၂၂။ အသေးအဖွဲကိစ္စတစ်ခုက ကျွန်မရဲ့ သရုပ်မှန်ကို ထုတ်ဖော်ခဲ့ပါတယ်
၂၀၂၁ ခုနှစ်၊ ဧပြီလတုန်းက အသင်းတော်မှာ စာနှင့်ပတ်သက်တဲ့အလုပ် ကြီးကြပ်ရေးမှူးအဖြစ် ကျွန်မ အမှုတော်ထမ်းနေခဲ့တယ်။ တစ်နေ့မှာ အထက်ခေါင်းဆောင်ပိုင်းဆီက စာတစ်စောင် ရောက်လာတယ်။ အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ လျှိုလီအပေါ် အကဲဖြတ်ချက်တစ်ခုကို ရေးပေးဖို့ သူတို့ တောင်းဆိုထားတာပါ။ သုံးရက်အတွင်း အပြီးရေးပြီး တင်ပြဖို့ သူတို့က လိုချင်တာလေ။ ကျွန်မ မစဉ်းစားဘဲ မနေနိုင်ခဲ့ဘူး။ “အထက်ခေါင်းဆောင်ပိုင်းက လျှိုလီကို အကဲဖြတ်ပေးဖို့ ဘာလို့ ရုတ်တရက်ကြီး ကျွန်မကို ခိုင်းရတာလဲ။ သူ့ရဲ့ အလုပ်လုပ်နိုင်စွမ်းက ညံ့လို့ သူ့ကို ဖြုတ်ချဖို့အတွက် စဉ်းစားဖို့အကဲဖြတ်ချက်တွေ လိုက်စုနေတာများလား။ ဒါမှမဟုတ် သူက ဝန်တာထားတဲ့စိတ်ရှိပြီး လက်တွေ့ကျကျ အလုပ်လုပ်တာကို သူတို့မြင်လို့ သူ့ကို ရာထူးတိုးပေးချင်တာများလား။ လျှိုလီသာ ရာထူးတိုးခံရပြီး ကျွန်မက သူ့ရဲ့ အားနည်းချက်တွေကို အသားပေးရေးလိုက်ရင် လူတွေအပေါ် ကျွန်မ ဆက်ဆံပုံက မမျှတဘူးလို့ ခေါင်းဆောင်ပိုင်းက ပြောမလား။ လူတိုင်းမှာ အားနည်းချက်တွေ ရှိကြစမြဲပါ၊ ပျိုးထောင်ပေးဖို့ အလားအလာရှိတဲ့သူတစ်ယောက်ကို ဒီလောက် အဆိုးမြင်ပြီး ဖော်ပြတာက ခွဲခြားသိမြင်မှု ကင်းမဲ့တာကို ပြနေတယ်လို့ သူတို့ ပြောကြမလား။ ဒါပေမဲ့ လျှိုလီက ဖြုတ်ချခံရမှာဖြစ်ပြီး ကျွန်မက သူ့ရဲ့ အားသာချက်တွေကို အသားပေးရေးလိုက်ရင် ကျွန်မမှာ အစွမ်းအစ တကယ်မရှိဘူးလို့ ခေါင်းဆောင်ပိုင်းက ပြောမလား။ စာနှင့်ပတ်သက်တဲ့အလုပ် ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ပြီး လူတွေကို ပိုင်းခြားသိမြင်ခြင်းနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ မိတ်သဟာယပြုတဲ့ ကျွန်မက လူတစ်ယောက်ကို အကဲဖြတ်တဲ့အခါ ဖြုတ်ချခံရမယ့်သူတစ်ယောက်အကြောင်းကို ဒီလောက် အကောင်းဘက်က ရေးသားတာဟာ ပိုင်းခြားသိမြင်မှု ကင်းမဲ့တာကို ပြနေတာပဲ၊ ဒီလိုအစွမ်းအစမျိုးနဲ့ ဒီလောက်အရေးကြီးတဲ့ တာဝန်ကို ဘယ်လိုများ ကောင်းကောင်း လုပ်ဆောင်နိုင်မှာလဲလို့ သူတို့ မေးခွန်းထုတ်ကြမလား။ အဲဒီလိုသာ ဖြစ်လာခဲ့ရင် ခေါင်းဆောင်ပိုင်းက ကျွန်မကို သေချာပေါက် အထင်သေးသွားမှာပဲ” ပေါ့။ ဒါကို တွေးမိတော့ ဒီကိစ္စကို သတိထားပြီး ကိုင်တွယ်ဖို့၊ ပြီးတော့ လျှိုလီရဲ့ အကဲဖြတ်ချက်ကို မတင်ပြခင် တိတိကျကျ ရေးရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်တယ်။ လျှိုလီရဲ့ တွဲဖက်ဖြစ်တဲ့ ဝမ်ရင်းက နောက်တစ်နေ့မှာ ကျွန်မဆီ လာတွေ့မယ်ဆိုတာ သိလိုက်တာနဲ့ ကျွန်မ အကြံတစ်ခု ရသွားတယ်။ ကျွန်မ တွေးမိတယ်။ “လျှိုလီက ရာထူးတိုးခံရမှာလား၊ ဖြုတ်ချခံရမှာလားဆိုတာ သိဖို့ ဝမ်ရင်းဆီကနေ အရိပ်အမြွက်နည်းနည်းယူပြီး အခြေအနေကို နည်းနည်းစမ်းကြည့်ဖို့ ကြိုးစားကြည့်ရင် မကောင်းဘူးလား။ လျှိုလီက ဘယ်ကိုဦးတည်နေတယ်ဆိုတာ ကျွန်မ သိလိုက်ရင် အကဲဖြတ်ချက်ရေးရတာ ပိုလွယ်သွားမှာ။ သူသာ ရာထူးတိုးခံရမယ်ဆိုရင် ကျွန်မက သူ့ရဲ့ အားသာချက်တွေကို အလေးပေးမယ်၊ သူသာ ဖြုတ်ချခံရမယ်ဆိုရင် သူ့ရဲ့ အားနည်းချက်တွေကို အသားပေးလိုက်မယ်။ အထက်ခေါင်းဆောင်ပိုင်းရဲ့ ရည်ရွယ်ချက်တွေအတိုင်း ကျွန်မ အကဲဖြတ်ချက် ရေးလိုက်မယ်လေ။ ဒီလိုဆိုရင် ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ကျွန်မမှာ ပိုင်းခြားသိမြင်မှုတချို့ ရှိတယ်လို့ ခေါင်းဆောင်ပိုင်းက သေချာပေါက် ပြောမှာဖြစ်ပြီး ကျွန်မလဲ အရှက်ကွဲတာမျိုး ဖြစ်သွားမှာ မဟုတ်ဘူး” ပေါ့။
နောက်တစ်နေ့မှာ အသင်းတော်ခေါင်းဆောင် နောက်တစ်ယောက်ဖြစ်တဲ့ ဝမ်ရင်းက အလုပ်ကိစ္စတွေ ကျွန်မကို လာဆွေးနွေးတော့ ကျွန်မက သူ့ကို အလုပ်အကြောင်း တင်ပြဖို့ အာရုံမရောက်ဘဲ တောက်လျှောက် စဉ်းစားနေမိတယ်။ “လျှိုလီ ဘာဖြစ်မယ်ဆိုတာ ဝမ်ရင်း ကျွန်မကို ပြောပြလာအောင်၊ ပြီးတော့ သူ သတိမထားမိအောင် ကျွန်မ ဘာပြောရမလဲ” ပေါ့။ ဝမ်ရင်း စကားပြောပြီးတာနဲ့ ကျွန်မက တမင်တကာ စုံစမ်းတဲ့မေးခွန်းတွေ မေးတော့တာပေါ့။ “ဒီရက်ပိုင်း အလုပ်ကိစ္စ လာဆွေးနွေးတာ ရှင်တစ်ယောက်တည်းပဲ ရှိတယ်။ လျှိုလီက ဘာလို့ မလာတာလဲ။ သူ မအားလို့လား” ပေါ့။ ဝမ်ရင်းက တိုးတိုးလေး ပြန်ဖြေတယ်။ “သူ တခြားအလုပ်တွေနဲ့ ရှုပ်နေလို့ပါ” တဲ့။ လျှိုလီ ဖြုတ်ချခံရနိုင်တယ်လို့ ကျွန်မ မှန်းဆမိပေမဲ့ မသေချာနိုင်ခဲ့ဘူး။ ကျွန်မ အလုပ်ကို အာရုံမစိုက်ဘူးလို့ ဝမ်ရင်း ပြောမှာစိုးလို့ ကျွန်မ တဲ့တိုးကြီး မမေးရဲခဲ့ဘူး၊ ဒါကြောင့် သွယ်ဝိုက်ပြီး ဆက်စုံစမ်းလိုက်တယ်။ “ရှင်တို့နှစ်ယောက်ပဲ ခေါင်းဆောင်တွေ ရှိတာဆိုတော့ အလုပ်တွေအများကြီးကို ဘယ်လို စီမံခန့်ခွဲလဲ” ပေါ့။ မေးပြီးတဲ့နောက်မှာ သူ စကားပြောတဲ့အခါ ဝမ်ရင်းရဲ့ အကြည့်နဲ့ မျက်နှာထားတိုင်းကို ကျွန်မ သေချာ စောင့်ကြည့်နေခဲ့တယ်။ လျှိုလီ ဘာဖြစ်နေလဲဆိုတာ ဆုံးဖြတ်ဖို့ ကျွန်မ သုံးလို့ရမယ့် သဲလွန်စအသေးလေးဖြစ်ဖြစ် ရှာတွေ့ဖို့ ကြိုးစားတာပေါ့။ ဒါပေမဲ့ အံ့သြစရာကောင်းတာက ဝမ်ရင်းက ရိုးရိုးရှင်းရှင်း ပြန်ဖြေတယ်။ “ဒီရက်ပိုင်း အလုပ်က တော်တော်များတယ်” တဲ့။ သူ့အဖြေက ကျွန်မအတွက် ရှင်းလင်းတဲ့ သတင်းအချက်အလက် ဘာမှ မရလိုက်တော့ ကျွန်မ တော်တော်လေး စိုးရိမ်ပူပန်မိတယ်။ ကျွန်မ ဘာလုပ်ရမလဲ။ လျှိုလီက ရာထူးတိုးခံရမှာလား၊ ဖြုတ်ချခံရမှာလားဆိုတာ ကျွန်မ မသိသေးဘူး။ အကဲဖြတ်ချက် တင်ရမယ့် ရက်ချိန်းက နီးလာပြီ၊ ဒါပေမဲ့ ဘယ်လို သေသေချာချာ လုပ်ရမလဲဆိုတာ မသေချာလို့ ကျွန်မ မရေးနိုင်ဖြစ်နေခဲ့တယ်။ ကျွန်မ တွေးမိတယ်။ “ငါ သိတာလေးပဲ ရေးလိုက်ပြီးတော့ လျှိုလီနဲ့က ခဏခဏ မဆုံဖူးလို့ သူ့ကို ကောင်းကောင်းမသိဘူး၊ ဒါကြောင့် ငါ့အကဲဖြတ်ချက်က တိကျချင်မှ တိကျမယ်လို့ ခေါင်းဆောင်ပိုင်းကို ရှင်းပြလိုက်ရင်ရော။” ပေါ့။ ပြီးတော့ ကျွန်မ ပြန်စဉ်းစားတယ်။ “ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ပြီးတော့ လူတစ်ယောက်နဲ့ အကြိမ်အနည်းငယ် ဆုံပြီးတာတောင် ခွဲခြားမသိမြင်နိုင်သေးရင် ငါ့မှာ အစွမ်းအစ မရှိဘူး၊ ကိစ္စတွေကို သေချာ မမြင်နိုင်ဘူးလို့ အထက်ခေါင်းဆောင်ပိုင်းက ပြောမလား။ အဲဒါဆို အရမ်း ရှက်စရာကောင်းမှာ။ ထားလိုက်ပါတော့။ အကဲဖြတ်ချက်ကို မရေးဘဲနေလိုက်တာ ပိုကောင်းမယ်။ ဒါဆိုရင် အထက်ခေါင်းဆောင်ပိုင်းက ငါ့မှာ ခွဲခြားသိမြင်မှု ကင်းမဲ့တာကို မြင်မှာမဟုတ်ဘူး” ပေါ့။ ဒါနဲ့ ကျွန်မ အကဲဖြတ်ချက်ကို မရေးဖြစ်ခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်း ဒီကိစ္စကို တွေးမိတော့ ကျွန်မ တော်တော်လေး အပြစ်ရှိသလို ခံစားရတယ်။ ဘုရားအိမ်တော်က ကျွန်မတို့ကို လူတွေကို မျှမျှတတနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်ဖို့ လိုအပ်တယ်၊ အဓိကအားဖြင့် လူတစ်ယောက်က ပျိုးထောင်ဖို့နဲ့ ရွေးချယ်ဖို့အတွက် စည်းမျဉ်းတွေနဲ့ ကိုက်ညီမှုရှိမရှိ နားလည်ဖို့၊ ဒါမှမဟုတ် လူတစ်ယောက်က လက်တွေ့ကျတဲ့ အလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိနဲ့ သူ့အလုပ်အတွက် အရည်အချင်း ပြည့်မီခြင်း ရှိမရှိ ကြီးကြပ်ပြီး စစ်ဆေးဖို့ဖြစ်တယ်ဆိုတာ ကျွန်မ သဘောပေါက်လာတယ်။ အလုပ်တစ်ခုအတွက် လူမှန်ကို ရွေးချယ်တာက အင်မတန် အရေးကြီးတယ်၊ အဲဒါက အလုပ်ရဲ့ ထိရောက်မှုကို တိုက်ရိုက် ထိခိုက်စေပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်စောင့်ရှောက်တာနဲ့ သက်ဆိုင်တာကြောင့်ပဲ။ ပြီးတော့ အကဲဖြတ်ချက် ရေးသားတာက ရိုးသားတဲ့သူတစ်ယောက်ဖြစ်ခြင်းဆိုတဲ့ သမ္မာတရားထဲကို ဝင်ရောက်ဖို့ ကျွန်မကို ခွင့်ပြုပေးနိုင်တယ်။ ဒီတော့ ကျွန်မက စာရေးဖို့ ဘာလို့ ဒီလောက် ဝန်လေးနေခဲ့တာလဲ။ ဘာလို့ ကျွန်မ ဒီလောက် ဒုက္ခရောက်နေခဲ့တာလဲ။ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ လျှိုလီအပေါ် အကဲဖြတ်ချက်ကို ရေးရမယ့်တာဝန်က သမီးကို စိတ်ဒွိဟဖြစ်စေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သမီး တွန့်ဆုတ်နေပြီး အလွန်အမင်း သတိထားနေခဲ့ပါတယ်၊ သမီးရဲ့ ခွဲခြားသိမြင်မှုက လိုအပ်ချက်ရှိနေပြီး အကဲဖြတ်ချက် မတိကျရင် ခေါင်းဆောင်ပိုင်းက သမီးကို အထင်သေးမှာ ကြောက်လို့ သမီး မရေးချင်ခဲ့ပါဘူး။ အို ဘုရားသခင်၊ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သတိပြုမိဖို့ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။
ကျွန်မရဲ့ ဝတ်ပြုတဲ့အချိန်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်။ “အန္တိခရစ်များ၏ မျက်စိထဲတွင် ဘုရားသခင် မရှိပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိပေ။ ခရစ်တော်ကို ၎င်းတို့ ကြုံတွေ့သောအခါ သာမန်လူတစ်ယောက်နှင့်မခြား ဆက်ဆံကြသည်။ အစဉ်သဖြင့် သူ၏ အမူအရာနှင့်လေသံမှ အရိပ်နိမိတ် ယူကြသည်။ အခြေအနေနှင့် သင့်တော်သလို ၎င်းတို့၏ လေသံကို ပြောင်းကြသည်။ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို မည်သည့်အခါမျှ မပြောပေ။ ရိုးသားစစ်မှန်သည့် အရာတစ်ခုမှ မပြောပေ။ အနှစ်မရှိသည့် စကားများနှင့် အယူဝါဒကို ပြောသည်။ ၎င်းတို့ မျက်စိရှေ့တွင် ရပ်နေသော လက်တွေ့ကျသည့်ဘုရားကို လှည့်စားပြီး တစ်ပတ်ရိုက်ဖို့ ကြိုးစားကြသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်အရင်းခံအတိုင်း စကားပြောနိုင်စွမ်း၊ စစ်မှန်သောအရာတစ်ခုတလေကို ပြောနိုင်စွမ်းပင် မရှိကြပေ။ ၎င်းတို့သည် မြွေတစ်ကောင် တွန့်လိမ်သွားသကဲ့သို့ အကွေ့အဝိုက်များပြီး သွယ်ဝိုက်သော နည်းလမ်းဖြင့် စကားပြောကြသည်။ ၎င်းတို့ စကားများ၏ ဟန်ပန်နှင့် ဦးတည်ရာတို့သည် ဖရဲသီးအနွယ်တစ်ခုက တိုင်ပေါ် တက်နေသကဲ့သို့ ဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ကောင်းသော အစွမ်းအစရှိပြီး ရာထူးတိုးခြင်း ခံရနိုင်သည်ဟု သင်ပြောသည့်အခါ၊ ၎င်းတို့က ၎င်းတို့မည်မျှ တော်ကြောင်းနှင့် ၎င်းတို့ထဲ၌ ထင်ရှားသည့်အရာနှင့် ပေါ်လွင်သည့်အရာကို ချက်ချင်းပြောကြသည်။ ပြီးလျှင် သင်က တစ်စုံတစ်ဦးသည် ဆိုးသည်ဟု ပြောသည့်အခါ၊ ၎င်းတို့သည် မည်မျှ ဆိုးပြီး မကောင်းကြောင်း၊ ၎င်းတို့သည် အသင်းတော်၌ မည်မျှ အဖျက်အမှောင့်များနှင့် အနှောင့်အယှက်များ ဖြစ်စေကြောင်းတို့ကို အလျင်အမြန် ပြောပေသည်။ သင်သည် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး အမှန်တကယ်ဖြစ်သော အခြေအနေကို သိလိုသည့်အခါ ၎င်းတို့၌ ပြောစရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် သင် ကောက်ချက်ချဖို့ကို စောင့်ဆိုင်းရင်း၊ သင်၏ စကားများရှိ အဓိပ္ပာယ်ကို အာရုံစိုက် နားစွင့်ရင်း မလိမ့်တပတ်လုပ်သည်။ ဤသို့ဖြင့် ၎င်းတို့၏ စကားလုံးများကို သင်၏အတွေးများနှင့် ကိုက်ညီစေရန် ဖြစ်သည်။ ၎င်းတို့ပြောဆိုသမျှသည် နားထောင်ကောင်းသည့် စကားများ၊ မြှောက်ပင့်ခြင်းနှင့် မျက်နှာလိုမျက်နှာရ လုပ်ခြင်းဖြစ်ကာ ရိုးသားစစ်မှန်သော စကားတစ်လုံးမျှ ၎င်းတို့၏ ပါးစပ်မှ မထွက်လာကြချေ။ ဤသည်မှာ ၎င်းတို့၏ လူတို့နှင့် ဆက်ဆံပုံဖြစ်ပြီး ဘုရားသခင်နှင့် ဆက်ဆံပုံဖြစ်သည်။ ၎င်းတို့သည် ထိုမျှ လှည့်စားတတ်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ် စိတ်သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၂)) “စာတန်၏ စကားများတွင် ထူးခြားသော လက္ခဏာတစ်မျိုးရှိသည်။ စာတန်ပြောသည့်အရာသည် သင့်ကို ခေါင်းရှုတ်စေပြီး သူ့စကား၏ အရင်းအမြစ်ကို မသိမြင်နိုင်ပေ။ တစ်ခါတစ်ရံတွင် စာတန်သည် ရည်ရွယ်ချက်များရှိပြီး တမင်သက်သက် စကားပြောဆိုသည်။ တစ်ခါတစ်ရံတွင် ၎င်း၏ သဘာဝ၏ ထိန်းချုပ်ခြင်းကို ခံရပြီး ထိုကဲ့သို့သောစကားများက အလိုအလျောက်ထွက်ပေါ်လာပြီး စာတန်၏ ပါးစပ်မှ တိုက်ရိုက်ထွက်လာသည်။ စာတန်သည် ထိုကဲ့သို့သောစကားများကို ကြာရှည်စွာ ချိန်ဆမနေပေ။ ထိုအစား ယင်းတို့သည် မစဉ်းစားဘဲ ဖော်ပြခြင်းဖြစ်သည်။ ဘယ်ကနေလာသည်ကို ဘုရားသခင်က မေးသည့်အခါတွင် စာတန်က အဓိပ္ပာယ်မပြတ်သားသော စကားအချို့ဖြင့် ဖြေသည်။ သင့်အနေဖြင့် စာတန် မည်သည့်နေရာက အမှန်တကယ် လာသည်ကို သိရှိခြင်းမရှိဘဲ၊ အလွန် အကြံအိုက်သွားလေသည်။ သင်တို့ထဲတွင် ဤသို့ ပြောဆိုသည့်သူများ ရှိသလော။ ဤသို့ ပြောဆိုသည်မှာ မည်သို့သော နည်းလမ်းမျိုးဖြစ်သနည်း။ (ဟိုလိုလို သည်လိုလိုနှင့် တိကျသည့် အဖြေကို မပေးသည့် နည်းလမ်းဖြစ်ပါသည်။) ဤသို့ပြောဆိုပုံကို ဖော်ပြရန် မည်သို့သောစကားလုံးမျိုးများကို ငါတို့ သုံးသင့်သနည်း။ အာရုံကို လွှဲပြောင်းစေခြင်းနှင့် ဆုံးဖြတ်ချက်လွဲမှားခြင်း ဖြစ်သည်။ တစ်ယောက်ယောက်သည် မနေ့က မည်သည့်အရာလုပ်ခဲ့သည်ကို အခြားသူများအား မသိစေချင်ဟု ဆိုပါစို့။ ‘မနေ့ညတွင် သင့်ကို တွေ့မိသေး၏။ အဘယ်အရပ်သို့ သွားခဲ့သနည်း။’ ဟု သင်က သူ့ကို မေးသည်။ ၎င်းတို့က ၎င်းတို့ မည်သည့်နေရာ သွားခဲ့သည်ကို သင့်ကို တိုက်ရိုက် မပြောပေ။ ယင်းထက်၊ ၎င်းတို့က၊ ‘မနေ့က တော်တော်ကို အလုပ်ရှုပ်သည့် နေ့ဖြစ်သည်။ အလွန်ပင်ပန်းသည်။’ ဟု ပြောလေသည်။ ၎င်းတို့က သင်၏မေးခွန်းကို ဖြေခဲ့ပါသလော။ ဖြေခဲ့၏၊ သို့သော် သင်လိုချင်သည့် အဖြေကို ၎င်းတို့ မပေးခဲ့ကြပေ။ ဤသည်မှာ လူ့ အပြောအဆို၏ မာယာအတွင်းရှိ ‘ဉာဏ်ထက်မြက်မှု’ ဖြစ်သည်။ ၎င်းတို့ အဘယ်အရာဆိုလိုသည်ကို သင် လုံးဝ မသိရှိနိုင်သကဲ့သို့၊ ၎င်းတို့ စကားများ၏ အရင်းအမြစ် သို့မဟုတ် ရည်ရွယ်ချက်ကို မသိမြင်နိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ကိုယ်ပိုင် ဇာတ်လမ်းရှိကြသောကြောင့် အဘယ်အရာကို ၎င်းတို့ ရှောင်ရှားရန် ကြိုးစားနေကြသည်ကို သင် မသိချေ။ ဤသည်မှာ ယုတ်မာသောအရာ ဖြစ်သည်။ သင်တို့အထဲတွင်လည်း ဤသို့ စကားပြောသူ ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် သင်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ တစ်ခါတစ်ရံ သင်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ရန်၊ တစ်ခါတစ်ရံ သင်တို့၏ ကိုယ်ပိုင်မာန၊ ရာထူးနှင့်ပုံရိပ်ကို ထိန်းသိမ်းရန်၊ သင်တို့ ကိုယ်ရေးကိုယ်တာ ဘဝ၏ လျှို့ဝှက်ချက်များကို ကာကွယ်ရန်ဖြစ်သလော။ မည်သည့် ရည်ရွယ်ချက် ရှိပါစေ၊ ယင်းသည် သင်၏ကိုယ်ကျိုးများမှ ခွဲခြားမရပေ၊ သင်၏ ကိုယ်ကျိုးများနှင့် ဆက်စပ်လေသည်။ ဤသည်မှာ လူသား၏ သဘာဝ ဖြစ်သည်မဟုတ်လော။ ဤသို့သော သဘာဝရှိသူအားလုံးသည် စာတန်နှင့်၊ သို့မဟုတ် စာတန်၏ မိသားစုနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ ငါတို့ ဤကဲ့သို့ ပြော၍ရနိုင်၏၊ ဟုတ်သည် မဟုတ်လော။ အများအားဖြင့် ဤသရုပ်သကန်သည် စက်ဆုပ်စရာဖြစ်ပြီး ရွံရှာစရာ ကောင်းပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ဘုရားသခင်က အန္တိခရစ်တွေဟာ ဘုရားသခင်နဲ့ ဆက်ဆံရာမှာ အမြဲတမ်း လှည့်ဖြားပြီး ပြုမူတတ်တယ်၊ ဘယ်လိုပြုမူရမယ်ဆိုတာ မဆုံးဖြတ်ခင် သူ့ရဲ့အမူအရာကနေ အရိပ်အမြွက်ရယူတတ်တယ်လို့ ဖော်ထုတ်ထားတယ်။ သူတို့ဟာ ခရစ်တော်ရှေ့မှာ ရိုးရိုးသားသား မပြောဆိုကြဘူး၊ ဘုရားသခင်ကို လှည့်ဖြားဖို့ လူသားရဲ့ ကျဉ်းမြောင်းတဲ့စိတ်ကို အသုံးပြုကြတယ်။ သူတို့ရဲ့ စိတ်သဘောထားက တကယ်ကို ကောက်ကျစ်စဉ်းလဲပြီး ဆိုးညစ်တယ်၊ အဲဒါက ဘုရားသခင်ကို ရွံမုန်းစေတယ်။ ပြန်သုံးသပ်ကြည့်တော့ ကျွန်မလည်း အဲဒီလိုပဲ ပြုမူခဲ့မှန်း သဘောပေါက်လိုက်တယ်။ အထက်ခေါင်းဆောင်ပိုင်းက ကျွန်မကို လျှိုလီအပေါ် အကဲဖြတ်ချက် ရေးခိုင်းခဲ့တယ်၊ လျှိုလီက ရာထူးတိုးခံရတာပဲဖြစ်ဖြစ်၊ ဖြုတ်ချခံရတာပဲဖြစ်ဖြစ် ကျွန်မက သူ့အပေါ် နားလည်မှုအပေါ် အခြေခံပြီး ဓမ္မဓိဋ္ဌာန်ကျကျနဲ့ အဖြစ်မှန်အတိုင်း အကဲဖြတ်ချက် ရေးခဲ့သင့်တာ၊ ဘာလို့လဲဆိုတော့ ဒါက အသင်းတော်အလုပ်ကို ထိန်းသိမ်းကာကွယ်ဖို့ ရည်ရွယ်ချက်အတွက် ဖြစ်တာကိုး။ ဒါပေမဲ့ ရိုးရိုးသားသား ဘယ်လိုပြောရမလဲ စဉ်းစားမယ့်အစား၊ ကျွန်မ သိတာကို မျှမျှတတနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ဘယ်လိုရေးပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းရမလဲဆိုတာ စဉ်းစားမယ့်အစား၊ အကဲဖြတ်ချက်တောင်းဆိုတာက ဘာကို ဆိုလိုတာလဲ၊ ပြီးတော့ ကျွန်မ အကျိုးရှိအောင် ဘယ်လိုရေးရမလဲ ဆိုတာကို အရင်ဆုံး တွေးတောမှန်းဆခဲ့တယ်။ ကျွန်မ အကဲဖြတ်ချက်သာ မတိကျရင် အထက်ခေါင်းဆောင်ပိုင်းက ကျွန်မရဲ့ အားနည်းချက်တွေကို မြင်သွားပြီး ကျွန်မမှာ ခွဲခြားသိမြင်မှု ကင်းမဲ့တယ်လို့ ထင်သွားမှာ၊ သူတို့ ကျွန်မကို အထင်သေးသွားမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ခေါင်းဆောင်ပိုင်းရဲ့ အမြင်မှာ ကျွန်မရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ကျွန်မက ခေါင်းဆောင်ပိုင်းရဲ့ ရည်ရွယ်ချက်ကို သိချင်ပြီး အဲဒါကနေ အရိပ်အမြွက် ယူချင်ခဲ့တယ်။ ဝမ်ရင်းက ကျွန်မအလုပ်ကို လာစစ်ဆေးတဲ့အခါ ကျွန်မက သေသေချာချာ တင်ပြဖို့ အာရုံမစိုက်ဘဲ ခေါင်းခြောက်အောင် စဉ်းစားနေခဲ့တာ၊ လျှိုလီ ဘာဖြစ်နေလဲဆိုတာ ကျွန်မကို ဝမ်ရင်းက ပြောပြလာအောင် ဘယ်လိုလုပ်ရမလဲပေါ့။ လျှိုလီသာ ရာထူးတိုးခံရမယ်ဆိုရင် ကျွန်မက အဲဒီအခြေအနေကိုကြည့်ပြီး သူ့ကို မြှောက်ပင့်မယ်၊ သူ့အားသာချက်တွေကို အလေးပေးပြီး အားနည်းချက်တွေကို လျှော့ရေးမယ်၊ ဒါပေမဲ့ လျှိုလီသာ ဖြုတ်ချခံရမယ်ဆိုရင် သူ့ရဲ့ အားနည်းချက်တွေကို အသားပေးလိုက်မယ်လေ။ အဲဒီလို အကဲဖြတ်ချက်မျိုး တင်ပြလိုက်ရင် ကျွန်မက အစွမ်းအစကောင်းပြီး လူတွေကို တိတိကျကျ မြင်တတ်တဲ့၊ သိပ်ညံ့ဖျင်းမှု မရှိတဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်တယ်လို့ အထက်ခေါင်းဆောင်ပိုင်းက ထင်သွားမယ်လို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မက လူတစ်ယောက် ကောင်းတယ်၊ ဆိုးတယ်လို့ အကဲဖြတ်တဲ့အခါ အဖြစ်မှန်တွေနဲ့ သမ္မာတရား စည်းမျဉ်းတွေအပေါ် အခြေမခံဘဲ အဲဒီလူက ရာထူးတိုးခံရမှာလား၊ ဖြုတ်ချခံရမှာလား ဆိုတာအပေါ်မှာပဲ အခြေခံခဲ့တယ်။ ကျွန်မက လေသင့်ရာ ရွက်လွှင့်နေခဲ့တာပဲ၊ အကဲဖြတ်ချက်ကို ဓမ္မဓိဋ္ဌာန်မကျအောင်၊ မမှန်ကန်အောင် လုပ်နေခဲ့တယ်။ လူတိုင်းမှာ အားသာချက်တွေရော၊ အားနည်းချက်တွေရော ရှိကြတာပဲ၊ ဒါကြောင့် ကျွန်မက အကဲဖြတ်ချက်တွေကို မျှမျှတတ၊ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ မှန်မှန်ကန်ကန် ရေးရမှာ။ လူက မကောင်းဘဲနဲ့ ကျွန်မက အကဲဖြတ်ချက်ကောင်း ရေးလိုက်ရင် ကျွန်မက လှည့်ဖြားမှု လုပ်ဆောင်နေတာပဲ၊ ပြီးတော့ ဒါက သူများတွေကို လမ်းမှားရောက်စေပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာစေရင်၊ အသင်းတော်ရဲ့အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရင် ကျွန်မက မကောင်းမှု ကျူးလွန်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နေတာပဲ။ ဒါပေမဲ့ အဲဒီလူက သမ္မာတရားကို လိုက်စားပြီး ကျွန်မက အပျက်သဘောဆောင်တဲ့ အကဲဖြတ်ချက်ရေးလိုက်ရင် ကျွန်မက သူတို့အပေါ် မမျှတရာရောက်ပြီး သူတို့ကို ထိခိုက်စေတယ်၊ လေ့ကျင့်ဖို့ အခွင့်အရေးကို ငြင်းပယ်ရာရောက်တယ်။ ကျွန်မကို လူတစ်ယောက်အကြောင်း အကဲဖြတ်ခိုင်းတဲ့ ခေါင်းဆောင်ပိုင်းရဲ့ တောင်းဆိုချက်က ဒီလူအကြောင်း သူတို့ လေ့လာချင်လို့၊ ပြီးတော့ အများစုရဲ့ အကဲဖြတ်ချက်အရ ဘက်စုံကနေ သုံးသပ်ချင်လို့ ဖြစ်တယ်။ ဒါမှ တိကျမှုရှိပြီး အရှိအတိုင်းဖြစ်အောင် သေချာလုပ်နိုင်မှာပေါ့။ ဒါကြောင့် အကဲဖြတ်ချက်တိုင်းက အရေးကြီးတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ တွန်းအားပေးမှုကို ခံခဲ့ရပြီး ကိုယ့်အကျိုးစီးပွားအတွက် လူတစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ချဲ့ကားဖို့၊ ဒါမှမဟုတ် လျှော့ပေါ့ဖို့ ကြိုးစားတယ်။ အဲဒါက လူတွေကို လမ်းမှားရောက်စေတတ်တဲ့အရာဖြစ်ပြီး လူတစ်ယောက်အပေါ် တိကျပြီး ဓမ္မဓိဋ္ဌာန်ကျတဲ့ နားလည်မှုရဖို့ ခေါင်းဆောင်ပိုင်းအတွက် ခက်ခဲစေတယ်။ လူတွေကို ရွေးချယ်ပြီး ပျိုးထောင်တဲ့ ဘုရားအိမ်တော်ရဲ့အလုပ်ကို ကျွန်မ မရည်ရွယ်ဘဲနဲ့ ဟန့်တားပြီး နှောင့်ယှက်နေခဲ့မိတာပဲ။ ကျွန်မရဲ့ စိတ်သဘောထားက အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ အတူတူပဲဆိုတာ၊ ပြီးတော့ ကိုယ့်အကျိုးစီးပွားအတွက် ပြောဆိုဖို့နဲ့ နားထောင်ဖို့ ကြိုးစားနေခဲ့တယ်၊ အခြေအနေကို အကဲခတ်ဖို့ ကြိုးစားရင်း သတင်းအချက်အလက်ရဖို့ အကြီးအကျယ် အားထုတ်နေခဲ့တယ်ဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မက အရမ်းကို လှည့်ဖြားတတ်ပြီး ဂုဏ်သိက္ခာ၊ ဒါမှမဟုတ် တည်ကြည်မှု တစ်စက်မှ မရှိဘဲ အသက်ရှင်နေခဲ့တာ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ရိုးသားခြင်းဟူသည်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ခြင်းကို ဆိုလို၏၊ မည်သည့်အရာ၌မဆို ဘုရားသခင်အပေါ် လှည့်ဖြားခြင်းမရှိဘဲ အရာခပ်သိမ်း၌ ကိုယ်တော့်ထံ ပွင့်လင်းခြင်း၊ အဖြစ်မှန်များကို မည်သည့်အခါမျှ မဖုံးကွယ်ခြင်း၊ သင့်အထက်ရှိသူများကို လှည့်ဖြားရန် မကြိုးစားခြင်းနှင့် သင့်အောက်ရှိသူများထံမှ အမှုအရာများကို မဖုံးကွယ်ခြင်း၊ ဘုရားသခင်၏ မျက်နှာလိုမျက်နှာရလုပ်ရန်သာ ကြိုးပမ်းသည့်အရာများကို မလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ကျွန်မတို့အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေက သိပ်မမြင့်ပါဘူး။ ကိုယ်တော် မျှော်လင့်တာက ကျွန်မတို့ ပြောဆိုပြုမူတဲ့အခါ ပွင့်ပွင့်လင်းလင်းရှိပြီး အရှိကိုအရှိအတိုင်းပြောဖို့၊ လက်တွေ့ကျပြီး ပွင့်လင်းတဲ့ ရိုးသားသူတစ်ယောက် ဖြစ်ဖို့၊ လိမ်ညာလှည့်ဖြားတာနဲ့ ဖုံးကွယ်တာတွေကို ရှောင်ကြဉ်ဖို့ပါပဲ။ လျှိုလီကို ကျွန်မ ကောင်းကောင်းမသိသလို သူ့ကို တိတိကျကျ မသိမြင်နိုင်ခဲ့ပါဘူး၊ ဒါကြောင့် ကျွန်မသိသလောက် အကဲဖြတ်ချက်ကို ရေးပြီး အမှန်အတိုင်း ပြောခဲ့သင့်ပါတယ်။ ကျွန်မမှာ ဖုန်းကွယ်ထားတဲ့ ရည်ရွယ်ချက် မရှိသင့်ဘဲ လှည့်ဖြားမှုမှာ မပါဝင်သင့်ပါဘူး၊ ပြီးတော့ သူတပါးအပေါ် ဆက်ဆံရာမှာ လက်တွေ့ကျပြီး မျှတမှုရှိရုံပါပဲ။ ဒါပေမဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်တွေက မမှန်ကန်ခဲ့ပါဘူး၊ ပြီးတော့ အထက်ခေါင်းဆောင်ပိုင်းဆီက မျက်နှာရဖို့ ဒီအကဲဖြတ်ချက်ကို သုံးဖို့ ကျွန်မ ကြိုးစားခဲ့တယ်၊ ဒါကြောင့် သူတို့ရဲ့ အကြိုက်တွေနဲ့ ရည်ရွယ်ချက်တွေကို အကဲခတ်ဖို့ ကြိုးစားခဲ့ပြီး သူတို့ရဲ့ ဆန္ဒအပေါ် အခြေခံပြီး အကဲဖြတ်ချက်ကို ဘယ်လိုရေးရမလဲဆိုတာ ဆုံးဖြတ်ခဲ့ပါတယ်။ ခေါင်းဆောင်ပိုင်းက ကျွန်မရဲ့ အကဲဖြတ်ချက်ကို တောင်းဆိုပြီးတော့ လူတစ်ယောက်အကြောင်း လေ့လာချင်ခဲ့တာပါ၊ ဒါပေမဲ့ ကျွန်မဆီကနေ ရိုးသားတဲ့ စကားတစ်ခွန်းမှ သူတို့ မရလိုက်ပါဘူး။ အဲဒီလို သဘောထားမျိုးက ရိုးသားသူတစ်ယောက်ဖြစ်ခြင်းဆိုတဲ့ လက်တွေ့လုပ်ဆောင်မှုနဲ့ အတော်လေး ကွာခြားနေပါတယ်။ ဒါကို သဘောပေါက်လိုက်တဲ့အခါ ကျွန်မရဲ့ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားကို ကျွန်မ ရွံရှာမိပါတယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရပါတယ်။ “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဥပမာအားဖြင့် သင်သည် တစ်စုံတစ်ယောက်ကို အကဲဖြတ်သောအခါ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းနှင့် ဆက်နွှယ်သည်။ သင်သည် ၎င်းတို့ကို မည်သို့အကဲဖြတ်သနည်း။ (ကျွန်ုပ်တို့သည် ရိုးသားရမည်။ တရားမျှတရမည်။ ကျွန်ုပ်တို့၏ စကားများသည် ကျွန်ုပ်တို့၏ ခံစားချက်များအပေါ် အခြေမခံရပေ။) သင်ထင်မြင်သည့်အရာနှင့် သင်မြင်တွေ့ထားသည့်အရာအတိုင်း အတိအကျ သင်ပြောဆိုသည့်အခါ သင်ရိုးသားနေခြင်း ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်းနှင့် ကိုက်ညီသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို သွန်သင်သောအရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းဖြစ်သည်။ ရိုးသားခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်း၏ တစ်စိတ်တစ်ပိုင်း မဟုတ်သလော။ ထို့အပြင် ယင်းသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် မရိုးသားလျှင် သင်မြင်တွေ့ထားသည့်အရာနှင့် သင်ထင်မြင်သည့်အရာသည် သင့်နှုတ်မှ ထွက်လာသည့်အရာနှင့် မတူညီပေ။ တစ်စုံတစ်ယောက်က သင့်ကို ‘ထိုလူအပေါ် သင်၏ ထင်မြင်မှုမှာ မည်သို့ရှိသနည်း။ ထိုလူသည် အသင်းတော်၏ အလုပ်အတွက် တာဝန်ရှိသလော’ ဟု မေးလာသည်။ သင်က ‘ထိုသူသည် အလွန်တော်၏။ ကျွန်ုပ်ထက်ပို၍ တာဝန်ယူမှုရှိသည်။ သူ၏အစွမ်းအစသည် ကျွန်ုပ်ထက်ပို၍ ကောင်းပြီး သူ၏လူ့သဘာဝသည်လည်း ကောင်းမွန်၏၊ သူသည် ရင့်ကျက်ပြီး တည်ငြိမ်၏’ ဟု သင်ပြန်ပြောသည်။ သို့သော် ဤသည်မှာ သင့်စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာ ဖြစ်သလော။ သင်အမှန်တကယ် မြင်သည့်အရာမှာ ဤလူသည် အမှန်ပင် အစွမ်းအစရှိသော်ငြားလည်း စိတ်မချရ၊ အတော်အတန် လှည့်ဖြားတတ်ပြီး အလွန်ပင် တွက်ချက်တတ်ကြောင်း ဖြစ်သည်။ ဤသည်မှာ သင်၏စိတ်တွင် သင်အမှန်တကယ် စဉ်းစားနေသည့်အရာ ဖြစ်သည်။ သို့သော် စကားပြောဆိုရမည့်အချိန် ရောက်လာသောအခါ ‘ငါသမ္မာတရားကို ပြော၍မရ။ မည်သူ့ကိုမျှ စိတ်ဆိုးအောင် လုပ်၍မဖြစ်’ ဟု သင့်စိတ်၌ ပေါ်လာသည်။ ထို့ကြောင့် သင်က အခြားအရာတစ်ခုခုကို အလျင်အမြန် ပြောလိုက်သည်။ သူနှင့်ပတ်သက်၍ ပြောဆိုရန် ကောင်းမွန်သည့်အရာများကို သင်ရွေးချယ်လိုက်ပြီး သင်ပြောဆိုသည့် မည်သည့်အရာကမျှ သင်အမှန်တကယ် ထင်မြင်သည့်အရာ မဟုတ်ပေ။ အားလုံးက အလိမ်အညာများနှင့် အယောင်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်လိုက်သည်ဟု ညွှန်ပြသလော။ မညွှန်ပြပါ။ သင်သည် နတ်ဆိုးတို့၏ လမ်းခရီးဖြစ်သော စာတန်၏ လမ်းခရီးကို လျှောက်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ယင်းသည် လူတို့ မိမိကိုယ်ကို ကျင့်ကြံနေထိုင်သင့်သည့် အခြေပြုချက် ဖြစ်ပြီး ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း လမ်းခရီးဖြစ်သည်။ သင်က အခြားလူတစ်ယောက်အား စကားပြောနေသော်လည်း ဘုရားသခင်ကလည်း နားထောင်နေသည်၊ သူသည် သင်၏ စိတ်နှလုံးကို ကြည့်ရှုနေပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသည်။ လူတို့က သင်ပြောသည့်အရာကို နားထောင်သော်လည်း ဘုရားသခင်က သင်၏ စိတ်နှလုံးကို စိစစ်သည်။ လူတို့သည် လူ၏စိတ်နှလုံးကို စိစစ်နိုင်စွမ်း ရှိသလော။ အလွန်ဆုံးအနေဖြင့် သင်သည် အမှန်အတိုင်း မပြောသည်ကို လူတို့မြင်နိုင်သည်၊ အပြင်ပန်းတွင် ရှိသောအရာကို သူတို့ မြင်နိုင်သည်၊ သို့သော် ဘုရားသခင်သာလျှင် သင့်စိတ်နှလုံးအတွင်းထဲသို့ မြင်နိုင်၏။ ဘုရားသခင်သာလျှင် သင်စဉ်းစားနေသည့်အရာ၊ သင်စီစဉ်နေသည့်အရာ၊ သင့်စိတ်နှလုံးတွင် မည်သည့်အကြံအစည်များ၊ မည်သည့်ဖောက်ပြန်သော နည်းလမ်းများ၊ မည်သည့်တက်ကြွသော အတွေးများရှိသည်တို့ကို မြင်နိုင်သည်။ သင် အမှန်အတိုင်းမပြောသည်ကို ဘုရားသခင် မြင်တွေ့သည့်အခါ သင့်အပေါ် ဘုရားသခင်၏ ထင်မြင်ချက်များနှင့် သင့်အပေါ် သူ၏တန်ဖိုးဖြတ်မှုမှာ အဘယ်နည်း။ ဤကိစ္စနှင့်ပတ်သက်ပြီး သင်သည် သမ္မာတရားကို မပြောခဲ့သောကြောင့် ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်မလိုက်ခဲ့ကြောင်းဟူ၍ပင် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ဘုရားသခင်က ရိုးသားတဲ့လူတွေကို ကြိုက်နှစ်သက်တယ်ဆိုတာ ရှင်းပါတယ်။ ရိုးသားတဲ့လူတွေမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိကြပြီး သူတို့ ဘာနဲ့ပဲ ရင်ဆိုင်ရပါစေ ကိုယ်တော်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုကြပါတယ်။ အကဲဖြတ်ချက်တွေ ရေးသားတာမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုတဲ့ သမ္မာတရား ပါဝင်ပတ်သက်နေမယ်လို့ ကျွန်မ တစ်ခါမှ မတွေးမိခဲ့ပါဘူး၊ ဒါကြောင့် အကဲဖြတ်ချက်ကို ကျွန်မ အလေးအနက် မထားခဲ့မိပါဘူး။ အခု လျှိုလီကို အကဲဖြတ်တဲ့ ကိစ္စအပေါ် ပြန်သုံးသပ်ကြည့်တော့ လျှိုလီရဲ့ တာဝန်မှာ အားနည်းချက်တချို့နဲ့ လိုအပ်ချက်တွေ ရှိပေမဲ့ အားသာချက်တွေလည်း ရှိတာကို ကျွန်မ မြင်ခဲ့ပါတယ်၊ ပြီးတော့ သူ့ကို တိတိကျကျ ခွဲခြားမသိမြင်နိုင်ခဲ့ရင်တောင် ကျွန်မ လေ့လာတွေ့ရှိခဲ့တာကို တိုက်ရိုက်တင်ပြသင့်တာ၊ ဘုရားသခင်ရဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှုကို လက်ခံပြီး မလှည့်ဖြားဘဲ ရိုးသားသင့်တာပါ။ ဒါက အမှန်အတိုင်းပြောပြီး ရိုးသားသူတစ်ယောက် ဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ပါပဲ။ ဒါပေမဲ့ ကျွန်မရဲ့ မာနနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်မရဲ့ အကဲဖြတ်ချက် မတိကျရင် အထက်ခေါင်းဆောင်ပိုင်းက ကျွန်မကို ရိပ်မိသွားမှာကို ကြောက်ခဲ့တယ်၊ မျက်နှာပျက်ပြီး အထင်သေးခံရမှာကိုလည်း ကြောက်ခဲ့တယ်၊ ဒါကြောင့် ကျွန်မက လှည့်ကွက်သုံးပြီး အမှန်အတိုင်း မပြောခဲ့ပါဘူး။ ကျွန်မ မျက်နှာပျက်ခံမယ့်အစား အကဲဖြတ်ချက် မရေးဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။ ကျွန်မက အရမ်းကို လှည့်ဖြားတတ်ပြီး သံသယစိတ် ကြီးခဲ့တာပဲ။ ရိုးသားဖို့နဲ့ အမှန်အတိုင်းပြောဖို့ ကျွန်မ ဝန်လေးနေခဲ့တာက ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး လုံးဝမရှိတာကို ပြနေပါတယ်။ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိသူတွေဟာ သူများတွေကို အကဲဖြတ်တဲ့အခါ သတိထားပြီး စေ့စပ်သေချာကြပါတယ်၊ ပြီးတော့ လူတစ်ယောက်အပေါ် သူတို့ရဲ့ နားလည်မှုနဲ့ အမြင်တွေကို လက်တွေ့ကျကျ ဖော်ပြနိုင်ကြပါတယ်။ သူတို့က ကိုယ်ပိုင်ရည်ရွယ်ချက်တွေမရှိဘဲ လုပ်နိုင်ကြပြီး သူတို့သိသလောက် ပြောနိုင်ကြတယ်။ ချဲ့ကားတာမျိုး၊ ဖုံးကွယ်တာမျိုး မလုပ်ကြပါဘူး။ ဒါဟာ ရိုးသားသူတစ်ယောက်ရဲ့ အပြုအမူပါပဲ။ ဒါပေမဲ့ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးမရှိသူတွေက သူများတွေကို အကဲဖြတ်တဲ့အခါ သူတို့စကားတွေက အဖြစ်မှန်တွေအပေါ် အခြေခံသလား၊ ဒါမှမဟုတ် ဘုရားသခင်ကို ပြစ်မှားသလားဆိုတာကို မစဉ်းစားကြဘဲ သူတို့အတွက် အကျိုးရှိတာမှန်သမျှ လျှောက်ပြောကြပြီး သူတို့ပါးစပ်ကနေ အမှန်စကားတစ်ခွန်းမှ ထွက်မလာပါဘူး။ ဒီလိုလူတွေမှာ အဲဒီလို လှည့်ဖြားတတ်တဲ့ စိတ်သဘောထားတွေ ရှိကြပါတယ်။ ဒီတစ်ခါ အကဲဖြတ်ချက်ရေးသားတာကနေတစ်ဆင့် ကျွန်မ ဖော်ထုတ်ခံလိုက်ရပါတယ်၊ ပြီးတော့ ကျွန်မတာဝန်မှာ ဘုရားသခင်ရဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှုကို ကျွန်မ လက်မခံနိုင်ခဲ့တာ၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ကင်းမဲ့နေခဲ့တာနဲ့ ကိုယ့်အတွက် အကျိုးရှိတာအပေါ် အခြေခံပြီး ပြုမူခဲ့ပြီး ကိုယ့်အကျိုးစီးပွားတွေကို သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းရဲ့ အထက်မှာ ထားခဲ့တယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရပါတယ်။ ဒါက ကျွန်မဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့ လမ်းကြောင်းပေါ် လျှောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ကျွန်မရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားက မပြောင်းလဲဘဲ ကျန်ရစ်နေမယ်ဆိုတာ၊ ပြီးတော့ ကိုယ့်အကျိုးစီးပွားနဲ့ ပတ်သက်လာရင် ကျွန်မက လှည့်ဖြားတတ်နေတုန်းပဲဆိုတာကို ကျွန်မ မထင်ထားခဲ့ပါဘူး။ ဒီအတိုင်းသာ ဆက်သွားရင် အရမ်း အန္တရာယ်များပါလိမ့်မယ်။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ နောင်တရဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့ပါတယ်၊ ကျွန်မရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို ပိုပြီးနက်နက်ရှိုင်းရှိုင်း နားလည်အောင် လမ်းပြဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။
တစ်နေ့မှာ ကျွန်မ ဝတ်ပြုနေတုန်း ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရပါတယ်။ “သတိပြုမိရန် အခက်ခဲဆုံးမှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ လူသား၏သဘာဝ ဖြစ်လာခဲ့သည့်အပြင်၊ လူများက ယင်းကို စတင် အမွှမ်းတင်လာကြသောကြောင့် ဖြစ်သည်။ ထို့အပြင် ကောက်ကျစ်ဆိုးယုတ်မှုကို ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်သည်ဟု မြင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား တစ်ခုသည် စိတ်နှလုံးခိုင်မာသော စိတ်သဘောထား တစ်ခုထက် သတိပြုမိရန် ပို၍ပင် ခက်ခဲလေသည်။ ‘အဘယ်ကြောင့် သတိပြုမိရန် မလွယ်ကူနိုင်ရသနည်း။ လူများတွင် ဆိုးယုတ်သော အလိုဆန္ဒများ ရှိကြသည်သာ ဖြစ်သည်။ ယင်းသည် ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်လော’ ဟု လူအချို့က ဆိုကြသည်။ ယင်းမှာ အပေါ်ယံသာ ဖြစ်၏။ အမှန်တကယ် ဆိုးယုတ်ခြင်းသည် အဘယ်နည်း။ မည်သည့်အခြေအနေများသည် ထင်ရှားသည့်အခါ ဆိုးယုတ်ခြင်းဖြစ်သနည်း။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင်ရှိသော ဆိုးယုတ်မှုနှင့် ရှက်ဖွယ် ရည်ရွယ်ချက်များကို ဖုံးကွယ်ရန် ကြီးကျယ်သော စကားများကို အသုံးပြုပြီး ထို့နောက်တွင် ဤစကားများသည် အလွန်ကောင်းသည်၊ ရိုးသားသည်၊ သဘာဝကျသည်ဟု အခြားလူများအား ယုံကြည်အောင်ပြုလုပ်ပြီး အဆုံးတွင် ၎င်းတို့၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို ရရှိခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သလော။ ဤအရာကို အဘယ်ကြောင့် ဆိုးယုတ်ခြင်းဟု ခေါ်ဆိုပြီး လှည့်စားခြင်းဟု မခေါ်ဆိုသနည်း။ စိတ်သဘောထား၊ အနှစ်သာရနှင့် ပတ်သက်လျှင် လှည့်စားမှုသည် သိပ်မဆိုးပေ။ ဆိုးယုတ်ခြင်းသည် လှည့်စားခြင်းထက်ပို၍ ဆိုးရွားသည်။ ယင်းသည် လှည့်စားမှုထက် ပို၍ မသိမသာ ထိခိုက်စေတတ်ပြီး ဆိုးရွားသည်။ သာမန်လူအတွက် ယင်းကို ရိပ်စားမိရန် ခက်ခဲသည်။ ဥပမာ ဧဝကို သွေးဆောင်ရန်အတွက် မြွေက မည်သို့သောစကားမျိုးကို အသုံးပြုသနည်း။ မှန်ကန်ပြီး သင့်ကောင်းကျိုးအတွက် ပြောသည့်ပုံစံရှိသော၊ ဟုတ်မှန်သယောင်ရှိသော်လည်း မှားယွင်းနေသော