၅၂။ မိမိတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် ယုတ်ညံ့ခြင်းကို ဖြေရှင်းခြင်း
အသင်းတော် ဗီဒီယိုတွေ ထုတ်လုပ်တဲ့နေရာမှာသုံးတဲ့ ဓာတ်ပုံနဲ့ ဗီဒီယို အချက်အလက်ကုန်ကြမ်းတွေ ရိုက်ကူးဖို့ ကျွန်မ တခြားနေရာတွေကို ခဏခဏ ခရီးသွားရတယ်။ စစချင်းတုန်းကတော့ စည်းမျဉ်းတွေအပေါ် အခြေခံပြီး ဒီမှတ်တမ်းတွေကို သေသေချာချာ ရွေးချယ်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းကျတော့ အချက်အလက်ကုန်ကြမ်း ပမာဏက များလာတယ်။ တစ်ခါတလေ တစ်နေကုန် ရိုက်ကူးရပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ ပင်ပန်းနွမ်းနယ်နေတတ်တယ်။ ရွေးစရာ အချက်အလက်ကုန်ကြမ်းတွေ အများကြီး ရှိနေတာကို မြင်လိုက်ရတဲ့အခါ ကျွန်မ သိပ်စိတ်မပါတော့ဘူး။ အချက်အလက်ကုန်ကြမ်းတွေ ရွေးချယ်ရာမှာ စည်းမျဉ်းတွေအတိုင်း အကဲဖြတ်ဖို့ လိုအပ်သလို၊ တစ်ခုချင်းစီရဲ့ အသုံးဝင်မှုတန်ဖိုးကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုတယ်လေ။ အထူးသဖြင့် ဓာတ်ပုံတွေဆိုရင် တစ်ပုံချင်းစီ ပြန်ကြည့်ရတာဆိုတော့ အဲဒီလိုလုပ်ရတာ အရမ်းပင်ပန်းတယ်လို့ ခံစားရတဲ့အတွက် အဲဒီအတွက် အချိန်တွေ၊ ခွန်အားတွေ အများကြီး အကုန်မခံချင်ခဲ့ဘူး။ ဒါကြောင့် နောက်ပိုင်းမှာ အချက်အလက်ကုန်ကြမ်းတွေကို ရွေးတဲ့အခါ ကျွန်မ အပေါ်ယံပဲ ကြည့်လိုက်တော့တယ်။ နောက်ခံက အရမ်းမရှုပ်ဘဲ ကြည့်လို့ အဆင်ပြေသရွေ့ ရပြီလို့ပဲ ပြောလိုက်တယ်။ အချက်အလက်ကုန်ကြမ်းတချို့နဲ့ပတ်သက်ပြီး မသေချာတဲ့အခါ ကြီးကြပ်ရေးမှူးဆီပဲ လွှဲပေးလိုက်တယ်။ ဒီလိုဆိုရင် စည်းမျဉ်းတွေအတိုင်း အကဲဖြတ်စရာ မလိုတော့သလို အရမ်းကြီးလည်း အားစိုက်ထုတ်စရာ မလိုတော့ဘူးပေါ့။ တစ်ခါတုန်းက မှတ်မိသေးတယ်၊ ရိုက်ကူးတာ ပြီးသွားတော့ အချက်အလက်ကုန်ကြမ်းတွေကို ကျွန်မ အမြန်ပဲ အပေါ်ယံကြည့်လိုက်တယ်၊ ပြီးမှ ပိုကောင်းတာတွေကို စစ်ထုတ်ပြီး ကြီးကြပ်ရေးမှူးဆီ လွှဲပေးလိုက်တယ်။ ကြီးကြပ်ရေးမှူးက ပြန်စစ်ကြည့်ပြီး ကျွန်မ အပ်ထားတာတွေထဲက သုံးပုံတစ်ပုံက စံနှုန်းမပြည့်ဘူးလို့ ပြောတယ်။ ဖရိမ် ရှုပ်နေတာ၊ ပုံရိပ်ဝါးနေတာ၊ ဒါမှမဟုတ် အထားအသို အခင်းအကျင်း မကောင်းတာတွေ ဖြစ်နေပြီး၊ သူများတွေအပ်တဲ့လက်ရာတွေထက် ကျွန်မ အပ်ထားတဲ့လက်ရာတွေကို ပြန်စစ်ရတာ အချိန် နှစ်ဆလောက် ပိုကြာတယ်လို့လည်း ပြောတယ်။ ဒါကို ကြားတော့ ကျွန်မ ရှက်လည်းရှက်၊ အပြစ်ရှိသလိုလည်း ခံစားရတယ်။ ဒါပေမဲ့ ကိုယ့်ပြဿနာတွေကို သိပ်မသိခဲ့သလို၊ စံနှုန်း ပိုမြင့်ဖို့လိုတဲ့ အချက်အလက်ကုန်ကြမ်းတွေ ရိုက်ကူးတဲ့အခါမှာလည်း ဝတ်ကျေတမ်းကျေ ဖြစ်မိတုန်းပဲ။ ဒီလို အချက်အလက်ကုန်ကြမ်းမျိုးတွေ ရိုက်ကူးတာက ရှုထောင့်တွေကို တိတိကျကျ ထိန်းချုပ်ဖို့နဲ့ ရိုက်ကူးတဲ့ ဦးတည်ချက်ကို အမြဲ ချိန်ညှိနေဖို့ လိုအပ်တယ်။ ဒါက အရမ်းစိတ်ပင်ပန်းစရာကောင်းလွန်းတယ်၊ ပြီးတော့ အကြမ်းဖျင်း ကြည့်လို့အဆင်ပြေရင် ရပြီလို့ ကျွန်မ တွေးလိုက်တယ်။ ကျွန်မက အလုပ်မှာ အလေးအနက် မထားခဲ့လို့ အချက်အလက်ကုန်ကြမ်းတချို့က စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့အပြင် သုံးမရ ဖြစ်သွားတယ်၊ တချို့ ရိုက်ချက်တွေဆို ဝါးတောင်ဝါးသွားတယ်။ တစ်ခါတည်းနဲ့ ပြီးနိုင်မယ့် အလုပ်က ပြန်လုပ်ရတော့တာပေါ့။ သိပ်မကြာခင်မှာပဲ ကျွန်မ ပြင်းပြင်းထန်ထန် ပြုပြင်ခံရတယ်။ ကြီးကြပ်ရေးမှူးက တာဝန်မှာ ကျွန်မရဲ့ လတ်တလော အပြုအမူကို ထောက်ပြပြီး၊ ကိုယ့်သဘောဆန္ဒအတိုင်း လုပ်ပြီး ဝတ်ကျေတမ်းကျေ တာဝန်ထမ်းဆောင်တဲ့အတွက် ကျွန်မကို ပြုပြင်တယ်။ ကျွန်မ ရိုက်ကူးတဲ့ အချက်အလက်ကုန်ကြမ်းတွေက အမြဲတမ်း ပြန်လုပ်ဖို့ လိုနေပြီး၊ အချိန်နဲ့ ခွန်အား အများကြီး ဖြုန်းတီးရာ ရောက်တယ်တဲ့။ ကျွန်မက ရိုက်ကူးရေးအလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေတာလို့ သူပြောတယ်။ ပြီးတော့ တာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့သဘောထားကို နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်ဖို့ တိုက်တွန်းတယ်။ ကြီးကြပ်ရေးမှူး ပြန်သွားတော့ ကျွန်မ အရမ်း စိတ်မကောင်းဖြစ်ပြီး အပြစ်ရှိသလို ခံစားရတယ်။ ဒါနဲ့ ဘုရားသခင်ရှေ့မှောက်ကို လာပြီး ဆုတောင်းခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သိဖို့နဲ့ တာဝန်မှာ ဒီလို ဝတ်ကျေတမ်းကျေ ဖြစ်နေတဲ့ အခြေအနေကို ဖြေရှင်းနိုင်အောင် လမ်းပြပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ ပြဿနာနဲ့ တိတိကျကျ ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်၏တာဝန်၌ သင်စိတ်မနှစ်ထားသကဲ့သို့ သမ္မာတရား၏ စည်းမျဉ်းများကိုလည်း သင်မရှာဖွေပါက၊ သင်သည် မရေမရာဖြစ်ကာ သို့မဟုတ် မရှင်းမလင်းဖြစ်ကာ အမှုကိစ္စများကို သင်တတ်နိုင်သမျှ အလွယ်ကူဆုံးနည်းလမ်းဖြင့်သာ လုပ်ဆောင်ပါက ဤသည်မှာ မည်သည့်စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ယင်းမှာ အမှုကိစ္စများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏တာဝန်ကို သစ္စာစောင့်သိမှု မရှိလျှင်၊ သင်၏တာဝန်အပေါ် တာဝန်သိစိတ်မရှိလျှင်၊ သို့မဟုတ် တာဝန်နှင့်ပတ်သက်သည့် ခံယူချက်တစ်ခုမျှ မရှိလျှင် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်လော။ သင်၏တာဝန်ကို လက်သင့်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်မည်လော။ သင်၏ တာဝန်ကို လက်သင့်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်စွမ်းမရှိလျှင် သမ္မာတရား၏ စစ်မှန်မှုကို သင်ဝင်ရောက်နိုင်မည်လော။ သေချာပေါက် မဝင်ရောက်နိုင်ပေ။ သင်၏တာဝန်ကို သင်ထမ်းဆောင်တိုင်း သင်သည် စိတ်မဝင်စားဘဲ၊ မည်သည့်အားထုတ်မှုမျှမရှိသည့်အပြင် ဂိမ်းတစ်ခု ကစားနေသည့်အလား စဉ်းစားဆင်ခြင်မှုမရှိဘဲ အိုးနင်းခွက်နင်းဖြင့် လုပ်ဆောင်ပါက ဤသည်မှာ ပြဿနာမဟုတ်သလော။ သင်၏တာဝန်ကို ဤနည်းဖြင့်ထမ်းဆောင်ခြင်းမှ သင်သည် မည်သည့်အရာကို ရရှိနိုင်သနည်း။ နောက်ဆုံးတွင် သင်၏တာဝန်ကို သင်ထမ်းဆောင်သည့်အခါ တာဝန်သိစိတ် မရှိကြောင်း၊ ဝတ်ကျေတမ်းကျေပြုကြောင်းနှင့် ဖြစ်သလိုလုပ်ကြောင်းကို လူများမြင်လိမ့်မည်ဖြစ်ကာ ထိုအခြေအနေတွင် သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရဖို့ အန္တရာယ်ရှိပြီဖြစ်သည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်သည့်အခါတွင် ဘုရားသခင်သည် ဖြစ်စဉ်တစ်လျှောက်လုံး စောင့်ကြည့်နေသည်။ ပြီးလျှင် ဘုရားသခင်သည် မည်သည့်အရာကို ပြောမည်နည်း။ (ဤလူသည် သူ၏စေခိုင်းချက်၊ သို့မဟုတ် သူ၏ယုံကြည်မှုဖြင့် မထိုက်တန်ပါ။) သင်သည် ယုံကြည်စိတ်ချထိုက်ခြင်း မရှိကြောင်းနှင့် သင့်ကို ဖယ်ရှားရှင်းလင်းသင့်ကြောင်း ဘုရားသခင်က ပြောလိမ့်မည်။ ထို့ကြောင့် သင်သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ထိုတာဝန်သည် အရေးကြီးသောတာဝန်တစ်ခု ဖြစ်သည်ဖြစ်စေ၊ သာမန်တာဝန်တစ်ခုဖြစ်သည်ဖြစ်စေ သင့်ကို ပေးအပ်ထားသော အလုပ်ထဲသို့ စိတ်မနှစ်လျှင်၊ သို့မဟုတ် သင်၏တာဝန်ကို စံမီအောင် မထမ်းဆောင်လျှင်၊ ထိုတာဝန်ကို ဘုရားသခင်၏ စေခိုင်းချက်အဖြစ် သင်မမြင်ဘဲ၊ သို့မဟုတ် သင်၏ကိုယ်ပိုင် တာဝန်နှင့် ဝတ္တရားအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း မရှိဘဲ ဝတ်ကျေတမ်းကျေဟန်ပန်ဖြင့် အမှုကိစ္စများကို အစဉ်သဖြင့် ဆောင်ရွက်လျှင် ဤသည်မှာ ပြဿနာတစ်ခု ဖြစ်လိမ့်မည်။ ‘ယုံကြည်စိတ်ချထိုက်ခြင်း မရှိ’ ဟူသည့် ဤစကားများသည် သင်၏ တာဝန်ကို သင်ထမ်းဆောင်သည့် ပုံစံအား သတ်မှတ်ပေးလိမ့်မည်။ ယင်းတို့က ဆိုလိုသည်မှာ သင်သည် သင်၏တာဝန်ကို စံနှုန်းပြည့်အောင် ထမ်းဆောင်ခြင်း မရှိကြောင်း၊ သင်သည် ဖယ်ရှားရှင်းလင်းခံရပြီး ဖြစ်ကြောင်းနှင့် သင်၏စရိုက်သည် စံမမီဟု ဘုရားသခင်က ပြောကြောင်းဖြစ်သည်။ သင့်အား အမှုကိစ္စတစ်ခုကို ပေးအပ်သည့်တိုင် ဤသည်မှာ ထိုကိစ္စအပေါ် သင်ထားရှိသည့် သဘောထားဖြစ်ပြီး သင် ကိုင်တွယ်သည့်ပုံစံဖြစ်လျှင် နောင်တွင် သင်သည် နောက်ထပ်တာဝန် တစ်ခုတလေဖြင့် တာဝန်ပေးစေခိုင်းခြင်း ခံရမည်လော။ သင်သည် အရေးကြီးသည့်အရာ တစ်ခုတလေဖြင့် ပေးအပ်ခြင်း ခံရနိုင်မည်လော။ စစ်မှန်သော နောင်တရခြင်းကို သင်မပြသရွေ့ သေချာပေါက် ပေးအပ်ခြင်း ခံရနိုင်မည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် စိတ်ထဲတွင် သင့်အပေါ် အချို့သော မယုံကြည်မှုနှင့် မကျေနပ်ချက်တို့ အစဉ်သဖြင့် ထားရှိလိမ့်မည်။ ဤသည်မှာ ပြဿနာဖြစ်လိမ့်မည် မဟုတ်လော။ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ မည်သည့်အခွင့်အလမ်းကိုမဆို သင်ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်ပြီး သင် ကယ်တင်ခြင်း မခံရနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်းအားဖြင့်သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေကို တိတိကျကျ ဖော်ထုတ်ထားတယ်။ တာဝန်ထမ်းဆောင်ရာမှာ ကျွန်မက စိတ်မပါတပါ အားထုတ်ခဲ့ပြီး၊ ကိစ္စတွေကို ဘယ်တော့မှ စိတ်နှစ်ပြီး မလုပ်ခဲ့သလို ဝတ်ကျေတမ်းကျေနဲ့ တာဝန်မဲ့စွာ လုပ်ဆောင်ခဲ့တယ်။ ဒီလိုလူမျိုးက ကိုယ်ကျင့်စရိုက် ညံ့ဖျင်းတယ်၊ ယုံကြည်စိတ်ချရသူတွေ မဟုတ်သလို အားကိုးလို့ မရနိုင်ဘူး။ ဒီနေ့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို လက်ခံရရှိပြီး အသင်းတော်မှာ တာဝန်ထမ်းဆောင်ခွင့်ရတာ ကျွန်မ ကံကောင်းတာပါ။ ဒါဟာ ဘုရားသခင်က ကျွန်မကို အကြီးကြီးမြှင့်တင်ပေးနေတာပါ။ ဒါပေမဲ့ တာဝန်မှာ ကျွန်မက ဖြတ်လမ်းလိုက်ပြီး စိတ်မပါ့တပါပုံစံနဲ့ လုပ်ခဲ့တယ်။ ဘယ်တုန်းကမှ အဖိုးအခ မပေးဆပ်ချင်ခဲ့ဘူး၊ စည်းမျဉ်းတွေအတိုင်း မလုပ်ချင်ခဲ့ဘူး။ အချက်အလက်ကုန်ကြမ်းတွေ ရွေးချယ်တဲ့အခါ ဟန်ပြလောက်ပဲ လုပ်ခဲ့တယ်၊ မသေချာတဲ့အခါ သေချာအကဲဖြတ်ဖို့ စည်းမျဉ်းတွေကို မရှာဖွေခဲ့ဘူး။ အဲဒီအစား ကြီးကြပ်ရေးမှူးဆီကိုပဲ တိုက်ရိုက် လွှဲပေးလိုက်တယ်။ ဒါကြောင့် ကျွန်မ ရိုက်ထားတဲ့ အချက်အလက်ကုန်ကြမ်းတွေကို ပြန်စစ်ပြီး စစ်ထုတ်ဖို့၊ ဒီအချက်အလက်ကုန်ကြမ်းတွေရဲ့ ပြဿနာတွေကို ထောက်ပြဖို့အတွက် ကြီးကြပ်ရေးမှူးက အချိန်နဲ့ ခွန်အား အများကြီး ကုန်ခဲ့ရတယ်။ သူ့ကို မလိုအပ်ဘဲ ဝန်ပိစေခဲ့တာပေါ့။ ကြီးကြပ်ရေးမှူးရဲ့ မေးမြန်တာကို ရင်ဆိုင်ရချိန်မှာ ကျွန်မက နည်းနည်း အပြစ်ရှိတဲ့စိတ်လေးပဲ ခံစားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်မသုံးသပ်ခဲ့ဘူး။ စံနှုန်း ပိုမြင့်ဖို့လိုတဲ့ အချက်အလက်ကုန်ကြမ်းတွေကို ရိုက်ကူးတဲ့အခါ ကျွန်မက ဖြတ်လမ်းတွေ ဆက်လိုက်ပြီး၊ ဘုရားအိမ်တော်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို မလိုက်နာခဲ့ဘူး။ အချိန်တိုင်း “အဆင်ပြေရင် ပြီးရော” ဆိုပြီးပဲ ရည်ရွယ်ခဲ့တယ်။ ဒါကြောင့် အချက်အလက်ကုန်ကြမ်း အများကြီးက စည်းမျဉ်းတွေနဲ့ မကိုက်ညီတာတွေ ဖြစ်သွားတယ်။ ဒါက ကြီးကြပ်ရေးမှူး စိစစ်ဖို့လိုတဲ့အလုပ်ကို ပိုများစေရုံသာမက ကျွန်မအနေနဲ့လည်း အလုပ်ပြန်လုပ်ဖို့ လိုအပ်လာပြီး၊ အရေးတကြီး လိုနေတဲ့ အချက်အလက်ကုန်ကြမ်းတချို့ဆိုရင် ပြန်ပြင်ရတဲ့အတွက် တိုးတက်မှု နှောင့်နှေးသွားတယ်။ ကျွန်မက ကိုယ့်တာဝန်ကို လုံးဝ ထမ်းဆောင်နေခဲ့တာ မဟုတ်ဘူး။ မကောင်းမှု ကျူးလွန်ပြီး အဖျက်အမှောင့်နဲ့ နှောင့်ယှက်တာတွေကို ဖန်တီးနေခဲ့တာပါ။ အသင်းတော်က ကျွန်မကို ဒီအလုပ် အပ်နှံထားပေမဲ့ ကျွန်မက ဖြတ်လမ်းလိုက်ပြီး ဝတ်ကျေတမ်းကျေ လုပ်ခဲ့တယ်။ အလုပ်ရဲ့ ထိရောက်မှုကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး လုံးဝ မရှိသလို ယုံကြည်အားကိုးထိုက်သူ တစ်ယောက် မဟုတ်မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်အပေါ် နောဧရဲ့ သဘောထားနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ မိတ်သဟာယကို ဖတ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နည်းနည်းပိုပြီး နားလည်သဘောပေါက်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “နောဧသည် သတင်းစကား