၇၂ ဘုရားအတွက် မေတ္တာတော်တေးများ ဆိုခြင်းအား ကျွန်ုပ်တို့ မရပ်တန့်နိုင်ပါ
၁
ဘုရားဖို့ မေတ္တာသီချင်းများ ဆိုခြင်းကို ကျွန်ုပ်တို့ မရပ်တန့်နိုင်
ပို၍ ဆိုကြလေလေ၊ ပို၍ ချိုမြမှုကို ခံစားရလေလေ
ဘုရားဖို့ ပို၍ ဆိုကြလေလေ သူ့ကို ကျွန်ုပ်တို့ ပို၍ ချစ်ကြလေလေ
ဘုရားရဲ့လူ့ဇာတိခံယူခြင်းအကြောင်း ကျွန်ုပ်တို့ သီဆိုသည်
သူ့ပလ္လင်ရှေ့ ချီဆောင်ခြင်း ခံကြရသည်
ကောင်းကင်သို့ တမ်းတစွာ မကြည့်ကြတော့ပါ
အနန္တတန်ခိုးရှင်ဘုရား ကျွန်ုပ်တို့နှင့် မျက်နှာချင်းဆိုင်ရှိနေသည်
သမ္မာတရားများနှင့် ကျွန်ုပ်တို့ကို သူလမ်းပြသည်
ကျွန်ုပ်တို့ဘက် စစ်မှန်စွာ ရပ်တည်သည်
သူ့နှုတ်ကပတ်တော်များ၌ နေ့စဉ်မွေ့လျော်ကြသည်
သမ္မာတရားကို နားလည်ခြင်းသည် ချိုမြိန်လှသည်
ကျွန်ုပ်တို့ နှလုံးသား ဘုရားဖို့ ချစ်ခြင်းများဖြင့် ပြည့်နေသည်
သူ၏ကောင်းမြတ်သောသဘောသဘာဝကို မြင်ရလို့
ကျွန်ုပ်တို့ ချီးမွမ်းခြင်းဖြင့် သီဆိုကခုန်ကြသည်
သူ့ချစ်ဖွယ်ကောင်းမှု ဖော်ပြရန် စကားလုံးမရှိ
၂
ဘုရားဖို့ မေတ္တာသီချင်းများ ဆိုခြင်း ကျွန်ုပ်တို့ မရပ်တန့်နိုင်
ပို၍ ဆိုကြလေလေ၊ ပို၍ ချိုမြမှုကို ခံစားရလေလေ
ဘုရားဖို့ ပို၍ ဆိုကြလေလေ သူ့ကို ကျွန်ုပ်တို့ ပို၍ ချစ်ကြလေလေ
ဘုရားရဲ့ဖြောင့်မတ်သော တရားစီရင်မှုအကြောင်း သီဆိုကြသည်
သူ့နှုတ်ကပတ်တော် ကျွန်ုပ်တို့ကို သန့်စင်ကာ ကယ်တင်သည်
လူသားရဲ့ ဆိုးယုတ်သော သဘာဝနှင့်
လူသားရဲ့ဖောက်ပြန်ပျက်စီးမှုအကြောင်းကို ထုတ်ဖော်ပြသည်
သူ့နှုတ်ကပတ်တော်က ဆိုးယုတ်သော
ကျွန်ုပ်တို့၏ စိတ်သဘောထားကို သန့်စင်စေသည်
ကျွန်ုပ်တို့ကို လူသစ်ဖြစ်စေသည်
စာတန်၏ စွမ်းအားကို ဖယ်ရှားကြသည်
ဘုရားရဲ့ချစ်ခြင်း စစ်မှန်ကြောင်း ကျွန်ုပ်တို့ မြင်ကြသည်
သူ့ဖြောင့်မတ်မှုက ချစ်ဖွယ်ကောင်းသည်
သူ့သန့်ရှင်းခြင်းက ချိုမြိန်လှသည် သူ့ကိုချစ်၍ မဝနိုင်ပါ
ဒါကြောင့် ဘုရားကို ချီးမွမ်းသည် ကျွန်ုပ်တို့ ခံစားချက်များ မထိန်းထားနိုင်ပါ
ဘုရားနှင့် ကျွန်ုပ်တို့ကြား ဘယ်အရာမှ မဝင်ရောက်နိုင်ပါ
၃
ဘုရားဖို့ မေတ္တာသီချင်းများ ဆိုခြင်း ကျွန်ုပ်တို့ မရပ်တန့်နိုင်
ပို၍ ဆိုကြလေလေ၊ ပို၍ ချိုမြမှုကို ခံစားရလေလေ
ဘုရားဖို့ ပို၍ ဆိုကြလေလေ သူ့ကို ကျွန်ုပ်တို့ ပို၍ ချစ်ကြလေလေ
နိုင်ငံတော် အသက်တာမှာ ဘုရား နှုတ်ကပတ်တော် အုပ်စိုးသည်
အလင်းထဲမှာ ကျွန်ုပ်တို့နေကြသည်
သမ္မာတရားကို ရရှိခြင်းက ကျွန်ုပ်တို့ကို လွတ်မြောက်စေသည်
ဘုရားကို နှလုံးသားဖြင့်၊ စစ်မှန်သော စိတ်ဖြင့် ကိုးကွယ်ကြသည်
သူ့ကို သစ္စာရှိစွာ အစေခံသော သူနဲ့ ရင်းနှီးသူများ ဖြစ်လာကြသည်
သူ့အတွက် ကျွန်ုပ်တို့ ဝန်တစ်ခုထမ်းသည်...
တာဝန်များကို စိတ်ရောကိုယ်ပါ ဖြည့်ဆည်းကြသည်
ဘုရားကိုချစ်ခြင်းလမ်းတွင် အမြဲရှေ့ဆက်နေသည်
အခု ဘုရားကို ချစ်ကာ နာခံနိုင်ကြသည်
သူ့အတွက် အသက်ရှင်ကြသည်...
ဒါဟာ အကြီးမြတ်ဆုံး ပျော်ရွှင်ခြင်းပါ
အနန္တတန်ခိုးရှင်ဘုရားအား ချီးမွမ်းကြသည်
ကိုယ်တော့်ကို ထာဝရ ကိုးကွယ်မည်
၎