၉၃။ ငွေကျွန်ဘဝမှ နှိုးထလာခြင်း
ငယ်ငယ်တုန်းက ကျွန်မတို့ မိသားစုဟာ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသမှာ နေထိုင်ခဲ့ကြတယ်။ မိဘတွေက တောင်ယာလုပ်ပြီး အသက်မွေးကြတာဆိုတော့ ဘဝက တော်တော်လေး ခက်ခဲခဲ့တယ်။ တခြားနေရာတွေမှာ အလုပ်သွားလုပ်ပြီး ပြန်လာကြတဲ့လူတွေဆီကနေ မြို့ကြီးမှာ ပိုက်ဆံရှာဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်၊ အဲဒီမှာ နေရတာ ပိုကောင်းတယ်ဆိုတာတွေကို ကျွန်မ ကြားခဲ့ရတယ်။ ဒါကြောင့် မြို့ကြီးပြကြီးက ဘဝကို ကျွန်မ တောင့်တခဲ့တယ်၊ ပြီးတော့ ပိုက်ဆံရှာနိုင်ဖို့၊ ကျွန်မ မိသားစုရဲ့ နေထိုင်မှုအဆင့်အတန်း တိုးတက်လာဖို့နဲ့ ရွာကလူတွေ အားကျလာအောင် လုပ်ဖို့အတွက် တစ်နေ့ကျရင် တောင်ပေါ်ကနေ ထွက်ခွာပြီး မြို့ကြီးဆီ ပြောင်းရွှေ့ဖို့ မျှော်လင့်ခဲ့တယ်။ ကျွန်မ စာကြိုးစားခဲ့လို့ အမှတ်တွေ အမြဲကောင်းခဲ့ပေမဲ့ အလယ်တန်း ပထမနှစ်ရောက်တဲ့အခါကျတော့ မိသားစုက ကျောင်းဆက်ထားဖို့ မတတ်နိုင်တော့လို့ ကျောင်းထွက်လိုက်ရတယ်။ ဒါပေမဲ့ တောင်ပေါ်ကနေ ထွက်ခွာချင်တဲ့ ကျွန်မရဲ့ ဆန္ဒကတော့ မပြောင်းလဲခဲ့ပါဘူး။ ပိုကောင်းတဲ့ ဘဝတစ်ခုရဖို့နဲ့ လူတိုင်း ကျွန်မကို အားကျအောင်လုပ်ဖို့ မြို့မှာ ပိုက်ဆံအများကြီး ရှာနိုင်ဖို့ ကျွန်မ မျှော်လင့်နေတုန်းပါပဲ။
၂၀၀၇ ခုနှစ်မှာ မြို့ကလာတဲ့ ကြင်ဖက်လောင်းတစ်ယောက်နဲ့ လူတစ်ယောက်က ကျွန်မကို မိတ်ဆက်ပေးတယ်။ သူနဲ့ လက်ထပ်လိုက်ရင် ဘဝက ပိုကောင်းလာမှာပဲလို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ လက်ထပ်ပြီးတဲ့အခါကျမှ သူ့မိသားစုက အဲဒီဒေသမှာ အဆင်းရဲဆုံးမှန်း ကျွန်မ သိလိုက်ရတယ်။ ကျွန်မ ယောက်ျားနဲ့ ယောက္ခမတွေက ပညာမတတ်ကြတော့ အသက်မွေးဖို့အတွက်အလုပ်ကြမ်းလုပ်တာကိုပဲ အားကိုးရတာပေါ့။ သူတို့ဘာသာ ဆောက်ထားတဲ့အိမ်က ခေါင်မိုးတောင် ကောင်းကောင်းမရှိဘူး။ နံရံတွေ၊ ကြမ်းခင်းတွေက ဘိလပ်မြေနဲ့ လုပ်ထားတာဖြစ်ပြီး မိုးသည်းသည်းထန်ထန် ရွာတိုင်း အိမ်ထဲကို ရေတွေ ယိုကျလာတတ်တယ်။ ကျွန်မတို့ရဲ့ ဆင်းရဲတဲ့ လူနေမှု အခြေအနေတွေကြောင့် အိမ်နီးချင်းတချို့က ကျွန်မတို့ကို မခေါ်မပြောဘဲ နေကြတာကိုတော့ ကျွန်မ ဝမ်းအနည်းမိဆုံးပဲ။ ဒါကြောင့် ကျွန်မရဲ့ မိုက်မဲတဲ့ ရွေးချယ်မှုအတွက် နောင်တရခဲ့မိတယ်။ ဒါပေမဲ့ ကျွန်မ မြို့ကြီးတစ်မြို့ကို အိမ်ထောင်ကျပြီး ရောက်လာတာ ဖြစ်တယ်၊ တောလက်ကျေးရွာထက်စာရင် ဒီမှာက ပိုက်ဆံရှာဖို့ အခွင့်အရေးတွေ ပိုများတယ်ဆိုတာကို တွေးမိတဲ့အခါ၊ ကျွန်မ ယောက်ျားနဲ့ ကျွန်မ အလုပ်ကြိုးစားသရွေ့ ကျွန်မတို့ဘဝတွေ သေချာပေါက် ပိုကောင်းလာမှာပါ၊ ပိုက်ဆံရှာနိုင်တာနဲ့ အိမ်နီးချင်းတွေက ကျွန်မတို့ကို အားကျလာကြမှာပါလို့ ကျွန်မ ယုံကြည်ခဲ့တယ်။
တစ်နှစ်ကြာတော့ ကျွန်မယောကျာ်းက စက်ပစ္စည်းစက်ရုံတစ်ခုမှာ အလုပ်ကြမ်းတစ်ခု ရခဲ့ပါတယ်၊ သားလေးမွေးပြီး မကြာခင်မှာပဲ လက်ရက်ကန်း အလုပ်တစ်ခု ကျွန်မ ရခဲ့တယ်။ ပိုက်ဆံပိုရဖို့အတွက် ကျွန်မဟာ မနက် ၂ နာရီ၊ ၃ နာရီလောက်ထိ ခဏခဏ အလုပ်လုပ်ခဲ့ရပြီး၊ ကြာလာတော့ ကျွန်မ ပင်ပန်းနွမ်းနယ်လာတာပေါ့။ တစ်ခါတလေဆို လက်မောင်းတွေ နာကျင်လွန်းလို့ မတောင် မမနိုင်တော့ဘဲ လက်ကောက်ဝတ်နှစ်ဖက်စလုံးလည်း ရောင်ရမ်းခဲ့တယ်။ ဒါပေမဲ့ နောက်ထပ် တစ်ခုလောက်ပဲ ပိုယက်လိုက်ရင် ပြားနည်းနည်းပိုရမယ်ဆိုတာကို တွေးမိလိုက်တာနဲ့ ဒီဒုက္ခတွေက တန်ပါတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ အထူးသဖြင့် ကျွန်မ အပင်ပန်းခံ ရှာထားတဲ့ ပိုက်ဆံကိုသုံးပြီး ကျွန်မတို့ဘဝ တိုးတက်ဖို့အတွက် အစားအသောက်နဲ့ လိုအပ်တာတွေ ဝယ်တဲ့အခါ ဒီဒုက္ခတွေက တန်တယ်လို့ ခံစားရတယ်။ ဒါကြောင့် ကျွန်မ ယောက်ျားနဲ့ ကျွန်မ ဒုက္ခတွေကိုသာ ခံနိုင်သရွေ့ ကျွန်မတို့ဘဝက သေချာပေါက် ဘယ်သူ့ထက်မှ မနိမ့်ကျစေရဘူးလို့ ကျွန်မ ပိုပြီးတော့တောင် ယုံကြည်လာခဲ့တယ်။
တစ်နေ့မှာတော့ ကျွန်မယောက်ျားရဲ့ အဒေါ်က ကျွန်မကို ဧဝံဂေလိတရား ဟောပြောဖို့ ရောက်လာပြီး ပြောတယ်၊ “ကယ်တင်ရှင် ကြွလာပြီ၊ ကိုယ်တော်ဟာ နောက်ဆုံးသော ကာလမှာ လူတွေကို ကယ်တင်တဲ့ အမှုတော်ကို ပြုလုပ်နေတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်တယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံပြီး အပြစ်ကနေ ရုန်းထွက်မှသာ လူတွေဟာ ဘုရားသခင်ရဲ့ စောင့်ရှောက်တာကို ခံရပြီး ကြီးမားတဲ့ကပ်ဘေးကနေ အသက်ရှင်ကျန်ရစ်နိုင်မှာ...” တဲ့။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ယုံကြည်ပေမဲ့လည်း နောက်တော့ တွေးမိတယ်၊ “ငါက မိုးယိုနေတဲ့အိမ်မှာ နေရတုန်းပဲ၊ ငါ့ကလေးကလည်း အရမ်းငယ်သေးတယ်၊ ပြီးတော့ ကိစ္စမျိုးစုံအတွက် ပိုက်ဆံက လိုနေတာ။ ငါသာ ဘုရားသခင်ကို ယုံကြည်လိုက်ရင် ပိုက်ဆံရှာတာ နှောင့်နှေးသွားလိမ့်မယ်။ အဲဒီလို အဖြစ်ခံလို့ မရဘူး။ အခုချိန်မှာ ငါ့အတွက် ပိုက်ဆံရှာဖို့က အရေးအကြီးဆုံးပဲ၊ ဘုရားသခင်ကို ယုံကြည်ဖို့ ကိစ္စကတော့ ငါ့ရဲ့ လူနေမှု အခြေအနေတွေ တိုးတက်လာတဲ့အထိ ဆိုင်းထားရမှာပဲ” လို့ပေါ့။ ဒါကြောင့် ကျွန်မ ငြင်းလိုက်တယ်။