အနည်းငယ်သာ ကြားဖူးခဲ့ပြီး ထိုအချိန်က ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို မဖော်ပြခဲ့သောကြောင့် နောဧသည် သမ္မာတရားများစွာကို နားလည်ဖို့ မဖြစ်နိုင်ပေ။ သူသည် မျက်မှောက်ခေတ်သိပ္ပံပညာ သို့မဟုတ် မျက်မှောက်ခေတ်အသိပညာကို နားမလည်ခဲ့။ သူသည် အလွန့်အလွန် သာမန်လူသားတစ်ဦး၊ လူသားမျိုးနွယ်၏ သာမညောင်ည လူသားတစ်ဦးသာ ဖြစ်သည်။ သို့ရာတွင် အင်္ဂါရပ်တစ်ခုတွင်မူ သူသည် အခြားမည်သူနှင့်မျှ မတူခဲ့။ ဘုရားသခင်၏စကားကို နာခံရမည်ကို သူသိခဲ့သည်၊ ဘုရားသခင်၏စကားကို မည်သို့လိုက်လျှောက်ပြီး လိုက်နာရမည်ကို သိခဲ့သည်၊ လူ၏ သင့်လျော်သောနေရာက မည်သည့်အရာဖြစ်သည်ကို သိခဲ့ပြီး ဘုရားသခင်၏စကားကို အမှန်တကယ် ယုံကြည်ပြီး ကျိုးနွံနာခံနိုင်ခဲ့သည်မှလွဲ၍ နောက်ထပ် ဘာမှမရှိတော့ပေ။ နောဧအား ဘုရားသခင်တာဝန်ပေးစေခိုင်းခဲ့ပြီးသော အရာများအားလုံးကို ပြီးမြောက်ခွင့်ပေးရန်အတွက် အနည်းငယ်သော ဤရိုးရှင်းသည့် ယုံကြည်ချက်များက လုံလောက်ခဲ့ပြီး သူသည် လအနည်းငယ်သာမဟုတ်၊ နှစ်အချို့သာမဟုတ်၊ ဆယ်စုနှစ်အချို့မျှသာလည်းမဟုတ်ဘဲ ရာစုနှစ်တစ်ခုကျော်ကြာ ဤအရာ၌ မဆုတ်မနစ် ကြိုးပမ်းခဲ့ပေသည်။ ဤနှစ်အရေအတွက်က အံ့အားသင့်ဖွယ် ကောင်းသည်မဟုတ်လော။ နောဧမှလွဲ၍ ဤအရာကို မည်သူလုပ်ဆောင်နိုင်ခဲ့ဖူးသနည်း။ (မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့ဖူးပါ။) သို့ဆိုလျှင် အဘယ်ကြောင့် မလုပ်နိုင်သနည်း။ လူတချို့က ယင်းသည် သမ္မာတရားကို နားမလည်ခြင်းကြောင့် ဖြစ်သည်ဟုဆိုကြသည်။ သို့သော် ယင်းသည် အဖြစ်မှန်နှင့် မကိုက်ညီပါတကား။ သမ္မာတရားမည်မျှကို နောဧ နားလည်ခဲ့သနည်း။ နောဧသည် ဤအရာအားလုံးကို အဘယ်ကြောင့် စွမ်းဆောင်နိုင်ခဲ့သနည်း။ ယနေ့ခေတ် ယုံကြည်သူများသည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီးကြပြီဖြစ်သည်။ သမ္မာတရားအချို့ကို နားလည်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဤအရာကို မစွမ်းဆောင်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ အခြားသူတို့က ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်သည်ဟု ပြောကြသည်၊ သို့သော် နောဧ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိခဲ့သလော။ နောဧက ဤအရာကို အောင်မြင်သော်လည်း ယနေ့ခေတ်လူတို့က အဘယ်ကြောင့် မအောင်မြင်ကြသနည်း။ (ယနေ့ခေတ်လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်သောကြောင့် ထိုနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောမထားသကဲ့သို့ လိုက်လည်းမလိုက်နာကြပေ။) သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အဘယ်ကြောင့် သဘောမထားနိုင်ကြသနည်း။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် လိုက်နာနိုင်စွမ်းမရှိကြသနည်း။ (သူတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိပေ။) ထို့ကြောင့် လူတို့၌ သမ္မာတရားကို သိနားလည်ခြင်းမရှိသည့်အပြင် သမ္မာတရားများစွာကို ကြားဖူးခဲ့ခြင်း မရှိသောအခါ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးက ၎င်းတို့၌ အဘယ်သို့ ပေါ်ပေါက်သနည်း။ (၎င်းတို့တွင် လူ့သဘာဝနှင့် အသိတရားရှိရမည်။) မှန်သည်။ လူတို့၏ လူ့သဘာဝထဲတွင် အားလုံးအနက် အဖိုးထိုက်ဆုံးသော အရာနှစ်ခု ရှိရမည်။ ပထမမှာ အသိတရားဖြစ်ပြီး ဒုတိယမှာ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားဖြစ်သည်။ အသိတရားနှင့် ပုံမှန် လူ့သဘာဝ၏ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်းသည် လူတစ်ဦးဖြစ်ခြင်းအတွက် အနိမ့်ဆုံးစံနှုန်းဖြစ်၏။ ယင်းသည် လူတစ်ဦးကို တိုင်းတာရန်အတွက် အနိမ့်ဆုံး၊ အခြေခံအကျဆုံး စံနှုန်းဖြစ်၏။ သို့သော် ယနေ့ခေတ်လူတို့၌ ဤအရာမရှိပေ၊ ထို့ကြောင့် သမ္မာတရား မည်မျှများများကို သူတို့ကြားသိနားလည်သည်ဖြစ်စေဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးကို ပိုင်ဆိုင်ဖို့ဆိုသည်မှာ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ သို့ဆိုလျှင် နောဧနှင့်နှိုင်းယှဉ်လျှင် ယနေ့ခေတ်လူတို့နှင့် နောဧတို့ကြားတွင် အနှစ်သာရပိုင်းဆိုင်ရာ ခြားနားမှုက အဘယ်နည်း။ (သူတို့၌ လူ့သဘာဝမရှိချေ။) ထို့အပြင် ဤလူ့သဘာဝကင်းမဲ့ခြင်း၏ အနှစ်သာရက အဘယ်နည်း။ (၎င်းတို့သည် သားရဲများနှင့် နတ်ဆိုးများဖြစ်သည်။) ‘သားရဲနှင့် နတ်ဆိုးများ’ ဆိုသည်မှာ နားထောင်၍ သိပ်မကောင်းပေ။ သို့သော် ဤသည်မှာ အချက်အလက်များနှင့် ကိုက်ညီသည်။ ပို၍ ယဉ်ကျေးစွာပြောဆိုရလျှင် ယင်းမှာ ၎င်းတို့သည် လူ့သဘာဝမရှိဟူ၍ ဖြစ်ပေမည်။ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားမရှိသော လူတို့သည် လူသားများမဟုတ်ပေ။ ၎င်းတို့သည် သားရဲများထက်ပင် နိမ့်ကျပေသည်။ ဘုရားသခင်၏ စေခိုင်းချက်ကို နောဧက ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်မှာ ဘုရားသခင်၏ စကားများကို နောဧကြားသောအခါ သူသည် ထိုစကားများကို သူ၏ စိတ်နှလုံး၌ မြဲမြံစွာ သိမ်းဆည်းထားနိုင်သောကြောင့်ဖြစ်သည်။ သူ့အတွက် ဘုရားသခင်၏ စေခိုင်းချက်သည် တစ်သက်တာ တာဝန်ဖြစ်သည်။ သူ၏ ယုံကြည်မှုသည် မယိမ်းယိုင်ခဲ့ပေ။ သူ၏စိတ်ဓာတ်သည် နှစ်တစ်ရာကြာသည်အထိ မပြောင်းလဲခဲ့ပေ။ ယင်းမှာ သူသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောကြောင့်၊ စစ်မှန်သည့် လူတစ်ယောက်ဖြစ်သောကြောင့်၊ အဆုံးစွန် ဆင်ခြင်တုံတရားရှိသောကြောင့် ဘုရားသခင်က သူ့အပေါ် သင်္ဘောကြီးတည်ဆောက်ရန် အပ်နှံခဲ့ခြင်းဖြစ်သည်။ နောဧကဲ့သို့ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသောလူများသည် အလွန် ရှားပါးသည်။ အခြားတစ်ယောက်ကို ရှာတွေ့ရန် အလွန်ပင် ခက်ခဲလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၁)) နောဧက ဖြတ်လမ်းမလိုက်ဘဲ၊ အစွမ်းကုန် ကြိုးစားပြီး ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ဆောင်ရွက်ခဲ့တယ်။ နှစ်ပေါင်း ၁၂၀ ကြာ သူ့ရဲ့အားထုတ်မှုတွေမှာ တည်ကြည်ခိုင်မာနေခဲ့တယ်။ နောက်ဆုံးမှာ သင်္ဘောကြီးဆောက်လုပ်ပြီး ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခဲ့တယ်။ နောဧမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိတယ်။ သူက လူ့သဘာဝရှိတဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ ကိုယ့်အကြောင်းကိုယ် တွေးမိတယ်။ အချက်အလက်ကုန်ကြမ်းတွေ ရွေးချယ်တဲ့အခါ ကျွန်မက အပေါ်ယံ ကြည့်ပြီး ဟန်ပြလောက်ပဲ လုပ်ခဲ့တယ်။ အချက်အလက်ကုန်ကြမ်းတွေက ဘယ်နေရာမှာ စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလဲ ဆိုတာ စစ်ဆေးတာ၊ ဘယ်နေရာမှာ ကိုယ်က ချို့တဲ့နေပြီး တိုးတက်ဖို့ လိုအပ်တယ်ဆိုတာတွေကို ရှာဖွေတာ၊ ဒါမှမဟုတ် ကိုယ့်တာဝန်တွေကို ဘယ်လို ဖြည့်ဆည်းရမလဲဆိုတာ တွေးပြီး ကိုယ့်တာဝန်ကို ဘယ်လို ကောင်းကောင်း ထမ်းဆောင်ရမလဲဆိုတာ မစဉ်းစားဘဲ၊ အဲဒီအစား တာဝန်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို မြင်ပြီး ပိုရှုပ်ထွေးတဲ့ အလုပ်တွေကို ကြီးကြပ်ရေးမှူးအပေါ် တွန်းတင်ခဲ့တယ်။ အဲဒီအတောအတွင်းမှာ ကျွန်မက သက်သာမဲ့နည်းလမ်းတွေကို ရှာခဲ့တယ်။ ဘယ်လိုများ ကျွန်မမှာ ဘာလူ့သဘာဝ ရှိခဲ့လို့လဲ။ ဘုရားအိမ်တော်ရဲ့ သတ်မှတ်ချက်တွေ ဒါမှမဟုတ် ကိုယ့်အပြုအမူက အလုပ်အပေါ် ဘယ်လို သက်ရောက်မှု ရှိမယ်ဆိုတာကို လုံးဝ ထည့်မစဉ်းစားဘဲ ဖြစ်နိုင်သမျှ အနည်းဆုံးအားထုတ်ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ အလုပ်အပေါ်ထားတဲ့ ကျွန်မရဲ့ ဒီသဘောထားက ဘာသာတရားမရှိသူတစ်ယောက်က သူ့သူဌေးအတွက် အလုပ်လုပ်ပေးတာထက် ပိုဆိုးနေတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းပေးတာ၊ ကျွေးမွေးတာတွေကို ဘယ်လောက်တောင် ခံစားခဲ့ရလဲဆိုတာနဲ့၊ အသက်ရှင်ဖို့ လိုအပ်တဲ့အရာ အားလုံးကို ဘုရားသခင်က ပေးထားခဲ့တာတွေကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့တုန်းပဲ။ အသင်းတော်အလုပ်ဆီကို ကျွန်မ ယူဆောင်လာသမျှက အဖျက်အမှောင့်နဲ့ နှောင့်ယှက်မှုတွေချည်းပါပဲ။ ကျွန်မရဲ့ ဝတ်ကျေတမ်းကျေ သဘောထားကို ပြောင်းလဲပြီး တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ လိုလားတဲ့စိတ်နဲ့ စိတ်နှလုံးထဲမှာ အရမ်း နောင်တရပြီး၊ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ တာဝန်ထဲက အဖြစ်များတဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ ကျွန်မ ပိုသတိထားလာတယ်။ အချက်အလက်ကုန်ကြမ်းတွေ ရွေးချယ်တဲ့အခါမှာလည်း ပိုဂရုစိုက်လာတယ်။
ခဏကြာတော့ ကြီးကြပ်ရေးမှူးက ဗီဒီယိုတစ်ခုရိုက်ဖို့ ကျွန်မအတွက် စီစဉ်ပေးတယ်။ အဲဒီတာဝန်ရစတုန်းက ကျွန်မ အရမ်းဝမ်းသာပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ဒီတစ်ခါတော့ ကောင်းကောင်း ပြင်ဆင်ပြီး လက်ရာကောင်းတစ်ခု ထွက်လာအောင် လုပ်ဖို့လိုတယ်” လို့ပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ ကျွမ်းကျင်မှုပိုင်းမှာ လိုအပ်ချက် နည်းနည်း ရှိနေတုန်းမို့ အချိန်ပေး လေ့လာရှာဖွေဖို့ လိုနေတယ်။ အစပိုင်းမှာ တက်တက်ကြွကြွ လေ့လာပြီး လေ့ကျင့်နိုင်ခဲ့ပေမဲ့ ရက်ပိုင်းလောက်ကြာပြီးတဲ့နောက်မှာ ကျွန်မ ရိုက်ထားတဲ့ ဗီဒီယိုက စိတ်ကြိုက်မဖြစ်သေးတဲ့အပြင်၊ လေ့လာရှာဖွေဖို့ အချိန်နဲ့ ခွန်အား ပိုစိုက်ထုတ်ဖို့ လိုလာတယ်။ ဒါတွေက အရမ်း ဒုက္ခများလွန်းတယ်လို့ ခံစားလာရတာနဲ့၊ မူရင်းလက်ရာကိုပဲ နည်းနည်းပါးပါး ပြင်ပြီး “ရပါပြီလေ” လို့ပဲ သတ်မှတ်လိုက်တယ်။ ပြီးသွားတဲ့အခါ ကျွန်မရဲ့ တွဲဖက် ညီအစ်ကိုကို ပြလိုက်တယ်။ ဗီဒီယိုက မချောမွေ့တဲ့အပြင် အချိတ်အဆက် ပြဿနာတချို့ ရှိနေတာကို သူ သတိထားမိပြီး၊ အဲဒီအပိုင်းတွေကို ပြန်ရိုက်ဖို့ အကြံပြုတယ်။ အဲဒီလိုလုပ်ရရင် အရမ်း ဒုက္ခများမယ်ဆိုတာကို ကျွန်မ တွေးမိလို့ သူ့ကို ပြောလိုက်တယ်။ “ဒီဗီဒီယိုအတွက် အပြီးသတ်ရမဲ့အချိန်က အရမ်းကပ်နေပြီ၊ ဒီအတိုင်းပဲ အပ်လိုက်ရအောင်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ကျွမ်းကျင်မှုတွေနဲ့က ဒီလောက်ပဲ အကောင်းဆုံးလုပ်နိုင်တာ” လို့ပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်မ မလျှော့တာကို မြင်တော့၊ သူက ဆက်မတိုက်တွန်းတော့ဘူး။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ကျွန်မကို ပြောတယ်။ “နင်က တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်နေတယ်၊ နင့်မှာ ယုတ်ညံ့တဲ့ သဘောထားရှိပြီး အလုပ်က တကယ်ကို ဖြစ်ကတတ်ဆန်း နိုင်တယ်။ ဒီအလုပ်အတွက် နင့်ကို မလိုတော့ဘူး” တဲ့။ မှတ်ချက်တိုလေး တစ်ခုပဲ ဖြစ်ပေမဲ့ ကျွန်မရဲ့နှလုံးသားကို ဓားနဲ့ထိုးလိုက်သလို ခံစားရတယ်။ ဝတ်ကျေတမ်းကျေ ဆိုတဲ့ တံဆိပ်က ကျွန်မဆီမှာ မြဲမြဲကပ်နေတုန်းပဲလို့ ခံစားရတယ်။ ကျွန်မ နားမလည်ခဲ့ဘူး၊ ဝတ်ကျေတမ်းကျေ သဘောထားကို ဖြေရှင်းဖို့ သတိရှိရှိနဲ့ ကျွန်မ ကြိုးစားနေခဲ့တာလေ။ ဒီတော့ ဘာလို့ ပြောင်းလဲမှုတစ်ခုမှ မရှိရတာလဲ၊ ပြီးတော့ တာဝန်မှာ ကျွန်မက ဘာလို့ ဝတ်ကျေတမ်းကျေဖြစ်နေသေးတာလဲပေါ့။ ပြဿနာရဲ့ အရင်းအမြစ်ကို နားလည်နိုင်အောင် လမ်းပြပေးဖို့ ဘုရားသခင်ဆီ ကျွန်မဆုတောင်းပြီး တောင်းလျှောက်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး နောက်ဆုံးမှာ ကျွန်မရဲ့ ပြဿနာတွေအပေါ် တချို့တလေ ရှင်းသွားတယ်။ ဘုရားသခင်က ပြောသည် “အမှုအရာများကို ဤသို့ ပေါ့ပြက်ပြက်နှင့် တာဝန်မဲ့စွာ ကိုင်တွယ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အသွင်အပြင်တစ်ရပ် ဖြစ်၏။ ယင်းမှာ လူတို့ မကြာခဏ ရည်ညွှန်းသည့် ယုတ်ညံ့သော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် ကိစ္စရပ်များအားလုံးတွင် ၎င်းတို့က ‘မှန်လုနီးပါးဖြစ်သည်’နှင့် ‘အတော် နီးစပ်သည်’ဆိုသည်အထိ လုပ်ဆောင်ကြ၏။ ယင်းသည် ‘ဖြစ်နိုင်သည်’ ‘ဖြစ်ကောင်းဖြစ်နိုင်မည်’၊ ‘ငါးခုထဲမှ လေးခု’ ဆိုသည့် သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြ၏၊ အနည်းဆုံး လုပ်ဆောင်ရမည်ကို စိတ်ကျေနပ်ကြသကဲ့သို့ ဖြီးဖြန်း၍ လုပ်ဆောင်ရခြင်းကို ကျေနပ်ကြလေသည်။ အမှုအရာများကို အလေးအနက်ထားရာတွင် သို့မဟုတ် စေ့စပ်ခြင်းတွင် အကျိုးမရှိဟု ၎င်းတို့ မြင်ကြပြီး သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်း၌ သာ၍အကျိုးမရှိဟု ၎င်းတို့ မြင်ကြလေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အသွင်အပြင်တစ်ရပ် မဟုတ်လော။ ယင်းသည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခုလော။ မဟုတ်ပေ။ ယင်းကို မာနထောင်လွှားမှုဟု ခေါ်ဆိုခြင်းသည် မှန်ကန်ပြီး စည်းကမ်းမရှိခြင်းဟု ခေါ်ဆိုခြင်းသည်လည်း လုံးဝ သင့်လျော်၏။ သို့သော် ယင်းကို အပြည့်အဝ အတိအကျဖော်ပြဖို့ရာ၊ လုံလောက်မည့် တစ်ခုတည်းသော စကားလုံးမှာ ‘ယုတ်ညံ့ခြင်း’ ဖြစ်သည်။ လူအများစု၌ ၎င်းတို့အတွင်းတွင် ယုတ်ညံ့သော စိတ်သဘောထား ရှိသည်မှာ အတိုင်းအတာ အမျိုးမျိုးသာ ကွဲပြားလေသည်။ ကိစ္စအားလုံး၌ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ၊ ပေါ့ပေါ့ဆဆပုံစံနှင့် လုပ်ဆောင်လိုပြီး ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် လှည့်ဖြားမှု အငွေ့အသက်တစ်ခု ရှိလေသည်။ ၎င်းတို့သည် တတ်နိုင်သည့်အခါ အခြားသူများကို လိမ်လည်လှည့်စားသည်၊ တတ်နိုင်သည့်အခါ ဖြတ်လမ်းလိုက်ကြပြီး အချိန်ကုန် သက်သာအောင် လုပ်နိုင်သည့်အခါတွင် သက်သာအောင် လုပ်ကြ၏။ ၎င်းတို့က မိမိဘာသာ စဉ်းစားကြသည်။ ‘ထုတ်ဖော်ခံရခြင်းကို ငါ ရှောင်ကြဉ်သရွေ့၊ ပြဿနာများမဖြစ်သရွေ့၊ ဖြေရှင်းချက်ပေးရန် မခေါ်ခံရသရွေ့ ဤအရာကို ဟန်ဆောင်လိမ်ညာ၍ ကျော်လွှားသွားမည်။ အလွန်ကောင်းစွာလုပ်ဆောင်ဖို့မလို။ ယင်းသည် အလွန်ဒုက္ခများလွန်းသည်’ ဟူ၍ ဖြစ်သည်။ ထိုသို့သော လူတို့သည် မည်သည့်အရာကိုမျှ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိဘဲ ၎င်းတို့၏ လေ့လာမှုများတွင် ဝါယမစိုက်ထုတ်ရန်ဖြစ်စေ၊ သို့မဟုတ် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရန်ဖြစ်စေ လိုလားခြင်း မရှိကြချေ။ သူတို့သည် အကြောင်းအရာတစ်ခု၏ အပေါ်ယံကိုသာ လေ့လာလိုကြပြီး၊ ယင်းကို သင်ယူရာ၌ အောင်မြင်ပြီဟု ယုံကြည်ကာ မိမိတို့ကိုယ်ကို ကျွမ်းကျင်သည်ဟု သတ်မှတ်ကြ၏။ ထို့နောက် ၎င်းတို့ဖြစ်သလိုလုပ်ခြင်းဖြင့် ဤအရာအပေါ် မှီခိုကြလေသည်။ ဤသည်မှာ အခြားလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် လူတို့ ထားရှိသော သဘောထားတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် ကောင်းမွန်သော သဘောထား ဖြစ်သလော။ မဟုတ်ပေ။ ရိုးရှင်းစွာပြောရလျှင် ယင်းက ‘ဖြစ်သလို ပြီးမြောက်သွားစေခြင်း’ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သော စိတ်သဘောထားသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးထဲတွင် တည်ရှိလေသည်။ ၎င်းတို့၏ လူ့သဘာဝတွင် ယုတ်ညံ့သော စိတ်သဘောထားရှိသော လူတို့သည် ၎င်းတို့လုပ်သမျှတွင် ဖြစ်သလို ပြုလုပ်သည့်အမြင်ရှုထောင့်နှင့် သဘောထား ရှိကြသည်။ ထိုသို့သော လူများသည် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်း ရှိသလော။ မထမ်းဆောင်နိုင်ပါ။ ၎င်းတို့သည် အမှုကိစ္စများကို စည်းမျဉ်းဖြင့် လုပ်ဆောင်နိုင်သလော။ ပို၍ပင် လုပ်ဆောင်နိုင်ခြေမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) လက်စသတ်တော့ ကျွန်မတာဝန်မှာ ကျွန်မ အလေးအနက်ထားလေ့မရှိတာ၊ စည်းမျဉ်းတွေကို မလိုက်နာတာနဲ့ “ရပြီ”၊ “အတော် နီးစပ်” ဆိုတာတွေကိုပဲ ရည်မှန်းပြီးတော့ အမှုအရာတွေကို စိတ်မပါ့တပါ လုပ်တာတွေရဲ့ အကြောင်းရင်းက ကျွန်မရဲ့ ယုတ်ညံ့မှုက အရမ်းပြင်းထန်ခဲ့လို့ဖြစ်နေတာကိုး။ ပြန်စဉ်းစားကြည့်လိုက်တော့၊ တာဝန်မှာ အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်ပြီး တတ်နိုင်သမျှ နေရာတိုင်းမှာ ဖြတ်လမ်းလိုက်ခဲ့မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ လုပ်ပုံကိုင်ပုံမှာ စည်းမျဉ်းတွေ မရှိခဲ့ဘူး။ အမှုအရာတွေကို စေ့စေ့စပ်စပ် တွေးဖို့၊ ဒါမှမဟုတ် အကောင်းဆုံး ရလဒ်တွေကို လိုက်စားဖို့ ဘယ်တော့မှ အားမစိုက်ထုတ်ချင်ခဲ့ဘူး။ ပြဿနာကြီးကြီးမားမား မဖြစ်စေသရွေ့၊ ဖြုတ်ချမခံရသရွေ့ အဆင်ပြေတယ်လို့ပဲ တွေးနေခဲ့တယ်။ ဘုရားအိမ်တော်မှာ အချိန်ဖြုန်းရင်းနဲ့ နေသာရုံနေနေခဲ့တယ်။ ဥပမာအနေနဲ့ အချက်အလက်ကုန်ကြမ်းတွေကို ကျွန်မ ရိုက်ကူးတဲ့အခါ၊ ပိုအားစိုက်ထုတ်ပြီး စည်းမျဉ်းတွေကို ပိုတွေးဆခဲ့ရင် ကောင်းကောင်း လုပ်နိုင်ခဲ့မှာ ဖြစ်ပေမဲ့၊ အဲဒီအစား “အသင့်အတင့်”၊ “ရပြီ” ဆိုတာလောက်နဲ့ ကျွန်မ ကျေနပ်နေခဲ့တယ်။ စည်းမျဉ်းတွေကို နားမလည်တာကိုတောင် ဆင်ခြေအဖြစ် သုံးပြီး၊ အကဲဖြတ်ရခက်တဲ့ မှတ်တမ်းတွေကို ကြီးကြပ်ရေးမှူးဆီ ပုံချခဲ့တယ်။ ကြီးကြပ်ရေးမှူးက ဗီဒီယိုရိုက်ဖို့ ခိုင်းတဲ့အခါ၊ ဗီဒီယိုမှာ ပြဿနာတွေ ရှိမှန်း ကျွန်မ ရှင်းရှင်းလင်းလင်း သိနေခဲ့ပြီး တွဲဖက် ညီအစ်ကိုက ပြန်ရိုက်ဖို့ အကြံပြုခဲံ့ပေမဲ့ ကျွန်မက အပို အားစိုက်ထုတ်ချင်စိတ်၊ အဖိုးအခ ပေးဆပ်ချင်စိတ် မရှိသေးဘဲ ကျွန်မ လုပ်ထားတာတွေက အဆင်ပြေတယ်လို့ပဲ တွေးခဲ့တယ်။ ကျွန်မ ဟန်ပြလုပ်ရုံလုပ်ပြီး ပြီးပြီးရော ထားလိုက်ချင်တာ။ ကျွန်မရဲ့ ယုတ်ညံ့မှုက တကယ်ကို ပြင်းထန်တယ်ဆိုတာနဲ့ ကျွန်မတာဝန်မှာ အမြဲ ဖြတ်လမ်းလိုက်ဖို့ပဲ ကျွန်မ ကြိုးစားနေတယ်ဆိုတာတွေကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒါကြောင့် အချက်အလက်ကုန်ကြမ်းတွေက စံနှုန်းမပြည့်မီခဲ့တဲ့အပြင် အလုပ်ရဲ့ တိုးတက်မှုက နှောင့်နှေးသွားခဲ့တယ်။ ဒီလို ယုတ်ညံ့မှုမျိုးနဲ့ တာဝန်ထမ်းဆောင်တာက တကယ်ကို သူများရော ကိုယ့်ကိုယ်ကိုယ်ပါ ထိခိုက်နစ်နာစေခဲ့တယ်။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်၊ “ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ သဘောထားပြုမူသင့်သည်မှာ အလွန်အရေးကြီးပေသည်။ ဤသည်မှာ အလွန်ကြီးလေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို အပ်နှံသည့်အရာကို သင် မပြီးမြောက်နိုင်ပါက သင်သည် ကိုယ်တော်၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မထိုက်တန်သည့်အပြင် သင့်အား အပြစ်ဒဏ်ပေးခြင်းကို လက်ခံသင့်သည်။ လူသားများက ဘုရားသခင် ၎င်းတို့အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပေသည်။ ဤသည်မှာ လူ၏ အမြင့်ဆုံးသော တာဝန်ဖြစ်ပြီး သူ၏ အသက်နှင့်ပင် ထပ်တူအရေးကြီးသည်။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို ပေါ့ပေါ့တန်တန် သဘောထားပါက ဤသည်မှာ ဘုရားသခင်ကို အဆိုးရွားဆုံး သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ယုဒထက် ပို၍ ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ခြင်းခံရထိုက်ပေသည်။ လူတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို မည်သို့ သဘောထားပြုမူရမည်ကို နှံ့စပ်သေချာသော နားလည်သဘောပေါက်မှု ရှိရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ဘုရားသခင်က လူကို တာဝန်ပေးစေခိုင်းချက်များ အပ်နှံခြင်းသည် လူကို သူ၏ ချီးမြှောက်ခြင်းဖြစ်ကာ လူကို သူ အထူးကျေးဇူးပြုခြင်းဖြစ်ပြီး ယင်းမှာ ဘုန်းအသရေအရှိဆုံးသော အမှုအရာလည်း ဖြစ်ကြောင်းကို ၎င်းတို့သည် နားလည်ရမည်။ ပြီးလျှင် မိမိ၏ အသက်ပင် အပါအဝင် အခြားအရာအားလုံးကို စွန့်လွှတ်နိုင်သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကိုမူ ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) “အပေါ်ယံတွင် လူအချို့၌ ၎င်းတို့တာဝန်များကို ထမ်းဆောင်သည့် အချိန်တစ်လျှောက်တွင် မည်သည့်အရေးကြီးသည့် ပြဿနာမျှ ရှိသည့်ပုံမပေါ်ပေ။ ၎င်းတို့သည် လူသိရှင်ကြား ဆိုးယုတ်သောအရာကို မလုပ်ပေ။ ၎င်းတို့သည် အနှောင့်အယှက်၊ အဖျက်အဆီးများ မဖြစ်ပေါ်စေကြပေ၊ သို့မဟုတ် အန္တိခရစ်တို့၏ လမ်းကြောင်းကို မလျှောက်ပေ။ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အခြေခံစည်းမျဉ်းများနှင့်သက်ဆိုင်သော ကြီးမားသော အမှားတစ်စုံတစ်ရာ၊ သို့မဟုတ် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခြင်းမရှိပေ။ သို့တိုင်အောင် သတိမမူမိလိုက်ဘဲ တိုတောင်းသည့်နှစ်အနည်းငယ်မျှအတွင်းတွင် ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံခြင်းအဖြစ်၊ မယုံကြည်သူတစ်ယောက်ဖြစ်ခြင်းအဖြစ် ထုတ်ဖော်ခံရသည်။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ အခြားလူတို့သည် အကြောင်းကိစ္စတစ်ခုကို မမြင်နိုင်သော်လည်း ဘုရားသခင်က ဤလူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို ဆန်းစစ်ပြီး ပြဿနာကို မြင်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေသာလုပ်ကြပြီး မိမိတို့၏ တာဝန်များ ထမ်းဆောင်ရာတွင် နောင်တရခြင်း မရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် သဘာဝအလျောက် ထုတ်ဖော်ခံရသည်။ နောင်တမရဘဲရှိနေသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် ဤအချိန်တစ်လျှောက်တွင် ၎င်းတို့တာဝန်များကို ထမ်းဆောင်ခဲ့သော်လည်း ယင်းတို့အပေါ် လွဲမှားသော သဘောထား၊ ဝတ်ကျေတမ်းကျေဆန်ခြင်း သဘောထား၊ သာမန်ကာလျှံကာ သဘောထားတစ်ခုဖြင့် အစဉ်ရှိကြပြီး မိမိတို့၏ တာဝန်များတွင် မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့ ပေးထားဖို့ မဆိုထားနှင့်၊ မည်သည့်အခါမျှ တာဝန်သိတတ်ခြင်းမရှိဆိုသည်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် လုံ့လစိုက်ထုတ်ကောင်း စိုက်ထုတ်နိုင်သည်၊ သို့သော် ၎င်းတို့သည် ဟန်ပြလုပ်ဆောင်နေခြင်းသာဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များအတွက် အစွမ်းကုန် အားထုတ်ဆောင်ရွက်ခြင်း မရှိသည့်အပြင် ၎င်းတို့၏ပြစ်မှားမှုတို့သည် အဆုံးမရှိပေ။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် မည်သည့်အခါမျှ နောင်တမရခဲ့ပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်ကြသည်။ ၎င်းတို့တွင် မည်သည့်အပြောင်းအလဲမျှ လုံးဝ မရှိခဲ့ဖူးပေ။ တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့လက်ထဲရှိ မကောင်းမှုကို စွန့်လွှတ်ပြီး ဘုရားသခင်ထံ နောင်တရခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့အတွင်း၌ နောင်တရခြင်းသဘောထားကို မမြင်ရ၊ ၎င်းတို့၏ သဘောထားတွင် ပြောင်းပြန်လှန်ပစ်မှုကို မမြင်ရပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များအပေါ် ဤသို့သော သဘောထား၊ ဤသို့သော နည်းလမ်းမျိုး ထားရှိခြင်းကို ဆက်လက် ပြုလုပ်ကြသည်။ အချိန်တစ်လျှောက်လုံးတွင် ဤခေါင်းမာသော၊ မလျှော့သော စိတ်သဘောထားတွင် ပြောင်းလဲမှုမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်အပေါ် အကြွေးတင်သည်ဟု လုံးဝ မခံစားရ၊ ၎င်းတို့၏ ဝတ်ကျေတမ်းကျေဆန်ခြင်းသည် ပြစ်မှားမှုဖြစ်သည်၊ မကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု လုံးဝ မခံစားရပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မိမိကိုယ်ကို စွပ်စွဲဖို့မဆိုထားနှင့်၊ အကြွေးတင်ခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်းတို့ မရှိပေ။ အချိန်များစွာ ကုန်ဆုံးလာသည်နှင့်အမျှ ဤလူစားမျိုးသည် ကုစား၍ မရနိုင်တော့ဆိုသည်ကို ဘုရားသခင်က မြင်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ တရားဒေသနာမည်မျှကို ၎င်းတို့ကြားသည်ဖြစ်စေ၊ သို့မဟုတ် သမ္မာတရားကို မည်မျှနားလည်သည်ဖြစ်စေ ၎င်းတို့စိတ်နှလုံးသည် တို့ထိခံရခြင်း မရှိဘဲ ၎င်းတို့သဘောထားသည်လည်း ပြောင်းလဲခြင်း၊ သို့မဟုတ် နောက်ပြန်လှည့်ခြင်းမရှိပေ။ ဘုရားသခင်က ဤအရာကိုမြင်ပြီး ‘ဤလူအတွက် မျှော်လင့်ချက်မရှိတော့။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့စိတ်နှလုံးကို မတို့ထိ။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့ကို