည့်နေရာမှ လာသနည်း။ အရင်းအမြစ်မှာ ချစ်ခြင်းနှင့် အိမ်ထောင်အတွက် လက်တွဲဖော်တစ်ဦးကို ရွေးချယ်ရာ၌ သင်အသုံးပြုသော စံနှုန်းဖြစ်သည်။ အဆင့်တစ်ခုတွင် ဤစံနှုန်းသည် အခြားလူများအပေါ် သင်မြင်သည့်ပုံစံကို မှားယွင်းစေသည်။ ပို၍ တိကျစွာဆိုရလျှင် ဆန့်ကျင်ဘက်လိင်ဘက်တော်သားများကို ရှုမြင်ရန်အတွက် သင် အသုံးပြုသည့် စံနှင့် ရပ်တည်ချက်များကို မရေမရာဖြစ်စေသည်။ သူ၏ အပြင်ပန်းအသွင်အပြင်သည် သင်၏ အလှရသဆိုင်ရာ စံနှုန်းနှင့် ကိုက်ညီသည်။ ထို့ကြောင့် သူ့၌ မည်သည့်စရိုက်လက္ခဏာမျိုးရှိသည်ဖြစ်စေ၊ သူ၏ လုပ်ရပ်များသည် စည်းမျဉ်းများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ သူ့၌ သမ္မာတရားစည်းမျဉ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သမ္မာတရားကို လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ၊ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် နာခံခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤအရာများသည် သင့်အတွက် အလွန် မရေမရာဖြစ်သွားသည်။ သင်သည် ဤလူကို သင်ကြည့်သည့်ပုံစံ၌ စိတ်ခံစားချက်ပိုင်းတွင် ယိမ်းယိုင်နိုင်ခြေရှိသည်။ သင့်၌ ဤလူအပေါ် ကောင်းသောခံစားချက်များ ရှိသောကြောင့်၊ စိတ်ခံစားချက်ဆိုင်ရာ အဆင့်တွင် သူက သင်၏ စံနှုန်းကို ပြည့်မီသောကြောင့် သူလုပ်ဆောင်သမျှတိုင်းက ကောင်းပြီး အလွန်အဆင်ပြေသည်ဟု သင်မြင်သည်။ သင်က သူ့ကို ကာကွယ်ပေးပြီး ကိုးကွယ်သည်။ မကောင်းသောအရာတစ်ခုခုကို သူလုပ်ဆောင်သောအခါ၌ သင်က ပိုင်းခြားသိမြင်ခြင်းမရှိသကဲ့သို့ သူ့အား ထုတ်ဖော်ခြင်း၊ စွန့်ပစ်ခြင်းလည်း မရှိသည်အထိဖြစ်သည်။ ဤအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ ဤသည်မှာ သင်၏ ခံစားချက်များက လွှမ်းမိုးနေပြီး သင်၏ စိတ်နှလုံးကို ဆုပ်ကိုင်ထားသောကြောင့်ဖြစ်သည်။ သင်၏ ခံစားချက်များက ဖောက်ပြန်လာသည်နှင့် တစ်ပြိုင်နက် သင့်အနေဖြင့် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် လွယ်ကူသလော။ သင်၏ ခံစားချက်များက အရေးသာမှုရှိနေသောကြောင့် သင့်၌ စည်းမျဉ်းမရှိပေ။ ထို့ကြောင့် ဤအမှုကိစ္စက ဖြစ်ပေါ်စေသော အကျိုးဆက်များက အလွန်ဆိုးဝါးသည်။ သူသည် သင် မေတ္တာသက်ဝင်နေသောသူမဟုတ်သော်လည်း၊ သို့မဟုတ် သင် လက်ထပ်လိုသောသူမဟုတ်သော်လည်း သူသည် သင်၏ အလှအပရသစံနှုန်းနှင့်လည်းကောင်း၊ သင်၏ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များနှင့်လည်းကောင်း ကိုက်ညီနေဆဲဖြစ်သည်။ ဤကြိုတင်သတ်မှတ်ချက်အောက်တွင် သင်သည် သင့်ခံစားချက်များ၏ လွှမ်းမိုးခြင်း၊ ထိန်းချုပ်ခြင်းကို မလွဲမသွေခံရသည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံ၍ ဤလူကို ကြည့်ရန်၊ ဤလူ၌ ဖြစ်ပေါ်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်၊ သင်၏ ကိုယ်ပိုင်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် သင့်အတွက် အလွန်ခက်ခဲသည်။ ခံစားချက်များက သင့်အား ချုပ်ကိုင်ပြီး သင့်တွင် ကြီးစိုးသော အင်အားစုဖြစ်လာသည်နှင့်တစ်ပြိုင်နက် သင့်အား ချည်နှောင်သည့် စိတ်ခံစားချက်ဆိုင်ရာ အချုပ်အနှောင်များကို ချိုးဖျက်ရန်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လက်တွေ့အရှိတရားသို့ ဝင်ရောက်ရန် အလွန်ခက်ခဲသည်။ ဤသို့ဆိုလျှင် ဤအရာအားလုံးနှင့်ပတ်သက်ပြီး မည်သည့်အရာကို ငါဆိုလိုသနည်း။ လူတိုင်း၌ အိမ်ထောင်နှင့်ပတ်သက်ပြီး စိတ်ကူးယဉ်မျိုးစုံရှိသည်ဟု ငါဆိုလိုသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် လေဟာနယ်၊ သို့မဟုတ် အခြားသောဂြိုဟ်တစ်ခုတွင် မနေထိုင်သောကြောင့်ဖြစ်သည်။ ပြီးလျှင် သင်သည် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူ၊ သို့မဟုတ် လူအတစ်ယောက် ဖြစ်ဖို့မဆိုထားနှင့် အရွယ်မရောက်သေးသူပင် မဟုတ်သောကြောင့် ဖြစ်သည်မှာ အမှန်ပင်။ သင်သည် အရွယ်ရောက်သူတစ်ဦးဖြစ်သည်။ အရွယ်ရောက်သူတစ်ဦး၏ အယူအဆများရှိသည်။ တစ်ချိန်တည်းတွင် သင်သည် လူ့အဖွဲ့အစည်းမှ၊ ဆိုးယုတ်သော လူသားမျိုးနွယ်ထံမှလာသော အိမ်ထောင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို လက်ခံပြီးဖြစ်လျက် အိမ်ထောင်နှင့်သက်ဆိုင်သော လူ့အဖွဲ့အစည်း၏ ထင်မြင်ချက်အမျိုးမျိုးကိုလည်း မသိစိတ်မှ လက်ခံပြီးဖြစ်သည်။ ဤအရာများကို လက်ခံပြီးနောက်တွင် သင်သည် သင်၏ အချစ်လက်တွဲဖော်က မည်သူဖြစ်မည်ကို မရည်ရွယ်ဘဲ စိတ်ကူးယဉ်မိသည်။ စိတ်ကူးယဉ်ခြင်းက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဤသည်မှာ လက်တွေ့မဆန်သော၊ အနှစ်မဲ့သော အတွေးများအား လက်သင့်ခံခြင်းကို ဆိုလိုသည်။ ယခု ငါတို့ မိတ်သဟာယဖွဲ့ပြီး ဖွင့်ပြခဲ့သည့်အရာကို အခြေခံကြည့်လျှင် လူ့အဖွဲ့အစည်းထံမှ၊ ဆိုးယုတ်သော လူသားမျိုးနွယ်ထံမှလာသော အိမ်ထောင်နှင့်ပတ်သက်သည့် ထင်မြင်ချက်အမျိုးမျိုးကို အဓိက ဦးတည်သည်။ သင့်၌ အိမ်ထောင်နှင့်ပတ်သက်ပြီး မှန်ကန်သော၊ သမ္မာတရားနှင့်ညီသော အမြင်မရှိသောကြောင့် သင်သည် လူ့အဖွဲ့အစည်းထံမှ၊ ဆိုးယုတ်သော လူသားမျိုးနွယ်ထံမှ လာသော အိမ်ထောင်နှင့်ပတ်သက်သည့် ထင်မြင်ချက်အမျိုးမျိုး၏ လွှမ်းမိုးခြင်း၊ ယိုယွင်းစေခြင်း၊ ဖျက်ဆီးခြင်းကို မလွဲမသွေ ခံရသည်။ သို့သော် သင်က မသိသကဲ့သို့ သတိလည်းမပြုမိပေ။ ဤသည်မှာ ယိုယွင်းစေခြင်းတစ်ခု၊ ဖောက်ပြန်ပျက်စီးခြင်းတစ်ခု ဖြစ်သည်ဆိုသည်ကို သင်မခံစားမိပေ။ သင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် ဤလွှမ်းမိုးမှုကို ခံရသည်။ ဤသည်မှာ လုံးဝ မျှတပြီး ကျိုးကြောင်းသင့်သည်ဟု အမှုမဲ့အမှတ်မဲ့ သင်စတင်ထင်မြင်လာသည်။ ပြီးလျှင် သင်သည် ဤအရာများအားလုံးသည် အရွယ်ရောက်သူများရှိသင့်သည့် အယူအဆများဖြစ်သည်ဟု ထင်မြင်လျက် ဤအရာကို ပုံမှန်ဖြစ်နေကျ ကိစ္စအဖြစ် မှတ်ယူသည်။ သင်သည် ဤအရာအားလုံးကို သင်ကိုယ်တိုင်၏ သင့်လျော်သောသတ်မှတ်ချက်များနှင့် သင့်လျော်သော လိုအပ်ချက်များအဖြစ်၊ အရွယ်ရောက်သူတစ်ယောက် ရှိသင့်သည့် သင့်လျော်သော အယူအဆများအဖြစ် လုံးဝ အလိုအလျောက် ပြောင်းလဲပစ်လိမ့်မည်။ ထို့ကြောင့် ဤသတင်းစကားများကို သင်စတင်ရရှိသည့်အချိန်မှစ၍ အိမ်ထောင်နှင့်သက်ဆိုင်သော သင်၏ စိတ်ကူးယဉ်မှုများသည် ပိုပို၍ အရှိန်မြင့်လာပြီး ပို၍သာ လေးနက်လာသည်။ တစ်ချိန်တည်းတွင်ပင် အိမ်ထောင်နှင့်ပတ်သက်သည့် သင်၏ ရှက်စိတ်သည် ဆက်လက်၍ လျော့နည်းလာမည်။ သို့မဟုတ် အိမ်ထောင်နှင့်ပတ်သက်သော ဤစိတ်ကူးယဉ်မှုများကို တက်ကြွစွာ ငြင်းဆန်ရန် သင်သည် ပိုပို၍ ဆန္ဒရှိမည်မဟုတ်ဟု ဆိုကောင်းဆိုနိုင်သည်။ တစ်နည်းအားဖြင့် ဆိုလျှင် သင် မေတ္တာသက်ဝင်နေသော သင်၏ လက်တွဲဖော်နှင့်ပတ်သက်သည့် သင်၏ စိတ်ကူးယဉ်မှုများသည်၊ သို့မဟုတ် အိမ်ထောင်နှင့်သက်ဆိုင်သော အမျိုးမျိုးသော မြင်ကွင်းများနှင့် အမှုအရာများသည် ပိုပို၍ အလိုအလျောက် ဖြစ်လာပြီး ရဲတင်းလာမည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) လူ့အဖွဲ့အစည်းထံမှ၊ ဆိုးယုတ်သော လူသားမျိုးနွယ်ထံမှ အိမ်ထောင်နှင့်ပတ်သက်သော ထင်မြင်ချက်များ၊ သတင်းအချက်အလက်များကို လူတို့ လက်ခံလေလေ၊ ၎င်းတို့၏ ကိုယ်ပိုင်အိမ်ထောင်ကို စိတ်ကူးရာတွင်၊ မေတ္တာသက်ဝင်သော လက်တွဲဖော်ကို ရှာဖွေရာတွင်၊ ထိုလက်တွဲဖော်ကို ချဉ်းကပ်၍ မေတ္တာရယူရာတွင် ၎င်းတို့သည် ပို၍ ရဲတင်းပြီး မထိန်းနိုင်မသိမ်းနိုင်ဖြစ်လေလေဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ ချစ်သူက အချစ်ဝတ္ထု၊ တီဗီဇာတ်လမ်း၊ သို့မဟုတ် အချစ်ဇာတ်လမ်းတစ်ခုတွင် ဖော်ပြသော ဇာတ်ကောင်ကဲ့သို့ ဖြစ်နိုင်သည်ဟုလည်းကောင်း၊ ပင်လယ်ခမ်းခြောက်ပြီး ကျောက်ခဲများက မြေမှုန့်အဖြစ်သို့ ပြောင်းသွားသည်အထိ၊ သေသည်အထိ သစ္စာရှိလျက် ၎င်းတို့ကို အကြွင်းမဲ့ချစ်လိမ့်မည်ဟုလည်းကောင်း မျှော်လင့်ကြသည်။ ၎င်းတို့ကိုယ်တိုင်ကမူ ၎င်းတို့သည်လည်း တီဗီဇာတ်လမ်းများနှင့် အချစ်ဝတ္ထုများက သရုပ်ဖော်သကဲ့သို့ပင် ပင်လယ်ခမ်းခြောက်ပြီး ကျောက်ခဲများက မြေမှုန့်အဖြစ်သို့ ပြောင်းသွားသည်အထိ၊ သေသည်အထိ သစ္စာရှိလျက် ၎င်းတို့၏ လက်တွဲဖော်ကို နက်နက်ရှိုင်းရှိုင်း ချစ်ကြသည်။ အတိုချုပ်အားဖြင့် ဤစိတ်ကူးယဉ်များသည် လူ့သဘာဝနှင့် ဘဝတို့၏ လက်တွေ့လောက လိုအပ်ချက်များနှင့် ကင်းကွာနေသည်။ ယင်းတို့သည် လူ့သဘာဝ၏ အနှစ်သာရနှင့်လည်း ကင်းကွာနေသည်မှာ မှန်သည်။ ယင်းတို့သည် လက်တွေ့ဘဝနှင့် လုံးဝ သဟဇာတမဖြစ်ပေ။ လူတို့က ကောင်းသည်ဟု ထင်မြင်သောမည်သည့်အရာမဆိုကဲ့သို့ပင် ယင်းတို့သည် လူတို့၏ စိတ်ကူးများအားဖြင့် ဖြစ်ပေါ်သော သာယာဖွယ် အတွေးများသာဖြစ်သည်။ လူတို့သည် ဤအတွေးများက ဘုရားသခင်၏ အိမ်ထောင်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်လည်းကောင်း၊ အိမ်ထောင်အတွက် သူ၏ အစီအစဉ်များနှင့်လည်းကောင်း မကိုက်ညီသည်ကို မြင်ပြီး အမှန်တရားများနှင့် လုံးဝ မညီသော၊ နဂိုကတည်းက ၎င်းတို့ မလိုက်စားသင့်သော ဤအယူအဆများ၊ အမြင်များကို လက်လွှတ်သင့်သည်။

လူတို့သည် အိမ်ထောင်နှင့်ပတ်သက်သော ဤလက်တွေ့မကျသော စိတ်ကူးယဉ်မှုများကို အဘယ်သို့ လက်လွှတ်သင့်သနည်း။ ၎င်းတို့သည် ကြည်နူးဖွယ်အချစ်နှင့် အိမ်ထောင်အပေါ် ၎င်းတို့၏ အတွေးအမြင်များကို ပြုပြင်သင့်သည်။ ရှေးဦးစွာ လူတို့သည် ချစ်ခြင်းအပေါ် ၎င်းတို့၏ အမြင်ဆိုသောအရာကို လက်လွှတ်သင့်သည်။ ပင်လယ်ခမ်းခြောက်ပြီး ကျောက်တုံးများက မြေမှုန့်သို့ ပြောင်းသည်အထိ လူတစ်ယောက်ကို ချစ်ခြင်း၊ သေသည်အထိ မယိမ်းယိုင်သောချစ်ခြင်း၊ တစ်ဘဝမှ နောက်တစ်ဘဝသို့တိုင် တည်မြဲသော ချစ်ခြင်းတို့ကဲ့သို့သော မရေရာသောအရာများနှင့် ဆိုရိုးစကားများကို လက်လွှတ်သင့်သည်။ နောင်ဘဝများ၊ သို့မဟုတ် ပင်လယ်ခမ်းခြောက်ပြီး ကျောက်တုံးများက မြေမှုန့်ဖြစ်သည်အထိ မဆိုထားနှင့် မိမိတို့၏ဘဝတစ်ခုလုံးတွင်ပင် ထိုချစ်ခြင်းကို ရမည်၊ မရမည်ကို လူတို့မသိပေ။ ပင်လယ်ခမ်းခြောက်ပြီး ကျောက်ခဲများက မြေမှုန့်ဖြစ်ရန်အတွက် နှစ်မည်မျှကြာမည်နည်း။ လူတို့သည် ထိုမျှအသက်ရှင်နိုင်လျှင် ၎င်းတို့သည် မိစ္ဆာကောင်များ ဖြစ်မည်မဟုတ်လော။ ဤဘဝကို ကောင်းစွာ အသက်ရှင်ခြင်း၊ သတိစိတ်နှင့် ကြည်လင်ပြတ်သားစွာဖြင့် အသက်ရှင်ခြင်းသည်ပင် ကောင်းစွာ လုံလောက်သည်။ အိမ်ထောင်တွင် သင်၏ အခန်းကဏ္ဍ၌ ကောင်းစွာ ပါဝင်ဆောင်ရွက်ခြင်း၊ ယောက်ျားတစ်ယောက်၊ သို့မဟုတ် မိန်းမတစ်ယောက် လုပ်သင့်သည့်အရာကို လုပ်ခြင်း၊ ယောက်ျားတစ်ယောက်၊ သို့မဟုတ် မိန်းမတစ်ယောက်က ထမ်းဆောင်သင့်သည့် တာဝန်၊ ဝတ္တရားများကို ထမ်းဆောင်ခြင်း၊ နှစ်ဦးနှစ်ဖက် တာဝန်များကို ဖြည့်ဆည်းခြင်း၊ အချင်းချင်း ပံ့ပိုးခြင်း၊ အချင်းချင်းကူညီခြင်း၊ တစ်ဘဝလုံး အတူတကွ ပေါင်းသင်းနေထိုင်ခြင်းတို့ဖြင့်ပင် ကောင်းစွာ လုံလောက်သည်။ ဤသည်မှာ ပြည့်စုံပြီး သင့်လျော်သော အိမ်ထောင်ဖြစ်သည်။ ပြီးလျှင် အချစ်ဟုဆိုသော၊ ချစ်ခြင်းနှင့်သက်ဆိုင်သည့် လေးနက်သော ကတိဆိုသော၊ တစ်ဘဝမှ နောက်တစ်ဘဝသို့တိုင် တည်မြဲသည့်အချစ်ဆိုသော အခြားအရာအားလုံးတို့သည် အသုံးမဝင်ပေ။ ယင်းတို့သည် ဘုရားသခင်က စီမံသော အိမ်ထောင်နှင့် လုံးဝ မသက်ဆိုင်ပေ။ ယောက်ျားများနှင့် မိန်းမများအပေါ် ဘုရားသခင်၏ ညွှန်ကြားချက်များ၊ တွန်းအားပေးချက်များနှင့် လုံးဝ မသက်ဆိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် မည်သည့်အိမ်ထောင်မဆိုအပေါ် အကြောင်းပြချက်က မည်သို့ရှိသည်ဖြစ်စေ၊ ခင်ပွန်း၊ သို့မဟုတ် ဇနီး၏ တစ်ဦးချင်း အခြေအနေများက အဘယ်သို့ရှိသည်ဖြစ်စေ၊ ဆင်းရဲသည်၊ ချမ်းသာသည်ဖြစ်စေ၊ ၎င်းတို့၌ မည်သည့်ပါရမီ၊ လူမှုအဆင့်အတန်း၊ လူမှုနောက်ခံရှိကောင်းရှိပါစေ၊ ၎င်းတို့သည် ပြည့်စုံသော လိုက်ဖက်သည့်အတွဲ၊ သို့မဟုတ် ပြည့်စုံသော စုံတွဲဖြစ်ပါစေ၊ မြင်မြင်ချင်းချစ်သောကြောင့်၊ သို့မဟုတ် မိဘများက စီစဉ်သောကြောင့် အိမ်ထောင်ပြုဖြစ်သည်ဖြစ်စေ၊ မတော်တဆဖြစ်ပျက်သည်ဖြစ်စေ၊ ကြာရှည်စွာ ထိတွေ့ဆက်ဆံလျက် ချစ်ခြင်းမှတစ်ဆင့် ဖြစ်ပေါ်သည်ဖြစ်စေ၊ မည်သို့ အိမ်ထောင်မျိုးဖြစ်စေ လူနှစ်ဦးအိမ်ထောင်ပြုပြီး အိမ်ထောင်ကို အစပြုသရွေ့ ဤအိမ်ထောင်သည် စိတ်လှုပ်ရှားစရာများ ပြီးသည့်နောက်တွင် မလွဲမသွေ လက်တွေ့ဘဝကို ပြန်လည် ရင်ဆိုင်ရမည်။ နေ့စဉ်လိုအပ်ချက်များ၏ လက်တွေ့ဘဝကို ပြန်လာရမည်။ မည်သူကမျှ လက်တွေ့ဘဝမှ မလွတ်မြောက်နိုင်။ အိမ်ထောင်တိုင်းသည် ချစ်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နောက်ဆုံးတွင် နေ့စဉ်ဘဝသို့ ပြန်လာရမည်။ ဥပမာ ရေဖိုး၊ မီးဖိုးများပေးရန် လိုအပ်ပြီး ဇနီးက “အင်း ရေဖိုးမီးဖိုးများက တက်သွားပြန်ပြီဖြစ်သည်။ အကုန်လုံး တက်နေကြသည်။ လုပ်အားခမှလွဲ၍ အကုန်တက်သည်။ ဈေးနှုန်းများက ဤကဲ့သို့တက်နေလျှင် လူများ မည်သို့များ ရှင်သန်နိုင်ကြမည်နည်း” ဟု ညည်းညူသည်။ သို့သော် သူမက ညည်းညူသော်လည်း သူမသည် ရေနှင့်မီးကို အသုံးပြုရဆဲဖြစ်သည်။ သူမတွင် ရွေးချယ်စရာမရှိပေ။ ထို့ကြောင့် သူမသည် ရေဖိုး၊ မီးဖိုးကို ပေးဆောင်သည်။ ယင်းတို့ကို ပေးဆောင်ပြီးသည်နှင့် ပိုတက်သွားသော ရေဖိုး၊ မီးဖိုးများနှင့်ပတ်သက်ပြီး သူမ ပေးဆောင်ရမည့် အပိုဆောင်းငွေအတွက် စုဆောင်းရန် ကြိုးစားရင်း အစားအစာနှင့် အသုံးစရိတ်များအတွက်လည်း ပိုက်ဆံကို ချွေတာရသည်။ ခင်ပွန်းက ဈေးထဲတွင် ဈေးချထားသော ဟင်းသီးဟင်းရွက်များကို မြင်ပြီး “ယနေ့ ပဲသီးများကို ဈေးချရောင်းနေသည်။ ပိုဝယ်ထားလိုက်ပါ။ နှစ်ပတ်စာလောက်အောင် ဝယ်ထားပါ” ဟု ဆိုသည်။ ဇနီးက “မည်မျှဝယ်ရမည်နည်း။ အများကြီးဝယ်ပြီး ကုန်အောင်မစားနိုင်လျှင် ပုပ်သွားမည်ဖြစ်သည်။ ပြီးလျှင် ထိုမျှအများကြီးဝယ်လျှင် ရေခဲခန်းထဲမှာ အကုန်ဆံ့မည်ပင် မဟုတ်” ဟု ဆိုသည်။ ခင်ပွန်းက “အကုန်လုံး မဆံ့လျှင် ပိုစားလိုက်၍မရသလော။ ပဲသီးကို တစ်ရက်နှစ်ခါစားလို့ရသည်။ ဈေးကြီးသည့်အရာ ချည်းသာ ဝယ်စားဖို့ အမြဲတမ်း အရမ်းအာရုံစိုက်မနေနှင့်” ဟု ပြန်ပြောသည်။ ခင်ပွန်းက သူ၏ လုပ်အားခရပြီး “ငါယခုလတွင် အပိုဆုကြေး ထပ်ရသည်။ နှစ်ကုန်အပိုဆုကြေးများများရလျှင် အားလပ်ရက် ခရီးထွက်လို့ရသည်။ လူတိုင်းက မဲလ်ဒီးဗ်စ်၊ ဒါမှမဟုတ် ဘာလီကို အားလပ်ရက် ခရီးထွက်ကြသည်။ ငါလည်း မင်းကို ထိုနေရာသို့ အလည်ခေါ်သွားမည်။ သို့ဆိုလျှင် မင်းလည်း ပျော်ရမည်ဖြစ်သည်” ဟု ဆိုသည်။ ၎င်းတို့အိမ်အနီးရှိ သီးပင်များ၌ အသီးများစွာ သီးပြီး ခင်ပွန်းနှင့် ဇနီးက ဆွေးနွေးကြသည်။ “မနှစ်က အသီးကောင်းမရလိုက်ပါ။ ယခုနှစ် အသီးများက ကြီးသောကြောင့် အနည်းငယ်ရောင်းချပြီး ပိုက်ဆံအနည်းငယ် ရှာ၍ရသည်။ ပိုက်ဆံအနည်းငယ် ရသည်နှင့် ငါတို့အိမ်ကို ပြန်ပြင်၍ ရလောက်သည်။ ပိုကြီးသည့် အလူမီနီယံပြတင်းပေါက်များ ဆင်ပြီး သံတံခါးအသစ်အကြီး တပ်၍ရသည်” ဟူ၍ ဖြစ်သည်။ အေးသော ဆောင်းရာသီသို့ ရောက်သောအခါ ဇနီးက “ကျွန်မက ဤချည်အနွေးထည်ကို ဝတ်နေသည်မှာ ခုနှစ်နှစ်၊ ရှစ်နှစ်ရှိပြီဖြစ်သည်။ ပြီးလျှင် ဤအင်္ကျီက ပိုပိုပြီး ပါးလာသည်။ ရှင်လုပ်အားခရလျှင် ပိုက်ဆံကို အနည်းငယ်လျှော့သုံးပြီး ကျွန်မ ဆောင်းရာသီ အနွေးထည်ဝယ်ဖို့အတွက် ချန်ထား၍ရသည်။ လေဖောင်းဂျာကင်တစ်ထည်က အနည်းဆုံး သုံးလေးရာရှိသည်။ သို့မဟုတ် ယွမ်ငါးရာ၊ ခြောက်ရာခန့် ရှိနိုင်သည်”ဟူ၍ ပြောသည်။ ခင်ပွန်းက “ဟုတ်ပြီလေ။ ငါ ပိုက်ဆံအနည်းငယ်ချန်ထားပြီး မင်းကို ဘဲမွေးနုသွတ်ထားသည့် လေဖောင်းဂျာကင် ကောင်းကောင်းတစ်ထည် ဝယ်ပေးမည်” ဟု ဆိုသည်။ ဇနီးက “ရှင်က ကျွန်မအတွက် ဝယ်ပေးချင်သည်။ သို့သော် ရှင့်မှာလည်း မရှိ။ ရှင့်အတွက်လည်း တစ်ထည်ဝယ်လိုက်ပါ” ဟု ဆိုသည်။ ခင်ပွန်းက “ငါ့မှာ ပိုက်ဆံ လုံလုံလောက်လောက်ရှိပါက ဝယ်လိုက်မည်။ မရှိပါက ငါ့ဂျာကင်ကိုသာ နောက်တစ်နှစ် ဆက်ဝတ်လိုက်လည်း ရမည်ဖြစ်သည်” ဟူ၍ ပြန်ပြောသည်။ အခြားသော ခင်ပွန်းက သူ၏ ဇနီးကိုပြောသည်။ “အနီးအနားတွင် ပင်လယ်စာမျိုးစုံရသည့် စားသောက်ဆိုင်ကြီးတစ်ခု ဖွင့်ထားသည်ဟု ငါကြားသည်။ သွားကြမလား” ဟူ၍ဖြစ်သည်။ ဇနီးက “သွားရအောင်။ ကျွန်မတို့မှာ ပိုက်ဆံလုံလုံလောက်လောက် ရှိပါသည်။ ဝယ်စားနိုင်ပါသည်။” ဟု ဆိုသည်။ ၎င်းတို့သည် ပင်လယ်စာ သွားစားပြီး ကျေနပ်ကာ အလွန်ပျော်ရွှင်လျက် အိမ်ကို ပြန်လာကြသည်။ ဇနီးက “ယခု ငါ့ဘဝက မည်မျှလုံခြုံနွေးထွေးသည်ကို ကြည့်ပါ။ ငါ လူရွေးမှန်သည်။ လတ်ဆတ်သည့် ပင်လယ်စာကို စားရသည်။ ငါတို့ အိမ်နီးချင်းများသည် လတ်ဆတ်သည့် ပင်လယ်စာကို ဝယ်မစားနိုင်။ ငါ့ဘဝက အတော် ကောင်းပေသည်” ဟု တွေးသည်။ ဤသည်မှာ အိမ်ထောင်သည် ဘဝမဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ဘဝများကို တွက်ချက်ပြီး ငြင်းခုံလျက် ကုန်ဆုံးသည်။ ၎င်းတို့သည် ရှစ်နာရီတွင် အလုပ်သွားရသောကြောင့် မနက်ငါးနာရီတွင် ထရလျက် နေ့စဉ် အရုဏ်ဦးမှ မှောင်ရီပျိုးသည်အထိ အလုပ်လုပ်ကြသည်။ နှိုးစက်နာရီမှ အသံမြည်သောအခါ ၎င်းတို့က “အင်း ငါ လုံးဝကို မထချင်ပါ။ သို့သော်လည်း ရွေးစရာမရှိပါ။ မိသားစု စားဝတ်နေရေးအတွက် ထရမည်” ဟု တွေးသည်။ ထို့ကြောင့် ၎င်းတို့သည် အိပ်ရာမှ ကြိုးစားထသည်။ “ကံကောင်းလို့ ငါ ယနေ့ နောက်မကျပါ။ သို့ဖြစ်၍ ငါ့ အပိုဆုကြေးကို သူတို့လျှော့မည်မဟုတ်” ဟူ၍ဖြစ်သည်။ ၎င်းတို့က အလုပ်ပြီး၍ အိမ်သို့ ပြန်သည်။ ပြီးလျှင် “ယနေ့ စိတ်ဆင်းရဲစရာကောင်းသည်။ တော်တော်ခက်ခဲသည်။ ဘယ်အချိန်များမှ အလုပ်မလုပ်ဘဲ နေရမည်နည်း” ဟူ၍ ဆိုသည်။ ၎င်းတို့သည် လုပ်အားခရပြီး မိသားစု စားဝတ်နေရေးပြေလည်ဖို့အတွက် အလွန် အလုပ်ရှုပ်လျက်နေရသည်။ ကောင်းစွာ အသက်ရှင်ဖို့၊ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် လူနှစ်ယောက်၏ ဘဝကို ထိန်းသိမ်းဖို့၊ သို့မဟုတ် တည်ငြိမ်သော ဘဝကို ရနိုင်ဖို့အတွက် ၎င်းတို့သည် ဤသို့နေထိုင်ရသည်။ ၎င်းတို့သည် အသက်ကြီးပြီး အိုမင်းသော နှစ်များသို့ ရောက်သည်အထိ ၎င်းတို့၏ဘဝကို ဤသို့ကုန်ဆုံးရသည်။ ထို့အပြင် အိုမင်းသော ဇနီးက “အိုး၊ ယောက်ျား ကြည့်ပါဦး။ ကျွန်မဆံပင်များက ဖြူကုန်ပြီဖြစ်သည်။ ကျွန်မ မျက်လုံးတွင် အရေးအကြောင်းများ ပေါ်နေပြီး ပါးစုန့်တွင် အရေးအကြောင်းများ ပေါ်နေသည်။ ကျွန်မ ယခု အသက်ကြီးနေပြီလော။ ကျွန်မ အိုစာနေပုံကို ရှင်က မကြိုက်ဘဲ အခြားမိန်းမတစ်ယောက်ကို သွားရှာမည်လော” ဟု ဆိုသည်။ သူမ၏ ခင်ပွန်းက “လုံးဝ မဟုတ်ပါ။ အဘွားကြီးကတော့ဖြင့်။ ငါက တစ်ဘဝလုံး မင်းနှင့် အတူနေခဲ့ပြီး မင်းက ငါ့အကြောင်းကို မသိသေးပါ။ ငါက ထိုကဲ့သို့ယောက်ျားမျိုးဖြစ်သည်ဟုမင်းက တကယ်ထင်သလော” ဟု ပြန်ပြောသည်။ သူ၏ ဇနီးက သူမ အသက်ကြီးလာသည်ကို သူက နှစ်သက်မည်မဟုတ်ဟု စဉ်ဆက်မပြတ် စိုးရိမ်ပြီး သူက သူမကို အလိုမရှိတော့မည်ကို စိုးရွံ့သည်။ သူမက ပိုပို၍ မြည်တွန်တောက်တီးသည်။ သူမ၏ ခင်ပွန်းက စကားပြော ပိုပို၍နည်းလာပြီး ၎င်းတို့သည် အချင်းချင်း စကားပြောသည်မှာ ပိုပို၍ နည်းသွားတော့သည်။ ပြီးလျှင် ၎င်းတို့သည် တီဗီတွင် ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်များကို ကြည့်ကြပြီး တစ်ယောက်ကိုတစ်ယောက် အရေးမစိုက်တော့ပေ။ တစ်နေ့တွင် ဇနီးက “ယောက်ျား။ ကျွန်မတို့ဘဝတွင် ကျွန်မတို့က အတော် ငြင်းခုံကြသည်။ ဤနှစ်များတစ်လျှောက်တွင် ရှင်နှင့်အတူအတူနေရသည်မှာ အတော်ခက်သည်။ ကျွန်မ၏ နောက်ဘဝတွင် ရှင့်လိုလူနှင့် အတူမနေပါ။ ထမင်းစားပြီးလျှင် ရှင်က ကျွန်မကို မည်သည့်အခါမျှ ကူပြီးရှင်းလင်းပေးဖို့ မကမ်းလှမ်းပါ။ ထိုနေရာတွင်သာ ထိုင်ပြီး မည်သည့်အရာမျှ မလုပ်။ ရှင့်တစ်ဘဝလုံးတွင် ဤအမှားကို လုံးဝ မပြုပြင်ပါ။ ရှင်အဝတ်လဲလျှင် ရှင့်အဝတ်များကို မည်သည့်အခါမျှ ကိုယ့်ဘာသာ မလျှော်ပါ။ ကျွန်မက အမြဲတမ်းလျှော်ရပြီး ရှင့်အတွက် သိမ်းပေးရသည်။ ကျွန်မ သေလျှင် ရှင့်ကို မည်သူကူလုပ်ပေးမည်နည်း” ဟူ၍ ပြောသည်။ သူမ၏ ခင်ပွန်းက “အင်း၊ ငါက မင်းမရှိလျှင် မနေနိုင်ဖြစ်မည်လော။ ငါ့ကို ကြိုက်နေသည့် မိန်းမငယ်လေးများစွာ ရှိသည်။ ခါချ၍ပင်မရပါ” ဟု ဆိုသည်။ သူ၏ ဇနီးက “ကြီးကျယ်လိုက်လေခြင်း။ ရှင်ပုံစံက မည်မျှမသပ်မရပ် ဖြစ်နေသည်ကို ကြည့်ပါဦး။ ကျွန်မမှလွဲ၍ မည်သူနှင့်မျှ ရှင် နေလို့ရမည် မဟုတ်” ဟု ပြန်ပြောသည်။ သူမ၏ ခင်ပွန်းက “မင်းစိတ်ဆိုးချင်လျှင် ဆိုးပါ။ သို့သော် အပြင်လောကတွင် ငါ့ကို ကြိုက်သည့်လူ များစွာရှိသည်။ မင်းသာ ငါ့ကို အထင်သေးပြီး အလေးအနက်မထားခြင်းဖြစ်သည်” ဟူ၍ ဆိုသည်။ ၎င်းတို့၌ မည်သို့သော အိမ်ထောင်မျိုးရှိသနည်း။ ဇနီးက “အင်း၊ ကျွန်မက ရှင်နှင့် တစ်ဘဝလုံးအတူနေပြီး ပျော်စရာ တစ်ခုမျှ မရှိသော်လည်း၊ ကြည်နူးစရာ အမှတ်တရများ မရှိသော်လည်း ယခု ကျွန်မ အသက်ကြီးလာသောကြောင့် တွေးမိနေသည်မှာ ကျွန်မတွင် ရှင်မရှိလျှင် တစ်ခုခုလိုနေသကဲ့သို့ ခံစားရမည်ဖြစ်သည်။ ရှင်က ကျွန်မထက်ဦးစွာ သေသွားခဲ့လျှင် ကျွန်မက ဝမ်းနည်းပြီး နားပူနားဆာလုပ်ဖို့ပင် မည်သူမျှ ရှိမည်မဟုတ်ပါ။ ကျွန်မက တစ်ယောက်တည်း မနေချင်ပါ။ ကျွန်မက ရှင့်ထက်ဦးစွာ သေမှဖြစ်မည်။ သို့မှသာ ရှင်က ရှင့်အဝတ်များကို လျှော်ပေးဖို့၊ သို့မဟုတ် ရှင့်အတွက် ချက်ပြုတ်ပေးဖို့ မည်သူမျှမရှိဘဲ၊ ရှင့်နေ့စဉ်ဘဝကို ဂရုစိုက်မည့်သူတစ်ဦးမျှ မရှိဘဲ ဘဝကို နေထိုင်ရမည်။ သို့မှသာ ရှင်က ကျွန်မ၏ ကြင်နာမှုကို သတိရမည်ဖြစ်သည်။ အသက်ငယ်သည့် မိန်းကလေးများစွာက ရှင့်ကို ကြိုက်နေသည်ဟု ရှင် မပြောခဲ့သလော။ ကျွန်မသေလျှင် ရှင်ချက်ချင်းသွားပြီး တစ်ယောက်ကို ယူလိုက်လို့ရသည်” ဟု ပြောသည်။ သူမ၏ ခင်ပွန်းက “စိတ်အေးအေးထားစမ်းပါ။ မင်းက ငါ့ထက် ဦးစွာ သေအောင် ငါသေချာလုပ်ပေးပါ့မည်။ မင်းမရှိတော့လျှင် ငါက လက်တွဲဖော်အတွက် မင်းထက်သာသည့်သူတစ်ယောက်ကို သေချာပေါက် ရှာမည်ဖြစ်သည်” ဟုဆိုသည်။ သို့သော် အမှန်တကယ်၌ သူ၏ စိတ်နှလုံးတွင် မည်သည့်အရာကို တွေးသနည်း။ “မင်းက ဦးစွာသေပြီး မင်းမရှိတော့လျှင် ငါက အထီးကျန်ခြင်းကို ခံစားရမည်။ မင်းကို ဒုက္ခခံခိုင်းဖို့ထက် ဤဆင်းရဲဒုက္ခကို ငါသာခံပြီး ဒုက္ခခံလိုက်မည်” ဟူ၍ ဖြစ်သည်။ သို့ရာတွင် ဇနီးအိုသည် သူမ၏ ခင်ပွန်းကို အစဉ်စောဒကတက်နေသည်။ ဤအရာကို သူလုပ်သည်က မှားသည်၊ ထိုအရာက မှားသည်၊ သူ့တွင် ဤမအောင်မြင်မှုရှိသည်၊ သို့မဟုတ် ထိုမအောင်မြင်မှုရှိသည်ဟူ၍ ဖြစ်သည်။ သူမ၏ ခင်ပွန်းက သူ၏ မအောင်မြင်မှုများကို မပြင်သော်လည်း ဤသို့ ဆက်လက်၍ နေထိုင်ကြသည်။ အချိန်ကြာသည်နှင့်အမျှ သူမက ကျင့်သားရလာသည်။ အဆုံးတွင် မိန်းမက ယင်းကို လက်ခံလိုက်ရတော့သည်။ ယောက်ျားက ယင်းကို တောင့်ခံရသည်။ ဤသို့ဖြင့် ၎င်းတို့၏တစ်ဘဝလုံးတွင် အတူတကွနေထိုင်ကြသည်။ ဤသည်မှာ အိမ်ထောင်သည်ဘဝဖြစ်သည်။

