သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)

အပြုသဘောဆောင်သောအရာများဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့သည် အပြုသဘောဆောင်သောအရာများဟူသည် အဘယ်အရာဖြစ်သည်ကို မိတ်သဟာယဖွဲ့ခဲ့ပြီး ယင်းတို့အား အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ပေးခဲ့သည်။ အပြုသဘောဆောင်သောအရာများဟူသည် အဘယ်အရာများ ဖြစ်သနည်း။ (ဘုရားသခင် ဖန်ဆင်းခဲ့သောအရာအားလုံး၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော အရာအားလုံး သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာအားလုံးတို့သည် အပြုသဘောဆောင်သောအရာများ ဖြစ်ကြသည်။) သင်တို့သည် အပြုသဘောဆောင်သောအရာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မှတ်မိကြသော်လည်း ပေးခဲ့သော ဥပမာများကို သင်တို့ နားလည်နိုင်သလော။ (ကျွန်ုပ်တို့ အတိုင်းအတာတစ်ခုအထိ နားလည်နိုင်ပါသည်။) ဤအဓိပ္ပာယ်ဖွင့်ဆိုချက်၊ အပြုသဘောဆောင်သောအရာများနှင့်ဆိုင်သည့် ဤအယူအဆသည် သမ္မာတရားတစ်ခု ဖြစ်သလော။ (ယင်းသည် သမ္မာတရားတစ်ခု ဖြစ်ပါသည်။) သင်တို့ သေချာသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် သမ္မာတရားတစ်ခုဖြစ်ပြီး တိကျသည်ဟု သင်တို့ ခံစားရသော်လည်း သင်၏ အယူအဆများနှင့် မကိုက်ညီသော တစ်စုံတစ်ခုကို သင် ကြုံတွေ့ရသောအခါ သင်သည် ယင်းကို နားမလည်နိုင်ဘဲ သမ္မာတရားကို လက်ခံမည်မဟုတ်ပေ။ တစ်စုံတစ်ခုကို လူတို့၏ အယူအဆများအရ အပြုသဘောဆောင်သောအရာ သို့မဟုတ် အပျက်သဘောဆောင်သောအရာအဖြစ် ရှုမြင်သည်ဖြစ်စေ မမြင်သည်ဖြစ်စေ၊ အတိုချုပ်ပြောရလျှင် ယင်းသည် ဘုရားသခင်က အပြုသဘောဆောင်သောအရာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုသည့်အရာ မဟုတ်သရွေ့၊ ယင်းသည် အပြုသဘောဆောင်သောအရာတစ်ခု မဟုတ်ဘဲ အပျက်သဘောဆောင်သောအရာတစ်ခု ဖြစ်သည်။ သင်သည် အမှုအရာများကို ဤနည်းလမ်းဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသလော။ (ရှိပါသည်။ ဘုရားသခင်က တစ်စုံတစ်ခုကို အပြုသဘောဆောင်သောအရာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ဤသည်မှာ ကျွန်ုပ်၏ ကိုယ်ပိုင်အယူအဆများနှင့် မကိုက်ညီဘဲ ကျွန်ုပ် နားမလည်နိုင်သော်လည်း ဘုရားသခင် ပြောဆိုသည့်အရာသည် သမ္မာတရားဖြစ်သည်မှာ သေချာကြောင်း ကျွန်ုပ် သိပါသည်၊ သို့ဆိုလျှင် ကျွန်ုပ်သည် မိမိကိုယ်ကို ငြင်းပယ်ရန် သင်ယူပါမည်။) ဤအရာက သင့်ကို ဘေးဖြစ်စေလျှင်၊ သို့မဟုတ် လူအားလုံးကိုပင် ဘေးဖြစ်စေလျှင် လူတို့၏ အယူအဆများအရ ယင်းသည် ၎င်းတို့ကို အကျိုးမပြုဘဲ မည်သည့် ပျော်ရွှင်မှု သို့မဟုတ် နှစ်သက်မှုကိုမျှ မဆောင်ကြဉ်းပေးဘဲ ထိုအစား နာကျင်မှုနှင့် ကံဆိုးမိုးမှောင်ကျမှုကို ဖြစ်စေလျှင် သင်သည် ယင်းကို မည်သို့ ရှုမြင်မည်နည်း။ သင်သည် “အပြုသဘောဆောင်သောအရာများနှင့်ဆိုင်သည့် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အမှန်တကယ် တိကျသည်၊ လူတို့သည် မိမိတို့၏ အယူအဆများဖြင့် အကဲဖြတ်မှုများ မပြုလုပ်နိုင်သည့်အပြင် တစ်စုံတစ်ခုကို ၎င်းတို့ အကျိုးအမြတ်ရရှိခြင်း ရှိမရှိအပေါ် အခြေခံ၍လည်း အကဲမဖြတ်နိုင်” ဟူသော သင်၏အမြင်ကို ဆက်လက်စွဲကိုင်ထားဦးမည်လော။ ဤအရာနှင့်ပတ်သက်၍ သင် မသေချာနိုင်ပေ၊ ဟုတ်သည် မဟုတ်လော။ (ကျွန်ုပ်တို့ မသေချာနိုင်ပါ။) သမ္မာတရား၏ မည်သည့်ရှုထောင့်မဆိုသည် အယူဝါဒအဆင့်တွင်သာ ကျိုးကြောင်းဆီလျော်ခြင်း သို့မဟုတ် ခိုင်လုံခြင်း မဟုတ်ဘဲ ထိုအစား လက်တွေ့ဘဝတွင် အဖြစ်မှန်အားလုံး၏ ရှေ့မှောက်၌မူကား ယင်းသည် ထာဝရမပြောင်းလဲသော အဆိုတစ်ခု ဖြစ်သည်။ သင်သည် ဤအရာကို မသေချာနိုင်ပါက သင်၏ စိတ်နှလုံးထဲတွင် သင်၏ သမ္မာတရားနှင့်ဆိုင်သော အယူအဆသည် အမှန်တကယ်တွင် မရေရာပေ။ ငါတို့ မိတ်သဟာယဖွဲ့သော သမ္မာတရား၏ အမျိုးမျိုးသော ရှုထောင့်များအားလုံးသည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် အမြင်ရှုထောင့်များနှင့် သက်ဆိုင်သည်။ ယင်းတို့သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အနှစ်သာရ၊ စစ်မှန်သော အခြေအနေများနှင့် သက်ဆိုင်ပြီး ဘုရားသခင်သည် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မည်သို့ ဆက်ဆံသည်ကိုလည်းကောင်း၊ ၎င်းတို့နှင့်ပတ်သက်၍ သူ၏ ရှုမြင်ပုံများနှင့် သဘောထားများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း လူတို့အား မြင်နိုင်စေသည်။ အပြုသဘောဆောင်သောအရာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သမ္မာတရား ဖြစ်သောကြောင့် ယင်းသည် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်၏ အတိုင်းအတာက အကျုံးဝင်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ စစ်မှန်သော အခြေအနေများနှင့် အနှစ်သာရသာမက ဤအမျိုးမျိုးသော အမှုအရာများနှင့် စပ်လျဉ်းသည့် ဘုရားသခင်၏ သဘောထားများ၊ ရှုထောင့်အမြင်များနှင့် ပြောဆိုချက်များလည်း မလွဲဧကန် ပါဝင်သည်။ သို့ဖြစ်၍ လူတို့သည် မိမိတို့၏ အယူအဆများအရ အပြုသဘောဆောင်သောအရာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မှန်သည် သို့မဟုတ် မှားသည်ဟု ထင်သည်ဖြစ်စေ မထင်သည်ဖြစ်စေ၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု သို့မဟုတ် နေ့စဉ်ဘဝများ၏ နောက်ခံအခြေအနေအတွင်းတွင် အပြုသဘောဆောင်သောအရာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် လူတို့၏ ကနဦး ရှုထောင့်အမြင်မှာ မည်သို့ပင်ဖြစ်စေ အတိုချုပ်ပြောရလျှင် ဤအပြုသဘောဆောင်သောအရာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သမ္မာတရားတစ်ခု ဖြစ်သောကြောင့် ယင်းက အကျုံးဝင်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများသည် အပြုသဘောဆောင်သောအရာများအားလုံး ဖြစ်ကြပြီး ယင်းနှင့် ဆန့်ကျင်သောအရာများသည် အပျက်သဘောဆောင်သောအရာများအားလုံး ဖြစ်ကြသည်။ ဤသည်မှာ သံသယရှိစရာမလိုဘဲ သေချာသည်။ သင်သည် ဤကိစ္စရပ်ကို ရှင်းလင်းစွာ နားလည်ရမည်။ မည်သည့်အချိန် သို့မဟုတ် မည်သည့်လူမှုပတ်ဝန်းကျင်တွင်မဆို၊ အပြုသဘောဆောင်သောအရာတစ်ခုက သင့်အပေါ် သက်ရောက်မှု မည်သို့ပင်ရှိသည်ဖြစ်စေ၊ ယင်းနှင့်ပတ်သက်၍ သင်၏ သဘောထားနှင့် ရှုထောင့်အမြင်မှာ မည်သို့ပင်ဖြစ်စေ အပြုသဘောဆောင်သောအရာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်က အကျုံးဝင်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အနှစ်သာရသည် မပြောင်းလဲပေ။ နားလည်သလော။ (နားလည်ပါသည်။)

ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့သည် “ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိသော အရာအားလုံးတို့သည် အပြုသဘောဆောင်သောအရာများ ဖြစ်သည်” ဟူသော ပြောဆိုချက်နှင့်စပ်လျဉ်း၍ တိကျသော ဥပမာအနည်းငယ်ကို အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ “ဘုရားသခင် ဖန်ဆင်းခဲ့သော အရာအားလုံးသည် အပြုသဘောဆောင်သောအရာများ ဖြစ်သည်” ဟု ဖော်ပြထားသည့် အပိုင်းနှင့်ပတ်သက်၍ ငါတို့ အသေးစိတ် မိတ်သဟာယမဖွဲ့ခဲ့ကြပေ။ သို့ဆိုလျှင် ဤပြောဆိုချက်သည် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သို့မဟုတ် နှစ်များတစ်လျှောက် သင်တို့ နားလည်ခဲ့သော သမ္မာတရားများမှတစ်ဆင့် မှန်ကန်ကြောင်း သင်တို့ အတည်ပြုနိုင်စွမ်း ရှိသလော။ သို့တည်းမဟုတ် ဘဝတွင် သင်တို့ မြင်တွေ့ခဲ့ပြီး တွေ့ကြုံခဲ့ရသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အခြေခံ၍ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာအားလုံးသည် အပြုသဘောဆောင်သောအရာများ ဖြစ်ကြောင်း သင်တို့ သက်သေပြနိုင်စွမ်း ရှိသလော။ သင်တို့သည် အမှုအရာများကို ဤနည်းလမ်းဖြင့် နားလည်နိုင်စွမ်း ရှိသလော။ သင်တို့သည် ဤသို့ သမ္မာတရားကို ရှာဖွေနိုင်စွမ်း ရှိသလော။ (ကျွန်ုပ်တို့သည် အချို့သော ပိုမိုရိုးရှင်းသည့်အရာများကို ဤနည်းလမ်းဖြင့် နားလည်နိုင်ပါသည်။) ဤနေရာတွင် စည်းမျဉ်းတစ်ခု ရှိသည်။ ယင်းကို အပေါ်ယံကြည့်လျှင် ဘုရားသခင် ဖန်ဆင်းခဲ့သောအရာ၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသောအရာ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာဟူသည့် အကြောင်းအရာများသည် အလွန်ကျယ်ပြန့်သော နယ်ပယ်တွင် အကျုံးဝင်ပြီး အလွန်ပင် သဘောတရားပိုင်းဆန်သော်လည်း အမှန်တွင် ၎င်းတို့သည် လက်တွေ့ဘဝတွင် လူတို့ ထိတွေ့ဆက်ဆံရသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် နီးကပ်စွာ ဆက်စပ်နေသည်၊ ယင်းတို့သည် တစ်သားတည်း ဆက်စပ်နေသည်ဟုလည်း ဆိုနိုင်သည်၊ ယင်းတို့သည် လက်တွေ့ဘဝနှင့် ကင်းကွာနေခြင်း မရှိပေ။ ဤသည်မှာ ပြဿနာတစ်ခုနှင့် သက်ဆိုင်သည်။ သင်၏ဘဝတွင် မမျှော်လင့်ထားသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများစွာကို သင် ရင်ဆိုင်ရသောအခါ ယင်းတို့သည် အပြုသဘောဆောင်သောအရာများ သို့မဟုတ် အပျက်သဘောဆောင်သောအရာများ ဖြစ်သည်ကို သင် မဆုံးဖြတ်နိုင်ပေ။ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများကို ပိုင်းခြားသိမြင်ခြင်းအတွက် အယူဝါဒကို သင် နားလည်လျှင်ပင် သင်သည် ယင်းကို ဆုံးဖြတ်နိုင်ခြင်း မရှိဆဲသာဖြစ်၏။ ယင်းတို့သည် အပြုသဘောဆောင်သောအရာများက လွှမ်းခြုံထားသော အရာအမျိုးအစားများ ဖြစ်လျှင်ပင် သင်၏ အယူအဆများအတွင်းတွင် ယင်းတို့ကို အပြုသဘောဆောင်သောအရာများအဖြစ် အသိအမှတ်မပြုဘဲ သင်၏ စိတ်နှလုံးထဲတွင် ယင်းတို့ကို သင် ပစ်ပစ်ခါခါငြင်းပြီး စက်ဆုပ်ရွံရှာသည့်အပြင် ယင်းတို့သည် အပြုသဘောဆောင်သောအရာများ၏ နယ်ပယ်အတွင်း စာရင်းထည့်သွင်းခံရရန် လုံးဝ မထိုက်တန်ဟုပင် သင် ထင်သော်လည်း ယင်းတို့သည် အမှန်တကယ်တွင် ဘုရားသခင် ဖန်ဆင်းခဲ့သော၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသောအရာများဖြစ်ပြီး ယင်းတို့သည် အပြုသဘောဆောင်သောအရာများ၏ အမျိုးအစားတွင် ပါဝင်သည်။ ဤသည်မှာ လူတို့သည် ဤအရာအမျိုးအစားများကို မည်သို့ ရင်ဆိုင်သင့်သည်ဟူသည့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ အသုံးဝင်လာသည့်အချိန် ဖြစ်သည်။ အရှင်းဆုံးသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းမှာ ဤသို့ဖြစ်သည်။ ပထမဦးစွာ မေးခွန်း ထုတ်နေသည့်အရာသည် အပြုသဘောဆောင်သော အရာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်က အကျုံးဝင်သော အရာအမျိုးအစားတစ်ခုဖြစ်ကြောင်း သင် သေချာရမည်။ လူတို့၏ အယူအဆများအရ ယင်းသည် အပြုသဘောဆောင်သောအရာတစ်ခုကဲ့သို့ မထင်ရသော်လည်း ယင်းသည် ဘုရားသခင် အဓိပ္ပာယ်ဖွင့်ဆိုထားသော အပြုသဘောဆောင်သောအရာများ၏ အမျိုးအစားအတွင်းရှိ တစ်စုံတစ်ခုဖြစ်ပါက ပထမဦးစွာ ယင်းသည် အပြုသဘောဆောင်သောအရာ တစ်ခုဖြစ်ကြောင်းနှင့် ယင်းနှင့်ပတ်သက်၍ လုံးဝ အမှားအယွင်းမရှိကြောင်း သင် သေချာရမည်။ ဘုရားသခင် ယင်းကို ဖန်ဆင်းခြင်း၌ အရေးပါမှု ရှိသည်၊ ယင်းမှာ လူတို့ ယင်းထံမှ သင်ခန်းစာအချို့ သင်ယူရန်အတွက် ဖြစ်သည်။ ဤအရာကို သေချာရန် လိုအပ်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းတစ်ခု ဖြစ်သည်။ ဒုတိယအချက်မှာ ဤအရာ သို့မဟုတ် ဤကိစ္စရပ်မျိုးနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် သိပ္ပံပညာရှင်များကဲ့သို့ ဖြစ်ရန်နှင့် ယင်း၏ သဘောသဘာဝ သို့မဟုတ် လုပ်ဆောင်ချက်ကိုဖြစ်စေ၊ လူ့ဘဝတွင် သို့မဟုတ် အစားအစာ ကွင်းဆက်တစ်ခုလုံးတွင် ယင်းက မည်သို့သော အခန်းကဏ္ဍမှ ပါဝင်သည်ကိုဖြစ်စေ လေ့လာရန် မလိုအပ်ပေ။ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ကြောင်း သေချာရုံမျှဖြင့် လုံလောက်သည်။ အချို့လူများက “ဤအပြုသဘောဆောင်သောအရာသည် လူတို့၏ ဘဝတွင် မကြာခဏ ပေါ်ပေါက်ပြီး ၎င်းတို့၏ ဘဝကို နှောင့်ယှက်ကာ ယင်းသည် အပြုသဘောဆောင်သည်ဟူသော ၎င်းတို့၏ အမြင်ကို သက်ရောက်မှုရှိပါက သို့ဆိုလျှင် ယင်းကို မည်သို့ သဘောထားပြုမူသင့်သနည်း” ဟု ပြောဆိုကြသည်။ ယင်းကို ကိုင်တွယ်ရန် လွယ်ကူသည်။ သင်၏ဘဝတွင် ယင်းကို အသုံးပြုရန် လိုအပ်ပါက လိုအပ်သလို အသုံးပြုလော့၊ ယင်းကို သင့်အား အစေခံခိုင်းလော့။ သင်သည် ယင်းကို အသုံးပြုရန် မလိုအပ်ဘဲ ယင်းက သင့်ကို မကြာခဏ နှောင့်ယှက်လျှင် သို့မဟုတ် သင်၏ ရုပ်ပိုင်းဆိုင်ရာ အာရုံတစ်ခုခုကို နှောင့်ယှက်လျှင် သင်သည် ယင်းကို မောင်းထုတ်ပြီး ယင်းနှင့် ဝေးဝေးနေနိုင်သည်။ ယင်းကို သင့်အား မနှောင့်ယှက်စေရန် သို့မဟုတ် သင့်အား ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု မဖြစ်စေရန်သာ လုပ်ဆောင်လော့။ ဤသည်မှာ ဒုတိယစည်းမျဉ်း ဖြစ်သည်။ ထို့အပြင် ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း၊ ဘုရားသခင်၏ သတ်မှတ်ပြဋ္ဌာန်းခြင်း သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာမှ လာပါက သင်သည် ယင်းကို စက်ဆုပ်ဖွယ်ဟု မမြင်သင့်၊ ယင်းကို မစက်ဆုပ်သင့် သို့မဟုတ် ယင်းကို မငြင်းပယ်သင့်ကြောင်း သင် သိရမည်။ ထိုအစား သင်သည် ယင်းကို လက်ခံပြီး အသိအမှတ်ပြုသင့်သည်။ သာ၍ပင် ကောင်းသည်မှာ ယင်းကို ကျိုးကြောင်းဆီလျော်စွာ စီမံခန့်ခွဲပြီး အသုံးပြုရန် ဖြစ်သည်။ ဤသည်တို့မှာ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများဖြစ်ပြီး စုစုပေါင်း သုံးခုရှိသည်။ ဤစည်းမျဉ်းသုံးခုမှာ အဘယ်အရာများ ဖြစ်သနည်း။ (ပထမအချက်မှာ တစ်စုံတစ်ခုသည် ဘုရားသခင် အဓိပ္ပာယ် ဖွင့်ဆိုထားသော အပြုသဘောဆောင်သောအရာများ၏ နယ်ပယ်အတွင်း ရှိနေသရွေ့ ကျွန်ုပ်တို့သည် ယင်းကို အပြုသဘောဆောင်သောအရာတစ်ခုအဖြစ် သေချာရမည်။ ဘုရားသခင် ယင်းကို ဖန်ဆင်းခြင်း၌ အရေးပါမှု ရှိသည်၊ ယင်းမှာ လူတို့ ယင်းထံမှ သင်ခန်းစာအချို့ သင်ယူရန်အတွက် ဖြစ်သည်။ ဒုတိယအချက်မှာ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ကြောင်း သေချာခြင်းကို အခြေခံ၍ လိုအပ်ပါက ကျွန်ုပ်တို့ ယင်းကို အသုံးပြုသည်။ ကျွန်ုပ်တို့ ယင်းကို အသုံးပြုရန် မလိုအပ်ဘဲ ယင်းက ကျွန်ုပ်တို့၏ ဘဝများကို နှောင့်ယှက်ပါက ကျွန်ုပ်တို့သည် ယင်းကို မောင်းထုတ်ပြီး ယင်းနှင့် ဝေးဝေးနေနိုင်သည်၊ ယင်းကို ကျွန်ုပ်တို့၏ ဘဝများကို မနှောင့်ယှက်စေရန် ဖြစ်သည်။ တတိယအချက်မှာ ယင်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သော၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသောအရာဖြစ်ပါက ကျွန်ုပ်တို့သည် ယင်းကို ရွံရှာဖွယ် မမြင်သင့် သို့မဟုတ် မစက်ဆုပ်သင့်ပေ၊ ကျွန်ုပ်တို့သည် ယင်းကို လက်ခံပြီး အသိအမှတ်ပြုသင့်သည်။ သာ၍ပင် ကောင်းသည်မှာ ယင်းကို ကျိုးကြောင်းဆီလျော်စွာ စီမံခန့်ခွဲပြီး အသုံးပြုနိုင်ရန် ဖြစ်သည်။) ဤစည်းမျဉ်းသုံးခုကို ကျင့်သုံးရန် လွယ်ကူပါသလော။ ၎င်းတို့သည် ထိုမျှ လွယ်ကူသည် မဟုတ်ပေ၊ ဟုတ်သည် မဟုတ်လော။ (မဟုတ်ပါ။) ခြင်တစ်ကောင်က သင်၏နားထဲတွင် တဝီဝီမြည်နေပါက သင်သည် “ဘုရားသခင် ဖန်ဆင်းခဲ့သမျှသည် ကောင်းသည်၊ ငါ ယင်းကို မောင်းထုတ်လိုက်ပြီး ပြီးသွားမည်” ဟု မိမိဘာသာ တွေးလျက် ယင်းကို မောင်းထုတ်လိမ့်မည်၊ သင်သည် ဤစည်းမျဉ်းသုံးခုအတိုင်း ပြုမူနိုင်လိမ့်မည်။ သို့သော် သင်သည် ယင်းကို မောင်းထုတ်ပြီးနောက် ယင်းက ချက်ချင်းပြန်လာကာ သင့်ကို ကိုက်ပါက သင်သည် ယင်းအကြောင်းကို စဉ်းစားလေလေ၊ ပို၍ ဒေါသထွက်လာလေလေ ဖြစ်လိမ့်မည်။ “ငါက သင့်ကို လွှတ်ပေးလိုက်သော်လည်း သင်က ငါ့ကို အလွတ်မပေးပါ။ ဤတစ်ကြိမ် ငါ သင့်ကို သေချာပေါက် ရိုက်သတ်မည်” ဟူ၍ ဖြစ်လေသည်။ ယင်းကို ရိုက်သတ်ခြင်းသည် မှန်ကန်သောအရာလော။ အမှန်တွင် ယင်းကို ရိုက်သတ်ခြင်းသည် မမှားပေ၊ ဤသည်မှာ သင့်လျော်သော စီမံခန့်ခွဲမှုအဖြစ် မှတ်ယူနိုင်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ခြင်များသည် အပြုသဘောဆောင်သောအရာများ ဖြစ်သည်ဟူသော အချက်ကို သင် သံသယဝင်လာမည် မဟုတ်လော။ အထူးသဖြင့် ၎င်းကိုက်သည့် အဖုက ပို၍ပို၍ ယားယံလာသောအခါ၊ သည်းမခံနိုင်လောက်အောင် ယားယံလာသောအခါ သင်သည် မိမိဘာသာ ဤသို့ တွေးလိမ့်မည်။ “ဘုရားသခင်က ခြင်များအား ဖန်ဆင်းရခြင်း၏ အသုံးဝင်ပုံမှာ အဘယ်နည်း။ ခြင်များသာ မရှိခဲ့လျှင် လူများသည် ဤဘေးကို ခံစားရမည်လား။ ဤသည်မှာ အပြုသဘောဆောင်သော အရာတစ်ခုကဲ့သို့ သေချာပေါက် မထင်ရပေ” ဟူ၍ ဖြစ်လေသည်။ သင်၏ ဆင်ခြင်တုံတရားက ဤသို့တွေးခြင်းသည် မှားကြောင်း၊ ခြင်သည် ဘုရားသခင် ဖန်ဆင်းခဲ့သော အပြုသဘောဆောင်သော အရာများ၏ နယ်ပယ်အတွင်းရှိ သေးငယ်သော သတ္တဝါတစ်ကောင်ဖြစ်သောကြောင့် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ကြောင်း သင့်ကို ပြောလိမ့်မည်။ သို့သော် သင်သည် ယင်းကို နားမလည်နိုင်သေးပေ။ “ယင်းက လူများကို အကျိုးမပြုပါ၊ သို့ဆိုလျှင် ဘုရားသခင်သည် ယင်းကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း” ဟူ၍ ဖြစ်သည်။ ခြင်ကိုက်သည့် အဖုသည် မကြီးသော်လည်း ယားယံခြင်းမှာ ဆိုးရွားလှသည်။ ဓာတ်မတည့်ခြင်း ရှိသူများအတွက် ယင်းကို ကုတ်ခြင်းသည် နီရဲခြင်းနှင့် ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပြီး ပိုးဝင်ခြင်းနှင့် အဖျားကိုပင် ဖြစ်စေနိုင်သည်။ ဤအချိန်တွင် သင်သည် အယူအဆများ ဖြစ်ပေါ်လာပြီး လက်ခံရန် ခက်ခဲလာလိမ့်မည်။ “ကျွန်ုပ်အဖို့မူ ခြင်များသည် အပြုသဘောဆောင်သော အရာများဟု မထင်မိပေ။ ထိုသို့သာ ဖြစ်ခဲ့ပါမူ ယင်းတို့သည် လူတို့ကို အဘယ်သို့လျှင် နှောင့်ယှက်၍ ဝေဒနာခံစားစေနိုင်မည်နည်း။ အပြုသဘောဆောင်သော အရာများတွင် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိသင့်သည် မဟုတ်လော။ ဤအကျိုးသက်ရောက်မှုသည် အပြုသဘောဆောင်ခြင်း မဟုတ်ဘဲ ယင်းတို့သည် အပျက်သဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်လျက် လူတို့အပေါ် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိစေ၏။ ခြင်များကို အပြုသဘောဆောင်သော အရာများ၏ အမျိုးအစားထဲတွင် အဘယ်သို့လျှင် ထားနိုင်မည်နည်း။ ယင်းကို စဉ်းစား၍မရနိုင်ပေ။ ဘုရားသခင်၏ လုပ်ဆောင်ခဲ့သည့်အရာသည် ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီပါတကား” ဟူ၍ ဖြစ်သည်။ သင်၏ စိတ်နှလုံးထဲတွင် ခြင်များသည် အပြုသဘောဆောင်သောအရာများ ဖြစ်ခြင်းနှင့်ပတ်သက်၍ သင်သည် အယူအဆများ ဖြစ်ပေါ်လာလိမ့်မည်။ သင်က ဤသို့ ထုတ်ပြောမည်၊ “ပထမဦးစွာ ခြင်များသည် အပြုသဘောဆောင်သော အရာများဖြစ်သည်ကို ငြင်းပယ်၍မရနိုင်ပေ။ ဒုတိယအချက်အနေဖြင့် ယင်းတို့၏ နှောင့်ယှက်ခြင်းကို အလိုမရှိပါက ယင်းတို့ကို မောင်းထုတ်၍ ယင်းတို့နှင့် ဝေးရာ၌ သင် နေနိုင်ပေသည်။ နောက်ဆုံးအနေဖြင့် ယင်းတို့ကို စက်ဆုပ်ရွံရှာခြင်း သို့မဟုတ် ရွံမုန်းခြင်း မပြုဘဲ ယင်းတို့ကို လက်ခံ၍ အသိအမှတ်ပြုကာ ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့် စီမံခန့်ခွဲသင့်ပေသည်” ဟူ၍ ဖြစ်သည်။ သင်သည် ထိုသို့ ပြောမည်ဖြစ်သော်လည်း ဤနောက်ဆုံးစည်းမျဉ်းကို သင် ကျင့်သုံးရန် အလွန်ခက်ခဲသည်။ အကျိုးပြုသော အင်းဆက်ပိုးမွှားများကို သင် လက်ခံရန်မှာ အတော်အတန် လွယ်ကူသည်။ သို့သော် ခြင်များနှင့်ပတ်သက်လာလျှင် သင်သည် ယင်းတို့ကို လက်ခံရန်၊ ကျိုးကြောင်းဆီလျော်စွာ စီမံခန့်ခွဲရန်နှင့် ယင်းတို့ကို မကျိန်ဆဲရန် ကြိုးစားမည်ဆိုပါက သင် ဤသို့ လုပ်နိုင်သလော။ (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မတိုင်မီက တစ်ခါတစ်ရံ ကျွန်ုပ် စိတ်မကြည်ချိန်တွင် ခြင်ကိုက်ခံရပါက ကျွန်ုပ်သည် အထူးသဖြင့် ရွံရှာမှုကို ခံစားရပြီး မကောင်းသောစကားအချို့ ပြောဆိုမိပါသည်။ နောင်တွင် ကျွန်ုပ်သည် ဤအရာကို ရှောင်ရှားရန် အစွမ်းကုန် ကြိုးစားပြီး ထိုစကားများကို မပြောတော့ပါ။) သင်သည် ယင်းတို့ကို မကျိန်ဆဲသင့်ပေ၊ သင်သည် ယင်းတို့ကို လက်ခံသင့်သည်၊ မှန်ကန်စွာ သဘောထားပြုမူသင့်ပြီး ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့် စီမံခန့်ခွဲသင့်သည်။ ကျိုးကြောင်းဆီလျော်သော စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် ဤအပိုင်းကို ကျင့်သုံးရန် အလွန်ခက်ခဲသည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ယင်းတို့ကို နှုတ်ဖြင့်နှင့် အယူဝါဒအရ အသိအမှတ်ပြုပြီး လက်ခံမည်ဆိုပါက ယင်းသည် အတော်အတန် လွယ်ကူပေလိမ့်မည်။ ယင်းတို့က သင့်ကို နာကျင်စေပါက သင်သည် ယင်းတို့နှင့် ဝေးဝေးနေပြီး ယင်းတို့ကို ရှောင်ရှားနိုင်သည်။ သို့သော် သင်၏ စိတ်နှလုံးထဲမှ ယင်းတို့ကို လက်ခံပြီး အသိအမှတ်ပြုရန်၊ ယင်းတို့ကို မှန်ကန်စွာ သဘောထားပြုမူရန်နှင့် ထို့ထက်မက ယင်းတို့ကို ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့် စီမံခန့်ခွဲရန်မှာမူ သင့်အတွက် ဤအရာကို လုပ်ဆောင်ရန် ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့် ခက်ခဲမည်နည်း။ အကြောင်းမှာ ယင်းတို့က သင့်ကို နာကျင်စေသောအခါ သင်သည် ယင်းတို့ထံမှ အကျိုးအမြတ်ရရှိနေသည်ဟု မခံစားရဘဲ ယင်းတို့၏ ဘေးပြုခြင်းကို ခံနေရသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ သင်၏ အယူအဆများအရ အပြုသဘောဆောင်သောအရာများသည် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု ရှိသင့်သော်လည်း ခြင်များထံမှ အပြုသဘောဆောင်သော အကျိုးကျေးဇူး တစ်ခုတလေ လက်ခံရရှိမည့်အစား ယင်းတို့သည် သင့်အပေါ် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှု ရှိခဲ့သည်ဟု သင် ခံစားရသည်။ ဤအချိန်တွင် သင်သည် ယင်းတို့ကို ရွံရှာဖွယ်ဟုဖြစ်စေ၊ စက်ဆုပ်ဖွယ်ဟုဖြစ်စေ မမြင်ဘဲ ယင်းတို့ကို လက်ခံပြီး ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့်ပင် စီမံခန့်ခွဲရန်မှာ လုပ်ဆောင်ဖို့ လွယ်ကူမည်မဟုတ်ပေ။ ခြင်များသည် အယူဝါဒအဆင့်တွင် အပြုသဘောဆောင်သောအရာများ ဖြစ်သည်ကို လူတို့ လက်ခံနိုင်ပြီး ခြင်များကို မှန်ကန်စွာ သဘောထားပြုမူရန် အနိုင်နိုင် စီမံနိုင်သော်လည်း လက်တွေ့ဘဝတွင် ခြင်များ၏ နှောင့်ယှက်ခြင်းကို ခံရသောအခါ ၎င်းတို့ကို စည်းမျဉ်းများအတိုင်း သဘောထားပြုမူရန် အလွန်ခက်ခဲသည်။ ဤသည်မှာ လူတို့အား သမ္မာတရားကို နားလည်ရန်၊ အပြုသဘောဆောင်သောအရာများတွင် အကျုံးဝင်သော သွင်ပြင်လက္ခဏာသုံးရပ်ဖြစ်သည့် “ဘုရားသခင် ဖန်ဆင်းသော၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက် ရှိသော” အရာများအောက်တွင် ပါဝင်သော တိကျသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများစွာ၏ သဘောသဘာဝကို နားလည်ရန် လိုအပ်သည့်အပြင် လူ့ဘဝနှင့် ရှင်သန်မှုတွင် ယင်းတို့က မည်သို့သော အခန်းကဏ္ဍများမှ ပါဝင်သည်ကိုလည်းကောင်း၊ ယင်းတို့ကို ဖန်ဆင်းရာတွင်လည်းကောင်း၊ ယင်းတို့၏ နေထိုင်မှုပုံစံကို ပေးရာတွင်လည်းကောင်း ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း နားလည်ရန် လိုအပ်သည်။ ဤသည်တို့မှာ လူတို့ နားလည်ရန် လိုအပ်သောအရာများ ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ မူလရည်ရွယ်ချက်နှင့် သူ၏ ရည်ရွယ်ချက်များ၏ ယေဘုယျ ဦးတည်ချက်နှင့် အခြေခံစည်းမျဉ်းများကို နားလည်ပါက ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသော အချို့သော အပြုသဘောဆောင်သောအရာများအတွက် ယင်းတို့နှင့် ဝေးဝေးနေခြင်းအပြင် ၎င်းတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ယင်းတို့ကို လက်ခံလာနိုင်သည်၊ အသိအမှတ်ပြုလာနိုင်သည်၊ ကျိုးကြောင်းဆီလျော်စွာ စီမံခန့်ခွဲနိုင်ပြီး ယင်းတို့ကို မှန်ကန်စွာ အသုံးပြုလာနိုင်ပေမည်။ ငါတို့သည် ဤအကြောင်းအရာကို တဖြည်းဖြည်း ဆွေးနွေးသွားမည်။

