၉၈။ အခြားသူများကို အမြဲ ကျေနပ်စေခြင်းမှ ဖြစ်လာသည့်အရာ

ရှင်းချန် အမေရိကန်နိုင်ငံ

အသင်းတော်မှာ ဧဝံဂေလိအလုပ်ကို ကျွန်မ ကိုင်တွယ်ရတယ်။ အစ်မဝမ်နဲ့ ကျွန်မက အဖွဲ့ခေါင်းဆောင် အတူလုပ်ကြတယ်။ အစမှာ၊ အစ်မဝမ်က သူ့တာဝန်မှာ တက်ကြွပြီး၊ အလုပ်မှာ အတော်ထိရောက်တာ မြင်ရတယ်။ သူက ဝန်ထမ်းတဲ့ တာဝန်ယူတတ်တဲ့ လူတစ်ယောက်ပဲလို့ တွေးမိတယ်။ ဒါပေမဲ့ နည်းနည်းကြာတော့ သူ့တာဝန်မှာ အရမ်းမတက်မကြွဖြစ်တာ သတိထားမိတယ်။ အလုပ်မှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မပြောနဲ့၊ သတိပြုခဲတယ်။ အရင်က အလုပ်ကို ကျွန်မတို့ အကျဉ်းချုပ်ကြတဲ့အခါ အလုပ်မှာရှိတဲ့ ပြဿနာတွေ၊ သွေဖည်မှုတွေကို အကျဉ်းရုံးဖို့နဲ့ အဲဒါတွေကို ဖြေရှင်းရမဲ့ နည်းလမ်းတွေကို ဆွေးနွေးဖို့ ကျွန်မဆီ သူ အမြဲလာခဲ့တာလေ။ ဒါပေမဲ့ ဒီတစ်ခါတော့ တိတ်နေတယ်။ ပုံမှန်အားဖြင့် အဖွဲ့ထဲမှာ အလုပ်အများစုကို သူ ဝေမျှပြီး၊ ပြဿနာတွေက အချိန်မီ ပြေလည်သွားတယ်။ ဒါက ပြဿနာတွေကို ပိုဖြေရှင်းပေးပြီး အလုပ်ထိရောက်မှုကို တိုးတက်စေနိုင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့၊ အဖွဲ့ပြဿနာတွေကို အစ်မဝမ်က စိတ်နှစ်မထားဘူး။ ကျွန်မ တွေးမိတယ်။ “သူက အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်တွေကို ထမ်းဆောင်မနေဘူး။ ဒါလက်ခံနိုင်စရာမရှိဘူး၊ သူ့ကို ငါ မိတ်သဟာယပြုပေးရမယ်”လို့ပေါ့။ ဒါပေမဲ့ ပြန်တွေးမိတာက၊ “အစ်မဝန်နဲ့ ငါ့ ဆက်ဆံရေးက ပုံမှန်အားဖြင့် သိပ်ကောင်းတာ မဟုတ်ဘူး။ သူ့တာဝန်မှာ ပေါ့တဲ့ ဝန်တွေထမ်းပြီး တကယ့်အလုပ် လုပ်မနေတာကို ငါ တန်းပြောလိုက်ရင်၊ သူ စိတ်အနှောင့်အယှက် ဖြစ်သွားမလား။ ဒီလိုပြောလိုက်လို့ ချစ်ကြည်မှုကို ငါ နှောင့်ယှက်လိုက်မိရင်၊ နောက်ပိုင်းမှာ ငါတို့ ဘယ်လိုအဆင်ပြေကြမှာလဲ။ ထားလိုက်ပါ။ မစွန့်စားတာပဲ ပိုကောင်းပါတယ်။ သူ့ကို စိတ်မကောင်းမဖြစ်စေသင့်ဘူး”လို့။ အဲဒီတုန်းက၊ ကိုယ့်စိတ်ထဲမှာ ကျွန်မကိုယ်ကျွန်မ အမြဲ စွပ်စွဲနေမိတယ်။ “ဒီအတောအတွင်း အစ်မဝမ်ရဲ့ အခြေအနေက ဆိုးခဲ့တာ မဟုတ်လား။ ဒီလိုဆက်ဖြစ်ရင်၊ သူ့အသက်တာ ထိခိုက်ပြီး သူ့အလုပ်ကို သက်ရောက်မှာပဲ။ သူ့ကို ငါအမြန် မိတ်သဟာယ ပြုပေးသင့်တယ် မဟုတ်လား။ ဒါပေမဲ့ သူက ဝန်တာမထားဘူးလို့ တိုက်ရိုက် ထောက်ပြလိုက်ရင်၊ သူ စိတ်ကျဉ်းကျပ်ပြီး သူ့အလုပ်ကို ငါ စောင့်ကြည့်နေတယ်လို့ တွေးမလား။ ခေါင်းဆောင်ကိုပဲ ပြောပြီး အစ်မဝမ်ကို ကူညီခိုင်းသင့်တယ် ထင်တယ်။ အဲဒါဆိုရင် သူ့ကို ငါ စိတ်အနှောင့်အယှက်ပေးစရာ လိုမှာမဟုတ်ဘူး”လို့ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ခေါင်းဆောင်ကို ငါ ပြောပြပြီး အစ်မဝမ်က သိသွားရင်၊ သူ့ကို ငါ အတင်းပြောနေတယ်လို့ ပြောမလား။ မဖြစ်ဘူး၊ ဘာမှမပြောတာပဲ ပိုကောင်းတယ်”လို့ပေါ့။ ဒီလို တုံ့ပြန်လူးလာ တွေးပြီး အဲဒီကိစ္စကနေ ဘာသက်သာရာမှကို မရနိုင်ခဲ့ဘူး။ ကျွန်မအခြေအနေ မှားမှန်း သိလို့ သမ္မာတရားကို ရှာပြီး ကိုယ့်ပြဿနာကို ပြုပြင်အောင် ဦးဆောင်လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။

တစ်ခါ စုဝေးပွဲတစ်ခုမှာ၊ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေ တွေ့ခဲ့တယ်။ “သင်သည် ပြဿနာတစ်ခုကို တွေ့ပြီး ကြားဝင်ဆီးတားဖို့ မည်သည့်အရာမျှ မလုပ်သကဲ့သို့၊ ယင်းနှင့်ပတ်သက်၍ မိတ်သဟာယမပြုသလို၊ ယင်းကို ကန့်သတ်ရန် မကြိုးစားသည့်အခါ၊ ထို့အပြင် သင့်အထက်မှ လူများကို မတိုင်ကြားဘဲ ‘သဘောကောင်းသောလူ’ တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်သည့်အခါ၊ ယင်းမှာ သစ္စာမဲ့ခြင်း၏ လက္ခဏာဖြစ်သလော။ သဘောကောင်းသော လူများသည် ဘုရားသခင်ကို သစ္စာရှိသလော။ အနည်းငယ်မျှပင် သစ္စာမရှိပေ။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်ကို သစ္စာမရှိရုံသာမက၊ စာတန်၏ ကြံရာပါ၊ ၎င်း၏ အခြွေအရံနှင့် နောက်လိုက်အဖြစ် ပြုမူဆောင်ရွက်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်နှင့် ဝတ္တရားတို့တွင် သစ္စာမဲ့ကြသော်လည်း စာတန်အပေါ်မူ အတော်အတန် သစ္စာရှိကြသည်။ ဤနေရာ၌ ပြဿနာ၏ အနှစ်သာရ တည်ရှိပေသည်။ အတတ်ပညာဆိုင်ရာ မပြည့်စုံခြင်းနှင့် စပ်လျဉ်း၍၊ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် စဉ်ဆက်မပြတ် သင်ယူဖို့နှင့် သင်၏ အတွေ့အကြုံကို အတူတကွ ရယူဖို့မှာ ဖြစ်နိုင်၏။ ထိုသို့သော ပြဿနာများကို အလွယ်တကူ ဖြေရှင်း၍ ရသည်။ ဖြေရှင်းဖို့ အခက်ခဲဆုံးသော အရာမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့ ဖြစ်သည်။ သမ္မာတရားကို သင်မလိုက်စားဘဲ၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းဘဲ အစဉ်သဖြင့် သဘောကောင်းသူအဖြစ် သရုပ်ဆောင်နေပြီး၊ စည်းမျဉ်းများကို ချိုးဖောက်သည်ဟု သင်မြင်ခဲ့သောသူများကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိ၊ ကူညီနေလျှင်၊ ၎င်းတို့ကို ဖော်ထုတ်ခြင်း၊ ဖွင့်ပြခြင်းမရှိဘဲ တာဝန်မခံယူဘဲ အစဉ် နောက်ဆုတ်နေလျှင် ဤသို့သော သင်၏ တာဝန်ထမ်းဆောင်မှုသည် အသင်းတော်၏ အလုပ်ကို ထိခိုက်ပြီး နှောင့်နှေးခြင်းသာ ဖြစ်စေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်)လူတို့၏ အပြုအမူနှင့် အခြားလူတို့အပေါ် ဆက်ဆံခြင်းကို ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံရမည်။ ဤသည်မှာ လူသား၏ ပြုမူနေထိုင်ခြင်းအတွက် အခြေခံအကျဆုံး စည်းမျဉ်းဖြစ်သည်။ လူတို့သည် လူသား၏ ပြုမူနေထိုင်ခြင်း စည်းမျဉ်းများကို နားမလည်လျှင် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အနှစ်မရှိသော စကားလုံးများကို ပြောဆိုခြင်းနှင့် သတ်မှတ်ထားသော စကားစုများကို အာဂုံဆောင်ခြင်း မဟုတ်ပေ။ ဘဝတွင် မည်သည့်အရာကို တွေ့ကြုံရပါစေ လူသား၏ ပြုမူဆောင်ရွက်မှုဆိုင်ရာ အခြေခံစည်းမျဉ်းများ၊ ဖြစ်ရပ်များအပေါ် အမြင်များ၊ သို့မဟုတ် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းကိစ္စ ပါဝင်နေသရွေ့၊ ၎င်းတို့သည် ရွေးချယ်မှုတစ်ခု ပြုလုပ်ခြင်းကို ရင်ဆိုင်ရပြီး သမ္မာတရားကို ၎င်းတို့ လိုက်စားသင့်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲ၌ အခြေခံအကြောင်းရင်းနှင့် စည်းမျဉ်းတို့ကို ရှာဖွေသင့်သည်၊ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ၎င်းတို့ ရှာဖွေသင့်သည်။ ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည့် လူများသည် သမ္မာတရားကို လိုက်စားသူများဖြစ်သည်။ ဤနည်းအားဖြင့် သမ္မာတရားကို လိုက်စားနိုင်ခြင်းသည် မည်မျှကြီးမားသော အခက်အခဲဖြင့် ကြုံရပါစေ ပေတရု၏ လမ်းကြောင်းနှင့် သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဥပမာအနေဖြင့် အခြားသူများနှင့် ဆက်ဆံသည့်အခါ မည်သည့်စည်းမျဉ်းကို လိုက်နာသင့်သနည်း။ သင်၏ နဂိုမူလအမြင်က မည်သူ့ကိုမျှ စိတ်မကျေမနပ်ဖြစ်အောင် မလုပ်သင့်ဘဲ၊ နောင်အချိန်၌ လူတိုင်း ပလဲနံပသင့်စေရန်အတွက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားပြီး တစ်ဦးတစ်ယောက်ကို အရှက်ရစေရန် ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်သည်ဟူ၍ဖြစ်သည်။ ဤအမြင်၏ ကန့်သတ်မှုကို ခံရပြီး သင်သည် လူတစ်ယောက်က မကောင်းသည့်အရာ လုပ်သည်ကိုလည်းကောင်း၊ အမှားလုပ်သည်ကိုလည်းကောင်း၊ သို့မဟုတ် အခြေခံစည်းမျဉ်းများကို ဆန့်ကျင်သည့် လုပ်ရပ်တစ်ခုကို ကျူးလွန်သည်ကိုလည်းကောင်း မြင်တွေ့သောအခါ ထိုလူကို ထုတ်ပြောမည့်အစား ယင်းကို သင် သည်းညည်းခံမည် ဖြစ်သည်။ သင့်အမြင်၏ ကန့်သတ်ခြင်းကို ခံရပြီး တစ်ဦးတစ်ယောက်ကို စိတ်မကျေမနပ်ဖြစ်အောင် ပြုလုပ်ရမည်ကို သင်မကြိုက်ဘဲ ဖြစ်လာသည်။ သင်သည် မည်သူနှင့်ပူးပေါင်းသည်ဖြစ်စေ ဂုဏ်သိက္ခာ၊ ခံစားချက်များ သို့မဟုတ် နှစ်များစွာ အပြန်အလှန်ဆက်ဆံပြီးနောက် ကြီးထွားလာသော ခံစားချက်များနှင့်ပတ်သက်သော အတွေးများ၏ ဟန့်တားခြင်းကို ခံရကာ သင်သည် ထိုသူ ပျော်ရွှင်စေဖို့အတွက် အစဉ်သဖြင့် ကောင်းသောအရာများကိုသာ ပြောဆိုလိမ့်မည်။ ကျေနပ်ဖွယ်မရှိဟု သင်သဘောရသည့်အရာများ ရှိသောအခါတွင် သင်သည် သည်းခံခြင်းလည်း ရှိသည်။ တစ်ကိုယ်တည်း ဒေါသအနည်းငယ် ဖွင့်ထုတ်ကာ၊ ပြစ်တင်ရှုတ်ချသောစကား ပြောရုံမျှသာ ရှိသော်လည်း၊ ၎င်းတို့ကို ကိုယ်တိုင်တွေ့ဆုံသည့်အခါ၊ ၎င်းတို့ စိတ်ရှုပ်စေမည့်စကား တစ်ခွန်းမျှ မပြောဘဲ၊ ၎င်းတို့နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားဆဲဖြစ်သည်။ ဤသို့သော ပြုမူဆောင်ရွက်ပုံကို သင်မည်သို့ထင်မြင်သနည်း။ ဤသည်မှာ လူ့အကြိုက်လိုက်သူတစ်ယောက်နှင့် မသက်ဆိုင်သလော။ ဤသည်မှာ အတော်အတန် ယုံကြည်စိတ်ချ၍မရသည် မဟုတ်လော။ ယင်းသည် အပြုအမူဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်သည်။ ထို့ကြောင့် ဤသို့သောပုံစံဖြင့် ပြုမူခြင်းသည် မနိမ့်ကျသလော။ ဤသို့ပြုမူသောသူတို့သည် လူကောင်းများမဟုတ်သကဲ့သို့ မြင့်မြတ်ခြင်းလည်း မရှိကြပေ။ သင်မည်မျှ ဒုက္ခခံစားရပြီးပါစေ၊ သင်အဖိုးအခပေးဆပ်ပြီးဖြစ်ပါစေ အခြေခံစည်းမျဉ်းများမပါဝင်ဘဲ ပြုမူဆောင်ရွက်လျှင် သင်သည် ကျရှုံးခဲ့ပြီဖြစ်ပြီး ဘုရားသခင်ရှေ့တွင် လက်ခံမှုကို ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အမှတ်ရခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျေနပ်စေမည်လည်းမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်) လူတွေကြားက ဆက်ဆံရေးတွေဟာ အေးချမ်းဖို့ အမြဲလိုတယ်ဆိုတဲ့ လွဲမှားတဲ့ အမြင်ကို ကျွန်မ သိုထားနေခဲ့မိမှန်း ဘုရားနှုတ်ကပတ်တော်တွေက သတိပြုမိစေခဲ့တယ်။ တခြားလူတွေရဲ့ ပြဿနာတွေကို ကျွန်မ အမြဲ ထောက်ပြပြီး ဖော်ထုတ်ရင်၊ သူတို့ကို စိတ်အနှောင့်အယှက်ပေးပြီး သူတို့ မာနနဲ့ ဆက်ဆံရေးနှစ်ခုလုံးကို ထိခိုက်နာကျင်စေဖို့ များတယ်။ အဆင်ပြေဖို့ ဆက်စေမှာပဲ။ ဒီအမြင်နဲ့ ဘုရားနှုတ်ကပတ်တော်တွေကို နှိုင်းယဉ်ခြင်းအားဖြင့် အဲဒါ သမ္မာတရားနဲ့ မကိုက်သလို၊ လူတစ်ယောက်ဖြစ်ခြင်း စည်းမျဉ်းတွေကို ဆန့်ကျင့်တာ နောက်ဆုံးမှာ တွေ့ရတယ်။ ဒီလိုလူတွေက တစ်ကိုယ်ကောင်းဆန်၊ ဆိုးယုတ်၊ မယုံရသလို လှည့်ဖြားတတ်တယ်။ ဆက်ဆံရေးကောင်းတွေကို ထိန်းသိမ်းဖို့၊ တစ်ယောက်ယောက်မှာ ပြဿနာရှိတာ မြင်တဲ့ခါ ဘာမှမပြောကြဘူး။ မြှောက်လုံးပင့်လုံးနဲ့ ချီးမွမ်းတာပဲ လုပ်ကြတယ်။ သူတို့ ဆက်ဆံရေးတွေမှာ မစစ်မှန်ကြသလို၊ တကယ် မကူညီကြဘဲ၊ အဲဒါထက် လူတွေပေါ် ထိခိုက်နစ်နာမှု ဖြစ်စေကြတယ်။ ဒီလူတွေက ဘုရားအမြင်မှာ နိမ့်ကျသူတွေဖြစ်ပြီး သူတို့ကို လက်မခံဘူး။ အစ်မဝမ်ကို ကျွန်မ ဆက်ဆံခဲ့တဲ့အတိုင်းပေါ့။ သူ့တာဝန်မှာ ဝန်မထမ်းသလို တကယ့် အလုပ်မလုပ်တာကို ကျွန်မ ရှင်းရှင်း မြင်ခဲ့ပေမဲ့၊ သူ့ပြဿနာကို ထောက်ပြခြင်းအားဖြင့် သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ဘူး။ သူ့ပြဿနာတွေကို တိုင်ဖို့ သတ္တိတောင် မရှိခဲ့ဘူး။ ကျွန်မ စဉ်းစားခဲ့သမျှက အစ်မနဲ့ ကျွန်မရဲ့ ဆက်ဆံရေး ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာပဲ။ တစ်ယောက်ယောက်ရဲ့ ပြဿနာတွေကို ဖော်ထုတ်တာက သူတို့ကို စိတ်အနှောင့်အယှက်ပေးပြီး ခံစားချက် ထိခိုက်စေမယ်လို့ တွေးခဲ့တယ်။ အဲဒါက အလုပ်ကို သက်ရောက်မှုရှိနေတာ မြင်ခဲ့ပေမဲ့၊ ဇာတိပကတိကို ငြင်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဖို့ မလိုမလား ဖြစ်နေတုန်းပဲ။ ကျွန်မက လှည့်စားတတ်တဲ့ လူ့အကြိုက်လိုက်သူ ဖြစ်နေခဲ့တာပဲ။ အစ်မရဲ့ ပြဿနာကို ကျွန်မ သိခဲ့ပေမဲ့၊ မဖော်ထုတ်ခဲ့ဘူး။ ကျွန်မတို့ ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ပေမဲ့၊ အဲဒါက သူ့အသက်ဝင်ရောက်မှုအတွက် ဘာအကျိုးမှ မရှိခဲ့သလို၊ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကိုလည်း ထိခိုက်ခဲ့တယ်။ ဒါကိုလုပ်ခြင်းအားဖြင့်၊ တခြားလူတွေနဲ့ အသင်းတော်အလုပ်ကို ကျွန်မ ထိခိုက်နစ်နာစေတာပဲ။

အဲဒီနောက်မှာ လူတွေနဲ့ ဆက်ဆံခြင်းအတွက် ဘာစည်းမျဉ်းတွေ ဖြစ်သင့်လဲဆိုတာကို တွေးဆမိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ပြောတာ တွေ့ရတယ်၊ “သင်တို့သည် သမ္မာတရားအပေါ် အာရုံစိုက်ရမည်။ ထိုအခါမှသာ အသက်ထဲသို့ သင်တို့ ဝင်ရောက်နိုင်သည်။ အသက်သို့ သင်ဝင်ရောက်ပြီးမှသာ သူတစ်ပါးတို့ကို ပံ့ပိုးပေးပြီး ဦးဆောင်နိုင်သည်။ သူတစ်ပါးတို့၏ လုပ်ရပ်များသည် သမ္မာတရားနှင့် ကွဲလွဲသည်ဟု ရှာဖွေတွေ့ရှိရလျှင် ကျွန်ုပ်တို့သည် ၎င်းတို့ကို သမ္မာတရားအတွက် ကြိုးပမ်းရန် ချစ်ခင်စွာဖြင့် ကူညီရမည်။ သူတစ်ပါးတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အမှုအရာများအပေါ် ၎င်းတို့လုပ်ဆောင်သည့်ပုံစံ၌ အခြေခံသဘောတရားများရှိလျှင် ကျွန်ုပ်တို့သည် ၎င်းတို့ထံမှ သင်ယူပြီး အတုယူဖို့ ကြိုးစားသင့်သည်။ ဤသည်မှာ အပြန်အလှန် ချစ်ခြင်းတရားဖြစ်သည်။ ဤသည်မှာ အသင်းတော်တွင် သင်၌ရှိရမည့် သွင်ပြင်အခြေအနေမျိုး ဖြစ်သည်- လူတိုင်းက သမ္မာတရားကို အာရုံစိုက်ပြီး ယင်းကို ကြိုးပမ်းရရှိဖို့ အားထုတ်ကြသည်။ လူများသည် မည်မျှ ကြီးသည် ငယ်သည်က အရေးမကြီးပေ၊ သို့မဟုတ် ၎င်းတို့သည် ဝါရင့်ယုံကြည်သူများ ဟုတ်မဟုတ်ကလည်း အရေးမကြီးသကဲ့သို့၊ ၎င်းတို့၌ မြင့်မားသော အစွမ်းအစရှိခြင်း၊ သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိခြင်းကလည်း အရေးမကြီးပေ။ ဤအရာများသည် အရေးမကြီးပေ။ သမ္မာတရားရှေ့တွင် လူတိုင်းက တန်းတူဖြစ်သည်။ သင်ကြည့်ရမည့်အရာများမှာ မည်သူက မှန်ကန်စွာ၊ သမ္မာတရားနှင့် ကိုက်ညီစွာ စကားပြောကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သူက စဉ်းစားကြောင်း၊ ဘုရားအိမ်တော်၏အလုပ်၌ မည်သူက အကြီးမားဆုံးသော ဝန်ကို ထမ်းကြောင်း၊ မည်သူက သမ္မာတရားကို ပို၍ရှင်းလင်းစွာ နားလည်ကြောင်း၊ မည်သူက ဖြောင့်မတ်ခြင်း အသိစိတ်ကို မျှဝေကြောင်းနှင့် မည်သူက အဖိုးအခပေးဆပ်ဖို့ လိုလားကြောင်းတို့ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ ထောက်ပံ့ခြင်းခံရသင့်ပြီး ဩဘာပေးခြင်း ခံရသင့်သည်။ သမ္မာတရား လိုက်စားခြင်းမှ လာသည့် ဤတည်ကြည်သောစိတ်သည် အသင်းတော်၌ လွှမ်းမိုးရမည်။ ဤနည်းဖြင့် သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်က ကောင်းကြီးမင်္ဂလာများနှင့် လမ်းညွှန်ချက်တို့ကို ပေးအပ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ စိတ်နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်) အသင်းတော်မှာ သမ္မာတရား အုပ်စိုးတယ်။ အသင်းသားတွေ ဆက်ဆံတဲ့အခါ သမ္မာတရားကို သူတို့ရဲ့ ဦးစားပေးအနေနဲ့ ထားသင့်တယ်။ သမ္မာတရားဆီ ကြိုးပမ်းနိုင်အောင် စည်းမျဉ်းတွေကို ချိုးဖောက်တဲ့သူ ဘယ်သူမဆိုကို ချစ်ခင်စွာနဲ့ ပြောပြ၊ ကိုင်တွယ်ဖြေရှင်းပြီး ကူညီသင့်တယ်။ သမ္မာတရားနဲ့အညီ ပြောဆို၊ ဆောင်ရွက်သလို၊ ဖြောင့်မှန်ပြီး၊ အသင်းတော်အလုပ်ကို ကာကွယ်နိုင်သူ ဘယ်သူကိုမဆို ပံ့ပိုးပြီး ကာကွယ်ပေးသင့်တယ်။ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်တာကို လူတိုင်းက အာရုံစိုက်ပြီး အသင်းတော်မှာ သမ္မာတရား လိုက်စားတာ လွှမ်းမိုးခွင့်ပေးမှသာ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အလုပ်ကို လုပ်နိုင်တယ်။ ဒီကိစ္စတွေကို နားလည်တော့၊ ကျွန်မ စိတ်နှလုံးတက်ကြွသွားပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ရှိခဲ့တယ်။ ဘုရားကို ယုံကြည်သူတိုင်းက