အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဆယ့်နှစ်ခုမြောက်သော မိန့်မြွက်ချက်၏ အနက်ဖွင့်ချက်

လူအပေါင်း နာခံလိုက်နာသည့်အချိန်၊ အရာခပ်သိမ်း အသစ်ပြုပြင်ခံရပြီး အားသစ်လောင်းသည့်အချိန်၊ အယောက်တိုင်း စိတ်စနိုးစနောင့် မဖြစ်ဘဲ ဘုရားသခင်အား အပ်နှံသည့်အချိန်နှင့် ဘုရားသခင်၏ လေးလံသော ဝန်ထုပ်ဝန်ပိုး တာဝန်ကို ထမ်းရွက်ရန် အလိုရှိသည့် အချိန်သည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်လာ၍ အရှေ့အရပ်မှစ၍ အနောက်အရပ်တိုင် ရှိရှိသမျှအား အလင်းပေးခြင်း၊ ဤအလင်း၏ ရောက်ရှိလာခြင်းသည် ကမ္ဘာမြေတစ်ခုလုံးအား တုန်လှုပ်စေခြင်းတို့ကို ဖြစ်ပေါ်စေသော အချိန်ဖြစ်သည်၊ ထို့အပြင် ဤကာလတွင် ဘုရားသခင်သည် သူ၏ အသက်သစ်ကို နောက်ထပ်တစ်ကြိမ် စတင်လေသည်။ တစ်နည်းဆိုရသော် ဤကာလတွင် ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် အလုပ်သစ်ကို စတင်ပြီး စကြဝဠာတစ်ခုလုံးမှ လူတို့အား “ငါစတင်ပြောဆိုသော အခိုက်အတန့် အတိအကျလည်းဖြစ်သည့် အရှေ့အရပ်မှ လျှပ်ပြက်သောအခါ၊ လျှပ်ပြက်သည့် အခိုက်အတန့်တွင် အမြင့်ဆုံးကောင်းကင်ဘုံတစ်ခုလုံး ထွန်းလင်းသွားပြီး ကြယ်များအားလုံး စတင်ကာ သဏ္ဌာန်ပြောင်းလဲကြလေသည်” ဟု ကြေညာလျက်ရှိသည်။ ထိုသို့ဆိုလျှင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်လာသော အချိန်မှာ မည်သည့်အချိန် ဖြစ်သနည်း။ ကောင်းကင် မှောင်မည်းလာသောအခါနှင့် ကမ္ဘာမြေကြီး တဖြည်းဖြည်း မှေးမှိန်လာသောအချိန်မှာ ဘုရားသခင်သည် လောကကြီးအား မျက်နှာလွှဲသောအချိန်လည်း ဖြစ်၍ ယင်းကာလတွင်ပင် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းသည် အင်အားပြင်းထန်သော မုန်တိုင်းကြီး တစ်ခု၏ ပတ်ချာဝိုင်းခြင်းကို ခံရလုဆဲအချိန် ဖြစ်ပေသည်။ ဤအချိန်တွင် လူအပေါင်းတို့သည် ချောက်ချားမှုအားဖြင့် ဒုက္ခခံရခြင်း၊ မိုးခြိမ်းသံကို ကြောက်ရွံ့ခြင်း၊ လျှပ်ပြက်ခြင်း၏ တောက်ပမှုကို ကြောက်လန့်ခြင်းနှင့် အကြီးအကျယ် ရေလွမ်းမိုးခြင်းဒဏ်ကို ပို၍ပင် ကြောက်လန့်တကြားဖြစ်ခြင်းတို့ကို ခံစားကြရသဖြင့် ၎င်းတို့အထဲမှ အများစုသည် ၎င်းတို့၏ မျက်လုံးများကို ပိတ်ကာ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို လွှတ်၍ ၎င်းတို့အား ဒဏ်ခတ်ခြင်းကို စောင့်ဆိုင်းကြလေသည်။ ထို့အပြင် အခြေအနေ အမျိုးမျိုးသည် ဖြတ်ကျော်ခဲ့ပြီ ဖြစ်ခြင်းကြောင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းသည် ချက်ချင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ကမ္ဘာမြေကြီး၏ အရှေ့အရပ်၌ ဘုရားသခင် ကိုယ်တော်တိုင် သက်သေ စတင်သည့်အချိန်မှ သူစတင်အလုပ်လုပ်သောအချိန်အထိ၊ ဘုရားသဘောသဘာဝသည် ကမ္ဘာမြေကြီးအနှံ့ အချုပ်အခြာအာဏာ တန်ခိုးကို စွဲကိုင်သောအချိန်အထိ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၏ တောက်ပသော ရောင်ခြည်မျှင်တန်းလွှတ်ခြင်းဖြစ်ပြီး ယင်းသည် စကြဝဠာတစ်ခုလုံးအပေါ် မကြုံစဖူး ထွန်းတောက်ခဲ့ခြင်းပင် ဖြစ်သည်။ မြေကြီးပေါ်မှ တိုင်းနိုင်ငံများ ခရစ်တော်၏ နိုင်ငံတော် ဖြစ်လာသော အချိန်သည် စကြဝဠာတစ်ခုလုံး အလင်းပေးခြင်းခံရသော အချိန်ဖြစ်သည်။ ယခုအချိန်သည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်လာသော အချိန်ဖြစ်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် စတင်အလုပ်လုပ်လေပြီ၊ ထို့အပြင် ဘုရားသဘောသဘာဝဖြင့် တိုက်ရိုက် ပြောပြီဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ စတင်ပြောသည့် အချိန်သည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်လာသော အချိန်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ပို၍ အတိအကျဆိုသော် ပလ္လင်မှ အသက်ရေ စီးဆင်းသည့်အခါ - ပလ္လင်တော်မှ မိန့်မြွက်ချက်များ စတင်သည့်အခါ - ဝိညာဉ်ခုနှစ်ပါး၏ မိန့်မြွက်ချက်များ တရားဝင် စတင်သောအချိန် အတိအကျဖြစ်သည်။ ဤအချိန်တွင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းသည် စတင်ထွက်ပေါ်လာပြီး အချိန်ကွာခြားမှုကြောင့် အလင်းရောင်ရရှိမှု ပမာဏလည်း ကွဲပြားပြီး ထိန်လင်းမှု အတိုင်းအတာတွင်လည်း ကန့်သတ်ချက် တစ်ခု ရှိလေသည်။ သို့သော်လည်း ဘုရားသခင်၏အလုပ် ရွေ့လျားသည်နှင့်အမျှ၊ သူ၏ အစီအစဉ် ပြောင်းလဲသည်နှင့်အမျှ - ဘုရားသခင်၏ သားများနှင့် လူများအပေါ်ရှိအလုပ် ကွဲပြားသည်နှင့်အမျှ - လျှပ်ပြက်ခြင်းသည် ၎င်း၏ ရှိရင်းစွဲ အလုပ်တာဝန်ကို တိုး၍ လုပ်ဆောင်သဖြင့် စကြဝဠာတစ်လျှောက်လုံး၌ ရှိရှိသမျှအပေါ် အလင်းရရှိစေပြီး အသုံးမကျသော အရာများနှင့် အဖျင်းများ မကျန်ရစ်ပေ။ ဤသည်မှာ ဘုရားသခင်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ် ပုံပေါ်လာခြင်း ဖြစ်၍ ဘုရားသခင် အရသာတွေ့သော အသီးအပွင့်ပင် ဖြစ်သည်။ ”ကြယ်များ” ဆိုသည်မှာ ကောင်းကင်မှ ကြယ်များကို ရည်ညွှန်းခြင်း