၆၁။ ကျွန်တော့်ခံစားချက်တွေက ကျွန်တော့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖုံးအုပ်သွားခဲ့တယ်
နေကောင်းရဲ့လား။
ဟီကျွမ်
ငါ မင်းစာကို ရတယ်။ ငါတို့ကလေးတွေက အသင်းတော်ကနေ ရှင်းလင်းပစ်ခံရတယ်လို့ မင်းစာထဲမှာ ပြောထားတယ်။ အစကတော့ ဒါကို ငါ လက်မခံနိုင်ဘူး။ ငါ မှတ်မိသေးတယ်။ အရင် သုံးလေးနှစ်လောက်တုန်းက ငါ အိမ်ကို ပြန်လာတော့ ရှောင်တိုနဲ့ ရှောင်မင်က စုဝေးတာတွေ၊ တာဝန်ထမ်းဆောင်တာတွေ လုပ်နေတုန်းပဲ။ ဒါဆို သူတို့က ဘယ်လိုလုပ် ရှင်းလင်းပစ်ခံရတာလဲ။ သူတို့က တကယ်တမ်း သမ္မာတရားကို မလိုက်စားပေမဲ့ နှစ်ယောက်လုံးက ယုံကြည်ခြင်းစစ်မှန်တယ်။ ခေါင်းဆောင်က သူတို့ကို တောင်းဆိုတာ အရမ်းများလား။ သူတို့ကို ရှင်းလင်းပစ်လိုက်တာက မှားနေတာလား။ ငါ မင်းကိုတောင် စောဒကတွေ တက်ခဲ့တယ်။ ငါတို့ကလေးတွေက လောကီလမ်းတွေနောက်လိုက်နေပြီး ပိုက်ဆံနောက်လိုက်ဖို့ပဲ ဂရုစိုက်တယ်။ တာဝန်ထမ်းဆောင်ချင်စိတ်၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ချင်စိတ်မရှိဘူး။ မင်းက ဘာလို့ သူတို့နဲ့ မိတ်သဟာယမဖွဲ့လဲဆိုတာ ငါ တွေးမိတယ်။ ငါသာ အိမ်မှာရှိရင် သူတို့ကိုပိုပြီးတော့ ကူညီပံ့ပိုးပေးပြီး ရှင်းလင်းပစ်ခံရတဲ့အထိ ဖြစ်ခွင့်ပေးခဲ့မှာမဟုတ်ဘူးလို့ ငါ ခံစားမိတယ်။ ဒါတွေက ငါ့ခေါင်းထဲမှာပြည့်နေတဲ့ အတွေးမျိုးတွေပေါ့။ ညဆိုရင် ခုတင်ပေါ်မှာ လှဲပြီး အိပ်မပျော်နိုင်ဘူး။ ငါတို့အားလုံး အတူတူပျော်ခဲ့တဲ့ အမှတ်တရတွေပဲ ခေါင်းထဲမှာရှိနေတယ်။ ဘုရားဂုဏ်တော်ကို ချီးမွမ်းသီဆိုပြီး ဘုရားနှုတ်ကပတ်တော်ကို စားသောက်ကြတာတွေပေါ့။ ငါတို့မိသားစုအားလုံး သမ္မာတရားကို လိုက်စားနိုင်ပြီး ဘုရားသခင် ကယ်တင်တာခံရဖို့၊ ဘုရားနိုင်ငံတော်ထဲမှာ နေရဖို့ မျှော်လင့်မိတယ်၊ ဒါဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲဆိုပြီး ငါ မင်းကို ပြောခဲ့တာကို သတိရတယ်။ ဘုရားရဲ့အမှုတော်က အဆုံးသတ်တော့မယ့်အချိန်မှာ ငါတို့ကလေးတွေက မယုံကြည်သူတွေအဖြစ် ဖော်ထုတ်ခံရပြီး အသင်းတော်ကနေ ရှင်းလင်းပစ်ခံရမယ်လို့ ငါ လုံးဝ မမျှော်လင့်မိဘူး။ ဒါဆိုရင် သူတို့က ကယ်တင်ခြင်းရဖို့ အခွင့်အရေးဆုံးရှုံးသွားတဲ့ သဘောမဟုတ်ဘူးလား။ ငါစဉ်းစားကြည့်လေလေ၊ စိတ်မချမ်းသာလေလေပဲ။ ဘေးဒုက္ခတွေက ကြီးလာနေပြီး ကပ်ရောဂါက ပိုဆိုးလာတာကို မြင်တော့ ငါတို့ကလေးတွေရဲ့ အနာဂတ်တွေကို အရမ်းစိတ်ပူမိတယ်။ အသင်းတော်ခေါင်းဆောင်ဆီကိုတောင် ငါစာရေးချင်ခဲ့တယ်။ ငါတို့ကလေးတွေက အသင်းတော်ကို အစေခံရင်းနဲ့ ဆက်ပြီးနေလို့ရမရ မေးဖို့ပေါ့။ ဒါဆို သူတို့ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်နည်းနည်းလေးရှိမှာပေါ့။ စီစီပီက ဖမ်းဆီးတာတွေကြောင့် အပြင်မှာ တာဝန်ထမ်းဆောင်ရင်း နှစ်ချီ အချိန်ကုန်ခဲ့ပြီးတော့ ငါတို့ကလေးတွေကို ငါဂရုမစိုက်ခဲ့ဘူး၊ သူတို့အဖေအနေနဲ့ ငါ့တာဝန်မကျေခဲ့ဘူးလို့ ခံစားမိတယ်။ သူတို့အပေါ် အကြွေးတင်တယ်လို့ ခံစားမိတယ်။ ဟီကျွမ် ဒီအခြေအနေမှာ ငါ အသက်ရှင်နေတုန်းမှာ ငါ့စိတ်နှလုံးက မှောင်မိုက်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေ ပြည့်နေပြီး တာဝန်အပေါ် အာရုံမစိုက်နိုင်ဘူးဆိုတာ မင်းသိလား။ ငါ့အခြေအနေက မှားနေတယ်ဆိုတာကို သတိထားမိပြီး ဘုရားကို ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကျွန်တော့်ကလေးတွေက အသင်းတော်ကနေ ရှင်းလင်းပစ်ခံရတာကို သိရလို့ နာကျင်ရပါတယ်။ ကိုယ်တော်က ဒါကို ခွင့်ပြုပြီး ကျွန်တော်က နာခံသင့်တယ်ဆိုတာကို သိပေမဲ့ ကျွန်တော့်ကလေးတွေကို မစွန့်နိုင်ဘူး။ သူတို့အပေါ် အရမ်းအကြွေးတင်သလိုပဲ။ ဘုရားသခင်၊ ဒီကိစ္စမှာ သမ္မာတရားကို နားလည်ဖို့၊ ကိုယ့်ခံစားချက်တွေက ထိန်းချုပ်တာကို မခံရဖို့ ဉာဏ်အလင်းပေးတော်မူပါ” ပေါ့။
ဆုတောင်းပြီးသွားတော့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ “ယောဘ၏ ကျင့်သုံးမှုသည် အသေးစိတ်ကျသည်မဟုတ်လော။ ရှေးဦးစွာ သူ၏ သားသမီးများကို သူ ဆက်ဆံသည့်ပုံကို ပြောကြပါစို့။ သူ၏ ရည်ရွယ်ချက်သည် အရာရာတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို နာခံရန်ဖြစ်သည်။ သူသည် ဘုရားသခင် မလုပ်ဆောင်သည့်အရာတစ်ခုခုကို စတင်လုပ်ဆောင်ရန် အတင်းအဓမ္မမလုပ်ဆောင်သကဲ့သို့ လူသားအယူအဆများကို အခြေခံပြီး အစီအစဉ်၊ သို့မဟုတ် တွက်ချက်မှုတစ်ခုခုပြုလုပ်ခြင်းလည်းမရှိပေ။ အရာရာတွင် သူသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လိုက်နာပြီး စောင့်ဆိုင်းသည်။ ဤသည်မှာ သူ၏ ယေဘုယျစည်းမျဉ်းဖြစ်သည်။...ယောဘက သူ၏ သားသမီးများကို မည်သို့ ဆက်ဆံသနည်း။ ၎င်းတို့ကို ဧဝံဂေလိမျှဝေပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးရင်း ဖခင်တစ်ဦးအဖြစ် သူ၏တာဝန်ကိုသာ ဖြည့်ဆည်းသည်။ သို့ရာတွင် ၎င်းတို့က သူ့ကို နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ ၎င်းတို့က နာခံသည်ဖြစ်စေ၊ မနာခံသည်ဖြစ်စေ ယောဘက ၎င်းတို့ကို ဘုရားသခင်အား ယုံကြည်ရန် အတင်းအဓမ္မမစေခိုင်းပေ။ သူသည် ၎င်းတို့ကို ကန်ကျောက်အော်ဟစ်ပြီး ဆွဲမခေါ်ပေ၊ သို့မဟုတ် ၎င်းတို့၏ ဘဝကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ၎င်းတို့၏ အယူအဆများနှင့် ထင်မြင်ချက်များသည် သူ၏ကိုယ်ပိုင် အယူအဆ၊ ထင်မြင်ချက်တို့နှင့် ကွဲပြားသည်။ ထို့ကြောင့် သူသည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို ဝင်ရောက်မစွက်ဖက်ပေ။ ၎င်းတို့က