၅၆။ အတ္တကြီးမှုကို မည်သို့ဖြေရှင်းမလဲ
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ၎င်းမှာ သင်သည် သင်၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် အဓမ္မပြုသူတစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဘို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထို့အစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဟူသည့် ညွှန်းဆိုချက်မှာ အဘယ်နည်း။ စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေး၊ သို့သော် ထို့ထက် သင့်အမူအကျင့်မှာ ဆိုးယုတ်သွားပြီဖြစ်သည်။ သင် ဆုချီးမြှင့်ခြင်း ခံရလိမ့်မည်မဟုတ်သကဲ့သို့ ဘုရားသခင်သည် သင့်ကို သတိရလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ လုံးလုံးလျားလျား အချည်းနှီးဖြစ်သည် မဟုတ်လော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ကျွန်မတို့အနေနှင့် အမှုတော်အတွက် အနည်းငယ် အပင်ပန်းခံ၊ အနစ်နာခံနိုင်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သိနိုင်ပါသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် သက်သေခံချက် မည်သည့်အရာမျှမရှိဘဲ၊ မိမိကိုယ်ကိုယ်ကျေနပ်အောင် လုပ်နေခြင်းသာဖြစ်ပါက ဘုရားသခင်က ယင်းကိုမကောင်းမှု လုပ်နေခြင်းဖြစ်သည်ဟုယူဆသည်။ သူက ယင်းကို ရွံရှာစက်ဆုပ်သည်။ လွန်ခဲ့သည့်နှစ်နှစ်လောက်က အစ်မတစ်ယောက်က အသင်းတော်၏အလုပ်များကို ဖျက်လိုဖျက်ဆီး လုပ်နေသည်ကို ကျွန်မသတိထားခဲ့မိသော်လည်း၊ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်ရဲခဲ့ပါ။ စည်းမျဉ်းစည်းကမ်းများကို မထိန်းသိမ်းရဲခဲ့ပါ။ သူမစိတ်ဆိုးသွားမှာကိုကြောက်ခဲ့သည်။ သူမ၏လုပ်ရပ်များကို ကျွန်မအချိန်မီ ဖော်ထုတ်ပြီး မတင်ပြခဲ့သည့်အတွက် ကျွန်မတို့၏ဧဝံဂေလိအလုပ်များကို ထိခိုက်ခဲ့သည်။ ကျွန်မ၏အမှားလည်းမကင်းခဲ့ပါ။ ကျွန်မ ထိုအကြောင်းကိုပြန်တွေးမိတိုင်း နောင်တရပြီး မိမိကိုယ်ကိုယ် စိတ်ပျက်မိသည်။
၂၀၁၈ ခုနှစ် မတ်လနှောင်းပိုင်းမှာ အစ်မချန်းက ကျွန်မတို့အသင်းကို အသင်းခေါင်းဆောင်အဖြစ် ရောက်လာခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူမ၏ တာဝန်မှာ သူမက တာဝန်ယူမှုမရှိသည်ကို ကျွန်မသိခဲ့ရသည်။ တစ်ခါတစ်ရံတွင် ကျွန်မတို့တရားဟောသည်ကို နားထောင်သည့်သူ တစ်ယောက်ယောက်က နောက်ဆုံးသောကာလ ဘုရားသခင်၏လုပ်ဆောင်မှုများကို လေ့လာချင်ပါက၊ သူမကချက်ချင်း မိတ်သဟာယဖွဲ့ပြီး သက်သေခံဖို့ စီစဉ်လေ့မရှိပါ။ ယင်းကဧဝံဂေလိအလုပ်ကို နှောင့်နှေးစေခဲ့သည်။ သူမကို မိတ်သဟာယဖွဲ့ပေးဖို့အတွက် ကျွန်မ သူမနှင့် သွားတွေ့ခဲ့သော်လည်း၊ သူမတစ်မျိုး ထင်မည်စိုးသောကြောင့်၊ သူမ၏ပြဿနာများကို သိပ်မပြောဖြစ်ခဲ့ပါ။ သူမမှာ အခြား တာဝန်ရှိသေးသောကြောင့်၊ မပြီးသေးသောကြောင့်၊ နောက်တစ်ခေါက်တွင်သေချာလုပ်ပေးမည်ဟု ပြောသည်။ သူမက ယင်းကို ပေါ့ပေါတန်တနသာ သဘောထားသည်ကို ကျွန်မချက်ချင်းသိလိုက်ရသည်။ ထိုပြဿနာကမည်မျှအရေးကြီးသည်ကို သူမ မသိပါ။ ထိုကဲ့သို့ ထပ်မဖြစ်စေဖို့၊ အသင်းတော်၏အလုပ်များ မနှောင့်နှေးစေဖို့၊ ကျွန်မတစ်ခုခု ထပ်ပြောမှဖြစ်မည်ဟု သဘောပေါက်ခဲ့သည်။ သို့ရာတွင် ပြောမည်လုပ်စဉ်တွင် “သူကခေါင်းဆောင်၊ ငါက အသင်းသားတစ်ယောက်။ ငါကသူ့ရဲ့ပြဿနာကိုသွားထောက်ပြရင် ငါကဘောင်ကျော်တယ်၊ လျှာရှည်တယ်၊ မာန်တက်ပြီးတော့ အဓိပ္ပာယ်မရှိဘူးလို့ သူထင်သွားမှာပေါ့။ ထားလိုက်တော့။ ငါဘာမှမပြောတော့ဘူး။ သူကခေါင်းဆောင်ပဲ။ ဒီ တာဝန်ကဘယ်လောက်အရေးကြီးလဲ သူသိမှာပေါ့။ နောက်ကျရင် သူဂရုစိုက်ပါလိမ့်မယ်” ဟုတွေးမိသည်။ ကျွန်မ အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့ရသော်လည်း၊ သူမကို ယင်းနှင့်ပတ်သက်ပြီး ထပ်မပြောဖြစ်ခဲ့ပါ။
