၈၉။ ရောဂါဝေဒနာတစ်ခုနှင့် ရုန်းကန်ရခြင်းအပေါ် ဆင်ခြင်သုံးသပ်ခြင်းများ
အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ကတည်းက ဧဝံဂေလိတရား ဟောပြောဖို့နဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အမြဲ စိတ်ပြင်းပြခဲ့တယ်။ မိုးပဲရွာရွာ နေပဲပူပူ၊ မရွှေ့ဆိုင်းခဲ့ဘူး။ နောက်ပိုင်းမှာ အသင်းတော် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော် အရွေးခံခဲ့ရပြီး၊ ညီအစ်ကိုမောင်နှမတွေမှာ ပြဿနာတွေ၊ အခက်အခဲတွေ ရှိနေတာ တွေ့တိုင်း အဲဒါတွေကို ဖြေရှင်းပေးဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့တယ်။ ဗီဒီယိုအလုပ်ကို တာဝန်ယူပြီးတဲ့နောက်မှာ အလုပ်ကို လိုက်ကြည့်ပြီး လမ်းညွှန်ပေးရင်းနဲ့ ကျွန်တော် အချိန်ပို လုပ်ခဲ့တယ်။ တိုးတက်မှု နှေးတာ၊ ဒါမှမဟုတ် လမ်းလွဲတာတွေ ရှိတဲ့အခါ အဲဒါတွေကို ချက်ချင်း မိတ်သဟာယပြုပြီး ဖြေရှင်းခဲ့တာပေါ့။ ခဏကြာတော့ ညီအစ်ကိုမောင်နှမတွေရဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာပြီး ဗီဒီယိုအလုပ်မှာ တိုးတက်မှုတချို့ ရှိလာတာကို ကျွန်တော် တွေ့ခဲ့ရတယ်။ ကျွန်တော် တော်တော် ပျော်သွားပြီး တွေးမိတယ်။ “ငါ ဆက်ပြီး ဒုက္ခခံ၊ အဖိုးအခပေးဆပ်ပြီး ငါ့တာဝန်ကနေ ရလဒ်တချို့ ရသရွေ့ အနာဂတ်မှာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို သေချာပေါက် ရရှိမှာဖြစ်ပြီး ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်အများကြီး ရှိမှာပဲ” လို့ပေါ့။ ဒါပေမဲ့ ကိုယ့်တာဝန်မှာ အပြည့်အဝ ပါဝင်လုပ်ဆောင်နေချိန်မှာပဲ၊ တစ်နေ့မှာ ကျွန်တော် အရမ်းပင်ပန်းပြီး အစားအသောက်ပျက်လာတယ်။ ဒါပေမဲ့ ဒါကို ကျွန်တော် သိပ်အာရုံမစိုက်ခဲ့ဘူး။ ဒီရက်ပိုင်း အနားယူတာ မလုံလောက်လို့ ဖြစ်မယ်ထင်ပြီး ဆိုးရွားတဲ့ ပြဿနာတစ်ခုဖြစ်မှာ မဟုတ်ဘူးလို့ ယူဆခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်တော် အစားအသောက် ပိုပျက်လာပြီး မျက်နှာကလည်း ပိန်ချုံးလာတယ်။ ကျွန်တော်နဲ့ အတူတွဲလုပ်နေတဲ့ ညီအစ်ကို ကွမ်မင်က ဆေးရုံသွားပြီး ဆေးစစ်ဖို့ အကြံပေးတယ်။ အံ့ဩစရာကောင်းတာက ဆရာဝန်က ကျွန်တော့်မှာ အသည်းရောင် အသားဝါ ဘီပိုး ရှိတယ်၊ အသည်းမှာ မာနေတဲ့ အဖုလေးတစ်ခု ရှိတယ်၊ ဆက်ဆိုးလာရင် အသည်းကင်ဆာ ဖြစ်သွားနိုင်တယ်လို့ ပြောပါလေရော။ ကျွန်တော် ခေါင်းတွေ ထူပူသွားတယ်။ “မဖြစ်နိုင်တာ။ ငါ့တာဝန် ငါ ထမ်းဆောင်နေတာလေ။ ဒီလိုရောဂါမျိုး ငါ ဘယ်လိုလုပ် ရနိုင်ရတာလဲ။ ဒီရောဂါက ကုရလွယ်တာ မဟုတ်ဘူး...” ပေါ့။ ရင်ဘတ်ပေါ် ကျောက်တုံးနဲ့ ဖိထားသလို ခံစားရပြီး ကျွန်တော့် စိတ်နှလုံးက အရမ်းကိုနာကျင်ပြီး အားနည်းသွားတယ်။ ဒီနှစ်တွေတစ်လျှောက် မိသားစုနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်ခဲ့ပုံ၊ ဆင်းရဲဒုက္ခခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့ပုံတွေကို ကျွန်တော် တွေးမိတယ်။ ကွန်မြူနစ်ပါတီရဲ့ လိုက်လံဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာ ခံရတဲ့အချိန်မှာတောင် ဘုရားသခင်ကို ကျွန်တော် သစ္စာမဖောက်ခဲ့ဘူးလေ။ ဒီတော့ ဘာလို့ ဘုရားသခင်က ကျွန်တော့်ကို မကာကွယ်ခဲ့တာလဲ။ ဆင်းရဲဒုက္ခ ခံစားနေရတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကျွန်တော် တွေးမိတယ်။ “သင့်အပေါ် အနာရောဂါ ဖြစ်လာသောအခါ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး ကိုယ်တော်၏ ကောင်းမွန်သော ရည်ရွယ်ချက်များသည် ယင်းအတွင်း၌ သေချာပေါက် ပါဝင်နေသည်။ သင်၏ ဇာတိပကတိသည် ဆင်းရဲဒုက္ခ အနည်းငယ်ကို ခံစားရနိုင်သော်လည်း စာတန်ထံမှ မည်သည့် စိတ်ကူးများကိုမျှ လက်မခံနှင့်။ ဖျားနာနေစဉ်အတွင်း ဘုရားသခင်ကို ချီးမွမ်းလော့၊ ပြီးလျှင် သင်၏ ချီးမွမ်းခြင်းအတွင်း ဘုရားသခင်ကို ပျော်မွေ့ ခံစားလော့။ ဖျားနာခြင်းကို ရင်ဆိုင်ရချိန်တွင် စိတ်ဓာတ်မကျနှင့်၊ ထပ်ခါတလဲလဲ ဆက်လက်ရှာဖွေပြီး လက်မလျှော့နှင့်၊ ထိုအခါ ဘုရားသခင်သည် သင့်ကို အလင်းပေးပြီး ဉာဏ်ပွင့်စေတော်မူလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်စိတ်နှလုံးကို အေးချမ်းမှုတချို့ ပေးခဲ့တယ်။ ဟုတ်တယ်၊ ဒီရောဂါ ပိုဆိုးလာမယ်၊ မဆိုးလာဘူးဆိုတာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတာပဲ။ ဒီအချိန်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော် နားမလည်ပေမဲ့ ဘုရားသခင်ကို ညည်းညူလို့မဖြစ်ဘူး။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေရမယ်၊ ကိုယ့်တာဝန်မှာ မဆုတ်မနစ်လုပ်ပြီး သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ဒါကို တွေးမိတော့ ကျွန်တော် နည်းနည်း သက်သာသွားတယ်။
