မေးခွန်း (၁) ဒါပေမယ့်လည်း ကျမ်းစာထဲမှာ အာဏာပိုင်မင်းတွေရဲ့ အုပ်စိုးခြင်းကို နာခံရမယ်လို့ ရှင်ပေါလုက ပြောထားတယ်လေ ရှင်ပေါလုပြောတဲ့အတိုင်းကျွန်တော်တို့လိုက်လျှောက်မယ်ဆိုရင် လက်ရှိအစိုးရရဲ့ပြောစကားတွေကို အမြဲနားထောင်ရတော့မှာပေါ့ ဒါပေမယ့် ဘုရားမဲ့တရုတ်ကွန်မြူနစ်ပါတီက ဘာသာတရားကိုင်းရှိုင်းတဲ့သူတွေကို ဖမ်းဆီးနှိပ်စက်ပြီး ဘုရားသခင်ရဲ့ရန်သူတစ်ယောက်လို အမြဲပြုမူနေတာလေ ကျွန်တော်တို့ သခင့်ကို ယုံကြည်မှုကို ပိတ်ပင်ရုံတင်မကဘူး .. ဘုရားသခင်ရဲ့သတင်းကောင်းတရားကို ဝေမျှနေတဲ့သူတွေကိုပါ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေတာ ကျွန်တော်တို့တွေ ဒါကို လိုက်နာကြပြီး ဘုရားသခင်ကို မယုံကြည်ကြဘူး ..သူ့ရဲ့သတင်းကောင်းတရား ကို မဝေမျှတော့ဘူးဆိုရင် ကျွန်တော်တို့ သခင့်ကို ဆန့်ကျင်သစ္စာဖောက်နေပြီး စာတန်ဘက်လိုက်သွားရာကျမနေဘူးလား ဒါဆိုကျွန်တော်တို့တွေက ပျက်စီးမှုဆီ ဦးတည်နေတဲ့သူတွေလို ဖြစ်လာမနေဘူးလား .. ကျွန်တော်တော့ တကယ်နားမလည်ဘူး အစိုးရရဲ့အုပ်စိုးမှုကို ဘယ်လိုသဘောထားရမလဲ ဆိုတာနဲ့ ပတ်သက်လာရင် ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ကျွန်တော်တို့ ဘာတွေလုပ်ရမှာလဲ ..

အဖြေ- ကျမ်းစာထဲမှာ ရှင်ပေါလုက အုပ်စိုးတဲ့ မင်းကိုဝန်ခံရမယ်လို့ ပြောထားတယ် .. သူက အခုလိုပြောထားတယ် “အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။ ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။” (ရောမဩဝါဒစာ ၁၃:၁-၂) ရှင်ပေါလုရဲ့စကားကြောင့် လူတော်တော်များများက အုပ်စိုးနေတဲ့မင်းအစိုးရဟာ ဘုရားသခင် ခန့်အပ်ထားတာလို့ ထင်နေကြတယ် ဒါကြောင့် အစိုးရတဲ့မင်းအာဏာစက်ကိုနာခံတာဟာ ဘုရားကိုဝန်ခံတာလို့ ယူဆလာကြတယ် တချို့တွေဆိုရင် အစိုးရက ဘုရားသခင်ကို ယုံကြည်ခြင်းကနေ လူတွေကို ဘယ်လိုပဲတားဆီးပါလေ့စေ သူတို့ နာခံသင့်တယ်လို့ ထင်တောင်ထင်ကြတယ် အစိုးရကိုဆန့်ကျင်တာဟာ ဘုရားကိုဆန့်ကျင်တာပဲလို့ သူတို့ကပြောသေးတယ် အဲ့ဒီအမြင်က တကယ်ရောမှန်ရဲ့လား .. သူတို့တွေဟာ ဘုရားရဲ့အလိုတော်နဲ့ေကာ ကိုက်ညီရဲ့လား ဒါဆိုကျွန်တော်တို့တွေ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုတွေးကြည့်လို့ရမလဲ တကယ်တော့ ပညတ်တော်ခေတ်ကနေ ကျေးဇူးတော်ခေတ်အထိ လူသားတွေအနေနဲ့ အုပ်ချုပ်တဲ့မင်းအစိုးရကိုဝန်ခံရမယ်လို့ ဘုရားသခင်က တခါမှမပြောခဲ့ဘူး ဥပမာအနေနဲ့ ပညတ်တော်ခေတ်ကိုကြည့်ရအောင် ဣသရေလတွေရဲ့ရန်သူဖြစ်တဲ့ အီဂျစ်ရဲ့ဖာရောဘုရင်ဟာ အုပ်စိုးတဲ့သူ ပဲမဟုတ်လား ဘုရားသခင်က သူ့ကို ဘယ်လိုစီရင်ခဲ့သလဲ ဣသရေလတွေ အီဂျစ်ပြည်ကနေ ထွက်ခွာရာမှာ သူက တားဆီးခဲ့တယ် ပြီးတော့ ဘုရားသခင်က သူ့ဆီကို ကပ်ဘေးဆိုးတွေ စေလွှတ်ခဲ့တယ် သူသာဣသရေလတွေကို ထွက်ခွာခွင့်မပေးခဲ့ရင် ဘုရားသခင်က သူ့ကိုဖျက်ဆီးပစ်မှာ အီဂျစ်စစ်တပ်တွေ ဣသရေလလူတွေနောက်ကိုလိုက်တော့ ပင်လယ်နီ နှစ်ခြမ်းကွဲသွားတယ်လေ အဲ့ဒီနောက် ဣသရေလတွေနောက်လိုက်တဲ့ အီဂျစ်စစ်သားတွေ ပင်လယ်ရေတွေထဲနစ်ပြီး ဖျက်ဆီးခြင်းခံခဲ့ရတယ် ပညတ်တော်ခေတ်မှာ ဘုရားသခင်ကိုဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့ မင်းတွေ အားလုံးနောက်ဆုံးမှာ ဖျက်ဆီးခြင်းခံကြရတာပဲ အခု ကျေးဇူးတော်ခေတ်ကိုကြည့်ရအောင် သခင်ယေရှုဟာ ဘာလို့ ဗိမ္မာန်တော်ကိုသွားပြီး တရားမဟောတာလဲ သခင်ယေရှုဟာ ဘာဖြစ်လို့ တောထဲမှာ သာမန်လူတွေကြားထဲ တရားဟောတာလဲ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်တဲ့သူတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ဘုရားသခင်ကို ဆန့်ကျင်ကြလို့ပဲ သူတို့တွေအားလုံးက သခင့်ကိုသူတို့ရဲ့ရန်သူအဖြစ် မှတ်ယူထားကြတာ အဲ့ဒါကြောင့်ပဲ သခင်ယေရှုဟာ တောထဲမှာနဲ့ သာမန်လူတွေရဲ့ကြားမှာပဲ တရားဟောတာပေါ့ သခင်ယေရှုရဲ့တပည့်တော်တွေဟာ မင်းအစိုးရကိုသာဝန်ခံတယ်ဆိုရင် သူ့နောက်တော်ကိုဆက်ပြီးလိုက်ပါ့မလား ကိုယ်တော့်ချီးမွမ်းခြင်းကို ဆက်ပြီးခံယူကြရပါ့မလား ဒီအချက်တွေအရ သခင့်ကိုစစ်မှန်စွာ ယုံကြည်တဲ့သူတွေဟာ ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ တရုတ်ကွန်မြူနစ်ပါတီအပေါ်မှာ ဘယ်လိုတုံ့ပြန်ဆက်ဆံရမလဲဆိုတာ ပြောနိုင်ရမယ် တစ်စုံတစ်ယောက်က နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်လာတယ် .. ဒါပေမယ့် အခုအစိုးရကို ဘုရားသခင်ရဲ့ရန်သူလို့ မမြင်နိုင်ဘူးဆိုရင် အဲ့ဒီလူကသမ္မာကျမ်းစာကိုတကယ်ပဲနားလည်တာဟုတ်ပါ့မလား ..သခင့်ကိုရော တကယ်ပဲသိရဲ့လား လူတော်တော်များများက ကွဲကွဲပြားပြားမသိကြဘူး .. သူတို့တွေက ဒီအရာကို ကျော်ပြီးမမြင်နိုင်ကြဘူး ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေကကျမ်းစာထဲက ရှင်ပေါလုရဲ့စကားတွေကို ဖတ်ရှုပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတာ တချို့တွေဆိုရင် အစိုးရတဲ့မင်းကို နာခံတာဟာ သခင့်ကို နာခံတာပဲ လို့တောင် ထင်နေကြတာ ပြီးတော့ အစိုးရကိုတော်လှန်တဲ့ သူတွေကို ဘုရားသခင်ရဲ့အမိန့်အာဏာကို ဖီဆန်တာပဲဆိုပြီး အပြစ်ပေးဖို့တောင်းဆိုတာတွေလည်းရှိသေးတယ် ဒီအတွေးအခေါ်က တကယ်ပဲမှားနေတာလား .. ပြောပြပါဦး ဒါကအတော်ကိုစိုးရိမ်ရတဲ့ နားလည်မှုလွဲမှားခြင်းနဲ့ ဘုရားသခင်ကို ဆန့်ကျင်ခြင်းပဲ ဒါဟာ လူတွေကိုလမ်းမှားစေပြီး ပျက်စီးမှုဆီကိုဦးတည်စေတဲ့အမြင်ပဲ ကျွန်တော်တို့အားလုံးသိတဲ့အတိုင်း တရုတ်ကွန်မြူနစ်ပါတီက ဘုရားမဲ့ဝါဒပါတီ တစ်ခုပဲ စီစီပီက ဘုရားမဲ့ဝါဒပါတီတစ်ခုလေ .. ဘုရားမဲ့ဝါဒီတွေ အာဏာရနေတာဟာ စာတန် တန်ခိုးအာဏာရနေတယ်ဆိုတဲ့သဘောပဲလေ တရုတ်ကွန်မြူနစ်ပါတီက ဘုရားသခင်ကို ရန်သူအဖြစ်မြင်နေတယ် .. ခရစ်တော်ပေါ်လာပြီး အမှုတော်ဆောင်ရွက်တာကို သိသိချင်း သူတို့တွေက တပ်ဖဲွ့တွေစေလွှတ်ပြီး