သိပ်မကြာမီတွင် ဆိုလာဖီဒေအသင်းတော်က တရားဟော ဆရာတစ်ယောက်က နောက်ဆုံးသောကာလ ဘုရားသခင်၏ လုပ်ဆောင်မှုများကို လေ့လာချင်သည်ဟု ပြောလာသည်။ အချိန်က ကို့လို့ကန့်လန့်ဖြစ်နေသည်။ သို့ရာတွင် ထိုကဲ့သို့အရေးကြီးသည့်အချိန်မှာ ကျွန်မအစ်မချန်းကို ဆက်သွယ်၍မရခဲ့ပါ။ အခြားဧဝံဂေလိအသင်းက ခေါင်းဆောင်တစ်ယောက်ကို အမြန်ပြေးရှာပြီး မိတ်သဟာယဖွဲ့ခိုင်းရသည်။ ယင်းကို အစ်မချန်းသသည့်အခါ “ဒီကိစ္စလုပ်ဖို့အတွက်ကို ဘာလို့ တခြားအသင်းကခေါင်းဆောင်ကို သွားခေါ်တာလဲ။ အချိန်မီလုပ်နိုင်တာ မလုပ်နိုင်တာကငါ့ကိစ္စ။ ဖြစ်လာတဲ့ပြဿနာတိုင်းက ငါ့တာဝန်ပဲ။ တခြားတစ်ယောက်ကိုသွားခေါ်တာက စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း မကိုက်ညီဘူး” ဟု ကျွန်မကို ပြင်းပြင်းထန်ထန်ဆူသည်။ ကျွန်မ သူမနှင့် မိတ်သဟာယဖွဲ့ပြီး ထိုကိစ္စကို ပြောချင်ခဲ့သည်။ သို့ရာတွင် စိတ်ပြောင်းသွားပြီး “သူကငါ့ကို ကိုင်တွယ်ဖြေရှင်းပြီးတော့ ဆူပြီးပြီးချင်းမှာ ငါသူ့ကိုသွားဝေဖန်လိုက်ရင်၊ ငါ့ကိုဘယ်လိုထင်သွားမလဲ။ ငါတို့က တစ်ချိန်လုံးတွေ့နေရတာ။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ဖို့ ခက်သွားရင်၊ သူကငါ့ကို ပိုပြီးခက်ခဲအောင်လုပ်လိမ့်မယ်။ ထားလိုက်ပါတော့။ စိတ်ပူစရာတစ်ခုလျော့သွားတာပဲ ပိုကောင်းပါတယ်။ ငါ့ တာဝန်ကိုပဲ ငါကောင်းကောင်းထမ်းဆောင်မယ်” ဟု တွေးမိသည် သို့ဖြစ်၍ ကျွန်မ သူမကိုပြောချင်သည့်အရာကို ထိန်းချုပ်ခဲ့သည်။
တစ်လလောက်ကြာတော့ ခရစ်ယာန်အသင်းတော်တစ်ခုက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အနန္တတန်ခိုးရှင်ဘုရားသခင် ၏အမှုတော်ကို စိတ်ဝင်စားလာသည်။ ယင်းနှင့် ပတ်သက်ပြီး ကျွန်မ အစ်မချန်းကို ခဏ ခဏ သတိပေးခဲ့သည်။ “သူ့ကိုမိတ်သဟာယဖွဲ့ပေးဖို့ တစ်ယောက်ယောက်ကို စီစဉ်ပေးမှဖြစ်လိမ့်မယ်။” ဟု ကျွန်မပြောခဲ့သည်။ သူမက ထိုအချိန်က သဘောတူသော်လည်း၊ နောက်နှစ်ရက်ကြာသည့်အထိ သူကမည်သည့်အရာမျှ မစီစဉ်ရသေးသောကြောင့်၊ ကျွန်မအံ့အားသင့်ခဲ့ရသည်။ ကျွန်မအလွန်စိတ်တိုသွားသည်။ “အမြန်လုပ်ပေးပါလို့ ငါခဏ ခဏပြောရဲ့သားနဲ့ ဘာလို့နည်းနည်းလေးမှ အလေးမထားရတာလဲ မဖြစ်ဘူး။ ငါတို့ရဲ့ဧဝံဂေလိအလုပ်တွေ ဒီလိုနှောင့်နှေးကြန့်ကြာနေတာကို ငါဒီတိုင်းလက်ပိုက်ကြည့်နေလို့တော့မဖြစ်တော့ဘူး။ အသင်းက ညီအစ်ကိုမောင်နှမတွေနဲ့ တိုင်ပင်ပြီးတော့ သူ့ကို ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဉ်စားရမယ်” ဟု ကျွန်မတွေးမိသည်။ သို့ရာတွင် ကျွန်မအခြားလူများနှင့် ပြောခါနီးဆဲဆဲတွင် ကျွန်မ စိတ်မပြတ်မသား ဖြစ်မိပြန်သည်။ အကယ်၍ ကျွန်မက အခြားသူများနှင့် ဤကိစ္စကို ဆွေးနွေးနေသည်ကိုသာ အစ်မချန်းသိခဲ့ပါက၊ ကျွန်မက သူမကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်သည်ဟု သူမထင်သွားနိုင်သည်။ သူမစိတ်ဆိုးသွားပါက ကျွန်မကိုပြန်တိုက်ခိုက်ပြီး တာဝန်မှ အကြောင်းရှာပြီး ထုတ်ပစ်နိုင်သည်။ အထောင်ဆုံးသံချောင်းက ရိုက်ထည့်ခံရတတ်သည်ကို ကျွန်မသဘောပေါက်သည်။ အခြားတစ်ယောက်က ပြောသည်ကိုစောင့်ဖို့ ကျွန်မဆုံးဖြတ်ခဲ့သည်။
ထိုညနေက အစ်မချန်းလျစ်လျူရှုခဲ့ခြင်းများကို စဉ်းစားမိပြီး ကျွန်မ တော်တော်စိတ်သောကရောက်ခဲ့ရသော်လည်း၊ ထုတ်မပြောရဲခဲ့ပါ။ ကျွန်မ၏တာဝန်ကို ကျေပွန်အောင်မထမ်းဆောင်နိုင်ဘဲ ဖြစ်နေခဲ့သည်။ စိတ်မသက်မသာဖြစ်ပြီး ဘုရားသခင့်ရှေ့မှောက်ကို သွားပြီး ဆုတောင်းခဲ့သည်။ ဆုတောင်းပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ထဲက ဤအပိုဒ်ကို ဖတ်ခဲ့ပါသည်။ “တစ်ဦးတစ်ယောက်၏ လူ့သဘာဝတွင် အခြေခံအကျဆုံး နှင့် အရေးကြီးဆုံး အစိတ်အပိုင်းများမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ သို့မဟုတ် ဆိုးသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ဤအရာကို သေချာစွာ စိစစ်ကြစို့။ ဤလူသည် လူ့သဘာဝ မရှိဟု လူတို့ပြောဆိုသည်အထိ သူသည် ဖောက်ပြန်ပျက်စီးသော လူ့သဘာဝကို မည်သို့ ပြသနည်း။ ထိုသို့သော လူများသည် မည်သည့် ထူးခြားသော လက္ခဏာရပ်များ ပိုင်ဆိုင်ကြသနည်း။ ၎င်းတို့သည် မည်သည့် သရုပ်သကန်များ အတိအကျကို ပြကြသနည်း။ ထိုသို့သော လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။...၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရာတွင် ပြဿနာကို သိမြင်သောအခါ ဆိတ်ဆိတ်နေသော သူတို့ပင် ရှိကြသည်။ ၎င်းတို့သည် အခြားသောသူတို့က နှောင့်ယှက်ခြင်းများနှင့် အတားအဆီးများ ဖြစ်စေလျက်ရှိကြသည်ကို တွေ့မြင်သော်လည်း၊ ထိုသူတို့ကို တားဆီးရန် မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးတို့ကို အနည်းဆုံး ထည့်သွင်းစဉ်းစားခြင်း မရှိသည်သာမက ၎င်းတို့ကိုယ်တိုင်၏ ဝတ္တရားများနှင့် တာဝန်များနှင့် ပတ်သက်၍လည်း မစဉ်းစားကြချေ။ ၎င်းတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဝင့်ဝါမှု၊ သိက္ခာ၊ ရာထူး၊ အကျိုးများနှင့် ဂုဏ်သရေတို့အတွက်သာ ပြောဆို၊ လုပ်ဆောင်၊ ထင်ပေါ်၊ အားထုတ်ကြိုးပမ်းကာ အားအင်ကို အသုံးပြုကြသည်။...ဤလူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါသလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော ဤသို့ ပြုမူသည့် လူတစ်ဦးသည် မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားရသလော။ ဤလူစားမျိုး၏ အသိစိတ်သည် မည်သည့်ရည်ရွယ်ချက်ကိုမျှ မဖြည့်ဆည်းပေးသကဲ့သို့၊ မိမိကိုယ်ကိုယ် ပြစ်တင်မှုအား လုံးဝ မခံစားကြဖူးပေ။ သို့ဆိုလျှင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်မှု သို့မဟုတ် ဆုံးမပဲ့ပြင်မှုကို ၎င်းတို့ ခံစားနိုင်သလော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မနှလုံးသားကို တိုက်ရိုက်ထိမှန်သွားသည်။ ကျွန်မက ဘုရားသခင်ဖော်ထုတ်ခဲ့သည့် လူစားမျိုးသာ မဟုတ်ပါလား။ ကျွန်မမှာ အသိတရားနှင့် လူ့သဘာဝမရှိခဲ့ဘဲ၊ မိမိတာဝန်မှာ တာဝန်သိတတ်စိတ် မရှိခဲ့ပါ။ ကျွန်မ၏ ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်ဖို့ အေးစက်စက်နိုင်သည့် ဥပေက္ခာပြုသည့် စိတ်ကို ခံယူခဲ့သည်။ ဘုရားသခင်၏အလိုတော်ကို ထည့်မစဉ်းစားဘဲ၊ အသင်းတော်၏အလုပ်များကို ကျွန်မ မထိန်းသိမ်းခဲ့ပါ။ အစ်မချန်းက သူ့၏တာဝန်ကို အလေးအနက်မထားဘဲ ပေါ့ပေါ့တန်တန် လုပ်သည်ကို ကျွန်မကောင်းကောင်းသိခဲ့ပြီး သူမကြောင့် ကျွန်မတို့၏ ဧဝံဂေလိအလုပ်များ ထိခိုက်ခဲ့ရပြီးဖြစ်သည်။ မိတ်သဟာယမှာ ကျွန်မက ယင်းကိုထောက်ပြခဲ့သင့်သည်။ သို့ရာတွင် သူမက ကျွန်မကို ကိုယ့်ကိစ္စကိုယ်လုပ်ဟု ပြောမည်ကိုကြောက်ပြီး သူမ၏ပြဿနာများကို အပေါ်ယံသာ ပြောခဲ့သည်။ ထို့နောက်တွင် သူမက လုံးဝ ပြောင်းလဲမသွားပါ။ သူမ၏တာဝန်ကို ထိုကဲ့သို့လုပ်ခြင်း၏ အကျိုးဆက်နှင့် သဘာဝကို ခွဲခြမ်းလေ့လာဖို့ သူမကိုထပ်ပြောချင်ခဲ့သည်။ သို့ရာတွင် သူမစိတ်ဆိုးသွားမည်ကို၊ သူမက ကျွန်မကို အငြှိုးနှင့် အခက်တွေ့အောင်လုပ်ပြီး တာဝန်မှ အထုတ်ခံရမည်ကို ကြောက်ခဲ့သည်။ ကျွန်မမျက်ကွယ်ပြုပြီး လျစ်လျူရှုခဲ့သည်။ အသင်းခေါင်းဆောင်က သူမ၏တာဝန်ကို ခပ်ပေါ့ပေါ့လုပ်နေသည်ကို မြင်ရက်နှင့် ကျွန်မ၏မျက်နှာ၊ ဂုဏ်နှင့် အကျိုးစီးပွားကို ကာကွယ်ဖို့ ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားအတွက် မပြောရဲခဲ့ပါ။ ကျွန်မ၏အသိတရားက အဘယ်နည်း။ ဘေးအန္တရာယ်များက ပို၍ပို၍ဆိုးလာသည်။ ထို့ကြောင့် လမ်းအမှန်ကို လေ့လာစူးစမ်းသည့်လူများလည်း ပိုများလာမည် ဖြစ်သည်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ကယ်တင်ခြင်းကို လူများ လက်ခံအောင်လုပ်ဖို့က အရေးပေါ်ဦးစားပေးဖြစ်သည်။ သို့ရာတွင် ကျွန်မက ထိုတာဝန်ကို မကျေပွန်ခဲ့ပါ။ ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားကို မကာကွယ်ဘဲ ကျွန်မကိုယ်ကျွန်မသာ ကာကွယ်ချင်ခဲ့သည်။ ယင်းက ဘုရားသခင်၏အလိုတော်ကို အလေးမထားခြင်း ဖြစ်သည်။ ကျွန်မအလွန်အတ္တကြီးခဲ့သည်။ ထိုကဲ့သို့ တွေးမိသည့်အခါ၊ ကျွန်မဘုရားသခင်ကိုစိတ်ပျက်အောင်လုပ်မိပြီဟု ခံစားလိုက်ရသည်။ “ဒီအတိုင်းဆက်သွားလို့မဖြစ်ဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာမှဖြစ်မယ်” ဟု ကျွန်မတွေးမိသည်။ အစ်မချန်းကိစ္စကို မည်သို့ဖြေရှင်းနိုင်မည်ကို စဉ်းစားဖို့ အသင်းက ညီအစ်ကိုမောင်နှမ အချို့နှင့် ဆက်သွယ်ပြီးတိုင်ပင်ခဲ့သည်။ အားလုံးက သူမ၏တာဝန်ကို ခွဲဝေယူပြီး သူမနှင့်အလုပ်တွဲလုပ်ဖို့ တစ်ယောက်ယောက် လိုသည်ကို တညီတညွတ်တည်း သဘောတူကြသောကြောင့်၊ တစ်ယောက်နှင့်တစ်ယောက်စောင့်ကြည့်ပြီး ကူညီ၍ရတာပေါ့။