အိမ်ထောင်တွင် မိမိမနှစ်သက်သောအရာများစွာရှိသော်လည်း၊ ပြီးလျှင် ငြင်းခုံမှုများစွာရှိပြီး ဤလင်မယားစုံတွဲက ဘဝတွင် နာမကျန်းမှု၊ ဆင်းရဲမှု၊ ငွေကြေးအခက်အခဲများကို တွေ့ကြုံရသော်လည်း၊ အလွန့်အလွန် ဝမ်းမြောက်ဖွယ်ဖြစ်သော၊ ဝမ်းနည်းဖွယ်ဖြစ်သောဖြစ်ရပ်များအပြင် ဤသို့သော အခြားဖြစ်ရပ်များကိုပါ ကြုံရသော်လည်း ၎င်းတို့သည် အတားအဆီးမျိုးစုံကို အတူတကွ ကျော်ဖြတ်ကြသည်။ ၎င်းတို့၏ လက်တွဲဖော်သည် ၎င်းတို့ လုံးဝ မစွန့်ခွာနိုင်သောသူ၊ ၎င်းတို့၏ မျက်လုံးကို နောက်ဆုံးအကြိမ်မမှိတ်မီတွင် လုံးဝ လက်မလွှတ်နိုင်သောသူဖြစ်သည်။ လက်တွဲဖော်ဆိုသည်မှာ အဘယ်နည်း။ အိမ်ထောင်ဖက်ဖြစ်သည်။ ယောက်ျားသည် မိန်းမအပေါ် တာဝန်များကို တစ်ဘဝလုံး ဖြည့်ဆည်းသည်။ အလားတူပင် မိန်းမသည် ယောက်ျားအပေါ် တာဝန်များကို တစ်ဘဝလုံး ဖြည့်ဆည်းသည်။ မိန်းမသည် ယောက်ျားကို ဘဝတစ်လျှောက် အဖော်ပြုသည်။ ပြီးလျှင် ယောက်ျားက မိန်းမကို ဘဝတစ်လျှောက် အဖော်ပြုသည်။ ၎င်းတို့နှစ်ဦးလုံးတွင် မည်သူက ပို၍ အဖော်ပြုသည်ဟု ၎င်းတို့မဆိုနိုင်ပေ။ မည်သူက ပို၍ ပံ့ပိုးကူညီသည်၊ မည်သူက ပို၍ အမှားများပြုလုပ်သည်၊ မည်သူက ပို၍အမှားများရှိသည်ကို ၎င်းတို့နှစ်ဦးလုံး မပြောနိုင်ပေ။ ၎င်းတို့၏ အတူတကွရှိသောဘဝတွင် မည်သူက အဓိကပံ့ပိုးသူ၊ သို့မဟုတ် ငွေကြေးထောက်ပံ့သူဖြစ်သည်ဆိုသည်ကို ၎င်းတို့နှစ်ဦးလုံး ရှင်းလင်းစွာ မပြောနိုင်ပေ။ မည်သူက အိမ်ထောင်ဦးစီးဖြစ်သည်၊ မည်သူက ဦးဆောင်ပြီး မည်သူက အကူဖြစ်သည်ဆိုသည်ကို ၎င်းတို့နှစ်ဦးလုံး ရှင်းလင်းစွာ မပြောနိုင်ပေ။ မည်သူက အခြားလူကို စွန့်ခွာနိုင်သည်၊ ယောက်ျားက မိန်းမကို မစွန့်ခွာနိုင်ခြင်းလော၊ မိန်းမက ယောက်ျားကို မစွန့်ခွာနိုင်ခြင်းလောဆိုသည်ကို ၎င်းတို့နှစ်ဦးလုံး ရှင်းလင်းစွာ မပြောနိုင်ပေ။ ၎င်းတို့ ငြင်းခုံသောအခါတွင် မည်သူက မှန်ပြီး မည်သူကမှားသည်ဆိုသည်ကို ၎င်းတို့နှစ်ဦးလုံး ရှင်းလင်းစွာ မပြောနိုင်ပေ။ ဤသည်မှာ ဘဝဖြစ်သည်။ ဤသည်မှာ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင်ရှိသော ယောက်ျားနှင့် မိန်းမ၏ သာမန်ဘဝဖြစ်သည်။ ပြီးလျှင် ဤသည်မှာ လူသားများအတွက် သာမန်အဖြစ်ဆုံး၊ အဖြစ်အများဆုံး အသက်ရှင်ရာ အခြေအနေဖြစ်သည်။ ဤသည်မှာ ဘဝ၏ ပုံစံဖြစ်သည်။ လူ့သဘာဝ၏ အမှားများ၊ ဘက်လိုက်မှုများမျိုးစုံတို့မှ ခွဲထွက်၍မရနိုင်ပေ။ ပို၍ပင် မှန်သည်မှာ ဤသည်မှာ လူ့သဘာဝ၏ လိုအပ်ချက်မျိုးစုံဖြစ်သည်။ ထို့အပြင် လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အုပ်စိုးမှုအောက်၌ ပြုလုပ်သော လူ့သဘာဝအားလုံး၏ မှန်ကန်သော၊ မမှန်ကန်သော၊ ဆင်ခြင်တုံတရားရှိသော၊ ဆင်ခြင်တုံတရားမရှိသော ရွေးချယ်မှုအားလုံး ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ ဘဝဖြစ်သည်။ သာမန်အဖြစ်ဆုံးဘဝဖြစ်သည်။ အမှန်နှင့် အမှားက ပါဝင်ပတ်သက်ခြင်း မရှိပေ။ နှိုင်းယှဉ်ကြည့်လျှင် သင့်တော်ပြီး သမားရိုးကျဖြစ်သော ရှင်သန်မှုအခြေအနေနှင့် ဘဝ၏ အဖြစ်မှန်ဖြစ်သည်။ ယခုတွင် အိမ်ထောင်၏ စည်းဘောင်အတွင်းရှိ ဤဘဝ၏ အဖြစ်မှန်နှင့် ရှင်သန်မှုအခြေအနေက လူတို့အား မည်သည့်အချက်အလက်ကို ပြောပြသနည်း။ ယင်းမှာ လူတို့သည် အိမ်ထောင်နှင့်ပတ်သက်သော ၎င်းတို့၏ အမျိုးမျိုးသော လက်တွေ့မကျသည့် စိတ်ကူးယဉ်များကို လက်လွှတ်သင့်သည်၊ အိမ်ထောင်၏ မှန်ကန်သော အဓိပ္ပာယ်နှင့် ဘုရားသခင်၏ စီမံမှု၊ အစီအစဉ်များနှင့် သက်ဆိုင်ခြင်းမရှိသောအရာများကို လက်လွှတ်သင့်သည်ဟူ၍ ဖြစ်သည်။ ဤအရာများသည် လူတို့ လက်လွှတ်သင့်သည့်အရာများအားလုံးဖြစ်သည်။ ယင်းတို့သည် သာမန်လူ့သဘာဝ၏ ဘဝနှင့် သက်ဆိုင်ခြင်းမရှိသောကြောင့်၊ သို့မဟုတ် ဘဝတွင် သာမန်လူတစ်ယောက် ဖြည့်ဆည်းသည့် တာဝန်၊ ဝတ္တရားများနှင့် သက်ဆိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် လူ့အဖွဲ့အစည်းထံမှ၊ ဆိုးယုတ်သော လူသားမျိုးနွယ်ထံမှ လာသော အိမ်ထောင်နှင့်သက်ဆိုင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဆိုရိုးစကားအမျိုးမျိုးကို လက်လွှတ်သင့်သည်။ အထူးသဖြင့် လက်တွေ့အိမ်ထောင်ဘဝနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသော ချစ်ခြင်းဆိုသည့်အရာကို လက်လွှတ်သင့်သည်။ အိမ်ထောင်သည် တစ်ဘဝလုံး ပေးဆပ်မြုပ်နှံမှုမဟုတ်သကဲ့သို့ တစ်ဘဝလုံးဖြစ်သော ချစ်ခြင်းနှင့်သက်ဆိုင်သည့် လေးနက်သော ကတိလည်းမဟုတ်ပေ။ ကတိကဝတ်များကို တစ်ဘဝလုံး ဖြည့်ဆည်းခြင်းဆိုလျှင် ပို၍ပင်မဟုတ်ပေ။ ထိုထက် ယင်းသည် အိမ်ထောင်တွင်ရှိသော ယောက်ျားနှင့် မိန်းမ၏ လက်တွေ့ဘဝဖြစ်သည်။ ဤသည်မှာ လက်တွေ့ဘဝတွင် ၎င်းတို့ လိုအပ်သောအရာဖြစ်ပြီး လက်တွေ့ဘဝရှိ ၎င်းတို့၏ ထုတ်ဖော်ပြသချက် ဖြစ်သည်။ လူအချို့က “ကိုယ်တော်သည် အိမ်ထောင်၏ အကြောင်းအရာကို မိတ်သဟာယဖွဲ့ပြီး ချစ်ခြင်းအကြောင်းမပြောဆိုလျှင်၊ ချစ်ခြင်းနှင့်သက်ဆိုင်သော လေးနက်သည့်ကတိအကြောင်း၊ သို့မဟုတ် ပင်လယ်ခမ်းခြောက်ပြီး ကျောက်ခဲများက မြေမှုန့်ဖြစ်သည်အထိ တည်တံ့သောချစ်ခြင်းအကြောင်း၊ သို့မဟုတ် အိမ်ထောင်ပြုသော စုံတွဲက တစ်ယောက်အပေါ်တစ်ယောက်ပြုလုပ်သော ကတိသစ္စာများအကြောင်း မပြောဆိုလျှင် ကိုယ်တော်က မည်သည့်အရာအကြောင်းကို ပြောဆိုနေသနည်း”ဟု ဆိုကြသည်။ ငါသည် လူ့သဘာဝအကြောင်းကိုလည်းကောင်း၊ တာဝန်အကြောင်းကိုလည်းကောင်း၊ ဘုရားသခင်၏ တွန်းအားပေးခြင်းနှင့် ညွှန်ကြားချက်များနှင့်အညီ ယောက်ျားနှင့်မိန်းမက လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ခြင်းအကြောင်းကိုလည်းကောင်း၊ ယောက်ျားနှင့် မိန်းမက ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအကြောင်းကိုလည်းကောင်း၊ ယောက်ျားနှင့်မိန်းမက ထမ်းရွက်သင့်သည့် တာဝန်၊ ဝတ္တရားများကို ထမ်းရွက်ခြင်းအကြောင်းကိုလည်းကောင်း ပြောဆိုနေခြင်းဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ ဝတ္တရားများ၊ သင်၏တာဝန်များ၊ သို့မဟုတ် သင်၏ အလုပ်တို့သည် ပြည်စုံလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ငါတို့ မိတ်သဟာယဖွဲ့ရန် လိုအပ်သည့် အိမ်ထောင်နှင့်သက်ဆိုင်သော စိတ်ကူးယဉ်မှုအမျိုးမျိုးကို လက်လွှတ်ခြင်းနှင့်ပတ်သက်ပြီး လက်တွေ့လုပ်ဆောင်ရန် မည်သည့်အရာက မှန်ကန်သော နည်းလမ်းဖြစ်သနည်း။ ဆိုးယုတ်သောလူသားမျိုးနွယ်နှင့် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများမှလာသော အယူအဆအမျိုးမျိုးအပေါ်တွင် သင်၏ အတွေးများ၊ လုပ်ရပ်များကို အခြေမခံရခြင်းဖြစ်သည်။ ထိုအစား သင်သည် ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံရမည်။ ဘုရားသခင်က အိမ်ထောင်၏ ပြဿနာကို အဘယ်သို့ပြောသည်ဖြစ်စေ သင်သည် သူ၏ စကားများအပေါ်တွင် သင်၏အတွေးများ၊ လုပ်ရပ်များကို အခြေခံရမည်။ ဤစည်းမျဉ်းသည် မှန်ကန်သည်။ ဟုတ်သလော။ (ဟုတ်ပါသည်။) ယခုတွင် ငါတို့သည် အိမ်ထောင်နှင့်သက်ဆိုင်သော စိတ်ကူးယဉ်မှုအမျိုးမျိုးအား လက်လွှတ်ခြင်းအကြောင်းအရာအပေါ် မိတ်သဟာယဖွဲ့ခြင်းသည် အတော်အတန်ပင် ပြီးဆုံးသွားပြီဖြစ်သလော။ ယခုတွင် အခြေခံအားဖြင့် သင်တို့အတွက် ရှင်းလင်းသလော။ (ယခု ရှင်းလင်းပါသည်။)

အိမ်ထောင်နှင့်သက်ဆိုင်သော စိတ်ကူးယဉ်မှုအမျိုးမျိုးအား လက်လွှတ်ခြင်းကို ယခု ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီး လူအချို့က “ကျွန်တော်က တစ်ယောက်တည်းမနေချင်ဘဲ တစ်ယောက်ယောက်နှင့် တွဲဖို့ စီစဉ်ပြီး လက်ထပ်ဖို့အတွက် တစ်ယောက်ယောက်ကိုရှာလျှင် အိမ်ထောင်နှင့်ပတ်သက်သည့် ကျွန်တော့်၏ စိတ်ကူးယဉ်မှုအမျိုးမျိုးကို လက်လွှတ်နိုင်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤစည်းမျဉ်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း” ဟု ဆိုကြသည်။ ဤသည်မှာ အိမ်ထောင်ဘက်ကို ရွေးချယ်ခြင်းစည်းမျဉ်း၊ လက်ထပ်ရန် လက်တွဲဖော်အား ရွေးချယ်ခြင်းနှင့်သက်ဆိုင်သော စည်းမျဉ်းများနှင့် မဆက်စပ်သလော။ ကမ္ဘာလောကက သင့်အတွင်းသို့ သွတ်သွင်းထားသော အိမ်ထောင်ဘက်အား ရွေးချယ်ခြင်းနှင့်သက်ဆိုင်သည့် စည်းမျဉ်းများမှာ အဘယ်နည်း။ ချောမောလှပသော မင်းသား၊ အသားအရည်ဖြူဖွေးသော အလှပဂေး၊ ချောမောပြီး ချမ်းသာသော ယောက်ျား၊ လှပပြီး ချမ်းသာသော မိန်းမဖြစ်သည်။ ချမ်းသာကြွယ်ဝသော မိသားစု၏ ဒုတိယမျိုးဆက်ဖြစ်လျှင် အကောင်းဆုံးဖြစ်သည်။ ဤသို့သောသူကို လက်ထပ်ခြင်းအားဖြင့် သင်သည် သင့်ဘဝရှိ ရုန်းကန်ကြိုးစားရမည့် နှစ် ၂၀ ကို ဖြတ်ထုတ်ပြီးဖြစ်သည်။ ယောက်ျားသည် သင့်အတွက် စိန်လက်စွပ်၊ မင်္ဂလာဝတ်စုံ၊ စွဲမက်ဖွယ်ကောင်းသော လက်ထပ်ပွဲကို တတ်နိုင်သောသူဖြစ်ရမည်။ သူသည် အလုပ်ရည်မှန်းချက်ရှိသော၊ ငွေများစွာ ရှာနိုင်သော၊ သို့မဟုတ် ချမ်းသာကြွယ်ဝမှုပမာဏတစ်ခုခုအထိ ရှိပြီးဖြစ်သောသူ ဖြစ်ရမည်။ ဤအရာတို့မှာ ကမ္ဘာလောကက သင့်အတွင်းသို့ သွတ်သွင်းထားသော အတွေးအမြင်များမဟုတ်လော။ (ဟုတ်ပါသည်။) ထို့နောက်တွင် “ငါ၏ လက်တွဲဖော်က ငါချစ်သည့်သူဖြစ်ရမည်” ဟု ပြောသောသူတို့ရှိသည်။ အခြားတစ်ယောက်က “ဤသည်မှာ မမှန်ပါ။ မင်းချစ်သည့်သူက မင်းကို သေချာပေါက် ပြန်ချစ်ချင်မှ ချစ်မည်ဖြစ်သည်။ အချစ်က အပြန်အလှန် ရှိရမည်။ မင်းချစ်သည့်သူက မင်းကိုလည်း ချစ်ရမည်။ သူက မင်းကို ချစ်လျှင် သူက မင်းကို စွန့်ပစ်ဖို့၊ လက်လျှော့ဖို့ လုံးဝ ရွေးချယ်မည် မဟုတ်။ မင်းချစ်သည့်သူက မင်းကို မချစ်လျှင် တစ်နေ့တွင် သူက မင်းကို ရုတ်တရက်ကြီး စွန့်ပစ်သွားမည်ဖြစ်သည်” ဟု ဆိုသည်။ ဤအမြင်များက မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသို့ဆိုလျှင် ပြောလော့။ အိမ်ထောင်ဘက်ကို ရွေးချယ်ရာတွင် ဘုရားနှုတ်ကပတ်တော်ကို အခြေခံသော၊ သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ် ထားရှိသော မည်သည့်စည်းမျဉ်းကို သင်တို့ လိုက်လျှောက်သင့်သနည်း။ ယခုတွင် သင်တို့၌ ပိုင်ဆိုင်သည့် မှန်ကန်သော အတွေးအမြင်များအရ ဤအကြောင်းအရာကို ပြောလော့။ (လက်တွဲဖော်တစ်ယောက်ကို ကျွန်ုပ် ရှာလိုလျှင် သူသည် အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူ၊ သမ္မာတရားကို လိုက်စားနိုင်သောသူ၊ ကျွန်ုပ်နှင့်တူညီသော ဘဝလိုက်စားမှုများရှိပြီး ကျွန်ုပ်လိုက်လျှောက်သော လမ်းကြောင်းကို လိုက်လျှောက်သောသူ ဖြစ်ရပါမည်။) သင်နှင့် တူညီသော ရည်မှန်းချက်ရှိပြီး တူညီသော လမ်းကြောင်းကို လိုက်လျှောက်ကာ ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သည်ဟူ၍ အိမ်ထောင်ဖက်ကို ရွေးချယ်ခြင်းအတွက် တိကျသော စံအချို့ကို သင်ပြောသည်။ အခြားမည်သူ ပြောလိုသနည်း။ (ထိုသူသည် လူ့သဘာဝရှိသူ ဟုတ်မဟုတ်၊ အိမ်ထောင်နှင့်ဆိုင်သော မိသားစုတွင် မိမိ၏ တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းနိုင်ခြင်းရှိမရှိကိုလည်း ကျွန်ုပ်တို့ ကြည့်ရမည်။ အခြားတစ်ခုလည်းရှိသည်။ လူတစ်ယောက်က ယခုအခါအိမ်ထောင်အတွက် လက်တွဲဖော်တစ်ယောက်ကို ရှာလိုရုံသက်သက်ဖြင့် သူသည် ထိုသူကို သေချာပေါက်တွေ့မည်ဟူသည်မှာ မမှန်ပါ။ ဤအရာကို စီစဉ်ရန် ဘုရားသခင်အပေါ် မူတည်သည်။ သူသည် နာခံပြီး စောင့်ဆိုင်းရမည်။) တိကျသော ကျင့်သုံးမှုရှိပြီး အတွေးနှင့် သဘောတရား၏ တိကျသော အခြေပြုချက်တစ်ခုလည်းရှိသည်။ သင်သည် နာခံပြီး စောင့်ဆိုင်းရမည်။ ဤအမှုကိစ္စကို ဘုရားသခင်ထံ အပ်နှံပြီး သင့်အတွက် စီစဉ်စေရမည်။ တစ်ချိန်တည်းတွင် သင်သည် ဤအမှုကိစ္စကို စည်းမျဉ်းများနှင့်လည်း ချဉ်းကပ်ရမည်။ မည်သူ စကားပြောလိုသနည်း။ (ဘုရားသခင်၊ ကျွန်ုပ်၏ အမြင်သည် ၎င်းတို့၏အမြင်နှင့်တူညီသည်။ ဆိုလိုသည်မှာ တူညီသော ရည်မှန်းချက်ရှိပြီး တူညီသောလမ်းကြောင်းအား လိုက်လျှောက်သူကို ရှာရမည်။ လူ့သဘာဝရှိပြီး တာဝန်ယူနိုင်သောသူကို ရှာရမည်။ စာတန်က မိမိအတွင်းသို့ သွတ်သွင်းသော အိမ်ထောင်အပေါ် မှားယွင်းသည့်အမြင်များကို လက်လွှတ်သင့်သည်။ မိမိစိတ်နှလုံးကို မိမိတာဝန်အပေါ် ထားရှိရမည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နာခံပြီး ဘုရားသခင်၏ အစီအစဉ်များကို စောင့်ဆိုင်းရမည်။) သူသည် သင့်အတွက် စိန်လက်စွပ်ဝယ်မပေးနိုင်လျှင် သင်က သူ့ကို လက်ထပ်ဦးမည်လော။ (သူသည် လူ့သဘာဝရှိသူဖြစ်လျှင် ကျွန်ုပ်အား စိန်လက်စွပ်ဝယ်ပေးဖို့ မတတ်နိုင်လျှင်ပင် လက်ခံမည်။) သူ့တွင် ပိုက်ဆံအချို့ရှိပြီး သင့်အား တစ်ကာရက်ရှိသော စိန်လက်စွပ်ကို ဝယ်ပေးဖို့ တတ်နိုင်သော်လည်း ထိုအစား ၀.၃ကာရက် စိန်လက်စွပ်ကို ဝယ်ပေးသည်ဆိုပါစို့။ ထိုအခါတွင် သင်က သူ့ကို လက်ထပ်လိုစိတ် ရှိမည်လော။ (သူ့ထံမှ ဤသို့သောအရာကို ကျွန်ုပ် တောင်းဆိုမည်မဟုတ်ပါ။) ဤသို့သောအရာကို မတောင်းဆိုခြင်းသည် ပြဿနာမရှိပေ။ ပိုက်ဆံချွေတာခြင်းအားဖြင့် ထိုပိုက်ဆံက အသုံးခံသည်။ ဤသည်မှာ ရေရှည်ကြည့်ခြင်းဖြစ်သည်။ လက်တွဲဖော်မရှာမီတွင်ပင် သင်သည် ကောင်းစွာနေထိုင်ခြင်းအတွက် စိတ်ထားတစ်ခုရှိပြီးဖြစ်သည်။ ယင်းသည် အလွန်လက်တွေ့ကျသည်။ အခြားမည်သူရှိသနည်း။ (ဘုရားသခင်၊ ရှေးဦးစွာ ကျွန်ုပ်သည် အိမ်ထောင်ဖက်ကို ရွေးချယ်ခြင်းအတွက် ထိုလောကီဆန်သော စံများကို လက်လွှတ်ရမည်ဟု ထင်သည်။ ဆိုလိုသည်မှာ နှစ်လိုဖွယ် မင်းသားချောလေး၊ သို့မဟုတ် ချောမောပြီး ချမ်းသာသော ယောက်ျား၊ သို့မဟုတ် ကြင်နာယုယတတ်သောသူတစ်ယောက်ကို ရှာဖို့အတွက် အစဉ် စိတ်ကူးယဉ်မနေရပေ။ ဤအရာများကို ကျွန်ုပ် လက်လွှတ်ပြီးသည်နှင့် အိမ်ထောင်ကို မှန်ကန်သော အမြင်ဖြင့် ချဉ်းကပ်သင့်သည်။ ထို့နောက် ဘုရားသခင်ကို နာခံပြီး ဘုရားသခင်၏ အချိန်ကို စောင့်သင့်သည်။ ဤသို့သောသူတစ်ယောက် ပေါ်လာနိုင်သော်လည်း ထိုသူသည် ကျွန်ုပ်နှင့် တူညီသော ရည်မှန်းချက်ရှိပြီး တူညီသောလမ်းကြောင်းကို လိုက်လျှောက်သူဖြစ်ရမည်။ ယောက်ျားကို ကျွန်မအပေါ် အလေးထားရန် တောင်းဆိုဖို့အတွက် ကျွန်မ၏ လောကီဆန်သော အမြင်များကို အမှီမပြုရပါ။ အရေးကြီးဆုံးမှာ သူသည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အလေးထားနိုင်ခြင်းဖြစ်သည်။) သူသည် သမ္မာတရားကို လိုက်စားလျှင်၊ ဘုရားသခင်၏ အလိုတော်ကို အလေးထားလျှင်၊ သူ၏တာဝန်ကို ထမ်းဆောင်ရန် အပြင်သို့ သွားခြင်းကြောင့် အိမ်တွင် မည်သည့်အခါမျှမရှိဘဲ သင်က မိသားစုဘဝ၏ ဝန်ထုပ်ဝန်ပိုးကို တစ်ဦးတည်းခံယူရလျှင်၊ ဂတ်စ်အိုးက ဂတ်စ်ကုန်ပြီး အပေါ်ထပ်သို့ သင့်ဘာသာသယ်ယူရလျှင် သင် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ (ကျွန်ုပ်ဘာသာ သယ်ပါမည်။) သင် မသယ်နိုင်လျှင် တစ်ယောက်ယောက်ကို ကူညီပေးရန် ငှားနိုင်သည်။ (သို့မဟုတ် ကူညီပေးဖို့ရန်အတွက် ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ယောက်ကို ရှာနိုင်ပါသည်။) မှန်ပေသည်။ ဤသည်တို့မှာ ဤအခြေအနေကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများအားလုံး ဖြစ်သည်။ ဤသို့ဆိုလျှင် သူသည် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်အထိ အဝေး၌ရှိနေလျှင် သင် စိတ်ဆိုးမည်လော။ “ဤသည်မှာ မုဆိုးမတစ်ယောက်အဖြစ် နေထိုင်ခြင်းကဲ့သို့ မဟုတ်လော။ သူ့အား လက်ထပ်ခြင်းသည် အဘယ်အကျိုးရှိသနည်း၊ ဤသည်မှာ လက်မထပ်မီကကဲ့သို့ပင်၊ ကိုယ့်ဘာသာ နေထိုင်ခြင်းမဟုတ်လော၊ အရာရာတိုင်းကို ကိုယ့်ဘာသာ ကိုင်တွယ်ရမည်၊ သူ့ကို လက်ထပ်သည်မှာ ကံမကောင်းလိုက်လေခြင်း” ဟူ၍ဖြစ်သည်။ ဤသို့ တွေးမည်မဟုတ်လော။ (မဟုတ်ပါ။ ဤသို့ မတွေးသင့်ပါ။ သူသည် သူ၏တာဝန်ကို ထမ်းဆောင်ပြီး တရားမျှတသော အကြောင်းတရားအတွက် အလုပ်လုပ်နေသောကြောင့်ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး စိတ်မကြည်ခြင်း မဖြစ်သင့်ပါ။ ဤသည်တို့မှာ အလွန်ကောင်းသော အတွေးများဖြစ်သည်။ သို့သော် လက်တွေ့ဘဝတွင် ဤအရာအားလုံးကို ကျော်လွှားနိုင်မည်လော။ သင်တွေ့ရှိသောဤလူသည် ထူးခြားစွာပင် သမာဓိရှိလျှင်၊ ပြောဆိုပြုမူရာ၌ တည်ကြည်လေ့ရှိပြီး ကြင်နာယုယခြင်း မရှိလျှင်၊ ပြီးနောက် သင့်အား ကောင်းမွန်သောအဝတ်အစားများကို လုံးဝ မဝယ်ပေးလျှင်၊ သင့်အား မည်သည့်အခါမျှ ပန်းများမပေးလျှင်၊ ပြီးလျှင် အထူးသဖြင့် “ငါ မင်းကို ချစ်သည်” သို့မဟုတ် ဤသို့သောအရာတစ်ခုခုကို မည်သည့်အခါမျှ မပြောလျှင်၊ ဤသို့အားဖြင့် သင်၏ စိတ်နှလုံး၌ သူသည် သင့်အား ချစ်သည်၊ မချစ်သည်ကို လုံးဝ မသိရသည့်တိုင်အောင် သူသည် သင့်အပေါ် အလွန်ပင် အလေးထားပြီး ဘဝတွင် သင့်အား ကြည့်ရှုစောင့်ရှောက်သော တကယ့် ယောက်ျားကောင်းတစ်ဦး ဖြစ်လင့်ကစား ဤသို့သောအရာများကို မပြောခြင်းနှင့် ကြင်နာယုယသောအရာ တစ်ခုကိုမျှ မလုပ်ဆောင်ခြင်းသာ ရှိသော၊ သင်က စိတ်မကြည်ဖြစ်လျှင် သင့်အား ချော့မော့ခြင်း၊ သို့မဟုတ် ဖျောင်းဖျခြင်းပင် မရှိသော သူတစ်ဦးဖြစ်လျှင် သင်၏ စိတ်နှလုံး၌ သူ့အပေါ် မကျေနပ်မှုတစ်ခုခု ရှိမည်မဟုတ်လော။ (ဘုရားသခင်ကို ကျွန်ုပ် မယုံကြည်ခဲ့ဘဲ သမ္မာတရားကို နားမလည်ခဲ့သောအချိန်တွင် မကျေမနပ်ဖြစ်မှုကို ကျွန်ုပ် ခံစားရကောင်းခံစားရမည်။ သို့သော် ဘုရားသခင်၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင် သူက ထိုအရာများကို ပြောပြီး ထိုကြင်နာယုယသောအရာများကို လုပ်ဆောင်သည်၊ မလုပ်ဆောင်သည်က အရေးကြီးမည် မဟုတ်သည်ကို ကျွန်ုပ်သိသည်။ ဤသည်တို့မှာ လောကီလူများ၏ အမြင်များဖြစ်ပြီး သာမန်လူ့သဘာဝရှိသောသူများ လိုက်စားသင့်သည့်အရာမဟုတ်ပေ။ ဤအရာများကို ကျွန်ုပ် လက်လွှတ်သင့်ပြီး ကျွန်ုပ်စောဒကတက်မည် မဟုတ်ပေ။) သင် စောဒကမတက်သင့်ပေ။ မှန်သလော။ (မှန်ပါသည်။) ယခုအချိန်တွင် သင်သည် ထိုအခြေအနေ၌ မရှိပေ။ ထိုအခြေအနေတွင် သင်မည်သို့ခံစားရမည်ကို၊ သို့မဟုတ် သင်၏ စိတ်အခြေအနေများက မည်သို့ အုံကြွပြီး