၂၀။ ကျွန်မ၏ ယုံကြည်ခြင်းအပေါ် မိဘများ၏ ဆန့်ကျင်မှုကို ရင်ဆိုင်ခြင်း

ယန်မေ၊ တရုတ်ပြည်

၂၀၁၂ ခုနှစ်မှာ ဧဝံဂေလိဟောပြောနေတုန်း ရဲတွေရဲ့ ဖမ်းဆီးတာကို ကျွန်မ ခံခဲ့ရပါတယ်။ ရဲတွေက အသင်းတော်ခေါင်းဆောင်တွေ ဘယ်သူလဲ၊ စုဝေးပွဲနေရာတွေက ဘယ်မှာလဲဆိုပြီး ကျွန်မကို ရက်ရက်စက်စက် စစ်ဆေးမေးမြန်းပါတယ်။ ကျွန်မက မဖြေတဲ့အခါ သူတို့က ရိုက်နှက်ပြီး အကြာကြီး ချုပ်ထားပြီး စစ်ဆေးပါတယ်။ နောက်ဆုံးမှာ သူတို့လိုချင်တဲ့ သတင်းအချက်အလက် မရမှန်းသိတော့ ကျွန်မမိဘတွေကို လာခေါ်ခိုင်းပြီး သူတို့ကို ခြိမ်းခြောက်ပါတယ်။ “ဒီတစ်ခါတော့ သူ့ကို လွှတ်ပေးလိုက်မယ်။ ခင်ဗျားတို့ သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ရမယ်။ ဘုရား ထပ်မယုံခိုင်းနဲ့တော့။ သူသာ ဆက်ယုံလို့ ငါတို့ထပ်ဖမ်းမိရင် ထောင်ဒဏ်ချမှတ်ခံရမယ်၊ ခင်ဗျားတို့ပါ အရာရာ ဆုံးရှုံးပြီး မိသားစုပါ ပျက်စီးအောင် လုပ်ပစ်မယ်” လို့ ပြောလိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ မိဘတွေက ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို တားဆီးပိတ်ပင်လာပါတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော် ဖတ်မှာစိုးလို့ နေရာတကာ လိုက်ကြည့်တယ်။ ညဘက်ဆိုရင် ကျွန်မအခန်းမှာပါ လာအိပ်ပြီး ကျွန်မမှာ လွတ်လပ်ခွင့် လုံးဝမရှိတော့ပါဘူး။ တခြားဆွေမျိုးတွေကလည်း ကျွန်မကို နားမလည်ကြပါဘူး။ အသက်ကြီးပြီဖြစ်တဲ့ အဘွားက ကျွန်မ အဖမ်းခံရပြီး ထောင်ကျမှာကြောက်လို့ ဘုရားမယုံဖို့ ငိုပြီး လာတောင်းပန်ပါတယ်။ အဘိုးကလည်း မျက်နှာထားတင်းတင်းနဲ့ ကျွန်မကို လက်ညှိုးထိုးပြီး ပြောတယ်။ “နင့်လို ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ ဘုရားယုံရတာလဲ။ ဘုရားယုံလို့ အဖမ်းခံရပြီး ဒုစရိုက်မှတ်တမ်းပါ ရှိသွားပြီ။ ငါတို့အရှက်ကွဲရုံမကဘူး၊ တစ်မိသားစုလုံးပါ အမှုပတ်ကုန်ပြီ။ နင် ယုံကြည်တာကို စွန့်လွှတ်လိုက်တော့” တဲ့။ အဘိုးရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကိုကြည့်ပြီး ကျွန်မ တော်တော် မတရားသဖြင့် လုပ်တယ်လို့ ခံစားရပါတယ်။ စိတ်ထဲကနေ ပြန်ချေပမိတယ်၊ “ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတဲ့အရာပဲ၊ ပြီးတော့ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းတာပါ။ တိုင်းနိုင်ငံတိုင်းက လူကောင်းတွေက ဘုရားသခင်ကို ယုံကြည်ကြပါတယ်။ ဘာလို့ ကျွန်မကို နားမလည်ပေးကြတာလဲ။ ဘယ်လိုပဲ တားဆီးပိတ်ပင်ပါစေ၊ ဘုရားသခင်ကို ယုံကြည်တာကို ကျွန်မ စွန့်လွှတ်မှာ မဟုတ်ဘူး” လို့ပေါ့။

တစ်ညမှာ အမေက ကျွန်မအခန်းထဲကို ရုတ်တရက် ဝုန်းကနဲ ဝင်လာပြီး ကျွန်မရှေ့မှာ ဒူးထောက်ရင်း မျက်ရည်တွေနဲ့ ပြောရှာတယ်။ “ကျေးဇူးပြုပြီး ဘုရားကို မယုံကြည်ပါနဲ့တော့။ အမေတို့မှာ သမီးတစ်ယောက်တည်း ရှိတာပါ။ သမီးသာ ထပ်အဖမ်းခံရပြီး ထောင်ကျရင် ရဲတွေက အမေတို့ပိုက်ဆံတွေကို သိမ်းရုံမကဘူး၊ သမီးကိုလည်း နှိပ်စက်ကြမှာ။ သမီးသာ ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်သွားရင် ဒီမိသားစု ပျက်စီးသွားမှာ” တဲ့။ ကျွန်မ တော်တော် လန့်သွားပြီး အမေ့ကို အမြန်ဆွဲထူလိုက်ပါတယ်။ အမေ ရင်ကွဲပက်လက်ဖြစ်နေတာ မြင်တော့ ကျွန်မလည်း ငိုမိတယ်။ သူ့ကို ဘယ်လို ပြန်ပြောရမှန်း မသိဘူး။ အဖေက တစ်သက်လုံး အိမ်နဲ့ဝေးတဲ့နေရာမှာ အလုပ်လုပ်တော့ ကျွန်မကို ပင်ပင်ပန်းပန်းနဲ့ ပြုစုပျိုးထောင်ခဲ့တာ အမေပါ။ အခု ကျွန်မ အရွယ်ရောက်လာတာတောင် ကျေးဇူးမဆပ်ရသေးဘဲ အမေက ဒူးထောက်ပြီး တောင်းပန်နေရပြီ။ ကျွန်မက တော်တော်ကို သားသမီးဝတ်မကျေပွန်ဘူးလို့ ခံစားလိုက်ရတယ်။ ဒီအတွေးက ကျွန်မကို နည်းနည်း စိတ်အားလျော့စေတယ်။ “အမေက ဒူးထောက်ပြီး တောင်းပန်နေတာတောင် သူ့ခံစားချက်ကို ငါ ထည့်မတွက်ရင် သူ့ကို တကယ် စိတ်ထိခိုက်စေရာ မကျဘူးလား” လို့ပေါ့။ ကျွန်မ အရမ်း စိတ်ဆင်းရဲရတာနဲ့ ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ထိန်းမတ်ပေးပါလို့ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်ပါတယ်။ ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တွေကို သတိရလိုက်တယ်။ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ ဘာသာတရားမရှိသော ဆွေမျိုးများနှင့်ကြုံလျှင် စည်းမျဉ်းရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို သင် အမှီပြုရမည်ဖြစ်ပြီး စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ အောင်မြင်ခွင့် မပေးနှင့်။ သင်၏ စိတ်နှလုံးကို ငါ့ရှေ့မှောက်၌ ထားရှိရန် သင်၏ စွမ်းအားရှိသမျှကို အသုံးပြုလော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်၍ သင်၏ စိတ်နှလုံးအား ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ပေးမည်။ သင်သည် အခြားသူတို့ထံ မည်သို့ရှိသည်ကို ဂရုမစိုက်လင့်။ ငါ့ကို ကျေနပ်စေခြင်းသည် ပို၍ တန်ဖိုးရှိပြီး အရေးပါသည် မဟုတ်လော။ ယင်းသည် သင့်အား ထာဝရနှင့် တစ်သက်တာ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတို့ကို ထို့ထက်မက ဆောင်ကြဉ်းပေးမည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ဉာဏ်အလင်းပွင့်သွားစေပါတယ်။ အပေါ်ယံကြည့်ရင် အမေက ဒူးထောက်ပြီး တောင်းပန်နေတာလို ထင်ရပေမဲ့ ဒီနောက်ကွယ်မှာ စာတန်ရဲ့ ပရိယာယ်ရှိနေတာပါ။ စာတန်က ကျွန်မကို ဘုရားနောက်မလိုက်စေချင်ဘူး၊ ကယ်တင်ခြင်း မရစေချင်လို့ ကျွန်မကို စုံစမ်းသွေးဆောင်ပြီး တိုက်ခိုက်ဖို့ အမေ့ကို အသုံးပြုနေတာပါ။ ကျွန်မ ဘုရားကို သစ္စာဖောက်ပြီး ငရဲကျသွားအောင် ကြိုးစားနေတာ။ စာတန်ရဲ့ ပရိယာယ်ထဲ ကျွန်မ ကျသွားလို့မရဘူး။ စာတန် အရှက်ရသွားအောင် ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ဒီအတွေးက ကျွန်မကို ပိုပြတ်သားစေပါတယ်။ နေ့စဉ်ကိစ္စတွေမှာ အမေ့စကားကို နားထောင်နိုင်ပေမဲ့ ယုံကြည်ခြင်းကိစ္စမှာတော့ နားထောင်လို့ မဖြစ်ဘူး။ ဘုရားသခင်ကို ယုံကြည်ဖို့ ကျွန်မ သန္နိဋ္ဌာန်ချလိုက်တယ်။

နောက်ပိုင်းမှာ ဘုရားသခင်ကို ယုံကြည်တဲ့အပေါ် ကျွန်မရဲ့ ပြတ်သားတဲ့ သဘောထားကိုမြင်တော့ မိဘတွေက ကျွန်မကို စောင့်ကြည့်တာ ပိုတင်းကျပ်လာပါတယ်။ ကျွန်မအတွက် လမ်းဖွင့်ပေးဖို့ ဘုရားသခင်ဆီ ကျွန်မ ခဏခဏ ဆုတောင်းတယ်။ နောက်တော့ ညီအစ်မတစ်ယောက်က သူ့ဆိုင်မှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းပါတယ်။ ဒါဆိုရင် ဘုရားနှုတ်ကပတ်တော်ဖတ်ဖို့နဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးဖို့ အခွင့်အရေးရမှာဖြစ်လို့ ကျွန်မ ဝမ်းသာအားရ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက အဖေက ကျွန်မနောက်ကို တိတ်တဆိတ် လိုက်ခဲ့တာပါ။ တစ်နေ့မှာ စုဝေးပွဲတက်နေတုန်း အဖေက ဘယ်မှာလဲလို့ ဖုန်းဆက်မေးလာတယ်။ ကျွန်မ ဉာဏ်သုံးပြီး အလုပ်မှာပါလို့ ပြောလိုက်ပေမဲ့ သူ မယုံဘဲ ဆိုင်ကို အပြေးလိုက်လာတယ်။ ကံကောင်းလို့ ကျွန်မက သူ့ထက်အရင် ဆိုင်ကို ပြန်ရောက်နေတော့ ကျွန်မကို မြင်မှပဲ သူ ပြန်သွားတယ်။ နောက်တစ်ခါမှာလည်း စုဝေးပွဲသွားဖို့ ဧည့်ခံတဲ့အိမ်နား ရောက်ခါနီးမှာ နောက်လှည့်ကြည့်လိုက်တော့ အဖေက ကျွန်မနောက်က လိုက်လာတာ တွေ့ရတယ်။ ဒါနဲ့ ကျွန်မ စုဝေးပွဲ မတက်ရဲတော့ဘဲ အိမ်ပြန်ခဲ့ရတယ်။ အဖေက ကျွန်မ အပြင်ထွက်ရင် နောက်ယောင်ခံလိုက်ပြီး စောင့်ကြည့်ရုံတင်မကဘူး၊ အိမ်မှာဆိုရင်လည်း ဘုရားနှုတ်ကပတ်တော် ဖတ်နေလားဆိုပြီး ကျွန်မအခန်းထဲ တစ်ခါတလေ ဝင်စစ်ပါတယ်။ တစ်ညမှာ ကျွန်မ အိပ်ခန်းတံခါးပိတ်ပြီး အထဲမှာ ဘုရားနှုတ်ကပတ်တော် ခိုးဖတ်နေတုန်း ရုတ်တရက် တံခါးကို “ဒုန်း ဒုန်း ဒုန်း” နဲ့ ထုသံ ကြားလိုက်ရလို့ ကျွန်မ အရမ်းကြောက်သွားတယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ဝှက်ပြီး တံခါးဖွင့်တာမျိုးတောင် မလုပ်နိုင်သေးခင်မှာပဲ အဖေက လသာဆောင်က မှန်ကို ရိုက်ခွဲပြီး အတင်း ဝင်လာပါတယ်။ မှန်တင်ခုံပေါ်က ပုလင်းကို ဆွဲယူပြီး ကျွန်မကို ဆက်တိုက် ရိုက်နှက်ပါတယ်။ ရိုက်ရင်းနဲ့လည်း ဆဲဆိုနေတယ်။ “နင့်ကို ဘုရားမယုံနဲ့လို့ ပြောထားတယ်လေ။ ဒီယုံကြည်မှုကို ဆက်လုပ်ဖို့ ငါ လုံးဝ ခွင့်မပြုနိုင်ဘူး” လို့ပေါ့။ ပြီးတော့ ဘုရားကို ပြစ်မှားစော်ကားတဲ့ စကားတွေလည်း အော်ပြောတယ်။ ပြီးတော့ အမေကလည်း ကျွန်မကို ဆူတယ်။ “နင် ဘုရားကို ဆက်ယုံနေရင် နင့်အဖေနဲ့ ငါ နင့်ကို အမွေဖြတ်လိုက်မယ်။ အဲဒီကျ နင် ဘယ်လိုနေမလဲ ကြည့်ကြသေးတာပေါ့” တဲ့။ ကျွန်မ တကယ် ထိတ်လန့်သွားပြီး အဖေက ကျွန်မကို နာကျင်အောင်လုပ်မှာ၊ ပြီးတော့ သူတို့ ကျွန်မကို တကယ်ပဲ အိမ်ကနေ နှင်ထုတ်မှာကို ကြောက်လို့ ဘုရားသခင်ဆီ အော်ဟစ်ဆုတောင်းလိုက်မိတယ်။ “ဘုရားသခင်၊ ဒီအခြေအနေကို ကျော်လွှားဖို့ သမီးရဲ့ ဝိညာဉ်ရင့်ကျက်မှုက သေးလွန်းနေပါတယ်။ ကျေးဇူးပြုပြီး သမီးကို လမ်းပြစောင့်ရှောက်ပေးပါ၊ ယုံကြည်ခြင်းနဲ့ ခွန်အား ပေးသနားတော်မူပါ” လို့ပေါ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “သင်သည် ဤအရာ၊ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ ငါ၏ အလိုတော်ကို အတားအဆီးမရှိ ဆောင်ရွက်နိုင်ဖို့အလို့ငှာ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့မှောက်၌ ဆက်လက်၍ တည်ငြိမ်နေသင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏ ကျောထောက်နောက်ခံဖြင့် အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) မှန်ပါတယ်။ ဘုရားသခင်က ကျွန်မရဲ့ မှီခိုအားထားရာပါ၊ လူ၊ အမှုအရာနဲ့ အဖြစ်အပျက်အားလုံးက ဘုရားလက်ထဲမှာ ရှိတာဖြစ်ပြီး မိဘတွေကလည်း ဘုရားသခင်ရဲ့ အုပ်စိုးမှုအောက်မှာ ရှိတာပါ။ ဘုရားသခင် ခွင့်မပြုရင် သူတို့ ကျွန်မကို ဘာမှမလုပ်နိုင်ပါဘူး။ မိဘတွေက သူတို့ ဘာပဲပြောပြော ဘုရားသခင်ကို ဆက်ယုံကြည်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ထားတာကို တွေ့တော့ သူတို့ အရမ်းဒေါသထွက်ပြီး ဒေါသတကြီး လှည့်ထွက်သွားကြတယ်။

မိဘတွေ ထွက်သွားပြီးနောက် အဖေက ကျွန်မကို ရိုက်ခဲ့တာကို ပြန်တွေးမိပြီး ကျွန်မ အရမ်း ဝမ်းနည်းမိတယ်။ တစ်သက်လုံး အဖေ ကျွန်မကို တစ်ခါမှ မရိုက်ဖူးပေမဲ့ ဘုရားယုံကြည်ရုံလေးနဲ့ ကျွန်မကို အမြဲချစ်ခဲ့တဲ့ မိဘတွေက ရန်သူလို ဆက်ဆံနေကြတယ်။ အဖေက ပုလင်းနဲ့ ရိုက်ခဲ့သလို အမေကလည်း ကျွန်မကို မလိုချင်တော့ဘူးလို့ ပြောခဲ့တယ်။ သူတို့သာ ကျွန်မကို အိမ်ကနေ တကယ် နှင်ထုတ်လိုက်ရင် ကျွန်မမှာ နေစရာအိမ်မရှိဘဲ တစ်ကောင်ကြွက် ဖြစ်တော့မယ်။ အဲဒီကျရင် ဘယ်သွားရမလဲ။ ကျွန်မ နည်းနည်း စိတ်အားလျော့မိပြီး တရုတ်ပြည်မှာ ဘုရားယုံကြည်ရတာ တကယ်ပဲ ခက်ခဲလိုက်တာလို့ တွေးမိတယ်။ မိသားစုအားလုံး ပြန်သင့်မြတ်ပြီး သူတို့ ကျွန်မကို အရင်လို ပြန်ချစ်ကြအောင် ကျွန်မ စိတ်ထဲကပဲ ယုံကြည်ပြီး စုဝေးပွဲ မသွားတော့ရင် ကောင်းမလားလို့ တွေးမိတယ်။ ဒါပေမဲ့ မစုဝေးရတော့ဘူးလို့ တွေးလိုက်တာနဲ့ ကျွန်မ အရမ်းဝမ်းနည်းသွားတယ်။ ဘာလို့လဲဆိုတော့ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပြီး ဘုရားနှုတ်ကပတ်တော် ဖတ်တာက သမ္မာတရားတချို့ကို နားလည်စေသလို၊ ဘုရားယုံကြည်တာက ဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းတာဖြစ်တဲ့အကြောင်းနဲ့ ဘဝမှာ အရာရာတိုင်းက ဘုရားဆီက လာတယ်ဆိုတာကို သိစေလို့ပေါ့။ ဘုရားယုံကြည်တာက ကျွန်မကို ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ မှီခိုအားထားစရာ ရှိတယ်ဆိုတဲ့ ခံစားချက်ကို ပေးပြီး ကျွန်မကို အရမ်း ပျော်ရွှင်စေခဲ့တာပါ။ ဒါပေမဲ့ မိဘတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံရတာက အရမ်းနာကျင်ပြီး မွန်းကြပ်စရာကောင်းလွန်းလို့ ဘုရားသခင်ရဲ့ အလိုတော်ကို နားလည်ဖို့ လမ်းပြပေးပါ၊ ဒီအခြေအနေကို ကျော်ဖြတ်ဖို့ ယုံကြည်ခြင်း ပေးသနားပါလို့ ကျွန်မ ဘုရားသခင်ဆီ တောင်းလျှောက်ရင်း ဆုတောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်က ပြောထားတာကို ကျွန်မ ဖတ်လိုက်ရတယ်။ “သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်လိုက်ရတာက ကျွန်မ စိတ်နှလုံးကို ရှင်းလင်းသွားစေပါတယ်။ ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်တဲ့ တရုတ်ပြည်မှာ ဘုရားယုံကြည်တဲ့အတွက် ညှဉ်းပန်းနှိပ်စက်ခံရတာက ရှောင်လွှဲလို့မရတဲ့ အရာပါပဲ။ ဘုရားနောက်လိုက်ဖို့ဆိုရင် ယုံကြည်ခြင်းနဲ့ ဒုက္ခဆင်းရဲကို သည်းခံနိုင်တဲ့ စိတ်ဆန္ဒ ရှိရပါမယ်။ ဒါပေမဲ့ မိဘတွေက ကျွန်မကို ခဏခဏ ရိုက်နှက်၊ ဆဲဆိုပြီး ညှဉ်းပန်းနှိပ်စက်လို့ ဒုက္ခနည်းနည်း ကြုံလိုက်ရတာနဲ့ ကျွန်မ စိတ်ပူပန်ပြီး ဘုရားယုံရတာ တကယ်ပဲ နာကျင်ရပါတယ်လို့ ညည်းတွားမိတယ်။ မစုဝေးတော့ဖို့တောင် စဉ်းစားခဲ့မိတယ်။ ကျွန်မ တော်တော် ပျော့ညံ့ပြီး သတ္တိနည်းခဲ့ပါတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတဲ့အရာ ဖြစ်ပါတယ်။ မိဘတွေ ကျွန်မကို နားမလည်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ အားလုံးက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ခရစ်ယာန်တွေကို နေရာတကာ လိုက်ဖမ်း၊ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ ဖြန့်ပြီး ဘုရားသခင်ကို ပြစ်တင်ရှုတ်ချနေတဲ့ စီစီပီကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် ဘာသာတရားမရှိတဲ့ ကျွန်မမိသားစုက သူတို့ရဲ့ အထင်အမြင်မှားစေတာကို ခံရပြီး ကျွန်မ ယုံကြည်တာကို သူတို့နဲ့အတူ လိုက်ပြီး ညှဉ်းပန်းနှိပ်စက်၊ တားဆီးပိတ်ပင်ကြတာပါ။ ဒါပေမဲ့ ဒီဒုက္ခတွေက ဘုရားကို ယုံကြည်လို့ ဖြစ်ရတာလို့ ကျွန်မ တလွဲ ယုံကြည်ခဲ့တယ်။ ကျွန်မက အမှားအမှန်ကို လုံးဝ ခွဲခြားမသိမြင်နိုင်ခဲ့ဘူး။ ကျွန်မ တော်တော် ကန်းပြီး မိုက်မဲခဲ့တာပဲ။ ဘုရားသခင်က သူ့ကို အတိုက်အခံအလုပ်ဆုံးဖြစ်တဲ့ တရုတ်ပြည်မှာ လူ့ဇာတိခံပြီး ကြွလာတယ်၊ ဘုရားမဲ့ အစိုးရရဲ့ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ ဘာသာရေးလောကရဲ့ အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချတာတွေကို ခံရတယ်၊ ဒါပေမဲ့ ဘုရားသခင်က လူသားတွေကို ကယ်တင်ဖို့အတွက် သမ္မာတရားကို တိတ်တဆိတ် ဖော်ပြပြီး ဆင်းရဲဒုက္ခအမျိုးမျိုးကို အမြဲ သည်းခံခဲ့တယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ ဒါတောင်မှ ကျွန်မကျတော့ ဒုက္ခနည်းနည်းလေး ကြုံရရုံနဲ့ ဘုရားသခင်ကို ညည်းတွားနေခဲ့တယ်။ သက်သောင့်သက်သာနဲ့ အေးဆေးတဲ့ ဘဝကိုပဲ လိုချင်ပြီး ဘုရားယုံကြည်မှုမှာ သမ္မာတရားရဖို့အတွက် ဒုက္ခမခံချင်၊ ညှဉ်းပန်းနှိပ်စက်မခံချင် ဖြစ်နေခဲ့တာ။ ကျွန်မ တကယ်ကို အသိစိတ် ကင်းမဲ့ခဲ့တာပါ။ ပြီးတော့ နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ပြဖို့နဲ့ လူသားတွေကို ကယ်တင်ဖို့ဘုရားသခင်က လူ့ဇာတိခံယူထားပုံကိုလည်း ကျွန်မ တွေးမိတယ်။ ဒါဟာ တစ်သက်မှာ တစ်ခါသာရတဲ့ အခွင့်အရေးဖြစ်ပြီး သမ္မာတရားရရှိဖို့နဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းခံရဖို့ ကျွန်မအတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လာမှာပါ။ ယာယီဖြစ်တဲ့ မိသားစု သာယာငြိမ်းချမ်းမှုကို ပျော်မွေ့ခံစားပြီး ဘုရားသခင်ကို ယုံကြည်တာ စွန့်လွှတ်လိုက်မယ်၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်လွတ်ခံလိုက်မယ်ဆိုရင် တစ်သက်လုံး နောင်တရစရာ ဖြစ်သွားလိမ့်မယ်။ မိဘတွေက ကျွန်မကို ဘယ်လောက်ပဲချစ်ချစ် ဘေးအန္တရာယ်ကနေ ကျွန်မကို မကယ်တင်နိုင်ပါဘူး။ ဘုရားသခင်တစ်ပါးတည်းသာ ကျွန်မရဲ့ တစ်ခုတည်းသော မှီခိုအားထားရာပါ။ ဘုရားသခင်ကို မယုံကြည်ဘဲ၊ သမ္မာတရားကို မလိုက်စားဘဲ သက်သောင့်သက်သာရှိတာနဲ့ မိသားစု သဟဇာတဖြစ်တာကိုပဲ မက်မောပြီး အနှစ်သာရမရှိတဲ့ ဘဝမှာ အသက်ရှင်နေမယ်ဆိုရင် ဘာအဓိပ္ပာယ် ရှိမှာလဲ။ အဆုံးမှာ လောကီလူသားတွေ လျှောက်တဲ့ ဖောက်ပြန်ပျက်စီးခြင်းလမ်းကြောင်းနဲ့ ဆိုးယုတ်ခြင်းလမ်းကြောင်းကို လိုက်မိပြီး စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို ပိုပိုပြီးခံရတဲ့အပြင် နောက်ဆုံးမှာ စာတန်နဲ့အတူ ဖျက်ဆီးခံရမှာပဲ။ ဒါကို တွေးမိတော့ ကျွန်မ စိတ်တော်တော် တည်ငြိမ်သွားပြီး မိဘတွေက ကျွန်မကို ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ တားဆီးပိတ်ပင်ပါစေ၊ ဘုရားသခင်နောက်ကို အဆုံးထိ လိုက်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

နောက်တစ်နေ့မှာ အဖေက ကျွန်မအခန်းကို ထပ်လာတယ်။ မနေ့ကလောက်တော့ မကြမ်းတမ်းတော့ဘဲ မျက်မှောင်ကြုတ်ပြီး ပြောတယ်။ “အရင်က သမီးကို မပြောခဲ့တဲ့ ကိစ္စတချို့ ရှိတယ်။ သမီး စိတ်မကောင်းဖြစ်မှာစိုးလို့ပါ။ သမီး အဖမ်းခံရပြီး ပြန်လွတ်လာကတည်းက အဖေတို့ရွာကနေ လူငယ်ရာဇဝတ်သားတစ်ယောက် ပေါ်ထွက်လာတယ်ဆိုပြီး ရွာသားတချို့က ပြောနေကြတာ။ အဖေနဲ့ နင့်အမေဆို အပြင်ထွက်ရင် ခေါင်းတောင် မဖော်ရဲတော့ဘူး။ သမီးကို ပျိုးထောင်ရတာ အဖေတို့အတွက် မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ သမီးက အဖေတို့အကြောင်း မတွေးရင်တောင် ကိုယ့်အကြောင်းတော့ ကိုယ်တွေးသင့်တယ်။ ယုံကြည်ခြင်းကြောင့် သမီး ထပ်အဖမ်းခံရရင် သမီးဘဝတော့ သွားပြီပဲ” တဲ့။ အဲဒီလိုပြောပြီးတော့ သူ ထွက်သွားတယ်။ နာကျင်နေတဲ့ မျက်နှာထားနဲ့ ထွက်သွားတဲ့ အဖေ့ကို ကြည့်ပြီး ကျွန်မလည်း စိတ်မကောင်း ဖြစ်ရပါတယ်။ အရင်ကဆို အားလုံးက ကျွန်မကို ချစ်စရာကောင်းပြီး အသိဉာဏ်ရှိတဲ့ ကလေးလို့ မြင်ကြပေမဲ့ အခု ရဲတွေရဲ့ ဖမ်းတာခံရပြီးတဲ့နောက်မှာ အမှန်တရားကို နားမလည်တဲ့လူတွေက