၃၀။ အကျဉ်းထောင်၏ ဆင်းရဲဒုက္

လီရှင်၊ တရုတ်ပြည်

ကျွန်မက ငယ်ငယ်ကတည်းက အမြဲတမ်း ကိုယ်ခံအားနည်းပြီး ဖျားနာတတ်တယ်။ မှတ်မိတတ်တဲ့အရွယ်ကစပြီး နေ့တိုင်း ခေါင်းကိုက် ဝေဒနာခံစားခဲ့ရပြီး အသက် ၁၂ နှစ်မှာ နှလုံးရောဂါဖြစ်ခဲ့တယ်။ အဲဒီနောက်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ လေပြွန်ရောင်ရောဂါတွေလည်း ခံစားခဲ့ရတယ်။ ရောဂါပေါင်းစုံနဲ့ နပန်းလုံးနေရတာကြောင့် ဘဝက အရမ်းကို ဆင်းရဲပင်ပန်းတယ်လို့ ကျွန်မ မြင်ခဲ့ရတယ်။ အသက် ၂၄ နှစ်အရွယ်မှာ ကျွန်မ သခင်ယေရှုကို စပြီးယုံကြည်ခဲ့တယ်။ ကျမ်းစာကို ခဏခဏဖတ်ပြီး သခင့်ဆီ ဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ယုံကြည်ခြင်းကနေ ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်ခြင်းကို စတင်ခံစားခဲ့ရပြီး ကျွန်မတောင် သတိမထားလိုက်မိဘဲ ရောဂါတွေလည်း အတော်လေး သက်သာလာခဲ့တယ်။ သခင့်မေတ္တာကို ပြန်ဆပ်ဖို့၊ သခင့်ဧဝံဂေလိတရားကို စတင်ဖြန့်ဝေခဲ့ပြီး သခင်ပြန်ကြွလာမဲ့နေ့ကိုလည်း ကျွန်မ တက်တက်ကြွကြွ စောင့်စားခဲ့တယ်။ ၁၉၉၉ ခုနှစ်မှာတော့ နောက်ဆုံးမှာ ဘုရားသခင်ရဲ့အသံကို ကျွန်မကြားခဲ့ရပြီး သခင်ယေရှုရဲ့ပြန်ကြွလာခြင်းကို ကြိုဆိုခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူသားကို အပြစ်ရဲ့ အချုပ်အနှောင်တွေကနေ ကယ်တင်ဖို့၊ ဘေးအန္တရာယ်တွေကနေ လွတ်မြောက်ခွင့်ပေးဖို့နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို လူကို လမ်းပြဖို့အတွက်ဆိုပြီး အမှုပြုဖို့နဲ့ သမ္မာတရား အများကြီး ဖော်ပြဖို့ပေါ်ထွန်းခဲ့တာကို တွေ့ရတော့ ကျွန်မ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားခဲ့ပြီး ဧဝံဂေလိတရားဖြန့်ဝေသူတွေထဲ ပါဝင်ခဲ့တယ်။ ကောင်းကင်နိုင်ငံတော်ရဲ့ ဧဝံဂေလိတရားကို ပိုများတဲ့ လူတွေဆီကို ဖြန့်ဝေဖို့မျှော်လင့်ရင်းပေါ့။

၂၀၀၃ ခုနှစ် မတ်လရဲ့ တစ်နေ့မှာတော့ ကျွန်မ ဧဝံဂေလိတရားကို ဖြန့်ဝေနေတုန်း ရဲဖမ်းတာ ခံခဲ့ရတယ်။ သူတို့က ကျွန်မကို ရှာဖွေပြီး ဆက်သွယ်ရေးပစ္စည်းတစ်ခုနဲ့ မှတ်စုစာအုပ်တစ်အုပ်ကို တွေ့သွားပြီးနောက် တစ်ယောက်က မေးတယ်။ “ဒီဆက်သွယ်ရေးပစ္စည်းက ဘယ်ကရတာလဲ” အဲဒါက ကျွန်မရဲ့ ကိုယ်ပိုင်ဆက်သွယ်ရေးပစ္စည်းလို့ သူ့ကိုပြောလိုက်တော့ သူက ပလတ်စတစ်ပိုက်တစ်ချောင်းကို ကောက်ကိုင်ပြီး ကျွန်မကို အဲဒါနဲ့ ရက်ရက်စက်စက် လေးငါးချက် ရိုက်နှက်ပြီးတော့မှ ကျွန်မကို မပြီး ကားနောက်ခန်းထဲ ပစ်ထည့်လိုက်တယ်။ အဲဒီနောက်မှာ ရဲတွေက ကျွန်မကို အလှည့်ကျ ရက်ရက်စက်စက် ပါးရိုက်ကြရင်း အော်ဟစ်ကြတယ်။ “ဒါ မင်းတို့ နေရာတကာ ဧဝံဂေလိတရား လျှောက်ဟောနေလို့ ခံရတာပဲ။ အခုတော့ မိပြီ။” ကျွန်မ အရမ်းကြောက်သွားပြီး ဘုရားသခင်ဆီ အမြန်ဆုတောင်းခဲ့တယ်။ ကျွန်မကို ကာကွယ်ပေးဖို့နဲ့ ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုကို ရောက်တော့ ရဲတွေက ကျွန်မကို အခန်းအလွတ်တစ်ခုထဲ ဆွဲခေါ်သွားပြီး သံပြားပေါ်ကို ပစ်တင်လိုက်တယ်။ မတ်လမှာ တရုတ်ပြည်အရှေ့မြောက်ပိုင်းက တော်တော်အေးနေတုန်းပဲမို့ ကျွန်မလည်း အေးလွန်းလို့ ဆက်တိုက်တုန်နေခဲ့တယ်။ ကျွန်မက ရဲတွေကို ပြောလိုက်တယ်။ “ကျွန်မမှာ နှလုံးရောဂါရှိတယ်။ အဲဒီအတွက် ဆေးထိုး၊ ဆေးသောက်နေရတာ။ အအေးမခံနိုင်ဘူး”လို့ပေါ့။ ရဲတွေက ကျွန်မကို မသိချင်ယောင်ဆောင်လိုက်တယ်။ ကျွန်မမှာ ခွေပြီး ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ် ပိုက်ထားရုံပဲ တတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်မ အေးလွန်းလို့ ဆက်တိုက် ချမ်းတုန်ပြီး မေးတွေရိုက်နေခဲ့တယ်။ ရဲတွေက ကျွန်မလက်တွေနဲ့ နှာခေါင်းကို အပ်နဲ့ထိုးပြီးတော့မှ ကျွန်မ နောက်ဆုံးမှာ သက်သာလာပြီး ချမ်းတုန်နေတာ ရပ်သွားတယ်။ အဲဒီနောက်မှာ သူတို့က ကျွန်မကို တခြားအခန်းတစ်ခုကို သယ်သွားပြီး ခုံတစ်လုံးပေါ် ပစ်တင်လိုက်တယ်၊ ပြီးတော့ ထမင်းစားထွက်သွားကြတယ်။ ကျွန်မ နည်းနည်းကြောက်လာပြီး ရဲတွေပြန်လာတဲ့အခါ ကျွန်မကို ဘယ်လိုနှိပ်စက်မလဲဆိုတာကို စိုးရိမ်ခဲ့တယ်။ ကျွန်မ ကိုယ်တော်ရဲ့ကာကွယ်မှုကို တောင်းလျှောက်ရင်း ဘုရားသခင်ဆီ အဆက်မပြတ် ဆုတောင်းခဲ့တယ်။ ဆုတောင်းနေရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ပြန်အမှတ်ရလိုက်တယ်။ “သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ကျွန်မ စဉ်းစားမိတယ်၊ “ဟုတ်တယ်၊ ငါ ဆင်းရဲဒုက္ခကို ခံပြီး စာတန်ရှေ့မှာ ဘုရားသခင်အတွက် သက်သေခံရမယ်။ ဘုရားသခင်က ဒါကို အသိအမှတ်ပြုတာပဲ” လို့ပေါ့။ စာတန်က ယောဘကို စုံစမ်းသွေးဆောင်ခဲ့ပုံကိုလည်း ကျွန်မ တွေးမိတယ်။ ယောဘက တစ်ညတည်းနဲ့ သူ့ရဲ့စည်းစိမ်ဥစ္စာအားလုံးနဲ့ သားသမီးတွေကို ဆုံးရှုံးခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ အနာစိမ်းတွေ ပေါက်ခဲ့ပေမဲ့ အဲဒီလောက် ကြီးမားတဲ့ ဆင်းရဲဒုက္ခကြားကနေတောင် ဘုရားသခင်ရဲ့နာမတော်ကို ချီးမွမ်းနိုင်ခဲ့တုန်းပဲ။ အဲဒါကြောင့် နောက်ဆုံးမှာ စာတန်က အရှက်ရပြီး ရှုံးနိမ့်သွားခဲ့ရတယ်။ ဘုရားသခင်က ကျွန်မကို စမ်းသပ်ဖို့နဲ့ ကျွန်မရဲ့ယုံကြည်ခြင်းကို စုံလင်စေဖို့ ဒီပတ်ဝန်းကျင်ကို ကြုံတွေ့ခွင့်ပေးခဲ့တာ။ ရဲတွေ ကျွန်မကို ဘာပဲလုပ်လုပ်၊ ဘုရားသခင်အတွက် ကျွန်မရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်ဆိုတာ ကျွန်မသိခဲ့တယ်။