ထို့နေ့ နေ့လည်တွင်ပင် ကျွန်မအစ်မချန်းကို ဖုန်းခေါ်ပြီး ကျွန်မတို့ ဆွေးနွေးခဲ့သည့်အရာကို ပြောပြပြီး သူမ၏လတ်တလော စွမ်းဆောင်ရည်များနှင့် သူမကြောင့် ကျွန်မတို့၏ဧဝံဂေလိအလုပ်များကို ထိခိုက်ရခြင်းတို့ကို အသေးစိတ်ပြောပြခဲ့သည်။ အံ့သြစရာကောင်းသည်မှာ အစ်မချန်းက သူမ၏အပြုအမူအတွက် စိုးစဉ်မျှ နောင်တရခြင်း သံဝေဂရခြင်းမရှိဘဲ၊ ကျွန်မတို့၏အစီအစဉ်ကို ချက်ချင်း ငြင်းဆန်ခဲ့သည်။ သူမနှင့်မည်သူမျှ တွဲလုပ်စရာမလိုပါဟု ခေါင်းမာမာနှင့်ပြောနေဆဲ ဖြစ်သည်။ သူမ အမြင်မှန်မရသည်ကိုသိရသည့်အခါ၊ ကျွန်မ သူမနှင့် ဆက်ပြီး မိတ်သဟာယဖွဲ့ခဲ့သည်။ သို့ရာတွင် ကျွန်မပြော၍မဆုံးမီတွင်ပင် လုပ်စရာရှိသေးသည်ဟု ပြောကာ ဖုန်းချသွားသည်။ ကျွန်မက “အစ်မချန်းက ဂုဏ်သိက္ခာရှိသော်လည်း လက်တွေ့မလုပ်ဆောင်ဘဲနဲ့ တွဲဘက်လည်း မလိုချင်ဘူး။ အဲဒါက အနိုင်ကျင့်ဗိုလ်ကျတာဘဲ မဟုတ်ဘူးလား။ ဒီလိုသာဆက်သွားမယ်ဆိုရင်၊ ဘုရားသခင်အိမ်တော်ရဲ့ အလုပ်တွေ နှောင့်နှေးကြန့်ကြာတော့မယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး သူ့ကိုထောက်ပြပြောဆိုမှဖြစ်မယ်။” ဟု စဉ်းစားမိသည်။ နောက်သုံးရက် လေးရက်လောက် ကျွန်မက သူမကိုစာများပို့သော်လည်း၊ သူမကတစ်ခါမှ အကြောင်းမပြန်ခဲ့ပါ။ ဘုရားသခင့်အိမ်တော်၏အလုပ်များ နှောင့်နှေးကြန့်ကြာသည်ကို ကျွန်မဤအတိုင်း ကြည့်နေခဲ့မိသည်။ ဤအကြောင်းကို အသင်းတော်ခေါင်းဆောင်ကို အမြန်အကြောင်းကြားရမည်ဟု တွေးမိသည်၊ သို့ရာတွင် ထိုသို့ လုပ်ခါနီးဆဲဆဲတွင် ကျွန်မက ကြောက်စိတ်ဝင်လာပြန်သည်။ “ခေါင်းဆောင်ကို တိုင်တာက ငါဆိုတာကို အစ်မချန်းသိရင် ဘာဖြစ်မလဲ။ သူက စိတ်ဆိုးပြီးတော့ ငါ့ကိုတာဝန်ကထုတ်ပစ်ဖို့ အကြောင်းပြချက် တစ်ခုရှာလိုက်ရင် ငါဘယ်လိုလုပ်ရမလဲ။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက ငါ့ကို အစ်မချန်းကိစ္စပဲ တစ်ချိန်လုံးပြောနေတယ်၊ သူ့အပေါ်မှာ မမျှတဘူးလို့ပြောရင်ရော ဘယ်လိုလုပ်မလဲ။” ဟု တွေးမိသည်။ ကျွန်မအလွန်စိတ်ရှုပ်ခဲ့ရသည်။ ကျွန်မသာ မည်သည့်အရာမျှမပြောပါက၊ အသင်းတော်၏အလုပ်များ အလွဲလွဲအမှားမှားဖြစ်နေသည်ကို လက်ပိုက်ကြည့်နေသကဲ့သို့ ဖြစ်မည်။ သို့ရာတွင် ကျွန်မတစ်ခုခုပြောပါကလည်း၊ သူမက ကျွန်မကို စိတ်ဆိုးသွားနိုင်သည်။ ထိုအချိန်တွင် အစ်မတစ်ယောက်က ကျွန်မကို အခြားအသင်းကို ပြောင်းဖို့ စိတ်ဝင်စားခြင်း ရှိမရှိ လာမေးသည်။ ကျွန်မ “တခြားတာဝန်ကိုထမ်းဆောင်ရရင် တော်တော်ကောင်းလိမ့်မယ်။ အဲဒါဆို ငါ့အသင်းကိုလည်း ထားခဲ့လို့ရပြီ။ နေ့တိုင်း အပြစ်ရှိသလိုခံစားပြီးတော့ စိတ်မဆင်းရဲရတော့ဘူး။” ဟု တွေးမိသည်။ နောက်တော့ ကျွန်မ အတွေးများကို အသင်းက အခြားအစ်မတစ်ယောက်ကို ပြောပြခဲ့သည်။ သူမကနားထောင်ပြီး “အစ်မကကျွန်မတို့အသင်းရဲ့ စီနီယာအကျဆုံးနဲ့ အလုပ်နဲ့အရင်းနှီးဆုံးပါ။ အစ်မချန်းက ကျွန်မတို့အသင်းရဲ့ပြဿနာတွေကို လျစ်လျူရှုနေတဲ့အချိန်မှာ အသင်းကနေထွက်ဖို့ သင့်တော်တဲ့အချိန်လို့ အစ်မ တကယ်ထင်သလား။” ဟု ပြောသည်။ သူမက ထိုသို့ပြောသည့်အခါ၊ ကျွန်မ တော်တော် စိတ်မကောင်းဖြစ်သွားသည်။ ကျွန်မအသင်း၏ အလုပ်များကို အားလုံးထက် ပိုသိသည်ကိုလည်း ကျွန်မသဘောပေါက်သည်။ နောက်ပြီး ဘုရားသခင်အိမ်တော်၏ အလုပ်များ အနှောင့်အယှက်ဖြစ်နေသည်ကို ကျွန်မ ဤအတိုင်း ကြည့်နေခဲ့မိသည်။ ကျွန်မက မျက်ကွယ်ပြုရုံသာမကဘဲ ထွက်ပါပြေးချင်ခဲ့သည်။ ယင်းက ဘုရားသခင်အိမ်တော်၏အကျိုးကို ကာကွယ်ခြင်း မဟုတ်ပေ။ ကျွန်မ ဘုရားသခင်ရှေ့မှောက်မှာ ဆုတောင်းပြီး လမ်းပြပေးဖို့တောင်းဆိုခဲ့သည်။
ယင်းပြီး ကျွန်မဝတ်ပြုရင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက စာပိုဒ်အချို့ကိုဖတ်ခဲ့ပါသည်။ ဘုရားသခင်က ပြောသည်- “သင်သည် အပြုသဘောဆောင်သောဘက်မှ ဝင်ရောက်ရမည်၊ တက်ကြွပြီး မလှုပ်မယှက် မနေနှင့်။ မည်သူ့ကြောင့် သို့မဟုတ် မည်သည့်အရာကြောင့်မဆို၊ အခြေအနေများအားလုံး၌ သင်သည် တုန်လှုပ်ခြင်း မရှိရဘဲ၊ တစ်ဦးတစ်ယောက်၏ စကားလုံးများ၏ လွှမ်းမိုးခြင်းကိုလည်း မခံရပေ။ သင်၌ တည်ငြိမ်သော စိတ်သဘောထား ရှိရမည် ဖြစ်ပြီး၊ လူတို့ မည်သည့်အရာ ပြောစေကာမူ၊ သင်သည် သမ္မာတရား ဖြစ်သည်ဟု သင်သိသည့်အရာကို ချက်ချင်း လက်တွေ့ကျင့်သုံးရမည်။ သင်သည် မည်သူနှင့် ရင်ဆိုင်နေရစေကာမူ၊ သင့်အထဲတွင် အလုပ်လုပ်နေသည့် ငါ့နှုတ်ကပတ်တော်ကို အမြဲရှိနေရမည်။ သင်သည် ငါ့အတွက် သက်သေခံခြင်း၌ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး၊ ငါ၏ဝန်ထုပ်များအတွက် စာနာထောက်ထားမှုကို ပြသနိုင်ရမည်။ ကိုယ်ပိုင်အတွေးအခေါ်များ မရှိဘဲနှင့် လူတို့အား ကျိုးကြောင်းမမြင်ဘဲ သဘောတူလျက် စိတ်ရှုပ်ထွေးခြင်း မရှိရပေ။ ထို့ထက် သင်သည် ရပ်တည်ရန်နှင့် ငါ့ထံမှမလာသော ထိုအရာများကို ကန့်ကွက်ရန် သတ္တိရှိရမည်။ တစ်စုံတစ်ခု မှားနေသည်ကို ရှင်းလင်းစွာ သင်သိသော်လည်း နှုတ်ဆိတ်နေပါက၊ သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသော လူတစ်ယောက် မဟုတ်ပေ။ သင်သည် တစ်စုံတစ်ခု မှားနေသည်ကို သိသော်လည်း၊ အကြောင်းအရာကို လှည့်လိုက်ပြီး စာတန်၏ ပိတ်ဆို့ခြင်းကို ခံရလျက်၊ သင့ကို မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိဘဲ ပြောဆိုစေပြီး အဆုံးတိုင်အောင် မဆုတ်မနစ်လုံ့လထုတ်ခြင်း မရှိစေနိုင်ပါက၊ ဤသည်မှာ သင်သည် ကြောက်ရွံ့ခြင်းကို မိမိစိတ်နှလုံးထဲတွင် သယ်ဆောင်နေသေးသည် ဟူသည့်အဓိပ္ပာယ်ဖြစ်သည်။ သို့ဖြစ်၍ သင်၏စိတ်နှလုံးမှာ စာတန်၏ စိတ်ကူးများနှင့် ပြည့်နှက်နေသေးသည် ဟူသည့် အကြောင်းကိစ္စပင် ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂)) “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) မေးခွန်းများတစ်ခုပြီးတစ်ခု ဖတ်ပြီး ဘုရားသခင်ကကျွန်မရှေ့မှာရပ်နေကာ ကျွန်မကို ပြန်စဉ်းစားဖို့ပြောနေသကဲ့သို့ ဖြစ်သည်။ နှုတ်ကပတ်တော်တိုင်းက ကျွန်မကို လာထိနေသည်။ ကျွန်မ မိမိကိုယ်ကိုယ်လည်း “ငါဘုရားသခင်ရဲ့အမှုတော်ကို အလေးထားခဲ့သလား။ ဘုရားသခင်အတွက် ဖြောင့်မတ်မှုကို လက်တွေ့လုပ်ဆောင်ခဲ့လား။ သမ္မာတရားကိုရော စွဲစွဲမြဲမြဲနဲ့ လက်တွေ့လုပ်ဆောင်ခဲ့လား။” ဟု ပြန်မေးမိသည်။ အဖြေများကတော့ အားလုံး “မလုပ်ခဲ့ဘူး” ဟုသာ ဖြစ်သည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဤကဲ့သို့ အရေးကြီးသည့်တာဝန်ကို ထမ်းဆောင်ဖို့ မြှင့်တင်ခံခဲ့ရသည်ကို ကျွန်မအနေနှင့် တာဝန်ကျေပွန်ပြီး ညီအစ်ကိုမောင်နှမများနှင့်အတူတူ ယင်းကို ကောင်းစွာ လုပ်ဆောင်သင့်သည်။ အသင်းခေါင်းဆောင်က ပေါ့ပျက်ပျက်လုပ်၍ ဧဝံဂေလိအလုပ်များ နှောင့်နှေးရသည်ကို ခဏ ခဏတွေ့ခဲ့ရသည်။ သူက လက်တွေ့လုပ်ဆောင်မှုမရှိသည့် ခေါင်းဆောင်အတုအယောင် ဖြစ်သည်။ ကျွန်မအနေနှင့် ရင်ဆိုင်ပြီး သူမ၏အကြောင်းကို တိုင်ခဲ့သင့်သည်။ သို့ရာတွင် သူမစိတ်ဆိုးပြီး ကျွန်မတာဝန်မှ အထုတ်ခံရမည်ကို ကြောက်ခဲ့သည်။ သို့နှင့်ပင် ကျွန်မက လျစ်လျူရှုပြီး ဘုရားသခင် အိမ်တော်၏အလုပ်များကို သူမနှောင့်ယှက်ဖျက်ဆီးနေသည်ကို လက်ပိုက် ကြည့်နေခဲ့မိသည်။ ယင်းကို ကာကွယ်ဖို့အတွက် ကျွန်မ မရပ်တည်ခဲ့ပါ။ ကျွန်မအလွန် အတ္တကြီးပြီး ဆိုးယုတ်ခဲ့သည်။ ကျွန်မမှာ တရားမျှတမှုကို ချစ်မြတ်နိုးသည့်စိတ်နှင့် တာဝန်သိစိတ်မရှိခဲ့ပါ။ ကျွန်မ၏မျက်နှာနှင့် ဂုဏ်အဆင့်အတန်းကိုသာ တစ်ချိန်လုံး ကာကွယ်နေခဲ့သည်။ အစ်မချန်းကဲ့သို့ ဘုရားသခင့်အိမ်တော်၏ ဧဝံဂေလိအလုပ်များကို မည်သည့်အခါမျှ ဖျက်လိုဖျက်ဆီးလုပ်မည် မဟုတ်သော်လည်း၊ ကျွန်မတွေ့နေရသည့်ပြဿနာကို မျက်ကွယ်ပြုပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ပါ။ ဘုရားသခင်အိမ်တော်၏ အလုပ်များ ပျက်ဆီးနေသည်ကို ဤအတိုင်း လက်ပိုက်ကြည့်နေသည်က စာတန်၏ဘက်မှာ ရပ်တည်သည်မှာ မဟုတ်ပါလား။ ကျွန်မက သူခိုးကိုဓားရိုးကမ်းပြီး စာတန်၏အစေအပါးအဖြစ်လုပ်ဆောင်ဖို့ ထမင်းကျွေးသည့်လက်ကို ပြန်ကိုက်နေခြင်း မဟုတ်ပါလား။ ထိုကဲ့သို့ တွေးမိသည့်အခါ၊ ကျွန်မကိုယ်ကျွန်မ တကယ်မုန်းမိသည်။ ကျွန်မက အဘယ့်ကြောင့် အလွန်အတ္တကြီးပြီး လူသားဆန်မှုအလွန်ကင်းမဲ့ရတာလဲ။ ကျွန်မ ဤအတိုင်း ဆက်သွား၍မဖြစ်တော့သည်ကို သိခဲ့သည်။ ကျွန်မကိုယ်ကျွန်မသာ ကာကွယ်ဖို့အတွက် အမြဲတမ်း အခြားသူများ စိတ်ဆိုးမည်ကို ကြောက်နေ၍မဖြစ်ပါ။ ကျွန်မအနေနှင့် တရားမျှတမှုကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ ဘုရားသခင်ဘက်မှာ ရပ်တည်ပြီး သူ့အိမ်တော်၏ အကျိုးကို ကာကွယ်ရမည်။ ထိုအချိန်တွင် ကျွန်မ အစ်မချန်းအကြောင်းကို တိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။ ပြီးလျှင် ယုံကြည်သူအသစ်အချို့က ကောလာဟလများကြားပြီး အားနည်းကာ အနှုတ်သဘောဆောင်လာသည်ဟု အစ်မတစ်ယောက်က ကျွန်မကို ပြောသည်။ အစ်မချန်းက မည်သူနှင့်မျှ အချိန်မီမိတ်သဟာယဖွဲ့ဖို့ မစီစဉ်ဘဲ၊ သူတို့၏ပြဿနာများကို မဖြေရှင်းရသေးသောကြောင့်၊ သူတို့က အယူမှားပြီး ယုံကြည်မှုကို စွန့်လွှတ်တော့မည် ဖြစ်သည်။ “အဲဒါကိုကြားတော့ ကျွန်မကိုယ်ကျွန်မ ရွံရှာ မိတယ်။” ယင်းက ကျွန်မ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်သည်။ ထို့နောက်တွင် ကျွန်မတို့ အသင်းတော်ကအချို့က အသင်းတော်ခေါင်းဆောင်ကို အစ်မချန်း၏ ပြဿနာများအကြောင်းကို ပြောပြခဲ့သည်။ ခေါင်းဆောင်က ထိုနေ့တွင်ပင် စုံစမ်းလေ့လာပြီး သူမကိုထုတ်ပယ်ခဲ့သောကြောင့် ကျွန်မအံ့သြခဲ့ရသည်။ နောက်ကျတော့ ခေါင်းဆောင်က “သူကြောင့်နှောင့်နှေးကြန့်ကြာနေတာ ကြာလှပြီ။ ငါ့ကိုဘာလို့ဘာမှမပြောတာလဲ။” ဟု ကျွန်မကိုဆူသည်။ ယင်းကိုကြားသည့်အခါ ကျွန်မပိုနောင်တရပြီး အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက်တွင် သူမက သူမ၏တာဝန်မှာ တာဝန်သိတတ်စိတ်မရှိဘဲ၊ ဘုရားသခင်အိမ်တော်၏ အလုပ်များကို အမြဲတမ်း နှောင့်နှေးအောင် လုပ်နေသည်ကို ကျွန်မသိရက်နှင့် အဘယ့်ကြောင့်များ ယင်းကို တစ်ခါမျှ ဖော်ထုတ်ပြီး မတင်ပြခဲ့တာသည်ကို ကျွန်မက မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်သည်။ ကျွန်မ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရခြင်း၏ အဓိကအကြောင်းအရင်းက အဘယ်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဤသည်ကို ကျွန်မဖတ်ခဲ့ပါသည်။ “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ ဒုစရိုက်ကိုပြုသူအချို့ကို ၎င်းတို့ အဘယ်ကြောင့် မကောင်းမှုပြုကြသည်ကို သင်မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း၊ ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင် အကျိုးအတွက်သာ အသက်ရှင်သင့်ပြီး၊ အစားအစာနှင့် ကောင်းမွန်သော အဝတ်အစားအတွက် ရာထူးကောင်းတစ်နေရာ ရရှိရန် သူတို့ အရာရာကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်သည်ဟု အယောက်တိုင်းက ထင်မှတ်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရခြင်း၏ နောက်ကွယ်ကအကြောင်းက ကျွန်မမှာ စာတန်၏ ဘဝရှင်သန်ရေးအတွေးအခေါ်များဖြစ်သည့် “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ၊” “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ၊” “ပြဿနာနည်းလေ ပိုကောင်းလေ၊” “အထောင်ဆုံးသံချောင်းသည် ရိုက်ထည့်ခံရ၏။” တို့ကြောင့် ဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြသလိုက်သည်။ ယင်းတို့က အချိန် အတော်ကြာ ကျွန်မ၏အစိတ်အပိုင်း ဖြစ်လာသည်။ ကျွန်မ၏သဘာဝဖြစ်လာသည်။ ထိုအတွေးအခေါ်များနှင့်နေခဲ့သောကြောင့်၊ ကျွန်မကအတ္တကြီး၊ ကလိမ်ကကျစ်ကျပြီး မိမိတစ်ဖို့သာ သိသည့်သူဖြစ်လာသည်။ ပြဿနာတစ်ခုခုနှင့်ကြုံတွေ့လာပါက၊ မိမိအကျိုးစီးပွားကို ကာကွယ်ဖို့သာ ကျွန်မသိသည်။ ကျွန်မယုံကြည်သူဖြစ်မလာမီက အလုပ်နှင့် ပုံမှန်ဘဝမှာလည်း တစ်ယောက်ယောက်က ကျွန်မကို စိတ်ဆိုးသွားမည်ကိုကြောက်သည်နှင့် သူတို့အမှား တစ်ခုခုလုပ်ထားလျှင်ပင် ကျွန်မနှုတ်ဆိတ်နေလေ့ရှိသည်။ ယုံကြည်သူဖြစ်လာပြီးသည့်အထိကို ကျွန်မက စာတန်၏ထိုအတွေးအခေါ်များနှင့်သာ နေထိုင်နေခဲ့သည်။ ကျွန်မ၏တာဝန်ကို ထမ်းဆောင်ရာမှာလည်း ကိုယ်ကျိုးကို ကာကွယ်ဖို့သာ သိခဲ့သည်။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပါ။ အစ်မချန်းက ဥပမာတစ်ခုဖြစ်သည်။ သူမက လက်တွေ့မလုပ်ဆောင်သကဲ့သို့၊ ဝေဖန်အကြံပြုခြင်းကိုလည်း လက်မခံခဲ့ဘဲ၊ သူမကခေါင်းဆောင်ကောင်း မဟုတ်သည်ကို ကျွန်မတွေ့ခဲ့ရသည်။ ကျွန်မအနေနှင့် ဤအရာကို ချပြပြီး သူမအကြောင်းကို တင်ပြခဲ့သင့်သည်။ သို့ရာတွင် ကျွန်မ၏တင်ပြချက်က မည်သည့်အရာမျှဖြစ်မလာဘဲ တာဝန်မှ ထုတ်ပယ်ခံရမည်ကို ကြောက်ခဲ့သည်။ “အထောင်ဆုံးသံချောင်းသည် ရိုက်ထည့်ခံရ၏၊” တို့ “ပြဿနာနည်းလေ ပိုကောင်းလေ” တို့က ကျွန်မ၏ ဘဝအတွေးအခေါ်များ ဖြစ်ခဲ့သည်။ ကျွန်မက