ကျွန်မ အပြင်မှာ မကောင်းတာ တစ်ခုခု လုပ်ခဲ့မှာပဲလို့ ထင်ကြတယ်။ ဒီကာလအတွင်းမှာ မိဘတွေခမျာ အေးစက်စက် အကြည့်တွေနဲ့ ကြမ်းတမ်းတဲ့ စကားတွေကို အများကြီး ခံခဲ့ရမှာပါ။ မိဘတွေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့ပေမဲ့ သူတို့ကို ဂုဏ်တက်အောင် မလုပ်ပေးနိုင်ဘဲ အဲဒီအစား သူများတွေရဲ့ လက်ညှိုးထိုးတာ၊ အထင်သေးတာကို ခံရအောင်ပဲ လုပ်မိတယ်ဆိုတာ ကျွန်မ တွေးမိတယ်။ သူတို့အပေါ် တကယ်ပဲ အကြွေးတင် မိပြီလို့ ကျွန်မ ခံစားလိုက်ရတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏ စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်ရှိ လူများသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုကြောင့် အရှက်ကွဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံကြရပြီး အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်ရတာက ဘုရားသခင်ကို ယုံကြည်ပြီး ဘဝမှာ မှန်ကန်တဲ့ လမ်းခရီးကို လျှောက်လှမ်းတာက မှားယွင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကွန်မြူနစ်ပါတီက ဘုရားသခင်ကို အရူးအမူး ဆန့်ကျင်ပြီး ယုံကြည်သူတွေကို ဖမ်းဆီးတဲ့အပြင် ညှဉ်းပန်းနှိပ်စက်နေတာကြောင့်သာ ဘုရားမဲ့တိုင်းပြည်ဖြစ်တဲ့ တရုတ်ပြည်က ယုံကြည်သူတွေဟာ အရှက်ခွဲခံရခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကို အများကြီး ခံစားနေရတာပါ။ ဒါဟာ ဘုရားယုံကြည်တာ မှားလို့ မဟုတ်ပါဘူး။ ကွန်မြူနစ်ပါတီက အရမ်းကို ဆိုးယုတ်ပြီး ယုံကြည်သူတွေနဲ့ သူတို့မိသားစုတွေကို အဆုံးမရှိတဲ့ အန္တရာယ်နဲ့ ဒုက္ခဆင်းရဲတွေ ပေးနေလို့ ဖြစ်ရတာပါ။ ဒီဒုက္ခတွေအားလုံးရဲ့ တရားခံအစစ်က ကွန်မြူနစ်ပါတီ ဖြစ်ပြီး မိဘတွေအပေါ် ကျွန်မ ဘာအကြွေးမှ မတင်ပါဘူး။ ဒါကို တွေးမိတော့ ကျွန်မ စိတ်သက်သာရာရသွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးတောဆင်ခြင်တော့ ကျွန်မ နားလည်လာတာက ဒီနေ့ခေတ်မှာ ဘုရားယုံကြည်လို့ အရှက်ခွဲခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရပေမဲ့ ဒီဒုက္ခက ယာယီပါပဲ။ ဘုရားသခင်က ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ ဒီဒုက္ခကို အသုံးပြုတာဖြစ်လို့ ဒီဒုက္ခက အဓိပ္ပာယ်ရှိပါတယ်။ ဘုရားသခင်ကို မှီခိုပြီး ကျွန်မ ခိုင်ခိုင်မာမာ ဆက်လျှောက်လှမ်းရပါမယ်။ ဒါကို စိတ်ထဲစွဲမှတ်ထားလိုက်တော့ ကျွန်မ ယုံကြည်ခြင်း ရရှိလာပြီး နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို မခံစားရတော့ပါဘူး။

၂၀၁၃ နွေရာသီမှာ တာဝန်ကနေ အိမ်ပြန်ရောက်ခါစမှာပဲ အမေက စိုးရိမ်တကြီး ပြောလာပါတယ်။ “ရဲစခန်းက ဖုန်းဆက်တယ်၊ သူတို့က နင့်ကို တွေ့ချင်တယ်တဲ့”ဆိုပဲ။ ဒါကို ကြားတော့ ကျွန်မ တကယ် ကြောက်သွားတယ်။ ရဲတွေက ကျွန်မဆီက ဘာလိုချင်မှန်း မသိဘူးလေ။ ဒါကြောင့် ဉာဏ်ပညာပေးသနားပါလို့ ဘုရားသခင်ဆီ တောင်းလျှောက်ရင်း ကျွန်မ တိတ်တဆိတ် ဆုတောင်းလိုက်ပါတယ်။ စာတန်ရဲ့ ပရိယာယ်တွေကို ထိုးဖောက်သိမြင်ပြီး သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်နိုင်အောင်လို့ပေါ့။ ရဲစခန်းရောက်တော့ ရဲတွေက အသင်းတော်အကြောင်း မေးခွန်းတချို့ မေးပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားတဲ့ စကားတွေ ရေးခိုင်းပါတယ်။ ဘုရားသခင်ကို ပြစ်မှားစော်ကားတာဟာ ဒီဘဝရော နောင်ဘဝမှာပါ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ဖြစ်ပြီး ဒါကိုရေးလိုက်ရင် ဘုရားသခင်ကို သစ္စာဖောက်ရာ ရောက်မယ်ဆိုတာ ကျွန်မ သိတဲ့အတွက် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါတယ်။ သူတို့ခိုင်းတာကို ကျွန်မ မရေးတာ မြင်တော့ အဖေက ဒေါသထွက်ပြီး မျက်နှာနီရဲလာတဲ့အပြင် ရဲတွေကို ပြောပါတယ်။ “သူက သူ့ယုံကြည်ခြင်းကိုပဲ ဖက်တွယ်ထားမယ်ဆိုရင် သူ့ကို ခေါ်သွားလိုက်ပါတော့”တဲ့။ ကျွန်မ ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူး။ အဖေက ကျွန်မ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ ဖိအားပေးရာမှာ ရဲတွေနဲ့ ပူးပေါင်းပြီး ကျွန်မကို ဖမ်းဖို့တောင် ရဲတွေကို တိုက်တွန်းလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ဒါ ကျွန်မ သိခဲ့တဲ့ အဖေ မဟုတ်တော့ပါဘူး။ နောက်ပိုင်းမှာ ကျွန်မ မရေးဘူးဆိုတာ မြင်တော့ ရဲတွေက