ရှေ့ဆက်ပြီး ဗီဒီယိုအလုပ်တွေ အရမ်းများတာကိုထောက်ပြီး ကျွန်တော့်ခန္ဓာကိုယ်က ဒဏ်မခံနိုင်မှာကို ခေါင်းဆောင်တွေက စိုးရိမ်ကြတယ်။ ဒါကြောင့် ဧဝံဂေလိတရား ဟောပြောတဲ့နေရာမှာ ညီအစ်ကို လီချိန်နဲ့ ကျွန်တော့်ကို အတူတွဲလုပ်ဖို့ သူတို့ စီစဉ်ပေးခဲ့တယ်။ ဆေးကုသမှု ခံယူနေရပေမဲ့၊ ကိုယ့်တာဝန်မှာ ကျွန်တော် ဇွဲရှိရှိနဲ့ လုပ်ခဲ့တယ်။ အလုပ်မှာ အခက်အခဲတွေ ကြုံရတိုင်း အဲဒါတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ မိတ်သဟာယပြုပြီး ဆီလျော်တဲ့ သမ္မာတရားတွေကို ရှာဖွေခဲ့ကြတယ်။ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခတချို့ ခံစားရပြီး အဖိုးအခတစ်ခုခု ပေးဆပ်ခဲ့ရပေမဲ့၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံတဲ့လူ ပိုများလာတာကို မြင်တော့ ကျွန်တော် အရမ်းပျော်ပြီး တွေးမိတယ်။ “ကိုယ့်တာဝန်ကို မလျှော့တမ်း လုပ်ပြီး ဒုက္ခပိုခံ၊ အဖိုးအခ ပိုပေးဆပ်သရွေ့ ဘုရားသခင်က ငါ့ကို ကာကွယ်ပေးပြီး ငါ့အခြေအနေ တိုးတက်လာကောင်း တိုးတက်လာမှာပါ” လို့ပေါ့။ ဒါပေမဲ့ ခဏကြာတော့၊ ကျွန်တော့်အခြေအနေ ပိုဆိုးလာသလို ခံစားလိုက်ရတယ်။ နေ့တိုင်း ပင်ပန်းနွမ်းနယ်သလို ခံစားရပြီး တစ်ကိုယ်လုံး အားနည်းတဲ့အပြင် အစားအသောက်လည်း ပိုပျက်လာတော့ နောက်တစ်ခေါက် ဆေးစစ်ဖို့ သွားခဲ့တယ်။ ကျွန်တော့်ရဲ့ အသည်းရောင် အသားဝါ ဘီပိုးက ပိုဆိုးလာပြီး ကုသဖို့ ချက်ချင်း ဆေးရုံတက်ဖို့ လိုတယ်၊ မဟုတ်ရင် ဆက်ဆိုးလာပြီး ကုဖို့ ခက်သွားလိမ့်မယ်လို့ ဆရာဝန်က ပြောပါလေရော။ ကွန်မြူနစ်ပါတီက ကျွန်တော့်ကို လိုက်ဖမ်းနေတာဆိုတော့ ဆေးရုံတက်ရင် ကျွန်တော် ဘယ်သူဘယ်ဝါဖြစ်မှန်း ပေါ်သွားပြီး အန္တရာယ်ရှိနိုင်တယ်၊ ဒါကြောင့် ဆေးသောက်တာ၊ ဆေးသွင်းတာတွေကို ကျွန်တော် မှီခိုခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့်အခြေအနေက သိပ်မတိုးတက်သေးဘူး။ ကြာလာတော့ ကျွန်တော် တော်တော်လေး အားနည်းလာပြီး တွေးမိတယ်။ “ဒီအသည်းရောင် အသားဝါ ဘီပိုးက ခဏခဏ ပြန်ထနေပြီ။ ထပ်ဆိုးလာပြီး အသည်းခြောက်တာ၊ ဒါမှမဟုတ် အသည်းကင်ဆာ ဖြစ်သွားရင် ငါ့အသက်က အချိန်မရွေး အန္တရာယ်ရှိနိုင်တယ်။ ဒီလိုသာ ငါ သေသွားရင် ကယ်တင်ခံရနိုင်ဦးမှာလား။ ဘုရားသခင်ကို ယုံကြည်တဲ့ ငါ့ဘဝက သေချာပေါက် ဒီလိုမျိုး အဆုံးသတ်တာ မဟုတ်နိုင်ပါဘူး” ပေါ့။ ဒီလိုတွေးမိတော့ ကျွန်တော် တစ်ကိုယ်လုံး အားနည်းပြီး ပျော့ခွေသွားသလို ခံစားရတယ်။ ကျွန်တော့်စိတ်ထဲမှာ နားမလည်နိုင်တာတွေ၊ ညည်းညူတာတွေ တပြိုင်နက်တည်း ပြည့်လာတယ်။ “ဘုရားသခင်ကို စယုံကြည်ကတည်းက ငါ့တာဝန်မှာရော၊ ဧဝံဂေလိတရား ဟောပြောရာမှာပါ ငါ စိတ်အားထက်သန်ခဲ့တယ်။ လေပဲတိုက်ပါစေ၊ မိုးပဲရွာပါစေ၊ ချစ်ချစ်တောက်ပူတဲ့ အပူရှိန်ပဲဖြစ်ပါစေ၊ ခိုက်ခိုက်တုန်တဲ့ အအေးဒဏ်ပဲဖြစ်ပါစေ၊ ကွန်မြူနစ်ပါတီက လိုက်ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာ ခံရပြီး အိမ်မပြန်နိုင်တာပဲဖြစ်ပါစေ၊ ငါ့တာဝန်ကို ဘယ်တော့မှာ မရွှေ့ဆိုင်းခဲ့ဘူး။ ရောဂါဖြစ်နေတဲ့ ဒီနှစ်တွေအတွင်းမှာတောင် တစ်ချိန်လုံး ငါ့တာဝန်မှာ မဆုတ်မနစ်လုပ်ခဲ့တယ်၊ ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။ ငါ့အနေနဲ့ အကျိုးမရနိုင်ခဲ့ပေမဲ့ ဆင်းရဲဒုက္ခခံပြီး အပင်ပန်းခံခဲ့တယ်။ ဘာလို့ ငါ့ရောဂါက မသက်သာတဲ့အပြင် တကယ်တမ်း ပိုဆိုးလာရတာလဲ” လို့ပေါ့။ ညီအစ်ကိုမောင်နှမတွေ ကျန်းကျန်းမာမာနဲ့ သူတို့တာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်နေတာကို ကျွန်တော် မြင်ရချိန်မှာ ကျွန်တော်ကတော့ ဆိုးရွားတဲ့ ရောဂါတစ်ခုကို ခံစားနေခဲ့ရတယ်။ အဲဒီအကြောင်းကို စဉ်းစားလေလေ၊ မကျေနပ်တဲ့စိတ်တွေ ပိုများလာလေပါပဲ။ မျက်ရည်တွေကို အနိုင်နိုင်ထိန်းရင်းနဲ့ ဧည့်ခံတဲ့အိမ်ကို ပြန်လာခဲ့တယ်။ ကျွန်တော် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှုမရှိဘဲ တကယ်ကို နာကျင်ပြီး အပျက်သဘောဆောင်နေမိတယ်။ အဲဒီအချိန်မှာ ညီအစ်ကို လီချိန်က ကျွန်တော့်ကို သတိပေးတယ်။ “ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေသင့်တယ်၊ ကိုယ်တော့်ကို အထင်မလွဲသင့်ဘူး၊ မညည်းညူသင့်ဘူး” လို့ပေါ့။ ညီအစ်ကို လီချိန်ရဲ့ စကားတွေက ကျွန်တော့်ကို စိတ်တည်ငြိမ်သွားအောင် ကူညီပေးခဲ့တယ်။ ဖြစ်ပျက်သမျှ အရာတိုင်းက ဘုရားသခင် ခွင့်ပြုလို့ ဖြစ်တာပဲ၊ ပြီးတော့ သမ္မာတရားကို ရှာဖွေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့အတွက် ကျိုးနွံနာခံခြင်းနဲ့ အစပြုရမယ်။ ဒါကြောင့် ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းပြီး ရှာဖွေခဲ့တယ်၊ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်အောင် လမ်းပြပေးဖို့ မျှော်လင့်ရင်းနဲ့ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် ဖတ်ခဲ့တယ်။ “ဘုရားသခင်ကို ယုံကြည်ခြင်းက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးသင့်သည်ဟုလည်းကောင်း၊ အခြေအနေများနှင့် ကြုံတွေ့ရပါက ဘုရားသခင်ထံ ဆုတောင်းရန်သာ လိုအပ်ပြီး ဘုရားသခင်က နားညောင်းလိမ့်မည်ဖြစ်ကာ ၎င်းတို့အား ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသနားလိမ့်မည်ဖြစ်သည့်အပြင် ၎င်းတို့အတွက် အရာရာတိုင်း အေးချမ်းစွာနှင့် ချောမွေ့စွာ ဖြစ်သွားသည်ကို သေချာစေလိမ့်မည်ဟုလည်းကောင်း လူအချို့က တွေးထင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ကျေးဇူးတော်ကို ရှာဖွေရန်၊ ကောင်းချီးမင်္ဂလာများ ရရှိရန်နှင့် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် ဖြစ်သည်။ ဤအမြင်များကြောင့်ပင် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် မိမိတို့၏ မိသားစုများကို စွန့်လွှတ် သို့မဟုတ် မိမိတို့၏ အလုပ်များကို နုတ်ထွက်ကြကာ ဆင်းရဲဒုက္ခကို ခံနိုင်ပြီး အဖိုးအခပေးနိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ထူးကဲသော အပြုအမူကို ပြသလျက် အမှုအရာများကို စွန့်လွှတ်သရွေ့၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသရွေ့၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး လုံ့လဝီရိယဖြင့် အလုပ်လုပ်သရွေ့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် မျက်နှာသာပေးမှုကို ရရှိကြလိမ့်မည်ဟုလည်းကောင်း၊ မည်သည့် အခက်အခဲများကို ကြုံတွေ့ရသည်ဖြစ်စေ ဘုရားသခင်ထံ ဆုတောင်းသရွေ့ သူက ၎င်းတို့ကို ဖြေရှင်းပေးပြီး အရာရာ၌ ၎င်းတို့အတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိမ့်မည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော လူအများစုက စွဲကိုင်ထားသည့် သဘောထားအမြင်ဖြစ်သည်။ ဤသဘောထားအမြင်က တရားနည်းလမ်းကျပြီး မှန်ကန်သည်ဟု လူတို့က ခံစားကြရသည်။ မိမိတို့၏ ယုံကြည်ခြင်းကို မစွန့်လွှတ်ဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်၌ မိမိတို့၏ ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းထားဖို့ လူများစွာ၏ တတ်စွမ်းနိုင်ခြင်းသည် ဤသဘောထားအမြင်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ၎င်းတို့က ‘ကျွန်ုပ်သည် ဘုရားသခင်အတွက် အလွန်များစွာ အသုံးခံပြီးဖြစ်သည်။ ကျွန်ုပ်၏ အပြုအမူသည် အလွန်ကောင်းမွန်ခဲ့ပြီးဖြစ်သည်။ မည်သည့် ဒုစရိုက်အမှုများကိုမျှ ကျွန်ုပ် မလုပ်ဆောင်ခဲ့ပါ။ ဘုရားသခင်သည် ကျွန်ုပ်ကို သေချာပေါက် ကောင်းချီးပေးလိမ့်မည်။ အလုပ်တာဝန်တိုင်းအတွက် ကျွန်ုပ်သည် ဆင်းရဲများစွာ ခံခဲ့ရပြီး ကြီးမားသော အဖိုးအခကို ပေးခဲ့ကာ၊ မည်သည့်အမှားမျှ မလုပ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအတိုင်း အရာရာကို လုပ်ဆောင်ခဲ့သောကြောင့် ဘုရားသခင်က ကျွန်ုပ်ကို ကောင်းချီးပေးသင့်သည်။ ကိုယ်တော်သည် ကျွန်ုပ်အတွက် အရာရာတိုင်း ချောမွေ့စွာ ဖြစ်သွားရန် သေချာစေသင့်ပြီး၊ ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို မကြာခဏ ရှိကာ ဘုရားသခင်၏ မျက်မှောက်တော်ကို မွေ့လျော်ခံစားသင့်သည်’ဟု တွေးထင်ကြသည်။ ဤသည်မှာ လူ့အယူအဆနှင့် စိတ်ကူးစိတ်သန်းတစ်ခု မဟုတ်လော။ လူသား ရှုထောင့်အမြင်မှကြည့်လျှင် လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပြီး အကျိုးကျေးဇူးများကို လက်ခံရရှိကြသည်။ သို့ဖြစ်၍ ဤအတွက် ဆင်းရဲဒုက္ခ အနည်းငယ်ခံရခြင်းသည် အဓိပ္ပာယ်ရှိပြီး၊ ဤဆင်းရဲဒုက္ခကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအတွက် လဲလှယ်ခြင်းက အကျိုးနပ်ပေသည်။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်သော စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ သို့သော်လည်း သမ္မာတရား၏ ရှုထောင့်အမြင်နှင့် ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် ဤအရာသည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော စည်းမျဉ်းများနှင့် အခြေခံအားဖြင့် မကိုက်ညီသည့်အပြင် ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသော စံနှုန်းများလည်း မဟုတ်ပေ။ ယင်းသည် ဖြစ်လိုသော အတွေး၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူ့အယူအဆနှင့် စိတ်ကူးတစ်ခုသက်သက်သာ လုံးလုံးလျားလျား ဖြစ်ပေသည်။ ယင်းတွင် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်း သို့မဟုတ် တစ်စုံတစ်ရာကို ဘုရားသခင်ထံမှ တောင်းဆိုခြင်းတို့ ပါဝင်သည်ဖြစ်စေ၊ သို့မဟုတ် လူ့အယူအဆများနှင့် စိတ်ကူးများ ပါဝင်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ယင်းတို့ထဲမှ တစ်ခုမျှသည် ဘုရားသခင်၏ လိုအပ်ချက်များနှင့် မကိုက်ညီသည့်အပြင်၊ လူတို့ကို ကောင်းချီးပေးခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းများ၊ စံနှုန်းများကိုလည်း မပြည့်မီပေ။ အထူးသဖြင့်၊ ဤအပေးအယူဆန်သော အတွေးနှင့် သဘောထားအမြင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသော်လည်း လူတို့က ထိုအရာကို သတိမပြုမိကြပေ။ ဘုရားသခင် လုပ်ဆောင်သည့်အရာက လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သူနှင့်ပတ်သက်၍ မကျေနပ်ချက်များနှင့် အထင်လွဲမှားမှုများ လျင်မြန်စွာ ဖြစ်ပေါ်လာကြသည်။ ၎င်းတို့သည် မတရားခံရသည်ဟုပင် ခံစားရပြီးနောက် ဘုရားသခင်နှင့် စတင်၍ အငြင်းအခုံပြုကြကာ သူ့ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသည်အထိပင် ပြုနိုင်ကြလေသည်။...လူတို့အတွက် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို လုံးဝ ဆန့်ကျင်သော ပတ်ဝန်းကျင်တစ်ခုကို ဘုရားသခင် ပြင်ဆင်ပေးသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ဆန့်ကျင်၍ အယူအဆများ၊ ဝေဖန်မှုများနှင့် ပြစ်တင်ရှုတ်ချခြင်းများကို ဖြစ်ပေါ်လာကြပြီး သူ့ကို ငြင်းပင်ငြင်းပယ်နိုင်သည်။ ထိုအခါ ဘုရားသခင်က ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သလော။ လုံးဝ မဖြည့်ဆည်းပေးနိုင်ပေ။ ဘုရားသခင်သည် မိမိ၏ အမှုပြုပုံနည်းလမ်းနှင့် မိမိ၏ အလိုဆန္ဒများကို လူ့အယူအဆများအတိုင်း မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် ပြောင်းလဲရန် လိုအပ်သူမှာ မည်သူနည်း။ လူများပင် ဖြစ်သည်။ လူတို့သည် မိမိတို့၏ အယူအဆများကို စွန့်လွှတ်ရန်၊ ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်များကို လက်ခံရန်၊ ကျိုးနွံနာခံရန်နှင့် တွေ့ကြုံခံစားရန် လိုအပ်ပြီး၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ မှန်ကန်ခြင်း ရှိမရှိဟူသည်ကို ကြည့်ရှုရန် မိမိတို့၏ အယူအဆများနှင့် တိုင်းတာခြင်းအစား မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေဖို့ လိုအပ်သည်။ လူတို့သည် မိမိတို့၏ အယူအဆများကို မရမက စွဲကိုင်ထားသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အတိုက်အခံဖြစ်ခြင်း ဖြစ်ပေါ်လာကြသည်။ ဤအရာက အလိုအလျောက် ဖြစ်ပေါ်သည်။ အတိုက်အခံပြုခြင်း၏ အရင်းအမြစ်သည် မည်သည့်နေရာတွင်ရှိသနည်း။ ထိုအရာသည် လူတို့က မိမိတို့၏ စိတ်နှလုံးထဲတွင် ပုံမှန် ပိုင်ဆိုင်သောအရာသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြစ်သည်မှာ သေချာပြီး သမ္မာတရား မဟုတ်သည့်အချက်တွင် ရှိပေသည်။ ထို့ကြောင့် လူ့အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ အမှုနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ဘုရားသခင်ကို အာခံနိုင်ပြီး သူအပေါ် ဝေဖန်မှုများ ပြုလုပ်နိုင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)) “၎င်းတို့အဖို့ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ သဘာဝကျသည့် ရည်မှန်းချက် မရှိချေ။ ယင်းမှာ ၎င်းတို့ယုံကြည်ခြင်း၏ တကယ့်တန်ဖိုး ဖြစ်သည်။ တစ်စုံတစ်ရာသည် ဤရည်မှန်းချက်ကို မပံ့ပိုးပေးပါက၊ ၎င်းတို့သည် ထိုအရာအားဖြင့် လုံးဝ တို့ထိမခံရဘဲရှိမြဲ ရှိကြလေသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၌ ယုံကြည်သူအများစုနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၌ ယုံကြည်သည်နှင့်အမျှ၊ ဘုရားသခင်အတွက်လည်း ၎င်းတို့ အသုံးခံကြသောကြောင့်၊ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ဆက်ကပ် အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့သည် သဘာဝကျပုံပေါ်လေသည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကြသည်၊ မိသားစုနှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပြီး၊ မိမိတို့ကိုယ်ကို အလုပ်များစေလျက် အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် ကုန်ဆုံးကြလေသည်။ ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်အတွက်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ပြောင်းလဲကြသည်၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့ ရှာဖွေသည့် ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်၌ ၎င်းတို့ယုံကြည်မှု၏ ရည်မှန်းချက်ကို မပြောင်းလဲနိုင်ကြပေ။...