ရဲတွေက အမြန်ပြန်ရောက်လာပြီး ဘာစကားတစ်ခွန်းမှမပြောဘဲ ကျွန်မမျက်နှာကို စပြီး ရိုက်တော့တာပဲ။ သူတို့က လက်နဲ့ရိုက်ရုံနဲ့ အားမရဘဲ ဖိနပ်တွေကိုပါ ကောက်ကိုင်ပြီး သူတို့ဖိနပ်ခုံတွေနဲ့ ကျွန်မမျက်နှာ၊ ခေါင်းနဲ့ ခန္ဓာကိုယ်ကို စပြီး ရိုက်ကြတယ်။ အစပိုင်းမှာတော့ အရမ်းနာပြီး နှလုံးကလည်း နည်းနည်း အောင့်လာတယ်။ ကျွန်မ အံကြိတ်ပြီး နာကျင်မှုကို ကြံ့ကြံ့ခံဖို့ ကြိုးစားရင်း မျက်ရည်တွေက ကျွန်မမျက်နှာမှာ တသွင်သွင် စီးကျလာခဲ့တယ်။ အချိန်နည်းနည်းကြာတော့ မျက်နှာက အကြိမ်ကြိမ် အရိုက်ခံရလို့ ထုံသွားပြီး နာကျင်မှု မခံစားရတော့ဘူး။ သူတို့ထဲက တစ်ယောက်က တစ်မီတာကျော်ရှည်တဲ့ ပလတ်စတစ်ပိုက်တစ်ချောင်းကို ယူပြီး ကျွန်မခန္ဓာကိုယ်ကို ရိုက်ရင်း ကျွန်မကို ဖိပြီးစစ်မေးတယ်။ “နင်တို့အသင်းတော်မှာ အဖွဲ့ဝင် ဘယ်နှယောက်ရှိလဲ။ နင်တို့အသင်းတော်ခေါင်းဆောင်က ဘယ်သူလဲ။ ပြောစမ်း”တဲ့။ ကျွန်မ စကားတစ်ခွန်းမှ မပြောတော့ သူက ပိုပြီးဒေါသထွက်လာပြီး ကျွန်မခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တယ်။ ချက်ချင်းပဲ ကျွန်မခေါင်းထဲမှာ အူသွားတာပေါ့။ အဲဒီနောက်မှာ သူတို့က ကျွန်မကို တခြားအခန်းတစ်ခုကို ခေါ်သွားတယ်။ အဲဒီမှာ ကျွန်မရဲ့ စုဝေးပွဲက ညီအစ်မနှစ်ယောက်က အခန်းထောင့်က ခုံတန်းရှည်ပေါ်မှာ ကွေးနေတာကို တွေ့လိုက်တယ်။ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ရဲ့ ဗိုလ်ကြီးက ညီအစ်မနှစ်ယောက်ကို လက်ညှိုးထိုးပြီး ကျွန်မကို မေးတယ်။ “ဒီနှစ်ယောက်ကို မင်းသိလား” လို့ ကျွန်မက “မသိဘူး” လို့ ဖြေလိုက်တယ်။ ဒါကြောင့် သူ အရမ်းဒေါသထွက်သွားပြီး ပလတ်စတစ်ပိုက်တစ်ချောင်းကို ကောက်ကိုင်ပြီး ကျွန်မခေါင်းကို ခပ်ကြမ်းကြမ်း ရိုက်ထည့်လိုက်တယ်။ အဲဒီနောက်မှာ တရစပ် ဝိုင်းပြီး ထိုးကြိတ်ကန်ကျောက်ကြတယ်။ ကျွန်မခန္ဓာကိုယ်မှာ အကောင်းပကတိနေရာတစ်ခုမှ မကျန်ဘူး။ ကျွန်မ မူးဝေပြီး ခေါင်းနောက်သွားတယ်။ အဲဒီနောက် နောက်ရဲတစ်ယောက်က မေးတယ်။ “ဒီဆက်သွယ်ရေးပစ္စည်းနဲ့ မှတ်စုစာအုပ်က ဘယ်ကရတာလဲ။ ဘာအတွက်သုံးတာလဲ”တဲ့။ ဒီလိုပြောနေရင်းနဲ့ သူက ပလတ်စတစ်ပိုက်ကို ကောက်ကိုင်ပြီး ကျွန်မကို ထပ်ရိုက်ဖို့ ပြင်လိုက်တယ်။ ကျွန်မ အဲဒီလိုနှိပ်စက်တာကို မခံနိုင်ဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေကို ဖော်ကောင်လုပ်မိမှာ အရမ်းကြောက်ခဲ့တယ်။ ဒါကြောင့် ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ဆီ အဆက်မပြတ် ဆုတောင်းခဲ့တယ်။ ဒီလိုဆိုတဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ပြန်အမှတ်ရလိုက်တယ်။ “ငါ၏ သက်သေခံချက်ကို ကာကွယ်ရန်အတွက် သင်၌ ရှိသမျှအရာရာကို ပေးရမည်။ ဤအရာသည် သင်တို့ အပြုအမူများ၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်ရလိမ့်မည်။ ဤအရာကို မမေ့လျော့နှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ကျွန်မ အသက်ကို စွန့်ရမယ်။ ရဲတွေက ကျွန်မကို ဘယ်လောက်ပဲ ရက်စက်ပါစေ၊ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်လို့မဖြစ်ဘူး။ အဲဒီအချိန်မှာပဲ ရဲတစ်ယောက်က ကျွန်မကို လက်သီးနဲ့ထိုးပြီး ကြမ်းပြင်ပေါ် လဲကျသွားအောင်လုပ်တယ်။ အဲဒီနောက်မှာ ပလတ်စတစ်ပိုက်နဲ့ ကျွန်မခေါင်းကို ရိုက်လိုက်တော့ ခေါင်းထဲမှာ အူသွားတယ်။ ပြီးတော့ သူက ကျွန်မခေါင်းနဲ့ ခန္ဓာကိုယ်ကို ရက်ရက်စက်စက် ရိုက်နှက်တော့ ကျွန်မခန္ဓာကိုယ်တစ်ခုလုံး သွေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက် ပေရေကုန်တယ်။ ကျွန်မ ရင်တွေ မတရားတုန်ပြီး နှလုံးခုန်နှုန်းမြန်လွန်းလို့ အသက်ရှုကျပ်လာတယ်။ ကျွန်မ အချိန်မရွေး သေသွားနိုင်တယ်လို့ ထင်ခဲ့တယ်။ ကျွန်မ နည်းနည်း အားနည်းလာပြီး စဉ်းစားမိတယ်၊ သူတို့သာ ဒီလိုဆက်ရိုက်နေရင် ငါတကယ်ပဲ အရိုက်ခံရပြီး သေသွားမှာလား လို့ပေါ့။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ နောက်တစ်ခါ ပြန်အမှတ်ရလိုက်တယ်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်။ အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း မိမိတို့၏ အသက်ကို ပေးရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ကျွန်မအသက်က ဘုရားသခင်ရဲ့လက်ထဲမှာပဲ။ ရဲတွေ ဘယ်လောက်ပဲ ရက်စက်ပါစေ၊ ဘုရားသခင်ရဲ့ခွင့်ပြုချက်မရှိဘဲ သူတို့ ကျွန်မကို ဘာမှလုပ်လို့မရနိုင်ဘူး။ သူတို့သာ ကျွန်မကို ရိုက်သတ်ခဲ့ရင်တောင်မှ ကျွန်မက ဘုရားသခင်ကို သစ္စာဖောက်ခဲ့မှာ မဟုတ်ဘူး၊ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့မှာပဲ၊ ပြီးတော့ ကျွန်မရဲ့စိတ်ဝိညာဉ်က သေဆုံးသွားခဲ့ဦးမှာ မဟုတ်ဘူး။ ကျွန်မသာ ဇာတိပကတိရဲ့ ယာယီဆင်းရဲဒုက္ခကို ရှောင်ဖို့အတွက် ယုဒလိုမျိုး ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ရင် နောက်ပိုင်းမှာ အပြစ်ရှိသလို ခံစားရရုံတင်မကဘူး၊ သေပြီးရင် ငရဲကိုလည်း သွားရမှာဖြစ်ပြီး ကျွန်မရဲ့စိတ်ဝိညာဉ်က ထာဝရအပြစ်ဒဏ်ကို ခံရမှာပဲ။ ဒါတွေအားလုံးကို သဘောပေါက်လိုက်တော့ ကျွန်မစိတ်က နည်းနည်းပိုပြီး ငြိမ်သက်လာပြီး အရင်လောက် မကြောက်တော့ဘူး။ အဲဒီအချိန်မှာပဲ ရဲတွေက ရိုက်နှက်တာကို ရပ်လိုက်ကြတယ်။ ကျွန်မ အိမ်သာသွားချင်တယ်လို့ ပြောလိုက်တော့ ဗိုလ်ကြီးက ကျွန်မကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး ပြောတယ်။ “နင် ဘယ်မှမသွားရဘူး”တဲ့။ ပြောပြီး ကျွန်မရဲ့ ဆီးစပ်ကို ကန်လိုက်တယ်။ အဲဒီလို အကန်ခံလိုက်ရလို့ ကျွန်မ ဆီးမထိန်းနိုင်ဘဲ ဂွမ်းကပ်ဘောင်းဘီက ဆီးတွေနဲ့ ရွှဲရွှဲစိုသွားတယ်။