သူရဲဘောကြောင်သူ တစ်ယောက် ဖြစ်လေသည်။ တာဝန်မယူတတ်သည့်သူတစ်ယောက်က ဖျက်လိုဖျက်ဆီးလုပ်ခြင်းကို ကျွန်မက မည်သည့်အရာမျှမပြောရဲဘဲ လက်ပိုက်ကြည့်နေခဲ့မိသည်။ ကျွန်မအလွန်အတ္တကြီးပြီး လိမ်ညာတတ်သည့်သူတစ်ယောက်ဖြစ်ခဲ့သည်။ ကျွန်မ၏တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်အိမ်တော်၏အကျိုးကို ကာကွယ်ခြင်းက ကောင်းသည့်အလုပ်ဖြစ်ပြီး ဘုရားသခင်၏အလိုတော်နှင့်လည်း ကိုက်ညီသည်။ တစ်ယောက်ယောက်က ဘုရားသခင်အိမ်တော်၏ အလုပ်များကို ဖျက်လိုဖျက်ဆီးလုပ်လာသည့်အချိန်က ဘုရားသခင်ဘက်မှာ ရပ်တည်ပြီး သူ၏အကျိုးကိုကာကွယ်ရမည့် အချိန်ဖြစ်သည်။ ဘုရားသခင်က သူရွေးချယ်ထားသည့်သူများနှင့် ပတ်သက်ပြီး ဤအချက်ကို လိုအပ်သည်။ ဤသည်မှာ ကျွန်မ၏ တာဝန် ဝတ္တရားဖြစ်သည်။ သို့ရာတွင် ကျွန်မ၏အကျိုးစီးပွားကို ထိခိုက်မည်ကြောက်သောကြောင့်၊ ရဲရဲဝံ့ဝံ့ပြောဆိုရမည်ကို ကြောက်ခဲ့သောကြောင့် ဘုရားသခင်အိမ်တော်၏အလုပ်များအတွက် ရပ်တည်ဖို့ သတ္တိမရှိခဲ့ပါ။ ကျွန်မ၏တာဝန်နှင့် ဝတ္တရားကို ကျေပွန်အောင် မထမ်းဆောင်ခဲ့ပါ။ ကျွန်မက မည်ကဲ့သို့ ယုံကြည်သူမျိုး ဖြစ်သနည်း။ ကျွန်မက ရဲရဲဝံ့ဝံ့ပြောဆိုရမည့်အစား စာတန်နှင့် အပေးအယူလုပ်ပြီး နှုတ်ဆိတ်နေခဲ့သည်။ တာဝန်မယူတတ်သည့်သူက ဘုရားသခင့်အိမ်တော်၏အလုပ်များကို ဖျက်လိုဖျက်ဆီးလုပ်သည်ကို ကျွန်မ ခွင့်ပြုခဲ့သည်။ ကျွန်မ မရပ်တည်ရဲခဲ့ဘဲ သတ္တိလုံးဝမရှိခဲ့ပါ။ မည်သည့်ဂုဏ်သိက္ခာမျှ မရှိဘဲ နေထိုင်ခဲ့သည်။ သူက ဘုရားသခင်အိမ်တော်၏အလုပ်များကို ဖျက်လိုဖျက်ဆီးလုပ်နေသည်ကို ကျွန်မအရှင်းကြီးမြင်သော်လည်း၊ မျက်ကွယ်ပြုရုံတင်မကဘဲ၊ ထွက်ပြေးဖို့ပါ လုပ်ခဲ့သည်။ ယင်းက စာတန်ဘက်က ရပ်တည်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခြင်း မဟုတ်ပါလား။ ယင်းက ဘုရားသခင်ကို ပြစ်မှားမှုကြီးတစ်ခု ဖြစ်သည်။ သေချာပြန်တွေးကြည့်ပါက၊ ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘဲ အစ်မချန်းကို တိုင်လိုက်သောကြောင့်၊ ကျွန်မ၏တာဝန်ကို ဆုံးရှုံးရမည်ကို ကြောက်ခဲ့သည်။ သို့ရာတွင် တကယ်တမ်းကျတော့ ကျွန်မတို့ အစ်မချန်းကိုတိုင်လိုက်သည့်အခါ၊ သူမက ချက်ချင်း အထုတ်ခံလိုက်ရသည်။ ကျွန်မရှက်မိပြီး ယင်းက ဘုရားသခင်၏ အိမ်တော်မှာ ခရစ်တော်နှင့် သမ္မာတရားက အောင်နိုင်သည်ကို ကျွန်မကို ပြလိုက်ခြင်း ဖြစ်သည်။ ဘုရားသခင်အိမ်တော်၏အလုပ်များကို နှောင့်နှေးအောင်လုပ်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့် မည်သူမဆို ထိုနေရာမှာ အခြေချ၍မရပါ။ သူတို့ နောင်တမရပါက၊ တစ်ကွေ့ကွေ့မှာ ဖယ်ရှားရှင်းလင်းခံရမည် ဖြစ်သည်။ သို့ရာတွင် ကျွန်မက သမ္မာတရား၏ အခြေခံအယူအဆများကိုမကြည့်ခဲ့ဘဲ အာဏာနှင့် အဆင့်အတန်းများ၏ ထိန်းချုပ်ခြင်းကိုခံခဲ့ရသည်။ ဦးဆောင်သည့်သူကို ကျွန်မ၏အကြီးအကဲအဖြစ်မြင်ခဲ့ပြီး သူမကိုစိတ်ဆိုးအောင်လုပ်ပါက၊ ဘုရားသခင်အိမ်တော်မှာ ကျွန်မနေရာရမည်မဟုတ်ဟု ထင်ခဲ့သည်။ ဘုရားသခင်၏အိမ်တော်က အပြင်လောကကဲ့သို့ မှောင်မိုက်ပြီး မည်သည့်ညီမျှမှုနှင့် တရားမျှတမှုမျှ မရှိပါဟုထင်ခဲ့သည်။ ကျွန်မက ဘုရားသခင်ကို ပြစ်မှားစော်ကားနေခဲ့ခြင်း မဟုတ်ပါလား။ ဘုရားသခင်ကသာ ထိုကဲ့သို့ ပတ်ဝန်းကျင်ကို ဖန်တီးပြီး ကျွန်မကို မဖော်ထုတ်ခဲ့ပါက သူ့နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့မရှိခဲ့ပါက၊ စာတန်၏အတွေးအခေါ်များနှင့် နေထိုင်ခြင်း၏ ဆိုးရွားသည့်အကျိုးဆက်များ မည်သို့ဖြစ်လာမည်ကို ကျွန်မ သိမည် မဟုတ်သေးပါ။ ဤအရာမှ ယုံကြည်သူတစ်ယောက်အနေနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် နေထိုင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းခြင်းက ကျွန်မကို တကယ်ငြိမ်းချမ်းစေသည်ကို ကျွန်မတကယ် နားလည်လိုက်သည်။ ယင်းက ယုံကြည်သူတစ်ယောက်လုပ်သင့်သည့် ဖြောင့်မှန်သည့်အရာ တစ်ခုလည်းဖြစ်ပါသည်။ နောက်ပိုင်းတွင် ကျွန်မတို့တစ်သင်းလုံး ကြုံတွေ့ခဲ့ရသည့်အရာနှင့် ရရှိလိုက်သည့်အရာကို မိတ်သဟာယဖွဲ့ကြသည်။ အားလုံး အနည်းနှင့်အများ သင်ခန်းစာရကြသည်။ အထူးသဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဖြစ်ပါသည်။ တဖြည်းဖြည်းနှင့် ကျွန်မတို့ အသင်းတော်၏အလုပ်များလည်း ပိုပြီးမြောက်လာသည်။