ခရစ်တော်ရဲ့အမှုတော်တွေကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်လို့မပြီးမချင်း အဲ့ဒီတပ်တွေကို ပြန်ရုပ်သိမ်းမှာမဟုတ်ဘူး သူတို့တွေက ခရစ်တော်ကို ကားစင်မတင်ရသေးမချင်း ရပ်နားမှာမဟုတ်ဘူး တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာပြီးကတည်းက သူတို့တွေဟာ ဘုရားသခင်ကို လူသိရှင်ကြား ငြင်းပယ်ထားကြပြီး ဝေဖန်ရှုတ်ချ၊ ပြစ်တင်ပြောဆိုနေခဲ့ကြတာ သူတို့တွေက ခရစ်ယာန်ဘာသာကို မကောင်းတဲ့အယူဝါဒလို့ ကင်ပွန်းတပ်ကြတယ် .. ပြီးတော့ ကျမ်းစာကိုလည်း ယုတ်ညံ့တဲ့စာအုပ်ဆိုပြီး လိုက်လံသိမ်းဆည်းမီးရှို့ပစ်ကြတယ် ဘာသာရေးအစုအဖွဲ့တွေကိုလည်း အယူသည်းတဲ့ အဖွဲ့အစည်းတွေလို့ ကြေညာလိုက်ကြပြီး ဖိနှိပ် ညှဉ်းပန်းနှိပ်စက်ကြတယ် အထူးသဖြင့်တော့ စစ်မှန်တဲ့ဘုရားသခင်ကို ကိုးကွယ်ပြီး အဲ့ဒီဘုရားကို သက်သေခံတဲ့ ခရစ်ယာန်တွေဆိုရင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက တယူသန်စွာနဲ့ သူတို့တွေကို ဖိနှိပ်ပြီး ဖမ်းဆီးညှဉ်းပန်း နှိပ်စက်ကြပြန်တယ် သူတို့က လူမဆန်စွာနှိပ်စက်တယ် ရက်စက်ကြမ်းကြုတ်စွာနဲ့ အနာတရဖြစ်ကျန်အောင်လုပ်ကြတယ် တကယ်ကိုအကြင်နာတရားကင်းမဲ့တာ.. အကြောင်းမဲ့ကို သတ်ဖြတ်နေတာ

နတ်ဆိုး တရုတ်ကွန်မြူနစ်ပါတီက ကောင်းကင်ဘုံနဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို ဆန့်ကျင်နေကြတာ ဘုရားသခင်ကိုဖီဆန်တဲ့ မကောင်းတဲ့အပြုအမူတွေမရေမတွက်နိုင်အောင် ရှိနေပြီး သူ့ရဲ့အပြစ်တွေကလည်း အများကြီးပဲ ဒီအချက်တွေကိုကြည့်ရင် တရုတ်ကွန်မြူနစ်ပါတီဟာ ဆိုးယုတ်တဲ့ စာတန်အင်အားစုတစ်ခု၊ ဘုရားသခင်ရဲ့ ရန်သူဖြစ်တယ်ဆိုတဲ့အကြောင်းကို သက်သေပြဖို့ လုံလောက်တယ် စစ်မှန်တဲ့ဘုရားသခင်ကိုအရမ်းယုံကြည်တဲ့ ယုံကြည်သူတွေကို သူတို့က ဘာလို့မုန်းတီးနှိပ်စက်နေတာလဲ ဘယ်လို ရည်ရွယ်ချက်တွေရှိလို့လဲ တရုတ်ပြည်က လူတွေအားလုံး ဘုရားသခင်ကို စတင်ယုံကြည်ပြီး နောက်တော်လိုက်ကြမှာကို သူတို့ကစိုးရိမ်နေတာ လူတွေသမ္မာတရားကိုလိုက်စားပြီး ကယ်တင်ခြင်းရသွားမှာကို သူတို့ကကြောက်နေကြတာ သူတို့ စေခိုင်းစရာလူတွေ၊ သူတို့ကို အစေခံမယ့်သူတွေ မရှိတော့မှာကိုတရုပ်ကွန်မြူနစ်ပါတီက စိုးရိမ်နေကြတာ အဲ့ဒါကြောင့် မကောင်းဆိုးဝါး အစိုးရက ခရစ်ယာန်တွေကိုညှဥ်းပန်းနှိပ်စက်ဖို့ ဘယ်နည်းကိုမဆိုအသုံးပြုနေကြတာ။ တရုတ်ကွန်မြူနစ်ပါတီက ဘုရားသခင်ရဲ့အမှုတော်တွေကိုတားဆီးပြီး ခရစ်ယာန်ဘာသာကိုလည်းတားဆီးနေတာ .. ပြီးတော့တရုတ်ပြည်ကို ဘုရားမဲ့နယ်မြေအဖြစ်ပြောင်းပစ်ချင်နေတာ အဲ့ဒါမှသူတို့က တရုတ်ပြည်ရဲ့အာဏာရှင်တွေအဖြစ် နောက်မျိုးဆက် ထောင်နဲ့ချီပြီး အုပ်စိုးနေနိုင်ကြမှာကိုး ဒီလောက်ဆို တရုတ်ကွန်မြူနစ်ပါတီအစိုးရဟာ အမှန်တရားနဲ့ ဘုရားသခင်ကို မုန်းပြီး အုပ်စိုးနေတဲ့ မကောင်းဆိုးဝါးစာတန်မင်းအစိုးရလို့ဖော်ပြတာ လုံလောက်ပြီထင်ပါတယ် သူတို့ဟာ ဘုရားသခင်ကို အန်တုနေတဲ့ နတ်ဆိုးအဖွဲ့အစည်းတစ်ခုပဲ တရုတ်ကွန်မြူနစ်ပါတီရဲ့ အုပ်စိုးမှုဟာ စာတန်အုပ်စိုးမှုပါပဲ