အဲဒီနေ့မှာပဲ ရဲတွေက ကျွန်မနဲ့ တခြားညီအစ်မနှစ်ယောက်ကို ထိန်းသိမ်းရေးစခန်းတစ်ခုဆီ ပို့လိုက်တယ်။ ကျွန်မ မတ်မတ်မရပ်နိုင်တော့ဘဲ ဗိုက်ကို လက်တွေနဲ့ထိန်းပြီး ထော့နဲ့ထော့နဲ့ လျှောက်ခဲ့ရတယ်။ အစောင့်က အဘိုးကြီးတစ်ယောက်၊ သူက မကြည့်ရက်တော့ဘဲ ပြောတယ်။ “သူတို့က ဘုရားသခင်ကို ယုံကြည်သူတွေသက်သက်ပါ။ ဘာအမှားမှ မလုပ်ခဲ့ဘူး။ ဘာလို့ ဒီလိုရိုက်ရတာလဲ”လို့ပေါ့။ သူက ကျွန်မတို့တစ်ယောက်စီကို စောင်ပါးတစ်ထည်စီ ပေးတယ်။ ကျွန်မတို့က အေးစက်နေတဲ့ ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရတယ်။ ကျွန်မဘောင်းဘီကလည်း မခြောက်သေးတော့ လုံးဝကို ခိုက်ခိုက်တုန်နေခဲ့ပြီး သန္ဓေသားလို ကွေးကွေးလေးဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ အဘိုးကြီးက ကျွန်မအတွက် ဆေးနည်းနည်းနဲ့ ရေနွေးတစ်ခွက် ယူလာပေးတယ်။ ဒါဟာ ဘုရားသခင်က ကျွန်မရဲ့ အားနည်းချက်ကို သနားကရုဏာထားတော်မူပြီး ကျွန်မတို့ကို လာကူညီဖို့ ဒီလူကို စီစဉ်ပေးခဲ့တာပဲဆိုတာ ကျွန်မသိခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့တယ်။ နောက်တစ်နေ့မှာ ရဲတွေက ညီအစ်မတစ်ယောက်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားတယ်။ ကျွန်မတို့ အရမ်းစိုးရိမ်ပြီး သူ့အတွက် အဆက်မပြတ် ဆုတောင်းခဲ့ကြတယ်။ ကျွန်မတို့ နေ့တိုင်း ခြေမကိုင်မိလက်မကိုင်မိဖြစ်ခဲ့ကြတယ်။ သုံးရက်နဲ့ နှစ်ညကြာပြီးနောက်မှာ အဲဒီညီအစ်မ နောက်ဆုံးတော့ ကျွန်မတို့ဆီ ပြန်ရောက်လာတယ်။ သူက ခါးကိုင်းပြီး သူ့အိပ်ရာဆီကို ထော့နဲ့ထော့နဲ့ သွားနေတုန်းမှာ ကျွန်မတို့ သူ့နားကို အပြေးအလွှား သွားကြတယ်။ သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေပြီး ခြေထောက်တွေက ညိုမည်းနေပြီး ပူဖောင်းတွေလို ရောင်ကိုင်းနေတာကို ကျွန်မ တွေ့လိုက်ရတယ်။ အဲဒီညီအစ်မက ပြောတာက သူ အခေါ်ခံရပြီးနောက်မှာ ရဲတွေက သူ့ကို အဆက်မပြတ် ရိုက်နှက်ခဲ့ကြတယ်တဲ့။ ရဲ လေးငါးယောက်က သူ့ကို အလှည့်ကျ လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန်ကြပြီး သူ့လက်တွေကို နောက်ပြန် လက်ထိတ်ခတ်ပြီး အပေါ်ကို အားနဲ့ ခပ်ကြမ်းကြမ်းဆောင့်ဆွဲကြတော့ သူ နာကျင်လွန်းလို့ သုံးလေးခါ သတိလစ်သွားခဲ့တယ်တဲ့။ ရဲတွေက သူ့ကို မီးဖိုချောင်က ရေပုပ်ရေသိုးတွေနဲ့ ပက်နှိုးပြီး ဆက်ရိုက်ကြတယ်။ သုံးရက်နဲ့ နှစ်ညလုံး သူ့ကို စားစရာ၊ သောက်စရာ တစ်ခုမှ မပေးဘူးတဲ့။ ကျွန်မ အရမ်းကိုယမ်းပုံမီးကျဖြစ်သွားတယ်။ ဒီမကောင်းဆိုးဝါးတစ်သိုက်က သူ့ကို တော်တော် လူမဆန်သူမဆန် ဆက်ဆံခဲ့တာပဲ။ ဒါပေမဲ့ ကျွန်မလည်း အရမ်းကြောက်ခဲ့တယ်။ ကျွန်မရဲ့ အရင်ဒဏ်ရာတွေက မကျက်သေးဘူး၊ ရဲတွေက ရှေ့ဆက်ပြီး ကျွန်မကို ဘယ်လိုနှိပ်စက်မလဲဆိုတာ မသိခဲ့ဘူး။ ကျွန်မ ခံနိုင်ရည်ရှိပါ့မလား။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ဆီ အဆက်မပြတ် ဆုတောင်းပြီး ကျွန်မကိုခွန်အားပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့တယ်။