မည်သည့်လမ်းကြောင်းအမျိုးအစားကို လျှောက်နေသည်ကို ဝင်ရောက်မစွက်ဖက်ပေ။ ယောဘက သူ၏ သားသမီးများကို ဘုရားသခင်အားယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ပြောဆိုခြင်းနည်းပါးသလော။ သူသည် ၎င်းတို့အား ဤအရာနှင့်ပတ်သက်၍ သေချာပေါက် လုံလောက်စွာ ပြောဆိုပြီးဖြစ်လိမ့်မည်။ သို့သော် ၎င်းတို့က နားထောင်ရန် ငြင်းဆန်ပြီး လက်မခံကြပေ။ ဤအရာအပေါ် ယောဘ၏ သဘောထားက အဘယ်နည်း။ သူက ‘ငါ့တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ မည်သည့်လမ်းကြောင်းမျိုးကို ၎င်းတို့လျှောက်နိုင်သည်နှင့် ပတ်သက်ပြီး ၎င်းတို့ရွေးချယ်သည့်အရာအပေါ် မူတည်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအပေါ် မူတည်သည်။ ဘုရားသခင်က ၎င်းတို့အပေါ် အလုပ်မလုပ်လျှင်၊ သို့မဟုတ် မတို့ထိလျှင် ၎င်းတို့ကို အတင်းအဓမ္မစေခိုင်းဖို့ ငါ ကြိုးစားမည်မဟုတ်’ ဟု ပြောသည်။ ထို့ကြောင့် ယောဘက ဘုရားရှေ့တွင် ၎င်းတို့အတွက် ဆုမတောင်းခဲ့ပေ၊ သို့မဟုတ် ၎င်းတို့အတွက် မချိတင်ကဲဝေဒနာဖြင့် မငိုပေ၊ သို့မဟုတ် ၎င်းတို့အတွက် အစာမရှောင်ပေ၊ သို့မဟုတ် မည်သည့်နည်းလမ်းဖြင့်မျှကို ဒုက္ခမခံပေ။ ဤအရာများကို သူ မလုပ်ဆောင်ပေ။ ယောဘက ဤအရာများကို အဘယ်ကြောင့်တစ်ခုမျှ မလုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာများထဲမှ မည်သည့်အရာကမျှ ဘုရားသခင်၏ စည်းကမ်းနှင့် အစီအစဉ်များကို နာခံခြင်းနည်းလမ်းများမဟုတ်သောကြောင့်ဖြစ်သည်။ ၎င်းတို့အားလုံးသည် လူသားအယူအဆများမှ ထွက်ပေါ်လာပြီး မိမိ၏နည်းလမ်းကို ရှေ့သို့ တက်ကြွစွာ အတင်းထုတ်ပြသည့် နည်းလမ်းများဖြစ်သောကြောင့်တည်း။...သူ၏ ကျင့်သုံးမှုနည်းလမ်းသည် မှန်ကန်သည်။ သူ ကျင့်သုံးသည့် နည်းလမ်းတိုင်းတွင်၊ အရာရာကို သူ ဆက်ဆံသည့် အမြင်၊ သဘောထားနှင့် အခြေအနေတွင် သူသည် အစဉ်သဖြင့် နာခံသည့်၊ စောင့်ဆိုင်းသည့်၊ ရှာဖွေသည့်၊ အသိပညာကိုရရှိသည့် အခြေအနေ၊ အချိန်အခါတွင်ရှိသည်။ ဤသဘောထားက အလွန်အရေးကြီးသည်။ လူတို့သည် ၎င်းတို့လုပ်သမျှတွင် မည်သည့်အခါမျှ ဤသဘောထားမျိုးမရှိလျှင်၊ အလွန်ပြင်းထန်သော တစ်ကိုယ်ရေစိတ်ကူးများရှိပြီး အရာရာတွင် တစ်ကိုယ်ရေရည်ရွယ်ချက်များနှင့် အကျိုးအမြတ်ကို ရှေ့တန်းတင်လျှင် ၎င်းတို့သည် အမှန်တကယ် နာခံနေခြင်းဖြစ်သလော။ (မဖြစ်ပါ။) ဤသို့သောလူများတွင် စစ်မှန်သော နာခံခြင်းကို မမြင်နိုင်ပေ။ ၎င်းတို့သည် စစ်မှန်သော နာခံခြင်းကို မရရှိနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ) ယောဘရဲ့ အတွေ့အကြုံကို ဖွင့်ပြတဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ငါ့မှာ အရှက်ကွဲပြီး လိပ်ပြာမလုံသလို ခံစားရတယ်။ ယောဘက သူ့သားသမီးတွေကို ကိုင်တွယ်ရာမှာ စိတ်ခံစားချက်တွေကို အားမကိုးဘူး၊ စဉ်းစားချင့်ချိန်နိုင်တယ်ဆိုတာ ငါ မြင်ခဲ့တယ်။ သူ့ကလေးတွေကို အပြစ်တွေအများကြီးလုပ်ပြီး ပျက်စီးခြင်းလမ်းကို မလျှောက်အောင် ဘုရားကို ယုံကြည်ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ သူမျှော်လင့်ပေမဲ့ သူတို့တွေက ဘုရားကို မကိုးကွယ်ဘဲ အပျော်အပါးလိုက်စားရင်း အသက်ရှင်တာကို သူ မြင်ရတော့ သူတို့ပုံစံတွေကို ပြောင်းလဲဖို့ ဖိအားမပေးဘူး။ လမ်းကြောင်းတစ်ခုခုကို လျှောက်ဖို့ အတင်းအကျပ်မခိုင်းဘူး။ သူက ဘုရားအစီအစဉ်တွေကိုပဲ နာခံပြီး ဘုရားကို ဆန့်ကျင်ပြီး အပြစ်ပြုတာကို ရှောင်ကြဉ်တယ်။ နောက်ပိုင်းမှာ သူ့ကလေးတွေက အိမ်ပိပြီး သေဆုံးကြတော့ ယောဘက ဘုရားကို အပြစ်မတင်ဘူး။ ယောဘက သူ့ကလေးတွေကို ကိုင်တွယ်တဲ့နေရာမှာ ဘုရားကို ကြောက်ရွံ့ပြီး နာခံတာကို ငါ မြင်ခဲ့တယ်။ ဒါတောင်မှ ငါ့သားက လောကီနောက်လိုက်ဖို့အတွက် အသင်းတော်ကို စွန့်ခွာပြီး ငါ့သမီးက ရှင်းလင်းပစ်ခံရတာကို သိရတော့ မိသားစုအပေါ် ဇာတိပကတိ တွယ်တာမှုကို ငါ အာရုံစိုက်ခဲ့တယ်။ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်တချို့ကို သူတို့ ဘယ်လိုကိုင်စွဲနိုင်မလဲ တွေးခဲ့တယ်။ သူတို့ယုံကြည်ခြင်းက စစ်မှန်ခြင်းရှိရှိ မရှိရှိ၊ သမ္မာတရားကို လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သူတို့ကို အသင်းတော်မှာပဲ နေလို့ရစေချင်ခဲ့တယ်။ ခေါင်းဆောင်ကိုတောင် သူတို့ကို နောက်ထပ်အခွင့်အရေးပေးစေချင်ခဲ့တယ်။ ဖြစ်နိုင်သမျှ ဘယ်နည်းနဲ့မဆို အသင်းတော်အတွက် အစေခံပြီး ဆက်နေခွင့်ပြုဖို့ပေါ့။ ငါ့ကလေးတွေနဲ့ပတ်သက်ရင် ကယ်တင်ဖို့အတွက် လူသားနည်းလမ်းတွေကိုပဲ အသုံးပြုချင်ခဲ့တယ်။ ငါက ဘုရားရဲ့ အချုပ်အခြာအာဏာ၊ အစီအစဉ်တွေကို မနာခံနေဘူး။ အထူးသဖြင့် ငါ့ကလေးတွေကို မယုံကြည်သူတွေအဖြစ် သတ်မှတ်တာကို ငါတွေ့တဲ့အခါမှာ သူတို့အနှစ်သာရတွေအကြောင်းသိဖို့ သမ္မာတရားကို မရှာရုံမကဘဲ ခေါင်းဆောင်က မျှတရဲ့လားဆိုပြီး အထင်လွဲမှုတွေ၊ သံသယတွေနဲ့ အသက်ရှင်ခဲ့တယ်။ တာဝန်ထမ်းဆောင်ဖို့ စိတ်မပါတော့ဘူး။ ငါ့နှလုံးသားက ငါ့ကလေးတွေအတွက်ပဲ နေရာရှိတယ်။ ဘုရားအတွက် နေရာမရှိဘူး။ ဘုရားစီမံအုပ်ချုပ်ရေးအမိန့်ရဲ့ ရှင်းလင်းတဲ့ သတ်မှတ်ချက်တွေကို သတိရတယ်။ “(သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအစ်မများ သို့မဟုတ် မိဘများ စသည်ဖြင့်) ယုံကြည်ခြင်း မရှိသည့် ဆွေမျိုးသားချင်းများကို အသင်းတော်ထဲသို့ အတင်းအကျပ် မသွင်းသင့်ပေ။ ဘုရားသခင်၏အိမ်ထောင်စုသည် အသင်းသားများ နည်းပါးနေခြင်း မရှိသကဲ့သို့၊ အသုံးမဝင်သည့် လူများဖြင့် ယင်း၏ အရေအတွက်ကို ဖန်တီးဖို့မလိုအပ်ပေ။ မယုံကြည်သောသူအားလုံးကို