စကားများဖြစ်သည်။ ဤစကားများတွင် တစ်ခုခုမှားနေသည်ကို၊ သို့မဟုတ် ဤစကားများနောက်ကွယ်ရှိ ထိခိုက်စေလိုသော ရည်ရွယ်ချက်တစ်ခုခုကို သင် သတိမထားမိပေ။ တစ်ချိန်တည်းတွင် သင်သည် စာတန်က ပေးသည့် ဤအကြံများကို လက်မလွှတ်နိုင်ပေ။ ဤသည်မှာ စုံစမ်းသွေးဆောင်ခြင်းဖြစ်သည်။ သင်သည် စုံစမ်းသွေးဆောင်ခံရပြီး ဤစကားမျိုးတို့ကို နားထောင်သောအခါ သင်သည် မထိန်းနိုင်ဘဲ ဖြားယောင်းခံရပြီး ထောင်ချောက်ထဲသို့ ကျကာ ဤသို့အားဖြင့် စာတန်၏ ပန်းတိုင် အောင်မြင်ဖို့ ဖြစ်နိုင်ခြေများသည်။ ဤသည်မှာ ဆိုးယုတ်ခြင်းဟု ခေါ်သည်။ မြွေသည် ဧဝကို ဖြားယောင်းရန်အတွက် ဤနည်းကို အသုံးပြုသည်။ ဤသည်မှာ စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သလော။ (ဖြစ်သည်။) ဤ စိတ်သဘောထားအမျိုးအစားက မည်သည့်နေရာမှ လာသနည်း။ မြွေထံမှ၊ စာတန်ထံမှ လာသည်။ ဤဆိုးယုတ်သော စိတ်သဘောထားအမျိုးအစားသည် လူသား၏ သဘာဝအတွင်းတွင် တည်ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိကိုယ်ကို သိခြင်းသည် သမ္မာတရားကို လိုက်စားခြင်း၌ မရှိမဖြစ်လိုအပ်၏) လူတွေ အချင်းချင်း ဆက်ဆံတဲ့အခါ အပေါ်ယံ ခမ်းနားတဲ့ စကားတွေကို ခဏခဏသုံးပြီး သဘာဝကျကျ ပြောဆိုဆက်ဆံနေပုံရပေမဲ့ လက်တွေ့မှာတော့ လှည့်ကွက်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားပါတယ်။ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့နဲ့ မသမာတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ဖို့အတွက် ကောင်းပုံ၊ မှန်ပုံရတဲ့ စကားတွေကို သူတို့ အသုံးပြုကြပါတယ်။ ဒါဟာ ဆိုးညစ်တဲ့ စိတ်သဘောထားဖြစ်ပြီး ဘုရားသခင်က ဒီလိုလူတွေကို အရွံရှာဆုံး၊ အမုန်းတီးဆုံးပါပဲ။ ဒီအချိန်မှာ ကျွန်မရဲ့ ဆိုးညစ်တဲ့ စိတ်သဘောထား ဘယ်လောက် ပြင်းထန်တယ်ဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဝမ်ရင်းက ကျွန်မအလုပ်ကို လာစစ်ဆေးတဲ့အခါ လျှိုလီကို မတွေ့တာ ကြာပြီလို့ ပြောရင်းနဲ့၊ လျှိုလီ အလုပ်များနေလားဆိုတာကို မေးဖို့ လျှိုလီကို စိတ်ပူသယောင်ဆောင်ပြီး ကျွန်မ တကူးတက မေးမြန်းခဲ့တယ်။ ဒီမေးခွန်းက လျှိုလီအတွက် တကယ် စိတ်ပူပန်တဲ့ ပုံစံရှိပေမဲ့၊ တကယ်တော့ ကျွန်မ လိုချင်တဲ့ သတင်းအချက်အလက်ကို ဝမ်ရင်းဆီကနေ နှိုက်ယူဖို့နဲ့ လျှိုလီ ဘာဖြစ်မယ်ဆိုတာကို သူ ပြောပြလာအောင် အဲဒါကို သုံးဖို့ ကြိုးစားနေခဲ့တာပါ။ ဒါပေမဲ့ ဝမ်ရင်းက ကျွန်မမေးခွန်းတွေအတိုင်း လိုက်မပါလာတဲ့အခါ ကျွန်မရဲ့ ဗျူဟာကို ပြောင်းလိုက်ပြီး အသင်းတော်အလုပ်ကို ဂရုစိုက်ယောင်ဆောင်ပြီး လျှိုလီနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို စစုံစမ်းတော့တာပေါ့။ ကျွန်မက ကိုယ့်ရည်မှန်းချက်တွေပြီးမြောက်ဖို့ ကျွန်မရဲ့ စကားတွေ၊ လုပ်ရပ်တွေမှာ ဆက်တိုက် ကြံစည်နေခဲ့ပြီး ဝမ်ရင်းမသိအောင် သူ့အပေါ် ထောက်ချောက်ဆင်ခဲ့တယ်။ သူ့ကို ကျွန်မပြောစေချင်တာကို ပြောဖို့ တိုက်တွန်းဖို့အတွက် ပုံမှန်စကားစမြည်ပြောသလိုပုံစံမျိုးကို တော်တော်ကြိုးစားပြီးအသုံးပြုခဲ့တယ်။ ဒီလိုနဲ့ ကျွန်မရှာနေတဲ့ သတင်းအချက်အလက်ကို ရနိုင်ဖို့ပေါ့။ ကျွန်မက အပြင်ပန်းမှာ တည်ငြိမ်နေပြီး ဘာမှ မဖြစ်သလို ပုံစံဖမ်းထားပေမဲ့ အတွင်းထဲမှာတော့ ဉာဏ်ဆင်ပြီး ကြံစည်နေခဲ့တာပါ။ သူတစ်ပါးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ကျွန်မမှာ ရိုးသားမှု မရှိခဲ့ဘဲ အဲဒီအစား ကျွန်မရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို အားကိုးပြီး သူတစ်ပါးကို ဉာဏ်ဆင်ပြီး ကြိုးကိုင်ခြယ်လှယ်ခဲ့တာပါ။ ကျွန်မရဲ့ သဘာဝက တကယ်ကို ဆိုးညစ်မှန်း ကျွန်မ မြင်လိုက်ရတယ်။ ကောင်းမကောင်း သိကျွမ်းရာအပင်ရဲ့ အသီးကို စားဖို့ ဧဝကို မြွေက သွေးဆောင်ခဲ့သလိုပါပဲ၊ သူ့စကားတွေက မှန်ကန်ပုံရပေမဲ့ လူတွေကို မသိမသာနဲ့ သွယ်ဝိုက်ပြီး လမ်းမှားရောက်စေပြီး သူ့ရဲ့ ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ထားခဲ့တယ်။ ဒါက စာတန်ရဲ့ ဆိုးညစ်တဲ့ စိတ်သဘောထားပါပဲ။ ကျွန်မရဲ့ စကားတွေနဲ့ လုပ်ရပ်တွေရဲ့ သဘာဝက မြွေရဲ့ သဘာဝနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဒါဟာ တကယ်ကို သစ္စာဖောက်ပြီး ကောက်ကျစ်စဉ်းလဲတဲ့ အသက်ရှင်နည်းပါပဲ။ ဒါက အကဲဖြတ်ချက် ရေးတဲ့ကိစ္စတစ်ခုပဲဖြစ်ပြီး ကြီးမားတဲ့ အကျိုးစီးပွားတွေ မပါဝင်ပေမဲ့၊ လှည့်ဖြားပြီး ကောက်ကျစ်စဉ်းလဲဖို့ ကျွန်မက ဒီလောက် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးနေခဲ့တာ။ ကျွန်မရဲ့ ဒီစိတ်သဘောထားသာ မပြောင်းလဲဘူးဆိုရင် ကြီးမားတဲ့ အကျိုးစီးပွားတွေ ပါဝင်တဲ့ ကိစ္စတွေရောက်လာတဲ့အခါ ကျွန်မရဲ့ ဆိုးညစ်ပြီး လှည့်ဖြားတတ်တဲ့ စိတ်သဘောထားနဲ့ လူတွေကို လှည့်ဖြားပြီး ဘုရားသခင်ကို လိမ်ညာမှာ သေချာသလို၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမယ့် သာ၍ကြီးမားတဲ့ မကောင်းမှုတွေကို ကျွန်မ ကျူးလွန်မိမှာပါ။ ကျွန်မရဲ့ ဆိုးညစ်ပြီး လှည့်ဖြားတတ်တဲ့ စိတ်သဘောထားသာ မပြောင်းလဲရင် ကျွန်မအတွက် ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရပါတယ်။ “ငါ၏နိုင်ငံတော်သည် ရိုးသားသူများ၊ သူတော်ကောင်း ကြောင်သူတော် မဟုတ်သူများ သို့မဟုတ် မလှည့်ဖြားသောသူများကို လိုအပ်ပေသည်။ ဟန်ဆောင်မှုကင်းမဲ့ပြီး ရိုးသားသောသူတို့သည် ကမ္ဘာလောကတွင် လူကြိုက်နည်းသည် မဟုတ်လော။ ငါသည် တကယ့်ကို ဆန့်ကျင်ဘက် ဖြစ်၏။ ရိုးသားသူများ ငါ့ထံသို့လာရန်မှာ လက်ခံနိုင်ဖွယ် ဖြစ်သည်။ ငါသည် ဤလူစားမျိုးကို အထူးနှစ်သက်သကဲ့သို့ ဤလူစားမျိုးကို ငါသည် လိုလည်းလိုအပ်၏။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း အတိအကျ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၃)) “ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်သည့်ကာလအတွင်းတွင် ရှုံးနိမ့်မှုများစွာနှင့် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ခံရသော အခိုက်အတန့်များကို ကြုံတွေ့ခြင်းက ရှောင်လွှဲ၍မရပေ။ လူတစ်ဦး၏ စကားများနှင့် စိတ်ကူးများက မကိုက်ညီသည့် အချိန်များ သို့မဟုတ် ဟန်ဆောင်မှုနှင့် လှည့်ဖြားမှုရှိသော အခိုက်အတန့်များ ရှိကောင်းရှိနိုင်သည်။ သို့ရာတွင် သင့်အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ သင်သည် အမှန်တရားကို ပြောပြီး ရိုးသားသော လူတစ်ဦးဖြစ်လိုလျှင် သင်၏ မာန်မာနနှင့် ဝင့်ဝါမှုကို လက်လွှတ်နိုင်ရမည်။ တစ်စုံတစ်ခုကို သင် နားမလည်သောအခါ သင် နားမလည်ကြောင်း ပြောလော့။ တစ်စုံတစ်ခုကို သင် မရှင်းလင်းသောအခါ သင် မရှင်းလင်းကြောင်း ပြောလော့။ အခြားသူများက သင့်အား အထင်သေးမည် သို့မဟုတ် သင့်အား လျှော့တွက်မည်ကို မကြောက်နှင့်။ စိတ်ရင်းအတိုင်း