၎င်းတို့နှင့် အလွန်အနီးကပ် ဆက်စပ်သည့် အကျိုးကျေးဇူးများမှလွဲ၍၊ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်ဖူးသော သူတို့က ဘုရားအတွက် အလွန်များလှစွာ ပေးဆပ်ရမည့် အခြားအကြောင်းရင်းတစ်ခုတလေ ရှိနိုင်မည်လော။ ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်။ လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားတစ်ဦးနှင့် အလုပ်ရှင်တစ်ဦးတို့အကြား ဆက်ဆံရေးဖြစ်၏။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်ကြိုးစားလုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အကျိုးစီးပွားကို အရင်းခံသော ဆက်ဆံရေးတစ်ခု၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ ခိုကိုးရာမဲ့သော၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားသခင်ရဲ့ တရားစီရင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်တွေက ဘုရားအပေါ် ကျွန်တော့်ရဲ့ ယုံကြည်ခြင်း နောက်ကွယ်က မှားယွင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ရှုထောင့်တွေကို အသေးစိတ် ဖော်ထုတ်ပြခဲ့ပြီး ကျွန်တော့်ကို အရှက်တကွဲဖြစ်ပြီး အရှက်ရသွားစေခဲ့တယ်။ အဖိုးအခ ပိုပေးဆပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုအသုံးခံလိုက်ရင် ဘုရားသခင်ရဲ့ ကွယ်ကာမှုနဲ့ ကောင်းချီးတွေကို ရရှိနိုင်မယ်၊ ပြီးတော့ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက် ပိုများမယ်လို့ ကျွန်တော် အမြဲ ယုံကြည်ခဲ့တာကိုး။ ကျွန်တော့်မှာ အသည်းရောင် အသားဝါ ဘီပိုး ရှိမှန်း ရုတ်တရက် သိလိုက်ရတဲ့အခါ ကျွန်တော့်စိတ်နှလုံးထဲမှာ ဘုရားသခင်အပေါ် မကျေနပ်တာတွေ ဖြစ်လာခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကိုယ်တော့်အတွက် ကျွန်တော် ဒုက္ခခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တယ်၊ ပြီးတော့ ဘုရားသခင်က ဒီလို ဆိုးရွားတဲ့ ရောဂါနဲ့ ကျွန်တော့်ကို ဒုက္ခခံစားခွင့်မပေးသင့်ဘူးလို့ တွေးနေမိတယ်။ နောက်ဆုံးမှာ ကျွန်တော် ကျိုးနွံနာခံခဲ့ပေမဲ့၊ ကိုယ့်တာဝန်ကို မဆုတ်မနစ် လုပ်ဆောင်သရွေ့၊ ဆင်းရဲဒုက္ခပိုခံစားပြီး အဖိုးအခ ပိုပေးဆပ်သရွေ့ ဘုရားသခင်က ကျွန်တော့်ကို ကာကွယ်ပေးပြီး ကျွန်တော့်အခြေအနေ တိုးတက်လာတာမျိုး ဖြစ်ကောင်းဖြစ်မှာပါလို့ တွေးနေတုန်းပဲ။ ဒါပေမဲ့ ကျွန်တော့်အခြေအနေ ပိုဆိုးလာပြီး ကင်ဆာဖြစ်နိုင်ချေ၊ သေနိုင်ချေ ရှိတာကို ရင်ဆိုင်ရတဲ့အခါ ကောင်းချီးရချင်တဲ့ ကျွန်တော့်ဆန္ဒတွေ တစ်စစီပြိုကွဲသွားပြီလို့ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့် စိတ်နှလုံးထဲမှာ ဘုရားသခင်နဲ့ ငြင်းခုံရင်း အပျက်သဘောဆောင်လာပြီး အထင်လွဲတာတွေ ဖြစ်လာတယ်။ ငါ့မှာ အကျိုးမရခဲ့ပေမဲ့ ဆင်းရဲဒုက္ခခံပြီး အပင်ပန်းခံခဲ့တာပဲ၊ ဘုရားသခင်က ငါ့ကို ဒီလို မဆက်ဆံသင့်ဘူးလို့ ယုံကြည်နေခဲ့တယ်။ ကျွန်တော့်ကို မကာကွယ်ပေးတဲ့အတွက် ဘုရားသခင်ကိုတောင် ကျွန်တော် ညည်းညူခဲ့တယ်။ အဖြစ်မှန်တွေရဲ့ ထုတ်ဖော်ပြချက်မှာ ကျွန်တော့်ရဲ့ အားထုတ်မှုတွေနဲ့ အသုံးခံမှုတွေက စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်က တွန်းအားပေးတယ်ဆိုတာ ကျွန်တော် မြင်ခဲ့ရတယ်။ အဲဒီအထဲမှာ ကျွန်တော်က ကိုယ့်ရဲ့ ကြိုးစားလုပ်ဆောင်မှု၊ အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေကို ကောင်းမွန်တဲ့ အနာဂတ်၊ ခရီးပန်းတိုင်နဲ့ လဲလှယ်ဖို့ အရင်းအနှီးအနေနဲ့ အသုံးပြုချင်ခဲ့တာပဲ။ အဲဒါက ဘုရားသခင်နဲ့ အပေးအယူ လုပ်နေတာပဲ။ ကောင်းချီးတွေ မရလိုက်တာနဲ့ ကျွန်တော်က ဘုရားသခင်ကို အထင်လွဲပြီး ညည်းညူခဲ့တယ်။ ကျွန်တော် ထုတ်ဖော်ပြသခဲ့တာတွေ အားလုံးက ကျွန်တော့်ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားတွေချည်းပါပဲ။ ဘုရားသခင်က ဖန်ဆင်းရှင် ဖြစ်တယ်။ ဘုရားသခင်က ဘယ်လိုပဲ စီစဉ်ညွှန်ကြားပါစေ၊ သူ့ကို ကျွန်တော် တောင်းဆိုတာတွေလုပ်စရာအကြောင်းမရှိပါဘူး၊ ပြီးတော့ သူ့ရဲ့ အစီအစဉ်တွေကို ကျွန်တော် ကျိုးနွံနာခံသင့်တယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ရဲ့ အယူအဆတွေအတိုင်း ဘုရားသခင်ကို အမြဲ လုပ်စေချင်ခဲ့တယ်၊ ကိစ္စတွေက ကျွန်တော့်အယူအဆတွေနဲ့ မကိုက်တဲ့အခါ ကျွန်တော် သူ့ကို ငြင်းခုံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ရေလောင်းတာ၊ ကျွေးမွေးတာတွေအများကြီးကို ကျွန်တော် အခမဲ့ မွေ့လျော်ခံစားခဲ့ရပေမဲ့ ဘုရားသခင်ရဲ့ မေတ္တာကို ပြန်မဆပ်ခဲ့ဘူး။ အဲဒီအစား ကိုယ်တော့်ကို အထင်လွဲပြီး ညည်းညူခဲ့တယ်။ ကျွန်တော် ဘယ်လိုလုပ်ပြီး ဘုရားသခင်ကို တကယ် ယုံကြည်တဲ့လူတစ်ယောက် ဖြစ်နိုင်မှာလဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ပြီးတော့ ဘုရားသခင်နဲ့ ကျွန်တော် အပေးအယူလုပ်ရခြင်းအကြောင်းရင်းကို နည်းနည်းနားလည်သွားခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ ကိုယ့်အတွက်ပဲကိုယ်ကြည့် ဘယ်သူသေသေငတေမာပြီးရော၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မိမိတို့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်သာဖြစ်နေဆဲဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ခါးစီးခံနိုင်ခြင်း ဖြစ်သည်။ လူသား၏ စာတန်ဆန်သော သဘာဝနှင့်ပတ်သက်သည့် အကောင်းဆုံးသော အထောက်အထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်ကနေ ကျွန်တော် နားလည်လိုက်တာက “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာနဲ့ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်” ဆိုတဲ့ စာတန်ဆန်တဲ့ အမြင်တွေက ကျွန်တော့်စိတ်နှလုံးထဲမှာ အမြစ်တွယ်နေပြီး ကျွန်တော့် ဖြစ်တည်မှုရဲ့ အခြေခံအုတ်မြစ် ဖြစ်လာခဲ့လို့ ကျွန်တော် လုပ်ခဲ့သမျှ အရာတိုင်းက ကိုယ်ကိုယ်တိုင်ရဲ့ အကျိုးအတွက် ဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ ကျွန်တော့်ရဲ့ စွန့်လွှတ်စတေးမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံမှုတွေကတောင် ကောင်းချီးတွေ ရဖို့နဲ့ ဘေးအန္တရာယ်ကျရောက်တဲ့အခါ သေဘေးကနေ ကွယ်ကာခံရဖို့အတွက် ဖြစ်နေခဲ့တယ်။ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်မှာ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခဆင်းရဲ ဘယ်လောက်ပဲ ခံရပါစေ၊ အဖိုးအခ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ၊ ကောင်းချီးနဲ့ ကယ်တင်ခြင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ကို အကျိုးပြုမယ်လို့ ယုံကြည်သရွေ့ ဘယ်ဆင်းရဲဒုက္ခ ပမာဏကိုပဲဖြစ်ဖြစ် ကြံ့ကြံ့ခံဖို့ လိုလားခဲ့တယ်။ ဒါပေမဲ့ ရောဂါပိုဆိုးလာပြီး ကောင်းချီးရချင်တဲ့ လိုအင်ဆန္ဒတွေ တစ်စစီပြိုကွဲသွားတဲ့အခါ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ စိတ်ထက်သန်မှု ပျောက်ဆုံးခဲ့ပြီး ကျွန်တော့် စိတ်နှလုံးထဲမှာ ဘုရားကို ငြင်းခုံပြီး ညည်းညူတာတွေတောင် လုပ်ခဲ့မိတယ်။ ကျွန်တော် လုပ်ခဲ့သမျှ အရာတိုင်းမှာ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို ဦးစားပေးခဲ့ပြီး၊ ကိုယ့်တာဝန်ကို ဆုလာဘ်တွေ၊ ကောင်းချီးတွေနဲ့ လဲလှယ်ဖို့ အပေးအယူလုပ်စရာ ပစ္စည်းတစ်ခုလို သဘောထားခဲ့တယ်၊ ဒါက လုံးဝ တရားမျှတတယ်လို့တောင် ထင်ခဲ့တာ။ ဒီလို စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်ရင်း အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တယ်၊ ဘုရားသခင်ကို ညည်းညူပြီး ပုန်ကန်ခဲ့တယ်။ နောင်တမရရင် အနှေးနဲ့အမြန်ဆိုသလို ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းတာ ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဒီလိုတွေးမိတော့ ကျွန်တော် ကြောက်လည်းကြောက်၊ နောင်တလည်း ရမိတယ်။ ကျွန်တော့်လို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့သူ၊ စိတ်သဘောထား မပြောင်းလဲသေးတဲ့သူက ကောင်းချီးရဖို့ ထင်ယောင်မှားတဲ့ မျှော်လင့်ချက် ရှိနေခဲ့သေးတယ်။ အရှက်မဲ့လိုက်တာ။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းပါတယ်။ အလုပ် ဘယ်လောက်ပဲ လုပ်ပါစေ၊ ဒုက္ခဆင်းရဲ ဘယ်လောက်ပဲ ခံရပါစေ၊ အဖိုးအခ ဘယ်လောက်ပဲ ပေးပါစေ၊ စိတ်သဘောထား ပြောင်းလဲမှု မရှိရင် အားလုံး အချည်းနှီးပါပဲ။ ဒုက္ခဆင်းရဲ ပိုခံခဲ့ရလို့ဆိုပြီး ဘုရားသခင်က ခြွင်းချက်ထားပြီး ကျွန်တော်တို့ကို နိုင်ငံတော်ထဲ ခေါ်သွင်းမှာ မဟုတ်ဘူး။ ဘုရားသခင်က ပြောသည် “မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား ညစ်ညူးစေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးသော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားသခင်က လူတွေကို သူတို့ရဲ့ အပြင်ပန်း အသုံးခံမှု၊ ဒုက္ခခံမှုတွေနဲ့ တိုင်းတာတာ မဟုတ်ဘဲ သူတို့ လျှောက်တဲ့ လမ်းကြောင်း၊ သူတို့ သမ္မာတရား ရမရဆိုတာအပြင်၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပြောင်းလဲခြင်း