မဟုတ်ဘဲ ဘုရားသခင်အတွက် အလုပ်လုပ်သော ဘုရားသခင်၏ သားများနှင့် လူများအားလုံးကို ရည်ညွှန်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် ဘုရားသခင်အား သက်သေခံကြပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် ဘုရားသခင်အား ကိုယ်စားပြုကြသည် သာမက ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသောကြောင့် ၎င်းတို့အား “ကြယ်များ” ဟု ခေါ်ခြင်းဖြစ်သည်။ ဖြစ်ပေါ်သော အပြောင်းအလဲများသည် ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်း ပြောင်းလဲခြင်းများကို ရည်ညွှန်းခြင်းဖြစ်သည်၊ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်မှ လူများမှ နိုင်ငံတော်သားများအဖြစ် ပြောင်းလဲသွားကြသည်၊ ထို့အပြင် ဘုရားသခင်သည် ၎င်းတို့နှင့်အတူရှိပြီး ၎င်းတို့ထဲတွင် ဘုရားသခင်၏ ဘုန်းရှိသည်။ ရလဒ်တစ်ခုအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ကိုယ်စား အချုပ်အခြာအာဏာ တန်ခိုးကို စွဲကိုင်ကြပြီး ၎င်းတို့ထဲမှ အဆိပ်အတောက်နှင့် အညစ်အကြေးများသည် ဘုရားသခင်၏ အလုပ်အားဖြင့် သန့်စင်ခြင်းကိုခံရကာ နောက်ဆုံးတွင် ၎င်းတို့အား ဘုရားသခင် အသုံးပြုနိုင်စေရန်နှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်ရန် အကြောင်းဖြစ်စေသည်၊ ၎င်းမှာ ဤ နှုတ်ကပတ်တော်၏ အဓိပ္ပာယ် ရှုထောင့်တစ်ခု ဖြစ်သည်။ ဘုရားသခင်ထံမှ အလင်းရောင်ခြည်မျှင်တန်းသည် မြေတစ်ပြင်လုံးအား အလင်းပေးသည့်အခါ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ ခပ်သိမ်းသောအရာများသည် အမျိုးမျိုးသော အတိုင်းအတာများအဖြစ် ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး ကောင်းကင်မှ ကြယ်တို့သည်လည်း ပြောင်းလဲကာ နေနှင့် လတို့သည် အသစ်တဖန်ပြုပြင်ခြင်းကို ခံရလိမ့်မည်၊ ထို့အပြင် ကမ္ဘာမြေကြီးပေါ်မှ လူတို့သည် နောက်ပိုင်းတွင် အသစ်တဖန်ပြုပြင်ခြင်းကို ခံကြရလိမ့်မည်၊ ၎င်းမှာ ကောင်းကင်နှင့် မြေကြီးအကြား ဘုရားသခင်ပြုသော အလုပ်အားလုံး ပြီးမြောက်ခြင်းဖြစ်ပြီး အံ့သြဖွယ် မဟုတ်ပါ။

ရွေးကောက်ထားသောသူများ မဟုတ်သည့်သူများ ပင်ကိုအားဖြင့် မပါဝင်သည့် လူတို့ကို ဘုရားသခင် ကယ်တင်သည့် အချိန်သည် လူတို့အား ဘုရားသခင် သန့်စင်စေပြီး တရားစီရင်သော အချိန်ပင်ဖြစ်၍ လူအပေါင်းတို့သည် ခါးသီးစွာ ငိုကြွေးကြသည့် သို့မဟုတ် ရောဂါဖိစီး၍ ၎င်းတို့၏ အိပ်ရာများပေါ်၌ လဲကျသည့်အချိန်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဒဏ်ပေးခံရပြီး သေခြင်း ငရဲထဲသို့ ကျရောက်စေသည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ ကျေးဇူးကြောင့်သာ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို စတင်၍ သိလာကြသည်။ ထိုသို့မဟုတ်ပါက ၎င်းတို့၏ မျက်လုံးများသည် ဖားပြုပ်တစ်ကောင်၏ မျက်လုံးများကဲ့သို့ အပေါ်သို့ ကြည့်ကာ၊ လက်ခံယုံကြည်ခြင်း မရှိ၊ ၎င်းတို့အထဲမှ တစ်ဦးမျှ ၎င်းတို့ကိုယ်ကို မသိ၊ ၎င်းတို့၏ ကိုယ်အလေးချိန်မှာ စတုန် မည်မျှ ရှိကြောင်း မသိနားမလည်ဘဲ နေကြမည် ဖြစ်သည်။ လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို အဆင့်တစ်ခုအထိ အမှန်တကယ် ခံကြရသည်။ ဘုရားသခင်၏ အတိုင်းအဆမဲ့သော တန်ခိုးကြောင့် လူ၏အကျည်းတန်သော မျက်နှာသည် ကွင်းကွင်းကွက်ကွက် ဖော်ပြခြင်းကိုခံရပြီး ၎င်းအား ကြည့်ပြီးသည့်နောက်တွင် လူအား မိမိ၏မျက်နှာ အစစ်အမှန်ကို ၎င်းနှင့် နှိုင်းယှဉ်စေရန်အကြောင်း ဖြစ်စေသည်။ လူအပေါင်းသည် ၎င်းတို့၏ အကျည်းတန်သော မျက်နှာများ သို့မဟုတ် အတွင်းဆုံးမှ အတွေးများအကြောင်းကို မဆိုထားနှင့်၊ ၎င်းတို့၏ ဦးခေါင်းထဲရှိ ဦးနှောက်ဆဲလ်များ မည်မျှရှိကြောင်းကပင် ဘုရားသခင်အတွက် ရှင်းလင်းပြတ်သားသည်ဟု ထင်ရကြောင်းကို သိကြသည်။ “၎င်းမှာ လူသားမျိုးနွယ်တစ်ရပ်လုံး သင့်တော်သော သန့်ရှင်းစင်ကြယ်စေခြင်းနှင့် အမျိုးအစားခွဲခြင်းကို ခံရသည့်အလား ထင်ရပေသည်။ အရှေ့အရပ်မှ ဤအလင်းရောင်ခြည်မျှင်တန်း၏ ထိန်လင်းမှုအောက်တွင် လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ မူလသဏ္ဌာန်အတိုင်း ထုတ်ဖော်ခြင်းကို ခံကြရသည်၊ မျက်လုံးများ ပြာသွားကြသည်၊ ရှုပ်ထွေးခြင်းထဲတွင် ပိတ်ဆို့သွားကြလေသည်” ဟူသော နှုတ်ကပတ်တော်ထဲ၌ တစ်နေ့တွင် ဘုရားသခင်၏အလုပ် ပြီးဆုံးသည့်အခါ လူသားမျိုးနွယ်အပေါင်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံကြရပြီး ဖြစ်လိမ့်မည်ဖြစ်ကြောင်း မြင်နိုင်ပါသည်။ မည်သူမျှ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါင်းထဲမှ တစ်ဦးတစ်ယောက်ကိုမျှ ကျော်မသွားဘဲ တစ်ယောက်ပြီး တစ်ယောက် ကိုင်တွယ်မည်ဖြစ်ပြီး ထိုအခါမှသာ ဘုရားသခင်၏ စိတ်နှလုံး ကျေနပ်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က “ထို့အတူ ၎င်းတို့သည် ငါ၏ အလင်းမှ တောင်ပေါ်ဂူများတွင် ခိုလှုံရန် ထွက်ပြေးကြကုန်သော တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြသည်၊ သို့သော်လည်း ၎င်းတို့ထဲမှ တစ်ဦးမျှ ငါ၏ အလင်းရောင်အတွင်း မှေးမှိန်ပျောက်ကွယ်သွားနိုင်ခြင်း မရှိကြပေ” ဟု ဆိုခြင်း ဖြစ်သည်။ လူများသည် အရေးမပါ၍ နိမ့်ကျသော တိရစ္ဆာန်များ ဖြစ်ကြသည်။ စာတန်၏ လက်ထဲတွင် အသက်ရှင်ခြင်းသည် ၎င်းတို့အတွက်မူ တောင်များအတွင်း ရှေးဟောင်း တောနက်များထဲ၌ ခိုလှုံနေသကဲ့သို့ ဖြစ်သည်၊ သို့သော်လည်း ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်၏ မီးလျှံများအားဖြင့် မီးရှို့ဖျက်ဆီးခြင်းမှ မလွတ်မြောက်နိုင်ခြင်းကြောင့် စာတန်၏ အင်အားစုများ၏ “အကာအကွယ်” အောက်၌ ရှိနေစဉ်တွင်ပင် ၎င်းတို့သည် ဘုရားသခင်၏ မေ့လျော့ခြင်းကို အဘယ်သို့ ခံရနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ရောက်လာခြင်းကို လက်ခံသည့်အခါ လူအပေါင်းတို့၏ ထူးခြားဆန်းကြယ်သော ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အချိုးမကျသော အနေအထားများသည် ဘုရားသခင်၏ ကလောင်အားဖြင့် ဖော်ပြခြင်းကို ခံကြရမည်ဖြစ်သည်၊ ဘုရားသခင်သည် လူ၏ လိုအပ်ချက်များနှင့် စိတ်နေသဘောထားတို့နှင့် သင့်လျော်သည့်အတိုင်း စကားပြောခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့အတွက်မူကား ဘုရားသခင်သည် စိတ်ပညာတွင် ကောင်းမွန်စွာ ကျွမ်းကျင်သည်ဟု ထင်ရသည်။ ၎င်းမှာ ဘုရားသခင်သည် စိတ်ပညာရှင်တစ်ဦးအပြင် အထွေထွေကု ဆရာဝန်တစ်ဦး ဖြစ်သည့်အလား၊ သူသည် “ရှုပ်ထွေး” သော လူအကြောင်း ထိုမျှပင် နားလည်သည်မှာ မဆန်းပါ။ လူတို့သည် ဤအရာကို ပို၍ စဉ်းစားလေ ဘုရားသခင်၏ ထိုက်တန်မှုအပေါ် ၎င်းတို့၏ အာရုံ ပို၍ကြီးလာလေဖြစ်ပြီး ဘုရားသခင်သည် နက်နဲသိမ်မွေ့၍ ဉာဏ်ဖြင့် စဉ်းစား၍ မမီနိုင်ကြောင်းကို ၎င်းတို့ ပို၍ ခံစားရလေဖြစ်သည်။ ၎င်းမှာ လူနှင့် ဘုရားအကြားတွင် ကူးဖြတ်၍ မရသော အာကာသ နယ်နိမိတ်တစ်ခု ရှိနေသကဲ့သို့ ဖြစ်သည်သာမက ထိုနှစ်ဦးတို့သည် တစ်ယောက်ကို တစ်ယောက် ချူမြစ် [က] ၏ ကမ်းပါး တစ်ဖက်တစ်ချက်မှနေ၍ ကြည့်သကဲ့သို့၊ အချင်းချင်း ကြည့်ရုံမှလွဲ၍ လုပ်နိုင်သည့်အရာ တစ်စုံတစ်ခုမှ မရှိသကဲ့သို့ ဖြစ်သည်။ တစ်နည်းဆိုရပါက ကမ္ဘာမြေကြီးပေါ်မှ လူတို့သည် ဘုရားသခင်အား ၎င်းတို့၏ မျက်လုံးများဖြင့်သာ ကြည့်ကြသည်၊ ၎င်းတို့သည် သူ့အား အနီးကပ် လေ့လာရန် အခွင့်အရေး မည်သည့်အခါကမျှ မရှိခဲ့ကြဘဲ ၎င်းတို့၌ ရှိသောအရာမှာ သံယောဇဉ်တွယ်သည့် ခံစားချက် တစ်ခုသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် ချစ်မြတ်နိုးဖွယ်ဖြစ်ကြောင်း အသိတစ်ခု အမြဲရှိသော်လည်း ဘုရားသခင်သည် အလွန် “နှလုံးသားမဲ့ပြီး မခံစားတတ်ခြင်းကြောင့်” ၎င်းတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏ စိတ်နှလုံးများထဲမှ ပြင်းပြသောဝေဒနာ အကြောင်းပြောရန် အခွင့်အရေး မည်သည့်အခါမျှ မရခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ခင်ပွန်း၏သမာဓိကြောင့် မိမိ၏ စစ်မှန်သော ခံစားချက်များကို ထုတ်ပြောရန် မည်သည့်အခါကမျှ အခွင့်အရေး မရခဲ့ဖူးသော၊ မိမိ၏ခင်ပွန်းရှေ့၌ရှိသော ငယ်ရွယ်လှပသည့် ဇနီးတစ်ဦးကဲ့သို့ ဖြစ်သည်။ လူတို့သည် မိမိကိုယ်ကို အထင်အမြင်သေးတတ်ကြသော ကံဆိုးသူများ ဖြစ်ကြသည့်အတွက်၊ ၎င်းတို့၏ မခိုင်ခံ့ခြင်းကြောင့်၊ ၎င်းတို့၌ မိမိကိုယ်ကို အလေးထားမှု မရှိကြခြင်းကြောင့် လူအပေါ် ငါ၏ မုန်းတီးခြင်းသည် မရည်ရွယ်ဘဲ အတော်တိုးပွားပြီး ငါ၏ စိတ်နှလုံးထဲမှ အမျက်သည် ပွင့်ထွက်လာသည်။ ငါ၏ စိတ်ထဲတွင် ငါသည် စိတ်ဒဏ်ရာ တစ်ခုကို ခံစားနေရသကဲ့သို့ ဖြစ်သည်။ ငါသည် လူအပေါ် မျှော်လင့်ချက် ပျောက်ဆုံးခဲ့သည်မှာ ကြာနှင့်ပြီ ဖြစ်သော်လည်း “ငါ၏ နေ့ရက်သည် လူသားမျိုးနွယ်အပေါ် နောက်တစ်ကြိမ် အပူတပြင်း နီးကပ်လာပြီး၊ လူသားမျိုးနွယ်အား နောက်တစ်ကြိမ် နှိုးဆော်ကာ အသစ်သော အစအဦးတစ်ခုကို ဖန်တီးရန် လူ့လောကကြီးအား အမှတ်တစ်ခုကို ပေးလျက်နေသောကြောင့်” ငါသည် လူသားမျိုးနွယ်အပေါင်းကို သိမ်းပိုက်ရန်၊ အဆင်းနီသော နဂါးကြီးအား ဖမ်းဆီးရန်နှင့် အနိုင်ယူရန် သတ္တိကို နောက်တစ်ကြိမ်ထပ်၍ လှုံ့ဆော်သည်။ ဘုရားသခင်၏ မူလ ရည်ရွယ်ချက်မှာ ဖော်ပြပါအတိုင်း ဖြစ်သည် - တရုတ်နိုင်ငံရှိ အဆင်းနီသော နဂါးနီကြီး၏ ဥကို သိမ်းပိုက်ရန်သာ ဖြစ်သည်၊ ဤအရာသည်သာလျှင် အဆင်းနီသော နဂါးကြီး ရှုံးနိမ့်ခြင်း ဖြစ်ကြောင်း၊ အဆင်းနီသော နဂါးကြီးအား နှိမ်နင်းခြင်း ဖြစ်ကြောင်း မှတ်ယူနိုင်ပြီး ဤအရာသည်သာလျှင် ဘုရားသခင်သည် ရှင်ဘုရင်အဖြစ် ကမ္ဘာမြေကြီးအနှံ့ စိုးစံကြောင်း၊ ဘုရားသခင်၏ ကြီးမြတ်သော စီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအား သက်သေပြခြင်းဖြစ်၍ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် အသစ်သော အစအဦးတစ်ခုရှိကြောင်းနှင့် ကမ္ဘာမြေကြီးပေါ်တွင် ဘုန်းထင်ရှားကြောင်း