ညီအစ်မ ပြန်ရောက်လာပြီး သုံးရက်မြောက်နေ့ မနက် ၈ နာရီမှာ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ရဲ့ ဗိုလ်ကြီးက ကျွန်မကို စစ်ဆေးမေးမြန်းဖို့ ရောက်လာတယ်။ ရဲတစ်ယောက်က ကျွန်မကို လက်ထိတ်ခတ်၊ ကျွန်မလည်ပင်းကို ဖိပြီး ခါးကိုင်းခိုင်းပြီး ရှေ့ကို တွန်းပို့တယ်။ နောက်ရဲတစ်ယောက်က ကျွန်မနောက်ကနေ ပေါင်ခြံကို ပြင်းပြင်းထန်ထန် ကန်လိုက်တော့ ကျွန်မ လဲကျမလိုတောင် ဖြစ်သွားတယ်။ သူတို့က ကျွန်မကို ကုတင်တစ်လုံးရှိတဲ့ အခန်းငယ်တစ်ခုထဲကို တွန်းထည့်ပြီး ကုတင်ခေါင်းရင်းက သံတန်းမှာ လက်ထိတ်ခတ်လိုက်တယ်။ ကျွန်မကို ဘယ်လိုနှိပ်စက်မှုတွေ စောင့်ကြိုနေလဲဆိုတာ လုံးဝမသိခဲ့ဘူး၊ ကျွန်မမှာ နှလုံးခုန်နှုန်းမြန်လွန်းလို့ အသက်ရှုကျပ်လာတယ်။ ဗိုလ်ကြီးက ယုတ်မာတဲ့ရယ်သံနဲ့ ရဲတစ်ယောက်ကို ပြောတယ်၊ “သူ့ပါးစပ်ထဲကို နှလုံးအားတိုးဆေးလုံးတွေ ထည့်ပြီး မျိုချခိုင်းလိုက်။ ဒီလိုဆိုရင် ငါတို့ရိုက်တဲ့အခါ သူ အလွယ်တကူ သေမှာမဟုတ်ဘူး။ ဒီနေ့ သူ့ဆီကနေ အဖြေတစ်ခု ရမှဖြစ်မယ်”တဲ့။ အဲဒီနောက် သူတို့က ဆေးလုံးတွေကို ကျွန်မပါးစပ်ထဲ အတင်းထိုးထည့်ပြီး ပလတ်စတစ်ပိုက်တွေနဲ့ ခေါင်းအစခြေအဆုံး ရိုက်တော့တာပဲ၊ ခြေဖမိုးကိုတောင် မချန်ခဲ့ဘူး။ တစ်ချက်ရိုက်လိုက်တိုင်းမှာ ကျွန်မ နာကျင်လွန်းလို့ သိမ့်သိမ့်တုန်သွားတယ်။ သူတို့က ကျွန်မကို ရိုက်ရင်းနဲ့ အသင်းတော်အကြောင်းကို ဖိပြီးစစ်မေးကြတယ်။ သူတို့ရဲ့နှိပ်စက်မှုကို ကျွန်မ မခံနိုင်မှာကို စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် အကူအညီအတွက် ဘုရားသခင်ဆီ ကျွန်မ အမြန်ဆုတောင်းခဲ့တယ်။ ဒီလိုဆိုတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်။ “‘အောင်မြင်သောသူများ’ အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ စွမ်းအားအောက်၊ စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကို တွေ့ရချိန်တွင် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ ပင်ကို ယုံကြည်စိတ်ချမှုနှင့် မိမိတို့၏ ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သင်၏သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က ‘အောင်မြင်သောသူ’ တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အပေါ် သင်၏ သစ္စာစောင့်သိခြင်းကို သင် ထိန်းသိမ်းသင့်သည်) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ သဘောပေါက်သွားတယ်၊ ဘုရားသခင်က ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့နဲ့ ကျွန်မတို့ကို အောင်မြင်တဲ့လူတစ်စု ဖြစ်စေဖို့ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖမ်းဆီးမှု၊ ဖိနှိပ်မှုနဲ့ နှိပ်စက်မှုကို အသုံးပြုတာပဲ။ ရဲတွေရဲ့ ဖမ်းဆီးတာနဲ့ ညှဉ်းပန်းတာကို ခံရတာက ဘုရားသခင်က ကျွန်မကို စမ်းသပ်စစ်ကြောတဲ့ နည်းလမ်းဖြစ်ပြီး ဘုရားသခင်အတွက် သက်သေခံဖို့ အခွင့်အရေးတစ်ခုပဲ။ ရဲတွေက ကျွန်မကို ဘယ်လိုပဲ ညှဉ်းပန်းပါစေ၊ ကျွန်မကို ရိုက်သတ်ရင်တောင်မှ ကျွန်မ ဘုရားသခင်ကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး၊ ညီအစ်ကိုမောင်နှမတွေကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး။ ရဲတွေက ကျွန်မတို့အသင်းတော်ခေါင်းဆောင်က ဘယ်သူလဲလို့ ဆက်မေးပြီး ပလတ်စတစ်ပိုက်တွေနဲ့ ကျွန်မတစ်ကိုယ်လုံးကို ရက်ရက်စက်စက် ထပ်ရိုက်ကြတယ်။ ကျွန်မ ဘေးစောင်းလှဲပြီး ခွေနေခဲ့တယ်။ အံကြိတ်ပြီး စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ တစ်မနက်ခင်းလုံး ကျွန်မကို စစ်မေးပြီး ကျွန်မ ဘာမှမပြောမှာကို တွေ့တော့ သူတို့က ဒေါသတကြီးနဲ့ ခြိမ်းခြောက်တယ်၊ “မင်း ငါတို့ကို ဘာမှမပြောရင် မင်းကို ထောင်ဒဏ် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ချမှတ်လိုက်မယ်။ မင်း ဘယ်နေရာကိုမှ သွားရမယ်မထင်နဲ့။” အဲဒီနောက်မှာ သူတို့က ကျွန်မတို့ကို ထိန်းသိမ်းထားတဲ့ အချုပ်ခန်းထဲကို ပြန်ခေါ်သွားတယ်။ စစ်ဆေးမေးမြန်းနေတုန်းမှာ ကျွန်မတစ်ကိုယ်လုံး အရိုက်ခံရပြီး ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့ပေမဲ့ ရဲတွေရဲ့ ရှုံးနိမ့်နေတဲ့ မျက်နှာထားနဲ့ သူတို့မှာ ပြစရာဘာမှမရှိတာကိုတွေ့တော့ ကျွန်မ အရမ်းပျော်သွားတယ်။ သေမင်းတံခါးဝကနေ ဖြတ်ကျော်ပြီး အသက်ဆက်ခွင့်ပေးခဲ့တဲ့ ကိုယ်တော်ရဲ့ကာကွယ်မှုအတွက် ဘုရားသခင်ကို အဆက်မပြတ် ကျေးဇူးတင်ခဲ့တယ်။