သူတို့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး ဘုရားမေတ္တာ တကယ် ပြန်ပေးဆပ်ချင်ပုံကိုလည်း တွေးမိတယ်။ ဒါပေမဲ့ ဘယ်သူကမှ သူတို့တာဝန်မှာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ချို့တဲ့မှုတွေ ပြသမိတာကို မရှောင်ရှားနိုင်ဘူး။ ဒါနဲ့ပတ်သက်လို့ ညီအစ်ကို မောင်နှမတွေက အချင်းချင်း ကူညီပြီး အမှန်ပြင်ပေးရမယ်။ တခြားလူတွေရဲ့ ပြဿနာတွေကို ထောက်ပြ၊ ဖော်ထုတ်တာက သူတို့ကို စိတ်အနှောင့်အယှက်ပေးဖို့မဟုတ်သလို၊ တိုက်ခိုက်ဖို့ မဟုတ်ဘူး၊ အဲဒါက သူတို့ ပြဿနာတွေကို ကူနားလည်စေဖို့နဲ့ မမှန်တဲ့ သူတို့ အခြေအနေကို ပြောင်းပြန်လှန်ဖို့ပဲ။ ဒါကသာ စစ်မှန်တဲ့ မေတ္တာဖြစ်ပြီး အပြန်အလှန် မေတ္တာရဲ့ ဖော်ပြချက်ပဲ။ အသင်းတော်ရဲ့ အလုပ်ကို ကာကွယ်ဖို့ပဲ။ ဆန့်ကျင်ဘက်အနေနဲ့၊ တခြားလူတွေရဲ့ ပြဿနာတွေကို မြင်ပေမဲ့ ကိုယ့်နှုတ်ကို ပိတ်ထားရင်၊ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ စာတန်ရဲ့ အတွေးအခေါ်ကို ဆောင်ရွက်နေရင်၊ ဒါက လူတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ အသင်းတော်အလုပ်အပေါ် တာဝန်မဲ့တာပဲ။ ဒီလိုအသက်ရှင်တာ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့တယ်။ အစ်မဝမ်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို တွေးမိတယ်။ သူ့တာဝန်မှာရှိတဲ့ ပြဿနာတွေကို မြင်ခဲ့ပေမဲ့ ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့ပဲ ပူပန်ပြီး၊ သူ့အသက်ဝင်ရောက်မှုကိုရော အသင်းတော်အလုပ်ကိုပါ မစဉ်းစားခဲ့လို့ တကယ့် အကူအညီ ဘာတစ်ခုမှ ကျွန်မ မပေးခဲ့ဘူး။ တကယ်ကို တစ်ကိုယ်ကောင်းဆန်၊ ယုတ်ညံ့ပြီး လူ့သဘာဝမရှိခဲ့တာ။ ဒီအချိန်မှာ အပြစ်တင်မှုနဲ့ ကျွန်မ ပြည့်သွားခဲ့သလို၊ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ပြီး၊ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ကျွန်မအစ်မကို ဆက်ဆံဖို့ လိုလားခဲ့တယ်။

နောက်ပိုင်းမှာ အစ်မဝမ်ဆီ သွားဖွင့်ပြောပြီး မိတ်သဟာယပြုခဲ့တယ်။ ကျွန်မတွေ့ခဲ့တဲ့ ပြဿနာတွေကို တစ်ခုချင်း ပြောပြခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီးတော့ သူ တကယ် တို့ထိခံခဲ့ရပြီး၊ သူ့အခြေအနေက ခုတလော တကယ်ဆိုးပြီး ဆုတောင်းတဲ့ အတောအတွင်းမှာတောင် ဘာမှပြောစရာ မရှိခဲ့ဘူးလို့ ပြောတယ်။ ဒါကိုကြားတော့ ကျွန်မ အံ့အားသင့်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ သူ့ကို စောစော ထောက်ပြပြီး ကူညီခဲ့ရင်၊ သူ့ရဲ့ မမှန်တဲ့ အခြေအနေကို သူ ပြောင်းပြန်လှန်ပြီး အဲဒါက သူ့တာဝန်မှာကို သက်ရောက်ခဲ့မှာ မဟုတ်ဘူးလေ။ အစ်မနဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို ထိန်းသိန်းဖို့သက်သက်အတွက် သမ္မာတရားကို လက်တွေ့မလုပ်သလို လူ့အကြိုက်လိုက်သူအနေနဲ့ ပြုမူတာက သူ့ကို ထိခိုက်နစ်နာစေခဲ့ပုံကို တွေ့ခဲ့ရတယ်။ ဒါကြောင့် ဘုရားဆီ ဆုတောင်းပြီး၊ နောင် လူတွေနဲ့ ဆက်ဆံရေးတွေမှာ သမ္မာတရား လက်တွေ့လုပ်တာကို အာရုံစိုက်မယ်၊ ပြဿနာတစ်ခု ရှာတွေ့ရင် လူ့အကြိုက်လိုက်သူ ဖြစ်တာထက် ချက်ချင်း ထောက်ပြပြီး ကူညီမယ်လို့ စိတ်ဆုံးဖြတ်ခဲ့တယ်။

အဲဒီအချိန်ကစပြီး၊ အစ်မဝမ်က သူ့တာဝန်မှာ ပိုတက်ကြွခဲ့တယ်။ ဒါပေမဲ့ နည်းနည်းကြာတော့၊ သူ့အလုပ်တာ စည်းမျဉ်းတွေကို မကြာခဏ ချိုးဖောက်တာ သတိထားမိတယ်။ တစ်ယောက်ယောက်က မကောင်းတဲ့ လူ့သဘာဝရှိပြီး ဧဝံဂေလိ ဝေမျှတဲ့ စည်းမျဉ်းနဲ့ မကိုက်ရင်၊ သူက အချည်းနှီး အားထုတ်ရင်းနဲ့ သူတို့ကို ဧဝံဂေလိ ဝေမျှနေတုန်းပဲ။ ကျွန်မ ဇဝေဇဝါ ဖြစ်သွားတယ်။ အစ်မဝမ်က ဧဝံဂေလိ ဖြန့်တာ အရမ်းကြာပြီလေ။ စည်းမျဉ်းရဲ့ သွင်ပြင်တိုင်းကို သူ ပိုသဘောပေါက်သင့်တာ။ အဲဒီလို သိသာတဲ့ အမှားကို ဘာလို့ သူ လုပ်နိုင်ရတာလဲ။ သူ့အခြေအနေက မပြောင်းလဲသေးဘူးလား။ သူ့ကို သတိပေးသင့်တယ် ထင်တယ်ပေါ့။ ဒါပေမဲ့ နောက်တော့တွေးမိတယ်။ “သူ့ကို အရင်က ကူညီပြီးသားပဲလေ။ အမြဲ အမှန်ပြင်ပေးနေဖို့ မလိုပါဘူး။ ဒါက အရမ်းကသိကအောက်ဖြစ်စရာပဲ။ သူ့ကို အမြဲ အမှန်ပြင်နေရင်၊ ငါက မာနထောင်လွှားတဲ့လူဖြစ်တယ်၊ အမြဲ တခြားလူတွေရဲ့ ပြဿနာတွေကို ချစ်တီးခေါင်းသန်းရှာ လုပ်နေတယ်၊ ငါ အရမ်း တောင်းဆိုလွန်းတယ်လို့ ထင်မလား။ အဲဒါ ငါ့ပုံရိပ်အတွက် ကောင်းမှာ မဟုတ်ဘူး။ အဲဒီအတိုင်း ထားလိုက်သင့်တယ်”လို့ပေါ့။ ဒီတော့ အဲဒီလိုနဲ့ပဲ အစ်မဝမ်ရဲ့ အခြေအနေက သူ့တာဝန် အတောအတွင်း မမှန်တာ တွေ့ခဲ့ပေမဲ့ မသိကျိုးကျွန်ပြုတုန်းပဲဖြစ်ပြီး သူ့ကို ထောက်မပြ၊ မကူညီခဲ့ဘူး။ အချိန်အတော်ကြာသွားပြီး၊ အစ်မဝမ်က သူ့တာဝန်တွေမှာ အချိန်အတော်ကြာ ပေါ့တန်ပြီး မထိရောက်ခဲ့လို့ အထုတ်ခံခဲ့ရတယ်။ ကျွန်မ အရမ်းအပြစ်ရှိတဲ့ စိတ်ခံစားရတယ်။ အစ်မရဲ့ တာဝန်မှာ ပြဿနာတွေရှိတာကို ရှင်းရှင်း မြင်ခဲ့ပေမဲ့ ကျွန်မ အလေးဂရုမပြုခဲ့ဘူး။ မသိကျိုးကျွန်ပြုပြီး သူ့ကို အသိပေး၊ ကူညီဖို့ ဘာမှ မလုပ်ခဲ့ဘူး။ အခု သူ အထုတ်ခံလိုက်ရပြီဆိုတော့၊ ကျွန်မလည်း တာဝန်ရှိတာ မဟုတ်လား။ ကျွန်မ စိတ်ဆင်းရဲပြီး ဘာလုပ်ရမှန်း မသိဘူး။ ဘာလို့ ကျွန်မက အမြဲ လူ့အကြိုက်လိုက်သူ ဖြစ်ပြီး သမ္မာတရားကို လုပ်နိုင်စွမ်းမရှိရတာလဲ။ ဒီပြဿနာရဲ့ ရင်းမြစ်က ဘာလဲပေါ့။