အသင်းတော်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းကို ရည်ရွယ်ပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်တို့သည် အချင်းချင်း စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်သင့်သည်။ မည်သူတစ်ဦးမျှ ယင်းကို ချိုးဖောက်ခွင့်မရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) စာထဲမှာ မင်းပြောထားတာကို ငါ မှတ်မိတယ်။ သူများတွေက အများကြီး ပံ့ပိုးပေးတဲ့ကြားက နောင်တမရဖို့၊ ဘုရားနှုတ်ကပတ်တော်ဖတ်တာကို လျစ်လျူရှုဖို့၊ မစုဝေးတော့ဖို့ သူတို့ကိုယ်တိုင်က ဆုံးဖြတ်တာဆို။ ဒါ သူတို့က မယုံကြည်သူတွေဖြစ်တယ်ဆိုတာကို ပြနေပြီ။ ဒါတောင်မှ ငါက ဘုရားနှုတ်ကပတ်တော်ကို လျစ်လျူရှုပြီး ငါ့ခံစားချက်တွေအရ သူတို့ကို အသင်းတော်မှာ ထားချင်ခဲ့တယ်။ ငါက တော်တော်ပုန်ကန်ခဲ့တာပဲ။ ငါ့စိတ်ခံစားချက်တွေအတိုင်း ဆက်လုပ်နေလို့မဖြစ်ဘူး။ ငါတို့ကလေးတွေကို ကိုင်တွယ်တဲ့နေရာမှာ ယောဘလိုဖြစ်ရမယ်။ သမ္မာတရားကို ရှာရမယ်။ ဘုရားအစီအစဉ်တွေကို နာခံရမယ်။ ဒါ ငါရှိသင့်တဲ့ အသိတရားပဲ။
အဲဒီနောက်တော့ လတ်တလောနှစ်တွေမှာ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရတဲ့ လူတွေအားလုံးကို ငါ တွေးကြည့်တယ်။ ဘုရားအိမ်တော်က ထုတ်ပြန်တဲ့ ထုတ်ပယ်ကြောင်းသတိပေးစာတွေကို ငါမြင်တော့ ဘာအယူအဆမှမရှိခဲ့ဘူး။ ဘုရားက ဖြောင့်မတ်တယ်၊ ဘုရားအိမ်တော်မှာ သမ္မာတရားက အုပ်စိုးပြီး ဘယ်သူမှ မတရားမခံရဘူးဆိုတာ ငါသိခဲ့တယ်။ ဒါပေမဲ့ ငါတို့ကလေးတွေ ရှင်းလင်းပစ်ခံရတာကို မြင်တော့ ဘုရားကို နာခံရမဲ့အစား၊ ဘုရားရဲ့ဖြောင့်မတ်ခြင်းကို ချီးမွမ်းရမဲ့အစား ဘာလို့ ငါ့ခံစားချက်တွေနဲ့တွေးပြီး အသင်းတော်က မျှမျှတတကိုင်တွယ်ရဲ့လားလို့ သံသယဖြစ်ရတာလဲ။ ဘုရားနှုတ်ကပတ်တော်ကို ငါ ဆက်ဖတ်တယ်။ “မည်သည့်အရာက စိတ်ခံစားချက်များကို ပုံဖော်သနည်း။ အပြုသဘောဆောင်သည့်အရာတစ်ခုမျှမဟုတ်သည်မှာ သေချာသည်။ ယင်းသည် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို အာရုံစိုက်ခြင်းဖြစ်ပြီး ဇာတိပကတိ၏ မက်မောမှုကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ မျက်နှာသာပေးခြင်း၊ အခြားလူများအတွက် ဆင်ခြေများပေးခြင်း၊ လွန်စွာချစ်ခင်ခြင်း၊ အလိုလိုက်ခြင်း၊ မွေ့လျော်ခြင်းတို့အားလုံးသည် စိတ်ခံစားချက်များဖြစ်သည်။ လူအချို့သည် စိတ်ခံစားချက်များကို အလွန်အရေးပေးကြသည်။ ၎င်းတို့အပေါ်တွင် ဖြစ်ပျက်သည့်အရာမှန်သမျှကို ၎င်းတို့၏ စိတ်ခံစားချက်များအရ တုံ့ပြန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဤသည်မှာ မှားယွင်းသည်ကို ကောင်းစွာ သိသည်။ သို့တိုင်အောင် စည်းမျဉ်းအတိုင်း ဆောင်ရွက်ဖို့ မဆိုထားနှင့်။ အရှိအတိုင်းမြင်ရန်ပင် မစွမ်းဆောင်နိုင်သေးပေ။ လူတို့သည် စိတ်ခံစားချက်၏ စိုးမိုးခြင်းကို အစဉ်ခံရသောအခါတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိပါသလား။ ဤသည်မှာ အလွန်အမင်း ခက်ခဲသည်။ လူများစွာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မတတ်စွမ်းနိုင်ခြင်းမှာ စိတ်ခံစားချက်များအပေါ်တွင် မူတည်သည်။ ၎င်းတို့သည် စိတ်ခံစားချက်များကို အထူးအရေးကြီးသည်ဟု မှတ်ယူသည်။ စိတ်ခံစားချက်များကို ဦးစားပေးသည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ အနှစ်သာရအရ စိတ်ခံစားချက်များသည် မည်သည့်အရာနည်း။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးအစားတစ်ခုဖြစ်သည်။ စိတ်ခံစားချက်များ၏ သရုပ်သကန်များကို စကားလုံးအချို့ကို အသုံးပြုခြင်းအားဖြင့် ဖော်ပြနိုင်သည်။ မျက်နှာသာပေးခြင်း၊ အလွန်အကျွံ ကာကွယ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းခြင်း၊ ဘက်လိုက်ခြင်း၊ ဤအရာတို့သည် စိတ်ခံစားချက်များဖြစ်သည်။ လူတို့၏ စိတ်ခံစားချက်များရှိခြင်းနှင့် ယင်းတို့ဖြင့် အသက်ရှင်ခြင်း၏ ဖြစ်နိုင်သည့် အကျိုးဆက်များမှာ အဘယ်နည်း။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့၏ စိတ်ခံစားချက်များကို အစက်ဆုပ်ဆုံး ဖြစ်သနည်း။ လူအချို့သည် မိမိတို့၏ စိတ်ခံစားချက်များဖြင့် အမြဲ စိုးမိုးခံရလျက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိသကဲ့သို့ ဘုရားသခင်ကို ၎င်းတို့ နာခံရန် ဆန္ဒရှိသော်လည်း မနာခံနိုင်ကြချေ။ ထို့ကြောင့် ၎င်းတို့သည် စိတ်ခံစားမှုအရ ဆင်းရဲဒုက္ခခံကြသည်။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သည့် လူများစွာရှိသည်။ ဤအရာသည်လည်း စိတ်ခံစားချက်များဖြင့် ၎င်းတို့ စိုးမိုးခံရသောကြောင့် ဖြစ်သည်။ သမ္မာတရားကို လိုက်စားသူအားလုံးသည် ၎င်းတို့၏ စိတ်ခံစားချက်များကို စွန့်ပစ်လိုကြသည်။ သို့သော် ထိုသို့လုပ်ဆောင်ရန်မှာ ရိုးရှင်းသော ကိစ္စတစ်ခုမဟုတ်ပေ။ ၎င်းတို့၏ ချုပ်ချယ်မှုများမှ အလွယ်တကူ လွတ်မြောက်ရန် မလုံလောက်ပေ။ မိမိ၏ သဘာဝနှင့် စိတ်သဘောထားတို့ ပါဝင်ပတ်သက်နေလေသည်။ လူအချို့က တစ်ချိန်လုံး ၎င်းတို့၏ မိသားစုများကို သတိရလျက်ရှိသောအခါ၊ ၎င်းတို့၏ မိသားစုများအကြောင်းကို နေ့ရော၊ ညပါစဉ်းစားပြီး ၎င်းတို့၏တာဝန်များကို ကောင်းကောင်းမွန်မွန် မထမ်းဆောင်တော့သောအခါ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သလော။ လူအချို့က တစ်စုံတစ်ယောက်ကို တိတ်တခိုး ချစ်မိပြီး ၎င်းတို့၏ စိတ်နှလုံးတွင် ဤသူတစ်ဦးတည်းသာရှိ၍ ဤအရာက ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်သောအခါတွင် ဤသည်မှာ ပြဿနာတစ်ခုဖြစ်သလော။ လူအချို့က လူတစ်ယောက်ယောက်အား ကိုးကွယ်လေးစားကာ ထိုလူမှလွဲ၍ အခြားမည်သူ့ကိုမျှ နားမထောင်သောအခါ၊ ဘုရားနှုတ်ကပတ်တော်များကိုပင် ၎င်းတို့ နားမလည်ဘဲ ထိုသူ၏ ထိန်းချုပ်မှုအောက်တွင် ၎င်းတို့ရှိသောအခါ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သလော။ လူအချို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် လူတစ်ဦးဦးကို ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့အတွက် ဤလူကို အပြစ်တင်၍၊ ဝေဖန်၍ မရနိုင်ပေ။ ထိုသူကို ပြဿနာတစ်ခုခုလုပ်လျှင် ၎င်းတို့က စိတ်ဆိုးဒေါသထွက်ကြသည်။ ၎င်းတို့သည် ၎င်းတို့ ကြည်ညိုလေးစားသော ပုဂ္ဂိုလ်ကို ကာကွယ်ပေးရန်၊ ထိုသူကို ပြောသည့်အရာ၏ ဆန့်ကျင်ဘက်ကို ပြောဆိုရန် မည်သည့်အခါမျှ မပျက်ကွက်ပေ။ ၎င်းတို့ ကြည်ညိုလေးစားသော ပုဂ္ဂိုလ်အား ‘မကောင်းပြောဆိုခြင်း’ကို ၎င်းတို့က မည်သည့်အခါမျှ ခွင့်မပြုနိုင်ပေ။ ၎င်းတို့ ကြည်ညိုလေးစားသော ပုဂ္ဂိုလ်၏ နာမည်ကောင်းကို ကာကွယ်ရန် အစွမ်းကုန်လုပ်ဆောင်ကြပြီး အမှားက အမှန်ဖြစ်သည်ဟု ပြောဆိုကြသည်။ လူတို့အား အမှန်တရားကို ပြောခွင့်မပြု။ ၎င်းတို့ ကြည်ညိုလေးစားသော ပုဂ္ဂိုလ်အား ဖော်ထုတ်ခွင့်မပြုပေ။ ၎င်းတို့သည် တစ်ဖက်သတ်ဆန်ကြသည်။ ၎င်းတို့၏ စိတ်ခံစားချက်များအရ ပြောဆိုနေကြခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏စစ်မှန်မှုဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်ကနေ ငါနားလည်သွားတယ်။ စိတ်ခံစားချက်တွေက ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ဆိုင်တယ်။ စိတ်ခံစားချက်အတိုင်း တွေးတော့ လူတွေ၊ အကြောင်းအရာတွေကို မျှမျှတတ မမြင်နိုင်ရုံမကဘူး၊ အမြင်စောင်းတာ၊ မျက်နှာသာပေးတာတွေဖြစ်လာတယ်။ ကိုယ့်ဇာတိပကတိ ဆက်ဆံရေးတွေကို ကာကွယ်ဖို့ စည်းမျဉ်းတွေကိုလည်း ဖောက်ဖျက်လိမ့်မယ်။ ရှောင်တိုနဲ့ ရှောင်မင် ရှင်းလင်းပစ်ခံရတာကို ငါသိလိုက်ရတုန်းကလိုပေါ့။ ဘုရားအလိုတော်ကို မရှာဘူး။ ငါယူသင့်တဲ့ သင်ခန်းစာတွေ၊ ဒါမှမဟုတ် ဝင်ရောက်သင့်တဲ့ သမ္မာတရားရှုထောင့်ကို မရှာဘူး။ ဒီအစား ခေါင်းဆောင်က စည်းမျဉ်းမရှိဘဲ လုပ်နေတယ်ဆိုတဲ့ စိတ်ကူးပေါက်လာတယ်။ ငါတို့ကလေးတွေ မတရားခံခဲ့ရတယ်လို့ စိုးရိမ်ပြီး ခေါင်းဆောင်ဆီကို စာရေးပြီး ဒီကိစ္စကို ဆက်လိုက်ချင်တယ်။ သူတို့ကို ခွင့်လွှတ်ပေးပြီး အသင်းတော်မှာ တာဝန်ဆက်ထမ်းဆောင်ခွင့်ပေးဖို့ တောင်းဆိုချင်တယ်။ ငါ့ကလေးတွေနဲ့ပတ်သက်ပြီး စိတ်ခံစားချက်နဲ့လုပ်တာက တစ်ဖက်သတ်ဖြစ်ပြီးမျက်နှာလိုက်တဲ့ပုံစံပဲ၊ စည်းမျဉ်းမရှိဘူးဆိုတာကို မြင်ခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက် ယုံကြည်ခဲ့ပြီးနောက်မှာ အသင်းတော်က လူတွေကို ရှင်းလင်းပစ်ဖို့ စည်းမျဉ်းတွေရှိတယ်၊ လူတစ်ယောက်ရဲ့ တစ်ခဏ အပြုအမူထက် အဘက်ဘက်က ကြည့်ပြီးလုပ်တယ်ဆိုတာကို ငါသိတယ်။ လူတစ်ယောက်ကို တော်တော်လေးကူညီပေးပြီး မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ သူနောင်တမရဘူးဆိုမှ နောက်ဆုံးမှာ သူတို့ကို မကောင်းမှုပြုသူ၊ ဒါမှမဟုတ် မယုံကြည်သူအဖြစ် သတ်မှတ်တယ်။ ဒီလူကို စည်းမျဉ်းတွေနဲ့အညီ ကိုင်တွယ်လိမ့်မယ်။ အသင်းတော်က အနည်းဆုံး ၈၀ရာခိုင်နှုန်းထောက်ခံမှသာ လူတစ်ယောက်ကို ရှင်းလင်းပစ်နိုင်တယ်။ ဒါက မျှတပြီး သမ္မာတရားနဲ့ညီတယ်။ ငါတို့သားနဲ့ သူတာဝန်ထမ်းဆောင်ဖို့ ဘာလို့ထွက်လာတာလဲလို့ ငါမေးခဲ့တာကို စဉ်းစားမိတယ်။ သူက ပြောတယ်။ “အဖေ့ကို လွမ်းလို့ တာဝန်ထမ်းဆောင်ဖို့ ထွက်လာတာ” တဲ့။ သူ့နှလုံးသားမှာ ဘုရားအတွက် နေရာမရှိဘူး၊ သမ္မာတရားကို လုံးဝ မချစ်ဘူး၊ သူက သမ္မာတရားကို လိုက်စားဖို့ တာဝန်ထမ်းဆောင်တာမဟုတ်ဘူးဆိုတာ ငါမြင်တယ်။ ဘုရားအိမ်တော်က သမ္မာတရားကို ဆက်တိုက်မိတ်သဟာယဖွဲ့တာဟာ သူ့ဆန္ဒတွေ မပြည့်နိုင်မှန်း မြင်တော့ သူ့တာဝန်ကို စွန့်လွှတ်ချင်တယ်။ ခေါင်းဆောင်တွေက သူ့ကို အများကြီး မိတ်သဟာယဖွဲ့ပေမဲ့ သူက တစ်ခါမှ နားမထောင်ဘူး။ သူက အိမ်ပြန်ရောက်ရင် ဘုရားနှုတ်ကပတ်တော်ဖတ်မယ့်အစား ဂိမ်းတွေကစားတယ်။ သူက မယုံကြည်သူတစ်ယောက်ပဲ။ ငါတို့သမီးလည်း ဒီလိုပဲ။ သူက ဆယ်နှစ်ကျော် ယုံကြည်ခဲ့ပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို စားသောက်တာရှားတယ်။ သူ့အမြင်တွေက မယုံကြည်သူတွေလိုပဲ။ သူ့တာဝန်ကို တစ်ခါတလေ ထမ်းဆောင်ပေမဲ့ သူ့အယူအဆတွေနဲ့ မကိုက်တဲ့အခါတိုင်း၊ သူ့အကျိုးကို ထိခိုက်တဲ့အခါတိုင်းမှာ သူက တာဝန်မထမ်းဆောင်ဘူး။ ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းမရှိဘူး။ အနှစ်သာရမှာ သူလည်း မယုံကြည်သူတစ်ယောက်ပဲ။ ဘုရားသခင်က တစ်ခါတုန်းက ပြောခဲ့တာကို အမှတ်ရတယ်။ “လူတစ်ယောက်က နုတ်ထွက်သွားသည်ဟု ဘုရားသခင်က အမှန်တကယ် သတ်မှတ်လိုက်သောအခါ ထိုသူက ဘုရားအိမ်တော်မှ ထွက်ခွာခြင်း၊ ထိုသူ မရှိတော့ခြင်း၊ အသင်းသားစာရင်းမှ ပယ်ဖျက်ခံရခြင်းကိစ္စသာ မဟုတ်ပေ။ အမှန်တကယ်တွင် လူတစ်ယောက်သည် ဘုရားနှုတ်ကပတ်တော်ကို မဖတ်လျှင် ထိုသူ၏ ယုံကြည်ခြင်းက မည်မျှကြီးသည်ဖြစ်စေ၊ ထိုသူက ဘုရားသခင်ကို ယုံကြည်သူဖြစ်သည်ဟု ထုတ်ပြောသည်ဖြစ်စေ ထိုသူသည် သူ၏ စိတ်နှလုံးတွင် ဘုရားသခင်တည်ရှိသည်ဟု အသိအမှတ်မပြုသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟုလည်း အသိအမှတ်မပြုသည်ကို ပြသည်။ ဘုရားသခင်အတွက် ထိုသူသည် နုတ်ထွက်နှင့်ပြီဖြစ်ပြီး ထည့်သွင်းစဉ်းစားခြင်းမရှိတော့ပေ။ ဘုရားနှုတ်ကပတ်တော်ကို မဖတ်သူများသည် နုတ်ထွက်ပြီးဖြစ်သော လူစားမျိုးဖြစ်သည်။...