ရှိမရှိ ဆိုတာတွေနဲ့ တိုင်းတာတာဖြစ်တယ်။ ဘုရားသခင်ကို ယုံကြည်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့ အလုပ်လုပ်ဖို့နဲ့ အားထုတ်ဖို့ပဲ ကျွန်တော် အာရုံစိုက်ခဲ့ပြီး သမ္မာတရားကို မလိုက်စားခဲ့ဘူး၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား မပြောင်းလဲခဲ့သလို ကောင်းချီးရဖို့အတွက် ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တုန်းပဲ။ ကျွန်တော့်လောက် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့သူက ကယ်တင်ခြင်းနဲ့ ဘယ်လိုလုပ် ထိုက်တန်နိုင်ရမှာလဲ။ ပေါလုအကြောင်း ကျွန်တော် တွေးမိတယ်။ သူက ဧဝံဂေလိတရား ဟောပြောခဲ့တယ်၊ အလုပ်အများကြီး လုပ်ပြီး အရမ်းဒုက္ခဆင်းရဲခံခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ဒုက္ခခံတာနဲ့ အလုပ်လုပ်တာတွေက ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ဖို့ မဟုတ်သလို၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့လည်း မဟုတ်ဘဲ ကောင်းချီးနဲ့ သရဖူ ရဖို့အတွက်ပဲ ဖြစ်ခဲ့တယ်။ သူ ပြောခဲ့သလိုပဲ၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) သူဆိုလိုတာက ဘာလဲဆိုရင် ဘုရားသခင်က သူ့ကို သရဖူ၊ ဒါမှမဟုတ် ဆုလာဘ်တွေ မပေးရင် ဒါက ဘုရားသခင်က မဖြောင့်မတ်တဲ့သဘောပဲ ပေါ့။ ဒါက ဘုရားသခင်ဆီကနေ သရဖူရဖို့ ပြောင်ပြောင်တင်းတင်း တောင်းဆိုတာပဲ၊ ဘုရားသခင်ကို အကျပ်ကိုင်ဖို့ ကြိုးစားတာပဲ။ ပေါလုက ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ပေမဲ့၊ ဒုက္ခခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့ပေမဲ့၊ သမ္မာတရားကို မလိုက်စားခဲ့ဘူး၊ ကောင်းချီးကိုပဲ ရှာဖွေပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကို လျှောက်ခဲ့တယ်။ အဆုံးမှာ ဘုရားသခင်ရဲ့ အပြစ်ပေးတာကို သူ ခံခဲ့ရတယ်။ ပေါလုရဲ့ လမ်းကြောင်းအတိုင်း ကျွန်တော် ဆက်လျှောက်ရင် ကျွန်တော်လည်း အဆုံးမှာ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲ။ ဘုရားသခင်ကို တောင်းဆိုတာတွေ၊ တောင်းလျှောက်တာတွေ ကျွန်တော်လုပ်လို့ မဖြစ်တော့တဲ့အပြင်၊ ကိုယ်တိုင်အတွက် တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ စက်ဆုပ်စရာကောင်းအောင် အသက်ရှင်လို့ မဖြစ်တော့ဘူး။ ကျွန်တော့်ရောဂါအခြေအနေ ဘယ်လိုပဲ ဖြစ်လာပါစေ၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်တော် လိုလားလာခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်တော့်ကို လမ်းကြောင်းတစ်ခု ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ကိုယ့်တာဝန်ကို ထမ်းဆောင်တာက ကောင်းချီးရတာ၊ ဒါမှမဟုတ် ကံဆိုးမိုးမှောင်ကျတာနဲ့ မဆိုင်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လိုက်တယ်။ ဘုရားသခင်က ကျွန်တော့်ကို အသက်နဲ့ ကျွန်တော်ပိုင်ဆိုင်သမျှကို ပေးခဲ့တာဖြစ်ပြီး၊ ယုံကြည်သူတစ်ယောက်အနေနဲ့ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံတာက သဘာဝကျတဲ့အပြင် မှန်ကန်ပါတယ်။ ဒါက လူတစ်ယောက် ဖြည့်ဆည်းသင့်တဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်ပြီး၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရား နည်းနည်းရှိတဲ့ လူတစ်ယောက် လုပ်သင့်တဲ့အရာလည်း ဖြစ်တယ်။ ကျွန်တော့်ရဲ့ အသုံးခံမှုကို ဘုရားသခင်ဆီကနေ ကောင်းချီးတွေ တောင်းဆိုဖို့ အပေးအယူလုပ်စရာ ပစ္စည်းတစ်ခုလို မသုံးသင့်တဲ့အပြင်၊ ကျွန်တော့်ရဲ့ ဆိုးရွားတဲ့ ရောဂါအတွက် ဘုရားကို မညည်းညူသင့်ဘူး။ ယောဘလိုပေါ့၊ ဘုရားသခင်က သူ့ကို ပစ္စည်းဥစ္စာတွေ ပေးသနားတာပဲဖြစ်ဖြစ်၊ ခံစားခွင့်မပေးဘဲ ပိတ်ပင်တာပဲဖြစ်ဖြစ်၊ အရာအားလုံး ဆုံးရှုံးပြီး အနာစိမ်းတွေ ပေါက်တဲ့အခါမှာတောင် ဘုရားသခင်ကို သူ မညည်းညူခဲ့ဘူး၊ သူ့ဒုက္ခတွေကို လျှော့ပေးဖို့ မတောင်းဆိုခဲ့ဘူး။ အဲဒီအစား ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းပြီး ကိုယ်တော့်အတွက် သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ခဲ့တယ်။ ယောဘရဲ့ အတွေ့အကြုံကို ဆင်ခြင်သုံးသပ်တဲ့အခါ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ကျွန်တော် တွေ့ခဲ့တယ်။ ကျွန်တော့်ရောဂါ ဘယ်လောက်ပဲ ကြာပါစေ၊ ဘယ်လောက်ပဲ ပြင်းထန်လာပါစေ၊ ကျွန်တော့်အသက် အန္တရာယ်ရှိရင်တောင် ဘုရားသခင်ကို ကျိုးနွံနာခံပြီး သူ့အတွက် ကျွန်တော့်ရဲ့ သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်သင့်တယ်။ ဒါက ကျွန်တော့်မှာ ရှိသင့်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားပဲ။ နောက်ပိုင်းမှာ ကောင်းချီးရချင်တဲ့ အတွေးတွေ ဝင်လာတိုင်း အဲဒီလိုအင်ဆန္ဒတွေကို တွန်းလှန်ဖို့ ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းခဲ့တယ်။ ပြီးတော့ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံခံစားတာ၊ သမ္မာတရား လက်တွေ့လုပ်ဆောင်တာတွေကို အာရုံစိုက်ခဲ့တယ်၊ အဲဒီလိုလုပ်ရင်းနဲ့ ကျွန်တော့်စိတ်နှလုံးက အများကြီး ပိုပြီး သက်သာရာရလာတယ်။