သုံးသပ်၊ ရှာဖွေရင်းနဲ့၊ ဘုရားနှုတ်ကပတ်တော် ပြောတာ တွေ့ရတယ်။ “‘မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏’ ဆိုသော ရှင်သန်ရေး အတွေးအခေါ် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ ခင်မင်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ ဂုဏ်သိက္ခာကို မထိခိုက်သို့မဟုတ် အားနည်းချက်များကို မဖော်ထုတ်သည့် စည်းမျဉ်းများကို ထိန်းသိမ်းသင့်သည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အချင်းချင်း လှည့်စားရမည်ဖြစ်သည်။ အချင်းချင်း ဖုံးကွယ်ရမည်ဖြစ်သည်။ အချင်းချင်း လျှို့ဝှက်ကြံစည်မှုပြုလုပ်ရမည်ဖြစ်သည်။ အခြားလူမှာ မည်သို့သောသူမျိုးဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ၊ မိမိတို့၏ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန် ဉာဏ်များသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးများကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများကျရောက်စေခြင်းဖြစ်သည်ဟု ဆိုလိုပေမည်။ သင်သည် လူတစ်ယောက်၏ အမှားများကို ဖော်ထုတ်ပြီးနောက်၊ သို့မဟုတ် သူ့ကို နာကျင်စေပြီး သူသည် သင်၏ရန်သူဖြစ်လာပြီးနောက်တွင် သူသည် သင့်အား မည်သည့်ပုံစံဖြင့် ထိခိုက်စေမည်ကို သင်မသိသကဲ့သို့၊ ဤသို့သောအခြေအနေသို့ သင် မကျရောက်လိုသောကြောင့် ‘လုံးဝ အထိနာအောင်မလုပ်နှင့်။ အံ့အားသင့်အောင်မလုပ်နှင့်’ ဟုဆိုသည့် ရှင်သန်ရေး အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချသည်။ ဤအရာအရ၊ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) ၎င်းတို့သည် အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံလူမှုဆက်ဆံရေးတစ်ခုမဟုတ်သလော။ (ဟုတ်သည်။) ဤသို့သော လူမှုဆက်ဆံရေးများတွင် လူတို့သည် ၎င်းတို့၏ ခံစားချက်များကို မပြနိုင်သကဲ့သို့ လေးနက်သော အပြန်အလှန်ဖလှယ်ခြင်းများလည်း မရှိနိုင်ပေ။ ၎င်းတို့နှစ်သက်သည့် မည်သည့်အရာကိုမျှ မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို မပြောဆိုနိုင်ပေ။ ထိုအစား သူတစ်ပါးတို့ကို မနာကျင်စေရန်အတွက် ကြားကောင်းသောစကားများကို ရွေးချယ်ကြသည်။ ရန်သူများဖြစ်အောင် မပြုလုပ်လိုကြပေ။ ဤအရာ၏ ရည်ရွယ်ချက်မှာ မိမိအနီးရှိလူများကို ခြိမ်းခြောက်မှုမဖြစ်စေရန် ထိန်းသိမ်းဖို့ဖြစ်သည်။ မည်သူကမျှ ၎င်းတို့ကို မခြိမ်းခြောက်နေသောအခါ ၎င်းတို့သည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်နေကြသည် မဟုတ်လော။ ဤသည်မှာ ‘လုံးဝ အထိနာအောင်မလုပ်နှင့်။ အံ့အားသင့်အောင်မလုပ်နှင့်’ ဆိုသည့်စကားကို အားပေးဖို့ လူတို့၏ ပန်းတိုင်မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော ခုခံကာကွယ်ခြင်း အရိပ်လက္ခဏာရှိသော ကောက်ကျစ်လှည့်စားသည့် ဖြစ်တည်မှုနည်းလမ်းတစ်ခုဖြစ်သည်မှာ ရှင်းသည်။ ဤသို့အသက်ရှင်သောသူများသည် ယုံကြည်ရသူ မရှိပေ။ မည်သည့်အရာကိုမဆို ပြောဆိုနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ ၎င်းတို့သည် အချင်းချင်း ခုခံကာကွယ်ကြသည်။ တွက်ချက်ပြီး နည်းဗျူဟာရှိကြသည်။ တစ်ဦးချင်းက ဤဆက်ဆံရေးမှ လိုအပ်သည့်အရာကို ယူဆောင်ကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် ‘လုံးဝ အထိနာအောင်မလုပ်နှင့်။ အံ့အားသင့်အောင်မလုပ်နှင့်’ ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် ခံယူသည့် နည်းပညာနှင့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၈))လူသား၏ ဆိုးယုတ်သော သဘာဝတွင် အတွေးအခေါ် အမြောက်အမြား ပါဝင်သည်။ သင်သည် တစ်ခါတစ်ရံ သင်ကိုယ်တိုင် ယင်းတို့ကို သတိပင်မထားမိသကဲ့သို့ နားမလည်ပေ၊ သို့သော် သင့်ဘဝ၏ တဒင်္ဂတိုင်းသည် ယင်းတို့အပေါ် အခြေခံလေသည်။ ထို့အပြင် ဤအတွေးအခေါ်များမှာ အတော်အတန် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်ကာ လုံးဝ မမှားယွင်းဟု သင်ထင်သည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်များသည် လူတို့၏ သဘာဝ ဖြစ်လာကြောင်း၊ လူတို့သည် ထိုအရာများအတိုင်း လုံးဝ အသက်ရှင်နေထိုင်ပြီး ဤအသက်ရှင်နေထိုင်နည်းက ကောင်းသည်ဟု ထင်မြင်ကြကြောင်း၊ နောင်တရသည့်စိတ် လုံးဝမရှိကြကြောင်းတို့ကို ပြရန် လုံလောက်သည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကို စဉ်ဆက်မပြတ် ထုတ်ဖော်နေကြပြီး၊ ကဏ္ဍအားလုံးတွင် ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များအားဖြင့် ဆက်လက် အသက်ရှင်ကြလေသည်။ စာတန်၏ သဘာဝသည် လူသားမျိုးနွယ်၏ အသက်ဖြစ်ပြီး ယင်းသည် လူသားမျိုးနွယ်၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြမှုကတစ်ဆင့် နားလည်ခဲ့တယ်။ ကျွန်မ လူ့အကြိုက်လိုက်သူ မဖြစ်ပဲမနေနိုင်ရတဲ့ အကြောင်းရင်းက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို အရမ်းခံခဲ့ရလို့ပဲ။ “လူတွေကို ခါးအောက်ပိုင်း ဘယ်တော့မှ မထိနဲ့” ဆိုတာနဲ့ “မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” စတဲ့ စာတန်ရဲ့ အတွေးအခေါ်၊ ဥပဒေသတွေနဲ့ ကျွန်မ စိတ်နှလုံးပြည့်ခဲ့တယ်။ ဒီအရာတွေက ကျွန်မအသက်ရှင်တဲ့ ကျင့်ဝတ်စည်းကမ်းတွေဖြစ်လာခဲ့တယ်။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေရဲ့ အမိန့်အောက်မှာ၊ ကိုယ့်စကား၊ လုပ်ရပ်နဲ့ လူတွေကို စိတ်အနှောင့်အယှက်မဖြစ်စေတာ၊ ဆက်ဆံရေးကောင်း ထိန်းသိမ်းပြီး ချစ်ကြည်မှု ထိန်းသိမ်းတာက အမြော်အမြင်ရှိတဲ့ အသက်ရှင်နည်းပဲလို့ တွေးခဲ့တယ်။ ဒါကြောင့် အစ်မဝမ်က သူ့တာဝန်မှာ ပေါ့ဆပြီး စည်းမျဉ်းတွေ ချိုးဖောက်နေတာ၊ အဲဒါက အလုပ်ကို ထိခိုက်နှင့်နေပြီးသားဖြစ်တာကို မြင်ခဲ့ပေမဲ့၊ သူ့ကို ဖော်ထုတ်၊ ပြုပြင်ဖို့ မလိုမလားဖြစ်နေခဲ့တယ်။ ကိုယ့်ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ဧဝံဂေလိအလုပ်ကို ထိခိုက်ခွင့်ပေးတာကို ပိုနှစ်သက်ခဲ့တယ်။ စာတန်ရဲ့ အတွေးအခေါ်တွေနဲ့ တင်းတင်း ကျပ်ကျပ် ချည်နှောင်ခံခဲ့ရတာပဲ။ သမ္မာတရားကို လက်တွေ့မလုပ်နိုင်ခဲ့သလို၊ အသိစိတ် ဆင်ခြင်တုံတရားတစ်စက်မှ မရှိခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောတာ တွေ့ရတယ်။ “ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော ခုခံကာကွယ်ခြင်း အရိပ်လက္ခဏာရှိသော ကောက်ကျစ်လှည့်စားသည့် ဖြစ်တည်မှုနည်းလမ်းတစ်ခုဖြစ်သည်မှာ ရှင်းသည်။” ကျွန်မ အရမ်းလှုံ့ဆော်ခံခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ထိမိပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်ချိန်မှာရှိတဲ့ ကျွန်မရဲ့ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်တွေကို ဖော်ထုတ်ခဲ့တယ်။ အရင်က၊ ဟိတ်ဟန်နဲ့ တွေးခဲ့တယ်။ ကိုယ့်အစ်မကို အမှန်မပြင်ပေးတဲ့ အကြောင်းရင်းက သူ စိတ်ကျဉ်းကျပ်မှာစိုးလို့ပဲလို့ပေါ့။ ဒါပေမဲ့ တကယ်တော့ ကျွန်မအတွက် သမ္မာတရားကို လက်တွေ့မလုပ်ဖို့ ဆင်ခြေတစ်ခုသက်သက်ပါပဲ။ သူ့ကို မကြာခဏ အရမ်း အမှန်ပြင်ပေးရင်၊ သူ စိတ်အနှောင့်အယှက်ဖြစ်ပြီး ကျွန်မက ချစ်တီးခေါင်းသန်းရှာပြီး လူတွေကို မျှမျှတတ မဆက်ဆံနိုင်တဲ့ မာနထောင်လွှားတဲ့ လူတစ်ယောက်ပဲလို့ တွေးမှာကို ကြောက်ခဲ့တယ်။ အစ်မ အထင်အမြင်ကောင်းအောင်လို့ သူ့ကို ဖောက်ပြန်ပျက်စီးခြင်းထဲမှာ အမြဲ အသက်ရှင်စေပြီး ကိုယ့်ကိုယ်ကိုယ် သိစိတ်မရှိဖြစ်စေရင်းနဲ့ သူ့ပြဿနာတွေကို ကျွန်မ မသိကျိုးကျွံပြုခဲ့တယ်။ ကျွန်မက တခြားလူတွေနဲ့ ဆက်ဆံရေးမှာ မဖြောင့်မှန်ခဲ့ဘူး၊ အားလုံးက ပုံပန်းအတုနဲ့ လှည့်ကွက်တွေပဲ။ အရမ်းကို မယုံရတဲ့သူဖြစ်ခဲ့ပြီး လှည့်ဖြားတတ်ခဲ့တယ်။ တာဝန်တွေမှာ အစ်မဝမ်နဲ့ တွဲဖက်တဲ့အခါ၊ လက်တွေ့လုပ်သင့်တဲ့ သမ္မာတရားကို လက်တွေ့မလုပ်သလို ဖြည့်ဆည်းရမဲ့ တာဝန်ကို မဖြည့်ဆည်းခဲ့ပုံကို ကျွန်မ ပြန်တွေးမိတယ်။ အခု သူ အထုတ်ခံရပြီး ကျွန်မက နောင်တနဲ့ ကျန်ခဲ့တယ်။ စာတန်ရဲ့ အတွေးအခေါ်တွေအတိုင်း အသက်ရှင်ခြင်းက တခြားလူနဲ့ ကိုယ်တိုင်ကို တကယ် နာကျင်စေပုံကို ကျွန်မ တွေ့ကြုံခဲ့ရတယ်။ အစ်မဘဝက ယုတ်ညံ့ပြီး ရှုတ်ချပြစ်တင်ထိုက်တာပဲ။ အဲဒါတွေအတိုင်း ကျွန်မ အသက်မရှင်ချင်တော့ဘူး။ ကျွန်မ သမ္မာတရားကို ရှာပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်တယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေ ပြောတာ တွေ့တယ်။ “အနည်းငယ်ပို၍ အသေးစိတ်ပြောရလျှင် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် ရိုးရှင်းပွင့်လင်းသော၊ မိမိကိုယ်ကို ကွယ်ဝှက်ခြင်း၊ ပုန်းကွယ်ခြင်းမရှိသောသူ၊ မလိမ်ညာသောသူ၊ သွယ်ဝိုက်၍ မပြောဆိုသောသူ၊ တဲ့တိုးပြောတတ်သူ၊ တရားမျှတမှုရှိပြီး ရိုးသားစွာ ပြောဆိုသောသူတစ်ယောက်ဖြစ်ခြင်း ဖြစ်သည်။ ဤသည်မှာ လုပ်ဆောင်ရန် လိုအပ်သည့် ပထမဆုံးသောအရာဖြစ်သည်။...လှည့်စားတတ်သောသူများသည် ဘုရားသခင် အရွံရှာဆုံးဖြစ်သောသူများ ဖြစ်သည်။ စာတန်၏ လွှမ်းမိုးမှုကို စွန့်ပယ်ပြီး ကယ်တင်ခြင်းခံရလိုလျှင် သမ္မာတရားကို လက်ခံရမည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၊ မှန်ကန်၊ စစ်မှန်သောအရာများကို ပြောခြင်း၊ စိတ်ခံစားချက်၏ ကန့်သတ်ခြင်းကို မခံရခြင်း၊ သင့်ထံမှ ဟန်ဆောင်မှု၊ လှည်စားမှုတို့ကို ဖယ်ရှားခြင်း၊ စည်းမျဉ်းနှင့်အညီ ပြောဆိုပြုမူခြင်းတို့ကို စတင်လုပ်ဆောင်ရမည်။ ဤသို့အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး ပျော်ရွှင်သည်။ ဘုရားသခင်ရှေ့တွင် သင် အသက်ရှင်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်)ငါ၏နိုင်ငံတော်သည် ရိုးသားသူများ၊ သူတော်ကောင်း အယောင်မဆောင်သောသူများ သို့မဟုတ် မလှည့်ဖြားသောသူများကို လိုအပ်ပေသည်။ စိတ်ရင်းမှန်ပြီး ရိုးသားသောသူတို့သည် ကမ္ဘာလောကတွင် လူကြိုက်နည်းသည် မဟုတ်လော။ ငါသည် တကယ့်ကို ဆန့်ကျင်ဘက် ဖြစ်၏။ ရိုးသားသူများ ငါ့ထံသို့လာရန်မှာ လက်ခံနိုင်ဖွယ် ဖြစ်သည်။ ငါသည် ဤလူစားမျိုးကို အထူးနှစ်သက်သကဲ့သို့ ဤလူစားမျိုးကို ငါသည် လိုလည်းလိုအပ်၏။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း အတိအကျ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၃)) ဖြူစင်၊ တည်ကြည်ပြီး ရိုးသားသူတွေ၊ သူတို့ စကားနဲ့ လုပ်ရပ်တွေမှာ ဖြောင့်မတ်နိုင်ပြီး မလှည့်စားတတ်သူတွေကို ဘုရားက နှစ်သက်မှန်း ဘုရားနှုတ်ကပတ်တော်တွေက နားလည်စေတယ်။ ရိုးသားသူတွေပဲ ဘုရားနိုင်ငံတော်နဲ့ ထိုက်တန်တယ်။ ဒါကို ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဆုံးဖြတ်တာပါ။ မယုံကြည်သူတွေရဲ့ လောကမှာ ဆက်ဆံရေးတိုင်းက တင်ဆက်မှုဆန်ပုံကို တွေးကြည့်။ ကြားကောင်းပြီး မြှောင့်ပင့်တဲ့ စကားတွေကိုပဲ တခြားလူရှေ့မှာ ပြောကြတယ်။ ရိုးသားတဲ့ စကားတစ်ခွန်းမှ မရှိဘူး။ အသိစိတ်၊ လူ့ကျင့်ဝတ်နဲ့ ဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့ အရာတွေကို ရင်ဆိုင်ရာမှာ၊ လူအများစုက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ရွေးကြပြီး၊ မီးလောင်ရာလေပင့်တာမျိုး အကောင်းဆုံး ရှောင်ဖို့ တွေးကြတယ်။ ရိုးသားတဲ့ စကားတစ်ခွန်းကိုတောင် မပြောဝံ့ကြဘူး။ အထူးသဖြင့် သူတော်ကောင်း အယောင်ဆောင်ပြီး သစ္စာဖျက်ကြသလို၊ ဘာသိက္ခာ၊ အားမာန်မှ မရှိကြဘူး။ ဒါပေမဲ့ တခြားလူတွေနဲ့ ဆက်ဆံတဲ့အခါ၊ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို ကျွန်မလည်း လုပ်နေခဲ့တယ်။ ပြဿနာတွေ့တဲ့အခါ၊ မဖော်ထုတ် မကူညီဘူး။ တခြားလူတွေနဲ့ ကိုယ့်ဆက်ဆံရေးကိုပဲ ကာကွယ်ခဲ့တယ်။ ဒီလိုအသက်ရှင်တာက အရမ်း မယုံစရာဖြစ်ပြီး လှည့်စားတတ်တယ်။ ဘုရားက စက်ဆုပ်ပြီး မုန်းတယ်။ ဒီအချိန်မှာ ဘုရားက သန့်ရှင်းပြီး၊ ယုံကြည်စိတ်ချစရာ အနှစ်သာရရှိပုံကို ကျွန်မ တွေးမိတယ်။ လူ့ဇာတိခံ ဘုရားက စစ်မှန်တဲ့ နည်းလမ်းနဲ့ လူတွေနဲ့ ဆက်ဆံနေတယ်။ သူက သမ္မာတရားကို ဖော်ပြနေတယ်၊ တရားစီရင်ခြင်းပြုနေပြီး နေရာတိုင်း အချိန်တိုင်းမှာ လူတွေကို သူတို့ပြတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ဘုရားအပေါ် အယူအဆတွေနဲ့အညီ ဖော်ထုတ်နေတယ်။ အထူးသဖြင့်၊ တရားစီရင်၊ ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မတို့ ဖောက်ပြန်ပျက်စီးခြင်း ရင်းမြစ်နဲ့ အနှစ်သာရကို တိုက်ရိုက် စကားပြေတယ်။ သူ့စကားတွေက ပြင်းထန်ပြီး ကြမ်းတမ်းပေမဲ့၊ အားလုံးက ကျွန်မတို့ကို ကိုယ့်ကိုယ်ကိုယ် သိစေဖို့၊ နောင်တရ ပြောင်းလဲစေဖို့ပဲ။ ဘုရားနှုတ်ကပတ်တော်တွေက အားထားရပြီး၊ ပြတ်သားတယ်။ စိတ်နှလုံးက လာတဲ့စကားတွေပဲ။ ဘုရားက လူတွေပေါ် အထူးသဖြင့် ရိုးသားပြီး ယုံကြည်စိတ်ချရတဲ့ စိတ်နှလုံး ရှိတယ်။ ဘုရားက အဲဒါကို ကျွန်မတို့အတွက် ရှင်းရှင်း ဖော်ထုတ်၊ မပြောရင်၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို လူသားတွေ နက်နက်ရှိုင်းရှိုင်း ခံခဲ့ရပုံ သမ္မာတရားကို မဖော်ထုတ်ခဲ့ရင်၊ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် လုံးဝ သိကြမှာ မဟုတ်ဘူး။ အဲဒီအစား၊ ကျွန်မတို့ကောင်းတယ်လို့ တွေးရင်း၊ ကိုယ့်စိတ်ကူးထဲမှာပဲ အသက်ရှင်နေမိကြမှာ။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား လုံးဝ ပြောင်းလဲမှာ မဟုတ်သလို၊ ကယ်တင်ခြင်း လုံးဝ ရမှာမဟုတ်ဘူး။ သူ့ရဲ့ တရားစီရင်၊ ဖော်ထုတ်တဲ့ စကားတွေကတစ်ဆင့် ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို သတိပြုမိနိုင်ပြီး၊ ဘုရားဆီ နောင်တရနိုင်ကြမယ်၊ သူ့စကားတွေနဲ့ အသက်ရှင်ပြီး ရိုးသားသူဖြစ်ဖို့ ကြိုးစားနိုင်ကြမယ်လို့ မျှော်လင့်တယ်။ ဒါက လူတွေအပေါ် ဘုရားရဲ့ မေတ္တာပဲ။ ဒီအရာအားလုံးကို တွေးဆပြီးတော့၊ အရမ်း ခွန်အားရမိတယ်။ ဘုရားရဲ့ တောင်းဆိုချက်တွေကို လိုက်လျှောက်ပြီး ဖြူစင်၊ တည်ကြည်ပြီး ရိုးသားသူဖြစ်ဖို့ လိုလားတယ်လို့ စိတ်ဆုံးဖြတ်မိတယ်။

တစ်ခါ၊ ခေါင်းဆောင်၊ အစ်မယန်က ကျွန်မတို့နဲ့ အလုပ်ဆွေးနွေးနေတယ်။ သူတာဝန်ပေးတဲ့ အလုပ်မှာ သွေဖည်မှုရှိတာ ကျွန်မ သဘောပေါက်မိပြီး ထောက်ပြချင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ “ဒီအစ်မက ခေါင်းဆောင်ပဲ။ သူ့တာဝန်မှာရှိတဲ့ သတိမမူတာ၊ သွေဖည်တာကို ထောက်ပြလိုက်ရင်၊ သူ စိတ်အနှောင့်အယှက် ဖြစ်သွားမလား။ သူ့ကို အခက်တွေ့အောင် လုပ်နေတယ်လို့ သူ ထင်ပြီး၊ နောင်မှာ ငါ့ကို ကလဲ့စားချရင်၊ ဘယ်လိုလုပ်မလဲ။ ထားလိုက်ပါ၊ ဘာမှ မပြောသင့်ဘူး။ လူတိုင်းက အမှားလုပ်ကြတာပဲလေ”လို့ပေါ့။ ဒီအချိန်မှာ၊ လူ့အကြိုက်လိုက်တတ်တဲ့ ကျွန်မရဲ့ စိတ်အခြေအနေက ပြန်ပေါ်လာတာ သိလိုက်တယ်။ ဒါကြောင့် သမ္မာတရားရဲ့ စည်းမျဉ်းတွေကို လက်တွေ့လုပ်အောင် လမ်းပြဖို့ ဘုရားကို ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ၊ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရတယ်။ “‘သဘောကောင်းသော လူတစ်ဦး’ ၏ စိတ်ဓါတ်လှုံ့ဆော်မှုများနှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ အခြေအနေအားလုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အခြေခံသဘောတရာများကို လိုက်နာခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းရှိမည် မဟုတ်ချေ၊ ပြီးလျှင် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ကယ်တင်ခြင်းအတွက် အသနားခံရင်း၊ ဘုရားသခင်က သင့်ကို ခွန်အားပေး၍ သင့်အား အခြေခံသဘောတရားကို လိုက်နာနိုင်စေရန်၊ သင် လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်၊ အခြေခံ သဘောတရား အတိုင်း အမှုအရာများကို ကိုင်တွယ်နိုင်စေရန်၊ သင်၏အနေအထားအတိုင်း ရပ်တည်ခွင့်ပေးရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ဘုရားသခင်အိမ်တော်၏ အမှုတော်ဆီသို့ အန္တရာယ် ရောက်လာခွင့် မပေးရန်အတွက် တောင်းလျှောက်ရင်း ဆုတောင်းခြင်း၌ ဘုရားသခင်ကို သင် အော်ခေါ်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ ဂုဏ်သတင်း နှင့် ‘သဘောကောင်းသော လူတစ်ဦး’ နှင့်ဆိုင်သော ရှုထောင့်တို့ကို သင် စွန့်လွှတ်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီး လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ဒဿနတို့ဖြင့် အစဉ် အသက်ရှင်ပါက၊ အခြားသူများနှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းပြီး သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပါက၊ အခြေခံသဘောတရားအတိုင်း မလိုက်နာရဲပါက၊ သင်သည် အခြားကိစ္စရပ်များ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ သင်၌ မည်သည့်ယုံကြည်မှု၊ မည်သည့်ခွန်အားမျှ ရှိမည် မဟုတ်။ သင်သည် မည်သည့်အခါမျှ သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ သို့မဟုတ် လက်ခံနိုင်ခြင်း မရှိပါက၊ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းသည် သင့်ကို သမ္မာတရားရစေမည်လော။ (မရပါ။) ပြီးလျှင် သင်သည် သမ္မာတရားကို မရရှိနိုင်လျှင်၊ သင်သည် ကယ်တင်ခြင်း ခံရနိုင်သလော။ သင် မခံရနိုင်ပေ။ သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရား လုံးလုံး ကင်းမဲ့ပြီး စာတန်၏ဒဿနဖြင့် အစဉ် အသက်ရှင်ပါက၊ သင် မည်သည့်အခါမျှ ကယ်တင်မခံရနိုင်ပေ။ သမ္မာတရားကို ရရှိခြင်းသည် ကယ်တင်ခြင်းအတွက် လိုအပ်သည့် သတ်မှတ်ချက်တစ်ခု ဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိသင့်သည်။ သို့ဆိုလျှင် သင်သည် သမ္မာတရားကို မည်သို့ ကြိုးပမ်းရရှိသနည်း။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ သင်သည် သမ္မာတရားအားဖြင့် အသက်ရှင်နိုင်ကာ၊ သမ္မာတရားသည် သင့်အသက်တာ၏အခြေခံ ဖြစ်လာပါက၊ သင်သည် သမ္မာတရားကို ရရှိမည်ဖြစ်ပြီး အသက်ကို ရရှိမည်ဖြစ်သောကြောင့် သင်သည် ကယ်တင်ခြင်းခံရသည့် သူများထဲမှ တစ်ဦးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့၊ လူတွေက ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်ပြီး လူ့အကြိုက်လိုက်သူ အမြဲဖြစ်ကြရင်၊ သမ္မာတရားကို လုံးဝရမှာ မဟုတ်သလို၊ နောက်ဆုံးမှာ ကယ်တင်ခြင်းကို လုံးဝ ရမှာမဟုတ်မှန်း တွေ့ခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ၊ လူ့အကြိုက်လိုက်တဲ့ ပြဿနာကို ပြင်ချင်ရင်၊ ဆုအများကြီး တောင်းပြီး ဘုရားကို မှီခိုဖို့လိုတယ်၊ ခွန်အားအတွက် ဘုရားကို တောင်းလျှောက်ဖို့လိုတယ်၊ ဇာတိကို ငြင်းပယ်ဖို့၊ ကိုယ်ကျိုးစီးပွားတွေကို စွန့်ပြီး၊ အသင်းတော်အလုပ်ကို စဉ်းစားဖို့ လိုအပ်တယ်ဆိုတာ နားလည်ခဲ့တယ်။ ဒီလို မကြာခဏ လက်တွေ့လုပ်ပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ချုပ်နှောင်မှုတွေကို တဖြည်းဖြည်း အောင်မြင်နိုင်တယ်။ ကိုယ်က သမ္မာတရားကို အစဉ်အမြဲ လက်တွေ့မလုပ်နိုင်သလို၊ ကိုယ့်တာဝန်မှာ မဆက်ကပ်နိုင်ရင်၊ နောက်ဆုံးမှာ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမှာပဲ။ ဒီအတွေးနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဖို့ သတ္တိနဲ့ စိတ်လှုံ့ဆော်မှု ရှိခဲ့တယ်။ အသိစိတ်နဲ့ လူ့သဘာဝမရှိတဲ့ လူ့အကြိုက်လိုက်သူ ဆက်ပြီး ဖြစ်လို့မရတော့ဘူး။ ဒါကြောင့် ခေါင်းဆောင်ဆီ ပြဿနာကို ကျွန်မ တင်ပြလိုက်တယ်။ သူ့ကို ပြောပြပြီးတော့၊ ကျွန်မ အရမ်း စိတ်သက်သာရာရသွားတယ်။ နောက်ပိုင်း၊ စုဝေးပွဲတစ်ခုမှာ၊ ပြဿနာနဲ့ ရင်ဆိုင်ရပြီးတဲ့နောက် ခေါင်းဆောင်က သူ့သုံးသပ်ချက်တွေနဲ့ ရရှိတာတွေကို မိတ်သဟာယပြုခဲ့တယ်။ ကျွန်မအစ်မရဲ့ အတွေ့အကြုံနဲ့ အသိတရားရတာတွေအကြောင်း ကြားတော့ ကျွန်မ အရမ်းတို့ထိခံရပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ခြင်း ချိုမြိန်မှုကို မြည်းစမ်းခဲ့ရတယ်။ ဒီအတွေ့အကြုံကို ကြားရတာက သမ္မာတရားကို လက်တွေ့လုပ်ရာမှာ ကျွန်မရဲ့ ယုံကြည်ခြင်းကို တိုးစေခဲ့တယ်။ ဒါပြီးတော့ အလားတူ အခြေအနေတွေကို ကြုံရတဲ့အခါ၊ လူ့အကြိုက်လိုက်သူတွေရဲ့ အမြင်တွေကို မကြာခဏ ကျွန်မ ပြနေတုန်းပဲဖြစ်ပေမဲ့ ကျွန်မတွေ့ကြုံခဲ့ရတဲ့ နာကျင်မှုနဲ့ အခက်အခဲက အရင်ထက် နည်းသွားတယ်။ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိ ငြင်းနိုင်ခဲ့ပြီး သမ္မာတရားကို လက်တွေ့လုပ်နိုင်ခဲ့တယ်။ သမ္မာတရားကို ဒီလိုလက်တွေ့လုပ်ခြင်းအားဖြင့်၊ ကျွန်မ စိတ်နှလုံးက အရမ်းသက်သာပြီး အေးချမ်းခဲ့တယ်။ ဒီအကျိုးကို ရစေခဲ့တာ ဘုရားနှုတ်ကပတ်တော်တွေပါ။ ဘုရားကျေးဇူးတော်ပဲ။

အရှေ့သို့- ၉၆။ မနာလိုခြင်းမှ လွတ်မြောက်ခဲ့ပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။