ပြောင်းလဲမည်ကို သင်မသိပေ။ သို့ရာတွင် ယခုအချိန်၌ သဘောတရားအရ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သင်တို့၏ လက်တွဲဖော်အပေါ် ဤသို့သော ကျိုးကြောင်းမသင့်သော တောင်းဆိုချက်များ မလုပ်ဆောင်သင့်သကဲ့သို့ ထိုအရာများ ဖြစ်ပျက်သောအခါ သင်တို့၏ လက်တွဲဖော်ကို စောဒကမတက်သင့်၊ အဘယ်ကြောင့်ဆိုသော် ဤသည်တို့မှာ သင်အလိုရှိသောအရာများ မဟုတ်ဆိုသည်ကို သင်တို့သိကြသည်။ ယခုတွင် သင်တို့၌ ဤအယူအဆများ ရှိကြသော်လည်း ယင်းတို့ကို စွမ်းဆောင်ရရှိနိုင်သလော။ ယင်းတို့သည် စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ (ကျွန်ုပ်တို့၏ နှစ်သက်မှုများနှင့် ကျွန်ုပ်တို့၏ လောကီဆန်သော အမြင်များကို စွန့်ပစ်ရမည်။ ထို့နောက်တွင် ဤအရာများကို လက်လွှတ်ရန် အတော်အတန်ပင် လွယ်ကူသင့်သည်။) ဤအမှုကိစ္စအား မည်သို့ကိုင်တွယ်ရမည်ကို သင့်အား ငါပြောမည်။ ယောက်ျားနှင့်မိန်းမတို့အားလုံးသည် ဤပြဿနာများကို ရင်ဆိုင်ရမည်ဖြစ်ပြီး အိမ်ထောင်ဘဝ၌ ဤအတွေးများ၊ စိတ်အခြေအနေများရှိလိမ့်မည်။ ပြီးလျှင် ဤလိုအပ်ချက်များလည်းရှိလိမ့်မည်။ သို့ရာတွင် သင်နားလည်ရမည့် အခြေခံအကျဆုံး အချက်မှာ ဘုရားသခင်က စီစဉ်သည်ဆိုသည့်အချက်ကို ဖယ်ထားပြီး သင်ရွေးချယ်သည့် လက်တွဲဖော်က သင်၏ စိတ်နှလုံးက အလိုဆန္ဒရှိသူဖြစ်လျှင်လည်းကောင်း၊ ထိုသူကို သင့်ဘာသာ ရွေးချယ်ပြီး ထိုသူနှင့်ပတ်သက်သမျှအရာရာတိုင်းကို ကျေနပ်လျှင်လည်းကောင်း၊ အထူးသဖြင့် ထိုသူသည် သင်နှင့်တူညီသော ရည်မှန်းချက်ရှိပြီး တူညီသောလမ်းကြောင်းကို လိုက်လျှောက်သည်ဆိုလျှင်လည်းကောင်း၊ ဘုရားအိမ်တော်၌ သူ၏ တာဝန်ကို ထမ်းဆောင်နိုင်လျှင်လည်းကောင်း၊ ပြီးလျှင် သူလုပ်ဆောင်သမျှတိုင်းက တရားမျှတလျှင်လည်းကောင်း သင်သည် ဆင်ခြင်တုံတရားရှိစွာ ချဉ်းကပ်ပြီး ထိုသူကို ဤသို့လုပ်ဆောင်ခွင့် ပြုသင့်သည်။ သင်၏ ခံစားချက်များကို လျစ်လျူရှုခြင်းအား ခွင့်ပြုသင့်သည်။ သင်၏ ဖြစ်တည်မှုကိုပင် လျစ်လျူရှုခြင်းအား ခွင့်ပြုသင့်သည်။ သဘောတရားအရ ဤသည်မှာ သင်စွမ်းဆောင်ရရှိသင့်သည့် အရာတစ်ခုဖြစ်သည်။ ထို့အပြင် ဤသို့သော လိုအပ်ချက်၊ သို့မဟုတ် စိတ်အခြေအနေသည် အထူးအခြေအနေ၊ သို့မဟုတ် သီးသန့်ဖြစ်ရပ်တစ်ခုကြောင့် ဖြစ်ပေါ်ပြီး သင့်၌ ပေါ်ပေါက်လာလျှင် သင်သည် ဆုတောင်းရန် ဘုရားရှေ့သို့ လာရမည်။ သင်ဆုတောင်းပြီးနောက်တွင် သင်သည် ဤအရာများကို အလုံးစုံ လက်လွှတ်နိုင်မည်လော။ မဖြစ်နိုင်ပေ။ အမှန်တွင်တော့ လူတို့သည် ၎င်းတို့၏ သာမန်လူ့သဘာဝအတွင်းတွင် နေထိုင်ကြသည်။ ၎င်းတို့၌ စိတ်ရှိသည်။ ပြီးလျှင် ၎င်းတို့၏ စိတ်သည် ၎င်းတို့၌ စိတ်အခြေအနေမျိုးစုံကို ဖြစ်ပေါ်စေမည်။ ဤစိတ်အခြေအနေများက မှန်သည်၊ မှားသည်ကို ငါတို့ ယခု ဆွေးနွေးမည်မဟုတ်ပေ။ ယခုတွင် လက်တွေ့အကျဆုံးပြဿနာမှာ သင်သည် ဤစိတ်အခြေအနေများကို လက်လွှတ်ရန် ခက်ခဲနေသည်ကို သင်တွေ့ရသည်။ သင်သည် ယင်းတို့ကို ဤတစ်ကြိမ်တွင် လက်လွှတ်လျှင်ပင် အရှိအတိုင်းဖြစ်သော အခြေအနေတစ်မျိုးတွင် ယင်းတို့သည် ပြန်ပေါ်လာနိုင်သည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင်သည် ယင်းတို့အတွက် စိတ်ရှုပ်ခံစရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် သဘောတရားအရ၊ ပုံစံနှင့် ဆင်ခြင်တုံတရားအရ သင်သည် ဤလိုက်စားမှု၊ သို့မဟုတ် လိုအပ်ချက်ကို စွန့်လွှတ်ပြီးဖြစ်သောကြောင့်ဖြစ်သည်။ အသက်အရွယ် မတူညီသောလူများသည် ၎င်းတို့၏ လူ့သဘာဝကြောင့် ဤစိတ်အခြေအနေများကို မတူညီသော အတိုင်းအတာဖြင့်၊ ပို၍များပြားသော၊ သို့မဟုတ် နည်းပါးသော အတိုင်းအတာဖြင့် ဤလိုအပ်ချက်များရှိပြီး ဤစိတ်အခြေအနေများကို တွေ့ကြုံလိမ့်မည် ဖြစ်ခြင်းသာဖြစ်သည်။ သင်သည် ဤလက်တွေ့အခြေအနေများအပေါ်တွင် ရှင်းလင်းပြီး ဘုရားသခင်ကို ဆုတောင်းပြီးဖြစ်သည်။ ဤတစ်ကြိမ်တွင် စိတ်အခြေအနေကို လက်လွှတ်လိုက်သည်။ သို့မဟုတ် သင်တွေ့ကြုံနေသည့် စိတ်အခြေအနေသည် အလွန်ပြင်းထန်ခြင်းမရှိဘဲ သင်က အလွန်လေးနက်စွာ ခံယူခြင်းမရှိပေ။ သို့ရာတွင် သင်သည် ဤစိတ်အခြေအနေကို သေချာပေါက် နောက်တစ်ကြိမ်တွေ့ကြုံလိမ့်မည်။ ဤသို့ဆိုလျှင် သင်၏ အတိအကျ လက်တွေ့လုပ်ဆောင်မှုမှာ အဘယ်နည်း။ သင်က “အင်း ငါ၏ စိတ်သဘောထား ဤရှုထောင့်က မပြောင်းလဲသေးပါ” ဟု ဆိုလျက် လုံးဝ အရေးစိုက်ရန်၊ သို့မဟုတ် အလေးအနက်ထားရန် မလိုခြင်းဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားအမျိုးအစားမျှမဟုတ်ပေ။ သင်၏ စိတ်သဘောထားများနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည့် ယာယီစိတ်အခြေအနေသာ ဖြစ်သည်။ “ဟာ ငါ အဘယ်ကြောင့် ဤသို့ဖြစ်နေရသေးသနည်း။ ငါက သမ္မာတရားကို မလိုက်စားသလော။ ငါက ဤကဲ့သို့ပြုမူနေခြင်းက အဘယ်ကြောင့်များ ဖြစ်ရသနည်း။ အတော်ဆိုးလေသည်”ဟု ပြောဆိုလျက် တစ်ဆိတ်ကို တစ်အိတ်လုပ်ရန်လည်း မလိုအပ်ပေ။ တစ်ဆိတ် တစ်အိတ်လုပ်ရန်ကို မလိုအပ်။ ဤသည်မှာ သင်၏ သာမန်လူ့သဘာဝ၏ စိတ်ခံစားချက်အမျိုးမျိုးနှင့်သက်ဆိုင်သော စိတ်အခြေအနေတစ်ခုကို ထုတ်ဖော်ပြသချက်တစ်ခုသာဖြစ်သည်။ ယင်းကို အာရုံမစိုက်နှင့်။ ဤသည်မှာ စိတ်အခြေအနေများကို ကိုင်တွယ်ခြင်းနှင့်စပ်လျဉ်းသည့် သဘောထားတစ်ခု ဖြစ်၏။ ထို့အပြင် ယင်းသည် သင်၏ သာမန်ဘဝ၏ အစီအစဉ်နှင့် ပုံမှန်အသားကျမှုကို မထိခိုက်သရွေ့၊ သင်၏ ဝိညာဉ်အသက်တာ၊ သို့မဟုတ် သင်၏ တာဝန်ထမ်းဆောင်ခြင်းကို မထိခိုက်သရွေ့ ပြဿနာမရှိပေ။ ဥပမာ သင်၏ ခင်ပွန်း (သို့မဟုတ် ဇနီး)သည် သူ၏ တာဝန်ကို ထမ်းဆောင်လျက် အလုပ်ရှုပ်နေပြီး သင်တို့အချင်းချင်း မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်ကာ သင်တို့သည် အတူတကွ စကားပြောဆိုရန် အချိန်မရှိ။ တစ်နေ့တွင် သင်သည် ရုတ်တရက် အစ်မတစ်ယောက်က သူမ၏ ခင်ပွန်းနှင့် အတူတကွ စကားပြောနေသည်ကို မြင်ပြီး သင့်စိတ်နှလုံး၌ စိတ်အခြေအနေတစ်ခု ဖြစ်ပေါ်လာကာ “ကြည့်ပါ။ သူက သူ့ယောက်ျားနှင့်အတူ တာဝန်ကို ထမ်းဆောင်နိုင်သည်။ သူတို့ တော်တော်ပျော်ပြီး ဝမ်းမြောက်ကြသည်။ ငါ့ယောက်ျားက အဘယ်ကြောင့်များ အတော် ကြင်နာမှုကင်းမဲ့ရသနည်း။ ‘အခုတလော အဆင်ပြေသလော။ နေကောင်းသလော’ဟု အဘယ်ကြောင့် ငါ့ကို မမေးသနည်း။ သူက အဘယ်ကြောင့် ငါ့ကို အရေးမစိုက်သနည်း။ အဘယ်ကြောင့် ငါ့ကို မမြတ်နိုးသနည်း။ မချစ်သနည်း” ဟု တွေးသည်။ သင်သည် ဤစိတ်အခြေအနေမျိုးကို တွေ့ကြုံခံစားရပြီး အချိန်အတန်ကြာပြီးနောက်တွင် သင်က “အင်း ဤကဲ့သို့ စိတ်ကောက်နေသည်မှာ မကောင်းပါ” ဟု တွေးသည်။ ဤသို့ခံစားသည်မှာ မကောင်းသည်ကို သင်သိသော်လည်း သင်သည် အနည်းငယ် စိတ်ဆိုးဆဲဖြစ်ပြီး “ငါ သူ့ကို အနှောင့်အယှက်မပေးတော့ပါ။ သူက စပြီး ငါ့ကို အရေးစိုက်လာသည်ကိုသာ ငါစောင့်မည်။ အရေးမစိုက်လျှင် ငါ သူ့ကို စိတ်ဆိုးမည်။ ဤနှစ်များတစ်လျှောက်တွင် ငါတို့က အိမ်ထောင်ကျနေသည့်တိုင် ဤတစ်ချိန်လုံး တစ်ယောက်နှင့်တစ်ယောက် မတွေ့ကြပါ။ သူက ငါ့ကို သတိရကြောင်း မပြောသေးပါ။ သူက ငါ့ကို သတိရလော။ မရသလော။ သူက ကိုယ့်ကို အပင်ပန်းခံပြီး မေးမနေမှတော့ ကိုယ်လည်း အပင်ပန်းခံမေးနေမှာ မဟုတ်ဘူး” ဟု ပြောလျက် သင့်ကိုယ်သင် ငြင်းခုံသည်။ သင်သည် သင့်ကိုယ်သင် ငြင်းခုံပြီး ဤစိတ်အခြေအနေအတွင်းတွင် နေထိုင်သည်။ အချိန်တစ်ခဏအထိသာ ဒေါသမီးနှင့် စိတ်အခြေအနေတစ်ခုက ဖြစ်ပေါ်သည်။ သင်သည် ပုံမှန် စားဝင်ပြီး အိပ်ပျော်နိုင်သရွေ့၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်နိုင်သရွေ့၊ စုဝေးပွဲများကို တက်နိုင်သရွေ့၊ သင့်တာဝန်ကို ပုံမှန် ထမ်းဆောင်နိုင်သရွေ့၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် ပုံမှန် သင့်မြတ်အောင်နေနိုင်သရွေ့ ဤသို့သော စိတ်အခြေအနေများကို သင် စိုးရိမ်ဖို့မလိုပေ။ ပြီးလျှင် သင့်စိတ်နှလုံး၌ သင်အလိုရှိသည့် မည်သည့်အရာကိုမဆို တွေးနိုင်သည်။ မည်သည့်အရာကို သင်တွေးသည်ဖြစ်စေ သင်၏ အသိစိတ်က ပုံမှန်ဖြစ်ပြီး သင့်တာဝန်ကို ပုံမှန်ထမ်းဆောင်နေသရွေ့ ပြဿနာမရှိပေ။ သင်သည် ဤအရာကို အတင်းအဓမ္မ ချုပ်ထိန်းဖို့မလိုသကဲ့သို့ ဘုရားသခင်အား အတင်းအဓမ္မ ဆုတောင်းပြီး သင့်အား ပဲ့ပြင်ဆုံးမရန်၊ သို့မဟုတ် ရိုက်နှက်ရန် တောင်းဆိုဖို့ မလိုအပ်ပေ၊ သို့မဟုတ် သင်သည် အပြစ်သားတစ်ဦးဖြစ်သည်ဟု ခံစားရန် မလိုအပ်ပေ။ ဤစိတ်အခြေအနေသည် မကြာမီတွင် ပျောက်ကွယ်သွားမည်ဖြစ်သောဖြင့် တစ်ဆိတ်ကို တစ်အိတ် လုပ်ရန် မလိုအပ်ပေ။ သင်သည် သင့်ခင်ပွန်းအား အမှန်တကယ်ကို ထိုမျှသတိရလျှင် သူ့ကို ဖုန်းခေါ်ပြီး သူ၏ အခြေအနေကို မေးမြန်းနိုင်သည်။ သင်တို့နှစ်ဦးသည် မိမိတို့၏ စိတ်နှလုံးကို အချင်းချင်းဖွင့်ဟနိုင်ပြီး စကားပြောနိုင်သည်။ ဤသို့ဆိုလျှင် ဤယာယီစိတ်အခြေအနေများနှင့် နားလည်မှုလွဲခြင်းများက ပျောက်ကွယ်သွားမည် မဟုတ်လော။ အမှန်တကယ်တွင် သူတစ်ခုခု လုပ်ဆောင်သည်ကို သင်မလိုအပ်ပေ။ တစ်ခါတစ်ရံတွင် သင့်၌ ယာယီဖြစ်သော ခံစားချက်တစ်ခုသာ ရှိမည်ဖြစ်ပြီး သူ၏ အသံကို ကြားလိုလိမ့်မည်၊ သို့မဟုတ် ခဏတာ အထီးကျန်မှုကို ခံစားရနိုင်သည်၊ သို့မဟုတ် ခဏတဖြုတ် စိတ်မကျေမချမ်းဖြစ်နိုင်သည်၊ သို့မဟုတ် မပျော်မရွှင်ဖြစ်နိုင်သည်။ ထို့နောက်တွင် သင်သည် သူ့ကို ဖုန်းခေါ်ပြီး သူစကားပြောသည်ကို နားထောင်သည်။ ထို့နောက်တွင် သူက အဆင်ပြေသည်၊ သူသည် ယခင်ကကဲ့သို့ သင့်အား မြတ်နိုးစွာချစ်သည်၊ သင်သည် သူ၏အတွေးထဲတွင်ရှိသည်ဆိုသည်ကို သင်မြင်သည်။ သူက အလုပ်ရှုပ်နေခြင်းသာဖြစ်သည်။ သို့မဟုတ် ယောက်ျားများသည် အသေးစိတ်အချက်များကို အတော်အတန် လျစ်လျူရှုတတ်ပြီး သူ၏ တာဝန်ဖြင့် အလုပ်ရှုပ်ကာ ဤမျှကြာပြီဟူ၍ မထင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် သင့်အား မဆက်သွယ်ခြင်းဖြစ်သည်။ သူသည် အလုပ်ရှုပ်ပြီး သူ၏တာဝန်ကို ပုံမှန်ထမ်းဆောင်နေသည်မှာ ကောင်းသောအရာ မဟုတ်လော။ ဤသည်မှာ သင်အလိုရှိသော အရာမဟုတ်လော။ သူသည် ဆိုးယုတ်သောအရာတစ်ခုကို လုပ်ဆောင်ပြီး အနှောင့်အယှက်၊ အဖျက်အဆီးများဖြစ်စေလျှင်၊ ရှင်းလင်းခြင်းခံရလျှင် သင်က သူ့အတွက်ကို စိတ်ပူမည်မဟုတ်လော။ ယခုတွင် သူသည် အရာရာ၌ ပုံမှန်ဖြစ်သည်။ အရာရာတိုင်းက ယခင်ကကဲ့သို့ဖြစ်သည်။ ဤသို့ဆိုလျှင် သင်၏ စိတ်က သက်သာသည်မဟုတ်လော။ မည်သည့်အရာကိုများ သင် အလိုရှိနေသေးနည်း။ ဤသို့ ဖြစ်ရမည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ ခေါ်ဆိုပြီး အချင်းချင်း စကားအနည်းငယ်ပြောဆိုခြင်းသည် စိတ်နှလုံးထဲရှိ အထီးကျန်ခြင်းနှင့် မျှော်လင့်တောင့်တသည့် ခံစားချက်များကို သက်သာစေသည်မှာ မယုံကြည်သူများပြောသကဲ့သို့ပင်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤပြဿနာက ပြေလည်သည်မဟုတ်လော။ အခက်အခဲ တစ်ခုခုရှိသလော။ ပြောလော့။ သင်၏ ခင်ပွန်းကို ဖုန်းခေါ်ပြီး တစ်ယောက်ကိုတစ်ယောက် အရေးစိုက်မှုပြသခြင်းသည် ဘုရားသခင်က ရှုတ်ချသောအရာ ဟုတ်သလော။ (မဟုတ်ပါ။) သင်တို့သည် တရားဝင်လင်နှင့်မယားဖြစ်ပြီး သူ့ကို ဖုန်းခေါ်ဆိုခြင်း၊ စကားပြောခြင်း၊ တစ်ယောက်ကိုတစ်ယောက် မျှော်လင့်တောင့်တခြင်းတို့အား ရင်ဖွင့်ခြင်းတို့အားလုံးသည် သင့်လျော်သည်။ ဤသည်မှာ ပုံမှန်လူ့ခံစားချက်ဖြစ်သည်။ လူ့သဘာဝနယ်ပယ်အတွင်းတွင် သင်လုပ်ဆောင်သင့်သည့်အရာတစ်ခု ဖြစ်သည်။ ထို့အပြင် ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အိမ်ထောင်စီမံမှု၌ ပါဝင်သည်။ အချင်းချင်းအဖော်ပြုခြင်း၊ အချင်းချင်းနှစ်သိမ့်ခြင်း၊ အချင်းချင်းပံ့ပိုးခြင်းတို့ ဖြစ်သည်။ သူသည် ဤတာဝန်များကို မဖြည့်ဆည်းလျှင် သင်က သူ့အား ဤတာဝန်များကို ဖြည့်ဆည်းရန် ကူညီမပေးနိုင်သလော။ ဤသည်မှာ ကိုင်တွယ်ရန် အလွန်လွယ်ကူသည့် အလွန်ရိုးရှင်းသော အမှုကိစ္စဖြစ်သည်။ ဤပြဿနာသည် ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ပြေလည်သည်မဟုတ်လော။ သင့်စိတ်နှလုံးတွင် စိတ်အခြေအနေမျိုးစုံ ပေါ်ပေါက်ရန် လိုအပ်သလော။ မလိုအပ်ပေ။ ဤအရာကို လက်တွေ့လုပ်ဆောင်ခြင်းသည် ရိုးရှင်းသည်။

ငါ ယခုတင် မေးခဲ့သည့် “လူတို့သည် အိမ်ထောင်နှင့်သက်ဆိုင်သော ၎င်းတို့၏ စိတ်ကူးယဉ်မှုအမျိုးမျိုးကို အဘယ်သို့ လက်လွှတ်သင့်သနည်း” ဆိုသည့် မေးခွန်းဆီသို့ ပြန်သွားကြစို့။ ဤမေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် သင်တို့အားလုံးသည် အယူအဆအချို့ကို ပြောခဲ့ကြသည်။ လူတို့သည် အိမ်ထောင်နှင့်သက်ဆိုင်သော ၎င်းတို့၏ စိတ်ကူးယဉ်မှုအမျိုးမျိုးကို လက်လွှတ်လိုလျှင် ၎င်းတို့သည် ရှေးဦးစွာ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်၏ အစီအစဉ်များနှင့် စီမံမှုကို နာခံရမည်။ သင်တို့သည် အိမ်ထောင်နှင့်ပတ်သက်ပြီး၊ သင်၏ လက်တွဲဖော်က မည်သူဖြစ်သည်၊ သို့မဟုတ် သင်၏ လက်တွဲဖော်က မည်သို့သောသူမျိုးဖြစ်သည်နှင့်ပတ်သက်ပြီး တစ်ဖက်သတ်ဆန်သော၊ သို့မဟုတ် လက်တွေ့မကျသော စိတ်ကူးယဉ်မှုတစ်ခုမျှ မရှိသင့်ပေ။ သင်တို့သည် ဘုရားသခင်အပေါ် နာခံခြင်းသဘောထားတစ်ခုရှိသင့်သည်။ ဘုရားသခင်၏ အစီအစဉ်များနှင့် စီမံမှုကို နာခံသင့်သည်။ ဘုရားသခင်က သင့်အတွက် အသင့်တော်ဆုံးသော သူတစ်ယောက်ကို ပြင်ဆင်ပေးမည်ဆိုသည်ကို ယုံကြည်သင့်သည်။ နာခံခြင်းသဘောထားရှိရန်မှာ မလိုအပ်သလော။ (လိုအပ်သည်။) ဒုတိယအနေဖြင့် သင်သည် လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများက သင့်အတွင်းသို့ သွတ်သွင်းသော လက်တွဲဖော် ရွေးချယ်ခြင်းအတွက် ထိုစံသတ်မှတ်ချက်များကို လက်လွှတ်ရမည်။ ထို့နောက်တွင် လက်တွဲဖော်ရွေးချယ်ခြင်းအတွက် မှန်ကန်သော စံသတ်မှတ်ချက်များကို သတ်မှတ်ရမည်။ ဆိုလိုသည်မှာ အနည်းဆုံးအနေဖြင့် သင်၏ လက်တွဲဖော်သည် သင်ကဲ့သို့ ဘုရားသခင်ကို ယုံကြည်သောသူ၊ သင်ကဲ့သို့ တူညီသောလမ်းကြောင်းကို လျှောက်သောသူဖြစ်သင့်သည်။ ဤသည်မှာ ယေဘုယျအမြင်ရှုထောင့်မှ ဖြစ်သည်။ ထို့အပြင် သင်၏ လက်တွဲဖော်သည် အိမ်ထောင်တွင် ယောက်ျား၊ သို့မဟုတ် မိန်းမ၏ တာဝန်များကို ဖြည့်ဆည်းနိုင်ရမည်။ လက်တွဲဖော်တစ်ဦး၏ တာဝန်များကို ဖြည့်ဆည်းနိုင်ရမည်။ ဤလက္ခဏာသွင်ပြင်ကို သင်မည်သို့ အကဲဖြတ်သနည်း။ သင်သည် သူ၏ လူ့သဘာဝ အရည်အသွေးကို ကြည့်ရမည်။ သူ့၌ တာဝန်သိစိတ်ရှိမရှိ၊ အသိတရားရှိမရှိကို ကြည့်ရမည်။ ပြီးလျှင် လူတစ်ယောက်၌ အသိတရားနှင့် လူ့သဘာဝရှိမရှိကို အဘယ်သို့ အကဲဖြတ်သနည်း။ သင်သည် ထိုသူနှင့် အဆက်အစပ်မရှိလျှင် သူ၏ လူ့သဘာဝက မည်သို့ရှိသည်ကို သိဖို့ မဖြစ်နိုင်ပေ။ ပြီးလျှင် သင်သည် ထိုသူနှင့် အဆက်အစပ်ရှိလျှင်ပင် ခဏတာသာ ဖြစ်သည်ဆိုလျှင် သူက မည်သို့ပုံစံရှိသည်ကို သင် မတွေ့ရှိနိုင်ဆဲ ဖြစ်နိုင်သည်။ ဤသို့ဆိုလျှင် လူတစ်ယောက်၌ လူ့သဘာဝရှိမရှိကို အဘယ်သို့ အကဲဖြတ်သနည်း။ သူသည် သူ၏တာဝန်အတွက်၊ ဘုရားသခင်၏ စေခိုင်းချက်အတွက်၊ ဘုရားအိမ်တော်၏ အမှုတော်အတွက် တာဝန်ခံယူခြင်း ရှိမရှိကို ကြည့်လော့။ ပြီးလျှင် သူသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ခြင်း ရှိမရှိ၊ သူ၏ တာဝန်အပေါ် သစ္စာရှိနိုင်ခြင်း ရှိမရှိကို ကြည့်လော့။ ဤသည်မှာ လူတစ်ယောက်၏ လူ့သဘာဝ၏ အရည်အသွေးကို အကဲဖြတ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဤလူ၏ အကျင့်စရိုက်သည် အလွန်ဖြောင့်မှန်ပြီး သူ့ထံသို့ တာဝန်ပေးသော ဘုရားအိမ်တော်၏ အလုပ်နှင့်ပတ်သက်လျှင် သူသည် အလွန်အမင်း ဆက်ကပ်သည်၊ တာဝန်သိသည်၊ လေးနက်ပြီး စိတ်ထက်သန်သည်၊ အလွန်စေ့စပ်သည်၊ လုံးဝ ပေါ့ဆခြင်းမရှိ၊ လုံးဝ လျစ်လျူရှုခြင်းမရှိ၊ ပြီးလျှင် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ပြောသမျှတိုင်းကို အသေအချာ တာဝန်သိစွာနားထောင်သည် ဆိုပါစို့။ ၎င်းတို့အတွက် ရှင်းလင်းပြီး ၎င်းတို့က နားလည်သည်နှင့် ချက်ချင်းပင် လက်တွေ့လုပ်ဆောင်သည်။ ဤသို့သောသူသည် မြင့်မားသော အစွမ်းအစ မရှိကောင်း မရှိနိုင်သော်လည်း အနည်းဆုံးအနေဖြင့် သူသည် သူ၏တာဝန်နှင့် အသင်းတော်အလုပ်အပေါ် ပေါ့ဆခြင်းမရှိသော၊ လေးနက်စွာ တာဝန်ယူနိုင်သောသူဖြစ်သည်။ သူသည် သူ၏တာဝန်ကို ကျေပွန်ပြီး တာဝန်သိတတ်လျှင် သူသည် သူ၏ဘဝကို သင်နှင့်အတူ သေချာစွာ၊ စိတ်ပါလက်ပါ နေထိုင်မည်ဖြစ်ပြီး အဆုံးတိုင်အောင် သင့်အတွက် တာဝန်ခံယူမည်ဖြစ်သည်။ ဤသို့သောသူ၏ အကျင့်စရိုက်သည် စမ်းသပ်မှုများကို ခံနိုင်ရည်ရှိသည်။ သင်က ဖျားနာလျှင်ပင်၊ အသက်ကြီးလာလျှင်ပင်၊ ရုပ်ဆိုးသွားလျှင်ပင်၊ သို့မဟုတ် သင့်၌ အမှားများ၊ ချို့ယွင်းချက်များရှိလျှင်ပင် ဤသူသည် သင့်အား အစဉ်သဖြင့် မှန်ကန်စွာ ဆက်ဆံပြီး သင့်အား သည်းခံလိမ့်မည်။ ပြီးလျှင် သူသည် သင်စိတ်အေးချမ်းသာစွာ နေထိုင်ရန်အတွက် သင်နှင့် သင့်မိသားစုကို ကာကွယ်ပေးပြီး သင့်အား ကာကွယ်ရန်၊ သင့်အား တည်ငြိမ်သော ဘဝကို ပေးရန် အစဉ်သဖြင့် အစွမ်းကုန်ကြိုးစားလိမ့်မည်။ ဤသည်မှာ အိမ်ထောင်ဘဝ၌ ယောက်ျား၊ သို့မဟုတ် မိန်းမအတွက် အပျော်ရွှင်ဆုံးသောအရာဖြစ်သည်။ သူသည် သင့်အား ချမ်းသာသော၊ ခမ်းနားထည်ဝါသော၊ သို့မဟုတ် ကြင်နာယုယသောဘဝကို ပေးချင်မှ ပေးနိုင်ပေမည်။ ပြီးလျှင် ချစ်ခင်မှု၊ သို့မဟုတ် အခြားသော ကဏ္ဍတစ်ခုခုနှင့်ပတ်သက်ပြီး မတူကွဲပြားသောအရာတစ်ခုခုကို သင့်အား ပေးနိုင်ချင်မှ ပေးနိုင်လိမ့်မည်။ သို့သော် အနည်းဆုံးအနေဖြင့် သင့်အား စိတ်သက်သာစေမည်ဖြစ်ပြီး သူနှင့်အတူ သင်၏ဘဝသည် အခြေကျလိမ့်မည်။ ပြီးလျှင် အန္တရာယ်ဖြစ်စေ၊ စိတ်မအေးနိုင်ခြင်းဖြစ်စေ ရှိမည်မဟုတ်ပေ။ သင်သည် ထိုသူကို ကြည့်သောအခါတွင် ယခုမှစ၍ နောင်နှစ် ၂၀၊ ၃၀ တွင်လည်းကောင်း၊ အိုမင်းသည့်အခါတွင်ပင်လည်းကောင်း သူ၏ ဘဝက အဘယ်သို့ဖြစ်မည်ကို သင် မြင်နိုင်လိမ့်မည်။ ဤသို့သောသူမျိုးသည် လက်တွဲဖော်ကို ရွေးချယ်ခြင်းအတွက် သင်၏ စံသတ်မှတ်ချက် ဖြစ်သင့်သည်။ လက်တွဲဖော်ကို ရွေးချယ်ခြင်းအတွက် ဤစံသတ်မှတ်ချက်သည် အနည်းငယ်မြင့်ပြီး ဤသို့သောသူသည် ယခုခေတ် လူသားမျိုးနွယ်ကြားတွင် ရှာတွေ့ရန် မလွယ်ကူသည်မှာ အမှန်ပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်၏ အကျင့်စရိုက်သည် အဘယ်သို့ရှိသည်ကို အကဲဖြတ်ရန်နှင့် အိမ်ထောင်တွင် သူ၏တာဝန်များကို ဖြည့်ဆည်းနိုင်ခြင်းရှိမရှိကို အကဲဖြတ်ရန်အတွက် သူ၏တာဝန်အပေါ် သူ၏ သဘောထားကို ကြည့်ရမည်။ ဤသည်မှာ တစ်ချက်ဖြစ်သည်။ အခြားတစ်ချက်မှာ ထိုသူ၌ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိမရှိ ကြည့်ရမည်။ ရှိလျှင် အနည်းဆုံးအနေဖြင့် သူသည် လူသားမဆန်သော၊ သို့မဟုတ် အကျင့်ပျက်သော၊ သို့မဟုတ် ကျင့်ဝတ်နှင့်မညီသော မည်သည့်အရာကိုမျှ လုပ်ဆောင်မည်မဟုတ်။ ထို့ကြောင့် သူသည် သင့်အား အသေအချာပင် ကောင်းစွာ ဆက်ဆံလိမ့်မည်။ ထိုသူ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိလျှင်၊ အရှက်မဲ့လျှင်၊ တစ်ဇွတ်ထိုးနိုင်လျှင်၊ သို့မဟုတ် သူ၏ လူ့သဘာဝက ကြမ်းတမ်းလျှင်၊ လှည့်စားတတ်လျှင်၊ မာနထောင်လွှားလျှင်၊ သူ၏ စိတ်နှလုံး၌ ဘုရားသခင်မရှိဘဲ မိမိကိုယ်ကို သူတစ်ပါးတို့ထက် သာလွန်သည်ဟု သတ်မှတ်လျှင်၊ အလုပ်၊ တာဝန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ဘုရားအိမ်တော်၏ မည်သည့်အကြီးစားကိစ္စကိုမဆိုပင် သူ၏ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း မဆင်မခြင် ကိုင်တွယ်ပီး ပြုမူဆောင်ရွက်လျှင်၊ မည်သည့်အခါမျှ သတိမထားဘဲ စည်းမျဉ်းများကို မရှာဖွေလျှင်၊ အထူးသဖြင့် လှူဖွယ်ပစ္စည်းများကို ကိုင်တွယ်သောအခါ၌ အရမ်းမဲ့ယူဆောင်ပြီး အလွဲသုံးစားပြုကာ မည်သည့်အရာကိုမျှ မကြောက်လျှင် ဤသို့သောသူကို သင် လုံးဝ မရှာဖွေရပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသဖြင့် သူသည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ ယခုအချိန်တွင် ထိုသို့သောသူသည် သင့်အား အချိုသတ်နေနိုင်ပြီး သူ၏ မပျောက်ပျက်သောချစ်ခြင်းကို ကတိပေးနေနိုင်သည်။ သို့သော် သူ မပျော်ရွှင်သည့်နေ့ရက်သို့ ရောက်သောအခါတွင် သူ၏ လိုအပ်ချက်များကို သင်မဖြည့်ဆည်းနိုင်ဘဲ သူချစ်ရသောသူ မဟုတ်တော့လျှင် သူသည် သင့်ကို မချစ်၊ သင့်အပေါ် ခံစားချက်များမရှိတော့ဟု ပြောလိမ့်မည်။ ပြီးလျှင် သူစိတ်ကူးပေါက်သည့် မည်သည့်အချိန်တွင်မဆို ထ၍ သင့်အား စွန့်ခွာသွားလိမ့်မည်။ သင်တို့က မကွာရှင်းရသေးလျှင်ပင် သူသည် အခြားတစ်ယောက်ကို သွား၍ ရှာဦးမည်ဖြစ်သည်။ ဤအရာအားလုံး ဖြစ်နိုင်ခြေရှိသည်။ သူသည် သင့်အား အချိန်မရွေး၊ နေရာမရွေး စွန့်ပစ်နိုင်သည်။ ပြီးလျှင် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ဤသို့သော ယောက်ျားများသည် အလွန်အန္တရာယ်ရှိပြီး သင်၏ တစ်ဘဝလုံးကို အပ်နှံဖို့ မထိုက်တန်ပေ။ ဤသို့သောယောက်ျားတစ်ယောက်သည် သင်၏ချစ်သူ၊ သင်၏ဒါလင်၊ သင်ရွေးချယ်သော လက်တွဲဖော်ဖြစ်သည်ဟု သင်မြင်လျှင် သင်သည် ဒုက္ခရောက်မည်ဖြစ်သည်။ သူသည် အရပ်ရှည်၊ ချမ်းသာပြီး ချောမောလျှင်ပင်၊ အလွန့်အလွန် ပါရမီထူးပြီး သင့်အား ကောင်းစွာ ဂရုစိုက်ကာ ထောက်ထားလျှင်ပင်၊ ပြီးလျှင် အပေါ်ယံအားဖြင့် ပြောလျှင် သူသည် အထူးသဖြင့် သင်၏ ချစ်သူအဖြစ်ဖြစ်စေ၊ ခင်ပွန်းအဖြစ်ဖြစ်စေ အဆင့်မီလျှင်ပင် သူ့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိလျှင် ဤလူသည် သင်ရွေးချယ်သော လက်တွဲဖော်ဖြစ်၍ မရပေ။ သင်သည် သူ့အား အရူးအမူးစွဲလမ်းပြီး သူနှင့်စတင်၍ တွဲကာ ထို့နောက်တွင် လက်ထပ်လျှင် သူသည် သင်၏တစ်ဘဝလုံး၌ သင့်အတွက် အိပ်မက်ဆိုးနှင့် ဒုက္ခတစ်ခု ဖြစ်လိမ့်မည်။ သင်က “မကြောက်ပါ။ ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားသည်” ဟု ဆိုသည်။ သင်သည် နတ်ဆိုး၏ လက်ထဲသို့ သက်ဆင်းသွားပြီဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို မုန်းတီးသည်။ ဘုရားသခင်ကို အာခံသည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို နှောင့်ယှက်ရန် နည်းလမ်းမျိုးစုံကို အသုံးချသည်။ ဤအရာကို သင်အောင်မြင်ကျော်လွှားနိုင်သလော။ သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ယုံကြည်ခြင်းအနည်းငယ်သည် သူ၏ ညှဉ်းပန်းမှုကို မခံနိုင်ပေ။ ပြီးလျှင် ရက်အနည်းငယ်ကြာပြီးနောက်တွင် သင်သည် အလွန်ညှဉ်းပန်းခြင်းခံရသည်မှာ အသနားခံတောင်းပန်ကာ ဘုရားသခင်အား ဆက်လက်၍ မယုံကြည်နိုင်တော့သည်အထိပင် ဖြစ်ပေသည်။ သင်၏ ယုံကြည်ခြင်းကို ဆုံးရှုံးပြီး သင်၏ စိတ်က ဤပဋိပက္ခ ချီတုံချတုံဖြစ်ခြင်းဖြင့် ပြည့်နေသည်။ ဤသည်မှာ အသားကြိတ်စက်ထဲသို့ ပစ်ထည့်ခံရပြီး အစိတ်စိတ်အပိုင်းပိုင်း ပြတ်သွားသကဲ့သို့ဖြစ်သည်။ လူသားပုံသဏ္ဌာန်မရှိဘဲ ယင်းတွင် လုံးဝ နစ်မြုပ်သွားသည်မှာ နောက်ဆုံးတွင် သင်သည် သင်လက်ထပ်သည့် ထိုနတ်ဆိုးကဲ့သို့ တူညီသောကံကြမ္မာဆိုးကို ခံရသည်အထိဖြစ်ပြီး သင်၏ဘဝက ဇာတ်သိမ်းသွားလိမ့်မည်။