တစ်သမတ်တည်း စကားပြောခြင်းနှင့် ဤနည်းအတိုင်း အမှန်တရားကို ပြောခြင်းဖြင့် သင့်စိတ်နှလုံးထဲတွင် ပျော်ရွှင်မှု၊ ငြိမ်သက်ခြင်းနှင့် လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းအသိတို့ကို တွေ့ရှိမည်ဖြစ်ပြီး သင့်အား ဝင့်ဝါမှုနှင့် မာန်မာနတို့က နောက်ထပ် ဘောင်ခတ်တော့မည် မဟုတ်ပေ။ မည်သူနှင့် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ သင် အမှန်တကယ် စဉ်းစားသည့်အရာကို ဖော်ပြနိုင်သည်၊ အခြားသူများအား သင့်စိတ်နှလုံးကို ဖွင့်ဟနိုင်သည်၊ ပြီးလျှင် သင်မသိသည့် အရာများအား သိယောင်မဆောင်လျှင် ယင်းမှာ ရိုးသားသော သဘောထားဖြစ်သည်။ သင်သည် အမှန်တရားကို အမြဲတမ်း ပြောသောကြောင့် တစ်ခါတစ်ရံ လူတို့က သင့်အား အထင်သေးကောင်းသေးပြီး မိုက်မဲသည်ဟု ခေါ်ကောင်းခေါ်နိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် သင် မည်သည့်အရာကို လုပ်သင့်သနည်း။ သင်သည် ‘လူတိုင်းက ကျွန်ုပ်အား မိုက်မဲသည်ဟု ခေါ်လျှင်ပင် ရိုးသားသော လူတစ်ဦးဖြစ်ပြီး လိမ်လည်လှည့်ဖြားသော လူတစ်ဦး မဖြစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်သည်။ ကျွန်ုပ်သည် မှန်ကန်ရိုးသားစွာနှင့် အချက်အလက်များအတိုင်း စကားပြောမည်။ ကျွန်ုပ်သည် ဘုရားရှေ့၌ ညစ်ညမ်းရိုင်းစိုင်းပြီး ဖောက်ပြန်ပျက်စီးကာ အသုံးမကျသော်လည်း ဟန်ဆောင်မှု သို့မဟုတ် ဖုံးကွယ်မှုမရှိဘဲ အမှန်တရားကို ပြောနေဦးမည်’ ဟု ပြောသင့်သည်။ သင်သည် ဤပုံစံအတိုင်း စကားပြောလျှင် သင့်စိတ်နှလုံးက တည်ငြိမ်ပြီး အေးချမ်းမည်ဖြစ်၏။ ရိုးသားသော လူတစ်ဦးဖြစ်ဖို့အတွက် သင်၏ ဝင့်ဝါမှုနှင့် မာန်မာနကို လက်လွှတ်ရမည်ဖြစ်ပြီး အမှန်တရားကို ပြောရန်နှင့် သင်၏ စစ်မှန်သော ခံစားချက်များကို ဖော်ပြရန်အတွက် အခြားသူများ၏ လှောင်ပြောင်သရော်မှုနှင့် အထင်သေးခြင်းကို မကြောက်သင့်ပေ။ အခြားသူများက သင့်အား အရူးတစ်ယောက်ကဲ့သို့ သဘောထားလျှင်ပင် ငြင်းခုံခြင်း သို့မဟုတ် သင့်ကိုယ်သင် ခုခံကာကွယ်ခြင်း မပြုသင့်ပေ။ သင်သည် ဤပုံစံအတိုင်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်လျှင် ရိုးသားသော လူတစ်ဦး ဖြစ်လာနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ဘုရားသခင်က သူ ဘယ်သူ့ကို ကြိုက်တယ်၊ ဘယ်သူ့ကို မုန်းတယ်ဆိုတာ ရှင်းလင်းစေပါတယ်။ ရိုးသားတဲ့လူတွေသာ ဘုရားသခင်ရဲ့ လက်ခံခြင်းနဲ့ ကောင်းချီးပေးခြင်း ခံရပါတယ်။ ဘုရားသခင်က သန့်ရှင်းပါတယ်၊ ကိုယ်တော့်အထဲမှာ မရိုးသားမှု၊ သို့မဟုတ် လှည့်ဖြားမှု မရှိပါဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အမြဲတမ်း ရှင်းလင်းပြတ်သားပါတယ်။ ဧဒင်ဥယျာဉ်ထဲမှာ အာဒံနဲ့ ဧဝတို့ကို ဘုရားသခင်က ရှင်းရှင်းလင်းလင်း ညွှန်ကြားခဲ့သလိုပါပဲ၊ ဘယ်အပင်က အသီးကို သူတို့ စားခွင့်ရှိတယ်၊ ဘယ်အရာက သေခြင်းဆီ ဦးတည်စေမယ်ဆိုတာ သူတို့ကို ပြောပြခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ညွှန်ကြားချက်တွေက ရှင်းလင်းပြီး ဘာဖုံးကွယ်မှုမှ မရှိပါဘူး။ ဘုရားသခင်က ကျွန်မတို့ကို သန့်ရှင်းစင်ကြယ်ပြီး ရိုးသားတဲ့လူတွေဖြစ်ဖို့လည်း တောင်းဆိုပါတယ်။ ဒါက စစ်မှန်တဲ့ လူသားပုံသဏ္ဌာန် ဖြစ်တာကြောင့်ပေါ့။ စာတန်ရဲ့ လောကမှာ နေထိုင်ရင်း လူတွေက မုသားတွေ၊ လှည့်ဖြားမှုနဲ့ လှည့်ကွက်တွေကို သုံးပြီး ဆက်ဆံကြတယ်၊ အမြဲတမ်း မျက်နှာဖုံးတွေ စွပ်ပြီး ပင်ပန်းဆင်းရဲတဲ့နည်းနဲ့ အသက်ရှင်နေကြရတာပါ။ နောက်ဆုံးမှာ သူတို့ဟာ စာတန်က ဖျက်ဆီးခြင်းကို ပိုပိုပြီး ခံရခြင်းနဲ့ အဆုံးသတ်ပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ အပြစ်ဒဏ်ပေးခြင်းနဲ့ ကြုံရတယ်။ ကျွန်မ ပတ်ဝန်းကျင်က ညီအစ်ကိုမောင်နှမတချို့က ရိုးသားသူဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ကြတာ၊ သူများတွေမှာ ပြဿနာရှိတာကို မြင်တဲ့အခါ သူတို့ကို ကူညီဖို့ တည့်တိုး ထောက်ပြနိုင်ကြတာ၊ ပြီးတော့ တစ်ယောက်ယောက်က သမ္မာတရားနဲ့ မညီတာတွေ လုပ်နေတာကို မြင်တဲ့အခါ သူတို့ကို ပွင့်ပွင့်လင်းလင်း ပြုပြင်ပေးနိုင်ပြီး ရိုးသားနိုင်ကြတာ၊ အပြန်အလှန် ကူညီထောက်ပံ့နိုင်ကြတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဒီလူတွေက သန့်ရှင်းစင်ကြယ်ကြတယ်။ ပြီးတော့ လွတ်မြောက်တယ်၊ လွတ်လပ်တယ်လို့ ခံစားကြရတယ်။ ပြီးတော့ သူတို့က ရိုးသားသူဖြစ်ဖို့ လိုက်စားနေကြပြီး ကယ်တင်ခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းနေကြတာပါ။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ကို ကျွန်မ နားလည်လာပါတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ပေးခဲ့ပါတယ်။ မာန၊ ဒါမှမဟုတ် အဆင့်အတန်းအတွက် ကျွန်မ ထပ်ပြီး ဉာဏ်ဆင်တာ၊ ဒါမှမဟုတ် လှည့်ဖြားတာ မလုပ်နိုင်တော့ပါဘူး။ အဲဒီလို အပြုအမူက တကယ်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းပါတယ်။ ဘုရားသခင် တောင်းဆိုတဲ့အတိုင်း ရိုးသားသူတစ်ယောက်ရဲ့ စံနှုန်းကို ကျွန်မ ပြည့်မီရမယ်၊ ပြီးတော့ လျှိုလီအကြောင်း ကျွန်မ သိတာကို အမှန်အတိုင်း ချရေးရမယ်။ မတိကျလို့ မျက်နှာပျက်ရရင်တောင်မှ၊ ကျွန်မ ရိုးသားပြီး ဘုရားသခင် နှစ်သက်ရင် လုံလောက်ပါပြီ။
ပြီးတော့ အကဲဖြတ်ချက် ရေးတာနဲ့ပတ်သက်ပြီး ကျွန်မမှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တစ်ခု ရှိခဲ့တယ်၊ စာနှင့်ပတ်သက်တဲ့အလုပ် ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ အရည်အချင်းရှိတယ်လို့ ယူဆခံရဖို့ လူတွေကို ခွဲခြားသိမြင်နိုင်သင့်တယ်၊ အကဲဖြတ်ချက် အတိအကျ ရေးနိုင်သင့်တယ်လို့ တွေးခဲ့တယ်၊ ဒါကြောင့် သင့်လျော်တဲ့ သုံးသပ်ချက် မရေးနိုင်ဘဲ မျက်နှာပျက်မှာ ကြောက်လို့ ရိုးသားဖို့ ကျွန်မ ဝန်လေးနေခဲ့တာ။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရပါတယ်။ “တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးကောက်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က ရာထူးတိုးမြှင့်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ရာထူးနေရာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ အသေအချာပင် ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤမည်သည့်အရာကိုမျှ ၎င်းတို့မရရှိထားပေ။ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် ရိုးရှင်းသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်ပြီး ၎င်းတို့ ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်း၊ ဘုရားသခင်က ထိုက်တန်သည်ဟု အမြင်ခံရခြင်းနှင့် မညီမျှချေ။ ထိုသူ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ပြီးလျှင် ဤပျိုးထောင်ခြင်း၏ အဆုံးသတ်ရလဒ်က ဤလူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိနှင့် ၎င်းသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်စွမ်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် စံနှုန်းပြည့်ပြီး ကျွမ်းကျင်မှုရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ဦးဆောင်မှု အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤသည်မှာ မမှန်ကန်ပေ။ လူအများစုသည် ဤအရာများကို ရိပ်စားမိနိုင်ခြင်း မရှိကြဘဲ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများအရ ရာထူးတိုးခံရပြီးသည့်သူများကို အထင်ကြီးလေးစားကြသည်။ ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်ပါစေ ရာထူးတိုးခြင်း ခံရသည့်သူများသည် သမ္မာတရားစစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်သလော။ ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ပေမည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်သလော။ အကောင်အထည် ဖော်နိုင်ချင်မှ ဖော်နိုင်ပေမည်။ ၎င်းတို့၌ တာဝန်ယူစိတ်တစ်ခု ပိုင်ဆိုင်သလော။ ၎င်းတို့သည် သစ္စာစောင့်သိသလော။ ၎င်းတို့သည် ကျိုးနွံနာခံနိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်တာက ဘုရားအိမ်တော်မှာ ခေါင်းဆောင်ဖြစ်ဖြစ် ကြီးကြပ်ရေးမှူးဖြစ်ဖြစ် သမ္မာတရား ရှုထောင့်အားလုံးကို နားလည်တယ်၊ ဒါမှမဟုတ် သမ္မာတရား လက်တွေ့ကျမှုရဲ့ သွင်ပြင်လက္ခဏာ အားလုံး ရှိတယ်လို့ မဆိုလိုပါဘူး။ အသင်းတော်က ကျွန်မကို ကြီးကြပ်ရေးမှူးအဖြစ် စီစဉ်တာက ကျွန်မ လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခုပါ၊ ပြီးတော့ သူများထက် သမ္မာတရား ပိုနားလည်တယ်၊ ဒါမှမဟုတ် လူအမျိုးမျိုးကို ခွဲခြားသိမြင်နိုင်တယ်လို့ မဆိုလိုပါဘူး။ ကျွန်မ နားမလည်တဲ့ သမ္မာတရားတွေ အများကြီးရှိတယ်၊ အဲဒါတွေရဖို့ ပတ်ဝန်းကျင်အမျိုးမျိုးကို ကြုံရမယ်ဆိုတာ ကျွန်မအတွက် ရှင်းလင်းသွားပါတယ်။ ဒီအခွင့်အရေးကို တန်ဖိုးထားပြီး ဆုတောင်းခြင်းကနေတစ်ဆင့် ပိုရှာဖွေရင်၊ ကိစ္စတွေကြုံရတဲ့အခါ သမ္မာတရားအတိုင်း လုပ်ဆောင်ရင် ကျွန်မအသက်တာ မြန်မြန် ကြီးထွားမယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကြီးကြပ်ရေးမှူးရာထူးမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေခဲ့တယ်၊ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ခွဲခြားသိမြင်မှုရှိရမယ်၊ အကဲဖြတ်ချက် အတိအကျရေးရမယ်လို့ ထင်နေခဲ့တယ်။ အထက်ခေါင်းဆောင်ပိုင်းရဲ့ ချီးမွမ်းတာနဲ့ လေးစားတာကို ခံရဖို့အတွက် ကျွန်မရဲ့ ခွဲခြားသိမြင်မှု ကင်းမဲ့တာကို မြင်ပြီး ဒီအပိုင်းမှာ သမ္မာတရား ပိုရှာဖွေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ လှည့်ဖြားမှုနဲ့ ကလိမ်ကကျစ်ကျမှုတွေ လုပ်မိခဲ့တယ်။ ဒီတိုင်းသာ ဆက်လုပ်ရင် သမ္မာတရားနားလည်ဖို့ ကျွန်မကို တားဆီးရုံမကဘူး၊ ကျွန်မရဲ့ စိတ်သဘောထားက ပိုပြီး လှည့်ဖြားတတ်လာမယ်၊ နောက်ဆုံး ဘာမှရမှာ မဟုတ်ဘူး။ ဒါကို သဘောပေါက်တော့ ကျွန်မ အားနည်းချက်တွေကို မှန်မှန်ကန်ကန် သဘောထားနိုင်လာတယ်။
မကြာခင်မှာ အထက်ခေါင်းဆောင်ပိုင်းဆီက စာတစ်စောင်ရတယ်၊ ညီအစ်မ စွန်လန်အပေါ် အကဲဖြတ်ချက် ရေးခိုင်းတာပါ။ ကျွန်မ တွေးမိတယ်၊ “စွန်လန်နဲ့ တွေ့တာ နှစ်ရက်ပဲ ရှိသေးတယ်၊ သူ့အပေါ် ကျွန်မနားလည်တာက နည်းသေးတယ်။ အကဲဖြတ်ချက် မတိကျရင် ခေါင်းဆောင်တွေက ကျွန်မ ခွဲခြားသိမြင်မှု မရှိဘူးထင်ပြီး အထင်သေးမလား” ပေါ့။ ဒါပေမဲ့ ကျွန်မ တွေးမိပြန်တယ်၊ “စွန်လန်က ပျိုးထောင်ထိုက်သူလို့ ကြားဖူးတယ်၊ ဒါကြောင့် သူ့အားသာချက်တွေကို အသားပေးသင့်တယ် ထင်တာပဲ။ အဲဒီလို အကဲဖြတ်ချက်မျိုးနဲ့ဆိုရင် နှစ်ရက်တည်းနဲ့ လူတစ်ယောက်ကို တိတိကျကျ သုံးသပ်နိုင်လို့ ကျွန်မမှာ ခွဲခြားသိမြင်မှုရှိတယ်လို့ ခေါင်းဆောင်တွေ ပြောမှာပဲ။ ဒါဆို ကျွန်မ တကယ် မျက်နှာပွင့်မှာ” ပေါ့။ အဲဒီအချိန်မှာ ကျွန်မ လှည့်ဖြားဖို့ ထပ်ကြိုးစားနေမှန်း သဘောပေါက်လိုက်တယ်။ ကျွန်မ ရိုးသားသူ ဖြစ်နိုင်မဖြစ်နိုင် စမ်းသပ်ဖို့ ဘုရားသခင်က ဒီပတ်ဝန်းကျင်ကို စီစဉ်ညွှန်ကြားခဲ့တာ။ အကဲဖြတ်ချက် ရေးတာက လူတစ်ယောက်ကို ရာထူးတိုးတာ၊ ဒါမှမဟုတ် ဖြုတ်ချတာနဲ့ သက်ဆိုင်တယ်၊ ကိစ္စအသေးအမွှား မဟုတ်ဘူး။ ကိုယ့်အကျိုးစီးပွားအပေါ် မူတည်ပြီး အကဲဖြတ်ချက် ဘယ်လိုရေးရမယ်ဆိုတာ မရွေးချယ်နိုင်ဘူး။ ပြီးတော့ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရပါတယ်။ “သင်စကားပြောသောအခါ များစွာ လှည့်ပတ်ပြောဆိုသည်။ များစွာတွေးတောသည်။ အလွန်ပင်ပန်းသောပုံစံဖြင့် အသက်ရှင်သည်။ ဤအရာအားလုံးက သင်၏ ကိုယ်ပိုင်ဂုဏ်နှင့် မာနကို ကာကွယ်ရန်ဖြစ်သည်။ ဤသို့ လုပ်ဆောင်သောလူများကို ဘုရားသခင်က ကျေနပ်သလော။ ဘုရားသခင်က လှည့်စားသောသူများကို အရာအားလုံးထက်ပို၍ မုန်းတီးသည်။ သင်သည် စာတန်၏ စွမ်းအားမှ လွတ်မြောက်ပြီး ကယ်တင်ခြင်းရှိလိုလျှင် သမ္မာတရားကို လက်ခံရမည်။ ရှေးဦးစွာ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် စတင်ရမည်။ ပွင့်လင်းလော့။ အမှန်အတိုင်းပြောလော့။ သင်၏ ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို မခံနှင့်။ သင်၏ ဟန်လုပ်ခြင်းနှင့် လှည့်စားခြင်းကို ဖယ်ရှားလော့။ စည်းမျဉ်းနှင့်အညီ ပြောဆိုပြီး အမှုအရာများကို ကိုင်တွယ်လော့။ ဤသည်မှာ အသက်ရှင်ရန် လွယ်ကူပြီး ပျော်ရွှင်သောနည်းလမ်းဖြစ်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်ရှေ့တွင် နေထိုင်နိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်) ကျွန်မရဲ့ မာန်မာနနဲ့ အဆင့်အတန်းအတွက် ကိုယ့်ကိုယ်ကိုယ် မဖုံးကွယ်နိုင်၊ ဟန်မဆောင်နိုင်တော့ဘူး။ ရိုးသားသူတစ်ယောက်ဖြစ်ပြီး လက်တွေ့ကျရမယ်။ သူများတွေ ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာ ဂရုမစိုက်ဘဲ ကျွန်မသိတာကို ရေးရမယ်။ ဒီလိုကျင့်ကြံပြုမူတာက စိတ်သက်သာရာ ရစေမယ်။ ဒါကြောင့် စွန်လန်အပေါ် ဓမ္မဓိဋ္ဌာန်ကျပြီး မျှတတဲ့ အကဲဖြတ်ချက်ကို ရေးပြီး တင်လိုက်တယ်။ စိတ်နှလုံးထဲမှာ သက်သာရာရပြီး လွတ်မြောက်မှု အကြီးအကျယ် ခံစားရတယ်။ အရင်ကလို လှည့်ဖြားဖို့အတွက် ခေါင်းခြောက်အောင် စဉ်းစားရတာမျိုး မခံစားရတော့ဘူး။ အမှန်အတိုင်း ပြောပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ ချိုမြိန်မှုကို ခံစားရပြီးတဲ့နောက် နောင်မှာ ကျွန်မရဲ့ မာနနဲ့ဆိုင်တဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လောက်ပဲ ရှက်စရာကောင်းပါစေ ပွင့်လင်းမြင်သာမှု ရှိရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ ဘုရားသခင် ကျေးဇူးတော်ပဲ။