“ဘုရားသခင် ဖန်ဆင်းခဲ့သောအရာ” ဟူသည့် အကြောင်းအရာဖြင့် လွှမ်းခြုံထားသော နယ်ပယ်သည် အလွန်ကျယ်ပြန့်သောကြောင့် ငါတို့သည် ဦးစွာ ဥပမာအချို့ ပေးပြီးနောက် ယင်းတို့ကို တစ်ခုချင်း ဆွေးနွေးရမည်။ ငါတို့သည် ယခုလေးတင် ခြင်များအကြောင်း ပြောဆိုခဲ့သည်။ မည်သူမျှ ခြင်များကို မကြိုက် သို့မဟုတ် ယင်းတို့နှင့်အတူ နေထိုင်ရန် ဆန္ဒမရှိဟု ဆိုလျှင် မှားမည်မဟုတ်ပေ၊ ဆန့်ကျင်ဘက်အားဖြင့် လူတိုင်းသည် ခြင်များကို စက်ဆုပ်ရွံရှာပြီး ၎င်းတို့၏ တစ်သက်တာလုံး ခြင်တစ်ကောင်ကိုမျှ မမြင်လိုဟုပင် ဆန္ဒရှိကြသည်။ ခြင်များ၏ ကိစ္စသည် အဓိကကျသော ကိစ္စတစ်ခု မဟုတ်သော်လည်း ယင်းသည် အရာအမျိုးအစားတစ်ခုနှင့် သက်ဆိုင်ပြီး ဘုရားသခင် ဖန်ဆင်းခဲ့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအတွင်းရှိ အရာအမျိုးအစားတစ်ခု၏ သဘောသဘာဝကို လူတို့ နားလည်ခြင်းနှင့်လည်း သက်ဆိုင်သည်။ မှန်ပေသည်၊ ဤနေရာရှိ အဓိကအချက်မှာ ယင်းသည် လူတို့က သမ္မာတရားတစ်ခုကို သိရှိပြီး နားလည်လာခြင်းနှင့် သက်ဆိုင်ပြီး ၎င်းတို့၏ ဘဝထဲရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများထဲမှ အရာအမျိုးအစားတစ်ခုကို လူတို့ မည်သို့ သဘောထားပြုမူသည်ဟူသည့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့်လည်း သက်ဆိုင်သည်။ ထို့ကြောင့် ခြင်သည် ကြီးမားသော သတ္တဝါတစ်ကောင် မဟုတ်သော်လည်း ယင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များသည် မသေးငယ်ပေ၊ လူတို့က ယင်းတို့ကို နားလည်ရန်နှင့် စူးစမ်းလေ့လာရန် ကြိုးစားထိုက်သည်။ “ဘုရားသခင် ဖန်ဆင်းခဲ့သောအရာ” ၏ အကြောင်းအရာသည် ကြီးမားသော အတိုင်းအတာနှင့် သေးငယ်သော အတိုင်းအတာ ရှိသည့် အကြောင်းအရာများ ပါဝင်၏။ ယခုလေးတင် ငါတို့သည် သေးငယ်သော အတိုင်းအတာရှိသည့် အပိုင်းမှာ သေးငယ်သော မျိုးစိတ်တစ်ခုဖြစ်သည့် ခြင်အကြောင်းကို အကျဉ်းချုံး မိတ်သဟာယဖွဲ့ခဲ့သည်။ ယင်းသည် လူတို့ မျက်စိဖြင့် မြင်နိုင်သော အတော်အတန် သေးငယ်သည့် သတ္တဝါအမျိုးအစားတစ်ခု ဖြစ်သည်၊ ခြင်ထက် သေးငယ်သည့် မည်သည့်အရာမဆို ဆွေးနွေးရန် မထိုက်တန်ပေ။ ခြင်များသည် လူတို့ မကြာခဏ ထိတွေ့ဆက်ဆံနိုင်သော သတ္တဝါအမျိုးအစားတစ်ခု၊ မျက်စိဖြင့် မြင်နိုင်သော အတော်အတန် သေးငယ်သော အတိုင်းအတာရှိသည့် သတ္တဝါတစ်ကောင် ဖြစ်သည်။ ဤပြဿနာသည် သေးငယ်သော အတိုင်းအတာအဆင့်တွင် ရှိသောကြောင့် ငါတို့သည် ယင်းကို နောက်ပိုင်းတွင် မိတ်သဟာယဖွဲ့မည်။ သို့ဆိုလျှင် ငါတို့သည် အဘယ်အရာကို ဦးစွာ မိတ်သဟာယဖွဲ့သင့်သနည်း။ (ကြီးမားသော အတိုင်းအတာရှိသည့် အရာကို ဖြစ်ပါသည်။) ကြီးမားသော အတိုင်းအတာရှိသည့် အရာများကို ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ ကြီးမားသော အတိုင်းအတာရှိသည့် အရာများစွာ ရှိသည်။ လူတို့၏ ဘဝများနှင့် အနီးစပ်ဆုံးဖြစ်သော၊ သို့မဟုတ် လူတို့ ထိတွေ့ဆက်ဆံနိုင်သော၊ ခံစားနိုင်သော၊ မြင်နိုင်သော၊ လူတိုင်းနှင့် ရင်းနှီးကျွမ်းဝင်သော အရာမှာ လူအတွက် ဘုရားသခင် ဖန်ဆင်းခဲ့သော နေထိုင်မှုပတ်ဝန်းကျင်ရှိ အရာဝတ္ထုများမှလွဲ၍ လူသားမျိုးနွယ်ကိုယ်တိုင်ပင် ဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်နှင့်ပတ်သက်လာလျှင် လူတို့ မြင်နိုင်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများထဲမှ မည်သည့်အရာများသည် ပြောဆိုထိုက်သနည်း။ မည်သည့်အရာများသည် နားလည်ထိုက်သနည်း။ လူ့အဖွဲ့အစည်းနှင့် ပတ်သက်လာလျှင် အများဆုံး နားလည်ရန် ထိုက်တန်သည့် အကြောင်းအရာမှာ လူသားမျိုးနွယ်၏ လူမှုတိုးတက်မှုဟုခေါ်သော အရာဖြစ်သည်။ ဤလူမှုတိုးတက်မှုက အကျုံးဝင်သော အဓိကအကြောင်းအရာမှာ မတူညီသော ဓလေ့များ ဖြစ်သည်။ မတူညီသော ဓလေ့များ ပေါ်ပေါက်လာခြင်းသည် မတူညီသော လူ့အဖွဲ့အစည်းများအတွင်းရှိ ပညာရေးမှ မြစ်ဖျားခံသည်၊ မတူညီသော လူ့အဖွဲ့အစည်းများအတွင်းရှိ ပညာရေးသည် မတူညီသော ဓလေ့များကို ဖြစ်ပေါ်စေပြီး ဤမတူညီသော ဓလေ့များ၏ နောက်ခံအခြေအနေတွင် ခေတ်အဆက်ဆက်ရှိ လူသားမျိုးနွယ်၏ လူမှုတိုးတက်မှုဟုခေါ်သော အရာများ ပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာ လူ့ယဉ်ကျေးမှု၏ ရင်းမြစ်နှင့် ဇာစ်မြစ် ဖြစ်သည်။ အရှေ့တိုင်း လူ့အဖွဲ့အစည်းတွင် ယင်း၏ လူမှုတိုးတက်မှု ရှိပြီး ယင်းတွင် ယင်း၏ ဓလေ့ဟုခေါ်သော အရာလည်း ရှိသည်မှာ အမှန်ပင်။ ဤဓလေ့၏ ပေါ်ပေါက်လာခြင်းသည် အရှေ့တိုင်း လူ့အဖွဲ့အစည်းက ယင်း၏လူများကို သွန်သင်လေ့ကျင့်ပေးသည့် နည်းလမ်းမှ လာသည်။ အလားတူပင် အနောက်တိုင်း လူ့အဖွဲ့အစည်းတွင်လည်း ယင်း၏ လူမှုတိုးတက်မှုဟုခေါ်သော အရာ ရှိသည်။ အနောက်တိုင်း ယဉ်ကျေးမှုသည်လည်း ယင်း၏ ဓလေ့မှ လာပြီး ယင်း၏ ဓလေ့၏ ပေါ်ပေါက်လာခြင်းသည်လည်း အလားတူပင် အနောက်တိုင်း လူ့အဖွဲ့အစည်း၏ သွန်သင်လေ့ကျင့်ပေးခြင်းမှ လာသည်။ ဆိုလိုသည်မှာ ခေတ်အဆက်ဆက်ရှိ အနောက်တိုင်း လူ့အဖွဲ့အစည်း၏ သွန်သင်လေ့ကျင့်ပေးခြင်းသည် အနောက်တိုင်း ဓလေ့ကို ဖြစ်ပေါ်စေခဲ့ပြီး ထိုသို့သော ဓလေ့ နောက်ခံအခြေအနေတွင်၊ အနောက်တိုင်း လူမှုတိုးတက်မှုသည် တဖြည်းဖြည်း ပေါ်ပေါက်လာကာ ပုံသဏ္ဌာန်ဖြစ်ပေါ်လာပြီး ယနေ့ခေတ်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ အရှေ့တိုင်းဓလေ့ဖြစ်စေ၊ အနောက်တိုင်း ဓလေ့ဖြစ်စေ နှစ်မျိုးစလုံးသည် သက်ဆိုင်ရာ လူမျိုးများကို ဤနည်းလမ်းဖြင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သွန်သင်လေ့ကျင့်ပေးခဲ့ကြသည်။ ခေတ်အဆက်ဆက်တွင် ၎င်းတို့သည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကို အဆက်မပြတ် ပုံသွင်းကာ လွှမ်းမိုးခဲ့ပြီး ခေတ်အဆက်ဆက်တွင် မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ ပျံ့နှံ့ခဲ့သည့်အပြင် တစ်ချိန်တည်းမှာပင် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ရှေ့ဆက်သယ်ဆောင်ခြင်း ခံခဲ့ရသည်။ ဤနည်းလမ်းဖြင့် အရှေ့တိုင်းနှင့် အနောက်တိုင်း ဓလေ့များနှင့် လူမှုတိုးတက်မှုများသည် တဖြည်းဖြည်း ပုံသဏ္ဌာန်ဖြစ်ပေါ်လာပြီး ပေါ်ထွက်လာခဲ့ကာ လူတို့က တဖြည်းဖြည်း အသိအမှတ်ပြုပြီး လက်ခံလာခဲ့ကြသည်၊ အရှေ့တိုင်းနှင့် အနောက်တိုင်း လူ့အဖွဲ့အစည်းများတွင် တဖြည်းဖြည်း ပုံသဏ္ဌာန်ဖြစ်ပေါ်လာပြီး အခိုင်အမာ တည်ရှိလာခဲ့သည်။ ဤသည်မှာ အရှေ့နှင့် အနောက်၏ ပင်မရေစီးကြောင်း ဓလေ့များနှင့် လူမှုတိုးတက်မှုများကို ဖွဲ့စည်းခဲ့သည်။ အရှေ့တိုင်းတွင် ယင်း၏ ပင်မရေစီးကြောင်း ဓလေ့နှင့် လူမှုတိုးတက်မှု ရှိသကဲ့သို့ အနောက်တိုင်းတွင်လည်း ရှိသည်။ အရှေ့တိုင်းနှင့် အနောက်တိုင်း လူ့အဖွဲ့အစည်းများသည် အနှစ်သာရ၊ ပုံဿဏ္ဌာန်နှင့် လူသားမျိုးနွယ်အပေါ် ယင်းတို့၏ သြဇာလွှမ်းမိုးမှုအရ၊ မတူညီသော ဓလေ့များနှင့် လူမှုတိုးတက်မှုများကို ဖွဲ့စည်းခဲ့ကြသည်။ အရှေ့တိုင်း ဓလေ့ဖြစ်စေ၊ အနောက်တိုင်း ဓလေ့ဖြစ်စေ၊ နှစ်မျိုးစလုံးသည် လူတို့၏ ဘဝများ၊ ရှင်သန်မှု၊ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များအပေါ် မဖျောက်ဖျက်နိုင်သော၊ မတွန်းလှန်နိုင်သော သို့မဟုတ် အစားထိုးမရနိုင်သော သြဇာလွှမ်းမိုးမှု ရှိခဲ့သည်။ ငါတို့သည် အရှေ့တိုင်းနှင့် အနောက်တိုင်း ဓလေ့များအကြောင်း ပြောဆိုနေသောကြောင့် ယင်းတို့တွင် ယင်းတို့၏ ကွဲပြားမှုများ သေချာပေါက် ရှိသည်။ အရှေ့တိုင်း ဓလေ့တွင် ယင်း တန်ဖိုးထားသော အဓိက အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ ရှိပြီး အနောက်တိုင်း ဓလေ့တွင်မူ ယင်း၏ လက္ခဏာများ၊ ယင်း တန်ဖိုးထားသော အဓိက အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ ရှိသည်။ သို့ဆိုလျှင် အရှေ့တိုင်း ဓလေ့သည် အဘယ်အရာကို တန်ဖိုးထားသနည်း။ အရှေ့တိုင်း ဓလေ့သည် အဓိကအားဖြင့် အဘယ်အရာကို သင်ကြားသနည်း။ လူအများစုသည် ဤအပိုင်းကို သိပ်မနားလည်ကြပေ။ သင်တို့ထဲမှ အချို့သည် “အဘယ်ကြောင့် သင်သည် ဤအချက်မှစ၍ အပြုသဘောဆောင်သောအရာများအကြောင်း ပြောဆိုနေရသနည်း” ဟု လုံးဝ နားမလည်နိုင် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ကြီးမားသော အတိုင်းအတာရှိသည့် အရာများစွာသည် ယင်းတို့၏ ပင်ကိုသဘာဝ၌ စိတ်ကူးဆန်သော အစိတ်အပိုင်းများစွာ ရှိကြသည်။ သင်တို့သည် ဤအပိုင်းကို ယခုထိ နားမလည်သေးသော်လည်း သင်တို့ ဂရုတစိုက် နားထောင်ပါက နားလည်လာလိမ့်မည်။

အရှေ့တိုင်း ယဉ်ကျေးမှုအကြောင်းကို ငါတို့ ဦးစွာ ပြောကြစို့။ အရှေ့တိုင်း ယဉ်ကျေးမှုက မည်သည့်အရာကို တန်ဖိုးထားသနည်း။ ယင်း၏ အနှစ်သာရမှာ အဘယ်နည်း။ လူတို့အပေါ် ယင်း၏ လွှမ်းမိုးမှုမှာ အဘယ်နည်း။ သင် ကိုယ်တိုင် ခံစားခဲ့ရသည့် သို့မဟုတ် ယင်းနှင့် ရေရှည် ထိတွေ့မှုမှ မသိမသာ လွှမ်းမိုးခြင်းအားဖြင့် သင် မြင်တွေ့ပြီးဖြစ်သော၊ နားလည်ပြီးဖြစ်ကာ သို့မဟုတ် သဘောပေါက်လာ၍ လေ့လာသိရှိခဲ့သည့် အရှေ့တိုင်း ယဉ်ကျေးမှု၏ အဓိက လက္ခဏာများမှာ အဘယ်အရာများ ဖြစ်သနည်း။ ယဉ်ကျေးမှုအကြောင်း ငါတို့ ပြောဆိုသောအခါ ယင်းက သွန်သင်လေ့ကျင့်ပေးမှုနှင့် ဆက်စပ်နေသည်။ မိသားစုများ၊ ကျောင်းပညာရေး သို့မဟုတ် လူ့အဖွဲ့အစည်းထံမှ လာသည့် သွန်သင်လေ့ကျင့်ပေးမှုဖြစ်စေ ယင်းအားလုံးသည် ယဉ်ကျေးမှုနှင့် ဆက်စပ်နေသည်၊ ယင်းက လူမျိုးတစ်မျိုး သို့မဟုတ် လူတစ်စု၏ သွန်သင်လေ့ကျင့်ပေးမှုနှင့် ဆက်စပ်နေသည်။ သွန်သင်လေ့ကျင့်ပေးမှုသည် ယဉ်ကျေးမှု နောက်ခံတစ်ခုကို ဖန်တီးသည်၊ ထိုအရာမှာ သေချာသည်။ အရှေ့တိုင်း ယဉ်ကျေးမှုက မည်သည့် သွန်သင်လေ့ကျင့်ပေးမှုမျိုးကို တန်ဖိုးထားသည်ကို သင်တို့ သိကြသလော။ (အရှေ့တိုင်း ယဉ်ကျေးမှုသည် ရိုးရာဓလေ့ကို များစွာ တန်ဖိုးထားပါသည်။) သို့ဆိုလျှင် ရိုးရာဓလေ့၏ အနှစ်သာရမှာ အဘယ်နည်း။ “ရိုးရာဓလေ့” ဟူသည်မှာ အယူအဆတစ်ခု ဖြစ်သည်။ ဤအယူအဆက လွှမ်းခြုံထားသည့် တိကျသော အကြောင်းအရာမှာ အဘယ်နည်း။ ယင်းမှာ သင် မည်သို့ တွေးခေါ်သင့်သည်၊ သင် မည်သည့်အရာ လုပ်ဆောင်သင့်သည်၊ မည်သည့် ဦးတည်ချက်နှင့် မည်သည့် ပန်းတိုင်သို့ သင် ကျင့်ကြံပြုမူသင့်သည်တို့အတွက် သတ်မှတ်ချက်များ ဖြစ်သည်။ ဤသည်မှာ ၎င်း၏ သွန်သင်လေ့ကျင့်ပေးမှုနှင့်ဆိုင်သော တိကျသည့် အနှစ်သာရ ဖြစ်သည်။ အရှေ့တိုင်း လူ့အဖွဲ့အစည်းက တန်ဖိုးထားသည့် သွန်သင်လေ့ကျင့်ပေးမှုမှာ လူမှုရေး ကိုယ်ကျင့်တရား သွန်သင်လေ့ကျင့်ပေးမှုဖြစ်ပြီး ဤလူမှုရေး ကိုယ်ကျင့်တရား သွန်သင်လေ့ကျင့်ပေးမှုတွင် တိကျသော အကြောင်းအရာလည်း ရှိသည်။ ဥပမာအားဖြင့် အရှေ့တိုင်း လူ့အဖွဲ့အစည်းတွင် မကြာခဏ ဖြန့်ချိလေ့ရှိသော အတွေးအခေါ်ဆိုင်ရာ ရေစီးကြောင်းတစ်ခုမှာ အကြောင်းပြချက်ပေးခြင်းဖြင့် တစ်ပါးသူကို နားချခြင်း ဖြစ်သည်။ ဤသည်မှာ ယင်းတို့ထဲမှ တစ်ခုဖြစ်သလော။ (ဟုတ်ပါသည်။) အင်အားမသုံးမီ ယဉ်ကျေးပျူငှာခြင်း၊ ယဉ်ကျေးပျူငှာမှုကြောင့် အခြားသူများကို အလျှော့ပေးခြင်းနှင့် “ဝန်ကြီးချုပ်တစ်ဦး၏ နှလုံးသားသည် လှေတစ်စင်း ရွက်လွှင့်ရလောက်အောင် ကြီးမားသည်” ဟူသည်တို့လည်း ရှိသည်။ “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်” နှင့် “အလျှော့ပေးခြင်းသည် ပဋိပက္ခတစ်ရပ်ကို ဖြေရှင်းရန် ပို၍လွယ်ကူစေ၏” ဟူသည်တို့လည်း ရှိသည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ”၊ “အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်”၊ “ယောက်ျားကောင်းတစ်ဦးသည် မည်သည့်အချိန်တွင် အလျှော့ပေးရမည်နှင့် မည်သည့်အချိန်တွင် မိမိရပ်တည်ချက်ကို ပြသရမည်ကို သိသည်” နှင့် “ယောက်ျားကောင်းတစ်ဦး၏ ရည်မှန်းချက်သည် ကျယ်ပြန့်သည်” ဟူသည်တို့ ဖြစ်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (“သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏” ဟူသည်မှာ အကျုံးဝင်ပါသလော။) ယင်းသည်လည်း အကျုံးဝင်သည်။ ဧည့်ဝတ်ကျေပွန်ခြင်းနှင့် သက်ဆိုင်သည့် “အဝေးမှ မိတ်ဆွေတစ်ယောက် လာသောအခါ အလွန်ဝမ်းမြောက်ဖွယ်ဖြစ်သည်” ဟူသည်လည်း ရှိသည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (“မိတ်ဆွေအတွက် အသက်စွန့်မည်” နှင့် “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဟူသည်တို့ ဖြစ်ပါသည်။) အရှေ့တိုင်း သွန်သင်လေ့ကျင့်ပေးမှုရှိ ဤအယူအဆများအားလုံးက ရရှိရန် ရည်ရွယ်ထားသည့် အကျိုးသက်ရောက်မှုမှာ လူတို့အား လူမှုရေး ကိုယ်ကျင့်တရားများကို တန်ဖိုးထားစေရန် ဖြစ်သည်။ ဤအယူအဆများက လူ့အဖွဲ့အစည်းတွင် ၎င်းတို့ လိုက်နာစောင့်ထိန်းသင့်သည့် ကျင့်ဝတ်စည်းကမ်းများကို လူတို့အား သင်ကြားပေးပြီး ဤကျင့်ဝတ်ဟု ခေါ်ဆိုသောအရာကို လူတစ်ဦး၏ ကိုယ်ကျင့်စရိုက် သင်္ကေတတစ်ခုအဖြစ် လူတို့အား သဘောထားစေသည်။ အရှေ့တိုင်း သွန်သင်လေ့ကျင့်ပေးမှုသည် လူတို့၏ အပြုအမူကို စည်းကမ်းသတ်မှတ်ရန် ဤအရာများကို အသုံးပြုသည်။ လူတစ်ဦးသည် လူ့အဖွဲ့အစည်းတွင် နေရာရလိုပါက ၎င်းသည် အရာရာတွင် အခြားသူများ၏ အထင်ကြီးလေးစားမှု၊ ကြည်ညိုမှုနှင့် ရိုသေမှုတို့ကို ရရှိရန် ဦးစွာ သေချာအောင် လုပ်ဆောင်ရမည်။ ထိုသို့သော လူ့သဘာဝ အရည်အသွေးများ ရှိသည့် ကိုယ်ကျင့်တရားကို ရရှိခြင်းအားဖြင့်သာ လူတစ်ဦးကို စစ်မှန်သော လူကောင်းတစ်ဦးအဖြစ် မှတ်ယူနိုင်သည်။ ထိုသို့သော သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိပြီးနောက်တွင် လူတို့သည် မိမိတို့ကိုယ်ကို ထိန်းချုပ်ရန် ကိုယ်ကျင့်တရား စရိုက်လက္ခဏာဟု ခေါ်ဆိုသော ဤစိတ်ကူးများကို အသုံးပြုကြပြီး ဤသတ်မှတ်ချက်များကို ပြည့်မီရန် ကြိုးပမ်းကြသည်။ ဤအရှေ့တိုင်း သွန်သင်လေ့ကျင့်ပေးမှုသည် လူတို့အား အပြင်ပန်းတွင် ကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းရန် သင်ကြားပေးသဖြင့် ၎င်းတို့သည် ယဉ်ကျေးပျူငှာပြီး အမူအကျင့်ကောင်းမွန်သောသူများ၊ မြင့်မြတ်သော ကိုယ်ကျင့်တရား စရိုက်လက္ခဏာ ရှိသောသူများဖြစ်ပုံ ပေါက်ကြသည်။ လူတို့ အတွင်းစိတ်တွင် တွေးတောနေသည့်အရာနှင့်ပတ်သက်၍မူ ၎င်းတို့တွင်ရှိသော လူ့သဘာဝ လိုအပ်ချက်များ၊ ဆန္ဒများ သို့မဟုတ် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မည်သည့်အရာမဆို ယင်းတို့အားလုံးကို ထုတ်ဖော်ပြသခြင်း မပြုဘဲ ဖိနှိပ်ထားသင့်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားသင့်သည်။ အရှေ့တိုင်း သွန်သင်လေ့ကျင့်ပေးမှု၏ ဤကဏ္ဍနှင့်ပတ်သက်၍ ငါတို့ ယခင်က အတော်အတန် မိတ်သဟာယဖွဲ့ခဲ့ပြီး ဖြစ်သည်။ အတွေးအခေါ်ဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှု ဤအယူအဆများအားလုံး၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းတို့သည် လူ့သဘာဝ၏ လိုအပ်ချက်များနှင့် ကိုက်ညီသလော။ ယင်းတို့သည် လူ့သဘာဝ၏ အနှစ်သာရနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤအရှေ့တိုင်း လူမှုရေး ကိုယ်ကျင့်တရား သွန်သင်လေ့ကျင့်ပေးမှုအောက်ရှိသူများ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသသည့် အပြုအမူသည် လူတို့၏ အနှစ်သာရန၊ ၎င်းတို့၏ လူ့သဘာဝ လိုအပ်ချက်များနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်ပင် ဤအရာက အချက်တစ်ချက်ကို အပြည့်အဝ သက်သေပြနေသည်၊ ယင်းမှာ ဤအရှေ့တိုင်း လူမှုရေး ကိုယ်ကျင့်တရား သွန်သင်လေ့ကျင့်ပေးမှုက ထောက်ခံအားပေးသည့် အမျိုးမျိုးသော စိတ်ကူးများသည် လူတို့၏ လက်တွေ့အခြေအနေများနှင့်လည်းကောင်း၊ ၎င်းတို့၏ လူ့သဘာဝအတွင်း အမှန်တကယ် တည်ရှိနေသည့်အရာကိုလည်းကောင်း ဆန့်ကျင်နေခြင်း ဖြစ်သည်။ လူတို့၏ စစ်မှန်သော ပြဿနာများကို ဖုံးကွယ်ရန်နှင့် ၎င်းတို့အား လူ့အဖွဲ့အစည်းတွင် ပို၍ ဂုဏ်ရှိစွာ နေထိုင်ခွင့်ပေးရန်၊ ပို၍ မြင့်မြတ်ပြီး အခြားသူများ၏ အသိအမှတ်ပြုခြင်းကို ပို၍ ခံထိုက်သူဖြစ်ပုံ ပေါက်စေရန်အလို့ငှာ ဤလူမှုရေး ကိုယ်ကျင့်တရား သွန်သင်လေ့ကျင့်ပေးမှုသည် အရှေ့တိုင်း လူ့အဖွဲ့အစည်းတွင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဤကဲ့သို့သော နောက်ခံအခြေအနေမျိုးရှိသည့် သွန်သင်လေ့ကျင့်ပေးမှုသည် ဟန်ဆောင်မှုဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုတစ်ခု ဖြစ်သည်ဟု ဆိုရမည်။ ဤဟန်ဆောင်မှုဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှု၏ အနှစ်သာရ သို့မဟုတ် ရည်ရွယ်ထားသော အကျိုးသက်ရောက်မှုမှာ လူတိုင်းအား ၎င်းတို့၏ စစ်မှန်သော မျက်နှာကို အခြားသူများထံ ထုတ်ဖော်ပြသခြင်း မပြုရန် သတိပေးဆုံးမဖို့ ဖြစ်သည်။ ၎င်းတို့၏ စရိုက်လက္ခဏာက မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ နောက်ခံက မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် အခြားသူများရှေ့တွင် သိက္ခာနှင့် ဂုဏ် ပို၍ ရှိနိုင်ရန်၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုဖြင့် နေထိုင်နိုင်ရန်နှင့် ၎င်းတို့အား အထင်ကြီးလေးစားမှုနှင့် အသိအမှတ်ပြုမှု ရရှိစေသည့် နည်းလမ်းဖြင့် နေထိုင်နိုင်ရန်အလို့ငှာ မိမိတို့ကိုယ်ကို ဟန်ဆောင်ပြီး ဖုံးကွယ်ဖို့ သင်ယူသင့်သည် ဟူ၍ ဖြစ်လေသည်။

ဤအရှေ့တိုင်း ဟန်ဆောင်မှုဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှု၏ နောက်ခံအခြေအနေတွင် အရှေ့တိုင်းသားများသည် မည်သည့်အရာကို သင်ယူခဲ့ကြသနည်း။ ၎င်းတို့သည် မြိုသိပ်၍ သည်းခံခြင်းကို သင်ယူခဲ့ကြသည်။ အရှေ့တိုင်း အတွေးအခေါ်ဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုသည် အရှေ့တိုင်းသားများ၏ လူ့သဘာဝအတွင်း အရည်အသွေးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ဤအရည်အသွေး၏ အကျိုးဆက်မှာ၊ တွေးခေါ်မှု အဆင့်မှ ကြည့်သည်ဖြစ်စေ၊ အပြုအမူအရ ကြည့်သည်ဖြစ်စေ ယင်းက လူတို့အား မည်သို့ မြိုသိပ်၍ သည်းခံရမည်ကို သင်ယူစေခြင်း ဖြစ်သည်။ တိတိကျကျဆိုရလျှင် မည်သည့် လူမှုခေတ်ကာလတွင်မဆို၊ မည်သည့် အုပ်စိုးသူ လူတန်းစားအောက်တွင်မဆို၊ မည်သည့် နေထိုင်မှု ပတ်ဝန်းကျင်တွင်မဆို အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကြုံတွေ့ရသည့်အခါ လူတို့သည် မည်သို့ မြိုသိမ်၍ သည်းခံရမည်ကို သင်ယူရမည်ဖြစ်ပြီး ၎င်းတို့၏ စစ်မှန်သော စိတ်ခံစားချက်များနှင့် အတွေးများကို ထုတ်ဖော်မပြရပေ။ ယင်းကို “မြိုသိပ်၍ သည်းခံခြင်း” ဟု ခေါ်ဆိုခြင်းမှာ စကားအလှသုံးခြင်း ဖြစ်သည်၊ အမှန်တကယ်တွင် ယင်းမှာ ဟန်ဆောင်မှု ဖြစ်သည်။ ဤဟန်ဆောင်မှုအတွက် လူတို့က မည်သည့်အရာကို အသုံးပြုကြသနည်း။ ၎င်းတို့သည် အပြင်ပန်းတွင် ယဉ်ကျေးပျူငှာပြီး အမူအကျင့်ကောင်းမွန်သောသူများ၊ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသော မြင့်မြတ်သည့် ကိုယ်ကျင့်တရား စရိုက်လက္ခဏာရှိသောသူများ၊ အခြားသူများ၏ ကြည်ညိုမှု၊ အသိအမှတ်ပြုမှုနှင့် အထင်ကြီးလေးစားမှုတို့ကို ရနိုင်စွမ်း ရှိသောသူများအဖြစ် ပုံပေါက်စေရန်အလို့ငှာ မိမိတို့ကိုယ်ကို ဖုံးကွယ်ဖို့ အရှေ့တိုင်း လူမှုရေး ကိုယ်ကျင့်တရား သွန်သင်လေ့ကျင့်ပေးမှု သို့မဟုတ် အရှေ့တိုင်း ယဉ်ကျေးမှုမှ ရယူထားသော အမျိုးမျိုးသော အတွေးများ၊ ရှုထောင့်အမြင်များ၊ ကျင့်ကြံပြုမူခြင်းအတွက် ကလိမ်ကကျစ် နည်းလမ်းများနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များကို အသုံးပြုကြသည်။ ဤသည်မှာ လူတို့အပေါ် အရှေ့တိုင်း လူမှုရေး ကိုယ်ကျင့်တရား သွန်သင်လေ့ကျင့်ပေးမှု၏ လွှမ်းမိုးမှုဖြစ်သည်၊ ယင်း၏ အဓိက အကျိုးသက်ရောက်မှုမှာ လူတို့သည် အဆုံးတွင် မြိုသိပ်၍ သည်းခံခြင်းကို သင်ယူလိုက်ကြခြင်း ဖြစ်သည်။ “မြိုသိပ်၍ သည်းခံခြင်း” ဟူသော ဝေါဟာရသည် လူတို့အား အရာရာကို သည်းခံစေခြင်း၊ အခြားသူများကို အကျိုးအကြောင်းဖြင့် နားချခြင်းနှင့် လူတို့နှင့် ဆက်ဆံရာတွင် အတင်းအကျပ်မပြုမီ ယဉ်ကျေးပျူငှာစေခြင်း၊ အခြားသူများကို အကြီးမားဆုံးသော ကြင်နာမှုဖြင့် ဆက်ဆံရန် ကြိုးစားစေခြင်းတို့ကို လွှမ်းခြုံထားသည်။ ၎င်းတို့သည် အထူးသဖြင့် သဘောထားကြီးပြီး မေတ္တာကရုဏာနှင့် သည်းခံခွင့်လွှတ်သော စိတ်နှလုံးကို ပိုင်ဆိုင်ထားသည့်အလားပင် ဖြစ်လေသည်၊ ၎င်းတို့သည် လူ့ကိုယ်ကျင့်တရား၏ အမြင့်ဆုံးနေရာမှ အရာရာကို ငုံ့ကြည့်လျက် မိမိတို့ကိုယ်ကို အထူးသဖြင့် ကြီးမြတ်ပြီး မြင့်မြတ်သယောင် ဟန်ဆောင်ကြသည်။ သို့ဖြစ်၍ ဤအရှေ့တိုင်း ယဉ်ကျေးမှု နောက်ခံအခြေအနေအတွင်းတွင် အရှေ့တိုင်းသားများ၏ ယဉ်ကျေးမှုဆိုင်ရာ ဘဝသည် အခြေခံအားဖြင့် ဤစိတ်ကူးများနှင့် အယူအဆများဖြင့် ပျံ့နှံ့နေသည်။ တစ်ချိန်တည်းမှာပင် ဤယဉ်ကျေးမှုကို နောက်မျိုးဆက်အား အဆက်မပြတ် ပုံသွင်းရန်နှင့် လွှမ်းမိုးရန် အသုံးပြုသည်။ ဥပမာအားဖြင့် ရုပ်ရှင်များနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများတွင် အချို့သော စိတ်ကူးများကို မကြာခဏ မြှင့်တင်လေ့ရှိပြီး ယင်းတို့ထဲမှ တစ်ခုမှာ “ကြီးမြတ်သော သူရဲကောင်းစိတ်ဓာတ်ရှိသည့် သူရဲကောင်းများသည် မိမိ၏နိုင်ငံနှင့် လူမျိုးအတွက် မိမိ၏အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ကြသည်” ဟူ၍ ဖြစ်သည်။ လူတို့၏ စိတ်ထဲတွင် ကြီးမြတ်သော သူရဲကောင်းတစ်ဦး၏ ပုံရိပ်မှာ အဘယ်နည်း။ သိုင်းကားများတွင် ကြီးမြတ်သော သူရဲကောင်း အများစုသည် ဝါးခမောက်တစ်လုံး ဆောင်းလျက်၊ ဓားတစ်လက် သို့မဟုတ် ဓားရှည်တစ်လက်ကို ဘေးတွင် ချိတ်လျက် ခန့်ညားပြီး ရည်မွန်သည်ကို သင် မြင်ရသည်။ ၎င်းတို့သည် ခံစားချက်ကင်းမဲ့ပြီး ကိုယ်ကျိုးစွန့်ကာ လောကကြီး၊ သာမန်ပြည်သူများနှင့် သက်ရှိသတ္တဝါအားလုံးကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထားရှိကြပြီး တရားမျှတမှုကို ထိန်းသိမ်းလျက်၊ ကောင်းမှုများကို ပြုလျက်၊ အများအကျိုး သယ်ပိုးလျက် လှည့်လည်သွားလာကြသည်။ မတရားမှုကို ၎င်းတို့ မြင်သောအခါ ကူညီရန် ၎င်းတို့၏ ဓားများကို ဆွဲထုတ်ကြပြီး လိုအပ်သည့်အချိန်တွင် အရေးယူဆောင်ရွက်ကြသည်။ ဤသည်မှာ လူတို့၏ စိတ်ထဲတွင် ရှိသော ကြီးမြတ်သည့် သူရဲကောင်းတစ်ဦး၏ ပုံရိပ်ဖြစ်ပြီး ယင်းမှာ ထိုသို့သော ပုဂ္ဂိုလ်များက လူတို့၏ စိတ်ထဲတွင် ကိုင်စွဲထားသည့် တန်ဖိုးလည်း ဖြစ်သည်။ ရုပ်ရှင်များနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများက ဤကဲ့သို့သော ဇာတ်ကောင်များကို ဖန်တီးရသည့် အကြောင်းရင်းမှာ အရှေ့တိုင်းသား လူများအားလုံး၏ စိတ်နှလုံးထဲတွင် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အပေါ် ထိုသို့သော တောင့်တမှုမျိုး ရှိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် နောက်ထပ် မြိုသိပ်၍ သည်းခံရန် မလိုအပ်တော့ဖို့၊ ဤလူမှုရေး ယဉ်ကျေးမှု၏ ချည်နှောင်ခြင်းနှင့် ချုပ်နှောင်ခြင်းကို နောက်ထပ် မခံရတော့ဖို့အလို့ငှာ ထိုသို့သောလူများ လူ့အဖွဲ့အစည်းတွင် သို့မဟုတ် ဘဝတွင် ရှိနေရန် ၎င်းတို့ တောင့်တကြသည်။ လူတို့တွင် ဤလိုအပ်ချက် ရှိသောကြောင့်ပင် ထိုသို့သော ဇာတ်ကောင်များကို အချို့သော စာပေနှင့် အနုပညာ လက်ရာများတွင် အဆက်မပြတ် ဖန်တီးကြခြင်း ဖြစ်သည်။ ဤအရာက ယဉ်ကျေးမှုဆိုင်ရာ ဝါဒဖြန့်ချိရေး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသကဲ့သို့ ပရိသတ်၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးသည်။ သာမန်ပြည်သူများသည် လူ့အဖွဲ့အစည်းတွင် အလွန် အချိန်ကြာမြင့်စွာနှင့် အလွန် နာကျင်စွာ မြိုသိပ်၍ သည်းခံခဲ့ကြရသည်၊ ၎င်းတို့သည် ထွက်ပေါက်တစ်ခု လိုအပ်သော်လည်း တစ်ခုမျှ မရှိပေ။ ၎င်းတို့သည် ဤစာပေနှင့် အနုပညာ လက်ရာများတွင် ဖန်တီးထားသော သူရဲကောင်း ပုဂ္ဂိုလ်များနှင့် ကြီးမြတ်သည့် သူရဲကောင်းများ၌သာ ကျေနပ်မှုကို ရှာတွေ့နိုင်သည်။ သို့ဖြစ်၍ ထိုသို့သော ရုပ်ရှင်၊ ရုပ်မြင်သံကြား လက်ရာများနှင့် ထိုသို့သော ဇာတ်ကောင်များကို လူထုက လက်ခံပြီး ချီးကျူးကြသည်။ ရုပ်ရှင်များနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ ဤကြီးမြတ်သော သူရဲကောင်းများ၏ ဖြောင့်မတ်သည့် လုပ်ရပ်များဖြစ်စေ၊ မတရားမှုကို ၎င်းတို့ မြင်သောအခါ ကူညီရန် ၎င်းတို့၏ ဓားများကို ဆွဲထုတ်သည့် ၎င်းတို့၏ လုပ်ရပ်များဖြစ်စေ မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် လုံးဝ ကိုက်ညီသည်ကို လူထုက မြင်သောအခါ ၎င်းတို့အားလုံး လက်ခုပ်တီးပြီး ဩဘာပေးကြလျက် “သင်မှတ်ပြီလော။ ဤသည်မှာ မကောင်းမှုပြုခြင်းအတွက် သင်ရသည့်အရာပင်ဖြစ်၏။ ဤသည်မှာ ပြည်သူကို ဒုက္ခပေးသည့်အတွက် သင်ရသည့်အရာပင်ဖြစ်၏” ဟု အော်ဟစ်ကြသည်။ ၎င်းတို့၏ အားပေးသံများက အရှေ့တိုင်းသားများ ၎င်းတို့၏ နေ့စဉ်ဘဝများတွင် ကြုံတွေ့ရသည့် မြိုသိပ်၍ သည်းခံရခြင်း၏ နာကျင်မှုကိုလည်းကောင်း၊ လူ့အဖွဲ့အစည်းနှင့် အုပ်စိုးသူ လူတန်းစားထံမှ ၎င်းတို့ ခံစားရသည့် လေးလံပြီး အမျိုးစုံသော ဖိအားများနှင့် ကြီးမားသည့် ညှဉ်းပန်းနှိပ်စက်မှုကိုလည်းကောင်း ထင်ဟပ်စေသည်။ သို့ဖြစ်၍ ထိုသို့သော ဖျော်ဖြေရေး လက်ရာများကို သာမန်ပြည်သူများက စိတ်နှလုံးထဲတွင် ကြိုဆိုကြပြီး အသိအမှတ်ပြုကာ တောင့်တကြသည်။