သက်သေပြရန် လုံလောက်ပေလိမ့်မည်။ နောက်ဆုံးပိတ်ဖြစ်သော လှပသည့် အခင်းအကျင်းကြောင့် ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲမှ စိတ်အားထက်သန်မှုကို မဖော်ပြဘဲ မနေနိုင် ဖြစ်လေသည်၊ “ငါ၏နှလုံးသည် ခုန်လျက်ရှိပြီး ငါ၏ နှလုံးခုန်သံ စည်းချက်များအတိုင်း တောင်များသည် ဝမ်းမြောက်ခြင်းဖြင့် ခုန်ပေါက်ကြသည်၊ ရေတို့သည် ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြပြီး ရေလှိုင်းများသည် စည်းဝါးအတိုင်း သန္တာကျောက်တန်းများပေါ်တွင် ရိုက်ခတ်ကြလေသည်။” ဘုရားသခင် စီစဉ်ထားသောအရာကို ဘုရားသခင်သည် ပြီးမြောက်အောင်မြင်စေနှင့်ပြီ ဖြစ်ကြောင်း၊ ၎င်းသည် ဘုရားသခင်၏ ကြိုတင်စီရင်ထားခြင်းကို ခံခဲ့ရကြောင်းနှင့် လူတို့အား တွေ့ကြုံပြီး သတိပြုမိစေရန် ဘုရားသခင် ပြုလုပ်သောအရာ အတိအကျ ဖြစ်ကြောင်းကို ဤအရာအားဖြင့် မြင်နိုင်ပါသည်။ နိုင်ငံတော်၏ မြင်ကွင်းမှာ လှပပေသည်၊ နိုင်ငံတော်၏ ရှင်ဘုရင်သည် အောင်နိုင်သူ ဖြစ်ပေသည်၊ ဦးခေါင်းမှ ခြေမအထိ အသွေးနှင့် အသား အရိပ်အယောင် တစ်ခုမျှ မရှိဘဲ သူ၏ ဖြစ်တည်သမျှတို့မှာ အထွတ်အမြတ် ဖြစ်ပေသည်။ သူ၏ တစ်ကိုယ်လုံးသည် အထွတ်အမြတ်ထားသော ဘုန်းဖြင့် ထောက်ပကာ လူသားတို့၏ အတွေးအမြင်များအားဖြင့် စွန်းထင်းခြင်း အလျှင်းမရှိ၊ သူ၏ တစ်ကိုယ်လုံး အပေါ်မှ အောက်အထိ ဖြောင့်မတ်ခြင်းနှင့် ကောင်းကင်ဘုံ၏ ရောင်ဝါလက္ခဏာတို့ဖြင့် ပြည့်လျက်နေပြီး ဆွဲဆောင်စေသော ရနံ့တစ်မျိုး ထွက်ပေသည်။ ရှောလမုန်သီချင်းထဲမှ ချစ်မြတ်နိုးသူကဲ့သို့ သူသည် သန့်ရှင်းသူများ အားလုံးထက်ပို၍ပင် ချောမောလှပပေသည်၊ ရှေးသန့်ရှင်းသူများထက် ပို၍မြင့်သည်၊ သူသည် လူအပေါင်းအကြားတွင် စံပြဖြစ်ပြီး လူအတွက်မူကား မနှိုင်းယှဉ်နိုင်ပေ၊ လူတို့သည် သူ့အား တိုက်ရိုက် မော်ကြည့်ရန် မသင့်တော်ပေ။ မည်သူမျှ ဘုရားသခင်၏ ဘုန်းကြီးသော မျက်နှာ၊ ဘုရားသခင်၏ ပုံပန်း သို့မဟုတ် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ကြိုးပမ်းရရှိနိုင်ခြင်း မရှိ၊ မည်သူမျှ ယှဉ်ပြိုင်နိုင်ခြင်းမရှိ၊ မည်သူမျှ ၎င်းတို့၏ နှုတ်များဖြင့် ၎င်းတို့အား အလွယ်တကူ ချီးမွမ်းနိုင်ခြင်း မရှိကြပေ။

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဆုံးမရှိပေ၊ စမ်းချောင်းတစ်ခုမှ ပန်းထွက်သော ရေကဲ့သို့ ဖြစ်၍ ၎င်းတို့သည် မည်သည့်အခါမျှ ခန်းခြောက်သွားလိမ့်မည် မဟုတ်ပေ၊ ထိုအတွက်ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုများကို မည်သူမျှ နားလည်သဘောပေါက်နိုင်မည် မဟုတ်သော်လည်း ဘုရားသခင်အတွက်မူကား ယင်းနက်နဲမှုများမှာ အဆုံးမဲ့ဖြစ်သည်။ မတူညီသော နည်းလမ်းများနှင့် ဘာသာစကားများကို အသုံးပြုကာ ဘုရားသခင်သည် သူ၏ အသစ်တဖန်ပြုပြင်ခြင်းအကြောင်းနှင့် စကြဝဠာ တစ်ခုလုံးအား အသွင်ပြောင်းလဲခြင်းအကြောင်းကို အကြိမ်များစွာ ပြောခဲ့ပြီး ဖြစ်၍ ပြောသည့် အကြိမ်တိုင်းသည် နောက်ဆုံး အကြိမ်ထက် ပို၍ လေးနက်လာခဲ့သည် - “မသန့်ရှင်းသော အရာမှန်သမျှကို ငါ၏ အကြည့်အောက်တွင် ပြာမှုန့်များအဖြစ်သို့ မီးရှို့ပစ်ရန် ငါအလိုရှိသည်၊ မနာခံခြင်း၏ သားများအားလုံးကို နောက်ထပ် မည်သည့်အခါမျှ တဝဲလည်လည် မကျန်ရစ်စေရန် သို့မဟုတ် မတည်ရှိစေခြင်းငှာ ငါ၏မျက်စိရှေ့မှ ကွယ်ပျောက်စေရန် ငါအလိုရှိသည်။” ဘုရားသခင်သည် အဘယ်ကြောင့် ယင်းအရာများကို အထပ်ထပ် ပြောသနည်း။ လူတို့သည် ၎င်းတို့အား တဖြည်းဖြည်း ငြီးငွေ့လာမည်ကို သူမစိုးရိမ်သလော။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အလယ်တွင် မမြင်မကန်း စမ်း၍သွားရုံသာ သွားကြသည်၊ ဘုရားသခင်အား ဤ နည်းအတိုင်း သိရန် ဆန္ဒရှိကြသော်လည်း ၎င်းတို့ကိုယ်ကို ဆန်းစစ်ရန် မည်သည့်အခါမျှ မှတ်မိကြခြင်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤနည်းလမ်းကို အသုံးပြု၍ ၎င်းတို့အား သတိပေးကာ ၎င်းတို့အား ၎င်းတို့ကိုယ်ကို သိစေသဖြင့် လူ၏ မနာခံခြင်းကို ၎င်းတို့ကိုယ်တိုင် သိလာနိုင်မည် ဖြစ်သောကြောင့် ဘုရားသခင်၏ရှေ့တွင် ၎င်းတို့၏ မနာခံခြင်းကို အမြစ်ဖြတ်ပစ်နိုင်မည် ဖြစ်သည်။ ဘုရားသခင်သည် “သန့်ရှင်းစင်ကြယ်စေရန်နှင့် အမျိုးအစားခွဲရန်” အလိုရှိကြောင်း ဖတ်ရသည့်အခါ ၎င်းတို့၏ စိတ်နေစိတ်ထားသည် တစ်ခါတည်း စိုးရိမ်ကြောင့်ကြလာပြီး ၎င်းတို့၏ ကြွက်သားများသည်လည်း လှုပ်ရှားမှု ရပ်တန့်သွားသကဲ့သို့ ထင်ရသည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ပြစ်တင်ဝေဖန်ရန် ဘုရားသခင်ရှေ့သို့ ပြန်လာကြသဖြင့် ဘုရားသခင်အား သိလာကြသည်။ ဤအရာနောက်ပိုင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်ကိုပိုင်းဖြတ်ပြီးနောက် ဘုရားသခင်သည် ဤအခွင့်အရေးကို အသုံးပြုကာ ၎င်းတို့အား အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို ပြလေသည်၊ ထို့ကြောင့် လူတို့သည် ဝိညာဉ်ရေးရာလောကနှင့် တိုက်ရိုက် ထိတွေ့မှုရှိကြပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်အားဖြင့် ပါဝင်သော အပိုင်းကြောင့် ၎င်းတို့၏ စိတ်များမှာလည်း အခန်းကဏ္ဍတစ်ခုတွင် စတင်ကာ ပါဝင်လာကြရာ ယင်းသည် လူနှင့် ဘုရားသခင်အကြားရှိ ရပ်တည်ချက်ကို တိုးမြှင့်စေပြီး ၎င်းသည် ဇာတိပကတိထဲရှိ ဘုရားသခင်၏ အလုပ်အတွက် အလွန် အကျိုးပြုပေသည်။ ဤနည်းဖြင့် လူတို့သည် ကုန်လွန်ခဲ့ပြီးသော အချိန်များကို မရည်ရွယ်ဘဲ တဖန်ပြန်ကြည့်ရန် ဆန္ဒရှိလာကြသည်၊ အတိတ်တွင် လူတို့သည် နှစ်ပေါင်းများစွာ မရေရာသော ဘုရားသခင်ကို ယုံကြည်ခဲ့ကြပြီး ၎င်းတို့သည် နှစ်ပေါင်းများစွာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါမျှ လွတ်မြောက်ခြင်းကို မရခဲ့ကြပေ၊ ၎င်းတို့သည် ကြီးစွာသော ပျော်ရွှင်ဝမ်းမြောက်မှုကို ခံစားနိုင်စွမ်း နှစ်ပေါင်းများစွာ မရှိခဲ့ကြသည့်အပြင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသော်လည်း ၎င်းတို့၏ ဘဝများတွင် စီစဉ်တကျ မရှိခဲ့ကြပေ။ ၎င်းမှာ ၎င်းတို့ ယုံကြည်သူများ မဖြစ်မီအချိန်နှင့် ကွဲပြားခြားနားမှု မရှိသကဲ့သို့၊ ၎င်းတို့၏ ဘဝများမှာ အဓိပ္ပာယ် မရှိဘဲ မျှော်လင့်ချက် ကင်းမဲ့ကြောင်း ဆက်၍ ခံစားခဲ့ရသည်၊ ယင်းအချိန်က ၎င်းတို့၏ ယုံကြည်မှုမှာ ရှုပ်ထွေးမှု အမျိုးအစား တစ်ခုကဲ့သို့ဖြစ်၍ ၎င်းတို့သည် မယုံကြည်ပါက ပို၍ပင် ကောင်းသကဲ့သို့ ဖြစ်ခဲ့သည်။ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ကို ယနေ့ ရှုမြင်ခဲ့ကြသောကြောင့် ကောင်းကင်နှင့် မြေကြီးတို့သည် အသစ်တဖန်ပြုပြင်ခြင်း ခံရသကဲ့သို့ ဖြစ်သည်၊ ၎င်းတို့၏ ဘဝများသည် ဝင်းပလာခဲ့ပြီး၊ ၎င်းတို့သည် မျှော်လင့်ချက်မဲ့သော သူများ မဟုတ်တော့သည့်အပြင် လက်တွေ့ကျသော ဘုရားသခင် ရောက်လာခြင်းကြောင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် တည်ကြည်ခိုင်မာမှုနှင့် ၎င်းတို့၏ ဝိညာဉ်များအတွင်း၌ ငြိမ်သက်ခြင်းကို ခံစားကြရသည်။ ၎င်းတို့သည် ၎င်းတို့ လုပ်သမျှတွင် လေကို လိုက်ခြင်းနှင့် အရိပ်များကို ဖမ်းဆုပ်ခြင်း မပြုကြတော့ပေ၊ ၎င်းတို့၏ လိုက်စားမှုသည် မရေမရာ ဆက်မဖြစ်တော့သည့်အပြင် ၎င်းတို့သည် ဆက်၍ ခြေလက် ယက်ကန်ယက်ကန် မဖြစ်ကြတော့ပေ။ ယနေ့ ဘဝသည် ပို၍ပင် လှပသည်၊ လူတို့သည် မမျှော်လင့်ထားဘဲ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခဲ့ကြပြီး ဘုရားသခင်၏ လူများထဲမှ တစ်စု ဖြစ်ခဲ့ကြသည် သာမက နောက်ပိုင်းတွင် …။ လူတို့သည် စိတ်နှလုံးများထဲတွင်၊ ၎င်းတို့ ပို၍ စဉ်းစားလေ၊ ပို၍ ချိုမြိန်လေ ဖြစ်သည်၊ ၎င်းတို့ ပို၍ စဉ်းစားလေ၊ ၎င်းတို့ ပို၍ ပျော်ရွှင်လေ ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ကို ချစ်မြတ်နိုးရန် စိတ်ဖြစ်ပေါ်လာလေ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ယင်းကို သဘောမပေါက်ဘဲ ဘုရားသခင်နှင့် လူအကြားရှိ ခင်မင်ရင်းနှီးမှု တိုးမြှင့်ခဲ့သည်။ လူတို့သည် ဘုရားသခင်ကို ပို၍ ချစ်ခင်ကြပြီး ဘုရားသခင်ကို သာ၍ သိကြသည် သာမက လူထဲ၌ ဘုရားသခင်၏ အလုပ်သည် တိုး၍ လွယ်ကူလာပြီး ၎င်းသည် လူတို့အား ဖိအားပေးခြင်း သို့မဟုတ် အတင်းအကျပ်လုပ်ခိုင်းခြင်း မရှိတော့ဘဲ သဘာဝ ဖြစ်စဉ်ကို လိုက်ကာ လူသည် သူ၏ တစ်မူထူးခြားသော အလုပ်တာဝန်ကို လုပ်ဆောင်လေမည်၊ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်အား တဖြည်းဖြည်းချင်း သိလာနိုင်မည် ဖြစ်သည်။ ဤအရာသည်သာလျှင် ဘုရားသခင်၏ ဉာဏ်ပညာ ဖြစ်သည်၊ ၎င်းသည် အနည်းငယ်မျှသော ကြိုးပမ်းမှုကို မလိုအပ်သည့်အပြင် လူ၏ သဘောသဘာဝနှင့် သင့်လျော်သလို ၎င်းအား အကျိုးသက်ရောက်စေခြင်း ဖြစ်သည်။ ထို့ကြောင့် ဤ အခါသမယတွင် ဘုရားသခင်က “လူ့လောကထဲတွင် ငါလူ့ဇာတိခံယူစဉ် အချိန်တွင် လူသားမျိုးနွယ်သည် ငါ၏ဦးဆောင်လမ်းပြသော လက်၏ အကူအညီအားဖြင့် ဤနေ့ရက်သို့ အမှတ်တမဲ့ ရောက်ရှိလာခဲ့ကြပြီး ငါ့အား အမှတ်တမဲ့ သိလာခဲ့ကြသည်။ သို့သော်လည်း ရှေ့တွင်ရှိသည့်လမ်းပေါ် မည်ကဲ့သို့ လျှောက်လှမ်းရမည်နှင့်စပ်လျဉ်း၍ မည်သူ့ထံတွင်မျှ အရိပ်အမြွက် မရှိ၊ မည်သူမျှ မသိကြသည့်အပြင် ထိုလမ်းသည် မိမိအား ခေါ်ဆောင်သွားမည့် ဦးတည်ရာနှင့်ပတ်သက်၍ မည်သူ တစ်ဦးတစ်ယောက်ထံတွင်မျှ သဲလွန်စတစ်ခု မရှိကြပေ။ အန္တတန်ခိုးရှင်၏ ဂရုစိုက်ကြည့်ရှုခြင်းဖြင့်သာ မည်သူမဆို ထိုလမ်းကို အဆုံးတိုင် လျှောက်လှမ်းနိုင်မည် ဖြစ်သည်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၏ ဦးဆောင်လမ်းပြခြင်းအားဖြင့်သာ မည်သူမဆို ငါ၏ နိုင်ငံတော်သို့ ဦးတည့်ပေးသော တံခါးခုံကို ဖြတ်ကျော်နိုင်မည် ဖြစ်သည်” ဆိုခြင်း ဖြစ်သည်။ ဤသည်မှာ အထက်တွင် လူ၏စိတ်နှလုံးထဲ၌ ငါဖော်ပြခဲ့သောအရာ၏ အကျဉ်းချုပ် တစ်ခု ဖြစ်သည် မဟုတ်လော။ ဤနေရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် လျှို့ဝှက်ချက် ရှိနေသည်။ လူ၏ စိတ်နှလုံးထဲ၌ရှိသော အတွေးများမှာ ဘုရားသခင်၏နှုတ်မှ ပြောသောအရာများ ဖြစ်ကြပြီး ဘုရားသခင်၏နှုတ်မှ ပြောသော အရာများသည် လူဆန္ဒပြုသောအရာ ဖြစ်သည်၊ ထို့အပြင် ဤသည်မှာ ဘုရားသခင်သည် လူ၏ စိတ်နှလုံးကို မြင်သာအောင် ပြရာတွင် အကျွမ်းကျင်ဆုံးသောအရာ အတိအကျ ဖြစ်ပေသည်။ ထိုသို့မဟုတ်ပါက အားလုံးတို့သည် အဘယ်သို့လျှင် စိတ်ရင်းအမှန်နှင့် ယုံကြည်လက်ခံနိုင်လိမ့်မည်နည်း။ ဤသည်မှာ အဆင်းနီသော နဂါကြီးအား အနိုင်ယူရာတွင် ဘုရားသခင် ရယူလိုသည့် အကျိုးဆက် ဖြစ်သည် မဟုတ်လော။