နောက်ပြန်မလှည့်စေပေ။ ၎င်းတို့ကို ပြောင်းလဲရန် နည်းလမ်းမရှိ။ ဤသူသည် တာဝန်ကို ထမ်းဆောင်ရန် မသင့်တော်။ ငါ၏အိမ်တွင် အလုပ်လုပ်ပေးရန် မသင့်တော်’ ဟု ဆိုသည်။ အဘယ်ကြောင့် ဘုရားသခင်က ဤသို့ဆိုသနည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ပြီး အလုပ်လုပ်သောအခါ တစ်သမတ်တည်း ဝတ်ကျေတမ်းကျေပြုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို မည်မျှခံရပြီး သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မည်မျှလက်ကမ်းခံရပါစေ သက်ရောက်မှုမရှိဘဲ ၎င်းတို့ကို အမှန်တကယ် နောင်တရအောင်၊ သို့မဟုတ် ပြောင်းလဲအောင် မပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။ ယင်းက ၎င်းတို့ကို ၎င်းတို့တာဝန်ကိုကောင်းမွန်စွာ ဆောင်ရွက်အောင် မပြုလုပ်နိုင်ပေ၊ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် အခွင့်ကို မပေးနိုင်ပေ။ ထို့ကြောင့် ဤသူသည် ကုစား၍မရနိုင်တော့ပေ။ လူတစ်ယောက်သည် ကုစား၍ မရနိုင်တော့ဟု ဘုရားသခင်က သတ်မှတ်သောအခါ သူသည် ဤသူအပေါ်တွင် တင်းကျပ်စွာ ထိန်းချုပ်ထားဦးမည်လော။ ဤသို့ ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို စွန့်လွှတ်လိမ့်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို လက်ခံဖို့၊ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ဆိုတာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတမှန်း၊ ဒါကို စိတ်နှလုံးအကြွင်းမဲ့နဲ့ လုံ့လဝီရိယရှိရှိနဲ့ ကောင်းကောင်း ဖြည့်ဆည်းသင့်မှန်း ကျွန်မ နားလည်သွားတယ်။ ကိုယ့်တာဝန်ကို ပေါ့ပေါ့ဆဆ ဒါမှမဟုတ် ပေါ့တန်တဲ့ သဘောထားနဲ့ ဆက်ဆံရင်၊ အဲဒါက ဘုရားသခင်ကို သစ္စာဖောက်တာ ဖြစ်ပြီး အပြစ်ဒဏ်ပေးတာကို ခံထိုက်တယ်။ အသင်းတော်မှာ ကျွန်မ တာဝန်ထမ်းဆောင်နေပေမဲ့၊ အဲဒီတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ ကျွန်မ တကယ် ဆက်ကပ်ခဲ့တာ မဟုတ်ဘူး။ အမှုအရာတွေကို ဆောင်ရွက်ဖို့ အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းကို ရွေးပြီး ကျွန်မ အမြဲတမ်း ဝတ်ကျေတမ်းကျေ လုပ်ခဲ့တယ်။ ပြဿနာတွေရှိမှန်း သိတဲ့အချိန်မှာတောင် လျစ်လျူရှုပြီး သတိမထားသလို ဟန်ဆောင်ခဲ့တယ်။ ဒါက နောက်ဆုံးမှာ အလုပ်ကို အဖျက်အမှောင့်တွေနဲ့ နှောင့်ယှက်တွေ ဖြစ်စေခဲ့ပြီး စံနှုန်းပြည့်မီတဲ့နည်းလမ်းနဲ့တောင် ကျွန်မ အလုပ်မလုပ်ပေးခဲ့ဘူး။ ကြီးကြပ်ရေးမှူးက ကျွန်မကို ပြုပြင်ပြီး တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ သတိပေးခဲ့ပေမဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း ပြုမူရင်းနဲ့ ကျွန်မ ခေါင်းမာမြဲ ခေါင်းမာနေမိခဲ့တယ်။ ကျွန်မ စိတ်နှလုံးက တကယ်ကို မာကျောလိုက်တာ။ ကျွန်မက ကိုယ့်တာဝန်ကို ပေါ့တန်ပြီး တာဝန်မဲ့တဲ့ သဘောထားနဲ့ အမြဲ ဆက်ဆံခဲ့တယ်။ ကျွန်မ မပြောင်းလဲဘူးဆိုရင် ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို သေချာပေါက် ခံရမှာ။ ကျွန်မရဲ့ တွဲဖက် ညီအစ်ကိုက သူ့တာဝန်မှာ အရမ်းလုံ့လဝီရိယ ရှိပြီး စည်းမျဉ်းတွေကို သေသေချာချာ တွေးဆခဲ့ပုံကို ကျွန်မ တွေးမိတယ်။ သူက အချက်အလက်ကုန်ကြမ်းတွေကို မအပ်ခင် ပြဿနာမရှိတာ သေချာအောင် အမြဲ ထပ်ခါတလဲလဲ စစ်ဆေးတယ်။ အကျိုးဆက်အနေနဲ့ သူ့တာဝန်က ရလဒ်ကောင်းတွေ ထွက်ပြီး၊ အမှားတွေ၊ လမ်းလွဲတာတွေ အရမ်းနည်းတယ်။ ဒါပေမဲ့ ကျွန်မ တာဝန်ထမ်းဆောင်တဲ့အခါကျတော့ အမြဲ ပြန်လုပ်ဖို့ လိုအပ်ခဲ့ပြီး ပြဿနာတွေက ဆက်ဖြစ်နေခဲ့တယ်။ ကျွန်မက ယုံကြည်စိတ်ချလို့ မရမှန်း၊ တည်ကြည်မှုနဲ့ ဂုဏ်သိက္ခာ ကင်းမဲ့နေမှန်း ကျွန်မ မြင်ခဲ့တယ်။
နောက်ပိုင်း ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့အတွက် လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောတာကို ကျွန်မ ဖတ်ရတယ်။ “လက်ရှိတွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အခွင့်အရေးများစွာ မရှိပေ။ ထို့ကြောင့် သင်တတ်နိုင်သောအချိန်တွင် အခွင့်အလမ်းများကို အမိအရယူရမည်။ တာဝန်တစ်ခုကို ရင်ဆိုင်ရသောအခါတွင် အတိအကျပင် သင့်ကိုယ်သင် အသုံးပြုရမည်။ ဆိုလိုသည်မှာ သင့်ကိုယ်သင် ပေးဆပ်ရမည့်အချိန်၊ ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံရမည့်အချိန်၊ အဖိုးအခပေးဆပ်ရန် လိုသည့်အချိန် ဖြစ်သည်။ မည်သည့်အရာကိုမျှ ချုပ်တည်းမထားနှင့်၊ မည်သည့်အကြံအစည်မျှ သိမ်းမထားနှင့်။ လူးသာလွန့်သာ အခြေအနေကို ချန်မထားနှင့်။ သို့မဟုတ် သင့်ကိုယ်သင် ထွက်လမ်း မပေးနှင့်။ သင်သည် လူးသာလွန့်သာ တစ်စုံတရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) “လူများက ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှန်တကယ်ပင် ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နေကြသည်။ သို့သော် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ယင်းကို လုပ်ဆောင်ပါက၊ သင်သည် ရိုးသားသည့် သဘောထားနှင့် စိတ်နှလုံးပါလျက် တာဝန် ထမ်းဆောင်ပြီး ဘုရားကိုနာခံပါက ဤသဘောထားသည် သာ၍ မှန်ကန်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်သည် သင်၏နေ့စဉ်အသက်တာတွင် ဤသဘောထားကို မည်သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ သင်သည် ‘ဘုရားသခင်ကို စိတ်နှလုံးပါလျက် ရိုးသားမှုဖြင့် ဝတ်ပြုကိုးကွယ်ခြင်း’ ကို သင်၏စစ်မှန်မှု ဖြစ်စေရမည်။ သင်သည် ဝတ်ကျေတမ်းကျေ လုပ်ချင်သည့်အခါတိုင်း၊ ကလိမ်ကျချင်ပြီး ပျင်းရိချင်သည့်အခါတိုင်း၊ အာရုံပျံ့လွင့်သည့်အချိန်တိုင်း သို့မဟုတ် ပျော်ပါးချင်သည့် အချိန်တိုင်းတွင် ဤသို့ သင်စဉ်းစားဆင်ခြင်သင့်၏။ ‘ဤသို့ပြုမူခြင်းဖြင့် ငါသည် ယုံကြည်စိတ်ချ၍မရသူ ဖြစ်နေသလော။ ဤသည်မှာ ငါ၏တာဝန်ကို ထမ်းဆောင်ရာတွင် ငါ၏ စိတ်ကိုနှစ်ထားခြင်းလော။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ငါသည် သစ္စာစောင့်သိရန် ပျက်ကွက်နေခြင်းလော။ ငါ့ကို