ဤသည်မှာ သင်၏ယုံကြည်ခြင်းလော။
၁
ဘုရားသခင်၏ တည်ရှိခြင်းကို သင် ယုံကြည်သော်လည်း
ဘုရားသခင်ကို အဘယ်ကြောင့် ကြည်ညိုမြတ်နိုးခြင်း မရှိသနည်း။
သင်၏စိတ်နှလုံးထဲ၌ ယုံကြည်လျက်နေသေးပါက
သူ့ကို အဘယ်ကြောင့် ကြောက်ရွံ့ခြင်း မရှိသနည်း။
ခရစ်တော်သည် လူ့ဇာတိခံယူသောဘုရားသခင်ပေတည်း၊
၎င်းမှာ သင် လက်ခံနိုင်သောအမှန်တရားတစ်ခုပင် ဖြစ်၏။
ထိုသို့ဆိုသော် သင်သည် အဘယ်ကြောင့် အထင်အမြင်သေး၍ မရိုမသေပြုသနည်း။
ဤအရာများမှာ သင်၏ယုံကြည်မှုကို ပြသလော။
သင်သည် မိနစ်တိုင်း မယုံကြည်မှုကို သယ်ဆောင်လေ၏။
ဤအရာမှာ အခိုက်အတန့်တိုင်းတွင်
သင်သည် ခရစ်တော်အပေါ် သစ္စာဖောက်မှု အန္တရာယ်ရှိနေသည် ဟုဆိုလို၏။
အကြောင်းမှာ သင်၏အသွေး၌
လူ့ဇာတိခံယူထားသောဘုရားသခင်အပေါ် သံသယဖြင့် ပြည့်နှက်လျက်နေခြင်းကြောင့်ပေတည်း။
ထို့ကြောင့် ဘုရားသခင်ဆိုသည်မှာ သင်၏လမ်းကြောင်းသည်
ယုံကြည်ခြင်းဖြင့် မခိုင်ခံ့ပေ၊
သင်သည် ကောင်းစွာအောက်သက်မကျေသေးပေ၊
ယုံကြည်မှု၌ စိတ်မပါတပါ ဖြစ်နေ၏၊
သင်သည် ကောင်းစွာအောက်သက်မကျေသေးပေ၊
ယုံကြည်မှု၌ စိတ်မပါတပါ ဖြစ်နေ၏။
၂
ဘုရားသခင် သွားသည့်နေရာကို စောင့်ကြည့်နေလျက်နှင့်
သူ့ကို အဘယ်ကြောင့် တရားစီရင်သနည်း။
သင် အဘယ်ကြောင့် သူ၏အစီအစဉ်ကို ဝန်ခံခြင်းနှင့်
သူ၏နှုတ်ကပတ်တော်များနောက်သို့ လိုက်ခြင်း မရှိသနည်း။
သူ၏အလှူငွေများကို အဘယ်ကြောင့် မတရားယူခြင်းနှင့် ခိုးယူခြင်း ပြုသနည်း။
ခရစ်တော်၏နေရာမှ အဘယ်ကြောင့် ပြောဆိုသနည်း။
သူ၏နောက်ကွယ်တွင် အဘယ်ကြောင့် စော်ကားပြောဆိုသနည်း။
သူ၏အလုပ်နှင့် နှုတ်ကပတ်တော်များကို အဘယ်ကြောင့် တရားစီရင်သနည်း။
ဤအရာများမှာ သင်၏ယုံကြည်မှုကို ပြသလော။
သင်သည် မိနစ်တိုင်း မယုံကြည်မှုကို သယ်ဆောင်လေ၏။
ဤအရာမှာ အခိုက်အတန့်တိုင်းတွင်
သင်သည် ခရစ်တော်အပေါ် သစ္စာဖောက်မှု အန္တရာယ်ရှိနေသည် ဟုဆိုလို၏။
အကြောင်းမှာ သင်၏အသွေး၌
လူ့ဇာတိခံယူထားသောဘုရားသခင်အပေါ် သံသယဖြင့် ပြည့်နှက်လျက်နေခြင်းကြောင့်ပေတည်း။
ထို့ကြောင့် ဘုရားသခင်ဆိုသည်မှာ သင်၏လမ်းကြောင်းသည်
ယုံကြည်ခြင်းဖြင့် မခိုင်ခံ့ပေ၊
သင်သည် ကောင်းစွာအောက်သက်မကျေသေးပေ၊
ယုံကြည်မှု၌ စိတ်မပါတပါ ဖြစ်နေ၏၊
သင်သည် ကောင်းစွာအောက်သက်မကျေသေးပေ၊
ယုံကြည်မှု၌ စိတ်မပါတပါ ဖြစ်နေ၏။
၃
သင်၏ပြုမူပုံများနှင့် စကားများအားလုံး၊
သင်၏ရည်ရွယ်ချက်များနှင့် ပန်းတိုင်များက
သင်သည် ခရစ်တော်၌ မယုံကြည်ကြောင်းကို ထုတ်ဖော်နေ၏။
သင်၏မျက်လုံးများထဲမှ အကြည့်မှာလည်း ထိုနည်းအတိုင်းဖြစ်၏။
ထို့ပြင် သင်တို့ အယောက်တိုင်း၊
မိနစ်တိုင်းတွင် မယုံကြည်မှုကို သယ်ဆောက်လျက်နေ၏။
ဤအရာမှာ အခိုက်အတန့်တိုင်းတွင်
သင်သည် ခရစ်တော်အပေါ် သစ္စာဖောက်မှု အန္တရာယ်ရှိနေသည် ဟုဆိုလို၏။
အကြောင်းမှာ သင်၏အသွေး၌
လူ့ဇာတိခံယူထားသောဘုရားသခင်အပေါ် သံသယဖြင့် ပြည့်နှက်လျက်နေခြင်းကြောင့်ပေတည်း။
ထို့ကြောင့် ဘုရားသခင်ဆိုသည်မှာ သင်၏လမ်းကြောင်းသည်
ယုံကြည်ခြင်းဖြင့် မခိုင်ခံ့ပေ၊
သင်သည် ကောင်းစွာအောက်သက်မကျေသေးပေ၊
ယုံကြည်မှု၌ စိတ်မပါတပါ ဖြစ်နေ၏၊
သင်သည် ကောင်းစွာအောက်သက်မကျေသေးပေ၊
ယုံကြည်မှု၌ စိတ်မပါတပါ ဖြစ်နေ၏။
ယုံကြည်မှု၌ စိတ်မပါတပါ ဖြစ်နေ၏။
ယုံကြည်မှု၌ စိတ်မပါတပါ ဖြစ်နေ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။