လူတစ်ယောက်သည် အိမ်ထောင်တွင် သူ၏တာဝန်များအား ဖြည့်ဆည်းနိုင်ခြင်းရှိမရှိကို မည်သို့ အကဲဖြတ်ရမည်ဆိုသည်နှင့်ပတ်သက်သည့် စံသတ်မှတ်ချက်နှစ်ခုကို ငါတို့ ယခု မိတ်သဟာယဖွဲ့ခဲ့သည်။ ယင်းတို့သည် မည်သည့်အရာများဖြစ်သည်ကို သင်တို့ မှတ်မိနိုင်သလော။ (မှတ်မိနိုင်ပါသည်။) ဤစံသတ်မှတ်ချက်နှစ်ခုသည် လူတို့၏ လူ့သဘာဝအရည်အသွေးနှင့် ဆက်စပ်သည်။ စံသတ်မှတ်ချက်တစ်ခုမှာ ထိုသူသည် သူ၏တာဝန်ကို ကျေပွန်စွာ၊ တာဝန်သိစွာ ထမ်းဆောင်ခြင်းရှိမရှိနှင့် အသင်းတော်အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား ကာကွယ်ပေးနိုင်ခြင်းရှိမရှိတို့ကို ကြည့်ရန်ဖြစ်သည်။ သင်သည် လူအချို့အား ၎င်းတို့ကို ကြည့်ရုံမျှဖြင့် ရှင်းလင်းစွာ အကဲမဖြတ်နိုင်ခြင်း ရှိနိုင်သည်။ ၎င်းတို့သည် အဆင့်အတန်းကို လိုက်စားရန်ဖြစ်စေ၊ ၎င်းတို့၌ အဆင့်အတန်းရှိသောအခါတွင်ဖြစ်စေ ၎င်းတို့တာဝန်ကို ထမ်းဆောင်ပြီး အသင်းတော်အလုပ်ကို ကာကွယ်ပေးကောင်း ပေးနိုင်သည်။ သို့သော် ၎င်းတို့၌ အဆင့်အတန်း မရှိတော့သောအခါ ၎င်းတို့သည် မည်သည့်ပုံစံရှိမည်ဆိုသည်မှာ သင် ရှင်းလင်းစွာ မမြင်ရသေးသော အရာတစ်ခုဖြစ်သည်။ ဤအချိန်တွင် ၎င်းတို့အပေါ် သင် တိကျသော အကဲဖြတ်မှုကို ပြုလုပ်နိုင်ဖို့ မဖြစ်နိုင်ပေ။ သို့ရာတွင် ၎င်းတို့က ဆူပူသောင်းကျန်းနေသည်ကိုလည်းကောင်း၊ ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးသောအခါ၌ ဘုရားသခင်အား ကျိန်ဆဲကာ ပြစ်မှားစော်ကားနေသည်ကိုလည်းကောင်း၊ ဘုရားသခင်က မဖြောင့်မတ်ဟု ပြောသည်ကိုလည်းကောင်း သင်မြင်သောအခါ၌ ဤသည်မှာ ၎င်းတို့အပေါ် သင် ပိုင်းခြားသိမြင်မှုရှိပြီး “ဤလူသည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး လုံးဝမရှိပါ။ ကံကောင်းသည်မှာ သူ့သရုပ်မှန်ကို အချိန်မီ ပြလိုက်ခြင်းဖြစ်သည်။ သူသာ မပြလျှင် ငါ၏ အိမ်ထောင်လက်တွဲဖော်အဖြစ် ရွေးမိမည်ဖြစ်သည်” ဟူ၍ တွေးမည့်အချိန်ဖြစ်သည်။ သင်မြင်သလော။ လက်တွဲဖော်ရွေးချယ်ခြင်းအတွက် အခြားစံသတ်မှတ်ချက် ဖြစ်သည့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိမရှိဟူသည်မှာလည်း အဓိကအချက်ဖြစ်သည်။ သင်သည် ဤစံသတ်မှတ်ချက်ကို အသုံးပြုပြီး လူတို့အား အကဲဖြတ်၍ တိုင်းတာလျှင် အိမ်ထောင်တစ်ခု၏ ထိုအိပ်မက်ဆိုးမှ သင့်ကို ကယ်တင်လိမ့်မည်။ လက်တွဲဖော်ရွေးချယ်ခြင်းအတွက် ဤစံသတ်မှတ်ချက်နှစ်ခုမှာ အရေးကြီးသလော။ (အရေးကြီးပါသည်။) ယင်းတို့ကို နားလည်သလော။ (နားလည်ပါသည်။) မြင်သလော။ အချို့မိန်းမများသည် ငွေကို အလွန်ချစ်သည်။ ၎င်းတို့သည် ယောက်ျားတစ်ယောက်နှင့် စတင်၍တွဲသောအခါ ၎င်းတို့က အလွန်နူးညံ့သိမ်မွေ့ပြီး အသိတရားရှိသည့်ပုံစံပြုသည်။ ယောက်ျားက “ဤမိန်းမက ချစ်စရာကောင်းသည်။ ငှက်ကလေးကဲ့သို့ပင် ငါ့နားတွင် တစ်နေကုန် ကပ်နေပြီး ကော်လိုကပ်နေသည်။ သူက ယောက်ျားတစ်ယောက် အိပ်မက်မက်ပြီး လိုက်သည့် မိန်းမမျိုး အတိအကျပင်ဖြစ်သည်။ ယော်ကျားတစ်ယောက်က ဤကဲ့သို့မိန်းမတစ်ယောက် လိုအပ်သည်။ နူးနူးညံ့ညံ့ပြောသည့်သူ၊ ကိုယ့်ယောက်ျားအပေါ် မှီခိုသည့်သူ၊ သူ့ယောက်ျားကို လိုအပ်သည်ဟု တကယ်ခံစားရအောင်လုပ်သည့်သူမျိုးဖြစ်သည်။ ဤကဲ့သို့မိန်းမက ငါ့ကို တွယ်တာပြီး ငါ့ဘေး၌ ရှိနေလျှင် ဘဝက အတော် ပျော်ဖို့ကောင်းမည် ဖြစ်သည်” ဟူ၍ တွေးသည်။ ဤသို့ဖြင့် ၎င်းတို့က လက်ထပ်ကြသည်။ သို့သော် ထို့နောက်တွင် သူမသည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လိုက်စားရန် ကြိုးစားခြင်းမရှိသည်ကို သူမြင်သည်။ သူမ၏တာဝန်ကို ထမ်းဆောင်ခြင်းအကြောင်းကို သူပြောသည့်အချိန်တိုင်းတွင် သူမက အချိန်မရှိဟု ဆိုသည်။ သူမသည် အစဉ်သဖြင့် ဆင်ခြေများပေးပြီး ပင်ပန်းသည်ဟု ပြောသည်။ ပြီးလျှင် မည်သည့်အရာကိုမျှ ဒုက္ခခံလိုစိတ်မရှိပေ။ အိမ်တွင် ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းမရှိဘဲ အချိန်ပြည့် တီဗီကြည့်သည်။ တစ်ယောက်ယောက်က တန်ဖိုးကြီးအိတ်တစ်လုံးဝယ်သည်ကို၊ သို့မဟုတ် တစ်ယောက်ယောက်၏ မိသားစုက တန်ဖိုးကြီးသည့် အိမ်ကြီးအိမ်ကောင်းတွင် နေထိုင်ပြီး ဈေးကြီးကားအား ဝယ်သည်ကို သူမ မြင်သောအခါ ထိုမိသားစုရှိ ယောက်ျားသည် မည်မျှ စွမ်းဆောင်ရည်ရှိရမည်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။ သူမသည် လွန်ကျူးစွာ သုံးစွဲလေ့ရှိသည်။ ရွှေဆိုင်၊ ကျောက်မျက်ရတနာဆိုင်၊ သို့မဟုတ် တန်ဖိုးကြီးပစ္စည်းဆိုင်သို့ သူမ သွားသည့်အခါတိုင်းတွင် အစဉ်သဖြင့် ငွေသုံးစွဲလိုပြီး ကောင်းသောအရာများကို ဝယ်လိုသည်။ သင်က ဤအရာကို နားမလည်ဘဲ “သူက တော်တော်ချစ်စရာကောင်းခဲ့ပါသည်။ မည်သို့များ ဤကဲ့သို့ မိန်းမမျိုးဖြစ်လာရသနည်း” ဟူ၍ တွေးသည်။ သင် မြင်သလော၊ သူမသည် ပြောင်းလဲသွားသည် မဟုတ်လော။ သင်တို့သည် ယခင်က တွဲနေသောအခါတွင် သူမသည် သူမ၏တာဝန်ကို ထမ်းဆောင်နိုင်ပြီး အနည်းငယ်မျှ ဒုက္ခခံနိုင်သည်။ သို့သော် ယင်းတို့မှာ အပေါ်ယံသာဖြစ်သည်။ ယခု သင်တို့ လက်ထပ်ပြီးသောအခါ သူမက ထိုသို့မဟုတ်တော့ပေ။ သင်သည် သူမ၏ ရုပ်ဝတ္ထုဆိုင်ရာ တောင်းဆိုမှုများကို ဖြည့်ဆည်းမပေးနိုင်သည်ကို သူမမြင်ပြီး “ရှင်က အဘယ်ကြောင့် အပြင်သွားပြီး ပိုက်ဆံမရှာသနည်း။ ဘုရားကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ခြင်းက အဘယ်အသုံးဝင်သနည်း။ ဘုရားကို ယုံကြည်ခြင်းက မိသားစုကို ထောက်ပံ့နိုင်သလော။ ဘုရားကို ယုံကြည်ခြင်းက ချမ်းသာအောင် လုပ်ပေးနိုင်သလော” ဟု ပြောလျက် သင့်အား စတင်အပြစ်တင်သည်။ သူမသည် မယုံကြည်သူက ပြောမည့်အရာများကိုပင် ပြောသည်။ ဤမိန်းမသည် ဘုရားသခင်အား အမှန်တကယ် ယုံကြည်သလော။ (မယုံကြည်ပါ။) သူမသည် သူမ၏တာဝန်ကို မည်သည့်အခါမျှ မထမ်းဆောင်လိုပေ။ ဘုရားသခင်အား ယုံကြည်ခြင်း၊ သမ္မာတရားအားလိုက်စားခြင်း၊ သို့မဟုတ် ကယ်တင်ခြင်းရယူရန် အားထုတ်ခြင်းတို့နှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ သူမ မစဉ်းစားပေ။ နောက်ဆုံးတွင် သူမသည် အလွန်အကျွံ ပုန်ကန်သောအရာများကိုပင် ပြောပြီး ဘုရားသခင်အား ကြောက်ရွံ့သည့် စိတ်နှလုံး လုံးဝမရှိတော့သည်အထိဖြစ်သည်။ ဤသို့ဆိုလျှင် ဤမိန်းမက အချိန်ပြည့်စဉ်းစားနေသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ (အစားအစာ၊ အဝတ်အစားနှင့် အပျော်အပါးဖြစ်သည်။) သူမ စဉ်းစားသမျှမှာ ငွေနှင့် ရုပ်ပိုင်းဆိုင်ရာ သာယာမှုများဖြစ်သည်။ ဤမျှသာ ဖြစ်သည်။ သူမသည် လောကီနှင့်ပတ်သက်သော ငွေမက်သောသူတစ်ဦး ဖြစ်သည်။ သင်က သူမကို လက်ထပ်ပြီး သူမက ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို တားဆီးကာ သင့်တာဝန်ကို စွန့်လွှတ်ပြီး လောကီဆန်သောအရာများကို လိုက်စားရန် အားပေးလျှင် သင်သည် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ သင်သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရယူလိုဆဲဖြစ်သော်လည်း သင်သည် သူမနောက်သို့လိုက်လျှင် ကယ်တင်ခြင်းကို ရယူနိုင်မည်မဟုတ်ပေ။ သင်သည် သူမနောက်သို့ မလိုက်လျှင် သူမသည် သင်နှင့် ငြင်းခုံပြီး သင့်ကို ကွာရှင်းလိမ့်မည်။ ကွာရှင်းပြီးနောက်တွင် သင်သည် လက်တွဲဖော်မရှိဘဲ တစ်ဦးတည်းနေထိုင်ရမည်။ ဤအရာကို သင်ကျော်လွှားနိုင်မည်လော။ သင်သည် မည်သည့်အခါကမျှ လက်တွဲဖော်မရှိခဲ့လျှင် ယင်းမှာ ပြဿနာမရှိပေ။ သို့သော် သင်သည် ယခုတွင် သင်၏ လက်တွဲဖော်နှင့် နှစ်များစွာ အတူနေထိုင်ခဲ့ပြီးဖြစ်ကာ သူမနှင့်အတူနေရသည်ကို အသားကျနေပြီဖြစ်သည်။ ရုတ်တရက် သင်သည် ကွာရှင်းခဲ့ပြီး လက်တွဲဖော်မရှိတော့သည်ကို သင်မြင်ရသည်။ ဤအရာကို သင် ကျော်လွှားနိုင်သလော။ ကျော်လွှားရန် မလွယ်ကူသည် မဟုတ်လော။ ယင်းသည် သင်၏ ဘဝလိုအပ်ချက်များ၊ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များ၊ သို့မဟုတ် သင်၏ အတွင်းပိုင်း ဝိညာဉ်ရေးကမ္ဘာနှင့် သက်ဆိုင်သည်ဖြစ်စေ သင်သည် ယင်းကိုမကျော်လွှားနိုင်ပေ။ သင့်ဘဝကို သင်နေထိုင်သည့် ပုံစံသည် ယခင်ကပုံစံမှ အခြားပုံစံတစ်ခုသို့ ပြောင်းလဲသွားသည်။ ယခင်က သင့်တွင်ရှိသော ပုံစံ၊ စည်းချက်၊ ဘဝနေနည်းတို့သည် လုံးဝ ဖရိုဖရဲဖြစ်သွားသည်။ သင့်တွင် မည်သို့သော အိမ်ထောင်မျိုးရှိခဲ့သနည်း။ ဤအိမ်ထောင်က သင့်အပေါ် မည်သည့်အရာကို သယ်ဆောင်ပေးသနည်း။ ပျော်ရွှင်ခြင်းလော၊ သို့မဟုတ် ဘေးဒုက္ခလော။ (ဘေးဒုက္ခ ဖြစ်ပါသည်။) ဘေးဒုက္ခကို သယ်ဆောင်လာသည်။ ထို့ကြောင့် သင်သည် လူတို့အား မည်သို့ အကဲဖြတ်ရမည်ကို မသိဘဲ မှန်ကန်သော စည်းမျဉ်းများနှင့် ဘုရားနှုတ်ကပတ်တော်အပေါ် အခြေမခံဘဲ လူတို့၏ အကဲဖြတ်ချက်ကို ယူလျှင် သင်သည် သာမန်ကာလျှံကာ တွဲခြင်းကို မပြုလုပ်ရန်၊ သို့မဟုတ် တွဲရန်၊ လက်ထပ်ရန်၊ သို့မဟုတ် အိမ်ထောင်မှု စတင်ရန် မည်သည့်အယူအဆကိုမျှ လက်သင့်မခံရန်၊ မည်သည့်အစီအစဉ်မျှမရှိရန် အစွမ်းကုန် လုပ်ဆောင်ရမည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယခုခေတ်ကာလတွင် လူတို့အပေါ် ဤကမ္ဘာလောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ သွေးဆောင်ဖြားယောင်းမှုသည် ကြီးမားလွန်းသောကြောင့်ဖြစ်ပြီး လူတစ်ဦးချင်းစီတိုင်းက ဘဝတွင် စုံစမ်းသွေးဆောင်မှုများစွာကိုလည်းကောင်း၊ စုံစမ်းသွေးဆောင်မှုမျိုးစုံကိုလည်းကောင်း ရင်ဆိုင်ရသောကြောင့်ဖြစ်သည်။ မည်သည်ကမျှ ယင်းတို့ကို မကျော်လွှားနိုင်ပေ။ ထို့အပြင် သမ္မာတရားအား သင်လိုက်စားလျှင်ပင် ယင်းတို့ကို ကျော်လွှားရန် ခက်ခဲသည်ဟု သင်မြင်ရဆဲဖြစ်လိမ့်မည်။ သမ္မာတရားကို သင်လိုက်စားပြီး သမ္မာတရားအား နားလည်ခြင်းရှိကာ သမ္မာတရားကို ရရှိလျှင် သင်သည် ယင်းတို့ကို ကျော်လွှားနိုင်လိမ့်မည်။ သို့ရာတွင် သမ္မာတရားကို သင်နားလည်ပြီး မရရှိမီတွင် စုံစမ်းသွေးဆောင်ခြင်းသည် သင့်အား အစဉ်သဖြင့် စုံစမ်းသွေးဆောင်နေလိမ့်မည်။ ပြီးလျှင် ယင်းသည် သင့်အတွက် အစဉ် အန္တရာယ်ဖြစ်နေလိမ့်မည်။ ထို့အပြင် သင်တို့အတွက် အလွန်အရေးပါသော ပြဿနာတစ်ခုရှိသည်။ ယင်းမှာ လူတို့အား မည်သို့ အကဲဖြတ်ရမည်ကို သင်တို့မသိခြင်းဖြစ်ပြီး လူတို့၏ အနှစ်သာရကို ရှင်းလင်းစွာ မမြင်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ အရေးပါဆုံးသော ပြဿနာဖြစ်သည်။ သင်တို့သည် အကန့်အသတ်ဖြင့် အကဲဖြတ်ပုံနှင့်ပတ်သက်၍ အဘယ်အရာကို သိသနည်း။ ယောက်ျားများသည် မိန်းမက လှပခြင်းရှိမရှိ၊ သူမသည် ကောလိပ်တက်ပြီးခြင်းရှိမရှိ၊ သူမ၏ မိသားစုက ချမ်းသာခြင်းရှိမရှိ၊ သူမသည် ကောင်းစွာ ဝတ်စားဆင်ယင်နိုင်ခြင်းရှိမရှိ၊ မည်သို့ကြင်နာယုယရမည်ကို သူမ သိခြင်းရှိမရှိ၊ ခင်တွယ်တတ်ခြင်း ရှိနိုင်မရှိနိုင်တို့ကိုသာ မည်သို့ အကဲဖြတ်ရမည်ကို သိကြသည်။ ပို၍ အသေးစိတ်ဆိုလျှင် ယောက်ျားများသည် မိန်းမက ဇနီးကောင်း၊ မိခင်ကောင်းတစ်ယောက် ဖြစ်မည်၊ မဖြစ်မည်ကိုလည်းကောင်း၊ သူမသည် နောင်တွင် သူမ၏ သားသမီးများကို သွန်သင်ပေးနိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ သူမသည် အိမ်ကို စီမံနိုင်ခြင်း ရှိမရှိကိုလည်းကောင်း သိအောင်လုပ်နိုင်သည်။ ဤအရာများသည် ယောက်ျားများက မည်သို့အကဲဖြတ်ရမည်ကို အသိဆုံးသော အရာများဖြစ်သည်။ ပြီးလျှင် မိန်းမက ယောက်ျားများနှင့် ပတ်သက်ပြီး မည်သည့်အရာကို အကဲဖြတ်နိုင်သနည်း။ ယောက်ျားက မည်သို့ကြင်နာယုယတတ်ရမည်ကို သိခြင်းရှိမရှိကိုလည်းကောင်း၊ လုပ်ရည်ကိုင်ရည် ရှိမရှိကိုလည်းကောင်း၊ မိသားစုဘဏ္ဍာတိုက်ကို သူ ဖြည့်ဆည်းခြင်းရှိမရှိကိုလည်းကောင်း၊ သူသည် ချမ်းသာဖို့၊ သို့မဟုတ် ဆင်းရဲဖို့ ကံပါလာသည်ကိုလည်းကောင်း၊ ကမ္ဘာလောကတွင် အဆင်ပြေစေရန်အတွက် သူ့တွင် နည်းလမ်းတစ်ခုခု ရှိမရှိကိုလည်းကောင်း မိန်းမများက အကဲဖြတ်နိုင်သည်။ ဤထက်ပို၍ အဆင့်မြင့်လျှင် မိန်းမများသည် ယောက်ျားက ဒုက္ခခံနိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ မိသားစုကို ကောင်းစွာ စီမံနိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ သူမသည် သူနှင့်အတူနေလျှင် စားနိုင်၊ ဝတ်ဆင်နိုင်ခြင်းရှိမရှိကိုလည်းကောင်း၊ သူ၏ မိသားစုနောက်ခံက မည်သို့ဖြစ်သည်ကိုလည်းကောင်း၊ သူ၏ မိသားစုက ချမ်းသာခြင်း ရှိမရှိကိုလည်းကောင်း၊ အိမ်၊ ကား၊ စီးပွားရေးတို့ကို ပိုင်ဆိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ စီးပွားရေးလုပ်နေသလော၊ သို့မဟုတ် လယ်သမား၊ သို့မဟုတ် အလုပ်ကြမ်းသမားများ ဖြစ်သလောဆိုသည်ကိုလည်းကောင်း၊ သူ့မိသားစု၏ လက်ရှိ စီးပွားရေးအခြေအနေများက မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ သူ၏ မိဘများက သူမင်္ဂလာဆောင်ရန်အတွက် ပိုက်ဆံစုဆောင်းထားခြင်းရှိမရှိကိုလည်းကောင်း အကဲဖြတ်နိုင်သည်။ ဤအရာများသည် မိန်းမများက အများဆုံး သိသော အရာများဖြစ်သည်။ အလားအလာရှိသော ချစ်သူ၏ လူ့သဘာဝအနှစ်သာရက အဘယ်သို့ရှိသည်၊ သို့မဟုတ် သူသည် ဘုရားသခင်အား ယုံကြည်ခြင်းလမ်းကြောင်းနှင့် ပတ်သက်ပြီး မည်သည့်ရွေးချယ်မှုကို ပြုလုပ်မည်ဆိုသည်နှင့်ပတ်သက်ပြီး ဤအရာများကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်သလော။ (မမြင်နိုင်ပါ။) ပို၍ အတိအကျဆိုရလျှင် ဤလူသည် အန္တိခရစ်၏ လမ်းကြောင်းအား လျှောက်နိုင်စွမ်းရှိသလော။ သူသည် ကောက်ကျစ်ဆိုးယုတ်သလော။ သူ၏ လူ့သဘာဝအရည်အသွေး ဖွင့်ပြခြင်းများနှင့် ထုတ်ဖော်ပြသမှုတို့၏ အနှစ်ချုပ်ကို အကဲဖြတ်ကြည့်လျှင် သူသည် သမ္မာတရားကို လိုက်စားသူဖြစ်သလော၊ သို့မဟုတ် သမ္မာတရားအား စိတ်ကုန်သူဖြစ်သလော။ သမ္မာတရားအား လိုက်စားသည့်လမ်းကြောင်းကို လိုက်လျှောက်နိုင်စွမ်းရှိသလော။ ကယ်တင်ခြင်းကို ရယူနိုင်စွမ်းရှိသလော။ သင်က ထိုသူကို လက်ထပ်လျှင် သင်တို့နှစ်ဦးလုံးသည် လင်နှင့်မယားအဖြစ် နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်လော။ ဤအရာများကို သင်ရှင်းလင်းစွာ မမြင်နိုင်သည် မဟုတ်လော။ လူအချို့က “ဤအရာများကို ကျွန်ုပ်တို့ အဘယ်ကြောင့် ရှင်းလင်းစွာ မြင်ဖို့ လိုသနည်း၊ ကမ္ဘာပေါ်တွင် အိမ်ထောင်ပြုသော သူများစွာရှိသည်၊ ၎င်းတို့သည်လည်း ဤအရာများကို ရှင်းလင်းစွာ မမြင်နိုင်ပါ၊ သို့သော် ၎င်းတို့သည် ၎င်းတို့၏ဘဝကို ဆက်လက်နေထိုင်ဆဲဖြစ်သည် မဟုတ်လော” ဟု ဆိုသည်။ လူများစွာတို့သည် အိမ်ထောင်ကို ရှင်းလင်းစွာ မမြင်ပေ။ သင့်တင့်လျောက်ပတ်စွာ နေထိုင်သော၊ ကြီးမားသော စိတ်မချမ်းသာမှုများ၊ သို့မဟုတ် စိတ်အတက်အကျများမရှိဘဲ သင့်ဘဝကို အတူကုန်ဆုံးနိုင်သော၊ အတူနေထိုင်လျှင် ကြီးမားသော ဒုက္ခမရှိသော လူကောင်းတစ်ယောက်ကို သင်ကြုံရလျှင် ဤအရာကို ကောင်းသောဘဝနှင့် ကောင်းသောအိမ်ထောင်အဖြစ် သတ်မှတ်နိုင်သည်။ သို့ရာတွင် လူအချို့က အခြားလူများကို ရှင်းလင်းစွာမမြင်ဘဲ အခြားလူက မည်သည့်ပုံစံရှိသည်နှင့် မည်သည့်အဆင့်အတန်းရှိသည်ကိုသာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အချိုသတ်ခြင်းခံရပြီး လက်ထပ်ပြီးသည့်အခါတွင်မှ ၎င်းတို့၏ လက်တွဲဖော်က ကောက်ကျစ်ဆိုးယုတ်သူ၊ နတ်ဆိုးတစ်ယောက်ဖြစ်သည်ကိုလည်းကောင်း၊ ထိုသို့သောသူမျိုးနှင့်နေထိုင်လျက် တစ်ရက်ကုန်ဆုံးရတိုင်း တစ်နှစ်ကဲ့သို့ ဖြစ်သည်ကိုလည်းကောင်း တွေ့ရှိရသည်။ မိန်းမများသည် မကြာခဏ မျက်ရည်ကျပြီး ယောက်ျားများကလည်း လွန်စွာ လှည့်စားခြင်းခံရပြီး မတရားဖိနှိပ်ခံရသည်။ ရလဒ်အနေဖြင့် နှစ်အနည်းငယ်ပြီးနောက်တွင် ကွာရှင်းကြသည်။ အချို့သော အိမ်ထောင်သည် စုံတွဲများသည် ၎င်းတို့၏ သားသမီးများက သုံးလေးနှစ်အရွယ်တွင်၊ သို့မဟုတ် ဆယ်ကျော်သက်အရွယ်တွင် ကွာရှင်းကြသည်။ အချို့မှာ အတူတကွမနေနိုင်တော့သည်ကို သိရှိရသောအချိန်တွင် မြေးများပင် ရှိနေကြပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ကွာရှင်းကြသည်။ ဤလူတို့သည် အဆုံးတွင် မည်သည့်အရာကိုပြောသနည်း။ “အိမ်ထောင်က အုတ်ဂူတစ်ခုပဲ”၊ “အိမ်ထောင်က မီးသဂြိုဟ်ရုံတစ်ခုပဲ” ဟူ၍ဖြစ်သည်။ ဤသို့ဆိုလျှင် ဤရလဒ်ကို ဖြစ်စေသော အမှားသည် မိန်းမဘက်တွင်ရှိသလော၊ ယောက်ျားဘက်တွင် ရှိသလော။ နှစ်ဦးလုံးက အမှားပြုလုပ်သည်။ ပြီးလျှင် နှစ်ဦးလုံးက လုံးဝ မကောင်းပေ။ အိမ်ထောင်၊ သို့မဟုတ် အိမ်ထောင်ဘဝ၏ သဘောသဘာဝမှာ မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ မသိပေ။ အိမ်ထောင်၏ သဘောသဘာဝသည် အချင်းချင်းအတွက် တာဝန်ယူခြင်း၊ လက်တွေ့ဘဝသို့ ဝင်ရောက်ပြီး အချင်းချင်း ပံ့ပိုးခြင်းဖြစ်သည်။ ဤသည်မှာ လက်တွဲဖော်နှစ်ဦးလုံး၏ သာမန်ကလူ့သဘာဝအပေါ်တွင်မူတည်ပြီး သို့မှသာ ၎င်းတို့သည် အသက်ကြီးသည်အထိ ပျော်ရွှင်စွာ၊ တည်ငြိမ်စွာနေနိုင်ကာ အဆုံးတိုင်အောင် အတူတကွနေနိုင်သည်။ အိမ်ထောင်ဘဝ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းသည်လည်း လက်တွဲဖော်နှစ်ဦးလုံး၏ သာမန်လူ့သဘာဝအပေါ် မူတည်သည်။ ပြီးလျှင် ဤနည်းအားဖြင့်သာ ၎င်းတို့သည် ငြိမ်းချမ်းစွာ နေထိုင်နိုင်ပြီး အခြေကျကာ ပျော်ရွှင်နိုင်သည်။ လက်တွဲဖော်နှစ်ဦးလုံးသည် အချင်းချင်းအတွက် တာဝန်ယူရမည်။ သို့မှသာ ၎င်းတို့သည် နောက်ဆုံးတွင် အဆုံးတိုင်အောင် အသက်ကြီးသည်အထိ အတူဒွန်တွဲလျက်နေနိုင်သည်။ သို့ရာတွင် ဤသည်မှာ နိုင်ငံတော်သို့ ဝင်ရောက်ခြင်းမဟုတ်ပေ။ အိမ်ထောင်ပြုသော စုံတွဲအတွက် နိုင်ငံတော်ကို အတူတကွဝင်ရောက်ရန် မလွယ်ကူပေ။ ၎င်းတို့သည် နိုင်ငံတော်သို့ မဝင်ရောက်နိုင်လျှင်ပင် အိမ်ထောင်ပြုသောစုံတွဲအတွက် နောက်ဆုံး၌ အသက်ကြီးသည်အထိ အတူဒွန်တွဲနေထိုင်နိုင်ရန် အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိဖို့ လိုအပ်သည်။ စံနှုန်းမီသော လူ့သဘာဝရှိဖို့ လိုအပ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) ဤသို့ မိတ်သဟာယဖွဲ့ခြင်းသည် သင်တို့အား အိမ်ထောင်၌ ပို၍ ယုံကြည်ခြင်းရှိစေသလော၊ သို့မဟုတ် ယုံကြည်ခြင်းလျော့နည်းစေသလော၊ သို့မဟုတ် သင့်အား မှန်ကန်သော သဘောထားနှင့် အမြင်ရှိစေသလော။ (ကျွန်ုပ်တို့အား မှန်ကန်သော သဘောထားနှင့် အမြင်ရှိစေပါသည်။) ဤသို့ မိတ်သဟာယဖွဲ့ခြင်းသည် ယုံကြည်ခြင်းပို၍ ရှိခြင်း၊ လျော့နည်းခြင်းနှင့် သက်ဆိုင်ခြင်းမရှိသည် မဟုတ်လော။ ငါသည် အိမ်ထောင်နှင့်သက်ဆိုင်သော စိတ်ကူးယဉ်မှုအမျိုးမျိုးကို လက်လွှတ်ခြင်းအကြောင်းကို ပြောသည်မှာ သင့်အား အိမ်ထောင်ကို စွန့်လွှတ်ရန်၊ သို့မဟုတ် ငြင်းပယ်ရန် ပြုလုပ်ဖို့ မဟုတ်ဘဲ ထိုအစား ဤအမှုကိစ္စတွင် မှန်ကန်ပြီး ဆင်ခြင်ဉာဏ်ရှိသောနည်းလမ်းကို ယူရန်ဖြစ်သည်။ ပို၍ အတိအကျဆိုလျှင် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ဤအမှုကိစ္စကို စဉ်းစားနိုင်ရန်၊ ချဉ်းကပ်နိုင်ရန်၊ ဖြေရှင်းနိုင်ရန်ဖြစ်သည်။ အိမ်ထောင်အကြောင်း စဉ်းစားခြင်းအား လုံးဝ ရပ်တန့်ရန် မဟုတ်ပေ။ မစဉ်းစားခြင်းသည် လက်လွှတ်ခြင်းနှင့် မတူပေ။ အမှန်တကယ် လက်လွှတ်ခြင်းသည် မှန်ကန်ပြီး တိကျသော အတွေးအမြင်များရှိခြင်းဖြစ်သည်။ ယခုတွင် ဤသို့ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့သည် အိမ်ထောင်နှင့်ပတ်သက်သော သင်တို့၏ အမျိုးမျိုးသော စိတ်ကူးယဉ်အချို့ကို လက်လွှတ်နှင့်ပြီး ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် သင်တို့သည် အိမ်ထောင်ကို ပို၍ကြောက်ရွံ့သလော၊ သို့မဟုတ် ပို၍ တောင့်တသလော။ အမှန်တကယ်တွင် မည်သည့်အရာမျှမဟုတ်ပေ။ ဤအရာကို ဤမျှကြောက်ရွံ့ရန်၊ သို့မဟုတ် တောင့်တရန် မလိုအပ်ပေ။ သင်က ယခုတွင် တစ်ကိုယ်တည်းဖြစ်ပြီး “ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံလိုသည်၊ ယခုအချိန်တွင် အိမ်ထောင်အကြောင်း မစဉ်းစားဘဲ အိမ်ထောင်ပြုရန်လည်း အစီအစဉ်မရှိ၊ ထို့ကြောင့် ကျွန်ုပ်၏ စိတ်နှလုံးတွင် အိမ်ထောင်ကို ကွက်လပ်တစ်ခုအဖြစ် ထားမည်၊ ဗလာစာမျက်နှာတစ်ခုအဖြစ် ရှိစေမည်” ဟု ဆိုလျှင် ဤအမြင်မှာ မှန်ကန်သလော။ (မမှန်ပါ။ ဘုရားသခင်က ဤသမ္မာတရားကို ကျွန်ုပ်တို့အား မိတ်သဟာယဖွဲ့ခြင်းမှာ ကျွန်ုပ်တို့အနေဖြင့် ဤသမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ရန်၊ ဤအရာကို နားလည်ရန်၊ လက်တွေ့လုပ်ဆောင်ရန် လိုအပ်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ပြောသည့်အတိုင်းလည်း ပြုမူဆောင်ရွက်သင့်သည်။ သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ်ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့် လုံးဝကိုက်ညီစွာဖြင့် လူများ၊ အမှုအရာများကို ရှုမြင်သင့်သည်။ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သင့်သည်။ ကျွန်ုပ်တို့သည် ယခုအချိန်တွင် အိမ်ထောင်နှင့်ပတ်သက်ပြီး စဉ်းစားနေသည်ဖြစ်စေ၊ မစဉ်းစားသည်ဖြစ်စေ ဤသမ္မာတရားကို ကျွန်ုပ် နားလည်ဖို့လိုသေးသည်။ ထိုအခါမှသာ အမှားပြုလုပ်ခြင်းကို ကျွန်ုပ်တို့ ရှောင်ကြဉ်နိုင်မည်။) ဤနားလည်မှုက မှန်သလော။ (မှန်ပါသည်။)

ယခုတွင် “ကျွန်ုပ်တို့သည် တစ်ကိုယ်တည်းဖြစ်ပြီး တစ်ကိုယ်တည်းဖြစ်သည်မှာ မြင့်မြတ်သည်ဟု မယုံကြည်သူများ၏ လောကက ဆိုသည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် တစ်ကိုယ်တည်းဖြစ်သောသူများသည် သန့်ရှင်းပြီး အိမ်ထောင်ပြုသောသူတို့သည် မသန့်ရှင်းဟု မဆိုနိုင်သလော” ဟု ပြောသောသူတစ်ဦးတလေ ရှိသလော။ ဤသို့သောအရာများကို ပြောသောသူ တစ်ဦးတလေ ရှိသလော။ အိမ်ထောင်အပေါ် မိမိတို့၏ နားလည်မှုတွင် အစဉ်သဖြင့် လွဲမှားသော အယူအဆရှိသည့် အိမ်ထောင်သည်အချို့ရှိသည်။ ၎င်းတို့သည် အိမ်ထောင်ကျပြီးနောက်တွင် ၎င်းတို့အတွေးများက ယခင်ကကဲ့သို့ မသန့်စင်တော့၊ သို့မဟုတ် မရိုးရှင်းတော့၊ သို့မဟုတ် မစင်ကြယ်တော့ကြောင်း၊ အိမ်ထောင်ကျပြီးနောက်တွင် ၎င်းတို့၏ အတွေးများက ရှုပ်ထွေးလာကြောင်း၊ ပြီးလျှင် အထူးသဖြင့် အိမ်ထောင်သည်များသည် ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများရှိပြီး မသန့်ရှင်းတော့ကြောင်း ယုံကြည်ကြသည်။ ထို့ကြောင့် ဘုရားအမှုတော်ကို ၎င်းတို့ လက်ခံပြီးနောက်တွင် ၎င်းတို့၏ လက်တွဲဖော်အား “ငါ ဘုရားအမှုတော်ကို လက်ခံပြီးပြီဖြစ်ကာ ယနေ့မှစ၍ သန့်ရှင်းမှုကို ငါလိုက်စားရမည်။ ငါမင်းနှင့်အတူအိပ်၍ မရတော့ပါ။ မင်းဘာသာ အိပ်မှဖြစ်မည်။ ငါက အခြားအခန်းထဲတွင် သွားအိပ်ရမည်” ဟု ပြတ်သားစွာ ဆိုသည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် ခွဲ၍အိပ်ပြီး ၎င်း၏ လက်တွဲဖော်က တစ်ကိုယ်တည်း အိပ်သည်။ သို့သော် အတူတကွနေထိုင်ဆဲဖြစ်သည်။ ဤသို့သောလူများသည် မည်သည့်အရာကို လိုက်စားသနည်း။ ၎င်းတို့သည် ဇာတိပကတိ၏ သန့်ရှင်းမှုမျိုးကို လိုက်စားနေခြင်းဖြစ်သည်။ ဤသည်မှာ အိမ်ထောင်အပေါ် နားလည်မှုလွဲခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤနားလည်မှုလွဲခြင်းသည် ဖြေရှင်းရန် လွယ်ကူသလော။ ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများရှိပြီးနောက်တွင် မိမိတို့သည် သန့်ရှင်းခြင်းမရှိတော့ဟု ယုံကြည်သော အိမ်ထောင်သည်အချို့ရှိသည်။ ဤတွင် ဖုံးကွယ်နေသော အဓိပ္ပာယ်မှာ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများမရှိလျှင်၊ ၎င်းတို့၏ အိမ်ထောင်ကို စွန့်ခွာပြီး ကွာရှင်းလျှင်၊ ၎င်းတို့သည် သန့်ရှင်းလာလိမ့်မည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်က သန့်ရှင်းလာသည့်နည်းဖြစ်လျှင် အိမ်ထောင်မပြုသောသူတို့သည် ပို၍ပင် သန့်ရှင်းသည်ဟု အဓိပ္ပာယ်ရမည်မဟုတ်လော။ လူတို့သည် ဤသို့သော လွဲနေပြီး မှားယွင်းသည့် နားလည်မှုတို့ဖြင့် ၎င်းတို့ပြုလုပ်သော ရွေးချယ်မှုများ၊ သို့မဟုတ် လုပ်ဆောင်မှုများသည် ၎င်းတို့၏ လက်တွဲဖော်ကို ဝေခွဲမရဖြစ်စေပြီး စိတ်ဆိုးစေသည်။ အချို့သော ယုံကြည်ခြင်းမရှိသည့် ခင်ပွန်းများ၊ သို့မဟုတ် ဇနီးများသည် ယုံကြည်ခြင်းကို နားလည်မှုလွဲပြီး မနှစ်သက်ခြင်းဖြစ်ပေါ်လာသည်။ ပြီးလျှင် ဘုရားသခင်နှင့်ပတ်သက်ပြီး ပြစ်မှားစော်ကား ပြောဆိုသူအချို့ပင်ရှိသည်။ ပြောလော့။ “သန့်ရှင်းခြင်း” ကို လိုက်စားသော ဤလူတို့လုပ်ဆောင်သည့်အရာမှာ မှန်သလော။ (မမှန်ပါ။) အဘယ်ကြောင့်မမှန်ရသနည်း။ ရှေးဦးစွာ ၎င်းတို့၏ စဉ်းစားပုံတွင် ပြဿနာတစ်ခုရှိသည်။ မည်သည့်ပြဿနာဖြစ်သနည်း။ (၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို နားလည်မှုလွဲသည်။) ပထမအနေဖြင့် အိမ်ထောင်အပေါ် ၎င်းတို့၏ အမြင်သည် လွဲနေပြီး မှားယွင်းနေသည်။ ဒုတိယအနေဖြင့် သန့်ရှင်းခြင်းနှင့် မသန့်ရှင်းခြင်းအပေါ် ၎င်းတို့၏ အဓိပ္ပာယ်သတ်မှတ်မှုနှင့် နားလည်မှုတို့မှာ လွဲနေပြီး မှားယွင်းနေသည်။ ဆန့်ကျင်ဘက်လိင်နှင့် ဆက်နွှယ်မှုမရှိခြင်းသည် သန့်ရှင်းစေသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသို့ဆိုလျှင် မသန့်ရှင်းခြင်းမှာ အဘယ်နည်း။ သန့်ရှင်းခြင်းမှာ အဘယ်နည်း။ သန့်ရှင်းခြင်းဆိုသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိခြင်းကို ဆိုလိုသလော။ လူတစ်ယောက်သည် သမ္မာတရားကို ရရှိပြီး ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲသောအခါ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိတော့ပေ။ ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများ မရှိသောသူတစ်ယောက်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိသလော။ လူတို့သည် ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများရှိသောအခါမှသာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ပေါ်ပေါက်သလော။ (မဟုတ်ပါ။) သိသာထင်ရှားစွာပင် ဤနားလည်မှုက မှားယွင်းနေသည်။ သင်သည် အိမ်ထောင်ကျပြီး ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများရှိသည်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက နည်းနည်းမျှ ပို၍ ဆိုးသွားခြင်းမရှိဘဲ ယခင်ကကဲ့သို့ပင် ကျန်ရှိနေသည်။ သင်သည် အိမ်ထောင်သည်မဟုတ်ဘဲ ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများမရှိလျှင် သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုခုရှိသလော။ များစွာရှိသည်။ ထို့ကြောင့် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထိုသို့သောသူက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိမရှိသည် သူ၏ အိမ်ထောင်ရှိမရှိအပေါ်တွင်လည်းကောင်း၊ သူသည် အိမ်ထောင်သည် ဟုတ်မဟုတ်၊ သို့မဟုတ် ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများ ရှိမရှိအပေါ်တွင်လည်းကောင်း အခြေခံပြီး အကဲဖြတ်ခြင်းမဟုတ်ပေ။ ဤသို့စဉ်းစားပြီး လုပ်ဆောင်သော လူတို့သည် အဘယ်ကြောင့် အိမ်ထောင်နှင့်ပတ်သက်၍ ဤမှားယွင်းသော အယူအဆမျိုးရှိသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်သနည်း။ ဤသည်မှာ ဖြေရှင်းသင့်သော ပြဿနာတစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့ ဖြေရှင်းနိုင်သလော။ လူတစ်ယောက်သည် ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ပြီး ထိုသူနှင့် ဆက်ဆံရေးများ ရှိလာဖို့လိုအပ်ကာ ထို့နောက်တွင် သူသည် မသန့်ရှင်းဘဲ လုံးလုံး ဖောက်ပြန်ပျက်စီးသည်။ ဤသို့ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဟုတ်လျှင် ဘုရားသခင် ယောက်ျားနှင့် မိန်းမအား ပေါင်းစည်းမှုကို စီမံခြင်းသည် အမှားတစ်ခုဖြစ်လိမ့်မည်။ ထို့ကြောင့် ဤပြဿနာကို ငါတို့ မည်သို့ဖြေရှင်းနိုင်သနည်း။ ဤပြဿနာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ ဤပြဿနာ၏ အရင်းအမြစ်ကို စိတ်ဖြာလေ့လာဆွေးနွေးပြီး နားလည်ခြင်းအားဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်သည်။ သင်တို့သည်လည်း ဤအမြင်မရှိသလော။ အိမ်ထောင်ပြုပြီးဖြစ်စေ၊ မပြုသည်ဖြစ်စေ လူတိုင်းက အိမ်ထောင်အပေါ်တွင် ဤအမြင်မရှိသလော။ (ရှိပါသည်။) သင်တို့သည် ဤပြဿနာမှ မလွတ်မြောက်နိုင်သည်ကို ငါသိသည်။ ဤသို့ဆိုလျှင် ဤအမြင်၏ အရင်းအမြစ်မှာ အဘယ်နည်း။ (လူတို့သည် သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်၊ မသန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်ဆိုသည်ကို မရှင်းလင်းပါ။) သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်၊ မသန့်ရှင်းခြင်းက မည်သည့်အရာ ဖြစ်သည်ဆိုသည်ကို လူတို့မသိခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ (လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို ရှင်းလင်းစွာ သဘောမပေါက်နိုင်၊ သို့မဟုတ် သမ္မာတရားကို နားမလည်နိုင်ပါ။) ဘုရားနှုတ်ကပတ်တော်၏ မည်သည့်သွင်ပြင်လက္ခဏာကို ၎င်းတို့ ရှင်းလင်းစွာ သဘောမပေါက်နိုင်သနည်း။ (အိမ်ထောင်သည် လူတို့က ၎င်းတို့ဘဝတွင် သာမန်အားဖြင့် တွေ့ကြုံသင့်သောအရာ ဖြစ်ပြီး ဘုရားသခင်က စီမံခြင်းလည်းဖြစ်သည်။ သို့တိုင်အောင် လူတို့သည် အိမ်ထောင်ပြုပြီး ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများရှိခြင်းကို ၎င်းတို့က သန့်ရှင်းခြင်းရှိမရှိနှင့် ဆက်စပ်သည်။ အမှန်တကယ်တွင် သန့်ရှင်းခြင်းဆိုသည်မှာ လူတစ်ယောက်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိခြင်းကို ဆိုလိုပြီး ထိုသူက အိမ်ထောင်သည်ဟုတ်မဟုတ်နှင့် လုံးဝ မသက်ဆိုင်ပေ။ ဥပမာ ကက်သလစ်အသင်းတော်ရှိ မယ်သီလရှင်များကို ကြည့်လော့။ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို လက်မခံဘဲ သမ္မာတရားကို နားမလည်လျှင် ၎င်းတို့၏ တစ်ဘဝလုံးကို အိမ်ထောင်မပြုဘဲ ကုန်ဆုံးသော်လည်း ၎င်းတို့သည် သန့်ရှင်းသည်ဟု မဆိုနိုင်သေးပေ။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းရသေးသောကြောင့်ဖြစ်သည်။) ဤသည်မှာ ဤအမှုကိစ္စကိုရှင်းလင်းစွာ ရှင်းပြသလော။ သန့်ရှင်းခြင်းနှင့် မသန့်ရှင်းခြင်းကြား ကွာခြားချက်သည် လူတစ်ယောက်က အိမ်ထောင်ပြုခြင်းရှိမရှိအပေါ်တွင် မူတည်သလော။ (မမူတည်ပါ။) မူတည်ခြင်းမရှိပေ။ ပြီးလျှင် ဤအရာကို သက်သေပြရန် ခိုင်မာသော သက်သေရှိသည်။ ဥပမာ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသောသူ၊ ရူးနှမ်းသောသူ၊ စိတ်မနှံ့သောသူ၊ ကက်သလစ် သီလရှင်များ၊ ဗုဒ္ဓဘာသာ သီလရှင်များ၊ ဗုဒ္ဓဘာသာဘုန်းကြီးများအားလုံးသည် အိမ်ထောင်မရှိပေ။ သို့သော် ၎င်းတို့သည် သန့်ရှင်းသလော။ (မသန့်ရှင်းပါ။) စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသောသူများ၊ လူအများ၊ စိတ်နှံ့သူများသည် သာမန်အသိစိတ်ကို မပိုင်ဆိုင်ပေ။ ၎င်းတို့သည် အိမ်ထောင်မပြုနိုင်ပေ။ ၎င်းတို့ထဲမှ မည်သည့်ယောက်ျားကမျှ မိန်းမတစ်ယောက်ရအောင် မရှာနိုင်ပေ။ ၎င်းတို့ထဲမှ မည်သည့်မိန်းမကမျှ ယောက်ျားတစ်ယောက်ရအောင် မရှာနိုင်ပေ။ ၎င်းတို့သည် သန့်ရှင်းခြင်းမရှိပေ။ ကက်သလစ်သီလရှင်များ၊ ဗုဒ္ဓဘာသာဝင် သီလရှင်များ၊ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများနှင့် အခြားသောအထူးအုပ်စုများသည် အိမ်ထောင်မပြုပေ။ ၎င်းတို့သည် သန့်ရှင်းခြင်းလည်း မရှိပေ။ “သန့်ရှင်းခြင်းမရှိ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် မသန့်ရှင်းဟု ငါဆိုလိုသည်။ “မသန့်ရှင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ဟု ဆိုလိုသည်။) မှန်သည်။ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ဟု ဆိုလိုသည်။ ဤအိမ်ထောင်မပြုသောလူအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး မည်သူကမျှ မသန့်ရှင်းပေ။ ဤသို့ဆိုလျှင် အိမ်ထောင်ပြုပြီးသောလူများဆိုလျှင် အဘယ်သို့နည်း။ အိမ်ထောင်ပြုပြီးသောသူနှင့် အိမ်ထောင်မပြုသောသူများကြားတွင် အနှစ်သာရ၌ ကွာခြားမှုတစ်ခုခုရှိသလော။ (မရှိပါ။) အနှစ်သာရအရ ၎င်းတို့ကြားတွင် ကွာခြားချက်မရှိပေ။ ၎င်းတို့ကြားတွင် ကွာခြားချက် မရှိဟုဆိုခြင်းအားဖြင့် မည်သည့်အရာကို ငါဆိုလိုသနည်း။ (၎င်းတို့အားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီး ၎င်းတို့အားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ဟု ဆိုလိုပါသည်။) မှန်သည်။ ၎င်းတို့အားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရကာ ၎င်းတို့အားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံနိုင်ပေ၊ သို့မဟုတ် သမ္မာတရားကို မနာခံခံနိုင်ပေ။ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လမ်းကြောင်းကို မလိုက်လျှောက်နိုင်ပေ။ ၎င်းတို့ကို ဘုရားသခင်က မချီးကျူးပေ။ ၎င်းတို့သည် ကယ်တင်ခြင်းမခံရပေ။ ၎င်းတို့အားလုံးသည် မသန့်ရှင်းပေ။ ထို့ကြောင့် လူတစ်ယောက်က သန့်ရှင်းသည်၊ မသန့်ရှင်းသည်ဆိုသည်ကို ထိုသူက အိမ်ထောင်သည် ဟုတ်မဟုတ်နှင့် အကဲဖြတ်၍မရပေ။ ဤသို့ဆိုလျှင် လူတို့သည် အိမ်ထောင်သည်တို့သည် သန့်ရှင်းခြင်းမရှိ၊ ၎င်းတို့သည် မသန့်ရှင်းဟု ယုံကြည်လျက် အိမ်ထောင်နှင့်ပတ်သက်ပြီး အဘယ်ကြောင့် ဤသို့သော လွဲမှားသောအယူအဆမျိုးရှိသနည်း။ ဤလွဲမှားသောအယူအဆ၏ အချက်အချာမှာ အဘယ်နည်း။ (အိမ်ထောင်အပေါ် ၎င်းတို့၏ အမြင်များသည် လွဲပြီး မှားယွင်းနေသည်။) အိမ်ထောင်နှင့် အိမ်ထောင်သည်ဘဝအပေါ် ၎င်းတို့၏ အမြင်များက လွဲမှားပြီး မှားယွင်းနေခြင်းလော၊ သို့မဟုတ် အခြားသောအရာတစ်ခုအပေါ် ၎င်းတို့၏ အမြင်က လွဲမှားပြီး မှားယွင်းနေခြင်းလော။ ဤအရာကို တစ်ယောက်ယောက် ရှင်းလင်းစွာ ရှင်းပြနိုင်သလော။ ယခင်က ငါတို့ ပြောခဲ့သကဲ့သို့ပင် မည်သည့်အိမ်ထောင်မဆိုသည် နောက်ဆုံးတွင် လက်တွေ့ဘဝသို့ ပြန်သွားလိမ့်မည်။ ဤသို့ဆိုလျှင် ဤအိမ်ထောင်သည်ဘဝသည် လူတို့က မသန့်ရှင်းဟု ယုံကြည်သည့်အရာ၏ အရင်းအမြစ်ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ လူတို့က မသန့်ရှင်းဟု ယုံကြည်သည့်အရာ၏ အရင်းအမြစ်မဟုတ်ပါ။ လူတို့၏ အတွေးတွင်ရှိသော မသန့်ရှင်းဟု ၎င်းတို့ ယုံကြည်သည့်အရာ၏ အရင်းအမြစ်ကို အမှန်တကယ်တွင် ၎င်းတို့၏ စိတ်နှင့် အတွင်းအကျဆုံးသော စိတ်နှလုံးထဲတွင် ၎င်းတို့သိသည်။ ဤသည်မှာ ၎င်းတို့၏ လိင်မှုဆန္ဒဖြစ်ပြီး ဤသည်မှာ အယူအဆမှား တည်ရှိနေသောနေရာဖြစ်သည်။ အိမ်ထောင်သည် ဟုတ်မဟုတ်ဆိုသည့်အပေါ် အခြေခံသည့် သန့်ရှင်းသည်၊ သို့မဟုတ် မသန့်ရှင်းသည်ဟူ၍ လူတစ်ယောက်၏ အဓိပ္ပာယ်သတ်မှတ်ချက်နှင့် ခွဲခြားချက်သည် နားလည်မှုလွဲခြင်းနှင့် လွဲမှားသောအယူအဆတစ်ခုဖြစ်သည်။ ဤအရာ၏ အရင်းအမြစ်သည် လူတို့၏ အသွေးအသား လိင်မှုဆန္ဒအပေါ် ၎င်းတို့တွင်ရှိသည့် အဓိပ္ပာယ်မရှိစွာ မှားယွင်းသော၊ မမှန်ကန်သော နားလည်မှုဖြစ်သည်။ ဤနားလည်မှုသည် အဓိပ္ပာယ်မဲ့ မှားယွင်းသည်ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ လူတို့က ၎င်းတို့သည် လိင်မှုဆန္ဒကို ခံစားရပြီး အိမ်ထောင်ပြုပြီးနောက် ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများ ရှိသည်နှင့်၊ ဆန့်ကျင်ဘက်လိင်နှင့် ၎င်းတို့ ဆက်ဆံရေးများ ရှိသည်နှင့် ၎င်းတို့သည် အသွေးအသား လိင်မှုဆန္ဒဘဝဆိုသော ဘဝကို စတင်နေထိုင်သည်၊ ထို့နောက်တွင် ၎င်းတို့သည် မသန့်ရှင်းဟူ၍ ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့ ယုံကြည်သည့်အရာမဟုတ်လော။ (ဟုတ်ပါသည်။)