အိမ်ပြန်လွှတ်လိုက်ပြီး သုံးရက်အတွင်း ယုံကြည်ခြင်းစွန့်လွှတ်ကြောင်း ခံဝန်ချက် လာတင်ရမယ်လို့ ပြောလိုက်ပါတယ်။ အိမ်ပြန်ရောက်ပြီးနောက် အဖေက ကျွန်မကို ရဲလက်အပ်ချင်ခဲ့ပုံကို တွေးမိပြီး စိတ်နှလုံးထဲမှာ တော်တော် အေးစက်သွားခဲ့ရပါတယ်။ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ တွေးမိလိုက်တယ်။ “ဘုရားသခင်အကြောင်း ထုတ်ဖော်ပြောဆိုသောအခါ လူတစ်ဦးသည် ဒေါသထွက်ပြီး ဒေါသူပုန်ထပါက၊ သူသည် ဘုရားသခင်ကို မြင်ဖူးပြီလော။ ဘုရားသခင် အဘယ်သူဖြစ်သည်ကို ၎င်းက သိပါသလော။ ဘုရားသခင် မည်သူမည်ဝါဖြစ်သည်ကို သူမသိပေ၊ ဘုရားသခင်ကို မယုံကြည်သကဲ့သို့၊ ဘုရားသခင်သည် သူ့ကို စကားပြောဆိုဖူးခြင်း မရှိပေ။ ဘုရားသခင်က သူ့ကို မည်သည့်အခါမျှ မနှောင့်ယှက်ဖူးချေ။ ထို့ကြောင့် သူသည် အဘယ်ကြောင့် ဒေါသဖြစ်ရမည်နည်း။ ဤလူသည် ကောက်ကျစ်ဆိုးယုတ်သည်ဟု ငါတို့ ဆိုနိုင်သလော။ လောကီ ရေပန်းစားမှုများ၊ အစားအသောက်နှင့် ကာမဂုဏ်လိုက်စားခြင်း၊ ကျော်ကြားသောသူများနောက်လိုက်ခြင်း- ဤအရာများထဲမှ မည်သည့်အရာကမျှ ထိုသို့သော လူတစ်ယောက်ကို အနှောင့်အယှက် မပေးပေ။ သို့သော် ‘ဘုရားသခင်’ သို့မဟုတ် ‘ဘုရားနှုတ်ကပတ်တော် သမ္မာတရား’ ဆိုသည့် စကား တစ်ခွန်းကို ပြောဆိုသည်နှင့် သူသည် ဒေါသူပုန်ထ လေတော့သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော သဘာဝတစ်ခု ရှိခြင်း ဖြစ်သည်မဟုတ်လော။ ဤသည်မှာ လူသား၏ ကောက်ကျစ်ဆိုးယုတ်သည့် သဘာဝဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅))ယုံကြည်သူ ခင်ပွန်းသည်တစ်ဦးနှင့် ဘာသာတရားမရှိသော ဇနီးတစ်ဦးအကြားတွင် ပင်ကိုအားဖြင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိသည့်အပြင် ယုံကြည်သော သားသမီးများနှင့် ဘာသာတရားမရှိသော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင် လူများ၌ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိသော်လည်း ၎င်းတို့ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှုဟူ၍ ပြောဆိုစရာ ရှိတော့မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ဖွင့်ပြထားပါတယ်။ လူတစ်ယောက်က ဘုရားသခင်ကို မသိပေမဲ့၊ တစ်ခါမှ မယုံကြည်ဖူးပေမဲ့ “ဘုရားသခင်” ဆိုတဲ့ စကားလုံးကို ကြားတာနဲ့ ဒေါသထွက်ပြီး မုန်းတီးတဲ့အခါ ဒီလူရဲ့ သဘာဝက ဆိုးယုတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်တယ်ဆိုတာကို ညွှန်ပြနေတယ်တဲ့။ ကျွန်မ ယုံကြည်ခြင်းအပေါ် အဖေက အမြဲ မုန်းတီးတဲ့သဘောထား ရှိခဲ့တာကို ကျွန်မ ပြန်ဆင်ခြင်မိတယ်။ ကျွန်မ စုဝေးတာ၊ ဘုရားနှုတ်ကပတ်တော် ဖတ်တာကို သူမြင်တိုင်း မုန်းတီးစိတ်နဲ့ အံကြိတ်ပြီး မျက်လုံးတွေ ရဲရဲတောက်နေတတ်သလို ဘုရားသခင်ကိုတောင် ပြစ်မှားစော်ကားပါတယ်။ ကျွန်မ ယုံကြည်မှုကို တားဆီးဖို့အတွက် ကျွန်မကို ရာဇဝတ်သားတစ်ယောက်လို ခဏခဏ လိုက်စောင့်ကြည့်ပြီး လွတ်လပ်ခွင့် လုံးဝမပေးပါဘူး။ အခန်းထဲမှာ ဘုရားနှုတ်ကပတ်တော် ဖတ်နေမှန်းသိရင် စိတ်တွေဆိုးပြီး ပြတင်းပေါက်မှန်ကို ခွဲ၊ အတင်းဝင်လာပြီး ကျွန်မကို ရိုက်နှက်ပါတယ်။ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်အောင် ဖိအားပေးဖို့အတွက် ရဲတွေကို ကျွန်မကို ဖမ်းဖို့တောင် တက်တက်ကြွကြွ တိုက်တွန်းခဲ့တယ်။ ကျွန်မ သေမလား ရှင်မလား ဂရုမစိုက်ဘူး၊ သားအဖ သံယောဇဉ် တစ်မျိုးမျိုးလည်း မရှိပါဘူး။ ဒါကြောင့် သူ့ရဲ့ သဘာဝအနှစ်သာရက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး မုန်းတီးတာဖြစ်ကြောင်း ကျွန်မ နားလည်လိုက်ပါတယ်။ ယုံကြည်သူနဲ့ ဘာသာတရားမရှိသူဟာ လူနှစ်မျိုးနှစ်စား ဖြစ်တယ်လို့ ဘုရားသခင် ပြောထားတာ တကယ် မှန်ပါတယ်။ ကျွန်မက ဘုရားသခင်နောက်လိုက်ပြီး သမ္မာတရားကို လိုက်စားတဲ့အပြင် ဘဝမှာ မှန်ကန်တဲ့ လမ်းခရီးကို လျှောက်လှမ်းနေတာပါ။ မိဘတွေကတော့ ဘုရားမယုံဘဲ ကွန်မြူနစ်ပါတီနောက်လိုက်ပြီး ကျွန်မကို ညှဉ်းပန်းနှိပ်စက်နေတာပါ။ သွေးသားတော်စပ်မှု ရှိပေမဲ့ ကျွန်မတို့က တူညီတဲ့လမ်းကြောင်းပေါ်မှာ မရှိဘဲ အခြေခံအားဖြင့် သဟဇာတ မဖြစ်ကြပါဘူး။ ဒါတွေကို တွေ့ကြုံရခြင်းအားဖြင့် မိဘတွေရဲ့ အနှစ်သာရကို နည်းနည်း ပိုင်းခြားသိမြင်လာပြီး သူတို့အပေါ်ထားတဲ့ စိတ်ခံစားချက် သံယောဇဉ်တချို့ကို လက်လွှတ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဲစခန်းက ယုံကြည်မှုကိုစွန်တဲ့အကြောင်း ခံဝန်ချက်ကို မရမကထိုးခိုင်းနေလို့ ကျွန်မ အိမ်ကထွက်ပြီး တိမ်းရှောင်ပုန်းအောင်းနေလိုက်ပါတယ်။