အမှန်အားဖြင့် ဘုရားသခင်၏ မူလရည်ရွယ်ချက် ဖြစ်ခဲ့သည်နှင့်အညီ သူ၏ များစွာသော နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်သည် ၎င်းတို့၏ အပေါ်ယံ အဓိပ္ပာယ်ထဲ၌ မတည်ရှိပေ။ သူ၏ များစွာသော နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်သည် လူတို့၏ အယူအဆများကို တမင်တကာ ပြောင်းလဲပေးရုံနှင့် ၎င်းတို့၏ အာရုံကို ပြောင်းပေးရုံမျှသာ ဖြစ်သည်။ ဘုရားသခင်သည် ယင်းနှုတ်ကပတ်တော်များတွင် အရေးပါမှု တစ်စုံတစ်ရာကို ပူးတွဲပေးခြင်း မရှိသောကြောင့် နှုတ်ကပတ်တော် များစွာတို့သည် ရှင်းပြရန် မထိုက်တန်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် လူ၏ သိမ်းပိုက်ခံရခြင်းသည် ယနေ့၌ ရှိသော အဆင့်အထိ ရောက်လာခဲ့ပြီးသည့်အခါ လူတို့၏ ခွန်အားသည် တိကျသော အဆင့်တစ်ခုသို့ ရောက်ခဲ့ခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် ဘုရားသခင်သည် သတိပေးသည့် နှုတ်ကပတ်တော်များကို ပို၍ မိန့်မြွက်ခြင်း ဖြစ်သည်၊ ၎င်းမှာ ဘုရားသခင်၏ လူများအတွက် သူထုတ်ပြန်သော စည်းမျဉ်း ဖြစ်သည်၊ “ကမ္ဘာမြေကြီးပေါ်တွင် မှီတင်းနေထိုင်ကြသော လူသားများသည် ကြယ်များကဲ့သို့ များပြားကြသော်လည်း ငါသည် ငါ၏ လက်ဖဝါးကို မြင်ရသကဲ့သို့ ၎င်းတို့အား ရှင်းရှင်းလင်းလင်း ငါသိသည်။ ထို့အပြင် ငါ့ကို “ချစ်သော” လူသားများသည် ပင်လယ် သဲပွင့်များကဲ့သို့ မရေမတွက်နိုင်လောက်အောင် များပြားကြသော်လည်း အနည်းငယ်သာလျှင် ငါ၏ ရွေးချယ်ခြင်းကို ခံကြရသည်၊ ထိုသူများမှာ တောက်ပသော အလင်း နောက်သို့ လိုက်သော သူများသာလျှင် ဖြစ်၍ ၎င်းတို့သည် ငါ့ကို “ချစ်သော” သူများနှင့် သီးခြား ဖြစ်ကြသည်။” ဘုရားသခင်ကို ချစ်သည်ဟု ပြောသောသူများစွာ အမှန်ရှိကြသော်လည်း မိမိတို့၏ စိတ်နှလုံးများထဲတွင် သူ့အား ချစ်သောသူ အနည်းငယ်သာ ရှိသည်၊ ၎င်းသည် မျက်လုံးများ ပိတ်ထားလျှင်ပင် ရှင်းရှင်းလင်းလင်း သိနိုင်သည်ဟု ထင်ရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်သောသူတို့၏ တစ်လောကလုံး၏ အမှန်တကယ် အခြေအနေ ဖြစ်သည်။ ဤအရာအားဖြင့် ယခုအခါ ဘုရားသခင်သည် လူတို့အား ဖျောက်ပစ်ရန် အလုပ်ဖက်သို့ လှည့်သွားပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့မြင်နိုင်ပြီး ၎င်းသည် ဘုရားသခင် အလိုရှိသော အရာကိုပြကာ ဘုရားသခင်အား ကျေနပ်စေသော အရာမှာ ယနေ့ခေတ်၏ အသင်းတော် မဟုတ်ဘဲ ဖျောက်ပစ်ပြီးသည့်အမှုနောက်ပိုင်းရှိ နိုင်ငံတော်ဖြစ်ကြောင်းကို ပြသည်။ ဤအခါသမယတွင် သူသည် “အန္တရာယ်ရှိသော ကုန်များ” အားလုံးကို သတိပေးချက်တစ်ခု ဆက်လက်၍ ပေးနေသည်၊ ဘုရားသခင် လုပ်ဆောင်ခဲ့လျှင်၊ ဘုရားသခင် စတင်ကာ လုပ်ဆောင်လျှင်လုပ်ဆောင်ချင်း ယင်းလူတို့သည် နိုင်ငံတော်မှ သုတ်သင်ခြင်းကို ခံကြရမည်။ ဘုရားသခင်သည် မည်သည့်အခါမျှ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း မရှိပေ၊ သူသည် “တစ်သည် တစ်ဖြစ်ပြီး နှစ်သည် နှစ်ဖြစ်သည်” ဟူသော နိယာမနှင့်အညီ အမြဲလုပ်ဆောင်ပြီး သူမကြည့်ရှုလိုသော သူများ ရှိခဲ့ပါက ၎င်းတို့သည် အနာဂတ်တွင် ပြဿနာရှာခြင်းကို ရပ်တန့်ရန် ၎င်းတို့အား သုတ်သင်ပစ်ရန် ဖြစ်နိုင်သမျှကို သူပြုမည်ဖြစ်သည်။ ဤအရာကို “အမှိုက်သရိုက် ထုတ်ခြင်းနှင့် စေ့စေ့စပ်စပ် သန့်စင်ခြင်း” ဟု ခေါ်သည်။ ဘုရားသခင်သည် လူအား စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကြေငြာသည့်အချိန် အခိုက်အတန့်သည် သူ၏ အံ့သြလောက်သော လုပ်ဆောင်ချက်များနှင့် သူ၏ အတွင်း၌ရှိသမျှကို သူပြသော အချိန်ဖြစ်သဖြင့် နောက်ပိုင်းတွင် သူသည် “တောင်များပေါ်တွင် မရေမတွက်နိုင်အောင်ပင် အရေအတွက် များလွန်းသော တောရဲသားကောင်များ ရှိကြသော်လည်း ၎င်းတို့ အားလုံးသည် ငါ့ရှေ့တွင် သိုးများကဲ့သို့ ယဉ်ပါးကြသည်၊ သမုဒ္ဒရာအောက်တွင် ဉာဏ်မမီနိုင်သော လျှို့ဝှက်နက်နဲမှုများ တည်ရှိသော်လည်း ၎င်းတို့သည် မြေမျက်နှာပြင်ပေါ်ရှိ အရာခပ်သိမ်းကဲ့သို့ ရှင်းလင်းစွာ ငါ့အား ၎င်းတို့ကိုယ်ကို တင်ပြလျက်ရှိကြသည်၊ အထက် ကောင်းကင်ဘုံတွင် လူတို့ မည်သည့်အခါမျှ မရောက်နိုင်သော နိုင်ငံများ ရှိကြသော်လည်း ဝင်ရောက်၍ မရနိုင်သော ထိုနိုင်ငံများထဲတွင် ငါသည် လွတ်လပ်စွာ လှည့်လည်သွားလာနိုင်သည်” ဟု ပြောခြင်း ဖြစ်သည်။ ဘုရားသခင်၏ အဓိပ္ပာယ်မှာ၊ လူ၏ စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် ကောက်ကျစ်စဉ်းလဲပြီး လူတို့၏ အယူအဆများတမျှ အမြင်အားဖြင့် အဆုံးမရှိ လျှို့ဝှက်နက်နဲသော်လည်း ဘုရားသခင်သည် လူ၏ အခြေအနေ အမှန်များကို သူ၏ လက်ဖမိုးကဲ့သို့ သိပေသည်။ ခပ်သိမ်းသော အရာများထဲတွင် လူသည် ရိုင်းသော သားရဲတစ်ကောင်ထက် ပို၍ ကြမ်းကြုတ် ရက်စက်သော တိရစ္ဆာန်တစ်ကောင် ဖြစ်သော်လည်း ဘုရားသခင်သည် လူအား ထကြွ၍ ခုခံရန် တစ်ဦးတစ်ယောက်မျှ မဝံ့ရဲသည့် အဆင့်အထိ သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။ အမှန်မှာ ဘုရားသခင်၏ အဓိပ္ပာယ် ဖြစ်သည်နှင့်အညီ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ တွေးသောအရာသည် ခပ်သိမ်းသော အရာများထဲမှ အရာအားလုံးထက် ပို၍ ရှုပ်ထွေးသည်၊ ၎င်းမှာ ဉာဏ်ဖြင့်စဉ်းစား၍ မမီနိုင်သော်လည်း ဘုရားသခင်သည် လူ၏ စိတ်နှလုံးကို ပဓာနမထားဘဲ သူသည် ၎င်းအား သူ၏ အမြင်တွင် သေးငယ်သော ပိုးကောင် တစ်ကောင်အဖြစ်သာ သဘောထားသည်၊ သူ၏ နှုတ်မှ နှုတ်ကပတ်တော် တစ်လုံးဖြင့် ၎င်းကို သိမ်းပိုက်သည်၊ သူအလိုရှိသည့် အချိန်မရွေး ၎င်းအား သူဒဏ်ခတ်သည်၊ သူ၏လက် အနည်းငယ် လှုပ်ရုံဖြင့် ၎င်းအား သူပြစ်တင်ဆုံးမပြီး ၎င်းအား သူအလိုကျ ပြဏ်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။

ယနေ့တွင် လူအပေါင်းတို့သည် မှောင်မိုက်အလယ်၌ တည်ရှိနေကြသော်လည်း ဘုရားသခင်၏ ကြွရောက်လာခြင်းကြောင့် လူတို့သည် ဘုရားသခင်အား မြင်ရသည့် ရလဒ်တစ်ခုအဖြစ် အလင်း၏ အနှစ်သာရကို သိလာကြပြီး ကမ္ဘာအနှံ့အပြားတွင် အနက်ရောင် အိုးကြီးတစ်လုံးသည် မြေကြီးပေါ်တွင် မှောက်ထားသကဲ့သို့ ဖြစ်နေသည်၊ မည်သူမျှ တစ်ချက်ပင် အသက် မရှုနိုင်ကြပေ၊ ၎င်းတို့ အားလုံးသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုကြသော်လည်း မည်သူမျှ ထိုအနက်ရောင်အိုးကို ပင့်ခဲ့ဖူးခြင်း မရှိပေ။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကြောင့်သာ လူတို့၏ မျက်လုံးများမှာ ရုတ်တရုက် ပွင့်လာပြီး ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင်ကို ရှုမြင်ခဲ့ပြီး ဖြစ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့အား မေးခွန်း မေးသော လေသံဖြင့် မေးခြင်းဖြစ်သည်၊ “လူတို့သည် အလင်းထဲရှိ ငါ့အား မည်သည့်အခါကမျှ အသိအမှတ်ပြုခဲ့ခြင်း မရှိဘဲ အမှောင်လောကထဲတွင်သာ ငါ့အား မြင်တွေ့ခဲ့ကြသည်။ သင်တို့သည်လည်း ယနေ့ တူညီသော အခြေအနေ၌ပင် တစ်ထပ်တည်း ရှိနေကြသည် မဟုတ်လော။ အဆင်းနီသော နဂါးကြီး၏ ဆူပူသောင်းကျန်းခြင်း အထွတ်အထိပ် အချိန်တွင် ငါ၏ အလုပ်ကို လုပ်ဆောင်ရန် လူ့ဇာတိကို ငါတရားဝင် ယူတင်ဝတ်ဆင်ခဲ့ခြင်း ဖြစ်သည်။” ဘုရားသခင်သည် ဝိညာဉ်ရေးရာ လောကထဲတွင် ဖြစ်ပျက်နေသော အရာတို့ကို ကွယ်ဝှက်ထားခြင်း မရှိသကဲ့သို့ လူ၏စိတ်နှလုံးထဲတွင် ဖြစ်နေသော အရာတို့ကိုလည်း ကွယ်ဝှက်ထားခြင်း မရှိသောကြောင့် သူသည် လူတို့အား အကြိမ်ကြိမ် သတိပေးနေခြင်း ဖြစ်သည်၊ “ငါသည် ဤအမှုကို ပြုခြင်းမှာ ငါ၏လူတို့အား လူ့ဇာတိခံယူသော ဘုရားသခင်ကို သိလာစေရန်အတွက်သာမက ငါ၏လူတို့အား သန့်စင်ဆေးကြောရန်အတွက်လည်း ဖြစ်ကြောင်း ထင်ရှားမြင်သာလာပေသည်။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှာ ပြင်းထန်ခြင်းကြောင့် လူပေါင်း မြောက်မြားစွာတို့သည် ငါ၏ သုတ်သင်ဖယ်ရှင်းခြင်းကို ခံရမည့်အကြောင်း စိုးရိမ်စရာ ရှိနေသေးသည်။ အကယ်၍ သင်တို့သည် သင်တို့ကိုယ်ကို ဆုံးမရန်၊ သင်တို့၏ ဇာတိခန္ဓာကိုယ်အား ချိုးနှိမ်ရန် ကြိုးပမ်းအားထုတ်မှု မရှိပါက၊ သင်တို့ ဤအရာကို မလုပ်ပါက သင်တို့သည် ငါစက်ဆုပ်ရွံ့ရှာပြီး ငြင်းပယ်သော အရာတစ်ခု သေချာပေါက် ဖြစ်လာကာ ငရဲထဲသို့ ပစ်ချခြင်းကို ခံကြရလိမ့်မည်၊ ပေါလုသည် ငါ၏လက်မှ ပြစ်တင်ဆုံးမခြင်းကို တိုက်ရိုက် ရရှိသကဲ့သို့ပင် ဖြစ်လိမ့်မည်၊ ထိုအရာမှ လွတ်မြောက်နိုင်သည့်လမ်း မရှိခဲ့ပေ။” ဘုရားသခင်သည် ယင်းကဲ့သို့ အရာများကို ပို၍ ပြောလေ လူတို့သည် ၎င်းတို့၏ ခြေလှမ်းများကို ပို၍ သတိထားလေဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပို၍ ကြောက်ရွံ့လေ ဖြစ်သည်၊ ထိုအခါမှသာ ဘုရားသခင်၏ အခွင့်အာဏာမှာ အကျိုးသက်ရောက်နိုင်ပြီး သူ၏ ဘုန်းအာနုဘော်သည် ပေါ်ထွင်ထင်ရှားနိုင်မည် ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်၏ အလိုတော်ကို လူတို့ နားလည်အောင် ပြုရန် ပေါလုကို နောက်ထပ်တစ်ကြိမ် ဖော်ပြထားပါသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသောသူများ မဖြစ်ရဘဲ ဘုရားသခင်၏ အလိုတော်အပေါ် သတိရှိသောသူများ ဖြစ်ရမည်။ ဤအရာသည်သာလျှင် လူတို့အား ၎င်းတို့၏ စိုးရိမ်ကြောက်ရွံ့မှုကြားမှ ဘုရားသခင်အား အကြွင်းမဲ့ ကျေနပ်စေနိုင်ရန်အလို့ငှာ ဘုရားသခင်၏ရှေ့၌ အတိတ်တွင် မတတ်နိုင်ခဲ့သော ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြန်လှည့်ကြည့်ပြီး ယင်းသည် ၎င်းတို့အား ပို၍ကြီးသော နောင်တကိုပင် ပေးကာ ၎င်းတို့အား လက်တွေ့ကျသော ဘုရားသခင်အပေါ် ပို၍ သိသော အသိကို ပေးသဖြင့် ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ သံသယများ ရှိနိုင်မည် မဟုတ်ပေ။