အခြား တစ်မျိုးရှိသေးသည်။ တာဝန်ထမ်းဆောင်ရန် ငြင်းဆန်သောသူများဖြစ်သည်။ ဘုရားအိမ်တော်က ၎င်းတို့ကို မည်သည့်တောင်းဆိုမှုကို ပြုလုပ်သည်ဖြစ်စေ၊ မည်သည့် အလုပ်မျိုး လုပ်ခိုင်းသည်ဖြစ်စေ၊ ၎င်းတို့ကို မည်သည့်တာဝန်ကို ထမ်းဆောင်စေသည်ဖြစ်စေ၊ ကြီးမားသော၊ သေးငယ်သောကိစ္စများဖြစ်စေ၊ ၎င်းတို့ကို ရံဖန်ရံခါတွင် သတင်းစကားပါးခိုင်းခြင်းကဲ့သို့သော အလွန်ရိုးရှင်းသောအရာတစ်ခုတွင်ပင် ၎င်းတို့က မလုပ်ဆောင်လိုကြပေ။ ဘုရားသခင်ကို ယုံကြည်သူများဖြစ်သည်ဟု ကိုယ်တိုင် ထုတ်ဖော်ပြောဆိုသော ၎င်းတို့သည် မယုံကြည်သူတစ်ယောက်က အားထုတ်လုပ်ဆောင်နိုင်သည့် အလုပ်များကိုပင် မလုပ်ဆောင်နိုင်ကြပေ။ ဤသည်မှာ သမ္မာတရားကို လက်ခံရန် ငြင်းဆန်မှု၊ တာဝန်ထမ်းဆောင်ရန် ငြင်းဆန်မှုဖြစ်သည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မည်သို့တောက်လျှောက် တိုက်တွန်းသည်ဖြစ်စေ ၎င်းတို့က ငြင်းဆန်ပြီး လက်မခံပေ။ အသင်းတော်က ၎င်းတို့အတွက် ထမ်းဆောင်ရန် တာဝန်အချို့ကို စီစဉ်သောအခါ ၎င်းတို့က လျစ်လျူရှုပြီး ဆင်ခြေများစွာပေးသည်။ ဤလူတို့သည် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်သောသူ အမျိုးအစားဖြစ်သည်။ ဘုရားသခင်အတွက် ဤသို့သောသူတို့သည် နုတ်ထွက်နှင့်ပြီးဖြစ်သည်။ ၎င်းတို့ နုတ်ထွက်ခြင်းမှာ ဘုရားအိမ်တော်က ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် အသင်းသားစာရင်းထဲမှ ပယ်ဖျက်ခြင်းနှင့် မသက်ဆိုင်ပေ။ ထိုထက် ၎င်းတို့ကသာ စစ်မှန်သော ယုံကြည်ခြင်းမရှိတော့ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများဖြစ်သည်ဟု မိမိတို့ကိုယ်ကို အသိအမှတ်မပြုပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂) “ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် တစ်တန်းတစ်စားတည်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)
ဟီကျွမ် ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ငါက ဘယ်လောက်သနားစရာကောင်းလောက်အောင် မိုက်မဲသလဲဆိုတာ အသိတရားရသွားတယ်။ ငါတို့ကလေးတွေကို အသင်းတော်မှာထားဖို့ လူ့နည်းလမ်းတွေကို ငါ အသုံးပြုချင်ခဲ့တယ်။ အသင်းတော်မှာ အစေခံရင် အဆုံးမှာ သူတို့ အကယ်ခံရနိုင်တယ်ပေါ့။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်အရ ငါ့စဉ်းစားပုံက ဘယ်လောက် အဓိပ္ပာယ်မရှိမှန်း မြင်သွားတယ်။ တကယ်ပဲ။ ဘုရားကို ယုံကြည်ပေမဲ့ ဘုရားနှုတ်ကပတ်တော်မဖတ်သူ၊ တာဝန်မထမ်းဆောင်သူအားလုံးကို ဘုရားသခင်က ယုံကြည်သူတွေလို့ လုံးဝ အသိအမှတ်မပြုဘူး။ သူတို့ကို ရှင်းလင်းမပစ်သေးရင်တောင်မှပေါ့။ သူတို့က နောက်ဆုတ်ပြီးသားလို့ပဲ ဘုရားက မြင်တယ်။ ဒါကို ငါတို့ကလေးတွေရဲ့ အပြုအမူနဲ့ ယှဉ်ကြည့်လိုက်တယ်။ ရှောင်တိုဟာ နှစ်နဲ့ချီယုံခဲ့ပြီးတာတောင် လောကီရေပန်းစားတာတွေနောက်ကို လိုက်နေတုန်းပဲ။ ဘုရားနှုတ်ကပတ်တော်ကို မဖတ်ဘူး။ တာဝန်မထမ်းဆောင်ဘူး။ သူက သမ္မာတရားကို လုံးဝ မချစ်ဘူး၊ ပင်ကိုအနေနဲ့ သမ္မာတရားကို စိတ်ကုန်တဲ့ မယုံကြည်သူပဲဆိုတာ ငါမြင်ခဲ့တယ်။ ရှောင်မင်က ယုံကြည်ခြင်းရှိလာတာ နှစ်တွေကြာနေပေမဲ့ ဘုရားနှုတ်ကပတ်တော်ဖတ်ဖို့ တစ်ခါမှ အာရုံမစိုက်ဘူး။ ဒီအခြေအနေတစ်ခုနဲ့တင် သူ့ကို မယုံကြည်သူအဖြစ် ရှင်းလင်းပစ်လို့ရတယ်။ ဘုရားအိမ်တော်က ဒီလိုမယုံကြည်သူတွေရဲ့ အစေခံမှုကို မပြောနဲ့၊ အရေအတွက်များလာဖို့တောင် ဒီလိုလူတွေကို မလိုအပ်ဘူး။ အသင်းတော်က သူတို့တွေကို မရှင်းပစ်ရသေးရင်တောင် ဘုရားက သူတို့ကို ယုံကြည်သူတွေအဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူး။ သူတို့ကို ငါရိပ်စားမိသင့်တယ်။ ဘုရားဘက်ကရပ်တည်ပြီး အကြောင်းအရာတွေကို စည်းမျဉ်းနဲ့ သမ္မာတရားနဲ့အညီ ကြည့်သင့်တယ်။ ဘုရားရဲ့ အချုပ်အခြာအာဏာကို နာခံသင့်တယ်။ ဒါပေမဲ့ ငါက ငါတို့ကလေးတွေကို ကိုင်တွယ်ဖို့ ငါ့ခံစားချက်တွေနဲ့တွေးတယ်။ အမှန်တရားကို မသိဘဲ ခေါင်းဆောင်က သူတို့ကို မတရားရှင်းလင်းပစ်တယ်လို့ သံသယဝင်တယ်။ ဒီမယုံကြည်သူတွေကို နေစေချင်ပြီး အသင်းသားတွေ များစေချင်တယ်။ ငါက ငါ့ရဲ့ ဇာတိပကတိ ဆက်ဆံရေးတွေကို အမြဲတမ်း ကာကွယ်နေခဲ့တာပါ။ ငါက ဘုရားသခင် ဖွင့်ပြသလို မကောင်းဆိုးဝါးတွေနဲ့ ရောနှောနေပြီး စာတန်ကို စေတနာတွေ၊ ချစ်ခြင်းတွေ လက်ကမ်းပေးနေတာမဟုတ်ဘူးလား။ အမှန်၊ အမှားကို ငါ မခွဲခြားနိုင်ဘူး။ မကောင်းဆိုးဝါးတွေနဲ့ ပေါင်းနေပြီး အခြေခံအားဖြင့် ဘုရားကို အာခံနေတာပဲ။ ဒီလိုအသိတရားရတော့ သဘောပေါက်သွားတယ်။ ရှောင်တိုနဲ့ ရှောင်မင် ရှင်းလင်းပစ်ခံရတာက ဘုရားနှုတ်ကပတ်တော်နဲ့၊ သမ္မာတရားစည်းမျဉ်းတွေနဲ့ လုံးဝ ညီတယ်ဆိုတာပေါ့။