ဘုရားသခင် အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် လျော်ညီအောင် အသက်ရှင်ဖို့ ငါ ပျက်ကွက်နေခြင်းလော’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင်၏တာဝန်တွင် အစဉ် ဝတ်ကျေတမ်းကျေပြုကြောင်း၊ သစ္စာစောင့်သိခြင်း မရှိကြောင်းနှင့် သင်သည် ဘုရားသခင်ကို နာကျင်စေခဲ့ကြောင်း သိလာလျှင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ သင်က ‘ထိုအခိုက်အတန့်တွင် တစ်ခုခုမှားနေသည်ကို ငါခံစားရသည်။ သို့သော် ယင်းကို ပြဿနာအဖြစ် ငါ သဘောမထားခဲ့ပေ။ ပေါ့ဆစွာဖြင့် ဖော့ပြောလိုက်သည်။ ယခုမှသာ ငါသည် တကယ်ကို ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသည်၊ ငါ၏ တာဝန်ကို စံမီအောင် မထမ်းဆောင်ခဲ့သည်ကို သဘောပေါက်ခဲ့သည်။ ငါသည် အမှန်ပင် အသိတရားနှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်’ ဟု ပြောဆိုသင့်သည်။ သင်သည် ပြဿနာကို တွေ့ရှိပြီး သင့်ကိုယ်သင် အနည်းငယ်သိလာသည်။ ထို့ကြောင့် ယခုအခါတွင် သင့်ကိုယ်သင် ပြန်လှည့်လာရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထားက မှားယွင်းသည်။ သင်သည် ယင်းကို အပိုအလုပ်တစ်ခုကဲ့သို့ သဘောထားပြုမူပြီး ဖြစ်ကတတ်ဆန်း အားထုတ်မှုတစ်ခုကိုသာ ပြုလုပ်ခဲ့ကာ ယင်းကို စိတ်မနှစ်ထားပေ။ သင်သည် ဤသို့ ထပ်မံ၍ ဝတ်ကျေတမ်းကျေပြုလျှင် ဘုရားကို ဆုတောင်းရမည်ဖြစ်ပြီး ဘုရားသခင်ကို သင့်အား ပဲ့ပြင်ဆုံးမကာ ရိုက်နှက်ဆုံးမခွင့် ပေးရမည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဤသို့သော စိတ်ပိုင်းဖြတ်ချက် သင်၌ ရှိမှသာလျှင် သင်သည် အမှန်တကယ် နောင်တရနိုင်သည်။ သင်၏ အသိစိတ်က ရှင်းလင်းပြီး တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင့်သဘောထားက ပြောင်းလဲသွားမှသာ သင့်ကိုယ်သင် အမှန်တကယ် ပြောင်းလဲပြီးဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်းအားဖြင့်သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့်၊ ကျွန်မတို့တာဝန်တွေကို ဘုရားရှေ့မှောက်မှာ ထမ်းဆောင်ရမှာဖြစ်ပြီး၊ ကောင်းကောင်း ထမ်းဆောင်နိုင်ဖို့ ရိုးသားတဲ့ သဘောထား လိုအပ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ဖြတ်လမ်းလိုက်ချင်စိတ်၊ ဝတ်ကျေတမ်းကျေ လုပ်ချင်စိတ် ပေါ်လာတဲ့အခါ၊ ကိုယ့်တာဝန်တွေမှာ လုံ့လဝီရိယရှိပြီး တာဝန်ယူမှုရှိမရှိဆိုတာနဲ့ ကျွန်မတို့လုပ်ရပ်တွေက ဘုရားသခင်ရဲ့ ယုံကြည်စိတ်ချမှုနဲ့ ထိုက်တန်ခြင်းရှိမရှိဆိုတာတွေကို ကျွန်မတို့ ဆင်ခြင်သုံးသပ်သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ပိုဆင်ခြင်သုံးသပ်ပြီးတော့ ကျွန်မတို့ရဲ့ ဝတ်ကျေတမ်းကျေဖြစ်တဲ့ လုပ်ရပ်တွေကို လျှော့ချနိုင်မယ်။ ဒါက အလုပ်ကို ဆုံးရှုံးမှုဖြစ်စေတာလည်း လျော့နည်းသွားစေမှာပါ။ တိုတိုပြောရရင်၊ ကျွန်မတို့အနေနဲ့ မခြွင်းမချန် အားထုတ်ပြီး ကိုယ့်အစွမ်းအစတွေကို အပြည့်အဝ အသုံးချသင့်တယ်။ ဒါမှ ကျွန်မတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်မှာပါ။
၂၀၂၃ မေလမှာ နည်းပညာပိုင်းဆိုင်ရာ အလုပ်တချို့ကို ကျွန်မ ကြီးကြပ်နေခဲ့တယ်။ ဒီတာဝန်နဲ့ ကျွန်မ စိမ်းနေခဲ့တဲ့အတွက်၊ နည်းပညာကျွမ်းကျင်မှုတချို့ မရှိခဲ့တဲ့အပြင်၊ ညီအစ်ကိုမောင်နှမတွေ တင်ပြလာတဲ့ ပြဿနာတွေနဲ့ ပတ်သက်လာတဲ့အခါမှာလည်း ဖြစ်နေတဲ့အရာကို အကြမ်းဖျင်းလောက်ပဲ နားလည်ပြီး အသေးစိတ် ရှင်းရှင်းလင်းလင်း မသိခဲ့ဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ ပြဿနာတစ်ခုချင်းစီကို စစ်ဆေးပြီး အကြောင်းရင်းတွေကို ရှာဖို့ လိုအပ်ခဲ့တယ်။ တစ်ခါတလေ ပြဿနာတွေ များတဲ့အခါ ဝတ်ကျေတမ်းကျေ လုပ်ချင်စိတ် ပြန်ပေါ်လာတတ်ပေမဲ့၊ အဲဒီ စိတ်ဆန္ဒတွေကို သတိရှိရှိ ပုန်ကန်နိုင်ခဲ့တယ်။ တစ်ခါတုန်းက မှတ်မိသေးတယ်၊ ညီအစ်မတစ်ယောက်ရဲ့ ပစ္စည်းကိရိယာတစ်ခု ချို့ယွင်းသွားလို့ ဖြစ်ရတဲ့အကြောင်းရင်းကို သူက ကျွန်မကို မေးတယ်။ ကျွန်မက ဒီပစ္စည်းနဲ့ သိပ်မရင်းနှီးတော့ တကယ် ပြစ်ချက်ရှာပြီး ပြဿနာကို အဖြေထုတ်ဖို့ အချိန်နဲ့ အားထုတ်မှု လိုအပ်ခဲ့တယ်။ ဒါနဲ့ ကိုယ့်နားလည်သလောက်နဲ့ပဲ အကြမ်းဖျင်း ပြန်ဖြေလိုက်ဖို့ တွေးမိတယ်။ ဒါပေမဲ့ တုံ့ပြန်ချက် ရေးပြီးတဲ့နောက်မှာ၊ ကျွန်မ ဝတ်ကျေတမ်းကျေ လုပ်မိပြန်ပြီဆိုတာကို သဘောပေါက်နေလို့ စိတ်မသက်မသာခံစားခဲ့ရတယ်။ အရင်က ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခဲ့လို့ အလုပ်ကို ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပုံကို ကျွန်မ သတိရပြီး၊ ဆက်ပြီး ဝတ်ကျေတမ်းကျေ လုပ်နေရင် တကယ့်ပြဿနာ ပြေလည်မှာ မဟုတ်သလို၊ နောက်ဆုံးမှာ အများကြီး အပြန်ပြန် အလှန်လှန် လုပ်ရမှာဖြစ်တဲ့အပြင် ညီအစ်မရဲ့ စက်ပစ္စည်း သုံးစွဲမှုကို ထိခိုက်စေမယ်၊ အလုပ်ကို နှောင့်နှေးစေမယ်ဆိုတာ သိတယ်။ ပြဿနာကို လုံးလုံး လျားလျား ရှင်းသွားအောင် အစွမ်းကုန် လုပ်ဆောင်ပြီးမှ ညီအစ်မကို ကျွန်မ ပြန်ဖြေဖို့ လိုတယ်။ နောက်ပိုင်းမှာ ပြစ်ချက်ဖွေတဲ့ လုပ်ငန်းစဉ်ကို ကျွန်မ လုပ်ဆောင်ပြီး အကြောင်းရင်းကို ရှာတွေ့ခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့ စိတ်အေးချမ်းရတယ်။ နောက်ပိုင်း မကိုင်တွယ်နိုင်တဲ့ ပြဿနာတွေ ကြုံရတဲ့အခါ၊ ညီအစ်ကိုမောင်နှမတွေဆီ အကြံဉာဏ်တောင်းပြီး၊ အဖြေကို အတည်ပြုပြီးမှ ပြန်ကြားပေးတယ်။ အချိန်အတန်ကြာ ဒီလိုလက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ၊ တာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့ သဘောထား ပြောင်းလဲလာပြီး နည်းပညာ ကျွမ်းကျင်မှုပိုင်းမှာလည်း သိသိသာသာ တိုးတက်လာတယ်။ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် ကျွန်မရဲ့သိနားလည်မှုက ခုချိန်မှာ မနက်နဲပေမဲ့ ဘုရားသခင်ကို မှီခိုပြီး ကိုယ့်ရဲ့ ယုတ်ညံ့မှုကို ဖြေရှင်းဖို့၊ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ဖို့ ကျွန်မ လိုလားနေပါတယ်။