ထိန်းသိမ်းရေးစခန်းမှာ ကျွန်မတို့ ဆယ့်ငါးရက်မြောက်နေ့ရောက်တော့ ရဲတွေက ကျွန်မတို့သုံးယောက်ကို ခြံထဲကို ခေါ်ထုတ်သွားတယ်။ သူတို့ထဲက တစ်ယောက်က ပြောတယ်။ “ခွေးတွေကို လွှတ်လိုက်”တဲ့။ ပြီးတော့ ယုတ်မာတဲ့အသံနဲ့ သူက ထပ်ပြောတယ်။ “အခု မင်းတို့ စကားပြောမပြော ကြည့်ကြသေးတာပေါ့”တဲ့။ အဲဒီအချိန်မှာပဲ ရဲခွေးနှစ်ကောင်က ခြံဘေးကနေ ရုတ်တရက် ခုန်ထွက်လာပြီး သူတို့ရဲ့ရှည်လျားတဲ့လျှာတွေက အပြင်ထွက်ပြီး၊ ခေါင်းတွေကို မော့လို့ ကျွန်မတို့ဆီ တည့်တည့် ပြေးဝင်လာတယ်။ ကျွန်မတို့သုံးယောက် ရပ်နေတဲ့နေရာကို ရောက်တော့ သူတို့က ကျွန်မတို့ကို ပတ်ပြေးနေပါလေရော။ ကျွန်မ အရမ်းကြောက်သွားပြီး စဉ်းစားမိတယ်။ “ဒီခွေးတွေက ငါတို့ကို ကိုက်သတ်တော့မှာလား”ပေါ့။ ကျွန်မ ဘုရားသခင်ဆီ အမြန်ဆုတောင်းလိုက်တယ်။ ဆုတောင်းနေရင်းနဲ့ ခြင်္သေ့တွင်းထဲကို ပစ်ချခံရပေမဲ့ ဘုရားသခင်က သူနဲ့အတူရှိပြီး ခြင်္သေ့တွေရဲ့ပါးစပ်ကို ပိတ်ထားလို့ ခြင်္သေ့တွေ သူ့ကို မကိုက်နိုင်ခဲ့တဲ့အတွက် မသေဆုံးခဲ့တဲ့ ဒံယေလရဲ့ ဇာတ်ကြောင်းကို ကျွန်မ ပြန်အမှတ်ရလိုက်တယ်။ ဒီလိုဆိုထားတဲ့ ဘုရားနှုတ်ကပတ်တော်ကိုလည်း ကျွန်မ ပြန်အမှတ်ရလိုက်တယ်။ “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ ဆက်လက်တည်ငြိမ်နေသင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ သတိရလော့။ အရာခပ်သိမ်းတွင် ငါ၏ ရည်ရွယ်ချက်ကောင်းများ ပါဝင်ပြီး အရာခပ်သိမ်းသည် ငါ၏ စိစစ်မှုအောက်တွင် ရှိသည်။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းပေးခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ အားကိုးရာပဲ၊ ကိုယ်တော်ရဲ့ခွင့်ပြုချက်မရှိဘဲ ခွေးတွေက ကျွန်မကို ဘာမှလုပ်လို့မရဘူး။ ကျွန်မရဲ့စိုးရိမ်စိတ်က တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပြီး အရာအားလုံးက ဘုရားသခင်ရဲ့လက်ထဲမှာပဲဆိုတဲ့ ယုံကြည်ခြင်း ရှိခဲ့တယ်။ အံ့ဩစရာကောင်းတာက ခွေးတွေက ကျွန်မတို့ကိုယ်ပေါ်မှာ အနံ့ခံကြည့်ရုံကြည့်ပြီး အမြီးနန့်ပြီး ထွက်သွားတယ်။ ကျွန်မ သက်ပြင်းချလိုက်ပြီး စိတ်နှလုံးထဲမှာ ဘုရားသခင်ကို အဆက်မပြတ် ကျေးဇူးတင်ခဲ့တယ်၊ ဘုရားသခင်အပေါ် ကျွန်မရဲ့ယုံကြည်ခြင်းက ပိုပြီးတော့တောင် ခိုင်မာလာခဲ့တယ်။