“လူတို့သည် ငါ၏လူ့ဇာတိထဲမှ ငါ့အား မသိကြရုံမျှမက၊ ပို၍ဆိုးဝါးသည်မှာ ၎င်းသည် ဇာတိခန္ဓာကိုယ်ထဲတွင် နေထိုင်သော မိမိကိုယ်ကိုပင် နားလည်ရန် ပျက်ကွက်ခဲ့သည်။ ၎င်းမှာ နှစ်ပေါင်းမည်မျှ ရှိခဲ့ပြီဖြစ်၍ လူသားများသည် အချိန်တိုင်းတွင် ငါ့အား လိမ်လည်လှည့်ဖြားကာ ငါ့အား အပြင်မှ ဧည့်သည်တစ်ဦးအဖြစ် ဆက်ဆံခဲ့ကြသနည်း။ အကြိမ်မည်မျှ…။” ယင်း “အကြိမ်မည်မျှ” သည် ဘုရားသခင်အား လူ၏ ဆန့်ကျင်ဘက်ပြုခြင်း၏ အမှန်တရားကို စာရင်းမှတ်ခြင်းဖြစ်ပြီး လူတို့အား ပြစ်တင်ဆုံးမခြင်း၏ အမှန်တကယ် ဥပမာများကို ပြသခြင်းဖြစ်သည်၊ ဤသည်မှာ အပြစ်၏ သက်သေဖြစ်ပြီး မည်သူမျှ ၎င်းကို တဖန် ပြန်ချေပနိုင်ခြင်း မရှိ။ လူအပေါင်းသည် ဘုရားသခင်အား နေ့စဉ်သုံး ပစ္စည်းကဲ့သို့ အသုံးပြုကြသည်၊ သူသည် ၎င်းတို့ အလိုရှိသည့်အတိုင်း အသုံးပြုနိုင်သည့် မရှိမဖြစ် လိုအပ်သော အိမ်အသုံးအဆောင်ကဲ့သို့ ဖြစ်နေသည်။ ဘုရားသခင်အား မည်သူမျှ ချစ်ခင်မြတ်နိုးခြင်း မရှိ၊ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းခြင်းနှင့် ဘုရားသခင်၏ ဘုန်းကြီးသော မျက်နှာကိုသိရန် မည်သူမျှ ကြိုးစားခဲ့ဖူးခြင်း မရှိ၊ ဘုရားသခင်အား ရည်ရွယ်ချက်ပါပါဖြင့် ဆက်ကပ်အပ်နှံမည့်သူဆိုပါက ပို၍ပင် မရှိပေ။ မည်သူမျှ ၎င်းတို့၏ စိတ်နှလုံးထဲမှ ချစ်ခင်ရသော တစ်စုံတစ်ရာအဖြစ် ဘုရားသခင်အား မျှော်လင့်ဖူးခဲ့ခြင်း မရှိ၊ ၎င်းတို့ အားလုံးသည် သူ့အား လိုအပ်သည့် အချိန်တွင် ဆွဲခေါ်လာပြီး ၎င်းတို့ မလိုအပ်သည့် အချိန်တွင် သူ့အား တစ်ဖက်သို့ ပစ်ထားပြီး သူ့ကို လျစ်လျူရှုကြသည်။ ဘုရားသခင်သည် လူ့အတွက် လူစိတ်တိုင်းကျ ကြိုးကိုင်ညွှန်ကြားနိုင်သူ၊ ရုပ်သေးရုပ် တစ်ရုပ်ဖြစ်သည့်အလားဖြစ်ကာ သူဆန္ဒရှိသည့်အတိုင်း သို့မဟုတ် တောင့်တသည့်အတိုင်း တောင်းဆိုလေ၏။ သို့သော်လည်း ဘုရားသခင်က “လူ့ဇာတိခံယူစဉ် အချိန်အတောအတွင်း အကယ်၍ ငါသည် လူတို့၏ အားနည်းခြင်းကို ဂရုမစိုက်ခဲ့ပါက လူသားအားလုံးသည် ငါ၏ လူ့ဇာတိခံယူခြင်း တစ်ခုတည်းဖြင့်ပင်လျှင် အလွန်အမင်း ကြောက်ရွံ့ကြလိမ့်မည်ဖြစ်၍ ရလဒ်အနေဖြင့် မရဏာထဲသို့ ကျဆင်းကြလိမ့်မည် ဖြစ်သည်၊” ဟု ဆိုပြီး ၎င်းမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မည်မျှပင် ကြီးမြတ် အရေးပါကြောင်းကို ပြသခြင်းသာ ဖြစ်သည်၊ လူသားမျိုးနွယ် အပေါင်းတို့အား ဝိညာဉ်ရေးရာ လောကမှ ဖျက်ဆီးမည့်အစား ဇာတိပကတိဖြင့် သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ရန် ကြွလာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည့်အခါ မည်သူမျှ မသိခဲ့ကြပေ။ အကယ်၍ ဘုရားသခင်သည် လူ၏ မခိုင်ခံ့ခြင်းကို ဂရုစိုက်၍ မနေပါက လူသည် လူ့ဇာတိခံယူခဲ့သည့် အချိန်တွင် ကောင်းကင်နှင့် မြေကြီးသည် ဇောက်ထိုးလန်ကာ လူအပေါင်းတို့သည် အမြစ်ဖြတ်သုတ်သင်ခြင်းကို ခံခဲ့ကြရမည် ဖြစ်သည်။ အသစ်ကို နှစ်သက်ပြီး အဟောင်းကို မုန်းခြင်းမှာ လူတို့၏ သဘောသဘာဝထဲ၌ ရှိခြင်းကြောင့် ၎င်းတို့သည် အဆင်ပြေနေသည့်အခါ ဆိုးယုတ်သော အချိန်များကို မကြာခဏ မေ့လျော့တတ်ကြပြီး ၎င်းတို့ မည်မျှ ကောင်းချီးမင်္ဂလာ ခံစားခဲ့ရကြောင်းကို ၎င်းတို့ထဲမှ မည်သူမျှ မသိကြပေ၊ ထို့ကြောင့် ယနေ့တွင် မည်မျှ ခက်ခဲစွာ တိုက်ခိုက်ခဲ့ခြင်းကို ၎င်းတို့ တန်ဖိုးထားရမည် ဖြစ်ကြောင်း ၎င်းတို့အား ဘုရားသခင် အကြိမ်ကြိမ် သတိပေးနေခြင်း ဖြစ်သည်၊ မနက်ဖြန်အတွက် ၎င်းတို့သည် ယနေ့ကို ပို၍ပင် တန်ဖိုးထားကြရမည် ဖြစ်၍ အမြင့်ကို တက်ပြီး သခင်အား မမှတ်မိသည့် တိရစ္ဆာန် တစ်ကောင်ကဲ့သို့ မဖြစ်ရ၊ ထို့အပြင် ကောင်းချီးမင်္ဂလာများအကြားတွင် ၎င်းတို့ အသက်ရှင်သည်ကို မသိနားမလည်ဘဲ မနေရ။ ထို့ကြောင့် ၎င်းတို့သည် လိမ္မာသောသူများ ဖြစ်လာကြပြီး၊ ဝါကြွားတတ်သော သို့မဟုတ် မသိနားမလည်သောသူများ မဟုတ်တော့သည်သာမက လူ၏ သဘောသဘာဝမှာ ကောင်းသည် မဟုတ်ဘဲ ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခြင်းသည် လူအပေါ် သက်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ သိလာကြသည်၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းကို ကြောက်ရွံ့ကြသဖြင့် မည်သည့် အရာကိုမျှ ထပ်မံပြုဝံ့ခြင်း မရှိကြပေ။

အောက်ခြေမှတ်ချက်များ -

(က) တရုတ်ဘာသာစကားတွင် “ချူမြစ်” ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်များ သို့မဟုတ် တိုက်ပွဲ နယ်နိမိတ်မျဉ်းများကို ရည်ညွှန်းရန် အသုံးပြုသည့် သမိုင်းဖြစ်ရပ်တစ်ခုမှလာသော ဝေါဟာရတစ်လုံးဖြစ်သည်။

ယခင်က:ဖြည့်စွက်ချက် ၂- အခန်း ၂

နောက်တစ်ခုသို့:အခန်း ၁၃

သင်နှစ်သက်နိုင်သည့် အရာများ