အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဖြည့်စွက်ချက် ၂- အခန်း ၂

လူတို့သည် လက်တွေ့ကျသော ဘုရားသခင်ကို ရှုမြင်ကြသည့်အခါ၊ ၎င်းတို့ကိုယ်တိုင် ၎င်းတို့၏ဘဝတွင် ဘုရားသခင်ကိုယ်တော်တိုင်နှင့်အတူ ရှင်သန်လျက်၊ လက်တွဲလျက် လျှောက်လှမ်းကာ အတူနေကြသည့်အခါ၊ သူတို့စိတ်နှလုံးများ၌ နှစ်ပေါင်းများစွာကြာအောင် ရှိနေခဲ့သော ပြင်းပြသည့်သိလိုစိတ်ကို ဘေးဖယ်ထားကြသည်။ ယခင်ကပြောသော ဘုရားသခင်ကိုသိခြင်းမှာ ပထမအဆင့်သာဖြစ်သည်။ လူတို့သည် ဘုရားသခင်အကြောင်း သိကြသော်လည်း၊ ၎င်းတို့၏စိတ်နှလုံးတို့တွင်- ဘုရားသခင်သည် ဘယ်အရပ်မှလာသနည်း၊ ဘုရားသခင်သည် အစာစားသလော၊ ဘုရားသခင်သည် သာမန်လူတို့နှင့် အလွန်ကွာခြားသလော၊ ဘုရားသခင်အတွက် လူတို့နှင့် ဆက်နွယ်ပတ်သက်ရသည်မှာ ကလေးကစားသကဲ့သို့ လွယ်ကူသည့်အလုပ်လော၊ ဘုရားသခင်၏ နှုတ်မှပွင့်ဟလာသမျှတို့သည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ဆန်းကြယ်မှုများလော၊ ကိုယ်တော်မြွက်ဆိုသမျှသည် ဖန်ဆင်းခံသက်ရှိတို့၏ နှုတ်စကားများထက် သာ၍မြင့်သလော၊ ဘုရားသခင်၏ မျက်လုံးတော်တို့မှ အရောင်ထွက်လင်းလက်နေသလော- စသည့် မကြာခဏပေါ်လာတတ်သည့် သံသယများ ကျန်ရှိနေ၏- ဤသည်မှာ လူတို့ဉာဏ်မီသလောက် အယူအဆများသာဖြစ်သည်။ ထိုအရာများသည် ကျန်သည့်အရာအားလုံးထက်အရင် နားလည်သဘောပေါက်ကာ ဝင်ရောက်ရမည့်အရာဖြစ်သည်။ လူတို့အယူအဆများတွင် လူဇာတိခံသည့်ဘုရားသခင်သည် ဝိုးတဝါးဘုရားသခင်တစ်ပါးသာ ဖြစ်နေသေးသည်။ လက်တွေ့ကျသော သိခြင်းမှတစ်ဆင့်မဟုတ်လျှင် လူတို့သည် ငါ့ကို နားလည်နိုင်မည်မဟုတ်သကဲ့သို့၊ ၎င်းတို့၏အတွေ့အကြုံတို့တွင် ငါ၏လုပ်ဆောင်ချက်များကို ရှုမြင်နိုင်မည်မဟုတ်ပေ။ ငါ လူဇာတိခံလိုက်သဖြင့်သာ ငါ၏အလိုတော်ကို လူတို့နားမလည်နိုင်ကြခြင်းဖြစ်သည်။ အကယ်၍ ငါသည် လူဇာတိမခံဘဲ ကောင်းကင်ဘုံမှာဖြစ်စေ ဝိညာဉ်လောကမှာဖြစ်စေ ရှိနေဦးမည်ဆိုလျှင် လူတို့သည် ငါ့ကို “သိမြင်”ကာ ဦးညွှတ်ရှိခိုးနေမည့်အပြင်၎င်းတို့၏အတွေ့အကြုံများမှတစ်ဆင့် ငါ့ကို “သိခြင်း”နှင့်ပတ်သက်ပြီး ပြောဆိုနေကြမည်။ သို့သော် ထိုကဲ့သို့သောသိခြင်းများသည် မည်သို့အသုံးဝင်မည်နည်း။ ရည်ညွှန်းချက်ဆိုပါက ၎င်း၏တန်ဖိုးသည် အဘယ်မျှနည်း။ လူတို့၏ယူဆချက်များမှ လာသော သိခြင်းသည် စစ်မှန်မည်လော။ လူတို့၏ဦးနှောက်မှ သိခြင်းကို ငါအလိုမရှိ- လက်တွေ့ကျသော သိခြင်းကိုသာ ငါအလိုရှိသည်။

ငါ၏ အလိုတော်ကို သင်တို့ကြားတွင် အမြဲထုတ်ဖော်ခဲ့ပြီး ငါ၏ အလင်းပေးခြင်းနှင့် ဉာဏ်ဖွင့်ခြင်းတို့သည် အမြဲရှိကြသည်။ ငါ၏ ဘုရားသဘောသဘာဝ၌ တိုက်ရိုက်လုပ်ဆောင်သောအခါ၊ ၎င်းသည် ဦးနှောက်မှ စင်အောင်စစ်ခဲ့ခြင်းမဟုတ်၊ "ဟင်းခတ်အမွှေးအကြိုင်" ထည့်စရာမလိုပေ- ဤသည်မှာ ဘုရားသဘောသဘာဝ၏တိုက်ရိုက်လုပ်ဆောင်ချက်တစ်ခုသာဖြစ်သည်။ လူတို့သည် မည်သည့်အရာများ တတ်စွမ်းနိုင်သနည်း။ ဖန်ဆင်းသည့်အချိန်မှ ယနေ့အထိ အလုံးစုံကို ငါကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့သည် မဟုတ်ပေလော။ အတိတ်အချိန်က ခုနှစ်ဆပြင်းထန်သောဝိညာဉ်တော်အကြောင်း ငါမြွက်ဆိုခဲ့သော်လည်း ကိုယ်တော်၏ အနှစ်သာရကို နားလည်နိုင်သူမရှိခဲ့ပေ- ထိုသူတို့သည် ယင်းအကြောင်းကို သတိပြုမိခဲ့ချိန်မှာပင် အပြည့်အဝနားလည်နိုင်စွမ်း မရှိချေ။ ငါသည် ဘုရားသဘောသဘာဝ၌ တိုက်ရိုက်လုပ်ကိုင်သောအခါ၊ ငါသည် လူတို့၏အယူအဆများအားဖြင့် ကန့်သတ်ထားခြင်းမခံရဘဲ၊ ၎င်းတို့၏ အယူအဆများထဲမှ "သဘာဝလွန်ဖြစ်ရပ်" ၏ ကန့်သတ်ချက်များ မခံရသောကြောင့် ဤအမှုသည် ချက်ချင်း သက်ရောက်မှုရှိ၏။ ဤအကြောင်းအရာ၏ဗဟိုအချက်အခြာသို့ ရောက်သည်။ အဓိကအချက်ကို တိုက်ရိုက်ထိမိသည်။ ရလဒ်အနေနှင့် ၎င်းအမှုတော်အဆင့်သည် ပိုမိုသန့်စင်ရုံသာမက နှစ်ဆပိုမြန်သည့်အပြင် လူတို့၏ သိခြင်းသည် အရှိန်တိုးတက်လာပြီး လူအားလုံး အပူတပြင်းလိုက်ရလောက်အောင် ငါကိုယ်တော်၏ နှုတ်ကပတ်တော်များ တိုးပွားလာကြသည်။ အကျိုးသက်ရောက်မှု ကွဲပြားသောကြောင့်၊ ငါ့အမှုတော်၏ နည်းစနစ်များ၊ သဘာဝနှင့် ပါဝင်သည့် အကြောင်းအရာတို့ မတူညီသောကြောင့်- ထို့အပြင် ငါသည် တရားဝင်လူဇာတိခံကာ စတင်လုပ်ဆောင်ပြီဖြစ်သောကြောင့် အထက်ကအမြင်အရ အမှုတော်၏ ဤအဆင့်သည် ခုနှစ်ဆပြင်းထန်သော ဝိညာဉ်တော်၏ အမှုတော်အဖြစ် ရည်ညွှန်းခံရပေသည်။ ထိုအရာသည် စိတ်ကူးသက်သက်မဟုတ်ပေ။ သင်တို့၌ ငါလုပ်ဆောင်ခြင်း နည်းစနစ်ပြောင်းလဲမှုများ[က] ပြုလုပ်ပြီးနောက်နှငနိုင်ငံတော်ရောက်ရှိလာပြီးနောက် ခုနှစ်ဆပြင်းထန်သော ဝိညာဉ်တော်သည် စတင်လုပ်ဆောင်ပြီး၊ ၎င်းအမှုတော်သည် အဆက်မပြတ်သာ၍ နက်ရှိုင်းလာပြီး ပိုမိုပြင်းထန်လာတော့သည်။ ဘုရားသခင်ကို လူအားလုံး ရှုမြင်ကြပြီး ဘုရားသခင်၏ ဝိညာဉ်တော်သည် လူတို့ကြားတွင် ရှိနေသည်ကို အားလုံးမြင်တွေ့သည့်အခါ ငါ၏ လူဇာတိခံခြင်းအဓိပ္ပယ်သည် အပြည့်အစုံရှင်းလင်းသွားသည်။ အကျဉ်းချုပ်စရာမလိုဘဲ လူတို့သည် ဤသည် ကို အလိုလိုသိမြင်သည်။