ငါတို့ကလေးတွေ ရှင်းလင်းပစ်ခံရတဲ့အချိန်မှာ ငါက ဘာလို့ တော်တော်အပြစ်ရှိသလိုခံစားရပြီး ရှက်မိတာလဲ၊ အဖေတစ်ယောက်အနေနဲ့ ငါ့တာဝန်မကျေပွန်ခဲ့ဘူးလို့ ဘာကြောင့်ခံစားရတာလဲ၊ ငါသာ အိမ်ပြန်လို့ သူတို့ကို ပိုမိတ်သဟာယဖွဲ့ပြီး ကူညီဖို့ အချိန်ပေးခဲ့ရင် ဒီအခြေအနေကို လုံးဝ ရောက်လာမှာမဟုတ်ဘူးလို့ ဘာလို့သံသယရှိတာလဲဆိုတာတွေကိုလည်း ငါ တွေးမိတယ်။ ဟီကျွမ်၊ မင်းရဲ့ အခြေအနေက ငါနဲ့အတူတူပဲလား။ နောက်ပိုင်းမှာ လူတွေရဲ့ ရိုးရာဓလေ့စဉ်းစားပုံတွေကို စိစစ်ပြီး ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်ကို ငါဖတ်ပြီး “သွန်သင်ခြင်းမရှိဘဲ ကျွေးမွေးခြင်းသည် ဖခင်၏ အမှားဖြစ်သည်။” ဆိုတဲ့ ရိုးရာအယူအဆရဲ့ လွှမ်းမိုးတာကို ငါ ခံထားရတယ်ဆိုတာ မြင်သွားတယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “‘သွန်သင်ခြင်းမရှိဘဲ ကျွေးမွေးခြင်းသည် ဖခင်၏ အမှားဖြစ်သည်။’ ဤသည်မှာ မည်သို့သော စာကြောင်းမျိုးဖြစ်သနည်း။ မည်သို့ မှားယွင်းနေသနည်း။ ဤစာကြောင်းက ဆိုလိုသည်မှာ ကလေးတစ်ယောက်က မနာခံလျှင်၊ သို့မဟုတ် မရင့်ကျက်လျှင် ဤသည်မှာ ဖခင်က လျစ်လျူရှုခြင်းကြောင့်ဖြစ်သည်၊ မိဘများက ကလေးကို ကောင်းစွာ မသွန်သင်သောကြောင့်ဖြစ်သည်ဟူ၍ ဖြစ်သည်။ သို့သော် ယင်းက တကယ် မှန်ကန်သလော။ (မမှန်ကန်ပါ။) အချို့မိဘများက စာအုပ်ကြီးအတိုင်းလုပ်ဆောင်ပြီး လူကောင်းများဖြစ်ရန် ကြိုးစားကြသည်။ သို့တိုင်အောင် ၎င်းတို့၏သားများက နောက်ဆုံးတွင် လူရမ်းကားများဖြစ်လာပြီး သမီးများက ပြည့်တန်ဆာများဖြစ်လာကြသည်။ ထို့နောက်တွင် ဖခင်တစ်ယောက်က စိတ်ဆိုးပြီး ‘“သွန်သင်ခြင်းမရှိဘဲ ကျွေးမွေးခြင်းသည် ဖခင်၏ အမှားဖြစ်သည်။” ကလေးက ငါ့ကြောင့်ပျက်စီးတာ’ ဟု ဆိုလျှင် ထိုစကားများက မှန်ကန်မည်လော။ (မမှန်ကန်ပါ။) မည်သည့်အရာက မမှန်ကန်သနည်း။ ထိုစကားများတွင် မည်သည့်အရာက မှားယွင်းသည်ကို သင် နားလည်နိုင်လျှင် သင်က သမ္မာတရားကို နားလည်ပြီး ထိုစကားများတွင် ပြဿနာက မည်သည့်အရာဖြစ်သည်ကို သဘောပေါက်နိုင်သည်ကို သက်သေပြသည်။ ဤတွင် သင်က သမ္မာတရားကို နားမလည်လျှင် ဤကိစ္စနှင့်ပတ်သက်၍ သင်သည် ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) “ရှေးဦးစွာ ‘ကလေးများက လမ်းမှန်ကို မလိုက်ခြင်းသည် ၎င်းတို့၏ မိဘများနှင့် သက်ဆိုင်သည်’ ဆိုသည့် ဆိုရိုးစကားက မမှန်ကန်သည်ကို ရှင်းလင်းဖို့ လိုသည်။ လူပုဂ္ဂိုလ်တစ်ဦးသည် မည်သူပင်ဖြစ်စေ ထိုသူသည် သူလျှောက်သည့်လမ်းကြောင်းပင်ဖြစ်သည်။ ဤသည်မှာ သံသယဝင်ရန်မလိုသည့်အရာ ဖြစ်သလော။ (ဖြစ်သည်။) လူတစ်ယောက် လျှောက်သည့်လမ်းကြောင်းသည် ၎င်းတို့မည်သည့်အရာဖြစ်သည်ကို အဆုံးအဖြတ်ပေးသည်။ ၎င်းတို့လျှောက်သည့်လမ်းကြောင်းနှင့် ၎င်းတို့ဖြစ်သည့် လူအမျိုးအစားသည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာဖြစ်သည်။ ယင်းသည် ကြိုတင်သတ်မှတ်ပြီးဖြစ်သည်။ မွေးရာပါဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝနှင့် ဆက်စပ်သည်။ ဤသို့ဆိုလျှင် မိဘများ၏ သွန်သင်မှုက မည်သည့်နေရာတွင် ပါဝင်သနည်း။ ယင်းသည် လူတို့၏ သဘာဝအပေါ် ခြားနားမှုရှိစေသလော။ (မရှိစေပါ။) လူတို့ကို ၎င်းတို့၏မိခင်နှင့်ဖခင်တို့က သင်ကြားပေးသောအရာသည် ၎င်းတို့၏သဘာဝအဖို့ ခြားနားမှုမရှိစေပေ။ မိမိလျှောက်သည့်လမ်းကြောင်းကို ဆုံးဖြတ်မပေးနိုင်ပေ။ မိဘများက သွန်သင်ပေးနိုင်သည့်အရာသည် အဘယ်နည်း။ ၎င်းတို့၏ သားသမီးများကို ၎င်းတို့ သင်ပေးနိုင်သမျှမှာ နေ့စဉ်အသက်တာအတွက် ရိုးရှင်းသော အပြုအမူအချို့ဖြစ်သည်။ အတော်အတန် သဘာဝအတိုင်းဖြစ်သော အတွေးများနှင့် အပြုအမူ စည်းမျဉ်းများဖြစ်သည်။ ဤအရာတို့သည် မိဘများနှင့် အနည်းငယ်ဆက်စပ်မှုရှိသည်။ သားသမီးများ အရွယ်မရောက်ခင်တွင် မိဘများသည် ၎င်းတို့လုပ်သင့်သည့်အရာကို လုပ်သည်။ ၎င်းတို့၏ သားသမီးများအား မှန်ကန်သောလမ်းကြောင်းကို လျှောက်ရန်၊ စာကြိုးစားရန်၊ အရွယ်ရောက်သည့်အခါတွင် ကြိုးစားပြီး အောင်မြင်ရန်၊ မကောင်းသည့်အရာများကို မလုပ်ဆောင်ရန်၊ မကောင်းသောသူမဖြစ်စေရန် သင်ကြားကြသည်။ မိဘများ၏ တာဝန်ဝတ္တရားများတွင် ၎င်းတို့၏ သားသမီးများကို နေထိုင်ပြုမူပုံ စံသတ်မှတ်ချက်များကို အသေအချာလိုက်နာစေခြင်း၊ ယဉ်ကျေးပြီး သက်ကြီးရွယ်အိုများအား နှုတ်ဆက်စကားပြောရန် သင်ကြားခြင်း၊ အပြုအမူနှင့်သက်ဆိုင်သည့် လုပ်ဆောင်ရမည့် ဤသို့သောအရာများကို သင်ကြားပေးခြင်းတို့ ပါဝင်သည်။ မိဘများ၏ လွှမ်းမိုးမှုတွင် သားသမီးများအား ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် နေထိုင်ပြုမူပုံ အခြေခံသဘောတရားအချို့ကို သင်ကြားပေးခြင်းတို့ပါဝင်သည်။ သို့သော် လူတစ်ယောက်၏ ပင်ကိုစရိုက်သည် မိဘများက သင်ကြားပေးနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ အချို့မိဘများသည် စိတ်ခံစားချက်များခြင်းမရှိဘဲ မည်သည့်အရာကိုမျှ အလျင်အမြန်မလုပ်ပေ။ ၎င်းတို့ကလေး၏ ပင်ကိုစရိုက်ကမူ စိတ်မရှည်ပေ။ ၎င်းတို့သည် မည်သည့်နေရာတွင်မျှ ကြာရှည်စွာမနေနိုင်ပေ။ ၁၄ နှစ်၊ ၁၅နှစ်ဖြစ်သော အစောပိုင်းအရွယ်တွင် ဘဝ၌ ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို စတင်ပြုလုပ်ကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာကို ၎င်းတို့ ဆုံးဖြတ်ကြသည်။ ၎င်းတို့၏ မိဘများကို မလိုအပ်ပေ။ ၎င်းတို့သည် အလွန် မှီခိုမှုကင်းကြသည်။ ဤအရာကို ၎င်းတို့၏ မိခင်နှင့်ဖခင်ထံမှ သင်ကြားခဲ့ရသလော။ မဟုတ်ပေ။ ထို့ကြောင့် လူတစ်ယောက်၏ ပင်ကိုစရိုက်၊ စိတ်သဘောထား၊ ၎င်းတို့၏အနှစ်သာရနှင့် သက်ဆိုင်သည့် အရာများပင်ပါဝင်ပြီး အနာဂတ်တွင် ၎င်းတို့ရွေးချယ်သည့်လမ်းကြောင်း၊ ဤအရာအားလုံးထဲမှ မည်သည့်အရာမျှ ၎င်းတို့၏ မိဘများနှင့် မည်သို့မျှ သက်ဆိုင်မှုမရှိပေ။...အချို့မိဘများသည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့၏ သားသမီးများအား ဘုရားသခင်ကို ယုံကြည်ရန် သွန်သင်သည်။ သို့သော် မိဘများက မည်သို့ပြောသည်ဖြစ်စေ၊ ၎င်းတို့၏ သားသမီးများက ငြင်းဆန်ပြီး ဤအရာနှင့်ပတ်သက်၍ မိဘများလုပ်ဆောင်နိုင်သည့်အရာ မရှိပေ။ အချို့မိဘများက ဘုရားသခင်ကို မယုံကြည်ဘဲ ၎င်းတို့၏ သားသမီးများက ၎င်းတို့ကိုယ်တိုင်၏ ပင်ကိုအရည်အချင်းဖြင့် ယုံကြည်ကြသည်။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ပြီးနောက် သားသမီးများက ဘုရားနောက်သို့ စတင်လိုက်ကြသည်။ ဘုရားအတွက် မိမိတို့ကိုယ်ကို အသုံးခံကြသည်။ သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရား၏ လက်ခံမှုကို ရရှိကြသည်။ ဤသို့အားဖြင့် ၎င်းတို့၏ ကံကြမ္မာသည် ပြောင်းလဲသွားသည်။ ဤသည်မှာ မိဘများမှ သွန်သင်ပေးခြင်း၏ ရလဒ်ဖြစ်သလော။ စိုးစဉ်းမျှပင် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ကြိုတင်ပြဌာန်းခြင်း၊ ရွေးချယ်ခြင်းတို့နှင့် သက်ဆိုင်သည်။ ‘သွန်သင်ခြင်းမရှိဘဲ ကျွေးမွေးခြင်းသည် ဖခင်၏ အမှားဖြစ်သည်။’ ဆိုသည့် စကားတွင် ပြဿနာတစ်ခုရှိသည်။ မိဘများက ၎င်းတို့၏ သားသမီးများကို သွန်သင်ပေးရန် တာဝန်ရှိသော်လည်း မိဘများက ၎င်းတို့၏ သားသမီးများ၏ သားသမီးများ၏ ကံကြမ္မာကို ဆုံးဖြတ်သူများမဟုတ်ပေ။ ဤအရာကို ၎င်းတို့၏ သဘာဝက ဆုံးဖြတ်သည်။ သွန်သင်ပေးခြင်းက လူတစ်ယောက်၏ သဘာဝနှင့်သက်ဆိုင်သော ပြဿနာများကို ဖြေရှင်းပေးနိုင်သလော။ လုံးဝ မဖြေရှင်းပေးနိုင်ပေ။ လူတစ်ယောက်က သူ၏ဘဝတွင် လျှောက်သောလမ်းကြောင်းကို သူ၏ မိဘများက မဆုံးဖြတ်ဘဲ ဘုရားသခင်က ဆုံးဖြတ်သည်။ ‘လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်သည်’ ဟု လူတို့ပြောသည့်အတိုင်းဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်က အတွေ့အကြုံမှတစ်ဆင့် ရရှိသည့်အရာဖြစ်သည်။ တစ်စုံတစ်ယောက်၏လမ်းကြောင်းသည် မည်သည့်အရာဖြစ်မည်ကို သူ အရွယ်မရောက်ခင်တွင် သင်မမြင်နိုင်ပေ။ အရွယ်ရောက်သည့်အခါတွင် ၎င်းတို့၌ ကိုယ်ပိုင်အသိစိတ်ရှိပြီး အမှုအရာများကို ဖြေရှင်းနိုင်ကြသည်။ ထို့ကြောင့် ဤလူစုထဲတွင် ၎င်းတို့သည် မည်သည့်အရာဖြစ်မည်ကို ၎င်းတို့ရွေးချယ်ကြသည်။ အချို့လူတို့က အစိုးရအဖွဲ့တွင် ရာထူးကြီးကြီးဖြင့် အလုပ်လုပ်လိုပြီး အခြားလူတို့မှာ ရှေ့နေဖြစ်လိုသည်၊ သို့မဟုတ် စာရေးဆရာတစ်ယောက်ဖြစ်လိုသည်ဟု ဆိုကြသည်။ လူတစ်ယောက်ချင်းစီက ကိုယ်ပိုင်ရွေးချယ်မှုပြုကြသည်။ လူတိုင်းတွင် သီးသန့်စိတ်ကူးအချို့ရှိကြသည်။ မည်သူကမျှ ‘ငါ့မိဘတွေ ငါ့ကိုသင်ကြားပေးဖို့ ငါစောင့်မည်။ မိဘများ သင်ကြားသည့်အရာ မည်သည့်အရာမဆို ငါ ဖြစ်လိမ့်မည်’ ဟု မပြောဆိုပေ။ မည်သူကမျှ ထိုမျှ မမိုက်မဲပေ။ ၎င်းတို့သည် လူလားမြောက်သောအရွယ်သို့ရောက်ပြီးနောက်တွင် လူတို့၏ စိတ်များက ရှင်သန်လာသည်။ ဖြည်းဖြည်းနှင့် မှန်မှန် ရင့်ကျက်လာကြသည်။ ၎င်းတို့ရှေ့တွင်ရှိသော လမ်းကြောင်းနှင့်ပန်းတိုင်သည် သာ၍ ရှင်းလင်းလာသည်။ ဤအချိန်တွင် ၎င်းတို့ဖြစ်သည့် လူအမျိုးအစားနှင့် ၎င်းတို့နှင့်သက်ဆိုင်သည့် လူတန်းစားသည် နည်းနည်းချင်းပေါ်ထွက်လာလျက် တဖြည်းဖြည်း ပုံပေါ်လာသည်။ ဤအချိန်မှစပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ပင်ကိုစရိုက်သည် တဖြည်းဖြည်း ရှင်းလင်းလာပြီး ၎င်းတို့၏ စိတ်သဘောထား၊ ၎င်းတို့ကြိုးပမ်းသည့် လမ်းကြောင်း၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်၊ ၎င်းတို့နှင့်သက်ဆိုင်သည့် လူတန်းစားတို့သည်လည်း ရှင်းလင်းလာသည်။ ဤသည်မှာ မည်သည့်အရာအပေါ် အခြေခံသနည်း။ နောက်ဆုံး စိစစ်ရာတွင် ဤသည်မှာ ဘုရားသခင်မှ ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ပြီး ၎င်းတို့၏မိဘများနှင့် လုံးဝမသက်ဆိုင်ပေ။ ဤအရာကို ယခုအခါ ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်က “သွန်သင်ခြင်းမရှိဘဲ ကျွေးမွေးခြင်းသည် ဖခင်၏ အမှားဖြစ်သည်။” ဆိုတဲ့ ရိုးရာဓလေ့အယူအဆကို ရှင်းရှင်းလင်းလင်း စိစစ်ပြခဲ့တယ်။ ငါတို့ကလေးတွေရဲ့ အနာဂတ်နဲ့ သူတို့လျှောက်တဲ့လမ်းကြောင်းတွေကို သူတို့သဘာဝတွေက လုံးဝ ဆုံးဖြတ်တယ်။ ဒါတွေက မွေးရာပါပဲ။ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့လည်း ဆုံးဖြတ်တယ်။ ငါတို့ရဲ့ မိဘအုပ်ထိန်းမှုနဲ့ ဘာမှမဆိုင်ဘူး။ မိဘအုပ်ထိန်းမှုက ကလေးရဲ့ နေ့စဉ်အသက်တာကိုပဲ၊ ဒါမှမဟုတ် အပေါ်ယံ အပြုအမူတချို့ကိုပဲ သက်ရောက်တယ်။ သူ့သဘာဝတွေအပေါ် လုံးဝ မသက်ရောက်ဘူး။ ကလေးတွေက သူတို့စဉ်းစားပုံ ရင့်ကျက်လာတာနဲ့ သူတို့ရဲ့ မွေးရာပါ သဘာဝတွေအတိုင်း မတူတဲ့လမ်းကြောင်းတွေကို ရွေးကြတယ်။ သူတို့နဲ့ဆိုင်တဲ့ အမျိုးအစားတွေဆီကို ရောက်အောင်သွားကြတယ်။ ဒါကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီး ဘယ်သူကမှ ပြောင်းလဲလို့မရဘူး။ ဒါပေမဲ့ ငါတို့ကလေးတွေက သူတို့ယုံကြည်ခြင်းမှာ သူတို့လျှောက်တဲ့လမ်းကြောင်းနဲ့ ပတ်သက်ရင် ငါက သူတို့သဘာဝတွေ၊ အနှစ်သာရတွေကို မမြင်နိုင်ဘူး။ ငါတို့ကလေးတွေကို ယုံကြည်ခြင်းရှိပြီး အသင်းတော်မှာ နေဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့တောင် သူတို့ကို ကူညီချင်ခဲ့တယ်။ သူတိုကံကြမ္မာတွေကို ကယ်တင်ဖို့အတွက် ကိုယ်ပိုင်နည်းလမ်းတွေကို အားကိုးဖို့ အလဟဿမျှော်လင့်ခဲ့တယ်။ ငါက ဘုရားကို ခေါင်းမာမာနဲ့ အာခံနေတာပဲ။ ငါက အရေးမပါတဲ့ ဖန်ဆင်းခံတစ်ယောက်သက်သက်ပဲ။ ငါ့ကံကြမ္မာကိုတောင် မထိန်းချုပ်နိုင်ဘူး။ ဒါဆို ငါ့ကလေးတွေရဲ့ အနာဂတ်ကို ထိန်းချုပ်ဖို့၊ သူတို့ကံကြမ္မာတွေကို ပြောင်းလဲဖို့ ဘယ်လိုမျှော်လင့်နိုင်မှာလဲ။ ငါက အရမ်းမာနကြီးပြီး မသိနားမလည်ခဲ့ဘူး။ ငါ့အရည်အချင်းတွေကို အထင်ကြီးလွန်းခဲ့တယ်။ နောက်တော့ ငါ တွေးမိတယ်။ “ငါ ဘာလို့ ဒီလိုစဉ်းစားတာလဲ” ပေါ့။ သူတို့ငယ်ငယ်တုန်းက ငါတို့အားလုံးက