၈၂။ မှန်ကန်သည့် ရွေးချယ်မှု
ကျွန်တော်က ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာမှာ မျိုးဆက်အတော်များများ လယ်သမားဖြစ်ကြတဲ့ မိသားစုတစ်စုကနေ မွေးလာခဲ့တယ်။ ကျောင်းတက်ချိန်မှာ အမေက ကျွန်တော့်ကို မကြာမကြာ တိုက်တွန်းတယ်၊ “အမေတို့မိသားစုက အားကိုးစရာ ဘာမှမရှိဘူး။ သား ကိုယ့်ကံကြမ္မာကို ပြောင်းလဲချင်ရင်၊ ကိုယ့်ကိုယ်ကိုယ်ဘဲ အားကိုးရမယ်။ သားရဲ့တစ်ခုတည်းသော မျှော်လင့်ချက်က ကျောင်းကို ကောင်းကောင်းတက်ဖို့ပဲ”တဲ့။ တစ်နေ့ “ထင်ရှားကျော်ကြားမှုရရှိပြီး ကျွန်တော့် ဘိုးဘေးတွေအတွက် ဂုဏ်အသရေ ယူဆောင်”ဖို့ တကယ်မျှော်လင့်ရင်းနဲ့ သူ့စကားတွေကို ကျွန်တော် နှလုံးသွင်းခဲ့တယ်။ ဒါပေမဲ့ ဘွဲ့ရပြီးတဲ့နောက်မှာ တည်ငြိမ်တဲ့ လခစားအလုပ်ကို မရှာတွေ့နိုင်ခဲ့ရုံမက၊ မိဘတွေက အရမ်းနေမကောင်း ဖြစ်ခဲ့ကြတယ်။ မိသားစု စုဆောင်းငွေအားလုံး ကုန်သွားပြီးတော့ အမျိုးတွေဆီက ငွေချေးခဲ့ရတယ်။ အဲဒါတွေကို အချိန်မီ ပြန်မပေးတဲ့အတွက်၊ ကျွန်တော့် ဦးလေးကိုယ်တိုင်က နောက်ကွယ်မှာ ကျွန်တော့်ကို သွေးစုပ်ဖုတ်ကောင်လို့ ခေါ်ခဲ့တယ်။ သူတို့ ကျွန်တော့်ကို အထင်မသေးအောင်လို့ ခေါင်းမဖော်တမ်း ကျွန်တော် ငွေရှာခဲ့ပေမဲ့၊ အမျိုးတွေရဲ့ နင့်နာအောင်ပြောတာတွေနဲ့ ခိုကိုးရာမဲ့ဖြစ်တဲ့ မိသားစုအခြေအနေတွေက ကျွန်တော့်ကို တကယ် ဝမ်းနည်းစေခဲ့ပြီး၊ တိတ်တဆိတ် ငိုခဲ့တာ အတော်များတယ်။ ကျွန်တော် စိတ်ဆင်းရဲပြီး ကူကယ်ရာမဲ့နေချိန်မှာပဲ ၂၀၁၃ခုနှစ် ဇွန်လမှာ၊ မိတ်ဆွေတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ဝေမျှတယ်။ ဘုရားနှုတ်ကပတ်တော်တွေဖတ်ပြီး ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ရာကတစ်ဆင့်၊ လူကို ဘုရားက ဖန်ဆင်းခဲ့ပြီး ကျွန်တော်တို့ အသက်တွေ သူ့လက်ထဲမှာရှိမှန်း သိခဲ့ရတယ်။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရတဲ့နောက်မှာ လူသားက ဘုရားရဲ့ ကွယ်ကာမှု ဆုံးရှုံးသွားခဲ့လို့ ဘဝက အရမ်းနာကျင်စရာဖြစ်လာခဲ့သလို၊ လူသားမျိုးနွယ်ကို စာတန်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ထိခိုက်နစ်နာစေခြင်းကနေ ကယ်တင်ဖို့ ဘုရားက လူ့ဇာတိခံလာပြီး နောက်ဆုံးသော ကာလမှာ သမ္မာတရား ဖော်ပြနေမှန်း သိခဲ့ရတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ အလိုတော်အကြောင်း သိပြီးတဲ့နောက်မှာ၊ စုဝေးပွဲတွေမှာ တကယ် ပါဝင်လာခဲ့ပြီး ဘုရားနှုတ်ကပတ်တော် အများကြီး ဖတ်ခဲ့တယ်။ အသင်းတော်မှာလည်း မြန်မြန်ဆန်ဆန် တာဝန်တစ်ခု စလုပ်ခဲ့တယ်။
လအနည်းငယ်အကြာမှာ၊ ကျွန်တော် စိတ်ထက်သန်ပြီး သမ္မာတရား လိုက်စားချင်မှန်း တွေ့တော့ အဖွဲ့ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ဖို့ ညီအစ်ကို မောင်နှမတွေက အကြံပြုကြတယ်။ စုဝေးပွဲ အုပ်စုအနည်းငယ်ကို ဦးဆောင်ရင်း အစ်ကိုလီနဲ့ ကျွန်တော် တွဲလုပ်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့်မှာ အလုပ်တစ်ခုရှိလို့ အစ်ကိုလီက နည်းနည်းဝေးတဲ့ စုဝေးပွဲတွေဆီ နေ့ခင်းပိုင်းမှာ သွားပြီး၊ ညဖက်စုဝေးပွဲတွေကို ကျွန်တော် သွားခဲ့တယ်။ အဲဒီလိုနဲ့ အချိန်ဇယားကို ကျွန်တော်တို့ ကောင်းကောင်း စီစဉ်နိုင်ခဲ့တယ်။ နှစ်ရဲ့အဆုံးမှာ အထွေထွေကိစ္စတွေ ကိုင်တွယ်ရာမှာ ဝန်ထမ်းမလောက်လို့၊ အစ်ကိုလီက အဲဒီအလုပ်ကိုလုပ်ဖို့ တာဝန်ပေးခံရပြီး၊ အဲဒီအဖွဲ့တွေကို လောလောဆယ် ကျွန်တော် ကြီးကြပ်ရတယ်။ အဲဒီအတွက် ဘုရားအပေါ် မှီခိုဖို့ တကယ်လိုမှန်း သိခဲ့တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ၊ ကျဉ်းထဲကျပ်ထဲ ရောက်လသို ခံစားရတယ်။ ကိုယ့်အချိန်နဲ့ အားအင်အကုန် တာဝန်မှာ ထည့်လိုက်ရင်၊ အလုပ်အတွက် အချိန်လောက်မှာ မဟုတ်ဘူး။ ကုပ္မဏီက ကျွန်တော့်ကို နှစ်ကုန်အရောင်းပန်းတိုင် ယွမ်တစ်သန်း ချမှတ်လိုက်ပြီး၊ အဲဒါထက် ကျော်ရင်၊ နှစ်ကုန်ဘောနပ်စ် ကျွန်တော် ပိုများများ ရနိုင်မယ်။ ကျွန်တော် တွေးနေမိတယ်၊ အဲဒီပန်းတိုင်ကို ပြည့်မီရင်၊ ကိုယ့်အကြွေးတွေကို ပြန်ဆပ်နိုင်ရုံသာမက၊ ငွေနည်းနည်းလည်း စုနိုင်မယ်၊ ပြီးတော့ မိတ်ဆွေနဲ့ အမျိုးတွေက ကိုယ့်ကို အထင်သေးမှာ မဟုတ်ဘူး။ ပထမဆုံး အဲဒီငွေကို ကိုယ့်လက်ထဲရောက်အောင် လုပ်ပြီးတော့ တာဝန်မှာ ပိုကြိုးစားလုပ်မယ်ပေါ့။ အလုပ်က ကြီးကြပ်ရေးမှူးက သတ်မှတ်ချက်ကို မှီဖို့ ညနေပိုင်းမှာ အချိန်ပိုလုပ်စေချင်တယ်။ ဒါကြောင့် ကျွန်တော် တစ်နာရီအပိုလုပ်ပြီး စုဝေးပွဲတွေအတွက် ခွင့်ယူခဲ့ပေမဲ့၊ ကျွန်တော့်ကြီးကြပ်ရေးမှူးက ကျွန်တော့်ရဲ့ ခွင့်ယူတာကို လက်မခံတော့သလို၊ အချန်ပိုအလုပ် ပိုလုပ်စေချင်ခဲ့တယ်။ အဲဒါကြောင့် စုဝေးပွဲတွေကို ကျွန်တော် အရမ်းနောက်ကျခဲ့တယ်။ ကျွန်တော် ပိုပြီးစောစော လာဖို့လိုတယ်လို့ တခြားလူတွေက သတိပေးကြပြီး၊ သူတို့ကို အင်တင်တင်နဲ့ပဲ ခေါင်းညိတ်ခဲ့ရတယ်။ မကြာခင်မှာ၊ ယွမ် ၅၀၀၀၀၀ ကျော်တန် လက်မှတ်ထိုးထားတဲ့ အော်ဒါတစ်ခု ရပြီး၊ အဲဒီလမှာ ယွမ် ၇၀၀၀၀ ကျော်ရခဲ့တယ်၊ အဲဒါက ငွေပိုရဖို့အတွက် ကျွန်တော့်ဆန္ဒကို ပိုလို့တောင် မီးထိုးပေးခဲ့တယ်။ ဒီငွေကို တကယ်မြန်မြန်ရလာပြီး ကျွန်တော့်ပစ်မှတ်ရဲ့ ထက်ဝက်ကျော်ကို ရောက်နေပြီလို့ တွေးနေမိတယ်။ တကယ်လို့ ကျွန်တော့် ဖောက်သည် ဆယ်ယောက်မှာ ငါးယောက်က လက်မှတ်ထိုးရင်၊ ကျွန်တော့်အတွက် အတော် အကျိုးရှိမှာပဲပေါ့။ အဲဒီနောက် အဓိကဖောက်သည်တချို့ ထပ်ရရင်၊ နှစ်အနည်းငယ်အတွင်း အိမ်နဲ့ကားကိုတောင် ဝယ်နိုင်မှာပဲ၊ အဲဒါဆိုရင် ဂုဏ်သရေရှိရှိနဲ့ အိမ်ပြန်နိုင်မှာဖြစ်ပြီး ရွာသားတွေက အထင်ကြီးကြမှာပဲပေါ့။ ဒါကြောင့် ငွေအများကြီးရှာမယ်ဆိုတဲ့ ကိုယ့်အိမ်မက်ထဲကို ကိုယ့်ကိုယ်ကိုယ် ဦးစိုက်ကျွမ်းပြန် ခုန်ဆင်းလိုက်တယ်။ မကြာမကြာ ညနေပိုင်းတွေမှာ အချိန်ပိုလုပ်ခဲ့တယ်။ တစ်ခါတလေ စုဝေးပွဲတွေမှာ ညီအစ်ကို မောင်နှမတွေ ကျွန်တော့်ကို စောင့်နေမှာလို့ တွေးမိပြီး၊ နည်းနည်း အပြစ်ရှိတဲ့စိတ် ခံစားရပေမဲ့၊ အလုပ်နားတော့ အချိန်အရမ်းနောက်ကျသွားပြီ၊ အိမ်ပြန်ရတော့မယ်လေ။ အိမ်ပြန်ရောက်တဲ့အချိန်မှာ လုံးဝ ပင်ပန်းနေခဲ့လို့၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ အင်အားမရှိတော့ဘူး၊ ဒါကြောင့် တန်းအိပ်လိုက်တယ်။ တချို့မနက်တွေမှာ ကျွန်တာ် တကယ်နောက်ကျပြီးမှ နိုးတယ်။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်တွေကို နည်းနည်း လှန်လှောလိုက်ပြီး အလုပ်သွားလိုက်တယ်။ ဆုတောင်းတဲ့အချိန်မှာ ဘာပြောရမှန်း မသိခဲ့ဘူး။ ဒီအခြေအနေမျိုးမှာ အသက်ရှင်ရင်းနဲ့၊ ကိုယ့်တာဝန်မှာ ပိုပိုပြီးပေါ့တန်လာခဲ့တယ်။ ကျွန်တော့်တာဝန်နယ်ပယ်ထဲ လူသစ်တချို့ဆိုရင် ရေလောင်းပေးဖို့ အရေးပေါ်လိုအပ်ခဲ့ပြီး၊ ကိုယ့်နေရာမှာ တခြားညီအစ်ကို မောင်နှမတွေကို လူသစ်တွေရဲ့ စုဝေးပွဲတွေဆီ ကျွန်တော် သွားခိုင်းခဲ့တယ်။ ဒါပေမဲ့ သူတို့မှာ သူတို့ကိုယ်ပိုင် တာဝန်တွေရှိပြီး၊ တစ်ခါတလေ အဲဒါကို သူတို့လည်း တာဝန်မယူပေးနိုင်ကြဘူး၊ ရေလောင်းခြင်း ထိရောက်မှုကို ထိခိုက်စေခဲ့တယ်။ နောက်ပိုင်းမှာ၊ တာဝန်ကို ဦးစားပေးသင့်တယ်လို့ ခေါင်းဆောင်နဲ့ တခြားလူတွေအားလုံးက ကျွန်တော့်ကို မိတ်သဟာယပြုခဲ့ကြပြီး၊ စုဝေးပွဲမှာ ဟန်ဆောင်လုပ်ရုံလုပ်ပြပြီး၊ ကိုယ့်တာဝန်မှာ တာဝန်မဲ့တာက လူသစ်ရဲ့ အသက်တာ တိုးတက်မှုကို ဟန့်တားမယ်လို့ သတိပေးခဲ့ကြတယ်။ သူတို့ အဲဒီလိုပြောတာ ကြားရတော့ ကြောက်သလိုမျိုး ခံစားရတယ်။ ယုံကြည်သူသစ်တွေက အချိန်မီ ရေလောင်းမခံရရင်၊ အလိမ်အညာတွေရဲ့ လှည့်စားတာခံရပြီး ထွက်သွားနိုင်တယ်၊ အဲဒါဆိုရင် ကျွန်တော် မကောင်းမှု လုပ်မိတာဖြစ်မှာ။ အဲဒီလိုဆက်နေလို့မဖြစ်ဘဲ ချက်ချင်းဆုတောင်းပြီး နောင်တရရမယ်မှန်း သိခဲ့တယ်။
အဲဒီနောက်မှာ၊ အဲဒီအဖွဲ့တွေကို သွားစစ်ဆေးကြည့်တဲ့အခါ၊ ကျွန်တော် လက်တွေ့အလုပ်မလုပ်တဲ့ ရလဒ်အနေနဲ့ လူသစ်တွေရဲ့ ပြဿနာနဲ့ အခက်အခဲတွေဟာ သူတို့ကို မကောင်းတဲ့အခြေအနေမှာ ရှိစေပြီး အချိန်မီ ပြေလည်မသွားခဲ့သလို သူတို့ထဲက တချို့က စုဝေးပွဲတွေကိုတောင် ပုံမှန် မတက်ကြတော့တာကို တွေ့နိုင်ခဲ့တယ်။ ကိစ္စတွေ အဲဒီအခြေနေမှာရှိတာကို မြင်ရတော့ တကယ်ကို အပြစ်ရှိတဲ့စိတ် ခံစားရတယ်။ ရေလောင်းပြီး ထောက်ပံ့တာ အရေးပေါ် လိုအပ်သလို မှန်တဲ့ လမ်းခရီးပေါ် အခြေခံအုတ်မြစ် ကူတည်ထောင်ပေးဖို့လိုတဲ့ ပိုများသထက် များတဲ့ ယုံကြည်သူသစ်တွေဟာ ယုံကြည်ခြင်းရှိလာနေခဲ့ကြတာလေ။ ကိုယ့်အလုပ်ကို ထွက်လိုက်ပြီး ကိုယ့်တာဝန်ကို အချိန်ပြည့် ဆက်ကပ်သင့်တယ်လို့ ခံစားရတယ်။ ဒါပေမဲ့ အလုပ်က သူဌေးက ကျွန်တော့်ကို ပရောဂျက်ကောင်းတချို့ တာဝန်ပေးနေပြီး၊ ကျွန်တော့် ကြီးကြပ်ရေးမှူးကလည်း သူ့ကို နောက်ထပ် ဖောက်သည်အသစ်တွေ ကူရှာပေးစေချင်တယ်တဲ့ ထွက်တော့မလို့ တွေးနေတယ်လို့ အလုပ်ဖော်တွေကို ပြောပြတော့ သူတို့က၊ “မင်းက ကိုယ့်အရောင်း ပန်းတိုင်ဆီကို ထက်ဝက်ကျော် ရောက်နေပြီဖြစ်လို့ နှစ်ကုန်တာနဲ့ အဲဒါကို ကျော်သွားနိုင်တယ်။ အခုလက်လျော့လိုက်ဖို့ဆိုတာ ရှက်စရာဖြစ်မှာပဲ”တဲ့။ သူတို့အဲဒီလိုပြောတာ ကြားတော့၊ ရှက်စရာဖြစ်မှာလို့ ကျွန်တော်လည်း တွေးမိပြီး၊ နှစ်ကုန်တဲ့အထိ ထိန်းထားပြီး နောက်မှ အလုပ်ထွက်ချင်ခဲ့တယ်။ ဒါပေမဲ့ အသင်းတော်အလုပ်ကို လုပ်ဖို့ လူတွေ အရေးပေါ်လိုနေလို့ ကိုယ့်အလုပ်နဲ့ ငွေရှာတာကိုပဲ အာရုံစိုက်ပြီး၊ အသင်းတော်အလုပ်မှာ စိတ်မနှစ်ရင်၊ အရမ်းတစ်ကိုယ်ကောင်းဆန်တာ ဖြစ်မှာ။ အဲဒါ တကယ် အကျပ်ရိုက်စရာ ဖြစ်ခဲ့တယ်။ အဲဒီတုန်းက တကယ်ကို ဒွိဟဖြစ်နေခဲ့တာ။ ကျွန်တော့်ကို ဉာဏ်အလင်းပေး လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။