အဲဒီနောက် တခြားကိစ္စတစ်ခု ဖြစ်လာပြီး မိဘတွေရဲ့ အနှစ်သာရကို ပိုရှင်းရှင်းလင်းလင်း မြင်လာရပါတယ်။ တစ်ညမှာ ကိုယ့်တာဝန်တွေထမ်းဆောင်ရင်း ရွာကိုဖြတ်သွားတုန်း ပစ္စည်းပြန်ယူဖို့ အိမ်ပြန်ဝင်တော့ မိဘတွေက ကျွန်မပြန်လာတာကိုမြင်ပြီး ဘုရားမယုံဖို့ ထပ်တိုက်တွန်းကြတယ်။ “အသက်ကြီးရင် ငါတို့ကို လုပ်ကျွေးပြုစုလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နင့်ကို ပျိုးထောင်ခဲ့တာ။ အခုတော့ နေ့တိုင်း စုဝေးပွဲ ထွက်နေတော့ နင့်ကို အားကိုးလို့ မရတော့ဘူး” လို့ အဖေက ပြောပါတယ်။ အစကတော့ ကျွန်မ ပြန်မပြောပါဘူး။ ဒါပေမဲ့ ကျွန်မ အံ့သြသွားတာက အဖေက သူ့ပါးသူ ရုတ်တရက် တဖြောင်းဖြောင်း ရိုက်ပါလေရော။ ကျွန်မ ဘုရားမယုံဖို့ ပြောရင်း ကိုယ့်ကိုယ်ကိုယ် ရိုက်တာ နှာခေါင်းသွေးတောင် ယိုလာတယ်။ ကျွန်မ မှင်တက်သွားတယ်။ ကျွန်မ ဘုရားမယုံတော့အောင် ဖိအားပေးဖို့ အဖေ ဒီလိုနည်းလမ်း သုံးလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားဘူး။ အမေကလည်း ငိုပြီး တိုက်တွန်းတယ်။ ကျွန်မ အရမ်း စိတ်ဆင်းရဲရပြီး မျက်ရည်မထိန်းနိုင်တော့ဘူး။ တွေးမိတယ်။ “ကိုယ့်ကိုယ်ကိုယ် ဆက်ရိုက်နေရင် အဖေ တော်တော် တော်တော် ဒဏ်ရာရသွားမလား။ ဘာပဲဖြစ်ဖြစ် သူက ငါ့အဖေလေ။ သူနာကျင်အောင် လုပ်နေတာကို ဒီတိုင်း ကြည့်မနေနိုင်ဘူး။ ဒါပေမဲ့ ဘုရားမယုံဖို့လည်း သဘောမတူနိုင်ဘူး။ ငါ ဘာလုပ်ရမလဲ” လို့ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “အချိန်တိုင်းတွင်၊ ငါ၏လူတို့သည် ငါ့အိမ်၏တံခါးကို ငါ့အတွက် စောင့်ကြပ်ရင်း၊ စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။ ၎င်းတို့အနေဖြင့် စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းခြင်းကို ရှောင်လွှဲဖို့ရန်အလို့ငှာ၊ အချင်းချင်း အားပေးကာ အချင်းချင်းအတွက် ထောက်ပံ့ ပေးနိုင်သင့်ကြ၏၊ စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းချိန်တွင် နောင်တရဖို့ရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃)) အဖေ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်တာဟာ ကျွန်မ ဘုရားမယုံတော့အောင် တားဆီးဖို့ဖြစ်ပြီး ဒါဟာ စာတန်ရဲ့ ပရိယာယ်ဖြစ်ကြောင်း နားလည်အောင် ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ကူညီပေးပါတယ်။ ဒါကြောင့် သူတို့ကို ကျွန်မ အလျှော့မပေးခဲ့ပါဘူး။ ကျွန်မ စွဲမြဲနေတာကို တွေ့တော့ မိဘတွေက နောက်ဆုံးမှာ စကားမပြောကြတော့ပါဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှန်တကယ် ပြုမူဖို့ ရည်ရွယ်ပါသလော။ ဘုရားသခင်၏ အမှုအတွက် ၎င်းတို့ အမှန်တကယ် ဆောင်ရွက်နေခြင်း ဖြစ်သလော။ ၎င်းတို့၏ အကြံမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေကနေ မိဘတွေက သားသမီးတွေကို ချစ်တဲ့မေတ္တာဟာ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လိုအင်ဆန္ဒတွေကြောင့်ဖြစ်တယ်ဆိုတာ ကျွန်မ နားလည်လိုက်ပါတယ်။ ဘုရားယုံကြည်လို့ ကျွန်မ အဖမ်းခံရပြီးနောက်မှာ ကျွန်မက သူတို့ကို အရှက်ကွဲစေတယ်လို့ မိဘတွေက ခံစားရပြီး ရဲတွေက သူတို့ကို ဒုက္ခပေးမှာ ကြောက်ကြတယ်။ ဒါကြောင့် ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို တားဆီးဖို့ နည်းလမ်းမျိုးစုံသုံးခဲ့ကြတယ်၊ ကျွန်မကို အကျပ်ကိုင်ဖို့ သူတို့ကိုယ်သူတို့ နာကျင်အောင်လုပ်တဲ့အထိတောင် လုပ်ဆောင်ခဲ့ကြတယ်။ ကျွန်မအပေါ်ထားတဲ့ သူတို့မေတ္တာက မစစ်မှန်ကြောင်း ကျွန်မ သဘောပေါက်လိုက်တယ်။ မိဘမေတ္တာက အရောအနှောပါပြီး သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပါ။ သူတို့စကားနားထောင်ပြီး ယုံကြည်ခြင်းကို စွန့်လွှတ်လိုက်ရင် ကျွန်မ ဘယ်လိုလုပ် ကယ်တင်ခံရမလဲ။ သူတို့က ကျွန်မကို ချစ်နေတာ မဟုတ်ပါဘူး၊ ကျွန်မကို ဒုက္ခပေးနေကြတာပါ။ သံယောဇဉ်ရဲ့ ချည်နှောင်တာကို ကျွန်မ ဆက်မခံနိုင်တော့ဘူး။ မိဘတွေက ဘယ်လိုပဲ တားဆီးပိတ်ပင်ပါစေ၊ ညှဉ်းပန်းနှိပ်စက်ပါစေ၊ ဘုရားသခင်နောက်ကို အဆုံးထိလိုက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။