ဤအရှေ့တိုင်း လူမှုရေး ကိုယ်ကျင့်တရား သွန်သင်လေ့ကျင့်ပေးမှုကြောင့် ဖြစ်ပေါ်လာသည့် မြိုသိပ်၍ သည်းခံခြင်းသည် အရှေ့တိုင်းသားများကို ၎င်းတို့၏ တွေးခေါ်မှုနှင့် ၎င်းတို့၏ လူ့သဘာဝအရ အကြီးမားဆုံးသော အတိုင်းအတာအထိ ချည်နှောင်ပြီး ကန့်သတ်ထားသည်မှာ အတိကျပင်ဖြစ်သောကြောင့် ၎င်းတို့၏ လူ့သဘာဝနှင့် တွေးခေါ်မှုတို့သည် များစွာ လွဲချော်သွားခဲ့သည်။ ဤလွဲချော်ခြင်းသည် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ လူတိုင်းသည် အရာရှိများနှင့် ချမ်းသာသူများကို မုန်းတီးကြသည်ဟူသော အချက်တွင် ယင်းက ပေါ်လွင်ထင်ရှားသည်။ မတရားသော အရာတစ်ခုခုကို ၎င်းတို့ မြင်သောအခါ ၎င်းတို့၏ အတွင်းစိတ်တွင် အမုန်းတရားကို ခံစားရပြီး ၎င်းတို့၏ နာကျင်မှုအားလုံးသည် အုပ်စိုးသူ လူတန်းစား သို့မဟုတ် ချမ်းသာသူများကြောင့် ဖြစ်ရသည်ဟု ခံစားလျက် ယင်းကို ထိုသူတို့နှင့် ချက်ချင်း ဆက်စပ်တွေးတောကြသည်။ ဤသည်မှာ ကဏ္ဍတစ်ခု ဖြစ်သည်။ ထို့အပြင် အရှေ့တိုင်း လူမှုရေး ကိုယ်ကျင့်တရား သွန်သင်လေ့ကျင့်ပေးမှုသည် လူတို့၌ မြိုသိပ်၍ သည်းခံတတ်သော စရိုက်တစ်ခုကို ဖြစ်ပေါ်စေသောကြောင့် အရှေ့တိုင်းသားများ၏ အတွေးများသည် ကြီးမားသော အတိုင်းအတာအထိ ချည်နှောင်ခြင်းနှင့် ချုပ်နှောင်ခြင်းတို့ကို ခံထားရသည်။ အနောက်တိုင်းသားများနှင့် နှိုင်းယှဉ်လျှင် အရှေ့တိုင်းသားများအတွက် လွတ်လပ်စွာ တွေးခေါ်ခြင်း သို့မဟုတ် တွေးခေါ်မှု အဆင့်တွင် တွေးခေါ်မှု လွတ်မြောက်ခြင်းကို ရရှိရန် ခက်ခဲသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် လွတ်လပ်စွာ၊ လွတ်လွတ်လပ်လပ် ပြုမူခွင့်ဖြင့်၊ အမှီအခိုကင်းစွာ တွေးတောရန်နှင့် ဆင်ခြင်သုံးသပ်ရန် မစွမ်းဆောင်နိုင်ကြပေ။ သို့ဖြစ်၍ အရှေ့တိုင်း လူမှုအသိုင်းအဝိုင်းတွင် ကလေးများမှအစ လူကြီးများအထိ လူတိုင်းသည် ကျွန်စိတ်ပေါက်သည့် အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ထားကြသည်။ ပြဿနာတစ်ခုအကြောင်းကို အမှီအခိုကင်းစွာ တွေးတောရန်ဖြစ်စေ၊ စည်းမျဉ်းများနှင့် အစီအစဉ်များအတိုင်း တာဝန်တစ်ခုကို အမှီအခိုကင်းစွာ ပြီးမြောက်အောင် လုပ်ဆောင်ရန်ဖြစ်စေ ၎င်းတို့အတွက် ခက်ခဲသည်။ အခြားကဏ္ဍတစ်ခုမှာ အရှေ့တိုင်းသားများ၏ မြိုသိပ်၍ သည်းခံခြင်းသည် ၎င်းတို့အား လူ့အဖွဲ့အစည်း၊ လူသားမျိုးနွယ်နှင့် လူမှုအလွှာအသီးသီးအပေါ် ရန်လိုစေခြင်း ဖြစ်သည်။ ဤအရာက ၎င်းတို့၏ လူ့သဘာဝတွင် အတော်အတန် ကောက်ကျစ်စဉ်းလဲသော အရည်အသွေးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့ပြီး ယင်းကို ယုတ်ညံ့ခြင်းတစ်မျိုးအဖြစ် အကျဉ်းချုပ်နိုင်သည်။ ဤလောကကြီးသည် အလွန် မတရားသောကြောင့် လူတို့သည် လူ့အဖွဲ့အစည်း၊ ၎င်းတို့၏ လုပ်ငန်းခွင် ပတ်ဝန်းကျင်နှင့် ၎င်းတို့၏ မိသားစုများထံမှ အမျိုးမျိုးသော ဖိအားများနှင့် ချည်နှောင်မှုများကို ခါးစည်းခံကြရပြီး ဤအရာက ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ပုံမှန် လိုအပ်ချက်များဖြစ်သည့် ၎င်းတို့၏ ပုံမှန် စိတ်ခံစားမှုနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို သင့်လျော်စွာ သို့မဟုတ် တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းမပေးခြင်းကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ လူတိုင်းသည် ၎င်းတို့၏ ဘဝအပေါ် ပေါ့တန်သော၊ အဆိုးမြင်သော သို့မဟုတ် လောကကို ငြီးငွေ့သော သဘောထားတစ်ခုကို ထားရှိကြသည်။ ဤသဘောထားက အရှေ့တိုင်းသားများကို အသက်ရှင်ရန် မျှော်လင့်ချက်သည် အလွန် နည်းပါးသည်ဟု ခံစားရစေသည်။ ၎င်းတို့သည် အသက်ရှင်ရန် မည်သည့် တွန်းအားကိုမျှ မခံစားရသလောက်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာအတွက်မဆို စိတ်ပါဝင်စားမှု မရှိကြပေ။ ဤနည်းအားဖြင့် ၎င်းတို့သည် လောကကြီးနှင့် ဆက်ဆံရာတွင် ကောက်ကျစ်စဉ်းလဲသော သဘောထားတစ်ခုကို ဖြစ်ပေါ်စေကြပြီး ဤကောက်ကျစ်စဉ်းလဲခြင်းကို “ယုတ်ညံ့ခြင်း” ဟု အကျဉ်းချုပ်နိုင်သည်။ ဤ “ယုတ်ညံ့ခြင်း” က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းက လူတစ်ဦး လုပ်ဆောင်သမျှတွင် ပေါ့တန်သော သဘောထားတစ်ခု ရှိခြင်းကို ရည်ညွှန်းသည်။ ဥပမာအားဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အချို့လူများ၏ သဘောထားမှာ ၎င်းတို့ စိတ်တိုင်းကျ လုပ်ဆောင်ရန် ဖြစ်သည်။ ၎င်းတို့သည် တစ်စုံတစ်ရာကို လုပ်ချင်စိတ်ရှိလျှင် ယင်းကို အနည်းငယ် လုပ်ကြသည်။ ၎င်းတို့ လုပ်ချင်စိတ်မရှိလျှင် မလုပ်ကြပေ။ ၎င်းတို့၏ အလုပ်က ဖိအား အနည်းငယ်မျှ ရှိလာသည့်အခါ ယင်းက မည်မျှ ခက်ခဲကြောင်း ၎င်းတို့ ညည်းညူကြပြီး နားချင်ကြသည်။ သင်သည် ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ဤကဲ့သို့နေလျှင် အလုပ်ကြန့်ကြာလိမ့်မည်ဟု ၎င်းတို့ကို ပြောပါက ၎င်းတို့က “မည်သည့်အရာဖြစ်ပါစေ။ ကျွန်ုပ် ယခု နားချင်သည်။ ကျွန်ုပ်သည် ခဏတာ ပျော်ပါးချင်သည်” ဟု ပြောကြသည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို လေးနက်ပြီး တာဝန်သိသော သဘောထား မရှိကြပေ။ အလုပ်အပေါ်ဖြစ်စေ၊ ၎င်းတို့၏ နေ့စဉ်ဘဝအပေါ်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ ဘဝတစ်ခုလုံးနှင့် ၎င်းတို့၏ ယုံကြည်ခြင်းအပေါ်ပင်ဖြစ်စေ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်နေကြပြီး လေးနက်သော သဘောထား မရှိဘဲ ပေါ့တန်သော သဘောထားတစ်ခုကို ကျင့်သုံးကြသည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အတားအဆီးမရှိ ဝင်ရောက်လိုကြသည်။ ၎င်းတို့ အခက်အခဲနှင့် ကြုံရသည့်အခါ ၎င်းတို့ကို လုံးဝ စိတ်အနှောင့်အယှက် မဖြစ်စေပေ။ ၎င်းတို့သည် စည်းကမ်းသတ်မှတ်ခံရခြင်းကို သည်းမခံနိုင်ဘဲ လွတ်လပ်မှုကို ခံစားရန် တောင့်တကြသည်။ ၎င်းတို့ လွတ်လပ်သွားပါက မဆင်မခြင် ဒုစရိုက်အမှုများကို ကျူးလွန်ကြသည်။ ၎င်းတို့ လွတ်လပ်မှု ဆုံးရှုံးသွားပါက လူတိုင်းနှင့် အရာရာတိုင်းကို စောဒကတက်ကြသည်။ ဤသည်မှာ ၎င်းတို့တွင် ရှိသော သဘောထားမျိုး ဖြစ်သည်။ ဤသည်မှာ ယုတ်ညံ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အရှေ့တိုင်း လူမှုအသိုင်းအဝိုင်းအတွင်း အရှေ့တိုင်းသားများ ဖြစ်ပေါ်စေခဲ့သည့် စရိုက်လက္ခဏာ ဖြစ်သည်။ အချို့လူများသည် မြိုသိပ်၍ သည်းခံခြင်းကိုလည်း ပြုကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမဆို သည်းခံနိုင်ပြီး အလွန် ကြာမြင့်စွာ ထိုသို့ ပြုလုပ်နိုင်ကြသည်။ ၎င်းတို့တွင် ထူးကဲသော ခါးစည်းခံနိုင်စွမ်းနှင့် ဒူပေနာပေခံနိုင်စွမ်း ရှိကြပြီး မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခံရပ်နိုင်သည်၊ မည်သည့် ပတ်ဝန်းကျင်တွင်မဆို အသက်ရှင်နေထိုင်နိုင်သည်၊ မည်သည့် ပတ်ဝန်းကျင်တွင်မဆို ပြုံးနိုင်ကြပြီး ညဘက် အိပ်ချိန်ရောက်သည့်အခါ မျက်ရည်တစ်စက်မျှ မကျဘဲ အိပ်ပျော်နိုင်ကြသေးသည်။ ဥပမာအားဖြင့် ရေကြီးပြီး အချို့လူများ၏ နေအိမ်များ၊ လယ်ကွင်းများနှင့် ခြံမွေးတိရစ္ဆာန်များအားလုံး ရေမြုပ်သွားသည့်အခါ ၎င်းတို့သည် များစွာ နာကျင်ပုံမရပေ။ ၎င်းတို့သည် ရေကြီးမှုထဲတွင် တန်ဖိုးရှိသော ပစ္စည်းများကို ကောက်ယူရန် တစိုက်မတ်မတ် အာရုံစိုက်ကြပြီး ချမ်းသာလာရန် ကြံစည်ကြသည်။ အခြားသူများက “ဤကဲ့သို့ ပစ္စည်းများ ကောက်ဖို့ရာ သင့်အသက်ကို စွန့်စားခြင်းသည် ဘေးမကင်းပါ” ဟု ၎င်းတို့ကို သတိပေးကြသည်။ ၎င်းတို့က “ရေကြီးသည်မှာ ချမ်းသာရန် အခွင့်ကောင်းဖြစ်သည်။ ဤအခွင့်အရေးသည် ကြုံတောင့်ကြုံခဲ ဖြစ်လေသည်” ဟု ပြန်ပြောကြသည်။ အခြားသူများက “ကျွန်ုပ်တို့၏ လယ်များ ရေမြုပ်ကုန်ပြီ၊ ကျွန်ုပ်တို့၏ စပါးများ ရေထဲပါသွားပြီ၊ အစိုးရသည် မည်သည့်ထောက်ပံ့မှုမျှ မပေးပါ၊ မည်သူမျှလည်း လာမကူညီကြပါ။ ကျွန်ုပ်တို့ မည်သို့များ အသက်ရှင်ကြမည်နည်း။ ဤလောကကြီးထဲမှ ဘဝသည် အလွန်ပင် ခက်ခဲလှသည်။ ကျွန်ုပ်တို့ သေလိုက်သည်ကမှ ပိုကောင်းဦးမည်” ဟု ပြောကြသည်။ သို့သော် ၎င်းတို့က “ဘေးအန္တရာယ် ကျရောက်သည့်အခါတွင် မိမိကိုယ်ကိုသာ အားကိုးရမည်။ ကောင်းကင်ဘုံသည် လူသားအတွက် ထွက်ပေါက်တစ်ခုကို အစဉ်သဖြင့် ချန်ထားပေးလိမ့်မည်။ ရေကြီးသည်မှာ ချမ်းသာရန် အခွင့်ကောင်းဖြစ်၏။ ဤသည်မှာ အရင်းအနှီးမလိုဘဲ အမြတ်အစွန်း များပြားသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် ပစ္စည်းအချို့ ဆုံးရှုံးသွားလျှင်ပင် အခြားပစ္စည်းအချို့ကို ပြန်ကောက်ရလိမ့်မည်၊ ယင်းမှာ ဆုံးရှုံးမှုများကို ကောင်းစွာ အစားထိုးပေးလိမ့်မည်၊ ပြီးလျှင် ကျွန်ုပ်တို့ အမြတ်အစွန်းပင် အနည်းငယ် ရနိုင်သေးသည်” ဟု ပြောကြသည်။ သင် မြင်သလော၊ ပုံမှန်လူများသည် ဘေးအန္တရာယ် ကျရောက်ပြီး ဆုံးရှုံးမှုများ ခံစားရသည့်အခါ နာကျင်ကြသော်လည်း အရှေ့တိုင်းသားများကြားတွင် ဤကဲ့သို့သော “သူရဲကောင်း ပုဂ္ဂိုလ်များ” ရှိကြသည်။ ၎င်းတို့အပေါ် မည်သည့် ဘေးအန္တရာယ် ကျရောက်ပါစေ ၎င်းတို့သည် ရေလိုက်ငါးလိုက် နေနိုင်ကြပြီး ချမ်းသာရန် အခွင့်အရေးများကိုပင် ရှာတွေ့နိုင်ကြသည်။ ၎င်းတို့သည် စိတ်ပူပန်ခြင်း သို့မဟုတ် စိတ်ဆင်းရဲခြင်း မရှိကြဘဲ အစိုးရက ထောက်ပံ့မှု မပေးလျှင်ဖြစ်စေ၊ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းမပေးလျှင်ပင်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြပေ။ ယင်းမှာ ဘေးအန္တရာယ်များကို အလွန်အမင်း ကြုံတွေ့ခဲ့ရဖူးသဖြင့် ၎င်းတို့သည် ယင်းကို ကျင့်သားရနေသကဲ့သို့ ဖြစ်သည်။ ဤသည်မှာ တရုတ် လူ့အဖွဲ့အစည်း ဖြစ်သည့်ပုံစံ မဟုတ်လော။ သို့ဖြစ်၍ တရုတ် လူ့အဖွဲ့အစည်းရှိ ဤသွန်သင်လေ့ကျင့်ပေးမှုမျိုးကို ထောက်ရှုလျှင် လူတို့ အားလပ်ချိန်တွင် ကြည့်ရှုသည့် စာပေနှင့် အနုပညာ လက်ရာများ သို့မဟုတ် ၎င်းတို့ အပန်းဖြေသည့် နည်းလမ်းများသည် အများအားဖြင့် မိမိကိုယ်ကို နှိမ့်ချပြောဆိုခြင်းနှင့် မိမိကိုယ်ကို သရော်ခြင်း ပုံစံများ ဖြစ်ကြသည်။ ဤသည်မှာ တရုတ်လူမျိုးများ မိမိတို့ကိုယ်ကို ဖျော်ဖြေသည့် နည်းလမ်းဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲရှိ ဖိနှိပ်ချုပ်ချယ်မှုအတွက် ထွက်ပေါက်အနည်းငယ်ကို ရှာဖွေကြခြင်း ဖြစ်သည်။ သို့သော် ပြီးနောက်တွင် နေ့စဉ်ဘဝ၌ ၎င်းတို့သည် ယခင်အတိုင်းပင် ဆက်လက်၍ ဟန်ဆောင်ကာ မြိုသိပ်၍ သည်းခံကြသည်။ အစိုးရက ၎င်းတို့ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ သာမန်ပြည်သူများသည် ဤကဲ့သို့သော ဆက်ဆံမှုကို ကျင့်သားရနေကြပြီ ဖြစ်သည်။ ၎င်းတို့ ငတ်မသေသရွေ့ ကျေနပ်ကြသည်။ သေဘေး နီးကပ်လာခြင်း မရှိပါက ၎င်းတို့သည် ပုန်ကန်ရန် မစဉ်းစားကြပေ။ သာမန်ပြည်သူများသည် ထိုသို့သော အရာများကို လက်ခံလိုက်ကြပြီ ဖြစ်သည်၊ “ကောင်းသောသေခြင်းထက် ဆိုးသောဘဝက ပိုကောင်းသည်။ ကောင်းကင်ဘုံသည် လူသားအတွက် ထွက်ပေါက်တစ်ခုကို အစဉ်သဖြင့် ချန်ထားပေးလိမ့်မည်။ ဤအတိုင်းသာ ဆက်ရှင်သန်ကြစို့။ လူ့အခွင့်အရေးလား။ ဒီမိုကရေစီလား။ ထိုအရာများသည် တရားလွန်သော လိုအင်ဆန္ဒများ ဖြစ်သည်။ ကျွန်ုပ်တို့ တရုတ်လူမျိုးများသည် ဤကဲ့သို့ ဆင်းရဲဒုက္ခ ရောက်သည့် ကံကြမ္မာဖြင့် မွေးဖွားလာကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့ အသက်ရှင်နေနိုင်သရွေ့ တော်ပြီဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အစွန်းရောက်သည်အထိ ဉာဏ်ထိုင်းပြီး ထုံထိုင်းနေခြင်း မဟုတ်လော။ ၎င်းတို့တွင် လူများအဖြစ် ဂုဏ်သိက္ခာ တစ်စုံတစ်ရာ ကျန်ရှိသေးသလော။ (မရှိပါ။) ဤသည်မှာ စိတ်မကောင်းဖွယ်ရာ အခြေအနေတစ်ရပ် ဖြစ်သည်။

အရှေ့တိုင်းတွင် ဖန်တီးထားသော စာပေနှင့် အနုပညာ လက်ရာ အများစုသည် ၎င်းတို့ ထင်ဟပ်ပြသသည့်အရာနှင့် ထောက်ခံအားပေးသည့် အရာတို့တွင် အနောက်တိုင်းရှိ လက်ရာများနှင့် များစွာ ကွဲပြားသည်။ အရှေ့တိုင်း စာပေနှင့် အနုပညာ လက်ရာများသည် လူမှုရေး မတရားမှုအချို့ကို ထင်ဟပ်ပြသသော်လည်း ဤသည်မှာ ဒါရိုက်တာများ သို့မဟုတ် ဇာတ်ညွှန်းရေးသူများ အမှန်တကယ် ထောက်ခံအားပေးလိုသည့် တွေးခေါ်မှု မဟုတ်သည့်အပြင် ပရိသတ်၏ လိုအပ်ချက်အချို့ကို ဖြည့်ဆည်းပေးရန် လုပ်ဆောင်ခြင်းလည်း မဟုတ်ပေ။ ဤလက်ရာများတွင် ၎င်းတို့ အမှန်တကယ် ထောက်ခံအားပေးသည့်အရာမှာ အဘယ်နည်း။ ယင်းမှာ အရှေ့တိုင်း လူမှုရေး ကိုယ်ကျင့်တရား သွန်သင်လေ့ကျင့်ပေးမှုပင် ဖြစ်သည်။ ယင်း၏ အဓိက သရုပ်သကန်များမှာ မျိုးချစ်စိတ်ဓာတ်များ ဖြစ်ပြီး လူတို့သည် မိမိတို့၏ နိုင်ငံကို ချစ်သင့်ကြောင်း၊ နိုင်ငံနှင့် ပြည်သူအတွက် စိုးရိမ်ပူပန်သင့်ကြောင်း၊ “ရည်မှန်းချက်ကြီးမားသော ယောက်ျားကောင်းများ” ဖြစ်သင့်ကြောင်း၊ မတရားမှုကို မြင်သောအခါ ကူညီရန် ဓားဆွဲထုတ်သင့်ကြောင်းနှင့် မိတ်ဆွေအတွက် အသက်စွန့်မည် ဖြစ်ကြောင်းတို့ကို ထောက်ခံအားပေးသည်။ ၎င်းတို့ အခြား မည်သည့်အရာကို ထောက်ခံအားပေးသေးသနည်း။ “အလျှော့ပေးခြင်းသည် ပဋိပက္ခတစ်ရပ်ကို ဖြေရှင်းရန် ပို၍လွယ်ကူစေ၏” နှင့် “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ” ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့ ထောက်ခံအားပေးသည့် လူ့သဘာဝသည် အမှန်တကယ်တွင် အနှစ်သာရကင်းမဲ့၏၊ လူတို့၏ စိတ်ကူးများနှင့် ကောက်ချက်ချမှုများသာ ဖြစ်သည်။ ခုခံမှု စိုးစဉ်းမျှကို ခွင့်မပြုဘဲ လူတို့သည် အုပ်စိုးသူ လူတန်းစားအတွက် ဝန်တင်တိရစ္ဆာန်များကဲ့သို့ ထာဝရ ကျွန်ခံကြဖို့အလို့ငှာ အုပ်စိုးသူ လူတန်းစား၏ အာဏာ တည်ငြိမ်မှုအတွက်သာ ၎င်းတို့က ယင်းကို ထောက်ခံအားပေးခြင်း ဖြစ်သည်။ ဤအနှစ်သာရကင်းမဲ့သော စိတ်ကူးများကို လူတို့အား ထုံထိုင်းစေရန်နှင့် အထင်အမြင်မှားစေရန် အသုံးပြုပြီး ၎င်းတို့၏ ဖျော်ဖြေရေး လိုအပ်ချက်နှင့် ၎င်းတို့ စိတ်နှလုံး၏ ယာယီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ ဥပမာအားဖြင့် သိုင်းဝတ္ထုများ သို့မဟုတ် ရုပ်ရှင်များနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများတွင် မည်သည့်အရာကို ထောက်ခံအားပေးသနည်း။ သူရဲကောင်း စိတ်ဓာတ်၊ ဆင်းရဲသားများကို ကူညီရန် ချမ်းသာသူများကို တိုက်ခိုက်ပြီး အခြားသူများကို ကူညီရန် ဓားဆွဲထုတ်သည့် ကြီးမြတ်သော သူရဲကောင်းတစ်ဦး ဖြစ်လာခြင်းတို့ကို ထောက်ခံအားပေးသည်။ ကြီးမြတ်သော သူရဲကောင်းဟု ခေါ်ဆိုသူကို “ကြီးမြတ်သော သူရဲကောင်းစိတ်ဓာတ်ရှိသည့် သူရဲကောင်းများသည် မိမိ၏နိုင်ငံနှင့် လူမျိုးအတွက် မိမိ၏အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ကြသည်” ဟူသော ဆိုရိုးစကားဖြင့် ပုံဖော်ထားသည်။ သူရဲကောင်း စိတ်ဓာတ်ကို ထောက်ခံအားပေးခြင်းက သာမန်ပြည်သူများကို ထိုသို့သော ဇာတ်ကောင်များကို ချီးကျူးစေရုံသာမက ဤလူစားမျိုး ဖြစ်လာရန် တောင့်တပြီး လိုက်စားစေသည်။ အရှေ့တိုင်း စာပေနှင့် အနုပညာ လက်ရာများက အခြား မည်သည့်အရာကို ထောက်ခံအားပေးသနည်း။ ၎င်းတို့သည် သူရဲကောင်းဝါဒကို ထောက်ခံအားပေးသည်၊ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ဒေသတစ်ခုနှင့် ယင်း၏ ပြည်သူများ ကောင်းစားရေးအတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ပြီး စိတ်ရောကိုယ်ပါ နှစ်မြှုပ်ခြင်းနှင့် နိုင်ငံ၏ ကြီးမြတ်သော အကျိုးကိစ္စအတွက် လူတစ်ဦး၏ နုပျိုချိန်နှင့် အသက်ကို စွန့်လွှတ်ခြင်းတို့ ဖြစ်သည်။ အတိုချုပ်အားဖြင့် အရှေ့တိုင်း လူမှုဝန်းကျင်နှင့် အထူးသဖြင့် တရုတ် လူမှုဝန်းကျင်တွင် ထွက်ပေါ်လာသော ဤသိုင်းလောက ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများနှင့် ဒဏ္ဍာရီများသည် ရိုးရာဖြစ်စေ ခေတ်သစ်ဖြစ်စေ၊ စိတ်ကူးယဉ်ဖြစ်စေ သမိုင်းဝင် ပုဂ္ဂိုလ်များနှင့် ဖြစ်ရပ်မှန်များကို အခြေခံသည်ဖြစ်စေ အားလုံးသည် လူတို့အား အတ္တကင်းမဲ့ခြင်းနှင့် ကိုယ်ကျိုးစွန့်ခြင်းအတွက် ကြိုးပမ်းရန် သင်ကြားပေးသည်။ ၎င်းတို့အားလုံးသည် လူတို့၌ မြင့်မြတ်သော လူမှုရေး ကိုယ်ကျင့်တရားများ ရှိစေရန် ရည်ရွယ်လျက် ဤအရာကို ၎င်းတို့၏ အဓိကအကြောင်းအရာနှင့် သွန်သင်လေ့ကျင့်ပေးမှုဆိုင်ရာ အနှစ်သာရအဖြစ် ယူမှတ်ကြသည်။ အတ္တကင်းမဲ့ခြင်းနှင့် ကိုယ်ကျိုးစွန့်ခြင်း ဆိုသည်မှာ မိမိကိုယ်ကျိုး မရှိခြင်း ဖြစ်သည်။ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ရမည်ဖြစ်ကြောင်း၊ မိမိ၏ မိသားစုထက် မိမိ၏ နိုင်ငံ ရှေ့တန်းတင်ရမည် ဖြစ်ကြောင်းနှင့် ဤနည်းအားဖြင့်သာ လူတစ်ဦးသည် ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း ၎င်းတို့ ထောက်ခံအားပေးသည်။ ဤသည်မှာ လူတို့၌ ၎င်းတို့ ရိုက်သွင်းပေးသည့် တွေးခေါ်မှုမျိုး ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် တစ်ကိုယ်ကောင်း မဆန်ရန်၊ မိမိကိုယ်ကိုသာ အလေးမထားရန်၊ သင့်ကိုယ်ပိုင် ဘဝ၊ သင့်ကိုယ်ပိုင် ရှင်သန်ရပ်တည်ရေး သို့မဟုတ် သင်နှင့် သက်ဆိုင်သည့် မည်သည့်အရာအတွက်မဆို မည်သည့် စွန့်လွှတ်အနစ်နာခံမှု သို့မဟုတ် ကြိုးပမ်းအားထုတ်မှုမျှ မပြုလုပ်ရန်နှင့် ဤအရာများအတွက် မည်သည့်နည်းနှင့်မျှ အပြင်းအထန် ကြိုးပမ်းခြင်း မပြုရန် ၎င်းတို့က သင့်ကို သင်ကြားပေးသည်။ ထိုအစား သင်သည် သင့်မိခင်နိုင်ငံအတွက်၊ လူ့အဖွဲ့အစည်းအတွက်၊ လူသားမျိုးနွယ်အတွက်နှင့် နိုင်ငံ၏ ကြီးမြတ်သော အကျိုးကိစ္စအတွက် သင့်ကိုယ်သင် စွန့်လွှတ်ပြီး ပေးဆပ်ရမည်။ ဤသွန်သင်ချက်များကို ဟန်ဆောင်မှုဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုဟု စုပေါင်း ခေါ်ဆိုကြသည်။ ဤဟန်ဆောင်မှုဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုဟု ခေါ်ဆိုသောအရာသည် လက်တွေ့မကျသကဲ့သို့ လူ့သဘာဝ၏ လိုအပ်ချက်များနှင့်လည်း မကိုက်ညီပေ။ လူတို့၏ လူ့သဘာဝ လိုအပ်ချက်များ၊ ၎င်းတို့၏ မွေးရာပါ ဗီဇများနှင့် ၎င်းတို့၏ အခြေခံ ရှင်သန်ခွင့်တို့ကို ဖယ်ရှားပစ်ခြင်း အခြေခံပေါ်တွင် ယင်းက လူတို့အား နိုင်ငံနှင့် လူမျိုးအတွက်၊ အနှစ်သာရကင်းမဲ့ပြီး ဗလာဖြစ်သော အကျိုးကိစ္စတစ်ခုအတွက် အဓိပ္ပာယ်မဲ့သော စွန့်လွှတ်အနစ်နာခံမှုများ ပြုလုပ်ရန် တွန်းအားပေးသည်။ ဤကိုယ်ကျိုးစွန့်ခြင်း သူတော်ကောင်းတရားသည် အရှေ့တိုင်း လူ့အဖွဲ့အစည်းက လူတို့၏ လူ့သဘာဝထဲသို့ အတင်းအကျပ် ရိုက်သွင်းထားသည့် အရာတစ်ခု သက်သက်သာ ဖြစ်သည်။ “အတင်းအကျပ် ရိုက်သွင်းသည်” ဟူသည်မှာ ယင်းက လူ့သဘာဝမှ အလိုအလျောက် ပေါ်ပေါက်လာသည့် အရာတစ်ခု မဟုတ်ကြောင်း၊ လူ့သဘာဝ၏ မွေးရာပါ ဗီဇများတွင် ရှိနေသည့် အရာတစ်ခု မဟုတ်ကြောင်း၊ မွေးရာပါ ဗီဇများက ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ကြောင်းနှင့် လူတစ်ဦး၏ မွေးရာပါ လွတ်လပ်သော ဆန္ဒ သို့မဟုတ် ခံစားချက်မှ ဆန္ဒမှ ရရှိရန် လိုအင်ဆန္ဒရှိသည့် အရာတစ်ခု မဟုတ်ကြောင်း ဆိုလိုသည်။ ထိုအစား ယင်းမှာ အုပ်စိုးသူ လူတန်းစား သို့မဟုတ် လူမှုဗေဒ ပညာရှင်များက လူတို့၏ စိတ်ထဲသို့ အတင်းအကျပ် ရိုက်သွင်းထားသည့် အရာတစ်ခုဖြစ်ပြီး ထိုသို့သော လူမှုရေး တာဝန်ဝတ္တရားများကို လက်ခံရန် ၎င်းတို့အား အထင်အမြင်မှားစေခြင်း သို့မဟုတ် ဖိအားပေးခြင်း ဖြစ်သည်။ ထို့နောက် “မြင့်မြတ်သော ကိုယ်ကျင့်တရား စရိုက်လက္ခဏာ” ဟု ခေါ်ဆိုသော ကြီးကျယ်ခမ်းနားသည့် ခေါင်းစဉ်အောက်တွင် ၎င်းတို့အား သွန်သင်လေ့ကျင့်ပေးခြင်းဖြင့် ၎င်းတို့အား ရုန်းထွက်ရန် ခွန်အားမရှိဘဲ ဖြစ်စေကာ ကြိုးစားရန်ပင် အလွန် ကြောက်ရွံ့စေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ဤသွန်သင်လေ့ကျင့်ပေးမှုမှ ရုန်းထွက်ပါက သို့မဟုတ် ယင်းကို ဖောက်ထွက်ပါက၊ သင်သည် ဤသွန်သင်လေ့ကျင့်ပေးမှုကို လက်မခံပါက သင်သည် လူ့အဖွဲ့အစည်း တစ်ခုလုံးနှင့် တစ်နိုင်ငံလုံး၏ ရန်သူဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် အလွန်အမင်း သစ္စာဖောက်ဖျက်သူ ဖြစ်သည်၊ သင်သည် ငကြောင် ဖြစ်သည်၊ သင်သည် အများနှင့်မတူဘဲ တစ်သီးတစ်ခြားဖြစ်နေသူ ဖြစ်သည်၊ သင်သည် အပယ်ခံဖြစ်ရသည့် နေထိုင်မှု အခြေအနေတစ်ခုကို ရင်ဆိုင်ရလိမ့်မည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မကျေနပ်မှု အချို့ကို ခံစားရလျှင်ပင်၊ ဤလူ့အဖွဲ့အစည်းနှင့် ဤသွန်သင်လေ့ကျင့်ပေးမှုမျိုးကို ၎င်းတို့ မုန်းတီးလျှင်ပင် ၎င်းတို့တွင် ယင်းမှ ရုန်းထွက်ရန် ခွန်အား သို့မဟုတ် သတ္တိ မရှိကြပေ။ ယင်းကို “ငြင်းပယ်သည်” ဟု ပြောရန် သတ္တိ ပို၍ပင် မရှိကြချေ။ ၎င်းတို့သည် မချိပြုံးပြုံးပြီး မခံချင်စိတ်ကို မြိုသိပ်ထားရုံသာ တတ်နိုင်ကြသည်။ ၎င်းတို့သည် ခုခံရန် အင်အားမဲ့နေပြီး တိတ်တဆိတ်သာ မြိုသိပ်၍ သည်းခံနိုင်သည်။ သင်သည် မြိုသိပ်၍ မသည်းခံပါက ကြီးမားသော အတိုင်းအတာအရ လူ့အဖွဲ့အစည်းက သင့်ကို ပြစ်တင်ရှုတ်ချပြီး ပစ်ပယ်လိမ့်မည်။ သေးငယ်သော အတိုင်းအတာအရ သင့်မိသားစုနှင့် ချစ်ခင်ရသူများက သင့်ကို ပစ်ပယ်လိမ့်မည်၊ သင်နှင့် ခပ်ခွာခွာ ခပ်ကင်းကင်း နေလိမ့်မည်၊ သင့်ကို ဖယ်ကြဉ်ထားလိမ့်မည်ဖြစ်ပြီး သင့်ကို ကောက်ကျစ်ယုတ်မာစွာ ပုန်ကန်သူအဖြစ် ပြစ်တင်ရှုတ်ချကောင်း ရှုတ်ချလိမ့်မည်။ ဥပမာတစ်ခုကို ကြည့်ကြစို့။ သင် ငယ်ရွယ်စဉ်က၊ ဥပမာအားဖြင့် သင့်မိဘများက သင့်ကို ဤသို့ သွန်သင်ပေးခဲ့သည် ဆိုပါစို့၊ “အပြင်သွားပြီး လူကြီးသူမများကို တွေ့သည့်အခါတွင် နှုတ်ခွန်းဆက်သရမည်။ အဖေနှင့် အမေတို့ထက် ငယ်သည့်သူများကို ‘ဦးလေး’ သို့မဟုတ် ‘အဒေါ်’ ဟု ခေါ်ပြီး အသက်ကြီးသည့်သူများကို ‘အဘိုး’ သို့မဟုတ် ‘အဘွား’ ဟု ခေါ်ရမည်။ တစ်ယောက်ယောက်က သားကို တစ်ခုခုပေးသည့်အခါတွင် ‘ကျေးဇူးတင်ပါသည်’ ဟု ပြောရမည်။ အခြားကလေးငယ်တစ်ဦးက သားကို ရိုက်လျှင် သားက သည်းခံရမည်။ တကယ် သည်းမခံနိုင်သည့်အခါမှသာ ပြန်ဆော်ပါ။ သားက အတတ်နိုင်ဆုံး ထိန်းချုပ်ရမည်” ဟူ၍ ဖြစ်လေသည်။ တစ်နေ့တွင် သင် အပြင်ထွက်ပြီး တစ်စုံတစ်ဦးကို တွေ့သော်လည်း သင် ရှက်သောကြောင့် ၎င်းတို့ကို မနှုတ်ဆက်ရဲခဲ့ပေ။ သင့်မိဘများက မျက်နှာပူရသည်ဟု ခံစားရသဖြင့် သင် အိမ်ပြန်ရောက်သောအခါ သင့်ကို ဆုံးမပဲ့ပြင်ခဲ့ကြပြီး ထိုအချိန်မှစ၍ သင်သည် တစ်စုံတစ်ဦးကို တွေ့သည့်အခါတိုင်း အလျင်အမြန် နှုတ်ဆက်ခဲ့သည်။ အရိုက်မခံရစေရန်အလို့ငှာ သင် မည်မျှ ရှက်ရွံ့သည်ဖြစ်စေ သို့မဟုတ် သင့်စိတ်ထဲတွင် မည်မျှ မလိုလားသည်ဖြစ်စေ သင်သည် သင့်ဆန္ဒကို ဆန့်ကျင်ပြီး လူများကို နှုတ်ဆက်ခဲ့ရဆဲ ဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းလာရသဖြင့် လူတစ်ဦးသည် အရာရာကို သည်းခံခြင်းမှတစ်ပါး ရွေးချယ်စရာ မရှိပေ။ ဤကဲ့သို့သော ကိစ္စအသေးအဖွဲလေးတွင်ပင် သင်သည် ဤနည်းလမ်းအတိုင်း ပြုမူရသည်။ အိမ်တွင်ဖြစ်စေ၊ ပြင်ပလူ့အဖွဲ့အစည်းတွင်ဖြစ်စေ ယင်းမှာ သင် လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။ သင်သည် စိတ်မသက်မသာ ဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ မိမိစိတ်တိုင်းကျ နေလိုပါက လူ့အဖွဲ့အစည်းက သင့်ကို ပြစ်တင်ရှုတ်ချဖို့ မဆိုထားနှင့်၊ သင့်မိသားစုနှင့် မိဘများကပင် သင့်ကို ဆူပူကြိမ်းမောင်းပြီး ပြစ်တင်မောင်းမဲကြလိမ့်မည်။ သင် ကြီးပြင်းလာပြီးနောက်တွင် လူများကို နှုတ်ဆက်ခြင်းသည် သိက္ခာဆယ်ရန်နှင့် လူ့အဖွဲ့အစည်းတွင် နေရာရဖို့ ပို၍ လွယ်ကူစေရန်ဖြစ်ကြောင်း သင် သဘောပေါက်လာသည်။ သို့သော် သင် ငယ်ရွယ်စဉ်က သင်သည် ဤနည်းလမ်းအတိုင်း ပြုမူခဲ့ရသော်လည်း ဤအရာကို နားမလည်နိုင်ခဲ့ပေ။ သင် ထိုသို့ မပြုမူခဲ့ပါက သင် ဆုံးမပဲ့ပြင်ခံရမည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် အခြားသူများရှေ့၌ သင့်မိဘများ၏ ဆူပူခြင်း သို့မဟုတ် ရိုက်နှက်ခြင်းကိုပင် ခံရနိုင်ကာ ယင်းမှာ သင့်တစ်သက်တာလုံး မေ့နိုင်မည်မဟုတ်သော အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ပို၍ ကျယ်ပြန့်သော လူ့အဖွဲ့အစည်းဆိုင်ရာ နောက်ခံအခြေအနေတွင် သင်သည် “မြင့်မြတ်သော ကိုယ်ကျင့်တရား စရိုက်လက္ခဏာ” ဟု ခေါ်ဆိုသော ဤသွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရုံသာ တတ်နိုင်သည်။ ယင်းကို လက်ခံခြင်း၏ အကျိုးဆက်များက မည်သို့ပင်ဖြစ်စေ၊ ယင်းက သင့်လူ့သဘာဝကို အဆုံးတွင် မည်သို့ လွှမ်းမိုးသည်ဖြစ်စေ၊ ယင်းက သင့်အား မည်သည့် စရိုက်လက္ခဏာ သို့မဟုတ် လူ့သဘာဝ အရည်အသွေးများကို ဖြစ်ပေါ်စေသည်ဖြစ်စေ၊ အဆုံးတွင် သင်တစ်ဦးတည်းသာ ဤအကျိုးဆက်များကို ခံစားရမည် ဖြစ်သည်။