ဤသို့ဆိုလျှင် လိင်မှုဆန္ဒဆိုသည်မှာ အတိအကျ မည်သည့်အရာမျိုးဖြစ်သည်ကို ဆွေးနွေးကြစို့။ သင်သည် ဤအရာကို မှန်ကန်စွာ သဘောပေါက်ပြီး ယင်းနှင့်ပတ်သက်ပြီး တိကျသော၊ မှန်ကန်သော၊ အရှိအတိုင်းဖြစ်သော သဘောပေါက်မှုနှင့် နားလည်မှုရှိသရွေ့ ဤပြဿနာနှင့် မသန့်ရှင်းခြင်း၊ သန့်ရှင်းခြင်းနှင့်သက်ဆိုင်သော ဤလွဲမှားသောအယူအဆကို ပြေလည်လိမ့်မည် ဖြစ်သည်။ ဤသို့မဟုတ်သလော။ လူတို့သည် အိမ်ထောင်ပြုသည်နှင့် ၎င်းတို့၏ လိင်မှုဆန္ဒသည် ပြည့်စုံပြီး ၎င်းတို့၏ လိင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ဆန္ဒများကို ထုတ်ဖော်ပြသည်။ ဤသို့ဖြင့် ၎င်းတို့က “ငါတို့ အိမ်ထောင်သည်များသည် သန့်ရှင်းမှုမရှိ။ ငါတို့သည် မသန့်ရှင်းပါ။ အိမ်ထောင်မကျသေးသည့် ထိုယောက်ျားလေးများနှင့် မိန်းကလေးများက သန့်ရှင်းသည်” ဟု တွေးထင်ကြသည်။ ဤသည်မှာ ရှင်းလင်းစွာပင် လွဲမှားပြီး မှားယွင်းသော နားလည်မှုဖြစ်သည်။ ဤသည်မှာ လိင်မှုဆန္ဒသည် အတိအကျ မည်သည့်အရာ ဖြစ်သည်ဆိုသည်ကို မသိခြင်းမှလာသည်။ ယခုတွင် ပထမဆုံးသော လူသားကို ကြည့်ကြစို့။ အာဒံတွင် လိင်မှုဆန္ဒရှိခဲ့သလော။ ဘုရားသခင် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်သည် အတွေး၊ ဘာသာစကား၊ သိမြင်ခံစားမှုတို့အပြင် လွတ်လပ်သောစိတ်နှင့် စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များကိုပါ ပိုင်ဆိုင်ကြသည်။ “စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ လူတို့သည် ၎င်းတို့ကို အဖော်ပြုပြီး ကူညီပံ့ပိုးရန်၊ စကားပြောဖော်ရှိရန်၊ ၎င်းတို့ကို ဂရုစိုက်သည့်၊ ကြည့်ရှုစောင့်ရှောက်သည့်၊ ချစ်မြတ်နိုးသည့် တစ်စုံတစ်ယောက်ရှိရန် လိုအပ်သည်ဟု ဆိုလိုသည်။ ဤသည်တို့မှာ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များဖြစ်သည်။ အခြားကဏ္ဍတစ်ခုမှာ လူတို့တွင် လိင်မှုဆန္ဒများလည်းရှိခြင်းဖြစ်သည်။ ဤသို့ပြောဆိုခြင်းအတွက် အခြေပြုချက်မှာ အဘယ်နည်း။ ဤသည်မှာ ဘုရားသခင်က အာဒံကို ဖန်ဆင်းပြီးနောက်တွင် အာဒံသည် အဖော်တစ်ယောက် လိုအပ်သည်၊ သူ၏ဘဝလိုအပ်ချက်များနှင့် စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များအတွက်သာ အဖော်တစ်ယောက်လိုအပ်သည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘုရားသခင်ပြောသည့် အခြားလိုအပ်ချက်တစ်ခုလည်း ရှိသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောခဲ့သနည်း။ ကမ္ဘာဦးကျမ်း၊ အခန်းကြီး ၂၊ အငယ် ၂၄တွင် “ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။” ဟူ၍ဖြစ်သည်။ ဤစကားများ၏ အဓိပ္ပာယ်သည် အလွန်ရှင်းလင်းသည်။ ဤအရာကို အလွန်တဲ့တိုးပြောဖို့ မလိုပေ။ ဤစကားများကို သင်တို့ နားလည်သည်မဟုတ်လော။ သိသာစွာပင် ဘုရားသခင်က လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သော အာဒံကို ဖန်ဆင်းသောအခါ အာဒံတွင် ဤလိုအပ်ချက်ရှိသည်။ ဤသည်မှာ အရှိအတိုင်း ဖြစ်သော အနက်ဖွင့်ဆိုမှုဖြစ်သည်မှာ မှန်သည်။ ပို၍အရေးကြီသည်မှာ ဘုရားသခင်က သူ့ကို ဖန်ဆင်းခဲ့သောအခါ၌ သူ့တွင် အာရုံခံအင်္ဂါရှိသည်။ ပြီးလျှင် သူ့၌ ဤဇီဝကမ္မအခြေအနေနှင့် စရိုက်လက္ခဏာများရှိသည်။ ဤသည်မှာ ဘုရားသခင်က ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်၏ ပထမဆုံး ဘိုးဘေးဖြစ်သော၊ အသွေးအသားနှင့် ပထမဆုံးလူသားဖြစ်သော အာဒံ၏ တကယ့်အခြေအနေ ဖြစ်ခဲ့သည်။ သူသည် ဘာသာစကားကို ပိုင်ဆိုင်သည်။ ကြားနိုင်သည်။ မြင်နိုင်သည်။ အရသာခံနိုင်သည်။ အာရုံခံအင်္ဂါများ၊ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များ၊ လိင်မှုဆန္ဒ၊ ဇီဝကမ္မလိုအပ်ချက်များရှိသည်။ သူ့တွင် ငါတို့ ယခုတင် ပြောသွားသည့် လွတ်လပ်သောစိတ်ရှိသည်မှာ မှန်သည်။ ဤအရာများကို စုပေါင်းလျှင် ဘုရားသခင်က ဖန်ဆင်းသော လူသားတစ်ဦးဖြစ်သည်။ ဤသည်မှာ တကယ့်အခြေအနေမဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ယောက်ျားများ၏ ဇီဝကမ္မဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည်။ မိန်းမများဆိုလျှင် အဘယ်သို့ရှိသနည်း။ ဘုရားသခင်က မိန်းမများအတွက် ယောက်ျားများနှင့် ကွဲပြားသည့် ဇီဝကမ္မ ဖွဲ့စည်းတည်ဆောက်ပုံကို ဖန်ဆင်းခဲ့သည်။ ပြီးလျှင် ယောက်ျားများနှင့် တူညီသည့် လိင်မှုဆန္ဒကိုဖန်ဆင်းခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာကို ပြောခြင်းအတွက် အခြေပြုချက်မှာ အဘယ်နည်း။ ကမ္ဘာဦးကျမ်း၊ အခန်းကြီး ၃၊ အငယ် ၁၆ တွင် ဘုရားသခင် ပြောခဲ့သည်မှာ “သင်၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန် များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။”ဟူ၍ဖြစ်သည်။ “သားဘွားရမည်” ဟု ဆိုထားသော သားသည် မည်သည့်နေရာမှ လာသနည်း။ ဤဇီဝကမ္မလိုအပ်ချက်မျိုးကို မပိုင်ဆိုင်သော မိန်းမတစ်ယောက်ရှိသည်ဆိုပါစို့၊ သို့မဟုတ် ပို၍အတိအကျဆိုရလျှင် သူမသည် မိန်းမလိင်မှုဆန္ဒ၏ လိုအပ်ချက်များကို မပိုင်ဆိုင်ဟုဆိုပါစို့။ သူမသည် သန္ဓေတည်နိုင်မည်လော။ မတည်နိုင်ပေ။ ဤသည်မှာ အလွန်ရှင်းလင်းသည်။ ထို့ကြောင့် ယခုတွင် ဘုရားသခင်ထံမှ ဤစာကြောင်းနှစ်ကြောင်းကို ကြည့်လျှင် ဘုရားသခင် ဖန်ဆင်းခဲ့သော ယောက်ျားနှင့် မိန်းမတွင် မတူညီသော ဇီဝကမ္မဖွဲ့စည်းတည်ဆောက်ပုံများရှိသည်။ သို့တိုင်အောင် ၎င်းတို့နှစ်ဦးလုံးက လိင်မှုဆန္ဒနှင့် သက်ဆိုင်သည့် တူညီသော ဇီဝကမ္မ စရိုက်လက္ခဏာရှိကြသည်။ ဤအရာကို ဘုရားသခင်က ပြုလုပ်သည့် ဤအမှုများနှင့် လူသားများအား ပေးသည့် ညွှန်ကြားချက်စာကြောင်းများရှိ အမှာစကားက အတည်ပြုသည်။ ဘုရားသခင်က ဖန်ဆင်းသည့် လူသားများသည် ဇီဝကမ္မ ဖွဲ့စည်းတည်ဆောက်ပုံများကို ပိုင်ဆိုင်ပြီး ၎င်းတို့၏ ဇီဝကမ္မ ဖွဲ့စည်းတည်ဆောက်ပုံများ၏ လိုအပ်ချက်များကိုလည်း ပိုင်ဆိုင်သည်။ ဤသို့ဆိုလျှင် ဤအမှုကိစ္စကို ယခု ငါတို့ အဘယ်သို့ မှတ်ယူသင့်သနည်း။ လိင်မှုဆန္ဒဟုခေါ်သော ဤအရာသည် လူသား၏ ကိုယ်တွင်းအင်္ဂါတစ်ခုကဲ့သို့ အသွေးအသား၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဥပမာ သင်သည် မနက်တွင် ခြောက်နာရီ၌ မနက်စာစားပြီး နေ့လည်တွင် ထိုအစာအားလုံးသည် အနည်းနှင့်အများ အစာ ချေပြီးဖြစ်ကာ သင်၏ အစာအိမ်တွင် အစာမရှိတော့ပေ။ အစာအိမ်က ဤသတင်းအချက်အလက်ကို ဦးနှောက်သို့ ပို့သည်။ ပြီးလျှင် ဦးနှောက်က သင့်အား “သင်၏ အစာအိမ်တွင် အစာမရှိတော့၊ အစာစားဖို့ အချိန်ရောက်ပြီ” ဟူ၍ ပြောသည်။ အစာအိမ်ထဲရှိ ဤခံစားချက်မှာ အဘယ်နည်း။ အနည်းငယ် အစာမရှိဖြစ်ပြီး သက်သောင့်သက်သာမရှိသကဲ့သို့ ခံစားရသည်။ ပြီးလျှင် တစ်ခုခုကို သင်စားချင်သည်။ တစ်စုံတစ်ခုကို စားလိုသည့် ဤခံစားချက်က အဘယ်သို့ ဖြစ်ပေါ်သနည်း။ ဤသည်မှာ သင်၏ အာရုံကြောစနစ်တစ်ခုလုံးနှင့် သင်၏ ကိုယ်တွင်းအင်္ဂါများ၏ လည်ပတ်မှုနှင့် ဇီဝဖြစ်ပျက်မှု၏ ရလဒ်ဖြစ်သည်။ ဤမျှ ရိုးရှင်းသည်။ လိင်မှုဆန္ဒသည် အခြားမည်သည့် ကိုယ်ခန္ဓာအင်္ဂါနှင့်မဆို တူညီသည့် သဘောသဘာဝရှိသည်။ ကိုယ်တွင်းအင်္ဂါတိုင်းသည် အာရုံကြောစနစ်နှင့် ဆက်စပ်နေသည်။ အာရုံကြောစနစ်သည် သင်၏ ကိုယ်အင်္ဂါအမျိုးမျိုးသို့ အမိန့်ပေးသည်။ ဥပမာ သင်၏ နှာခေါင်းက အနံ့ရသည်။ ပြီးလျှင် ရွံစရာကောင်းသောအနံ့ကိုရသောအခါ ဤအနံ့က သင်၏ အာရုံကြောစနစ်သို့ ဝင်ရောက်ပြီး အာရုံကြောစနစ်က သင်၏ ဦးနှောက်ကို “ဤအနံ့သည် ရွံစရာကောင်းသည်၊ ကောင်းသော အနံ့မဟုတ်” ဟု ပြောသည်။ ဤအချက်အလက်ကို သင့်အားပေးပြီး ထို့နောက်တွင် သင်က သင်၏နှာခေါင်းကို ချက်ချင်းဖုံးသည်၊ သို့မဟုတ် သင့်နှာခေါင်းရှေ့တွင် သင့်လက်ကို ယမ်းသည်။ ဤအစီအစဉ်အလိုက် လှုပ်ရှားမှုများရှိသည်။ သင်မြင်သလော။ ဤလှုပ်ရှားမှုနှင့် လုပ်ဆောင်မှုအစီအစဉ်များနှင့် ဤခံစားချက်၊ သတိပြုမိမှုမျိုးတို့အားလုံးကို သင်၏ ကိုယ်ခန္ဓာရှိ အင်္ဂါအချို့နှင့် အာရုံကြောစနစ်က အမိန့်ပေးသည်။ ဥပမာ သင်က အလွန့်အလွန် ကျယ်သော၊ နားစူးသောအသံကို ကြားသည်။ ပြီးလျှင် သင်၏ နားရွက်များက ဤသတင်းအချက်အလက်ကို ရပြီးနောက်တွင် သင်သည် စိတ်မချမ်းမသာဖြစ်သည်၊ သို့မဟုတ် တွန်းလှန်ငြင်းဆန်လိုသည်။ ပြီးလျှင် သင်၏ နားကို ဖုံးအုပ်သည်။ အမှန်တကယ်တွင် သင်နားရွက်မှ လက်ခံရရှိသော အရာအားလုံးသည် အသံဖြစ်သည်၊ သတင်းအချက်အလက်တစ်ခုဖြစ်သည်။ သို့သော် ဤအသံက သင့်အတွက် အကျိုးဖြစ်မဖြစ်ကို ဦးနှောက်က ခွဲခြားသိမြင်သည်။ သင့်အပေါ် ကြီးမားသောသက်ရောက်မှုမရှိလျှင် သင်က ယင်းကို ကြားပြီး ပိုင်းခြားသိမြင်သည်။ ပြီးလျှင် သင်က များစွာ သတိပြုမိခြင်းမရှိဘဲ ပြီးဆုံးသွားသည်။ ယင်းသည် သင်၏ စိတ်နှလုံး၊ သို့မဟုတ် ကိုယ်ခန္ဓာအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုရှိလျှင် သင်၏ ဦးနှောက်က ဤအရာကို ခွဲခြားသိမြင်ပြီး ထို့နောက်တွင် သင်၏ နားရွက်ကို ဖုံးအုပ်ရန်၊ သို့မဟုတ် သင်၏ ပါးစပ်ကို ကျယ်စွာဟရန် သင့်အား ပြောလိမ့်မည်။ ဤသို့သော လုပ်ဆောင်မှုများနှင့် အတွေးများ ဖြစ်ပေါ်လာလိမ့်မည်။ လူသား၏ လိင်မှုဆန္ဒက အလားတူပင်ဖြစ်သည်။ တူညီသော အာရုံကြောများ၏ ထိန်းချုပ်မှုအောက်တွင် မတူညီသည့် အကဲဖြတ်မှု၊ အနက်ဖွင့်ဆိုမှုများရှိသည့် တူညီသော အင်္ဂါများရှိသည်။ လူသား၏ လိင်မှုဆန္ဒသည် ဤသို့ ရိုးရှင်းသောအရာတစ်ခုဖြစ်သည်။ ဤအရာသည် လူသား၏ ကိုယ်ခန္ဓာတွင်ရှိသော အခြားမည်သည့်အင်္ဂါနှင့်မဆို တူညီသည့်အဆင့်တွင်ရှိပြီး တန်းတူညီမျှသည်။ သို့သော် ယင်းတွင် ကိုယ်ပိုင် သီးခြားလက္ခဏာရှိသည်။ ထို့ကြောင့် လူတို့တွင် ယင်းနှင့်ပတ်သက်ပြီး အမျိုးမျိုးသော မတူညီသော အယူအဆများ၊ အမြင်များ၊ အတွေးများ အစဉ်ရှိမည်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤနည်းဖြင့် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့သည် ယခုတွင် မှန်ကန်သော နားလည်မှုမရှိသင့်သလော။ (ရှိသင့်သည်။) လူသား၏ လိင်မှုဆန္ဒသည် နက်နဲခြင်းမရှိပေ။ ယင်းကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး လူသားများ ဖြစ်တည်လာကတည်းက တည်ရှိခဲ့ခြင်းဖြစ်သည်။ ယင်းကို ဘုရားသခင်က စီမံပြီး ဘုရားသခင်က ဖန်ဆင်းခဲ့သောကြောင့် ယင်းနှင့်ပတ်သက်ပြီး လူတို့၌ နားလည်မှုလွဲခြင်းနှင့် အယူအဆမျိုးစုံရှိရုံသက်သက်ဖြင့် အပျက်သဘောဆောင်သောအရာ၊ သို့မဟုတ် မသန့်ရှင်းသောအရာတစ်ခု ဖြစ်မလာနိုင်ပေ။ ယင်းသည် လူသား၏ အခြားမည်သည့် အာရုံခံအင်္ဂါနှင့်မဆို တူညီသည်။ လူသား၏ ကိုယ်ခန္ဓာအတွင်းတွင် တည်ရှိသည်။ ယင်းသည် ဘုရားသခင်က စီစဉ်ပြီး စီမံသော သင့်လျော်သည့် အိမ်ထောင်အတွင်း၌ရှိလျှင် ယင်းသည် ကျိုးကြောင်းသင့်သောအရာဖြစ်သည်။ သို့ရာတွင် လူတို့သည် ယင်းကို အလိုလိုက်လျှင်၊ သို့မဟုတ် တလွဲအသုံးပြုလျှင် အပျက်သဘောဆောင်သောအရာ ဖြစ်လာသည်။ လိင်မှုဆန္ဒကိုယ်၌က အပျက်သဘောမဆောင်သည်မှာ မှန်သည်။ သို့သော် ယင်းကို၊ သို့မဟုတ် ဤအတွေးများကို အသုံးပြုသော လူတို့သည် အပျက်သဘောဆောင်သည်။ ဥပမာ သုံးပွင့်ဆိုင်အချစ်၊ လူတကာနှင့် လိင်ဆက်ဆံမှု၊ ဆွေမျိုးနီးစပ် လိင်ဆက်ဆံမှု၊ ထို့အပြင် မုဒိန်းမှု၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှု စသဖြင့်တို့ဖြစ်သည်။ လိင်မှုဆန္ဒနှင့် သက်ဆိုင်သော ဤအရာများသည် အပျက်သဘောဆောင်သောအရာများ ဖြစ်လာပြီး လူသားအသွေးအသား၏ နဂိုမူလဖြစ်သော လိင်မှုဆန္ဒနှင့် သက်ဆိုင်ခြင်းမရှိပေ။ အသွေးအသား၏ လိင်မှုဆန္ဒသည် ကိုယ်အင်္ဂါနှင့် တူညီသည်။ ယင်းကို ဘုရားသခင်က ဖန်ဆင်းသည်။ သို့ရာတွင် လူသားမျိုးနွယ်၏ ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကြောင့် လိင်မှုဆန္ဒနှင့် သက်ဆိုင်သော ဆိုးယုတ်သော အရာမျိုးစုံဖြစ်ပေါ်ပြီး သင့်လျော်ပြီး သာမန်ဖြစ်သော လိင်မှုဆန္ဒနှင့် မသက်ဆိုင်ပေ။ ဤသည်တို့မှာ မတူညီသော သဘောသဘာဝနှစ်ခု၏ အမှုကိစ္စဖြစ်သည်။ ဤသို့မဟုတ်လော။ (ဟုတ်ပါသည်။) သုံးပွင့်ဆိုင်အချစ်၊ ဖောက်ပြန်မှု၊ ထို့အပြင် ဆွေမျိုးနီးစပ် လိင်ဆက်ဆံမှုနှင့် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် ဖြစ်ပေါ်သော လိင်မှုဆန္ဒနှင့် ဆက်နွှယ်သည့် ဆိုးယုတ်သော အရာများဖြစ်သည်။ ဤအရာများသည် သင့်လျော်သောလိင်မှုဆန္ဒနှင့် အိမ်ထောင်ဖြင့် သက်ဆိုင်ခြင်းမရှိပေ။ ယင်းတို့သည် မသန့်ရှင်းပေ၊ သင့်လျော်မှုမရှိပေ။ အပြုသဘောဆောင်သောအရာများ မဟုတ်ပေ။ ဤအရာကို သင်တို့ ယခု ရှင်းလင်းစွာ မြင်သလော။ (မြင်ပါသည်။)

ဤသို့ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သင်သည် ယခုတွင် အိမ်ထောင်သည်များ၏ လွဲနေပြီး မှားယွင်းနေသော ထိုနားလည်မှုများ၊ လုပ်ဆောင်မှုများကို ရှင်းလင်းစွာ နားလည်သဘောပေါက်ကာ ယင်းတို့နှင့်ပတ်သက်ပြီး အမှန်၊ အမှားကို ပိုင်းခြားသိမြင်နိုင်သလော။ (ပိုင်းခြားသိမြင်နိုင်ပါသည်။) “ကျွန်တော်တို့က ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့က အိမ်ထောင်ပြုပြီးသည့် စုံတွဲအနေနှင့် သီးခြားခွဲနေရမည်လော” ဟု ဆိုသော ယုံကြည်ခြင်း၌ လူသစ်ဖြစ်သောသူကို သင်ကြုံသောအခါ၌ သင် မည်သို့ပြောမည်နည်း။ (သီးခြားခွဲမနေရပါဟု ပြောပါမည်။) သင်က ၎င်းတို့ကို မေးနိုင်သည်။ “မင်းက အဘယ်ကြောင့် သီးခြားခွဲနေဖို့ လိုသနည်း။ စကားများထားကြသလော။ တစ်ယောက်က အကျယ်ကြီးဟောက်သဖြင့် ကျန်တစ်ယောက်က အိပ်လို့မရ ဖြစ်နေခြင်းလော။ ထိုသို့ဖြစ်လျှင် ယင်းမှာ မင်းပြဿနာသာဖြစ်သည်။ ပြီးလျှင် သီးခြားခွဲနေလို့ရသည်။ တခြားအကြောင်းပြချက်ကြောင့်ဖြစ်လျှင် ခွဲနေဖို့ မလို” ဟူ၍ ဖြစ်သည်။ အခြားတစ်ယောက်က “အိုး ကျွန်တော်တို့က အိမ်ထောင်သည် အကြင်လင်မယားအဖြစ် နှစ်လေးဆယ်နီးပါး အတူနေခဲ့ကြသည်။ ကျွန်တော်တို့က အသက်ကြီးပြီ၊ သားသမီးများက အကုန် အရွယ်ရောက်နေပြီဖြစ်သည်။ သို့ဖြစ်၍ အိပ်ရာခွဲပြီး အိပ်သင့်သလော။ ကျွန်တော်တို့က အတူတူပင် မအိပ်သင့်တော့ပါ။ ကျွန်တော်တို့ ကလေးများက ကျွန်တော်တို့ကို ရယ်လိမ့်မည်။ အသက်ကြီးသည့်အချိန်တွင် ကျွန်တော်တို့၏ တည်ကြည်မှုကို ထိန်းသိမ်းသင့်သည်” ဟု ဆိုသည်။ ဤသို့ပြောသည်မှာ ယုတ္တိတန်သောအရာဖြစ်သလော။ (မဟုတ်ပါ။) ယုတ္တိတန်သောအရာ မဟုတ်။ ၎င်းတို့သည် အသက်ကြီးသော အရွယ်တွင် ၎င်းတို့၏ တည်ကြည်မှုကို ထိန်းသိမ်းလိုသည်။ ဤတည်ကြည်မှုသည် မည်သည့်အရာမျိုး ဖြစ်သနည်း။ ၎င်းတို့သည် ငယ်ရွယ်စဉ်အချိန်က မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ ၎င်းတို့သည် ဟန်ဆောင်နေခြင်းသာ မဟုတ်လော။ ဤသို့သောလူများသည် ရွံရှာဖွယ် မဖြစ်သလော။ (ဖြစ်ပါသည်။) ဤသို့သောလူများကို သင်ကြုံတွေ့သောအခါ ၎င်းတို့အား “ဘုရားသခင်အပေါ် ကျွန်တော်တို့၏ ယုံကြည်မှုတွင် ထိုကဲ့သို့သောအရာမျိုးများကို မပြောကြသကဲ့သို့ ဘုရားအိမ်တော်ကလည်း ထိုကဲ့သို့သတ်မှတ်ချက်မျိုးဖြစ်စေ၊ စည်းကမ်းမျိုးဖြစ်စေ မရှိပါ။ ခင်ဗျားက ဤအရာကို အချိန်မီ သိလာလိမ့်မည်။ ခင်ဗျားက ခင်ဗျားကြိုက်သလို နေနိုင်သည်။ ယင်းမှာ ခင်ဗျားကိစ္စဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဖြစ်စေ၊ သမ္မာတရားကို လိုက်စားခြင်းနှင့်ဖြစ်စေ လုံးဝ မသက်ဆိုင်ပါ။ ကယ်တင်ခြင်းကို ရယူခြင်းနှင့်လည်း လုံးဝ မသက်ဆိုင်ပါ။ ဤအရာများကို မေးဖို့ မလိုအပ်သကဲ့သို့ ယင်းတို့အတွက်လည်း မည်သည့်အရာမျှ အနစ်နာခံစရာမလိုပါ” ဟူ၍ ပြောလော့။ ဤသို့ဆိုလျှင် ဤအမှုကိစ္စက မပြေလည်သလော။ (ပြေလည်ပါသည်။) အိမ်ထောင်တွင်ရှိသော လူသား၏ လိင်မှုဆန္ဒ၏ ပြဿနာသည် ထိုအခါတွင် ပြေလည်သွားသည်။ အကြီးဆုံးသော အခက်အခဲကို အောင်မြင်သည်။ ဤသို့ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့အားလုံးသည် ဤအရာကို ရှင်းလင်းသလော။ လိင်မှုဆန္ဒသည် နက်နဲသည်ဟု သင်တို့ ထင်သေးသလော။ (မထင်တော့ပါ။) လိင်မှုဆန္ဒသည် မသန့်ရှင်းပေ၊ သို့မဟုတ် ညစ်ပတ်သည်ဟု ထင်သေးသလော (မထင်တော့ပါ။) လိင်မှုဆန္ဒနှင့်ပတ်သက်လျှင် ယင်းသည် မသန့်ရှင်းခြင်းမဟုတ်သကဲ့သို့ ညစ်ပတ်ခြင်းလည်း မဟုတ်ပေ။ ယင်းသည် သင့်တင့်လျောက်ပတ်သော အရာတစ်ခုဖြစ်သည်။ သို့ရာတွင် လူတို့က ယင်းကို ဆော့ကစားလျှင် သင့်လျော်ခြင်းမရှိတော့ပေ။ ပြီးနောက် အားလုံးက မတူညီသောအရာတစ်ခု ဖြစ်သွားသည်။ မည်သို့ပင်ဖြစ်စေ ဤသို့ မိတ်သဟာယဖွဲ့ပြီးနောက်တွင် အိမ်ထောင်နှင့်ပတ်သက်ပြီး လူတို့၏ အမျိုးမျိုးသော လက်တွေ့ကျသည့်၊ လက်တွေ့မကျသည့် စိတ်ကူးယဉ်များသည် မပြေလည်သွားသလော။ (ပြေလည်သွားပါသည်။) အိမ်ထောင်၏ အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အယူအဆများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် အိမ်ထောင်နှင့် သက်ဆိုင်သော သင်၏ မူမမှန်သော၊ လွဲနေသော၊ မှားယွင်းသော လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများကို အခြေခံအားဖြင့် သင့်စိတ်တွင် အတိုင်းအတာတစ်ခုအထိ လက်လွှတ်ပြီးဖြစ်သည်။ ကျန်ရှိနေသောအရာများအတွက် သင်သည် ယင်းတို့ကို တဖြည်းဖြည်းချင်းဖြင့် သင့်ဘာသာ ခွဲခြားဖော်ထုတ်ပြီး ဆက်လက်၍ လက်တွေ့ဘဝ၌ တဖြည်းဖြည်းချင်းကြုံတွေ့ကာ သင်၏ တစ်ကိုယ်ရေ လက်တွေ့လုပ်ဆောင်မှုမှတစ်ဆင့် သင်ယူလေ့လာဖို့ လိုအပ်လိမ့်မည်။ အရေးကြီးဆုံးအရာမှာ လူတို့သည် အိမ်ထောင်ချည်းသီးသန့်နှင့်ပတ်သက်၍ မှန်ကန်သောနားလည်မှုနှင့် အမြင်ရှုထောင့်ရှိသင့်ခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ အလွန်အရေးကြီးသည်။ သင်သည် အနာဂတ်တွင် အိမ်ထောင်ပြုရန် စီစဉ်နေသည်ဖြစ်စေ၊ မစီစဉ်သည်ဖြစ်စေ အိမ်ထောင်အပေါ် သင်၏ သဘောထားနှင့် အမြင်ရှုထောင့်သည် သမ္မာတရားအပေါ် သင်၏ လိုက်စားမှုကို လွှမ်းမိုးလိမ့်မည်။ ဤအတွက်ကြောင့် ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်ကို သင် အသေးစိတ် ဖတ်ရမည်ဖြစ်သည်။ ပြီးလျှင် နောက်ဆုံးတွင် အိမ်ထောင်အပေါ် မှန်ကန်သော အမြင်ရှုထောင့်နှင့် နားလည်မှုကို ရရှိသင့်သည်။ ယင်းသည် အနည်းဆုံးအနေဖြင့် သမ္မာတရားနှင့် ကိုက်ညီသင့်သည်။ ဤအမှုကိစ္စကို မိတ်သဟာယဖွဲ့၍ ပြီးဆုံးသည်နှင့် သင်၏ အသိပညာက ပို၍ ကျယ်ပြန့်မည်မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် အလွန်ကလေးဆန်ပြီး အမြင်ကျဉ်းမြောင်းတော့မည် မဟုတ်၊ မှန်သလော။ သင်သည် အနာဂတ်တွင် ဤအမှုကိစ္စကို လူတို့နှင့် ဆွေးနွေးသောအခါ သင်သည် ငယ်ရွယ်သည့်တိုင်အောင် ယင်းတို့ကို နားလည်ခြင်းရှိသည်ဟု ၎င်းတို့က မြင်လိမ့်မည်။ ပြီးလျှင် ၎င်းတို့က “သင် လက်ထပ်ပြီးသည်မှာ မည်မျှကြာပြီနည်း” ဟု မေးမည်။ သင်က “ကျွန်တော် လက်မထပ်ရသေးပါ” ဟု ပြန်ဖြေမည်။ ၎င်းတို့က “သို့ဆိုလျှင် မင်းက အိမ်ထောင်နှင့်ပတ်သက်ပြီး လူကြီးတစ်ယောက်၏ နားလည်မှုမျိုးရှိသည်မှာ အဘယ်ကြောင့်များနည်း။ မင်းနားလည်မှုက လူကြီးများထက်ပင် ပိုရင့်ကျက်နေသည့်အလားဖြစ်သည်” ဟု ပြောလိမ့်မည်။ သင်က “ကျွန်တော်က သမ္မာတရားကို နားလည်သည်။ ကျွန်တော် နားလည်သည့် သမ္မာတရားများတွင် အခြေပြုချက်ရှိသည်။ ကျွန်တော်ပြောသည့်အရာကို မယုံလျှင် ကျွန်တော့်ကျမ်းစာကို ယူပြီး ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့သည့် အခြေအနေကို ခင်ဗျားကို ပြမည်။ ကျွန်တော်ပြောသည်မှာ တိကျခြင်း ရှိမရှိကို ခင်ဗျားတွေ့လိမ့်မည်” ဟု ပြန်ဖြေလိမ့်မည်။ အဆုံးတွင် သင်သည် ၎င်းတို့ကို စိတ်နှလုံးထဲ၌ လက်ခံယုံကြည်စေသည်။ ပြီးလျှင် ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်ပြောသမျှသည် လူသား၏ စိတ်ကူးများ၊ သို့မဟုတ် အယူအဆများ၊ သို့မဟုတ် လွဲနေသော၊ မှားယွင်းသောလူသားအမြင်တစ်ခုခု ရောနှောနေခြင်းမရှိဘဲ သင်၏ သန့်စင်သောနားလည်မှုနှင့် သဘောပေါက်မှုတို့မှ အရင်းခံသောကြောင့်၊ သင်ပြောသမျှသည် သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်နှင့်လည်းကောင်း ကိုက်ညီသောကြောင့် ဖြစ်သည်။

ယခုတွင် အိမ်ထောင်ပြုပြီးသူတို့၏ သွေဖည်သော၊ လွဲမှားသော နားလည်မှုများ၊ ကျင့်သုံးမှုများ၏ ပြဿနာကို ငါတို့ မိတ်သဟာယဖွဲ့၍ ပြီးပြီဖြစ်သဖြင့် “အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းသည် သင်၏ တာဝန်မဟုတ်”ဟူသည့် အကြောင်းအရာကို မိတ်သဟာယဖွဲ့ကြစို့။ အိမ်ထောင်နှင့်သက်ဆိုင်သော စိတ်ကူးယဉ်မှုအမျိုးမျိုးအား လူတို့ လက်လွှတ်ခြင်းသည် ၎င်းတို့သည် အိမ်ထောင်၏ အယူအဆနှင့် အဓိပ္ပာယ်သတ်မှတ်ချက်နှင့်ပတ်သက်လာလျှင် နှိုင်းယှဉ်ကြည့်ပါက သမ္မာတရားနှင့် ညီသော မှန်ကန်သည့်နားလည်မှု၊ အယူအဆအချို့ရှိလာသည်ဟု အဓိပ္ပာယ်ရသည်။ သို့ရာတွင် ၎င်းတို့သည် အိမ်ထောင်နှင့် သက်ဆိုင်သော ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများကို အပြည့်အဝ လက်လွှတ်နိုင်သည်ဟု မဆိုလိုပေ။ အိမ်ထောင်ပြုပြီးသူများအတွက်မူ ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို အဘယ်သို့ ထိန်းသိမ်းကြသနည်း။ လူများစွာတို့သည် အိမ်ထောင်ပျော်ရွှင်မှုကို မှန်ကန်စွာ မချဉ်းကပ်နိုင်၊ သို့မဟုတ် အိမ်ထောင်ပျော်ရွှင်မှုနှင့် လူ၏တာဝန်ကြား ဆက်နွှယ်မှုကို မှန်ကန်စွာ မချဉ်းကပ်နိုင်ဟု ဆိုနိုင်သည်။ ဤသည်မှာလည်း ပြဿနာတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) အိမ်ထောင်ကျပြီးသူတို့သည် ဘဝတွင် အိမ်ထောင်ကို အကြီးစားဖြစ်ရပ်တစ်ခုအဖြစ် အစဉ်မှတ်ယူပြီး အိမ်ထောင်အပေါ် လွန်စွာ အလေးထားသည်။ ထို့ကြောင့် ၎င်းတို့သည် အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းသည် ဤဘဝတွင် လိုက်စားရန် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်ဟု ယုံကြည်လျက် ၎င်းတို့ဘဝ၏ ပျော်ရွှင်မှုအားလုံးကို ၎င်းတို့၏ အိမ်ထောင်ဘဝနှင့် ၎င်းတို့၏ လက်တွဲဖော်ထံသို့ အပ်နှံကြသည်။ ဤအတွက်ကြောင့် လူများစွာတို့သည် အိမ်ထောင်ပျော်ရွှင်မှုအတွက် လွန်စွာ အားထုတ်ကြပြီး လွန်စွာ ပေးဆပ်ခြင်း၊ လွန်စွာ အနစ်နာခံခြင်းဖြစ်သည်။ ဥပမာ လူတစ်ယောက်က အိမ်ထောင်ပြုပြီး သူ၏ လက်တွဲဖော်ကို ဆွဲဆောင်ရန်၊ သူ၏ အိမ်ထောင်နှင့် သူ၏ ချစ်ခြင်းကို “တက်ကြွလန်းဆန်း”နေစေရန် များစွာ လုပ်ဆောင်လိမ့်မည်။ မိန်းမအချို့က “ယောက်ျားတစ်ယောက်၏ အချစ်ကိုရဖို့ဟူသည်မှာ သူ့ကို ကောင်းကောင်းချက်ပြုတ်ကျွေးဖို့သာဖြစ်သည်” ဟု ဆိုကြသည်။ ထို့ကြောင့် သူမသည် သူမ၏ မိခင်၊ သို့မဟုတ် လူကြီးများထံမှ ချက်နည်းပြုတ်နည်း၊ ကောင်းမွန်သော ဟင်းလျာနှင့် ပက်ဖ်မုန့်များကို မည်သို့ပြုလုပ်ရမည်ဆိုသည်ကို သင်ယူပြီး သူမ၏ ခင်ပွန်းက ကြိုက်နှစ်သက်သောအရာမျိုးစုံကို ပြုလုပ်ကာ သူ့အတွက် အရသာရှိပြီး နှစ်သက်ဖွယ်ဖြစ်သော အစားအစာကို ပြုလုပ်ပေးရန် ကြိုးပမ်းသည်။ သူမ၏ ခင်ပွန်းက ဆာလောင်သောအခါ သူသည် သူမ၏ ကောင်းမွန်သော ဟင်းလျာများကို တွေးသည်။ ထို့နောက်တွင် သူသည် အိမ်အကြောင်း တွေးသည်။ ထို့နောက် သူမအကြောင်းတွေးသည်။ ထို့နောက် သူသည် အိမ်သို့ အမြန်ပြန်လာသည်။ ဤသို့ဖြင့် သူမသည် အိမ်တွင် တစ်ယောက်တည်း