တရုတ်ကွန်မြူနစ်ပါတီ အုပ်စိုးခဲ့တဲ့ ဒီနှစ်တွေအတွင်း သူတို့က ဘုရားသခင်ကို ဆန့်ကျင်ပြီး ဘုရားရွေးချယ် ထားတဲ့ သူတွေကိုလည်း ညှဥ်းပန်းနှိပ်စက်ကြတယ် .. သူတို့တွေကအပြစ်တွေ တစ်သီတစ်တန်းကြီး ကျူးလွန်ကြတာမဟုတ်လား စီစီပီအစိုးရက မရေမတွက်နိုင်ေတာ့တဲ့အထိ ခရစ်ယာန်တွေကို နည်းလမ်းမျိုးစုံသုံးပြီး သေကြေအနာတရဖြစ်အောင်လုပ်နေတာ ခရစ်ယာန်အိမ်ထောင်စု အမြောက်အများကိုလည်း ဘေးဒုက္ခတွေ ရောက်စေခဲ့တာမဟုတ်လား ဒါတွေကို ထောက်ကြည့်ရင် တရုတ်ကွန်မြူနစ်ပါတီအစိုးရဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး မကောင်းဆိုးဝါး စာတန်အစိုးရပဲ ဘုရားသခင်ကိုဆန့်ကျင်ဘက်ပြုနေတဲ့ နတ်ဆိုးအုပ်စုပဲ ဒါ့ကြောင့်ကျွန်တော်တို့တွေ သူတို့ကိုငြင်းပယ်ပြီး သူတို့ကိုကျောခိုင်းကြမယ် ဒါဟာ ဘုရားသခင် အလိုတော်နဲ့အညီ လုပ်ဆောင်နေတာ ပဲမဟုတ်လား တကယ်တော့ သခင်ယေရှုကကျွန်တော်တို့ကို ဟိုးတုန်းကတည်းက ဖွင့်ပြခဲ့ပြီးပါပြီ “ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။(ရှင်လုကာခရစ်ဝင် ၁၁:၂၉)အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။(ရှင်ယောဟန်ခရစ်ဝင် ၃:၁၉)လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်(ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၅:၁၉) လို့လည်း ကျမ်းစာမှာဖော်ပြထားသေးတယ်။ သခင်ယေရှုက ဒီကိစ္စရဲ့နက်နဲမှုကိုသိရှိပြီး ဒီလောကရဲ့ဆိုးညစ်တဲ့အမှောင်ထု အခြေအနေကို ထုတ်ဖော်ပြသခဲ့တာ လူသားအားလုံးဟာ စာတန်ရဲ့လွှမ်းမိုးမှုအောက်မှာ အသက်ရှင်နေကြရတာ ဘုရားအတွက် ပြီးတော့သမ္မာတရားအတွက် နေရာမပေးနိုင်ကြဘူး ဘာသာရေးကိုင်းရှိုင်းတဲ့အသိုင်းအဝိုင်းမှာ ဘုရားသခင်လူ့ဇာတိကိုခံယူတယ်ဆိုတဲ့ သက်သေခံမှုကို ဘယ်သူမှလူသိရှင်ကြားမလုပ်ရဲကြဘူး နောက်ပြီး ခရစ်တော်ဖော်ပြခဲ့တဲ့ သမ္မာတရားကို ဘုရားကျောင်းမှာ ဒါမှမဟုတ် လူထုကြားမှာ ဖော်ပြသက်သေခံရဲတဲ့သူလည်း တစ်ယောက်မှမရှိဘူး တကယ်လို့ ဂိုဏ်းဂဏတစ်ခုခုက တစ်စုံတစ်ယောက်က ခရစ်တော်လူ့ဇာတိခံယူတဲ့အကြောင်းကိုသက်သေခံခဲ့ရင် အပြစ်တင်ခံရပြီး အသင်းတော်ကနေနှင်ထုတ်ခံရမယ်။ ဒါမှမဟုတ်အစိုးရဆီ အပ်နှံတာခံရနိုင်တယ် ဒီ လူ့သဘာဝက အဆိုးဆုံးမဟုတ်ဘူးလား။ ကမ္ဘာ့ရဲ့နေရာတိုင်းမှာ ဘုရားသခင်ကိုငြင်းပယ်တဲ့အသံတွေနဲ့ ပြည့်နှက်နေတယ် ပြီးတော့ ခရစ်တော်ကိုပြစ်ဒဏ်ခတ်တယ် .. အမှန်တရားကိုငြင်းပယ်နေကြတယ် ဒါကဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ကို ဆန့်ကျင်နေတဲ့ ဆိုးယုတ်တဲ့စာတန်ရဲ့အင်အားတွေ ဒီကမ္ဘာကို အုပ်စိုးနေကြလို့ပဲ .. လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀ကာလကို ပြန်စဉ်းစားကြည့်ပါ လူ့ဇာတိခံယူတဲ့သခင်ယေရှုမွေးဖွားလာတဲ့အခါ ရောမအစိုးရက