အရှေ့တိုင်းသားများက အရှေ့တိုင်းလူ့အဖွဲ့အစည်းရှိ ၎င်းတို့၏ သွန်သင်လေ့ကျင့်ပေးမှုမှတစ်ဆင့် ဖြစ်ပေါ်လာသော လူ့သဘာဝ၏ အရည်အသွေးမှာ မြိုသိပ်ခြင်းနှင့် သည်းခံခြင်း ဖြစ်သည်။ ဤမြိုသိပ်ခြင်းနှင့် သည်းခံခြင်း၏ နောက်ကွယ်တွင် အရှေ့တိုင်း လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရား သွန်သင်လေ့ကျင့်ပေးမှု၌ တွေ့ရှိရသော တိကျသည့် အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ၊ ကျင့်ကြံပြုမူခြင်းနည်းလမ်းများနှင့် အရာအမျိုးမျိုးအပေါ် ထားရှိသည့် သဘောထားမျိုးစုံတို့ များစွာတည်ရှိသည်။ ဤသည်မှာ အရှေ့တိုင်းလူ့အဖွဲ့အစည်း၏ ပကတိအခြေအနေ ဖြစ်သည်။ အလားတူပင် အနောက်တိုင်းလူ့အဖွဲ့အစည်းတွင်လည်း ယင်း၏ ကိုယ်ပိုင် ပင်မရေစီးကြောင်း ယဉ်ကျေးမှု သွန်သင်လေ့ကျင့်ပေးမှုရှိပြီး ယင်းမှတစ်ဆင့် အနောက်တိုင်းသားများသည်လည်း ၎င်းတို့၏ သက်ဆိုင်ရာ လူ့သဘာဝအရည်အသွေးများကို ဖြစ်ပေါ်စေသည်။ သို့ဆိုလျှင် ဤအနောက်တိုင်း၏ ပင်မရေစီးကြောင်း ယဉ်ကျေးမှု သွန်သင်လေ့ကျင့်ပေးမှုဟူသည် အဘယ်နည်း။ ယင်းသည် အဓိကအားဖြင့် မိမိသဘောအတိုင်း နေခွင့်နှင့် လွတ်လပ်မှုကို တန်ဖိုးထားသည်။ ယင်းမှာ လူတို့အား နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် မိမိတို့ကိုယ်ကို စွန့်လွှတ်အနစ်နာခံပြီး ဖြည့်ဆည်းရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝနှင့် မသက်ဆိုင်သောအရာများကို လုပ်ဆောင်ရန် သတ်မှတ်သည့် အရှေ့တိုင်းလူ့အဖွဲ့အစည်းရှိ အခြေအနေနှင့် ကွဲပြားသည်။ ဆန့်ကျင်ဘက်အားဖြင့် အနောက်တိုင်းလူ့အဖွဲ့အစည်းက လူတို့ကို သင်ကြားပေးသည့်အရာမှာ အရှေ့တိုင်းလူ့အဖွဲ့အစည်းက ၎င်းတို့အား လုပ်ဆောင်ရန် သတ်မှတ်သည့်အရာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ အနောက်တိုင်း လူ့အဖွဲ့အစည်းသည် သင့်အား လူ့အဖွဲ့အစည်း၊ လူသားမျိုးနွယ် သို့မဟုတ် နိုင်ငံ၏ ကြီးမြတ်သော ရည်ရွယ်ချက်အတွက် တစ်စုံတစ်ရာ ပေးဆပ်ရန် မလိုအပ်ပေ။ အနောက်တိုင်းသွန်သင်လေ့ကျင့်ပေးမှု၏ အဓိကအချက်မှာ သင့်အား မိမိကိုယ်တိုင်အတွက် တွေးတောရန်၊ သင်၏ကိုယ်ပိုင်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းတတ်ရန်နှင့် အခြားသူများကိုဖြစ်စေ၊ လူ့အဖွဲ့အစည်းကိုဖြစ်စေ၊ နိုင်ငံတော်ကိုဖြစ်စေ အနှောင့်အယှက်မပေးရန် ဖြစ်သည်။ ယင်းက သင့်အား လွတ်လပ်သော လုပ်ပိုင်ခွင့်များ၊ လွတ်လပ်စွာ တွေးခေါ်ခွင့်နှင့် လွတ်လပ်သော လုပ်ဆောင်ပြောဆိုခွင့်တို့ကို ပေးသည့်အပြင် သင်၏ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းနှင့် ပြဿနာများကို လွတ်လပ်စွာ တွေးတောကိုင်တွယ်နိုင်စွမ်းကို ပျိုးထောင်ပေးသည်။ သင်သည် သင်၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရမည်။ သင်သည် လွတ်လပ်သူ၊ မိမိသဘောအတိုင်း နေခွင့်ရှိသူနှင့် ကိုယ့်အားကိုယ်ကိုးသူ ဖြစ်ရမည်။ အနောက်တိုင်းတွင် ဤအတွေးအခေါ်ဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုမျိုးနှင့်ဆိုင်သော ယဉ်ကျေးမှုနောက်ခံရှိပြီး ဤယဉ်ကျေးမှုနောက်ခံကြောင့် အနောက်တိုင်းသားများသည်လည်း ၎င်းတို့၏ သွန်သင်လေ့ကျင့်ပေးမှုဆိုင်ရာ အတွေးအခေါ်၏ အဓိကအချက်နှင့် သက်ဆိုင်သော လူ့သဘာဝအရည်အသွေးအချို့ကို ဖြစ်ပေါ်စေသည်။ အရှေ့တိုင်းသားများသည် အရှေ့တိုင်း လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရားသွန်သင်လေ့ကျင့်ပေးမှု၏ နောက်ခံကြောင့် အရှေ့တိုင်း၏ သွန်သင်လေ့ကျင့်ပေးမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ လက္ခဏာများကို ဖြစ်ပေါ်စေခဲ့သည်။ အနောက်တိုင်းသားများသည် အနောက်တိုင်းလူ့အဖွဲ့အစည်း၏ သွန်သင်လေ့ကျင့်ပေးမှုဆိုင်ရာ အရည်အသွေးကို ခံယူထားသောကြောင့် ၎င်းတို့သည် ထိုအရည်အသွေးနှင့် သက်ဆိုင်သော အနှစ်သာရကိုလည်း ပိုင်ဆိုင်ကြသည်။ အနောက်တိုင်းသားများ ပိုင်ဆိုင်သည့် သွန်သင်လေ့ကျင့်ပေးမှုဆိုင်ရာ အရည်အသွေး၏ အနှစ်သာရမှာ အမှန်စင်စစ်အားဖြင့် အရှေ့တိုင်းသားများ ပိုင်ဆိုင်သည့် သွန်သင်လေ့ကျင့်ပေးမှုဆိုင်ရာ အရည်အသွေး၏ အနှစ်သာရနှင့် ကွဲပြားသည်။ အရှေ့တိုင်းသားများ ပိုင်ဆိုင်သည့် သွန်သင်လေ့ကျင့်ပေးမှုဆိုင်ရာ အရည်အသွေးမှာ ဟန်ဆောင်ခြင်းဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုဖြစ်ပြီး အနောက်တိုင်းသားများ ပိုင်ဆိုင်သည့်အရာမှာ တစ်ကိုယ်ကောင်းဆန်ခြင်းဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှု ဖြစ်သည်။ အနောက်တိုင်းသွန်သင်လေ့ကျင့်ပေးမှု၏ အဓိက အကြောင်းအရာတိုင်းသည် လူတို့အား လွတ်လပ်ပြီး မိမိသဘောအတိုင်း နေခွင့်ရှိရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို တွေးတောရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စရပ်များကို ကိုင်တွယ်စီမံရန် သင်ကြားပေးသည်။ ထို့ကြောင့် အနောက်တိုင်း သွန်သင်လေ့ကျင့်ပေးမှုသည် တစ်ကိုယ်ကောင်းဆန်ခြင်းဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှု၏ အရည်အသွေးရှိသည်။ ဤတစ်ကိုယ်ကောင်းဆန်ခြင်းဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုသည် အရှေ့တိုင်းသွန်သင်လေ့ကျင့်ပေးမှုနှင့် လုံးဝမတူပေ။ ယင်းသည် မတူညီသော အရည်အသွေးတစ်မျိုး ဖြစ်သည်။ ဤအရည်အသွေးသည် အနောက်တိုင်းသားများအား ကိုယ်ပိုင်လွတ်လပ်သော လုပ်ဆောင်ပြောဆိုခွင့်၊ ပုဂ္ဂလဓိဋ္ဌာန်ကျသော ဆန္ဒ၊ တွေးခေါ်မှု၊ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် စိတ်ကူးများအပြင် ၎င်းတို့၏ ကိုယ်ပိုင်အခွင့်အရေးများ၊ ၎င်းတို့၏ လက်ရှိနေထိုင်မှုအခြေအနေများနှင့် ၎င်းတို့၏ လက်ရှိ စိတ်အခြေအနေနှင့် စိတ်ခံစားချက်များကို ဦးစားပေးစေသည်။ ၎င်းတို့သည် အခြားအရာများကို များစွာ အာရုံစိုက်ရန် မလိုအပ်သကဲ့သို့ မည်သည့် လူမှုရေး သို့မဟုတ် မိသားစုတာဝန်များကိုမျှလည်း အာရုံစိုက်ရန် မလိုအပ်ပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို ဦးစွာ အဖြေရှာရမည်၊ မိမိတို့၏ စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းရမည်၊ မိမိတို့၏ လက်ငင်းကိစ္စရပ်များကို ဖြေရှင်းရမည်ဖြစ်ပြီး ထို့နောက်မှသာ အခြားအရာအားလုံး လာသည်။ အရှေ့တိုင်း သွန်သင်လေ့ကျင့်ပေးမှုသည် အရှေ့တိုင်းသားများအား မြိုသိပ်ရန်နှင့် သည်းခံရန် သင်ကြားပေးခဲ့ပြီး အနောက်တိုင်း သွန်သင်လေ့ကျင့်ပေးမှုမှာမူ အနောက်တိုင်းသားများအား ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို ကာကွယ်ရန် သင်ကြားပေးခဲ့သည်။ ဤအချက်တွင် အနောက်တိုင်းသားများနှင့် အရှေ့တိုင်းသားများသည် လုံးဝ ကွဲပြားခြားနားသည်။ အရှေ့တိုင်းသားများသည် တစ်စုံတစ်ခုကို ကြုံတွေ့ရသောအခါ ၎င်းတို့သည် သည်းခံနေကြသည်။ ၎င်းတို့ အမှန်တကယ် သည်းမခံနိုင်တော့သောအခါ “ကောင်းသောသေခြင်းထက် ဆိုးသောဘဝက ပိုကောင်းသည်။ အသက်ရှင်နေထိုင်ရန် သင်သည်းခံရမည်” ဟု မိမိတို့ကိုယ်ကို ပြောကြသည်။ အရှေ့တိုင်းသားများ၏ မြိုသိပ်ခြင်း၊ သည်းခံခြင်းတို့နှင့် ဆန့်ကျင်ဘက်အားဖြင့် အနောက်တိုင်းသားများတွင် မတူညီသော အရည်အသွေးတစ်ခုရှိသည်၊ မိမိသဘောအတိုင်း နေခွင့်၊ လွတ်လပ်မှုတို့နှင့်ဆိုင်သော ၎င်းတို့၏ လူမှုရေး သွန်သင်လေ့ကျင့်ပေးမှုမှတစ်ဆင့် ၎င်းတို့သည် မိမိတို့၏ လုပ်ပိုင်ခွင့်များကို ကာကွယ်တတ်ရန် သင်ယူခဲ့ကြသည်။ အရှေ့တိုင်းသားများ၏ မြိုသိပ်ခြင်း၊ သည်းခံခြင်းတို့နှင့် နှိုင်းယှဉ်ပါက အနောက်တိုင်းသားများ၏ အခွင့်အရေးများကို ကာကွယ်ခြင်းတွင် မိမိကိုယ်ကိုလေးစားမှုနှင့် ဂုဏ်သိက္ခာတို့ အတိုင်းအတာတစ်ခုအထိ ပို၍မရှိပေသလော။ ဆိုလိုသည်မှာ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ဆောင်နိုင်ခွင့် အနည်းငယ် ပို၍ပါဝင်သည်၊ မှန်သလော။ (မှန်ပါသည်။) လူတစ်ဦး၏ အခွင့်အရေးများကို ကာကွယ်ခြင်းသည် လုံးဝ အခြေခံကျသော အယူအဆတစ်ခုဖြစ်သည်။ ယင်းမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ အသက်ရှင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့် စသည်တို့အပါအဝင် လူတစ်ဦး၏ အခြေခံလူ့အခွင့်အရေးများကို ကာကွယ်ရန် လိုအပ်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အမှန်စင်စစ် ဤအခြေခံအခွင့်အရေးများကို ကာကွယ်ခြင်းသည် အဓိကအားဖြင့် အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် လူတို့အား မည်သည့် လူမှုပတ်ဝန်းကျင် သို့မဟုတ် ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ လွှမ်းမိုးခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကိုမျှ မခံရဘဲ ကိစ္စရပ်များကို လွတ်လပ်စွာနှင့် အမှီအခိုကင်းစွာ စဉ်းစားနိုင်သည့် လွတ်လပ်စွာ တွေးခေါ်ရန် လုပ်ပိုင်ခွင့်ရှိခြင်းကို ရည်ညွှန်းသည်။ လူတစ်ဦး၏ ကိစ္စရပ်များကို ဆင်ခြင်စဉ်းစားခြင်းမှ ပေါ်ပေါက်လာသော အမြင်ရှုထောင့်များသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ လူတစ်ဦး၏ တွေးခေါ်ပုံသည် မှန်ကန်သည်ဖြစ်စေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်မှုကို ရရှိခြင်းသည် အရေးကြီးဆုံးအရာ ဖြစ်သည်။ အတိုချုပ်အားဖြင့် အနောက်တိုင်းသားများသည် လွတ်လပ်သော လူ့အဖွဲ့အစည်းများတွင် နေထိုင်ကြပြီး အနောက်တိုင်း လူမှုသွန်သင်လေ့ကျင့်ပေးမှု၏ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာတွင် ၎င်းတို့၏ စိတ်များသည် အလွန်တက်ကြွပြီး လွတ်လပ်သော အခြေအနေတွင် မကြာခဏ ရှိနေတတ်သည်။ ထို့ကြောင့် အရှေ့တိုင်းလူ့အဖွဲ့အစည်းရှိ လူများနှင့် နှိုင်းယှဉ်ပါက အနောက်တိုင်းသားများသည် ၎င်းတို့၏ တွေးခေါ်မှုတွင် ပို၍ ရဲရင့်သည်၊ တွေးတောလိုစိတ် ပိုရှိသည်၊ တွေးတောရာတွင် ပို၍ ကျွမ်းကျင်ကြသော်လည်း အရှေ့တိုင်းသားများ၏ တွေးခေါ်မှုမှာမူ အများအားဖြင့် ချည်နှောင်ခံထားရသည်၊ ပုံသေကားကျဖြစ်နေသည် သို့မဟုတ် မြိုသိပ်ထားရသည်။ သာမန်အခြေအနေများအောက်တွင် အနောက်တိုင်းသားများ၏ စိတ်များသည် လွတ်လပ်သည်၊ တက်ကြွသည်၊ ပြဿနာများကို တွေးတောလိုစိတ်ရှိသည်။ မသင့်လျော်သော နည်းလမ်းဖြင့် ပြောရလျှင် ၎င်းတို့သည် ထူးဆန်းပြီး သမားရိုးကျမဟုတ်သောအရာများကို ပို၍ တွေးခေါ်ကြံဆလိုကြပြီး အကြောင်းအရာ တစ်ခုတည်းတွင် နစ်မွန်းသွားသည်အထိပင် တွေးခေါ်ကြံဆကြသည်။ ဤသည်မှာ ၎င်းတို့သည် အနောက်တိုင်း လူမှုသွန်သင်လေ့ကျင့်ပေးမှုအတွင်း ဖြစ်ပေါ်လာသော လူ့သဘာဝအရည်အသွေးများ၏ သရုပ်သကန်တစ်ခုဖြစ်ပြီး ဤလူ့သဘာဝ၏ သရုပ်သကန်သည် အရှေ့တိုင်းသားများ၏ သရုပ်သကန်ထက် ပို၍ တိုးတက်သည်။ တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ အသက်ရှင်ခွင့်ကို ကာကွယ်ကြပြီး အခြားတစ်ဖက်တွင် ၎င်းတို့၏ လွတ်လပ်သော တွေးခေါ်မှုမှ ပေါ်ပေါက်လာသော အမြင်ရှုထောင့်အမျိုးမျိုးကိုလည်း ကာကွယ်ကြသည်။ ရလဒ်အနေဖြင့် အနောက်တိုင်း စာပေလက်ရာများ သို့မဟုတ် အနောက်တိုင်း အနုပညာနှင့် ဖျော်ဖြေရေးဘဝတွင် ပြသထားသော စိတ်ကူးများ၊ အမြင်ရှုထောင့်များနှင့် အနုပညာပုံစံများသည် စုံလင်ကွဲပြားပြီး ကျယ်ပြန့်သည်။ လူသားမျိုးနွယ်အားလုံးထဲတွင် အနောက်တိုင်း စာပေလက်ရာများနှင့် ဖျော်ဖြေရေးဘဝသည် အတော်အတန် လွတ်လပ်ပြီး အတွေးအမြင်အသစ်ကို ဖော်ဆောင်နိုင်ကာ လူတို့သည် ယင်းတို့ထံမှ စိတ်အားတက်ကြွမှုကို ရယူနိုင်ပြီး များစွာ အကျိုးကျေးဇူး ရရှိနိုင်သည်။ ကြည့်လော့၊ အရှေ့တိုင်း စာပေနှင့် အနုပညာလက်ရာအချို့သည် မည်သည့်စိတ်ကူးများကို ထောက်ခံအားပေးသနည်း။ မျိုးချစ်စိတ်၊ မိသားစုကို ချစ်မြတ်နိုးခြင်း၊ မိဘများကို ချစ်မြတ်နိုးခြင်း စသည်တို့ ဖြစ်သည်။ ဤအရာများအားလုံးသည် အရှေ့တိုင်း လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရားသွန်သင်လေ့ကျင့်ပေးမှုတွင် တွေ့ရှိရသော အရာများ သို့မဟုတ် အရှေ့တိုင်းယဉ်ကျေးမှု၏ အဓိကအချက်၌ ပါဝင်သော အရာများ ဖြစ်ကြသည်။ အနောက်တိုင်းယဉ်ကျေးမှုသည် အနောက်တိုင်းသားများအား လွတ်လပ်ပြီး မိမိသဘောအတိုင်း နေခွင့်ရှိသော တွေးခေါ်မှုအတွက် လုပ်ပိုင်ခွင့် ပေးခဲ့သောကြောင့် ၎င်းတို့အတွင်း ဤလူ့သဘာဝအရည်အသွေးကို ဖြစ်ပေါ်စေခဲ့သောကြောင့်၊ ၎င်းတို့အား ဤလွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ကို ပေးအပ်ခဲ့သောကြောင့် အနောက်တိုင်းသားများသည် အရှေ့တိုင်းသားများထက် ၎င်းတို့၏ စာပေနှင့် အနုပညာဘဝတွင် ဉာဏ်ရည်ဆိုင်ရာ အနှစ်သာရ ပိုမိုရှိကြပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ တွေးခေါ်မှုအတိုင်းအတာသည် ပို၍ကျယ်ပြန့်သည်။ သင်မြင်သလော၊ အရှေ့တိုင်းသားများ၏ တွေးခေါ်မှုအတိုင်းအတာ သို့မဟုတ် ၎င်းတို့၏ စာပေနှင့် အနုပညာဘဝတွင် ၎င်းတို့ ဖော်ပြပြီး ထောက်ခံအားပေးသည့် စိတ်ကူးများသည် အလွန်အကန့်အသတ်ရှိပြီး ကျဉ်းမြောင်းကာ ချုပ်ချယ်ခံထားရသော်လည်း အနောက်တိုင်းသားများ၏ စာပေနှင့် အနုပညာဘဝတွင် ပေါ်ပေါက်သည့် အကြောင်းအရာအမျိုးမျိုးမှာမူ အတော်အတန် ကျယ်ပြန့်ပြီး အစိုးရ၏ ကန့်သတ်ချက်များမှ ကင်းလွတ်သည်။ ဤအကြောင်းအရာများထဲမှ အချို့မှာ လူတို့၏ လူ့သဘာဝအရ အစိုးရက အချို့သောကာလအတွင်း ပြဋ္ဌာန်းခဲ့သော ဥပဒေတစ်ခုအပေါ် သို့မဟုတ် လူ့အဖွဲ့အစည်းအပေါ် သို့မဟုတ် တစ်ဦးချင်း၏ ဘဝနှင့် မိသားစုအပေါ် သက်ရောက်မှုအပေါ် ဆင်ခြင်သုံးသပ်ချက်များ ဖြစ်ကြသည်။ အခြားအရာများမှာ ကျောင်းပညာရေးနှင့် လူ့အခွင့်အရေးများအပေါ် ဆင်ခြင်သုံးသပ်ချက်များအပြင် လူမျိုးရေးတန်းတူညီမျှမှု၊ လူမျိုးရေးခွဲခြားမှုနှင့် မတူညီသော အသားအရောင်ရှိသူများကြား ဆက်ဆံရေးများအပေါ် လူမှုအလွှာပေါင်းစုံမှ လူများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့်အတူ ထိုလူတို့အကြား ဆွေးနွေးမှုများကဲ့သို့သော အခြားသော ကိစ္စရပ်အမျိုးမျိုးလည်း ဖြစ်ကြသည်။ ဤအချက်မှကြည့်လျှင် အနောက်တိုင်း စာပေနှင့် အနုပညာလက်ရာများတွင် ထင်ဟပ်နေသော အကြောင်းအရာအမျိုးမျိုး၏ အတိုင်းအတာသည် ပါဝင်သော စိတ်ကူးနှင့် အမြင်ရှုထောင့်အမျိုးမျိုး၏ အတိုင်းအတာကဲ့သို့ပင် အတော်အတန် ကျယ်ပြန့်သည်ကို တွေ့မြင်နိုင်သည်။ ၎င်းတို့သည် ပိုမိုကျယ်ပြန့်သော ဥပဒေမူဘောင်အတွင်းရှိ အချို့သော ဥပဒေစိုးမိုးရေး အစိုးရဌာနများက အသုံးပြုသည့် နည်းလမ်းများနှင့် နည်းစနစ်များကြောင့် ဖြစ်ပေါ်လာသော လူမှုရေးသက်ရောက်မှုများအပြင် ပြည်သူလူထုအပေါ် သက်ရောက်သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးအမျိုးမျိုး သို့မဟုတ် လူတို့၏ ဘဝအပေါ် နောက်ဆက်တွဲအကျိုးသက်ရောက်မှုအမျိုးမျိုးကိုပင် ထင်ဟပ်စေသည်။ ဤအရာများအားလုံးသည် အနောက်တိုင်း စာပေနှင့် အနုပညာလက်ရာ အမျိုးမျိုးတွင် တင်ပြထားသော စိတ်ကူးများနှင့် အမြင်ရှုထောင့်များ ဖြစ်ကြသည်။ တစ်ဖက်တွင် ဤအရာများသည် အနောက်တိုင်း ယဉ်ကျေးမှုအကြောင်းအရာအတွင်း ထောက်ခံအားပေးထားသော အတွေးအခေါ်များဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် အနောက်တိုင်း ယဉ်ကျေးမှု သွန်သင်လေ့ကျင့်ပေးခြင်း၏ အကြောင်းအရာအတွင်း လူတို့ လွတ်လပ်စွာ တွေးတောနိုင်သောကြောင့် ပေါ်ပေါက်လာသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ ဖြစ်ကြသည်။ အတိုချုပ်အားဖြင့် အနောက်တိုင်းသားများက ၎င်းတို့၏ စာပေနှင့် အနုပညာလက်ရာများတွင် တင်ပြသည့် စိတ်ကူးအမျိုးမျိုးအပြင် အရာအမျိုးမျိုးကို သဘောထားပြုမူရာတွင် လူမှုအလွှာအသီးသီးနှင့် လုပ်ငန်းအမျိုးမျိုးရှိ အနောက်တိုင်းသားများ၏ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ၊ လောကဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များနှင့် သဘောထားများသည် အရှေ့တိုင်းသားများ၏ သဘောထားများနှင့် လုံးဝ ကွဲပြားခြားနားသည်။ ဤတွင် ရိုးရှင်းသော ဥပမာတစ်ခုရှိသည်။ အရှေ့တိုင်းတွင် ဝန်ထမ်းတစ်ဦးသည် ကုမ္ပဏီတစ်ခုအတွက် အလုပ်လုပ်သောအခါ ၎င်း၏ အသက်မွေးဝမ်းကျောင်းသည် ၎င်း၏ သူဌေးထံမှ လာသောကြောင့် ၎င်း၏ သူဌေးခိုင်းသမျှကို လုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်း၏ ကလေးများကို သွားကြိုခိုင်းခြင်း သို့မဟုတ် ကုန်စုံပစ္စည်းများ ဝယ်ခိုင်းခြင်းကဲ့သို့သော ၎င်း၏ သူဌေးအတွက် အိမ်မှုကိစ္စအချို့ကို လုပ်ဆောင်ရန် တောင်းဆိုခံရလျှင်ပင် ၎င်းသည် လုံးဝ နာခံရမည်ဖြစ်ပြီး ငြင်းဆန်ရန် မဝံ့ရဲပေ။ ၎င်းသည် အားလပ်ချိန်များတွင်ပင် အသင့်အနေအထား ရှိနေရသည်။ ၎င်းတို့သည် ၎င်းတို့၏ သူဌေး၏ အခြွေအရံ၊ လက်အောက်ငယ်သားနှင့် ကျွန်ဖြစ်သည်။ ဤသည်မှာ အရှေ့တိုင်းရှိ ဝန်ထမ်းနှင့် သူဌေးကြား အထက်လူကြီးနှင့် လက်အောက်ငယ်သား ဆက်ဆံရေး ဖြစ်သည်။ ဝန်ထမ်းသည် ကသိကအောက်ဖြစ်ခြင်း၊ စိတ်ဆိုးခြင်းနှင့် မလိုလားခြင်းတို့ကို ခံစားရနိုင်သော်လည်း ၎င်းတွင် ရွေးချယ်စရာမရှိပေ။ ၎င်းသည် သည်းခံခြင်းသာ ပြုနိုင်၏။ ထိုသူမှာ ၎င်း၏ သူဌေး၊ ၎င်း၏ စားဝတ်နေရေးကို ထောက်ပံ့သူဖြစ်သောကြောင့် ၎င်းသည် သူပြုသမျှကိုသာ ခံရသည်။ အရှေ့တိုင်းတွင် သူဌေးတစ်ဦးက ၎င်း၏ ဝန်ထမ်းများကို မည်သို့ပင် ခေါင်းပုံဖြတ်သည်ဖြစ်စေ၊ ၎င်း၏ လုပ်ရပ်များ မည်မျှပင် ကျိုးကြောင်းမဆီလျော်သည်ဖြစ်စေ ဝန်ထမ်းများက သည်းခံခြင်းသာ ပြုနိုင်သည်၊ ဤအခြေအနေမှ လွတ်မြောက်ရန် ၎င်းတို့တွင် နည်းလမ်းမရှိပေ။ အချို့သော အရှေ့တိုင်းနိုင်ငံများတွင် နိုင်ငံသားတိုင်း၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ရည်ရွယ်သည့် အလုပ်သမားဥပဒေများ ရှိနိုင်သော်လည်း လူ့အဖွဲ့အစည်းအဆင့်တွင်မူ အရှေ့တိုင်းဖြစ်သောကြောင့် ၎င်းတို့၏ သူဌေးက အလုပ်သမားဥပဒေများကို ချိုးဖောက်လျှင်ပင် မည်သည့်ဝန်ထမ်းမျှ တရားစွဲရန် မဝံ့ရဲပေ။ ၎င်းတို့၏ အခွင့်အရေးများ မည်သို့ပင် ဆုံးရှုံးစေကာမူ သို့မဟုတ် ၎င်းတို့၏ သူဌေးက မည်သို့ပင် ခေါင်းပုံဖြတ်စေကာမူ ၎င်းတို့ လုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ အလုပ်သမားဥပဒေများ ရှိနေလျှင်ပင် ၎င်းတို့သည် မိမိတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ဥပဒေကို အသုံးမချနိုင်ပေ။ ၎င်းတို့သည် အခြေအနေကို ၎င်း၏အလိုအတိုင်း ဆက်ဖြစ်ခွင့်ပြုပြီး လက်ခံလိုက်ရုံသာ တတ်နိုင်၏။ အခြားတစ်ဖက်တွင်မူ အနောက်တိုင်းသည် ကွဲပြားသည်။ အနောက်တိုင်းရှိ ဝန်ထမ်းနှင့် သူဌေးကြား အထက်လူကြီးနှင့် လက်အောက်ငယ်သား ဆက်ဆံရေးသည် အလုပ်အဆင့်နှင့် အလုပ်ချိန်အတွင်း၌သာ တည်ရှိသည်။ အလုပ်ချိန်ပြင်ပတွင် ၎င်းတို့ကြား၌ ကိုယ်ရေးကိုယ်တာ၊ စိတ်ခံစားမှုဆိုင်ရာ ဆက်ဆံရေး မရှိပေ။ သင်၏ သူဌေးက သင့်အား အချိန်ပိုလုပ်ရန် တောင်းဆိုပါက သင် ငြင်းဆန်နိုင်သည်။ သင်၏ သူဌေးက သင့်အား ၎င်း၏ ကလေးများကို သွားကြိုပေးရန် သို့မဟုတ် ကုန်စုံပစ္စည်းများ ဝယ်ပေးရန် တောင်းဆိုပါက သင်က “ဤအရာကို လုပ်ဆောင်ရန် ကျွန်ုပ်အား တောင်းဆိုပိုင်ခွင့် သင့်ထံတွင် မရှိပါ။ ယင်းမှာ ကျွန်ုပ်၏ အလုပ်မဟုတ်ပါ။ သင့်အား အစေခံရန် ကျွန်ုပ်တွင် တာဝန်မရှိပါ” ဟု ပြောဆိုနိုင်သည်။ သင် ငြင်းဆန်နိုင်သည်။ သင်၏ သူဌေးက သင့်အား ဤအရာများကို ထပ်ခါတလဲလဲ အတင်းအကျပ် လုပ်ဆောင်ခိုင်းပါက သင်သည် ၎င်းတို့ကို တရားစွဲနိုင်ပြီး အနောက်တိုင်း အလုပ်သမားဥပဒေများက အကျိုးသက်ရောက်လိမ့်မည်၊ ဥပဒေက ထိုအတိုင်း တုံ့ပြန်လိမ့်မည်။ အနောက်တိုင်းသားများသည် ဤသို့ လုပ်ဆောင်နိုင်ကြပြီး ထိုသို့လုပ်ဆောင်ရန် မကြောက်ကြသော်လည်း အရှေ့တိုင်းသားများမှာမူ ကြောက်ကြသည်။ အရှေ့တိုင်းသားများ၏ အယူအဆများအရ သင်၏ အထက်လူကြီး သို့မဟုတ် အဆင့်အတန်းရှိသူ သို့မဟုတ် နာမည်ကြီးတစ်ဦးက သင့်အား ခိုင်းသမျှကို သင် လုပ်ဆောင်သင့်ပြီး ၎င်းတို့အား အခမဲ့ ဝန်ဆောင်မှုပေးသင့်သည်။ သင်က “ကျွန်ုပ်သည် သင့်အား အစေခံလိုပါသည်၊ သင့်အတွက် ကျွန်ုပ်၏ အသက်ကို စွန့်လွှတ်လိုပြီး အပြန်အလှန်အားဖြင့် မည်သည့်အရာမျှ မျှော်လင့်မည်မဟုတ်ပါ။ သင့်အား အစေခံခြင်းသည် ကျွန်ုပ်၏ ဂုဏ်ယူစရာဖြစ်ပါသည်” ဟုပင် ပြောရမည်ဖြစ်သည်။ ၎င်းတို့က သင်၏ လုပ်အားကို ခေါင်းပုံဖြတ်သည်ဖြစ်စေ သို့မဟုတ် သင်၏ လူ့အခွင့်အရေးများကို ဆုံးရှုံးစေသည်ဖြစ်စေ သင်သည် ယင်းကို လက်ခံသင့်ပြီး မည်သည့်လုပ်ခလစာကိုမျှ မတောင်းဆိုသင့်ပေ။ သင် တောင်းဆိုပါက သင်သည် ကျေးဇူးကန်းသူဖြစ်ပြီး ၎င်းတို့ကို သိက္ခာကျစေသည်ဟု ဆိုလိုကာ ၎င်းတို့က သင့်အား လက်စားချေလိမ့်မည်။ အခြားတစ်ဖက်တွင်မူ အနောက်တိုင်းသားများသည် ကွဲပြားသည်။ ၎င်းတို့သည် မိမိတို့၏ အခွင့်အရေးများကို ကာကွယ်တတ်ရန် သင်ယူခဲ့ကြပြီး ဤအခွင့်အရေးများကို တတ်နိုင်သမျှ အဆုံးစွန်ထိ အသုံးချလျက် အလွန်ထိရောက်စွာ ကျင့်သုံးကြသည်။ သမ္မတ သို့မဟုတ် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဦးက အစားအသောက် သုံးဆောင်ပြီးနောက် စားပွဲထိုးအတွက် သဒ္ဓါကြေး မပေးခဲ့လျှင်ပင် တိုင်ကြားချက်တစ်ခု တင်သွင်းလိမ့်မည်။ ဤသည်မှာ အလုပ်သမားဥပဒေများက အလုပ်သမားများအား ပေးအပ်ထားသော အခွင့်အရေး ဖြစ်သည်။ အရှေ့တိုင်းသားများသည် ထိုသို့သော အခြေအနေများကို ကြုံတွေ့ရသောအခါ တိုင်ကြားရန် မဝံ့ရဲကြပေ။ ၎င်းတို့က “၎င်းတို့သည် အရာရှိတစ်ဦး၊ ကျော်ကြားသူတစ်ဦး ဖြစ်သည်။ ၎င်းတို့ကို တရားစွဲလျှင် ကျွန်ုပ် နိုင်နိုင်ပါ့မလား။ နိုင်ခဲ့လျှင်ပင် ၎င်းတို့က နောက်ကွယ်တွင် ကျွန်ုပ်ကို အခက်အခဲတွေ့အောင် လုပ်လျှင် ကျွန်ုပ် ဘာလုပ်ရမည်နည်း။ ၎င်းတို့ကို တရားစွဲလျှင် ကျွန်ုပ် အကြီးအကျယ် ဒုက္ခရောက်သွားမည်ဖြစ်ပြီး ကျွန်ုပ်၏ အသက်ကိုပင် ဆုံးရှုံးနိုင်သည်” ဟု တွေးကြသည်။ ထို့ကြောင့် အရှေ့တိုင်းသားများသည် သဒ္ဓါကြေးတောင်းရန် ဝံ့ရဲခြင်းထက် နစ်နာမှုကို ခံလိုကြသည်။ ဤသည်ကို သည်းခံခြင်းဟု ခေါ်သည်။ သို့သော် အနောက်တိုင်းသားများသည် ကွဲပြားသည်။ ၎င်းတို့က “အဘယ်ကြောင့် ငါ သည်းခံရမည်နည်း။ ငါသည် အခြားမည်သူ့အတွက်မျှ အသက်ရှင်ရန် မွေးဖွားလာခြင်းမဟုတ်။ ငါသည် ငါ့အတွက် အသက်ရှင်သည်။ ငါ၏ အခွင့်အရေးများကို ငါ ကာကွယ်ရမည်။ ဤသည်မှာ ငါ ရထိုက်သောငွေ ဖြစ်သည်။ သင်သည် ကျော်ကြားသော ပုဂ္ဂိုလ် သို့မဟုတ် လူကြီးပိုင်းတစ်ဦးဖြစ်သည်ကို ငါ ဂရုမစိုက်၊ သင် ပေးရမည်။ လူတိုင်း တန်းတူညီမျှဖြစ်သည်။ သဒ္ဓါကြေး မပေးပိုင်ခွင့်ကို သင့်အား မည်သည့်အရာက ပေးသနည်း။ သင် သဒ္ဓါကြေး မပေးလျှင် သင့်ကို ငါ တရားစွဲမည်” ဟု တွေးကြသည်။ သင် သဒ္ဓါကြေး ပေးလိုက်သည်နှင့် ကိစ္စပြီးဆုံးသွားသည်။ ဤအရာများသည် အရှေ့တိုင်းသားများနှင့် အနောက်တိုင်းသားများက ၎င်းတို့၏ သက်ဆိုင်ရာ ယဉ်ကျေးမှု သွန်သင်လေ့ကျင့်ပေးမှုများမှတစ်ဆင့် ရရှိလာသော မတူညီသည့် အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကိုင်တွယ်သည့် နည်းလမ်းများ ဖြစ်ကြသည်။