အဲဒီအချိန်တုန်းက ကျွန်မကလေးက လမ်းလျှောက်တတ်စပဲ ရှိသေးတာ၊ စားသောက်ကုန် စက်ရုံမှာ အလုပ်ပမာဏ များပေမဲ့ လစာကတော့ အဲဒီအချိန် ကျွန်မ ရနေတာထက် သုံးလေးဆလောက် ပိုများတယ်လို့ လူတွေပြောတာ ကျွန်မ ကြားလိုက်ရတယ်။ ကျွန်မ နည်းနည်း စိတ်ယိုင်သွားပြီး တွေးမိတာက၊ “ငါသာ ဒုက္ခဆင်းရဲနဲ့ ပင်ပန်းတာကို မကြောက်သရွေ့တော့ စားသောက်ကုန် စက်ရုံမှာ ပိုက်ဆံပိုရှာနိုင်မှာပဲ။ အဲဒါဆိုရင် ပိုကောင်းတဲ့ ဘဝတစ်ခု ရလာမှာ မဟုတ်ဘူးလား” လို့ပေါ့။ ဒါနဲ့ ယောက္ခမဆီ ကလေးအပ်ပြီး စားသောက်ကုန် စက်ရုံမှာ အလုပ်သွားလုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မယောက်ျားက ခါးအရမ်းနာတယ်လို့ ရံဖန်ရံခါ ပြောတတ်ပေမဲ့ ကျွန်မက လုံးဝ အလေးမထားခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် တွေးမိတာက၊ “အလုပ်မကြိုးစားဘဲနဲ့ ဘယ်လိုလုပ် ပိုက်ဆံပိုရှာနိုင်မှာလဲ။ ငါဆိုရင် မနက် ၂ နာရီ၊ ၃ နာရီလောက်ထိ ခဏခဏ အချိန်ပိုဆင်းနေရတာ မဟုတ်ဘူးလား။ ဇွဲရှိမှပဲ ငါတို့ ပိုက်ဆံပိုရှာနိုင်မှာပေါ့” လို့ပေါ့။ ဒါကြောင့် ကျွန်မယောက်ျားနဲ့ ကျွန်မဟာ ပိုက်ဆံပိုရဖို့အတွက် အံကြိတ်ပြီး ဇွဲနပဲနဲ့ လုပ်ခဲ့ကြတယ်။ မကြာခင်မှာပဲ စက်ပစ္စည်းစက်ရုံတစ်ခုမှာ ကြိတ်စက်ကိုင်ရတဲ့ နောက်အလုပ်တစ်ခု ကျွန်မ ရခဲ့တယ်။ နေ့တိုင်း ကိရိယာတွေကို အရောင်တင်တဲ့အခါ သတ္တု သံချေးမတက်အောင် ကာကွယ်ဖို့ ဓာတုပစ္စည်းအမျိုးမျိုး ထည့်ထားတဲ့ ရေထဲကို ကျွန်မလက်တွေ ထည့်ထားရတယ်။ ကိရိယာတော်တော်များများအတွက် လက်အိတ်စွပ်လို့ မရနိုင်တော့ ကျွန်မလက်တွေကို ဒီရေထဲမှာ တစ်နေကုန် စိမ်ထားရတာပေါ့။ ဒီအလုပ်ကြောင့် ကျွန်မ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆို ကျောက်ကပ် ပျက်စီးသွားတယ်၊ ဒါတောင် ကျွန်မက ဒီအလုပ်ကို ၈ နှစ်၊ ၉ နှစ်လောက် ဆက်လုပ်ခဲ့သေးတယ်။ ကျွန်မ ယောက်ျားနဲ့ ကျွန်မ အလုပ်ကြိုးစားပြီး ပိုက်ဆံတချို့ ရှာနိုင်ခဲ့တယ်၊ အရင်ကနဲ့ ယှဉ်ရင် ကျွန်မတို့ တတ်နိုင်တဲ့ အစားအသောက်နဲ့ အဝတ်အစားတွေ အများကြီး တိုးတက်လာခဲ့သလို အိမ်ဝယ်ဖို့ ကနဦးပေးသွင်းငွေတောင် စုမိခဲ့တယ်။ အရင်တုန်းက ကျွန်မတို့ ဆင်းရဲလို့ မခေါ်မပြောဘဲ နေခဲ့တဲ့ အိမ်နီးချင်းတွေက ကျွန်မတို့နဲ့ ရင်းရင်းနှီးနှီး စဖြစ်လာကြတယ်၊ ဝင်ထွက်သွားလာရင်း ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကြသလို၊ ကျွန်မတို့ လင်မယားနှစ်ယောက်က အလုပ်ကြိုးစားကြတယ်၊ ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပိုပြီး ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တာဆိုပြီးတော့တောင် အားကျတဲ့စကားတွေ ပြောကြတယ်။ အဲဒါကို ကြားရတော့ ကျွန်မ နည်းနည်း ဂုဏ်ယူသလို ခံစားရတယ်၊ နှစ်နဲ့ချီပြီး ကျွန်မ အလုပ်ကြိုးစားခဲ့တာတွေက နောက်ဆုံးတော့ အရာထင်လာပြီလို့ ခံစားရပြီး အတိုင်းထက်အလွန် ပျော်ရွှင်ခဲ့ရတယ်။ ဒါပေမဲ့ တစ်ရက် မနက်ခင်းမှာ ကျွန်မတို့ လင်မယားနှစ်ယောက် အလုပ်သွားဖို့ ပြင်ဆင်နေတုန်း သူက ကုတင်ပေါ်ကနေ ရုတ်တရက် နာကျင်လွန်းလို့ အော်ဟစ်ပြီး သူ့ကို ဆေးရုံလိုက်ပို့ပေးဖို့ ပြာပြာသလဲ ပြောပါလေရော။ ဆရာဝန်က သူ့ကို စစ်ဆေးပြီးတော့ သူ့ရဲ့ ခါးရိုးဆစ်ကြားက အရိုးနုပြားတွေ အများကြီး ကျွံထွက်နေတယ်လို့ ပြောတယ်။ ဆရာဝန်က ခွဲစိတ်ဖို့ အကြံပေးတယ်၊ မဟုတ်ရင် လေဖြတ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်တဲ့။ ခွဲစိတ်ခက ယွမ် တစ်သိန်းကျော် ကုန်မယ်လို့ သူက ပြောတယ်။ ကျွန်မ ကြောင်အမ်းသွားပြီး “ယွမ် တစ်သိန်းကျော် ဟုတ်လား။ ဒါက ငါတို့ လင်မယားနှစ်ယောက် နှစ်နဲ့ချီပြီး မိုးလင်းမိုးချုပ် လုပ်ပြီး ရှာထားသမျှ အကုန်ပဲ၊ ရောဂါတစ်ခုတည်းအတွက်ကြောင့်နဲ့ အဲဒါတွေ အကုန် ပျောက်ကွယ်သွားတော့မှာပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး ဒုက္ခခံခဲ့တာတွေအားလုံးက အလဟဿ ဖြစ်မသွားဘူးလား။ ဒါပေမဲ့ သူ့ကို မကုဘဲထားလို့ နောက်ဆုံးမှာ လေဖြတ်သွားရင် ဒီမိသားစုအတွက် ငါနဲ့အတူ ဘယ်သူက ရုန်းကန်ရှာဖွေပေးမှာလဲ။ ငါတို့ဘဝတွေ ပိုပြီးတော့ပဲ ခက်ခဲမသွားဘူးလား” လို့ပေါ့။ ကျွန်မယောက်ျားလည်း ထပ်တူစိတ်ဆင်းရဲနေပုံပါပဲ။ သူ အပင်ပန်းခံ ရှာထားတဲ့ ပိုက်ဆံတွေ ဒီတိုင်း ပျောက်သွားမှာကို သူမကြည့်ရက်နိုင်ဘူးလေ။ ဒါကြောင့် အိမ်ပြန်ပြီး နားဖို့ပဲ သူ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်တုန်းက မိသားစုမှာ ပိုက်ဆံရှာနိုင်တာ ကျွန်မတစ်ယောက်တည်း ရှိတော့ ကျွန်မ ပိုတောင် ကြိုးစားပြီး လုပ်ခဲ့တယ်၊ နေလို့မကောင်းတဲ့ အချိန်မှာတောင်မှ ကျွန်မ အံကြိတ်ပြီး သည်းခံခဲ့ပါတယ်။
သုံးလလောက်ကြာတော့ တစ်ရက်မှာ ကျွန်မ အလုပ်သွားဖို့ ပြင်နေတုန်း လည်ပင်းက ရုတ်တရက် အရမ်းနာလာပြီး ခေါင်းတောင် မထောင်နိုင်တော့ဘူး၊ ကြည့်လိုက်သမျှ အရာအားလုံးက ဝါးတားတားနဲ့ မှုန်ဝါးဝါး ဖြစ်နေပြီး စားထားတာတွေ အန်ထွက်တော့မလို ခံစားလိုက်ရတယ်။ ကျွန်မယောက်ျားက ဆေးရုံ ချက်ချင်းသွားဖို့ ကျွန်မကို တိုက်တွန်းတယ်။ ဆရာဝန်က ပြောတယ်၊ ကျွန်မရဲ့ လည်ပင်းရိုးဆစ်နဲ့ ခါးရိုးဆစ်ကြားက အရိုးနုပြား သုံးနေရာမှာ ပြင်းပြင်းထန်ထန် ကျွံထွက်နေတယ်၊ ပြီးတော့ ခါးရိုးဆစ်ကြားက အရိုးနုကျွံတာက ကျွန်မရဲ့ ဘယ်ဘက်ခြေထောက်က အာရုံကြောတွေကို ဖိမိနေပြီတဲ့။ ခွဲစိတ်ခက ယွမ် ၂ သိန်းကျော် ကုန်မှာဖြစ်ပြီး ကျွန်မရောဂါက ပျောက်ချင်မှလည်း ပျောက်ဦးမှာတဲ့။ ဒါပေမဲ့ မကုဘဲထားရင်တော့ ကျွန်မ လေဖြတ်သွားနိုင်တယ်။ ဒါကို ကြားလိုက်ရတော့ ကျွန်မ လဲကျမတတ် ခံစားလိုက်ရပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ယောက်ျားကလည်း နေမကောင်းဖြစ်နေတုန်း၊ အခု ငါပါ လေဖြတ်သွားနိုင်တယ်တဲ့။ ငါတို့ လင်မယားနှစ်ယောက် အပင်ပန်းခံ ရှာထားတဲ့ ပိုက်ဆံက ငါတို့နှစ်ယောက်စလုံး ဆေးကုဖို့တောင် မလောက်ပါလားနော်။ ဒီနှစ်တွေတစ်လျှောက်လုံး ပိုက်ဆံရဖို့ ငါတို့ အရမ်း ကြိုးစားလုပ်ခဲ့ကြပေမဲ့ နောက်ဆုံးကျတော့ ဘာမှ မခံစားရဘဲ နှစ်ယောက်စလုံး ရောဂါအပြုံလိုက်ပဲ ရလိုက်တယ်။ ငါတို့ ဒီငွေတွေ အားလုံးအတွက် အလုပ်လုပ်ခဲ့တာက တကယ် အလကားပဲလား။ ပြီးတော့ ပိုက်ဆံသုံးလိုက်ရင်တောင် ငါ ရောဂါပျောက်မယ်ဆိုတဲ့ အာမခံချက်က မရှိဘူး၊ အချိန်တန်ရင် ပိုက်ဆံလည်းကုန်မယ်၊ ငါ့အသက်လည်း ပါသွားမှာ။ ငါ ဘာအတွက်များ တစ်သက်လုံး အသက်ရှင်ခဲ့တာလဲ” လို့ပေါ့။ ကျွန်မ တကယ် လမ်းပျောက်နေသလို ခံစားရပြီး မှိုင်မှိုင်တွေတွေနဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတယ်။ နောက်ပိုင်းမှာ ဆွေမျိုးတစ်ယောက် မိတ်ဆက်ပေးလို့ ကျွန်မယောက်ျားနဲ့ ကျွန်မ သက်သာတဲ့ အလုပ်တွေ ရှာတွေ့ခဲ့တယ်။ ကျွန်မတို့အိမ် ဖြိုဖျက်ခံရလို့ လျော်ကြေးငွေတချို့လည်း ရခဲ့တော့ ကျွန်မတို့ဘဝတွေ စပြီး တိုးတက်လာတယ်လို့ ထင်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ ခန္ဓာကိုယ်က နာကျင်မှုက ခဏခဏဆိုသလို နိမိတ်မကောင်းတဲ့ ခံစားချက်မျိုး ပေးတတ်ပြီး ကျွန်မ တွေးမိတယ်၊ “ငါ ရုတ်တရက်များ လေဖြတ်သွားနိုင်လား။ ငါ့အသက်တိုသွားရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ တွေးလေလေ ကျွန်မ ပိုကြောက်လာလေလေပဲ။ ပိုက်ဆံရှာဖို့သက်သက်အတွက်နဲ့ ကိုယ့်ခန္ဓာကိုယ်ကို လုံးဝ မငဲ့ညှာဘဲ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ ဘယ်လောက် မိုက်မဲခဲ့လဲဆိုတာကို ခဏခဏ နောင်တရမိတယ်။ အခု ကျွန်မမှာ ပိုက်ဆံနည်းနည်းရှိပေမဲ့ ဘယ်လောက်များတဲ့ ပိုက်ဆံကမှ ကျွန်မရောဂါကို မကုနိုင်ဘူးလေ။ “ငါ ဘယ်လိုများ ဒီလို ဆက်စခန်းသွားရမလဲ” ဆိုပြီး ကျွန်မ စိတ်ပူခဲ့တယ်။
ကျွန်မ နာကျင်ပြီး ဝေခွဲမရဖြစ်နေတဲ့အချိန်မှာပဲ အဒေါ်က ကျွန်မကို ဧဝံဂေလိတရား ထပ်ဟောပြောတယ်။ “လူ့ကံကြမ္မာသည် ဘုရားသခင်၏လက်တော်ဖြင့် ထိန်းချုပ်ထားသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို သူ ဖွင့်ပြတယ်။ ဓမ္မတေးစာသားတွေကို ကျွန်မ ကြားလိုက်ရတယ်၊ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ လူသည် မိမိအရေးအတွက် အစဉ်အမြဲ အလုပ်ရှုပ်ကာ လှုပ်ရှားသွားလာနေလျှင်ပင် သူသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိဆဲသာဖြစ်ပေသည်။ သင်သည် မိမိ၏ ကိုယ်ပိုင်အလားအလာများကို သိနိုင်လျှင်၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်လျှင် သင့်ကို ဖန်ဆင်းခံတစ်ဦးဟု ခေါ်ဆိုခြင်း ခံရဦးမည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဒီသီချင်းက ကျွန်မရဲ့ စိတ်နှလုံးကို ချက်ချင်း တို့ထိသွားခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး သူများတွေ အားကျမယ့် ဘဝမျိုး နေရဖို့သက်သက်အတွက်နဲ့ ပိုက်ဆံရဖို့ ကျွန်မ မမောနိုင်မပန်းနိုင် လုပ်ခဲ့ပြီး ဒုက္ခအများကြီး ခံခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်မယောက်ျားနဲ့ ကျွန်မ နှစ်ယောက်စလုံး ဖျားနာပြီး လေဖြတ်မယ့် အရေးနဲ့ ရင်ဆိုင်နေရတယ်။ ကျွန်မတို့သာ အသက်ဆုံးရှုံးသွားရင် ကျွန်မတို့ ရှာထားတဲ့ ပိုက်ဆံတွေအားလုံးက ဘာအသုံးကျတော့မှာလဲ။ ဒါကို တွေးမိတဲ့အခါ လူတစ်ယောက်ရဲ့ ကံကြမ္မာက ကိုယ့်လက်ထဲမှာ တကယ် မရှိဘူးဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ နောက်ရက်နည်းနည်းကြာတော့ အဒေါ်က ကျွန်မနဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့ ရောက်လာပြီး လူသားမျိုးနွယ်ရဲ့ မူလအစ၊ ဘုရားသခင်ရဲ့ အမှုတော် သုံးဆင့်နဲ့ပတ်သက်တဲ့ နက်နဲမှုတွေ၊ ပြီးတော့ လူသားမျိုးနွယ်ကို ကယ်တင်မယ့် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေအကြောင်း ကျွန်မနဲ့ မိတ်သဟာယပြုတယ်။ ဘုရားသခင်က သမ္မာတရားတွေ အများကြီး ဖော်ပြထားပြီး ဘုရားနှုတ်ကပတ်တော်တွေမှာ အာဏာနဲ့ တန်ခိုး ရှိတယ်ဆိုတာ ကျွန်မ တွေ့လိုက်ရပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်တဲ့ ဘုရားသခင် ဖြစ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်နိုင်တယ်ဆိုတာ ကျွန်မ သေချာသွားတယ်။ ကျွန်မယောက်ျားကိုလည်း ကျွန်မ ဧဝံဂေလိတရား ဟောပြောခဲ့ပြီး ကျွန်မတို့အတူတူ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။
ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော် အပိုဒ်တွေအများကြီးကို ကျွန်မ ဖတ်ခဲ့တယ်။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်လိုက်ရတယ်။ “လူတို့သည် ကံကြမ္မာက မည်သည့်အရာဖြစ်ကြောင်း မသိသည့်အခါတွင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားမလည်သည့်အခါတွင် ၎င်းတို့သည် မြူများကြားတွင် မိမိသဘောအတိုင်း ရုန်းကန်လှုပ်ရှားကာ စမ်းတဝါးဝါးသွားနေခြင်းသာ ဖြစ်ပြီး ထိုခရီးသည် အလွန်ခက်ခဲကြမ်းတမ်းကာ အလွန်ပင် စိတ်နှလုံးပူဆွေးခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ ပါးနပ်သူများက ကံကြမ္မာကို ဆက်လက်၍ ဆန့်ကျင်ကာ ရုန်းကန်လှုပ်ရှားပြီး ၎င်းတို့၏ အသက်တာပန်းတိုင်များဆိုသည့် အရာများကို ကိုယ့်နည်းနှင့်ကိုယ် လိုက်စားမည့်အစား ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် လက်ခံဖို့အပြင် ‘ဘဝကောင်းတစ်ခုကို ကိုယ့်လက်နှင့်ကိုယ် တည်ထောင်ရန် ကြိုးစားခြင်း’ ဟူသည့် စိတ်ဆင်းရဲစရာ နေ့ရက်များကို နှုတ်ဆက်ဖို့ ဆုံးဖြတ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ ဘုရားသခင်ကို မမြင်နိုင်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ်နှင့် ရှင်းရှင်းလင်းလင်း မသိသည့်အခါ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိဖြစ်ကာ ဖော်ပြ၍မရနိုင်လောက်အောင် စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်နေရာ၌ရှိပါစေ၊ သူ၏ အလုပ်က မည်သည့်အရာဖြစ်ပါစေ ၎င်း၏အသက်ရှင်မှု နည်းလမ်းနှင့် ၎င်းလိုက်စားသည့် ပန်းတိုင်က ၎င်းအား အဆုံးမရှိသည့် စိတ်နှလုံးပူဆွေးခြင်းနှင့် ဖြေသိမ့်ရန် ခက်ခဲသော စိတ်ဆင်းရဲခြင်းတို့ကို ဖြစ်စေသည်မှာ ပြန်လှည့်ကြည့်ဖို့ အားမထုတ်နိုင်သည့် အတွေ့အကြုံများ ဖြစ်လေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူသားအသက်တာကို ရရှိခြင်းအား လိုက်စားသည့်အခါမှသာ လူတစ်ဦးသည် စိတ်နှလုံးပူဆွေးခြင်းနှင့် စိတ်ဆင်းရဲမှုများအားလုံးမှ ဖြည်းဖြည်းချင်း ရုန်းထွက်နိုင်မည် ဖြစ်ကာ လူ့အသက်တာ၏ အနှစ်မဲ့ခြင်းအားလုံးကို ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) လူတွေက ဘုရားသခင် ရှေ့တော်မှောက်ကို မလာရင် ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို လိုက်စားရင်း စာတန်ရဲ့ လှည့်စားမှုအောက်မှာပဲ အသက်ရှင်နေထိုင်နိုင်မယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်လိုက်ရတယ်။ ဘုရားသခင် ရှေ့တော်မှောက် လာပြီး ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံမှ၊ ပြီးတော့ ဘုရားသခင် လမ်းပြတဲ့ လမ်းကြောင်းအတိုင်း လိုက်စားမှသာ ကျွန်မတို့ဟာ ဘုရားသခင်ရဲ့ စောင့်ရှောက်တာကို ခံရပြီး စာတန်ရဲ့ ဘေးအန္တရာယ်တွေကနေ လွတ်မြောက်နိုင်မှာ။ စဉ်းစားကြည့်လိုက်ရင် ကျွန်မဟာ စာတန်ရဲ့ လက်ချက်နဲ့ အကြီးအကျယ် ဒုက္ခခံစားခဲ့ရတဲ့သူ တစ်ယောက်ပဲ။ အရင်တုန်းက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျွန်မ အသိအမှတ်မပြုခဲ့ဘဲ တောင်ပေါ်ဒေသကနေ ရုန်းထွက်ပြီး သူများတွေ အားကျမယ့် မြို့ကြီးပြကြီးက ဘဝမျိုးမှာ နေနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲ အားကိုးချင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မယောက်ျားရဲ့ မိသားစု နောက်ခံအခြေအနေက ကျွန်မရဲ့ လိုအင်ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး၊ ဒါကြောင့် ငွေရှာဖို့ အလုပ်လုပ်တာကိုပဲ အားကိုးပြီး ကျွန်မရဲ့ ဆင်းရဲတဲ့ ကံကြမ္မာကို ပြောင်းလဲချင်ခဲ့တယ်။ ပိုကောင်းတဲ့ ဘဝတစ်ခု ဖန်တီးပြီး သူများတွေ အားကျရတဲ့ သူဌေးတစ်ယောက်ဖြစ်ဖို့ ကိုယ့်လက်ကိုပဲ အသုံးပြုချင်ခဲ့တာ။ ပိုက်ဆံရဖို့ ကျွန်မ အရိုးကြေမတတ် အလုပ်လုပ်ခဲ့တယ်၊ အလုပ်က ကျွန်မ ခန္ဓာကိုယ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တာတောင်မှ ကျွန်မ ကြွယ်ဝချမ်းသာမှု လိုက်စားတာကို မတားဆီးနိုင်ခဲ့ပါဘူး။ နောက်ဆုံးကျတော့ ကျွန်မ ပိုက်ဆံအများကြီး မရခဲ့တဲ့အပြင် ပင်ပန်းနွမ်းနယ်ပြီး ဖျားနာလာခဲ့တယ်၊ လေဖြတ်မယ့် အရေးနဲ့တောင် ရင်ဆိုင်ခဲ့ရတယ်။ ဒီနာကျင်စရာ အမှတ်တရတွေက လူတွေဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ ကျွန်မကို တကယ် ခံစားမိစေတယ်။ ကိုယ့်ကံကြမ္မာကို ပြောင်းလဲဖို့ ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲ အားကိုးချင်ခဲ့ပေမဲ့ နောက်ဆုံးတော့ စာတန်ရဲ့ လှည့်စားမှုနဲ့ နှိပ်စက်တာကိုပဲ ကျွန်မ ခံခဲ့ရတယ်။
နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်၊ “အရင်တုန်းက ပိုက်ဆံအတွက်ဆို ငါက ဒုက္ခခံပြီး ပင်ပင်ပန်းပန်း လုပ်ဖို့ လိုလားခဲ့ပေမဲ့ ဘာလို့ ဘုရားသခင်ကို ယုံကြည်ပြီး ရှေ့တော်မှောက် လာဖို့ကျတော့ မလိုလားခဲ့ရတာလဲ” လို့ပေါ့။ ကျွန်မယောက်ျားနဲ့ ကျွန်မ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို အတူတူ ဖတ်ခဲ့ကြတယ်၊ “‘ငွေသည် ကမ္ဘာကို လည်ပတ်စေသည်’ ဟူသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းတိုင်းရှိ လူတို့ကြားတွင် အလွန် ပျံ့နှံ့နေပြီး ရေပန်းစားမှုတစ်ခုဖြစ်သည်ဟု သင် ဆိုနိုင်ပေသည်။ အကြောင်းမှာ ယင်းကို လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးထဲတွင် သွတ်သွင်းထားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အစပိုင်းတွင် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း လက်တွေ့ဘဝနှင့် ထိတွေ့သောအခါ ဖွင့်ဟပြောရန်မလိုသည့် နားလည်မှုဖြင့် လက်ခံခဲ့ကြပြီး ဤစကားများသည် အမှန်စင်စစ် မှန်ကန်သည်ဟု စတင်ခံစားလာခဲ့ကြသည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် ဖြစ်စဉ်တစ်ခု မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားနှင့်ပတ်သက်၍ တူညီသော အတိုင်းအတာရှိသည့် အတွေ့အကြုံဆိုင်ရာ သိမြင်မှု မရှိနိုင်သော်လည်း လူတိုင်းသည် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့သော အမှုအရာများနှင့် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို အခြေခံ၍ ဤဆိုရိုးစကားအပေါ် အတိုင်းအတာအမျိုးမျိုးရှိသော အနက်ဖွင့်ဆိုချက်နှင့် အသိအမှတ်ပြုမှု ရှိကြသည်။ ယင်းမှာ မမှန်ကန်သလော။ လူတစ်ဦးသည် ဤဆိုရိုးစကားနှင့်ပတ်သက်၍ မည်မျှ နက်ရှိုင်းသော အတွေ့အကြုံ ရှိသည်ဖြစ်စေ ယင်းက ၎င်းတို့၏ စိတ်နှလုံးအပေါ် မည်သို့သော အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိခဲ့သနည်း။ ယင်းမှာ သင်တို့တစ်ဦးချင်းစီတိုင်း ပါဝင်သည်ဟု ဆိုနိုင်သည့် ဤလောကရှိ လူတို့သည် ၎င်းတို့၏ စိတ်သဘောထားမှ တစ်စုံတစ်ခုကို ထုတ်ဖော်ပြသကြသည်။ ယင်းမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ငွေကို ကိုးကွယ်ခြင်း ဖြစ်သည်။ ဤအရာကို လူတို့၏ စိတ်နှလုံးများမှ ဖယ်ရှားရန် လွယ်ကူပါသလော။ မလွယ်ကူပေ။ ဤသည်မှာ စာတန်၏ လူကို ဖောက်ပြန်ပျက်စီးစေခြင်းသည် အမှန်တကယ် နက်ရှိုင်းကြောင်း ပြသနေခြင်းပင်တည်း။ စာတန်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ရန် ငွေကို အသုံးပြုပြီး ၎င်းတို့အားလုံးကို ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်စေရန် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ဤလောကတွင် သင်တို့သည် ငွေမရှိဘဲ အသက်မရှင်နိုင်ဟုလည်းကောင်း၊ ယင်းမရှိဘဲ တစ်နေ့တာမျှပင် မဖြတ်သန်းနိုင်ဟုလည်းကောင်း သင်တို့ မထင်ကြသလော။ လူတို့တွင် ငွေမည်မျှရှိသည်က ၎င်းတို့၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်မျှ ဂုဏ်သရေ ရှိသည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဆင်းရဲသားတို့သည် မိမိတို့ ခေါင်းမဖော်နိုင်ဟု ခံစားရသော်လည်း ချမ်းသာသူတို့မှာမူ မြင့်မားသော အဆင့်အတန်းရှိကြပြီး ခေါင်းမော့ရင်ကော့ကာ ကျယ်လောင်စွာ စကားပြောနိုင်ပြီး မာနထောင်လွှား၍ အထိန်းအကွပ်မဲ့သော ပုံစံဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ရေပန်းစားမှုတို့က လူတို့ထံသို့ အဘယ်အရာကို ဆောင်ကြဉ်းပေးသနည်း။ လူများစွာတို့သည် ငွေရှာရန်အလို့ငှာ မည်သည့် စွန့်လွှတ်မှုကိုမဆို ပြုလုပ်ရန် လိုလားကြသည်မှာ အမှန် မဟုတ်လော။ လူများစွာတို့သည် ပိုမိုသောငွေကို လိုက်စားရာတွင် မိမိတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို မဆုံးရှုံးကြသလော။ လူများစွာတို့သည် ငွေကြေးအတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် အခွင့်အရေးကို မဆုံးရှုံးကြသလော။ သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှု မဟုတ်လော။ ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို အသုံးပြုရုံမျှဖြင့် စာတန်သည် လူကို ထိုသို့သော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေသည်။ စာတန်၏ ရည်ရွယ်ချက်သည် ယုတ်မာသည် မဟုတ်လော။ ဤသည်မှာ မလိုမုန်းထားသော