ကျန်ရစ်လေ့မရှိဘဲ ထိုအစား သူမ၏ ခင်ပွန်းက သူမ၏ဘေးတွင် ရှိနေလေ့ရှိသောကြောင့် သူမ၏ ယောက်ျားကို ကောင်းကောင်းချက်ပြုတ်ကျွေးခြင်းမှတစ်ဆင့် သူ၏ အချစ်ကိုရရှိရန်အတွက် အရသာရှိသော ဟင်းလျာအချို့ကို သင်ယူခြင်းက အလွန်အရေးကြီးသည်ဟု သူမ ခံစားရသည်။ ဤသည်မှာ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန် နည်းလမ်းတစ်ခု ဖြစ်သောကြောင့်၊ ပြီးလျှင် မိန်းမတစ်ယောက်၏ အိမ်ထောင်ပျော်ရွှင်မှုအတွက် သူမ ပေးဆပ်သင့်သည့် အဖိုးအခဖြစ်ပြီး သူမ ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သောကြောင့် သူမသည် ဤနည်းဖြင့် သူမ၏ အိမ်ထောင်ကို ထိန်းသိမ်းရန် ကြိုးစားလုပ်ဆောင်သည်။ မိမိတို့၏ အိမ်ထောင်နှင့်ပတ်သက်၍ သိမ်ငယ်နေသော မိန်းမအချို့လည်းရှိသည်။ ၎င်းတို့သည် ၎င်းတို့၏ ခင်ပွန်းကို ကျေနပ်စေရန်၊ ဆွဲဆောင်ရန်၊ လှုံ့ဆော်ရန် နည်းလမ်းအမျိုးမျိုးကို မကြာခဏ အသုံးပြုကြသည်။ ဥပမာ ဤသို့သောမိန်းမသည် သူမ၏ ခင်ပွန်းအား ၎င်းတို့၏ ပထမဆုံးချိန်းတွေ့ခြင်းသည် မည်သည့်အချိန်ဖြစ်သည်၊ ၎င်းတို့ ပထမဆုံး ဆုံသည့်အချိန်သည် မည်သည့်အချိန်ဖြစ်သည်၊ ၎င်းတို့၏ မင်္ဂလာနှစ်ပတ်လည်သည် မည်သည့်အချိန်ဖြစ်သည်နှင့် အခြားသော နေ့စွဲများကို သတိရခြင်းရှိမရှိကို မကြာခဏ မေးလိမ့်မည်။ သူမ၏ ခင်ပွန်းက မှတ်မိလျှင် သူသည် သူမကို ချစ်သည်၊ သူမသည် သူ၏ နှလုံးသားထဲတွင်ရှိသည်ဟု သူမ ခံစားရသည်။ သူက မမှတ်မိလျှင် သူမသည် စိတ်မကြည်မလင်ဖြစ်ပြီး “ဤမျှအရေးကြီးသည့် နေ့ကိုပင် ရှင် သတိမရ။ ရှင်က ကျွန်မကို မချစ်တော့ဘူးလော” ဟူ၍ စောဒကတက်သည်။ သင်မြင်သလော။ ၎င်းတို့၏ လက်တွဲဖော်ကို ဆွဲဆောင်ရန်၊ ၎င်းတို့၏ အာရုံစိုက်မှုကို ရယူရန်၊ ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် အဆက်မပြတ် ကြိုးပမ်းရာတွင် ယောက်ျားနှင့်မိန်းမနှစ်ဦးလုံးသည် ၎င်းတို့၏ လက်တွဲဖော်ကို လှုံ့ဆော်ဖို့ လောကီဆန်သောနည်းလမ်းများကို အသုံးပြုကြသည်။ ၎င်းတို့အားလုံးက အဓိပ္ပာယ်မရှိသော၊ ကလေးဆန်သောအရာများကို လုပ်ဆောင်ကြသည်။ မိမိကိုယ်တိုင်၏ ကျန်းမာရေးကို ထိခိုက်သောအရာများကို လုပ်ဆောင်ရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်မည်ဖြစ်သော မိန်းမအချို့လည်းရှိသည်။ ဥပမာ အသက်သုံးဆယ်ကျော်ရှိသည့် အချို့မိန်းမများသည် ၎င်းတို့၏ အသားအရေက အလွန်ချစ်ဖွယ်ကောင်းပြီး ဖြူခြင်းမရှိတော့သည်ကိုလည်းကောင်း၊ ၎င်းတို့၏ မျက်နှာသည် အလွန်တောက်ပပြီး လှပခြင်းမရှိတော့သည်ကိုလည်းကောင်း မြင်တွေ့လျက် မျက်နှာအသားအရေတင်းရင်းစေရန် လုပ်ထုံးလုပ်နည်းများ ပြုလုပ်သည်၊ သို့မဟုတ် ဟိုက်အာလရားနစ် အက်စစ်ထိုးခြင်း ပြုလုပ်သည်။ ပို၍ ကြည့်ကောင်းလှပရန်အတွက် မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းပြုလုပ်သည့် မိန်းမအချို့ရှိသည်။ ပြီးလျှင် ၎င်းတို့၏ မျက်ခုံးကို ဆေးမင်ကြောင်ထိုးသည်။ ၎င်းတို့၏ ခင်ပွန်းကို ဆွဲဆောင်ရန်အတွက် အထူးပင် လှပပြီး လိင်စိတ်နှိုးဆွသော ပုံစံဖြင့် မကြာခဏ ဝတ်ဆင်ကြသည်။ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင်အိမ်ထောင် ပျော်ရွှင်မှုအတွက် အခြားလူများလုပ်ဆောင်သော ကြင်နာယုယဆန်သော အရာများကို လုပ်ဆောင်ရန်ပင် သင်ယူကြသည်။ ဥပမာ အထူးနေ့တစ်နေ့တွင် ဤသို့သော မိန်းမသည် ဖယောင်းတိုင်များနှင့် ဝိုင်အနီဖြင့် ခမ်းနားသော ညစာကို ခင်းကျင်းနိုင်သည်။ ထို့နောက်တွင် သူမသည် မီးများကို မှိတ်ပြီး သူမ၏ ခင်ပွန်းက အိမ်သို့ ပြန်လာသောအခါ သူ၏ မျက်လုံးများကို မှိတ်ခိုင်းကာ “ယနေ့သည် ဘာနေ့ဖြစ်သနည်း” ဟူ၍ မေးသည်။ သူမ၏ ခင်ပွန်းက ကြာရှည်စွာ ခန့်မှန်းကြည့်သော်လည်း မည်သည့်နေ့ဖြစ်သည်ကို မစဉ်းစားနိုင်။ သူမက ဖယောင်းတိုင်များကို ထွန်းလိုက်သည်။ ပြီးလျှင် သူမ၏ ခင်ပွန်းက သူ၏ မျက်လုံးကို ဖွင့်ပြီး ကြည့်သောအခါတွင် ဖြစ်ချင်တော့ သူကိုယ်တိုင်၏ မွေးနေ့ဖြစ်နေပြီး သူက “အိုး ကောင်းလိုက်တာ၊ မင်းကို အရမ်းချစ်သည်။ ကိုယ့်မွေးနေ့ကိုပင် ကိုယ်မမှတ်မိ။ မင်းက ငါ့မွေးနေ့ကို မှတ်မိသည်။ အရမ်းချစ်ဖို့ကောင်းသည်” ဟု ပြောသည်။ ထို့နောက်တွင် မိန်းမက ပျော်ရွှင်ကျေနပ်သည်။ သူမ၏ ခင်ပွန်းထံမှ ဤစကားအနည်းငယ်မျှဖြင့် သူမသည် ကျေနပ်ပြီး စိတ်ငြိမ်းအေးသည်။ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးသည် ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန် နည်းလမ်းများကို ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ မိန်းမက ကြီးမားသော ပြောင်းလဲမှုများနှင့် အနစ်နာခံမှုများကို ပြုလုပ်ပြီး အချိန်နှင့် အားအင်များစွာကို အသုံးချသည်။ ယောက်ျားကလည်း အလားတူပင်ဖြစ်ပြီး ကမ္ဘာလောကထဲတွင် ပင်ပန်းစွာဖြင့် အလုပ်ကြိုးစားကာ ပိုက်ဆံရှာသည်။ သူ၏ ပိုက်ဆံအိတ်ကို ဖြည့်သည်။ အိမ်အတွက် ပိုက်ဆံကို ပိုပို၍ ရှာပေးကာ သူ၏ ဇနီးပျော်မွေ့ရန်အတွက် ပိုပို၍ကောင်းသော ဘဝကို တည်ဆောက်ပေးသည်။ သူ၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် သူသည်လည်း အခြားလူများက လုပ်ဆောင်သည့်အရာများထံမှ သင်ယူပြီး နှင်းဆီများ၊ မွေးနေ့လက်ဆောင်များ၊ ခရစ္စမတ်လက်ဆောင်များ၊ ဗယ်လင်တိုင်းနေ့တွင် ချောကလက်များ စသည်ဖြင့် ဝယ်ယူရပြီး သူ၏ ဇနီး ပျော်ရွှင်ဖို့ ကြိုးစားရန်အတွက် နည်းလမ်းများကို ဦးနှောက်ခြောက်ခံ စဉ်းစားသည်။ ဤအဓိပ္ပာယ်မရှိသော အရာများကို သူ တတ်နိုင်သမျှ လုပ်ဆောင်သည်။ ထို့နောက်တွင် တစ်နေ့၌ သူသည် အလုပ်ပြုတ်ပြီး သူ၏ ဇနီးကို မပြောရဲပေ။ သူမက သူ့ကို ကွာရှင်းသွားမည်ကိုဖြစ်စေ၊ ၎င်းတို့၏ အိမ်ထောင်က ယခင်ကကဲ့သို့ မပျော်ရွှင်ရတော့မည်ကိုဖြစ်စေ စိုးရိမ်သည်။ ထို့ကြောင့် သူသည် နေ့စဉ် အချိန်မှန် အလုပ်သွားပြီး အလုပ်ကို အပြီးသတ်သည့်ပုံစံဖြင့် ဆက်လက်ဟန်ဆောင်သည်။ တစ်ချိန်တည်းတွင် သူသည် နေရာတကာသို့သွားပြီး အလု်ပလျှောက်သည်။ အလုပ်ရှာသည်။ လစာထုတ်သည့်နေ့သို့ ရောက်လာပြီး မည်သည့်ပိုက်ဆံမျှ မရသောအခါ သူသည် အဘယ်အရာကို လုပ်ဆောင်သနည်း။ သူ၏ ဇနီး ပျော်ရွှင်စေရန်အတွက် လူတကာထံမှ ပိုက်ဆံချေးငှားပြီး “ကြည့်လော့။ ငါ ယခုလ ယွမ် ၂၀၀၀ ဘောနပ်စ် ရသည်။ မင်းလိုချင်သည့်အရာ တစ်ခုခု ဝယ်ပစ်လိုက်” ဟု ဆိုသည်။ သူ၏ ဇနီးက အမှန်တွင် မည်သို့ဖြစ်နေသည်ကို မသိဘဲ တန်ဖိုးကြီးသော ပစ္စည်းများကို အမှန်ပင်သွား၍ ဝယ်သည်။ သူ၏ စိတ်က စိုးရိမ်ပူပန်မှုဖြင့် ပြည့်နေပြီး မည်သူ့ကို အကူအညီတောင်းရမည်မသိဟု ခံစားရကာ သူ၏ စိတ်သောကက ကြီးထွားလာသည်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ၎င်းတို့အားလုံးသည် ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို အားဖြည့်ပေးရန်အတွက် လုပ်ဆောင်ချက်များစွာ လုပ်ဆောင်ပြီး အချိန်အင်အား၊ လူအင်အားများစွာကို သုံးကြသည်။ ၎င်းတို့ကိုယ်တိုင်က မသင့်တော်ဟု သတ်မှတ်ထားသည့်အရာကိုပင် ဆန့်ကျင်ပြီး လုပ်ဆောင်သည်အထိဖြစ်သည်။ အချိန်အင်အား၊ လူအင်အားများစွာကို ဖြုန်းတီးလိုက်သည့်တိုင် ပါဝင်ပတ်သက်သောလူများသည် ဤအရာများကို မည်သို့ မှန်ကန်စွာ ရင်ဆိုင်ရမည်၊ သို့မဟုတ် ကိုင်တွယ်ရမည်ကို လုံးဝ မသိသေးပေ။ ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် သူတစ်ပါးတို့ထံမှ သင်ယူရန်၊ လေ့လာရန်၊ တိုင်ပင်ဆွေးနွေးရန် ဦးနှောက်ခြောက်ခံ၍ပင် စဉ်းစားကြသည်။ ဘုရားသခင်ကို ယုံကြည်လာ ပြီးသည့်နောက် ဘုရားအိမ်တော်က ပေးသော တာဝန်နှင့် စေခိုင်းချက်တို့ကို လက်ခံသော်လည်း မိမိတို့အိမ်ထောင်၏ ပျော်ရွှင်မှု၊ ကျေနပ်မှုကို ထိန်းသိမ်းရန်အတွက် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာလျှင် အလွန်ပင် စံမမီသော လူအချို့ပင်ရှိသည်။ ၎င်းတို့သည် နဂိုက ဧဝံဂေလိဟောရန် ဝေးကွာသောနေရာတစ်ခုသို့ သွားရောက်ပြီး အိမ်သို့ တစ်ပတ်တစ်ကြိမ်၊ သို့မဟုတ် အချိန်အတန်ကြာပြီး တစ်ကြိမ်ပြန်လာရမည်ဖြစ်သည်၊ သို့မဟုတ် အိမ်မှထွက်ခွာပြီး ၎င်းတို့၏ အစွမ်းအစနှင့် အခြေအနေအမျိုးမျိုးနှင့်အညီ ၎င်းတို့၏ တာဝန်ကို အချိန်ပြည့်ထမ်းဆောင်နိုင်သည်။ သို့သော် ၎င်းတို့၏ အဖော်က ၎င်းတို့အား မကျေမနပ်ဖြစ်မည်ကိုလည်းကောင်း၊ ၎င်းတို့၏ အိမ်ထောင်က မပျော်ရွှင်ရမည်ကိုလည်းကောင်း၊ သို့မဟုတ် ၎င်းတို့၏ အိမ်ထောင်ကို လုံးလုံး ဆုံးရှုံးရမည်ကိုလည်းကောင်း ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် သုံးသင့်သည့်အချိန်များစွာကို စွန့်လွှတ်ကြသည်။ အထူးသဖြင့် ၎င်းတို့၏ အဖော်က စောဒကတက်သည်ကို ကြားရသောအခါ၊ သို့မဟုတ် မကျေနပ်သည့် ပုံစံရှိသောအခါ၊ သို့မဟုတ် ညည်းညူသောအခါ ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်ကို ထိန်းသိမ်းရန် ပို၍ပင် သတိထားလာကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်မပြိုကွဲရန်အတွက် ၎င်းတို့၏အိမ်ထောင်ကို ပျော်ရွှင်သောအိမ်ထောင်ဖြစ်အောင်လုပ်ရန် ၎င်းတို့၏ အဖော်ကို စိတ်ဖြည့်ဆည်းပြီး အလုပ်ကြိုးစားဖို့ အစွမ်းကုန်လုပ်ဆောင်ကြသည်။ ဤအရာထက် ပို၍ပင်ဆိုးသည်မှာ လူအချို့သည် ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် ဘုရားအိမ်တော်၏ ခေါ်ဆိုမှုကို ငြင်းဆန်ပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ရန် ငြင်းဆန်ကြခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် အိမ်မှ ထွက်ခွာသင့်သည့်အချိန်တွင် ၎င်းတို့၏ အိမ်ထောင်ဘက်ကို မခွဲခွာနိုင်သောကြောင့်၊ သို့မဟုတ် ၎င်းတို့အိမ်ထောင်ဘက်၏ မိဘများက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုကိုလည်းကောင်း၊ ၎င်းတို့က မိမိတို့၏တာဝန်ထမ်းဆောင်ရန် မိမိတို့အလုပ်ကို စွန့်ပစ်ပြီး အိမ်မှ ထွက်ခွာခြင်းကိုလည်းကောင်း ဆန့်ကျင်သောကြောင့် ၎င်းတို့သည် ဤသို့လုပ်ရမည့်အစား ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုနှင့် ၎င်းတို့အိမ်ထောင်၏ တည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းရန် ရွေးချယ်လျက် အလျှော့ပေးပြီး ၎င်းတို့တာဝန်ကို စွန့်ပစ်ကြသည်။ ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုနှင့် ၎င်းတို့အိမ်ထောင်၏ တည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းရန်အတွက်၊ ၎င်းတို့၏ အိမ်ထောင် ပြိုကွဲခြင်း၊ အဆုံးသတ်ခြင်း မဖြစ်စေရန်အတွက် အိမ်ထောင်ဘဝရှိ ၎င်းတို့၏ တာဝန်၊ ဝတ္တရားများကိုသာ ထမ်းဆောင်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို စွန့်လွှတ်ရန် ရွေးချယ်ကြသည်။ မိသားစု၊ သို့မဟုတ် လူ့အဖွဲ့အစည်း၌ သင်၏ အခန်းကဏ္ဍက မည်သို့ရှိသည်ဖြစ်စေ၊ ဇနီး၊ ခင်ပွန်း၊ ကလေး၊ မိဘ၊ ဝန်ထမ်း၊ သို့မဟုတ် အခြားသောအရာတစ်ခုခုဖြစ်စေ၊ အိမ်ထောင်ဘဝရှိ သင်၏ အခန်းကဏ္ဍက အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ သင်သည် ဘုရားသခင်ရှေ့၌ ပင်ကိုလက္ခဏာတစ်ခုသာရှိပြီး ယင်းမှာ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ရှေ့တွင် ဒုတိယပင်ကိုလက္ခဏာမရှိပေ။ ထို့ကြောင့် ဘုရားအိမ်တော်က သင့်ကို ဆင့်ခေါ်သောအခါတွင် ဤသည်မှာ သင်၏ တာဝန်ကို ဖြည့်ဆည်းသင့်သည့် အချိန်ဖြစ်သည်။ ဆိုလိုသည်မှာ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်၏ အိမ်ထောင်ပျော်ရွှင်မှုနှင့် အိမ်ထောင်တည်တံ့ခိုင်မြဲမှု ထိန်းသိမ်းရန် အခြေအနေ ပြည့်စုံသောအခါတွင်မှသာ သင်၏ တာဝန်ကို ထမ်းဆောင်သင့်ခြင်းမဟုတ်ဘဲ သင်က ဖန်ဆင်းခံဖြစ်သရွေ့ ဘုရားသခင်က သင့်ကို ပေးအပ်ပြီး အပ်နှံသောတာဝန်ကို ခြွင်းချက်မရှိ ဖြည့်ဆည်းသင့်ခြင်းဖြစ်သည်။ အခြေအနေက မည်သို့ရှိသည်ဖြစ်စေ ဘုရားသခင်က သင့်အား အပ်နှံသောတာဝန်ကို ဦးစားပေးရန် အစဉ်သဖြင့် တာဝန်ရှိသည်။ အိမ်ထောင်က သင့်အားပေးသော တာဝန်၊ ဝတ္တရားများမှာမူ အဓိကမဟုတ်ပေ။ ဘုရားသခင်က သင့်အားပေးအပ်ခဲ့သော ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်ဖြည့်ဆည်းသင့်သော တာဝန်သည် မည်သည့်သတ်မှတ်ချက်၊ မည်သည့်အခြေအနေမျိုးတွင်မဆို အစဉ်သဖြင့် သင်၏ ပထမဦးစားပေးဖြစ်သင့်သည်။ ထို့ကြောင့် သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို သင်မည်မျှ ထိန်းသိမ်းလိုပါစေ၊ သင်၏ အိမ်ထောင်အခြေအနေက မည်သို့ရှိသည်ဖြစ်စေ၊ သင်၏အိမ်ထောင်အတွက် သင်၏ အဖော်က မည်မျှကြီးမားသော အဖိုးအခကို ပေးဆပ်ပါစေ ဤအရာများအားလုံးသည် ဘုရားသခင်က သင့်အား အပ်နှံသောတာဝန်ကို ငြင်းဆန်ရန် အကြောင်းပြချက်များ မဟုတ်ပေ။ ဆိုလိုသည်မှာ သင်၏ အိမ်ထောင်က မည်မျှပျော်ရွှင်သည်ဖြစ်စေ၊ အိမ်ထောင်၏ တည်တံ့ခိုင်မြဲမှုက မည်မျှပင်အားကောင်းပါစေ ဖန်ဆင်းခံတစ်ယောက်ဖြစ်သော သင်၏ ပင်ကိုလက္ခဏာသည် မပြောင်းလဲဘဲ ဤသို့ဖြင့် ဘုရားသခင်က သင့်အားအပ်နှံသော တာဝန်သည် သင် ဦးစွာဖြည့်ဆည်းသင့်သည့် သင့်၌ တာဝန်ရှိသော အရာဖြစ်သည်။ ဤသည်မှာ အခြေအနေပေါ်တွင် မူတည်ခြင်းမရှိပေ။ ထို့ကြောင့် ဘုရားသခင်က သင့်အား တာဝန်အပ်နှံသောအခါ၊ သင့်၌ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်နှင့် စေခိုင်းချက်ရှိလာသောအခါ ပျော်ရွှင်သော အိမ်ထောင်အား ရရှိရန် သင်လိုက်စားမှုကို လက်လွှတ်သင့်သည်။ မထိမခိုက်ရှိသော အိမ်ထောင်အား တည်တံ့စေရန် သင်၏ လိုက်စားမှုကို စွန့်လွှတ်သင့်သည်။ ဘုရားသခင်နှင့် ဘုရားအိမ်တော်က သင့်အား အပ်နှံသောတာဝန်ကို သင်၏ ပထမဦးစားပေးအဖြစ် မှတ်ယူသင့်ပြီး မိုက်မဲစွာ မလုပ်ဆောင်သင့်ပေ။ အိမ်ထောင်ပျော်ရွှင်မှုအား ထိန်းသိမ်းခြင်းသည် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ခင်ပွန်း၊ သို့မဟုတ် ဇနီးအနေဖြင့် သင်ခံယူသော တာဝန်တစ်ခုသာဖြစ်သည်။ ယင်းသည် ဖန်ဆင်းရှင်ရှေ့မှောက်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်၊ သို့မဟုတ် အလုပ်မဟုတ်ပေ။ ထို့ကြောင့် သင်သည် သင်၏အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် ဖန်ဆင်းရှင်က သင့်အား အပ်နှံသောတာဝန်ကို မစွန့်ပစ်သင့်သကဲ့သို့ ဇနီးဖြစ်ခြင်း၊ သို့မဟုတ် ခင်ပွန်းဖြစ်ခြင်း၏ တာဝန်နှင့် လုံးဝ မသက်ဆိုင်သော မိုက်မဲသော၊ မရင့်ကျက်သော၊ ကလေးဆန်သောအရာ များစွာကိုလည်း မလုပ်ဆောင်သင့်ပေ။ သင်လုပ်ဆောင်ရန် လိုအပ်သမျှမှာ ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ အစောဆုံးသော ညွှန်ကြားချက်များနှင့်အညီ ဇနီး၊ သို့မဟုတ် ခင်ပွန်းတစ်ယောက်အနေဖြင့် သင်၏ တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းရန်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သာမန်လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ဇနီး၊ သို့မဟုတ် ခင်ပွန်း၏ တာဝန်များကို ဖြည့်ဆည်းသင့်ပြီး ဤသည်မှာ လုံလောက်သည်။ “ယောက်ျားတစ်ယောက်၏ အချစ်ကိုရဖို့ဟူသည်မှာ သူ့ကို ကောင်းကောင်းချက်ပြုတ်ကျွေးဖို့သာဖြစ်သည်” ဟု ဆိုလေသည့်အရာ၊ သို့မဟုတ် အချစ်၊ သို့မဟုတ် နှစ်ပတ်လည်မျိုးစုံကို ဆက်တိုက်ကျင်းပခြင်း၊ သို့မဟုတ် နှစ်ယောက်တစ်ကမ္ဘာ၊ သို့မဟုတ် “အတူတကွ လက်တွဲပြီး ကြီးပြင်းခြင်း”အား လိုက်စားခြင်း သို့မဟုတ် “ငါ ယနေ့မင်းကို ချစ်သကဲ့သို့ ထာဝရချစ်မည်” ဆိုသည်နှင့် အခြား ဤသို့သော အဓိပ္ပာယ် မရှိသောအရာများနှင့်ပတ်သက်လျှင် ဤသည်တို့မှာ သာမန်ယောက်ျားနှင့် မိန်းမ၏ တာဝန်များမဟုတ်ပေ။ ပို၍ အတိအကျဆိုရလျှင် ဤအရာများသည် သမ္မာတရားအား လိုက်စားသူတစ်ယောက်၏ အိမ်ထောင်စည်းဘောင်အတွင်းတွင် ရှိသော တာဝန်နှင့် ဝတ္တရားများမဟုတ်ပေ။ ဤသို့ ရှင်သန်နေထိုင်သည် ပုံစံနှင့် ဘဝလိုက်စားမှုများသည် သမ္မာတရားကို လိုက်စားသူတစ်ယောက်က ဝင်ရောက်လုပ်ဆောင်သင့်သည့်အရာများမဟုတ်ပေ။ ထို့ကြောင့် ရှေးဦးစွာ သင်၏ စိတ်အတွင်းထဲမှ ဤပေါ့ပြက်သော၊ မိုက်မဲသော၊ ကလေးဆန်သော၊ အပေါ်ယံဆန်သော၊ စက်ဆုပ်ဖွယ်၊ ရွံရှာဖွယ်ဖြစ်သော ဆိုရိုးစကားများ၊ အမြင်ရှုထောင့်များ၊ ကျင့်သုံးမှုများအားလုံးကို လက်လွှတ်သင့်သည်။ သင်၏ အိမ်ထောင်ကို မယိုယွင်းစေနှင့်။ သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းသည် သင်၏လက်၊ ခြေ၊ အတွေးများ၊ ခြေလှမ်းများကို ချည်နှောင်ပြီး သင့်အား ကလေးဆန်စေရန်၊ မိုက်မဲစေရန်၊ အောက်တန်းကျစေရန်၊ ပြီးလျှင် ကောက်ကျစ်ဆိုးယုတ်ခြင်းပင် ဖြစ်စေရန် လုပ်ခွင့် မပြုနှင့်။ ပျော်ရွှင်သော အိမ်ထောင်နှင့်သက်ဆိုင်သော ဤလောကီလိုက်စားမှုများသည် ပုံမှန်အသိစိတ် ရှိသူတစ်ယောက် ဖြည့်ဆည်းသင့်သော တာဝန်၊ ဝတ္တရားများမဟုတ်ပေ။ ထိုအစား ယင်းတို့သည် ဤဆိုးယုတ်သောကမ္ဘာနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံမှသာ ဆင့်ကဲဖြစ်ပေါ်လာပြီး လူတို့၏ လူ့သဘာဝနှင့် အတွေးများအားလုံးအပေါ် တိုက်စားသော သက်ရောက်မှုရှိသည်။ ယင်းတို့သည် သင်၏ စိတ်ကို ယိုယွင်းစေလိမ့်မည်။ သင်၏ လူ့သဘာဝကို ပုံပျက်စေလိမ့်မည်။ သင်၏ အတွေးများကို ဆိုးယုတ်ခြင်း၊ ရှုပ်ထွေးခြင်း၊ ဖရိုဖရဲဖြစ်ခြင်းနှင့် အစွန်းရောက်ခြင်းပင် ဖြစ်စေလိမ့်မည်။ ဥပမာ အချို့မိန်းမများသည် အခြားသောယောက်ျားများက ကြင်နာယုယပြနေခြင်း၊ ၎င်းတို့၏ မင်္ဂလာနှစ်ပတ်လည်နေ့တွင် ၎င်းတို့၏မိန်းမကို နှင်းဆီပန်းများပေးခြင်း၊ သို့မဟုတ် ၎င်းတို့၏ မိန်းမက စိတ်ဆိုးသောအခါ၊ သို့မဟုတ် မပျော်ရွှင်သောအခါ မိန်းမ ပျော်ရွှင်စေဖို့ ကြိုးစားရန်အတွက် ၎င်းတို့၏ မိန်းမနှင့်အတူ ဈေးဝယ်ထွက်ခြင်းဖြစ်စေ၊ မိန်းမကို ပွေ့ဖက်ခြင်းဖြစ်စေ၊ မိန်းမကို အထူးလက်ဆောင်များပေးခြင်းဖြစ်စေ၊ မိန်းမကို အံ့အားသင့်အောင် လုပ်ခြင်းကိုပင်ဖြစ်စေ စသည်တို့အား လုပ်ဆောင်ခြင်းကို မြင်ကြသည်။ သင်သည် သင့်စိတ်အတွင်းတွင် ဤဆိုရိုးစကားများ၊ ကျင့်သုံးမှုများကို လက်ခံလိုက်သည်နှင့် သင်သည်လည်း သင်၏ အဖော်ကို ဤအရာများအား လုပ်ဆောင်စေလိုလိမ့်မည်။ သင်သည်လည်း ဤဘဝမျိုးနှင့် ဤဆက်ဆံပုံမျိုးကို အလိုရှိလိမ့်မည်။ ထို့ကြောင့် သင်၏ အသိစိတ်နှင့်ဆိုင်သော ခံစားမှုသည် မူမမှန်ဖြစ်လာပြီး ဤသို့သော ဆိုရိုးစကားများ၊ အယူအဆများ၊ ကျင့်သုံးမှုများ၏ နှောင့်ယှက်ခြင်း၊ တိုက်စားခြင်းကို ခံရလိမ့်မည်။ သင်၏ အဖော်က သင့်အား နှင်းဆီဝယ်မပေးလျှင်၊ သင့်အား ပျော်ရွှင်အောင်ထားဖို့ မကြိုးစားလျှင်၊ သို့မဟုတ် သင့်အတွက် ကြင်နာယုယသောအရာ တစ်ခုမျှ မလုပ်ဆောင်လျှင် သင်က စိတ်ဆိုးသည်။ မကျေမနပ်ဖြစ်သည်။ အားမရခြင်းဖြစ်သည်။ သင်သည် အမျိုးမျိုးခံစားရသည်။ သင်၏ဘဝက ဤအရာများနှင့် ပြည့်နေသောအခါ မိန်းမတစ်ယောက်အနေဖြင့် သင်ဖြည့်ဆည်းသင့်သည့် ဝတ္တရားများနှင့် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဘုရားအိမ်တော်၌ သင်ဖြည့်ဆည်းသင့်သည့် အလုပ်နှင့် တာဝန်များအားလုံးသည် ဖရိုဖရဲဖြစ်သွားသည်။ သင်သည် ကျေနပ်မှုမရှိသည့် အခြေအနေတွင် နေထိုင်ရမည်။ ပြီးလျှင် သင်၏ သာမန်ဘဝနှင့် လုပ်ရိုးလုပ်စဉ်တို့သည် ဤမကျေနပ်သည့် ခံစားချက်များ၊ အတွေးများ၏ နှောင့်ယှက်ခြင်းကို ခံရမည်။ ထို့ကြောင့် သင်၏ လိုက်စားမှုများသည် သင်၏ သာမန်လူ့သဘာဝ၏ ယုတ္တိဆိုင်ရာ စဉ်းစားပုံ၊ သင်၏ သာမန်အကဲဖြတ်မှုတို့အပေါ် လွှမ်းမိုးမည်ဖြစ်ပြီး သာမန်လူတစ်ယောက်အနေဖြင့် သင် ဖြည့်ဆည်းသင့်သော တာဝန်၊ ဝတ္တရားများကိုလွှမ်းမိုးမည်မှာ အမှန်ပင် ဖြစ်သည်။ လောကီအရာများနှင့် အိမ်ထောင်ပျော်ရွှင်မှုကို သင်လိုက်စားလျှင် သင်သည် မလွဲမသွေ “လောကီဆန်”လာလိမ့်မည်။ အိမ်ထောင်ပျော်ရွှင်မှုကိုသာ သင်လိုက်စားလျှင် သင်သည် သင်၏ အိမ်ထောင်ဖက်အား “ငါ မင်းကို ချစ်သည်”ဟူသကဲ့သို့သော အရာများကို ပြောဆိုစေဖို့ ဧကန်မုချ အစဉ်လိုအပ်နေလိမ့်မည်။ သင်၏ အိမ်ထောင်ဘက်က “ငါ မင်းကို ချစ်သည်” ဟု မည်သည့်အခါမျှ မပြောလျှင် သင်က “အင်း ငါ့အိမ်ထောင်က တော်တော်ကို ပျော်စရာမကောင်းပါ။ ငါ့ ယောက်ျားက တော်တော် ထုံထိုင်းပေသည်။ ငတုံးငအတစ်ယောက်ကဲ့သို့သာ ဖြစ်သည်။ အများဆုံးအနေနှင့် သူက အိမ်ကို ပိုက်ဆံအနည်းငယ် ယူလာသည်။ အနည်းငယ်အားစိုက်ထုတ်သည်။ လက်မှုအလုပ် အနည်းငယ်လုပ်သည်။ အစာစားသည့်အချိန်တွင် ‘စားကြစို့’ ဟုပြောပြီး အိပ်ချိန်ရောက်လျှင် ‘အိပ်ကြစို့။ အိပ်မက်လှလှမက်ပါစေ။ ကောင်းသောညပါ’ ဟုပြောပြီး ထိုမျှသာဖြစ်သည်။ ‘ငါ မင်းကို ချစ်သည်’ ဟု အဘယ်ကြောင့်များ လုံးဝ မပြောနိုင်ရသနည်း။ ဤကဲ့သို့ ကြင်နာယုယသောအရာတစ်ခုပင် သူ မပြောနိုင်သလော” ဟု တွေးလိမ့်မည်။ သင်၏ စိတ်နှလုံးက ဤသို့သောအရာများနှင့် ပြည့်နေသောအခါ သင်သည် ပုံမှန်လူတစ်ယောက် ဖြစ်နိုင်သလော။ သင်သည် အစဉ်သဖြင့် မူမမှန်သော၊ စိတ်လှုပ်ရှားထိခိုက်လွယ်သော အခြေအနေ၌ ရှိနေသည်မဟုတ်လော။ (ဟုတ်သည်။) လူအချို့သည် ကမ္ဘာလောက၏ ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းများအပေါ် ပိုင်းခြားသိမြင်မှုမရှိပေ။ ၎င်းတို့၌ ခုခံမှု၊ ခံနိုင်ရည်ရှိမှု မရှိပေ။ ဤသို့သော မိန်းမသည် ဤအမှုကိစ္စကို၊ ဤကြင်နာယုယသောအရာများအား ပြောခြင်းဖြစ်ရပ်ကို အိမ်ထောင်ပျော်ရွှင်မှု၏ လက္ခဏာတစ်ခုအဖြစ် မှတ်ယူသည်။ ထို့နောက်တွင် သူမသည် ယင်းကို လိုက်စားလိုသည်။ တုပလိုသည်။ ရယူလိုသည်။ မရယူနိုင်သောအခါ၌ စိတ်ဆိုးပြီး သူမ၏ ခင်ပွန်းအား “ရှင် ကျွန်မကို ချစ်လား၊ မချစ်ဘူးလား၊ ပြောစမ်းပါ” ဟု မကြာခဏ မေးလိမ့်မည်။ သူမ၏ ခင်ပွန်းက မကြာခဏအမေးခံရပြီးနောက် စိတ်ဆိုးပြီး ရှက်သွေးဖြာကာ “ချစ်ရယ်။ ငါ မင်းကို ချစ်ပါသည်”ဟူ၍ မစဉ်းမစား ပြောလိုက်တော့သည်။ သူမက “အင်း ထပ်ပြောဦး” ဟု ဆိုသည်။ သူမ၏ ခင်ပွန်းက သူ့ကိုယ်သူ အလွန်ချုပ်တည်းထားသောကြောင့် သူ၏ မျက်နှာရော လည်ပင်းပါ ရှက်သွေးဖြာ၍ စဉ်းစားလျက်ဖြင့် သူက “ချစ်၊ ငါ မင်းကို ချစ်ပါသည်” ဟု ပြောသည်။ မြင်သလော။ ဤသင့်တင့်လျောက်ပတ်သော ယောက်ျားသည် ဤစက်ဆုပ်ဖွယ်သောအရာကို ပြောသော်လည်း သူ၏ စိတ်နှလုံးမှ လာခြင်းမဟုတ်ပေ။ ထို့ကြောင့် သူသည် သက်သောင့်သက်သာမရှိပေ။ သူ၏ ဇနီးက သူက ဤသို့ပြောသည်ကို ကြားသောအခါ အလွန့်အလွန်ပျော်ရွှင်သွားပြီး “သို့ဆိုလျှင် ရပြီ” ဟု ပြောသည်။ သူမ၏ ခင်ပွန်းက အဘယ်သို့ ပြောသနည်း။ “ကဲ ကိုယ့်ကိုယ်ကိုယ် ကြည့်ပါဦး။ ယခု ကျေနပ်ပြီလော။ မင်းက သက်သက် ပြဿနာရှာနေခြင်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ ပြောလော့။ မိန်းမနှင့် ယောက်ျားက ဤသို့သော အိမ်ထောင်ဘဝကို နေထိုင်သောအခါတွင် ဤသည်မှာ ပျော်ရွှင်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) “ငါ မင်းကို ချစ်သည်” ဟူသည့် စကားများကို သင်ကြားသောအခါ ပျော်ရွှင်သလော။ ဤအရာက အိမ်ထောင်ပျော်ရွှင်မှုကို ရှင်းပြသလော။ ဤမျှ ရိုးရှင်းသလော။ (မရိုးရှင်းပါ။) မိန်းမတစ်ဦးက သူမ၏ ခင်ပွန်းကို “ဒီမှာ၊ ကျွန်မက အိုစာသည်ဟု ရှင်ထင်သလော”ဟု အစဉ်မေးသည်။ သူမ၏ ခင်ပွန်းက ရိုးသားသောကြောင့် “အင်း အနည်းငယ် အိုစာသည်။ အသက်လေးဆယ်ပြည့်ပြီးနောက်တွင် မည်သူက မအိုစာသနည်း” ဟူ၍ ရိုးသားစွာ ပြောသည်။ သူမက “ဟင်၊ ရှင်က ကျွန်မကို မချစ်သလော။ ကျွန်မက နုပါသည်ဟု အဘယ်ကြောင့် မပြောသနည်း။ ကျွန်မ အိုစာသည်ကို ရှင်မကြိုက်သလော။ ရှင်က အပျော်မယားထားချင်သလော” ဟု ပြန်ပြောသည်။ သူမက ခင်ပွန်းက “အတော် စိတ်ညစ်စရာကောင်းပေသည်။ မင်းကို မည်သည့်အရာမျှ ရိုးရိုးသားသားပင် ပြော၍မရ။ မင်းက ဘာဖြစ်နေသနည်း။ ငါက ရိုးရိုးသားသား ပြောခြင်းသာဖြစ်သည်။ မည်သူက မအိုဘဲနေသနည်း။ မင်းက မိစ္ဆာကောင်တစ်မျိုးမျိုး ဖြစ်ချင်သလော”ဟု ပြောသည်။ ဤသို့သော မိန်းမများသည် ဆင်ခြင်တုံတရားမရှိပေ။ ဤသို့သော အိမ်ထောင်ပျော်ရွှင်မှုဟု ခေါ်လေသောအရာမျိုးကို လိုက်စားသည့်လူများကို ငါတို့ အဘယ်သို့ ခေါ်သနည်း။ ရိုင်းပျစွာဆိုလျှင် ၎င်းတို့သည် ခွေးမများဖြစ်သည်။ ရိုင်းရိုင်းပျပျ မခေါ်လျှင် ၎င်းတို့ကို အဘယ်သို့ ခေါ်နိုင်သနည်း။ ၎င်းတို့သည် စိတ်ဖောက်ပြန်နေသည်။ “စိတ်ဖောက်ပြန်နေသည်” ဆိုသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ၎င်းတို့တွင် သာမန်လူ့သဘာဝ၏ အတွေးအခေါ်မရှိဟု ငါဆိုလိုသည်။ အသက်လေးဆယ်၊ ငါးဆယ်အရွယ်တွင် ၎င်းတို့သည် သက်ကြီးပိုင်းသို့ ချဉ်းကပ်လာနေပြီး ဘဝဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ အိမ်ထောင်ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ဆိုသည်ကို ရှင်းလင်းစွာ မမြင်နိုင်သေးပေ။ ပြီးလျှင် အကျိုးမရှိသော၊ စက်ဆုပ်ဖွယ်ဖြစ်သောအရာများအား လုပ်ဆောင်ရသည်ကို အစဉ် နှစ်သက်ကြသည်။ ဤသည်မှာ အိမ်ထောင်ပျော်ရွှင်မှု ဖြစ်သည်ဟုလည်းကောင်း၊ ဤသည်မှာ ၎င်းတို့၏ လွတ်လပ်ခွင့်နှင့် လုပ်ပိုင်ခွင့်ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် ဤပုံစံဖြင့် လိုက်စားရမည်ဖြစ်သည်၊ ဤပုံစံဖြင့် နေထိုင်ရမည်ဖြစ်သည်ဟုလည်းကောင်း၊ ဤပုံစံဖြင့် အိမ်ထောင်ကို ချဉ်းကပ်ရမည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့က သင့်လျော်စွာ မလုပ်ဆောင်ခြင်းဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) သင့်လျော်စွာ မလုပ်ဆောင်သောသူ များစွာရှိသလော။ (ရှိပါသည်။) မယုံကြည်သူများ၏ ကမ္ဘာလောကတွင် များစွာရှိသည်။ သို့သော် ဘုရားအိမ်တော်တွင် တစ်ဦးတစ်ယောက်ရှိသလော။ များစွာရှိသလော။ ကြည်နူးဖွယ်အချစ်၊ လက်ဆောင်၊ ပွေ့ဖက်မှု၊ အံ့အားသင့်အောင် လုပ်ဆောင်မှုများနှင့် “ငါ မင်းကို ချစ်တယ်” ဟူသည့် ထိုစကားများ စသည်တို့အားလုံးသည် ၎င်းတို့ လိုက်စားသော အိမ်ထောင်ပျော်ရွှင်မှု၏ လက္ခဏာများဖြစ်ပြီး ဤသည်တို့မှာ အိမ်ထောင်ပျော်ရွှင်ခြင်းအား ၎င်းတို့ လိုက်စားမှု ပန်းတိုင်များဖြစ်သည်။ ဘုရားသခင်ကို မယုံကြည်သူတို့သည် ဤသို့ဖြစ်သည်။ ပြီးလျှင် ယခုတွင် ဤသို့သော လိုက်စားမှုကို ပြုလုပ်ပြီး ဤသို့သော အမြင်ရှိသော ဘုရားသခင်ကို ယုံကြည်သောသူ များစွာ မလွဲဧကန် ရှိပေသည်။ ထို့ကြောင့် ဘုရားသခင်အား ဆယ်နှစ်၊ သို့မဟုတ် ထိုထက်ပို၍ ယုံကြည်ခဲ့သော၊ တရားဒေသနာအချို့ကို နားထောင်ပြီး သမ္မာတရားအချို့ကို နားလည်ခဲ့သော်လည်း မိမိတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်၊ မိမိတို့၏ အိမ်ထောင်ဘက်ကို အဖော်ပြုရန်၊ မိမိတို့၏ အိမ်ထောင်နှင့် မိမိတို့ လိုက်စားရန် ကတိသစ္စာဆိုခဲ့သော အိမ်ထောင်ပျော်ရွှင်မှု၏ ပန်းတိုင်နှင့်ပတ်သက်၍ ပြုလုပ်ခဲ့သော ကတိများကို ထိန်းသိမ်းရန်အတွက် ဖန်ဆင်းရှင်ရှေ့တွင် မိမိတို့၏ တာဝန်၊ ဝတ္တရားများကို လုံးဝ မဖြည့်ဆည်းခဲ့သောသူများစွာရှိသည်။ ဤအစား ၎င်းတို့သည် ၎င်းတို့၏ အိမ်ပြင်ပသို့ ခြေချမည်ကို မဟုတ်ပေ။ ဘုရားအိမ်တော်၏ အလုပ်က မည်မျှများနေပါစေ အိမ်မှ ထွက်မည်ကို မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ အိမ်ထောင်ဖက်ကို စွန့်လွှတ်မည်ကို မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းနှင့် ထိန်းသိမ်းခြင်းကို ၎င်းတို့ ရုန်းကန်ပြီး မနားမနေအားထုတ်သော ဘဝတစ်သက်တာပန်းတိုင်အဖြစ် မှတ်ယူကြသည်။ ဤသို့သော လိုက်စားမှုကို လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် သမ္မာတရားကို လိုက်စားနေခြင်းဖြစ်သလော။ မဟုတ်သည်မှာ ရှင်းသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်တွင်၊ ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးထဲတွင်၊ ပြီးလျှင် ၎င်းတို့၏ လုပ်ဆောင်မှုများတွင်ပင် အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းကို လက်မလွှတ်သကဲ့သို့ “အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းသည် ဘဝတွင် မိမိ၏ တာဝန်ဖြစ်သည်” ဟူသည့် ဘဝအပေါ် ခံယူချက်၊ ရှုမြင်ချက်နှင့် သုံးသပ်ချက်ကိုလည်း လက်မလွှတ်ရသေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရရှိနိုင်ပေ။ သင်တို့သည် အိမ်ထောင်မပြုရသေးသကဲ့သို့ အိမ်ထောင် မစတင်ရသေးပေ။ သင်တို့သည် အိမ်ထောင် စတင်သောအခါ ဤအမြင်ကို ထိန်းသိမ်းထားဆဲဖြစ်လျှင် သင်တို့သည်လည်း သမ္မာတရားကို ရရှိမည်မဟုတ်ပေ။ အိမ်ထောင်ပျော်ရွှင်မှုကို သင်ရရှိပြီးသည်နှင့် သမ္မာတရားကို ရရှိနိုင်မည်မဟုတ်ပေ။ သင်သည် အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းကို ဘဝတွင်ရှိသော သင်၏ တာဝန်အဖြစ် မှတ်ယူသောကြောင့် သင်သည် ဖန်ဆင်းရှင်ရှေ့တွင် သင်၏ တာဝန်ကို ဖြည့်ဆည်းရန် အခွင့်အလမ်းကို မလွဲဧကန် စွန့်လွှတ်ပြီး လက်လျှော့လိမ့်မည်။ သင်သည် ဖန်ဆင်းရှင်ရှေ့တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ဖြည့်ဆည်းရန် အခွင့်အလမ်းနှင့် လုပ်ပိုင်ခွင့်ကို စွန့်လွှတ်လျှင် သင်သည် သမ္မာတရားအား လိုက်စားခြင်းကို စွန့်လွှတ်သည်။ ပြီးလျှင် သင်သည် ကယ်တင်ခြင်းအား ရယူခြင်းကိုလည်း စွန့်လွှတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ သင်၏ ရွေးချယ်မှုဖြစ်သည်။

အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းကို လက်လွှတ်ရန် ငါတို့ မိတ်သဟာယဖွဲ့နေသည်မှာ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည့်အိမ်ထောင်ကို သင် စွန့်လွှတ်ရန် မဟုတ်သကဲ့သို့ သင့်အား ကွာရှင်းဖို့ရန် တိုက်တွန်းခြင်းလည်း မဟုတ်ပေ။ ထိုအစား အိမ်ထောင်ပျော်ရွှင်မှုနှင့် သက်ဆိုင်သော ထိုလိုက်စားမှုများကို သင် စွန့်လွှတ်ရန် ဖြစ်သည်။ ရှေးဦးစွာ သင်သည် အိမ်ထောင်ပျော်ရွှင်မှုအား သင် လိုက်စားခြင်းတွင် သင့်အား ကြီးစိုးသော ထိုအမြင်များကို လက်လွှတ်သင့်သည်။ ထို့နောက်တွင် အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားသည့်ကျင့်သုံးမှုကို လက်လွှတ်ပြီး သင်၏ အချိန်၊ အားအင် အများစုကို ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ထမ်းဆောင်ခြင်းနှင့် သမ္မာတရားအား လိုက်စားခြင်းအပေါ် ဆက်ကပ်သင့်သည်။ အိမ်ထောင်နှင့်ပတ်သက်လျှင် ယင်းသည် သမ္မာတရားအား သင်လိုက်စားခြင်းကို မထိခိုက်သရွေ့၊ သို့မဟုတ် ကွဲပြားဆန့်ကျင်ခြင်း မရှိသရွေ့ သင်ဖြည့်ဆည်းသင့်သည့် ဝတ္တရားများ၊ သင်အောင်မြင်သင့်သည့် တာဝန်၊ အိမ်ထောင်၏ စည်းဘောင်အတွင်း၌ သင်ပါဝင်သင့်သည့် အခန်းကဏ္ဍတို့သည် ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းအား သင်လက်လွှတ်ရန် တောင်းဆိုခြင်းသည် သင့်အား လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည့် အိမ်ထောင်ကို စွန့်လွှတ်ရန်၊ သို့မဟုတ် ကွာရှင်းရန် တောင်းဆိုခြင်းမဟုတ်ပေ။ ထိုအစား ဖန်ဆင်းခံအနေဖြင့် သင်၏ တာဝန်ကို ဖြည့်ဆည်းရန်၊ အိမ်ထောင်တွင် သင်ထမ်းဆောင်သင့်သည့် တာဝန်များကို ဖြည့်ဆည်းသည့် အကြောင်းပြချက်ဖြင့် သင်ထမ်းဆောင်သင့်သည့်တာဝန်ကို သင့်လျော်စွာ ထမ်းဆောင်ရန် တောင်းဆိုခြင်းဖြစ်သည်။ အိမ်ထောင်ပျော်ရွှင်မှုကို သင်လိုက်စားခြင်းသည် ဖန်ဆင်းခံတစ်ယောက်နှင့် သက်ဆိုင်သော တာဝန်အား သင်ထမ်းဆောင်ခြင်းကို ထိခိုက်လျှင်၊ နှောင့်ယှက်လျှင်၊ သို့မဟုတ် ဖျက်ဆီးခြင်းပင်ဖြစ်လျှင် အိမ်ထောင်ပျော်ရွှင်မှုအား သင်လိုက်စားခြင်းကိုသာမကဘဲ သင်၏ အိမ်ထောင်တစ်ခုလုံးကို စွန့်လွှတ်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤပြဿနာအပေါ်တွင် မိတ်သဟာယဖွဲ့ခြင်း၏ နောက်ဆုံး ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤသည်မှာ အိမ်ထောင်ပျော်ရွှင်ခြင်းက သင်၏ ခြေလှမ်းများကို မဟန့်တားစေရန်၊ သင်၏ လက်ကို မချည်နှောင်စေရန်၊ သင့်မျက်လုံးများကို ကန်းအောင် မလုပ်ရန်၊ သင်၏ အမြင်ကို ပုံမပျက်စေရန်၊ သင်၏ စိတ်ကို နှောင့်ယှက်ပြီး နေရာမယူစေရန်ဖြစ်သည်။ အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းက သင်၏ ဘဝလမ်းကြောင်းနှင့် သင်၏ ဘဝတွင် ပြည့်မနေစေရန်ဖြစ်သည်။ အိမ်ထောင်တွင် သင်ဖြည့်ဆည်းသင့်သော တာဝန်၊ ဝတ္တရားများကို မှန်ကန်စွာ ချဉ်းကပ်ပြီး သင် ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများနှင့် သက်ဆိုင်သော မှန်ကန်သည့် ရွေးချယ်မှုများ ပြုလုပ်ရန် ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ရန် ပို၍ ကောင်းသောနည်းလမ်းမှာ သင်၏တာဝန်ကို ထမ်းဆောင်ခြင်း၌ အချိန်နှင့် အားအင်ကို ပို၍ ဆက်ကပ်ရန်၊ သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားသခင်က သင့်အား အပ်နှံခဲ့သော တာဝန်ကို ပြီးမြောက်ရန်ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်ကိုလည်းကောင်း၊ ဤအချိန်အခိုက်အတန့်အထိ ဘဝတစ်လျှောက် သင့်အား ခေါ်ဆောင်ခဲ့သည်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ သင့်အား အိမ်ထောင်ကိုပေးခဲ့သည်မှာ၊ မိသားစုကို ပေးခဲ့သည်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင် ဖြည့်ဆည်းသင့်သည့်တာဝန်များအား သင့်ကို ပေးအပ်သည်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ အိမ်ထောင်ကို ရွေးချယ်ခဲ့သည်မှာ သင်မဟုတ်သည်ကိုလည်းကောင်း မည်သည့်အခါမျှ သင် မမေ့ရပေ။ သင်သည် ရုတ်တရက်ကြီးအိမ်ထောင်ကျခြင်းမဟုတ်ကြောင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အရည်အချင်းများနှင့် အင်အားများကို အားကိုးခြင်းအားဖြင့် သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းနိုင်ခြင်းမဟုတ်ကြောင်းကိုလည်း မည်သည့်အခါမျှ မမေ့ရပေ။ ယခု ဤအရာကို ငါရှင်းလင်းစွာ ရှင်းပြပြီးဖြစ်သလော။ (ရှင်းပြပြီး ဖြစ်ပါသည်။) သင်လုပ်ဆောင်ရမည့်အရာကို နားလည်သလော။ ယခုတွင် သင့်အတွက် လမ်းကြောင်းက ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) အိမ်ထောင်တွင် သင်ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများနှင့် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏တာဝန်၊ အလုပ်တို့ကြားတွင် ကွဲလွဲမှု၊ သို့မဟုတ် ဆန့်ကျင်မှုမရှိလျှင် ဤသို့သော အခြေအနေအောက်၌ သင်၏ တာဝန်များကို မည်သို့ ဖြည့်ဆည်းရမည်ဖြစ်စေ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ယင်းတို့ကို သင် ဖြည့်ဆည်းသင့်သည်။ သင်၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းသင့်သည်။ သင်ထမ်းရွက်သင့်သည့် တာဝန်များကို ထမ်းရွက်သင့်သည်။ ယင်းတို့ကို ခေါင်းမရှောင်သင့်ပေ။ သင်၏ အဖော်အတွက် တာဝန်ယူရမည်။ သင့်အဖော်၏ ဘဝအတွက်၊ သူ၏ ခံစားချက်များအတွက်၊ သူနှင့်သက်ဆိုင်သော အရာရာတိုင်းအတွက် တာဝန်ယူသင့်သည်။ သို့ရာတွင် အိမ်ထောင်၏စည်းဘောင်အတွင်း သင်ထမ်းရွက်သော တာဝန်၊ ဝတ္တရားများနှင့် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ အလုပ်နှင့် တာဝန်ကြား၌ ထိပ်တိုက်ဆန့်ကျင်မှုရှိသောအခါတွင် သင်လက်လွှတ်ရမည့်အရာသည် သင်၏ တာဝန်၊ သို့မဟုတ် အလုပ်မဟုတ်ဘဲ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင်ရှိသော သင်၏ တာဝန်များဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သင့်အပေါ် မျှော်လင့်သောအရာဖြစ်သည်။ သင့်အတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ မည်သည့်ယောက်ျား၊ သို့မဟုတ် မိန်းမကိုမဆို ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်မှာ အမှန်ပင်။ သင်သည် ဤအရာကို စွမ်းဆောင်နိုင်မှသာလျှင် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်နောက်သို့ လိုက်မည်ဖြစ်သည်။ သင်သည် ဤအရာကို မစွမ်းဆောင်နိုင်ဘဲ ဤသို့ လက်တွေ့မလုပ်ဆောင်နိုင်လျှင် သင်သည် အမည်ခံသက်သက်ဖြစ်သော ယုံကြည်သူသာဖြစ်သည်။ သင်သည် စစ်မှန်သော စိတ်နှလုံးဖြင့် ဘုရားသခင်နောက်သို့ မလိုက်ပေ။ သမ္မာတရားကို လိုက်စားသူတစ်ယောက်မဟုတ်ပေ။ သင်သည် ယခုတွင် သင်၏တာဝန်ကို ထမ်းဆောင်ရန် တရုတ်နိုင်ငံမှ ထွက်ခွာဖို့ အခွင့်အလမ်းနှင့် အခြေအနေများရှိပြီး လူအချို့က “ကျွန်တော်က တာဝန်ထမ်းဆောင်ဖို့ တရုတ်နိုင်ငံမှ ထွက်သွားလျှင် အိမ်မှာရှိသည့် ကျွန်တော့် အိမ်ထောင်ဖက်ကို ထားခဲ့ရမည်ဖြစ်သည်။ ကျွန်တော်တို့က တစ်ယောက်နှင့်တစ်ယောက် လုံးဝ ပြန်မတွေ့ရတော့ဘူးလော။ ကျွန်တော်တို့က ခွဲနေရမည် မဟုတ်ဘူးလော။ ကျွန်တော်တို့တွင် အိမ်ထောင် ရှိတော့မည် မဟုတ်ဘူး မဟုတ်လော” ဟု ဆိုသည်။ လူအချို့က “အင်း၊ ကျွန်တော့် အိမ်ထောင်ဘက်က ကျွန်တော်မရှိဘဲ ဘယ်လိုနေမည်နည်း။ ကျွန်တော်မရှိလျှင် ကျွန်တော်တို့အိမ်ထောင်က ပြိုကွဲမည် မဟုတ်ဘူးလော။ ကျွန်တော်တို့ အိမ်ထောင်က ပြီးဆုံးသွားမည်လော။ နောင်တွင်ကျွန်တော် ဘာလုပ်ရမည်နည်း” ဟု တွေးကြသည်။ သင်သည် အနာဂတ်အတွက် စဉ်းစားနေသင့်သလော။ သင်သည် မည်သည့်အရာကို အများဆုံး စဉ်းစားသင့်သနည်း။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက် ဖြစ်လိုလျှင် သင်အများဆုံး စဉ်းစားသင့်သည့်အရာမှာ ဘုရားသခင်က သင့်အား လက်လွှတ်ရန် တောင်းဆိုသည့်အရာကို မည်သို့လက်လွှတ်ရမည်ဆိုသည်နှင့် ဘုရားသခင်က သင့်အား ဖြစ်မြောက်ရန် တောင်းဆိုသည့်အရာကို မည်သို့ ဖြစ်မြောက်အောင် လုပ်ရမည်ဆိုသည်တို့ဖြစ်သည်။ သင်သည် အိမ်ထောင်မရှိသလို နောင်ကာလတွင် သင့်ဘေး၌ သင်၏ လက်တွဲဖော်ရှိမည် မဟုတ်လျှင်လည်း နောင်လာမည့်နေ့ရက်များ၌ သင်သည် အသက်ကြီးသည်အထိ နေထိုင်ပြီး မပြောင်းမလဲဘဲ ကောင်းစွာ နေထိုင်နိုင်ဆဲဖြစ်သည်။ သို့ရာတွင် သင်က ဤအခွင့်အလမ်းကို စွန့်ပစ်လျှင် ယင်းမှာ ဘုရားသခင်က သင့်အား အပ်နှံသည့် တာဝန်နှင့် အလုပ်ကို စွန့်ပစ်သည့် သဘောသက်ရောက်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်အတွက် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက်၊ ဘုရားသခင်ကို အမှန်တကယ် အလိုရှိသော သူတစ်ယောက်၊ သို့မဟုတ် ကယ်တင်ခြင်းအား လိုက်စားသူတစ်ယောက် ဖြစ်မည်မဟုတ်ပေ။ သင်သည် ကယ်တင်ခြင်းနှင့် သင်၏ တာဝန်ကို ရယူရန် အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်ကို တက်ကြွစွာ စွန့်ပစ်လိုပြီး ထိုအစား အိမ်ထောင်ကို ရွေးချယ်လျှင်၊ ခင်ပွန်းနှင့် ဇနီးအဖြစ် ပေါင်းစည်းနေထိုင်ရန် ရွေးချယ်လျှင်၊ သင်၏ အိမ်ထောင်ဘက်နှင့် အတူနေပြီး အိမ်ထောင်ဘက်ကို စိတ်ဖြည့်ဆည်းရန် သင် ရွေးချယ်လျှင်၊ သင်၏ အိမ်ထောင်ကို မထိမခိုက်ထိန်းသိမ်းဖို့ ရွေးချယ်လျှင် အဆုံး၌ သင်သည် အချို့သောအရာများကိုရရှိပြီး အချို့သောအရာများကို ဆုံးရှုံးလိမ့်မည်။ မည်သည့်အရာအား ဆုံးရှုံးရမည်ကို သင် နားလည်သည်မဟုတ်လော။ အိမ်ထောင်သည် သင်၏ အရာရာမဟုတ်သကဲ့သို့ အိမ်ထောင်ပျော်ရွှင်မှုသည်လည်း ထိုသို့မဟုတ်ပေ။ ယင်းသည် သင်၏ ကံကြမ္မာကို ဆုံးဖြတ်မပေးနိုင်ပေ။ သင်၏ အနာဂတ်ကို ဆုံးဖြတ်မပေးနိုင်ပေ။ သင်၏ ခရီးပန်းတိုင်ကို ပို၍ပင် ဆုံးဖြတ်မပေးနိုင်ပေ။ ထို့ကြောင့် လူတို့က မည်သည့်ရွေးချယ်မှုများကို ပြုလုပ်သင့်သည်၊ အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းကို လက်လွှတ်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ထမ်းဆောင်သင့်သည်၊ မထမ်းဆောင်သင့်သည်တို့ကို ဆုံးဖြတ်ရန်မှာ ၎င်းတို့အပေါ် မူတည်သည်။ ယခုတွင် “အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းသည် သင်၏တာဝန်မဟုတ်” ဟူသည့် အကြောင်းအရာကို ငါတို့ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သလော။ (ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်ပါသည်။) ငါ မိတ်သဟာယဖွဲ့သည်ကို နားထောင်ပြီးနောက်တွင် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိသော ခက်ခဲပြီး အရေးစိုက်ရသည်ဟု သင်တို့မြင်သည့် ပြဿနာတစ်ခုခုရှိသလော။ (မရှိပါ။) ဤမိတ်သဟာယကို နားထောင်ပြီးနောက်တွင် သင်တို့၌ တိကျသော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုရှိသည်ဟုလည်းကောင်း၊ ဦးတည်ပြီး လက်တွေ့လုပ်ဆောင်ရန် မှန်ကန်သည့် ပန်းတိုင်ရှိသည်ဟုလည်းကောင်း သင်တို့ ပို၍ ရှင်းလင်းစွာ ခံစားရသလော။ ယခုအချိန်မှစ၍ မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်ကို သင်တို့ သိသလော။ (သိပါသည်။) ဤသို့ဆိုလျှင် ဤတွင် ဤမိတ်သဟာယကို အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက်

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “သာမန်” ဆိုသည့် စကားလုံး မပါဝင်ပါ။

ခ။ မူရင်းစာသားတွင် “သာမန်” ဆိုသည့် စကားလုံး မပါဝင်ပါ။

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၉)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။