အရှေ့တိုင်းနှင့် အနောက်တိုင်းသည် ၎င်းတို့၏ ယဉ်ကျေးမှု သွန်သင်လေ့ကျင့်ပေးမှုနည်းလမ်းများနှင့် ထိုသွန်သင်လေ့ကျင့်ပေးမှု၏ တိကျသော အကြောင်းအရာများတွင် ကွဲပြားသည်။ ဤမတူညီသော သွန်သင်လေ့ကျင့်ပေးမှုပုံစံများသည် မတူညီသော လူသားယဉ်ကျေးမှုများအပြင် မတူညီသော လူမျိုးစုများ၏ လူ့သဘာဝအရည်အသွေးများကို ဖြစ်ပေါ်စေခဲ့သည်။ ဤလူ့သဘာဝ အရည်အသွေးများဖြင့် အရှေ့တိုင်းသားများတွင် ၎င်းတို့၏ ကိုယ်ပိုင်လူနေမှုပုံစံများ၊ နေထိုင်မှုအခြေအနေများ၊ တွေးခေါ်ပုံများနှင့် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် သဘောထားများ ရှိကြပြီး အနောက်တိုင်းသားများတွင်မူ ၎င်းတို့၏ ကိုယ်ပိုင်လူနေမှုပုံစံများ၊ နေထိုင်မှုအခြေအနေများနှင့် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် နည်းလမ်းများနှင့် သဘောထားများ ရှိကြသည်။ ဤလောကီဆိုင်ရာ ဆက်ဆံရေးများအတွက် သဘောထားနှစ်မျိုးအနက် တစ်ခုမှာ မြိုသိပ်ခြင်းနှင့် သည်းခံခြင်းဖြစ်ပြီး အထူးသဖြင့် စိတ်ထဲ၌ သိမ်းဆည်းတတ်သည်။ အခြားတစ်ခုမှာ လူတို့၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ဆန္ဒနှင့် လိုအင်ဆန္ဒများ၏ အခွင့်အရေးများကို ကာကွယ်ခြင်းအပေါ် အထူးအလေးပေးသည်။ တစ်ခုမှာ ဟန်ဆောင်ခြင်းဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုမှ ဖြစ်ပေါ်လာပြီး အခြားတစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ခြင်းဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုမှ ဖြစ်ပေါ်လာသည်။ ဤလူ့သဘာဝအရည်အသွေးများ မည်သို့သော သွန်သင်လေ့ကျင့်ပေးမှုမျိုးတွင် ဖြစ်ပေါ်လာသည်ဖြစ်စေ၊ မြိုသိပ်ခြင်းနှင့် သည်းခံခြင်းဖြစ်စေ။ လူတစ်ဦး၏ အခွင့်အရေးများကို ကာကွယ်ခြင်းဖြစ်စေ၊ စိတ်ထဲ၌ သိမ်းဆည်းတတ်ခြင်းဖြစ်စေ၊ ပွင့်လင်းခြင်းဖြစ်စေ ယင်းတို့ထဲတွင် မည်သည့်အရာက အပြုသဘောဆောင်သောအရာများ ဖြစ်သနည်း။ (အရှေ့တိုင်းဖြစ်စေ အနောက်တိုင်းဖြစ်စေ၊ ဤလူ့သဘာဝအရည်အသွေးများထဲမှ တစ်ခုမျှ အပြုသဘောဆောင်သောအရာများ မဟုတ်ပါ။) အဘယ်ကြောင့် ယင်းတို့သည် အပြုသဘောဆောင်သောအရာများ မဟုတ်ဟု သင်တို့ ပြောဆိုကြသနည်း။ သင်တို့၏ တိကျသောအကြောင်းပြချက်များကို နားထောင်ကြပါစို့။ သင်တို့ထဲမှ မည်သူမျှ အဘယ်ကြောင့်ဖြစ်သည်ကို မပြောနိုင်ကြပေ၊ ဟုတ်သလော။ (ကျွန်ုပ်တို့ မပြောနိုင်ပါ။) မေးခွန်းထုတ်ထားသော ကိစ္စရပ်သည် မည်သို့ပင်ဖြစ်စေ၊ သင်တို့အားလုံးသည် အခြားသူများက အသေးစိတ်အချက်အလက်များကို အလွန်အမင်း စေ့စပ်သေချာမည်ကို ကြောက်ရွံ့ကြပြီး ထိုသို့ဖြစ်လာသောအခါ သင်သည် ရှုပ်ထွေးသွားပြီး အမှုအရာများကို ရှင်းလင်းစွာ မရှင်းပြနိုင်တော့ပေ။ ဤသည်မှာ သင်သည် ထိုကိစ္စရပ်တွင် ရှင်းလင်းမှုမရှိကြောင်း သက်သေပြနေသောကြောင့် သင်သည် ယင်းအပေါ် မိတ်သဟာယဖွဲ့သင့်သည်။ ငါ သင့်အား မေးခဲ့သော ထိုမေးခွန်းသည် မိတ်သဟာယဖွဲ့ထိုက်သော အကြောင်းအရာတစ်ခု ဖြစ်သည်၊ မဟုတ်လော။ (ဖြစ်ပါသည်။) ဤအကြောင်းအရာတွင် “ဘုရားသခင် ဖန်ဆင်းသောအရာ” ပါဝင်သည်။ သို့ဖြစ်၍ ဦးစွာ ကြည့်ကြပါစို့။ ဘုရားသခင် ဖန်ဆင်းသော လူသားမျိုးနွယ်သည် မည်သို့သော သတ္တဝါမျိုး ဖြစ်သနည်း။ ဘုရားသခင် ဖန်ဆင်းသောအရာများသည် အပြုသဘောဆောင်သောအရာများ ဖြစ်ကြသည်။ လူတစ်ဦးတွင် မည်သည့်အရာများကို ဘုရားသခင်က ဖန်ဆင်းခဲ့သနည်း။ (လူတစ်ဦး၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့် ဘုရားသခင်က ၎င်းတို့အား ပေးသနားသော ဉာဏ်ပညာတို့ ဖြစ်ပါသည်။) ယေဘုယျအားဖြင့် ပြောရလျှင် လူတစ်ဦး၏ မွေးရာပါအခြေအနေများအားလုံးကို ဘုရားသခင်က ပေးသနားပြီး ဖန်ဆင်းထားခြင်း ဖြစ်သည်။ ငါတို့သည် “ဖန်ဆင်းသည်” ဟူသော စကားလုံးကို အသုံးပြုပါက ယင်းသည် အနည်းငယ် ပုံဖော်၍မရနိုင် ဖြစ်ကောင်းဖြစ်မည်၊ အကြောင်းမှာ လူတိုင်းသည် ၎င်းတို့၏ မိဘများမှ မွေးဖွားလာခြင်းဖြစ်ပြီး ဘုရားသခင်၏ လက်တော်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ “ဘုရားသခင် ဖန်ဆင်းသောအရာ” ဟူသော စကားစုကို အသုံးပြုခြင်းသည် အနည်းငယ် ကျယ်ပြန့်သည်၊ ယင်းမှာ အတော်အတန် မသင့်လျော်ပေ။ ထိုသို့ဆိုလျှင် “ဘုရားသခင်က လူတို့ကို ပေးသနားသည့် မွေးရာပါအခြေအနေများ” ဟု ပြောဆိုခြင်းသည် ပို၍ တိကျပြီး ဓမ္မဓိဋ္ဌာန်ကျသည်။ ဘုရားသခင်က လူတို့ကို ပေးသနားသည့် မွေးရာပါအခြေအနေများတွင် “ဘုရားသခင် ဖန်ဆင်းသောအရာ” ဟူသော အကြောင်းအရာ ပါဝင်သည်။ သို့ဆိုလျှင် လူတစ်ဦး၏ မွေးရာပါအခြေအနေများအားလုံးသည် အပြုသဘောဆောင်သောအရာများ ဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) လူတစ်ဦး၏ ရုပ်ရည်၊ ၎င်း၏ ဘာသာစကားစွမ်းရည်၊ ၎င်း၏ အာရုံခံစားမှုအားလုံးနှင့် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများအပြင် ၎င်း၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ၎င်း တွေးတောကြံဆသည့် စွမ်းရည်၊ ၎င်း၏ သဘာဝအားသာချက်များနှင့် ဆုကျေးဇူးများ၊ သက်ရှိသတ္တဝါများအဖြစ် ၎င်းတို့ လိုက်နာကျင့်သုံးသည့် ရှင်သန်မှုစည်းမျဉ်းများ အားလုံးဟူသည့် ဤအရာအားလုံးသည် အပြုသဘောဆောင်သောအရာများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်က လူတို့ကို ပေးသနားသည့် မွေးရာပါအခြေအနေများအားလုံးသည် အပြုသဘောဆောင်သောအရာများ ဖြစ်ကြသည်။ သို့ဆိုလျှင် ဤအပြုသဘောဆောင်သောအရာများတွင် လူတစ်ဦး၏ စိတ်ထဲတွင် ပေါ်ပေါက်လာသော သို့မဟုတ် လူ့အဖွဲ့အစည်းနှင့် ခေတ်အသီးသီးမှ ၎င်းတို့ လက်ခံရရှိသော အတွေးအခေါ်အမျိုးမျိုး ပါဝင်သလော။ (မပါဝင်ပါ။) လူတို့ လူ့အဖွဲ့အစည်း သို့မဟုတ် လူသားမျိုးနွယ်ထံမှ ရရှိသည့် မည်သည့်အရာမဆို ဘုရားသခင် ပေးသနားခြင်းမဟုတ်သကဲ့သို့ မူလက ဘုရားသခင် ဖန်ဆင်းခဲ့သောအရာလည်း မဟုတ်ပေ။ တစ်စုံတစ်ခုသည် လူ့အဖွဲ့အစည်း သို့မဟုတ် လူသားမျိုးနွယ်ထံမှ လာသရွေ့ ယင်းသည် အပြုသဘောဆောင်သောအရာ မဟုတ်ဟု ဆိုနိုင်သည်။ ယင်းကို ကျယ်ပြန့်သော၊ သဘောတရားဆိုင်ရာ နည်းလမ်းဖြင့် အကျဉ်းချုပ်ရလျှင် ငါတို့ ဤသို့ ပြောဆိုမည်ဖြစ်သည်။ တိတိကျကျ ပြောရလျှင်ကော။ အရှေ့တိုင်း လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရား သွန်သင်လေ့ကျင့်ပေးမှု၏ ယဉ်ကျေးမှု အကြောင်းအရာအတွင်း ဖြစ်ပေါ်လာသော လူ့သဘာဝအရည်အသွေးများနှင့် တွေးခေါ်ပုံများသည် အတော်အတန် လွဲချော်နေသည် မဟုတ်လော။ တစ်နည်းအားဖြင့် ဤသို့လည်း ပြောဆိုနိုင်သည်။ အရှေ့တိုင်းလူ့အဖွဲ့အစည်းတွင် လူတို့၏ စိတ်များသည် ချည်နှောင်ခံထားရပြီး ဖောက်ပြန်နေသည်၊ ၎င်းတို့သည် လူ့အဖွဲ့အစည်းနှင့် စာတန်ထံမှ အချို့သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်များသည် စာတန်၏ ပြုပြင်မှုကို ခံခဲ့ရသည်ဟု ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့၏ စိတ်များသည် ပြုပြင်မှုကို ခံခဲ့ရပြီး ၎င်းတို့၏ အတွေးအခေါ်များသည် ၎င်းတို့၏ လူ့သဘာဝမှ မွေးဖွားလာခြင်း မဟုတ်ပေ။ ဤသွန်သင်ချက်များသည် အပြုသဘောဆောင်သောအရာများမှ မလာသကဲ့သို့ ဘုရားသခင်ထံမှလည်း မလာပေ။ ယင်းတို့သည် ဘုရားသခင်ထံမှ မလာသောကြောင့် ယင်းတို့ ဖြစ်ပေါ်စေသည့် မည်သို့သော အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် တွေးခေါ်ပုံများမဆို၊ ယင်းတို့ကို နောက်ဆုံးတွင် ဖြစ်ပေါ်စေသည့် မည်သို့သော လူ့သဘာဝအရည်အသွေးများမဆို၊ ထို့အပြင် နောက်ဆက်တွဲ ပေါ်ပေါက်လာသော အခြားအရာအားလုံးတို့သည် အပျက်သဘောဆောင်သော အရာများဖြစ်ပြီး အပြုသဘောဆောင်သောအရာများ မဟုတ်ပေ။ ဤသည်မှာ သင်တို့ သေချာသွားသည့်အရာတစ်ခု ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) အရှေ့တိုင်းသားများ၏ စိတ်များသည် ချည်နှောင်ခံထားရပြီး ဖောက်ပြန်နေသည့်အပြင် အရှေ့တိုင်း၏ အချို့သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၏ လွှမ်းမိုးခြင်းကိုလည်း ခံရသောကြောင့် ၎င်းတို့၏ လူ့သဘာဝ အရည်အသွေးများက ဖော်ပြသည့်အရာအားလုံးမှာ အပျက်သဘောဆောင်သော အရာများသာ ဖြစ်သည်။ ယခု အနောက်တိုင်းကို ကြည့်ကြစို့။ အနောက်တိုင်းသားများ၏ အတွေးအခေါ်ဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှု၏ အကြောင်းအရာမှာ အဘယ်နည်း။ ယင်းသည် သမ္မာတရားနှင့် သက်ဆိုင်သလော။ အနောက်တိုင်း သွန်သင်လေ့ကျင့်ပေးမှု၏ အကြောင်းအရာနှင့် ယင်းက လူတို့အား ကြိုးပမ်းရန် သင်ကြားပေးသည့် လူ့သဘာဝ၏ သရုပ်သကန်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လာသလော။ (မလာပါ။) ပို၍ ရှင်းလင်းစွာ ပြောရလျှင် ငါ သင်တို့ကို မေးခွန်းတစ်ခု မေးမည်။ ဘဝ၊ ရှင်သန်မှုနှင့် လောကီရေးရာများကို ကိုင်တွယ်ခြင်းဆိုင်ရာ ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ နောက်ကွယ်ရှိ စည်းမျဉ်းများနှင့် ထိုအရာများကို ကိုင်တွယ်သည့် ဤနည်းလမ်းများ ဖြစ်သည့် ဤသွန်သင်လေ့ကျင့်ပေးမှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသလော။ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) မည်သည့်နည်းလမ်းဖြင့် မကိုက်ညီသနည်း။ (ယင်းသည် အနောက်တိုင်း၏ တစ်ကိုယ်ကောင်းဆန်ခြင်းဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုကဲ့သို့ ဖြစ်သည်။ ယင်းသည် လွတ်လပ်စွာ တွေးခေါ်မှုကို လေးစားသော်လည်း လူတို့အား မိမိတို့ကိုယ်ကိုသာ ထည့်သွင်းစဉ်းစားရန်နှင့် အခြားသူများကို ထည့်သွင်းမစဉ်းစားရန် သင်ကြားပေးသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားနှင့် မကိုက်ညီပါ။) သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားက မည်သို့ ဆိုသနည်း။ (၎င်းတို့၏ အပြန်အလှန်ဆက်ဆံမှုများတွင် လူတို့သည် မိမိတို့၏ အကျိုးစီးပွား သို့မဟုတ် ခံစားချက်များကိုသာ ထည့်သွင်းစဉ်းစားခြင်း မပြုသင့်ပေ၊ ထို့ထက် ၎င်းတို့၏ လုပ်ရပ်များသည် သမ္မာတရားနှင့် ကိုက်ညီနေစဉ်တွင် အခြားသူများကို မည်သို့ တည်ဆောက်ပေးနိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်အား သင်သည် ကိစ္စရပ်များကို လွတ်လပ်စွာနှင့် ဓမ္မဓိဋ္ဌာန်ကျကျ တွေးတောသည်ဖြစ်စေ၊ အချို့သော အတွေးအခေါ် သို့မဟုတ် အမြင်ရှုထောင့်တစ်ခု၏ လွှမ်းမိုးမှုအောက်တွင် တွေးတောသည်ဖြစ်စေ သင်သည် သင်၏ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန် သို့မဟုတ် သင်၏ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် မာနကို ကာကွယ်ရန်အတွက်သာ ထိုသို့ မလုပ်ဆောင်သင့်ကြောင်း ပြောဆိုသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများ ကိစ္စရပ်များကို စဉ်းစားသင့်သည့် စည်းမျဉ်း မဟုတ်ပေ။ သင်သည် ကိစ္စရပ်များကို စဉ်းစားသောအခါ သင်၏ ချဉ်းကပ်ပုံသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ဤကိစ္စရပ်များကို သမ္မာတရားကို အသုံးပြု၍ ဖြေရှင်းနိုင်ခြင်း ရှိမရှိ၊ သင်၏ ချဉ်းကပ်ပုံသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသို့ ဦးတည်ခြင်း ရှိမရှိတို့ကို အာရုံစိုက်သင့်သည်။ ဤသည်မှာ ကိစ္စရပ်များကို စဉ်းစားခြင်းအတွက် စည်းမျဉ်း ဖြစ်သည်။ သင်သည် လူများနှင့် ဆက်ဆံနေသည်ဖြစ်စေ၊ သင်၏ မိသားစု သို့မဟုတ် သင်၏ ပတ်ဝန်းကျင်ရှိ အခြားအရာများနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ကိုင်တွယ်နေသည်ဖြစ်စေ သင်၏ ကိုယ်ပိုင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်နေမည့်အစား ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူရမည်။ ဤအရာများသည် ဘုရားသခင် တောင်းဆိုသည့်အတိုင်း ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများ ဖြစ်ကြသည်။ သို့ဖြစ်၍ အပေါ်ယံအားဖြင့် အရှေ့တိုင်းယဉ်ကျေးမှု၏ သွန်သင်လေ့ကျင့်ပေးမှုနှင့် နှိုင်းယှဉ်ပါက အနောက်တိုင်းယဉ်ကျေးမှုသွန်သင်လေ့ကျင့်ပေးမှုသည် လူ့အခွင့်အရေးနှင့် လူတို့၏ အခွင့်အရေးများကို ကာကွယ်ခြင်းအပေါ် ပို၍ အလေးထားသည်။ ယင်းသည် အရှေ့တိုင်းယဉ်ကျေးမှုထက် သာလွန်သော်လည်း ယင်းက သမ္မာတရားကို အစားထိုးနိုင်သည်ဟု မဆိုလိုပေ။ ယင်းသည် အရှေ့တိုင်းယဉ်ကျေးမှုထက် သာလွန်ရုံဖြင့်၊ သို့မဟုတ် လူ့အခွင့်အရေးကို လေးစားပြီး လူတို့အား လွတ်လပ်အမှီခိုကင်းစွာနှင့် လွတ်လပ်စွာ နေထိုင်နိုင်စေရုံဖြင့် သမ္မာတရားစည်းမျဉ်းများ၏ နေရာကို ယူနိုင်ပြီး အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် ဖော်ပြနိုင်သည်ဟု သင် မထင်ရပေ။ အနောက်တိုင်းယဉ်ကျေးမှု သွန်သင်လေ့ကျင့်ပေးခြင်းသည် အရှေ့တိုင်းယဉ်ကျေးမှု သွန်သင်လေ့ကျင့်ပေးမှုထက် သာလွန်ပြီး လူ့သဘာဝ၏ လိုအပ်ချက်များနှင့် ပို၍ ကိုက်ညီရုံမျှသာဖြစ်သော်လည်း ယင်းကို သမ္မာတရားစည်းမျဉ်းများနှင့် တန်းတူညီမျှ ထားရှိ၍မရသကဲ့သို့ ယင်းတို့ကို အစားထိုး၍လည်း မရနိုင်ပေ။ အတိုင်းအတာတစ်ခုအထိ ယင်းသည် လူ့သဘာဝ၏ လိုအပ်ချက်များအပြင် လူတို့၏ ဂုဏ်သိက္ခ၊ ၎င်းတို့၏ လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားများကို ထောက်ခံပြီး လေးစားရုံသာ ဖြစ်သည်။ သို့ရာတွင် ဤလေးစားမှုသည် လူ့သဘာဝအရသာ သက်ဆိုင်သည်။ သမ္မာတရားနှင့် တရားမျှတမှုအရမူ ယင်းသည် ဤအရာနှစ်ခုလုံးကို မထောက်ခံပေ။ ထို့ကြောင့် အနောက်တိုင်းယဉ်ကျေးမှု သွန်သင်လေ့ကျင့်ပေးခြင်းသည် တစ်ကိုယ်ကောင်းဆန်ခြင်းဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှု ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်ခြင်းဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှု ဟူသည်မှာ “လူတိုင်းသည် ကျွန်ုပ်၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်ပေးရမည်။ ကျွန်ုပ်သည် တစ်စုံတစ်ရာကို မလုပ်ဆောင်မီ ကိုယ်တိုင် အစအဆုံး စဉ်းစားသုံးသပ်ရမည်။ ကျွန်ုပ်၏ ကိုယ်ပိုင် အကျိုးစီးပွား၊ ကျွန်ုပ်၏ လူ့အခွင့်အရေးနှင့် ကျွန်ုပ်၏ တစ်သီးပုဂ္ဂလ အခွင့်အရေးတို့သည် ပဓာနကျသည်” ဟု ဆိုလိုသည်။ ဤနေရာတွင် ပြောပလောက်စရာ မည်သည့် ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှု ရှိပါသနည်း။ ပြောပလောက်စရာ မျှတမှု တစ်ခုတလေ ရှိပါသလော။ (မရှိပါ။) မျှတမှု သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှု မရှိပါက ယင်းသည် သမ္မာတရားစည်းမျဉ်းများနှင့် မည်သို့ ကိုက်ညီနိုင်မည်နည်း။ အတိုင်းအတာတစ်ခုအထိ အနောက်တိုင်းယဉ်ကျေးမှု သွန်သင်လေ့ကျင့်ပေးမှုသည် သင်၏ လူ့အခွင့်အရေးများကို လေးစားသည်၊ ယင်းက သင့်အား ကိစ္စရပ်များကို တွေးတောရန်နှင့် သင်၏ ထင်မြင်ချက်များကို လွတ်လပ်စွာ ဖော်ပြပိုင်ခွင့်ကို ပေးသည်။ ဤနည်းအားဖြင့် ယင်းသည် လူတို့၏ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများကို အခြေခံအားဖြင့် ကာကွယ်နိုင်သည်။ သို့ဖြစ်၍ အနောက်တိုင်း သွန်သင်လေ့ကျင့်ပေးမှုသည် လူ့သဘာဝ၏ လိုအပ်ချက်များနှင့် အတိုင်းအတာတစ်ခုအထိ ပို၍ ကိုက်ညီသည်။ သို့သော် အနောက်တိုင်း သွန်သင်လေ့ကျင့်ပေးမှုသည် လူတို့အား ဘဝ၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပို့ဆောင်နိုင်သလော။ ယင်းသည် လူတို့အား လူအားလုံးကို ဆက်ဆံရန်နှင့် အရာအားလုံးကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် ဖြစ်စေနိုင်သလော။ ယင်းသည် ဤသို့ မလုပ်ဆောင်နိုင်ပေ။ အနောက်တိုင်း သွန်သင်လေ့ကျင့်ပေးမှုသည် လူတိုင်းတွင် လူ့အခွင့်အရေးနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ပိုင်ခွင့်ရှိကြောင်း အာမခံနိုင်သည်။ ဤသည်မှာ လူ့သဘာဝ၏ လိုအပ်ချက်များနှင့် လုံးဝ ကိုက်ညီသည်။ သို့ရာတွင် လူ့အဖွဲ့အစည်းရှိ အမှန်တကယ် အခြေအနေနှင့် တိုင်းတာသောအခါ နိုင်ငံအနည်းငယ်သာ လူ့အခွင့်အရေးကို အာမခံသည့် စံနှုန်းကို အပြည့်အဝ ပြည့်မီနိုင်သည်။ လက်တွေ့ကျကျ ပြောရလျှင် ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် လူတို့အား ကိစ္စရပ်များကို လွတ်လပ်စွာ တွေးတောရန်နှင့် ၎င်းတို့၏ ထင်မြင်ချက်များကို လွတ်လပ်စွာ ဖော်ပြခွင့်ပြုနိုင်သော အလွန်ကောင်းမွန်သော လူမှုစနစ်တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့် ကိစ္စရပ်များကို လွတ်လပ်စွာ တွေးတောနိုင်စွမ်းကို ပေးခဲ့သည်၊ ဤသည်မှာ ကိုယ်တော်က ၎င်းတို့အား ပေးခဲ့သော အရည်အသွေး၏ ကဏ္ဍတစ်ခုသာ ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်သည် သင့်အား “တစ်ကိုယ်ကောင်းဆန်လော့၊ မိမိသဘောအတိုင်း နေလော့။ အရာခပ်သိမ်းသည် မိမိ၏ အကျိုးစီးပွားကိုသာ ဗဟိုပြုရမည်။ မိမိ၏ အကျိုးစီးပွားသည် ပဓာနအကျဆုံး ဖြစ်သည်။ အရာခပ်သိမ်း၌ လွတ်လပ်၍ မိမိကိုယ်မိမိ ပိုင်ရမည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေရန်၊ ကောင်းကင်ဘုံ၏ အလိုတော်ကို မေးမြန်းရန် သို့မဟုတ် အခြားသူများ၏ အကျိုးစီးပွားကို အလေးထားရန် မလိုအပ်ပေ” ဟု မည်သည့်အခါမျှမပြောခဲ့ပေ။ ဘုရားသခင်သည် မည်သူ့ကိုမျှ ဤနည်းလမ်းဖြင့် မည်သည့်အခါမျှမသွန်သင်ခဲ့ပေ။ ဘုရားသခင်က လူတို့အား ၎င်းတို့၏ ဘဝများတွင် လမ်းညွှန်မှုပေးချိန်မှစ၍ ကိုယ်တော်သည် ကဏ္ဍအားလုံးတွင် တိကျသော အသက်ရှင်နေထိုင်မှုနှင့် ကျင့်ကြံပြုမူခြင်းနည်းလမ်းများကို ထောက်ပြခဲ့ပြီး လူတို့အား သမ္မာတရားကို လိုက်စားရန်၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်၊ ရိုးသားသောလူများ ဖြစ်ရန်၊ ဖန်ဆင်းခံများ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် စသည်တို့ကို ပြောကြားခဲ့သည်။ ဤအရာများအားလုံးသည် လူတစ်ဦး၏ ဘဝတွင် အရေးကြီးဆုံးသော လိုက်စားမှုများ ဖြစ်ကြသည်။ ဘုရားသခင် ဖော်ပြခဲ့သော များစွာသော သမ္မာတရားများထဲတွင် ကိုယ်တော်သည် သင့်အား သင်၏ အခွင့်အရေးများကို ကာကွယ်ရန် မည်သည့်အခါမျှမပြောခဲ့သည့်အပြင် ကိစ္စရပ်များကို လွတ်လပ်စွာ တွေးတောရန်နှင့် သင်၏ ကိုယ်ပိုင်လွတ်လပ်သောနေရာကို ကာကွယ်ရန်လည်း မည်သည့်အခါမျှမပြောခဲ့ပေ။ ဘုရားသခင်သည် ထိုသို့သောစကားကို မည်သည့်အခါမျှမပြောခဲ့ပေ။ ဘုရားသခင်သည် သင့်အား ကိစ္စရပ်များကို လွတ်လပ်စွာ တွေးတောနိုင်စွမ်းကိုသာ ပေးခဲ့သည်။ ထိုမျှသာ ဖြစ်သည်။ သင်သည် ဤစွမ်းရည်ကို ပိုင်ဆိုင်ပြီး လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၏ မွေးရာပါ အခြေအနေကိုလည်း ပိုင်ဆိုင်သည်။ သို့ရာတွင် လူတို့အား ထိုသို့သော မွေးရာပါအခြေအနေများကို ပေးထားစဉ်တွင် ဘုရားသခင်သည် ၎င်းတို့အတွက် ဥပဒေများနှင့် ပညတ်တော်များကိုလည်း ပြဋ္ဌာန်းခဲ့ပြီး ၎င်းတို့အား မည်သို့ ကျင့်ကြံပြုမူရမည်ကိုလည်းကောင်း၊ ဘုရားသခင်ကို မည်သို့ ဝတ်ပြုကိုးကွယ်ရမည်ကိုလည်းကောင်း ပြောကြားလျက် သမ္မာတရားအမျိုးမျိုးကို ထောက်ပံ့ပေးခဲ့သည်။ ကိစ္စရပ်အားလုံးတွင် လူတို့ လိုက်နာသင့်သော သမ္မာတရားစည်းမျဉ်းများ ရှိသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် လူတို့အား ကိုယ်တော်၏ သတိပေးဆုံးမစကားများ အားလုံးတွင် ကိုယ်တော်သည် လူတို့အား မိမိသဘောအတိုင်း နေခွင့်ရှိရန်၊ လွတ်လပ်ရန် သို့မဟုတ် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်တတ်ရန် သင်ယူဖို့ မည်သည့်အခါမျှ မပြောခဲ့ပေ။ ထိုသို့သော အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ သို့မဟုတ် ထိုသို့သော ပြောဆိုချက်များနှင့် သွန်သင်ချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားတွင် မည်သည့်အခါမျှမပေါ်ပေါက်ခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်က လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်များတွင် ကိုယ်တော်သည် ၎င်းတို့၏ မာနထောင်လွှားမှုနှင့် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှုကို ဖော်ထုတ်သည်။ ဤတစ်ကိုယ်ကောင်းဆန်မှုသည် လူတို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက် ၎င်းတို့၏ လူ့သဘာဝက ထုတ်ဖော်သည့် အရည်အသွေးတစ်ခု ဖြစ်သည်။ အချို့လူများတွင် ယင်းသည် ၎င်းတို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန် ကြိုးစားသည့်အခါ ထင်ရှားသည်၊ အခြားသူများတွင်မူ ယင်းသည် ဤလူ့အဖွဲ့အစည်း၏ သွန်သင်လေ့ကျင့်ပေးမှု၏ ရလဒ်သက်သက် ဖြစ်သည်။ အခြေအနေနှစ်ခုလုံးတွင် ယင်းသည် တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်သည်။ ယင်းသည် မည်သို့ ဖြစ်ပေါ်လာသည်ဖြစ်စေ အတိုချုပ်အားဖြင့် သင်သည် တစ်ကိုယ်ကောင်းဆန်နေသရွေ့ ယင်းသည် သင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအောက်တွင် နေထိုင်စဉ် သင် ပြသသည့် လူ့သဘာဝ၏ အရည်အသွေးနှင့် ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သည်။ ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။)