နောက်ပိုင်းမှာ အဖေ ကိုယ့်ကိုယ်ကိုယ် ရိုက်တာကို ပြန်တွေးမိတိုင်း ကျွန်မ အနေရခက်ပြီး အားလျော့သလို ခံစားရတုန်းပါပဲ။ ဘုရားနှုတ်ကပတ်တော် ပြောထားတာကို ကျွန်မ ဖတ်လိုက်ရတယ်။ “လူငယ်များသည် ငါ့အတွက် ၎င်းတို့ဘဝတစ်ခုလုံးကို အသုံးခံရန် ၎င်းတို့၏ စိတ်ဆန္ဒကို အကောင်အထည်ဖော်ဖို့ဖြစ်သော ယခု ၎င်းတို့ ရွေးချယ်သည့် သမ္မာတရားလမ်းခရီးတစ်လျှောက် ရှေ့ဆက်ရန် ဇွဲလုံ့လရှိသင့်သည်။ လူငယ်များသည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မတရားခြင်းတို့ကိုလည်း မသိုထားသင့်ပေ။ မိမိတို့၏ မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။ လူငယ်များသည် မျောပါမသွားသင့်ဘဲ၊ တရားမျှတမှုနှင့် သမ္မာတရားအတွက် စွန့်လွှတ်မှုများ ပြုရဲသည့် စိတ်ဓာတ်နှင့် ရုန်းကန်ရဲသည့် စိတ်ဓာတ်တို့ ရှိသင့်သည်။ လူငယ်များအနေဖြင့် အမှောင် အင်အားစု၏ ဖိနှိပ်မှုကို အရှုံးမပေးရန်နှင့် ၎င်းတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ပြောင်းလဲပစ်ရန် သတ္တိရှိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ) ဘုရားနှုတ်ကပတ်တော်တွေကနေ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်ရမယ်၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ရမယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဒီလိုနည်းနဲ့မှ ဘဝက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိမှာပါ။ မိသားစု သင့်မြတ်ဖို့အတွက် ယာယီသက်သာမှုကို ရှာဖွေပြီး သမ္မာတရားလိုက်စားဖို့နဲ့ ကယ်တင်ခံရဖို့ အခွင့်အရေး ဆုံးရှုံးသွားရင် ကျွန်မဘဝမှာ အသက်ရှင်နေတာက အလဟဿဖြစ်သွားမှာ မဟုတ်ဘူးလား။ ဘုရားသခင်ကို ယုံကြည်ဖို့ ရွေးချယ်ပြီးပြီဖြစ်လို့ ဘယ်သူ၊ ဘယ်အရာရဲ့ ချည်နှောင်တာကိုမှ မခံသင့်တော့ဘဲ ခိုင်ခိုင်မာမာ ဆက်လျှောက်လှမ်းသင့်ပါတယ်။ ဒါဟာ လူငယ်တစ်ယောက် ရှိသင့်တဲ့ ဆုံးဖြတ်ချက်နဲ့ ဇွဲလုံ့လပါပဲ။ ဘုရားကို သူ့ယုံကြည်မှုမှာ မိဘတွေရဲ့ တားဆီးတာ ခံခဲ့ရတဲ့ ပေတရုကို ကျွန်မ တွေးမိတယ်၊ ဒါပေမဲ့ ပေတရုမှာ တရားမျှတစိတ်ရှိပြီး ချစ်ခြင်းနဲ့မုန်းခြင်းကြားမှာ ရှင်းလင်းတဲ့ ကွဲပြားမှု ရှိပါတယ်။ ဘုရားမယုံတဲ့ မိဘတွေရဲ့ ချည်နှောင်တာကို မခံခဲ့ဘဲ သခင်ယေရှုနောက်ကို ပြတ်ပြတ်သားသား လိုက်ခဲ့ပါတယ်။ သခင့်နောက်လိုက်ရာမှာ ဘုရားသခင်ရဲ့ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုနဲ့ စစ်ဆေးခြင်းတွေကို ကြုံတွေ့ခဲ့ရပြီး သူ့ရဲ့ အသက်စိတ်သဘောထား ပြောင်းလဲခဲ့တဲ့အပြင် အဆုံးမှာ ဘုရားသခင်အတွက် သက်သေအဖြစ် ပြောင်းပြန် ကားစင်တင် အသတ်ခံခဲ့ရပါတယ်။ ပေတရုရဲ့ ဘဝက တကယ်ပဲ အဓိပ္ပာယ်အရှိဆုံးပါပဲ။ ပေတရုရဲ့ စံနမူနာနဲ့ယှဉ်ရင် ကျွန်မက အများကြီး လိုနေသေးပေမဲ့ ဘယ်သူ၊ ဘယ်အရာရဲ့ ချည်နှောင်တာကိုမှ မခံဘဲ သမ္မာတရားကို လိုက်စားပြီး အဓိပ္ပာယ်ရှိတဲ့ အသက်တာမှာ နေထိုင်ဖို့ သူ့ကို အတုယူချင်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက် ကျွန်မ စိတ်နှလုံးက လုံးဝ လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။ ကျွန်မအပေါ်ထားတဲ့ မိဘတွေရဲ့ သဘောထားကြောင့် စိတ်မသန့်မဖြစ်တော့ဘဲ ဘုရားသခင် ကျေနပ်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်စိတ်ပဲ ရှိပါတော့တယ်။ နောက်ပိုင်းမှာ ကျွန်မက ဘုရားယုံဖို့ ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်းနဲ့ သူတို့ တကယ် တားဆီးလို့မရတော့ကြောင်း မိဘတွေ မြင်သွားတဲ့အခါ ကျွန်မကို မနှောင့်ယှက်ကြတော့ပါဘူး။ အခုဆိုရင် ကျွန်မ အသင်းတော်မှာ ပုံမှန်စုဝေးပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နေပါပြီ။ ကျွန်မစိတ်နှလုံးက တကယ်ပဲ သက်သာရာရပြီး ငြိမ်းချမ်းနေပါတယ်။

အရှေ့သို့- ၁၇။ “အခြားလူများကို အစဉ်သတိထားသင့်သည်” ဟု ဆိုခြင်းသည် မှန်ကန်ပါသလား

နောက်တစ်ခုသို့- ၂၂။ အသေးအဖွဲကိစ္စတစ်ခုက ကျွန်မရဲ့ သရုပ်မှန်ကို ထုတ်ဖော်ခဲ့ပါတယ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၁၂။ သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

ဂျင်းမို၊ မလေးရှား၁၉၉၇ ခုနှစ်တွင် ကျွန်မ သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံဖို့ အခွင့်ရခဲ့ပြီး၊ ကျွန်မ နှစ်ခြင်းခံသည့်အချိန်တွင် သင်းအုပ်ဆရာက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။