သူ့ကို လိုက်လံဖမ်းဆီးခဲ့တယ် သခင်ယေရှုက ဟောပြောတာတွေနဲ့သူ့ရဲ့အမှုတော်တွေကိုဆောင်ရွက်နေတုန်း ဂျူးခေါင်းဆောင်တွေနဲ့ ရောမအစိုးရအရာရှိတွေပူးပေါင်းပြီး သခင်ယေရှုကို ကားတိုင်ပေါ်မှာတင်ပြီးသတ်ခဲ့ကြတယ် သခင်ယေရှုရဲ့သတင်း ကောင်း တရုတ်ပြည်ကို ရောက်လာတဲ့အခါမှာလည်း တရုတ်အစိုးရရဲ့ တယူသန်ရှုတ်ချမှု၊ ဆန့်ကျင်ခြင်းတွေနဲ့ ကြုံတွေ့ခဲ့ရတယ် သာသနာပြုပေါင်း ဘယ်လောက်တောင် ညှဥ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသလဲဆိုတာ ကျွန်တော်တို့ သိတောင်မသိတော့ဘူး ဒီ အစိုးရ အာဏာရလာပြီး ကတည်းက ဖမ်းဆီး သတ်ဖြတ် ခံခဲ့ရတဲ့ ခရစ်ယာန်ပေါင်းဆိုတာ ရေတွက်ဖို့တောင်ခက်နေပြီ ဒါတွေအားလုံးက ဘာကို သက်သေပြနေတာလဲ တရုတ်ကွန်မြူနစ်ပါတီက ဘာလို့ ခရစ်ယာန်တွေကို အရမ်းမုန်းတီးနေရတာလဲ သမိုင်းတလျှောက်မှာလဲ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ခရစ်ယာန်တွေ အများကြီးပဲ လူသားတွေက ဘာဖြစ်လို့ သမ္မာတရားကိုအမြဲ ငြင်းပယ်ပြီး ရှုတ်ချ နေကြတာလဲ ဘုရားသခင်ရဲ့အလိုတော်ကို ကမ္ဘာပေါ်မှာရှိတဲ့တိုင်းနိုင်ငံတွေအားလုံးဆီ ဘာဖြစ်လို့မသယ်ဆောင်နိုင်ကြတာလဲ အကြောင်းကတော့ စာတန်ကလူသားမျိုးနွယ်တွေကို ထိန်းချုပ်ထားလို့ပါပဲ ကမ္ဘာလောကကြီးတစ်ခုလုံးက စာတန်အုပ်စိုးမှုအောက်မှာရှိနေလို့ပဲ ကမ္ဘာမြေကြီးကို စာတန်ရဲ့ ဆိုးယုတ်တဲ့အင်အားစုတွေက အုပ်ချုပ်နေလို့ပဲ ပြီးတော့ ဘုရားမဲ့ဝါဒီအစိုးရက ဘုရားသခင်ကိုဆန့်ကျင်အံတုနေတာပဲလေ တရုတ်ကွန်မြူနစ်ပါတီ အစိုးရဟာ စာတန်ရဲ့ ဆိုးယုတ်တဲ့အင်အားစုရဲ့ ပုံသက်သေပဲ ဒါဟာ လူသားတွေရဲ့အထဲမှာ ဆိုးယုတ်မှုနဲ့အမှောင်ထုတွေဖုံးလွှမ်းနေတယ်ဆိုတဲ့ အကြောင်းအရင်းပါပဲ ဒါဟာ အများလက်ခံထားတဲ့အချက်ပဲမဟုတ်လား တစ်ချို့တွေကတော့ “အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ” ဆိုတဲ့ ရှင်ပေါလုရဲ့စကားတွေကို လိုက်နာနေကြတုန်းပါပဲ သူတို့တွေက မင်းအာဏာကိုနာခံတာဟာ ဘုရားသခင်ကိုနာခံတာပဲလို့ ထင်နေကြတယ် ဒါဆို ကျွန်တော်မေးမယ် .. ဆိုးယုတ်တဲ့ ဒီ အစိုးရက ကျွန်တော်တို့ ဘုရားသခင်ကို ယုံကြည် ကိုးကွယ်နေတာကို တားမြစ် ပိတ်ပင်နေတာ တွေအတွက် ကျွန်တော်တို့တွေက သူတို့လိုပဲနာခံကြမလား တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို ဖမ်းဆီးနှိပ်စက်တယ် .. ကျွန်တော်တို့ကို အရှုံးပေး အညံ့ခံကြောင်း ကြေညာလက်မှတ်ထိုးခိုင်းတယ် ဘုရားသခင်ကိုငြင်းပယ်ခိုင်းတယ် .. စွန့်ပစ်ခိုင်းတယ် .. သစ္စာဖောက်ခိုင်းတယ် ပြီးတော့ ဘုရားသခင်ကို ကျိန်ဆဲ၊ နာမတော်ကို စော်ကားပြီး ပြောဆိုဖို့ တောင် အတင်းအကြပ် ခိုင်းစေတယ် ဒီအလုပ်တွေအားလုံးကိုလုပ်ခိုင်းတဲ့မင်းအစိုးရကို ကျွန်တော်တို့တွေနာခံလို့ရပါ့မလား တရုတ်ကွန်မြူနစ်ပါတီက ကျွန်တော်တို့ကို ဧဝံဂေလိလုပ်တာတွေ၊ သက်သေခံတာတွေမလုပ်ဖို့ ပိတ်ပင်ထားတယ် သခင်နဲ့အသင်းတော်ကို