အဲဒီနောက်မှာ ရဲတွေက ကျွန်မတို့ကို အကျဉ်းထောင်တစ်ခုဆီ ခေါ်သွားတယ်။ အချုပ်ခန်းထဲမှာ တခြားညီအစ်မသုံးယောက်နဲ့ တွေ့ခဲ့တယ်။ သူတို့အားလုံးလည်း တစ်ကိုယ်လုံး ဆိုးဆိုးရွားရွား အရိုက်ခံထားရတယ်။ နှစ်ရက်ကြာပြီးနောက်မှာ ကျွန်မတို့ကို တစ်ယောက်ချင်းစီ အလှည့်ကျ စစ်ဆေးမေးမြန်းခဲ့တယ်။ သူတို့က ကျွန်မကို အခန်းငယ်တစ်ခုထဲကို ခေါ်သွားပြီး အသင်းတော်ရဲ့ အသေးစိတ်အချက်အလက်အမျိုးမျိုးကို ဖိပြီးစစ်မေးတယ်။ ကျွန်မ ဘာမှမပြောတော့ သူတို့က ကျွန်မကို ကန်ချပြီး မြေကြီးပေါ် ဒူးထောက်ခိုင်းတယ်၊ ပြီးတော့ ကျွန်မရဲ့ ခြေသလုံးနှစ်ဖက်ပေါ်မှာ ရပ်ပြီး ကျွန်မရဲ့ ဆံပင်ကိုင်ပြီး ခေါင်းကိုဆွဲလှန်ချပစ်လိုက်တယ်။ အဲဒီနောက်မှာ ရဲတစ်ယောက်က ကျွန်မလည်ပင်းပေါ် ခွထိုင်ပြီး ဆယ်မိနစ်ကျော်ကြာအောင် ကျွန်မဆံပင်ကို ဆောင့်ဆောင့်ပြီး ဆွဲပစ်တယ်။ သူ ကျွန်မပေါ်ကနေ ဆင်းသွားတော့ သူ့ရဲ့ လိင်အင်္ဂါကို စပြီးကိုင်တွယ်ပြီး တဏှာကြည့်ကြည့်ရင်း ရိုင်းစိုင်းညစ်ညူးတဲ့ ဟန်ပန်အမူအရာတွေ လုပ်တယ်။ ကျွန်မ ရွံလို့ မျက်နှာလွှဲလိုက်ပြီး စဉ်းစားမိတယ်။ “သူ့ကိုယ်သူ ရဲလို့ ဘယ်လိုများခေါ်နိုင်တာလဲ။ သူက လူယုတ်မာ၊ လူ့တိရစ္ဆာန်ပဲ” လို့ပေါ့။ အဲဒီနောက်မှာ သူက အံဆွဲထဲက ဆေးတွေကို လက်ညှိုးထိုးပြီး ပြောတယ်။ “ဒီမှာ ဆေးပေါင်းအမျိုးစုံနေအောင် ရှိတယ်။ ဆေးတစ်လုံးထိုးလိုက်ရုံနဲ့ မင်းကို စိတ်မနှံ့တဲ့သူ ဒါမှမဟုတ် အကြောသေလူနာ ဖြစ်သွားအောင် လုပ်လို့ရတယ်။ အဲဒီနောက်မှာ မင်းကို ဘယ်သူမှ လူလိုဆက်ဆံတော့မှာမဟုတ်ဘူး”တဲ့။ ယုတ်မာတဲ့ရယ်သံနဲ့ သူက ဆက်ပြောတယ်။ “ကွန်မြူနစ်ပါတီက ဘုရားမဲ့ဝါဒီနဲ့ ရုပ်ဝါဒီကို လက်ကိုင်ထားတယ်၊ မင်းတို့လို ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို ငါတို့သုတ်သင်ဖယ်ရှားပစ်ရမယ်။ မင်း ငါတို့ကို သတင်းအချက်အလက်နည်းနည်းမှ မပေးရင် မင်းကို ဒီဆေးတွေ ကျွေးရလိမ့်မယ်”တဲ့။ ဒီလိုပြောနေရင်းနဲ့ သူက အံဆွဲထဲက စီးကရက်တစ်လိပ်ကို ထုတ်ပြီး မီးညှိလိုက်တယ်၊ ပြီးတော့ ကျွန်မနှာခေါင်းအောက်မှာ ထားလိုက်တော့ မီးခိုးတွေက နှာခေါင်းထဲကို ဝင်သွားပြီး ကျွန်မ ချောင်းဆိုး၊ မူးဝေပြီး ပျို့အန်ချင်လာတယ်။ အဲဒီနောက် သူက ပြောတယ်။ “ဒီစီးကရက်ထဲမှာ ဆေးတစ်မျိုးပါတယ်၊ မင်းသိသမျှအရာအားလုံးကို အလိုအလျောက် ငါ့ကို ပြောပြစေမဲ့ဆေး”တဲ့။ ဒါက ကျွန်မကို နည်းနည်းကြောက်သွားစေတယ်။ ကျွန်မသာ တကယ်ပဲ ဆေးမိပြီး ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်လိုက်ရင် ကျွန်မ ယုဒဖြစ်သွားမှာမဟုတ်ဘူးလား။ ပြီးတော့ သူတို့ဆေးထိုးလို့ ကျွန်မ ရူးသွားရင် ဒါမှမဟုတ် အကြောသေလူနာဖြစ်သွားရင်ကော။ အဲဒီအခါကျရင် ကျွန်မ ဘယ်လိုအသက်ရှင်ရမလဲ။ ကျွန်မ ဘုရားသခင်ဆီ အဆက်မပြတ် ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်။ သမီး ယုဒမဖြစ်ချင်ပါဘူး။ သမီးတစ်ယောက်တည်းနဲ့ ရဲတွေရဲ့ညှဉ်းပန်းမှုကို မကျော်လွှားနိုင်ပါဘူး။ ကျေးဇူးပြုပြီး သမီးကို လမ်းပြပြီး ကာကွယ်ပေးတော်မူပါ”လို့ပေါ့။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ပြန်အမှတ်ရလိုက်တယ်။ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) ဟုတ်ပါတယ်၊ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲတယ်။ ကျွန်မအသက်က ကိုယ်တော်ရဲ့လက်ထဲမှာရှိပြီး ကျွန်မ စိတ်ရောဂါဖြစ်မလား၊ အကြောသေလူနာဖြစ်မလားဆိုတာအားလုံးက ကိုယ်တော်အပေါ်မှာပဲ မူတည်တယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်ရမယ်။ နောက်ဆုံးတော့ ရဲက ကျွန်မကို အတင်းရှူခိုင်းတဲ့ ဆေးခတ်ထားတဲ့စီးကရက်က ကျွန်မအပေါ် လုံးဝအကျိုးသက်ရောက်မှုမရှိဘဲ အရမ်းနိုးကြားနေခဲ့တယ်။ ဒါက ဘုရားသခင်က ကျွန်မနဲ့အတူ အမြဲရှိနေပြီး ကျွန်မကို ကာကွယ်စောင့်ရှောက်နေတယ်ဆိုတာကို ပြသခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်မိပြီး အရင်လောက် မကြောက်တော့ဘူး။ စီးကရက်က သုံးပုံနှစ်ပုံလောက် လောင်ကျွမ်းသွားပြီးတဲ့နောက်မှာ ရဲက ကျွန်မတော်တော်လေး နိုးကြားပြီး သတိရှိနေတုန်းပဲဆိုတာကို တွေ့တော့ စီးကရက်ကို ဒေါသတကြီးနဲ့ မြေကြီးပေါ် ပစ်ချပြီး သက်ပြင်းချပြီး ပြောတယ်။ “ဒီတစ်ယောက်ကို ထောင်ထဲပို့လိုက်တော့”တဲ့။ မေလ ၁၃ ရက်နေ့ မနက်မှာ ရဲတစ်ယောက်က ကျွန်မကို ပြောတယ်၊ “မင်း ဘုရားသခင်ကို ယုံကြည်တာက စီစီပီရဲ့ ဥပဒေတွေကို ချိုးဖောက်တယ်။ ပြည်သူ့ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်မှုနဲ့ မင်းကို တရားစွဲပြီး အလုပ်ကြမ်းနဲ့ ပြန်လည်ပညာပေးရေး နှစ်နှစ် ချမှတ်လိုက်တယ်။” သူပြောတာကို ကြားတော့ ကျွန်မ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ နှစ်လ အကျဉ်းချခံရတာတောင် မခံနိုင်ဘူး၊ အလုပ်ကြမ်းနဲ့ ပြန်လည်ပညာပေးရေး နှစ်နှစ်ကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာ ကျွန်မ လုံးဝမသိခဲ့ဘူး။ ရဲက ဆက်ပြောတယ်၊ “အယူခံဝင်ဖို့ စိတ်မကူးနဲ့။ ဒီလောကမှာ မတရားတဲ့စီရင်ချက်တွေ အများကြီးရှိတယ်၊ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ မင်း အယူခံဝင်ရင်တောင်မှ စီစီပီနဲ့ ဘယ်တော့မှ အမှုနိုင်မှာမဟုတ်ဘူး”တဲ့။ သူ့ရဲ့ နတ်ဆိုးဆန်တဲ့စကားတွေကို ကြားလိုက်ရတော့ စီစီပီရဲ့ ဆိုးယုတ်ပြီး အကျည်းတန်တဲ့အနှစ်သာရကို ကျွန်မ ပိုပြီးတော့တောင် ရှင်းရှင်းလင်းလင်း မြင်လာခဲ့တယ်။ နှစ်ရက်ကြာပြီးနောက်မှာ ကျွန်မကို အလုပ်ကြမ်းစခန်းတစ်ခုကို ပို့လိုက်တယ်။