နောက်တော့ တစ်နေ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးသီချင်းကို နားထောင်နေချိန်မှာ ဒါကို ကြားရတယ်၊ “သင်တို့ လက်ရှိဖြတ်သန်းနေရသော နေ့ရက်တိုင်းသည် အရေးပါလှပြီး၊ သင်တို့၏ ပန်းတိုင်နှင့် ကံကြမ္မာအတွက် အခရာအကျဆုံးဖြစ်သည်ဖြစ်၍ ယနေ့ သင်တို့၌ရှိသော အရာအားလုံးနှင့် ကုန်ဆုံးသွားသော မိနစ်တိုင်းကို သင်တို့တန်ဖိုးထားရမည်။ သင်တို့သည် ဤဘဝကို အချည်းနှီး အသက်မရှင်သွားရန်အလို့ငှာ သင်တို့ကိုယ်သင်တို့ အကြီးမားဆုံးသော အကျိုးများပေးနိုင်ရန် သင်တို့၏အချိန်ကို ဖြစ်နိုင်သမျှ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်။”(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ယခုသင်အသက်ရှင်သော နေ့ရက်တိုင်းသည် အရေးကြီး၏ကျူး”) “နိုးထလော့၊ ညီအစ်ကိုတို့။ နိုးထလော့၊ ညီအစ်မတို့။ ငါ၏နေ့ရက်သည် ကြန့်ကြာလိမ့်မည်မဟုတ်။ အချိန်သည် အသက်ဖြစ်ပြီး၊ အချိန်ကို ပြန်လည် မလွှတ်တမ်း အသုံးချဖို့ဆိုသည်မှာ အသက်ကို ကယ်တင်ဖို့ဖြစ်၏။ အချိန်သည် အလှမ်းမဝေးလှပေ။ အကယ်၍ သင်တို့သည် ကောလိပ် ဝင်ခွင့်စာမေးပွဲ ကျရှုံး ပါက၊ သင်တို့ ကြိုက်နှစ်သက်သလောက် အကြိမ်များစွာ လေ့လာပြီး ပြန်ဖြေနိုင်သည်။ သို့သော် ငါ၏နေ့ရက်သည် နောက်ထပ် ကြန့်ကြာခြင်းကို သည်းခံလိမ့်မည်မဟုတ်။ အမှတ်ရကြလော့။ အမှတ်ရကြလော့။ ငါသည် သင်တို့ကို ဤကောင်းမြတ်သော နှုတ်ကပတ်တော်များဖြင့် တိုက်တွန်း၏။ ကမ္ဘာကြီး၏ နိဂုံးသည် သင်တို့၏မျက်စိရှေ့တွင် ဖွင့်ဟကာ ကြီးမားသော ဘေးဒုက္ခတို့သည် ရုတ်ခြည်းနီးကပ် လာကြ၏။ မည်သည့်အရာ သာ၍ အရေးကြီးသနည်း- သင်တို့၏ အသက်တာလော သို့မဟုတ် သင်တို့၏အိပ်စက်ခြင်း၊ သင်တို့၏အစားအသောက်နှင့် အဝတ်အစားတို့လော။ ဤအရာများကို ချိန်ဆရန် သင့်အတွက် အချိန်ကျရောက်လာလေပြီ။”(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဆုံးရှုံးတဲ့အချိန်ကို ဘယ်တော့မှပြန်မရ”) ဒီဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းက ကျွန်တော့်အပေါ် ခံစားချက်တကယ် ဖြစ်စေခဲ့တယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်က ခေတ်ကာလကို အဆုံးသတ်တဲ့ အမှုတော်ပဲ။ ဘုရားက လူတစ်ဦးချင်းစီရဲ့ ရလဒ်ကို ဆုံးဖြတ်နေတာဖြစ်ပြီး အားလုံးက ကိုယ့်အမျိုးအစားနောက် လိုက်နေကြတာပဲ။ နောက်ပိုင်းမှာ၊ လူတိုင်း ကယ်တင်ခံရပြီး ထိန်းသိမ်းခံရမယ်၊ မဟုတ်ရင် ပျက်စီးခြင်းထဲ နှစ်မြှုပ်ကြမယ်။ အဲဒါကို အခု သမ္မာတရား လိုက်စားပုံနဲ့ ဆုံးဖြတ်ထားတာ။ ဒီအချိန်သာ ကျွန်တော်တို့ ရလဒ်နဲ့ ကံကြမ္မာကို ဆုံးဖြတ်တဲ့ အရေးကြီးတဲ့အချိန်ပဲ။ ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု အခု ကျရောက်နေတယ်။ ငလျင်တွေ၊ ရေဘေးတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ များသထက်များနေတယ်။ ဘုရားရဲ့ အမှုတော် ဘယ်အချိန်မှာ အဆုံးသတ်လာမလဲ ကျွန်တော်တို့ မသိဘူး။ သမ္မာတရားကို ကောင်းကောင်း လိုက်စားဖို့ ကိုယ့်အချိန်ကို တကယ် အသုံးမပြုဘဲ၊ မယုံကြည်သူတွေလို ငွေနဲ့ အေးဆေးတဲ့ ဘဝနောက် လိုက်မြဲလိုက်ရင်၊ အဲဒါက သမ္မာတရားရပြီး ကယ်တင်ခံရမဲ့ ကျွန်တော့် အခွင့်အရေးကို ဖျက်ဆီးသွားမှာ ကျွန်တော်သိတယ်။ လောတရဲ့ မိန်းမအကြောင်း တွေးမိတယ်။ သူတို့မိသားစု ပိုင်ဆိုင်မှုတွေကို တက်မက်ခဲ့တယ်။ ကောင်းကင်တမန်က သူတို့ကို မြို့ပြင် ဦးဆောင်သွားပြီး ပြန်လှည့်မကြည့်ဖို့ ပြောခဲ့ပေမဲ့ သူ လှည့်ကြည့်ခဲ့ပြီးတော့ အရှက်ရခြင်း အမှတ်အသားတစ်ခုဖြစ်တဲ့ ဆားတိုင် ဖြစ်သွားခဲ့တယ်။ ကျွန်တော်က လောတရဲ့ မိန်းမလိုပါပဲ။ ထွန်တုံးကိုင်ပြီး နောက်လှည့်ကြည့်ရင်း ကြွယ်ဝမှုကို