၂၈၉ လူသားအပေါ် ဘုရားသခင် အမြဲစောင့်ရှောက်သည်
၁ နှစ်နှစ်ထောင် ကုန်လွန်ပြီးဖြစ်ကာ၊ လူသားမျိုးနွယ်အပေါ် တောက်လျှောက် ကိုယ်တော် စောင့်ရှောက်ပေသည်။ နှစ်ပေါင်းများစွာသော လောကဓံတရားများ၏ နောက်တွင်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တော်၏ စိတ်ဆုံးဖြတ်ချက် လုံးဝ မပြောင်းလဲပေ။ ကိုယ်တော့်ကိုယ်ကိုယ်တော် ကိုယ်ကျိုးမငဲ့ဘဲ အပ်နှံရင်း၊ တစ်ချိန်က ကိုယ်တော် နှိပ်စက်ညှဉ်းပန်းခံရကာ ကားတိုင်တွင် သံမှိုရိုက်နှက်ခံရပေ။ လူကို အပြစ်မှ ရွေးနုတ်ရင်း၊ အသက်၏ အဖိုးအခကို ကိုယ်တော်ပေးခဲ့။ လူ့ဇာတိ၌ ပေါ်ထွန်းရင်း၊ နောက်ဆုံးသော ကာလအတွင်း လူသားကြား ကိုယ်တော် ပြန်ကြွလာပြီ။ အိပ်မရသည့် ညများစွာ ဖြတ်သန်းရင်း လေနှင့် မိုးအတွင်း လူနှင့်အတူ ကိုယ်တော် ဒုက္ခခံစားပေ။ နှုတ်ကပတ်တော်များ အထောင်အသောင်း ဖော်ပြရင်း အသွေးတော်ကို ကိုယ်တော် သွန်းကာ အစွမ်းကုန် ကိုယ်တော် လုပ်ဆောင်။ လူသားမျိုးနွယ်အပေါ် အဖိုးတန် သမ္မာတရားများကို နှင်းအပ်ကာ၊ လူအုပ်များ၏ စိတ်နှလုံးများကို သိမ်းပိုက်ပေ။
၂ ကိုယ်တော်၏နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြခြင်းများနှင့် တရားစီရင်ခြင်းတို့က ကျွန်ုပ်တို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော သဘာဝကို ကျွန်ုပ်တို့အား သတိပြုမိစေပြီးဖြစ်သည်။ ကျွန်ုပ်တို့၏စိတ်သဘောထားသည် မာနထောင်လွှားသကဲ့သို့ စိတ်ကြီးလည်းဝင်သည်၊ ပြီးလျှင် ကျွန်ုပ်တို့၏အပြုအမူသည် စာတန်၏အတွေးအမြင်အပေါ် လုံးလုံး အခြေပြုထားသည်။ ကြာမြင့်သောအချိန်က၊ ကျွန်ုပ်တို့သည် လူသားပုံသဏ္ဌာန် မရှိတော့ပေ။ လူ့တိရစ္ဆာန်များကဲ့သို့၊ အပြစ်ထဲသို့ ကျွန်ုပ်တို့ ကျရောက်ပြီ။ ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထားကို ကျွန်ုပ်တို့ထံမှ သန့်စင်ပြီးဖြစ်သည်မှာ ကိုယ်တော်၏ တရားစီရင်ခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများဖြစ်သည်။ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှ၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့ကို ကျွန်ုပ်တို့ ပျော်မွေ့ရ။ ကိုယ်တော်၏ဖြောင့်မတ်သော စိတ်သဘောထားက လူများအား ကိုယ်တော့်ကို ရိုသေလေးမြတ်စေပြီး ကြည်ညိုမှု ဖြစ်ပေါ်စေ။ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ချစ်ခြင်းမေတ္တာဖြစ်ပေ၊ ကျွန်ုပ်တို့ကို သန့်ရှင်းစေကာ ကယ်တင်ပေ။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ အလွန်များစွာ မြည်းစမ်းကြပြီ၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ စိတ်နှလုံးများထဲက မြတ်နိုးပေ။
အို ဘုရားသခင်။ နေ့နှင့်ည ကိုယ်တော် ကျွန်ုပ်တို့အတွက် စိုးရိမ်ပေ၊ ကျွန်ုပ်တို့ကို စောင့်ရှောက်ရင်း ကျွန်ုပ်တို့ နံဘေးတွင် ကိုယ်တော် အမြဲရှိပေ။ ကျွန်ုပ်တို့ကို အတူတွဲကာ ဦးဆောင်လျက်၊ နေ့စဉ် ကိုယ်တော် စကားပြောပြီး ကျွန်ုပ်တို့ကို ရေလောင်းပေးသည်။ ကိုယ်တော်၏ ချစ်ခြင်းက အလှပဆုံး၊ အဖြူစင်ဆုံးပေ၊ လူသား၏ ချီးမွမ်းခြင်းနှင့် သင့်တော်ပေ။ ကျွန်ုပ်တို့ နှလုံးသားများထဲက ချစ်ခြင်းမေတ္တာကို ကိုယ်တော်အား ကျွန်ုပ် ပေးမည်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ထာဝရ သက်သေခံမည်။