အလုပ်ကြမ်းစခန်းမှာ ကျွန်မနဲ့အတူ တခြားညီအစ်မကိုးယောက်နဲ့အတူ အကျဉ်းချခံခဲ့ရတယ်။ မနက်တိုင်း ၅ နာရီမှာ ထရပြီး မနက်ခင်းကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးနောက်မှာ ဖျာတွေစပြီး ရက်လုပ်ရတယ်။ နည်းနည်းနှေးရင် အဆူခံရပြီး ကျွန်မတို့အလုပ်တွေ မပြီးရင် အပြစ်ပေးခံရတယ်။ တစ်ခါတလေ ညလုံးပေါက် အလုပ်လုပ်ရပြီး တစ်ခါတလေဆို သုံးရက်လုံးလုံး နေ့ရောညပါ မအိပ်ရဘူး။ အလုပ်ကြမ်းစခန်းမှာရှိနေတုန်း ကျွန်မ ဘယ်တော့မှ ဝဝလင်လင်မစားခဲ့ရဘူး။ အမြဲတမ်း ပင်ပန်းနွမ်းနယ်ပြီး အိပ်ရေးမဝ၊ ဗိုက်ဆာတဲ့အခြေအနေမှာပဲ ရှိနေခဲ့တယ်။ မတ်တပ်ရပ်နေရင်းနဲ့တောင် ခဏခဏ အိပ်ပျော်သွားတတ်တယ်။ ကျွန်မတို့က ယုံကြည်သူတွေမို့လို့ အစောင့်က ကျွန်မတို့ကို ခဏခဏ အနိုင်ကျင့်တယ်။ ကျွန်မက ဆီးခဏခဏသွားတတ်တော့ အိမ်သာသွားဖို့ ခွင့်တောင်းတဲ့အခါ အကျဉ်းသားခေါင်းဆောင်နှစ်ယောက်က အစောင့်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ကျွန်မကို တမင်သက်သက် လှောင်ပြောင်ပြီး ပြောကြတယ်။ “ဒါ နင့်အိမ်မဟုတ်ဘူး၊ နင် ကြိုက်တဲ့အချိန် သွားလို့မရဘူး။ အောင့်ထား”တဲ့။ ကျွန်မ အကြာကြီး အောင့်ထားရလို့ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ဘူး၊ မြန်မြန်လျှောက်လိုက်ရင် မထိန်းနိုင်ဘဲ ထွက်ကျသွားမှာကို စိုးရိမ်ခဲ့ရတယ်။ နောက်ဆုံးတော့ ခြေတစ်လှမ်းချင်းနဲ့ အိမ်သာဆီကို ဖြည်းဖြည်းချင်း သွားခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံး အိမ်သာရောက်တော့ ဆီးမသွားနိုင်တော့ဘူး။ တော်တော်ဆိုးတာပါ။ တစ်နေ့မှာ အသက် ၆၀ ကျော်အရွယ် ညီအစ်မတစ်ယောက်က အလုပ်အရမ်းပိလို့ နှလုံးရောဂါဖောက်ပြီး မြေကြီးပေါ်ကို လဲကျသွားတယ်၊ ပါးစပ်က အမြှုပ်တွေထွက်လို့ပေါ့။ အစောင့်က မကူညီပေးတဲ့အပြင် သူ့ကို နှစ်ချက်ပိတ်ကန်လိုက်တယ်။ သူနိုးလာတော့ သူ့ကို အလုပ်ဆက်လုပ်ခိုင်းခဲ့တယ်။ နောက်တစ်ခါမှာ ထောင်မှူးတစ်ယောက်က ညီအစ်မတစ်ယောက်ရဲ့အလုပ်က စံနှုန်းပြည့်မီနေတာကို စံနှုန်းမပြည့်မီဘူးလို့ ပြောတယ်။ အဲဒီညီအစ်မဟာ မတက်ကြွဘူး၊ ခိုကပ်တယ်၊ အလုပ်လုပ်ဖို့ ငြင်းဆန်တယ်လို့ အစောင့်က ပြောပြီး သူ့ကို အချုပ်ခန်းငယ်တစ်ခုထဲမှာ ထည့်၊ တွဲလောင်းဆွဲထားပြီး နှစ်ရက်ဆက်တိုက် ရိုက်နှက်ပြီး အပြစ်ပေးခဲ့တယ်။ အဲဒီနောက်မှာ သူ့ကို ထမင်းစားဆောင်က စင်မြင့်ပေါ်ကို ခေါ်လာပြီး လူတိုင်းရှေ့မှာ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ခိုင်းခဲ့တယ်။ ညီအစ်မရဲ့လက်ကောက်ဝတ်ပေါ်က လက်ထိတ်ရာတွေက တော်တော်နက်ပြီး အညိုအမည်းစွဲ နေတာကို မြင်လိုက်ရတဲ့အခါ ကျွန်မ ဒေါသထွက်ခဲ့တယ်။ ကျွန်မတို့ရဲ့ယုံကြည်ခြင်းကြောင့်ပဲ အဆင်းနီတဲ့ နဂါးကြီးက ကျွန်မတို့ကို ဖမ်းဆီးတယ်၊ သူတို့စိတ်တိုင်းကျ ရိုက်နှက်တယ်၊ အလုပ်ကြမ်းနဲ့ ပြန်လည်ပညာပေးရေးကို ပို့တယ်၊ ကျွန်မတို့ကို မရပ်မနား ညှဉ်းပန်းနှိပ်စက်ခဲ့တယ်။ သူတို့က ကျွန်မတို့ယုံကြည်သူတွေကို အသက်ရှင်ဖို့ အခွင့်အရေးနည်းနည်းလေးမှ မပေးခဲ့ဘူး။ အဲဒီအချိန်မှာပဲ “အမှောင်ထဲမှာရှိနေသူတွေ ထသင့်ပြီ။” လို့ခေါင်းစဉ်တပ်ထားတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ စဉ်းစားမိတယ်။

၁  နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သို့နားလည်နိုင်သနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော ရည်ရွယ်ချက်များကို နားလည်နိုင်သနည်း။

၂  ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူများကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ အမှုတော်ကို အဘယ်ကြောင့် ဖိနှိပ်ရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီး သတ်ဖြတ်သနည်း။ သင်တို့သည် ဘုရားသခင်၏ ကြွလာခြင်းကို အဘယ်ကြောင့် ငြင်းပယ်ကြသနည်း။ အဘယ်ကြောင့် သင်တို့သည် အလွန် လွန်လွန်ကဲကဲ ဖြစ်ကြသနည်း။ သင်တို့သည် ဤသို့သော မှောင်မိုက်သည့် လူ့အဖွဲ့အစည်းထဲတွင် မတရားမှုများကို ကြံ့ကြံ့ခံရန် လိုလားနေကြသလော။

ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ပုန်ကန်ခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)