တပ်မက်ပြီး လောကီ ပျော်ရွှင်မှုတွေကို လိုက်စားခဲ့တယ်။ အရမ်းမိုက်မဲပြီး မျက်ကန်းဖြစ်ခဲ့တာ။ အရင်က လောကထဲမှာ မျှောပါနေခဲ့ပုံကို ကျွန်တော် တွေးမိတယ်။ ထွက်ပေါက်မရှိဘဲ အကြွေးက တနင့်တပိုးနဲ့ပေါ့။ ဘုရားရဲ့ ကယ်တင်ခြင်း ကျွန်တော့်အပေါ် ရောက်ပြီး သမ္မာတရားနဲ့ ကယ်တင်ခြင်း လိုက်စားဖို့ အခွင့်အရေးပေးရင်းနဲ့ ကျွန်တော့် ဆင်းရဲဒုက္ခကနေ ကျွန်တော့်ကို ခေါ်ဆောင်သွားခဲ့တယ်။ ဘုရားရဲ့ ချစ်ခြင်းမေတ္တာထဲမှာ အကြိုက်တွေ့ခဲ့ပေမဲ့ ပြန်ပေးဆပ်ဖို့ ဆန္ဒမရှိခဲ့ဘူး။ ကိုယ့်တာဝန်ကို တမင်ပျက်ကွက်ခဲ့တယ်၊ တာဝန်မဲ့ခဲ့တယ်။ တကယ်ကို အသိစိတ်မရှိခဲ့သလို ဘုရားအတွက် စက်ဆုပ်စရာ ဖြစ်ခဲ့တယ်။ ကျွန်တော် မှားတဲ့လမ်းကြောင်းပေါ် ခေါင်းမာမာနဲ့ မနေနိုင်တော့ဘဲ၊ ကိုယ့်ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို လက်လွှတ်ရမယ်၊ သမ္မာတရားလိုက်စားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ရမယ်။
အဲဒီနောက်မှာ၊ ကိုယ့်အလုပ်နဲ့ ငွေကို ဘာကြောင့် ကျွန်တော် လုံးဝ လက်မလွှတ်နိုင်ခဲ့တာလဲ၊ အဲဒါရဲ့ အရင်းအမြစ်က ဘာလဲလို့ စတွေးမိတယ်။ နောက်တော့ တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ရတယ်။ “ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) “‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’ ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ယင်းသည် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့် ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ အစကတည်းမှ၊ လူတို့သည် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း၊ ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြလေသည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားကို တူညီသည့်အတိုင်းအတာဖြင့် နားလည်ကောင်း နားလည်မည်မဟုတ်သော်လည်း၊ အယောက်တိုင်းသည် အနီးတစ်ဝိုက်တွင် ဖြစ်နေသည့် အရာများနှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို အခြေခံပြီး၊ ဤဆိုရိုးစကား နှင့်ဆိုင်သော မတူကွဲပြားသည့် အနက်ပြန်ခြင်းနှင့် သိမှတ်မှု အတိုင်းအတာများ ရှိကြသည်။ ယင်းမှာ မှန်၏လော။ တစ်စုံတစ်ယောက်သည် ဤဆိုရိုးစကားနှင့် သက်ဆိုင်သော အတွေ့အကြုံမည်မျှရှိပါစေ၊ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသား အပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သနည်း။ သင်တို့ အယောက်စီတိုင်းအပါအဝင် ဤလောက ထဲက လူတို့၏ လူသား စိတ်သဘောထားမှတစ်ဆင့် တစ်စုံတစ်ခု ထုတ်ဖော်ပြခံရသည်။ ယင်းက မည်သည့်အရာနည်း။ ယင်းသည် ငွေကို ကိုးကွယ်ခြင်းဖြစ်သည်။ ယင်းကို တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲမှ ဖယ်ရှားဖို့ ခက်ခဲသလော။ အင်မတန် ခက်ခဲသည်။ လူသားနှင့်ဆိုင်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းသည် ဧကန်အမှန် အလွန် နက်ရှိုင်း၏။ စာတန်သည် လူများကို စုံစမ်းသွေးဆောင်ဖို့ ငွေကို အသုံးပြုပြီး လူတို့အား ငွေကို ကိုးကွယ်အောင်နှင့် ရုပ်ဝတ္ထုပစ္စည်းများကို အမွန်အမြတ်ထားအောင် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ သမ္မာတရားကို ရရှိကာ ကယ်တင်ခံရမည့် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် ဆုံးရှုံးမှုများ အားလုံးထဲတွင် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်သည် မဟုတ်သလော။ စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားနှုတ်ကပတ်တော်တွေက ငွေနဲ့ ကျော်ကြားမှုနောက်လိုက်တဲ့ ရင်းမြစ်ကို ထုတ်ဖော်ပြတယ်။ ကျွန်တော်က ငယ်ရွယ်တော့၊ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်”ဆိုတာနဲ့ “ထင်ပေါ်ကျော်ကြားပြီး သင်၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လော့”ဆိုတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို အသက်ရှင်ရမဲ့ စကားတွေအဖြစ် တွေးခဲ့တယ်။ ငွေနဲ့ လူတွေက ယုံကြည်ချက်၊ သိက္ခာနဲ့ စကားပြောနိုင်တယ်၊ သူတို့ ဝင့်ကြွားနိုင်တယ်၊ အဆင့်အတန်းမြင့်ပြီး အရိုအသေခံရနိုင်တယ်လို့ ကျွန်တော် တွေးခဲ့တယ်။ အဲဒါက အကျိုးနပ်ပြီး ဂုဏ်ရှိတဲ့ ဘဝတစ်ခု ရှိဖို့ တစ်ခုတည်းသော နည်းလမ်းပဲလို့ တွေးခဲ့တယ်။ အထူးသဖြင့် ကျွန်တော့် မိသားစုက အေးတိအေးစက် ဆက်ဆံတဲ့အခါ၊ သူတို့အပေါ် တစ်နေ့ မင်းမူဖို့ မျှော်လင့်ရင်းနဲ့ ငွေပိုရှာဖို့ အချန်ပိုအလုပ်လုပ်ခဲ့တယ်။ ယုံကြည်ချက် ရှိပြီးတဲ့နောက်မှာ၊ ဘဝမှာ သမ္မာတရားကို သင်ယူပြီး တိုးတက်မှုရှိဖို့ စုဝေးပွဲတွေကို ပိုတက်ပြီး ကိုယ့်တာဝန်ကို လုပ်ဖို့လိုမှန်း သိခဲ့တယ်။ ဒါပေမဲ့ ငွေနဲ့ အဆင့်အတန်း လိုက်စားခြင်းကို လက်မလွှတ်နိုင်ခဲ့ဘူး။ ကိုယ့်တာဝန်နဲ့ အလုပ်ကြား ကွဲလွဲဆန့်ကျင်တာ ရှိတဲ့အခါ၊ ငွေရှာတာကို ဦးစားပေးတယ်၊ ကိုယ့်တာဝန်ကို ပေါ့ပေါ့တန်တန် သဘောထားခဲ့တယ်။ အထူးသဖြင့် ကျွန်တော့် အလုပ် အဆင်ပြေပြီး ငွေနည်းနည်း ရှာလို့ရတဲ့အခါ၊ အဲဒီစိတ်ဆန္ဒက ပိုပိုပြီး ကြီးမားလာတယ်။ ပိုများတဲ့ ဖောက်သည်တွေ ဘယ်လိုရပြီး၊ ငွေပိုရှာဖို့ လက်မှတ်ထိုးထားတဲ့ အော်ဒါတွေ ဘယ်လိုရမယ်ဆိုတဲ့အပေါ် လုံးဝ အာရုံစိုက်ခဲ့တယ်။ အသင်းတော်အလုပ်ကို လုံးဝ အရေးထားမနေခဲ့တာပါ။ ဆိုလိုတာက လူသစ်တချို့ဟာ အချိန်မီ ရေလောင်းမခံရသလို၊ ထွက်လုနီးပါး ဖြစ်ခဲ့ပြီး၊ ရေလာင်းတဲ့အလုပ်က ဆိုးဆိုးရွားရွား နှောင့်နှေးသွားခဲ့တာပါ။ အဲဒီအချိန်မှာ ဆိုးယုတ်တဲ့ ဒီအတွေ့အခေါ်တွေနဲ့ အသက်ရှင်တာဟာ ကျွန်တော့်ကို ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်၊ လောဘတက်စေသလို၊ ကိုယ်ကျိုးစီးပွားတွေကိုပဲ ကျွန်တော် တွေးနေခဲ့မိမှန်း တွေ့ရတယ်။ ဘုရားရဲ့ ရေလောင်းပေးခြင်းနဲ့ အာဟာရ အများကြီး ကျွန်တော် မွေ့လျော်နေခဲ့ပေမဲ့၊ ကိုယ့်တာဝန်ကတစ်ဆင့် သူ့ကို ပြန်မပေးဆပ်ခဲ့ဘူး။ ဆင်ခြင်တုံတရား ဒါမှမဟုတ် အသိစိတ် မရှိခဲ့တာပါ။ နာမည်နဲ့ အဆင့်အတန်းက လူတွေကို ငရဲ့ထဲ ဆွဲချဖို့ စာတန်ရဲ့ နည်းလမ်းဖြစ်တယ်၊ အဲဒါတွေက သူ့ရဲ့ မာယာပဲ။ အဲဒါက ဆုတောင်းခြင်းနဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်ရာမှာတောင် ဟန်ဆောင်လုပ်ပြရုံလုပ်ပြတဲ့အထိ ကျွန်တော့် စိတ်နှလုံးကို ဘုရားဆီကနေ ဝေးသထက်ဝေးအောင် ဆွဲသွားတယ်၊ အဲဒီလိုဆက်ဖြစ်ရင်၊ သမ္မာတရား ရနိုင်မှာ မဟုတ်သလို၊ ဘုရားရဲ့ ကယ်တင်ခံရခြင်းမှာ ကိုယ့်အခွင့်အရေးကို ဆုံးရှုံးသွားမှာပဲ။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းကို ကြားခဲ့ရတယ်- “အခွင့်အရေးကို ဆုံးရှုံးပါက