လှည့်ကွက်တစ်ခု မဟုတ်လော။ ဤကဲ့သို့သော ဆိုရိုးစကားတစ်ခုသည် လူသိများလာပြီး ထိုနည်းအတိုင်းပင် သင်သည် ယင်းကို သဘောမတူရာမှ နောက်ဆုံးတွင် ယင်းမှာ သမ္မာတရားဖြစ်သည်ဟု ယုံကြည်သည်အထိ ဖြစ်သွားကာ ထိုအချိန်တွင် သင်၏ စိတ်နှလုံးသည် စာတန်၏ ချုပ်ကိုင်မှုအောက်သို့ လုံးဝ ကျရောက်သွားခဲ့ပြီးဖြစ်၍ သင်သည် ထိုဆိုရိုးစကားအတိုင်း အလိုအလျောက် အသက်ရှင်လာပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်၊ လူတွေက ဘုရားသခင်နဲ့ သမ္မာတရားကို ဝေးကွာကြတာဟာ စာတန် သွတ်သွင်းပေးထားတဲ့ မှားယွင်းတဲ့ အမြင်ရှုထောင့် အမျိုးမျိုးရဲ့ လွှမ်းမိုးတာ၊ အဆိပ်ခတ်တာကို ခံထားရလို့ပဲ။ စာတန်က “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” တို့၊ “လူဆိုတာကြံရင်းသေကြသလို ငှက်ဆိုတာပျံရင်းသေကြတယ်” တို့လို စကားတွေကို သုံးပြီး လူတွေ ပိုက်ဆံလိုက်စားအောင် မျှားခေါ်တယ်၊ ပိုက်ဆံရဖို့ တစ်ဘဝလုံး ရုန်းကန်ပြီး အသက်ရှင်ရအောင် ဦးဆောင်တယ်။ ဒါကို လုပ်ရင်းနဲ့ ကျွန်မ ဒုက္ခတွေ အများကြီး ခံခဲ့ရတာပဲ။ ပိုက်ဆံရှာမှသာ ကျွန်မဘဝ တိုးတက်နိုင်မယ်၊ အရည်အသွေးမြင့်တဲ့ ရုပ်ဝတ္ထုဘဝကို ခံစားနိုင်မယ်၊ သူများတွေရဲ့ လေးစားတာကို ရနိုင်မယ်၊ ပြီးတော့ သူများတွေ အားကျတာကို ခံရမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ လက်မှုအလုပ်တွေ လုပ်တဲ့အခါတုန်းက ပိုက်ဆံပြားနည်းနည်း ပိုရဖို့အတွက် နေ့တိုင်း မနက် နှစ်နာရီ၊ သုံးနာရီအထိ ကျွန်မ အိပ်ရေးပျက်ခံခဲ့တယ်။ စားသောက်ကုန် စက်ရုံမှာ လုပ်တုန်းကလည်း အိပ်ရေးမဝခဲ့ဘူး၊ ဒါတောင် ပိုက်ဆံပိုရဖို့ အချိန်ပိုဆင်းလို့ရမယ့် အခွင့်အရေးမှန်သမျှ ကျွန်မ ဘယ်တော့မှ လက်လွတ်မခံခဲ့ဘူး။ စက်တိုက်ရတဲ့ အလုပ်မှာသုံးတဲ့ ဓာတုပစ္စည်းတွေက လူ့ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်၊ ဒါပေမဲ့ လစာကောင်းတာကြောင့် ကျွန်မ လုပ်ဖို့ လိုလားခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ ခေါင်းထဲမှာ ရှိနေတာက ပိုက်ဆံ ဘယ်လိုပိုရှာရမလဲ ဆိုတာပါပဲ။ ဒီလို ပြင်းပြင်းထန်ထန် အလုပ်လုပ်တာတွေကြောင့် ကျွန်မယောက်ျားရော၊ ကျွန်မပါ ကျန်းမာရေး ထိခိုက်လာတဲ့အခါမှာတောင် အနားယူဖို့ အလုပ်ပျက်မှာကို ကျွန်မ မလိုလားခဲ့တုန်းပဲ။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေမိတာက၊ “ငါ ဘဝကောင်းတစ်ခု လိုချင်ရင် အံကြိတ်ပြီး သည်းခံရမယ်” လို့ပေါ့။ နောက်ဆုံးတော့ ကျွန်မတို့ ကြိုးစားလုပ်ကိုင်မှုကြောင့် ပိုက်ဆံတချို့ ရှာနိုင်ခဲ့ပြီး အိမ်နီးချင်းတွေရဲ့ အထင်ကြီးအားကျတာကို ခံခဲ့ရပေမဲ့ ကျွန်မယောက်ျားရော၊ ကျွန်မပါ ခန္ဓာကိုယ်တွေ ပျက်စီးကုန်တယ်၊ ဝမ်းနည်းစရာကောင်းတာက ကျွန်မတို့ ရှာထားတဲ့ ပိုက်ဆံက ခွဲစိတ်ဖို့တောင် မလောက်ခဲ့ဘူး။ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” ဆိုတဲ့ စာတန်ရဲ့ အဆိပ်အတောက်နဲ့ ကျွန်မ အသက်ရှင်ခဲ့ပြီး လေဖြတ်လုနီးပါး ဖြစ်ခဲ့ရတယ်။ ကျွန်မ ပိုပြီးတော့တောင် နောင်တရမိတာက အဒေါ်က ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ကျွန်မဆီ ယူလာပေးတုန်းက ပိုက်ဆံရှာဖို့အတွက် အဲဒါကို ကျွန်မ ငြင်းပယ်ခဲ့တာပဲ။ ကျွန်မကို ဧဝံဂေလိ ထပ်ဟောပြောဖို့ အဒေါ့်ကို ဘုရားသခင် အသုံးပြုတာကြောင့်သာ မဟုတ်ရင် ဘုရားနောက်လိုက်ဖို့၊ သမ္မာတရား ရရှိဖို့နဲ့ ကယ်တင်ခံရဖို့ အခွင့်အရေးကို ကျွန်မ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့မှာ။ ကျွန်မ တကယ် မိုက်မဲခဲ့တာပဲ။ ဒီအချိန်ကျမှပဲ စာတန်က ကျွန်မရဲ့ အတွေးတွေကို ထိန်းချုပ်ဖို့နဲ့ ကျွန်မဘဝကို လွှမ်းမိုးဖို့ ပိုက်ဆံကို အသုံးပြုနေခဲ့တယ်၊ အဲဒါကြောင့် ကျွန်မ စိတ်နှလုံးက ဘုရားသခင်နဲ့ ပိုပိုဝေးကွာသွားရတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ လူတွေကို လမ်းလွဲသွားအောင် လုပ်တဲ့ စာတန်ရဲ့ နည်းဗျူဟာတွေက တကယ်ကို ယုတ်ညံ့ပြီး ဆိုးယုတ်လိုက်တာ။
ခြောက်လကြာတော့ ကျွန်မ အသင်းတော်မှာ တာဝန်တွေ စထမ်းဆောင်ခဲ့တယ်။ အစတုန်းကတော့ ကျွန်မတာဝန်တွေက အတော်လေး လွယ်ကူပြီး အလုပ်မှာ ပိုက်ဆံရှာတာကို မထိခိုက်ခဲ့ဘူး၊ ဒါပေမဲ့ နောက်ပိုင်း ကျွန်မ ခေါင်းဆောင် ဖြစ်လာတဲ့အခါ အသင်းတော်မှာ ကျွန်မရဲ့ အလုပ်ပမာဏ တိုးလာပြီး အချိန်မလောက်သလို ဖြစ်လာတယ်။ စုဝေးပွဲတွေ လုပ်နေတုန်း သူဌေးက ဖုန်းခေါ်တာမျိုး သုံးလေးခါ ကြုံရပြီး ဒီလိုသာ ဆက်ဖြစ်ရင် ကျွန်မအလုပ်နဲ့ ဝင်ငွေကို ထိခိုက်မှာ စိုးရိမ်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီအလုပ်က မပင်ပန်းဘူးလေ၊ အလုပ်ပြုတ်သွားရင် ကျွန်မ ပိုက်ဆံရှာနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မအလုပ်နဲ့ တာဝန်တွေကို နှစ်ဖက်စလုံး အဆင်ပြေအောင် ကြိုးစားတာက အသင်းတော်အလုပ်ကို နှောင့်နှေးစေမယ်ဆိုတာ ကျွန်မ သိတယ်။ ကျွန်မ အရမ်းဝေခွဲမရဖြစ်ခဲ့တယ်၊ ဒါကြောင့် ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ပိုက်ဆံရဲ့ ဘောင်ခတ်တာ မခံရဖို့နဲ့ တာဝန်တွေ ထမ်းဆောင်ခွင့် အခွင့်အရေးကို မဆုံးရှုံးရဖို့ သမီးကို လမ်းပြပေးပါ” လို့ပေါ့။