စီစီပီက သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ရန်သူအဖြစ် သဘောထားတဲ့ မကောင်းဆိုးဝါးဖြစ်တယ်ဆိုတာကို ကျွန်မ သံသယမရှိဘဲ သေချာပေါက် မြင်ခဲ့ရတယ်။ ကျွန်မ စီစီပီကို လုံးဝပုန်ကန်ဖို့၊ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး အဆင်းနီတဲ့ နဂါးကြီးကို အရှက်ရစေဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မတို့ကို မျက်တောင်တုလုပ်ဖို့ တာဝန်ပေးခဲ့ပြီး ညတိုင်း အချိန်ပိုလုပ်ခဲ့ရတယ်။ အလုပ်ချိန်ကြာမြင့်တာကြောင့် ကျွန်မမျက်စိတွေ ဝါးလာပြီး ဇာဂနာကိုင်ရင်း လက်တွေ တုန်လာတယ်။ ကျွန်မက အစကတည်းက ကိုယ်ခံအားနည်းပြီး အရမ်းကို ပင်ပန်းနွမ်းနယ်တတ်တဲ့အတွက် ကျွန်မအခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာခဲ့တယ်။ ကျွန်မ ခဏခဏ ဖျားနာပေမဲ့ နေမကောင်းဖြစ်ရင်း အလုပ်ဆက်လုပ်ခဲ့ရတယ်။ အိမ်သာသွားတာတောင် ပြဿနာတစ်ခုပဲ၊ အကျဉ်းသားခေါင်းဆောင်က ကျွန်မကို တမင်သက်သက် အနိုင်ကျင့်ပြီး ကျွန်မ အကြာကြီးအောင့်ထားလို့ ငိုချလိုက်တော့မှ သွားခွင့်ပေးခဲ့တယ်။ ကျွန်မ စိတ်ဓာတ်ကျပြီး အရမ်းကို စိတ်ဆင်းရဲရတယ်လို့ ခံစားခဲ့ရပြီး အဲဒီနှစ်နှစ်ကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာ မသိခဲ့ဘူး။ တစ်ခါတလေ စိတ်မချမ်းမသာဖြစ်ပြီး ငိုချင်လာတယ်၊ တစ်ခါတလေဆို ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားမိတယ်။ အဲဒီအချိန်ကာလအတွင်းမှာ ကျွန်မ ဘုရားသခင်ဆီ ခဏခဏ ဆုတောင်းခဲ့ပြီး ကိုယ်တော့်နှုတ်ကပတ်တော် ဒီအပိုဒ်ကို ပြန်အမှတ်ရလိုက်တယ်။ “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် ဘုရားသခင်အား သူဆန္ဒရှိသလို စီစဉ်ညွှန်ကြားခွင့်ပြုရမည်ဖြစ်ပြီး သူ့အပေါ် စောဒကတက်မည့်အစား ကိုယ့်ဇာတိပကတိကိုယ် ကျိန်စာတိုက်ရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်သည် ဘုရားသခင်ကို ကျေနပ်စေရန် သင်ချစ်သည့်အရာကို စွန့်လွှတ်ရခြင်း၏ ဝေဒနာကို သည်းခံလိုစိတ်ရှိရမည်ဖြစ်ပြီး ခါးသီးစွာ ငိုကြွေးလိုစိတ်ရှိရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်းနှင့် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု အမှန်တကယ် မည်သို့ပင်ရှိစေကာမူ သင်တို့သည် ဒုက္ခဆင်းရဲခံရန် ဤစိတ်ပိုင်းဖြတ်ချက်နှင့် ဤစစ်မှန်သော ယုံကြည်ခြင်း နှစ်မျိုးလုံးကို ရှေးဦးစွာ ပိုင်ဆိုင်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို ပုန်ကန်ရန် စိတ်ပိုင်းဖြတ်ချက်လည်း ရှိရမည်။ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ ကိုယ်တိုင်ကိုယ်ကျ ဒုက္ခဆင်းရဲခံရန်နှင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားများ နစ်နာဆုံးရှုံးမှုကို ခံယူရန် လိုလိုလားလား ရှိရမည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်။ အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) အရင်တုန်းက ကျွန်မ ယောဘနဲ့ ပေတရုကို အတုယူဖို့ ဆန္ဒရှိတယ်၊ ကြုံတွေ့ရတဲ့စမ်းသပ်မှုတွေ ဘယ်လောက်ပဲ ဆိုးဝါးပါစေ ဘုရားသခင်ကို ကျေနပ်စေဖို့ ကျွန်မရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်မယ်လို့ ကျွန်မ ခဏခဏ ပြောခဲ့တယ်။ ဒါပေမဲ့ အခု ဒီအခြေအနေကို တကယ်တမ်း ရင်ဆိုင်ရတော့မှ ကျွန်မက ကြွေးကြော်သံတွေနဲ့ အယူဝါဒတွေကိုပဲ ရွတ်ဆိုနေခဲ့ပြီး ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံမှုမရှိဘူးဆိုတာကို သဘောပေါက်ခဲ့တယ်။ စာတန်က ကျွန်မကို ဘုရားသခင်ဆီက လမ်းလွဲပြီး ဘုရားသခင်ကို သစ္စာဖောက်အောင်လုပ်ဖို့ ကျွန်မရဲ့ဇာတိပကတိကို ညှဉ်းပန်းနေခဲ့တာ၊ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့လိုအပ်ချက်တွေကို ထုတ်ဖော်ဖို့နဲ့ ကျွန်မရဲ့ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို စုံလင်စေဖို့အတွက် ဒီခက်ခဲတဲ့ပတ်ဝန်းကျင်ကို အသုံးပြုနေခဲ့တာပဲ။ ကျွန်မ ဒီပတ်ဝန်းကျင်ကို တွေ့ကြုံခံစားဖို့ ဘုရားသခင်ကို အားကိုးရမယ်၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံရပါစေ ဘုရားသခင်ကို ကျေနပ်စေရမယ်။ ပတ်ဝန်းကျင်ကို ကျွန်မ ကျိုးနွံနာခံလိုက်တဲ့အခါ အဲဒီလောက်ကြီး သိပ်ပြီး ဆင်းရဲဒုက္ခရောက်တယ်လို့ မထင်တော့ဘူး။ နောက်ပိုင်းမှာ အလုပ်ကြမ်းစခန်းက ဆရာဝန်က ကျွန်မကို ကျန်းမာရေးစစ်ဆေးပေးပြီး ကျွန်မမှာ နှလုံးခုန်နှုန်း အရမ်းမြန်ပြီး နှလုံးရောဂါက ပြင်းထန်တယ်ဆိုတာ သိသွားတယ်။ အဲဒီနောက်မှာ အစောင့်က ကျွန်မကို အလုပ်ပိုမပေးတော့ဘူး။ ဒါဟာ ဘုရားသခင်က ကျွန်မအတွက် လမ်းဖွင့်ပေးနေတာပဲဆိုတာ သိလိုက်တယ်၊ ကျွန်မ ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့တယ်။ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ကျွန်မ တစ်နှစ်နဲ့ ဆယ်လကြာ အကျဉ်းထောင်ဘဝကို ဖြတ်သန်းခဲ့ရတယ်။

ကျွန်မရဲ့အတွေ့အကြုံကို ပြန်စဉ်းစားကြည့်တော့ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်တော့ဘူးလို့ ထင်မိတဲ့အခါတိုင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကပဲ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးပြီး အခက်အခဲတစ်ခုပြီးတစ်ခုကို ကျော်ဖြတ်ဖို့ လမ်းပြခဲ့တယ်။ ကျွန်မလို ကိုယ်ခံအားနည်းပြီး ရောဂါပေါင်းစုံ ခံစားနေရတဲ့သူတစ်ယောက်က အဆင်းနီတဲ့ နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကနေ လွတ်မြောက်ပြီး နတ်ဆိုးရဲ့အကျဉ်းထောင်ထဲကနေ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့တာဟာ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ မေတ္တာကြောင့်ပဲ ဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၂၉။ အသက်ကြီးသူပင်လျှင် သမ္မာတရားကို လိုက်စားရန် ကြိုးပမ်းသင့်သည်

နောက်တစ်ခုသို့- ၃၁။ ကျွန်မရဲ့ အစွမ်းအစကို ကျွန်မ မှန်မှန်ကန်ကန် သဘောထားနိုင်တယ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၂၃။ တိုက်ပွဲတစ်ခု

ဇန်ဟွေ တရုတ်ပြည်ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။