သခင့်ကို ယုံကြည်ပြီး ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ငါတို့လက်ခံတဲ့အခါ သူတို့ကို အသင်းတော်ဆီခေါ်သွားပြီး တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းခဲ့တာကို ငါ သတိရမိတယ်။ သူတို့တွေက ဘုရားကို ယုံနိုင်တာဟာ ငါတို့မိဘအုပ်ထိန်းမှုနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ငါထင်ခဲ့တာ။ ဒီတော့ သူတို့တွေ ရှင်းလင်းခံလိုက်ရတာကို ငါသိရတော့ ငါက အဖေတစ်ယောက် တာဝန်ကို မကျေပွန်ခဲ့ဘူး၊ ငါသာ သူတို့ကို ကူညီပြီး မိတ်သဟာယဖွဲ့ဖို့ သူတို့နဲ့အတူပိုပြီးရှိနေခဲ့ရင် သူတို့ယုံကြည်ခြင်းကို စွန့်ပစ်ပြီး လောကီထဲကို ထွက်သွားမှာမဟုတ်လောက်ဘူးလို့ ထင်ခဲ့တယ်။ ငါ့အမြင်တွေက လုံးဝ အဓိပ္ပာယ်မရှိဘူးဆိုတာ၊ သမ္မာတရားနဲ့ လုံးဝ မကိုက်ညီဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ငါ အခုမြင်သွားတယ်။ သူတို့က ဘုရားကို ဆယ်စုနှစ်ကျော် ယုံကြည်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ တရားတွေနာတယ်။ စစ်မှန်တဲ့အသက်တာကို သမ္မာတရားလိုက်စားပြီး ဖန်ဆင်းခံရဲ့ တာဝန်ကို ထမ်းဆောင်ခြင်းရင်းနဲ့ အသက်ရှင်ရမယ်ဆိုတာ သိကြတယ်။ ဒါပေမဲ့ သူတို့က သမ္မာတရားကို စိတ်မဝင်စားဘူး။ သူတို့နှစ်ချီယုံကြည်ပြီးနောက်မှာ ကောင်းချီးမခံရတာကို မြင်တော့ သူတို့က ဇာတိပကတိကို စပြီး အလိုလိုက်လာတယ်။ စစ်မှန်တဲ့လမ်းခရီးကို သိပေမဲ့ ဘုရားကို သစ္စာဖောက်ပြီး လောကီရေပန်းစားတာတွေနောက် လိုက်တယ်။ သူများတွေက သူတို့ကို မိတ်သဟာယဖွဲ့ပြီး ကူညီတာတောင် သူတို့က ခေါင်းမာပြီး နောင်တမရကြဘူး။ ဒါဟာ သူတို့က သမ္မာတရားကို တကယ်စိတ်ကုန်တယ်၊ မကောင်းမှုကို ကိုင်စွဲတယ်ဆိုတာ ပြတာပဲ။ သူတို့တွေက ဘုရားကယ်တင်ခြင်းခံရမယ့်သူတွေထဲမှာ မပါဘဲ ဒီကမ္ဘာရဲ့ နတ်ဆိုးတွေထဲမှာ ပါတယ်။ နောက်လာမယ့် ဘေးဒုက္ခတွေထဲမှာ သူတို့ ဖျက်ဆီးခံရတဲ့အခါ ဒါဟာ ဘုရားကို သူတို့ သစ္စာဖောက်လို့ဖြစ်ပြီး သူတို့အမှား သက်သက်ပဲ ဖြစ်လိမ့်မယ်။ ငါတွေးမိတယ်။ အသင်းတော်က လူတော်တော်များများက မိဘတွေကြောင့် ပြောင်းလဲလာတာမဟုတ်ဘဲ အကြောင်းတိုက်ဆိုင်လို့ သူတို့ကို ဧဝံဂေလိဝေမျှတဲ့ အလုပ်ဖော်၊ သူငယ်ချင်း၊ သူစိမ်းတွေကြောင့် ပြောင်းလဲလာပြီး သူတို့မိဘတွေရဲ့ ဖိနှိပ်မှုကတောင် သူတို့ကို မယုံကြည်အောင်၊ တာဝန်မထမ်းဆောင်အောင် မတားဆီးနိုင်ကြဘူး။ တချို့မိဘတွေက သူတို့စိတ်ခံစားချက်တွေနဲ့ပဲ သူတို့ကလေးတွေကို တရားဟောတယ်။ ဒါပေမဲ့ ကလေးတွေက မယုံကြည်ဘူး။ မိဘတွေကိုတောင် မကျေမနပ်ဖြစ်ပြီး အာခံကြတယ်။ တချို့မိဘတွေက အဆင့်အတန်းကို လိုက်စားတာကို နောင်တမရဘဲ မကောင်းမှုတွေများလွန်းလို့ နှင်ထုတ်ခံရတာတောင်မှ သူတို့ကလေးတွေက ဘာမှမဖြစ်ဘဲ ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ပြီး သူတို့မိဘတွေရဲ့ အနှစ်သာရကိုတောင် မြင်နိုင်လို့ မိဘတွေကို ငြင်းပယ်နိုင်တယ်။ ဒီလိုပဲ။ ကလေးတွေအများကြီး ရှင်းလင်းပစ်ခံရပြီး နှင်ထုတ်ခံရတယ်။ သူတို့မိဘတွေက ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ပြီး ကလေးတွေရဲ့အနှစ်သာရကို မြင်နိုင်တယ်။ လူတစ်ယောက် လျှောက်တဲ့လမ်းက မှန်မှန် မှားမှား၊ သူဟာ ကောင်းကောင်း ဆိုးဆိုး၊ သမ္မာတရားကို ချစ်ချစ် မုန်းမုန်း၊ သူ့ရဲ့ နောက်ဆုံးရလဒ်ကတောင်မှ ဘာပဲဖြစ်နေပါစေ သူ့ရဲ့ သဘာဝ၊ အနှစ်သာရတို့နဲ့ပဲ လုံးလုံး ဆုံးဖြတ်ပြီး မိဘအုပ်ထိန်းမှုရဲ့ ရလဒ်မဟုတ်ဘူးဆိုတာ ဒီကနေ မြင်နိုင်ပါတယ်။ မိဘတွေ ဖြည့်ဆည်းနိုင်တဲ့တာဝန်က သူတို့ကလေးတွေကို အရွယ်ရောက်အောင် ပျိုးထောင်ပြီး သူတို့ကို ဘုရားရှေ့ကို ခေါ်ဆောင်တာပဲ။ ဒါပေမဲ့ သူတို့လျှောက်တဲ့လမ်းကြောင်းနဲ့ သူတို့ကံကြမ္မာက မိဘတွေရဲ့ ထိန်းချုပ်မှုအောက်မှာ လုံးဝ မရှိဘူး။ ငါတို့ကလေးတွေက လမ်းမှားကိုလျှောက်ဖို့ သူတို့ဘာသာ ရွေးပြီးသွားပြီ။ ငါက အဖေတစ်ယောက် တာဝန်ကို ကျေပွန်လို့လည်း သူတို့ကို ပြန်ခေါ်လို့ရမှာ မဟုတ်ဘူး။ ဒါက ငါ ဒီတာဝန်တွေကို ကျေပွန်သလားဆိုတာနဲ့ ဘာမှမဆိုင်ဘူး။ သူတို့သဘာဝတွေက သမ္မာတရားကို စိတ်ကုန်တယ်။ ငါက သူတို့နဲ့အတူနေပြီး တစ်နေ့ပြီးတစ်နေ့ကုန်အောင် သူတို့ကို မိတ်သဟာယဖွဲ့ပေးရင်တောင် အလကားဖြစ်မှာပဲ။ ငါတို့ရဲ့ မိဘတာဝန်တွေက သူတို့ကိုပျိုးထောင်ဖို့၊ ဘုရားရှေ့ကို ခေါ်ဆောင်ဖို့ပဲ။ သူတို့လိုက်စားတဲ့အရာ၊ သူတို့လျှောက်တဲ့လမ်းကြောင်းကတော့ မိဘတွေဖြစ်တဲ့ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ ငါတို့ကလေးတွေကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ဆက်ဆံတဲ့အခါ ပိုပြီး လွတ်မြောက်သလို ခံစားရပြီး ငါ့တာဝန်မှာ အနှောင့်အယှက်မဖြစ်တော့ဘူး။
ဟီကျွမ်၊ ဒါက ဒီအခြေအနေကနေ ငါရလာတဲ့အရာပဲ။ ငါတို့ကလေးတွေအပေါ် မင်းရဲ့သံယောဇဉ်က ကြီးတယ်၊ ဒါတွေအားလုံးက မင်းအတွက် အရမ်းခက်ခဲမှာပဲဆိုတာ ငါသိပါတယ်။ ဒါကို မင်း ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာ ငါမသိဘူး။ ငါတို့ကလေးတွေ ရှင်းလင်းပစ်ခံရတာက ငါတို့အယူအဆတွေနဲ့ မကိုက်ညီနိုင်ပေမဲ့ ဘုရားဖန်တီးခဲ့တဲ့ အခြေအနေကနေ ငါတို့ ယူဖို့ သင်ခန်းစာတွေရှိမှာပဲ။ ဒီကိစ္စမှာ သမ္မာတရားကို မင်းရှာနိုင်ပြီး ဒီကိစ္စကို မှန်မှန်ကန်ကန် မှတ်ယူနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ ဒီအခြေအနေကနေ မင်းတစ်ခုခုရခဲ့ရင်လည်း ငါ့ဆီကို စာရေးလို့ရတယ်။ မင်းစာပြန်တာကို ငါမျှော်နေပါတယ်။
ကျောက်မင်
၂၀၂၂ခုနှစ်၊ ဩဂုတ်လ၊ ၂၀ ရက်