တစ်နေ့မှာ တရားဟောဆရာက ကျွန်မ အခြေအနေကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မနဲ့အတူ စားသောက်ခဲ့တယ်၊ “အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ဤနည်းဖြင့်သာ ရွေးချယ်လိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဝေခွဲမရဖြစ်နေသူ များစွာရှိသည် မဟုတ်လော။ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက်က လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ခင်ပွန်းနှင့် ငါနှင့်အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက်၊ ငါသည် သင်တို့အပေါ်၌ ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။ နှစ်ပေါင်းများစွာ ငါ အသုံးခံခဲ့သည့် ကြီးမားသော အဖိုးအခသည် အံ့အားသင့်စရာ ကောင်းလောက်အောင် သင်တို့၏ စွန့်ပစ်ခြင်းနှင့် လက်မှိုင်ချခြင်းမှလွဲ၍ ငါ့အား မည်သည့်အရာမျှ မဆောင်ကြဉ်းပေးခဲ့သော်လည်း သို့သော်တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့တိုင်အောင် သင်တို့သည် အမှောင်ထုနှင့် ဆိုးယုတ်သော အရာများကို လိုက်စားနေကြဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ အဆုံးသတ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် နာကျင်ဖွယ် ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ချက်ကနေ ကျွန်မ မြင်လိုက်ရတယ်၊ ကျွန်မတို့က စာတန်ကြောင့် ဖောက်ပြန်ပျက်စီးမှု ခံရပြီးနောက်မှာ ပိုက်ဆံနဲ့ သမ္မာတရားကြား ရွေးချယ်စရာ ပေးလာတဲ့အခါ ကျွန်မတို့က တုံ့ဆိုင်းမနေဘဲ ပိုက်ဆံကို ရွေးပြီး သမ္မာတရား လိုက်စားမယ့် အခွင့်အရေးကို စွန့်လွှတ်လိုက်ကြတာကိုပေါ့။ ကျွန်မ ဘုရားအိမ်တော်ထဲ ရောက်လာပြီး ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းပေးမှုကတစ်ဆင့် သမ္မာတရားတချို့ကို နားလည်လာခဲ့ပေမဲ့ အသင်းတော်အလုပ်က ကျွန်မရဲ့ ကိုယ်ပိုင် ငွေကြေးအကျိုးစီးပွားတွေနဲ့ ကွဲလွဲလာတဲ့အခါ ကျွန်မ ချီတုံချတုံဖြစ်ခဲ့ပြီး သမ္မာတရားထက် ပိုက်ဆံကို ပိုအရေးကြီးတယ်လို့ ယူဆခဲ့တယ်။ ကျွန်မ စာတန်နောက် လိုက်နေတုန်း မဟုတ်ဘူးလား။ ဒါကို သဘောပေါက်လိုက်တော့ ဒါဟာ စာတန်နောက်လိုက်ပြီး ပိုက်ဆံကို လိုက်စားမလား၊ ဒါမှမဟုတ် ဘုရားသခင်နောက်လိုက်ပြီး သမ္မာတရားကို လိုက်စားမလားဆိုတာ ကြည့်ဖို့ ဘုရားသခင်က ကျွန်မကို ထပ်ရွေးချယ်ခွင့် ပေးနေတာဖြစ်မှန်း ကျွန်မ သိလာခဲ့ရတယ်။ ကျွန်မဘေးနားက ညီအစ်ကို မောင်နှမတွေကို ကြည့်လိုက်တဲ့အခါ သူတို့ဟာ အသင်းတော်မှာ တာဝန်တွေ လေ့ကျင့်ရင်းနဲ့ သမ္မာတရားတွေကို ပိုပိုပြီး နားလည်လာတာ ကျွန်မ တွေ့ရတယ်။ ပြီးတော့ ကျွန်မ တာဝန်တွေ ထမ်းဆောင်ရင်းနဲ့ သမ္မာတရား ပိုရရှိနိုင်အောင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အသင်းတော်က ကျွန်မကို ခေါင်းဆောင်တာဝန် ထမ်းဆောင်ဖို့ ပျိုးထောင်နေတာကိုလည်း ကျွန်မ မြင်ခဲ့တယ်။ ပိုက်ဆံရှာဖို့အတွက် သမ္မာတရား ရရှိမယ့် အခွင့်အရေးကို ကျွန်မ အဆုံးရှုံးမခံနိုင်ဘူး၊ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်ကိုလည်း စိတ်ပျက်အောင် မလုပ်နိုင်ပါဘူး။ နောက်ပြီးတော့ အလုပ်ထွက်လိုက်ပြီး ပိုက်ဆံဆက်မရှာတော့ရင် ကျွန်မတို့ရဲ့ လူနေမှု အခြေအနေက သူများတွေထက် နိမ့်ကျသွားမှာကို ကျွန်မ အမြဲ စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အခု ကျွန်မမှာ အိမ်တစ်လုံးနဲ့ အပိုအလျှံ ပိုက်ဆံတချို့ ရှိနေတာတောင် ဒါတွေထဲက ဘယ်အရာမှ ကျွန်မ ရှာထားတာ မဟုတ်ဘဲ အိမ်ဖြိုဖျက်ခံရတာလိုမျိုး အခြေအနေတွေကတစ်ဆင့် ဘုရားသခင် ထောက်ပံ့ပေးထားတာပါ။ လူတစ်ယောက်မှာ ချမ်းသာကြွယ်ဝမှု ဘယ်လောက်ရှိနိုင်တယ် ဆိုတာက ကိုယ့်ရွေးချယ်မှုတွေနဲ့ သတ်မှတ်တာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ ပြဋ္ဌာန်းချက်အပေါ်မှာ မူတည်တယ်ဆိုတာ ကျွန်မ တကယ် သဘောပေါက်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ကျွန်မအတွက် သတ်မှတ်ထားတာထက် ပိုက်ဆံပိုရှာနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ဒါပေမဲ့ ပိုက်ဆံမရှာနိုင်ရင် ကျွန်မဘဝ ဆင်းရဲပြီး သူများတွေရဲ့ လေးစားတာကို ခံရမှာ မဟုတ်ဘူးလို့ ကျွန်မ စိုးရိမ်နေတုန်းပဲ၊ ဒါကြောင့် ပိုက်ဆံနဲ့ တာဝန်တွေကြားမှာ ကျွန်မ ဗျာများနေခဲ့တယ်။ ပိုက်ဆံအတွက်နဲ့ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ငြင်းပယ်ခဲ့တုန်းက အခြေအနေနဲ့ အတူတူပဲ ဖြစ်မနေဘူးလား။ ပိုက်ဆံနဲ့ ပျော်ရွှင်မှုကို