သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)

သင်တို့သည် ရှင်ဘုရင်များကဲ့သို့ အုပ်စိုးဖို့ ကြိုးစားလေ့ရှိခဲ့ကြပြီး ဤအရာကို ယနေ့ လုံးလုံးလျားလျား လက်မလွှတ်နိုင်ကြသေးပေ။ ကောင်းကင်ကို ကိုင်မထားပြီး ကမ္ဘာမြေကြီးကို ထောက်ခံထားဖို့ သင်သည် ရှင်ဘုရင်များကဲ့သို့ အုပ်စိုးဖို့ ဆန္ဒရှိဆဲဖြစ်၏။ ယခု ဤမေးခွန်းကို စဉ်းစားလော့- ထိုသို့သော အရည်အချင်းများကို သင် ပိုင်ဆိုင်သလော။ သင်သည် လုံးဝ အသိတရားမဲ့သည် မဟုတ်လော။ သင်တို့ရှာဖွေပြီး အာရုံစိုက်သောအရာမှာ လက်တွေ့ကျသလော။ သင်တို့သည် သာမန် လူ့သဘာဝကိုပင် မပိုင်ဆိုင်ကြပေ- ယင်းမှာ ရင်နင့်စဖွယ် ဖြစ်သည် မဟုတ်လော။ ထို့ကြောင့် ယနေ့တွင် ငါသည် သိမ်းပိုက်ခံရခြင်း၊ သက်သေခံခြင်း၊ သင်၏ အရည်အချင်းကို တိုးတက်စေခြင်းနှင့် စုံလင်စေခြင်း လမ်းကြောင်းထဲသို့ ဝင်ရောက်ခြင်းကိုသာ ပြောဆိုပြီး အခြားမည်သည့် အရာကိုမျှ မပြောဆိုပေ။ လူအချို့သည် သမ္မာတရားစစ်စစ်ကို ငြီးငွေ့ကြပြီး သာမန်လူ့သဘာဝနှင့် လူတို့၏အရည်အချင်း တိုးတက်စေခြင်းနှင့်ဆိုင်သည့် ဤပြောဆိုချက်အားလုံးကို မြင်သည့်အခါ၊ ၎င်းတို့ တွန့်ဆုတ်ကြသည်။ သမ္မာတရားကို မချစ်သောသူတို့သည် စုံလင်စေဖို့ မလွယ်ကူပေ။ ယနေ့ သင်တို့ ဝင်ရောက်ပြီး ဘုရားသခင်၏ အလိုအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သရွေ့၊ သင်သည် ပယ်ထုတ်ခြင်း ခံရနိုင်မည်လော။ ဘုရားသခင်သည် တရုတ်ပြည်မတွင် အလွန် များလှစွာသော အမှုကို- ကြီးမားသည့် အတိုင်းအတာဖြင့်- လုပ်ဆောင်ပြီးသည့်နောက်တွင်၊ ပြီးလျှင်သူသည် နှုတ်ကပတ်တော်များစွာ ပြောဆိုပြီးချိန်တွင်၊ လမ်းတစ်ဝက်၌ သူသည် လက်လျှော့နိုင်မည်လော။ သူသည် လူတို့ကို အနက်ဆုံးသော တွင်းထဲသို့ ဦးဆောင်နိုင်မည်လော။ ယနေ့တွင် အရေးကြီးသော အချက်မှာ သင်သည် လူသား၏အနှစ်သာရကို သိရှိရမည် ဖြစ်ပြီး၊ မည်သည့်အရာထဲသို့ သင်တို့ ဝင်ရောက်ရမည်ကို သိရမည် ဖြစ်သည်။ သင်သည် အသက်ထဲသို့ ဝင်ရောက်ခြင်းနှင့် စိတ်သဘောထား၌ အပြောင်းအလဲများ၊ မည်သို့ အမှန်တကယ် သိမ်းပိုက်ခံရမည် ဆိုသည်နှင့်၊ မည်သို့ဘုရားသခင်ကို အပြည့်အဝ နာခံရမည်၊ ဘုရားသခင်အဖို့ နောက်ဆုံး သက်သေခံချက်ကို မည်သို့ ပြုရမည်ဆိုသည်နှင့် သေသည်အထိ နာခံမှုကို မည်သို့ စွမ်းဆောင်ရရှိရမည်ဆိုသည်တို့ကို သိရှိရမည် ဖြစ်သည်။ သင်သည် ဤအရာများအပေါ် အာရုံစိုက်ရမည်ဖြစ်ပြီး၊ လက်တွေ့မကျသည့်အရာ သို့မဟုတ် အရေးမပါသော အရာကို ပထမဦးစွာ ဘေးဖယ်ကာ လျစ်လျူရှုရမည် ဖြစ်သည်။ ယနေ့တွင် သင့်အနေဖြင့် မည်သို့ သိမ်းပိုက်ခံရမည်ဆိုသည်နှင့် သိမ်းပိုက် ခံရပြီးနောက် လူတို့အနေဖြင့် မည်သို့ ပြုမူနေထိုင်ကြသည်ကို သိသင့်သည်။ သင့်အနေဖြင့် သိမ်းပိုက်ခံရပြီး ဖြစ်သည်ဟု ပြောကောင်း ပြောနိုင်သော်လည်း၊ သေသည်အထိ သင် နာခံနိုင်ပါသလော။ အလားအလာများ တစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ တကယ့်အဆုံးထိ သင် လိုက်နာနိုင်ရမည် ဖြစ်ပြီး ပတ်ဝန်းကျင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို မဆုံးရှုံးရ။ နောက်ဆုံးတွင်၊ သက်သေခံချက်နှင့်ဆိုင်သည့် ရှုထောင့်နှစ်ခုကို သင် စွမ်းဆောင်ရရှိရမည်- ယောဘ၏ သက်သေခံချက်- သေသည်အထိ နာခံခြင်းနှင့်၊ ပေတရု၏ သက်သေခံချက်- ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းတို့ ဖြစ်သည်။ ရှုထောင့် တစ်ခုအနေဖြင့်၊ သင်သည် ယောဘကဲ့သို့ ဖြစ်ရမည်- သူသည် ရုပ်ဝတ္ထုပိုင်ဆိုင်မှု အားလုံးကို ဆုံးရှုံးသွားခဲ့ပြီး၊ အသွေးအသား နာကျင်မှုဖြင့် ဝန်းရံဖိစီးခြင်း ခံခဲ့ရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပေ။ ဤသည်မှာ ယောဘ၏ သက်သေခံချက် ဖြစ်သည်။ ပေတရုသည် ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့သည်။ သူသည် ကားစင်တင်ခံရပြီး သူ၏ သေခြင်းကို ရင်ဆိုင်ခဲ့ရချိန်တွင်၊ ဘုရားသခင်ကို သူ ချစ်ဆဲ ဖြစ်သည်။ သူ၏ကိုယ်ပိုင်ရှေ့ရေးကို မစဉ်းစားခဲ့၊ သို့မဟုတ် နှစ်သက်ဖွယ် မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးများနောက် မလိုက်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ဖို့နှင့် ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို လိုက်နာဖို့သာ သူကြိုးစားခဲ့သည်။ ယင်းမှာ သင့်အနေဖြင့် သက်သေခံပြီးဖြစ်သည်ဟု မမှတ်ယူမီ၊ သိမ်းပိုက်ခြင်းခံရပြီးနောက် စုံလင်စေခြင်းခံရပြီး သူတစ်ဦး ဖြစ်မလာမီ၊ သင် စွမ်းဆောင်ရရှိရမည့် စံနှုန်း ဖြစ်သည်။ ယနေ့တွင် လူတို့အနေဖြင့် ၎င်းတို့ကိုယ်တိုင်၏ အနှစ်သာရနှင့် အဆင့်အတန်းကို အမှန်တကယ် သိခဲ့ကြပါက၊ ၎င်းတို့သည် ရှေ့ရေးနှင့် မျှော်လင့်ချက်များကို ရှာဖွေကြဦးမည်လော။ သင် သိထားသင့်သည်မှာ ဤအရာဖြစ်သည်- ဘုရားသခင်က ကျွန်ုပ်ကို စုံလင်စေသည်ဖြစ်စေ၊ စုံလင်စေခြင်း မပြုသည်ဖြစ်စေ ဘုရားသခင် နောက်ကို ကျွန်ုပ် လိုက်ရမည်။ ယခု ဘုရားသခင် လုပ်ဆောင်သော အရာတိုင်းသည် ကောင်းမြတ်ပြီး ကျွန်ုပ်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကာ ကျွန်ုပ်တို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာနှင့် စာတန်၏ စွမ်းအားမှ မိမိကိုယ်ကိုယ် ဖယ်ရှားနိုင်ဖို့အလို့ငှာ၊ ညစ်ညမ်းသောမြေတွင် ကျွန်ုပ်တို့ မွေးဖွားစေသော်လည်း၊ မစင်ကြယ်မှုမှ မိမိကိုယ်ကိုယ် ဖယ်ရှားခွင့်ပေးဖို့၊ ညစ်ညူးမှုနှင့် စာတန်၏ စွမ်းအားကို ခါချပြီး ချန်ထားစေနိုင်ဖို့ ဖြစ်သည်။ ဟုတ်ပေ၏၊ ဤသည်မှာ သင်နှင့်သက်ဆိုင်၍ လိုအပ်သောအရာ ဖြစ်သော်လည်း ဘုရားသခင်အတွက်မှာ ယင်းသည် သိမ်းပိုက်ခြင်းမျှသာ ဖြစ်ပြီး၊ လူတို့အနေဖြင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု အားလုံးကို လိုက်နာကာ ကျိုးနွံနာခံရန် စိတ်ဆုံးဖြတ်ချက် ရှိကြဖို့အလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် အမှုအရာများ အထမြောက်လိမ့်မည် ဖြစ်သည်။ ယနေ့တွင် လူအများစုသည် သိမ်းပိုက်ခံရနှင့်ပြီး ဖြစ်သော်လည်း၊ ၎င်းတို့အတွင်းတွင် ပုန်ကန်လိုပြီး မနာခံသော အရာများစွာ ရှိနေဆဲဖြစ်၏။ လူတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်ဆဲဖြစ်ပြီး၊ မျှော်လင့်ချက်များနှင့် အလားအလာများ ရှိမှသာ ၎င်းတို့သည် အားမာန်အပြည့် ဖြစ်လာနိုင်ကြပေသည်။ မျှော်လင့်ချက်များနှင့် အလားအလာများ ကင်းမဲ့ပါက၊ ၎င်းတို့သည် အပျက်သဘောဆောင်လာကြပြီး ဘုရားသခင်ကို စွန့်ရန်ပင် စဉ်းစားကြ၏။ ထို့အပြင် လူတို့သည် သာမန် လူ့သဘောသဘာဝကို အသက်ရှင်နေထိုင်ဖို့ ကြိုးစားရန် ကြီးမားသည့် ဆန္ဒမရှိကြပေ။ ဤသည်မှာ လက်မခံနိုင်ဖွယ် ဖြစ်သည်။ ထို့ကြောင့် သိမ်းပိုက်ခြင်း အကြောင်းကို ငါပြောဆိုရဦးမည်။ အမှန်တွင် စုံလင်ခြင်းသည် သိမ်းပိုက်ခြင်းနှင့် တစ်ချိန်တည်းတွင် ဖြစ်ပွား၏- သင့်အနေဖြင့် သိမ်းပိုက်ခံရသည်နှင့်အမျှ၊ စုံလင်စေခြင်းခံရခြင်း၏ ပထမဦးဆုံးသော အကျိုးတရားများကိုလည်း စွမ်းဆောင်ရရှိပေသည်။ သိမ်းပိုက်ခံရခြင်းနှင့် စုံလင်စေခြင်းခံရခြင်းတို့ကြား ခြားနားချက် တစ်ခုရှိသည့်နေရာတွင်၊ ယင်းမှာ လူတို့အထဲရှိ ပြောင်းလဲခြင်း အဆင့်နှင့်အညီ ဖြစ်သည်။ သိမ်းပိုက်ခံရခြင်းသည် စုံလင်စေခြင်း ခံရခြင်း၏ ပထမအဆင့်ဖြစ်ပြီး ၎င်းတို့ လုံးဝ စုံလင်စေခြင်း ခံရပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ဘုရားသခင်က လုံးဝ ရယူပြီးဖြစ်သည်ဟုလည်း သက်သေမပြပေ။ လူတို့ သိမ်းပိုက်ခံရပြီးသည့်နောက်တွင်၊ ၎င်းတို့၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှု အချို့ ရှိသော်လည်း၊ ထိုသို့သော ပြောင်းလဲမှုများသည် ဘုရားသခင်က လုံးဝ ရယူပြီးဖြစ်သည့် လူတို့အထဲရှိ ပြောင်းလဲမှုများနှင့် အလွန် အလှမ်းဝေးပေသည်။ ယနေ့တွင် လုပ်ဆောင်ပြီးသည့်အရာမှာ လူတို့ကို စုံလင်စေခြင်း၏ ကနဦး အမှု- ၎င်းတို့ကို သိမ်းပိုက်ခြင်း- ဖြစ်ပြီး၊ သင့်အနေဖြင့် သိမ်းပိုက်ခံရခြင်းကို စွမ်းဆောင်မရရှိနိုင်ပါက၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရခြင်းနှင့် လုံးဝ ရယူခြင်းတို့ကို မည်သည့်နည်းနှင့်မျှ ခံရလိမ့်မည် မဟုတ်ပေ။ သင့်အနေဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော် အနည်းငယ်မျှသာ ရရှိလိမ့်မည်၊ သို့သော် ယင်းတို့သည် သင်၏ စိတ်နှလုံးကို အပြည့်အဝ ပြောင်းလဲနိုင်စွမ်း ရှိမည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် ပယ်ထုတ်ခံရသူများထဲမှ တစ်ဦး ဖြစ်လိမ့်မည်။ ယင်းမှာ စားပွဲပေါ်က ခမ်းနားသည့် စားတော်ပွဲကိုသာ မြင်ရပြီး မစားမသောက်ရခြင်းနှင့် ခြားနားလိမ့်မည် မဟုတ်ပေ။ ယင်းမှာ သင့်အတွက် ဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခု မဟုတ်လော။ ထို့ကြောင့် သင့်အနေဖြင့် ပြောင်းလဲမှုများကို ရှာဖွေရမည်- သိမ်းပိုက်ခံရခြင်းဖြစ်စေ၊ စုံလင်စေခြင်း ခံရခြင်းဖြစ်စေ၊ နှစ်ခုလုံးသည် သင့်အထဲ၌ ပြောင်းလဲမှုများ ရှိသည် မရှိသည်ဆိုသည်နှင့်၊ သင်သည် နာခံခြင်း ရှိ မရှိဆိုသည်တို့နှင့် ဆက်နွှယ်ပြီး၊ ဤအရာက သင်သည် ဘုရားသခင်၏ ရယူခံရနိုင်ခြင်း ရှိ မရှိဆိုသည်ကို ဆုံးဖြတ် ပေးလေသည်။ “သိမ်းပိုက်ခံရခြင်း” နှင့် “စုံလင်စေခြင်း ခံရခြင်း” တို့သည် ပြောင်းလဲခြင်းနှင့် နာခံမှုတို့၏ အတိုင်းအတာအပြင်၊ ဘုရားသခင်ကို ချစ်သော သင်၏ချစ်ခြင်းမေတ္တာ မည်မျှ ဖြူစင်သည်ဆိုသည့်အပေါ် တကယ်ကို အခြေခံသည်ကို သိလော့။ ယနေ့ လိုအပ်သည်မှာ သင့်အနေဖြင့် လုံးဝ စုံလင်စေခြင်းခံရနိုင်ဖို့ ဖြစ်သော်လည်း၊ အစအဦးတွင် သင့်အနေဖြင့် သိမ်းပိုက်ခံရမည် ဖြစ်သည်- သင်၌ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းနှင့်ဆိုင်သည့် လုံလောက်သော အသိပညာ ရှိရမည်၊ လိုက်လျှောက်ဖို့ ယုံကြည်ခြင်းရှိရမည် ဖြစ်ပြီး၊ ပြောင်းလဲမှုကို ရှာဖွေပြီး ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာကို ရှာဖွေသောသူ ဖြစ်ရမည်။ ထိုအခါမှသာ သင့်အနေဖြင့် စုံလင်စေခြင်းခံရရန် ကြိုးစားသောသူ ဖြစ်လိမ့်မည်။ စုံလင်စေခြင်းခံရသည့် ဖြစ်စဉ်တွင် သင်သည် သိမ်းပိုက်ခံရလိမ့်မည် ဖြစ်ပြီး သိမ်းပိုက်ခံရသည့် ဖြစ်စဉ်တွင် သင်သည် စုံလင်စေခြင်းခံရလိမ့်မည် ဖြစ်သည်ကို သင်တို့ နားလည်သင့်၏။ ယနေ့တွင် သင်သည် စုံလင်စေခြင်းခံရဖို့ ကြိုးစားနိုင်သည်၊ သို့မဟုတ် သင်၏ အပြင်ပန်း လူ့သဘာဝတွင် ပြောင်းလဲမှုများနှင့် သင်၏ အရည်အချင်း၌ တိုးတက်မှုများကို ရှာဖွေနိုင်သော်လည်း၊ အဓိက အရေးကြီးသည်မှာ ယနေ့ ဘုရားသခင် လုပ်ဆောင်သော အရာတိုင်းသည် အဓိပ္ပာယ်ရှိပြီး အကျိုးကျေးဇူးရှိသည်ကို သင် နားလည်နိုင်ဖို့ ဖြစ်သည်- ယင်းက ညစ်ညမ်းသောမြေတွင် မွေးဖွားသော သင့်အား ညစ်ညမ်းမှုမှ လွတ်မြောက်စေနိုင်ပြီး ယင်းကို ဖယ်ရှားစေနိုင်သည်၊ ယင်းက စာတန်၏ စွမ်းအားကို သင့်အား အနိုင်ယူစေနိုင်ပြီး၊ စာတန်၏ မှောင်မိုက်သော စွမ်းအားကို ချန်ထားစေနိုင်လေသည်။ ဤအရာများကို အာရုံစိုက်ခြင်းဖြင့်၊ သင်သည် ဤညစ်ညမ်းသောမြေ၌ ကွယ်ကာခံရပေသည်။ နောက်ဆုံးတွင်၊ သင်သည် မည်သည့်သက်သေကို ပေးရန် တောင်းဆိုခံရလိမ့်မည်နည်း။ သင်သည် ညစ်ညမ်းသော မြေတွင် မွေးဖွားသော်လည်း၊ မည်သည့်အခါမျှ တစ်ဖန် ညစ်ညူးမှုဖြင့် ညစ်ပေခြင်း မရှိဖို့၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သော်လည်း၊ သင့်ကိုယ်သင် စာတန်၏စွမ်းအား ကင်းမဲ့ဖို့၊ စာတန်၏ ပိုင်ဆိုင်ခြင်းမခံရသကဲ့သို့၊ နှောင့်ယှက်ခြင်းလည်း မခံရဖို့ရန်နှင့် အနန္တတန်ခိုးရှင်၏ လက်ထဲတွင် အသက်ရှင်ဖို့၊ သင်သည် သန့်ရှင်းလာနိုင်လေသည်။ ဤသည်မှာ သက်သေခံချက်နှင့် စာတန်နှင့် တိုက်ပွဲတွင် အောင်မြင်ခြင်း သက်သေဖြစ်သည်။ သင်သည် စာတန်ကို စွန့်ပစ်နိုင်သည်၊ သင် အသက်ရှင် နေထိုင်သည့်အရာတွင် စာတန်ဆန်သော စိတ်သဘောထားကို ထုတ်ဖော်မပြတော့ဘဲ၊ ယင်းအစား လူသားကို ဖန်ဆင်းချိန်တွင် ဘုရားသခင်က လူသားအား ရရှိရန် တောင်းဆိုခဲ့သည့်အရာ- ပုံမှန်လူ့သဘောသဘာဝ၊ ပုံမှန် အသိစိတ်၊ ပုံမှန် ထိုးထွင်းသိမြင်မှု၊ ဘုရားသခင်ကိုချစ်ဖို့ ပုံမှန် သန္နိဌာန်နှင့် ဘုရားသခင်အား သစ္စာစောင့်သိခြင်းတို့ကို သင် အသက်ရှင်နေထိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ အဖန်ဆင်းခံ တစ်ဦး၏ ထွက်ဆိုသည့် သက်သေခံချက် ဖြစ်သည်။ သင်က၊ “ကျွန်ုပ်တို့သည် ညစ်ညမ်းသည့်မြေတစ်ခုတွင် မွေးဖွားကြသော်လည်း၊ ဘုရားသခင်၏ ကွယ်ကာမှု၊ သူ၏ ဦးဆောင်မှုကြောင့်၊ ပြီးလျှင် ကျွန်ုပ်တို့ကို သူ သိမ်းပိုက်ပြီး ဖြစ်သောကြောင့် စာတန်၏ စွမ်းအားကို ကျွန်ုပ်တို့ ဖယ်ရှားပြီး ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့ နာခံနိုင်ကြသည်မှာလည်း ဘုရားသခင်၏ သိမ်းပိုက်ခံရခြင်း၏ အကျိုးရလဒ်ဖြစ်ပြီး ယင်းသည် ကျွန်ုပ်တို့ ကောင်းမြတ်သောကြောင့်၊ သို့မဟုတ် ဘုရားသခင်ကို ကျွန်ုပ်တို့ အလိုအလျောက် ချစ်ခဲ့သောကြောင့် မဟုတ်ပေ။ ယနေ့ ငါတို့ သိမ်းပိုက်ခံရသည်မှာ၊ သူ့အဖို့ သက်သေခံနိုင်ပြီး သူ့ကို အစေခံနိုင်သည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးချယ်ပြီး ရှေးမဆွက ခွဲခန့်မှတ်သား ထားခဲ့သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ ကယ်တင်ခံရပြီး စာတန်၏ အုပ်စိုးမှုမှ ကယ်လွှတ်ခံရပြီးဖြစ်ကာ ညစ်ညူးမှုကို ချန်ရစ်ထားနိုင်ပြီး အဆင်းနီးသော နဂါးကြီး၏ တိုင်းပြည်တွင် သန့်စင်ခံရနိုင်ကြသည်မှာလည်း သူသည် ကျွန်ုပ်တို့ကို ရွေးပြီး ကွယ်ကာခဲ့သောကြောင့် ဖြစ်သည်။” ဟု ဆိုပေသည်။ ထို့အပြင် အပြင်ပန်းအားဖြင့် သင် အသက်ရှင်နေထိုင်သောအရာက သင်သည် ပုံမှန် လူ့သဘောသဘောဝကို ပိုင်ဆိုင်သည်ကို ပြသသည်၊ သင် ပြောဆိုသည့်အရာတွင် အသိစိတ်ရှိပြီး သင်သည် ပုံမှန်လူတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ပေသည်။ အခြားသူများက သင့်ကို မြင်သည့်အခါ၊ “ဤသည်မှာ အဆင်းနီသော နဂါးကြီး၏ ပုံရိပ်မဟုတ်သလော။” ဟု ၎င်းတို့ကို သင် မဆိုစေသင့်ပေ။ ညီအစ်မများ၏ အကျင့်စရိုက်က ညီအစ်မနှင့် လျော်ကန်ခြင်းမရှိ၊ ညီအစ်ကိုများ၏ အကျင့်စရိုက်က ညီအစ်ကိုနှင့် လျော်ကန်ခြင်း မရှိသကဲ့သို့၊ သင်သည် သန့်ရှင်းသူတို့၏ တင့်တယ်လျောက်ပတ်သော အကျင့်စရိုက်များ တစ်ခုမျှ မရှိပေ။ ထိုအခါ လူတို့က၊ “ဘုရားသခင်က သူတို့ကို မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ဆိုသည်မှာ အံ့သြစရာ မရှိပါ။ သူသည် လုံးဝမှန်ကန်ပေ၏။” ဟု ဆိုကြလိမ့်မည်။ အကယ်၍ လူများက သင့်ကို ကြည့်ပြီး၊ “ဘုရားသခင်က သင်တို့ကို မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ဆိုသော်လည်း၊ သင်တို့ အသက်ရှင်နေထိုင်နေသည့်အရာက သင်တို့သည် စာတန်၏ စွမ်းအားကို နောက်ချန်ထားပြီးဖြစ်သည်ကို သက်သေပြသည်။ ထိုအရာများက သင်တို့အထဲတွင် ရှိနေဆဲဖြစ်သော်လည်း၊ သင်တို့သည် ၎င်းတို့ကို ကျောခိုင်းနိုင်သည်၊ ဤအရာက သင်တို့သည် လုံးဝသိမ်းပိုက်ခံရပြီး ဖြစ်သည်ကို ပြသည်။”ဟု ဆိုပါက၊ သိမ်းပိုက်ခြင်းခံရပြီး ကယ်တင်ခြင်းခံရသော သင်တို့က၊ “ကျွန်ုပ်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်သည်မှာ မှန်သော်လည်း၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကယ်တင်ခံရပြီး ဖြစ်သည်၊ မောဘ၏ သားစဉ်မြေးဆက်များသည် အတိတ်က စွန့်ပစ်ခံခဲ့ရကာ ကျိန်ခြင်းခံခဲ့ရပြီး၊ တစ်ပါးအမျိုးသားတို့အလယ်တွင် ဣသရေလူမျိုးများ၏ နယ်နှင်ဒဏ်ပေးခြင်းခံခဲ့ရသော်လည်း၊ ယနေ့ ကျွန်ုပ်တို့ကို ဘုရားသခင် ကယ်တင်ခဲ့လေသည်။ လူအားလုံးထဲတွင် ကျွန်ုပ်တို့သည် ဖောက်ပြန်ပျက်စီးဆုံးဖြစ်ကြသည်မှာ မှန်ပေသည်- ဤအရာကို ဘုရားသခင်က အမိန့်ပေးထားခြင်းဖြစ်သည်၊ ဤသည်မှာ အမှန်တရား ဖြစ်ပြီး အားလုံး ငြင်းမရသောအရာ ဖြစ်သည်။ သို့သော် ယနေ့တွင် ထိုလွှမ်းမိုးမှုမှ ကျွန်ုပ်တို့ လွတ်မြောက်ပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဘိုးဘေးများကို မုန်းတီးစက်ဆုပ်ကြပြီး ဘုရားသခင်၏ အလိုအတိုင်း ဆောင်ရွက်ရင်းနှင့် ကျွန်ုပ်တို့နှင့်ဆိုင်သည့် သူ၏ သတ်မှတ်ချက်များကို စွမ်းဆောင်ရရှိရင်း၊ ပြီးလျှင် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းအား ရရှိရင်း၊ ကျွန်ုပ်တို့ ဘိုးဘေးများကို ကျောခိုင်းစွန့်ခွာဖို့၊ လုံးဝ စွန့်ပစ်ဖို့နှင့် ဘုရားသခင်၏ အစီအစဉ်များ အားလုံးကို လိုက်နာဖို့ လိုလိုလားလား ရှိကြသည်။ မောဘသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပါသည်၊ ဘုရားသခင်၏ အလိုအတိုင်း သူမဆောင်ရွက်ခဲ့သကဲ့သို့၊ ဘုရားသခင်၏ မုန်းတီးခြင်းကို ခံခဲ့ရသည်။ သို့သော် ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို ဂရုစိုက်ရမည် ဖြစ်ပြီး ယနေ့တွင် ဘုရားသခင်၏ အလိုကို ကျွန်ုပ်တို့ နားလည်သည့်အတွက်၊ ဘုရားသခင်ကို ကျွန်ုပ်တို့ သစ္စာမဖောက်နိုင်သကဲ့သို့၊ ကျွန်ုပ်တို့၏ ဘိုးဘေးဟောင်းများကို စွန့်ပယ်ရမည် ဖြစ်သည်။” ဟု ဆိုမည် ဖြစ်သည်။ ယခင်က အဆင်းနီသော နဂါးကြီးကို စွန့်ပယ်ဖို့အကြောင်း ငါပြောခဲ့ပြီး၊ ယနေ့တွင် အဓိကမှာ လူတို့၏ဘိုးဘေးဟောင်းများကို စွန့်ပယ်ခြင်း အကြောင်း ဖြစ်သည်။ ဤသည်မှာ လူတို့ သိမ်းပိုက်ခြင်း၏ သက်သေခံချက် တစ်ခုဖြစ်ပြီး ယနေ့ သင် မည်သို့ ဝင်ရောက်သည် ဖြစ်စေ၊ ဤကဏ္ဍ၌ သင်၏သက်သေခံချက် ချို့တဲ့မနေရ။

လူတို့၏ အရည်အချင်းက ညံ့ဖျင်းလွန်းလှပြီး ၎င်းတို့သည် ပုံမှန် လူ့သဘာဝ အလွန်ကင်းမဲ့သည်၊ ၎င်းတို့၏ တုန့်ပြန်မှုမှာ နှေးကွေးလွန်းပြီး လေးလံလွန်းလှပေသည်၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းသည် ၎င်းတို့ကို ထုံကာ ထိုင်းမှိုင်းသွားစေပြီး ၎င်းတို့အနေဖြင့် တစ်နှစ်၊ နှစ်နှစ်အတွင်း အပြည့်အဝ မပြောင်းလဲနိုင်သော်လည်း၊ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဆုံးဖြတ်ချက် ရှိရပေမည်။ ဤသည်မှာလည်း စာတန်ရှေ့တွင် သက်သေခံချက်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယနေ့ သက်သေခံချက်မှာ လက်ရှိ သိမ်းပိုက်ခြင်း အမှုအားဖြင့် စွမ်းဆောင်ရရှိသည့် ရလဒ် ဖြစ်သည့်အပြင်၊ အနာဂတ် နောက်လိုက်များအတွက် နမူနာနှင့် စံပုံစံတစ်ခု ဖြစ်သည်။ အနာဂတ်တွင်၊ ယင်းသည် တိုင်းနိုင်ငံ အားလုံးသို့ ပျံ့နှံ့သွားမည် ဖြစ်သည်။ တရုတ်ပြည်တွင် လုပ်ဆောင်နေသော အမှုသည် တိုင်းနိုင်ငံများ အားလုံးသို့ ပျံ့နှံ့သွားလိမ့်မည်။ မောဘ၏ သားစဉ်မြေးဆက်များသည် ကမ္ဘာ့ လူမျိုးအားလုံးထဲမှ အနိမ့်ကျဆုံး ဖြစ်သည်။ လူအချို့က၊ “ဟာမ၏ သားစဉ်မြေးဆက်များက အနိမ့်ကျဆုံး ဖြစ်သည်မဟုတ်လော။” ဟု မေးကြသည်။ အဆင်းနီသော နဂါးကြီး၏ သားသမီးနှင့် ဟာမ၏ သားစဉ်မြေးဆက်တို့သည် ကွဲပြားသော ကိုယ်စားပြု အရေးပါမှုများ ရှိကြပြီး ဟာမ၏ သားစဉ်မြေးဆက်များက ကွဲပြားသော အကြောင်းအရာ တစ်ခု ဖြစ်သည်။ ၎င်းတို့ မည်သို့ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ၎င်းတို့သည် နောဧ၏ သားစဉ်မြေးဆက်များ ဖြစ်ကြဆဲ ဖြစ်သည်။ ထိုအတောအတွင်းတွင် မောဘ၏ ဇာစ်မြစ်များက မသန့်စင်ပေ။ မောဘသည် လိင်ကိစ္စ မှောက်မှားခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဤအရာ၌ ခြားနားမှု ရှိပေသည်။ နှစ်ဦးလုံး ကျိန်ခြင်းခံခဲ့ရသော်လည်း၊ ၎င်းတို့၏ အဆင့်အတန်းများ မတူညီကြပေ။ ထို့ကြောင့် မောဘ၏ သားစဉ် မြေးဆက်တို့သည် လူအားလုံးထဲတွင် အနိမ့်ကျဆုံး ဖြစ်သည်- ပြီးလျှင် လူများအားလုံးထဲမှ အနိမ့်ကျဆုံး လူတို့ကို သိမ်းပိုက်ခြင်းထက် သာ၍ ဘဝင်ကျစရာ အချက် ရှိနိုင်မည် မဟုတ်ပေ။ နောက်ဆုံးသောကာလ၏ အမှုသည် စည်းမျဉ်းအားလုံးကို ချိုးဖောက်ပြီး သင်သည် ကျိန်ခြင်းခံရသည်ဖြစ်စေ အပြစ်ပေးခြင်း ခံရသည်ဖြစ်စေ၊ ငါ၏အမှုကို သင် ကူညီပြီး၊ ယနေ့သိမ်းပိုက်ခြင်း အမှုအတွက် အကျိုးရှိသရွေ့၊ ပြီးလျှင် သင်သည် မောဘ၏ သားစဉ်မြေးဆက်တစ်ဦး သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ သားသမီး ဖြစ်သည်ဖြစ်စေ၊ အမှု၏ ဤအဆင့်တွင် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင် ဆောင်ရွက်ကာ သင် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်သရွေ့၊ ထိုက်သင့်သော အကျိုးကို ရရှိလိမ့်မည် ဖြစ်သည်။ သင်သည် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်ပြီး မောဘ၏ သားစဉ်မြေးဆက် ဖြစ်၏။ အချုပ်အားဖြင့် အသွေးအသားရှိသူ အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံများဖြစ်ကြပြီး ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြစ်သည်၊ သင်သည် မည်သည့် ရွေးချယ်စရာမျှ မရှိသင့်သကဲ့သို့၊ ဤသည်မှာ သင်၏တာဝန် ဖြစ်သည်။ ဟုတ်ပေ၏၊ ယနေ့တွင် ဖန်ဆင်းရှင်၏ အမှုကို စကြဝဠာတစ်ခွင်လုံးတွင် ညွှန်ကြား ထားပေသည်။ သင်သည် မည်သူ့ထံမှ ဆင်းသက်လာသည်ဖြစ်စေ၊ အားလုံးအထက်တွင် သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံများထဲမှ တစ်ဦးဖြစ်သည်၊ မောဘ၏ သားစဉ်မြေးဆက်များဖြစ်သည့် သင်တို့သည် ဘုရားသခင်၏ အဖန်ဆင်းခံများ၏ အစိတ်အပိုင်း ဖြစ်ပေသည်၊ တစ်ခုတည်းသော ကွာခြားချက်မှာ သင်တို့သည် တန်ဖိုးသာ၍နည်းသည်ဟူသော အချက်သာ ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၏ အမှုသည် ဖန်ဆင်းခံ အားလုံးအလယ်တွင် ဆောင်ရွက်ပြီး စကြဝဠာ တစ်ခွင်လုံးသို့ ရည်ရွယ်ထားသည့်အတွက်၊ ဖန်းဆင်ရှင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် မည်သူတို့ကိုမဆို၊ မည်သည့် ကိစ္စရပ်များကိုမဆို သို့မဟုတ် မည်သည့် အမှုအရာများကိုမဆို လွတ်လပ်စွာ ရွေးချယ်နိုင်ပေသည်။ သင့်အနေဖြင့် မည်သူ့ထံမှ ဆင်းသက်ခဲ့လေ့ရှိသည်ဆိုသည်ကို သူ ဂရုမစိုက်ပေ။ သင်သည် သူ၏ ဖန်ဆင်းခံတစ်ဦးဖြစ်သရွေ့၊ ပြီးလျှင် သင်သည် သူ၏- သိမ်းပိုက်ခြင်းနှင့် သက်သေခံခြင်း- အမှုအဖို့ အကျိုးရှိသရွေ့၊ သူသည် မည်သည့် တုံ့ဆိုင်းခြင်းမျှမရှိဘဲ သူ၏အမှုကို သင့်အထဲ၌ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ ဤအရာက ဘုရားသခင်သည် တစ်ပါးအမျိုးသားအလယ်၊ အထူးသဖြင့် ကျိန်ခြင်းခံရကာ နိမ့်ကျသူများအလယ်တွင် မည်သည့်အခါတွင်မျှ အမှုပြုလိမ့်မည်မဟုတ်၊ ကျိန်ခြင်းခံရပြီးသော သူများအတွက်၊ ၎င်းတို့ထံမှလာသည့် အနာဂတ် မျိုးဆက်အားလုံးသည်လည်း မည်သည့် ကယ်တင်ခြင်း အခွင့်အရေးမျှ လုံးဝ မရှိဘဲနှင့် ထာဝရ ကျိန်ခြင်းခံလိမ့်မည်၊ ဘုရားသခင်သည် တစ်ပါးအမျိုးသား နယ်မြေတွင် မည်သည့်အခါတွင်မျှ ဆင်းကြွကာ အမှုပြုလိမ့်မည် မဟုတ်သကဲ့သို့၊ သူသည် သန့်ရှင်းသည့်အတွက် ညစ်ညမ်းသောမြေတွင် လုံးဝ ခြေချမည် မဟုတ်ဟူသော လူတို့၏ ထုံးတမ်းအစဉ်အလာ အယူအဆများကို ချေဖျက်လေသည်။ ဤအယူအဆများအားလုံးသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုအားဖြင့် ချေဖျက်ခံရပြီးဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းခံသတ္တဝါ အားလုံး၏ ဘုရားသခင် ဖြစ်သည်၊ သူသည် မိုးကောင်ကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အပေါ် အစိုးရပြီး၊ ဣသရေလူမျိုးတို့၏ ဘုရားသခင်မျှသာ မဟုတ်သည်ကို သိလော့။ ထို့ကြောင့် တရုတ်ပြည်ထဲက ဤအမှုသည် အဆုံးစွန် အရေးပါပြီး ယင်းသည် တိုင်းနိုင်ငံအားလုံးအလယ် ပျံ့နှံ့လိမ့်မည် မဟုတ်လော။ အနာဂတ်၏ ကြီးမြတ်သော သက်သေခံချက်ကို တရုတ်ပြည်၌သာ ကန့်သတ်ထားလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် သင်တို့ကိုသာ သိမ်းပိုက်ပါက၊ နတ်ဆိုးတို့သည် လက်ခံယုံကြည်နိုင်ကြမည်လော။ သိမ်းပိုက်မှုခံရခြင်း သို့မဟုတ် ဘုရားသခင်၏ ကြီးမြတ်သည့်တန်ခိုးကို ၎င်းတို့ နားမလည်ကြသကဲ့သို့၊ စကြဝဠာ တစ်ဝှမ်းလုံး ဘုရားသခင် ရွေးချယ်ထားသော လူတို့က ဤအမှု၏ အဆုံးစွန်သော အကျိုးများကို ရှုမြင်သည့်အခါမှသာ ဖန်ဆင်းခံ သတ္တဝါအားလုံး သိမ်းပိုက်ခံရကြလိမ့်မည် ဖြစ်သည်။ မောဘ၏ သားစဉ်မြေးဆက်များထက် ခေတ်နောက်ကျန်သောသူ သို့မဟုတ် ဖောက်ပြန်ပျက်စီးသူ မည်သူမျှ မရှိပေ။ ဤလူများ သိမ်းပိုက်ခံရနိုင်မှသာ- ဖောက်ပြန်အပျက်စီးဆုံးသူများ၊ ဘုရားသခင်ကို အသိအမှတ်မပြုသူ သို့မဟုတ် ဘုရားသခင် တစ်ပါးရှိသည်ကို မယုံကြည်သောသူတို့ သိမ်းပိုက်ခံရပြီး၊ ၎င်းတို့နှုတ်များဖြင့် ဘုရားသခင်ကို အသိအမှတ်ပြုနိုင်မှသာ၊ သူ့ကို ချီးမွမ်းနိုင်ပြီး ချစ်နိုင်မှသာ- ဤသည်မှာ သိမ်းပိုက်ခြင်း၏ သက်သေခံချက် ဖြစ်လိမ့်မည်။ သင်တို့သည် ပေတရု မဟုတ်သော်လည်း၊ ပေတရု၏ အသွင်အတိုင်း အသက်ရှင်နေထိုင်ကြသည်၊ ပေတရုနှင့် ယောဘတို့၏ သက်သေခံချက်ကို ပိုင်ဆိုင်နိုင်ကြပြီး၊ ဤသည်မှာ အကြီးမားဆုံး သက်သေ ဖြစ်ပေသည်။ နောက်ဆုံးတွင် သင်က “ကျွန်ုပ်တို့သည် ဣသရေလအမျိုး မဟုတ်သော်လည်း၊ စွန့်ပစ်ခံရသည့် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ကြပါသည်၊ ၎င်း၏အရည်အချင်းကို ကျွန်ုပ်တို့ တတ်စွမ်းနိုင်ခြင်း မရှိသည့် ပေတရု မဟုတ်ဘဲ၊ ယောဘလည်း မဟုတ်ပါ၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံဖို့နှင့် မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်ဖို့ ပေါလု၏ စိတ်ဆုံးဖြတ်ချက်နှင့်ပင် ကျွန်ုပ်တို့ နှိုင်းယှဉ်၍ မရပါ၊ ပြီးလျှင် ကျွန်ုပ်တို့သည် အလွန် ခေတ်နောက်ကျကြသည်၊ ထို့ကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ဖို့ အရည်အချင်း မပြည့်မီကြပါ။ ယနေ့ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချီမခဲ့ဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ စိတ်ကျေနပ်စေရမည် ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် လုံလောက်သော အရည်အသွေး သို့မဟုတ် အရည်အချင်းများ မရှိသော်လည်း၊ ဘုရားသခင်၏ အလိုကို ဖြည်ဆည်းဖို့ လိုလိုလားလား ရှိနေကြပါသည်- ဤသန္နိဌာန် ကျွန်ုပ်တို့၌ ရှိသည်။ ကျွန်ုပ်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး ကျိန်ခြင်းခံခဲ့ရပါသည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခဲ့ခြင်း ဖြစ်ကာ ကျွန်ုပ်တို့ ပြောင်းလဲနိုင်စွမ်း မရှိပါ၊ သို့သော် ကျွန်ုပ်တို့၏ အသက်ရှင်နေထိုင်ခြင်းနှင့် ကျွန်ုပ်တို့၏ အသိပညာတို့က ပြောင်းလဲနိုင်ပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ ကျွန်ုပ်တို့ သန္နိဋ္ဌာန် ချထားကြပါသည်။” ဟု ဆိုလိမ့်မည်။ သင်၌ ဤသန္နိဋ္ဌာန် ရှိသောအခါ၊ ယင်းက သင်သည် သိမ်းပိုက်ခံခဲ့ခြင်း အဖြစ်ကို သက်သေခံခဲ့ပြီးဖြစ်ကြောင်း သက်သေပြပေလိမ့်မည်။

အရှေ့သို့- သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ

နောက်တစ်ခုသို့- သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။