ထို့နောက်တွင် ကျွန်မ တာဝန်မှာ အခြားအသင်းတော်က ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် အစ်မလျူနှင့် တစ်လကျော် ပူးပေါင်းလုပ်ဆောင်ပြီးသည့်နောက်မှာ သူမက မာနကြီးပြီး အာဏာပြချင်သည်ကို တွေ့ခဲ့ရသည်။ သူမက အခြားသူများ၏အကြံဉာဏ်များကိုလည်း လက်ခံလေ့မရှိဘဲ၊ သူမကြောင့် ဘုရားသခင်အိမ်တော်၏အလုပ်များ ဖျက်လိုဖျက်ဆီးဖြစ်ရပြီးဖြစ်သည်။ ဤတစ်ကြိမ်တွင် ကျွန်မအနေနှင့် အသင်းတော်ခေါင်းဆောင်ကို တိုင်ရမည်ကို ကျွန်မသိခဲ့သည်။ သို့ရာတွင် နောက်တော့ ကျွန်မက “ငါတို့အတူတွဲလုပ်တာမကြာသေးတော့ သူ့အကြောင်းကို ငါသေချာ မသိသေးဘူး။ ငါမှားနေရင်ဘယ်လိုလုပ်မလဲ။ သေချာလေ့လာကြည့်ပြီးလို့ သူ့မှာ ပြဿနာကြီးကြီးမားမားမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ခေါင်းဆောင်နဲ့ သူများတွေက ငါ့ကိုဘယ်လိုထင်ကြမလဲ။ ငါက ဇီဇာကြောင်တယ်လို့ထင်သွားမလား။ အစ်မလျူပြန်သိရင်ရော ငါ့ကို ဘယ်လိုထင်မလဲ။ ထားပါတော့။ ငါဘာမှမပြောသင့်ဘူး။” ဟု တွေးမိပြန်သည်။ ထိုကိစ္စကို မေ့ပစ်လိုက်မည်ဟု လုပ်ဆဲတွင် ကျွန်မတော်တော်လေး လိပ်ပြာမလုံဖြစ်မိသည်။ ယခင်ကလည်း ကျွန်မ အစ်မချန်းကို အချိန်မီမတိုင်ခဲ့သည့်အတွက် ဧဝံဂေလိအလုပ်များ အနှောင့်အယှက်ဖြစ်ခဲ့ရသည်ကို သွားသတိရသည်။ ထို့ကြောင့် ကျွန်မ အလွန်နောင်တရခဲ့ရသည်။ ကျွန်မ “အတ္တကြီးပြီးတော့ ဆိုးယုတ်တဲ့ပုံစံနဲ့ ငါဆက်နေလို့မဖြစ်ဘူး။ ဒီတစ်ခေါက်တော့ ငါနောင်တရလို့မဖြစ်ဘူး” ဟု တွေးမိသည်။ ထိုအချိန်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲက စာပိုဒ်တစ်ပိုဒ် ကျွန်မစိတ်ထဲပေါ်လာသည်။ “သင်တို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့် သင်တို့ အသီးသီးအတွက်၊ သမ္မာတရားကို သင် မည်သို့ နက်နက်နဲနဲ နားလည်ပါစေ၊ သမ္မာတရား လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်လိုလျှင်၊ လက်တွေ့လုပ်ဆောင်ဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ သင်တို့ လုပ်ဆောင်သမျှတိုင်းတွင် ဘုရားသခင့် အိမ်တော်၏ အကျိုးများကို တွေးဖို့ရန်နှင့် သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ သင်၏ တစ်ဦးချင်း အကြံ၊ ကြံရွယ်ချက်များ၊ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးများကို ဦးစားပေးလော့- ဤသည်မှာ သင် အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားသခင့် အိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ကိုယ်ပိုင်အကျိုးများ နှင့် သူ၏ အမှုတော်တို့ကို စဉ်းစားသင့်ပြီး၊ ဤအရာများကို ဦးစွာပထမ ထည့်သွင်းစဉ်းစားသင့်၏။ ထို့နောက်တွင်မှ၊ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ မြင်သည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကိုပြလိုက်သည်။ ယင်းမှာ ကိုယ်ကျိုးအတွက် မစဉ်းစားဘဲ၊ ဘုရားသခင့်အိမ်တော်၏အကျိုးကို ရှေ့တန်းတင်ရမည်ဖြစ်သည်။ အခြားသူများ မည်သို့ထင်မည်ကို ဂရုစိုက်မနေဘဲ၊ ဘုရားသခင်အိမ်တော်၏အလုပ်များအတွက် အကောင်းဆုံးဖြစ်မည့် အရာကိုသာ လုပ်သင့်သည်။ ကျွန်မတို့သိသည်မှာ မကြာသေးဘဲ၊ သူမအကြောင်းကိုလည်း သေချာမသိသေးပါ။ သို့ရာတွင် သူမ၏အပြုအမူများက ဘုရားသခင်အိမ်တော်၏ အလုပ်များအပေါ် အနှောင့်အယှက်ဖြစ်သည်ကို ကျွန်မတွေ့ခဲ့ရပြီးဖြစ်သည်။ ကျွန်မတွေ့ရသည့်အရာကို ပြောပြပြီး ကျွန်မ၏စိတ်ဓာတ်ကိုပြင်ဆင်ပြီး တာဝန်နှင့် ဝတ္တရားကိုကျေပွန်အောင် ထမ်းဆောင်သင့်သည်ကို ကျွန်မသိခဲ့သည်။ နောက်ပိုင်းတွင် အစ်မလု၏ပြဿနာများကို ခေါင်းဆောင်နှင့်တိုင်ခဲ့ပြီး ယင်းကိုစုံစမ်းပြီးသည့်နောက်တွင် သူမကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ပယ်ခဲ့သည်။ ထိုအကြောင်းကိုကြားရသည့်အခါ ကျွန်မစိတ်လုံခြုံပြီး ပေါ့ပါးသွားသည်။ ဘုရားသခင်အိမ်တော်၏အကျိုးကို ထိန်းသိမ်းလိုက်နိုင်သည်ဟု ခံစားရသည်။ တစ်ခုတည်းသော အဓိပ္ပာယ်ရှိသည့်နေထိုင်နည်းက ဘုရားသခင်၏နှုတ်ကပတ်တော်များအတိုင်း နေထိုင်ခြင်းဖြစ်သည်ကိုလည်း ကျွန်မတကယ်တွေ့ကြုံလိုက်ရသည်။