ဘုရားသခင်က လူတို့ကို ပေးထားသည့် ပင်ကိုအခြေအနေများအတွင်း ပါဝင်သော အမျိုးမျိုးသော စွမ်းရည်များ သို့မဟုတ် လူတို့ မွေးရာပါ ပိုင်ဆိုင်သည့် အစွမ်းအစနှင့် အရည်အချင်းများသည် အနောက်တိုင်း သို့မဟုတ် အရှေ့တိုင်း သွန်သင်လေ့ကျင့်ပေးမှုနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ လူတို့အား ဘုရားသခင်ပေးသနားထားသော ပင်ကိုအခြေအနေများအတွင်းရှိ အမျိုးမျိုးသော စွမ်းရည်များသည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ အဘယ်ကြောင့် ယင်းတို့ကို အပြုသဘောဆောင်သော အရာများဟု ငါ ပြောရသနည်း။ အကြောင်းမှာ ဤပင်ကိုအခြေအနေများသည် ဘုရားသခင်ထံမှ လာသောကြောင့် ဖြစ်သည်။ အတိအကျဆိုရလျှင် ဤပင်ကိုအခြေအနေများကို ပိုင်ဆိုင်ခြင်းက ဖန်ဆင်းခံလူသားတစ်ဦးအား အပြုသဘောဆောင်သော အရာများကို လက်ခံရန်နှင့် ၎င်းတို့ လက်တွေ့ဘဝတွင် ကြုံတွေ့ရသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရန်၊ ယင်းတို့ကို အခြေခံ၍ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်၊ သိမြင်ရန်နှင့် နားလည်ရန် ခွင့်ပြုသည်။ ဤသည်မှာ ဘုရားသခင်က လူတို့အတွက် စီစဉ်ပြီး ပြင်ဆင်ပေးထားခြင်းဖြစ်သည်၊ ထို့ကြောင့် ယင်းမှာ အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ အရှေ့တိုင်း သွန်သင်လေ့ကျင့်ပေးမှုဖြစ်စေ၊ အနောက်တိုင်း သွန်သင်လေ့ကျင့်ပေးမှုဖြစ်စေ၊ အရှေ့တိုင်း ယဉ်ကျေးမှုဖြစ်စေ၊ အနောက်တိုင်း ယဉ်ကျေးမှုဖြစ်စေ နှစ်ခုလုံးသည် ဘုရားသခင်က လူတို့ကို သင်ကြားပေးပြီး ပံ့ပိုးပေးသည့် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ယင်းသည် သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားသခင်က လူတို့ကို ရှိစေလိုသည့် လူ့သဘာဝနှင့်လည်းကောင်း ဆန့်ကျင်ဘက်ပင် ဖြစ်နေသေးသည်။ ထို့ကြောင့် အရှေ့တိုင်းသွန်သင်လေ့ကျင့်ပေးမှုရော အနောက်တိုင်းသွန်သင်လေ့ကျင့်ပေးမှုပါ အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်ပေ။ ယင်းသည် လူ့အဖွဲ့အစည်းမှလာသည်ဖြစ်စေ၊ ဆိုးယုတ်သောရေစီးကြောင်းများမှ လာသည်ဖြစ်စေ၊ အုပ်စိုးသူလူတန်းစားအချို့ထံမှ လာသည်ဖြစ်စေ၊ ယင်းမှာ အပြုသဘောမဆောင်ပေ။ အနောက်တိုင်း သွန်သင်လေ့ကျင့်ပေးမှုသည် အရှေ့တိုင်း သွန်သင်လေ့ကျင့်ပေးမှုထက် အနည်းငယ် ပို၍ တိုးတက်ပြီး ပိုကောင်းမွန်ကာ လူတို့အား လွတ်လပ်မှုအချို့ကို ပေးနိုင်ပြီး ၎င်းတို့၏ လိုအပ်ချက်အချို့ကို ဖြည့်ဆည်းပေးနိုင်သော်လည်း ယင်းသည် လူတို့၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့် ကိစ္စရပ်များကို တွေးတောရန်နှင့် ထင်မြင်ချက်များကို လွတ်လပ်စွာ ဖော်ပြရန် ၎င်းတို့၏ စွမ်းရည်ကို အသုံးချရုံသာဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသည် အပြုသဘောဆောင်သော အရာများကို အသုံးချသော်လည်း ယင်းထောက်ခံအားပေးသော အတွေးအခေါ်များနှင့် ယင်းအောင်မြင်ရန် ရည်မှန်းသည့် ပန်းတိုင်များမှာ လူတို့ကို လမ်းကြောင်းမှန် လျှောက်စေရန် မဟုတ်သကဲ့သို့ ဘုရားသခင် အလိုရှိသော စစ်မှန်သည့် ဖန်ဆင်းခံလူသားများ ဖြစ်လာစေရန် ကူညီပေးဖို့လည်း မဟုတ်ပေ။ သို့ဖြစ်၍ ဤအချက်ကို ထောက်ရှုလျှင် အနောက်တိုင်း သွန်သင်လေ့ကျင့်ပေးမှုသည် အရှေ့တိုင်း သွန်သင်လေ့ကျင့်ပေးမှုထက် သာလွန်သော်လည်း သို့မဟုတ် လူ့သဘာဝ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော်လည်း လူတို့၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် သို့မဟုတ် အချို့သော စွမ်းရည်များကို အသုံးချခြင်းအားဖြင့် ၎င်းတို့ကို ဘုရားသခင်ထံ ကျိုးနွံနာခံစေရန်၊ ဖန်ဆင်းခံများအဖြစ် ကောင်းမွန်စွာ ပြုမူကျင့်ကြံစေရန်နှင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းစေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ ဤသွန်သင်လေ့ကျင့်ပေးမှုသည် လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ဆောင်ကြဉ်းပေးခြင်းလည်း မရှိခဲ့၊ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်လာစေရန် ကူညီပေးခြင်း မရှိခဲ့ပေ။ အရှေ့တိုင်း သွန်သင်လေ့ကျင့်ပေးမှုနှင့် အနောက်တိုင်း သွန်သင်လေ့ကျင့်ပေးမှုတို့တွင် တူညီသော လုပ်ဆောင်ချက် ရှိသည်၊ ယင်းတို့နှစ်ခုလုံးသည် လူတို့ကို ဘုရားသခင်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း အလှမ်းဝေးသွားစေသည်။ အရှေ့တိုင်း ယဉ်ကျေးမှုဖြစ်စေ၊ အနောက်တိုင်း ယဉ်ကျေးမှုဖြစ်စေ၊ နှစ်ခုလုံးသည် စာတန်က လူသားမျိုးနွယ်ကို အုပ်စိုးသည့် ပိုမိုကျယ်ပြန့်သော လူ့အဖွဲ့အစည်း နောက်ခံအခြေအနေတွင်လည်းကောင်း၊ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့် ဖြစ်စဉ်မှတစ်ဆင့်လည်းကောင်း ပေါ်ပေါက်လာခဲ့သည်။ သို့ဖြစ်၍ အရှေ့တိုင်းယဉ်ကျေးမှုပုံစံဖြင့် သို့မဟုတ် အနောက်တိုင်းယဉ်ကျေးမှုပုံစံဖြင့် သွန်သင်လေ့ကျင့်ပေးမှုဖြစ်စေ၊ လူတိုင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် ဤလူ့လောကတွင် နေထိုင်ကြသည်။ အလားတူပင် လူသားမျိုးနွယ်သည်လည်း မတူညီသော လူ့အဖွဲ့အစည်းများတွင် သို့မဟုတ် မတူညီသော လူ့အဖွဲ့အစည်းပုံစံများ၏ သွန်သင်လေ့ကျင့်ပေးမှု အောက်တွင် ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီးဖြစ်ကာ ဤဖောက်ပြန်ပျက်စီးခြင်း၏ ရလဒ်မှာ လူတို့သည် ယဉ်ကျေးမှု၏ မတူညီသောအဆင့်များနှင့် ပုံစံအမျိုးမျိုးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မိမိတို့၏အသက်အဖြစ် ရှိသည့် လူ့သဘာဝတစ်ခုကို ပိုင်ဆိုင်လာကြခြင်း ဖြစ်သည်။ အရှေ့တိုင်းသားများသည် အရှေ့တိုင်းယဉ်ကျေးမှုမှ ဖြစ်ပေါ်စေသော လူ့သဘာဝအရည်အသွေးများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်ကြပြီး အနောက်တိုင်းသားများမှာမူ အနောက်တိုင်းယဉ်ကျေးမှု၏ နောက်ခံအခြေအနေတွင် ဖြစ်ပေါ်စေသော လူ့သဘာဝအရည်အသွေးများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်ကြသည်။ အရှေ့တိုင်းသားများနှင့် အနောက်တိုင်းသားများသည် ၎င်းတို့၏ လူ့သဘာဝ အရည်အသွေးများအရ ကွဲပြားပုံရသော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအရမူ ၎င်းတို့အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ကြရပြီး ဖြစ်သောကြောင့် အရှေ့တိုင်းသားများနှင့် အနောက်တိုင်းသားများ နှစ်မျိုးစလုံးသည် တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအတွင်း နေထိုင်ကြပြီး နှစ်မျိုးစလုံးသည် တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို မိမိတို့၏အသက်အဖြစ် ရှိသည့် လူ့သဘာဝတစ်ခုကို ပိုင်ဆိုင်ကြသည်။ ဤနည်းအားဖြင့် အရှေ့တိုင်းသားများနှင့် အနောက်တိုင်းသားများ၏ သဘာဝ အနှစ်သာရမှာ တူညီသည်၊ ၎င်းတို့နှစ်မျိုးစလုံးသည် သမ္မာတရားနှင့် ဘုရားသခင်ကို ရန်လိုကြသည်။ သို့ဖြစ်၍ အရှေ့တိုင်းသားများရော အနောက်တိုင်းသားများတွင်ပါ ချီးကျူးထိုက်သောအရာ တစ်ခုမျှ မရှိပေ။ အရှေ့တိုင်းယဉ်ကျေးမှုဖြစ်စေ၊ အနောက်တိုင်းယဉ်ကျေးမှုဖြစ်စေ ဘုရားသခင်နှင့် သမ္မာတရား၏ ရှေ့မှောက်တွင် ယင်းတို့နှစ်ခုလုံးသည် အပျက်သဘောဆောင်သော အရာများဖြစ်ကြပြီး ချီးကျူးထိုက်သောအရာ တစ်ခုမျှ မပါဝင်ပေ။ အရှေ့တိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုနှစ်ခုလုံးသည် လူသားမျိုးနွယ်က ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ရန်ဖြစ်သည့် လူသားမျိုးနွယ်ကို ဖန်ဆင်းရာ၌ ဘုရားသခင်၏ မူလရည်ရွယ်ချက်ကို ဆန့်ကျင်ကြသည်။ ယင်းတို့သည် သတ္တဝါများအဆင့်တွင်ရှိသော လူသားများကို ဘုရားသခင်၏ မျက်မှောက်တော်မှ လုယူရန် မိမိတို့၏ သက်ဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုပုံစံများကို အသုံးပြုကြသည်။ ဤအချက်နှင့်စပ်လျဉ်း၍ အရှေ့တိုင်းနှင့် အနောက်တိုင်းသည် တူညီကြသည် မဟုတ်လော။ (တူညီကြပါသည်။) အရှေ့တိုင်းနှင့်ပတ်သက်၍ ချီးကျူးထိုက်သောအရာ တစ်ခုမျှ မရှိသကဲ့သို့ အနောက်တိုင်းနှင့်ပတ်သက်၍လည်း မရှိပေ။ သင်မြင်သလော၊ နှစ်မျိုးစလုံးသည် နောက်ဆုံးသောကာလ၏ ဘုရားသခင်အမှုတော်ကို လက်ခံခဲ့ကြပြီးဖြစ်သော်လည်း အရှေ့တိုင်းသားများ လက်ခံပြီးနောက်တွင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ချက်ချင်း ဧည့်ခံကြပြီး ၎င်းတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများထံ ဧဝံဂေလိတရားဟောရန် တက်ကြွစွာ ခေါ်ဆောင်သွားကြသည်။ ၎င်းတို့သည် ဧဝံဂေလိတရားဟောခြင်းအမှုအတွက် ကြီးမားသော အားမာန်နှင့် စိတ်အားထက်သန်မှု ရှိကြသည်။ အခြားတစ်ဖက်တွင်မူ အနောက်တိုင်းသားများမှာ ကွဲပြားသည်။ ၎င်းတို့သည် ဧဝံဂေလိတရားဟောခြင်း အမှုနှင့်ပတ်သက်၍ အလွန် သတိထားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်သစ်ကို ခြောက်လ သို့မဟုတ် တစ်နှစ်ကြာ လက်ခံပြီးသည့်နောက်တွင်ပင် ၎င်းတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများထံ ဧဝံဂေလိတရားကို ဟောပြောပြီးပြီလောဟု သင်က ၎င်းတို့ကို မေးသောအခါ ၎င်းတို့က “ကျွန်ုပ်၏ မိဘများ၊ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် အသင်းတော်မှ ညီအစ်ကိုမောင်နှမများသည် သခင့်ပြန်ကြွလာခြင်း ကိစ္စရပ်အပေါ်တွင် ၎င်းတို့၏ ကိုယ်ပိုင် လွတ်လပ်သော အတွေးအခေါ်များနှင့် အမြင်များ အများအားဖြင့် ရှိကြပါသည်။ ထိုသူများကို ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများအဖြစ် သင်တို့ထံသို့ မပေးအပ်မီ ကျွန်ုပ်အနေဖြင့် သေသေချာချာ စဉ်းစားသုံးသပ်ပြီး သူတို့နှင့် ဆက်သွယ်တိုင်ပင်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့ အနောက်တိုင်းသားများ ကျင့်ကြံပြုမူပုံ၏ အဓိက အရည်အသွေးမှာ ကျွန်ုပ်တို့သည် မိမိတို့၏ လုပ်ပိုင်ခွင့်များကို ကာကွယ်ရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ လွတ်လပ်သော ပြောဆိုပြုမူပိုင်ခွင့်ကို အကြီးမားဆုံးသော အတိုင်းအတာအထိ ကာကွယ်ရမည် ဖြစ်သည်။ သင်သည် လူတို့အား ထောက်ထားခြင်း မရှိဘဲ ဧဝံဂေလိတရားကို မည်သို့ ဟောပြောနိုင်မည်နည်း” ဟု ပြောဆိုကြသည်။ သင်က “သင်သည် ၎င်းတို့အား သခင့်ကို ကြိုဆိုနိုင်ရန်၊ နောက်ဆုံးသောကာလတွင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို ရရှိရန်နှင့် ကယ်တင်ခြင်းကို ရရှိပြီး ဘေးအန္တရာယ်များမှ လွတ်မြောက်ရန် အခွင့်အရေး ရှိစေဖို့ ဧဝံဂေလိတရားကို ဟောပြောခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ဖြစ်ပြီး သင် ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရား ဖြစ်သည်” ဟု ပြောဆိုသည်။ ၎င်းတို့က “ကောင်းပြီ၊ ကျွန်ုပ်သည် မိမိကိုယ်ကို ဦးစွာ ကာကွယ်ရဦးမည်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကိုမူ ဘေးဖယ်ထား၍ရသေးသည်။ ဤကိစ္စတွင် ကျွန်ုပ် တာဝန်ယူနိုင်သည်။ ကျွန်ုပ်သည် မိမိ၏ ကိုယ်ပိုင် လွတ်လပ်သော အတွေးအခေါ်များ ရှိရမည်ဖြစ်ပြီး သင်တို့ကြောင့် စိတ်ယိုင်သွား၍မရပါ။ ကျွန်ုပ်တို့ အနောက်တိုင်းသားများသည် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို တန်ဖိုးထားကြသည်၊ ကျွန်ုပ်တို့တွင် မိမိတို့၏ အခွင့်အရေးများကို ကာကွယ်ရန် အသိတရား ရှိပါသည်။ ကျွန်ုပ်တို့သည် သင်တို့ အရှေ့တိုင်းသားများကဲ့သို့ မစဉ်းမစား စိတ်အားထက်သန်မှုမျိုး မရှိပါ။ ကျွန်ုပ်တို့အားလုံးတွင် ကိုယစီကိုယ်စီ ရှင်သန်ပြောဆိုပြုမူပိုင်ခွင့် ရှိကြပြီး မည်သူကမျှ အခြားမည်သူ့ကိုမျှ အနှောင့်အယှက်မပေးပါ” ဟု ပြန်ပြောကြသည်။ မြင်သလော။ ထိုသို့သော အရေးကြီးသည့် အခိုက်အတန့်များတွင် အရှေ့တိုင်းသားများနှင့် အနောက်တိုင်းသားများ၏ လူ့သဘာဝ အရည်အသွေးများက ကွဲပြားပြီး ခြားနားသွားသည်။ သို့သော် မည်သို့ပင်ဖြစ်စေ၊ လူ့သဘာဝ၏ အရည်အသွေးများသည် အရှေ့တိုင်း သို့မဟုတ် အနောက်တိုင်း သွန်သင်လေ့ကျင့်ပေးမှုမှ ထွက်ပေါ်လာသည်ဖြစ်စေ၊ ယင်းမှာ စိတ်အားထက်သန်မှုဖြစ်စေ၊ လျစ်လျူရှုမှုဖြစ်စေ လူတစ်ဦးသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း နေထိုင်နေသရွေ့ ၎င်းသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။ ဤနေရာတွင် မြင့်မြတ်ခြင်းနှင့် အောက်တန်းကျခြင်းဟူ၍ ခွဲခြားမှုမရှိပေ။ လူတိုင်းသည် သမ္မာတရားကို နားလည်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပံ့ပိုးမှုကို ခံယူရန်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံယူရန်နှင့် ထို့ထက်မက ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံယူရန် လိုအပ်သည်။

အရှေ့တိုင်းသားများနှင့် အနောက်တိုင်းသားများသည် မတူညီသော ယဉ်ကျေးမှုများ ရှိကြပြီး ဘုရားသခင်၏ အုပ်စိုးမှုနှင့် အချုပ်အခြာအာဏာအောက်တွင် မတူညီသော ယဉ်ကျေးမှုများ၌ နေထိုင်ကြသော်လည်း ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ပင်ကိုလက္ခဏာ တစ်ခုတည်းသာ ရှိကြပြီး ယင်းမှာ ဖန်ဆင်းခံများ ဖြစ်ကြခြင်းပင် ဖြစ်သည်။ ဖန်ဆင်းခံများ၏ တန်းတူညီမျှမှုအတွက် အခြေခံမှာ ဘုရားသခင်က လူတို့အတွက် ဖန်ဆင်းပေးခဲ့သော ပင်ကိုအခြေအနေများသည် တူညီကြခြင်း ဖြစ်သည်။ အရှေ့တိုင်းသားများနှင့် အနောက်တိုင်းသားများအကြား မည်သည့် ယဉ်ကျေးမှု ကွာခြားချက်များ ရှိသည်ဖြစ်စေ၊ ရုပ်ရည်၊ ဘာသာစကား သို့မဟုတ် ကိစ္စရပ်များကို တွေးတောပုံနည်းလမ်းများနှင့် ပုံစံများအရ မည်သို့ပင် ကွဲပြားကြသည်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် ကိုယ်တော် ဖန်ဆင်းထားသော ဖန်ဆင်းခံတစ်ဦး ဖြစ်နေသရွေ့ သင် ပိုင်ဆိုင်သည့် တစ်ခုတည်းသော အပြုသဘောဆောင်သည့်အရာမှာ ကိုယ်တော် သင့်အား ပေးသနားထားသည့် ပင်ကိုအခြေအနေများသာ ဖြစ်သည်၊ အခြားအရာအားလုံးမှာ အပျက်သဘောဆောင်သော အရာများ ဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အနည်းငယ် ယေဘုယျဆန်သည်ဟု ထင်ရနိုင်သည်၊ ထို့ကြောင့် အတိအကျ ပြောရလျှင် ဘုရားသခင် သင့်အား ပေးသနားထားသည့် ပင်ကိုအခြေအနေများမှလွဲ၍ သင့်အတွင်းရှိ အရာအားလုံးသည် ဘုရားသခင် ပြောင်းလဲလိုသည့်အရာတစ်ခုဖြစ်ပြီး သမ္မာတရားကို လက်ခံခြင်းအားဖြင့် သင် ပြောင်းလဲပြီး ဖယ်ရှားသင့်သည့် အရာတစ်ခု ဖြစ်သည်။ သင် သိရှိလာရန် လိုအပ်သည့်အရာမှာ အဘယ်နည်း။ လူသားမျိုးနွယ်၏ ယဉ်ကျေးမှုဟု ခေါ်သောအရာသည် အရှေ့တိုင်းဖြစ်စေ၊ အနောက်တိုင်းဖြစ်စေ လူထုကို သွန်သင်လေ့ကျင့်ပေးရန် မတူညီသော ခေတ်ကာလများမှ အုပ်စိုးသူလူတန်းစားများက ဖန်တီးထားသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ သို့မဟုတ် သဘောတရားများနှင့် ပြောဆိုချက်များ ပါဝင်သည်။ သို့သော် အရှေ့တိုင်း ယဉ်ကျေးမှုဖြစ်စေ၊ အနောက်တိုင်း ယဉ်ကျေးမှုဖြစ်စေ ယင်းသည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ယင်းသည် သမ္မာတရားနှင့် မဆန့်ကျင်လျှင်ပင် ယင်းကို အပြုသဘောဆောင်သော အရာတစ်ခုဟု ခေါ်ဆို၍မရနိုင်သေးပေ။ ယဉ်ကျေးမှုတစ်ခုသည် မည်မျှပင် ကောင်းမွန်သည်ဖြစ်စေ ယင်းသည် သမ္မာတရားနှင့် တန်းတူ မဖြစ်နိုင်ပေ၊ သမ္မာတရားကို ကိုယ်စားပြုရန် ပို၍ပင် မဖြစ်နိုင်ပေ။ ယင်းသည် လူတို့က အပျက်သဘောဆောင်သော အရာတစ်ခုဟု မယူဆသည့်အရာ ဖြစ်လျှင်ပင် ယင်းကို အပြုသဘောဆောင်သော အရာများ အမျိုးအစားတွင် လုံးဝ သတ်မှတ်၍မရနိုင်ပေ။ သင်သည် ဤအကြောင်းကို ရှင်းလင်းစွာ သိရမည်။ အတွေးအခေါ် ရေစီးကြောင်းတစ်ခုသည် လူသားမျိုးနွယ်အကြားတွင် အတော်အတန် ခေတ်မီပြီး တိုးတက်နေလျှင်ပင် ယင်းက လူတို့၏ လုပ်ပိုင်ခွင့်များနှင့် အကျိုးစီးပွားများအပြင် ၎င်းတို့၏ ရှင်သန်မှုကို ကာကွယ်ပေးပြီး တစ်ချိန်တည်းတွင် သမ္မာတရားနှင့် မည်သည့်နည်းနှင့်မျှ မဆန့်ကျင်လျှင်ပင် ယင်းကို အပြုသဘောဆောင်သော အရာများ အမျိုးအစားတွင် လုံးဝ သတ်မှတ်၍မရနိုင်သေးပေ။ အဘယ်ကြောင့် မရနိုင်သနည်း။ အကြောင်းမှာ ဘုရားသခင် ဖန်ဆင်းခဲ့သော၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ နယ်ပယ်အတွင်းမှ အရာများသာလျှင် အပြုသဘောဆောင်သော အရာများ ဖြစ်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဤနယ်ပယ်အတွင်းရှိ အရာများကို အပြုသဘောဆောင်သော အရာများ အမျိုးအစားတွင် သတ်မှတ်ရသနည်း။ အကြောင်းမှာ ယင်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ ပိုမိုကျယ်ပြန့်သော ရှုထောင့်မှကြည့်လျှင်၊ ဘုရားသခင်၏ အဆင့်နှင့် ဘုရားသခင်၏ ရှုထောင့်မှ ကြည့်လျှင် ယင်းတို့တွင် ဘုရားသခင်၏ တန်ခိုးနှင့် သြဇာအာဏာ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဤအရာခပ်သိမ်းအပေါ် ဘုရားသခင်၏ ဖန်ဆင်းခြင်း၊ အမိန့်ဖြင့် ပြဋ္ဌာန်းထားခြင်းနှင့် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းတို့၏ နောက်ကွယ်ရှိ စည်းမျဉ်းများနှင့် မူလရည်ရွယ်ချက်များ၊ ကိုယ်တော် အောင်မြင်လိုသည့် ရည်ရွယ်ချက်နှင့် ကိုယ်တော် ထိန်းသိမ်းလိုသည့် အပြုသဘောဆောင်သော အရာများက ဖြစ်ပေါ်စေသည့် အကျိုးသက်ရောက်မှုအားလုံး ပါဝင်သည်။ ဘုရားသခင်၏ အဆင့်မှ ကြည့်လျှင် ယင်းတို့တွင် ဘုရားသခင်၏ သြဇာအာဏာ၊ တန်ခိုးနှင့် အကြံအစည်များအပြင် ဤအရာအားလုံးကို ဘုရားသခင် လုပ်ဆောင်ရာတွင် ပါဝင်သည့် တည်ထောင်ပြီးသော နိယာမများနှင့် စည်းမျဉ်းများနှင့် ဤအရာက လူသားမျိုးနွယ်အပေါ် သက်ရောက်မှုတို့ ပါဝင်သောကြောင့် ဤနယ်ပယ်အတွင်းရှိ အရာများသည် အပြုသဘောဆောင်သော အရာများဖြစ်သည်မှာ သေချာသည်။ လူ့ရှုထောင့်မှကြည့်လျှင် ဘုရားသခင် ဖန်ဆင်းခဲ့သော၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာတစ်ခုစီတိုင်းသည် လူတို့အတွက် အကျိုးရှိသည်၊ ယင်းတို့အားလုံးသည် လူသားမျိုးနွယ်၏ စနစ်တကျ ရှင်သန်မှုနှင့် မျိုးပွားမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် တည်ရှိသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် ပိုမိုတိကျသော အချက်တစ်ခုလည်း ရှိသေးသည်၊ ဤအရာများသည် လူတို့အား သမ္မာတရားကို နားလည်စေရန်နှင့် ဘုရားသခင်ကို ပိုမိုသိရှိစေရန်၊ နောက်ဆုံးတွင် ကယ်တင်ခြင်းကို ရရှိသည့် လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူများ ဖြစ်လာစေရန် တည်ရှိသည်၊ ဤသည်မှာ စွမ်းဆောင်ရရှိရမည့် ရလဒ် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်၏ ရှုထောင့်မှဖြစ်စေ၊ လူ့ရှုထောင့်မှဖြစ်စေ၊ ဘုရားသခင် ဖန်ဆင်းခဲ့သော၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ နယ်ပယ်အတွင်းမှ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးသည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ ဤအရာကို သံသယဖြစ်ဖွယ် မရှိနိုင်ပေ။ စဉ်းစားကြည့်လော့၊ လူမှုတိုးတက်မှုနှင့် ယဉ်ကျေးမှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူအတွက် ဘုရားသခင်၏ တောင်းဆိုချက်များအဆင့်ရှိ အရာများနှင့် တန်းတူ ဖြစ်နိုင်ပါမည်လော။ ယင်းတို့သည် သေချာပေါက်ပင် ထိုသို့သောအရာများနှင့် တန်းတူဖြစ်နိုင်မည်မဟုတ်၊ သို့မဟုတ် အလှမ်းမီနိုင်မည် မဟုတ်ချေ။ လူ့သွန်သင်လေ့ကျင့်ပေးမှု သို့မဟုတ် ယဉ်ကျေးမှု၏ အကြောင်းအရာတွင် ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် ဘုရားသခင်က လူသားမျိုးနွယ်အတွက် တည်ထောင်ထားသော နိယာမများနှင့် စည်းမျဉ်းများ မပါဝင်ချေ၊ အရာခပ်သိမ်းကို ဖန်ဆင်းရာ၌ ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ သာ၍ပင် မပါဝင်ပေ။ ထို့အပြင် လူ့ရှုထောင့်မှကြည့်လျှင် ဤသို့သော သွန်သင်လေ့ကျင့်ပေးမှုနှင့် ယဉ်ကျေးမှုသည် လူသားမျိုးနွယ်အား ဖန်ဆင်းရှင် ဘုရားသခင်ကို သိရှိရန် မကူညီနိုင်သည့်အပြင် လူသားမျိုးနွယ်အား ပိုမိုကောင်းမွန်စွာ အသက်ရှင်ရန် သို့မဟုတ် ပုံမှန်နှင့်စနစ်တကျ မျိုးပွားပြီး အသက်ဆက်ရှင်သန်ရန်လည်း မကူညီနိုင်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ဤသို့သော ယဉ်ကျေးမှုနှင့် လူမှုတိုးတက်မှုတို့၏ သွန်သင်လေ့ကျင့်ပေးမှု ပတ်ဝန်းကျင်အတွင်းတွင် လူသားမျိုးနွယ်သည် ယိုယွင်းခြင်းနှင့် ပျက်စီးခြင်းသို့ ဦးတည်သွားလိမ့်မည်။ ပို၍အရေးကြီးသော အသွင်အပြင်တစ်ခု ရှိသေးသည်၊ ဤ “ယဉ်ကျေးမှုဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှု” နှင့် “လူမှုရေး လူမှုတိုးတက်မှု” ဟုခေါ်သော အရာများ၏ လွှမ်းမိုးမှုအောက်တွင် လူသားမျိုးနွယ်သည် သမ္မာတရားကိုဖြစ်စေ၊ ၎င်းတို့ အသက်ရှင်နေရခြင်း၏ အရေးပါမှုကိုဖြစ်စေ၊ ယင်းမှ ရှင်သန်ရေး နည်းလမ်းကိုဖြစ်စေ နားမလည်နိုင်ပေ။ ၎င်းတို့သည် မှန်ကန်သော ဘဝအပေါ် သဘောထားအမြင်ကို ရရှိပြီး ယင်းမှတစ်ဆင့် ကယ်တင်ခြင်းရရှိသည့် လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနိုင်ခြင်းလည်း မရှိသည့်အပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်လာခြင်း သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်လာခြင်းလည်း မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ထိုသို့သော ယဉ်ကျေးမှုဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုနှင့် လူမှုတိုးတက်မှု လူမှုပတ်ဝန်းကျင်တွင် လူသားမျိုးနွယ်သည် တိုး၍ ဖောက်ပြန်ပျက်စီးပြီး ကောက်ကျစ်ဆိုးယုတ်လာသည်၊ ဘုရားသခင်နှင့် တဖြည်းဖြည်း ပို၍ အလှမ်းဝေးလာပြီး မကောင်းမှုကို လွန်လွန်ကဲကဲ ပြုကြသည်။ နောက်ဆုံးတွင် ဘုရားသခင်က လူသားမျိုးနွယ်ကို မဖျက်ဆီးလျှင်ပင် လူသားမျိုးနွယ်သည် ကိုယ့်သေတွင်းကိုယ် တူးကြဦးမည်ဖြစ်၏။ လူသားမျိုးနွယ်က မိမိကိုယ်ကို အုပ်ချုပ်မည်ဆိုလျှင် ယင်းသည် ပျက်စီးခြင်းသို့ ဦးတည်သွားလိမ့်မည်၊ ဤသည်မှာ မလွှဲမရှောင်သာ ဖြစ်သည်။ လူသားမျိုးနွယ်သည် ဤမျှမြင့်မားသော ယဉ်ကျေးမှုအဆင့်၊ ဤမျှများပြားသော အသိပညာ၊ ဤမျှကြီးကျယ်သော လူမှုတိုးတက်မှု ရှိပြီး သိပ္ပံပညာကို ယုံကြည်အားကိုးပါလျက် အဘယ်ကြောင့်များ ကိုယ့်သေတွင်းကိုယ် တူးကြဦးမည်နည်း။ လူသားမျိုးနွယ်သည် အသိပညာကို လိုက်စားပြီး သိပ္ပံပညာကို အလွန်အမင်း ကြည်ညိုသည့်တိုင်အောင် သမ္မာတရားကို နားလည်ခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်နောက်သို့ လိုက်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်လာခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းခြင်း မရှိသည်သာမက ကိုယ့်သေတွင်းကိုယ်ပင် တူးနိုင်ကြသေးသည်။ ဤနေရာတွင် မည်သို့ ဖြစ်ပျက်နေသနည်း။ လူသားမျိုးနွယ်၏ စီမံခန့်ခွဲမှုကြောင့် ယခု ကမ္ဘာမြေကြီးသည် မည်သို့ ဖြစ်သွားပြီနည်း။ ကမ္ဘာဂြိုဟ်တစ်ခုလုံး၏ ရေ၊ မြေနှင့် လေထုတို့သည် ညစ်ညမ်းသွားခဲ့ပြီး ဂေဟစနစ်ပတ်ဝန်းကျင်သည် ဆိုးရွားစွာ ပျက်စီးခဲ့ကာ လူသားမျိုးနွယ်အားလုံး၏ အသက်သည် တဖြည်းဖြည်းနှင့် ဆိုးရွားသော အကျပ်အတည်းထဲသို့ ကျရောက်ခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ လူတိုင်း မြင်နိုင်သော အမှန်တရားဖြစ်သည်၊ ထို့ကြောင့် အသေးစိတ် ပြောရန် မလိုအပ်ပေ၊ မှန်သလော။ (မှန်ပါသည်။) သို့ဖြစ်၍ အရှေ့တိုင်း ယဉ်ကျေးမှုဖြစ်စေ၊ အနောက်တိုင်း ယဉ်ကျေးမှုဖြစ်စေ လူသားမျိုးနွယ်တွင် မည်သို့သော လူမှုတိုးတက်မှု ရှိသည်ဖြစ်စေ ယင်းသည် သမ္မာတရားနှင့် မည်သည့်နည်းနှင့်မျှ မဆန့်ကျင်လျှင်ပင် ယင်းကို အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် သတ်မှတ်၍မရနိုင်သေးပေ။ “လူ့ယဉ်ကျေးမှုနှင့် လူမှုတိုးတက်မှု” ဟူသော အကြောင်းအရာဖြင့် လွှမ်းခြုံထားသော အမြင်ရှုထောင့်များ၊ အတွေးအခေါ်များ၊ သဘောတရားများ၊ အယူဝါဒများ၊ ကျိုးကြောင်းပြဆွေးနွေးချက်များနှင့် အပြုအမူများ၊ ဤအကြောင်းအရာအောက်တွင် ထုတ်လုပ်သည့် မည်သည့် ထုတ်ကုန်များ၊ လက်ရာများ သို့မဟုတ် ပြုပြင်ပြောင်းလဲမှုများ စသည်တို့သည် တစ်ခုမျှ အပြုသဘောဆောင်သော အရာများ မဟုတ်ကြပေ။ အချို့လူများက “ဤအရာများသည် အပြုသဘောဆောင်သော အရာများ မဟုတ်သောကြောင့် ကျွန်ုပ်တို့သည် ယင်းတို့ကို ဝေဖန်သုံးသပ်ပြီး အပျက်သဘောဆောင်သော အရာများအဖြစ် သတ်မှတ်ရမည်ဟု ဆိုလိုပါသလော” ဟု ပြောဆိုကြသည်။ ငါသည် ဤအရာကို ထိုသို့ တုံးတိကြီး ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ ဤအရာများသည် အပြုသဘောဆောင်သော အရာများနှင့်ဖြစ်စေ၊ အပျက်သဘောဆောင်သော အရာများနှင့်ဖြစ်စေ မသက်ဆိုင်နိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ယင်းတို့သည် အပြုသဘောဆောင်သော အရာများဖြစ်သည်မှာ သေချာပေါက် မဟုတ်ပေ။ ဆိုလိုသည်မှာ ဤအရာများသည် သမ္မာတရားနှင့် မဆန့်ကျင်လျှင်ပင်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း၊ သတ်မှတ်ပြဋ္ဌာန်းထားခြင်းနှင့် အချုပ်အခြာအာဏာစွဲကိုင်ခြင်း စည်းမျဉ်းကို မချိုးဖောက်လျှင်ပင်၊ ယင်းတို့သည် အပျက်သဘောဆောင်သော အရာများ မဟုတ်လျှင် ယင်းတို့သည် အပြုသဘောဆောင်သော အရာများ လုံးဝ မဟုတ်သေးပေ။ အတိုချုပ်အားဖြင့် ဤသည်မှာ ငါ သင့်အား ပြောပြသည့်အရာ ဖြစ်သည်၊ တစ်စုံတစ်ခုသည် သမ္မာတရားနှင့် မဆန့်ကျင်လျှင်ပင် ယင်းသည် ဘုရားသခင် ဖန်ဆင်းထားခြင်း၊ ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းထားခြင်း သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိခြင်း မဟုတ်သရွေ့ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်ပေ။ ဤသည်မှာ တစ်စုံတစ်ခုသည် အပြုသဘောဆောင်သော အရာ ဟုတ်မဟုတ် ပိုင်းခြားသိမြင်ရန် စည်းမျဉ်းဖြစ်သည်၊ သင်သည် ဤစည်းမျဉ်းကို အခြေခံ၍ အမှုအရာများကို သင်ကိုယ်တိုင် ခွဲခြားရမည်။ ဤနေရာတွင် အရေးကြီးဆုံးအချက်မှာ အဘယ်နည်း။ သင်၏ စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ သိရှိရမည့်အချက်မှာ တစ်စုံတစ်ခုသည် အပြုသဘောဆောင်သည်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သည်ကိုဖြစ်စေ သင် ရှင်းလင်းစွာ မမြင်နိုင်သောအခါ သင်သည် ဦးစွာ ယင်းကို ဘေးဖယ်ထားပြီး လျစ်လျူရှုနိုင်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာပြီး သမ္မာတရားသည် သင့်အတွက် ရှင်းလင်းလာသောအခါ သင်သည် ယင်းကို အလိုအလျောက် ပိုင်းခြားသိမြင်နိုင်လာလိမ့်မည်။ သို့သော် ယခုမူ သင်သည် ဘုရားသခင်ထံမှလာသော မည်သည့်အရာများသည် အပြုသဘောဆောင်သော အရာများဖြစ်သည်ကို ရှင်းလင်းစွာ ခွဲခြားရမည်ဖြစ်ပြီး ယင်းတို့ကို မှန်ကန်စွာ လက်ခံပြီး သဘောထားပြုမူရမည်။ ဤသည်မှာ သင်၏ အသက်တာ ကြီးထွားရင့်ကျက်ခြင်းအတွက် အကျိုးရှိသည်။ အခြားအရေးကြီးသော အချက်တစ်ခု ရှိသေးသည်၊ တစ်စုံတစ်ခုသည် အပြုသဘောဆောင်သော အရာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့် လွှမ်းခြုံထားသော အပြုသဘောဆောင်သည့်အရာတစ်ခု ဖြစ်ပါက သင်သည် ယင်းကို အပျက်သဘောဆောင်သော အရာတစ်ခုကဲ့သို့ လုံးဝ သဘောထားပြုမူ၍ မရပေ။ ဤသည်မှာ စည်းမျဉ်းနှင့်ဆိုင်သော ကိစ္စရပ်ဖြစ်ပြီး သင်သည် ဤအကြောင်းကို ရှင်းလင်းစွာ သိရှိရမည်။

ယခုအခါ ငါတို့သည် လူမှုတိုးတက်မှုနှင့် ယဉ်ကျေးမှုအကြောင်း ဆွေးနွေးပြီးဖြစ်သဖြင့် ဘုရားသခင် ဖန်ဆင်းခဲ့သော ဤလူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် ဘုရားသခင်က အရာခပ်သိမ်းအတွက် ဖန်တီးခဲ့သော ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများအကြား ဆက်စပ်မှုကို ဆက်လက်၍ ပြောဆိုကြစို့။ ကျယ်ပြန့်သော ရှုထောင့်မှကြည့်လျှင် ဘုရားသခင် ဖန်ဆင်းခဲ့သော လောကတွင် တောင်များ၊ မြစ်များ၊ အိုင်များ၊ သစ်တောများ၊ သမုဒ္ဒရာများ၊ ကုန်းမြေနှင့် သဲကန္တာရများအပြင် နေ၊ လ၊ ကြယ်များ၊ ကမ္ဘာပေါ်ရှိ အာကာသနှင့် လူတို့ မမြင်နိုင်သော စကြဝဠာတို့ ရှိသည်။ အသေးစိတ်ကျသော ရှုထောင့်မှကြည့်လျှင် မည်သည့်အရာ ရှိသနည်း။ သေးငယ်သော မော်လီကျူးများ၊ လေထဲရှိ မော်လီကျူးများနှင့် အမျိုးမျိုးသော အဏုဇီဝသက်ရှိများ ရှိသည်။ ကျယ်ပြန့်သော ရှုထောင့်မှကြည့်သည်ဖြစ်စေ၊ အသေးစိတ်ကျသော ရှုထောင့်မှကြည့်သည်ဖြစ်စေ ယင်းတို့အားလုံးသည် ဘုရားသခင်၏ လက်တော်နှင့်လည်းကောင်း၊ ဘုရားသခင်၏ အကြံအစည်များဖြင့်လည်းကောင်း ဖန်ဆင်းခြင်းဖြစ်သည့် ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် သက်ဆိုင်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်း ရှုထောင့်မှကြည့်လျှင် ကမ္ဘာမြေကြီးနှင့် ယင်းပေါ်ရှိ သက်ရှိအရာအားလုံးသည် ကမ္ဘာပေါ်တွင် လူသားမျိုးနွယ်၏ ရှင်သန်မှုကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် တည်ရှိပြီး ဘုရားသခင်သည် ကမ္ဘာပေါ်ရှိ လူတို့အထဲမှ ကိုယ်တော် အလိုရှိသော ဖန်ဆင်းခံလူသားများကို ရယူလိုသည်။ ထို့ကြောင့် ဘုရားသခင်က အရာခပ်သိမ်းအတွက် ဖန်တီးခဲ့သော ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများသည် လူသားရှင်သန်မှုအတွက် အခြေခံအကျဆုံး အခြေအနေများ ဖြစ်ကြသည်။ ဤသို့ဖြင့် ယင်းတို့သည် အပြုသဘောဆောင်သော အရာများဖြစ်သည်ဟု တိကျစွာ ပြောဆိုနိုင်သည်၊ မှန်သလော။ (မှန်ပါသည်။) လူသားရှင်သန်မှုအတွက် အခြေခံအကျဆုံး အခြေအနေများမှာ အဘယ်နည်း။ ရေ၊ လေ၊ နေရောင်ခြည်၊ အစားအစာဟူသည့် ဤအရာများကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းလော။ (ဟုတ်ပါသည်။) ယင်းတို့သည် အပြုသဘောဆောင်သော အရာများလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အဘယ်ကြောင့် ဤအရာများ တည်ရှိခြင်းကို အပြုသဘောဆောင်သော အရာတစ်ခုဟု ဆိုရသနည်း။ ဤအတွက် အကြောင်းပြချက်တစ်ခု ရှိသည်၊ ဤအရာများ တည်ရှိခြင်းသည် အရာခပ်သိမ်းအတွက် ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများ တည်ရှိခြင်းအပေါ် မူတည်သည်။ အရာခပ်သိမ်းအကြားတွင် မည်သည့် ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများ ရှိသနည်း။ ရာသီလေးခု၊ နေ့နှင့်ည၊ လေ၊ နှင်း၊ ဆီးနှင်းနှင့် မိုး ဟူသည့် ဤအရာအားလုံးတို့သည် စည်းမျဉ်းများ ဖြစ်ကြသည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ သင်တို့လည်း အချို့ကို စဉ်းစားကြည့်လော့။ (ရာသီခွင်များလည်း ရှိပါသည်။) ရာသီခွင်များသည် ရာသီလေးခုတွင် ပါဝင်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ လဆန်း လဆုတ်၊ ဒီရေ အတက်အကျတို့ ဖြစ်သည်။ “ငါးကြီးက ငါးငယ်ကိုစာသည်” ဟူ၍လည်း ရှိသည်။ ဤသည်မှာ ရှင်သန်မှုဆိုင်ရာ နိယာမနှင့် စည်းမျဉ်းတစ်ခုဖြစ်ပြီး အပျက်သဘောဆောင်သော အရာတစ်ခု မဟုတ်ပေ။ လူတို့သည် လူ့လောက၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကို ဖော်ပြရန် “ငါးကြီးက ငါးငယ်ကို စားသည်” ဟူသော စကားစုကို အသုံးပြုကြသည်၊ ဤသည်မှာ အပြုသဘောဆောင်သော အရာတစ်ခု၏ ပုံမှန်ဖြစ်စဉ်ကို ယူပြီး ယင်းကို အပျက်သဘောဆောင်သော အရာတစ်ခုဟု ခေါ်ဆိုခြင်း ဖြစ်သည်။ သက်ရှိအရာများ၏ လှုပ်ရှားမှုပုံစံများစွာလည်း ရှိသေးသည်။ ယင်းတွင် မည်သည့်အရာများ ပါဝင်သည်ကို စဉ်းစားကြည့်လော့။ (“အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည်” ဆိုသည်မှာ ရှင်သန်မှုဆိုင်ရာ နိယာမတစ်ခုအဖြစ် သတ်မှတ်နိုင်ပါသလော။) မသတ်မှတ်နိုင်ပါ၊ ယင်းမှာ လူတို့၏ ရှုတ်ချချိုးနှိမ်သည့် ပြောဆိုပုံတစ်ခု ဖြစ်သည်၊ ယင်းမှာ “မစင်ကျရာ ပျော်သည်” ဖြစ်သင့်သည်။ (အရာခပ်သိမ်းသည် အချင်းချင်း အားဖြည့်ကြသည်၊ အချင်းချင်း တန်ပြန်သက်ရောက်ကြသည်၊ အတူတကွ တည်ရှိကြသည်ဟု ဘုရားသခင် တစ်ခါက မိတ်သဟာယဖွဲ့ခဲ့သည်ကို ကျွန်ုပ် မှတ်မိပါသည်။ ယင်းကို ထည့်တွက်နိုင်ပါသလော။) မှန်သည်၊ ထည့်တွက်နိုင်ပါသည်။ ယင်းတို့ အားလုံးသည် အချင်းချင်း အားဖြည့်ကြသည်၊ အချင်းချင်း တန်ပြန်သက်ရောက်ကြသည်၊ အတူတကွ တည်ရှိကြသည် ဟူသည့် ဤသည်မှာ အလွန်အရေးကြီးသော အသွင်အပြင်တစ်ခု ဖြစ်သည်။ “ဓားခုတ်ကောင်က ပုစဉ်းရင်ကွဲကို ချောင်းမြောင်းသော်လည်း နောက်တွင် ငှက်ရွှေဝါ ရောက်နေသည်ကို မသိလိုက်” ဟူသည်မှာ နောက်တစ်ခု ဖြစ်သည်၊ ဤသည်မှာ အရာများ အချင်းချင်း အားဖြည့်ခြင်း၊ တန်ပြန်သက်ရောက်ခြင်းတို့နှင့် အတော်အတန် ဆက်စပ်နေသည်။ (မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းသည် တစ်ခုအပါအဝင်လော။) ဟုတ်ပါသည်၊ အပါအဝင် ဖြစ်သည်။ နို့တိုက်သတ္တဝါတစ်မျိုးနှင့် ငှက်တစ်မျိုးအကြောင်းဖြစ်သည့် “ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်။” ဟူ၍လည်း ရှိသည်။ ဤသည်မှာ တိရစ္ဆာန်လောကရှိ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ယင်းမှာ သဘာဝ၏ စည်းမျဉ်းတစ်ခု ဖြစ်သည်။ အမှန်တကယ်တွင် အရာခပ်သိမ်းအတွက် ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများစွာ ရှိသည်၊ ရာသီလေးခု ပြောင်းလဲခြင်း၊ လေ၊ နှင်း၊ ဆီးနှင်းနှင့် မိုး ပေါ်ပေါက်ခြင်း၊ နေ့နှင့်ည လည်ပတ်ခြင်း၊ လဆန်းလဆုတ်၊ ဒီရေ အတက်အကျ၊ အရာခပ်သိမ်း၏ အပြန်အလှန် အားဖြည့်ခြင်း၊ တန်ပြန်သက်ရောက်ခြင်းနှင့် အတူတကွ တည်ရှိခြင်းတို့အပြင် လူသားများနှင့် အခြားသက်ရှိအားလုံး၏ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်း၊ အမျိုးမျိုးသော သက်ရှိများ၏ လှုပ်ရှားမှုပုံစံများတို့ ဖြစ်ကြသည်။ အချို့သက်ရှိများသည် နေ့ဘက်တွင် အိပ်ပြီး ညဘက်တွင် လှုပ်ရှားကြသော်လည်း အခြားသက်ရှိများမှာ လူသားများကဲ့သို့ နေ့ဘက်တွင် လှုပ်ရှားပြီး ညဘက်တွင် အိပ်ကြသည်။ အချို့သက်ရှိများသည် အုပ်စုဖွဲ့နေထိုင်ကြသော်လည်း အချို့မှာ တစ်ကိုယ်တည်း နေထိုင်ကြသည်၊ ဥပမာအားဖြင့် လင်းယုန်များသည် ယေဘုယျအားဖြင့် တစ်ကောင်တည်း ပျံသန်းကြပြီး ဘဲငန်းများမှာမူ အုပ်စုလိုက် ပျံသန်းကြပြီး အစုအဖွဲ့နှင့်နေတတ်သော တိရစ္ဆာန်များ ဖြစ်ကြသည်။ သက်ရှိလောကတွင် ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်ခြင်းနှင့် သိုးငယ်များက နို့ကို ရရှိဖို့ ဒူးထောက်ခြင်း ဖြစ်စဉ်လည်း ရှိသေးသည်။ ထိုသို့သောအရာအားလုံးသည် လက်တွေ့ဘဝတွင် မြင်နိုင်ပြီး ခံစားနိုင်သော မတူညီသည့် ဖြစ်စဉ်အမျိုးမျိုးနှင့် သရုပ်သကန်များ ဖြစ်ကြသည်။ ဤကျယ်ပြန့်သော၊ အသေးစိတ်ကျသော ဖြစ်စဉ်အားလုံး ပေါ်ပေါက်ခြင်းသည် ဘုရားသခင် တည်ထောင်ထားသော နိယာမများနှင့် စည်းမျဉ်းများအတိုင်း ဖြစ်ပေါ်သည်။ ဤနိယာမများနှင့် စည်းမျဉ်းများအားလုံး၏ အစပြုခြင်း၊ တည်ရှိခြင်းနှင့် ဆက်လက်ဖြစ်ပေါ်ခြင်းသည် ရည်ရွယ်ချက် တစ်ခုတည်းအတွက် ဆောင်ရွက်သည်၊ ယင်းမှာ လူသားမျိုးနွယ် ရှင်သန်ရာ ဤနေအိမ်ဖြစ်သော ကမ္ဘာမြေကြီး၏ အခြေခံအကျဆုံး ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ဖြစ်သည်။ ဤအခြေခံအကျဆုံး ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်နှင့်အတူ လူသားမျိုးနွယ်သည် ရှင်သန်မှုအတွက် ၎င်းတို့ မှီခိုရာ နေအိမ်အဖြစ် ကမ္ဘာမြေကြီးကို ပိုင်ဆိုင်ပြီး ၎င်းတို့ကို ဆက်လက် မျိုးပွားရန်နှင့် အသက်ဆက်ရှင်သန်ရန် ခွင့်ပြုသည်။ ယင်းသည် လူသားမျိုးနွယ် လိုအပ်သော အခြေခံ ရေ၊ လေ၊ နေရောင်ခြည်နှင့် အစားအစာတို့ကို အဆုံးမရှိ ထောက်ပံ့ပေးသည်။ ဤအဆုံးမရှိသော ထောက်ပံ့မှုနှင့်အတူမှသာလျှင် ဘုရားသခင် ဖန်ဆင်းခဲ့သော ဤသတ္တဝါများဖြစ်သည့် လူသားများ၏ ရုပ်ခန္ဓာအသက်သည် တည်ရှိနိုင်သည်၊ မျိုးပွားနိုင်သည်၊ အဆက်မပြတ် ထိန်းသိမ်းခံရနိုင်ပြီး ဘုရားသခင်က ကိုယ်တော်၏ စီမံခန့်ခွဲမှုအလုပ်ကို ဆောင်ရွက်သောအခါ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ပြီး ကိုယ်တော်၏ ကယ်တင်ခြင်းကို လက်ခံရန်၊ ဘုရားသခင် လက်ခံသော ဖန်ဆင်းခံများ ဖြစ်လာရန် အခွင့်အရေး ရှိသည်။ ထို့ကြောင့် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာခပ်သိမ်းအကြားတွင် မည်သည့် သက်ရှိအရာမဆို မည်သို့သော ပုံစံရှိသည်ဖြစ်စေ၊ ၎င်း၏ ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများ မည်သို့ပင်ဖြစ်စေ၊ အခြားအရာအားလုံးနှင့် ၎င်း၏ ဆက်ဆံရေး မည်သို့ပင်ဖြစ်စေ အတိုချုပ်အားဖြင့် ယင်းသည် ဘုရားသခင် ဖန်တီးခဲ့သော နိယာမများနှင့် စည်းမျဉ်းများအလယ်တွင် ရှင်သန်သည်။ ဆိုလိုသည်မှာ သက်ရှိအရာတိုင်းသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံရသည်ဟူသော အခြေခံအပေါ်တွင်၊ ကိုယ်တော် တည်ထောင်ထားသော နိယာမများနှင့် စည်းမျဉ်းများကို လိုက်နာပြီး ယင်းတို့အလယ်တွင် မိမိတို့၏ မရှိမဖြစ်သော အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ကြသည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်အတွက် တည်ထောင်ထားသော နိယာမများနှင့် စည်းမျဉ်းများမှတစ်ဆင့် ထုတ်လုပ်ပေးသော အစားအစာကွင်းဆက်ဖြစ်ပြီး ဤအစားအစာကွင်းဆက်သည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည်။ အစားအစာကွင်းဆက် တည်ရှိမှုအတွက် ကြိုတင်လိုအပ်ချက်မှာ အရာခပ်သိမ်းသည် ဘုရားသခင် တည်ထောင်ထားသော နိယာမများနှင့် စည်းမျဉ်းများကို လိုက်နာရမည် ဖြစ်သည်။ ၎င်းတို့သည် ဤနိယာမများနှင့် စည်းမျဉ်းများကို လျစ်လျူရှုပြီး သောင်းကျန်းပါက အကျိုးဆက်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာခပ်သိမ်းအကြားတွင် တည်ရှိသော အစားအစာ ကွင်းဆက်သည် ပြတ်တောက်သွားမည် ဖြစ်သည်။ ဤအစားအစာကွင်းဆက် ပြတ်တောက်သွားသည်နှင့်တစ်ပြိုင်နက် လူသားမျိုးနွယ် ရှင်သန်မှုအတွက် မှီခိုနေရသော ရေ၊ လေ၊ နေရောင်ခြည်နှင့် အစားအစာတို့သည် တဖြည်းဖြည်းဖြစ်စေ၊ တစ်ခုပြီးတစ်ခုဖြစ်စေ အတိုင်းအတာအမျိုးမျိုးဖြင့် ထိခိုက်ခံရလိမ့်မည်။ ထို့ကြောင့် ဘုရားသခင် တည်ထောင်ထားသော အရာခပ်သိမ်းအတွက် နိယာမများနှင့် စည်းမျဉ်းများအားလုံးနှင့် ဘုရားသခင် ဖန်ဆင်းခဲ့သော သက်ရှိအရာတစ်ခုစီသည် အစားအစာကွင်းဆက်အပေါ် အရေးပါသော သက်ရောက်မှု ရှိသည်။ အရာခပ်သိမ်းအတွက် ရှင်သန်မှုဆိုင်ရာ စည်းမျဉ်းများထဲမှ တစ်ခုခုတွင် ပြဿနာတစ်ခု ပေါ်ပေါက်လာပါက ယင်းသည် အစားအစာကွင်းဆက်၏ တည်ရှိမှုနှင့် ဆက်လက်ဖြစ်ပေါ်မှုအပေါ် ဆင့်ကဲသက်ရောက်မှု ရှိလိမ့်မည်ဖြစ်ပြီး သို့ဖြစ်၍ လူသားမျိုးနွယ် လိုအပ်သော အခြေခံ ရေ၊ လေ၊ နေရောင်ခြည်နှင့် အစားအစာတို့သည် ခြိမ်းခြောက်ခံရလိမ့်မည်။ ဤသို့ဖြင့် အစားအစာ ကွင်းဆက်သည် လူသားမျိုးနွယ် ရှင်သန်နိုင်ခြင်း ရှိမရှိအတွက် အဓိက ရင်းမြစ်တစ်ခုနှင့် အရေးကြီးသော စံညွှန်းတစ်ခု ဖြစ်သည်။ ဤအစားအစာကွင်းဆက်သည် အတိအကျအားဖြင့် အဘယ်နည်း။ အစားအစာ ကွင်းဆက်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် သက်ဆိုင်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာခပ်သိမ်းအကြားတွင် လက်ဆုပ်လက်ကိုင် ပြနိုင်သော အရာများ ရှိသကဲ့သို့ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အရာအချို့လည်း ရှိသည်။ ဤမြင်နိုင်သော အရာများတွင် တောင်များ၊ မြစ်များ၊ သစ်တောများ၊ မြေဆီလွှာ၊ သဲကန္တာရများ၊ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်း၊ နေ၊ ကြယ်များနှင့် လအပြင် အမျိုးမျိုးသော တိရစ္ဆာန်များနှင့် အပင်များ စသည်တို့ ပါဝင်သည်။ မမြင်နိုင်သော အရာများတွင် အဏုဇီဝသက်ရှိများ၊ လေ၊ နေရောင်ခြည်ရှိ ခရမ်းလွန်ရောင်ခြည်များပင် ပါဝင်သကဲ့သို့၊ လူသားများ သုတေသနပြုထားသည့် အက်တမ်များနှင့် စွမ်းအင်ဟုခေါ်သော အရာများ၊ လေနှင့် ရေထဲတွင် ပါဝင်သော မမြင်နိုင်သည့် အာဟာရအချို့ စသည်တို့လည်း ပါဝင်သည်။ ဤကျယ်ပြန့်သော၊ လက်ဆုပ်လက်ကိုင်ပြနိုင်သော အရာအားလုံးသည် အဏုဇီဝသက်ရှိများနှင့် လူတို့ မမြင်နိုင်သော နေရောင်ခြည်နှင့် လေကဲ့သို့သော အရာများအတွင်း ပါဝင်သည့် အရာဝတ္ထုများနှင့်အတူ ဤအရာအားလုံးသည် လူသားရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်ကို ပေါင်းစပ်ဖွဲ့စည်းသည်။ ဤရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်တွင် ပြဿနာများ ပေါ်ပေါက်လာပါက လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် အနာဂတ်သည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရပြီး ခြိမ်းခြောက်မှုအောက်သို့ ရောက်ရှိလာလိမ့်မည်။ သို့ဖြစ်၍ အရာခပ်သိမ်းအတွက် ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများသည် အစားအစာကွင်းဆက်ကို ထိန်းသိမ်းရန် လိုအပ်သော အခြေခံအခြေအနေတစ်ခုဖြစ်ပြီး အစားအစာကွင်းဆက် တည်ရှိခြင်းကလည်း တစ်ဖန် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် အခြေခံအခြေအနေတစ်ခုကို ဖွဲ့စည်းပေးသည်။ ဤသို့ဖြင့် နိယာမများနှင့် စည်းမျဉ်းများဖြစ်စေ၊ အစားအစာကွင်းဆက်ဖြစ်စေ၊ သို့မဟုတ် ရေ၊ လေ၊ နေရောင်ခြည်နှင့် အစားအစာဖြစ်စေ ဤအရာများထဲမှ တစ်ခုခုတွင် ပြဿနာတစ်ခု ပေါ်ပေါက်လာပါက ယင်းသည် လူသားမျိုးနွယ်၏ ရှင်သန်မှုကို မလွဲမသွေ သက်ရောက်လိမ့်မည်၊ ဆိုလိုသည်မှာ၊ ယင်းသည် ဤဖန်ဆင်းခံဖြစ်သော လူသားမျိုးနွယ်၏ ရုပ်ခန္ဓာအသက် ရှင်သန်မှုကို သက်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဘုရားသခင်အတွက်မူ အရာခပ်သိမ်းအတွက် ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများ၊ အစားအစာကွင်းဆက်၊ ရေ၊ လေ၊ နေရောင်ခြည်နှင့် အစားအစာတို့တွင် ပြဿနာများ မရှိရပေ၊ ယင်းတို့အားလုံးကို ထိန်းသိမ်းရမည်၊ တည်တံ့စေရမည်၊ စနစ်တကျ ဆက်လက်လည်ပတ်စေရမည်။ ဤနည်းဖြင့်သာလျှင် လူသားမျိုးနွယ်သည် ဆက်လက် ရှင်သန်နိုင်ပြီး ၎င်းတို့၏ ရုပ်ခန္ဓာအသက်များကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

လူသားမျိုးနွယ် ဆက်လက်ရှင်သန်ရေးတွင် ပါဝင်ပတ်သက်နေသည့် ကိစ္စရပ်မှာ အဘယ်နည်း။ အရာခပ်သိမ်းအတွက် ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများအကြားတွင် နေ့နှင့်ည၊ ရာသီလေးခုကဲ့သို့သော ပိုမိုကျယ်ပြန့်သည့် ကဏ္ဍများ လိုအပ်သည်။ ယင်းတို့အတွင်းတွင် လူတို့၏ စိတ်ကူးများအရ ၎င်းတို့က မကောင်းဟု ထင်မြင်ကြသော အရာများ အခြေခံအားဖြင့် တစ်ခုမျှ မရှိပေ။ သစ်ပင်၊ ပန်းများနှင့် အပင်များကဲ့သို့သော အမျိုးမျိုးသော သက်ရှိအရာများနှင့် ပတ်သက်လာလျှင် ယင်းတို့သည် လူတို့အပေါ် မည်သည့် သေစေနိုင်သော သက်ရောက်မှုမျှ မရှိသောကြောင့် လူတို့သည် ယင်းတို့နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မဖြစ်ပေါ်ကြပေ။ သို့သော် အစားအစာကွင်းဆက်တွင် လူ့ခန္ဓာကိုယ်အပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုအချို့ရှိသည့် ခြင်များကဲ့သို့သော အဆိပ်ရှိပြီး အန္တရာယ်ရှိသည့် အရာအချို့ ရှိသည်။ ဤအရာများသည် လူတို့၏ အယူအဆများအရ ၎င်းတို့ မနှစ်သက်သည့်အရာများ ဖြစ်သည်။ အထူးသဖြင့် အချို့သော မြွေများ၊ ကင်းမြီးကောက်များနှင့် ကင်းခြေများတို့ကဲ့သို့သော အလွန်အဆိပ်ပြင်းသည့် သက်ရှိအရာများ ဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဘုရားသခင်သည် ဤအဆိပ်ရှိသော အရာများကို ဖန်ဆင်းခဲ့သနည်း။ ယင်းတို့ကို ဖန်ဆင်းရာတွင် ကိုယ်တော်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အစားအစာကွင်းဆက်တွင် ယင်းတို့သည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်သနည်း။ ဤသည်မှာ အလွန်အရေးကြီးသည်။ ယင်းတို့၏ ပုံသဏ္ဌာန်များ သို့မဟုတ် ယင်းတို့၏ သဘာဝအရ၊ သို့မဟုတ် အခြားသက်ရှိအရာများအကြား ယင်းတို့ ပိုင်ဆိုင်သည့် အချို့သော ပင်ကိုအရည်အသွေးများအရ အကဲဖြတ်လျှင် ယင်းတို့သည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိဟု ထင်ရသော်လည်း အဘယ်ကြောင့် ယင်းတို့ကို အပြုသဘောဆောင်သော အရာများဟု ဆိုရသနည်း။ ဤအရာကို အစားအစာကွင်းဆက်အရ ရှင်းပြရမည် ဖြစ်သည်။ ငါတို့သည် ဇီဝဗေဒကို လေ့လာနေခြင်း မဟုတ်ပေ။ ငါတို့သည် အရာများကို သိပ္ပံရှုထောင့်မှ ဆွေးနွေးမည်မဟုတ်ဘဲ ဤကဲ့သို့သော သက်ရှိအရာများကို ဖန်ဆင်းရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက် ရှုထောင့်မှ ဤအရာကို ကြည့်ရှုမည်။ တစ်ချက်အနေနှင့် ဘုရားသခင်သည် ယင်းတို့၏ ရှင်သန်မှုကို သေချာစေရန်အတွက် ယင်းတို့အား ထူးခြားသော ကျွမ်းကျင်မှုတစ်ခုကို ပေးခဲ့ပြီး ဤနည်းလမ်းဖြင့် ယင်းတို့၏ အသက်ကို ထိန်းသိမ်းစေခဲ့သည်။ နောက်တစ်ချက်အနေနှင့် ယင်းတို့သည် အစားအစာကွင်းဆက်တွင် အချို့သော အခန်းကဏ္ဍမှလည်း ပါဝင်သည်။ ယင်းတို့၏ ရှင်သန်မှုနည်းလမ်းနှင့် ယင်းတို့ ထုတ်လွှတ်သော အဆိပ်သည် အခြားသက်ရှိအရာများအတွက် လိုအပ်သော အာဟာရများ သို့မဟုတ် အစားအစာ ရင်းမြစ်များကို ပံ့ပိုးပေးနိုင်သည်။ ထို့အပြင် ယင်းတို့သည် ဂေဟစနစ်တစ်လျှောက် ဘက်တီးရီးယားများ ပျံ့နှံ့ခြင်း၊ မျိုးပွားခြင်း၊ ဆင်းသက်ခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းနှင့် မျိုးဗီဇများ ပျံ့နှံ့ခြင်းတို့အတွက် လိုအပ်သော အခြေအနေများကိုလည်း ပံ့ပိုးပေးပြီး ဤကိစ္စရပ်တွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်သည်။ ဤသက်ရှိအရာများ တည်ရှိမှသာလျှင် ဂေဟစနစ်သည် မျိုးရိုးဗီဇ မျှတမှုနှင့် ဘက်တီးရီးယား မျိုးကွဲစုံလင်မှုတို့၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းနိုင်ပြီး အမျိုးမျိုးသော ဘက်တီးရီးယား အမျိုးအစားများကို ဟန်ချက်ညီအောင် ထားရှိနိုင်သည်။ ဥပမာအားဖြင့် ခြင်နှင့် ယင်ကောင်များကို ကြည့်လော့။ ယင်းတို့သည် အချို့သော ကပ်ပါးကောင်များကို စားသုံးပြီး အချို့သော ဘက်တီးရီးယားများကိုလည်း ပျံ့နှံ့စေသည်။ ငါတို့သည် ပို၍ နက်နက်နဲနဲ ပြောမည်မဟုတ်၊ ယင်းမှာ ဤရိုးရှင်းသော သဘောတရားမျှသာ ဖြစ်သည်။ အတိုချုပ်အားဖြင့် အချို့သော အထူးသက်ရှိအရာများသည် လူသားမျိုးနွယ်အတွက် အထူးအကျိုးပြုကြပြီး အစားအစာကွင်းဆက်တွင် မရှိမဖြစ်သော အခန်းကဏ္ဍမှလည်း ပါဝင်သည်။ ဤမရှိမဖြစ်သော အခန်းကဏ္ဍသည် အစားအစာကွင်းဆက်၏ တည်ရှိမှုကို ထိန်းသိမ်းသည်။ ဤအစားအစာကွင်းဆက် တည်ရှိပြီး မပျက်စီးမှသာလျှင် အရာခပ်သိမ်းသည် စနစ်တကျ ရှင်သန်ပြီး ဆက်လက်တည်ရှိနိုင်သည်။ အရာခပ်သိမ်းတွင် အချင်းချင်း အားဖြည့်ကြသည်၊ အချင်းချင်း တန်ပြန်သက်ရောက်ကြသည်၊ အတူတကွ တည်ရှိကြသည့် ဆက်ဆံရေး ရှိသောကြောင့် အစားအစာကွင်းဆက်သည် မပြတ်တောက်ရပေ။ အစားအစာကွင်းဆက်အတွင်းရှိ အမျိုးမျိုးသော သက်ရှိအရာများ၏ တည်ရှိမှုကို ဟန်ချက်ညီသော အခြေအနေတွင် ထားရှိရမည်ဖြစ်ပြီး ယင်းတို့၏ ရှင်သန်ရာနေရာနှင့် တည်ရှိမှုကို ထိန်းသိမ်းရမည်။ ထို့ကြောင့် ဘုရားသခင် တည်ထောင်ထားသော အရာခပ်သိမ်းအတွက် ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများသည် အလွန်အရေးကြီးသည်။ ဘုရားသခင်က အရာခပ်သိမ်းအတွက် ဖန်တီးခဲ့သော ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများ တည်ရှိမှသာလျှင် အစားအစာကွင်းဆက်၏ ဆက်လက်ဖြစ်ပေါ်မှုကို သေချာစေနိုင်ပြီး ယင်း မပြတ်တောက်ရန် အာမခံနိုင်သည်။ အစားအစာကွင်းဆက်၏ တည်ရှိမှု၊ ဆက်လက်ဖြစ်ပေါ်မှုနှင့် ကာကွယ်မှုသည် လူတို့က ရေ၊ လေ၊ နေရောင်ခြည်နှင့် အစားအစာတို့ကို ရရှိနိုင်မည်ဖြစ်ကြောင်း အခြေခံအာမခံချက်တစ်ခု ဖြစ်သည်။ လူတို့တွင် ဤအခြေခံအာမခံချက် ရှိမှသာလျှင် ယင်းတို့၏ ရုပ်ခန္ဓာအသက်များကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်၊ ထိုအခါမှသာလျှင် ယင်းတို့သည် ဤကမ္ဘာမြေကြီးတည်းဟူသော နေအိမ်၊ ဤကဲ့သို့သော ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်တွင် မျိုးပွားပြီး အသက်ဆက်ရှင်သန်နိုင်မည် ဖြစ်သည်။ ဤနည်းဖြင့်သာလျှင် လူသားမျိုးနွယ်သည် အနာဂတ်နှင့် မျှော်လင့်ချက် ရှိနိုင်မည် ဖြစ်သည်။ ရာသီလေးခု၊ နေ့နှင့်ည၊ လေ၊ နှင်း၊ ဆီးနှင်းနှင့် မိုးတို့သည် ဘုရားသခင် ဖန်တီးခဲ့သော နိယာမများနှင့် စည်းမျဉ်းများအောက်တွင် တည်ရှိသော အရာများဖြစ်ပြီး ယင်းတို့ လိုက်နာသည့် နိယာမများနှင့် စည်းမျဉ်းများအပြင် ယင်းတို့ ပေါ်ပေါက်သည့် ပုံစံများသည် မည်သည့်အတိုင်းအတာဖြင့် အကဲဖြတ်လေ့လာသည်ဖြစ်စေ ဘုရားသခင် ဖန်ဆင်းခဲ့သော အပြုသဘောဆောင်သည့် အရာများ ဖြစ်ကြသည်။ အမျိုးမျိုးသော သက်ရှိအရာများနှင့် ပတ်သက်၍မူ ယင်းတို့၏ ပုံသဏ္ဌာန်များ၊ ရှင်သန်မှုနည်းလမ်းများ၊ သို့မဟုတ် အမဲလိုက်ခြင်း သို့မဟုတ် အစာရယူခြင်း ပုံစံများ မည်သို့ပင်ဖြစ်စေ အတိုချုပ်အားဖြင့် ယင်းတို့သည် ဘုရားသခင် တည်ထောင်ထားသော နိယာမများနှင့် စည်းမျဉ်းများအတွင်း နေထိုင်နေသရွေ့၊ ဘုရားသခင် ဖန်တီးခဲ့သော အစားအစာကွင်းဆက်၏ မရှိမဖြစ်၊ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်နေသရွေ့ ယင်းတို့သည် ဘုရားသခင်ထံမှ လာသော အပြုသဘောဆောင်သည့် အရာများ ဖြစ်ကြသည်။ လူတို့သည် ယင်းတို့ကို မိမိတို့၏ ကိုယ်ပိုင်ရှုမြင်ပုံများနှင့် နှစ်သက်မှုများအပေါ် အခြေခံ၍ မဆုံးဖြတ်သင့်ပေ။ တစ်စုံတစ်ဦးက “သို့ဆိုလျှင် ခြင်များနှင့် ယင်ကောင်များသည် အပြုသဘောဆောင်သော အရာများလော။ အဆိပ်ပြင်းသော မြွေများ၊ ကင်းခြေများတို့နှင့် ကင်းမြီးကောက်များကော အဘယ်သို့နည်း။ အထူးသဖြင့် အလွန်အရုပ်ဆိုးသော ဖားပြုတ်များကော ယင်းတို့သည်လည်း အပြုသဘောဆောင်သော အရာများလော” ဟု ပြောကောင်းပြောနိုင်သည်။ တိကျသော ပြောဆိုပုံမှာ အဘယ်နည်း။ ဘုရားသခင် ဖန်ဆင်းခဲ့သော ဤမျိုးစိတ်များက ပါဝင်ဆောင်ရွက်သည့် အခန်းကဏ္ဍများနှင့် ယင်းတို့ လိုက်နာသည့် နိယာမများနှင့် စည်းမျဉ်းများအားလုံးသည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ ယင်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်များနှင့် အသွင်အပြင်များကော အဘယ်သို့နည်း။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများလော။ သင် အမှန်တကယ် ပြောရမည်ဆိုလျှင် ယင်းတို့ကို အပြုသဘောဆောင်သော အရာများဟု ခေါ်နိုင်သော်လည်း ယင်းတို့သည် အပျက်သဘောဆောင်သော အရာများ မဟုတ်ကြပေ။ အနည်းဆုံးအနေဖြင့် ယင်းတို့ လိုက်နာသည့် စည်းမျဉ်းများ၊ ဤသက်ရှိအရာများက ပါဝင်ဆောင်ရွက်သည့် အခန်းကဏ္ဍများနှင့် အစားအစာကွင်းဆက်တွင် ယင်းတို့၏ အရေးပါမှုအရ ယင်းတို့သည် အပြုသဘောဆောင်သော အရာများအဖြစ် တည်ရှိကြသည်။ ဤပြောဆိုပုံသည် တိကျမှန်ကန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) တိတိကျကျ ပြောရလျှင် ထိုသို့သော သက်ရှိအရာများသည် ဘုရားသခင် တည်ထောင်ထားသော နိယာမများနှင့် စည်းမျဉ်းများကို လိုက်နာပြီး ဘုရားသခင်က ယင်းတို့အတွက် ချမှတ်ထားသော ဝတ္တရားများနှင့် အထူးတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသောကြောင့် ဘက်တီးရီးယားများ ပျံ့နှံ့စေခြင်းဖြစ်စေ၊ အမျိုးမျိုးသော အဏုဇီဝသက်ရှိများ၏ မျိုးပွားမှု ဟန်ချက်ကို ထိန်းသိမ်းခြင်းဖြစ်စေ ယင်းတို့သည် မိမိတို့၏ အထူးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သောကြောင့် ယင်းတို့ ပါဝင်ဆောင်ရွက်သည့် အခန်းကဏ္ဍများနှင့် ယင်းတို့ကို ဘုရားသခင် ဖန်ဆင်းခြင်း၏ အရေးပါမှုနှင့် ရည်ရွယ်ချက်အရ ကြည့်လျှင် ယင်းတို့၏ တည်ရှိမှုကိုယ်၌က အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ ငါတို့က ခြင်သည် သူကိုယ်၌က အပြုသဘောဆောင်သော အရာတစ်ခုဖြစ်သည်ဟု ဆိုခဲ့လျှင် ဤသည်မှာ နားလည်ရန် သို့မဟုတ် လက်ခံရန် အနည်းငယ် ခက်ခဲနိုင်ပါသည်။ သို့သော် ယင်းကို ဖန်ဆင်းရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်၊ ယင်းလိုက်နာသည့် နိယာမများနှင့် စည်းမျဉ်းများနှင့် အစားအစာကွင်းဆက်တွင် ယင်းပါဝင်ဆောင်ရွက်သည့် အခန်းကဏ္ဍတို့အရ အကဲဖြတ်လျှင် ယင်းသည် မရှိမဖြစ် ဖြစ်သည်။ သို့ဖြစ်၍ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ အချို့လူများက “ခြင်များသည် အပြုသဘောဆောင်သော အရာများ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ယင်းတို့ကို လက်ခံရမည်ဖြစ်ပြီး ယင်းတို့ကို မရိုက်သတ်သင့်ဟု ဆိုလိုပါသလော” ဟု ပြောဆိုကြသည်။ ခြင်တစ်ကောင်က သင့်ကို ကိုက်တော့မည်ဆိုလျှင် သင်သည် ယင်းကို ရိုက်သတ်သင့်ဆဲ ဖြစ်သည်။ သင် အစာစားနေစဉ် ယင်ကောင်တစ်ကောင်က သင့်ပတ်လည်တွင် တဝီဝီ မြည်နေပါက သင်သည် ယင်းကို မောင်းထုတ်နိုင်သည် သို့မဟုတ် ရိုက်သတ်နိုင်သည်။ ဤသည်မှာ ခြင် သို့မဟုတ် ယင်ကောင် တစ်ကောင်နှစ်ကောင် နည်းသွားခြင်းသည် အစားအစာကွင်းဆက်အတွက် မည်သည့် ပြဿနာမျှ ဖြစ်စေမည်မဟုတ်သည့်အပြင် ဤသက်ရှိများ၏ အထူးတာဝန် ပြီးမြောက်ခြင်းကိုလည်း သက်ရောက်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ထိုသို့သော သက်ရှိတစ်ကောင်က ယင်း၏ အထူးတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းလိုပါက ယင်းသည် ထိုသို့ပြုလုပ်ရန် မှန်ကန်သောနေရာကို ရှာဖွေသင့်သည်။ ယင်းကို လူသားများ နေထိုင်သည့် ပတ်ဝန်းကျင်များတွင် မလိုအပ်ပေ၊ ထို့ကြောင့် ယင်းကို မောင်းထုတ်လိုက်ပြီး ထိုမျှသာထားလိုက်လော့။ ယင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လော့။ ယင်းက သင်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲမနေထိုင်ဘဲ သင့်ကို ဆက်လက် အနှောင့်အယှက်ပေးနေပါက ယင်းကို မောင်းထုတ်ခြင်း သို့မဟုတ် ရိုက်သတ်ခြင်းသည် အဆင်ပြေပါသည်။ ဤသည်ကို ကျိုးကြောင်းဆီလျော်သော စီမံခန့်ခွဲမှုနှင့် မှန်ကန်သော ဆက်ဆံမှုဟု ခေါ်သည်။ အချို့လူများက “ခြင်များက ကျွန်ုပ်ကို အစဉ်သဖြင့် အနှောင့်အယှက်ပေးပြီး အလွန်ကိုက်သည်။ ကျွန်ုပ် ယင်းတို့ကို ကျိန်ဆဲ၍ ရနိုင်သလား” ဟု ပြောဆိုကြသည်။ ယင်းမှာ မလိုအပ်ပေ။ သင်သည် ယင်းတို့ကို ရိုက်သတ်လိုက်ရုံသာ ဖြစ်သည်။ သင်သည် ယင်းတို့ကို ရိုက်သတ်ပိုင်ခွင့် ရှိသည်၊ ဤသည်မှာ အရာခပ်သိမ်း၏ ဘဏ္ဍာစိုးဖြစ်သော လူသားမျိုးနွယ်က အရာခပ်သိမ်းကို မည်သို့ သဘောထားပြုမူသင့်သည်ဟူသော စည်းမျဉ်းနှင့် လုံးဝ ကိုက်ညီသည်။ ဥပမာအားဖြင့် အဆိပ်ပြင်းသော မြွေတစ်ကောင်က သင်၏ အိမ်ထဲသို့ ဝင်လာပြီး ဤသည်မှာ ယင်းနှင့်သက်ဆိုင်သောနေရာ မဟုတ်ကြောင်း သင် မြင်ပါက ယင်းကို တောထဲသို့ မောင်းထုတ်လော့။ သင်သည် ယင်း၏ အကိုက်ခံရပြီး အဆိပ်သင့်သွားပါက ချက်ချင်း ဆေးကုသမှု ခံယူရန် နည်းလမ်းရှာရမည်။ သင်သည် လက်စားချေရန်နှင့် သတ်ရန် ယင်းကို ရှာဖွေဖို့ မလိုအပ်ပေ။ ယင်းက သင့်ကို နောက်တစ်ကြိမ် အန္တရာယ်ပြုခဲ့လျှင် ပို၍ပင် ဒုက္ခများမည် မဟုတ်လော။ သို့ဖြစ်၍ ယင်းကို လက်စားချေရန် မကြိုးစားနှင့်။ ယင်းကို သတိထားရှောင်ရန်သာ သင်ယူလော့။ ဤကိစ္စရပ်မှ သင်ခန်းစာယူနိုင်ခြင်းသည် အသိဉာဏ်ရှိသောသူတစ်ဦး ပြုလုပ်မည့်အရာ ဖြစ်သည်။ ငါတို့ ယခုလေးတင် ပြောဆိုခဲ့သော စည်းမျဉ်းသုံးခုမှာ အဘယ်နည်း။ (ပထမအချက်မှာ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ကြောင်း သေချာပါစေ။ ဒုတိယအချက်မှာ ယင်းသည် သင့်အနီးတွင် ပေါ်လာပြီး သင်သည် ယင်းနှင့် ပတ်သက်လိုစိတ် မရှိပါက ယင်းနှင့် ဝေးဝေးနေလော့၊ ယင်းကို အနားကပ်ခွင့် မပေးပါနှင့်၊ သင့်ကို အနှောင့်အယှက်ပေးခွင့် မပြုပါနှင့်။ တတိယအချက်မှာ ယင်းအပေါ် မှန်ကန်သော ရှုမြင်ပုံ ရှိပါစေ။ ယင်းကို ရွံရှာ သို့မဟုတ် စက်ဆုပ်ခြင်း မခံစားရပါနှင့်။ ထိုအစား ယင်းကို လက်ခံပြီး အသိအမှတ်ပြုပါ၊ ထို့နောက် ယင်းကို ကျိုးကြောင်းဆီလျော်စွာ စီမံခန့်ခွဲပါ။) ယင်းကို ကျိုးကြောင်းဆီလျော်စွာ စီမံခန့်ခွဲပြီး မှန်ကန်စွာ ဆက်ဆံလော့။ ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူပါနှင့် သို့မဟုတ် ဘုရားသခင်သည် ယင်းကို ဖန်ဆင်းခဲ့ခြင်းမှာ မှားယွင်းသည်ဟု မဆုံးဖြတ်ပါနှင့်၊ သို့မဟုတ် ယင်းက သင့်ကို အနှောင့်အယှက် ပေးခဲ့သောကြောင့် သို့မဟုတ် တစ်ခါတစ်ရံ သင့်အား ဒုက္ခအချို့ ဖြစ်စေခဲ့သောကြောင့်၊ သို့မဟုတ် သင့်ကို ကိုက်ပြီး အဆိပ်သင့်စေခဲ့သောကြောင့်ပင် ကိုယ်တော် အမှားလုပ်မိနိုင်သည်ဟု မဆုံးဖြတ်ပါနှင့်။ ဤရှုမြင်ပုံသည် မမှန်ကန်ပေ။ သင်သည် ယင်းကို ကောင်းစွာ မစီမံခန့်ခွဲမိခြင်းကြောင့် ဖြစ်နိုင်သည်၊ သို့မဟုတ် ယင်းက သင်၏ အိမ်ထဲသို့ မှားယွင်းစွာ ဝင်ရောက်လာပြီး သင့်ကို အနှောင့်အယှက် ပေးခြင်းကြောင့် ဖြစ်နိုင်သည်။ သို့သော် သင်သည် ယင်းကို ညင်သာစွာ ကိုင်တွယ်ပြီး “သင် လမ်းမှားရောက်နေပြီ၊ ဤသည်မှာ သင်၏ အိမ်မဟုတ်။ သင်သည် ကျွန်ုပ်အပေါ် ဒုက္ခပေးလိုစိတ် မရှိပါက ကျွန်ုပ်သည် သင့်ကို မည်သည့် အန္တရာယ်မျှ ပြုမည်မဟုတ်။ သင် ရှိသင့်သည့် မည်သည့်နေရာကိုမဆို ဆက်သွားပါ” ဟု ပြောဆိုပြီး သင်က ယင်းကို အန္တရာယ်ပြုမည်မဟုတ်ကြောင်း ယင်းက မြင်ပါက ယင်းသည် လှည့်ထွက်ပြီး သူ့ဘာသာသူ ထွက်သွားလိမ့်မည်။ သင်က ယင်းကို “နှုတ်ဆက်ပါသည်။ နောက်တစ်ခါ ပြန်ဆုံကြမည်။ ဤတစ်ကြိမ် ကျွန်ုပ်တို့၏ တွေ့ဆုံခြင်းက ဖြစ်သင့်၍ ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့ နောက်တစ်ကြိမ် တွေ့ဆုံဖို့ ရေစက်ပါသေးလျှင် ကျွန်ုပ်သည် သင့်ကို သွားခွင့်ပြုဦးမည်သာဖြစ်သည်” ဟု ပြောဆိုသည်။ ဤအရာကို ကြားသောအခါ ယင်းက “လူသားများသည် အလွန်ကောင်းလေသည်။ သူတို့သည် ငါတို့ကို မည်သို့စီမံခန့်ခွဲရကောင်းမှန်း အမှန်တကယ် သိကြသည်။ သူတို့ထံတွင် ဒုက္ခပေးလိုသည့်စိတ် မရှိပါ” ဟု တွေးလိမ့်မည်။ သင်သည် ယင်းကို အန္တရာယ်မပြုသရွေ့ ယင်းကလည်း သင့်ကို အန္တရာယ်ပြုမည် မဟုတ်ပေ။ အချို့တိရစ္ဆာန်များသည် လူတို့ကို အန္တရာယ်ပြုခြင်းမှာ လူတို့က ယင်းတို့ကို အမြဲ အန္တရာယ်ပြုသောကြောင့် ဖြစ်သည်၊ ယင်းတို့သည် လူတို့အပေါ် ရန်လိုမုန်းတီးမှု ဖြစ်ပေါ်လာပြီးမှသာ လူတို့ကို အန္တရာယ်ပြုကြသည်၊ လူတို့၏ မိုက်မဲခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုကြောင့်သာ ထိုသို့ ပြုလုပ်ကြခြင်း ဖြစ်သည်။ ထိုသို့သော သက်ရှိများ၏ စိတ်ထဲတွင် ယင်းတို့သည် လူသားများအပေါ် မည်သည့် ရန်လိုမုန်းတီးမှု သို့မဟုတ် ရန်လိုစိတ်မျှ သဘာဝအားဖြင့် မရှိကြပေ။ သင် မြင်သလော၊ နောဧ သင်္ဘောကြီးကို တည်ဆောက်သည့်အချိန်က တိရစ္ဆာန်များထဲမှ တစ်ကောင်မျှ မည်သူ့ကိုမျှ အန္တရာယ်မပြုခဲ့ဘဲ နောဧသည် တိရစ္ဆာန်များနှင့် ဆက်ဆံနိုင်ပြီး ယင်းတို့ကို လေ့ကျင့်ပေးနိုင်ခဲ့သည်ပင်။ ထိုအချိန်က လူသားများနှင့် တိရစ္ဆာန်များသည် အချင်းချင်း ရင်းနှီးခင်မင်ကြသည်။ နောက်ပိုင်းတွင် လူသားများသည် တိုး၍ တိုး၍ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးလာကြပြီး လုံးဝ ရက်စက်ကြမ်းကြုတ်လာကာ ၎င်းတို့၏ အသားအတွက် တိရစ္ဆာန်များကို အစဉ်သဖြင့် အမဲလိုက်လိုကြသည်၊ သို့ဖြစ်၍ လူသားများနှင့် အမျိုးမျိုးသော တိရစ္ဆာန်များအကြား ရန်လိုမုန်းတီးမှု ကြီးထွားလာခဲ့သည်။ အသားစားသတ္တဝါများသည် လူတစ်ဦး၏ အနံ့ကို ရသည်နှင့်တစ်ပြိုင်နက် အရသာရှိသော အစားအစာ ရောက်လာပြီဟု ခံစားရပြီး အဝစားလိုကြသည်။ ဤအရာကို မည်သည့်ဘက်က ဖြစ်စေခဲ့သနည်း။ ယင်းကို လူသားမျိုးနွယ်၏ လုံးဝ ရက်စက်ကြမ်းကြုတ်ခြင်းက အလုံးစုံ ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။)