ရောင်းစားပြီး သူတို့ရဲ့ နောက်လိုက်အဖြစ် အမှုထမ်းဖို့ ကျွန်တော်တို့ကို အတင်းအကြပ်စေခိုင်းတယ် ဒါတွေကိုရော ကျွန်တော်တို့နာခံသင့်သလား ကျွန်တော်တို့သာ ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီကို နာခံမယ်ဆိုရင် စာတန်ဘက်မှာ ရပ်တည်ပြီး ဘုရားသခင်ကို ဆန့်ကျင်သစ္စာဖောက်သလို ဖြစ်မသွားဘူးလား ရှင်ပေါလုပြောတာကို အခုကြည့်လိုက်ရအောင် .. “အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ” ဆိုတာကို။ ကျွန်တော်တို့တွေ လက်တွေ့ကျင့်သုံးနိုင်ပါ့မလား .. အမှန်တရားနဲ့ရောတစ်ထပ်တည်းကျပါ့မလား။ “မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။” (ရောမဩဝါဒစာ ၁၃:၂) အခု ရှင်ပေါလုပြောတာတွေကိုဆင်ခြင်ကြည့်ပါ .. အချေအတင်ဖြစ်စရာတွေရှိနေတာ ရှင်းပါတယ် .. အဲ့ဒီစကားတွေကတကယ့်ကိုသံသယဖြစ်စရာပဲ ရှင်ပေါလုက ဆိုးယုတ်မှုနဲ့အမှောင်ထုစိုးမိုးတဲ့ကာလကို ဖြတ်သန်းပြီး မမြင်နိုင်ခဲ့တာများလား ရှင်ပေါလုက တစ်ချိန်ကအဖမ်းခံခဲ့ရဖူးတယ် နောက်ပြီး သတင်းကောင်းဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး အကျဉ်းကျခံခဲ့ရဖူးတယ် ယုတ္တိရှိရှိတွေးကြည့်မယ်ဆိုရင် သူက ကျွန်တော့်တို့ထက် စာတန်အုပ်စိုးမှုရဲ့ ဆိုးယုတ်တဲ့သဘောတရားတွေကို ပိုသိတယ်လေ ဒါပေမဲ့ ရှင်ပေါလုပြောခဲ့တဲ့ အဲ့ဒီစကားတွေဟာ တကယ်ကိုစိတ်ထဲမှာ လက်မခံနိုင်အောင်ပါပဲ

ညီအစ်ကို မောင်နှမတို့ .. ဘုရားသခင်ကိုယ်တိုင်က စာတန်ကို လူသားတွေ အကျင့်ပျက်ပြားစေဖို့နဲ့ ကမ္ဘာလောကကိုအုပ်စိုးဖို့ အခွင့်ပေးထားတာ ဒါက ဘုရားသခင်ရဲ့ဉာဏ်ပညာနဲ့အစီအစဥ်တွေပါပဲ ဘုရားသခင်လူတွေကိုကယ်တင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က စာတန်ကိုအနိုင်ယူဖို့နဲ့ စာတန်ကြောင့်အကျင့်ပျက်ပြားနေတဲ့သူတွေကို ဘုရားသခင်ကိုနာခံပြီးဝတ်ပြုကိုးကွယ်ကြတဲ့သူတွေအဖြစ် ပြောင်းလဲပေးဖို့ပါပဲ ဒါဟာ စာတန်ကိုလုံးဝအနိုင်ယူပြီး အရှက်ရသွားစေမယ့်နည်းလမ်းဖြစ်ပြီး သူ့ရဲ့ ကံကြမ္မာကိုလည်း ဖြည်းဖြည်းချင်း စီရင်သွားမှာဖြစ်တယ် အဲ့ဒါကြောင့် ကမ္ဘာလောကကိုအုပ်စိုးပြီးလူသားမျိုးနွယ်တွေကိုအကျင့်ပျက်ပြားအောင် လုပ်ဖို့ ဘုရားသခင်ကစာတန်ကိုအခွင့်ပေးထားတာပေါ့ လူသားတွေစာတန်ကို သူတို့ဟာသူတို့ရိပ်စားမိစေဖို့ ဘုရားသခင်ကအလိုရှိတာ လူသားတွေစာတန်ရဲ့မကောင်းတဲ့ အတွင်းစိတ်တွေကိုမြင်စေဖို့ ဘုရားသခင်ကအလိုရှိတာ လူသားမျိုးနွယ်တွေ စာတန်ကိုမုန်းတီးပြီး ကျောခိုင်းစွန့်ခွာဖို့ ဘုရားသခင်က အလိုရှိတာ ပြီးတော့ လူသားကစာတန်ကိုနာခံရမယ်လို့ ဘုရားသခင်ကဘယ်တုန်းကမှ မပြောခဲ့ဘူး ဒါ့အပြင် စာတန်အစိုးရကိုဖီဆန်တာဟာ အပြစ်ပေးဖို့တောင်းဆိုနေတာလို့ သူဘယ်တုန်းကမှ လုံးဝမပြောခဲ့ပါဘူး ရှင်ပေါလုရဲ့အမြင်အရဆိုရင်တော့ ဆိုးယုတ်တဲ့ အစိုးရ လိုက်ဖမ်းပြီး နှိပ်စက်တာ၊ သခင့်အတွက် မာတုရ (အသက်စွန့်သူရဲကောင်း) အဖြစ်တောင် ခံယူသွားခဲ့ကြတဲ့ အဲဒီ့သူတော်စင်တွေဟာ အုပ်စိုးတဲ့ မင်းအစိုးရကို ပုန်ကန်တာကြောင့် အပြစ်ဒဏ်ခံခဲ့ရတာတွေကကော တကယ်ပဲလား သူတော်စင်တွေဟာ ထောင်ထဲမှာနေခဲ့ရတယ် ဒါ သခင့်အတွက်သိပ်လှပတဲ့သက်သေခံချက်ပဲ မဟုတ်ဘူးလား ဒါပေမဲ့လည်း ရှင်ပေါလုရဲ့စကားတွေအရ ခေတ်ကာလတွေတလျှောက် အဲ့ဒီ သူတော်စင်တွေ ညှဥ်းပန်းနှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ခြင်းခံရတာတွေဟာ သခင့်အတွက်ထင်ရှားတဲ့သက်သေတွေမဖြစ်ခဲ့ဘူး သူတို့တွေသာ အပြစ်ပေးခြင်းခံရဖို့တောင်းဆိုသလိုဖြစ်ခဲ့တယ် .. ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက အာဏာရှိသူတွေကိုဆန့်ကျင်ပုန်ကန်ကြလို့ပဲ အဲ့ဒီအတိုင်းပါပဲ ရှင်ပေါလုကိုယ်တိုင်လဲ တရားေဒသနာကိုဖြန့်ဝေမိလို့ ထောင်ချခံရတယ် .. အဲ့ဒါကအချည်းနှီးမဟုတ်ဘူးလား ဒါဆို ရှင်ပေါလုက တခြားသူတွေကိုပြောတဲ့အခါ သူရဲ့ဆင်းရဲဒုက္ခကို သက်သေလို့ ဘာဖြစ်လို့သုံးခဲ့တာလဲ ဒါက ရှိရင်းစွဲဆန့်ကျင်ဖက်ဖြစ်မနေဘူးလား ကျွန်တော်တို့တွေ သခင့်ကိုယုံကြည်ကြတယ် သခင့်ရဲ့သတင်းကောင်းကို ဖြန့်ဝေတယ် သက်သေခံတယ် .. ဒါကကောင်းကင်ဘုံကပြဌာန်းထားတဲ့အရာတစ်ခုပဲ ဒါပေမဲ့ စာတန်အစိုးရတွေက ခရစ်ယာန်တွေကိုညှဥ်းပန်းနှိပ်စက်နေတာတွေ ရပ်သွားတယ်လို့မရှိဘူး သူတိုတွေက တရားေဒသနာဖြန့်ဝေတာတွေနဲ့ ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်တာတွေကို ဆန့်ကျင်ကြတယ် သူတို့တွေက သူတို့ရဲ့ဆိုးယုတ်တဲ့အတွင်းစိတ်တွေကို ပြည့်ပြည့်ဝ၀ထုတ်ဖော်ပြသနေကြတာ သူတို့ဟာသမ္မာတရားကိုမုန်းတဲ့ ဘုရားသခင်ရဲ့ရန်သူတွေပဲ လူတွေက စာတန်အစိုးရတွေရဲ့ ရက်ရက်စက်စက်ညှဥ်းပန်းနှိပ်စက်တာတွေ ခံကြရတယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ကမှန်တဲ့လမ်းအတိုင်းလိုက်နာစောင့်ထိန်းပြီး သခင့်သတင်းကောင်းကို ဖြန့်ဝေကြလို့ပဲ ဒါဟာ ဖြောင့်မတ်ခြင်းတရားကြောင့်နှောင့်ယှက်ညှဉ်းပန်းခြင်းခံရမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး သခင် အထောက်ခံဆုံးသောအရာဖြစ်တယ် သူတို့တွေက ပြစ်ဒဏ်ခံရဖို့တောင်းခံနေတာလို့ ကျွန်တော်တို့ဘယ်လိုပြောနိုင်မှာလဲ သခင်ယေရှု တစ်ခါကဖော်ပြခဲ့တဲ့အထဲမှာ ရှင်းရှင်းလင်းလင်းကိုပြောပြခဲ့ပြီးပြီ “ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၅:၁၀) သခင်ယေရှု ဘာပြောခဲ့တယ်ဆိုတာကို ရှင်ပေါလုမသိခဲ့လို့လား မိတ်ဆွေတို့မြင်ကြတဲ့အတိုင်းပဲ ရှင်ပေါလုရဲ့ စကားတွေက သခင်ယေရှု ရဲ့စကားတွေနဲ့ သိသိသာသာကို ကွဲလွဲနေတယ် အဲ့ဒါကြောင့် ရှင်ပေါလုပြောခဲ့တာတွေဟာ သခင်ယေရှု ပြောခဲ့တာတွေနဲ့ တစ်ထပ်တည်းမကျဘူး .. သမ္မာတရားနဲ့လည်းမကိုက်ညီဘူး ဒါကို ကျွန်တော်တို့ အသက်တာနေထိုင်မှု လမ်းညွှန်အဖြစ် အသုံးပြုလို့မရဘူး ဘုရားသခင်က ကျွန်တော်တို့တွေကိုဖန်ဆင်းထားတာ .. ကျွန်တော်တို့တွေကဘုရားသခင်နဲ့ပဲသက်ဆိုင်တယ် ကျွန်တော်တို့တွေဘာပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့စကားတွေကိုအမြဲနားထောင် ပြီး သူ့ရဲ့ သြဇာအာဏာကိုနာခံသင့်တယ် ဒါဟာဖြောင့်မတ်ခြင်းနဲ့တရားမျှတခြင်းပဲ