လိုက်စားရင်း ကျွန်မရဲ့ အချိန်တွေကို ထပ်ပြီး အလဟဿ မဖြုန်းတီးနိုင်တော့ဘူး၊ အဲဒါက သမ္မာတရား ရရှိမယ့် အခွင့်အရေးကို ဆုံးရှုံးစေပြီး ကျွန်မကို ပျက်စီးခြင်းဆီ ဦးတည်သွားစေမှာ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်၊ “သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ စိတ်နှလုံးကို တို့ထိခဲ့ပြီး ဘုရားသခင် ရှေ့တော်မှောက် လာတာ၊ သမ္မာတရား ရရှိဖို့ လိုက်စားတာကသာ တကယ် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ပြန်ကြည့်လိုက်ရင် လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အဒေါ်က ကျွန်မကို ဘုရားသခင်ရဲ့ ဧဝံဂေလိ ဟောပြောခဲ့ပေမဲ့ ပိုက်ဆံရှာဖို့အတွက် ကျွန်မ ငြင်းပယ်ခဲ့တယ်၊ ပြီးတော့ ၁၅ နှစ်လုံးလုံး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျွန်မ လက်လွတ်ခဲ့ရတယ်လေ။ ဒီနှစ်တွေတစ်လျှောက်လုံး ခဏလေးတောင် ရပ်နားပြီး အသက်ရှူဖို့ အချိန်မပေးဘဲ တစ်ရက်ပြီးတစ်ရက် အလုပ်ကြမ်းလုပ်ရင်း စက်ရုပ်တစ်ရုပ်လို ကျွန်မ အလုပ်လုပ်ခဲ့တယ်၊ ရလဒ်အနေနဲ့ ပင်ပန်းနွမ်းနယ်မှုကြောင့် ရောဂါမျိုးစုံ ကျွန်မ ရခဲ့တယ်။ ပိုက်ဆံအတွက် ရုန်းကန်ခဲ့တဲ့ ၁၅ နှစ်တာကာလက နောက်ဆုံးမှာ ကျွန်မကို လုံးဝ ဗလာသက်သက် ဖြစ်ကျန်ရစ်စေခဲ့တယ်၊ ဒီလို အသက်ရှင်တာက လုံးဝ အဓိပ္ပာယ်မရှိဘူးဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ပိုက်ဆံအများကြီး ရှာနိုင်ပြီး ရွာကလူတိုင်း အားကျတဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာတဲ့ ကျွန်မရဲ့ ဆွေမျိုးတစ်ယောက်ကို သတိရမိတယ်၊ ဒါပေမဲ့ သူက စီးပွားဖက်တွေနဲ့ ခဏခဏ ပေါင်းသင်းဆက်ဆံပြီး အရက်သောက်တတ်တော့ နောက်ဆုံးမှာ အရက်အဆိပ်သင့်ပြီး အသည်းရောဂါ ရသွားတယ်။ ဆရာဝန်က သူ့ကို အရက်ထပ်မသောက်ဖို့ တိုက်တွန်းပေမဲ့ ပိုက်ဆံပိုရှာဖို့အတွက် သူက ဆက်ပြီး သောက်စားပေါင်းသင်းရင်း ကိုယ့်ခန္ဓာကိုယ်ကို ထိခိုက်အောင်လုပ်ဖို့ တွန့်ဆုတ်မနေခဲ့ဘူး၊ နောက်ဆုံးမှာ အသည်းကင်ဆာဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့တယ်။ သခင်ယေရှု ပြောခဲ့တာကို ကျွန်မ သတိရလိုက်တယ်၊ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်၊ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေက အသက်ကို မဝယ်နိုင်ဘူး၊ ပျက်စီးခြင်းဆီကိုပဲ ဦးတည်နိုင်တယ်တဲ့။ ကျွန်မသာ တာဝန်တွေကို ကောင်းကောင်းမွန်မွန် မထမ်းဆောင်ဘဲ ပိုက်ဆံလိုက်စားတဲ့လမ်းကြောင်းကို ဆက်လျှောက်ရင် ကျွန်မခန္ဓာကိုယ်က သေချာပေါက် ပျက်စီးသွားမှာဖြစ်ပြီး ကျွန်မဘဝ ပျက်စီးရုံတင်မကဘဲ ကယ်တင်ခြင်း ရမယ့် အခွင့်အရေးကိုလည်း ဆုံးရှုံးရမှာ။ အခု ကျွန်မက အရင်ကထက် ပိုက်ဆံနည်းနည်းပဲ ရှာနိုင်ပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး ညီအစ်ကို မောင်နှမတွေနဲ့ အတွေ့အကြုံတွေကို ခဏခဏ မိတ်သဟာယပြုနိုင်တယ်၊ ဒါက ဘုရားသခင်ဆီက ကျေးဇူးတော်ပဲ။ ကျွန်မ သမ္မာတရား ပိုပြီး ပြည့်စုံဖို့၊ စာတန်က လူတွေကို ထိခိုက်နာကျင်အောင်တဲ့ နည်းလမ်းတွေကို ပိုင်းခြားသိမြင်ဖို့၊ ကျွန်မရဲ့ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိဖို့နဲ့ ဘုရားနှုတ်ကပတ်တော်တွေကနေ ဘဝရဲ့ မှန်ကန်တဲ့ ဦးတည်ချက်ကို ရှာတွေ့ဖို့အတွက် အသင်းတော်မှာ တာဝန်တွေ ထမ်းဆောင်ရင်း လေ့ကျင့်ဖို့ ဘုရားသခင်က ကျွန်မကို ခွင့်ပြုထားမှန်းလည်း ကျွန်မ နားလည်လာခဲ့တယ်။ ဘုရားသခင်ဆီကနေ လူတစ်ယောက် ရရှိတဲ့ သမ္မာတရားဟာ ထာဝရအသက်ပါပဲ၊ ပြီးတော့ ဘယ်သူကမှ လုယူမသွားနိုင်တဲ့ အရာတစ်ခုပါ။ အဲဒါက ပိုက်ဆံနဲ့ နှိုင်းယှဉ်လို့ မရသလို ဘဝမှာ တန်ဖိုးအရှိဆုံး အရာလည်း ဖြစ်ပါတယ်။ ဒါကို သဘောပေါက်လိုက်တော့ “အလုပ်ကို စွန့်လွှတ်ဖို့နဲ့၊ နောင်လာမယ့် နေ့ရက်တွေမှာ ဘုရားသခင်ကို ကောင်းကောင်းမွန်မွန် ယုံကြည်ပြီး တာဝန်တွေကို ထမ်းဆောင်ဖို့ လိုလားပါတယ်” ဆိုပြီး ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ အလုပ်ထွက်ပြီး တာဝန်တွေ ထမ်းဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်ခဲ့တယ်။ အခု ကျွန်မယောက်ျားရော၊ ကျွန်မပါ ကျန်းမာရေး ကောင်းနေကြပြီး၊ တစ်ချိန်က ခံစားခဲ့ရတဲ့ ခေါင်းမူးတာ၊ ခါးနာတာနဲ့ နေမကောင်းဖြစ်တာတွေ အကုန်လုံး ပျောက်ကွယ်သွားပြီ။ ကျွန်မကို ပိုပြီး ပျော်ရွှင်စေတာကတော့ တာဝန်ထမ်းဆောင်ရင်း လေ့ကျင့်တာကနေတစ်ဆင့် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ပတ်သက်ပြီး သိနားလည်မှုတချို့ ရခဲ့တာပါပဲ။ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေရဲ့ ချုပ်နှောင်မှုကနေ ကျွန်မကို ကယ်ဆယ်ပေးခဲ့လို့၊ ပြီးတော့ ရှေ့တော်မှောက်ကို ခေါ်ဆောင်လာပြီး သမ္မာတရား ရရှိဖို့ အခွင့်အရေးတွေ ပိုပေးခဲ့လို့ ဘုရားသခင်ကို ကျွန်မ အရမ်း ကျေးဇူးတင်ပါတယ်။