သင်ထာဝရနောင်တရလိမ့်မည်ကျူး။” “သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။ ဘုရားသခင်သည် လူအားလုံးထံ မိမိ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် ဝမ်းနည်းမှုဖြင့် ပြည့်လိမ့်မည်။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမခြင်းမရှိလျှင်ပင်၊ သင်ကိုယ်တိုင်၏ နောင်တကြောင့် သင်သည် မိမိကိုယ်ကို ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်သည်။ စုံလင်ခြင်းကိုရရှိဖို့ အကောင်းဆုံး အခွင့်အရေးမှာ ယခုဖြစ်သည်။ ယခုအချိန်သည် အလွန့်အလွန် ကောင်းမွန်သောအချိန် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အလေးအနက် မကြိုးစားပါက၊ သူ၏အမှု အဆုံးသတ်သည်နှင့်တစ်ပြိုင်နက် အလွန် နောက်ကျသွားလိမ့်မည်- သင် အခွင့်အရေးကို လက်လွတ်သွားပြီး ဖြစ်လိမ့်မည်။ သင့် ရည်မှန်းချက်များ မည်မျှပင် ကြီးမားပါစေ၊ ဘုရားသခင်သည် အမှုကို ဆောင်ရွက်နေခြင်း မရှိတော့ပါက၊ သင် မည်မျှပင် အားထုတ်သည်ဖြစ်စေ၊ စုံလင်ခြင်းကို ဘယ်သောအခါမျှ ရရှိနိုင်လိမ့်မည်မဟုတ်။”(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဘုရားရဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်တော်တို့အတွက် သူ့ရဲ့ မျှော်လင့်ချက်တွေကို ခံစားလို့ရတယ်။ ဒီတန်ဖိုးရှိတဲ့ အချိန်ကို ကျွန်တော်တို့ တန်ဖိုးထားနိုင်မယ်၊ သမ္မာတရားလိုက်စားနိုင်မယ်၊ ကိုယ့်တာဝန်ကိုယ်လုပ်ပြီး သူ့ရဲ့ ကယ်တင်ခြင်းကို ရရှိနိုင်မယ်လို့ သူ မျှော်လင့်တယ်။ ဒါဟာ ဘုရားရဲ့ စုံလင်စေခြင်းကို လိုက်စားဖို့ အဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးဖြစ်ပြီး၊ တာဝန်လုပ်ဖို့ အရေးကြီးတဲ့အချိန်ပဲ။ တာဝန်ကို လုပ်ဆောင်ရာမှာ၊ ပြဿနာအမျိုးမျိုးကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းကတစ်ဆင့်၊ သမ္မာတရားကို ပိုသင်ယူပြီး ဘဝမှာ ပိုပြီး မြန်မြန် တိုးတက်နိုင်တယ်။ ကောင်းကောင်း လေ့ကျင့်ဖို့ အဲဒီအခွင့်အရေးကို အမိအရ အသုံးမချဘဲ၊ ငွေနောက်ပဲ ဆက်လိုက်နေရင်၊ ဘုရားအမှုတော် အဆုံးသတ်တဲ့အခါ ကျွန်တော် အချည်းနှီး အဆုံးသတ်သွားမှာဖြစ်ပြီး၊ ဘယ်နောင်တပမာဏကမှ အသုံးဝင်မှာ မဟုတ်ဘူး။ အမှန်တော့၊ အစားအစာ၊ အကွယ်အကာနဲ့ ဘဝမှာ ရောင့်ရဲသင့်တယ်။ ငွေအများကြီးရှာဖို့ ကိုယ့်တာဝန်ကို လျစ်လျူရှုရင်၊ နောက်ဆုံးမှာ အဲဒါက ကိုယ့်ဘဝကို ထိခိုက်နစ်နာစေမယ်၊ သမ္မာတရားရပြီး ဘုရားရဲ့ စုံလင်စေခြင်းခံရဖို့ မယုံနိုင်စရာ အခွင့်အရေးကို ဆုံးရှုံးသွားမှာပဲ။ အဲဒါက မိုက်မဲစရာ ဖြစ်မှာ။
ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် “ပုံမှန်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ဖို့ အားထုတ်သည့် သူတစ်ဦးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်ပြီး၊ အဆုံးစွန်သော တန်ဖိုးနှင့် အရေးပါမှုရှိသည့် အသက်တာ တစ်ခု ဖြစ်သည်။ မည်သူမျှ သင်တို့ထက် သာ၍ကောင်းချီးမခံစားရပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုကို လုပ်ဆောင်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အရေးပါမှု ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသော ဤလူအုပ်စုသည်သာ အဆုံးစွန် အရေးပါမှုရှိသည့် အသက်တာဖြင့် အသက်ရှင်နိုင်ကြသည်။ ကမ္ဘာမြေပေါ်ရှိ အခြားမည်သူမျှ ထိုသို့သော တန်ဖိုးနှင့် အဓိပ္ပာယ် ရှိသည့် အသက်တာတစ်ခုကို အသက်မရှင်နိုင်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) ဘုရားဆီက ဒီစကားတွေကို ဖတ်ရတာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာပဲ။ သမ္မာတရားကို လိုက်စားပြီး ဘုရားကို သိကျွမ်းခြင်းရတာက အမှန်တကယ် အဓိပ္ပာယ်ရှိတဲ့ ဘဝကို ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ အရင်က ဆိုးယုတ်တဲ့ အတွေးအခေါ်တွေအတိုင်း အမြဲ အသက်ရှင်ခဲ့တယ်၊ ငွေ၊ အဆင့်အတန်းနဲ့ဆိုရင် လူတိုင်း ကျွန်တော့်ကို လေးစားကြမယ်၊ ပြီးတော့ အဲဒါက အဓိပ္ပာယ်ရှိတဲ့ ဘဝဖြစ်မယ်လို့ တွေးရင်းနဲ့ပေါ့။ ဒါပေမဲ့ အဲဒါတွေအားလုံး မှားသွားတယ်။ ယုံကြည်ခြင်းမရှိဘဲနဲ့၊ သမ္မာတရားနဲ့ အသက်မရှိဘဲနဲ့၊ လူတွေက ဘယ်အရာကိုမှ တကယ် နားမလည်နိုင်ဘူး။ သူတို့ကိုယ်တိုင် ဘယ်ကလာတယ်ဆိုတာတောင် မသိကြသလို၊ ဘုရားက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာတွေအပေါ် အုပ်စိုးမှန်း တကယ် မသိကြဘူး။ ဘယ်လောက် ဆင်းရဲဒုက္ခခံရပါစေ နောက်လှည့်ဖို့ မစဉ်းစားဘဲ အဆင့်အတန်းနဲ့ ငွေနောက် ဖြည်းဖြည်းချင်း လိုက်နေကြသလို၊ ကပ်ဘေးတွေ ရောက်လာတဲ့အခါ ကပ်ဘေးတွေထဲမှာ သေဖို့ သေချာတယ်၊ အဲဒီအခါ သူတို့ငွေတွေက အချည်းနှီး ဖြစ်မှာပဲ။ ကိုယ့်ဘဝတစ်ခုလုံးစာ စာတန်ရဲ့ ကစားတာခံရပြီး ထိခိုက်ခံရတာ အရမ်း ဝမ်းနည်းစရာကောင်းတယ်။ ဒါပေမဲ့ ယုံကြည်ခြင်းရှိပြီး သမ္မာတရား လိုက်စားတာက မတူဘူး။ ကျွန်တော်တို့မှာ ရုပ်ဝတ္တုပိုင်း ကျေနပ်စရာ သိပ်မရှိပေမဲ့၊ သမ္မာတရားတွေကို သင်ယူတာ၊ တချို့အရာတွေကို ထိုးထွင်းသိမြင်မှုရှိပြီး၊ ငွေရဲ့ ဖြားယောင်း၊ ချည်နှောင် မခံရတော့တာတွေအားဖြင့်၊ ငြိမ်သက်ခြင်းနဲ့ ဉာဏ်အလင်းပေးခြင်းတချို့ ရနိုင်တယ်။ ယောဘက မိသားစု ပိုင်ဆိုင်မှုတွေ အများကြီးရှိခဲ့ပေမဲ့၊ အဲဒါက သူ ပျော်မွေ့တဲ့အရာ မဟုတ်ခဲ့ဘူး။ အရာရာမှာ ဘုရားရဲ့ အုပ်စိုးမှုကို သိခြင်း၊ ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းအပေါ် သူ အာရုံစိုက်ခဲ့တယ်။ သူ့အပေါ် စမ်းသပ်မှုတွေ ရောက်လာတဲ့အခါ၊ မညည်းမညူရှိနိုင်ခဲ့ပြီး သက်သေခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တယ်။ ဘုရားရဲ့ လက်ခံမှုကို ရပြီး နောက်ဆုံးမှာ ဘုရားက သူ့ဆီ ပေါ်လာခဲ့တယ်။ ယောဘရဲ့ အသက်တာက အဓိပ္ပာယ်နဲ့ တန်ဖိုး ရှိခဲ့တယ်။ အဲဒီလိုတွေးမိတဲ့အခါ အလုပ်ထွက်စာ ကျွန်တော် ရေးလိုက်တယ်။ ကျွန်တော် စိတ်ပိုင်းဖြတ်ထားတာကို မြင်တော့၊ သူငှေးက ကျွန်တော့်ကို နေခိုင်းဖို့ မကြိုးစားတော့ဘူး။ ကျွန်တော် အလုပ်ထွက်တဲ့ လုပ်ငန်းစဉ်က ချောမွေ့ခဲ့တယ်။ ကုပ္မဏီကနေ လမ်းလျှောက်ထွက်လိုက်တာနဲ့ အရမ်း စိတ်အေးလက်အေးနဲ့ လွတ်လပ်သွားတယ်။
အဲဒီနောက်မှာ ကိုယ့်တာဝန်ကို တကယ် ခေါင်းမဖော်တမ်းလုပ်ခဲ့ပြီး၊ လူသစ်တွေကို ရေလောင်းတာနဲ့ပတ်သက်လို့ ညီအစ်ကို မောင်နှမတွေနဲ့ အတွဲညီညီ အလုပ်လုပ်ခဲ့တယ်။ နည်းနည်းလောက်ကြာတော့၊ ယုံကြည်သူသစ်တွေက စုဝေးပွဲတွေကို စိတ်ထက်ထက်သန်သန် လာကြပြီး အသင်းတော် အသက်တာက ပိုကောင်းလာတယ်။ ကျွန်တော် အင်မတန် စိတ်အေးချမ်းသွားခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။