ဘုရားသခင်၌ ယုံကြည်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၆) စီစီပီဟာ ဘုရားသခင်နဲ့သမ္မာတရားကို ရန်လိုနေတဲ့ မကာင်းဆိုးဝါး ဘုရားမဲ့ဝါဒီပါတီပဲ.. မကောင်းဆိုးဝါးဆိုတာ စာတန်ရဲ့သရုပ်သဏ္ဍန်ပဲ လူအဖြစ်ပြန်လည်ဝင်စားထားတဲ့ စာတန်နဲ့ဆိုးတဲ့ဝိညာဉ်ဟာ ကျိန်ခြင်းခံရတဲ့ဘုရားသခင်ရဲ့ရန်သူ မကောင်းဆိုးဝါးပဲ.. အဲ့ဒါကြောင့် ဘုရားသခင်နောက်ဆုံးသောကာလ တရုတ်ပြည်မှာ ပေါ်ထွန်းပြီး အမှုတော်ဆောင်တဲ့အခါ အစိုးရရဲ့ရူးရူးမိုက်မိုက် ဖိနှိပ်ချုပ်ချယ်တာ ညှဥ်းပန်းနှိပ်စက်တာတွေကို သူကြုံတွေ့ရတယ် ဒါက ရှောင်လွှဲလို့မရဘူး။ ဒါပေမဲ့ ဘာသာရေးအသိုင်းအဝိုင်းကခေါင်းဆောင်အတော်များများဟာ သမ္မာကျမ်းစာနဲ့အကျွမ်းတဝင်ရှိကြတဲ့ ဘုရားသခင်ရဲ့ အမှုတော်ဆောင်တွေပဲ သူတို့တွေဟာ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့ အမှုတော်ကို ရှာဖွေဆည်းပူးတာမျိုး မရှိရုံတင်မကဘူး သူတို့တွေဟာ စီရင်ဆုံးဖြတ် ပြစ်တင်ရှုတ်ချပြီး ထိတိထိတ်ပျာပျာနဲ့ကို ဆန့်ကျင်ကြတာ ဒါ မယုံကြည်နိုင်လောက်အောင်ပါပဲ စီစီပီက ဘုရားသခင်ရဲ့အမှုတော်ကိုရှုတ်ချတာ အံ့သြစရာတော့ မဟုတ်ပါဘူး .. ဒါပေမဲ့ ဘာသာရေးခေါင်းဆောင်တွေက ဘုရားသခင်ရဲ့အမှုတော်ကို ဘာဖြစ်လို့ဆန့်ကျင်ရှုတ်ချကြတာလဲ

နောက်တစ်ခုသို့- မေးခွန်း (၂) ဒီရက်ပိုင်းမှာ အစ်ကိုက ကျွန်မတို့ကို အနန္တတန်ခိုးရှင်ဘုရားသခင်အကြောင်းသက်သေခံတာကို သင်းအုပ်ဆရာတွေအကြီးအကဲတွေက သိသွားပြီ သူတို့က အလိမ်အညာတွေကို လိုက်ဖြန့်နေပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရှုတ်ချနေကြတယ် သူတို့တွေကဘုရားကျောင်းကိုပိတ်ထားပြီး လိုက်လံနှောင့်ယှက်နေတယ် .. ပြီးတော့ အစ်ကိုယုရဲ့ဒေသနာကိုနားထောင်ဖို့ကြိုးစားနေတဲ့ ညီအစ်ကိုမောင်နှမတွေကို လည်း တားဆီးနေတယ် ကျွန်မတို့ကို သူတို့မျက်လုံးထဲမှာ ဆူးတွေလို့ပဲမြင်နေကြတာ .. မုန်းစရာအကောင်းဆုံး သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လက်ခံသူအားလုံးကို အသင်းတော်ကနေ နှင်ထုတ်မယ်လို့လည်း ပြောတယ် အသင်းတော်ကတော့ ဂိုဏ်းနှစ်ဂိုဏ်းကွဲနေပြီ တစ်ချို့ညီအစ်ကိုတွေညီအစ်မတွေက ကျွန်မတို့နဲ့အတူ စစ်မှန်တဲ့လမ်းကို လေ့လာဆည်းပူးချင်ကြတယ် ကျန်တဲ့သူတွေကတော့ “အရှေ့အရပ်မှလျှပ်ပြက်ခြင်း” ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေနောက်ကို လိုက်သွားကြတယ် ပြီးတော့သူတို့တွေက ကျွန်မတို့ကို သူတို့ရဲ့ရန်သူတွေလိုဆက်ဆံကြတယ် အသင်းတော်က ရက်အနည်းငယ်လောက်အတွင်း ဘာလို့ဒီလောက်တောင် ပြောင်းလဲသွားတာလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။