ကျယ်ပြန့်သော သို့မဟုတ် အသေးစိတ်ကျသော ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာခပ်သိမ်းသည် အပြုသဘောဆောင်သော အရာများဖြစ်သည်မှာ သေချာသည်။ ယင်းတို့ကို ဖန်ဆင်းရာ၌ ဘုရားသခင်၏ မူလရည်ရွယ်ချက်အရဖြစ်စေ၊ ဘုရားသခင်က ယင်းတို့အတွက် ဖန်တီးခဲ့သော နိယာမများနှင့် စည်းမျဉ်းများအရဖြစ်စေ၊ နောက်ဆုံးတွင် အောင်မြင်ခဲ့သော ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုအရဖြစ်စေ ကြည့်သည်ဖြစ်စေ ယင်းတို့အားလုံးသည် လူသားမျိုးနွယ်အတွက် တည်ရှိကြသည်၊ ယင်းတို့အားလုံးသည် အရာခပ်သိမ်း၏ ဘဏ္ဍာစိုးများအဖြစ် လူသားတို့၏ အခန်းကဏ္ဍတွင် ၎င်းတို့အတွက် ပုံစံထုတ်ပြီး ဖန်တီးခြင်းခံခဲ့ရသည်။ ဤသို့ဖြင့် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာခပ်သိမ်း၏ ပုံသဏ္ဌာန်များ သို့မဟုတ် အသွင်အပြင်များ မည်သို့ပင်ဖြစ်စေ၊ လူတို့အပေါ် ၎င်းတို့၏ ယာယီသက်ရောက်မှု မည်သို့ပင်ဖြစ်စေ လူတို့သည် ယင်းတို့ကို မှန်ကန်စွာ ဆက်ဆံသင့်သည်၊ စီမံခန့်ခွဲသင့်သည်၊ နားလည်သင့်ပြီး ဘုရားသခင်ထံမှ လက်ခံသင့်သည်။ ဤသည်မှာ အလွန်အရေးကြီးဆုံး ဖြစ်သည်။ ပထမဦးစွာ လူတို့သည် တစ်စုံတစ်ခုကို ဘုရားသခင်က ဖန်ဆင်းခဲ့သရွေ့ ယင်းသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ လှပသည်ဖြစ်စေ၊ အရုပ်ဆိုးသည်ဖြစ်စေကို အရေးမထားဘဲ မည်သို့သော ပုံသဏ္ဌာန်မျိုး ရှိသည်ကိုလည်းကောင်း၊ ထို့ထက်မက လူ့ရုပ်ခန္ဓာအပေါ် မည်သို့သော ယာယီသက်ရောက်မှုမျိုး ရှိသည်ကိုလည်းကောင်း ထည့်မစဉ်းစားဘဲ အတိုချုပ်အားဖြင့် ယင်းသည် ဘုရားသခင်ထံမှ လာသရွေ့၊ ဘုရားသခင်၏ လက်တော်ဖြင့် ဖန်ဆင်းခဲ့သည်သရွေ့ ယင်းသည် လူသားမျိုးနွယ်၏ အခြေခံရှင်သန်မှုအတွက် အထောက်အကူ ပြုသည့်အရာတစ်ခု ရှိသည်ကို သေချာစေရမည်။ ဤအချက်ကို အခြေခံ၍ လူတို့သည် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာခပ်သိမ်းကို ဘုရားသခင်ထံမှ လက်ခံသင့်ပြီး ယင်းတို့ကို မိမိတို့၏ ကိုယ်ပိုင်ရှုမြင်ပုံများနှင့် နှစ်သက်မှုများအပေါ် အခြေခံ၍ ရှုတ်ချရန် သို့မဟုတ် လက်ခံရန် ထင်ရာမြင်ရာ ရွေးချယ်ခြင်းဖြစ်စေ၊ တစ်ဖက်သတ် ရွေးချယ်ခြင်းဖြစ်စေ မပြုသင့်ပေ။ ထိုအစား ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်မှ ရပ်တည်၍ ယင်းတို့ကို နားလည်သင့်သည်၊ ယင်းတို့ကို စီမံခန့်ခွဲရန်နှင့် မှန်ကန်စွာ သဘောထားပြုမူရန် သင်ယူသင့်ပြီး ပို၍ပင် ကောင်းမွန်စေရန်၊ ယင်းတို့နှင့် မှန်ကန်စွာ အတူနေထိုင်ရန်နှင့် ဆက်ဆံရန် သင်ယူသင့်သည်။ ဤသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သော ဤကမ္ဘာမြေ၏ သခင်များနှင့် ဤလောက၏ ဘဏ္ဍာစိုးများဖြစ်သည့် လူတို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သော တာဝန်နှင့် တာဝန်ဝတ္တရား ဖြစ်သည်။ ယင်းသည် အခြားသော သက်ရှိအားလုံးအကြားတွင် လူတို့ ပါဝင်ဆောင်ရွက်သင့်သော အခန်းကဏ္ဍဖြစ်ပြီး လူ့သဘာဝ၏ ရပ်တည်ချက်မှ ဆက်လက်လုပ်ဆောင်လျက် လူတို့ အများဆုံး လိုက်နာသင့်သော စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။ သင်သည် ဘုရားသခင် ဖန်ဆင်းခဲ့သော အချို့အရာများကို မနှစ်သက်ပါက ယင်းတို့နှင့် ဝေးဝေးနေနိုင်သည်။ သင်သည် ယင်းတို့ကို နှစ်သက်ပါက ယင်းတို့နှင့် ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ပြီး ယင်းတို့အကြောင်း လေ့လာရန်နှင့် စီမံခန့်ခွဲရန် ချဉ်းကပ်နိုင်သည်။ သို့တည်းမဟုတ် ပို၍ပင် ကောင်းမွန်သည်မှာ ယင်းတို့၏ ရှင်သန်ရာ ပတ်ဝန်းကျင်ကို ကာကွယ်ရန်၊ ယင်းတို့ကို ကြင်နာစွာ သဘောထားပြုမူရန်၊ ယင်းတို့အား လုံလောက်သော ရှင်သန်ရာနေရာ ပေးထားရန်နှင့် ယင်းတို့၏ ရှင်သန်ခွင့်ကို ကာကွယ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းရန် ဖြစ်သည်။ အမှန်တကယ်တွင် အရာခပ်သိမ်းသည် လူသားများနှင့် နှိုင်းယှဉ်လျှင် အားနည်းသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ရှင်သန်မှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဗီဇစိတ်များ ပေးထားသော်လည်း လူသားများမှလွဲ၍ မည်သည့်မျိုးစိတ်မျှ ကိရိယာများနှင့် လက်နက်များကို မပြုလုပ်နိုင်ပေ၊ ယင်းတို့ထဲမှ တစ်ခုမျှ ဘုရားသခင် တည်ထောင်ထားသော နိယာမများနှင့် စည်းမျဉ်းများကို ချိုးဖောက်ရန် တန်ခိုးမရှိသည့်အပြင် ထိုသို့ပြုလုပ်ရန် အစပြုလုပ်ဆောင်ခြင်းလည်း မရှိပေ။ လူသားများသာလျှင် အမျိုးမျိုးသော သက်ရှိအရာများနှင့် အရာခပ်သိမ်းအပေါ်တွင် ၎င်းတို့၏ စိတ်နေစိတ်ထားနှင့် ၎င်းတို့၏ တောင်းဆိုချက်များ နှစ်မျိုးစလုံးတွင် အဆုံးမရှိသော လောဘ ရှိကြသည်။ တစ်ချိန်တည်းတွင် လူသားများသာလျှင် ရှင်သန်မှုအတွက် သို့မဟုတ် ပိုမိုကောင်းမွန်သော ဘဝအတွက် သိပ္ပံဆိုင်ရာ သုတေသန ပြုလုပ်ကြသည်၊ ဓာတုဗေဒဆိုင်ရာ ထုတ်လုပ်မှုတွင် ပါဝင်ကြပြီး အမျိုးမျိုးသော ကိရိယာများနှင့် လက်နက်များကို ပြုလုပ်ကြသည်။ လူသားများသာလျှင် ပညာရပ်ဆိုင်ရာ အသိပညာကို သင်ယူနိုင်ပြီး အမျိုးမျိုးသော သက်ရှိအရာများ၏ ရှင်သန်ရာပတ်ဝန်းကျင်များကို သုတေသနပြုခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ ပြုလုပ်နိုင်သည်။ သို့သော် အမျိုးမျိုးသော တိရစ္ဆာန်များနှင့် သက်ရှိအရာများ၏ ရှင်သန်မှုနှင့် အစားအစာကွင်းဆက်၏ နိယာမများနှင့်ပတ်သက်၍ လူသားများ လုပ်ဆောင်ခဲ့သည့်အရာ အများစုမှာ အထောက်အကူမပြုဘဲ ဖျက်ဆီးခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းသာ ဖြစ်ခဲ့သည်။ သို့ဖြစ်၍ နောက်ဆုံးသုံးသပ်ချက်အရ လူသားများသာလျှင် အချင်းချင်း သတ်ဖြတ်ရန်နှင့် မိမိတို့၏ အခြေခံရှင်သန်ရာပတ်ဝန်းကျင်ကို ဖျက်ဆီးရန် လက်နက်များကို ပြုလုပ်နိုင်သည်။ လူသားများသာလျှင် စက်မှုလုပ်ငန်း၊ အထူးသဖြင့် ဓာတုစက်မှုလုပ်ငန်းကို တိုးတက်စေပြီး လူသားမျိုးနွယ် နေထိုင်ရာ ကမ္ဘာမြေကြီး၊ ၎င်းတို့ ရှင်သန်ရာ တစ်ခုတည်းသော နေအိမ်ကို ပျက်စီးစေပြီး ဖျက်ဆီးသည့် အန္တရာယ်ရှိသော အရာဝတ္ထုအမျိုးမျိုးကို ထုတ်လုပ်သည်။ လူသားများကိုယ်တိုင်သာလျှင် ၎င်းတို့၏ ရှင်သန်မှုအတွက် လိုအပ်သော အခြေခံ ရေ၊ လေ၊ နေရောင်ခြည်နှင့် အစားအစာတို့ကို ညစ်ညမ်းစေပြီး ပျက်စီးစေခဲ့သည်။ ဤသည်မှာ လူသားများကိုယ်တိုင်က မိမိတို့၏ ရှင်သန်ရာလမ်းကြောင်းကို ဖျက်ဆီးခဲ့သည်ဟု ဆိုလိုသည်၊ ယင်းကို အခြားသက်ရှိအရာများက ဖြစ်စေခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် အရာခပ်သိမ်း၏ သခင်များအနေဖြင့် ဖန်ဆင်းခံလူသားများသည် သက်ရှိအရာအားလုံးအပါအဝင် အရာခပ်သိမ်းကို စီမံခန့်ခွဲသည့် အခန်းကဏ္ဍကို ကောင်းမွန်စွာ မည်သို့ ထမ်းဆောင်သင့်သည်မှာ အလွန်အရေးကြီးသည်။ လူသားများသည် လက်နက်များ သို့မဟုတ် အမျိုးမျိုးသော ကိရိယာများကို ပြုလုပ်ရန် သိပ္ပံနည်းလမ်းများကို ဆက်လက် အသုံးပြုနေလျှင်၊ သို့မဟုတ် ဓာတုဗေဒဆိုင်ရာ ထုတ်လုပ်မှုတွင် ပါဝင်နေလျှင် ယင်းသည် မိမိတို့အတွက်ဖြစ်စေ၊ အခြားသက်ရှိအရာများအတွက်ဖြစ်စေ ကြီးမားသော ကပ်ဘေးကို ဖြစ်စေလိမ့်မည်။ ဆိုလိုသည်မှာ လူသားများသည် အရာခပ်သိမ်းအတွက် ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများကို မိမိတို့ ကိုယ်တိုင်ကိုယ်ကျ နင်းခြေခဲ့ပြီး အစားအစာ ကွင်းဆက်ကိုလည်း ကိုယ်တိုင် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ် မိမိတို့ ရှင်သန်မှုအတွက် မှီခိုရာ နေအိမ်ဖြစ်သော ကမ္ဘာမြေကြီးကို ကိုယ်တိုင် ဖျက်ဆီးခဲ့သည်မှာ လူသားများပင် ဖြစ်သည်။ ဤသည်မှာ အလွန် ဝမ်းနည်းဖွယ်ကောင်းသည်။ ဤအကျိုးဆက်အားလုံးအတွက် မည်သူ့တွင် အပြစ်ရှိသနည်း။ (လူတို့တွင် အပြစ်ရှိပါသည်။) ယင်းတို့သည် ဘုရားသခင် ဖန်ဆင်းခဲ့သော အပြုသဘောဆောင်သည့် အရာများကို လူတို့က ဖျက်ဆီးဖျောက်ဖျက်ခြင်းနှင့် ပျက်စီးစေခြင်းကြောင့် ဖြစ်သည်။ အဆုံးတွင် လူတို့သည် မိမိတို့ စိုက်ပျိုးခဲ့သည့်အတိုင်းသာ ရိတ်သိမ်းနိုင်သည်။ အစကတည်းက လူတို့သည် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာခပ်သိမ်းက ပါဝင်ဆောင်ရွက်သည့် အမျိုးမျိုးသော အခန်းကဏ္ဍများကို သိရှိနိုင်ခဲ့မည်ဆိုလျှင်၊ အမျိုးမျိုးသော သက်ရှိအရာများကို လေးစားခြင်း၊ တန်ဖိုးထားခြင်းနှင့် ဂရုစိုက်ခြင်းတို့ ပြုလုပ်နိုင်ခဲ့မည်ဆိုလျှင်၊ ဘုရားသခင် တည်ထောင်ထားသော အရာခပ်သိမ်းအတွက် ရှင်သန်မှုဆိုင်ရာ စည်းမျဉ်းများနှင့် နိယာမများကို လိုက်နာနိုင်ခဲ့မည်ဆိုလျှင်၊ မိမိတို့ ရှင်သန်မှုအတွက် မှီခိုရာ နေအိမ်ဖြစ်သော ကမ္ဘာမြေကြီး၏ အခြေခံပတ်ဝန်းကျင်ကို ကာကွယ်နိုင်ခဲ့မည်ဆိုလျှင် လူသားမျိုးနွယ်သည် ယနေ့ ရောက်ရှိနေသည့် အခြေအနေသို့ ရောက်ရှိခဲ့မည် မဟုတ်ပေ။ သို့ဖြစ်၍ ဘုရားသခင်၏ ဖန်ဆင်းခြင်းအားလုံးသည် အပြုသဘောဆောင်သော အရာများဖြစ်သည်ဟူသော အကြောင်းအရာနှင့်ပတ်သက်၍ လူတို့ နားလည်သင့်သည့်အရာမှာ ဘုရားသခင်က အရာခပ်သိမ်းအတွက် ဖန်တီးခဲ့သော ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများ၏ အရေးပါမှုအပြင် အဘယ်ကြောင့် လူတို့သည် ယင်းတို့ကို လိုက်နာရမည်ဖြစ်ပြီး မည်သို့ လိုက်နာသင့်သည်ဟူသည်တို့ ဖြစ်သည်။ တစ်ချိန်တည်းတွင် လူတို့သည် ဤအရာအားလုံးကို ဖန်ဆင်းရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်အတွက် ဖြစ်ကြောင်း သိရှိသင့်ပြီး သို့ဖြစ်၍ ၎င်းတို့သည် ယင်းကို တန်ဖိုးထားပြီး ကာကွယ်သင့်သည်။ သင်သည် ဤအရာအားလုံး၏ အရေးပါမှုကို နားမလည်နိုင်ပါက သင်သည် အနည်းဆုံးအနေဖြင့် ယင်းကို အပြုသဘောဆောင်သော အရာတစ်ခုအဖြစ်၊ သင်၏ ရှင်သန်မှု မူတည်နေသော မရှိမဖြစ်၊ အရေးပါသော အပြုသဘောဆောင်သည့် အရာတစ်ခုအဖြစ် မှတ်ယူသင့်ပြီး ယင်းကို တန်ဖိုးထားခြင်း၊ ဂရုစိုက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ ပြုလုပ်သင့်သည်။ သင်သည် ယင်းကို သခင်တစ်ဦးအနေဖြင့် သင်၏ အနေအထားနှင့် အခန်းကဏ္ဍတွင် မှန်ကန်စွာ ဆက်ဆံပြီး ကာကွယ်သင့်သည်။ ဤနည်းဖြင့်သာလျှင် လူသားမျိုးနွယ်သည် အနာဂတ်နှင့် မျှော်လင့်ချက် ရှိနိုင်မည်ဖြစ်ပြီး ပျော်ရွှင်စွာ ဆက်လက်နေထိုင်နိုင်မည် ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။)

ဘုရားသခင်၏ ဖန်ဆင်းခြင်းအားလုံးသည် အပြုသဘောဆောင်သော အရာများဖြစ်သည်ဟူသော အကြောင်းအရာသည် ယခု ပို၍ ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။) ဘုရားသခင် ဖန်ဆင်းခဲ့သော အမျိုးမျိုးသော အရာဝတ္ထုများနှင့် သက်ရှိအရာများကို သဘောထားပြုမူရန် သင့်လျော်သော နည်းလမ်းကို နောက်ဆုံးတစ်ကြိမ် အတည်ပြုကြစို့။ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သော စည်းမျဉ်းသုံးခုကို ရှေ့ဆက်ပြီး ပြန်ပြောလော့။ (ပထမအချက်မှာ တစ်စုံတစ်ခုသည် ဘုရားသခင် သတ်မှတ်ထားသည့်အတိုင်း အပြုသဘောဆောင်သော အရာများ၏ နယ်ပယ်အတွင်း ရှိနေသရွေ့ ယင်းသည် ဘုရားသခင်ထံမှ လာကြောင်း၊ အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ကြောင်းနှင့် ယင်းကို ဘုရားသခင် ဖန်ဆင်းခြင်း၏ နောက်ကွယ်တွင် အရေးပါမှုတစ်ခု ရှိကြောင်း၊ ယင်းမှာ လူတို့က ယင်းမှ သင်ခန်းစာအချို့ ယူနိုင်ရန် ဖြစ်ကြောင်းကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် သေချာစေသင့်သည်။ ဒုတိယအချက်မှာ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ကြောင်း သေချာစေခြင်းကို အခြေခံ၍၊ အကယ်၍ ကျွန်ုပ်တို့သည် ယင်းကို မနှစ်သက်ပါက သို့မဟုတ် ယင်းနှင့် ထိတွေ့လိုစိတ် မရှိပါက ကျွန်ုပ်တို့သည် ယင်းကို လျစ်လျူရှုနိုင်သည်။ ယင်းက ကျွန်ုပ်တို့၏ ဘဝများကို အနှောင့်အယှက်ပေးပါက ကျွန်ုပ်တို့သည် ယင်းကို မောင်းထုတ်နိုင်သည် သို့မဟုတ် ယင်းနှင့် ဝေးဝေးနေနိုင်ပြီး ကျွန်ုပ်တို့သည် ယင်းမှ သင်ခန်းစာအချို့ကိုလည်း သင်ယူသင့်ကာ သတိပြုသင့်သည်။ နောက်ဆုံးတွင် ယင်းသည် ဘုရားသခင် ဖန်ဆင်းခဲ့ခြင်း၊ ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းထားခြင်း သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိခြင်း ဖြစ်ပါက ကျွန်ုပ်တို့သည် ယင်းကို စိတ်ပျက်ခြင်း သို့မဟုတ် စက်ဆုပ်ရွံရှာခြင်း မခံစားရသင့်ဘဲ ထိုအစား မှန်ကန်သော သဘောထားဖြင့် လက်ခံပြီး အသိအမှတ်ပြုသင့်ကာ ယင်းကို ကျိုးကြောင်းဆီလျော်စွာ စီမံခန့်ခွဲသင့်သည်။) ယင်းကို ကျိုးကြောင်းဆီလျော်စွာ စီမံခန့်ခွဲခြင်းသည် အလွန်အရေးကြီးသည်။ လူသားများသည် ဘုရားသခင် ဖန်ဆင်းခဲ့သော ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို မည်သို့ စီမံခန့်ခွဲရမည်ကို မသိပါက ယင်းသည် ၎င်းတို့၏ ရှင်သန်မှုအပေါ် ဆိုးကျိုးများ သက်ရောက်စေဖွယ်ရှိသည်။ အစားအစာကွင်းဆက်၏ နိယာမများနှင့် တည်ရှိမှုတို့ ပျက်စီးသွားပါက လူသားမျိုးနွယ်၏ ရှင်သန်မှုသည် အန္တရာယ် ကျရောက်လိမ့်မည်။ လူသားမျိုးနွယ်သည် လက်ရှိတွင် ဤကဲ့သို့သော ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်တွင် ရှိနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူသားမျိုးနွယ်သည် စက်မှုလုပ်ငန်းကို အကြီးအကျယ် တိုးတက်စေခဲ့ပြီး မြစ်များ၊ အိုင်များနှင့် မြေအောက်ရေကိုပင် ညစ်ညမ်းစေခဲ့သော စွန့်ပစ်ဓာတ်ငွေ့များ၊ စွန့်ပစ်ရေများနှင့် အဆိပ်ရှိသော အရာဝတ္ထုများကို စွန့်ထုတ်ခဲ့သည်။ သောက်သုံးရန် သန့်ရှင်းသောရေ မရှိတော့ပေ၊ လူတို့သည် လူတို့ ဖန်တီးပြုပြင်ထားသော ပြန်လည်သန့်စင်ထားသော ရေအချို့ကိုသာ သောက်သုံးနိုင်သည်၊ ယင်းသည် အဆိပ်မရှိသော်လည်း အာဟာရဓာတ်များ အလွန်နည်းပါးသည်။ မြစ်များ၊ အိုင်များနှင့် ပင်လယ်များရှိ ငါးများသည်လည်း ညစ်ညမ်းနေပြီး ကျန်းမာရေးနှင့် မညီညွတ်ပေ။ ညစ်ညမ်းခြင်းမရှိသော အစားအစာတစ်ခုမျှ ရှာဖွေရန် မလွယ်ကူပေ။ လူသားမျိုးနွယ်သည် မိမိကိုယ်ကို ဆိုးရွားသော အကျပ်အတည်းထဲသို့ ကျရောက်စေနေသည် မဟုတ်လော။ ဤသည်မှာ လူသားမျိုးနွယ်ကိုယ်တိုင်က ဖြစ်စေခဲ့ခြင်း မဟုတ်လော။ သောက်သုံးရေ ညစ်ညမ်းသည်သာမက လေထုသည်လည်း ဆိုးရွားသည်၊ လေထုထဲတွင် အန္တရာယ်ရှိသော အရာဝတ္ထုများစွာ ရှိပြီး ယခုအခါ သင်သည် သန့်ရှင်းသောလေကို တစ်ဝကြီး ရှူရှိုက်လိုလျှင်ပင် ယင်းကို စီမံခန့်ခွဲရန် ခက်ခဲသည်။ တစ်ခါတစ်ရံ လူတို့သည် ဗိုင်းရပ်စ်များရန်မှ ကာကွယ်ရန် နှာခေါင်းစည်းများပင် တပ်ဆင်ရသည်။ လေထုအရည်အသွေးသည် ဆိုးရွားလှသည်၊ လူတို့သည် အစားအစာအမျိုးမျိုးကို စားသုံးရန် သတိထားနေရပြီး ယခုအခါ လူတို့သည် ရောဂါအမျိုးမျိုးကို ခံစားနေရကာ အချို့လူငယ်များသည်လည်း ကင်ဆာ သို့မဟုတ် ဆီးချိုရောဂါ ဖြစ်ပွားနေကြသည်။ ဤအကျိုးဆက် အားလုံးကို မည်သူက ဖြစ်စေခဲ့သနည်း။ (လူတို့က ဖြစ်ပါသည်။) ယင်းတို့အားလုံးကို လူတို့က ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ လူတို့က ဘုရားသခင်က ၎င်းတို့အတွက် ဖန်တီးပေးခဲ့သော ကမ္ဘာမြေကြီးတည်းဟူသော နေအိမ်ကို စီမံခန့်ခွဲခဲ့ပုံဖြစ်ပြီး ကောင်းမွန်စွာ မစားနိုင်၊ မသောက်နိုင်သည့်အထိ မိမိတို့ကိုယ်ကို ညှဉ်းပန်းနှိပ်စက်နေသည့်တိုင် အလွန် ပျော်ရွှင်နေသည်ဟု ခံစားနေကြဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို စွန့်ခွာခြင်းမှ ရရှိသည့်အရာ ဖြစ်သည်၊ ပြောပလောက်သည့် ပျော်ရွှင်မှု မရှိပေ။ ယခု လူတို့အတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လက်ခံရန်၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို ကြောက်ရွံ့သော လမ်းကြောင်းကို လျှောက်လှမ်းရန် ဖြစ်သည်။ ဤနည်းဖြင့်သာလျှင် သင်သည် ကယ်တင်ခြင်းခံရနိုင်သည်၊ သင်သည် အသက်ရှင်သန်ရေး မျှော်လင့်ချက်ကို ရရှိနိုင်ပြီး သင်သည် လူသားမျိုးနွယ်သစ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်မည်။ ယင်းမှာ ထိုမျှ ရိုးရှင်းသည်၊ အခြားနည်းလမ်း မရှိပေ။ အရှေ့တိုင်းသားများက အနောက်တိုင်းယဉ်ကျေးမှုသည် မြင့်မြတ်သည်ဟု ခံစားရပြီး အနောက်တိုင်းသားများတွင် ထွက်ပေါက်တစ်ခု ရှိရမည်ဟု ခံစားရသည်။ ၎င်းတို့တွင် ရှိပါသလော။ (မရှိပါ။) အရှေ့တိုင်းသားများသည် ၎င်းတို့ အလွန်အမင်း ဒုက္ခခံစားခဲ့ရသည်၊ အလွန်အမင်း မုန်းတီးစိတ်ဝင်ခဲ့ပြီး အလွန်အမင်း များပြားသော ဒုက္ခဆင်းရဲကို ခံနိုင်ရည်ရှိခဲ့သည်ဟု ခံစားရကာ အနောက်တိုင်းသားများ၏ ကယ်တင်ခြင်းကို ခံရရန် လိုအပ်သည်ဟု ခံစားရသည်။ ၎င်းတို့သည် အနောက်တိုင်းကို သုခဘုံတစ်ခုအဖြစ် အစဉ်သဖြင့် တွေးထင်ကြသည်၊ အနောက်တိုင်းသို့ သွားခြင်းသည် ကောင်းကင်ဘုံသို့ ဝင်ရောက်ခြင်းဖြစ်သည်၊ ၎င်းတို့သည် အနောက်တိုင်းတွင် လွတ်လပ်ပြီး ပျော်ရွှင်ကြလိမ့်မည်ဟု တွေးထင်ကြသည်။ သို့သော် အနောက်တိုင်းသားများသည် ၎င်းတို့တွင် ပျော်ရွှင်မှုများစွာ မရှိဟု ခံစားရသည်။ ၎င်းတို့က “ကျွန်ုပ်တို့၏ ဘဝများသည် အရှေ့တိုင်းရှိ ဘဝများထက် အနည်းငယ် ပို၍ ချမ်းသာကြွယ်ဝသော်လည်း ကျွန်ုပ်တို့သည် ပို၍ ပျော်ရွှင်ကြသည်မှာ မဆိုစလောက်သာ ဖြစ်သည်” ဟု ပြောဆိုကြသည်။ သင်သည် ဤကမ္ဘာမြေပေါ်ရှိ လူတစ်ဦး၊ လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်နေသရွေ့ ဤကမ္ဘာမြေပေါ်တွင် ပျော်စရာ မရှိပေ၊ အကြောင်းမှာ ဤကမ္ဘာမြေကြီးတည်းဟူသော နေအိမ်တွင် နေထိုင်လျက် သင် လက်ခံသမျှ အရာအားလုံးသည် စာတန်ထံမှ လာသောကြောင့် ဖြစ်သည်။ ယင်းသည် လူ့အတွေးအခေါ်များနှင့် ရှုမြင်ပုံများဖြစ်စေ၊ ရှင်သန်မှုဆိုင်ရာ နိယာမများဖြစ်စေ၊ အရှေ့တိုင်း သို့မဟုတ် အနောက်တိုင်း သွန်သင်လေ့ကျင့်ပေးမှုဖြစ်စေ သင့်အား စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်စေနိုင်သည့် အရာတစ်ခုတလေမျှ မရှိသည့်အပြင် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင့်အား လူ့လောကတွင် ရပ်တည်စေနိုင်သည့် မည်သည့် လူမှုရေးဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှု သို့မဟုတ် အတွေးအခေါ် သို့မဟုတ် အမြင်ရှုထောင့်မျိုးမျှ မရှိပေ။ အကြောင်းမှာ ဤလူသားမျိုးနွယ်သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေထိုင်ပြီး စာတန်၏ ထိန်းချုပ်မှုကို ခံနေရသောကြောင့် လူတို့ အသက်ဆက်ရှင်သန်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန်၊ ဘုရားသခင်ထံမှ လာသော သမ္မာတရားအားလုံးကို ခံယူရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရန်နှင့် ကယ်တင်ခြင်းကို ရရှိရန် ဖြစ်သည်။ ထိုအခါမှသာလျှင် လူသားမျိုးနွယ်သည် အရာခပ်သိမ်းအတွက် ရှင်သန်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများ လွတ်လပ်စွာ လည်ပတ်နိုင်သည့် လောကတစ်ခုသို့ အမှန်တကယ် ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ပြီး ပြီးပြည့်စုံသော အစားအစာကွင်းဆက်ရှိသော လောကတစ်ခုတွင် အမှန်တကယ် နေထိုင်နိုင်မည် ဖြစ်သည်။ ဤနည်းဖြင့်သာလျှင် လူသားမျိုးနွယ်သည် အရာခပ်သိမ်း၏ ဘဏ္ဍာစိုး အခန်းကဏ္ဍကို အမှန်တကယ် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဤအခန်းကဏ္ဍ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ ဤအရာမှလွဲ၍ လူသားမျိုးနွယ် လျှောက်လှမ်းရန် ဒုတိယနည်းလမ်း မရှိပေ။ ဤသည်မှာ လူသားမျိုးနွယ်၏ တစ်ခုတည်းသော ထွက်ပေါက်၊ လူသားမျိုးနွယ်ထံ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်သည့် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။) သင် နားလည်သည်နှင့်တစ်ပြိုင်နက် သင် လျှောက်လှမ်းရန် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ ဤဦးတည်ချက်အတိုင်း ဤပန်းတိုင်ဆီသို့သာ ကြိုးစားပြီး လိုက်စားလော့။ နောက်လှည့်မကြည့်နှင့်၊ လက်မလျှော့နှင့်၊ မည်သည့်အခါမျှ မရပ်တန့်နှင့်။

ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်ကြပါစို့။ နှုတ်ဆက်ပါသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၆)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။