ငါလုပ်ဆောင်သော နည်းစနစ်များ၊ ငါ၏အမှုတော် အဆင့်များ၊ ယနေ့ ငါ့နှုတ်ကပတ်တော်တို့၏ ဩဇာ၊ စသည်ဖြင့် အချက်များစွာကို ထည့်သွင်းစဉ်းစားလျက် ယခု ငါ့နှုတ်မှ မြွက်ဆိုချက်တို့သည်သာ “ဝိညာဉ်တော် ခုနစ်ပါး၏ မိန့်မြွက်ချက်များ”ဖြစ်သည်။ အတိတ်ချိန်ခါက ငါမြွက်ဆိုခဲ့သော်လည်း၊ ၎င်းသည် အသင်းတော်တည်ဆောက်သည့်အဆင့်တွင်းဖြစ်ခဲ့သည်။ ဝတ္ထုစာအုပ်တစ်အုပ်ထဲမှ အမှာစာနှင့် အညွှန်းအလား အနှစ်သာရမရှိဖြစ်ခဲ့သည်။ ယနေ့ မိန့်မြွက်ချက်များကိုသာ ဝိညာဉ်တော် ခုနစ်ပါး၏ မိန့်မြွက်ချက်၏ အနှစ်သာရဟု ခေါ်နိုင်သည်။ “ဝိညာဉ်တော် ခုနှစ်ပါး၏ မိန့်မြွက်ချက်များ” သည် ဘုရားသဘောသဘာဝ၌ တိုက်ရိုက် မိန့်မြွက်ထားသည်ဟု ဆိုနိုင်သော ပလ္လင်တော်မှလာသည့် မိန့်မြွက်ချက်များကို ရည်ညွှန်းသည်။ ငါ၏ မိန့်မြွက်ချက်များသည် ကောင်းကင်ဘုံ၏လျှို့ဝှက်ဆန်းကြယ်မှုများကို ဖော်ထုတ်ခြင်းသို့ ပြောင်းလဲသည့် အခိုက်အတန့်သည် ငါမှ ဘုရားသဘောသဘာဝ၌ တိုက်ရိုက်မြွက်ဆိုသော အခိုက်အတန့်ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်၊ ဝိညာဉ်လောက၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် အခြေအနေအားလုံးအကြောင်းကို လူသားတို့ဘောင်မခတ်ထားဘဲ ငါတိုက်ရိုက်ဖွင့်ဟခဲ့သည်။ ငါသည် ယခင်က လူသားတို့၏ ကန့်သတ်ခြင်းများကို နာခံခဲ့ရသည်ဟု အဘယ်ကြောင့်ပြောသနည်း။ ယင်းအတွက် ရှင်းလင်းချက်လိုအပ်ပါသည်။ လူတို့မျက်လုံးထဲတွင်၊ ကောင်းကင်ဘုံ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို မည်သူမှဖော်ထုတ်နိုင်စွမ်းမရှိပေ။ ဘုရားသခင် ကိုယ်တော်တိုင်မဟုတ်လျှင်၊ ဤကမ္ဘာလောကရှိ အခြား မည်သူမျှ ၎င်းလျှို့ဝှက်ဆန်းကြယ်မှုများအကြောင်းကို သိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူတို့၏ အယူအဆများကို ငါကိုင်တွယ်ပြီး လူသားတို့၏ ကန့်သတ်ချက်များကို ငါခံယူနေခဲ့သောကြောင့် မည်သည့်လျှို့ဝှက်ဆန်းကြယ်မှုကိုမှ မဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ငါမြွက်ဆိုသည်။ သို့သော်သာ၍တိကျစွာဆိုရပါက ဤအခြေအနေမဟုတ်ပါ။ ငါ၏အမှုတော်သည် မတူသကဲ့သို့ ငါ့နှုတ်ကပတ်တော်များတွင် ပါဝင်သည့်အကြောင်းအရာများသည်လည်း ကွဲပြားသည်။ ထို့ကြောင့် ငါ၏အမှုတော်ကို ဘုရားသဘောသဘာဝ၌ စတင်လုပ်ဆောင်ခဲ့သည့်အခါ လျှို့ဝှက်ဆန်းကြယ်မှုများကို ငါထုတ်ဖော်ခဲ့သည်။ အတိတ်အခါက လူတို့အားလုံး ပုံမှန်ဟုမြင်သော အခြေအနေများ၌ ငါလုပ်ကိုင်ခဲ့ရပြီး ငါမြွက်ဆိုခဲ့သော နှုတ်ကပတ်တော်များကို လူတို့အယူအဆများတွင် ရယူနိုင်စွမ်းရှိကြသည်။ လျှို့ဝှက်ဆန်းကြယ်မှုများကို ငါစတင်ထုတ်ဖော်ခဲ့ချိန်တွင် လူတို့၏အယူအဆများအားဖြင့် တစ်ခုတစ်လေမျှ မရယူနိုင်ခဲ့ပေ- ၎င်းတို့သည် လူတို့စဉ်းစားဉာဏ်နှင့်ခြားနားသည်။ ထို့ကြောင့် ငါသည် ဘုရားသဘောသဘာဝ၌ နှုတ်နှင့်မြွက်ဆိုခြင်းသို့ တရားဝငပြောင်းလဲခဲ့ပြီး ၎င်းတို့သည် ဝိညာဉ်တော် ခုနစ်ပါး၏ မိန့်မြွက်ချက်များပင် ဖြစ်သည်။ အတိတ်က နှုတ်ကပတ်တော်တို့သည် ပလ္လင်ထံမှ မိန့်မြွက်ချက်များဖြစ်သော်လည်း လူတို့ ရယူနိုင်သည်ကို အခြေပြု၍ မြွက်ဆိုထားသောကြောင့် ၎င်းတို့သည် ဘုရားသဘောသဘာဝ၌ မိန့်မြွက်ထားခဲ့ခြင်းမဟုတ်ပေ- အကျိုးဆက်အနေနှင့် ၎င်းတို့သည် ဝိညာဉ်တော် ခုနစ်ပါး၏ မိန့်မြွက်ချက်များမဟုတ်ပေ။

အောက်ခြေမှတ်ချက်-

(က) မူရင်းစာသားတွင် “ပြောင်းလဲမှုများ” ကိုချန်လှပ်ထားသည်။

ယခင်က:ဆယ့်တစ်ခုမြောက် မိန့်မြွက်ချက်၏ အနက်ဖွင့်ချက်

နောက်တစ်ခုသို့:ဆယ့်နှစ်ခုမြောက်သော မိန့်မြွက်ချက်၏ အနက်ဖွင့်ချက်

သင်နှစ်သက်နိုင်သည့် အရာများ