နောက်ပိုင်း ဆေးကုသမှု ခံယူရာကနေ ကျွန်တော့်အခြေအနေ တဖြည်းဖြည်း တိုးတက်လာတော့ ကျွန်တော် အရမ်း ဝမ်းသာတယ်။ ဒါပေမဲ့ ခဏကြာတော့ ကျွန်တော် ပြန်ပြီး ပင်ပန်းနွမ်းနယ်လာတယ်၊ အားနည်းလာတယ်၊ ဒါနဲ့ စစ်ဆေးဖို့ ဆေးရုံသွားခဲ့တယ်။ ကျွန်တော့်ခန္ဓာကိုယ်ထဲက အသည်းရောင် အသားဝါ ဘီပိုး ပမာဏက သန်း ၁၀၀ ကျော်အထိ တက်လာတယ်၊ တခြား အသည်းလုပ်ဆောင်ချက် ညွှန်းကိန်းတချို့လည်း မြင့်နေတယ်လို့ ဆရာဝန်က ပြောတယ်။ ဒီအတိုင်း ဆက်ဖြစ်နေရင် ပြဿနာရှိနိုင်တယ်တဲ့။ ဒါကို ကြားတော့ ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားသွားပြီး စိုးရိမ်ပူပန်မိတယ်။ “ဒီရောဂါက ခဏခဏ ပြန်ထနေတာ၊ တကယ်ပဲ ကင်ဆာအဖြစ်နဲ့ ပိုဆိုးသွားနိုင်မလား။ ငါ့ရောဂါက ပျောက်ကော ပျောက်ပါ့မလား” လို့ တွေးမိတယ်။ ဒီအတွေးတွေကြောင့် ကျွန်တော် နည်းနည်း စိတ်ဓာတ်ကျသွားတယ်။ အဲဒီအချိန်မှာ ကျွန်တော့် အခြေအနေ မမှန်မှန်း သဘောပေါက်သွားလို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှုများ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သဖြင့် သင့်အား ဖန်ဆင်းခဲ့သည့် သခင့်ကို သင် ကျိုးနွံနာခံသင့်သည်။ အကြောင်းမှာ သင်သည် မိမိကိုယ်ကို ပင်ကိုအားဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် သင်၏ ကိုယ်ပိုင် ကံကြမ္မာကို ပင်ကိုအားဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့်တည်း။...ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက် ဖန်ဆင်းခံတစ်ဦးအနေနှင့် လူသည် ဖန်ဆင်းရှင်ကို သိကျွမ်းရန်နှင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လိုက်စားသင့်ပြီး အရေးအကြီးဆုံးမှာ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် လိုက်စားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် လိုက်စားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များကိုမျှဖြစ်စေ၊ မည်သည့်ပုဂ္ဂိုလ်ရေး မျှော်လင့်ချက်များကိုမျှဖြစ်စေ မလိုက်စားသင့်ပေ။ ဤသည်မှာ အမှန်ကန်ဆုံးသော လိုက်စားခြင်းနည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော် နားလည်ခဲ့ပြီး ရှင်ခြင်းနဲ့ သေခြင်းက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိမှန်း သဘောပေါက်ခဲ့တယ်။ ဘုရားသခင်ကို မလျော်ကန်တဲ့ တောင်းဆိုမှုတွေ ကျွန်တော် လုပ်လို့မဖြစ်တော့ဘူး။ ကျွန်တော့်ရောဂါ ပိုဆိုးလာတာပဲဖြစ်ပါစေ၊ သေရရင်တောင်၊ ဒါမှမဟုတ် နောက်ဆုံး အဆုံးသတ် ဒါမှမဟုတ် ခရီးပန်းတိုင် မရှိရင်တောင် ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်တော် ကျိုးနွံနာခံနေဦးမှာပါ။ ဒီလိုတွေးမိတော့ ရောဂါအခြေအနေရဲ့ ဘောင်ခတ်တာကို ကျွန်တော် မခံရတော့ဘူး၊ ကိုယ့်တာဝန်ကို ပုံမှန်အတိုင်း ဆက်လုပ်ခဲ့တယ်၊ ကျွန်တော် တော်တော်လေး လွတ်မြောက်သွားသလို ခံစားရတယ်။ နောက်ပိုင်းမှာ တရုတ် တိုင်းရင်းဆေးနဲ့ ဆက်ကုဖြစ်ခဲ့ပြီး၊ ရောဂါအခြေအနေ တဖြည်းဖြည်း တိုးတက်လာတယ်လို့ ခံစားရတယ်။ နောက်ဆုံး ဆေးစစ်ပြီးတဲ့နောက်မှာတော့ အသည်းလုပ်ဆောင်ချက် ညွှန်းကိန်းတချို့ တော်တော်လေး ပုံမှန် ပြန်ဖြစ်သွားတယ်။
ဒီရောဂါရဲ့ ထုတ်ဖော်တာ ခံရတဲ့ အတွေ့အကြုံကတစ်ဆင့် ကျွန်တော် နည်းနည်း ဒုက္ခခံစားခဲ့ရပေမဲ့ ဘုရားသခင်ကို အရမ်း ကျေးဇူးတင်တယ်။ ဒီအခြေအနေသာ မရှိရင် ကိုယ့်ကိုယ်ကိုယ် သိမှာ မဟုတ်တဲ့အပြင်၊ ဘုရားသခင်အတွက် စစ်မှန်စွာ အသုံးခံနေတယ်လို့ ဆက်ပြီး ထင်နေမိမှာ။ ဒါပေမဲ့ အခုတော့ ဘုရားသခင်ကို ယုံကြည်ရာကနေတစ်ဆင့် ကောင်းချီးရှာဖွေတဲ့ ကျွန်တော့်ရဲ့ မှားယွင်းတဲ့ အမြင်တွေကို ရှင်းရှင်းလင်းလင်း မြင်သွားပြီ၊ ပြီးတော့ ကိုယ့်ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့၊ စက်ဆုပ်စရာကောင်းပြီး၊ အကျိုးအမြတ်ကိုပဲ ကြည့်တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို နည်းနည်း နားလည်သဘောပေါက်ခဲ့တယ်။ ဒါတွေက ဒီရောဂါကို ရင်ဆိုင်ပြီးတော့ ကျွန်တော် ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေပါပဲ။